ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Gravity (2013) ⭐IMDB: 7.7/10 (870 k Votes) 🎬 #Drama #SciFi #ScienceFiction #Thriller 🗓 2013 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 50 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 ကြည့်ကိုကြည့်သင့်တဲ့ကားပါ..။ ကဲစထဲကပြောထားလိုက်ပြီ။ မကြိုက်တဲ့ သူတွေက ဘာလို့ မကြိုက်ကြလည်းတော့မသိဘူး။ အကောင်းတကာ့ အကောင်းဆုံးကားတွေထဲမှာ ဒီကားလည်းပါပါတယ်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Godfather ဇာတ်လမ်းတွေ၊ Nolan ရဲ့ The Dark Knight ၃ကားနဲ့ တန်းတူ အောင်မြင်ပြီး အရည်အသွေးကောင်းတဲ့ကားပါ။ အခုထဲကတောင် Oscar Nomination မှာ ထိပ်ဆုံးက စာရင်းပြေးနေပါပြီ။ Best Actress, Best Achievement in Visual Effect, Best Writing, Director, စတဲ့ ဆုတွေအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့လည်း ကြိမ်းသေနေပါတယ်။ ဒီကားကိုကြည့်ရင်းနဲ့ မြန်မာပြည်ကိုတောင် ပြန်သတိရမိပါတယ်။ အမေရိကားနိုင်ငံမှာ လူကြိုက်များရတဲ့ အဓိကအကြောင်းအရင်းကတော့ Cold War (1947-1991) အမေရိက နဲ့ ရုရှားတို့ စစ်အေးတိုက်ပွဲကာလ (ကုလသမဂ္ဂဥက္ကဌ ဦးသန့် ဖြေရှင်းပေးခဲ့ရတဲ့ Cuban Missile Crises, ref: http://www.unspecial.org/UNS680/t23.html) ) ကာလတုန်းက သူတို့ နှစ်နိုင်ငံက စစ်ရေးတင်မကပဲ အာကာသ ကို လူလွှတ်နိုင် ဖို့၊ ဂြိုလ်ထုတွေ လွှတ်တင်နိုင်ဖို့ကိုပါ ပြိုင်ဆိုင်ခဲ့ကြပါတယ်။ အဲ့ဒီ ကစလို့ အမေရိကန်လူမျိုးတွေက အာကာသကို သွားဖို့က သူတို့ရဲ့ စိတ်ကူးယဉ်အိမ်မက် ဖြစ်ခဲ့ပါတယ်။ (မြန်မာ နိုင်ငံမှာ ၁ဝတန်းပြီးရင် ဆေးကျောင်းတက်ရမယ် ဆိုသလို၊ အမေရိကား မှာလည်း လူငယ်တော်တော်များများက အာကာသကိုသွားတဲ့ Astronaut ဖြစ်ချင်ခဲ့ ကြပါတယ်။ ဖြစ်ဖို့လည်း မလွယ်ပါဘူး။) ဒါကြောင့်လည်း ဒီကားက အမေရိကား မှာ လူကြိိုက်များနာမည်ကြီးပြီး အောင်မြင်မှုတွေလည်း ရရှိနေပါတယ်။ ဒါပေမယ့် ဒီတစ်ချက်တည်းတင်မဟုတ်ပါဘူး။ ဒီကားက Action, Drama, Thriller အစရှိတဲ့ ရသပေါင်းစုံခံစား နိုင်အောင် ရိုက်ကူးတင်ဆက်ထားပြီး အာကာသထဲက စွန့်စားခန်းတွေကို ပရိတ်သတ်တွေ ရင်သက်ရှုမော ခံစားနိုင်အောင် ရိုက်ကူးထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ဆောင်ပုဒ် က Life in Space is impossible ဆိုတဲ့အတိုင်း အာကာသ ထဲက လူတွေရဲ့ဘဝကို ဖော်ပြထားပါတယ်။ အာကာသထဲကို သွားရင် အမြဲတမ်း အာကာသယာဉ်မောင်း ပိုင်းလာ့ ၂ယောက် (အမေရိကန်လေတပ် က အရာရှိတွေကိုပဲ ပိုင်းလော့ခန့်ပါတယ်)။ ပညာရှင် ၂ယောက်၊ ယေဘူယျအားဖြင့် ပါလေ့ရှိပါတယ်။ ဇာတ်လမ်း ကတော့ George Clooney က Pilot ဖြစ်ပြီး ဒီ Mission ရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ Sandra Bullock ကတော့ ဂြိုလ်ထုကို ပြင်ဖို့ လိုက်ပါလာတဲ့ ပညာရှင်တွေထဲက တစ်ယောက်ပါ။ သူတို့က အာကာသထဲမှာ ရောက်နေတာ ၁ပတ်လောက်ရှိနေပြီဖြစ်ပြီး ဂြိုလ်ထုကို ပြင်လို့မရသေးပါဘူး။ အဲ့ဒီအချိန်မှာပဲ ရုရှားက Cold War အတွင်းက လွှတ်တင်ထားတဲ့ ဂြိုလ်ထုဟောင်းတစ်လုံးကို ဒုံးကျည်နဲ့ ဖျက်ဆီးလိုက်ရာကနေ ဂြိုလ်ထုအပိုင်းအစ တွေက ဂြိုလ်ပတ်လမ်း ထဲမှာ လွင့်နေပြီး ရှိသမျှ အရာ တွေကို ပျက်ဆီးစေတာကြောင့် သူတို့ရဲ့ Mission ကို ရပ်ပြီး ပြန်လာဖို့ ကမ္ဘာပေါ်က ဌာနချုပ် Houston ( အမေရိကန်နိုင်ငံ တက္ကဆက်စ် ရှိ အာကာသ စခန်း) က အမိန့်ပေးပါတယ်။ အဲ့ဒီအချိန်မှာပဲ ဂြိုလ်ထု အပိုင်းအစတွေ ထိမှန်ပြီး သူတို့ရဲ့ အာကာသယဉ်လည်း ပျက်ဆီးသွားသလို George Clooney နဲ့ Sandra Bullock တို့ပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ Sandra Bullock အာကာသထဲမှာ မျောသွားတာကို George Clooney က လိုက်ကယ်ရမှာဖြစ်ပြီး အနီးနားမှာ မပျက်ဆီးပဲ ကျန်ခဲ့တဲ့ ရုရှား နဲ့ တရုတ် တို့ရဲ့ အာကာသ စခန်းကနေ သူတို့ရဲ့ အရေးပေါ် ကမ္ဘာကိုပြန်ဆင်းတဲ့ ယဉ်ပျံနဲ့ ပြန်ဆင်းဖို့ ကြိုးစားရမှာပါ။ ဒါပေမယ့် အာကာသ ထဲမှာ မျောနေတာက ကမ်းမမြင် လမ်းမမြင်နဲ့ ပင်လယ်ထဲမှာမျောနေရသလိုပါပဲ။ ပိုဆိုးတာက အာကာသက လေဟာနယ်ဆိုတော့ ရေကူးသလိုမျိုးတောင် ကိုယ်လိုရာကို သွားလို့့မရပါဘူး။ အာကာသသွားတဲ့သူတွေက သူတို့ရဲ့ကျောကုန်းမှာ သူတို့လိုရာကိုသွားနိုင်ဖို့ Jet တတ်ထားရပြီး လောင်စာကုန်တာနဲ့ အာကာသထဲမှာ မျောနေဖို့ပဲ ရှိပါတယ်။ ဂြိုလ်အပိုင်းအစတွေက Communication Satellite ကို ဖျက်ဆီးသွားလို့ သူတို့ရဲ့ဌာနချုပ်နဲ့ကလည်း အဆက်အသွယ် ပြတ်တောက်သွားပါတယ်။ ဒီအပြင် အသက်ရှုဖို့ အောက်ဆီဂျင်ကလည်း အကန့်အသတ်နဲ့မို့လို့ သူတို့ နှစ်ယောက် လိုရာကို ဘယ်လိုရောက်အောင်သွားမလည်း၊ ရောက်ရော ရောက်ပါမလား၊ ဂြိုလ်ပတ်လမ်းထဲက အပိုင်းအစတွေကရော ကမ္ဘာကိုပတ်ပြီး နောက်တစ်ကြိမ်ပြန်လာ ဦးမှာလား၊ George Clooney နဲ့ Sandra Bullock တို့ ရဲ့စွန့်စားခန်းတွေကို ရင်သက်ရှုမောဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ မင်းသားနဲ့ မင်းသမီး နှစ်ဦးအဓိကသရုပ်ဆောင်ထားလို့ ဇာတ်လမ်းက ထူးထူးခြားခြား ဖြစ်နေပါတယ်။ အာကာသထဲက စွန့်စားခန်းတွေကို ပီပီပြင်ပြင် ရိုက်ကူးတင်ဆက်ထားသလို သဘာဝကျကျ ရိုက်ကူးထားတာကြောင့် ကျွန်တော်တို့ မသွားနိုင်တဲ့ အာကာသကို ပိတ်ကား ထက်...
Toofan (2024) ⭐IMDB: 7.8/10 (5 k Votes) 🎬 #Action #Bollywood #Crime 🗓 2024 🎞 movie 🌎 #India #Bangladesh ⏰ 2 နာရီ 25 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Toofan (2024)”မုန်တိုင်း”================= အသစ်ထွက်ထားတဲ့ IMDb 8/10 ရ ဘင်္ဂလားဒေ့ရှ်ရုပ်ရှင်ကောင်းတစ်ခုကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အိန္ဒိယမှာ K.G.F တို့ Animal တို့လို ဂိုဏ်းစတား အကြမ်းပတမ်းကားတွေအောင်မြင်မှုတွေရပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်ကလည်း အဆင့်မီဂိုဏ်းစတားအက်ရှင်ကားကောင်းတစ်ခုကို ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ရုပ်ရှင်လောကက အိန္ဒိယလောက် နာမည်မကြီးပေမဲ့ဇာတ်လမ်းအင်မတန်ကောင်းတဲ့ရုပ်ရှင်တွေ၊ သရုပ်ဆောင်ကောင်းတွေတော်တော်လေးများတဲ့ Underrated ဖြစ်တဲ့ Industry ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဘင်္ဂလားဒေ့ရှ်ရဲ့ နာမည်ကြီးမင်းသား ရှာကစ်ဘ်ခန်းကလက်ရဲဇက်ရဲ ဂိုဏ်းစတားတစ်ယောက်နဲ့၊ တက်သစ်စသရုပ်ဆောင်လေးတစ်ယောက်နေရာကနေစရိုက်နှစ်မျိုးနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့.. ရှာဖိတ်ဆိုတဲ့ ရုပ်ရှင်မင်းသားရူးလေးတစ်ယောက်သူနဲ့ရုပ်ချင်းဆင်တူတဲ့လူတစ်ယောက်ကိုရှာတွေ့ပြီးဘဝအလှည့်အပြောင်းတွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို တင်ဆက်မှုကောင်းကောင်းနဲ့ တင်ပြထားတဲ့အပြင် ဇာတ်လမ်းကလည်းအလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ စီအမ်အိန္ဒိယရုပ်ရှင်ပရိသတ်တွေဘင်္ဂလားဒေ့ရှ်အက်ရှင်အရသာကို မြည်းစမ်းနိုင်ဖို့အတွက်CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...
