ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
The Loneliest Planet (2011) ⭐IMDB: 5.6/10 (4 k Votes) 🎬 #Drama #Thriller #Romance 🗓 2011 🎞 movie 🌎 #UnitedStates #Germany #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Loneliest Planet (2023)Genre – Drama, Thriller စေ့စပ်ထားကြတဲ့ စုံတွဲနှစ်ဦးဟာ ကမ္ဘာပတ်ပြီး ကျောပိုးအိတ်တစ်လုံးနဲ့ တောင်တက်ပြီး လျှောက်သွားနေကြသူတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သူတို့နှစ်ဦးက ဂျော်ဂျီယာနိုင်ငံကို လာရောက်ပြီးတော့ တောင်တက်ခရီးကို စွန့်စွန့်စားစား သွားကြမှာပဲ ဖြစ်ပါတယ်။ အဲဒီမှာ ဒေသခံလမ်းပြ လူကြီးတစ်ယောက်ကို သွားပြီး ၃ ယောက်သား လှပတဲ့ ဂျော်ဂျီယန်းတောင်တန်းတွေဆီ ခရီးထွက်ကြပါတော့တယ်။ ဒါပေမဲ့ ဇာတ်ကားနာမည်အတိုင်းပဲ လူသူမရှိကြတဲ့ ဒီလို အထီးအကျန်ဆုံးနေရာကြီးမှာ လူသား ၃ ဦး သွားလာကြရင်း ဘယ်လိုမျိုး အမှတ်တမဲ့လေးတွေကစပြီး ကြီးမားတဲ့အထိ ဖြစ်လာနိုင်တာလေးတွေကို ရိုက်ပြထားတာဖြစ်လို့ ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ မင်းသားနေရာကိုတော့ Marvel Werewolf by Night တီဗီရုပ်ရှင်ထဲက သမန်းဝံပုလွေဇာတ်ကောင်ဖြစ်တဲ့ Gael García Bernal သရုပ်ဆောင်ပေးထားတာပါ။ ရိုက်ထားတဲ့ရှုခင်းတွေ လှပတယ်ဆိုပေမဲ့လည်း Slow Burn သွားထားတာဖြစ်ပြီး ဒိုင်ယာလော့ခ်တွေကို သိပ်ဦးစားမပေးထားပါဘူး။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)...
Hula Girls (2006) ⭐TMDB: 67% User Score 🎬 #Drama #Comedy #Family 🗓 2006 🎞 movie 🌎 #Japan ⏰ 2 နာရီ 1 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Wandering Moonတို့ Rageတို့လို ဂျပန်ကားကောင်းတွေကို ရိုက်ခဲ့ဖူးတဲ့ ကိုရီးယားဂျပန် ဒါရိုက်တာ အီဆန်းဂီရိုက်ထားတဲ့ကား။ ဒီဒါရိုက်တာကလည်း အကောင်းကြီးလည်းမဟုတ်ဘူး မကောင်းတာလည်းမဟုတ်ဘူး။ ထားတော့ အဲဒီထက်အခရာကျတာက ဒီရုပ်ရှင်မှာ သူမတူတဲ့ဆွဲဆောင်မှုက သက်သက်ပါပြီးသား။ Yu Aoi(ယုအအိုအိ)ပေါ့။ ဂျပန်စီနီမာကြီးတစ်ခုလုံးက မင်းသမီးတွေထဲ ယုအအိုအိက ဘယ်သူနဲ့မှမတူဘူး။ ဆွဲဆောင်မှုရှိတယ်။ တစ်ချိန်တည်းမှာပဲ အပြစ်ကင်းတယ်။ ကလေးလေးတစ်ယောက်ကို မြင်တဲ့အမြင်နဲ့ရော လိင်စိတ်နိုးကြွစရာအရာတစ်ခုအဖြစ်နဲ့ရော ယုအအိုအိကို ခင်ဗျားနှစ်ခုလုံးမြင်ကြည့်လို့ရတယ်။ ရုပ်လှပေမဲ့လည်း အဲဒီလှနေတဲ့ရုပ်က သရုပ်ဆောင်မှုကို ထိခိုက်သွားခဲ့တဲ့ သာဓကတွေ ကျွန်တော်တို့အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ယုအအိုအိကတော့ အဲဒီဘောင်ကို အလိုလိုကျော်လွှားနိုင်ခဲ့တယ်။ သူရိုက်ခဲ့တဲ့ ဒါရိုက်တာတွေဆိုတာကလည်း ဒိတ်ဒိတ်ကြဲတွေများတယ်။ One Million Yen Girlတို့ All About Lily Chou-Chouတို့ Birds Without Namesတို့ Wife of a Spyတို့လို ကားတွေကို တော်တော်များများကြည့်ဖူးကြမှာပါ။ ဂျပန်ရုပ်ရှင်တစ်ကားကို ယုအအိုအိထည့်လိုက်တယ်ဆိုတာက ညနေခင်းထဲ သက်တန့်ရောင်တိမ်တွေ ပစ်ထည့်ပေးလိုက်သလိုပဲ။ ကျွန်တော်တော့ ယုအအိုအိရဲ့ ဘယ်ကားကိုမှ ဝန်လေးနေမှမဟုတ်ဘူး။ ဇာတ်ကတော့ ကျောက်မီးသွေးလုပ်ငန်းနဲ့အသက်မွေးတဲ့ မြို့လေးတစ်မြို့မှာ အပြောင်းအလဲတစ်ခုဖြစ်လာတယ်။ မိုင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။ သူတို့သမီးတွေက သူတို့တာဝန်ကို ဟူလာအကသမတွေအဖြစ် အကသင်ပြီး အိမ်ထောင်တာဝန်ကို ကူထမ်းဖို့လုပ်ကြပေမဲ့ သူတို့ဘဝကို ကျောက်မီးသွေးတွင်းထဲကနေ ထွက်နိုင်အောင် လုပ်ခဲ့ကြပေမဲ့ သရုပ်ပျက်အကဆိုပြီး အားလုံးဝေဖန်ခံနေရတာတွေနေ ဘယ်လိုကြိုးစားကျော်ဖြတ်မလဲ ရိုက်ပြထားတာပါ။...
With Love and a Major Organ (2023) ⭐IMDB: 6.9/10 (111 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 32 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.9 ဒီတစ်ခါမှာဆိုရင် သိမ်သိမ်မွေ့မွေ့လေး ခံစားရမယ့် စိတ်ကူးယဥ် အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် လူသားတွေရဲ့ ‘နှလုံးသား’ ကို အရာဝတ္ထုတွေနဲ့ ဖွဲ့ဆည်းထားတဲ့ စိတ်ကူးယဥ်ကမ္ဘာတစ်ခုမှာ ဇာတ်လမ်းတည်ထားပြီး အန်နာဘယ်ရဲ့ နှလုံးသားကတော့ မီးအိမ်လေးတစ်ခုပါ လူသားတွေက စိတ်ခံစားချက်တွေကို နည်းအမျိုးမျိုးနဲ့ ထိန်းချုပ်ပြီး ရှင်သန်ဖို့ကြိုးစားကြပြီး စက်ရုပ်ဆန်ဆန် နေထိုင်လာကြပါတယ် LifeZapp ဆိုတဲ့ အက်ပလီကေးရှင်းကို လူကြိုက်များကြပြီး ရွေးချယ်မှုတိုင်းကို မိမိဘက်က စဥ်းစားစရာမလိုဘဲ app က သူ့ဘာသာသူ ရွေးချယ်ပေးတဲ့ app ပါ အန်နာဘယ်ကတော့ အားလုံးနဲ့တစ်ယောက် ဆန့်ကျင်ဘက်ဖြစ်နေပြီး… စိတ်ခံစားချက်တွေကို တန်ဖိုးထားတတ်တဲ့ ပန်းချီဆရာမလေးပါ တစ်နေ့မှာ သူဟာ ဂျော့ဂျ်ဆိုတဲ့ ယောကျာ်းတစ်ယောက်ကို ချစ်မိသွားခဲ့ပေမယ့် ခံစားချက်အေးစက်တဲ့ ဂျော့ဂျ်အပါအဝင် အန်နာ့သူငယ်ချင်းတွေကြောင့် ဖြည်မဆည်နိုင်တဲ့ အခါမှာ …. ဘယ်လိုအဆုံးစွန်လုပ်ရပ်တွေ လုပ်မိမှာလဲ ဇာတ်အလှည့်အပြောင်းတချို့နဲ့ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေးကို ညွှန်းပေးလိုက်ပါတယ်...
