en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Fallen Angels (1995) ⭐IMDB: 7.6/10 (44 k Votes) 🎬 #Action #Crime #Romance #Comedy #Drama 🗓️ 1995 🎞️ Movie 📺 720p 🌎 #HongKong ⏰ 1 နာရီ 39 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 7.6/10 , RT – 95% Bodyguards and Assassins, God of Gamblers တို့မှာ သရုပ်ဆောင်ဖူးတဲ့ Leon Laiရယ် Forever Friendsနဲ့ The Crossingတို့ရဲ့ မင်းသားTakeshi Kaneshiroတို့နဲ့အတူတူ Royal Tramp , Swordsman တို့ရဲ့ မင်းသမီး Michelle Reisတို့က ၃ယောက်သား ဒီကားကို အနှစ်အရသာရှိလှစွာ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟောင်ကောင်က လုပ်ကြံရေးသမား၂ယောက်ရယ် ရရာအလုပ်ကို လုပ်နေတဲ့လူရယ်၊ ထိုလူ၃ယောက်ရဲ့ သူတို့ရဲ့ ဘဝနဲ့ အချစ်ရေးအကြောင်းကို ထူးခြားစွာဖော်ပြထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ လူတွေက နေ့စဥ် ကိုယ်ကျွမ်းကျင်ရာကို လုပ်ကိုင်ရင်း အချစ်နဲ့နားခိုရာကို ရှာဖွေလေ့ရှိပါတယ်။ အချစ်ကို ပျောက်လို့လိုက်ရှာရင်း ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကိုပါ ပျောက်ဆုံးတတ်​ပြီး သူတို့၃ယောက် ဘဝကို ဘယ်လိုနေထိုင်ကြလဲဆိုတာကို R rated ဆန်ဆန်လေးကို ရယ်ရယ်မောမောလေးနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဇာတ်လမ်းဇာတ်သားကိုသာမက cinematicရော sound tractတွေရော အရမ်းလိုက်ဖက်ညီလွန်းလှပါတယ်။ ဇာတ်လမ်းဇာတ်ကွက်က ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ဇာတ်လမ်းရဲ့ အရသာကို ခံစားရစေမှာပါ။ Emotionalဆန်တဲ့ ဒိုင်ယာလော့တွေလည်းပါပြီး အထူးသဖြင့် Leon Lai၊ Michelle Reis၊ Takeshi Kaneshiroတို့ ၃ယောက်သားရဲ့ သရုပ်ဆောင်ချက်တွေက ထိမိလွန်းလှပြီး Personallyအရဆိုရင် 10 out of 10 ပေးမိတဲ့ ရုပ်ရှင်ဖြစ်ကြောင်း ပြောရင်း အညွှန်းလေးကို အဆုံးသတ်လိုက်ပရစေ။

Fallen Angels (1995) ⭐IMDB: 7.6/10 (44 k Votes) 🎬 #Action #Crime #Romance #Comedy #Drama 🗓️ 1995 🎞️ Movie 📺 1080p 🌎 #HongKong ⏰ 1 နာရီ 39 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 7.6/10 , RT – 95% Bodyguards and Assassins, God of Gamblers တို့မှာ သရုပ်ဆောင်ဖူးတဲ့ Leon Laiရယ် Forever Friendsနဲ့ The Crossingတို့ရဲ့ မင်းသားTakeshi Kaneshiroတို့နဲ့အတူတူ Royal Tramp , Swordsman တို့ရဲ့ မင်းသမီး Michelle Reisတို့က ၃ယောက်သား ဒီကားကို အနှစ်အရသာရှိလှစွာ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟောင်ကောင်က လုပ်ကြံရေးသမား၂ယောက်ရယ် ရရာအလုပ်ကို လုပ်နေတဲ့လူရယ်၊ ထိုလူ၃ယောက်ရဲ့ သူတို့ရဲ့ ဘဝနဲ့ အချစ်ရေးအကြောင်းကို ထူးခြားစွာဖော်ပြထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ လူတွေက နေ့စဥ် ကိုယ်ကျွမ်းကျင်ရာကို လုပ်ကိုင်ရင်း အချစ်နဲ့နားခိုရာကို ရှာဖွေလေ့ရှိပါတယ်။ အချစ်ကို ပျောက်လို့လိုက်ရှာရင်း ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကိုပါ ပျောက်ဆုံးတတ်​ပြီး သူတို့၃ယောက် ဘဝကို ဘယ်လိုနေထိုင်ကြလဲဆိုတာကို R rated ဆန်ဆန်လေးကို ရယ်ရယ်မောမောလေးနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဇာတ်လမ်းဇာတ်သားကိုသာမက cinematicရော sound tractတွေရော အရမ်းလိုက်ဖက်ညီလွန်းလှပါတယ်။ ဇာတ်လမ်းဇာတ်ကွက်က ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ဇာတ်လမ်းရဲ့ အရသာကို ခံစားရစေမှာပါ။ Emotionalဆန်တဲ့ ဒိုင်ယာလော့တွေလည်းပါပြီး အထူးသဖြင့် Leon Lai၊ Michelle Reis၊ Takeshi Kaneshiroတို့ ၃ယောက်သားရဲ့ သရုပ်ဆောင်ချက်တွေက ထိမိလွန်းလှပြီး Personallyအရဆိုရင် 10 out of 10 ပေးမိတဲ့ ရုပ်ရှင်ဖြစ်ကြောင်း ပြောရင်း အညွှန်းလေးကို အဆုံးသတ်လိုက်ပရစေ။

Detective Dee: The Mystery of the Phantom Flame (2010) ⭐IMDB: 6.6/10 (12 k Votes) 🎬 #Action #Adventure #Asian #Drama #Mystery #Fantasy 🗓️ 2010 🎞️ Movie 📺 720p 🌎 #China #HongKong ⏰ 2 နာရီ 4 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Detective Dee and the Mystery of the Phantom Flame (2010) IMDb Rating (6.6) / Rotten Tomatoes (80%) စုံထောက် ဒီး … တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။ တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ကိုယ်ကျိုးမဖက် အမှန်တရားသက်သက်အတွက်နဲ့ သက်ဦးဆံပိုင်ဧကရာဇ်ဘုရင်တွေကို အလိုမလိုက်၊ မှန်ရာကိုလျှောက်တင်ရဲ၊ လုပ်ရဲကြတဲ့နေရာမှာ ပန်းအတူဝင်ကြတဲ့ ပြိုင်မြင်းနှစ်ကောင်လိုပါပဲ။ တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့ ဇာတ်ရှုပ်လောက ထီးနန်းထက်က သပွတ်အူကိစ္စတွေမှာ ဒီး ရဲ့ လိမ္မာပါးနပ်မှု၊ မျက်စိတစ်ဆုံးကြည့်တတ်မှု၊ တိုင်းပြည်အရေးကို ရှေ့တန်းတင်တတ်မှုတွေကြောင့် တိုင်းပြည်သမိုင်း မရိုင်းခဲ့တာတွေရှိပါတယ်။ ဧကရာဇ်မင်းသုံးဆက်တိုင်တိုင် အမှုထမ်းခဲ့ပြီး တန်ဖိုးရှိလှတဲ့ သက်တော်ရှည်အမတ်ကြီးပေါ့။ ဧကရာဇ်မင်း ရွတ်ကျုံးလက်ထက်မှာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင်က ဒီး ကို အဆင့်မြင့်လက်နက်တစ်ခုဖြစ်တဲ့ ကျိုင်းတစ်ခု နှင်းအပ်ခဲ့ပါတယ်။ ဒီး ရဲ့ ဝိသေသတစ်ခုဖြစ်လာခဲ့ပြီး နဂါးနိုင်ဓားလို့လည်း ခေါ်ကြပါသေးတယ်။ ဒါပေမဲ့ ဧကရာဇ် ရွတ်ကျုံး ကို အရာချပြီး တရုတ်သမိုင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လာမယ့် ဝူ နန်းတက်လာပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့တာပါ။ ပလ္လင်ပေါ် မိန်းမရောက်နေတာ မကြိုက်တဲ့ ဆွေမျိုးတော်တွေ၊ မူးမတ်တွေ တထွေးကြီးကို သွေးချောင်းစီးသတ်ဖြတ်ခဲ့လို့ ဒီး က ဧကရာဇ် ဝူ ကို အာဏာဖီဆန် ပုန်ကန်ခဲ့ပါသေးတယ်။ ဒါက ဇာတ်လမ်းထဲမှာ ဖြစ်ပျက်တာကို ပြောတာပါ။ ပုန်ကန်သူအဖြစ် အရုဏ်တက် လည်ဖြတ်အပြစ်ဒဏ်ကို မခံရတာတော့ တွေးစရာရှိပါတယ်။ အကျဉ်းထောင်မှာ ၈ နှစ်ပဲ နေခဲ့ရပါသတဲ့။ စုံထောက် ဒီး နဲ့ ဆန်းကြယ် တစ္ဆေမီးတောက်အမှုဇာတ်ကားက ဧကရာဇ် ဝူ နန်းသိမ်းပွဲတက်ကာနီးအချိန်ကို အခြေတည်ထားပါတယ်။ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့ပြီး Andy Lau က ဒီး အဖြစ်သရုပ်ဆောင်တဲ့ တစ်ကားတည်းသောဇာတ်ကားမလို့ လူသိများပြီး အကြိုက်တွေ့ကြတဲ့ရုပ်ရှင်ပါ။ မကြည့်ဖူးတဲ့သူ ရှားလိမ့်မယ်လို့ထင်ပါတယ်။ ဧကရာဇ် ဝူ ဟာ ပထမဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လို့ ပြည်သူထောက်ခံမှုရအောင် နန်းတွင်းထဲက ကွမ်ရင်မယ်တော်ရုပ်တုတွေရဲ့မျက်နှာမှာ သူ့မျက်နှာပုံစံတူတွေ ထုလုပ်ခဲ့ပါတယ်။ နန်းတော်ထဲမှာလည်း ကြီးမားလှတဲ့ ကွမ်ရင်မယ်တော် မတ်တပ်ရုပ်ပွားတော်ကို သူနဲ့မျက်နှာတူ ထုလုပ်ပြီး သူဟာ ကွမ်ရင်မယ်တော်ဝင်စားသူအဖြစ် သတင်းဖြန့်ခဲ့ပါတယ်။ ရုပ်ပွားတော် တည်ထားနေတဲ့ကာလမှာပဲ ရုပ်ပွားတော်တည်ဆောက်ရေး စစ်ဆေးရေးမှူး အဆင့်လေး ရာထူးရှိ အရာရှိမင်းတစ်ယောက် နေရောင်အောက်မှာ အလိုလိုမီးထလောင်ပြီး သေသွားတဲ့အခန်းနဲ့ ဇာတ်လမ်းစပါတယ်။ လူတစ်ယောက်ကိုယ်တွင်းကနေ အစပျိုးလောင်မြိုက်သေရတဲ့အမှုဖြစ်လို့ ဖြေရှင်းနိုင်မယ့် အမှုစစ်တစ်ယောက် လိုလာပါပြီ။ ပုန်ကန်သူအဖြစ် အကျဉ်းကျနေတဲ့ စုံထောက် ဒီး ကို ဧကရာဇ် ဝူ မဖြစ်မနေပြန်ခေါ်ပြီး ရာထူးပြန်ပေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် အဆင့်‌သုံး ရာထူးရှိ စစ်ဆေးရေးမှူးတစ်ယောက် အမှုဖော်ထုတ်နေဆဲ အရင်အရာရှိမင်းလို မီးလောင်သေရပြန်တာကြောင့်ပါ။ စုံထောက် ဒီး က စုံစမ်းရေးမှူးတာဝန်ယူပြီး များမကြာခင်မှာ အဆိပ်တစ်မျိုးမိလို့ အဲဒီအဆိပ်က နေရောင်အောက်မှာ မီးလောင်စေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဧကရာဇ် ဝူ နန်းတက်မယ့်အခမ်းအနားမတိုင်မီ ပြီးစီးအောင် တည်ဆောက်နေတဲ့ ကွမ်ရင်မယ်တော် ရုပ်ပွားတော်ကြီးရယ်၊ ဧကရာဇ် ဝူ နန်းတက်မှာကို အသည်းအသန် တားမြစ်လိုကြတဲ့ သဘောထားမညီသူတွေရယ်၊ ထီးနန်းကို သွေးချောင်းစီးပလ္လင်အထိ အရသိမ်းမယ့် ဧကရာဇ် ဝူ ရယ်၊ နက်နဲလှတဲ့အမှုကို အမှုမှန်ပေါ်အောင် အသက်အန္တရာယ်ကြားက စုံစမ်းရတဲ့ စုံထောက် ဒီး ရယ်တို့ရဲ့ အရှုပ်တော်ပုံကို အရသာရှိရှိ မြည်းစမ်းနိုင်တဲ့ဇာတ်ကားပါပဲ။ သမိုင်းအရတော့ ဒီး ဟာ ဧကရာဇ် ဝူ လက်ထက်မှာ စစ်တပ်အကြံပေးတပ်မှူးပါဖ

