en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
https://m.media-amazon.com/images/M/MV5BZjkwMDk2YWQtYTQwOS00MWI3LWExODQtODM1ZTVkZTY1NDczXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg Bela Luna (2023) ⭐IMDB: 6.7/10 (9 Votes) 🎬 #Adult #Drama 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Philippines ⏰ 1 နာရီ 50 မိနစ် 04 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ******************* Angeli Khang လေးလာပြန်ပါပြီဗျား..အာနိုနဲ့ ဘယ်လာတို့က ချစ်သူရည်းစားတွေဖြစ်ပြီး ရည်မှန်းချက်ကိုယ်စီနဲ့ပေါ့။ အာနိုက ဒါရိုက်တာဖြစ်ချင်ပြီး ဘယ်လာကတော့ စာရေးဆရာတစ်ယောက်ဖြစ်ချင်တာပါ။ ဒါပေမယ့် အာနိုဟာပိုက်ဆံရမယ့်အလွယ်လမ်းကိုလိုက်ချင်တယ်။ တစ်နေ့မှာ အာနိုဟာ ထုတ်လုပ်သူဒီဇွန်နဲ့ ဘယ်လာကိုတွေ့ပေးတယ်။ ဒီဇွန်က ဘယ်လာကို sex ခန်းတွေ၊ BDSM အခန်းတွေပိုပါမယ့်ဇာတ်လမ်းကိုရေးခိုင်းတယ်။ဘယ်လာရဲ့ဇာတ်လမ်းထဲမှာ sex အခန်းတွေကို သဘောမကျဘဲ ထပ်ခါထပ်ခါပြန်ပြင်ခိုင်းတယ်။ အဲ့ဒီနောက်မှာတော့……………….
30 Jan 2023, 07:17

https://m.media-amazon.com/images/M/MV5BMjI0NTExOTI0N15BMl5BanBnXkFtZTcwMDA0ODE3OA@@._V1_FMjpg_UX1000_.jpg 21 & Over (2013) ⭐IMDB: 5.8/10 (76 k Votes) 🎬 #Comedy 🗓️ 2013 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 09 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 21 & Over(2013) ============= ဒီဇာတ်ကားလေးကတော့ 2014 GAFCA မှာ Breakthrough award အနေနဲ့ nominee ဝင်ထားပြီး 2013 ခုနှစ်မှာ Palm Springs International Flim Festival မှာလဲ ဆုရခဲ့ပါတယ် ဇာတ်ကားရဲ့ Genre က Comedy ဆိုတဲ့အတိုင်း တစ်ကားလုံး အသေရယ်ရပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ Jeff Chang ဆိုတဲ့ကောင်လေးရဲ့ ၂၁ နှစ်ပြည့်မွေးနေ့ကို surprise လုပ်ပေးဖို့အတွက် သူ့သူငယ်ချင်း Casey နဲ့ Miller က ရောက်လာခဲ့တယ် ဒါပေမဲ့ Jeff Chang က မနက်ဖြန်မနက် ၇ နာရီဆေးကျောင်းဝင်ခွင့် အင်တာဗျူး ရှိတဲ့အတွက် သူတို့နဲ့ လျှောက်လည်လို့မရတာကို အတင်းခေါ် ထုတ်ပြီး ဘယ်လိုအလွဲတွေ ဖြစ်မလဲ ဘယ်လိုတောင်အသေရယ်ရမလဲ ဆိုတာကို ဆက်လက်ကြည့်ရှူပေးကြပါဦးနော်.. (အညွှန်းနဲ့ ဘာသာပြန်တာကတော့ Duckkie ပဲဖြစ်ပါတယ်)
30 Jan 2023, 07:14

https://m.media-amazon.com/images/M/MV5BNzQ5ODE4NTcxNV5BMl5BanBnXkFtZTgwNjkyNDQ0MDE@._V1_FMjpg_UX1000_.jpg August: Osage County (2013) ⭐IMDB: 7.2/10 (92 k Votes) 🎬 #Comedy #Drama 🗓️ 2013 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 01 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 August Osage County (2013) ====================== Genre – Comedy, DramaIMDB Rating – 7.2/10 ဇာတ်ကားမကြည့်ခင် Cast list နဲ့တင် သေလို့ရပြီ မင်းသမီးကြီး Meryl Streep ပြီးတော့ မင်းသမီး Julia Roberts တို့ Ewan McGregor တို့အစုံအလင်နဲ့ ကျွန်တော်တို့ Benedict Cumberbatch တောင် အူကြောင်ကြောင်နဲ့ ပါထားသေးတယ်ဗျာ။ ဇာတ်လမ်းကလည်း ကိုရီးယား မိသားစုဇာတ်လမ်းတွဲတွေပဲ လောင်ရပြီထင်နေလား၊ ခင်ဗျားတို့ မှားသွားမယ် ဒီကားလောင်ရချက်က ပက်စက်တယ် စိတ်တွေပါမွန်းကျပ်လာမှာ ကြည့်နေရင်းနဲ့။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားမှာ အရက်စွဲနေတဲ့ခင်ပွန်းဖြစ်သူရယ် ပါးစပ်ကင်ဆာဖြစ်လို့ စိတ်ငြိမ်ဆေးတွေ စွဲနေတဲ့ ဇနီးသည်ရယ် လင်မယားနှစ်ယောက် လျှာနဲ့သွားလိုမျိုး အတူတူနေကြတယ်။ တစ်ရက်ကျ ခင်ပွန်းဖြစ်သူပျောက်သွားတဲ့အတွက် သူတို့ရဲ့ သမီးသုံးယောက်ဟာ ငယ်စဉ်တုန်းက နေခဲ့ရတဲ့ အိမ်ကြီးကို ပြန်လာရဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ အိမ်ထောင်ရေးအဆင်မပြေ ဖြစ်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဆယ်ကျော်သက်လေး မွေးထားတဲ့ သမီးအကြီးရယ်၊ မိခင်ဖြစ်သူနားနေပြီး ယောက်ျားမရသေးလို့ ခဏခဏ ပွစိပွစိပြောခံရတဲ့ သမီးအလတ်ရယ်၊ ယောက်ျားပေါင်းစုံနဲ့တွဲပြီး အလှအပမက် စိတ်ကူးအသေယဉ်တတ်တဲ့ သမီးအငယ်ဆုံးရယ် ပြန်ဆုံကြပါတော့တယ်။ ဒီမှာ အဒေါ်မိသားစုလည်း ပါလာပါတယ်၊ အဒေါ်က ဦးလေးကို ပေါက်ပေါက် ဖောက်ပြီး ပြဿနာရှာနေကြ နောက်ပြီး သားမွေးထားတာကိုလည်း ကျပ်မပြည့်တာဆိုပြီး အမြဲနှိမ်နေကြ ဦးလေးကတော့ သားကိုချစ် ဒါမျိုးမကြိုက်ဘူးပေါ့။ ကဲ ဒါမျိုးတကယ့်ဆရာတွေချည်းပဲ ဒီအိမ်မှာ လာဆုံစည်းပြီး အမေနဲ့သမီးတွေကြားကပြဿနာ၊ ညီအစ်မတွေကြားက ပြဿနာ၊ လင်မယားတွေကြားကပြဿနာ၊ သားအမိကြားကပြဿနာ၊ မောင်နှမဝမ်းကွဲရဲ့ပြဿနာ စသဖြင့် မိသားစုပြဿနာပေါင်းစုံတက်ကြတာကို သရုပ်ဆောင်တွေကောင်းကောင်းနဲ့ ပျော်ပျော်ပါးပါးကြီး စိတ်ညစ်ညစ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကောင်းချက်ဆိုတာလည်း ကင်ဆာဖြစ်ဆေးစွဲနေတဲ့မိခင်နေရာက Meryl Streep ဆို ဆေးတွေကောင်းပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ တည့်ပြောတာတွေ အမေနဲ့ အပြိုင် ရန်ဖြစ်ပေးရတဲ့ ပြဿနာပေါင်းစုံနဲ့ သမီးအကြီး Julia Robert တို့တွေက ဇာတ်ကို အဓိက သယ်ဆောင်သွားတယ်လို့ပဲ ပြောရမယ်။ ဒီဇာတ်ကားထဲက မိသားစုညစာစားကြတဲ့ အခန်းဆိုရင် ကြည့်နေရင်းနဲ့တောင် မွန်းကျပ်လွန်းလို့ ရုပ်ရှင်ကြီးပိတ် ထပြေးချင်တဲ့အထိ ဖြစ်လာရတယ်။ ဆက်ပြောနေရင် အရသာပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါတော့ဗျာ…။
30 Jan 2023, 02:37

