ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Batman Unlimited: Mechs vs. Mutants (2016) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Action #Animation #SciFi #ScienceFiction 🗓 2016 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Batman Unlimited Mechs vs. Mutants(2016)IMDB: 5.8Rotten Tomatoes: 90%Genre: Animation/Action/Sci-fi Batman Unlimited Mechs vs. Mutants ဟာ DC Animation ဇာတ်လမ်းတစ်ခုဖြစ်ပြီး Batman Unlimited ရဲ့သုံးကားမြောက် (သို့) နောက်ဆုံးကားဖြစ်ပါတယ်။ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်းပင်ဂွင်းတစ်ယောက် ဘတ်မန်းရဲ့နယ်နှင်ခြင်းကိုခံလိုက်ရပြီး မစ္စတာဖရိဇ်ရဲ့ နယ်မြေကိုရောက်နေပါတယ်။ သိတဲ့ အတိုင်း မစ္စတာ ဖရိဇ်ဆိုတာကလည်း အတိတ်မှာသနားစရာဇာတ်လမ်းတွေရှိခဲ့ပြီး ဗီလိန်ဆိုတာထက် တစ်ယောက်တည်းနေချင်နေတဲ့ ကြေကွဲလူကြီးဖြစ်ပါတယ်။ ခက်တာက ပင်ဂွင်းဆိုတာက လည်း အကျော်အခွလေးတွေနဲ့ ကုတုံးပေါ်ထိပ်ကွက်တဲ့ကောင် ခေါင်းကိုမှခေါက်တတ်တဲ့အကျင့်လေးကရှိတော့ နှစ်ယောက်သားဘုဘောက်ဖြစ်နေပါတယ်။ မစ္စတာဖရိဇ်ဟာတကယ်တမ်းပြောရရင် တစ်ယောက်တည်းပဲနေချင်ခဲ့တာဖြစ်ပါတယ်။ သူ့ဆီမှာအကောင်သေးသေးလေးတွေကိုတောင်အကြီးကြီးအဖြစ်ပြောင်းလို့ရတဲ့ စက်ကရှိနေပြန်ပါတယ်။ သိတဲ့အတိုင်းပင်ဂွင်းဆိုတဲ့ကောင်ကလည်း အမြဲကွက်ကျော်ရိုက်ဖို့ ချောင်းနေတာဆိုတော့ ဘာများဆက်ဖြစ်မှာလဲ။...
Wildlike (2014) ⭐IMDB: 6.6/10 (5 k Votes) 🎬 #Adventure #Drama #Thriller 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သိပ်မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Fallout video game ရဲ့ live action series ထဲက မင်းသမီး Ella Purnell ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီကားထဲမှာတော့ Ella Purnell ဟာ 14နှစ်အရွယ် ဆယ်ကျော်သက်မလေး Mckenzie နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ထဲက မက်ကန်ဇီဟာ 13နှစ်အရွယ်မှာပဲ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး အမေဖြစ်သူကလည်း ဆေးကုသမှု ခံယူ နေတာကြောင့် ဦးလေးနဲ့အတူနေထိုင်ဖို့အတွက် အလက်စကာကို အပို့ခံလိုက်ရပါတယ်။ အဲဒီမှာ ဇာတ်လမ်းကို တစ်ဆစ်ချိုးသွားစေတာက ဦးလေး ဖြစ်သူဟာ မြီးကောင်ပေါက်အရွယ် မက်ကန်ဇီကို ၅၂၈ မေတ္တာမျိုးနဲ့မစောင့်ရှောက်ပေးဘဲ လူ့တိရစ္ဆာန် တဏှာမျက်လုံးနဲ့ ကြည့်ပြီး မက်ကန်ဇီအိပ်နေချိန်မှာ sexual harassment တွေ တစ်စတစ်စလုပ်လာပါတော့တယ်။ အသက်ကလည်းငယ်၊ အားကိုးစရာရယ်လို့လည်းမရှိတဲ့ မက်ကန်ဇီခမျာ ကြံရာမရဘဲ အခွင့်အရေးရတုန်း ဦးလေးဆီကနေ ထွက်ပြေးပါတော့တယ်။ ဒီလို ထွက်ပြေးရင်းနဲ့ ရီနေး ဘာ့ဒ်လက် ဆိုတဲ့လူတစ်ယောက်နဲ့ မတာ်တဆ ဆုံမိသွားတဲ့အခါ……. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Serial Mom (1994) ⭐TMDB: 67% User Score 🎬 #Comedy #Crime #Thriller 🗓 1994 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဗယ်ဗလီဆပ်ဖင်း ဆိုတဲ့ အိမ်ထောင်ရှင် အမျိုးသမီး၊ ယောက်ျားအတွက်ရော သားသမီးဘအတွက်ရော တာဝန်ကျေပွန်တဲ့ အမျိုးသမီး တယောက် သူ့မိသားစု ကတောင် မသိတဲ့ သူရဲ့စိတ်နေစိတ်ထား တခြားတဘက်မှာတော့ သူက ကြောက်စရာသွေးအေးအေး စိတ်တဇ လူတယောက်ဖြစ်နေသောအခါ …. ၁၉၉၄ ခုနှစ်က ထွက်ရှိထားပြီး ယခုအချိန်ထိ ပြောနေကြရတဲ့ classic ဇာတ်ကားဖြစ်ပါတယ် ဇာတ်ကားတခုလုံး တရှိန်ထိုးကြည့်ရှုရမှာမို့လို့ ဒီလိုဇာတ်ကားတွေ ကြိုက်နှစ်သက်တဲ့သူ တွေ လက်မလွတ်သင့်တဲ့ကားပါ ကလေးငယ်တွေ၊နှလုံးမကောင်းတဲ့သူတွေ အတွက် မသင့်တော်တဲ့ သွေးထွက်သံယို အခန်းတွေ ပါဝင်တာကိုတော့ သတိပေးချင်ပါတယ်...
Simon (2023) ⭐IMDB: 7.7/10 (1 k Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica #Venezuela ⏰ 1 နာရီ 40 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆီမွန် ဟာ ဗင်နီဇွဲလားနိုင်ငံရှိဖိနှိပ်နေတဲ့အာဏာရှင်စစ်အုပ်စုအစိုးရကိုဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခံရပြီးတဲ့နောက် မိုင်ယာမီကိုထွက်ပြေးခဲ့တယ် လူကိုယ်တိုင်လွတ်မြောက်ခဲ့ပြီး အမေရိကန်မှာခိုလှုံခွင့်တောင်းဖို့ကြိုးစားနေပေမယ့် သူ့ရဲ့အတိတ်ကစိတ်ဒဏ်ရာတွေ သူ့ရဲ့ဆန္ဒပြဖော်သူငယ်ချင်းတွေကိုထားခဲ့ရလို့အပြစ်ရှိသလိုခံစားနေရတဲ့စိတ်မလုံခြုံမှုတွေကနေလွတ်မြောက်နိုင်မှာလား လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ ဆီမွန်ဆိုတဲ့ဗင်နီဇွဲလားနိုင်ငံသားလေးတစ်ယောက် ဖြတ်သန်းခဲ့ရတဲ့စိတ်ဝင်စားဖွယ်အလွန်ကောင်းတဲ့ နိုင်ငံရေးဖြစ်ရပ်မှန် ခရီးကြမ်းကြီးကိုကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။...