Young Detective Dee: Rise of the Sea Dragon (2013) ⭐IMDB: 6.4/10 (5 k Votes) 🎬 #Action #Adventure #Asian #Drama #Crime #Fantasy 🗓️ 2013 🎞️ Movie 📺 1080p 🌎 #China #HongKong ⏰ 2 နာရီ 14 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Young Detective Dee: Rise of the Sea Dragon (2013) IMDb Rating (6.5)/ Rotten Tomatoes (53%) Mark Chao သရုပ်ဖော်တဲ့ ဒီးလျန်ကျယ် ခေါ် စုံထောက် ဒီး ဒီဇာတ်လမ်း ဟာ ၂၀၁၀ ခုနှစ်ကထွက်ရှိထားတဲ့Detective Dee and the Mystery of the Phantom Flameရုပ်ရှင်ရဲ့ Prequel ဖြစ်ပါတယ် …ဒါကြောင့် စုံထောက်ဒီးကိုငယ်စဉ်ဘဝကပုံစံနဲ့တွေ့ရမှာပါ။ မင်းသား Mark Chao ကစုံထောက်ဒီးအဖြစ်ပါဝင်ထားပြီး မင်းသမီးကတော့ Angelababy ဖြစ်ပါတယ်။ ကိုရီးယားမင်းသား Kim Bum လဲအရံပါဝင်ထားပါတယ်။ Andy Lou နဲ့ ဒီးလျန်ကျယ် ကို ရင်းနှီးခဲ့ရတဲ့ ကျွန်တော်တို့ဟာ Mark Chao နဲ့ ရုတ်တရက်ကြုံလိုက်ရတော့ အသားမကျဖြစ်လိုက်ရသေးတယ်။ ဒါပေမဲ့ ဒီဇာတ်ကားပုံဖော်လိုက်တဲ့ ဒီးလျန်ကျယ် က တောစာရေးလေးတစ်ယောက် လူးရန်မြို့ကြီးကို ရောက်လာတဲ့ပုံစံ ဒီး အငယ်စားလေးဆိုတော့ ကွက်တိဖြစ်နေပြန်ရော။ ဧကရာဇ်မင်းကြီး နတ်ရွာမစံမီ၊ ဧကရာဇ်ဘုရင်မကြီး ဝူ နဲ့ တိုင်းပြည်ကို အတူအုပ်ချုပ်ချိန်ကို ဇာတ်လမ်းတည်ပါတယ်။ အတူအုပ်ချုပ်တယ်ဆိုတာ နားခံသာအောင်ပြောတဲ့စကားပေါ့။ တကယ်တော့ အရုပ်ဘုရင်ကို မျောက်ပြစားပြီး ဝူ ဧကရာဇ်မ တန် နိုင်ငံတော်ကို ကြိုးကိုင်ချိန်ပါပဲ။ တန် နိုင်ငံတော်နဲ့ ဖူယု နိုင်ငံတော် စစ်မက်ဖြစ်ပွားချိန် ရေကြောင်းစစ်ချီမှုတစ်ခုမှာ ရေတပ်ကြီးတစ်ခုလုံးကို စိတ်ရှိလက်ရှိ ရိုက်ချိုးဖျက်ဆီးသွားတဲ့ ပင်လယ်သတ္တဝါကြီးတစ်ကောင်ကြောင့် တန် နိုင်ငံတစ်ခုလုံး ဟိုးလေးတကြော် ကြောက်လန့်တကြားဖြစ်ကုန်ပါတယ်။ ပင်လယ်နဂါးကြီး အမျက်ထွက်တယ်လို့ ယုံကြည်ကြတဲ့ မြို့သူမြို့သားတွေက လူးရန်မြို့ရဲ့ ပြည်ကြီးတန်ဆာ၊ အထက်တန်းပြည့်တန်ဆာမလေး ယင်ယူကျီ ကို ပင်လယ်နဂါးကျောင်းတော်မှာ ဥပုသ်စောင့်ဖို့ ရွေးချယ်လိုက်ပါတယ်။ ပင်လယ်နဂါးကြီး အမျက်ပြေစေရန်အတွက်ပါ။ အဲဒီအချိန်မှာ ဘင်း စီရင်စုကနေ နေပြည်တော်ကို အဆင့် ၇ အရာရှိမင်းအဖြစ်ရောက်လာတဲ့ ဒီးလျန်ကျယ် က သဲလွန်စတစ်ခုကို ဖော်ထုတ်မိပြီး မမျှော်လင့်ဘဲ နောက်ထပ်ရေသတ္တဝါငယ်တစ်ကောင်နဲ့ ဆုံရပြန်ပါတယ်။ ပင်လယ်ထဲမှာ ရေနဂါးတစ်ကောင်၊ လူးရန်မြို့ထဲမှာ ရေနဂါးတစ်ကောင်၊ တော်တော်ရှုပ်တဲ့ဇာတ်ပေါ့။ ပင်လယ်နဂါးတွေက အပျင်းပြေ လူ့ပြည်အလည်လာတာမဟုတ်ဘဲ တန်နိုင်ငံတော်ကြီးကို တစ်စစီဖျက်ဆီး၊ ဘုရင်အသစ်အဖြစ် ထီးနန်းကိုသိမ်းပိုက်ရန် ကြံစည်နေတဲ့သူရဲ့ အိမ်မွေးတိရစ္ဆာန်‌တွေဆိုတာ ဒီးလျန်ကျယ်တို့ မကြာခင်ပဲ သိလိုက်ရပါတယ်။ ဧကရာဇ် ဝူ ရဲ့ အပျင်းပြေ လူသတ်ချင်နေတဲ့စိတ်ဓာတ်၊ မထင်မရှား အရာရှိလေးကို မလေးမစား တန်ဖိုးမထားသူတွေကြား၊ နိုင်ငံနဲ့ချီတဲ့ ကပ်ဆိုးကြီးကို အချိန်အကန့်အသတ်နဲ့ ဖြေရှင်းရဖို့ဖြစ်လာတဲ့အခါ ရေမကူးတတ်တဲ့ ဒီးလျန်ကျယ် တစ်ယောက် ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ ဘယ်မေခလာ လာကယ်မလဲ။ ပင်လယ်နဂါးတစ်ကောင်ကို သတ်၊ နောက်ပင်လယ်နဂါးတစ်ကောင်ကို ကယ်တင်ရမယ့် ဂွကျကျဇာတ်လမ်း၊ ပြည့်တန်ဆာမလေးရဲ့ အဖြူထည်နှလုံးသားကို စာနာမိလို့ အသက်နဲ့ပါ လောင်းကြေးထပ်ခဲ့တဲ့ ဒီးလျန်ကျယ် ဘယ်လိုဇာတ်သိမ်းရမယ်ဆိုတာ ကြည့်လိုက်ကြစို့ရဲ့။ ဒီဇာတ်လမ်းမှာ ဒီးလျန်ကျယ် က ခေါင်းသုံးတဲ့နေရာမှာ ကျွမ်းကျင်ပေမယ့် အတိုက်အခိုက်မှာတော့ တော်တော်လိုနေသေးတာကို တွေ့ရတယ်။ သူတာဝန်ထမ်းဆောင်နေတဲ့ တလီစီရုံးတော်က အကြီးအကဲ ယုချီ နဲ့ယှဉ်လိုက်ရင် သိသာပါတယ်။ ရေတောင်မကူးတတ်သေးဘူးပေါ့လေ။ ပြီးတော့ ဒီးလျန်ကျယ် စုံစမ်းစစ်ဆေးရေးမှူး အရာရှိမင်းတစ်ယောက် ဘယ်လိုဖြစ်လာလဲ၊ သူ့ရဲ့ ဝိသေသ နဂါးနိုင်ဓား ခေါ် ကျိုင်းတော်ကို ဘယ်လိုရခဲ့တယ်ဆိုတာ ဒီဇာတ်ကားမှာ မြင်တွေ့နိုင်ပြီး ပလ္လင်လုမယ့် ဧကရာဇ် ဝူ မျက်လုံးထဲက သွေးချောင်းစီးလူသတ်ပွဲကိုပါ ကြိုတင်ခန့်မှန်းမိပုံတွေပါ ပါဝင်နေလို့ ကျော်ခဲ့လို့မရတဲ့ ဒီး ဇာတ်လမ်းပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။)