https://m.media-amazon.com/images/M/MV5BMDUwNTIxZGQtNWJlZS00NDk5LWFjMGEtNmI5ZDllZjhiYzNiXkEyXkFqcGdeQXVyMTA4Njk3Mjcw._V1_FMjpg_UX1000_.jpg Dakuaan Da Munda 2 (2022) ⭐IMDB: 5.7/10 (159 Votes) 🎬 #Action #Adventure #Biography #Bollywood #Crime 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 31 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dakuaan Da Munda 2 (2022) Best Actor nomination ၀င်ခဲ့တဲ့ မင်းသားကြီးDev Kharoud ရဲ့ Dakuaan Da Munda (2018) ရဲ့ အဆက်ဖြစ်ပါတယ်ဒီကားဟာ ဘော်လီဘောကစားသမားမန်ဂါဆင်းအန်တာလ်ရဲ့ ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ် ယခုတင်ဆက်ပေးမယ့်ကားလေးကတော့ရှယ်ကြမ်းတဲ့ အချစ်အက်ရှင်ဇာတ်မြူးကားလေးပါမင်းသားရဲ့ ငယ်ဘဝကျောင်းသားဘဝအလွဲလေးတွေ မဟုတ်မခံဆတ်ဆတ်ကျဲဇာတ်လမ်းလေးတွေက မင်းသိင်္ခဇာတ်လမ်းက ခံစားချက်မျိုးရသလိုမင်းသမီးကို ချစ်ကြိုးသွယ်တာလေးကလည်း အားကျရလောက်အောင် ကြည်နူးဖွယ်ကောင်းပါတယ် ဇာတ်လမ်းလေးကတော့ အားကစားသမား စော်ကြည်ဘဲကောင်လေးဟာမူးယစ်ဆေးကိစ္စတွေ နိုင်ငံရေးအရှုပ်အရှင်းတွေမှာ ဝင်ရောက်ပတ်သက်မိလို့ဘဝကြီးတင်မက အချစ်ရေးတွေပါ ထိခိုက်ရတဲ့ထိ မူးယစ်ဆေးရဲ့ဆိုးကျိုးတွေကို ပညာပေးထားတာပါအဲဒီတော့ ရသစုံဆေးရောင်စုံဇာတ်ကားကြီးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးပါရစေ
29 Jan 2023, 13:09

https://m.media-amazon.com/images/M/MV5BMGQwM2YxN2EtMDkxNy00ZGYzLTliYzEtZTViMjgyMWQ5MjNmXkEyXkFqcGdeQXVyNjEwNTM2Mzc@._V1_FMjpg_UX1000_.jpg Elves (2021-2021) ⭐IMDB: 5.6/10 (5 k Votes) 🎬 #Drama #Fantasy #Horror #Mystery #SciFi #Thriller 🗓️ 2021-2021 🎞️ tv series 📺 1080p FHD 🌎 #Denmark ⏰ 25 မိနစ် 31 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Elves (2021)Elves (2021)မြို့ပြရဲ့မွန်းကြပ်မှုတွေနဲ့ဝေးရာ လူသူအရောက်အပေါက်နည်းတဲ့ အာမန်ဆိုကျွန်းပေါ်ကို ခရစ်စမတ်ပိတ်ရက်ပျော်ပွဲစားလာကြတဲ့ မိသားစုလေးဟာ အေးဆေးဖြတ်သန်းချင်လို့ ကျွန်းပေါ်ကိုလာပါတယ်ဆိုမှ ခရီးအစမှာတင်ပျားအုံတုတ်ထိုးမိလို့  ဒုက္ခနဲ့လှလှ ပေါင်းဖက်သွားလေရဲ့။ ခြံစည်းရိုးနဲ့တောင်ကာရံထားရတဲ့ဖြစ်ရပ်ဆန်းကြယ်သတ္တဝါတွေ။ ဆယ်ကျော်သက်လေးတွေရဲ့ထုံးစံအတိုင်း ကောင်မလေးရဲ့ တစ်ဇွတ်ထိုးဆန်မှုကြောင့် ပိုပိုဆိုးလာတဲ့ကိစ္စတွေ။ ဒေသခံကျွန်းသားတွေရဲ့ကိုးကွယ်ယုံကြည်မှုတွေ။ အလည်အပတ်လာတဲ့မိသားစုရဲ့မသိလိုက်တဲ့အမှားကြောင့် ပေးဆပ်လိုက်ရတဲ့တန်ဖိုး။ အသီးမစားအသားစား နွားတစ်ကောင်ကိုတောင်ယဇ်ပူဇော်ပေးရတဲ့မကောင်းဆိုးဝါးနတ်သူငယ်တွေ။ ကြမ်းကြုတ်လှတဲ့ဒီနတ်သူငယ်တွေကြားမှာ ဘယ်လိုရုန်းကန်ရှင်သန်မလဲ။ ဒီလိုဒီလိုကိစ္စတွေကြား ဘယ်လိုဆက်ဖြစ်မလဲဆိုပြီး စောင့်ကြည့်ရမယ့် Horror series လေးပါ။စဆုံး ၆ ပိုင်းပဲ ရှိမှာမို့ စိတ်အေးလက်အေးနဲ့ ကြည့်လို့ရတဲ့ မီနီစီးရီးတစ်ခုပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre….. Drama, Mystery, Sci-fi & Fantasy
29 Jan 2023, 13:04