Chaos on the Farm (2023) ⭐IMDB: 4.9/10 (575 Votes) 🎬 #Thriller #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ မိုးအေးအေးလေးနဲ့ အေးဆေးကြည့်လို့ကောင်းမဲ့ သည်းထိတ်ရင်ဖိုလူသတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မိခင်ကွယ်လွန်ထားတာမကြာသေးတဲ့ဂျက်စီကာဆိုတဲ့ကောင်မလေးတစ်ယောက် သူ့မိခင်သေဆုံးရလို့ ဖြည်မဆည်နိုင်ဖြစ်နေပါတယ် အဲဒီကြားထဲ သူအမေချန်ခဲ့တဲ့သေတမ်းစာအရ သူငယ်ငာ်လေးထဲကအဆက်အသွယ်မရှိတာကြာပြီဖြစ်တဲ့ သူ့အဒေါ်တို့လင်မယားဆီကိုလည်းအမွေခွဲပေးဖို့ပါလာပါတယ် ဖြစ်ချင်တော့ ကိုယ်ပိုင်လယ်လေးနဲ့အေးအေးချမ်းချမ်းနေနေတဲ့ အဲဒီအဒေါ်ဖြစ်သူတို့စုံတွကိုဘယ်လိုဆက်သွယ်ဆက်သွယ်မရဖြစ်နေပါတယ် အဲဒီလိုနဲ့ သူ့အဒေါ်ဆီကိုခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ် အဲဒီလိုနဲ့ပဲ သူနဲ့သူ့ကောင်လေးတို့ ရုပ်တောင်သေချာတောင်မမှတ်မိတော့တဲ့သူ့အဒေါ်ဆီ ခရီးထွက်လာကြပါတော့တယ် သူ့အဒေါ်တို့အိမ်မှာကတော့ သူ့အဒေါ်တို့စုံတွဲကိုtတ်ပြီး အိမ်မှာပုန်းခိုနေထိုင်နေတဲ့လူသတ်သမားအတွဲရှိနေပါတယ် သူတို့လာနေတယ်ဆိုတာကိုအကြောင်းသိပြီးတော့ သူ့အဒေါ်တို့လို့ဟန်ဆောင်ပြီးငွေတွေကိုရအောင်ယူဖို့ကြံပါတော့တယ် ဒီလိုနဲ့ ဂျက်စီကာတို့စုံတွ လူသတ်သမားတွေနဲ့ထိပ်တိုက်တိုးဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရမဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်...
Cecil B. Demented (2000) ⭐TMDB: 63% User Score 🎬 #Comedy #Crime #Thriller 🗓 2000 🎞 movie 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးကတော့၂၀၀၀ခုနှစ်ကထွက်ရှိခဲ့တဲ့black comedyရုပ်ရှင်အမျိုးအစားကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ Hollywood ကအခုနောက်ပိုင်း mainstream ရုပ်ရှင်တွေကို sequel ထုတ်လိုက် remake ထုတ်လိုက်နဲ့ပိုက်ဆံပဲရှာနေပြီး original ဇာတ်ကားကောင်းတွေမထုတ်တော့တာကိုသတိထားမိကြမှာပါ အဲဒီလိုဖြစ်နေတာကိုသဘောမကျတဲ့ရူးနေတဲ့ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Cecil B. Demented က Honey Whitlock ဆိုတဲ့နာမည်ကြီးရုပ်ရှင်မင်းသမီးကိုဖမ်းခေါ်ပြီးတော့သူ့ရဲ့ရုပ်ရှင်မှာဝင်သရုပ်ဆောင်ခိုင်းတာကနေဖြစ်လာတာတွေကိုဟာသနှောပြီးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်...
Wheelman (2017) ⭐IMDB: 6.4/10 (22 k Votes) 🎬 #Action #Crime #Thriller 🗓 2017 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတစ်ယောက်၊ ညတစ်ည၊ ကားတစ်စီး၊ အိတ် ၂ အိတ်၊ ဖုန်း ၁ လုံး။ ဒါတွေနဲ့ပဲ ဇာတ်လမ်းဆင်ထားတဲ့ Netflix က Thriller ကားကောင်းလေးပါ။ ဇာတ်ကားနာမည်အတိုင်း မင်းသားက ဘဏ်ဓားပြတိုက်တဲ့ လူတွေကို ကားမောင်းပို့ပေးရတဲ့ အမောင်းသမား ဝှီးမန်းပါ။ တစ်ညကျ ခါတိုင်းလိုပဲ သူ့အလုပ်သူ လုပ်မယ့်အချိန်မှာ သူနဲ့ တွဲလုပ်နေကြ သူ့ဘော်ဒါမဟုတ်ပဲ ဒီအလုပ်အပ်တဲ့ လူဆိုသူက ဖုန်းဆက်လာပြီး ခု ဓားပြတိုက်နေတဲ့ကောင်တွေ ကားထဲကို ပိုက်ဆံထည့်ပြီးတာနဲ့ ပစ်ထားခဲ့လိုက် အဲဒီ ကောင်တွေက မင်းကို သတ်မှာ ဘာညာဆိုပြီးပြောနေတော့ ယုံရခက် မယုံရခက်နဲ့ နောက်ဆုံး အသက်သေမှာကို ကြောက်တော့ ပိုက်ဆံတွေ ကားထဲရောက်တာနဲ့ ဟိုလူတွေကို ထားခဲ့ပြီး မောင်းပြေးလာခဲ့တယ်။ ပြီးတာနဲ့ ဒီ ထူးဆန်းတဲ့ဖုန်းပေါ်ကလူက မင်းသားကို အကျပ် ကိုင်တာတွေ ခြိမ်းခြောက်တာတွေ ပေါင်းစုံနဲ့ သူခိုင်းတဲ့အတိုင်းတွေ လုပ်ရင်း ပြဿနာကြီးတစ်ခုထဲကို မဆီမဆိုင် ဝင်ရောက်သွားတဲ့ အခါမှာတော့ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာပါ။ ဒီကားထဲက အဓိက သရုပ်ဆောင်ကတော့ ဟောလိဝုဒ် အက်ရှင်ကားတော်တော်များများမှာ အရန်နေရာတို့ လူဆိုးနေရာတို့ ပါနေကြ ဖြစ်ပြီး အထင်ရှားဆုံးပြောရရင် ကပ္ပတိန်အမေရိက ကားထဲက ဓာတ်လှေကားမှာ ယှဉ်ထိုးတဲ့ဘဲဖြစ်ပြီး နောက်ကျ Crossbone ဆိုပြီး ဖြစ်သွားတဲ့ Frank Grillo ပဲ ဖြစ်ပါတယ်။ Rating ကလည်း 6.4 ရရှိထားတာမို့ ပေါကားမဟုတ်တာတော့ အသေအချာပါပဲ။...