Detective Dee: The Mystery of the Phantom Flame (2010) ⭐IMDB: 6.6/10 (12 k Votes) 🎬 #Action #Adventure #Asian #Drama #Mystery #Fantasy 🗓️ 2010 🎞️ Movie 📺 1080p 🌎 #China #HongKong ⏰ 2 နာရီ 4 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Detective Dee and the Mystery of the Phantom Flame (2010) IMDb Rating (6.6) / Rotten Tomatoes (80%) စုံထောက် ဒီး … တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။ တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ကိုယ်ကျိုးမဖက် အမှန်တရားသက်သက်အတွက်နဲ့ သက်ဦးဆံပိုင်ဧကရာဇ်ဘုရင်တွေကို အလိုမလိုက်၊ မှန်ရာကိုလျှောက်တင်ရဲ၊ လုပ်ရဲကြတဲ့နေရာမှာ ပန်းအတူဝင်ကြတဲ့ ပြိုင်မြင်းနှစ်ကောင်လိုပါပဲ။ တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့ ဇာတ်ရှုပ်လောက ထီးနန်းထက်က သပွတ်အူကိစ္စတွေမှာ ဒီး ရဲ့ လိမ္မာပါးနပ်မှု၊ မျက်စိတစ်ဆုံးကြည့်တတ်မှု၊ တိုင်းပြည်အရေးကို ရှေ့တန်းတင်တတ်မှုတွေကြောင့် တိုင်းပြည်သမိုင်း မရိုင်းခဲ့တာတွေရှိပါတယ်။ ဧကရာဇ်မင်းသုံးဆက်တိုင်တိုင် အမှုထမ်းခဲ့ပြီး တန်ဖိုးရှိလှတဲ့ သက်တော်ရှည်အမတ်ကြီးပေါ့။ ဧကရာဇ်မင်း ရွတ်ကျုံးလက်ထက်မှာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင်က ဒီး ကို အဆင့်မြင့်လက်နက်တစ်ခုဖြစ်တဲ့ ကျိုင်းတစ်ခု နှင်းအပ်ခဲ့ပါတယ်။ ဒီး ရဲ့ ဝိသေသတစ်ခုဖြစ်လာခဲ့ပြီး နဂါးနိုင်ဓားလို့လည်း ခေါ်ကြပါသေးတယ်။ ဒါပေမဲ့ ဧကရာဇ် ရွတ်ကျုံး ကို အရာချပြီး တရုတ်သမိုင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လာမယ့် ဝူ နန်းတက်လာပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့တာပါ။ ပလ္လင်ပေါ် မိန်းမရောက်နေတာ မကြိုက်တဲ့ ဆွေမျိုးတော်တွေ၊ မူးမတ်တွေ တထွေးကြီးကို သွေးချောင်းစီးသတ်ဖြတ်ခဲ့လို့ ဒီး က ဧကရာဇ် ဝူ ကို အာဏာဖီဆန် ပုန်ကန်ခဲ့ပါသေးတယ်။ ဒါက ဇာတ်လမ်းထဲမှာ ဖြစ်ပျက်တာကို ပြောတာပါ။ ပုန်ကန်သူအဖြစ် အရုဏ်တက် လည်ဖြတ်အပြစ်ဒဏ်ကို မခံရတာတော့ တွေးစရာရှိပါတယ်။ အကျဉ်းထောင်မှာ ၈ နှစ်ပဲ နေခဲ့ရပါသတဲ့။ စုံထောက် ဒီး နဲ့ ဆန်းကြယ် တစ္ဆေမီးတောက်အမှုဇာတ်ကားက ဧကရာဇ် ဝူ နန်းသိမ်းပွဲတက်ကာနီးအချိန်ကို အခြေတည်ထားပါတယ်။ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့ပြီး Andy Lau က ဒီး အဖြစ်သရုပ်ဆောင်တဲ့ တစ်ကားတည်းသောဇာတ်ကားမလို့ လူသိများပြီး အကြိုက်တွေ့ကြတဲ့ရုပ်ရှင်ပါ။ မကြည့်ဖူးတဲ့သူ ရှားလိမ့်မယ်လို့ထင်ပါတယ်။ ဧကရာဇ် ဝူ ဟာ ပထမဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လို့ ပြည်သူထောက်ခံမှုရအောင် နန်းတွင်းထဲက ကွမ်ရင်မယ်တော်ရုပ်တုတွေရဲ့မျက်နှာမှာ သူ့မျက်နှာပုံစံတူတွေ ထုလုပ်ခဲ့ပါတယ်။ နန်းတော်ထဲမှာလည်း ကြီးမားလှတဲ့ ကွမ်ရင်မယ်တော် မတ်တပ်ရုပ်ပွားတော်ကို သူနဲ့မျက်နှာတူ ထုလုပ်ပြီး သူဟာ ကွမ်ရင်မယ်တော်ဝင်စားသူအဖြစ် သတင်းဖြန့်ခဲ့ပါတယ်။ ရုပ်ပွားတော် တည်ထားနေတဲ့ကာလမှာပဲ ရုပ်ပွားတော်တည်ဆောက်ရေး စစ်ဆေးရေးမှူး အဆင့်လေး ရာထူးရှိ အရာရှိမင်းတစ်ယောက် နေရောင်အောက်မှာ အလိုလိုမီးထလောင်ပြီး သေသွားတဲ့အခန်းနဲ့ ဇာတ်လမ်းစပါတယ်။ လူတစ်ယောက်ကိုယ်တွင်းကနေ အစပျိုးလောင်မြိုက်သေရတဲ့အမှုဖြစ်လို့ ဖြေရှင်းနိုင်မယ့် အမှုစစ်တစ်ယောက် လိုလာပါပြီ။ ပုန်ကန်သူအဖြစ် အကျဉ်းကျနေတဲ့ စုံထောက် ဒီး ကို ဧကရာဇ် ဝူ မဖြစ်မနေပြန်ခေါ်ပြီး ရာထူးပြန်ပေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် အဆင့်‌သုံး ရာထူးရှိ စစ်ဆေးရေးမှူးတစ်ယောက် အမှုဖော်ထုတ်နေဆဲ အရင်အရာရှိမင်းလို မီးလောင်သေရပြန်တာကြောင့်ပါ။ စုံထောက် ဒီး က စုံစမ်းရေးမှူးတာဝန်ယူပြီး များမကြာခင်မှာ အဆိပ်တစ်မျိုးမိလို့ အဲဒီအဆိပ်က နေရောင်အောက်မှာ မီးလောင်စေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဧကရာဇ် ဝူ နန်းတက်မယ့်အခမ်းအနားမတိုင်မီ ပြီးစီးအောင် တည်ဆောက်နေတဲ့ ကွမ်ရင်မယ်တော် ရုပ်ပွားတော်ကြီးရယ်၊ ဧကရာဇ် ဝူ နန်းတက်မှာကို အသည်းအသန် တားမြစ်လိုကြတဲ့ သဘောထားမညီသူတွေရယ်၊ ထီးနန်းကို သွေးချောင်းစီးပလ္လင်အထိ အရသိမ်းမယ့် ဧကရာဇ် ဝူ ရယ်၊ နက်နဲလှတဲ့အမှုကို အမှုမှန်ပေါ်အောင် အသက်အန္တရာယ်ကြားက စုံစမ်းရတဲ့ စုံထောက် ဒီး ရယ်တို့ရဲ့ အရှုပ်တော်ပုံကို အရသာရှိရှိ မြည်းစမ်းနိုင်တဲ့ဇာတ်ကားပါပဲ။ သမိုင်းအရတော့ ဒီး ဟာ ဧကရာဇ် ဝူ လက်ထက်မှာ စစ်တပ်အကြံပေးတပ်မှူးပါ

Orphan: First Kill (2022) ⭐IMDB: 5.9/10 (38 k Votes) 🎬 #Crime #Drama #Horror #Thriller #Mystery 🗓️ 2022 🎞️ movie 📺 4K 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၀၉ ခုနှစ်က ထွက်ခဲ့တဲ့ မိဘမဲ့သမီးလိမ္မာလေးရဲ့ ဇာတ်လမ်းကို အားလုံးသိကြမှာပါ။ မကြည့်ဖူးသေးရင် ချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။ ဒီရုပ်ရှင်ကတော့ 2009 ရဲ့အဆက်မဟုတ်ဘဲ ရှေ့ကိုပြန်သွားတာပါ။ သမီးလိမ္မာလေးရဲ့ ပထမမိသားစု ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းမှာတော့ သမီးလိမ္မာလေးတစ်ယောက် ဘယ်လို ကိုယ်ဖေကိုယ်ချစ်ပြီး မိသားစုကို ဘယ်လိုတွေ ကောင်းကျိုးပေးဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သမီးလေးဘယ်လောက်လိမ္မာမလဲဆိုတာ သိပြီးသားဖြစ်နေရင်တော့ သိပ်မအံဩရပေမဲ့ ဇာတ်လမ်းနဲ့ အတိုက်အခိုက်အသတ်အဖြတ်လေးတွေကြမ်းတာမို့ သမီးလိမ္မာလေးရဲ့ ရာဇဝင်ကို ကြည့်ကောင်းကောင်းနဲ့ ကြည့်ရဦးမှာပါပဲ။