https://m.media-amazon.com/images/M/MV5BZDExM2Y5MzYtYmMxNS00ZWU4LTkwYzEtY2JiMWU2NTFlZWM5XkEyXkFqcGdeQXVyODE0OTU5Nzg@._V1_FMjpg_UX1000_.jpg Black Box (2020) ⭐IMDB: 6.2/10 (15 k Votes) 🎬 #Horror #Mystery #Sci-Fi #ScienceFiction #Thriller #SciFi 🗓️ 2020 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Black Box (2020) ~ IMDb – 6.2/10, Rotten Tomatoes – 71% ~ 2020 ​နှစ်က ထွက်ရှိထားတဲ့ အ​မေရိကန် Sci-Fi Horror ကားတစ်ကားပါ။ ဒီလို Genre မျိုး ကြိုက်တတ်ရင် ကြည့်သင့်တဲ့တစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်း ကားမ​တော်တဆမှု ကြောင့် ဇနီးသည်ပါမက မှတ်ဥာဏ်​တွေကိုပါ ဆုံးရှုံးလိုက်ရတဲ့ နိုလန်…ဆရာဝန်​တွေအားလုံးက လက်​လျော့လိုက်​ပေမယ့် တဖန် သတိပြန်ရလာတဲ့ နိုလန်တစ်​ယောက် မှတ်ဥာဏ်​တွေလိုက်ရှာ​ဖွေ​နေရင်း ကုမရတဲ့အဆုံး သူငယ်ချင်းဆရာဝန် လမ်းညွှန်မှုနဲ့ စိတ်အထူးကုဆရာဝန် ဘရု နဲ့ ​တွေ့သွားတဲ့အခါ… – ဘယ်​လို​တွေ မှတ်ဥာဏ်ရ​အောင်ရှာ​​ဖွေခဲ့လဲ-​ သတိပြန်ရလာတဲ့ နိုလန်ဖြစ်ရပ်က​တော့ ထူးခြားမှုတစ်ခုပဲလား-​​ ဒေါက်တာဘရု နိုလန်ကို ​သွေးရိုးသားရိုးပဲ ကူညီခဲ့တာလား– ​ဒေါက်တာဘရု လျှို့ဝှက်ထားတဲ့ အရာ​တွေက​ရော ဘာ​တွေလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုလို့​ကောင်းမယ့်ကား​လေးပါ။ သရဲ​တွေဘာ​တွေမပါ​ပေမဲ့လည်း ကြည့်​နေရင်း ချမ်းစိမ့်စိမ့်ဖြစ် ကြက်သီးထလာတဲ့ ခံစားမှုကိုလည်းရမယ့်ကားတစ်ကားပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)
29 Jan 2023, 12:54

https://m.media-amazon.com/images/M/MV5BMTczOTY4MTg2OF5BMl5BanBnXkFtZTgwNTM2NzcxMjE@._V1_FMjpg_UX1000_.jpg Starred Up (2013) ⭐IMDB: 7.3/10 (47 k Votes) 🎬 #Crime #Drama 🗓️ 2013 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom #Ireland ⏰ 1 နာရီ 46 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Starred Up(2013) ============== ဒီကားလေးကတော့ british director David Mackenzie ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ လူကြီးထောင်ကို ပြောင်းလာတဲ့ Eric Love လို့ခေါ်တဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ အကြောင်းပါ။ ဖြစ်ချင်တော့ အဲ့ဒီထောင်မှာပဲ သူ့အဖေဖြစ်သူ Neville ဟာလည်း အကျဉ်းသားအဖြစ် ရှိနှင့်နေပြီးသား ဖြစ်နေပါတယ်။ ဒေါသကြီးပြီး စိတ်ဆတ်တတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ ယောကျ်ားတွေကြားမှာ ရှင်သန်ဖို့ ဘယ်လို ရုန်းကန်ရမယ်၊ အဖေဖြစ်သူမှာလည်း သူ့သားဒီထောင်ထဲမှာ အခြေကျနိုင်ဖို့အတွက် ဘယ်လိုကြိုးစားပြီး ကူညီပေးမယ် ဆိုတာတွေကို အမုန်းတရားတွေ၊ ဒေါသတွေကြားက သားအဖနှစ်ယောက်ရဲ့ မေတ္တာတရားကိုပါ မြင်တွေ့ရမှာပါ။ Eric Love အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဖြစ်သူ Jack O’Connell ရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေ၊ ခပ်ကြမ်းကြမ်း action တွေနဲ့ စကားအသုံးအနှုန်းတွေအပြင် အုတ်နံရံ၊ သံတိုင်တွေကြားက ကြမ်းတမ်းတဲ့ ဘ၀တွေကို စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတာဖြစ်ပါတယ်။
29 Jan 2023, 12:51