The Legend of Heroes (2024) ⭐IMDB: 7.4/10 (12 Votes) 🎬 #Action #Adventure #Drama #History 🗓 2024 🎞 tv series 🌎 #China ⏰ 40 မိနစ် 40 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မက်မွန်မြေကချစ်တေးတစ်ပုဒ် or သူရဲကောင်းတို့ရဲ့ဒဏ္ဍာရီ အသစ်ထွက်ရှိလာတဲ့ The Legend of Heroes (2024)သိုင်းကားစစ်စစ်ဖြစ်ပါတယ်ဂန္ဓာဝင်စာရေးဆရာကြီး ကျင်းယုံရဲ့ လက်ရာဖြစ်တဲ့Condor Trilogy ထဲက ပထမဆုံး စာအုပ်ကိုပြန်လည်ဆန်းသစ်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် သိုင်းကားစစ်စစ် ငတ်နေကြတဲ့ သိုင်းပရိသတ်တွေအတွက်တော့မျှော်လင့်ထားရမယ့် စီးရီးတွဲတခုဖြစ်ပါတယ်2020 နောက်ပိုင်း ဆရာကြီးကျင်းယုံရဲ့ Novel တွေကိုပြန်ရိုက်သမျှ Remake တွေလိုပဲ အစဉ်အလာမပျက်Fail ဦးမလား ဒါမှမဟုတ် အောင်မြင်မှာလားဆိုတာတော့ကျွန်တော်တို့ဆက်လက်ရှုစားကြရအောင်ပါ ရိုက်ကူးရေးမှာတော့Director ၅ ယောက် နဲ့ Screen Writer ၅ ယောက် ပါဝင်ထားပါတယ်Part တွေခွဲပြီးရိုက်ကူးသွားကြမှာဖြစ်ပြီးShen Li ရဲ့ ဒါရိုက်တာ အပြင် Legend Of Zhuo Hua ရဲ့ဒါရိုက်တာလဲပါဝင်ကြောင်းသိရပါတယ် ဇာတ်လမ်းကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတွေလဲပါဝင်ကြတာဖြစ်တဲ့အတွက်မျှော်လင့်ဖို့ထိုက်တန်တဲ့ Drama လေးတခုအဖြစ်သိုင်းပရိသတ်တွေရင်ခုန်နေမှာအမှန်ပါပဲ ဒီဇာတ်လမ်းရဲ့ မူရင်းဝတ္ထုဖြစ်တဲ့The Legend of the Condor Heroes (射鵰英雄傳) ကို၁၉၅၇ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ထုတ်ဝေခဲ့ပါတယ်အခု ထွက်လာမဲ့ Drama မှာတော့ Part 5 ခုခွဲပြီးရိုက်ကူးတင်ဆက်သွားမယ်လို့သိရပြီး စုစုပေါင်းအပိုင်း ၆၀ ပါဝင်မှာပါအရှေ့မက်မွန်ကျွန်းသခင်၊ အနောက်အဆိပ်၊ တောင်ပိုင်းဘုန်းကြီး၊မြောက်ပိုင်း သူဖုန်းစားနဲ့ အလယ်ပိုင်း သူတော်စင်တို့အကြောင်းကိုလဲအကျယ်တဝံ့ရိုက်ကူးတင်ဆက်မယ့်အခန်းတွေလဲပါပါတယ် ဒီဇာတ်လမ်းရဲ့ ခေတ်ကိုတော့ စုန့်မင်းဆက်မှာ အခြေခံထားပါတယ်။ကာလကတော့ ကျင်းလူမျိုးတွေ အင်အားကြီးမားနေချိန်၊ မွန်ဂိုတွေကသဲကန္တာရကို စိုးမိုးနေချိန်ပဲ ဖြစ်ပါတယ်။ စုန့်ဘုရင်ကလည်းစာပေအနုပညာကလွဲပြီး တိုင်းရေးပြည်ရေးကို စိတ်မဝင်စားတော့ပါဘူး။သူ့ရဲ့ အမတ်ချုပ်ကြီး ကျင့်ဟိုင်က သစ္စာရှိအမတ်တွေကို ရှင်းထုတ်ရင်းနန်းတွင်းမှာ အုပ်စိုးနေပါတော့တယ်။ စစ်သူကြီးယွဲ့ဖေးကို သတ်ဖြတ်ခဲ့ပြီးကျင်းလူမျိုးတွေနဲ့ စစ်ပြေငြိမ်းထားပါတယ်။ နေရာအနှံ့မှာလည်း အမတ်တွေအကျင့်ပျက်ပြီး ပြည်သူတွေကို ဖိနှိပ်နေချိန်ပါ။ ဒါကြောင့် သိုင်းလောကသားတွေဒီအတိုင်း ကြည့်မနေနိုင်တော့ဘဲ နေရာအနှံ့မှာ အကျင့်ပျက်အမတ်တွေကိုသုတ်သင်ရင်း တိုက်ပွဲတွေ ဖြစ်လာပါတော့တယ်။ ဒီတိုက်ပွဲတွေကြားထဲမှာ ညပ်ပြီးဒုက္ခရောက်သွားတဲ့ ကောမိသားစုနဲ့ ယန်မိသားစု၊ သူတို့ရဲ့ သားတွေဖြစ်တဲ့ကောကျင့် နဲ့ ယန်ခန်းတို့က အဓိက ဇာတ်ကောင်တွေဖြစ်လာပါတယ်။ သိုင်းလောကထဲမှာတော့ ဒီကာလမှာ ထိပ်သီးကြီး ၅ ဦးပေါ်ပေါက်လာပါတော့တယ်။အရှေ့မက်မွန်ကျွန်းသခင်၊ အနောက်အဆိပ်၊ တောင်ပိုင်းဘုန်းကြီး၊ မြောက်ပိုင်း သူဖုန်းစားနဲ့အလယ်ပိုင်း သူတော်စင်တို့ပါပဲ။ ဒီဇာတ်လမ်းဟာ သိုင်းလောက နဲ့ နိုင်ငံရေးစစ်ရေးတွေကိုဟာကွက်မရှိအောင် ရေးသားထားတဲ့ ဂန္ဓာဝင်ဝတ္ထုကြီးကို ပြန်လည်ရိုက်ကူးထားတာပြီးအခု ဒီ Remake ဟာ Hit ဖြစ်လာမလား Fail သွားမလားဆိုတာကိုတော့ပရိသတ်ကပဲ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်...