Orphan: First Kill (2022) ⭐IMDB: 5.9/10 (38 k Votes) 🎬 #Crime #Drama #Horror #Thriller #Mystery 🗓️ 2022 🎞️ movie 📺 4K 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 57 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၀၉ ခုနှစ်က ထွက်ခဲ့တဲ့ မိဘမဲ့သမီးလိမ္မာလေးရဲ့ ဇာတ်လမ်းကို အားလုံးသိကြမှာပါ။ မကြည့်ဖူးသေးရင် ချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။ ဒီရုပ်ရှင်ကတော့ 2009 ရဲ့အဆက်မဟုတ်ဘဲ ရှေ့ကိုပြန်သွားတာပါ။ သမီးလိမ္မာလေးရဲ့ ပထမမိသားစု ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းမှာတော့ သမီးလိမ္မာလေးတစ်ယောက် ဘယ်လို ကိုယ်ဖေကိုယ်ချစ်ပြီး မိသားစုကို ဘယ်လိုတွေ ကောင်းကျိုးပေးဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သမီးလေးဘယ်လောက်လိမ္မာမလဲဆိုတာ သိပြီးသားဖြစ်နေရင်တော့ သိပ်မအံဩရပေမဲ့ ဇာတ်လမ်းနဲ့ အတိုက်အခိုက်အသတ်အဖြတ်လေးတွေကြမ်းတာမို့ သမီးလိမ္မာလေးရဲ့ ရာဇဝင်ကို ကြည့်ကောင်းကောင်းနဲ့ ကြည့်ရဦးမှာပါပဲ။

Avatar: The Way of Water (2022) ⭐IMDB: 7.7/10 (370 k Votes) 🎬 #Action #Adventure #Fantasy #ScienceFiction #SciFi 🗓️ 2022 🎞️ movie 📺 4K 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Avatar: The Way of Water (2022)========================IMDb Rating – 8.1/10 2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ Avatarရုပ်ရှင်ရဲ့အဆက် Avatar 2 : The Way of Water ကြည်တောက်ရှင်း Version ရပြီမို့ တင်ဆက်ပေးထားပါပြီ။ ဇာတ်လမ်းအကျဉ်း……………………….ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာတောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။ ကောင်းကင်လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေသာယာအေးချမ်းနေကြပါပြီ။ ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီးလေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာတမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါအင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်းရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။ အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်းပါဝင်တိုက်ခိုက်နေရပါတယ်။ ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာအထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့ဂျိတ်တို့မိသားစု ရှင်သန်ဖို့ အသက်လုတိုက်ပွဲတွေ ဆင်နွှဲလာရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) 4K HEVC ကိုတော့ Quality မလျှော့ချင်တာနဲ့ (20GB) ဖြစ်သွားပါတယ်…ဒါကြောင့် PART1/2/3 ဆိုပြီး ၃ ပိုင်းခွဲတင်ပေးထားပါတယ်။

Love with Flaws (2019-2020) ⭐IMDB: 7.2/10 (505 Votes) 🎬 #Comedy #Romance 🗓️ 2019-2020 🎞️ Series 📺 720p 🌎 #SouthKorea ⏰ 1 နာရီ 3 မိနစ် 16 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Love with Flaws (2019)CM fan တွေအတွက် အခု တင်ဆက်ပေးမယ့် series လေးကတော့ love with flaws ဆိုတဲ့ series လေးဖြစ်ပါတယ်…ဒီဇာတ်လမ်းလေးမှာ ဂျူဆောယွန်း(Oh Yeon Seo) ကတော့ ရုပ်ချောတဲ အစ်ကို ၂ ယောက်နဲ့ မောင်တစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အစ်ကိုတွေနဲ့ မောင်ရဲ့ ပွေရှုပ်မှုကြားမှာ အမြဲကြားညှပ်ပါရသူပါ သူ့အစျကိုတှနေဲ့ မောငျဖွစျသူကွောငျ့ အသညျးကှဲသှားကွတဲ့လူတှကို အမွဲမွငျနရေတဲ့အခါ ရုပျချောတဲ့ ကောငျလေးတှကေ မကောငျးဘူးလို့ သတျမှတျပွီး ရုပျချောတဲ့ ယောကျျားတှကေို ရှောငျနခေဲ့ပါတယျလီဂနျဝူ(Ahn Jae-Hyeon) ကတော့ နိုငျငံခွားမှာ အကွာကွီး သှားနပွေီးမှ ကိုရီးယားကို ပွနျလာခဲ့တဲ့သူပါသူအလယျတနျးတကျတုနျးက အီးထှကျတာကို ကျောငျးသားတှကေအီးပလေို့ နာမညျပွောငျခေါ်ခဲ့ကွပါတယျအဲ့လို ဝိုငျးအခေါ်ခံရတဲ့ လီဂနျဝူကတော့ သူ့ကို အီးပဆေိုတဲ့ နာမညျပွောငျကိုခေါ်တိုငျး တကယျဗိုကျနာပွီး အီးပါခငျြတဲ့အထိ ဖွစျတတျပါတယျအဲ့ trauma ကို ကုသဖို့အတှကျ trauma စ ဖွစျအောငျလုပျခဲ့တဲ့ သူနဲ့ ပွနျကုစားမှ ရမှာပါဒါကွောငျ့ သူ့ကို trauma ဖွစျအောငျလုပျခဲ့တဲ့သူကို ရှာဖို့ အလယျတနျးကျောငျးသားတှေ့ဆုံပှဲကို သူ သှားခဲ့ပါတယျသူ့ကို trauma ဖွစျအောငျလုပျခဲ့တဲ့သူက သူ့အခစျြဦး ဂျူဆောယှနျးဖွစျနတေဲ့အခါ…သူတို့တှေ ဘယျလိုဆကျဖွစျကွမလဲဆိုတာ Love With Flaws ဆိုတဲ့ Comedy,Romance series လေးမှာ ဆကျလကျကွညျ့ရှုကွပါနော်ဒီဇာတျကားလေးကို MBC ရုပျသံလိုငျးကနေ အပတျစဉျ ဗုဒ်ဓဟူး ကွာသပတေးနေ့တိုငျး ထူတျလှှငျ့ပွသမှာဖွစျပွီး အပိုငျး ၁၆ ပိုငျးပါဝငျမှာပါတယျ… [zawgyi]CM fan တွေအတွက် အခု တင်ဆက်ပေးမယ့် series လေးကတော့ love with flaws ဆိုတဲ့ series လေးဖြစ်ပါတယ်…ဒီဇာတ်လမ်းလေးမှာ ဂျူဆောယွန်း(Oh Yeon Seo) ကတော့ ရုပ်ချောတဲ အစ်ကို ၂ ယောက်နဲ့ မောင်တစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အစ်ကိုတွေနဲ့ မောင်ရဲ့ ပွေရှုပ်မှုကြားမှာ အမြဲကြားညှပ်ပါရသူပါသူ့အစ်ကိုတွေနဲ့ မောင်ဖြစ်သူကြောင့် အသည်းကွဲသွားကြတဲ့လူတွကို အမြဲမြင်နေရတဲ့အခါ ရုပ်ချောတဲ့ ကောင်လေးတွေက မကောင်းဘူးလို့ သတ်မှတ်ပြီး ရုပ်ချောတဲ့ ယောက််ားတွေကို ရှောင်နေခဲ့ပါတယ်လီဂန်ဝူ(Ahn Jae-Hyeon) ကတော့ နိုင်ငံခြားမှာ အကြာကြီး သွားနေပြီးမှ ကိုရီးယားကို ပြန်လာခဲ့တဲ့သူပါသူအလယ်တန်းတက်တုန်းက အီးထွက်တာကို ကျောင်းသားတွေကအီးပေလို့ နာမည်ပြောင်ခေါ်ခဲ့ကြပါတယ်အဲ့လို ဝိုင်းအခေါ်ခံရတဲ့ လီဂန်ဝူကတော့ သူ့ကို အီးပေဆိုတဲ့ နာမည်ပြောင်ကိုခေါ်တိုင်း တကယ်ဗိုက်နာပြီး အီးပါချင်တဲ့အထိ ဖြစ်တတ်ပါတယ်အဲ့ trauma ကို ကုသဖို့အတွက် trauma စ ဖြစ်အောင်လုပ်ခဲ့တဲ့ သူနဲ့ ပြန်ကုစားမှ ရမှာပါဒါကြောင့် သူ့ကို trauma ဖြစ်အောင်လုပ်ခဲ့တဲ့သူကို ရှာဖို့ အလယ်တန်းကျောင်းသားတွေ့ဆုံပွဲကို သူ သွားခဲ့ပါတယ်သူ့ကို trauma ဖြစ်အောင်လုပ်ခဲ့တဲ့သူက သူ့အချစ်ဦး ဂျူဆောယွန်းဖြစ်နေတဲ့အခါ…သူတို့တွေ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ Love With Flaws ဆိုတဲ့ Comedy,Romance series လေးမှာ ဆက်လက်ကြည့်ရှုကြပါနော်ဒီဇာတ်ကားလေးကို MBC ရုပ်သံလိုင်းကနေ အပတ်စဥ် ဗုဒ္ဓဟူး ကြာသပတေးနေ့တိုင်း ထူတ်လွှင့်ပြသမှာဖြစ်ပြီး အပိုင်း ၁၆ ပိုင်းပါဝင်မှာပါတယ်… Native Title: 하자있는 인간들