https://m.media-amazon.com/images/M/MV5BM2QzM2JiNTMtYjU4Ny00MDZkLTk3MmUtYTRjMzVkZGJlNmYyXkEyXkFqcGdeQXVyMTUzNTgzNzM0._V1_FMjpg_UX1000_.jpg Pathaan (2023) ⭐IMDB: 6.9/10 (85 k Votes) 🎬 #Action #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 21 မိနစ် 47 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Pathaan(2023)ဒီတခါတော့ အသစ်စက်စက် hindi action အမိုက်စားကား တကားကိုတင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီးမင်းသားကြီး Shah Rukh Khan ပါဝင်ပြိး imdb 6.9 တောင်ရထားတာမို့လက်လွတ်မခံသင့်တဲ့ ကားလေးတကားဖြစ်မှာပါ။ဇာတ်လမ်း အညွန်း…. အိန္ဒိယနိုင်ငံကို ပစ်မှတ်ထားလုပ်ကြံ‌ဖို့ ကြံစည်နေတဲ့ ကြေးစားအကြမ်းဖက်လူတစု အကြောင်းကို အစိုးရက သိရှ်ိသွားပြီးတဲ့ နောက်မှာ နိုင်ငံလုံခြုံရေးအတွက် အိန္ဒိယနိုင်ငံရဲ့ spy တယောက်ကို စေလွှတ်ပြီး အကြမ်းဖက်သမားတို့ရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးဖို့ စေလွှတ်လိုက်ပါတော့တယ်။ ၎င်းတို့ရဲ့ အမိဇာတိမြေကို ကာကွယ်ဖို့ ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးခေါင်းဆောင်ကိုဖမ်းဖို့ အစွမ်းကုန်ကြိုးစားပြိး ဘယ်လိုဖမ်းဆီးမလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုခံစားလိုက်ပါဦး…..Translated by AMOEncoded by CuKar
29 Jan 2023, 10:52

https://m.media-amazon.com/images/M/MV5BZmU4ZmMzMTMtYTYwMi00N2QwLThiMzItMGE1MTk4ZDlmMmMzXkEyXkFqcGdeQXVyMTEzMTI3OTI3._V1_FMjpg_UX1000_.jpg Jije (2022) ⭐IMDB: 2.4/10 (23 Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 46 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 JiJe (2022)အိမ်မက်ဆိုးတွေနဲ့ တစ်ဘ၀လုံးဖြတ်သန်းနေခဲ့ရတဲ့ကောင်လေးဟာ သက်သာရာရသည်မှမကြာသေး သူ့ရှေ့မှာ ကိုယ့်ကိုယ်ကိုသတ်သေမှု ဖြစ်ပြီး အိမ်မက်ဆိုးတွေက ပြန်ပေါ်လာခဲ့ပါတယ်။ အိမ်မက်ဆိုးတွေအပြင် ထပ်တိုးလာတာက သူ့နားမှာ တိုးတိုး တိုးတိုးနဲ့ပြောနေတဲ့ တီးတိုးသံတွေပါပဲ။ အမှောင်ထုထဲရောက်ရှိသွားတတ်တဲ့သူဟာ အကူအညီမဲ့ကာ ကြောက်လန့်နေရပါတယ်။ ဒီအကြောင်းတွေကိုသိတဲ့ သူ့ငယ်ချင်းတွေ၊ သူ့အမေနဲ့အစ်ကို တို့က သူ့ကိုစိတ်သက်သာရာရအောင်ပဲ ကြိုးစားပေးနေကြပါတယ်။ ဒီလိုအိမ်မက်ဆိုးကနေ သူလွတ်မြောက်နိုင်မလား…. တီးတိုးပြောသံတွေကရောဘာများလဲ ….Reviewed & Translated by MayLinEncoded by Siran
29 Jan 2023, 10:47

https://m.media-amazon.com/images/M/MV5BM2QzM2JiNTMtYjU4Ny00MDZkLTk3MmUtYTRjMzVkZGJlNmYyXkEyXkFqcGdeQXVyMTUzNTgzNzM0._V1_FMjpg_UX1000_.jpg Pathaan (2023) ⭐IMDB: 6.9/10 (85 k Votes) 🎬 #Action #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 21 မိနစ် 47 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Pathaan(2023)ဒီတခါတော့ အသစ်စက်စက် hindi action အမိုက်စားကား တကားကိုတင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီးမင်းသားကြီး Shah Rukh Khan ပါဝင်ပြိး imdb 6.9 တောင်ရထားတာမို့လက်လွတ်မခံသင့်တဲ့ ကားလေးတကားဖြစ်မှာပါ။ဇာတ်လမ်း အညွန်း…. အိန္ဒိယနိုင်ငံကို ပစ်မှတ်ထားလုပ်ကြံ‌ဖို့ ကြံစည်နေတဲ့ ကြေးစားအကြမ်းဖက်လူတစု အကြောင်းကို အစိုးရက သိရှ်ိသွားပြီးတဲ့ နောက်မှာ နိုင်ငံလုံခြုံရေးအတွက် အိန္ဒိယနိုင်ငံရဲ့ spy တယောက်ကို စေလွှတ်ပြီး အကြမ်းဖက်သမားတို့ရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးဖို့ စေလွှတ်လိုက်ပါတော့တယ်။ ၎င်းတို့ရဲ့ အမိဇာတိမြေကို ကာကွယ်ဖို့ ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးခေါင်းဆောင်ကိုဖမ်းဖို့ အစွမ်းကုန်ကြိုးစားပြိး ဘယ်လိုဖမ်းဆီးမလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုခံစားလိုက်ပါဦး…..Translated by AMOEncoded by CuKar
29 Jan 2023, 10:38

https://m.media-amazon.com/images/M/MV5BZmU4ZmMzMTMtYTYwMi00N2QwLThiMzItMGE1MTk4ZDlmMmMzXkEyXkFqcGdeQXVyMTEzMTI3OTI3._V1_FMjpg_UX1000_.jpg Jije (2022) ⭐IMDB: 2.4/10 (23 Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 46 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 JiJe (2022)အိမ်မက်ဆိုးတွေနဲ့ တစ်ဘ၀လုံးဖြတ်သန်းနေခဲ့ရတဲ့ကောင်လေးဟာ သက်သာရာရသည်မှမကြာသေး သူ့ရှေ့မှာ ကိုယ့်ကိုယ်ကိုသတ်သေမှု ဖြစ်ပြီး အိမ်မက်ဆိုးတွေက ပြန်ပေါ်လာခဲ့ပါတယ်။ အိမ်မက်ဆိုးတွေအပြင် ထပ်တိုးလာတာက သူ့နားမှာ တိုးတိုး တိုးတိုးနဲ့ပြောနေတဲ့ တီးတိုးသံတွေပါပဲ။ အမှောင်ထုထဲရောက်ရှိသွားတတ်တဲ့သူဟာ အကူအညီမဲ့ကာ ကြောက်လန့်နေရပါတယ်။ ဒီအကြောင်းတွေကိုသိတဲ့ သူ့ငယ်ချင်းတွေ၊ သူ့အမေနဲ့အစ်ကို တို့က သူ့ကိုစိတ်သက်သာရာရအောင်ပဲ ကြိုးစားပေးနေကြပါတယ်။ ဒီလိုအိမ်မက်ဆိုးကနေ သူလွတ်မြောက်နိုင်မလား…. တီးတိုးပြောသံတွေကရောဘာများလဲ ….Reviewed & Translated by MayLinEncoded by Siran
29 Jan 2023, 10:35