2001: A Space Odyssey (1968) ⭐TMDB: 81% User Score 🎬 #Adventure #SciFi #ScienceFiction #Mystery 🗓 1968 🎞 movie 🌎 #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 29 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2001: A Space Odyssey(1968) IMDb….8.3;;;;;;;;Rotten….92% ရုပ်ရှင်ဆိုတာ စာအုပ်တွေလိုပဲ ဖျော်ဖြေရေးထက်ပိုတဲ့ အနုပညာရသတစ်ခုကို ပေးစွမ်းနိုင်တယ်ဆိုတာ လက်ခံပါသလား။လက်ခံတယ်ဆိုရင်တော့ 2001: A Space Odyssey ကို ကြည့်ဖြစ်အောင်ကြည့်ပြီး ခံစားကြည့်လိုက်ပါ။ ဒီလိုရုပ်ရှင်မျိုး ရုပ်ရှင်လောကမှာ နောက်တစ်ကားထွက်ရှိလာဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူးလို့တောင် ရုပ်ရှင်ဝေဖန်ရေးဆရာတွေက ဆိုကြတယ်… ဒီရုပ်ရှင်ဟာ ကမ္ဘာကျော်ဒါရိုက်တာကြီး Stanley Kubrick ရဲ့ အကောင်းဆုံးရုပ်ရှင်ကားဖြစ်ပြီး ၁၉၆၈ က ပြသခဲ့တဲ့ရုပ်ရှင်လို့တောင် မထင်လောက်အောင် လက်ရာမြောက်လွန်းတဲ့ ရုပ်ရှင်ကားပါ။ နောက်ခံတီးလုံးတွေကအစ ခမ်းနားလွန်းပြီး ဇာတ်ဝင်ခန်းတိုင်းဟာ ရင်သပ်ရှုမောစရာကောင်းလွန်းပါတယ်။ အဲ့ခေတ် အဲ့အခါက ရုံတင်ပြသခဲ့ရာမှာတော့ အမိုက်စားရိုက်ချက်တွေနဲ့ ၁၉၆၀ ကျော်ကာလမှာ မမြင်ဖူးသေးတဲ့ ရိုက်ကွင်းအနေအထားတွေကြောင့် ဒီရုပ်ရှင်ဟာ အထိုက်အလျောက်အောင်မြင်ခဲ့ပေမယ့် ဝေဖန်ရေးဆရာတွေကတော့ ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်အရမ်းဆန်လွန်းတယ်၊ ဘာကိုပြချင်တာလဲ စသဖြင့် အနုတ်သဘောဆောင်တဲ့ ထင်မြင်ချက်တွေပဲ ပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အချိန်တွေကြာလာတာနဲ့အမျှ ဒီရုပ်ရှင်က နာမည်မကျသွားတဲ့အပြင် 2001 ရဲ့ဂုဏ်သတင်းဟာ ပိုပိုပြီး ကျော်ကြားလာခဲ့ပါတယ်။ ဆယ်စုနှစ်တွေကုန်ဆုံးသွားလေလေ 2001 ရုပ်ရှင်အကြောင်း၊ Stanley Kubrick အကြောင်း မှတ်တမ်းရုပ်ရှင်၊ ဆောင်းပါးတွေဟာ ပိုပိုများပြားလာလေဖြစ်ပြီး ဒီရုပ်ရှင်ဟာ အနာဂတ်ဟောစာတမ်းတစ်ခုလို ဖြစ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ လူသားတွေဆီရောက်ရှိလာတဲ့ ကျောက်တိုင်ကြီး ၄ တိုင်ကို ရှာဖွေပုံအကြောင်းနဲ့ ဒီကျောက်တိုင် ၄ တိုင်ရဲ့ ဆက်စပ်မှုအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ အထင်ရှားဆုံးထူးခြားချက်ကတော့ လကမ္ဘာကို လူတွေမရောက်သေးခင်မှာတင် လကမ္ဘာကို စိတ်ကူးယဉ်ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်အာကာသယာဉ်မှူးတွေ လပေါ်တကယ်ရောက်ရှိခဲ့ပြီး ပြန်လာတဲ့အခါမှာလဲ လကမ္ဘာဆိုတာ 2001: A Space Odyssey ထဲကအတိုင်းပါပဲလို့ ပြောသွားရလောက်တဲ့အထိ မှန်ကန်တိကျခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ 2001 ဟာ နှစ်ချို့ဝိုင်တစ်ပုလင်းလိုပဲ အချိန်ကြာလေလေ ရုပ်ရှင်ထဲကအချက်အလက်တွေ၊ သီအိုရီတွေက လူတွေနဲ့ ပိုမိုနီးစပ်လာလေ၊ ရင်းနှီးလာလေဖြစ်ပြီး Stanley Kubrick တစ်ယောက် ဒါကြီးကို ဘယ်လိုများစဉ်းစားမိပါလိမ့် လို့တွေးသွားရလောက်အောင် အံ့သြစေပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ ၁၉၆၀ ကမရောက်သေးတဲ့ လကမ္ဘာအကြောင်း၊ နေအဖွဲ့အစည်းအကြောင်းအပြင် အဲ့ခေတ်အဲ့အခါက ထွင်ဖို့တောင်မပြောနှင့်၊ စဉ်းတောင်မစဉ်းစားမိသေးတဲ့ A.I (Artificial Intelligence) စနစ်တွေကိုပါ ထည့်သွင်းရိုက်ကူးပြထားတာဖြစ်ပြီး တကယ်ပဲ ကြက်သီးမွှေးညှင်းထမိစေပါလိမ့်မယ်။ ဒါရိုက်တာကြီးကိုယ်တိုင်က ဒီဇာတ်ကားဟာ သာမန်ရုပ်ရှင်ကြည့်ပရိသတ်အကြိုက်တွေ့မယ့် ဇာတ်ကားမျိုးမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပြီး ကြည့်ရှူသူတစ်ယောက်ကို အမြင်တစ်မျိုးထွက်လာအောင်လုပ်ထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ရုပ်ရှင်ကို ဖျော်ဖြေရေးတစ်ခုအတွက်နဲ့ ကြည့်ရှူနေသူတွေအတွက်တော့ ပျင်းစရာကောင်းပြီး ဘာရိုက်ပြနေမှန်းမသိပါဘူးလို့ ပြောမိပါလိမ့်မယ်ဆိုတာတော့ ကြိုတင်အသိပေးလိုပါတယ်။ Stanley Kubrick ရဲ့ နှစ်ခါပြန်မရနိုင်တော့တဲ့ 2001 ဇာတ်ကားကြီးကို အခုပဲ ဒေါင်းလုတ်လုပ်ပြီး ကြည့်ရှူခံစားလိုက်ပါတော့ဗျာ။ ဇာတ်လမ်းအညွှန်းကိုတော့ အာကာဖြိုးမှရေးသားပေးပြီးဘာသာပြန်သူကတော့ JtheKoala ဖြစ်ပါတယ်...