Brave (2012) ⭐IMDB: 7.1/10 (422 k Votes) 🎬 #Adventure #Animation #Comedy #Family #Action #Fantasy 🗓️ 2012 🎞️ Movie 📺 4K 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Disney ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ မာရီဒါဆိုတဲ့ မင်းသမီးလေးအကြောင်း ရိုက်ထားတဲ့ Brave ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားပါ.. မာရီဒါလေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက် မြားပစ်တာ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ်သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူးတနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ်ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်စုန်းမက သူ့မိခင်ကို စိတ်ပြောင်းသွားအောင် လုပ်ပေးမယ်ဆိုပြီး ကိတ်မုန့်တစ်ခုပေးလိုက်ပါတယ် မာရီဒါလေးဟာ အိမ်ပြန်လာပြီး သူ့မိခင်ကိုကျွေးလိုက်တဲ့အခါမှာတော့ ရလဒ်က သူမျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ပါတော့တယ်ဒီတော့ သူ့ကြောင့် ဖြစ်သွားရတဲ့ အမှားကို ပြန်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားရတဲ့အခါ မာရီဒါလေးတစ်ယောက် အခက်အခဲတွေကြားထဲ ဘယ်လိုရုန်းကန်ရမလဲ ဘယ်လိုတွေစွန့်စားရမလဲ ဆိုတာ…..။ IMDb 7.1 ထိရထားတာမလို့ ကြည့်ဖူးပြီးသား Disney ပရိသတ်တွေရော မကြည့်ရသေးတဲ့သူတွေရော သေချာပေါက် သဘောတွေ့မယ့် ကာတွန်းကားလေးလို့ ညွှန်းပေးပါရစေ။

Gone Girl (2014) ⭐IMDB: 8.1/10 (1 M Votes) 🎬 #Drama #Mystery #Thriller 🗓️ 2014 🎞️ Movie 📺 4K 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 30 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating 8.1 / Rotten Tomatoes (88%) ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။Amazing Amy …ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ သူတို့မင်္ဂလာ နှစ်ပတ်လည် ငါးနှစ်ပြည့်တဲ့နေ့မို့လို့ သူ့ဇနီးက ပဟေဠိ ဖြေပြီးရှာတွေ့မှရမယ့် လက်ဆောင်တစ်ခု ရဖို့ရှိကြောင်း ပြောပြီး အိမ်ပြန်လာတယ်။ အိမ်ကလည်းတိတ်ဆိတ်လို့ အထဲဝင်တော့မှ တစ်ခုခုထူး ခြားနေပါလား။ ဧည့်ခန်းမှာ မှန်စားပွဲကကွဲလို့ ပက်လက်လန်နေတယ်။ ကျန်တာတော့ သပ်သပ်ယပ်ယပ်ပဲ။ တစ်အိမ်လုံးလိုက်ရှာတယ်။ အပေါ်ထပ်မှာ သူ့ဇနီးအေမီမရှိ၊ သူတို့ကြောင်လေးက သူ့ကိုပြူးကြောင်ကြောင်ကြည့်တယ်။ အေမီပျောက်နေတယ်။ ရဲစခန်းကိုဖုန်းဆက်တယ်။ စုံထောက်မ နဲ့သူ့ပါတနာလာစုံစမ်းတယ်။ သဲလွန်စတွေကြည့်တယ်။ သွေးတစ်စ၊ မှန််ကွဲစတွေ၊ တိုက်လက်စမီးပူနဲ့ဝတ်စုံတစ်ထည်။ အေ့မီရုံးခန်းဝင်ကြည့်တော့မှ အေမီဆိုတာ ရွှေရောင်ဆံပင်နဲ့လှပတဲ့ Amazing Amy ဆိုတဲ့နံမည်ကြီးကလေးစီးရီးစာအုပ်တွေရဲ့ စာရေးဆရာမ၊ ဟားဗတ်တက္ကသိုလ်ဘွဲ့ရဆိုတာ သိရ…အဲဒီအချိန်ထိ နစ်က သာမာန်အဖြစ်အပျက်တစ်ခုပဲလိုပဲပေါ့ပေါ့ပါးပါးဖြစ်နေသေးတယ်။ စုံထောက်မမနဲ့ ရဲစခန်းလိုက်တာတောင် သူကနောက်လိုက်သေးတယ်။ Law & Order ဇာတ်ဝင်ခန်းထဲကလိုပေါ့နော်ဆိုပြီး။ နောက်တော့ နစ်ကို သာမာန်မေးခွန်းတွေဖြစ်တဲ့ အေမီမှာ သူငယ်ချင်းဘယ်နှစ်ယောက်ရှိလဲဆိုတော့သူက ” မရှိဘူးမသိဘူး။” နေ့တိုင်းအေမီဘာလုပ်လဲဆိုတော့ “မသိဘူး”တဲ့။ စုံထောက်မနည်းနည်း စိတ်တိုသွားတယ်။ ဒါဆို “ရှင့်မိန်းမ သွေးအုပ်စုကဘာလဲ” ဆိုတော့ သိဘူးတဲ့။ ဒါဆိုယောကက္ခမတွေကိုရော အကြောင်းကြားပြီးပြီလားဆိုတော့ သိသိချင်းခင်ဗျားတို့ကို ပြောတာပဲလေတဲ့ ကျွန်တော်ဘယ်ပြောရဦးမလဲ ခဏ ကျွန်တော်ဖုန်းခေါ်ဦးမယ်ဆိုပြီး ယောက္ခမတွေကိုခေါ်.. အကြောင်းကြား၊ .. မထင်မှတ်ဘဲနဲ့ အမှုကကြီးသွားပြီး မနက်ဖြန်သတင်းစာရှင်းလင်းပွဲလုပ်ရမယ်ဆိုတော့ သူတောင်နဲနဲကြောင်သွားတယ် ..အဲဒီလောက်လုပ်စရာလိုလို့လားပေါ့။ ခဏနေ ရဲစခန်း အပြင်မှာ အသံကြားလို့ထွက်ကြည့်တော့.. သူငယ်ပြန်နေတဲ့သူ့အဖေ…ဒါနဲ့သူ့ကိုရဲစခန်းကနေအိမ်လိုက်ပို့လိုက်တယ်တစ်ခန်းဝင်တစ်ခန်းထွက်ကြည့်ရင်း သူ့မိန်းမ အဝတ်ဗီရိုခန်းထဲမှာထူးခြားတာတစ်ခု… Clue one သဲလွန်စနံပါတ် ၁ တဲ့…. စကားထာကိုဖြေကြည့်တော့ နေရာက သူ့ကျောင်းက ရုံးခန်း .. ရှာရင်းတွေ့တာက ဖိုင်တွေထားတဲ့နေရာမှာ .. အနီရောင် မိန်းမဝတ်အတွင်းခံ Langerie တစ်ထည်….နောက်ပြီး Clue two .. clue three .. clue …စုံစမ်းလိုက် စစ်ဆေးလိုက် နဲ့ဇာတ်လမ်းကို ပြောင်းဖူးပြုတ်အခွံခွာသလို တစ်လွှာချင်းတစ်လွှာခြင်း၊ ဆောရီး ကြက်သွန်ခွံခွာသလို တစ်ထပ်ချင်းတစ်ထပ်ချင်း တစ်ထပ်ခွာပြီးတိုင်း ကြည့်နေရတာ စိတ်တင်းကျပ်လာတယ်။ ဘာဖြစ်မလဲဆိုတာ မကြည့်ချင်တော့သလို ဆက်ပြီးတော့လည်း ကြည့်ချင်နေတယ်။ တဖြည်းဖြည်းနဲ့ အေမီရဲ့ နာကျင်မှု၊ ကြောက်ရွံ့မှု၊ ခံစားရတာတွေ တစ်ခုချင်းတစ်ခုချင်း.. …. …………လိမ်ညာခံရတာတွေက” အေမီ ကိုလား .. အေမီ ကလား”… “အေမီကရော နစ်ကိုချစ်သလား”.. “နစ်ကရောအေမီကိုချစ်သလား…”ကြိုတင်ခန့်မှန်းနိုင်စရာ အထောက်အထား တစ်ခုမှမပါ။ ဘယ်သူ့မှာ ဘာအပြစ်ရှိလို့ ဘယ်သူသေသင့်တယ်ဆိုတာ တွက်ထားလို့မရ။ ဘယ်သူဗီလိန် ဘယ်သူလူကောင်းဆိုတာလည်း သတ်မှတ်လို့မရ။ အေမီ့ကို သနားပြီး နစ်ကို သေစေချင်သလို နစ်ကို သနားပြီးအေမီ့ကို လည်းသေစေချင်မိပြန်တယ်။သုံးပွင့်ဆိုင်တစ်ခုမှာ ဘယ်သူ့မှလည်း innocent ဖြစ်မနေပါ။ လက်ခုပ်ဆိုတာ နှစ်ဘက်တီး မှမြည်တယ်ဆိုရင် သုံးပွင့်ဆိုင်ဆိုတော့ အပြစ်သုံးခုဆုံနေသလို။ တစ်ခုပဲရှိသည်။ ယောကျာ်းမို့ responsibility ဆိုတဲ့ ခေါင်းစဉ်နဲ့ပြန်သွားခဲ့ရင်ရော ….ဒီဇာတ်ကားရဲ့စ

Lucy (2014) ⭐IMDB: 6.4/10 (510 k Votes) 🎬 #Action #Sci-Fi #Thriller #ScienceFiction #SciFi 🗓️ 2014 🎞️ Movie 📺 4K 🌎 #France #Germany #Taiwan #Canada #UnitedStates #UnitedKingdom ⏰ 1 နာရီ 29 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lucy ( 2014 ) အညွှန်း ********************* လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက လူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်း အသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကို သယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊ CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။ သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီး ဗိုက်ကို အကန်ခံလိုက်ရတဲ့အခါမှာတော့…………………. နာမည်ကျော် ညှို့အားပြင်း မင်းသမီးချော Scarlett Johansson ခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik က Johansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေ တော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က Del Rio အဖြစ် သရုပ်ဆောင်ထားပါတယ်။ The Fifth Element နဲ့ The Lady ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ကူးထားပြီး ကုန်ကျစရိတ် ဒေါ်လာ သန်း ၄ဝပဲ ရှိခဲ့ပေမယ့် ဝင်ငွေ သန်း ၁၀၀ ကျော် ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ IMDb မှာ Rating 6.6 ရရှိထားပြီး Rotten Tomatoes မှာလည်း Tomatometer 62% ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