https://m.media-amazon.com/images/M/MV5BOTg0OGFmNGEtZjhkZi00ZTViLWIyYjMtZjM2MGIyZTRhYjQxXkEyXkFqcGdeQXVyMTEzNzg0Mjkx._V1_FMjpg_UX1000_.jpg Raangi (2022) ⭐IMDB: 5.8/10 (178 Votes) 🎬 #Action #Bollywood #Thriller 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 03 မိနစ် 03 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Raangi (2022) IMDb 6.1/10 Thaiyal Nayagi ဆိုတာအမျိုးသမီးတွေရဲ့ခေါင်းဆောင်ဆိုတဲ့အဓိပ္ပာယ်ပါနာမည်နဲ့လိုက်အောင် ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့သတင်းထောက်မလေးမတရားတာတွေကိုလက်ပိုက်ကြည့်မနေဘဲ ဖြေရှင်းပေးတတ်သူသူတင်တဲ့သတင်းတိုင်းက မပေါက်တာမရှိတဲ့လူပေါ့ ဒါကြောင့်ပဲဇာတ်လမ်းစစချင်းမှာ FBI တွေက သူ့နာမည်ကိုမေးပြီးအပူတပြင်းလိုက်ရှာနေကြတယ် ဘာကိစ္စကိုဘယ်လိုပတ်သက်မိလို့ FBI ကအစပါဝင်နေလဲသူလည်းမသိခဲ့ဘူးဒီအဖွဲ့အစည်းကပါလို့ပြောပြီး သူ့ကိုနေရာတစ်နေရာဆီဆွဲခေါ်သွားကြတယ်ဒီအကြောင်းကိုသတင်းရေးရင် သေသလားရှင်သလားပြည်သူတွေမသိအောင်လူပျောက်စာရင်းဖွင့်မယ်လို့လည်း ခြိမ်းခြောက်ထားကြတာပေါ့ … ဒီဇာတ်လမ်းတွေရဲ့အစက သူ့တူမ စုရှ်မီသာကစပါတယ် သူ့နာမည်နဲ့ သူ့ပုံပါတဲ့Facebook က ယောကျာ်းလေး ၁၈ယောက်နဲ့ Sex Chat ထားပြီးအဲဒီ၁၈ယောက်တည်းကတစ်ယောက်ကခြိမ်းခြောက်လေတော့သိုင်ရယ်လည်းမနေနိုင် ဝင်ဖြေရှင်းရပါတော့တယ် ဒီလိုနဲ့သူ့တူမနာမည်နဲ့အကောင့်ထဲဝင်လိုက်ရင်း ထင်မထားတဲ့ဓာတ်ပုံကိုတွေ့ပြီးမီဒီယာမှာတင်လိုက်မိရာက…. သူ့ဘဝတစ်ဆစ်ချိုးဘယ်လိုပြောင်းလဲသွားမလဲစိတ်ဝင်စားစရာတွေတစ်ပုံကြီးနဲ့ ကြည့်ရှုရမဲ့ကားဖြစ်တာကြောင့် အခုပဲကြည့်လိုက်ကြပါတော့နော်
29 Jan 2023, 10:18

https://m.media-amazon.com/images/M/MV5BOTg0OGFmNGEtZjhkZi00ZTViLWIyYjMtZjM2MGIyZTRhYjQxXkEyXkFqcGdeQXVyMTEzNzg0Mjkx._V1_FMjpg_UX1000_.jpg Raangi (2022) ⭐IMDB: 5.8/10 (178 Votes) 🎬 #Action #Bollywood #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 03 မိနစ် 03 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Raangi (2022) IMDb 6.1/10 Thaiyal Nayagi ဆိုတာအမျိုးသမီးတွေရဲ့ခေါင်းဆောင်ဆိုတဲ့အဓိပ္ပာယ်ပါနာမည်နဲ့လိုက်အောင် ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့သတင်းထောက်မလေးမတရားတာတွေကိုလက်ပိုက်ကြည့်မနေဘဲ ဖြေရှင်းပေးတတ်သူသူတင်တဲ့သတင်းတိုင်းက မပေါက်တာမရှိတဲ့လူပေါ့ ဒါကြောင့်ပဲဇာတ်လမ်းစစချင်းမှာ FBI တွေက သူ့နာမည်ကိုမေးပြီးအပူတပြင်းလိုက်ရှာနေကြတယ် ဘာကိစ္စကိုဘယ်လိုပတ်သက်မိလို့ FBI ကအစပါဝင်နေလဲသူလည်းမသိခဲ့ဘူးဒီအဖွဲ့အစည်းကပါလို့ပြောပြီး သူ့ကိုနေရာတစ်နေရာဆီဆွဲခေါ်သွားကြတယ်ဒီအကြောင်းကိုသတင်းရေးရင် သေသလားရှင်သလားပြည်သူတွေမသိအောင်လူပျောက်စာရင်းဖွင့်မယ်လို့လည်း ခြိမ်းခြောက်ထားကြတာပေါ့ … ဒီဇာတ်လမ်းတွေရဲ့အစက သူ့တူမ စုရှ်မီသာကစပါတယ် သူ့နာမည်နဲ့ သူ့ပုံပါတဲ့Facebook က ယောကျာ်းလေး ၁၈ယောက်နဲ့ Sex Chat ထားပြီးအဲဒီ၁၈ယောက်တည်းကတစ်ယောက်ကခြိမ်းခြောက်လေတော့သိုင်ရယ်လည်းမနေနိုင် ဝင်ဖြေရှင်းရပါတော့တယ် ဒီလိုနဲ့သူ့တူမနာမည်နဲ့အကောင့်ထဲဝင်လိုက်ရင်း ထင်မထားတဲ့ဓာတ်ပုံကိုတွေ့ပြီးမီဒီယာမှာတင်လိုက်မိရာက…. သူ့ဘဝတစ်ဆစ်ချိုးဘယ်လိုပြောင်းလဲသွားမလဲစိတ်ဝင်စားစရာတွေတစ်ပုံကြီးနဲ့ ကြည့်ရှုရမဲ့ကားဖြစ်တာကြောင့် အခုပဲကြည့်လိုက်ကြပါတော့နော်
29 Jan 2023, 10:10

