ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Schächten: A Retribution (2022)
⭐IMDB: 6.0/10 (122 Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #Austria
⏰ 1 နာရီ 45 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်က ဂျာမန် နာဇီတွေနဲ့ ဂျူးလူမျိုး Victimsတွေ အကြောင်းရိုက်ထားတာတွေထဲက တစ်ခုဖြစ်ပေမယ့် နာဇီခေတ်မှာ ဇာတ်အိမ်တည်ထားတာ မဟုတ်ပါဘူး။ Holocaustအပြီး နှစ်၂၀နီးပါးကြာတဲ့အချိန် ၁၉၆၂မှာ တည်ထားပါတယ်။
ဇာတ်လမ်းကတော့ Victor Dessaur ဆိုတဲ့သူက သူ့မိသားစုကို သတ်ခဲ့တဲ့ နာဇီစစ်ခေါင်းဆောင် Kurt Goglဆိုသူကို အမှုပြန်ဖွင့်ပြီး တရားစွဲအပြစ်ပေးစီရင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် သိတဲ့အတိုင်းပဲ မတရားမှုက လုံးဝမပျောက်ပြယ်သွားဘဲနဲ့ ဂျူးတွေအပေါ် ဖိနှိပ်မှု ခွဲခြားဆက်ဆံမှုတွေက ဆက်ပြီး ရှိနေသေးတဲ့ ကာလလည်းဖြစ်ပါတယ်။ရုပ်ရှင်က ဂျူးလူမျိုးတွေရဲ့ နစ်နာခဲ့ပုံတွေမကဘဲ နာဇီစစ်ခေါင်းဆောင် ဟစ်တလာကြောင့် နာဇီဝါဒ ရိုက်သွင်းခံခဲ့ရတဲ့ ဂျာမန်လူမျိုးတွေအပေါ်မှာပါ ဘယ်လိုသက်ရောက်စေခဲ့သလဲ ရိုက်ပြထားပါတယ်။
ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ Schachten ဆိုတာက ဂျူးရိုးရာ သားသတ်တဲ့နေရာသုံးတဲ့ ဓားဖြစ်ပါတယ်။ ဒီဓားနဲ့ မိမိ မိသားစုဝင်တွေဖြစ်တဲ့ အဖိုး၊ အဖွား၊ အမေနဲ့ ညီမကို မျက်စိရှေ့အသတ်ခံလိုက်ရတဲ့ Victorက တကယ်ပဲ ကျူးလွန်ခဲ့သူကို ပြန်ပြီးဒဏ်ခတ်နိုင်မှာလား ကြည့်ရှုရမယ့်ကားဖြစ်ပါတယ်။ စိတ်ထိခိုက်စေတဲ့ ပြကွက် တစ်ကွက် နှစ်ကွက်လောက်ပဲပါတဲ့အတွက် ကြည့်ပြီးကသိကအောက်ဖြစ်စေမှာမဟုတ်လို့ ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။...
The Other Black Girl (2023- )
⭐IMDB: 6.7/10 (487 Votes)
🎬 #Drama #Comedy #Mystery #Thriller
🗓 2023- 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 30 မိနစ် 47 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Other Black Girl (2023)The Other Black Girl (2023)
====================
IMDb Rating – 6.5/10ဒီဇာတ်လမ်းတွဲလေးကတော့ နာမည်တူဝတ္ထုဖြစ်တဲ့ “The Other Black
Girl” ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတဲ့ Hulu series လေးပဲဖြစ်ပါတယ်။
နဲလာဆိုတဲ့ လူမည်းအမျိုးသမီးက လူဖြူတွေကြီးပဲရှိတဲ့ Wagnar Books
ဆိုတဲ့ စာပေတိုက်မှာအလုပ်လုပ်နေတဲ့ လက်ထောက်အယ်ဒီတာဖြစ်တယ်။
သူ့လိုမျိုး လူမည်းလုပ်ဖော်ကိုင်ဖက်တွေမရှိတဲ့အတွက် အားငယ်နေတာပေါ့။
အဲဒါနဲ့တစ်နေ့ ဟေဇယ်ဆိုတဲ့ လူမည်းအမျိုးသမီးလေးက သူတို့အလုပ်မှာ
အင်တာဗျူးလာဖြေပြီး အောင်သွားတဲ့အတွက် နဲလာတစ်ယောက်အရမ်းပျော်
သွားတယ်။ သိပ်မကြာခင်မှာပဲ သူတို့တွေအရမ်းခင်သွားကြပြီး အတင်းတွေ
တုပ်နေရင်းကမှ ဟေဇယ်က နဲလာ့ရဲ့အတင်းတွေကို ဖွလိုက်ပြီး ကုမ္ပဏီမှာ
ပြဿနာအကြီးကြီးတက်သွားပါလေရောပေါ့။ အဲတော့ ဟေဇယ်က ဟန်ဆောင်
နေခဲ့တာလား၊ သူ(မ) ဘာတွေကြံစည်နေတာလဲ၊ နောက်ပြီး နဲလာကလည်း
သရဲလိုလို စိတ်ထင်ယောင်ထင်မှားဖြစ်နေတာတွေလိုလိုအရာမျိုးတွေကို မြင်
နေရတာဆိုတော့ အဲဒါက ဘာတွေများ ဖြစ်နေမလဲဆိုတာကို စိတ်ဝင်တစားနဲ့
ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲအသစ်လေးပဲဖြစ်ပါတယ်။စုစုပေါင်း(၁၀)ပိုင်းထွက်ရှိထားပြီး CMမှ ဆက်တိုက်တင်ဆက်ပေးသွားပါမည်။ (ဒီစီးရီးရဲ့ အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊
ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) File Size………….(350 MB)...