Only the River Flows (2023) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Crime #Drama #Thriller #Mystery 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 43 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်က ယုဟွာရဲ့ Mistakes by the Riverဆိုတဲ့ ဝတ္တုတိုကို ဝေရှုကျန်က ပြန်ရိုက်ထားတာ။ ၁၉၉၀ခုနှစ်တွေတုန်းက ကျန်းရိမူက ဒီဝတ္တုတိုကို ပြန်ရိုက်ချင်ခဲ့တယ်။ ယုဟွာစကားအရတော့ ကျန်းရိမူတို့က အချိန်တော်တော်ယူပြီး ဇာတ်ညွှန်းရေးကြည့်ခဲ့ကြပေမဲ့ ဘယ်လိုရိုက်ရမလဲ တွေးမရခဲ့ကြဘူးတဲ့။ ဒီအချိန်မှာ ယုဟွာက ကျန်းရိမူကို တခြားဇာတ်လမ်းတစ်ပုဒ် အစားပေးလိုက်တယ်။ အဲဒီဇာတ်လမ်းက To Live။ ကျန်းရိမူ ရိုက်ဖို့တွေးမရခဲ့တာက ဆန်းလည်းမဆန်းဘူး။ ဒီဇာတ်ရဲ့ အသွားအလာအရ ကျန်းရိမူဟန်နဲ့တော့ ပြေမယ်မထင်ဘူး။ နောက် ဒီဇာတ်က ခိရိုရှိကူရိုဆာဝါရဲ့ Cure (1997) အငွေ့အသက်ရနေတယ်။ Cureနဲ့ ဆင်တယ်ပြောရင်ပိုမှန်တယ်။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းပါ သွားဆင်တယ်။ ဒါပေမဲ့ ဝတ္တုတိုနဲ့ အဲဒီဇာတ်အပိတ်က နည်းနည်းမှမတူဘူး။ Cureနဲ့ပဲ သွားတူနေတယ်။ ဇာတ်လမ်းအမျိုးအစားက neo-noir art film လည်းဟုတ် Psychological Thrillerလည်း ဟုတ်နေတော့ ဒီလိုင်းရဲ့ ဂုရုဖြစ်တဲ့ ခိရိုရှိအငွေ့မကင်းဘူးတာလည်း မဆန်းလောက်ဘူး။ ပုဂ္ဂလိက အမြင်အရတော့ ကျန်းရိမူမရိုက်နိုင်ခဲ့တဲ့ကားကို ဝေရှုကျန်က ပြန်ရိုက်နိုင်ခဲ့ပေမဲ့ ဒါကလည်း သူ့ရှေ့ခေတ်အဆက်ဆက်ရဲ့ကျေးဇူးနဲ့တော့ မကင်းလောက်ဘူး။ ဆိုပေမဲ့လည်း ဒီလိုကားကို ပိုင်နိုင်အောင် ရိုက်နိုင်ခဲ့တဲ့ ဝေရှုကျန်ကလည်း နောက်ကားသစ်တွေကို စောင့်မျှော်ရမယ့် ပြည်မရုပ်ရှင်ရဲ့ မျိုးဆက်သစ်တစ်ယောက်ဆိုတာတော့ သေချာတယ်။ ဒီရုပ်ရှင်က သူ့တတိယကားဖြစ်သလို ကိန်းမှာ ပွဲဦးထွက်ပြခဲ့တဲ့ ကားလည်းဟုတ်တယ်။ ဆုရွေးချယ်ဖို့လည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကိုက ၁၉၉၀ဝန်းကျင်မှာ တည်ထားတယ်။ အဓိကဇာတ်ကောင်က ရဲစခန်းက အင်စပက်တာမော်စီ။ ဒီဇာတ်လမ်းတစ်ခုလုံးရဲ့အခရာကသူပဲ။ ဝတ္တုအရမော်စီရဲ့ စိတ်အခြေအနေကို ရုပ်ရှင်မှာ တင်ပြဖို့က တော်တော်ခက်ခဲတယ်။ ဒါကို ဝေရှုကျန်က သူ့စိတ်အခြေအနေကို တင်ပြဖို့ သုံးခြမ်းခွဲလိုက်တယ်။ သူ့မိန်းမနဲ့ သူ့ကြားကအခြေအနေ, စခန်းကအခြေအနေ, နောက်တစ်ချက်က သူ့ရဲ့ထင်ယောင်ထင်မှားတွေ။ နောက် သူ့အခြေအနေကို ပိုတင်ပြနိုင်ဖို့ပဲ ဝတ္တုမှာ ကိုယ်ဝန်မရှိခဲ့တဲ့ သူ့မိန်းမကို ကိုယ်ဝန်လွယ်ခိုင်းပြီး အဲဒါကိုလည်းပြဿနာတစ်ခုအဖြစ်ထည့်သွင်းခဲ့တယ်။ ပြောရရင် ရုပ်ရှင်မှာ အပိုထပ်ဖြည့်ထားတာတွေက မော်စီရဲ့ စိတ်အခြေအနေကို ထင်ဟပ်နိုင်အောင် ဖြည့်ထားတာပဲ။ နောက် သူတို့မြို့ကလေးမှာ လူသတ်မှုတစ်ခုဖြစ်လာတယ်။ အဲဒီအမှုကို မော်စီက ဦးဆောင်ပြီးစုံစမ်းရတယ်။ ဒါကိုရိုက်ပြတဲ့ပုံက ခက်ခက်ခဲခဲမပါဘဲ လက်တွေ့ကျကျပဲရိုက်ပြသွားတယ်။ သဲလွန်စတစ်ခုနောက်လိုက်လိုက် အဲဒီသဲလွန်စကပျောက်လိုက် နောက်သဲလွန်စတစ်ခုနောက်လိုက်နဲ့ ခနော်နီခနော်နဲ့သွားနေရတဲ့ စုံစမ်းရေးပေါ့။ အစပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဒီအမှုကိုလိုက်ရင်း ဒီအမှုက သူ့စိတ်အခြေအနေကိုပါ ဘယ်လိုရိုက်ခတ်သွားလဲ ဆက်ပြသွားတယ်။ တစ်ခုရှိတာ မော်စီနေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Yilong Zhu က အခက်အခဲဆုံး အပိုင်းက သူ့ကာရိုက်တာက ဘယ်လိုပုံစံမျိုးဖြစ်နေရမလဲ အဖြေရှာရတဲ့အပိုင်းပဲတဲ့။ သူဘယ်လိုမှ အဖြေရှာမရခဲ့ဘူး။ နောက်ဆုံး ယုဟွာရဲ့ ဓာတ်ပုံတစ်ပုံကို သူမြင်မှပဲ အဖြေရသွားခဲ့တယ်။ ယုဟွာက အဲဒီဓာတ်ပုံထဲမှာ ဆံပင်ရှည်ကြီးနဲ့ မုတ်ဆိတ်ငုတ်တိုတွေနဲ့ နှင်းတွေကြားရပ်နေတယ်။ အဲဒီပုံစံကို ကြည့်ပြီး သူ့ကာရိုက်တာကို သူဖန်တီးခဲ့တယ်။ ဒီကာရိုက်တာနဲ့လိုက်အောင် ဝိတ်တက်အောင်လုပ်ပြီး ဇာတ်ကားရိုက်ခဲ့တဲ့ ၄၅ရက်အတွင်း ကာရိုက်တာရဲ့ စိတ်ကျသွားတဲ့ပုံစံအတိုင်း ၅၅ပေါင်ပြန်ကျအောင် ထပ်လုပ်ခဲ့တဲ့အထိ Yilong Zhuဟာ မော်စီကာရိုက်တာကို သေချာစိတ်နှစ်ထားခဲ့ပါတယ်။ Only the River Flowsဟာ အနုပညာအရအောင်မြင်ခဲ့သလို ရုံဝင်ငွေအရလည်းအောင်မြင်ခဲ့ပါတယ်။ ပြည်မရဲ့ highest-grossing independent films စာရင်းမှာ ဝင်ခဲ့ပါတယ်။ ကိန်းမှာပြခဲ့တဲ့ ရုပ်ရှင်တွေထဲက အကောင်းဆုံးရုပ်ရှင်တွေဆိုပြီး ၆ကားစာရင်းလုပ်ထားတဲ့ စာရင်းတစ်ခုမှာ The Zone of Interest (2023)တို့ Anatomy of a Fall (2023)တို့နဲ့အတူတူ စာရင်းသွင်းခံခဲ့ရတဲ့ ရုပ်ရှင်လည်းဟုတ်တယ်။...