https://m.media-amazon.com/images/M/MV5BMTU1NzI5MDU3OV5BMl5BanBnXkFtZTcwNTE0NDMzOQ@@._V1_FMjpg_UX1000_.jpg Stuck in Love. (2012) ⭐IMDB: 7.2/10 (89 k Votes) 🎬 #Comedy #Drama #Romance 🗓️ 2012 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 01 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Stuck in Love (2012) ================ IMDb 7.2 / Rotten Tomatoes 58% မင်းသမီးချောလေးတွေဖြစ်တဲ့ Gennifer Connelly နဲ့ Lily Collins တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားလေး Stuck in Love ဇာတ်လမ်းလေးကတော့… ဇနီးဟောင်းကို မေ့မရနိုင်ဖြစ်နေတဲ့ နာမည်ကျော်စာရေးဆရာ ဘေးလ် မိဘတွေရဲ့ အိမ်ထောင်ရေးကွာပြဲမှုကြောင့် ချစ်ရမှာ ကြောက်နေတဲ့ သမီးဖြစ်သူ ဆမ်တစ်ယောက်ဆို တစ်ယောက် စွဲစွဲလမ်းလမ်းချစ်တတ်တဲ့ သားဖြစ်သူ အချစ်သမားလေး ရက်စတီ Stuck in Love ဆိုတဲ့အတိုင်း အချစ်နွံနစ်ကြမယ့် သားအဖသုံးယောက်ရဲ့ ဇာတ်လမ်းလေးကို နှစ်သက်ဖွယ် ကြည့်ရှုရမယ့် Romance / Drama ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်..
29 Jan 2023, 09:46

https://m.media-amazon.com/images/M/MV5BNDllMzgwOWItZDkyZi00ZDk4LTkwYTMtMzFmZjI2Njg5ZDFhXkEyXkFqcGdeQXVyNjgxODk1MTM@._V1_FMjpg_UX1000_.jpg Alcarràs (2022) ⭐IMDB: 7.1/10 (4 k Votes) 🎬 #Adventure #Drama #Family 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #Spain #Italy ⏰ 2 နာရီ 00 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Alcarràs (2022) ~ IMDb – 7.1/10, RT – 90%, Meta – 85% ~ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Palme d’Or ဟာ အမြင့်ဆုံးဆုဖြစ်သလို ဒီရုပ်ရှင်ဟာ ဘာလင်ရုပ်ရှင်ပွဲတော်ကြီးရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Golden Bear ဆုကို ဆွတ်ခူးထားတဲ့ ရုင်ရှင်ပဲဖြစ်ပါတယ်။ ဒီကားထဲက ထူးခြားမှုတစ်ခုက ဘာလဲဆိုတော့ သရုပ်ဆောင်အစစ်တစ်ယောက်ကလွဲရင် ကျန်တဲ့ ပါဝင်သမျှသရုပ်ဆောင်တွေအားလုံးဟာ အဲဒီရိုက်တဲ့နေရာက ဒေသခံတွေချည်းပဲဖြစ်ပါတယ်။ ဒေသခံမဟုတ်တဲ့ တစ်ဦးတည်းသော သရုပ်ဆောင်ကလည်း ဒါရိုက်တာရဲ့ ညီမဖြစ်သူပဲဖြစ်ပါတယ်။ ကျေးလက်ဒေသနဲ့ ခြံသမားတွေအပေါ် ဇာတ်လမ်းတည်ထားတာဖြစ်တဲ့အလျောက် သရုပ်ဆောင်မဟုတ်သူ (Non-Actors) တွေကို သုံးထားတာက တကယ့်ကို လက်တွေ့ဆန်စေပြီး ရုပ်ရှင်ဆိုတာကို မေ့သွားစေပါတယ်။ သရုပ်ဆောင်မဟုတ်လို့ဆိုပြီး သဘာဝမကျ တောင့်တောင့်ကြီးတွေ ဖြစ်နေမယ်လို့တော့ မထင်လိုက်ပါနဲ့၊ ဘာလို့ဆို Best New Actor/Actress အတွက် Nomination တွေ အများကြီး ဝင်ခဲ့သေးတာမို့လို့ပါ။ ဇာတ်လမ်းအကြောင်းကို သွားရမယ်ဆိုရင်တော့ အဘိုးဖြစ်သူလက်ထက်ကတည်းက မက်မွန်ခြံစိုက်ပြီး အသက်မွေးလာခဲ့တဲ့ မိသားစုကြီးတစ်စုဟာ မြေပိုင်ရှင်အသစ်ဖြစ်လာသူက တစ်ရက်မှာ ဖယ်ခိုင်းလာပါတယ်။ စာချုပ်စာတမ်းမရှိခဲ့ဘဲ လက်ရှိမြေပိုင်ရှင်ရဲ့ အဘိုးတို့ အဖေတို့ ခေတ်အဆက်ဆက်က နှုတ်ကတိစကားနဲ့ ပေးစိုက်လာခဲ့တဲ့ မြေဖြစ်တာကြောင့် ပိုင်ဆိုင်မှုသက်သေမရှိဘဲ အခက်ကြုံရတဲ့ အနေအထားဖြစ်လာပါတယ်။ ခေတ်စနစ်၊ လူတန်းစား၊ ဓလေ့ထုံးစံ၊ သဘာဝတရား၊ မိသားစုရေးရာ…ဒါတွေအပြင်ကို ကျေးလက်လူမှုဘဝမှာ လိုအပ်နေတဲ့ ခွန်အားကို သိမ်သိမ်မွေ့မွေ့ပုံဖော်ထားတဲ့ နွေးထွေးကြည်နူးစရာကောင်းသလောက် ဝမ်းနည်းခံပြင်းဖို့လည်းကောင်းတဲ့ သိပ်လှတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
29 Jan 2023, 09:43