Graphic Desires (2022)
⭐IMDB: 4.1/10 (364 Votes)
🎬 #Adult #Thriller
🗓 2022 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 31 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
[18+] Graphic Desires (2022)
======================ဇာတ်လမ်းအညွှန်းမစခင် ၁၈ယောက်စုပြီးကြည့်ရမဲ့ကားဖြစ်ကြောင်း ကြိုတင်
အသိပေးပါတယ်ခင်ဗျာ။
ဇာတ်လမ်းကတော့ ဒီလိုဗျ။ ရုံးမှာ တစ်နေကုန်ထိုင်အလုပ်လုပ်ရတာကိုမကြိုက်ဘဲ
အိမ်မှာပဲ WFH လုပ်ချင်တဲ့ အိမ်တွင်းပုန်း IT သမား ဖရန်ကလင်ဟာ ကောင်မလေး
လည်းရှိ၊ အချစ်ဆုံးဘော်ဒါကြီးလည်းရှိ၊ အလုပ်လည်းရှိဆိုတော့ သူ့ဘဝကြီးက
အိုကေစိုပြေတယ်လို့ပြောလို့ရပါတယ်။
တစ်နေ့ကျ သူငယ်ချင်းလမ်းညွှန်ကောင်းမှုနဲ့ သူ့ရည်းစား ခရီးသွားခိုက်မှာ Dating
app တစ်ခုကနေ အတ္တလန်တာဆိုတဲ့ စော်လေးတစ်ပွေနဲ့ သွားဒိတ်ပါတယ်။ အစ
ကတော့ သူ့ကောင်မလေးအပေါ်သစ္စာမဖောက်ဘူးဆိုပြီး တကယ်တမ်းကျ ဒိတ်ရုံ
မကလို့ တွေ့တဲ့ညမှာပဲ ရေနံတူးမိကြတဲ့အပြင် ရေနံတူးမှတ်တမ်းဗီဒီယိုပါ ရိုက်ထား
လိုက်သေးတယ်တဲ့ဗျာ။ နောက်နေ့လည်းရောက်ရော အတ္တလန်တာက အကောင့်
ဘာညာအကုန်ဖျက်ပြီး ပျောက်ချင်းမလှပျောက်သွားလေတယ်။ သကောင့်သားခမျာ
တစ်ညပဲတွေ့ဖူးတဲ့ ကောင်မလေးကို အရမ်းတွေစွဲလမ်းသွားပြီး တစ်ခုခုများဖြစ်သ
လားဆိုတဲ့စိတ်နဲ့ ရေတဆုံးမြေတဆုံးလိုက်ရှာပါလေရော။သူ့ဘော်ဒါကြီးပါလိုက်စုံစမ်းပေးပြီးတဲ့နောက် သိလိုက်ရတာက အဲဒီအတ္တလန်တာ
ဆိုတဲ့ကောင်မလေးဟာ ဘယ်တုန်းကမှ မရှိဖူးတဲ့လူတစ်ယောက်ဆိုတာပါပဲ။ သူ့ဘော်
ဒါက တကယ်မရှိကြောင်းရှင်းပြလိုက်၊ သူကလည်း ဒါဆို ဒီဗီယိုကဘာလဲဆိုပြီး သက်
သေပြလိုက်နဲ့ ဇာတ်ကားတစ်ခုလုံးက အတ္တလန်တာရှာပုံတော်ဖွင့်ခန်းကြီးပါပေါ့။
နောက်ဆုံးမှာတော့ အတ္တလန်တာဆိုတာ တကယ်ရှိလား မရှိဘူးလား၊ မရှိရင် သူရိုက်
ထားတဲ့ ဗီဒီယိုကရော ဘာလဲ၊ အတ္တလန်တာဆိုတဲ့ ဘာမှန်းမသိတဲ့ အမျိုးသမီးရယ်၊
ရိုးသားကြိုးစားဖိုးသခွား အိုင်တီသမားလေးကနေ အရူးအမူးစွဲလမ်းတတ်သွားတဲ့ ဖရန်
ကလင်ရယ်၊ ဒါ့အပြင်ကိုယ့်ချစ်သူရဲ့bffနဲ့မှ ငြိစွန်းနေမိတဲ့ ကောင်မလေးရယ် သူတို့
၃ယောက်ရဲ့အရှုပ်တော်ပုံကြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
NZT ဖြစ်ပါတယ်)File Size……….(1.1 GB) / (440 MB)
Quality…………BLU-RAY 1080p / 720p
Duration………1Hr 30Min
Subtitle………..Myanmar Hardsub
Format…………MP4
Translator……NZT
Encoder……….Admin X
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...
Aneethi (2023)
⭐IMDB: 7.1/10 (289 Votes)
🎬 #Action #Bollywood #Drama #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 22 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Aneethi (2023)
IMDb – 7.4/10The Times Of India – 3.5/5
“မိုးလင်းကနေ မိုးချုပ်ထိ မနားတမ်းအလုပ်လုပ်တယ်… အလုပ်က နားလိုက်တာနဲ့ ဒီလောက်ကျယ်တဲ့မြို့ကြီးမှာငါ့အတွက်နေရာဆိုတာမရှိဘူး..” တစ်နေကုန် အစားအသောက်ပို့ရင်း တစ်ပုံစံထဲ ငြီးငွေ့စရာနေ့တွေထဲတွေ့သမျှလူတိုင်းကို သတ်ပစ်ချင်စိတ်နဲ့ အိပ်မရညတွေဖြတ်သန်းရင်း စိတ်ရောဂါကို အံတုနေရတဲ့ ဇာတ်လိုက်ကျော်မင်းသား..။
တစ်နေ့ ညနက်မှပို့တဲ့ Deli way ထဲက အသံချိုချို လက်လှလှလေးနဲ့ ကြွေကျသွားတဲ့ နှလုံးသားကြောင့် |နေ့တိုင်း ဒီအိမ်ကြီးဆီ ချစ်ရသူလေးအတွက် မုန့်ပို့ဖို့ အကြောင်းတွေရှာပြီး နည်းလမ်းရှာအနားကို ပြေးကပ်ရပါပြီ။စိတ်ရောဂါဆိုတာ ပန်းလေးလိုပါပဲ ဂရုထားပုံပေါ်မူတည်ပြီး ကြွေရင်ကြွေ ၊ မကြွေရင် ဝေ ။
ဒီလိုအခြေအနေမှာမှ လူသတ်ချင်နေတဲ့မင်းသားတစ်ယောက် အချစ်မှာမျောပါသွားတဲ့အခါ အရောင်မဲ့ကမ္ဘာကြီး သက်တံ့တွေထွန်းလာတော့တာပေါ့။ဒီလိုနဲ့ ချစ်တတ်လာတဲ့မင်းသားဟာ တစ်နေ့တာမှာ အပြုံးတွေဝေ အသက်ရှင်လာသလိုခံစားရလာရကနေ မထင်မှတ်ထားတဲ့အပြောင်းအလဲတွေကြောင့် တရားခွင်ရင်ဆိုင်ရမယ့်အခြေအနေတွေ ဖြစ်လာတဲ့အခါ..။
ဒီ့အပြင် ချစ်ရသူကိုယ်တိုင်ကပါ သူ့ကို ချနင်းပြီး အသုံးချသွားတဲ့အခါ..။ နဂိုစိတ်ရောဂါအခံနဲ့မင်းသားတစ်ယောက် ပိုပဲဆိုးသွားမလား…ဘာတွေဆက်ဖြစ်မလဲဆိုတာကို Romance, Thriller,Crime ရောစပ်ပြီး အချိတ်အဆက်မိမိရိုက်ကူးထားတဲ့ကားလေးမို့CM BOLLYWOOD TEAM မှ ဘာသာပြန်တင်ဆင်ပေးလိုက်ရပါတယ်ရှင့်။
အညွှန်းကိုတော့ Aditi ရေးသားပြီး CM BOLLYWOOD TEAM မှAditi ~ ToMo ~ Zwe ~ Alex ~ BpL ~ V တို့ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။...