One for the Road (2023) ⭐IMDB: 6.6/10 (890 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Germany ⏰ 1 နာရီ 55 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb- 6.6/10 မူးနေရင်းနဲ့ ကားကို ပါကင်နေရာရွှေ့လိုက်မိရာကနေ အရာရှိတွေဆီ မိသွားပြီး လိုင်စင်အသိမ်းခံလိုက်ရတဲ့ မာ့ခ်၊ မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ဆိုတဲ့စကားအတိုင်းဖြစ်စေဖို့နဲ့ သူ့ရဲ့လိုင်စင်ပြန်ရဖို့အတွက် မာ့ခ်တစ်ယောက် အရက်ဖြတ်နိုင်ဖို့ ကုထုံးသင်တန်းတက်ရပါတော့တယ်။ ဒီသင်တန်းမှာအောင်မှ လိုင်စင်ကို ပြန်ရမှာဖြစ်တဲ့အတွက် မဖြစ်မနေတက်ရပါတော့တယ်။ ဒီလိုနဲ့ သင်တန်းမှာ ဟယ်လန်နာဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ကြရင်း ……… မာ့ခ်နဲ့ ဟယ်လန်နာတို့ရဲ့ ဇာတ်လမ်းလေးက ဘယ်လိုဖြစ်လာမလဲ … မာ့ခ်တစ်ယောက်ရော အရက်ကို ကျော်လွှားနိုင်ပြီး လိုင်စင်ကို ပြန်ရနိုင်မလား …. ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်)...
Steve Jobs (2015) ⭐IMDB: 7.2/10 (180 k Votes) 🎬 #Biography #Drama #History 🗓 2015 🎞 movie 🌎 #UnitedKingdom #UnitedStates #Japan #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၁၃တုန်းက Jobsဆိုပြီး တစ်ကားထွက်ပေမဲ့ သူ့ဘဝအကြောင်းကို ရိုက်တာ မပြည့်စုံသလို အခန်းအကူးအပြောင်းတွေက အချိန်အစက် မမိပဲ မြန်လွန်တာကြောင့် မကြိုက်မိပါဘူး ၂၀၁၅မှာလဲ Steve Jobs: Man in machineဆိုပြီး ထွက်ပေမဲ့ Documentaryသဘောမျိုး ရိုက်ထားတာမို့ ကြည့်ရတာ ပျင်းစရာကောင်းပါပါတယ်။ ၂၀၁၅ မှာထွက်တဲ့ Steve Jobs ဆိုတဲ့ ဒီဇာတ်ကားက Universal Studioက ထုတ်မှာ ဖြစ်သလို ဇာတ်ဆောင်တွေကလဲ Michael Fassbender, Kate Winsletတို့လို နာမည်ကြီးတွေကြီးပါပဲ။ သူရဲ့ ဇာတ်ကြောင်းကို ရိုက်ထားသမျှတွေထဲမှာ ဇာတ်လမ်းတစ်ပုဒ်လို ကြည့်ရတာ အကောင်းဆုံးကတော့ ဒီကားပဲမို့ လက်မလွတ်တမ်းသာ ကြည့်လိုက်ကြပါ။ IMDb Rating (7.3/10) နဲ့ Rotten Tomatoes (85%) ထိ ရရှိထားတဲ့ Rating မြင့်ဇာတ်ကားပါ။ အရင်က apple productတွေ ကို သဘောမကျပေမဲ့ Steve Jobs Biography ဖတ်ပြီးကတည်းက သူရဲ့ အယူအဆတွေ အများနဲ့ မတူတဲ့ နေထိုင်တဲ့ ပုံစံကြောင့် ကျွန်တော့်ဘဝရဲ့ Heroတစ်ယောက်ထဲမှာပါလာခဲ့ပါတယ်။ သူကြောင့်ပဲ Apple Productရဲ့ အရသာတွေကို ခံစားတတ်လာတာပါ။ သူရဲ့ ဘ၀ ဇာတ်ကြောင်းကလဲ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ သူရဲ့ စိတ်သဘောထားက ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်တတ်ပေမဲ့ သူ့ရဲ့ မသိစိတ်ထဲမှာတော့ လူသားဆန်မှူတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်။ သူရဲ့ အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတဲ့ စကားကလဲ အခုအချိန်ထိ မှန်ကုန်နေတုန်းပဲ ဆိုတာ သေချာပါတယ်။ သူကို တီထွင်သူလို့ ပြောတာထက် တီထွင်မှူတွေဖြစ်ပေါ်လာအောင် Motivation အကောင်းဆုံးပေးနိူင်သူလို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ် သူရဲ့ အပေအတေ နေထိုင်မှူတွေကြောင့် အစောကြီး သေသွားခဲ့ရတာကလဲ စိတ်မကောင်းစရာပါ။...
See Spot Run (2001) ⭐TMDB: 60% User Score 🎬 #Action #Comedy #Crime #Family 🗓 2001 🎞 movie 🌎 #Australia #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကလေးတစ်ယောက်အမေ စတက်ဖနီကို ရှိုတ်နေတဲ့ အိမ်နီးနားချင်းစာပို့သမားလေး ဂေါ်ဒန်ဟာ တစ်နေ့မှာတော့ စတက်ဖနီအလုပ်ကိစ္စနဲ့ခရီးထွက်ဖို့ဖြစ်လာတာကြောင့် ဂျိမ်းဆိုတဲ့ စတက်ဖနီရဲ့သားလေးကို ကြည့်ပေးဖို့အကြောင်းဖန်လာပါတော့တယ်။ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဘာကိုမှအလေးမထားတတ်တဲ့ ဂေါ်ဒန်တစ်ယောက် ကလေးတစ်ယောက်ကိုစောင့်ရှောက်ရမယ်ဆိုတဲ့ တာဝန်ကြီးရလာတဲ့အခါမှာ ကလေးနဲ့သူနဲ့ကြား စိန်ခေါ်မှုလေးတွေရှိလာပါတော့တယ်။ တစ်ဖက်မှာလည်း FBI အေးဂျင့်ဖြစ်တဲ့ ၁၁ လို့ခေါ်တဲ့ခွေးလေးက မူးယစ်ဆေးအနံ့ခံတဲ့နေရာမှာ အရမ်းတော်တာကြောင့် လူဆိုးဂိုဏ်းခေါင်းဆောင်က ဆုံးရှုံးရတာတွေများလို့ ခွေးကိုသတ်ဖို့ ကြေးစားတွေကိုငှားပါတော့တယ်။ ဒီလိုနဲ့ FBI ဘက်ကလည်း သူတို့အေးဂျင့်ဖြစ်တဲ့ ခွေးလေး ၁၁ ကို ကာကွယ်ဖို့လျှို့ဝှက်နေရာကိုပို့ဖို့စီစဉ်ပါတော့တယ်။ ဒီလိုနဲ့ လျှို့ဝှက်နေရာကိုပို့တဲ့လမ်းမှာတင် ကြေးစားသတ်ဖို့ငှားထားတဲ့ လူဆိုးတွေဝင်နှောင့်ယှက်တာကြောင့် ၁၁ ခွေးလေးက ကားပေါ်ကနေခုန်ဆင်းသွားပြီး လွတ်သွားပါတော့တယ်။ ၁၁ ခွေးလေးက လွတ်သွားပြီးတော့ ဂေါ်ဒန်တို့စာလိုက်ပို့နေတဲ့ ကားပေါ်ကို ရုတ်တရက်ရောက်သွားတဲ့အခါမှာတော့… ဂေါ်ဒန် နဲ့ ဂျိမ်းတို့ FBI အေးဂျင့်ခွေးလေးနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂေါ်ဒန်နဲ့ဂျိမ်းတို့ကြားက သံယောဇဉ်ဖြစ်ပေါ်လာပုံအပြင် FBI ခွေးလေးနဲ့ကြား ကမောက်ကမများနဲ့ သံယောဇဉ်ဖြစ်လာပုံကိုလည်း ဟာသနှောပြီး ရိုက်ကူးထားတာကြောင့် ပိတ်ရက်မှာမိသားစုနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုသင့်တဲ့ရုပ်ရှင်လေးပါ။...