Baahubali: Crown of Blood (2024) ⭐IMDB: 7.8/10 (2 k Votes) 🎬 #Animation #Action #Adventure #Drama #War #Politics 🗓 2024 🎞 tv series 🌎 #India ⏰ 22 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Baahubali: Crown of Blood (2024)============================================= ဘာဟူဘာလီရုပ်ရှင်တွဲတွေရဲ့ official prequel လို့ပြောလို့ရတဲ့IMDb 7.8/10 ရ Animated series လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးဟာ Animated ဖြစ်တယ်ဆိုပေမဲ့ Animation တွေ တော်တော်လေးမဆိုးတဲ့အပြင်ဇာတ်လမ်းဇာတ်ကွက်လည်း ကောင်းမွန်တာကြောင့် ဘက်ဂျက်ကောင်းကောင်းသုံးပြီးသာရုပ်ရှင်ရိုက်ခဲ့ရင် စံချိန်တွေတသီကြီးချိုးဦးမယ့်ရုပ်ရှင်တစ်ခုဖြစ်မှာအမှန်ပါပဲ။ ဇာတ်လမ်းကတော့ Bahubali 1 ထဲက ကာလက်ကန်စစ်ပွဲကြီးမဖြစ်ခင်ကြားကာလမှာမိစ္ဆာဘုရင်ဆိုတဲ့ ထူးဆန်းတဲ့လူကြီးက ကာလက်ကန်တွေကို လက်နက်ဆန်းတွေ၊နည်းဗျူဟာအကြံဉာဏ်တွေပေးပြီး မာဟစ်မာတီတိုင်းပြည်ကို သိမ်းပိုက်ဖို့ကြိုးစားနေပါတယ်။ အဲဒီ မိစ္ဆာဘုရင်နဲ့ တိုက်ခိုက်ကြရင်း ဘာဟူဘာလီပျောက်ဆုံးသွားခဲ့ပြီး အဲဒီအတွက် ကပ်တာပါလည်းနယ်နှင်ဒဏ်ပေးခံလိုက်ရကာ မိစ္ဆာဘုရင်ကို တကွဲတပြားရင်ဆိုင်ကြရဖို့ ဖြစ်လာပါတော့တယ်။ ကာလက်ကန်တိုက်ပွဲပြီးမတိုင်ခင်က မာဟစ််မာတီ တိုင်းပြည်မှာ ဘာတွေဖြစ်ခဲ့လဲ၊ ပြည်သူတွေကမင်းသားငယ်ဘာဟူဘာလီကို ဘာလို့ပိုပြီးမေတ္တာရှိကြတာလဲဆိုတာကို ဒီစီးရီးထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်…။ (ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Sniper (1993) ⭐TMDB: 61% User Score 🎬 #Action #Thriller #War #Drama 🗓 1993 🎞 movie 🌎 #UnitedStates #Peru #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သမ္ဘာ့ရင့် လက်ဖြောင့်စနိုက်ပါသမားဖြစ်တဲ့ တပ်ကြပ်ကြီး Thomas Beckett သူ့ရဲ့အထောက်တော် Papich တောတွင်းက ပနားမားသူပုန်ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ပြီး မစ်ရှင်တစ်ခုအောင်ပြီးချိန်မှာ မမျှော်လင့်တဲ့အမှားတခုကြောင့် Papich တိုက်ပွဲကျသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆရာကြီး Beckett အတွက် အတွေ့အကြုံ နုနယ်တဲ့ Richard Miller အထောက်တော်အဖြစ် ခန့်အပ်ပေးပြီး သူတို့နှစ်ဦးဟာ ကိုလံဘီယာဘိန်းရာဇာက ငွေအင်အားထောက်ပံ့ ပေးထားတဲ့ ပနားမားသူပုန်ဗိုလ်ချုပ်ကို လုပ်ကြံဖို့ မစ်ရှင်စတင် ခဲ့ကြပါတယ်။ ကျွမ်းကျင်တဲ့ ဝါရင့်စနိုက်ပါသမားနှင့် အတွေ့အကြုံမရှိတဲ့ အထောက်တော်တို့ဟာ အန္တရာယ်ရှိတဲ့ တောတွင်းမြေပြင်ကို သွားလာရင်း မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်ကြရမှာလဲ၊ အမြင်မတူတဲ့ သူတို့နှစ်ယောက်ကြား ဘယ်လိုတင်းမာမှုတွေ ဖြစ်ပေါ်လာမှာလဲ၊ အသက်လုပြေးရတဲ့ အခက်အခဲတွေကြားထဲမှာ Beckett က ဆရာကောင်းပီသနိုင်ပါ့မလား ဒီမစ်ရှင်ကို အောင်မြင်အောင် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့် စနိုက်ပါအသားပေး အက်ရှင်ရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်။...
Phulrani (2023) ⭐IMDB: 5.8/10 (640 Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 20 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Phulrani (2023)”ပန်းဘုရင်မလေး”============================= ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလို့ရမယ့် ၂၀၂၃ ခုနှစ်ထွက် မာရသီစကားပြောအချစ်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်လေးဟာဆိုရင် နာမည်ကြီး အိုင်းရစ်ရှ်လူမျိုး ပြဇာတ်ရေးဆရာ ဂျော့ဂျ်ဘားနတ်ရှောကိုအော်စကာဆုရစေခဲ့တဲ့ Pygmalion ဆိုတဲ့ ဂန္တဝင်ပြဇာတ်ကို အိန္ဒိယမှုပြုပြီး တမူဆန်းသစ်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့.. Pretty Princess ဆိုတဲ့ အလှမယ်ပြိုင်ပွဲတစ်ခုမှာ အကယ်ဒမီတစ်ခုတည်းကအလှမယ်တွေဟာ ၅ နှစ်ဆက်တိုက် အနိုင်ရနေပါတယ်။ အဲဒီအကယ်ဒမီကို ဦးစီးလေ့ကျင့်ပေးနေတာကတော့ ဗစ်ကရမ်ဆိုတဲ့ စိတ်မြန်လက်မြန် သင်တန်းဆရာပါ။သူဟာ ပြိုင်ပွဲဆုပေးပွဲ့နေ့မှာ အရက်မူးပြီး သူငယ်ချင်းဖြစ်သူနဲ့ ငြင်းခုန်ရင်း