Undryable Daughter-in-Law (2020)
⭐TMDB: 35.0% User Score
🎬 #Adult #Drama #Romance
🗓 2020 🎞 Movie
🌎 #
⏰ 1 နာရီ 12 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခု ဇာတ်လမ်းကတော့ အိမ်တွင်းအရှုပ်တော်ပုံလူတွေရဲ့ သွေးသားဆန္ဒရှုပ်ထွေးပုံကို ကြည့်ရမှာပါ…
အိမ်ထောင်တခုရယ်လို့ဖြစ်လာရင် စီးပွားရေးကလဲ အရေးကြီးသလိုနှစ်ဦးနှစ်ဖက် အပြုစုအယုယလေးတွေကလဲ အရေးပါတာကို အားလုံးသိကြမှာပါ…ခုဇာတ်လမ်းမှာလဲ အပြုစုအယုယတွေလိုအပ်နေတဲ့ အိမ်ရှင်မလေးဘဝကို သနားစဖွယ်မြင်တွေ့ရမှာပါ…
အပြုအစုအယုကိုလိုချင်တဲ့သူ့ဆန္ဒကို ယောကျာ်းဖြစ်သူကလဲဂရုမစိုက်ဖောက်ပြန်နေတဲ့အခါအနေနီးပြီး သူ့အပေါ်ကြင်နာတဲ့ အနီးဆုံးယောကျာ်းတစ်ဦးကို သံယောဇဉ်ဖြစ်မိသွားချိန်မှာတော့….....
WALL·E (2008)
⭐TMDB: 81.0% User Score
🎬 #Adventure #Animation #Family #SciFi #ScienceFiction
🗓 2008 🎞 movie
🌎 #UnitedStates #Japan #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတော့ IMDb Rate 8.5 အထိရရှိထားတဲ့
Animated Film လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ်
ကာတွန်းကားကိုကလေးတွေပဲကြည့်တဲ့ကားလို့ပြောတဲ့ခေတ်ကုန်ခဲ့ပါပြီ…
ကာတွန်းကားတိုင်းကိုတော့မဆိုလိုပါ…
ကမ္ဘာကျော် Animation ကုမ္မဏီတွေက
နှစ်စဉ်အောင်မြင်မှုတွေများစွာရတဲ့
Animation ရုပ်ရှင်တွေကို အမြဲထုတ်ပေးခဲ့ပြီး
အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေမှာလည်းပေးချင်တဲ့
Messageရည်ရွယ်ချက်တွေ..အများကြီးတွေ့ရပါတယ်..
ယူတတ်ရင်သင်ခန်းစာတောင်ရပါသေးတယ်
ဥပမာပြောရမယ်ဆိုရင် Up ကာတွန်းလေးက သာမန်
ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင်
ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့
Animated Film တစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ်
ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ
ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့
မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့
ကားမျိုး က လက်ချိုးရေလို့ရပါတယ်။
ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက
တင်ဆက်ပုံကောင်းကောင်းနဲ့
ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်….
အခုဒီ Wall-E ဆိုတဲ့ Animated Film ဟာ..2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်..
IMDb မှာ Rating က 8.5/10 ထိရရှိထားပါတယ်
Pixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံး
ခွဲထွက်ခဲ့သည့်WALL-Eသည် ထုတ်လုပ်မှု
ကုန်ကျ စရိတ် ဒေါ်လာ သန်း(၁၈၀)ထိ ရှိခဲ့ပါတယ်
ယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကို
လိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ အထီးကျန်
စက်ရုပ်လေး၏ စွန့်စားခန်းကို ပုံဖော်ထားခြင်း ဖြစ်ပါတယ်..
ဇာတ်ကားအစ မိနစ်(၄၀)ခန့်ထိ ထူးခြားသော တင်ဆက်ပုံများကို
တွေ့မြင်နိုင်ပြီး အပြန်အလှန် စကားပြောဆိုမှုပင်
အလွန်နည်းပါးခဲ့တာကိုတွေ့ရပါမယ်..။
အစဉ်အလာဟောင်းများကို တော်လှန်ခဲ့သည့် Pixar ၏ ဇာတ်ကားသည်
အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ဒေါ်လာ သန်း(၅၂၀)ကျော်ထိ ရုံဝင်ကြေး ရရှိခဲ့ပါတယ်..
ယင်းဇာတ်ကားသည် အကယ်ဒမီ ဆုပေးပွဲတွင် ကဏ္ဍအတော်များများအတွက်
ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ထူးခြားမှု တစ်ရပ်အဖြစ် WALL-Eသည်
TIME မဂ္ဂဇင်း၏ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်များ စာရင်း၌
နံပါတ်(၁)နေရာ၌ သတ်မှတ်ခံခဲ့ပါတယ်..
ဒီလောက်ဆိုရင်ညွှန်းတာတော်လောက်ပါပြီ..
ဆက်လက်ခံစားကြည့်ရှုကြပါ...
A Few Good Men (1992)
⭐TMDB: 75.0% User Score
🎬 #Drama #Thriller
🗓 1992 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 18 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Few Good Men(1992)
IMDb…..7.7,,,,,Rotten…..82%
Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်…အဲ့လိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့
ဒီကားကိုကြည့်သင့်တယ်…..ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး
ထားတယ်….စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်…. ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise
ကိုတာဝန်ပေးခြင်းခံရတယ်…ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်..အယ် လက်နက်ကြီး
လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး….သို့ပေမယ့် စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်…
ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်….ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး….ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး
အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ….
IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း.
Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့ ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့…..
————————————————...