Para Betina Pengikut Iblis: Part 2 (2024) ⭐IMDB: 6.2/10 (29 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 30 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Para Betina Pengikut Iblis: Part 2 (2024) အသက်လုပွဲ ၂ ၂၀၂၃ခုနှစ်က ထွက်ရှိထားတဲ့ Para Betina Pengikut Iblis ရဲ့အဆက်ဖြစ်တဲ့ အပိုင်း၂ ထွက်ရှိလို့ လာပါပြီ။ အာဆစ်တစ်ယောက် ချစ်ရသူ ကာတိုရဲ့နောက်ကိုလိုက်လာပြီးတော့မှ ကာတိုရဲ့မိခင်ကသဘောမတူတဲ့အတွက်နဲ့ ချစ်ရသူနေခိုင်းခဲ့တဲ့အိမ်မှာစောင့်နေရင်း ချစ်သူပြန်အလာကိုမျှော်နေရသူတစ်ယောက်ပေါ့။ ဒါပေမဲ့လည်း အမေရဲ့ဆန္ဒကို မလွန်ဆန်နိုင်တဲ့ကာတိုတစ်ယောက်ကတော့ အမေဖြစ်သူပေးစားတဲ့သူနဲ့ လက်ထပ်ခဲ့တဲ့အတွက်အာဆစ်တစ်ယောက်ချစ်သူရဲ့ ပစ်ပယ်ခြင်းကို ခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လုပ်တဲ့အချိန်မှာ နတ်ဆိုးတစ်ကောင်က ရောက်လာပြီးအာဆစ်ကို အမှောင်ကမ္ဘာဘက်ကို ဆွဲခေါ်သွားရင်းနဲ့ အာဆစ်တစ်ယောက်ဇိမ်မယ်တစ်ယောက်ဖြစ်လာပါတော့တယ်။ အာဆစ်ဟာ ရုပ်ရည်ပိုင်းရောဆွဲဆောင်နိုင်တဲ့အပိုင်းမှာပါ ထူးချွန်တဲ့အတွက် အားလုံးရဲ့ တမ်းတမ်းစွဲဖြစ်လာခဲ့တာပေါ့။ ဒီလိုနဲ့ တစ်ရက်မှာ ကာတိုအမေဟာ အကြွေးတွေအများကြီးနဲ့ ဆုံးပါးသွားခဲ့တဲ့အတွက်ကာတိုလည်း အိမ်ပေါ်က ဆင်းခဲ့ရပါတော့တယ်။ ရူးရူးမူးမူးချစ်ခဲ့သူတစ်ယောက်ပီပီကာတို့ကိုပြန်လက်ခံလိုက်ပေမယ့် အာဆစ်တစ်ယောက် ကလေးမွေးပြီးတဲ့နောက်မှာကာတိုဟာ အာဆစ်တို့ကို ပစ်သွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ အသက်တွေကြီးလာတဲ့အချိန် ဉာဏ်ရည်မမီတဲ့သားလေးတစ်ယောက်နဲ့အိုမင်းရွတ်တွနေပြီး လူတိုင်းရဲ့ အကျဉ်ကိုခံနေရတဲ့ အာဆစ်တစ်ယောက်ထပ်ပြီးသတ်သေဖို့လုပ်ခဲ့ရာကနေ နတ်ဆိုးကို သူ့ခန္ဓာကိုစတေးလိုက်ပြီးနတ်ဆိုးနဲ့ တစ်သားတည်း ဖြစ်လာတဲ့နောက်မှာတော့ ……..အာဆစ်တစ်ယောက် ဘဝကို ဆက်သွားနိုင်ဖို့အတွက် ဘာတွေပေးဆပ်ရမလဲ …..နတ်ဆိုးနဲ့ ပေါင်းစည်းလိုက်ပြီးနောက်မှာရော ဘာတွေဖြစ်လာမလဲ ….ဆိုတာတွေကိုကြည့်ရှုရမယ့် ဟော်ရာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo ~ V ~ Alex တို့ပဲဖြစ်ပါတယ်)...