သူတို့နားကိုရောက်လာတဲ့အခြေခံလူတန်းစား ဆတ်ဆတ်ကြဲ ပန်းသည်မလေးကို အလှဘုရင်မဖြစ်အောင်လုပ်ပေးပြမယ်လို့ လူသိရှင်ကြားစိန်ခေါ်မိသွားပါတယ်။ သူဟာ အဲဒီအလောင်းစားကို အနိုင်ရမှာလား၊ ရပ်ကွက်ထဲက အော်ကြောလန်ကောင်မလေးကိုအလှမယ်ဖြစ်အောင်ဘယ်လိုလုပ်ပေးမှာလဲ၊ သူတို့နှစ်ယောက် ဘယ်လိုဇာတ်လမ်းဆက်ကြမလဲဆိုတာကိုလူတန်းစားခွဲခြားမှုတွေကို ဆန့်ကျင်ပြထားတဲ့ ဒီရုပ်ရှင်လေးထဲမှာ ချစ်စဖွယ်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Closed Circuit (2013) ⭐IMDB: 6.2/10 (23 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2013 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Closed Circuit (2013) IMDb Rating (6.2) လန်ဒန် ရဲ့ အထင်ကရဈေးတခုမှာ ပေါက်ကွဲမှုတခု ဖြစ်ပွဲခဲ့ပြီး လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်… ဒီဖြစ်ရပ်မှာ သံသယရှိသူ တစ်ဦးကို ဖမ်းဆီးပြီး စစ်ဆေးခဲ့ကြပါတယ်… တရားလိုရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်နေတဲ့ ဆိုင်မွန်ဟာ ရုတ်တရတ် သေဆုံးသွားခဲ့ပြီးနောက် ဒီအမှုကိုဆက်လက်စစ်ဆေးဖို့ ရှေ့နေ Martin Rose ကို လွှဲပြောင်းပေးခြင်းခံရသလို တချိန်ထဲမှာပဲ တရားခံဖက်က ရှေ့နေအဖြစ် Claudia Simmons ကို ဆောင်ရွက်စေခဲ့ပါတယ်…ထူးခြားတာက သူတို့ ၂ ဦးဟာ မကြာခင်အချိန်တခုကမှ ပြတ်စဲထားတဲ့ လင်မယားတွေဖြစ်ကြတာကြောင့် ဒီအမှုကို ပေးအပ်လိုက်ချိန်ကစလို့ တဦး နဲ့ တဦး မည်သည့် အကြောင်းနဲ့မှ ပက်သက်ဆက်နွယ်ခွင့်မရှိကြောင်း ကတိပေးထားရပါတယ်.. တရာခံရှေ့နေ Claudia ဟာ MI5 agent Nazrul Sharma ရဲ့ ထိမ်းသိမ်းမှုအောက်မှာသာ လှုပ်ရှားခွင့်ရှိပြီး တရားခံ Farroukh ရဲ့ မိသားစုကိုလဲ လုံခြုံရေးအရ MI5 မှ ကာကွယ်စောက်ရှောက်ထားပါတယ်… Martin ကတော့ မိတ်ဆွေဖြစ်သူ ရှေ့နေ Devlin နှင့်အတူ အမှုမှန်ပေါ်ပေါက်ဖို့ ထောက်လှမ်းနေခဲ့ပါတယ်… Martin ဟာ သူငှားစီးတဲ့ တက္ကစီကို မသင်္ကာရာမှ တရားခံ Farroukh ဟာ MI5 မှ Agent တယောက်ဆိုတာ သိသွားချိန်မှာ …သတ်မှတ်ထားတဲ့ စည်းကမ်း ကို ချိုးဖောက်ပြီး Claudia ကို ဘောလုံးပွဲမှာ လျို့ဝှက်ချိန်းဆိုခဲ့ပြီး Farroukh ဟာ MI 5 တယောက်ဖြစ်ကြောင်း သတိပေးလိုက်ပါတော့တယ်…နောက်တနေ့ သူတို့လိုက်ပါဆောင်ရွက်နေတဲ့ လန်ဒန်ဗုံးကွဲမှုကို စတင်ရုံးတင် စစ်ဆေးရာမှာလည်း လျှို့ဝှက် စစ်ဆေးစေခဲ့ပြီး တရားလိုဘက်မှ နားထောင်ပြန်ကြားခွင့်မရခဲ့ပါဘူး… ဒီလိုနဲ့ Martin နဲ့ Claudia တို့ဟာ Farroukh ရဲ့ သားဖြစ်သူကို ဆက်လက်စစ်ဆေးရာမှာ အစတစ်စကို ဆွဲထုတ်နိုင်ခဲ့ပြီးတော့ လန်ဒန်ဗုံးကွဲမှုရဲ့ တရားခံအစစ် ကို သိရှိသွားတဲ့အခါမှာတော့…။ မင်းသားကြီး Eric Bana , မင်းသမီး Rebecca Hall နဲ့ Julia Stiles တို့အဓိကပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက အတူတူလိုက်ပါစီးမျောဖို့ကောင်းတဲ့ စိတ်ဝင်စားစရာရုပ်ရှင်ကားဖြစ်ပါတယ်။...
Sniper 2 (2002) ⭐TMDB: 54% User Score 🎬 #Action #War 🗓 2002 🎞 video movie 🌎 #UnitedStates #Hungary #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမေရိကန်အထူးတပ်ဖွဲ့ရဲ့ တပ်ကြပ်ကြီး၊ မရိန်းစနိုက်ပါဟောင်း တဦးဖြစ်တဲ့ ဘက်ကက်ဟာ လွတ်မြောက်နယ်မြေမှာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုမစ်ရှင်တွေ လုပ်ဆောင်နေတဲ့ ဆားဘီးယားဗိုလ်ချုပ်ကြီးကို ရှင်းပစ်ဖို့ တာဝန်ပေးခံခဲ့ရပါတယ်။ ဒီမစ်ရှင်မှာ သူနဲ့အတူ အထောက်တော်တယောက်ပါဝင်လာခဲ့ပြီး ဒီအထောက်တော်ဟာ ထောင်ထဲမှာ သေဒဏ်ပေးခံထားရာကနေ မစ်ရှင်မှာ ပါဝင်ခွင့်ရလာတာဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဝါရင့်စနိုက်ပါသမားနဲ့ သေဒဏ်ကနေလွတ်ပြီး မစ်ရှင်အောင်မြင်ချင်တဲ့ အထောက်တော်တို့ဟာ အန္တရာယ်ရှိတဲ့ လွတ်မြောက်နယ်မြေထဲ သွားလာရင်း စိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်ကြရမှာလဲ၊ သူတို့နှစ်ယောက်ကြား ဘယ်လိုတင်းမာမှုတွေ ဖြစ်ပေါ်လာမှာလဲ၊ အသက်လုပြေးရတဲ့ အခက်အခဲတွေကြားထဲမှာ ဒီမစ်ရှင်ကို အောင်မြင်အောင် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့် စနိုက်ပါအသားပေး အက်ရှင်ရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်။...