The Girl on the Train (2016) ⭐IMDB: 6.5/10 (192 k Votes) 🎬 #Thriller #Mystery #Drama #Crime 🗓️ 2016 🎞️ Movie 📺 720p 🌎 #UnitedStates #India #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ‘ ငါ့အမျိုးသားက ငါ့ကိုအမြဲတမ်းစိတ်ကူးယဉ်တယ်လို့ပြောတတ်တယ် ငါမတတ်နိုင်ဘူးလေ ငါဆိုလိုချင်တာက မင်းဟာရထားစီးနေရင်းနဲ့ ရထားလမ်းဘေးကလူတွေရဲ့ ဘဝကဘယ်လိုလဲဆိုတာ စဉ်းစားကြည့်ဖူးလား??? မင်းမနေဖူးတဲ့ဘဝမျိုးတွေလေ အဲ့ဒါတွေက ငါသိချင်နေတဲ့အကြောင်းတွေပဲ’Emily Bluntရဲ့ 2016နှစ်ကုန်နီးကမှထွက်တဲ့ DVDလေးအကြောင်း လက်တို့ပါရစေ။ ဒီ Movieကို ကျွန်တော့်ဖေးဗရိတ်ထဲကျွန်တော်ထည့်လိုက်ပါတယ်။ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကတော့ အကြိုက်ခြင်းမတူနိုင်ပါဘူး။ ဒီ Movieဟာ ခံစားသူအပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုးထွက်နိုင်ပါတယ်။မူရင်းစာရေးဆရာရည်ညွှန်းတာကတော Thrillerပါ။ Paula Hawkinရဲ့ အရောင်းရဆုံးစာအုပ် That Shocked The Worldကို ပြန်ရိုက်တာပါ။ DVDကာဗာမှာ Entertainment Weekly က ‘ The Darkest,Sexiest,Most Daring Thriller of the Year.’လို့ညွှန်းတာကို ဖော်ပြထားပါတယ်။ဒီmovieမှာက ဇာတ်ကောင်အများကြီးမပါပါဘူး။ 6ယောက်ပဲပါတယ်။ အဲ့ ဇာတ်ကောင် 6ယောက်ရဲ့ ပတ်သတ်မှုတွေကို တစ်ခန်းခြင်းဆီ ပြီးတော့ အချိန်တွေ လတွေနဲ့ပါ ခွဲပြီးရိုက်ပြထားပါတယ်။ ဇာတ်ရည်မလည်ခင်ထိ အတော်အားစိုက်ကြည့်ယူရပါတယ်။ အစပိုင်းက အနည်းငယ်ပျင်းစရာကောင်းပါတယ်။ တစ်ဝက်လောက်လဲရောက်ရော ဘာဆက်ဖြစ်မလဲ ဘာဆက်ဖြစ်မလဲဆိုတဲ့ထိ စိတ်ဝင်စားစရာကောင်းပါတယ်။ အဓိကကဇာတ်ကောင်က ရေချယ်(Emily Blunt)ပါ။ သူဟာအထီးကျန်ပြီး အရက်စွဲနေတဲ့ တစ်ခုလပ်ပါ။ ယောကျာၤးဖြစ်သူနဲ့လည်း ကွာရှင်းထားပါတယ်။ ယောင်္ကျားနဲ့ကွာရှင်းရတဲ့ အကြောင်းက သူ့မှာကိုယ်ဝန်မရနိုင်တော့လို့ပါ။ အဲ့မှာပဲ သူမဟာ အရက်တွေအလွန်အကျွံသောက်တတ်လာတယ်။အမူးလွန်ပြီးရင် လုပ်မိလုပ်ရာလုပ်တတ်တယ်။မနက်မိုးလင်းရင် ဘာမှမမှတ်မိတော့ဘူး။သူမဟာ သူနေတဲ့နေရာကနေ နယူးယောက်ထိ နေတိုင်းရထားစီးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ အလုပ်မရှိလို့ပါ။ သူမအလုပ်ပြုတ်ခဲ့တာကို သူမကပ်နေရတဲ့အိမ်ကသူငယ်ချင်းမသိအောင် နေတိုင်းအပြင်ထွက်ပြနေတာပါ။ဘာကြောင့်လဲဆိုတော့ အလုပ်မရှိရင် အိမ်လခမပေးနိုင်တာကို သူငယ်ချင်းကိုမသိစေချင်တာပါ။ အထီးကျန်နေတာလည်းပါပါတယ်။ ရထားစီးနေရင်းနဲ့ အရမ်းလိုက်ဖက်တဲ့ စုံတွဲ ရိုမန်တစ်ဆန်တဲ့စုံတွဲကို သူမတွေ့လိုက်ရပါတယ်။ အဲ့ဘဝဟာ ရေချယ်အရမ်းလိုချင်ပြီး မရခဲ့တဲ့ဘဝမျိုးပါ။အဲ့ကောင်မလေးကို သူမ မသိပေမယ့် သူမရဲ့စိတ်ထဲမှာသိပါလိုက်ပြီး အမျိုးပုံဖော်ကြည့်နေမိပါတယ်။တစ်ရက်ကြတော့ အဲ့ကောင်မလေးဟာ တခြားအမျိုးသားတစ်ဦးနဲ့ နမ်းနေတာကို ရေချယ်တွေ့လိုက်တယ်။ သူမအရမ်းဒေါသတွေထွက်သွားတယ်။ သူ့စံပြဟာ ဒီလိုဖောက်ပြန်ရသလားဆိုပြ သွားသတ်မယ်စိတ်ကူးပါတယ်။ မူးလည်းအရမ်းမူးနေပါတယ်။ သတ်မယ်ဆိုပြီး ရထားပေါ်ကဆင်းတယ်။ သူမ အိပ်ယာနိုးလာတော့ သူမမှာဒဏ်ရာတွေ သွေးတွေနဲ့ ဒါပေမယ့် ဘာမှ မမှတ်မိတော့ပါဘူး။ အဲ့ကောင်မလေးကတော့ပျောက်သွားခဲ့တယ်။အဲ့ကောင်မလေးနာမည်က မီဂန် သူမဟာ ဆယ်ကျော်သက်လေး ပုန်ကန်ချင်တဲ့စိတ်ရှိတဲ့ကောင်မလေး။ ပြီးတော့ စိတ်မှာဒဏ်ရာတွေအများကြီးရဖူးတယ်။ ဒါမို့ သူမဟာ စိတ်ရောဂါဆရာဝန်နဲ့ စိတ်ရောကုထုံးတွေပြလေ့ရှိတယ်။ ဆရာဝန်နဲ့တိုင်ပင်လေ့ရှိတယ်။သူ့ကိုယ်သူ မိန်းမပျက်လို့ထင်လေ့ရှိတယ်။ 17နှစ်က အစ်ကိုရဲ့သူငယ်ချင်း Macနဲ့ ကိုယ်ဝန်ဖူးတယ်။ အဲ့ကလေးကို သူမရဲ့နမော်နမဲ့နိုင်မှုကြောင့် သတ်မိသလိုဖြစ်သွားတယ်။ အဲ့မှာပဲ Macက သူမကို စွန့်ခွာသွားတယ်။ သူမဟာပြောတယ်’ လိမ်တယ်ဆိုတာဟာ ခရီးထွက်နေရသလိုပဲတဲ့’ ။ ပြီးတော့ ‘ သူတို့ကဘယ်သူတွေဆိုတာအရေးမပါဘူးတဲ့ သူတို့ငါကို ဘယ်လိုခံစားရအောင်လုပ်လဲပဲ အရေးပါတာတဲ့ ကိုယ့်ကိုယ်ကို အာသာဖြေဖျောက်ရသလိုပဲတဲ့ အခြားဘယ်သူမှ မသိဘူးတဲ့ ဒါမို သူမဟာ များများလိမ်ပြီး ဟန်ဆောင်တတ်လာတယ်တဲ့ ‘ အဲ့လို အတွေးတွေရှိတဲ့ ဆယ်ကျော်သက်တစ်ယောက်ပါ။ သူမကိုကုသပေးနေတဲ့ ဆရာဝန်နဲ့ လိင်ဆက်ဆံဖို့ကြိုးစားကြည့်တယ်။ သူမပျောက်သွားတော့ ရဲတွေက ဆရာဝန်ကို သံသယဝင်တယ်။နောက်တစ်ယောက်က ‘ အန်နာ ‘ အန်နာဟာ ရေချယ်အမျိုးသားဟောင်းရဲ့ နောက်အိမ်ထောင်။ သူမဟာ ရေချယ်မရခဲ့တဲ့ ကလေးကိုရခဲ့ပြီး ရေချယ့်ခင်ပွန်းဟောင်းနဲ့ သာယာတဲ့ မိသားစုလေးကို တည်ထောင်နိုင်ခဲ့တယ်။ရေချယ်အရက်မူးပြီးသူတို့ကလေးကို ခေါ်သွားဖူးတယ်။တကယ်တော့ ရေချယ်ဟာ ကလေးမရလို့ ကလေးကိုချီကြည့်ချင်ရုံလေးပါ။ အန်တာက အဲ့လို့မထင်ဘူး သူမရဲ့ကလေးကို လာသတ်တယ်ပဲထင်တာ။ အဲ့အတွက် ရေချယ်ကို သူမမုန်းတယ်။ ထူးဆန်းတာက ‘ မီဂန် ‘က အန်နာတို့အိမ်က ကလေးထိန်းဖြစ်နေတယ်။ ဒါပေမယ့် ‘ မီဂန် ‘ဟာ ကလေးထိန်းအလုပ်ကို မုန်းတယ်။Scott သူက မီဂန်ရဲ့ ယောကျာၤး သူဟာ ကလေးလိုချင်ပြီး မီဂန်ကို သဝန်တိုတတ်တယ်။ မီဂန်ဟာ သူမကို ကုသပေးနေတဲ့ စိတ်ရောဂါဆရာဝန်နဲ့ ဖောက်ပြန်နေတယ်လို့ ထင်နေတယ်။ မီဂန်ပျောက်သွားတော့ ရဲတွေက စကော့ကိုလည်းသံသယဝင