Gattaca (1997) ⭐TMDB: 76% User Score 🎬 #Drama #SciFi #Thriller #ScienceFiction #Mystery #Romance 🗓 1997 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သိပ်မဝေးတော့တဲ့ အနာဂတ်မှာ မျိုးရိုးဗီဇမြှင့်တင်ပြောင်းလဲမှုတွေ လုပ်နိုင်လာပါပြီ။ လူတိုင်းဟာ အားနည်းချက်မရှိ ခြောက်ပစ်ကင်း သလဲစင်ဖြစ်လာကြတဲ့ခေတ်ပေါ့။ ဒါကြောင့် သဘာဝအတိုင်း မိခင်က ကိုယ်ဝန်ဆောင်ပြီး မွေးတာက မရှိသလောက်နည်းလာပါတယ်။ သဘာဝအတိုင်းမွေးလာတဲ့သူတွေကိုတော့ ‘စံချိန်မမှီ’ သူတွေလို့ခေါ်ပြီး သူတို့ရဲ့ပြီးပြည့်စုံမှုမရှိတဲ့ မျိုးဗီဇတွေကြောင့်နေရာတိုင်းမှာ ခွဲခြားဆက်ဆံခံနေကြရပါတယ်။ ဒီကားရဲ့ ဇာတ်လိုက်ကျော် Vincent ဟာ အာကာသယာဥ်မှူးလုပ်ပြီး အာကာသထဲခရီးသွားနိုင်ဖို့ အမြဲစိတ်ကူးယဥ်ခဲ့တဲ့သူ တစ်ယောက်ပေါ့။ ဒါပေမဲ့ သူက ‘စံချိန်မမှီ’ တစ်ယောက်ဖြစ်တာကြောင့် အာကာသထဲသွားမဲ့ ဘယ်ပရိုဂရမ်ကမှ သူ့ကို အလုပ်မခန့်ကြပါဘူး။ အဲဒါနဲ့ Vincent ဟာ ဗီဇမြှင့်တင်ပြီး မွေးလာတဲ့ Jerome Morrow ဆိုသူရဲ့ မျိုးရိုးဗီဇအချက်အလက်တွေကို တရားမဝင် ဝယ်ယူပြီး သူ့ကံကြမ္မာကို ပြောင်းပြန်လှန်ဖို့ ကြိုးစားပါတော့တယ် အဲဒီအာကာသပရိုဂရမ်က အကြီးအကဲ ဒါရိုက်တာတစ်ဦး အသတ်ခံရတဲ့အမှုကြောင့် Vincent ရဲ့ အစီအစဥ်တွေ ရှုပ်ထွေးကုန်တဲ့အခါ… Vincent အဖြစ် Ethan HawkeJerome အဖြစ် Jude LawVincent ရဲ့ love interest, Irene အဖြစ် Kill bill မှ Uma Thurman တို့ပါဝင်သရုပ်ဆောင်ထားကြပြီးDirector Andrew Niccol ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပါတယ် ဒီကားဟာ Stranger things က Maya Hawke (Robin) ရဲ့ မိဘတွေဖြစ်တဲ့ Ethan Hawke နဲ့ Uma Thurman တို့ စတွေ့ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် ဒီရုပ်ရှင်ရဲ့ concept က ရုံတင်တဲ့အချိန်တုန်းကထက် ခေတ်ရှေ့ရောက်နေတာကြောင့် ရသင့်တဲ့ အားပေးမှု၊ အသိအမှတ်ပြုခံရမှုတွေကို သေချာမရခဲ့ပါဘူး။ ဒါပေမဲ့ ခုချိန်မှာတော့ Gattaca ဟာ 90’s နှစ်တွေရဲ့ အကောင်းမွန်ဆုံး under-rated gem တွေထဲက တစ်ကားအနေနဲ့ သတ်မှတ်ခံထားရပါပြီ။ အချိန်ရဲ့ တိုက်စားမှုဒဏ်ခံနိုင်သော၊ တစ်မူထူးခြားသော၊ တစ်ချိန်တည်းမှာပဲ လူ့အဖွဲ့အစည်းရဲ့ ဆိုးပြစ်တွေကို သရော်နိုင်သော ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားပြီးသွားတဲ့အခါ သင့်ကို တွေးစရာတစ်ခုပေးနိုင်ခဲ့တဲ့ ဇာတ်ကားမျိုးကိုမှ သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်အစစ်လို့ ခေါ်နိုင်ပါတယ်တဲ့။ ဒီဇာတ်ကားက ပေးချင်တဲ့မက်ဆေ့ခ်ျကရော ဘာဖြစ်မလဲ။cast တွေကလည်း သရုပ်ဆောင်လည်းကောင်း နာမည်လည်းကြီးပြီးသားတွေဆိုတော့ စိတ်ပျက်စရာမရှိလို့ ကြည့်ရှုခံစားအားပေးကြပါဦးရှင်...