Sniper 3 (2004) ⭐TMDB: 54% User Score 🎬 #Action #Drama #Thriller #War 🗓 2004 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမေရိကန်မရိန်းတပ်ရဲ့ လက်အဖြောင့်ဆုံး စနိုက်ပါလူသတ်သမား မာစတာတပ်ကြပ်ကြီး Thomas Beckett ကို စစ်ဆင်ရေးတခု ဆောင်ရွက်ဖို့ CIA က တာဝန်ပေးခဲ့ပါတယ်။ သူ့ရဲ့မစ်ရှင်တာဝန်က ဟိုချီမင်းမြို့ရဲ့ အရက်စက်ဆုံး ဒုစရိုက်မှောင်ခိုဂိုဏ်းချုပ်ကြီးကို ရှင်းပစ်ဖို့ပါ။ ဒါပေမဲ့ အဲဒီ ဘိန်းမှောင်ခိုဆရာကြီးဟာ Beckett ရဲ့ အသက်သခင်ကျေးဇူးရှင်ဖြစ်နေတဲ့အပြင် သူနဲ့ အတူတူ တာဝန်ထမ်းဆောင်ဖူးတဲ့ စစ်ပြန်ဟောင်းတဦးဖြစ်နေတဲ့အခါမှာတော့ သစ္စာတရားနဲ့ သစ္စာဖောက်မှုကြားက မျဉ်းပါးပါးလေးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမှာလဲ၊ စီအိုင်အေက သူ့ကို အသုံးချခဲ့တယ်ဆိုတာကို သိရှိသွားတဲ့အခါမှာ တကိုယ်တော်စွန့်စားမှုနဲ့ အမှန်တရားကို ဘယ်လိုရှာဖွေသွားမလဲဆိုတာ အမိုက်စား စောင့်ကြည့်ရမယ့် အက်ရှင်ကားကောင်းတကားဖြစ်ပါတယ်။...
Sniper: Legacy (2014) ⭐IMDB: 5.3/10 (6 k Votes) 🎬 #Action #Thriller #War 🗓 2014 🎞 video movie 🌎 #UnitedStates #Bulgaria #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sniper Legacy (2014) ဇာတ်ကားဟာ 2011 ခုနှစ်ထွက် Sniper Reloaded ရဲ့အဆက်ဖြစ်ပြီး ရှေ့ကားရဲ့ ခြေရာကို ကောင်းကောင်းလိုက်နင်းထားနိုင်တဲ့ Sniper အသားပေး Action ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ အရင်ကားထဲက မင်းသားကျော် သရုပ်ဆောင်ထားတဲ့ Brandon Beckett ဟာ ဒီကားထဲမှာလဲ အဓိကအနေနဲ့ ဆက်လက်ပါဝင်နေတုန်းပါပဲ။ ဇာတ်လမ်းလေးရဲ့အစမှာတော့ ယခင်စစ်သားဟောင်း တစ်ယောက်က အကြောင်းတစ်စုံတစ်ခုကြောင့် အာဖဂန်နစ္စတန်က မစ်ရှင်တစ်ခုမှာ ပါဝင်ခဲ့ဖူးတဲ့ အရာရှိတွေ အားလုံးကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံလုပ်ကြံ နေတာနဲ့ စထားပါတယ်။ သူ ဘာအကြောင်းတွေကြောင့် ဒီလိုလုပ်ကြံနေတာလဲ။ အဲဒါတွေကို အဖြေရှာဖို့ မင်းသားရဲ့ ဆရာအပေါ် တာဝန်ကျလာတဲ့အခါမှာ မင်းသားနဲ့ ဘယ်လို ပူးပေါင်းပြီး အဖြေရှာမလဲ သူတို့ရဲ့ ရည်မှန်းချက်ကရော အောင်မြင်မှာလား မင်းသားရဲ့အဖေ တစ်ချိန်က နာမည်ကျော် Sniper ဖြစ်ခဲ့တဲ့သူကရော နောက်ကွယ်မှာ ဘာအကြောင်းတွေ ရှိနေမှာလဲ မင်းသားအနေနဲ့ လုပ်ကြံမှုတွေကို တားဆီးနိုင်ပါ့မလား စတာတွေကို ပစ်ခတ်ခန်း အကောင်းစားတွေနဲ့ R rating အဆင့်မျိုး ကြည့်ရမှာဖြစ်လို့ အက်ရှင်ကားကြိုက်သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်...
Sniper: Reloaded (2011) ⭐IMDB: 5.4/10 (9 k Votes) 🎬 #Action #Drama #Thriller #War 🗓 2011 🎞 video movie 🌎 #SouthAfrica #UnitedStates #Germany #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sniper Reloaded ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်ထွက် Rating R ရှိတဲ့ Sniper အသားပေး အက်ရှင်ဒရမ်မာကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Sniper နဲ့ military အက်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲ။ အတိုက်အခိုက် အပစ်အခတ်တွေက ကြမ်းတမ်းရက်စက်သလို ဇာတ်လမ်းကလည်း မဆိုးလှပါဘူး။ တချိန်က နာမည်ကျော် Sniper သမားတစ်ယောက်ရဲ့သား မရိန်းတပ်သားတစ်ယောက်လည်း ဖြစ်တဲ့ မင်းသား Brandon ဟာ သူတာဝန်ကျရာ ကွန်ဂိုနိုင်ငံမှ သူပုန်နှိမ်နင်းရေး တာဝန်ထမ်းဆောင်ရင်း သူ့ရဲ့အဖွဲ့သားအားလုံးဟာ Sniper သမားတစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပြီး သူတစ်ယောက်ပဲ ကံသီပြီး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ သူ့ဘော်ဒါတွေအတွက် လက်စားချေချင်တဲ့ မင်းသားတစ်ယောက် သတ်တဲ့သူကို အစရှာ လိုက်လံစုံစမ်းတဲ့အခါမှာ ထွက်လာတဲ့အစက ဘယ်လောက်ထိ ရှည်လျားပါဝင်ပတ်သက်နေမလဲ မင်းသားအနေနဲ့ ရုန်းထွက်နိုင်ပါ့မလား ကြားထဲမှာ မိတ်ဆွေတွေ ချစ်သူခင်သူတွေကရော ထိခိုက်သွားမှာလား စတာတွေကို ရင်ခုန်စွာ စောင့်ကြည့်ရမဲ့ အက်ရှင်ကားကောင်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်း လိုက်ပါတယ်...