Charade (1963) ⭐TMDB: 77% User Score 🎬 #Comedy #Mystery #Romance 🗓 1963 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.8 , ခရမ်းချဉ်သီး RT 94% – Old But Gold ဖြစ်နေဆဲဖြစ်တဲ့ ဂန္တဝင်မြောက် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Nominations အများကြီးပါခဲ့တဲ့အပြင် Best Motion Screenplay , Golden Plate Award နဲ့ Best British Actress ဆုတွေကို ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ – ဒီဇာတ်ကားကို ” ဂန္တ၀င် Legendary ဒါရိုက်တာကြီး Alfred Hitchcock မရိုက်ကူးခဲ့သော အကောင်းဆုံး Hitchcock ကား ” ဆိုပြီး အဲခေတ်အခါက သတ်မှတ်ခံခဲ့ရပါတယ် ။ဆိုလိုချင်တာက Hitchcock ရိုက်ကူးလေ့ရှိတဲ့ပုံစံထဲမှာ အကောင်းဆုံးကား ဒါပေမယ့် Director ကတော့ Hitchcock မဟုတ်ဘူးဆိုပြီး ပြောချင်တာပါ။ – ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုက 1978 ခုနှစ်မတိုင်ခင် အမေရိကန် ဥပဒေအရ မူပိုင်ဖြစ်ဖို့ရာအတွက် “Copr” ဒါမှမဟုတ် ” Copyright” ဒါမှမဟုတ် ” © ” သင်္ကေတလေး ပါရမှာဖြစ်ပြီး ထုတ်လုပ်ဖြန့်ချိတဲ့ Universal studios က အဲဒီ စာလုံးလေးတွေ ထည့်သွင်းဖို့မေ့သွားတဲ့အတွက် ဒီဇာတ်ကားက အများပိုင်ဇာတ်ကား ဖြစ်သွားပြီး ဒီကားနဲ့ပတ်သတ်ပြီး VHS,DVD,Blueray Copies တွေအပြင် Online ပေါ်မှာ Copyright မငြိဘဲ Free ကြည့်လို့ရသလို Free လည်း Download ဆွဲလို့ရသွားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက – အားလပ်ရက်မှာ သူ့သူငယ်ချင်းနဲ့ ပြင်သစ်နိုင်ငံရဲ့တောင်ပေါ်မြို့လေးတစ်မြို့ဆီအလည်အပတ်ထွက်လာတဲ့ Regina , Paris မြို့ကို ပြန်ရောက်လာတဲ့အချိန် သူနေခဲ့တဲ့တိုက်ခန်းကော ပစ္စည်းပစ္စယတွေကော အားလုံးက ဟောင်းလောင်းဖြစ်နေပြီး သူ့ယောင်္ကျားလည်း အသတ်ခံရ တဆက်တည်း ပစ္စည်းတွေ တိုက်ခန်းတွေကို သူ့ယောင်္ကျားလေလံတင်ရောင်းချခဲ့ရာက ရတဲ့ပိုက်ဆံ $250,000 ကလည်း ပျောက်ဆုံးနေတယ်ဆိုတာ သိလိုက်ရတဲ့အခါ – အဲဒီပိုက်ဆံတွေက ဘယ်ရောက်သွားတာလဲဆိုတာရယ် – သူ့ယောင်္ကျားကိုကော ဘယ်သူက သတ်ခဲ့တာလဲ? – ယောင်္ကျား သေဆုံးမှုနဲ့ သင်္ကာမကင်းဖြစ်နေလို့ ပြင်သစ်ရဲတွေရဲ့ စောင့်ကြည့်တာခံရတဲ့အပြင် American C.I.A ကော လူစိမ်းသုံးယောက်ပါ ဒီအမှုထဲ ပါလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက် စောင့်ကြည့်ပေးပါဦးခင်ဗျာ။ – သေချာတာကတော့ လုံး၀ကို ကြည့်ရကျိုးနပ်စေမယ့် ကားတစ်ကားဖြစ်ပြီး ကြည့်ရင်းနဲ့ကို ဘာဆက်ဖြစ်မလဲဆိုတာလုံး၀ကြိုပြီးခန့်မှန်းလို့မရနိုင်တဲ့ ကားကောင်းတစ်ကားဆိုတာ အာမခံပါတယ်။...
Detained (2024) ⭐IMDB: 4.6/10 (512 Votes) 🎬 #Thriller #Mystery #Crime 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Plot twistသဘောကျတဲ့ ပရိသတ်ကြီးတို့အတွက် mysteryဆန်ဆန် crime thriller ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကားဆိုတာထက် mind game တွေ ပိုများတဲ့ရုပ်ရှင်လေးဆိုတော့ ဒီလိုgenre မျိုး နှစ်သက်သူများရှိရင်တော့ အကြိုက်တွေ့မှာပါ။ ရေဗက်ကာတစ်ယောက် နိုးထလာချိန်မှာ အရက်မူးပြီး ကားမောင်းပြီးတော့ စက်ဘီးသမားကိုတိုက်မိလို့ အချုပ်ထဲရောက်နေလေရဲ့။ ကံကဆိုးချင်တော့ မနေ့ညကဘာဖြစ်ခဲ့လဲဆိုတဲ့မှတ်ဉာဏ်က သူ့မှာခေါင်းထဲမှာဗလာဖြစ်နေတော့ ရဲတွေပြောသမျှပဲမှန်နေသလိုလိုပေါ့။ ဒါပေမဲ့ ရဲတွေဘက်က သူ့ကိုမရမကအမှုဆင်နေသလိုဖြစ်နေပြီး ရှေ့နေခေါ်တော့လည်း အမှုကရှေ့မရောက်တဲ့အပြင် သူ့ကိုဖမ်းခေါ်လာတဲ့ ရဲအရာရှိကပါ မသင်္ကာစရာဖြစ်လာတဲ့အခါ….. မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ။ ရေဗက်ကာကရော တကယ်ပဲDUIနဲ့လူသေမှုဖြစ်ခဲ့တာလား။ သံသယဝင်စရာ ရဲအရာရှိရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲဆိုတာ ဆက်လက်ရှုစားကြပါဦး။...