Giant Fish 2 (2024) ⭐TMDB: 0% User Score 🎬 #Fantasy #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝကြီးမှာ အရာအားလုံးမတည်မြဲခြင်းတရားကိုလူတိုင်းသိကြသော်လည်းထာဝရတည်မြဲအောင်လုပ်နေကြတဲ့လူသားတွေကို ဖော်ကြူးထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကို CM မှပရိသတ်ကြီးဆီတင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ ကျန်းချန်ဆိုတဲ့လူကတော့ မအိုဆေးကိုသုတေသနလုပ်တာ အောင်မြင်သွားပေမဲ့လည်းဘေးထွက်ဆိုးကျိုးရှိနေတာကြောင့် ဈေးကွက်ထဲကိုမဖြန့်ပဲနေလိုက်ရာ လျော်ကြေးအကြွေးတွေတင်နေခဲ့တာကြောင့် အရူံးသမားလို့ကိုယ့်ကိုယ်ခံယူနေခဲ့တယ်။ သူ့နဲ့ (၁၇) နှစ်ကြာပေါင်းသင်းခဲ့တဲ့မိန်းမ ယန်ထုံကတော့ငယ်ရွယ်ပြီးလှပတဲ့မိန်းကလေးတစ်ယောက်ပေါ့။တနေ့မှာမိန်းမဖြစ်သူက ဖောက်ပြန်တယ်လို့သံသယဝင်ပြီးမိန်းမရှိတဲ့နိုင်ငံခြားကိုသွားပြီးလက်ပူးလက်ကြပ်မိအောင်ဖမ်းဖို့နိုင်ငံခြားကို ကျန်းချန်နဲ့သူ့သူငယ်ချင်းသာ့ဖေးတို့ ထွက်ခဲ့ကြတယ်။ယန်ထုံအလုပ်လုပ်တဲ့နေရာကတော့ဟေးဟူလို့အမည်တွင်ပြီး ဟေးဟူဆိုတာကမိန်းကလေးဧည့်သည်တွေကို အထူးပစ်မှတ်ထားတဲ့အသားအရည်ထိန်းသိမ်းရေးစင်တာဖြစ်တယ်။ ဒါပေမဲ့ဒီဟေးဟူရဲ့ထူးဆန်းစေတဲ့အရာတစ်ခုကတော့ သူတို့ချပေးတဲ့ငါးအသားကိုစားလိုက်ရုံနဲ့ အိုမင်းနေတဲ့အသားအရည်ကနေငယ်ရွယ်နုပျိုတဲ့အသားအရည်အဖြစ်ပြောင်းလဲသွားစေပြီးဟေးဟူကိုတည်ထောင်တဲ့ မီယာမိန်းကလေးကိုလာရောက်တဲ့ဧည့်သည်တွေကနတ်ဘုရားသဖွယ်ကိုးကွယ်နေကြတာဖြစ်တယ်။ ဒီလိုနဲ့ကျန်းချန်နဲ့သာ့ဖေးတို့က ယန်ထုံအလုပ်လုပ်တဲ့ဟေးဟူကိုမိန်းကလေးပုံစံအဖြစ်ဟန်ဆောင်ဝင်ရောက်သွားပြီးယန်ထုံဖောက်ပြန်မှုကိုဖော်ထုတ်ရန်ကြိုးစားပါတော့တယ်။ယန်ထုံက ဟေးဟူရဲ့သုတေသနပညာရှင်ဝမ်ပါမောက္ခနဲ့ဖောက်ပြန်နေတာလို့ သံသယဝင်ကြပြီးအဲ့သက်သေကိုကျန်းချန်နဲ့သာ့ဖေးရှာဖွေကြရင်း မတော်တဆဟေးဟူဝန်ထမ်းကသတိထားမိသွားလို့ ထွက်ပြေးကြတဲ့အချိန်မှာနှစ်ဦးသားမတော်တဆ ဝမ်ပါမောက္ခနေတဲ့အခန်းကိုရောက်သွားခဲ့တယ်။ ဝမ်ပါမောက္ခအခန်းထဲမှာ ယန်ထုံအတွင်းခံဘောင်းဘီကိုတွေ့ခဲ့တာကြောင့် ကျန်းချန်ကသူ့မိန်းမဖောက်ပြန်နေတာလို့တထစ်ချမှတ်ပြီး ၂ ဦးသားစကားများကွာရှင်းဖို့ဆုံးဖြတ်ပြီးနောက်ကျန်းချန်နဲ့သာ့ဖေးတို့ထွက်သွားဖို့ပြင်ဆင်ခဲ့တယ်။ဒါပေမဲ့ သူတို့ကားရပ်ထားတဲ့ကားပါကင်မှာ လူအလောင်းတွေကိုဖျက်စီးနိုင်တဲ့ကိုယ်ပျော့သတ္တဝါအများအပြားကိုတွေ့ရှိသွားတဲ့အချိန်မှာကျန်းချန်က ဒီသတ္တဝါတွေကလူလုပ်ဖန်တီးထားတယ်ဆိုတာသတိပြုမိသွားပြီး နောက်ယောင်ခံလိုက်တဲ့အချိန်မှာငါးမန်းပုံစံနဲ့ရေခူပုံစံ လူသားစားတဲ့ထူးဆန်းငါးကြီးကိုတွေ့ရှိသွားခဲ့တယ်။ ဒါကိုအမှုဖွင့်ရဲတိုင်ဖို့ကြိုးစားရာကနေ မီယာမိန်းကလေးတစ်ယောက်သိသွားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ဒီငါးကြီးကကော ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာအပြင်မိန်းကလေးတွေရဲ့ အလှအပအလွန်အမင်းမက်မောမှုကြောင့်ကိုယ့်အသက်ကိုတောင်မမှုပဲနုပျိုအောင်ဖန်တီးနေကြတဲ့အရာတွေကိုပီပြင်အောင်ရိုက်ကူးထားတာဖြစ်တာကြောင့် လက်မလွတ်တမ်းစောင့်မျှော်ကြည့်ရူလိုက်ရအောင်...