https://m.media-amazon.com/images/M/MV5BNTE1MDBmY2EtMjlkMC00NGQ5LWE3MTEtMzNlNTA3OWY5ZmUyXkEyXkFqcGdeQXVyNDQxNjcxNQ@@._V1_FMjpg_UX1000_.jpg Kingdom (2019) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Action #Drama #War #History 🗓️ 2019 🎞️ Movie 📺 1080p FHD 🌎 #Japan ⏰ 2 နာရီ 14 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2019 ထွက် ဂျပန်ကားပါ။ ရှေးခေတ် စစ်ပွဲတွေကို အခြေခံထားတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟရူးနဲ့ ရှင်း ဆိုတဲ့ မိဘမဲ့ အစေခံလေး နှစ်ယောက်ဟာ အိပ်မက်ကြီးတစ်ခု ရှိကြပါတယ်။ ကြီးမြတ်တဲ့ စစ်သူကြီးတွေ ဖြစ်လာဖို့ပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့၂ယောက်ထဲက ဟရူးကို နန်းတော်က အမတ်တစ်ယောက်က အမှုထမ်းဖို့ သပ်သပ် ရွေးခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဟရူးက ရှင်းဆီက မကြာခင်ပဲ ပြန်ရောက်လာပြီး သူနဲ့အတူ နန်းတွင်းအရှုပ်တော်ပုံနဲ့ ပြည်တွင်း စစ်ပွဲကြီးတစ်ခု သယ်ဆောင်လာတဲ့အခါ…… ဒီကားက ဓားသိုင်းကား ကောင်းကောင်း ငတ်နေတဲ့သူတွေအတွက်တော့ အဆာပြေဖြစ်မှာပါ။
29 Jan 2023, 07:00

https://m.media-amazon.com/images/M/MV5BYTI4MmM0NTYtZmI4NC00NjU3LWE0ZDItOWUyNjU4YTQxNWI2XkEyXkFqcGdeQXVyODE5NzE3OTE@._V1_FMjpg_UX1000_.jpg Yeh Raaste Hain Pyaar Ke (2001) ⭐IMDB: 4.0/10 (776 Votes) 🎬 #Action #Bollywood #Drama #Romance 🗓️ 2001 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 42 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Yeh Raaste Hain Pyaar Ke (2001) အခုတစ်ခါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါတော့မယ်… မင်းသားကြီး အဂျေး..မင်းသမီး မာဒူရီးနဲ့ ပါးချိုင့်မင်းသမီးလေး ပရီတီးဇင်ဒါးတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်cameo အနေနဲ့ မင်းသားကြီး ဆန်နီဒိုးကလည်း ပါဝင်အားဖြည့်ပေးထားပါတယ် ဒီဇာတ်ကားမှာ ဗစ်ကီနဲ့ ဆာခရှီးတို့က ကားသူခိုးစုံတွဲလူတွေကို နှစ်ကျပ်ကွက်ရိုက်ပြီး သူတို့ကားတွေကို ခိုးတယ်နှစ်ယောက်စလုံးက မိဘမဲ့…ဆာခရှီးကတော့ ဦးလေးမိသားစုမှာ ကပ်နေတယ် တစ်ရက် လူမိုက်တစ်ယောက်ကို မတော်တဆသတ်မိသွားရင်းနဲ့ သူတို့နှစ်ယောက်ဟာအသက်ဘေးကြုံလာရပါတော့တယ်… ပြေးရင်းလွှားရင်းနဲ့ နှစ်ယောက်သား လမ်းကွဲသွားခဲ့ကြပြီးကံကြမ္မာရဲ့လှည့်ကွက်တွေက သူတို့နှစ်ဦးအပေါ်ဘယ်လိုရက်စက်လာတော့မလဲဆိုတာကိုတော့ ဆက်လက်ပြီးဇာတ်ကားထဲမှာ ရှုစားပေးပါဦးနော်…။ ဒီဇာတ်ကားလေးမှာ ချစ်ခြင်းမေတ္တာ..သစ္စာတရားနဲ့ စာနာနားလည်မှုအကြောင်းကိုအမိအရရိုက်ကူးပေးထားလို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်…။
29 Jan 2023, 07:00

https://m.media-amazon.com/images/M/MV5BZGQwMDUzYWYtODFlNi00ZWY3LTkyZjItMWZkZDFhOWJhYjRlXkEyXkFqcGdeQXVyMTEwMjgyMzIz._V1_FMjpg_UX1000_.jpg Kingdom II: Harukanaru Daichi e (2022) ⭐IMDB: 6.8/10 (231 Votes) 🎬 #Action #Adventure #History #Drama #War 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #Japan ⏰ 2 နာရီ 14 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kingdom 2: Far and Away (2022) Alice in Borderland ထဲက အာရိဆု ပါင်သရုပ်ဆောင်ထားတဲ့ Kingdom 2: Far and Away ဆိုတဲ့ ဂျပန်ဇာတ်ကားလေး ထွက်ရှိလာပါပြီခင်ဗျာ။ သူ့ရှေ့ကားKingdom 2019လည်း ရှိပါသေးတယ်။ ဇာတ်လမ်းအကျဉ်း …တစ်မိုးအောက်စစ်သူကြီးဖြစ်ချင်တဲ့ ရှင်းတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဒုတိယမြောက် ဇာတ်ကားလေးပါ။ ဒီတစ်ခေါက်မှာလည်း မပျင်းရအောင်ဖန်တီးထားပြီး ဇာတ်အိမ်ကတော့ ရှင်းပြည်ထောင်နဲ့ ဂီပြည်ထောင်ကြားက နယ်မြေလုစစ်ပွဲတစ်ခု ကို အခြေတည်ထားပါတယ်။ ဒီလိုနဲ့ပဲ ဘာမဆို ရှေ့တန်းကပါတတ်တဲ့ ရှင်းတစ်ယောက်လည်း စစ်ချီထွက်လို့လာခဲ့ပါတယ်။ လူကသာအာကျယ်ပေမယ့် ခန္ဓာကိုယ်က သေးသေးလေးမို့ အုပ်စုဖွဲ့ရာမှာအကျဉ်ခံရရင်း အားအနည်းဆုံးသော လူတွေနဲ့အတူတကွ စစ်ပွဲဆင်နွှဲဖို့ ဖြစ်လာပါတော့တယ်။ ရှင်းတစ်ယောက် ဘယ်လိုလူတွေနဲ့ ဘယ်လိုသံယောဇဉ်တွေဖန်တီးပြီး ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်သွားမလဲ?နယ်မြေလုစစ်ပွဲကြားက ပြည်ထောင်စစ်သူကြီးတွေရဲ့ ဗျူဟာနည်းစနစ်တွေကိုရော ရှင်းဘယ်လိုသင်ယူသွားမလဲ? ဆိုတာကို ဓားရေးလှံရေး အမိုက်စားတွေနဲ့ တစ်ဝကြီးကြည့်ရှုရဦးမယ့် ဇာတ်ကားတစ်ခုပါပဲ။ မင်းသမီးအလှလေးကလည်း ပါ၊ ဇာတ်လမ်းရိုက်ချက်တွေကလည်း ရင်သပ်ရှုမောလောက်စရာမို့ လက်မလွှတ်တမ်းကို ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Hae Areumပါ။)
29 Jan 2023, 06:47