The Little Vampire (2000) ⭐IMDB: 5.7/10 (11 k Votes) 🎬 #Adventure #Comedy #Family #Fantasy 🗓️ 2000 🎞️ Movie 📺 720p 🌎 #Germany #Netherlands #UnitedStates ⏰ 1 နာရီ 36 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Little Vampire (2000)===================IMDb Rating – 5.7/10 ကျွန်တော်တို့ ငယ်ငယ်က ပါဝါရိန်းဂျားကားတွေ ကြည့်ပြီး ပါဝါရိန်းဂျားတွေနဲ့ သူငယ်ချင်းဖြစ်ချင်တဲ့သူတွေ ရှိသလို စကူဘီဒူးကားကြည့်ပြီး အဲဒီထဲကလို သူငယ်ချင်းတွေရချင်တာတွေ ဖြစ်ဖူးခဲ့ကြမယ်ထင်ပါတယ်။ တိုနီဆိုတဲ့ ကောင်လေးကလည်း အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ မတူတာက သူက သွေးစုပ်ဖုတ်ကောင်တွေ အကြောင်းကိုအမြဲအိပ်မက်မက်လေ့ရှိတဲ့သူဗျ။ သူမက်တဲ့ အိပ်မက်တိုင်းမှာလည်းသွေးစုပ်ဖုတ်ကောင်တွေရဲ့ ဒဏ္ဍာရီတွေနဲ့ အဆောင်ပစ္စည်းလေးတစ်ခုကအမြဲတမ်းပါနေခဲ့တယ်။ တစ်နေ့မှာ သူ့ရဲ့အခန်းထဲကို သူနဲ့ရွယ်တူ သွေးစုပ်ဖုတ်ကောင်လေးတစ်ယောက် ရောက်လာပြီး အပြန်အလှန်ကူညီပေးကြရင်း သူငယ်ချင်းတွေ ဖြစ်သွားကြတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီသွေးစုပ်ဖုတ်ကောင်တွေမှာ အရေးကြီးတာဝန်တစ်ခုရှိနေပြီး ပျောက်နေတဲ့ အဆောင်ပစ္စည်းလေးကို မတွေ့ရင် အားလုံးဒုက္ခရောက်ကြရမဲ့ အခြေအနေဖြစ်နေခဲ့တယ်။ ဒီတော့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ဆက်စပ်မှုတွေရှိနေတဲ့ တိုနီနဲ့ သူ့သူငယ်ချင်းတို့ ဘယ်လို စွန့်စားခန်းတွေ ထွက်ကြမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှု့သွားရမဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ကလေးတွေ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းမျိုးဖြစ်သလို ကျွန်တော်တို့လို Back to childhood လုပ်ပြီး ငယ်ဘဝက ဇာတ်လမ်းလေးတွေကို ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း တော်တော်အဆင်ပြေတဲ့ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)

The Little Vampire (2000) ⭐IMDB: 5.7/10 (11 k Votes) 🎬 #Adventure #Comedy #Family #Fantasy 🗓️ 2000 🎞️ Movie 📺 1080p 🌎 #Germany #Netherlands #UnitedStates ⏰ 1 နာရီ 36 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Little Vampire (2000)===================IMDb Rating – 5.7/10 ကျွန်တော်တို့ ငယ်ငယ်က ပါဝါရိန်းဂျားကားတွေ ကြည့်ပြီး ပါဝါရိန်းဂျားတွေနဲ့ သူငယ်ချင်းဖြစ်ချင်တဲ့သူတွေ ရှိသလို စကူဘီဒူးကားကြည့်ပြီး အဲဒီထဲကလို သူငယ်ချင်းတွေရချင်တာတွေ ဖြစ်ဖူးခဲ့ကြမယ်ထင်ပါတယ်။ တိုနီဆိုတဲ့ ကောင်လေးကလည်း အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ မတူတာက သူက သွေးစုပ်ဖုတ်ကောင်တွေ အကြောင်းကိုအမြဲအိပ်မက်မက်လေ့ရှိတဲ့သူဗျ။ သူမက်တဲ့ အိပ်မက်တိုင်းမှာလည်းသွေးစုပ်ဖုတ်ကောင်တွေရဲ့ ဒဏ္ဍာရီတွေနဲ့ အဆောင်ပစ္စည်းလေးတစ်ခုကအမြဲတမ်းပါနေခဲ့တယ်။ တစ်နေ့မှာ သူ့ရဲ့အခန်းထဲကို သူနဲ့ရွယ်တူ သွေးစုပ်ဖုတ်ကောင်လေးတစ်ယောက် ရောက်လာပြီး အပြန်အလှန်ကူညီပေးကြရင်း သူငယ်ချင်းတွေ ဖြစ်သွားကြတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီသွေးစုပ်ဖုတ်ကောင်တွေမှာ အရေးကြီးတာဝန်တစ်ခုရှိနေပြီး ပျောက်နေတဲ့ အဆောင်ပစ္စည်းလေးကို မတွေ့ရင် အားလုံးဒုက္ခရောက်ကြရမဲ့ အခြေအနေဖြစ်နေခဲ့တယ်။ ဒီတော့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ဆက်စပ်မှုတွေရှိနေတဲ့ တိုနီနဲ့ သူ့သူငယ်ချင်းတို့ ဘယ်လို စွန့်စားခန်းတွေ ထွက်ကြမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှု့သွားရမဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ကလေးတွေ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းမျိုးဖြစ်သလို ကျွန်တော်တို့လို Back to childhood လုပ်ပြီး ငယ်ဘဝက ဇာတ်လမ်းလေးတွေကို ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း တော်တော်အဆင်ပြေတဲ့ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)

The Business of Christmas (2020) ⭐IMDB: 5.9/10 (48 Votes) 🎬 #Drama #Family 🗓️ 2020 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 46 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Business of Christmas (2020)=======================Drama, FamilyIMDB – 6.1/10 အသက်ကြီးနေပြီဖြစ်တဲ့ အော်စကာနဲ့ မယ်ရီအန် ဖရန်ကလင်းတို့လင်မယားဟာ မြို့လေးတစ်မြို့မှာ အရုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ အားလပ်ရက်ဖြစ်တဲ့ ခရစ္စမတ်လာတော့မှာဖြစ်တဲ့အတွက်မိခင်ဖြစ်သူ မယ်ရီအန်ဟာ သားသမီး ၃ ယောက်လုံးကို အိမ်အလည်ပြန်လာဖို့ မျှော်လင့်နေပါတယ်။ သားကြီးဖြစ်သူက ပူလစ်ဇာဆုလိုချင်နေတဲ့ ဂျာနယ်လစ်သမား၊ သားငယ်က တေးဂီတထုတ်လုပ်ပေးတဲ့ ပရိုဂျူဆာတစ်ယောက်၊ ပြီးတော့ သမီးကကျ အိမ်ခြံမြေပွဲစားတစ်ယောက်ပေါ့။ မိခင်ဖြစ်သူ ဖုန်းဆက်ခေါ်ပေမယ့်လည်း ကိုယ်စီအလုပ်နဲ့မို့ ပြန်မလာနိုင်ကြတဲ့လူတွေပါ၊ မိခင်ကြီးလည်း စိတ်ဆင်းရဲရတာပေါ့။ အဲဒီအချိန်မှာသူတို့လင်မယားကို နောက်ထပ် ကံဆိုးမှုတစ်ခု ကျရောက်လာပါတယ်၊အိမ်ကိုပေါင်ထားတဲ့ချေးငွေကို ဝယ်ယူလိုက်တဲ့ကုမ္ပဏီက သူတို့ ဆိုင်နဲ့အိမ်ကိုပါ ရက်အနည်းငယ်အတွင်း ပိုက်ဆံတစ်သိန်းမှ မပေးနိုင်ရင် ဆုံးရှုံးရဖို့ ဖြစ်လာပါတော့တယ်။ ဒီသတင်းကိုကြားတော့ ဖခင်ဖြစ်သူ အော်စကာတစ်ယောက် နှလုံးဖောက်ပြီး ဆေးရုံရောက်ပါတော့တယ်။ အဲဒီမှာ အလုပ်တွေမအားတဲ့ သားသမီးတွေလည်း မိသားစုရဲ့ဘေးအန္တရာယ်ကို ကြုံရာနေရာကနေ ဝင်ပြီး ပြန်ကယ်တင်ပေးဖို့ တာဝန်ကျရောက်လာပါတော့တယ်….။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