Hichki (2018) ⭐IMDB: 7.5/10 (14 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2018 🎞 movie 🌎 #India ⏰ 1 နာရီ 57 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hichki ( သို့မဟုတ်)ဝင်ရိုးစွန်းကြယ်လေး~~~~~~~~~~~~~~~~~~~ ” ဝင်ရိုးစွန်းကြယ်လေးဟာ သဘောၤတွေကို လမ်းပြပေးခဲ့တယ် ဆိုရင်ကျွန်တော်တို့အတွက် ဆရာမ ဟာ ဝင်ရိုးစွန်ကြယ်လေး ” ပါပဲ။ ဒါကတော့ St.Nokler’s ကျောင်းရဲ့ အညံ့ဆုံးစာရင်းဝင် 9F အတန်းသားတွေကသူတို့ရဲ့ ဆရာမ Naina ကို ပြောခဲ့ကြတဲ့ စကားလေးတွေပါ။ ဒီတော့ ဆရာမ Naina အကြောင်း စပြောရအောင်။ ဆရာမ Naina ဆိုတဲ့ မိန်းမပျိုလေးဟာTourette syndrome လို့ခေါ်တဲ့ ဝေဒနာ ခံစားနေရသူပါ။ဒီဝေဒနာ ကဦးနှောက်ရဲ့ လုပ်ဆောင်ချက်စည်းချက်မကျမှုတွေကြောင့် စိတ်လှုပ်ရှားတိုင်း ကြို့ထိုးနေတဲ့ ခံစားမှု မျိုးဖြစ်ပါတယ်။ဒီဝေဒနာဟာ ဉာဏ်ရည်ဉာဏ်သွေးကိုတော့ မထိခိုက်ပါဘူး။ ဒါပေမဲ့ ဒီဝေဒနာကြောင့်ပဲ Naina ဟာ ငယ်စဉ်ကတည်းက ရယ်ပြောင်ခံခဲ့ရတယ်။ကျောင်း များစွာမှ ထုတ်ပယ်ခံရပြီး မိသားစုဆက်ဆံရေး မှာလည်း ပျော်ရွှင်မှုမရှိခဲ့ဘူး။ ” ကျွန်မ ကို သာမန်ကလေးတွေလို တန်းတူ ဆက်ဆံပေးကြပါလား ရှင် ” သို့ပင် Naina ဟာ ပြင်မရတဲ့ အားနည်းချက်ကို သိမ်ငယ်မနေခဲ့ပါဘူး။ ဒီတစ်ချက်ဟာ ဇာတ်ကားရဲ့ Message တစ်ခုပါပဲ။ ဘဝလူသားတွေဆီမှာ အားနည်းချက်ကိုယ်စီ ရှိတတ်ကြပြီး ပြင်မရတဲ့အားနည်းချက်တွေမှာပဲ စိတ်ဓာတ်ကျရပါတယ်။ဒါပေမဲ့ Naina ရဲ့ စရိုက် က ဒီစိတ်ဓာတ်ကို ရိုက်ချိုး ပြနိုင်ခဲ့ပါတယ်။ Naina အနေနဲ့ ဆရာမ အလုပ်အကိုင် လျှောက်တော့လည်း ကျောင်းပေါင်းများစွာက ငြင်းပယ်ခဲ့တယ်။နောက်ဆုံးမှာတော့ St.Nokler’s ကျောင်းရဲ့ အညံ့ဆုံး အဆိုးဆုံး အတန်းကို သင်ပေးဖို့ ဖြစ်ခဲ့ပါတယ်။ 9F ဆိုတဲ့အတန်းကလည်း တကယ့်အဆိုးလေးတွေချည်း။ ဆရာမ တွေကိုတောင် ထွက်ပြေးအောင် ကြံဖန်ကြတဲ့ကလေးတွေ။ကျောင်းတစ်ခုလုံးမှာ ရတဲ့ “Perfect ” တံဆိပ်လေးတွေ တပ်ခွင့်မရှိတဲ့ကလေးတွေ။ ကျောင်းသန့်ရှင်းရေးသမား တွေရဲ့ ကလေးတွေ။ ဒီတော့ 9F ကလေးတွေကို ပညာရေးစိတ်ဝင်စားအောင် Naina တစ်ယောက် စီစဉ်ရပါတော့တယ်။ဒီဇာတ်ကားရဲ့ ပညာရေးတည်ဆောက်ပုံက တကယ် လက်တွေ့ဆန်တယ်။ စူးစမ်းချင်စိတ်ကို တည်ဆောက်တယ်။ကျွန်တော်ကတော့ ဒီဇာတ်ဝင်ခန်းတွေ သိပ်ကြွေခဲ့တာပဲ။ ” ကလေးတို့ နားထောင်။ မင်းတို့ကြောက်ရတဲ့ အလုပ်တွေ စာရွက်တွေပေါ်ရေးပါ။ပြီးရင် လေယာဉ်လေးခေါက်ပြီး လွှင့်ပစ်လိုက်ကြပါ။မင်းတို့ကြောက် တာ မင်းတို့ အားနည်းချက် အစစ်အမှန်မဟုတ်ဘူး ” ဒီလို တည်ဆောက်ခဲ့တဲ့ Naina ။ တကယ့် ဆရာစစ် တစ်ယောက်ရဲ့ အသွင်အပြင်တွေ။တကယ် ချစ်မြတ်နိုးရတဲ့ စိတ်ထားတွေ မြင်ခဲ့တယ်။ ကျွန်တော်တို့ ဖြတ်သန်းရာမှာလည်း ကြယ်စင်တွေ မြင်ခဲ့ဖူးကြတယ်မဟုတ်လား။ဒီဇာတ်ကားလေး ကို ကြည့်ရင်း ကျွန်တော်တို့ရဲ့ ဆရာသမား များကိုပြန်မြင်ယောင်လာမိတယ် ။ ဘယ်လောက် အချိန်ပေးရကောင်းတဲ့ဇာတ်ကားကောင်းပါလဲ။ – ဘ၀ မှာ နေရောင်ခြည် ရှိရုံနဲ့ ပန်းလေးတွေ မသန်မာတတ်သေးပါဘူး။ ပျိုးထောင် တတ်ဖို့ လိုအပ်ပါသေးတယ်။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုပါပဲ။ဒီကလေးတွေ ဘာကြောင့် ဆိုးသွမ်းရလဲ။အညံ့ဆုံးဖြစ်နေရတာလဲ ဆိုတာ Naina တစ်ယောက် အဖြေရှာခဲ့တယ်။ ဇာတ် အိမ်အနေနဲ့ လည်း အပန်းပြေစေဖို့ သက်သက်မဟုတ်ဘဲ နိုင်ငံ့ပညာရေး ကိုပါ မီးမောင်းထိုးပြနေခဲ့တယ်။လူမှုရေး နဲ့ ပညာရေးကို နှီးနွယ်နေမှု / ဖြတ်သန်းရာ ဘဝတွေနဲ့ မိသားစုနွေးထွေးမှုကိုပါထည့်သွင်းရိုက်ကူးထားတာမို့ အတော် ကြည်နူးရတဲ့ ပန်းချီ တစ်ချပ်လိုပါ။ ဒီဇာတ်ကားလေး ဟာ ကျွန်တော် ပြောပြရုံနဲ့ မပြီးပြည့်စုံပါဘူး။ ဝေဒနာ ခံစားနေရတဲ့ Naina တစ်ယောက်ဆရာမ အလုပ်ကို ဘာကြောင့် အသည်းအသန် လုပ်ချင်ခဲ့တာလဲ။9F အတန်းက ကလေးတွေကရော ဘယ်လို ဖြတ်သန်းရမလဲ ဆိုတာ ကတော့...