Strange Case in Western Hunan (2023)
⭐TMDB: 0.0% User Score
🎬 #Mystery #Thriller
🗓 2023 🎞 Movie
🌎 #China
⏰ 1 နာရီ 30 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးတစ်ကား ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-
ရှန်းရှီးလူမျိုးတွေဟာ ဇာတိမြေကို တန်ဖိုးထားကြပြီး သစ်ရွက်ကြွေဟာအမြစ်ဆီပြန်ရမယ်ဆိုတဲ့ ရိုးရာရှိပါတယ်။ နယ်မြေလမ်းခရီးကြမ်းတမ်းလှတဲ့အတွက်အလောင်းနှင်သူဆိုတဲ့ လုပ်ငန်းတစ်မျိုးလည်း ပေါ်ထွက်လာပါတယ်။
လုံချီးရဲနဲ့ တပည့်ဖြစ်သူ လုံဖျင်အန်းတို့ဟာ ထိုနယ်မြေမှာနာမည်ရှိတဲ့ အလောင်းနှင်သူတွေပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က လုံချီးရဲဟာ အလောင်းနှင်စဉ်အလောင်းနှင်သူတို့ အကြောက်ဆုံးဖြစ်တဲ့အလောင်းပြန်ရန် နေရာမရှိခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။
နှစ် ၂၀ ကြာပြီးနောက် ခေါင်းမဲ့အလောင်းတစ်ခုပေါ်လာခဲ့ပြီးမြို့ထဲမှာ ထူးဆန်းကြောက်လန့်စရာကောင်းတဲ့ ကိစ္စတွေဆက်တိုက်ဖြစ်ပျက်နေပါတယ်။ ဒီကိစ္စဟာလည်း လွန်ခဲ့တဲ့နှစ် ၂၀ က လုံချီးရဲအလောင်းနှင်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်နေပါသတဲ့။
လွန်ခဲ့တဲ့ နှစ် ၂၀ က အဖြစ်ရဲ့ အမှန်တရားက ဘယ်လိုဖြစ်မလဲ……ယခုမြို့ထဲက လူသေမှုပေါင်းများစွာရဲ့ နောက်ကွယ်မှာဘယ်သူက ကြိုးကိုင်ထားတာလဲ…… ဆိုတာကိုရုပ်ရှင်လေးနဲ့အတူ လိုက်ပါ အဖြေရှာလိုက်ရအောင်နော်။...
A Million Miles Away (2023)
⭐IMDB: 7.6/10 (2 k Votes)
🎬 #Drama #History
🗓 2023 🎞 movie
🌎 #Mexico #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 01 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဘဝမှာဖြစ်ချင်တဲ့ အိပ်မက်တွေပန်းတိုင်တွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။
အဲ့ဒီအရာတွေကို အကောင်အထည်ဖော်ဖို့ကလည်း နည်းမှန်လမ်းမှန်နဲ့ မဆုတ်နစ်သော
ဇွဲနဲ့ကြိုးစားမှဖြစ်နိုင်မှာပါ။
အဲ့ဒီအပြင်ကိုမှ ကိုယ်သာကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးဆိုတာကို
A Million Miles Away ဆိုတဲ့ဖြစ်ရပ်မှန် ဇာတ်ကားလေးနဲ့ဖော်ကျူးထားတာကို
ကြည့်ရမှာပါ။
ဟိုဆေးဟာနန်ဒက်ဇ်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့မိသားစုနဲ့အတူ
ပိုကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ရဖို့အတွက် မက္ကဆီကိုကနေကယ်လီဖိုးနီးယားကို
ပြောင်းရွှေ့ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ သူတို့လိုတိုင်းတစ်ပါးကပြောင်းရွှေ့လာကြ
သူတွေဖြစ်တဲ့ ယောက်ျားမိန်းမ လူကြီးလူငယ်ကလေး ဘယ်သူမဆို လယ်အလုပ်ကိုပဲ
လုပ်ကိုင်ကြရပါတယ်။ဒါပေမယ့် ဟိုဆေးကအရမ်းဉာဏ်ကောင်းတဲ့ ကလေးဖြစ်တဲ့အတွက်
ကျောင်းတစ်ဖက်နဲ့ လယ်အလုပ်တစ်ဖက်ဆိုရင် ပညာရေးကိုထိခိုက်စေမှာ ဖြစ်ကြောင်း
ဆရာမကပြောတဲ့အခါ သူ့မိဘတွေကသူတို့ရဲ့ အိမ်ဆောက်ချင်တဲ့ အိပ်မက်လေးကို
စတေးပြီး ဟိုဆေးရဲ့ပညာရေးကိုအပြည့်အဝထောက်ပံ့ပေးခဲ့ပါတယ်။ဟိုဆေးမှာ
ငယ်ငယ်လေးကတည်းက ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခုရှိပြီး အဲ့ဒါကတော့ အာကာသယာဉ်မှူး
ဖြစ်ပြီး အာကာသထဲကိုသွားချင်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟိုဆေးအရွယ်ရောက်တဲ့အခါမှာ
အင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီး အိမ်ထောင်တွေကျပြီးသားသမီးတွေနဲ့ မိသားစုဘဝလေးကို
ပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အိပ်မက်ဖြစ်တဲ့အာကာသယာဉ်မှူးဖြစ်ဖို့ကလည်း အခုထက်ထိ
မပျောက်ကွယ်သွားပဲနဲ့ နှစ်စဉ်လျှောက်လွှာတင်နေခဲ့ပါတယ်။ ဒါပေမယ့် NASA ဆိုတာ
ဝင်ရောက်ဖို့ အရမ်းခက်ခဲတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် နှစ်စဉ်ပယ်ချခံနေခဲ့ရပြီး
ဟိုဆေးတစ်ယောက် မိသားစုကိစ္စတွေ အခက်အခဲတွေကြားက ဘယ်လိုစတေးမှုတွေလုပ်ရင်း
သူ့ရဲ့အိပ်မက်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။...