The Retreat (2021) ⭐IMDB: 4.9/10 (2 k Votes) 🎬 #Horror #Thriller 🗓 2021 🎞 movie 🌎 #Canada ⏰ 1 နာရီ 22 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Renee နဲ့ Valerie တို့ couple ဟာ သူတို့ မိတ်ဆွေတွေ ဖြစ်တဲ့ Connor နဲ့ Scott တို့ရဲ့ ဖိတ်ကြားမှု အရ ကျေးလက်ဒေသမှာ ရှိတဲ့ အပန်းဖြေ ရိပ်သာကို ခရီးထွက်လာပါတယ်။ လမ်းမှာ စတိုး တစ်ခုထဲ ဝင်ကြရင်းနဲ့ လူတစ်ယောက်နဲ့ ဆုံပါတယ်။ အဲ့ဒီလူက Valerie ကို အတင်းလိုက်ရောနေတာ ဖြစ်တာကြောင့် Valerie က သူ့မှာ ကောင်မလေး ရှိတဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။ သူတို့ တည်းရမယ့် နေရာကိုရောက်တော့ Connor နဲ့ Scott ကို မတွေ့ပါဘူး။ ဒါနဲ့ တောအုပ်တစ်ပတ် လျှောက်ရင်း ပျော်ပွဲစား ထွက်နေတုန်း တစ်ယောက်ယောက်က သူတို့ကို စောင့်ကြည့်နေတာကြောင့် ရိပ်သာကို ပြန်လာခဲ့ပါတယ်။ Renee ရဲ့ ကားကလည်း ပျောက်နေတဲ့ အပြင် သူတို့ ဖုန်းတွေလည်း မရှိတော့ပါဘူး။ အိမ်ထဲမှာ ရှာနေကြတုန်း သူတို့ကို စစ်ဝတ်စုံနဲ့ လူတစ်စုက သေနတ်တွေနဲ့ ချိန်ပြီး ဖမ်းဖို့ လုပ်ပါတယ်။ ဒီလူတွေက ဘယ်သူတွေလဲ၊ Renee နဲ့ Val ကရော သူတို့ လက်က လွတ်မြောက်နိုင်ပါ့မလား သိရဖို့ ရုပ်ရှင်ထဲမှာ ဆက်လက် ကြည့်လိုက်ပါ။...
Dredd (2012) ⭐IMDB: 7.1/10 (297 k Votes) 🎬 #Action #Crime #SciFi #ScienceFiction 🗓 2012 🎞 movie 🌎 #UnitedKingdom #SouthAfrica #UnitedStates #India #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dredd (2012) IMDb Rating (7.1) / Rotten Tomatoes (80%) The Boys ထဲက Oi….ဘီလီဘွတ်ချာကြီး Karl Urban အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့Dredd (2012) ဆိုတဲ့ အက်ရှင် Sci-Fi ရုပ်ရှင်တစ်ကား တင်ဆက်ပေးချင်ပါတယ်။နာမည်ကြီး Judge Dredd ကာတွန်းဇာတ်ကောင်ကို အခြေခံထားတဲ့ ဇာတ်လမ်းပါပဲ။ဒီဇာတ်လမ်းသွားက အနာဂတ်ကာလ၊ မယ်ဂါစီးတီဝမ်းမြို့ကြီးမှာ တရားရေးရာအကဲဖြတ်၊ တရားသူကြီးနှင့်ကွပ်မျက်သုတ်သင်သူများအဖြစ် တစ်ယောက်တည်းက တာဝန်အားလုံးကို ထမ်းဆောင်ရတဲ့ တရားသူကြီးတွေကို မိတ်ဆက်ပေးထားပါတယ်။ ဇာတ်ကားရဲ့ အဓိကဇာတ်ကောင် Judge Dredd ဆိုတာ အလိုအလျောက် တရားစီရင်နိုင်တဲ့ တရားသူကြီးတစ်ယောက်ပါ။သူက မယ်ဂါစီးတီဝမ်းရဲ့ အန္တရာယ်အများဆုံးနေရာတွေကို တာဝန်ယူထားရသူပေါ့။သူနဲ့အတူ သူ့ရဲ့ အကဲဖြတ်ခံ လူသစ် Judge Anderson (Olivia Thirlby) တို့က မူးယစ်ဆေးလူဆိုးအဖွဲ့နှင့် ထိပ်တိုက်ပွဲတွေ နွှဲရတဲ့ဇာတ်ကြောင်းပါပဲ။ နာမည်ကြီး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် Ma-Ma (Lena Headey) က အမြင့် ၂၀၀ ထပ်ရှိတဲ့ အဆောက်အအုံတစ်ခုအတွင်းကိုအုပ်ချုပ်မင်းလုပ်နေတဲ့အချိန် ။ Dredd နှင့် Anderson တို့က Ma-Ma ကို အပြစ်ဒဏ်ပေး သုတ်သင်ရမှာပါ။ မယ်ဂါစီးတီးဝမ်း ဆိုတာက ဇာတ်လမ်းရဲ့ အခြေခံနေရာဖြစ်ပြီး အနာဂတ်ကာလတစ်ခုမှာရှိတဲ့ မြို့ကြီးတစ်မြို့ပါ။ကမ္ဘာပျက်မှုကြောင့် အလုပ်အကိုင်ရှားပါးမှုနဲ့ ဆင်းရဲနှုန်းမြင့်မားမှု အရှိန်ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ နေရာတစ်ခုပါပဲ။နေထိုင်သူတွေက စည်းကမ်းမဲ့ ပရမ်းပတာတွေ လုပ်ကြတာကြောင့် အကြမ်းဖက်မှု လူသတ်မှု မူးယစ်ဆေးဝါးမှုတွေ ဖြစ်လာပြီး တရားသူကြီးများကပဲ တရားစီရင်မှုကို ထိန်းသိမ်းနေကြရတာပါ။ တရားသူကြီးတွေဆိုတာက နယ်မြေထဲက ရာဇဝတ်မှုတွေကို တရားစီရင်ရမှာဖြစ်ပြီးအခြားသော ဆက်စပ်ကိစ္စများ အပါအဝင် ကောလာဟလများကို ပျံ့လွင့်ခြင်းမရှိရဖို့ ကြီးမားသော အခွင့်အာဏာတွေ ရထားတဲ့သူတွေပါ။လုပ်ပိုင်ခွင့်များသူတွေဖြစ်လို့ တရားသူကြီးတစ်ယောက် ဖြစ်ဖို့တော့ မလွယ်ဘူးပေါ့။ ဒီဇာတ်လမ်းမှာ အရေးပါတဲ့ မူးယစ်ဆေး “အနှေးပြကွက်” (Slo-Mo) ဆိုတာသုံးစွဲသူများရဲ့ အမြင်ရဲ့အမြန်နှုန်းကို ၁၀ ရာခိုင်နှုန်းအထိ နှေးကွေးစေတဲ့ ထူးခြားတဲ့ ဆေးတစ်မျိုးပါ။ဆေးရဲ့သက်ရောက်မှုကြောင့် သုံးစွဲသူတွေက သာယာမှုတွေ အမြင်ဆန်းမှုတွေခံစားရလို့ လူကြိုက်များတဲ့ ဆေးပါပဲ။ Judge Anderson ဆိုတာကတော့ မျိုးရိုးဗီဇကွဲပြားသူတစ်ယောက်ဖြစ်ပြီးသူတပါးရဲ့စိတ်ကို ဖတ်နိုင်ခံစားနိုင်တဲ့ စွမ်းရည်ရှိ တရားသူကြီးတစ်ယောက် ဖြစ်ပါတယ်။သူက ဒီဇာတ်ကားမှာ Dredd ရဲ့ အစစ်ဆေးခံလူသစ်အဖြစ် စွန့်စားမှုတွေ စတင်ခဲ့သူပါ။ ဒီဇာတ်ကားက ရုံတင်ဝင်ငွေမှာ အရှုံးပေါ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်ပြီးလူကြိုက်များခဲ့တဲ့ CULT ဇာတ်ကားတစ်ခုပါ။Rating သက်မှတ်ချက် မြင့်မားတဲ့ လူကြီးမင်းတို့ အချိန်ပေးထိုက်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်...