Pre-marriage Class Reunion – Kana Momonogi (IPZZ-178-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 1 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကဲ ဒီမင်းသမီးလေးကတော့ ကျစ်ကျစ်လျစ်လျစ်လေးနဲ့ ချစ်စဖွယ် Kana Momonogi ပဲဖြစ်ပါတယ် Slim ဆိုတာ ဒီလို ပိန်ပါးရတယ် စံထားရအောင် ပါးရမယ့်နေရာပါးပြီး ဖောင်းရမယ့်နေရာဖောင်းသူလေးပါ။ အသံလေးတဆာဆာနဲ့ ညို့ယူတဲ့အကြည့်တွေကလည်း ယိုင်မလဲအောင်မနည်းထိန်းထားရမဲ့ မင်းသမီးလေးတလက်ပါပဲ…… IPZZ-178-Decensored ဒီဇာတ်လမ်းမှာတော့ သူမကို အပျော်လွန်သွားတဲ့ အမူးသမလေးအဖြစ် မြင်တွေ့ကြရမှာဖြစ်ပြီး သူမပုံစံအတိုင်း စိတ်လွတ်ကိုယ်လွတ်သရုပ်ဆောင်ထားပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Cuckoo (2024) ⭐IMDB: 6.1/10 (8 k Votes) 🎬 #Horror #Mystery #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #Germany #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိခင်ဆုံးပါးသွားတာကြောင့် ဖခင်ရဲ့နောက်အိမ်ထောင်မိသားစုနဲ့ လိုက်နေရတဲ့ အသက် ၁၈ နှစ်အရွယ်ဂရတ်ချန်က ဂျစ်ကန်ကန် ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဂရတ်ချန်ရဲ့အဖေလူးဝစ္စတို့မိသားစုဟာ အပန်းဖြေစခန်းသစ်ကိုတာဝန်ယူ တည်ဆောက်ပေးဖို့ ဂျာမန်အပန်းဖြေစခန်းတစ်ခုကိုပြောင်းရွှေ့လာခဲ့ ကြပါတယ်။ မိဘတွေကိုရော ဂရတ်ချန်ကိုပါအလုပ်ပေးထားတဲ့ပိုင်ရှင်သူဌေးက သဘောကောင်းတယ်ထင်ရပေမယ့် လူသိမခံနိုင်တဲ့လျှို့ဝှက်ချက်ကြီး တစ်ခုရှိနေတာကို ဂရတ်ချန်တစ်ယောက်ရိပ်စားမိခဲ့ပါတယ်။ ဂရတ်ချန်ဟာ ခေါင်းစွပ်နဲ့အမျိုးသမီးတစ်ယောက်ရဲ့အကြိမ်ကြိမ် ရန်ပြုတာလည်းခံခဲ့ရပါတယ်။ ဒါပေမဲ့ အပန်းဖြေစခန်းထဲမှာဖြစ်ပျက်နေတဲ့ထူးဆန်းတာတွေကို ဂရတ်ချန်ကပြောပြပေမယ့် ဘယ်သူကမှမယုံကြည်တာကြောင့် တစ်ယောက်တည်းရင်ဆိုင်ပြီး မိသားစုကိုကာကွယ်ဖို့ဖြစ်လာခဲ့ပါ တော့တယ်။...