A Million Miles Away (2023)
⭐IMDB: 7.6/10 (2 k Votes)
🎬 #Drama #History
🗓 2023 🎞 movie
🌎 #Mexico #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 3 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဘဝမှာဖြစ်ချင်တဲ့ အိပ်မက်တွေပန်းတိုင်တွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။
အဲ့ဒီအရာတွေကို အကောင်အထည်ဖော်ဖို့ကလည်း နည်းမှန်လမ်းမှန်နဲ့ မဆုတ်နစ်သော
ဇွဲနဲ့ကြိုးစားမှဖြစ်နိုင်မှာပါ။
အဲ့ဒီအပြင်ကိုမှ ကိုယ်သာကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးဆိုတာကို
A Million Miles Away ဆိုတဲ့ဖြစ်ရပ်မှန် ဇာတ်ကားလေးနဲ့ဖော်ကျူးထားတာကို
ကြည့်ရမှာပါ။
ဟိုဆေးဟာနန်ဒက်ဇ်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့မိသားစုနဲ့အတူ
ပိုကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ရဖို့အတွက် မက္ကဆီကိုကနေကယ်လီဖိုးနီးယားကို
ပြောင်းရွှေ့ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ သူတို့လိုတိုင်းတစ်ပါးကပြောင်းရွှေ့လာကြ
သူတွေဖြစ်တဲ့ ယောက်ျားမိန်းမ လူကြီးလူငယ်ကလေး ဘယ်သူမဆို လယ်အလုပ်ကိုပဲ
လုပ်ကိုင်ကြရပါတယ်။ဒါပေမယ့် ဟိုဆေးကအရမ်းဉာဏ်ကောင်းတဲ့ ကလေးဖြစ်တဲ့အတွက်
ကျောင်းတစ်ဖက်နဲ့ လယ်အလုပ်တစ်ဖက်ဆိုရင် ပညာရေးကိုထိခိုက်စေမှာ ဖြစ်ကြောင်း
ဆရာမကပြောတဲ့အခါ သူ့မိဘတွေကသူတို့ရဲ့ အိမ်ဆောက်ချင်တဲ့ အိပ်မက်လေးကို
စတေးပြီး ဟိုဆေးရဲ့ပညာရေးကိုအပြည့်အဝထောက်ပံ့ပေးခဲ့ပါတယ်။ဟိုဆေးမှာ
ငယ်ငယ်လေးကတည်းက ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခုရှိပြီး အဲ့ဒါကတော့ အာကာသယာဉ်မှူး
ဖြစ်ပြီး အာကာသထဲကိုသွားချင်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟိုဆေးအရွယ်ရောက်တဲ့အခါမှာ
အင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီး အိမ်ထောင်တွေကျပြီးသားသမီးတွေနဲ့ မိသားစုဘဝလေးကို
ပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အိပ်မက်ဖြစ်တဲ့အာကာသယာဉ်မှူးဖြစ်ဖို့ကလည်း အခုထက်ထိ
မပျောက်ကွယ်သွားပဲနဲ့ နှစ်စဉ်လျှောက်လွှာတင်နေခဲ့ပါတယ်။ ဒါပေမယ့် NASA ဆိုတာ
ဝင်ရောက်ဖို့ အရမ်းခက်ခဲတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် နှစ်စဉ်ပယ်ချခံနေခဲ့ရပြီး
ဟိုဆေးတစ်ယောက် မိသားစုကိစ္စတွေ အခက်အခဲတွေကြားက ဘယ်လိုစတေးမှုတွေလုပ်ရင်း
သူ့ရဲ့အိပ်မက်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။...
[21+]Work Hard Couple (STARS-094)
⭐⁉️
🎬 #Adult #Romance
🗓 ⁉️ 🎞 Movie
🌎 #⁉️
⏰ 2 နာရီ 13 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တခုသော ညနေခင်းအရမ်းကိုပူလောင်အိုက်စက်နေပါတယ်ရုံဝန်ထမ်းကောင်လေးတယောက်က အပြန်ရထားမမှီမှာစိုးရိမ်နေပါတယ်အဲဒီအချိန်မှာ သူ့မျှော်လင့်ချက်ကို မိုးမင်းကြီးက ရိုက်ချိုးလိုက်ပါတယ်သူပြန်လို့မရတော့တာ သူသိသွားပြီး စိတ်ကိုဒုံးဒုံးချလိုက်ပါတယ်အဲဒီအချိန်မှာ မမျှော်လင့်ပဲဖြစ်ပေါ်လာတာကသူအင်မတန်မှ ရိုသေရတဲ့ မန်နေဂျာမလေးက ရေစိုအလှတွေနဲ့အခန်းထဲ ရောက်လာချိန်မှာတော့…………
Iori Kogawaသူမရဲ့ censored တွေကြည့်ပြီး မရိုးမရွဖြစ်နေရင်အခု Uncensord ကားလေးပြောင်းကြည့်သင့်တယ်သူမရဲ့ ပကတိအလှတရားတွေကို ဖြည်ချပြလိုက်တာပါပဲသူမ ဘယ်လောက်ချောလဲ လှလဲဆိုတာ DS Fans တွေရင်းနှီးပြီးသား ဆိုတော့ အထွေထူးမဖေါ်ကြူးလိုတော့ပါဘူး
ရှင်းရှင်းလင်းလင်းမှ ကြိုက်ပါတယ်ဆိုတဲ့DS Fans တွေအတွက် Iori Kogawa လေးပို့လိုက်ပါပြီ...
Choose Love (2023)
⭐IMDB: 5.1/10 (2 k Votes)
🎬 #Comedy #Romance
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 16 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Choose Love (2023)
အသက် ၂၀ နဲ့ ၃၀ ကြားဆိုတာ ဘဝတိုးတက်ရေး နဲ့ right person soulmateဆိုတာတွေကြား လမ်းပျောက်လို့ကောင်းတဲ့အရွယ်ပေါ့။တစ်ယောက်ယောက်ကိုရွေးချယ်မှဖြစ်မှာလား?တစ်ယောက်ထဲနေသွားပြီးhappy endingဖြစ်လို့ရောမရဘူးလား…?
ကယ်မီက တက်ကြွပြီး အလုပ်ကြိုးစားတဲ့ အသံဖမ်းအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီးအေးဆေးတည်ငြိမ်တဲ့ Relationship ကို ပိုင်ဆိုင်ထားတဲ့သူပါ။ဒါပေမဲ့ ကိုယ် အကြာကြီး လက်တွဲလာတဲ့သူက Right person ဟုတ်ရဲ့လား မသေချာဘဲအိမ်ထောင်သည်ဘဝ ကို ဝင်ဖို့ တွန့်ဆုတ်နေတဲ့အချိန် ဘဝထဲကို နောက်ထပ်လူနှစ်ယောက် ရောက်လာတဲ့အခါကယ်မီတစ်ယောက်ဘယ်လိုရွေးချယ်မှုတွေလုပ်သွားမလဲလက်တွဲဖော် ရှာတွေ့သွားမလား? နောက်ဆုံးတစ်ယောက်ထဲပဲတောက်ပသွားမလား?ဇာတ်လမ်းကြည့်ရင်း ကယ်မီနဲ့အတူတူရွေးနိုင်ပါပြီ…
အညွန်း နဲ့ ဘာသာပြန်ကတော့Hnin Ei Paiဖြစ်ပါတယ်။...