Shooter (2007) ⭐TMDB: 71% User Score 🎬 #Action #Crime #Drama #Thriller 🗓 2007 🎞 movie 🌎 #USA #Canada #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shooter (2007) ဒီတစ်ခါ အလှည့်ကျတဲ့ old but gold ကားကတော့IMDB 7.1/10 ရရှိထားတဲ့ Ted မင်းသားကြီး Mark Wahlberg ရဲ့ Thriller/Action ကားလေးပဲဖြစ်ပါတယ်။ ဆွယ်ဂါက တောအုပ်ထဲမှာ သူချစ်တဲ့ခွေးလေးနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့အငြိမ်းစား ကျွမ်းကျင်လက်ဖြောင့်သေနတ်သမားတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်က စစ်ဆင်ရေးတစ်ခုမှာအဖြစ်ဆိုးတစ်ခုနဲ့ ကြုံခဲ့ရတာကြောင့် တပ်ထဲကနေ အငြိမ်းစားယူခဲ့တယ်လို့ ဆိုရမှာပေါ့လေ။ အေးချမ်းတဲ့သူ့ဘဝထဲကို “သမ္မတကို လုပ်ကြံဖို့ အစီအစဉ်ဆွဲပေးပါ”ဆိုပြီးဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့သူကတော့ ဗိုလ်မှူး ဂျွန်ဆင်ပါ။သမ္မတကို စိတ်မဝင်စားသလို အေးချမ်းစွာနေလိုတဲ့ ဆွယ်ဂါတစ်ယောက်နောက်ဆုံးကျ ဗိုလ်မှူး ဂျွန်ဆင်ရဲ့ အပြောမှာ မျောပြီး အစီအစဉ်ကိုသဘောတူလိုက်မိရာမှာတော့.. သူ့ကို စောင့်ကြိုနေခဲ့တဲ့ လှည့်ကွက်တွေနဲ့ အစီအစဉ်ကဘာများလဲ..သမ္မတကို လုပ်ကြံတဲ့အစီအစဉ်ကရော အထမြောက်အောင်မြင်သွားမှာလား..သူ့ရဲ့တစ်ချိန်က ကျွမ်းကျင်မှုတွေကို အကျိုးရှိရှိ အသုံးချပြီး အရည်အချင်းရှိရှိနဲ့သူ့ကိုဆင်ထားတဲ့ ထောင်ချောက်ထဲကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား..ဆိုတာကိုတော့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ ဆွယ်ဂါ့ရဲ့စွန့်စားခန်းတွေကိုဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Emily မှတင်ဆက်ထားပါတယ်။)...
Robin and the Hoods (2024) ⭐IMDB: 4.4/10 (309 Votes) 🎬 #Adventure #Family #Fantasy 🗓 2024 🎞 movie 🌎 #UnitedKingdom #Ireland ⏰ 1 နာရီ 36 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တွေကို ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ကလေးသရုပ်ဆောင်တွေနဲ့ အသားပေးရိုက်ကူးထားတဲ့ Fantasy Adventure ဇာတ်ကား တစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းပုံစံက ထူးခြားတယ်လို့ ပြောလို့ ရပါတယ်။ ကလေးတွေရဲ့စိတ်ကူးနဲ့ လက်တွေ့လောကနဲ့ကို ယှဉ်တွဲရိုက်ပြ ထားပြီးတော့ ကိုယ်တွေငယ်ငယ်တုန်းကလည်း သူတို့လို စိတ်ကူးယဉ်ခဲ့ပါလားဆိုပြီးတော့ ငယ်ဘဝကိုပါ သတိရသွားစေ ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Robin နဲ့ သူငယ်ချင်းတစ်စုဟာ သူတို့အိမ်နားကသစ်တောထဲမှာ ကစားနေကျ ဖြစ်ပါတယ်။ တစ်နေ့ စီးပွားရေးလုပ်ငန်းတစ်ခုက အဆောက်အအုံ တစ်ခုဆောက်ဖို့အတွက် သူတို့ရဲ့ကစားနေကျနေရာကို ဖျက်ဆီးပစ်ဖို့ လုပ်လာပါတယ်။ အဲဒါကို Robin က သူရဲ့သူငယ်ချင်းတွေကို ဦးဆောင်ပြီးတော့ တားဖို့ကြိုးစားတဲ့အခါ ဘယ်လိုအဖြစ်အပျက် တွေကို တွေ့ကြုံရမလဲ၊ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ၊ နောက်ဆုံးမှာရော တားဆီးနိုင်သွားပါ့မလားဆိုတာတွေကို ကလေးသဘာဝအရ အလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရမှာ ဖြစ်ပါတယ်။...
1922 (2017) ⭐IMDB: 6.2/10 (73 k Votes) 🎬 #Crime #Drama #Horror #Mystery #Thriller 🗓 2017 🎞 movie 🌎 #USA #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1922 (2017)IMDb Rating (6.2) / Rotten Tomatoes (91%) Stephen King ရဲ့ ဝတ္ထုကို အသက်သွင်းထားတဲ့ Horror/Drama အမျိုးအစားရုပ်ရှင် ဖြစ်ပါတယ်။2017 အောက်တိုဘာ ၂၀ ရက်မှာ Netflix ကနေ ထုတ်လွှင့်ခဲ့ပါတယ်။The Punisher နဲ့ The Mist ရုပ်ရှင်တွေရဲ့ မင်းသားကြီး Thomas Jane က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Wilfred James ဆိုတဲ့ လယ်သမားတစ်ဦးဟာ ဇနီးဖြစ်သူ Arlette နဲ့ သားဖြစ်သူ Henry တို့နဲ့အတူ နီဘရားစကားပြည်နယ်မှာ နေထိုင်ပါတယ်။ဇနီးဖြစ်သူ Arlette က အမွေရထားတဲ့ လယ်ဧကတစ်ရာကို ရောင်းပြီး မြို့ပြောင်းချင်ပေမဲ့James နဲ့ Henry တို့သားအဖကတော့ မပြောင်းချင်တဲ့အတွက် စကားများရန်ဖြစ်ကြကာ သားအဖနှစ်ဦးပေါင်းပြီး Arlette ကို အပျောက်ရှင်းပါတော့တယ်။ဒီကိစ္စ ဒီမှာတင်ပြီးပြီလို့ James ထင်ခဲ့မိပေမဲ့ နောက်ဆက်တွဲ ခြောက်ချားဖွယ် ဖြစ်ရပ်တွေ ဆက်ဖြစ်လာတဲ့အခါမှာ James တစ်ယောက် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Stephen King ရဲ့ ဝတ္ထုဆိုတော့ Horror ရသကို ပေးစွမ်းနိုင်သလိုDrama နဲ့လည်း ရောထားတဲ့အတွက် ဇာတ်လမ်းဇာတ်အိမ်လည်း ကောင်းမွန်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ဇနီးဖြစ်သူကို အပြတ်ရှင်းတဲ့နေရာမှာ သားဖြစ်သူကို ဆွဲထည့်ခဲ့တဲ့ James ရဲ့လုပ်ရပ်ကြောင့် ဘယ်လိုအဖြစ်မျိုးတွေ ရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်၊ သနားဖွယ် ကြည့်ရှုရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wolfenheim မှ တင်ဆက်ထားပါတယ်။)...