https://m.media-amazon.com/images/M/MV5BYTI4MmM0NTYtZmI4NC00NjU3LWE0ZDItOWUyNjU4YTQxNWI2XkEyXkFqcGdeQXVyODE5NzE3OTE@._V1_FMjpg_UX1000_.jpg Yeh Raaste Hain Pyaar Ke (2001) ⭐IMDB: 4.0/10 (776 Votes) 🎬 #Action #Bollywood #Drama #Romance 🗓️ 2001 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 42 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Yeh Raaste Hain Pyaar Ke (2001) အခုတစ်ခါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါတော့မယ်… မင်းသားကြီး အဂျေး..မင်းသမီး မာဒူရီးနဲ့ ပါးချိုင့်မင်းသမီးလေး ပရီတီးဇင်ဒါးတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်cameo အနေနဲ့ မင်းသားကြီး ဆန်နီဒိုးကလည်း ပါဝင်အားဖြည့်ပေးထားပါတယ် ဒီဇာတ်ကားမှာ ဗစ်ကီနဲ့ ဆာခရှီးတို့က ကားသူခိုးစုံတွဲလူတွေကို နှစ်ကျပ်ကွက်ရိုက်ပြီး သူတို့ကားတွေကို ခိုးတယ်နှစ်ယောက်စလုံးက မိဘမဲ့…ဆာခရှီးကတော့ ဦးလေးမိသားစုမှာ ကပ်နေတယ် တစ်ရက် လူမိုက်တစ်ယောက်ကို မတော်တဆသတ်မိသွားရင်းနဲ့ သူတို့နှစ်ယောက်ဟာအသက်ဘေးကြုံလာရပါတော့တယ်… ပြေးရင်းလွှားရင်းနဲ့ နှစ်ယောက်သား လမ်းကွဲသွားခဲ့ကြပြီးကံကြမ္မာရဲ့လှည့်ကွက်တွေက သူတို့နှစ်ဦးအပေါ်ဘယ်လိုရက်စက်လာတော့မလဲဆိုတာကိုတော့ ဆက်လက်ပြီးဇာတ်ကားထဲမှာ ရှုစားပေးပါဦးနော်…။ ဒီဇာတ်ကားလေးမှာ ချစ်ခြင်းမေတ္တာ..သစ္စာတရားနဲ့ စာနာနားလည်မှုအကြောင်းကိုအမိအရရိုက်ကူးပေးထားလို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်…။
29 Jan 2023, 06:43

https://m.media-amazon.com/images/M/MV5BYjI5MWExY2QtNzk5My00YjcyLWE3N2QtN2IwNjA1ZmM0ZDQ5XkEyXkFqcGdeQXVyMjgyNjk3MzE@._V1_FMjpg_UX1000_.jpg The Invisible Woman (2013) ⭐IMDB: 6.1/10 (10 k Votes) 🎬 #Biography #Drama #History #Romance 🗓️ 2013 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom ⏰ 1 နာရီ 53 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Invisible Woman (2013) ======================= Charles Dickens (ချားလ်စ် ဒစ်ကန်စ်)ဆိုတာနဲ့ အင်္ဂလန် ဗစ်တိုးရီးယားခေတ်ရဲ့ဂန္တ၀င်စာရေးဆရာကြီးကိုမြင်မိကြမှာပါပဲ။ သူ့ရဲ့၀တ္ထု ပြဇာတ်တွေ ဇာတ်ကောင်တွေဟာအသက်၀င်လွန်း လှပလွန်းလို့ကိုပဲအင်္ဂလိပ်စာ‌ပေလောကမှာယခုချိန်ထိ ချီးကျုးခံနေရဆဲပါ။ ဒါကတော့ ချားလ်စ်ရဲ့ဘ၀ထဲကိုဝင်ရောက်လာခဲ့တဲ့ အယ်လန် တာနန်ဆိုတဲ့ တက်သစ်စပြဇာတ်မင်းသမီးလေးတယောက်နဲ့သူ့ရဲ့အကြောင်းပေါ့ လှလည်းလှ သူ့ရဲ့ကမ္ဘာကြီးပေါ်အမြင်ကိုလည်းမြင်တာသာမက သူ့အပေါ်ကိုလည်းသူမတူ‌အောင်မြင်နိုင်သလို သူ့ရဲ့စာအုပ်တွေကိုလည်း ချစ်တဲ့ဒီကောင်မလေးကိုမှသူကချစ်မိသွားပြီ။ မပျော်ရွှင်ရတဲ့အိမ်ထောင်ရှိပြီး သားချားလ်စ်အတွက်ကတော့ ဒီကောင်မလေးနဲ့ပေါင်းစပ်ရဖို့ဆိုတာ သူ့ရဲ့၀တ္ထုတွေထဲကလိုမျိုးပဲ အတားအဆီးတွေ အစဉ်အလာတွေ ပတ်၀န်းကျင်ကအနှောင့်အယှက်တွေပေါများလွန်းလှပါတယ်။ ချားလ်စ်က်ုလည်းတစစနဲ့ချစ်မိသွားတဲ့အယ်လန် တဖြစ်လဲ နယ်လီကလည်း ဒီလိုလူမျိုးကိုမှချစ်မိသွားပြီ။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းတပုဒ် ဟာဘာတွေဆက်ဖြစ်လာမှာလဲ။ ၀တ္ထုတွေထဲကလိုပဲ အပြင်မှာရော အချစ်ဆိုတာကသိမ်မွေ့နူးညံ့နေမှာလား ခက်ခဲကြမ်းတမ်းနေရမှာလား။ သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းဟာအဆုံးမှာဘယ်လိုနိဂုံးချုပ်မလဲ ဆိုတာကိုဒီ classical အချစ်ဒရာမာကား‌လေးမှာခံစားကြည့်ရှုပေးကြပါဦးခင်ဗျာ။
29 Jan 2023, 06:41