Maya Petika (2023)
⭐TMDB: 70.0% User Score
🎬 #Bollywood #Comedy #Drama #Fantasy #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 22 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mayapetika ( 2023)IMDb 7/10
နေဟာ နေ့ဘက်မှာထွက်ပြီး လဟာညဘက်မှာထွက်ပါတယ်ဖုန်းတွေဈေးကွက်ထဲရောက်လာပြီးနောက် ဒီသဘောတရားကိုမေ့လျော့နေသူတွေကတော့ဖုန်းကိုဆေးစွဲသလိုစွဲနေတဲ့ လူသားတွေပါပဲ
လူတစ်ယောက် ဘာလုပ်တယ် ဘာကိုင်တယ် ဘာစားတယ်ကအစ ဆိုရှယ်မီဒီယာမှာတင်နေကြတဲ့ဒီကမ္ဘာကြီးက လမ်းကိုတည့်မတ်စွာလျှောက်ဖို့တောင် မေ့လျော့နေလေရဲ့လေ ကံကြမ္မာကလူသားတွေလက်ထဲမှာပဲရှိပေမဲ့ လူသားတွေလက်ထဲမှာ ဖုန်းတွေကနေရာယူနေကြပါပြီ
ဒီဇာတ်ကားကတော့ တမူထူးခြားတဲ့ ဖုန်းတစ်လုံးရဲ့ အတ္ထုပ္ပတ္တိကိုကြည့်ရှုရမှာပါလူတစ်ယောက်ပြီးတစ်ယောက်ရဲ့လက်ထဲ ကူးပြောင်းနေတဲ့ဒီဖုန်းကဖုန်းပိုင်ရှင်ရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်ပါတယ် ပါယယ်ဆိုတဲ့ရုပ်ရှင်မင်းသမီးတစ်ယောက် ဖုန်းကျကွဲသွားလို့ သူ့ပရိုဂျူဆာကနောက်ဆုံးပေါ် အမိုက်စားဖုန်းတစ်လုံးဝယ်ပေးလိုက်ပါတယ်
နောက်ဆုံးပေါ်ဆိုတာနဲ့အညီ ကင်မရာကောင်းကောင်းလှတပတဒီဖုန်းရောက်လာပြီးနောက်မှာတော့ပါယယ်နဲ့ သူ့ဘေးကလူတွေရဲ့ကံကြမ္မာ သူတို့ဘဝတွေ ဘယ်လိုပြောင်းလဲသွားမလဲဘယ်လိုဖြစ်ရပ်တွေ တွေ့ကြုံရမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်
( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Dee ~ToMo ~KKKZ ~Aditi ~V တို့ပဲဖြစ်ပါတယ် )...
Our Blossom (2023)
⭐IMDB: 4.6/10 (188 Votes)
🎬 #Romance
🗓 2023 🎞 movie
🌎 #Hungary #Vietnam
⏰ 1 နာရီ 54 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဆောင်ဂ်ဟ ဆိုတဲ့ကောင်မလေးဟာ ဗီယက်နမ်နိုင်ငံကနေ ဟန်ဂေရီကို
တကူးတကရောက်လာပါတယ်။ သူ့အဘွားဟာ ဗီယက်နမ်လူမျိုးဖြစ်ပေမယ့်
ထိုစဉ်ကကွန်မြူနစ်နိုင်ငံချင်း ပံ့ပိုးမှုအစီအစဉ်အရ ဟန်ဂေရီမှာ ကျောင်းတက်ခဲ့ရပြီး
အဘိုးဖြစ်သူ ဟန်ဂေရီလူမျိုးနဲ့ ချစ်ကြိုးသွယ်ခဲ့ပေမယ့် အဆက်အသွယ်ပြတ်
သွားတာကြောင့် ပါ။ သူ့အဘိုးကို တွေ့ချင်လို့ လိုက်လာပေမယ့် အခုမှရောက်ဖူးလို့
အိုးတိုးအမ်းတမ်းဖြစ်နေချိန်မှာ ဗစ်တာဆိုတဲ့ သူနဲ့ရွယ်တူ ဟန်ဂေရီသားတစ်ယောက်က
လာမိတ်ဆက်ပြီး သူ့ကိုကူညီပေးပါတယ်။ ထိုဗစ်တာကပဲ သူ့အဘိုးကို လိုက်ရှာတဲ့
တချိန်လုံးမှာ သူ့ကို အစွမ်းကုန်ကူညီပေးပါတော့တယ်။
ဒီလိုနဲ့ သံယောဇဉ်တွေဖြစ်လာပေမယ့်လည်း သူမမှာ စေ့စပ်ထားပြီးသားသူ
ရှိနေတဲ့ကိစ္စဟာ ပထမပိုင်း၊ဇာတ်သိမ်းခန်းလို အတားအဆီးကြီးဖြစ်နေပါတယ်။
သူ့အဘိုးနဲ့အဘွားရဲ့ ချစ်ဇာတ်လမ်းမှာ မဖြောင့်ဖြူးတာတွေတွေ့ရှိလာပြီးနောက်မှာ
ဆောင်ဂ်ဟရော သူ့အချစ်ရေး ကို ဘယ်လိုဆုံးဖြတ်ဖို့ ဖြစ်လာနိုင်မလဲ…။
ဗီယက်နမ်နဲ့ ဟန်ဂေရီ သရုပ်ဆောင်တွေ တွဲဖက်ရိုက်ကူးထားတဲ့ ဆွတ်ပျံ့ကြည်နူးစရာ၊
ရင်သပ်လွမ်းမော စရာ အချစ်ကားလေးဖြစ်ပါတယ်။
ဆောင်ဂ်ဟရဲ့ အဘိုးနဲ့ အဘွား ဘာလို့ကွဲသွားတာလဲ၊ ကွန်မြူနစ်စနစ်ဆိုးကြီးက
သူတို့တွေရဲ့ အချစ်ရေးအပေါ် ဘယ်လိုသက်ရောက်ခဲ့ပါလဲ.
ဆောင်ဂ်ဟကိုယ်တိုင်ရဲ့အချစ်ရေးကတော့ ကံဆိုးမှာလား ကံကောင်းမှာလား
ဆိုတာကို ဇာတ်လမ်းလေးထဲမှာ ရှုစားလိုက်ပါခင်ဗျာ။...