Blessed Boys (2021) ⭐IMDB: 6.3/10 (333 Votes) 🎬 #Drama #Comedy #Romance 🗓️ 2021 🎞️ Movie 📺 1080p 🌎 #Italy ⏰ 1 နာရီ 35 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Blessed Boys (2021)===============IMDb Rating – 6.3/10 ဒီဇာတ်ကားလေးကတော့ အချိန်တစ်နာခွဲအတွင်း အပြောတွေရောအပြတွေရော တွေးစရာတွေပါ အများကြီးထည့်ထားတဲ့ကားလေးပါ။လီနိုတို့မိသားစုသုံးယောက်ရယ် သူငယ်ချင်းဖြစ်သူမာရီယိုရယ် ချစ်သူမမယ်သူငယ်ချင်းထပ်ပိုတဲ့ကောင်မလေး အက်စီရယ် အားလုံးပေါင်းဇာတ်ကောင်ငါးယောက်အဓိကပါပါတယ်။ သူတို့အားလုံးဟာ အီတလီ၊နေပယ်မြို့က ပျံကျနေရာလေးမှာ နေထိုင်ကြပါတယ်။ အားလုံးဟာကျောင်းနေအရွယ်ပေမယ့် ဘဝအခြေအနေကြောင့် မိသားစုတာဝန်ကိုထမ်းနေကြသူပါ။ လီနိုအနေနဲ့လည်း ပိုက်ဆံကို အလုပ်လုပ်ပြီးပဲရရ ရုပ်ပြစားပြီးပဲရရရှာရင်းအိမ်စရိတ်ကို အနိုင်နိုင်ပေးနေရသူပါ။ တစ်ချိန်မှာတော့ လီနိုရဲ့ညီမလေးအန်နာလာဟာ ထူးဆန်းအံ့ဖွယ်တန်ခိုးပြတယ်ဆိုပြီး ဒေသခံကတ်သလစ်ဘာသာဝင်တွေအကြားရေပန်းစားသွားပြီး ဘုရားဝတ်ပြုဆုတောင်းဖို့ အိမ်ကိုလာရောက်သူတွေများလာပါတယ်။ ဒီလိုကံကြမ္မာအလှည့်အပြောင်းကြားမှာ ဒီဇာတ်ကောင်ငါးယောက်ဟာ ဘယ်လိုတွေ ကပြကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ မိသားစုဒရာမာ၊ ဘာသာရေး၊ LGBTစတဲ့ genreတွေနဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း ဇာတ်ကောင်စရိုက်နိုင်နိုင်တဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Zaw Myo Thu ဖြစ်ပါတယ်)

The Business of Christmas (2020) ⭐IMDB: 5.9/10 (48 Votes) 🎬 #Drama #Family 🗓️ 2020 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 46 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Business of Christmas (2020)=======================Drama, FamilyIMDB – 6.1/10 အသက်ကြီးနေပြီဖြစ်တဲ့ အော်စကာနဲ့ မယ်ရီအန် ဖရန်ကလင်းတို့လင်မယားဟာ မြို့လေးတစ်မြို့မှာ အရုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ အားလပ်ရက်ဖြစ်တဲ့ ခရစ္စမတ်လာတော့မှာဖြစ်တဲ့အတွက်မိခင်ဖြစ်သူ မယ်ရီအန်ဟာ သားသမီး ၃ ယောက်လုံးကို အိမ်အလည်ပြန်လာဖို့ မျှော်လင့်နေပါတယ်။ သားကြီးဖြစ်သူက ပူလစ်ဇာဆုလိုချင်နေတဲ့ ဂျာနယ်လစ်သမား၊ သားငယ်က တေးဂီတထုတ်လုပ်ပေးတဲ့ ပရိုဂျူဆာတစ်ယောက်၊ ပြီးတော့ သမီးကကျ အိမ်ခြံမြေပွဲစားတစ်ယောက်ပေါ့။ မိခင်ဖြစ်သူ ဖုန်းဆက်ခေါ်ပေမယ့်လည်း ကိုယ်စီအလုပ်နဲ့မို့ ပြန်မလာနိုင်ကြတဲ့လူတွေပါ၊ မိခင်ကြီးလည်း စိတ်ဆင်းရဲရတာပေါ့။ အဲဒီအချိန်မှာသူတို့လင်မယားကို နောက်ထပ် ကံဆိုးမှုတစ်ခု ကျရောက်လာပါတယ်၊အိမ်ကိုပေါင်ထားတဲ့ချေးငွေကို ဝယ်ယူလိုက်တဲ့ကုမ္ပဏီက သူတို့ ဆိုင်နဲ့အိမ်ကိုပါ ရက်အနည်းငယ်အတွင်း ပိုက်ဆံတစ်သိန်းမှ မပေးနိုင်ရင် ဆုံးရှုံးရဖို့ ဖြစ်လာပါတော့တယ်။ ဒီသတင်းကိုကြားတော့ ဖခင်ဖြစ်သူ အော်စကာတစ်ယောက် နှလုံးဖောက်ပြီး ဆေးရုံရောက်ပါတော့တယ်။ အဲဒီမှာ အလုပ်တွေမအားတဲ့ သားသမီးတွေလည်း မိသားစုရဲ့ဘေးအန္တရာယ်ကို ကြုံရာနေရာကနေ ဝင်ပြီး ပြန်ကယ်တင်ပေးဖို့ တာဝန်ကျရောက်လာပါတော့တယ်….။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

The Business of Christmas 2 (2021) ⭐IMDB: 8.2/10 (29 Votes) 🎬 #Drama #Family 🗓️ 2021 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Business of Christmas 2 (2021)=========================Genre – Drama, FamilyIMDb Rating – 8.2/10 Spoiler Alert—————-ပထမကား မကြည့်ရသေးသူများအတွက် အခု review ကိုမဖတ်ပါနဲ့ဦး ခင်ဗျာ။—————- ပထမကားတုန်းက ပြဿနာတွေ ဖြေရှင်းခဲ့တဲ့ ဖရန်ကလင်းမိသားစုတွေ ပြန်လာပါပြီ။ ဒီဒုတိယကားမှာတော့ ဖခင်ဖြစ်တဲ့အော်စကာကတော့ သွေးတိုးနဲ့ ဆုံးပါးသွားပါပြီ။ မိခင် မယ်ရီအန်ကလည်း မွေးရပ်မြေကို ပြန်လာပြီး အိမ်ကြီးထဲမှာ တစ်ယောက်တည်းနေနေပါတယ်။ သားသမီးတွေအနေနဲ့ မိုက်ကယ်ကဝတ္ထုရေးဖို့ ကြိုးစားနေပြီးဖခင်သေဆုံးမှုကို ထောက်လှမ်းနေခဲ့ပါတယ်၊ နိုအာကတော့စင်ဒီနဲ့ အလုပ်တွဲလုပ်ရင်း မင်္ဂလာဆောင်ဖို့ အဆင်မပြေ ဖြစ်နေခဲ့တာပါ၊ ဒန်နီကလည်း ယောက်ျားဖြစ်သူလည်း အဆင်မပြေဖြစ်ပြီး သားလေးကို ထိန်းကျောင်းနေရသူ မိခင်တစ်ယောက်ဖြစ်နေပါပြီ။ ဒီလိုနဲ့ ဖရန်ကလင်းမောင်နှမတတွေ ကိုယ်စီပြဿနာတွေနဲ့ တစ်ဦးတည်းနေတဲ့ မိခင်ကြီးဆီကို သွားရောက်ဖို့ ဖြစ်လာပါတော့တယ်။ နောက်ထပ် ဖြေရှင်းဖို့ ပြဿနာအသစ်တွေနဲ့အတူပေါ့။ ဒီကားမှာတော့ မိခင် မယ်ရီအန်နဲ့ ငယ်ချစ်ဦး ကျောင်းအုပ်ဆရာကြီးနိုက်ပါဝင်လာသလို၊ ဒန်နီရဲ့ ကပွဲသွားဖော် ပက်ထရစ်ရယ်၊မိုက်ကယ်နဲ့ ဒန်နီကြားက ပြဿနာတွေ၊ နိုအာတို့အတွဲကြားက ပြဿနာအသစ်တွေလည်း ပါဝင်လာပါတယ်။ ထုံးစံအတိုင်း ဖရန်ကလင်းမိသားစုနဲ့ ခရစ္စမတ် တွေ့ကြပြန်ပြီပေါ့ဗျာ…..။ Part One >>> ဒီလင့်မှာကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

Dungeons & Dragons: Honor Among Thieves (2023) ⭐IMDB: 7.5/10 (58 k Votes) 🎬 #Action #Adventure #Comedy #Fantasy 🗓️ 2023 🎞️ Movie 📺 4K 🌎 #UnitedStates #Canada #UnitedKingdom #Iceland #Australia #Ireland #UnitedStatesofAmerica ⏰ 2 နာရီ 17 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dungeons & Dragons: Honor Among Thieves (2023) ~IMDb – 7.5/10, RT – 90%, Meta – 72% ~ မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ဒီထဲမှာ သုံးသွားတဲ့ မှော်တိုက်ကွက်တွေကလည်း နာမည်တွေမပြောပေမဲ့ ယခင် ဂိမ်းတွေထဲမှာ အဓိကသုံးကြတဲ့ အကွက်တွေဖြစ်သလို D&D ယူနီဗာ့စ်ကြီးရဲ့ အထင်က‌ရနေရာဖြစ်တဲ့ Neverwinter မြို့ကို နေရာစုံပြထားတဲ့အပြင် Easter Egg မျိုးစုံပါပါတယ်။ D&D ဖန် ဟုတ်ဟုတ်မဟုတ်ဟုတ် ကြည့်လို့ကောင်း အချိန်ပေးရကျိုးနပ်မှာတော့သေချာပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ အက်ဂင်ဆိုတဲ့ လူတစ်ယောက်ဟာ လူတွေကို ကူညီတဲ့ စောင်းသမားအဖွဲ့ကနေ သူခိုးအဖြစ်ကို အကြောင်းတစ်ခုကြောင့် ပြောင်းလဲလာတဲ့လူတစ်ယောက်ပါ။ သူနဲ့အတူ သူ့ရဲ့ သမီး ကီရာ၊ တိုက်ခိုက်ရေးသမား ဟိုဂါ၊ မှော်ဆရာတလွဲကောင် ဆိုင်မွန်၊ လူလိမ် ဖို့ဂျ်တို့လည်း သူခိုးအဖွဲ့မှာပါဝင်ကြပါတယ်။ တစ်ကြိမ်မှာတော့ အက်ဂင်ရဲ့ သေသွားတဲ့ ဇနီးကိုအသက်ပြန်သွင်းနိုင်တဲ့ ကျောက်ပြားတစ်ချပ်ကိုခိုးယူရင်း အဖမ်းခံလိုက်ရပြီး အက်ဂင်နဲ့ဟိုဂါတို့ ထောင်ကျသွားခဲ့ပါတယ်။ ထောင်ကနေ ထွက်ပြေးလာပြီး ကျောက်ပြားနဲ့သမီးကို ပြန်လိုက်ရှာရင်းနဲ့ သေယန်ဆိုတဲ့ စုန်းကဝေတပ်ကြီးနဲ့ တိုက်ခိုက်ဖို့ကြုံလာတဲ့အခါ…… (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)