The Apartment (1996) ⭐TMDB: 67% User Score 🎬 #Adult #Drama #Mystery #Romance 🗓 1996 🎞 movie 🌎 #France #Italy #Spain ⏰ 1 နာရီ 58 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Apartment (1996) L’appartement IMDb Rating (7.3) / Rotten Tomatoes (86%) မမ Monica Bellucci နဲ့ Irreversible (2002) မှာအတွဲညီခဲ့တဲ့ မင်းသား Vincent Cassel တို့ရဲ့ ပထမအကြိမ်ဆုံတွေ့ထားတဲ့ ပြင်သစ်ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. မက်စ်ဟာ ပြင်သစ်သား တစ်ဦးဖြစ်ပြီး အနည်းငယ်ပွေရှုပ်တတ်တဲ့ စရိုက်ရှိပေမယ့် အခုချိန်မှာတော့ စေ့စပ်ထားပြီးပါပြီ။ တစ်နေ့အလုပ်ကိစ္စနဲ့ တိုကျိုကိုသွားမယ့်လမ်းမှာ တစ်ချိန်က အချစ်ဆုံး အချစ်ဟောင်း တစ်ဦးဖြစ်ခဲ့တဲ့ လီဆာလို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်ကို အတွေ့မှာတော့ သူဟာ အားလုံးကိုမေ့လျော့ပြီး အဲ့ဒီအမျိုးသမီးကို နောက်ယောင်ခံလိုက်ပါတော့တယ်။ အဲ့ဒီအမျိုးသမီးရဲ့ တိုက်ခန်းမှာ ပုန်းအောင်းနေပြီး သူရောက်အလာထွက်တွေ့ချိန်မှာတော့ အဲ့ဒီအမျိုးသမီးဟာ လီဆာ မဟုတ်ပဲ ရုပ်ချင်း ခပ်ဆင်ဆင်တူတဲ့အဲလက်စ် ဆိုတဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အချစ်နယ်ကျွံမိခဲ့ကြတယ်။တကယ်တမ်း သူတို့မသိသေးတာက အဲလက်စ်ဟာ မက်စ်ရဲ့ အချစ်ဆုံး သူငယ်ချင်း လူဆီယန်ရဲ့ ရည်းစားဖြစ်နေတာကိုပါ။နောက်ထပ်တစ်ခုကတော့ မက်စ်ရဲ့ တကယ်တမ်း အချစ်ဦး လီဆာဟာ မပတ်သက်သင့်တဲ့ အိမ်ထောင်သည် တစ်ဦးကို သွားပတ်သက်မိခဲ့ပြီးအဲ့ဒီလူရဲ့ လိုက်လံနှောင့်ယှက်မှုတွေကြောင့် ခြေရာဖျောက်ပုန်းအောင်းနေရပါတယ်။သူတို့လေးယောက်ကြားက ပတ်သက်ဆက်နွယ်မှုတွေဟာ ဘာတွေလဲ။ ဘယ်သူက ဘယ်သူ့ကိုလှည့်စား ပြီး ဘယ်သူက ဘယ်သူ့ကိုဖောက်ပြားခဲ့တာလဲ?ဇာတ်ကြောင်း အနည်းငယ်ရှုပ်ထွေးသလိုရှိပေမယ့် ခေတ်ဆန်တဲ့ တင်ပြပုံ ရိုက်ချက်တွေကြောင့် ဝေဖန်ရေးဆရာ အများစုရဲ့ ချီးကျူးမှုတွေကို ရရှိခဲ့ပြီး၁၉၉၈ ဗြိတိန်အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်ဆုရရှိခဲ့ပါတယ်။ (အဖော်အချွတ်ခန်းတချို့ပါတာမလို့ မိသားစုနဲ့ကြည့်ဖို့တော့မပြေလောက်တဲ့ဇာတ်ကားပါ။)...
Kill Command (2016) ⭐IMDB: 5.7/10 (15 k Votes) 🎬 #Action #Horror #SciFi #ScienceFiction #Thriller 🗓 2016 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 40 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၁၆ ကထွက်ရှိထားတဲ့ဗြိတိန်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် Kill Command ကတော့ မရိန်းစစ်သားတွေနဲ့ AI စက်ရုပ်တွေကြမ်းကြမ်းတမ်းတမ်းချကြမယ့် အက်ရှင်ကား တစ်ကားဖြစ်ပါတယ်။ Mission: Impossible ရုပ်ရှင်တွေထဲက မင်းသမီးချော Vanessa Kirby က အဓိကဇာတ်ကောင်တစ်ခု ဖြစ်တဲ့ Cyborg မလေး Mills အဖြစ် ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ နည်းပညာအရမ်းတိုးတက်နေတဲ့ခေတ်ကာလ တစ်ခုကို အခြေခံထားပြီး Harbinger Corporation အတွက် အလုပ်လုပ်တဲ့ Cyborg မလေး Millsဟာ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ခုမှာတည်ရှိတဲ့ Harbinger I လေ့ကျင့်ရေးကွင်းမှာ တိုက်ခိုက်ရေး AI စနစ်တစ်ခုက တစ်စုံတစ်ခုလွှဲမှားနေမှန်း ရိပ်စားမိနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Mills ဟာ ကပ္ပတိန် Bukes ခေါင်းဆောင်တဲ့ Reaper I မရိန်းအဖွဲ့အတူ Harbinger I ကို သွားရောက်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ကပ္ပတိန် Bukes နဲ့အဖွဲ့က သာမန်စစ်ရေး လေ့ကျင့်မှုတစ်ခုလို့ပဲထင်ပြီး ခပ်ပေါ့ပေါ့ပဲလာခဲ့ကြပေမယ့် တပ်ဖွဲ့ဝင်တချို့သေဆုံးသွားပြီးတဲ့နောက်မှာမှ ကျွန်းပေါ်က စနစ်ချွတ်ယွင်းနေတဲ့ AI တိုက်ခိုက်ရေးစနစ်နဲ့ အသေအကြေ ရင်ဆိုင်တိုက်ခိုက်ရမှာကိုသိရှိလာခဲ့ရပါတယ်။ Mills နဲ့ကပ္ပတိန် Bukes တို့အဖွဲ့ဟာ နည်းပညာအဆင့်မြင့်ပြီး သူတို့ကိုသားကောင်တွေလိုသဘောထားအမဲလိုက်မယ့် ခေတ်လွန်စက်ရုပ်ကြီးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲ ဆိုတာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။...
Touched with Fire (2015) ⭐IMDB: 6.2/10 (3 k Votes) 🎬 #Drama #Romance 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Touched with Fire ဟာ 2015 ခုနှစ်ကထွက်ရှိထားတဲ့ အမေရိကန်ဒရာမာဇာတ်ကားကောင်းဖြစ်ပြီး ဒါရိုက်တာ Paul Dalio က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ စိတ်ကျန်းမာရေးဆေးရုံမှာ ဆုံတွေ့ပြီး ချစ်ကျွမ်းဝင်သွားတဲ့ ကဗျာဆရာနဲ့ ကဗျာဆရာမနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးက အနုပညာနဲ့ စာပေရေးသား ဖန်တီးခြင်းကို ဝါသနာထုံပြီး ကဗျာပါရမီကောင်းကြပေမဲ့ တဖက်မှာလည်း စိတ်ကြွစိတ်ကျ အစွန်းနှစ်ဖက်ရှိတဲ့ Bipolar စိတ်ရောဂါခံစားနေရတဲ့ စိတ်ဝေဒနာရှင်တွေဖြစ်ပါတယ်။ မာကိုနဲ့ ကာလာတို့နှစ်ဦးဟာ အဖွဲ့လိုက်ကုထုံးခံယူမှုမှာ တယောက်ကိုတယောက် စသတိထားမိခဲ့ကြပြီးတော့ တဖြည်းဖြည်းနဲ့ သိပ်ချစ်ကြတဲ့စုံတွဲတွေဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မိသားစုနဲ့ ဆရာဝန်ရဲ့ အကြံပေးစကားတွေကိုပါ ဆန့်ကျင်ပြီး သူတို့နှစ်ဦးရဲ့ နှစ်ကိုယ်တူဘဝတခုတည်ဆောက်ဖို့ ကြိုးစားကြပုံကို ရင်ဖိုလှိုက်မောစွာ ကြည့်ရှုခံစားကြရမှာပါ။...