Blood Punch (2014)
⭐IMDB: 6.2/10 (3 k Votes)
🎬 #Horror #Thriller
🗓 2014 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားက Time-loop ဇာတ်ကားလို့ ပြောရမယ့်ကားမျိုးပါ။
သွေးသဲရဲရဲဇာတ်ဝင်ခန်းတွေ အတော်လေးပါသလို အပြောအဆို
အတော်ကြမ်းတဲ့ကားမို့ မိသားစုနဲ့ကြည့်ဖို့ဆိုရင် သတိပြုပေးပါ။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဉာဏ်ကောင်းပေမယ့် ကျောင်းဓါတ်ခွဲခန်းမှာ
ဆေးချက်မိလို့ ဆေးဖြတ်စခန်းကိုပို့ခံရတဲ့ မီလ်တန်တစ်ယောက်
မူးယစ်ဆေးနဲ့ ကံမကုန်ချင်တော့ အဲဒီစခန်းထိ သူ့ကိုလာကယ်ပြီး
ဆေးချက်ခိုင်းတဲ့ စကိုင်လာနဲ့ရပ်ဆဲလ် သမီးရည်းစား၂ယောက်နဲ့
ကြုံခဲ့ရပါတယ်။
ဆေးချက်ရမယ့် နေရာရောက်တော့ ရပ်ဆဲလ်က မီလ်တန်ရဲ့ဆေး
၈၅ပေါင်ကို တစ်ဦးတည်းမောင်ပိုင်စီးဖို့ ကြိုးစားရင်း စကိုင်လာနဲ့
မီလ်တန်ပေါင်းပြီး ရပ်ဆဲလ်ကို ရှင်းပစ်လိုက်ကြပါတယ်။ ဒါပေမဲ့
အဲဒီနေ့အပြီး နောက်တစ်နေ့ မိုးအလင်းမှာ ရပ်ဆဲလ်တစ်ယောက်
အသက်ရှင်နေသေးသလို သူတို့ ကြုံတွေ့နေရတာတွေက မနေ့က
ဖြစ်ခဲ့တဲ့အရာတွေအတိုင်း Deja vuလိုဖြစ်နေတာမျိုး ကြုံလိုက်ရ
ပါတယ်။
အဲဒီလိုနဲ့ ရပ်ဆဲလ်ကိုထပ်သတ်ပြီး နောက်နေ့ကူးသွားလည်း သူက
ပြန်အသက်ရှင်နေသေးသလို ဖြစ်ပြီးသားကိစ္စတွေပဲ ထပ်တလဲလဲ
ပြန်ဖြစ်နေလို့ မီလ်တန်နဲ့ စကိုင်လာတို့ ၂ ယောက် သူတို့ရဲ့ စိတ်ကပဲ
လှည့်စားနေတာလား၊ တကယ်ပဲ အချိန်သံသရာထဲ ၂ယောက်လုံး
ရောက်နေတာလား အဖြေရှာဖို့ ဖြစ်လာပါတော့တယ်။ နောက်ဆုံး
အဲဒီအချိန်ကျော့ကွင်းထဲ လွတ်မြောက်နည်းကို ရှာတွေ့သွားမလား၊
ဘယ်သူလွတ်မြောက်သွားမှာလဲဆိုတာ ကြည့်ရှုရမှာပါ။...
Greenhouse (2023)
⭐TMDB: 65.0% User Score
🎬 #Crime #Drama #Thriller
🗓 2023 🎞 Movie
🌎 #UnitedStates #SouthKorea
⏰ 1 နာရီ 41 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Greenhouse(2023)
ပုံမှန်ကြိုးစားလေ့ရှိပေမဲ့ ထင်မထားတဲ့အရာတွေဖြစ်လာတဲ့အချိန်မှာ ကိုယ့်အတ္တကိုရှေ့တန်းတင်မိတာ လူ့သဘာဝပါပဲ
ဒီဇာတ်လမ်းအကျဉ်းကတော့ တစ်ကိုယ်ရည်မိခင် မွန်းဂျောင်းဟာ အဘိုးအဘွားစုံတွဲတစ်တွဲကိုစောင့်ရှောက်ပေးတဲ့အလုပ်လုပ်ရင်းနဲ့ သားနဲ့အတူနေဖို့ ပိုက်ဆံစုနေတာပါ
သူစောင့်ရှောက်ရတဲ့အဘွားက သူငယ်ပြန်နေပြီး၊ အဘိုးကမျက်စိကွယ်နေတာပါ..သားသမီးလည်း အနားမှမရှိတော့ မွန်းဂျောင်းကိုပဲ အားကိုးနေရင်းကနေ..
တကယ်တမ်းမွန်းဂျောင်းကလည်း အမှားကြီးလုပ်မိတဲ့အခါမှာအဲဒီအမှားကို ဖုံးကွယ်ဖို့ကြိုးစားရင်း မျက်စိကွယ်နေတဲ့ အဘိုးကြီးကို လှည့်စားရပါတော့တယ်
မွန်းဂျောင်းဟာ သူ့လျှို့ဝှက်ချက်ကို ဖန်လုံအိမ်မှာထည့်ထားပြီး ဟန်ဆောင်နေရင်းကနေနောက်ဆုံးမှာ လိမ်တာတွေပေါ်သွားမလား၊ ဘယ်လိုနောင်တရစရာတွေဖြစ်ကျန်ခဲ့မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်
အညွန်း နဲ့ ဘာသာပြန်ကတော့Joyzဲ ဖြစ်ပါတယ်။...
Quarantine 2: Terminal (2011)
⭐IMDB: 5.2/10 (20 k Votes)
🎬 #Horror #Mystery #ScienceFiction #SciFi #Thriller
🗓 2011 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကွာရန်တင်း 2က တော့ 2008မှာထွက်ရှိထားတဲ့ ကွာရန်တင်းရုပ်ရှင်ရဲ့ နောက်ဆက်တွဲအပိုင်းဖြစ်ပြီးတော့ ဒါရိုက်တာ ဂျွန်ပုဂ်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ လေယာဉ်ပေါ်မှာ ထူးဆန်းတဲ့ ဗိုင်းရပ်စ်ပျံ့သွားပြီး လေဆိပ်မှာ ပိတ်မိသွားတဲ့အခါဘာဆက်ဖြစ်မလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။...
Love at First Sight (2023)
⭐IMDB: 7.0/10 (3 k Votes)
🎬 #Drama #Romance
🗓 2023 🎞 movie
🌎 #India #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပေါ့ပေါ့ပါးပါးအချစ်ဇာတ်အိမ်လေးကိုမှ ပုံပြင်ဆန်ဆန်တင်ဆက်ထားပေးထားတဲ့
Love at first sight ဆိုတဲ့ Netflix ကထုတ်လွှင့်ခဲ့တဲ့ကားကောင်းလေးတစ်ကားနဲ့
မိတ်ဆက်ပေးပါရစေနော်
“ဟာဒလီ” ဆိုတဲ့ကောင်မလေးကတော့ အချိန်နဲ့ပတ်သတ်ရင် အမြဲလိုလိုနောက်ကျပြီး
ဟိုမေ့ဒီမေ့နဲ့ ရှက်ပြာပြာနိုင်တတ်တဲ့သူပေါ့ တစ်နေ့ လန်ဒန်ကိုအကြောင်းကိစ္စတစ်ခုနဲ့
ခရီးသွားဖို့လေဆိပ်အရောက်မှာ ထုံးစံအတိုင်း ချိန်းထားချိန်ထက် နောက်ကျပြီးရောက်
သွားတော့ လေယာဉ်မမှီခဲ့ပါဘူး ဒါနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေချိန်မှာပဲ “အိုလီဗာ”
ဆိုတဲ့ကောင်လေးနဲ့ အကြောင်းတိုက်ဆိုင်ပြီး တွေ့ဆုံခဲ့ပါတယ်..