The Green Hornet (2011) ⭐TMDB: 56% User Score 🎬 #Action #Comedy #Crime 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Green Hornet (2011) နာမည်ကျော်ဟာသမင်းသား seth rogen အော်စကာဆုပိုင်ရှင် သရုပ်ဆောင်ဆရာကြီး Christoph Waltz , တရုတ် ကိုရီးယား အမေရိကန် ဂျပန် ကားမျိုးစုံကို ရိုက်ခဲ့တဲ့ ထိုင်ဝမ်အဆိုတော် မင်းသားJay Chou တစ်ခေတ်တစ်ခါက အလှနတ်ဘုရားမဖြစ်ခဲ့ဖူးတဲ့ Cameron Diaz ဒီလိုနာမည်ကြီးတွေ အစုံပါတဲ့အပြင် seth rogenရဲ့ ဘော်ဒါ ဂျိန်းဖရန်ကိုကလည်း ဧည့်သည်အဖြစ်သရုပ်ဆောင်ပေးထားသေးတယ်။ ဒီဇာတ်လမ်းကတော့ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက နာမည်ကြီးခဲ့ဖူးတဲ့ စူပါဟီးရိုးရုပ်ရှင်ပဲဆိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ။ ချမ်းသာတဲ့ သတင်းစာတိုက်ပိုင်ရှင်ရဲ့သားနဲ့ သိုင်းလည်းတော် တီထွင်တာလည်းတော်တဲ့ တရုတ်ကလေးတစ်ကောင်ပေါင်းပြီး မြို့ကြီးကို ကယ်တင်ဖို့ ဘတ်မန်းလိုလို စူပါဟီးရိုးထလုပ်တဲ့ ဇာတ်လမ်းပါပဲ။ ထူးတာက ဒီကားက စူပါဟီးရိုးဇာတ်ဖြစ်ပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Michel Gondryပါ။ Eternal Sunshine of the Spotless Mindရဲ့ ဒါရိုက်တာပေါ့။ ကြည့်ဖူးရင်လည်း အမှတ်တရပြန်ကြည့်ဖို့ကောင်းသလို မကြည့်ဖူးရင်လည်း မြည်းစမ်းကြည့်သင့်တဲ့ ပေါ့ပေါ့ပါးပါးဟာသတွေနဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်လေးပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Freeland (2020) ⭐IMDB: 5.7/10 (316 Votes) 🎬 #Drama 🗓 2020 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မြိုပြရဲ့မွန်းကျပ်မှုတွေ၊ တိုးတက်ပြောင်းလဲလာတဲ့နည်းပညာနဲ့ ခေတ်ရေစီးကြောင်းတွေရဲ့ များပြားလွန်းတဲ့တောင်းဆိုချက်တွေကို စိတ်ထဲက ခဏလွှတ်ချထားခဲ့ပြီး ကော်ဖီလေးတစ်ခွက်နဲ့ လေကောင်း လေသန့်ရမဲ့ မိုးနံ့သင်းသင်းပြတင်းပေါက်နားထိုင်ပြီး နားကြပ်ကိုတပ် အသံကိုအဆုံးထိချဲ့ပြီး ဒီဇာတ်ကားလေးထဲမှာ စီးမျောလိုက်ကြရအောင် ခင်ဗျာ။ ဒီဇာတ်ကားလေးမှာတော့ ဒဗ်လိုခေါ်တဲ့အမျိုးသမီးကြီးတစ်ဦးရဲ့ ဆေးခြောက်လုပ်ငန်းလေးတစ်ခုဟာ အစိုးရရဲ့ ပြောင်းလဲသတ်မှတ် လာတဲ့ ပိတ်ဆိုမှုတွေ၊ ခေတ်စနစ်ရဲ့ တောင်းဆိုချက်တွေနဲ့ ပြောင်းလဲ တိုးတက်နေတဲ့ နည်းပညာတွေကြား ယိမ်းယိုင်ကြပ်တည်းလာခဲ့တယ်။ ခေတ်နဲ့အမှီလိုက်ဖိုကို ငြင်းဆန်ခဲ့ပြီး သမရိုးကျအတိုင်းရှေ့ဆက်ခဲ့တဲ့ စီးပွားရေးသေးသေးလေးတစ်ခုဟာ ခေတ်စနစ်ကြားမှာ ဘယ်လိုတွေရုန်းကန်ရမလဲဆိုတာကို ခံစားကြည့်ရှုကြရမှာပါ။ ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းဇာတ်ကွက်ထွေထွေထူးထူးမရှိပဲ အေးအေးလူလူ vibe လေးပဲသွားထားပြီးတော့ သဘာ၀တရားကြီးရဲ့ အလှအပတွေ၊ ကျေးငှက်တွေရဲ့ အော်သံလေးတွေ၊ မြူတွေဝေ့ နေတတ်တဲ့တောင်တန်းကြီးတွေ၊ နယ်အစွန်အဖျားဒေသရဲ့ အလှအပ တွေနဲ့ ဇာတ်ကောင်တွေရဲ့ ရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံတွေကို ကွက်ကွက်ကွင်းကွင်းချပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။...
Fly Me to the Moon (2024) ⭐IMDB: 6.8/10 (11 k Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fly Me to the Moon (2024) IMDb Rating (6.8) / Rotten Tomatoes (65%) ကဲ Scarlett Johansson နဲ့ Channing Tatum တို့ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီး လာပါပြီ။ဒါရိုက်တာကတော့ ဖလက်ရှ်၊ အဲရိုး စီးရီးတို့ကို ဖန်တီးခဲ့တဲ့ Greg Berlanti ပါပဲ။လပေါ်ကို နီးလ် အမ်းစထရောင်း ပထမဆုံး ဆင်းသက်ခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။စစ်အေးတိုက်ပွဲကာလ အမေရိကန် နဲ့ ဆိုဗီယက် အားပြိုင်မှုမှာ အာကာသစီမံကိန်းတွေဟာ အရမ်းအရေးပါခဲ့ပါတယ်။အမေရိကန်ဟာ ဆိုဗီယက်ထက်အရင်လပေါ်ကို ခြေချနိုင်ခဲ့ပေမဲ့ ဆိုဗီယက်တွေက အဲဒီအချိန်ကတည်းကရော အခုချိန်ထိတစ်ကမ္ဘာလုံးက လပေါ်ဆင်းတဲ့အဖြစ်အပျက်ဟာ ရိုက်ကွင်းနဲ့အတုဖန်တီးထားတာလို့ စွပ်စွဲနေကြတုန်းပါပဲ။အမှန်တရားကိုတော့ အမေရိကန်တာဝန်ရှိသူတွေပဲ သိပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ကိုးလ်ဟာ ခေါင်းမာပြီး စိတ်ဆတ်တဲ့ စစ်ပြန် ပိုင်းလော့တစ်ယောက်၊ လပေါ်ခရီးစဉ် အပိုလို-၁၁ လွှင့်တင်ရေးမှာ ညွှန်ကြားရေးမှူးတာဝန်ယူထားရတာပါ။ကယ်လီကတော့ အရမ်းတော်တဲ့ အရောင်းမြှင့်တင်ရေးသမား၊ ကြော်ငြာအေဂျင်စီပိုင်ရှင်ပါ။သူ့ကို အမေရိကန်အစိုးရ ထိပ်တန်းအေးဂျင့်တစ်ယော်က လပေါ်ခရီးစဉ်ကိစ္စကို တစ်ကမ္ဘာလုံး စိတ်ဝင်စားအောင် ဝါဒဖြန့်ဖို့ ကြော်ငြာပေးဖို့ အကူအညီတောင်းလာပါတယ်။အလုပ်ကလွဲပြီး ကျန်တာ ဂရုမစိုက်တဲ့ ဘုကလန့် ကိုးလ် နဲ့ ကြော်ငြာတွေအတွက် မျိုးစုံဟန်ဆောင်စေချင်တဲ့ ကယ်လီတို့ ထိပ်တိုက်တွေ့ကြပါတော့တယ်။နောက်ဆုံးမှာတော့ လပေါ်ကို ဆင်းတဲ့အဖြစ်အပျက်ကို အောင်မြင်သည်ဖြစ်စေ ကျဆုံးသည်ဖြစ်စေတိုက်ရိုက်ထုတ်လွှင့်စေချင်တဲ့ ကိုးလ် နဲ့ မအောင်မြင်မှာစိုးလို့ ရိုက်ကွင်းအတု အသင့်ဖန်တီးထားမဲ့ အစီအစဉ် တိုက်ရိုက်တွေ့ကြတဲ့အခါနောက်ဆုံးရလဒ်က ဘာဖြစ်လာမလဲ ကြည့်ရမှာပါ။ ဒီနှစ်ထဲမှာ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းထဲမှာ ပါပါတယ်။...