“အိုလီဗာ” ဆိုတဲ့ကောင်လေးကတော့ မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်လာတဲ့အရာတွေကို
ကြောက်ရွံတတ်ပြီး အရာရာကို ကိန်းဂဏန်းသင်္ချာနဲ့ပဲ တိုင်းတာကြည့်တတ်သူပါ
တူညီချက်အနေနဲ့ နှစ်ယောက်သားကိုယ်စီမှာ အကြောက်တရားသုံးခုစီရှိတတ်ကြပြီးတော့
ဒီတူညီတဲ့အကြောင်းတရားလေးတွေက သူတို့ကို ဘယ်လိုကံကြမ္မာမျိုးကိုခေါ်သွားမလဲ……
“ဟာဒလီ” နဲ့ “အိုလီဗာ” ကရော ဘာကိစ္စကြောင့် လန်ဒန်ကို သွားကြတာလဲ……
စတာတွေကို ဆက်သိချင်ရင်တော့ ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်နော်…....
Sentinelle (2023)
⭐IMDB: 5.3/10 (622 Votes)
🎬 #Adventure #Comedy #War #Action #Crime
🗓 2023 🎞 movie
🌎 #France
⏰ 1 နာရီ 39 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဖရန်စစ် ဆန်တီနယ်လ်ဟာ တစ်ကောင်လုံးပြတောင် အရိပ်မမြင်ဘဲ ပေါ့ပျက်ပျက်လုပ်တတ်တဲ့ ခပ်တုံးတုံး အနုပညာရူး ရူးနေတဲ့ ရဲဌာနခေါင်းဆောင် ကပ္ပတိန်ပါ။ သူ့ရဲ့လက်အောက်မှာတော့ တစ်ကယ်အလုပ်ကြိုးစားပြီး စိတ်နေသဘောထားမှန်ကန်တဲ့ မိုရီဆေး လက်ထောက်ရဲဝန်ထမ်းရှိပါတယ်။ တစ်နေ့မှာတော့ မျိုးရိုးစဉ်ဆက် မတရားသဖြင့် အုပ်ချုပ်လာတဲ့ နိုင်ငံ့သမ္မတကြီးဟာ သွေးစွန်းလက်များဆိုတဲ့ အကြမ်းဖက်အဖွဲ့ဆီကနေ လာမယ့်ရွေးကောက်ပွဲမှာ နုတ်ထွက်ရင်နုတ်ထွက်၊ မထွက်ရင် တစ်မိသားစုလုံး အန္တရာယ်ကျရောက်မယ်လို့ ခြိမ်းခြောက်ခံလိုက်ရပါတယ်။ ခြိမ်းခြောက်ခံရပြီး မကြာခင်မှာပဲ သမ္မတကြီးရဲ့ယောင်္ကျား ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာ ဒီအကြမ်းဖက်အဖွဲ့ကို စုံးစမ်းစစ်ဆေးဖို့တာဝန်က ဆန်တီနယ်အပေါ်ကျရောက်လာခဲ့ပါတယ်။ ဆန်တီနယ်နဲ့ မိုရီဆေးတို့နစ်ယောက် ဒီအမှုကို ဘယ်လိုဖြေရှင်းကြမလဲ၊ ပြန်ပေးဆွဲခံရတဲ့ သမ္မတကြီးရဲ့ ယောင်္ကျားကိုရော ဘယ်လိုကယ်မလဲ၊ သူတို့ထင်ထားသလောက် ဒီပြန်ပေးဆွဲမှုကြီးက ရိုးရှင်းပါ့မလားဆိုတာက ကြည့်ရင်း ရှယ်ခွီးရမယ့်ဇာတ်ကားလေးပါ...
The Roommate (2011)
⭐IMDB: 4.8/10 (41 k Votes)
🎬 #Drama #Horror #Thriller
🗓 2011 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကိုယ့်ကို အရမ်းရင်းနှီးပြီး အရမ်းတွယ်ကပ်နေတဲ့သူမျိုးကို တွေ့ဖူးလား ဒီဇာတ်ကားလေးမှာတော့ ဆာရာဆိုတဲ့ ကောင်မလေးနဲ့ သူ့ကို အရမ်းတွယ်ကပ်နေတဲ့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ် ဆာရာကတော့ အခုမှ ကောလိပ်စတက်မယ့် ကောင်မလေးတစ်ယောက်ပါ သူနဲ့ တစ်ခန်းထဲမှာ တူတူနေရတာကတော့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးတစ်ယောက်ပေါ့ ရေဘတ်ကာဟာ အရမ်းချမ်းသာတဲ့ မိသားစုက လာခဲ့တာဖြစ်ပြီး သူနဲ့ပတ်သတ်လို့ တစ်ခုခု ထူးဆန်းနေခဲ့ပါတယ် တကယ်တော့ ရေဘတ်ကာဟာ စိတ်ရောဂါရှင်တစ်ယောက်ဖြစ်ပြီး သူဟာ သဘောကျတဲ့လူတစ်ယောက်ကို အရမ်းတွယ်ကပ်တတ်တာပါပဲ သူသဘောကျတာ ခံရတဲ့ ဆာရာတစ်ယောက်ကတော့ Guardian Devil တစ်ယောက်ရထားသလိုပါဖြစ်နေပါတော့တယ် ရေဘတ်ကာဟာ ဆာရာအတွက်ဆိုရင် လိုတာတွေရော မလိုတာတွေရော အကုန်လုပ်တဲ့အထိကို တွယ်ကပ်နေတာပါ ဆိုက်ကို တစ်ယောက်နဲ့ တစ်ခန်းတည်းနေရဲ့ ဆာရာတစ်ယောက် ဘာဆက်လုပ်မှာလဲ ရေဘတ်ကာကရော ဆာရာနဲ့ တူတူရှိနေဖို့ ဘာတွေများလုပ်မှာလဲ ဆိုတာကိုတော့ ကြည့်ရှူပေးကြပါဦးဗျာ...