The Real Bros of Simi Valley: The Movie (2024) ⭐IMDB: 7.1/10 (823 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကားက 2017 တုန်းက ထွက်ထားတဲ့ season 3ခုပါဝင်တဲ့ Reality Show ရဲ့ အဆက် ရုပ်ရှင်ပါ။ ဒီမှာကတော့ သူတို့ သူငယ်ချင်းအဖွဲ့က အထက်တန်းကျောင်းက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို အလန်းစားပုံစံနဲ့ ပြန်သွားဖို့ အစီအစဥ်တွေ ချတာကို ကြည့်ရမှာပါ။ သူငယ်ချင်း အုပ်စုထဲမှာ Xanderက truckကားတွေကို အရမ်းရူးသွပ်တဲ့သူဖြစ်ပြီး ကျောင်းတွေ့ဆုံပွဲမှာ တစ်နှစ်တာ အမိုက်ဆုံးထရပ်ကား ဆုကို ရဖို့ ထရပ်ကားအသစ်ကြီး ဝယ်လိုက်ပါတယ်။ ဒါပေမယ့် ကျောင်းတုန်းက အတန်းဖော်ဟောင်း Jatthew မှာ သူ့ထပ် ပိုလန်းတဲ့ truck ကားကို တွေ့ပြီးမှာ Simi Valley တစ်ခုလုံးမှာ အလန်းဆုံးဆိုတဲ့ ထရပ်ကားကို ရှာပုံတော် ဖွင့်ပါတော့တယ်။ သူ့ရှာပုံတော်မှာ သူငယ်ချင်းတွေကပါ ပါဝင်အားဖြည့်ပေးကြရင်း အလွဲတွေ ဟာသတွေကို ကြည့်ရမှာပါ။ ဒီကားရဲ့ seriesရော movie ရောရဲ့ program directorကတော့ Xander characterရဲ့ သရုပ်ဆောင် Jimmy Tatro ဆိုတဲ့ နာမည်ကြီး Youtuber ဖြစ်ပါတယ်။...
Why Him? (2016) ⭐IMDB: 6.2/10 (125 k Votes) 🎬 #Uncategorized #Comedy 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 socially awkward Silicon Valley billionaire boyfriend, Laird. A rivalry develops and Ned’s panic level goes through the roof when he finds himself lost in this glamorous high-tech world and learns Laird is about to pop the question. နက်ဟာဆိုရင် သာမန်ဘဝကနေ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်နိုင်ခဲ့သူပါ။သူ့မှာ သားတစ်ယောက် သမီးတစ်ယောက်လည်းရှိပါတယ်။ဒီနေ့ကတော့ သူ့ရဲ့ မွေးနေ့ပေါ့သူ့မိတ်ဆွေတွေ သူငယ်ချင်းတွေ နဲ့ အတူ သူ့သားငယ်ရဲ့ စီစဉ် ပေးမှု့ကြောင် မွေးနေ့ပွဲလေးတစ်ပွဲကို ကျင်းပနေပါတယ်။ အဲ့အချိန်မှာ သူ့ကို အံံသြအောင်လုပ်တဲ့ အနေနဲ့ အဝေးရောက်နေတဲ့သူ့ အစ်မ နဲ့ ဗီဒီယိုကော ချိတ်ဆက်ပေးပါတယ်။ဒီလိုနဲ့ သားအဖတွေ စကားပြောဖြစ်ကျတယ်ဆိုပါတော့ဒီလိုပြောနေစဉ်မှာပဲ သူ့သမီးအခန်းထဲကို ကောင်လေးတစ်ယောက် ဝင်လာပြီး ဘောင်းဘီ ချွတ်ချလိုက်ပါတော့တယ်။နောက်ရက်မှာပဲ သူကသမီးဆီကနေ ဖုန်းလာတာက အဲ့ဒါက သူ့ကောင်လေးဖြစ်ကြောင်း အားလပ်ရပ် သူ့ကောင်လေးနဲ့ လာတွေ့စေလိုကြောင်းခေါ်ပါတော့တယ်။ သမီးချစ်တဲ့ အဖေတစ်ယောက် နက်လည်း သွားရတော့တာပေါ့ဟိုရောက်မှ သိရတာက သူ့သမီးရဲ့ ကောင်လေး လဲယာက အရမ်းကိုချမ်းသာလွန်းတယ်ဆိုတာပါပဲ။ဒါပေမယ့်ငယ်စဉ်ကတည်းက မိဘ အုပ်ထိန်းမှု့မခံခဲ့ရတဲ့ အတွက် စကားပြောရင် တစ်ချိန်လုံးဆဲဆို နေတက်ပြီးပေါက်ကရ ကြောင်တောင်တောင် တွေလုပ်တက်တာကြောင့် နက် တို့ဟာ လဲယာကို သဘောမကျကျ ပါဘူးဒါပေမယ့် လဲယာကတော့ သူ့ချစ်သူရဲ့ မိဘတွေနဲ့ အစဉ်ပြေအောင် အတက်နိုင်ဆုံး မျက်နှာလုပ်ပါတယ်ဒါပေမယ့် သူလုပ်သမျှက လွဲ သူကလည်း အလိုက်မသိတော့ ပိုပိုဆိုးပြီးရှုပ်ထွေးကုန်ပါတယ်။ နက် ဟာဆိုရင်လည်းကိုယ့် သမီးကို အရမ်းချစ်တဲ့ သူတစ်ယောက်ဖြစ်လို့ ဒီလို လူနဲ့ ရသွားမှာကိုကြောက်နေပြန်ပါတယ်။ လဲယာ တစ်ယောက်အမြဲတမ်း ပေါက်ကရ လုပ်နေတဲ့ ကြားက သူ့ယောက်ခမ နဲ့ အဆင်ပြေအောင် ဘယ်လိုညှိယူကျမလဲ ဆိုတာကိုရယ်မောပေါ့ပါးစွာ ကြည့်ရှု့ရမှာပါ။ဇာတ်ဝင်ခန်း အချို့ဟာ မိသားစုနဲ့ ကြည့်ဖို့ မသင့်လျော်ပါဘူးခင်ဗျာ။...
Becky and Badette (2023) ⭐IMDB: 6.5/10 (162 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 54 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Becky and Badette (2023) ဘက်ကီနဲ့ ဘာဒက်တို့ဗရုတ် IMDb-6.5/10 တစ်မြို့တည်းမွေး တစ်မြို့လုံးမှာ နှစ်ယောက်တည်းဆံပင်ရွှေရောင်အချစ်ဆုံးသူငယ်ချင်း အမေနှစ်ယောက်ကမွေးလာတဲ့ သမီးနှစ်ယောက်ကလည်းအချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်လာတဲ့ ဘက်ကီနဲ့ ဘာဒက် ။ အဆိုကျွမ်း နဲ့ သရုပ်ဆောင်ကျွမ်း ကျွမ်းကျင်ရာမတူကြပေမဲ့မျက်နှာရူးထဗရုတ်ကျတဲ့နေရာမှာတော့ စိတ်တူကိုယ်တူအတွဲညီသူတွေ…..။ အလုပ်နားချိန်မှာတောင် ကြက်ကြော်တွေရောင်း သီချင်းတွေစပ်ဆိုနဲ့အတွဲညီညီဗရုတ်ကျကြတဲ့နှစ်ယောက်။ တစ်နေ့ အထက်တန်းကျောင်းကနေကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲဖိတ်စာ သူတို့ဆီရောက်လာတဲ့အချိန်မှာ။ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ရောင်စုံတောက်ပြောင်တွေနဲ့အဝတ်အစားတွေနဲ့သွားတက်ကြပေမဲ့ တွေးထားကြသလို မထင်ပေါ်ဘဲ အပယ်ခံဖြစ်ရာကအမူးသောက်ကြတော့တာပဲ။ မူးရူးကွဲပြဲနေတဲ့အချိန်သူတို့ဆီကမထင်မှတ်ဘဲ ထွက်လာတဲ့ အကြောင်းအရာတစ်ခုက….. အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Team မှ ဖြစ်ပါတယ်...