Weekend diary of a weekend- Fua Kaede (SONE-196-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 57 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fua Kaede ဆိုတာ မော်ဒယ်အချိုးအဆစ်နဲ့ အရပ်မြင့်မြင့်ဝင့်ဝင့်ကြွားကြွားမင်းသမီးလေးပါ။ SONE-196-Decensored ဒီဇာတ်လမ်းထဲမှာတော့ သူမနဲ့လိုက်ဖက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေကိုပြသထားပြီး စိတ်ပါလက်ပါရှိလှပါတယ်။ Decensored Version နဲ့ဆိုတော့ Fua Kaede ပရိတ်သတ်တွေအကြိုက်တွေ့မှာပါ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Touch of Evil (1958) ⭐TMDB: 78% User Score 🎬 #Crime #Drama #FilmNoir #Thriller #Mystery 🗓 1958 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 8/10 ဂန္တဝင်ရုပ်ရှင် Citizen Kane ကို ရိုက်ကူး၊ သရုပ်ဆောင်ခဲ့တဲ့ ဒါရိုက်တာ Orson Welles ရိုက်ကူးထားပြီး ၁၉၅၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားက Noir/ Thriller အမျိုးအစား မှုခင်းရုပ်ရှင်ဖြစ်ပါတယ်။ Ten Commandments မှာ Moses အဖြစ်၊ Ben Hur ရုပ်ရှင်မှာ Ben Hur အဖြစ် အဓိကဇာတ်ကောင်နေရာတွေကနေ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Charlton Heston က ဒီဇာတ်ကားမှာ မက္ကဆီကန်အရာရှိ Vargas အဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မက္ကဆီကိုနဲ့ အမေရိက နယ်စပ်အနားက မြို့လေးတစ်မြို့မှာ ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ် သွားပါတယ်။ မက္ကဆီကန် မူးယစ်အရာရှိတစ်ဦးဖြစ်တဲ့ Miguel Vargas နဲ့ အမေရိကန်စုံထောက်အရာရှိ ကပ္ပတိန် Hank Quinlanတို့ ဒီအမှုကို အတူစုံစမ်းဖော်ထုတ်ကြရာမှ နှစ်ဦးကြား ပဋိပက္ခတွေဖြစ်ပွားလာပြီး တစ်ချိန်တည်းမှာ Vargas ရဲ့ ဇနီး Susan ကိုလည်း Vargas ရဲ့ရန်သူ Grandi မိသားစုက ဒုက္ခပေးဖို့ ကြံစည်လာပါတာ့တယ်။ ဒီဇာတ်ကားကို ရိုက်ကူးတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Orson Welles က ရဲအရာရှိကြီး Hank Quinlan နေရာမှာ သရုပ်ဆောင်ထားပါတယ်။ အဖြူအမည်းရုပ်ရှင်ကိုမှ Noir အမျိုးအစားဖြစ်ပေမဲ့ Thriller ဇာတ်လမ်းပီပီ ဆွဲဆောင်မှုရှိတဲ့ ဇာတ်အိမ်နဲ့အတူ Orson Welles ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ ၁၉၉၈ မှာ Universal က ဒီရုပ်ရှင်ကို ဗားရှင်းအသစ်နဲ့ ပြန်လည်ထုတ်လွှင့်ခဲ့ပါသေးတယ်။...
Mother Couch (2023) ⭐IMDB: 5.5/10 (618 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #UnitedStates #Denmark #Sweden #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် CMကနေတင်ဆက်ပေးသွားမဲ့ဇာတ်ကားလေးကတော့ နာမည်နဲ့တင်ထူးဆန်းနေတဲ့ Mother, Couch ဆိုတဲ့ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ နာမည်ထဲကအတိုင်း အမေနဲ့ဆိုဖာတစ်လုံးကို ဦးတည်ပြီး ဇာတ်အိမ်တည်ထားတာပါ။ အသက် ၈၂ အရွယ် အဘွားကြီးတစ်ယောက်ဟာ Oakbed ဆိုတဲ့ ပရိဘောဂအဟောင်း ဆိုင်ထဲကိုဝင်ပြီး ဆိုဖာအစိမ်းရောင်ကြီးပေါ်မှာ သွားထိုင်နေပါတယ်။ ခဏထိုင်တာ ကိစ္စမရှိပေမဲ့ အဘွားကြီးကတော့ ဆိုဖာပေါ်မှာ ထိုင်ရာကမထဘဲ အိမ်မပြန်ဘူးငြင်းရာကနေ ပြဿနာက စပါတော့တယ်။ သူ့သားအကြီးဖြစ်တဲ့ ဂရစ်ဖ်ကတော့ ဒီကိစ္စကိုပေါ့ပေါ့ တန်တန်ပဲတွေးပြီး ပရိဘောဂဆိုင်ကကောင်မလေးနဲ့ ပရောပရည်လုပ်လို့ နေပါတယ်။ အဲဒီအချိန်မှာ သားအငယ် ဒေးဗစ်ဟာ သူ့သမီး မွေးနေ့ပွဲကို သွားရမဲ့ကြားကနေ အမေကိုအိမ်ပြန်ပို့ဖို့ရောက်လာခဲ့ကာ စိတ်မကျန်းမာတဲ့ ပုံပေါက်နေတဲ့မိခင်ကို ဆိုဖာကြီးကနေထပြီး အိမ်ပြန်ဖို့ ချော့မော့ပြောပါ တော့တယ်။ ဘယ်လိုပဲကြိုးစားကြိုးစား ဆိုဖာထိုင်ခုံပေါ်ကနေထဖို့စိတ်ကူးလုံးဝမရှိတဲ့ အမေနဲ့ သူ့သားသမီးတွေကြားက ဆက်ဆံရေးကို တစ်စတစ်စပုံဖော်သွားပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေးဗစ်ရဲ့ စိတ်ရှုပ်ထွေးမှုတွေ၊ မွန်းကြပ်ပေါက်ကွဲ မှုတွေကို ဖြည်းဖြည်းချင်းစီ ချပြသွားတာပါ။ အစတုန်းက ဒီရုပ်ရှင်ကို ရိုးရိုးတန်းတန်း family/drama လို့ပဲထင်ခဲ့ပေမဲ့ တကယ်တမ်းကြည့်ကြည့်လိုက်တော့မှ psychology/drama အမျိုးအစား ဖြစ်နေတာပါ။ ဒေးဗစ်နဲ့သူ့မိသားစုကိုဦးတည်ထားတဲ့ metaphor တွေ၊ တွေးကြည့်မှ သဘောပေါက်နိုင်မဲ့အရာတွေနဲ့ အဓိကဇာတ်ကောင်ရဲ့စိတ်ခံစားချက်တွေနဲ့ trauma တွေအကြောင်း ကောင်းကောင်းကြီးကြည့်ရှုရမဲ့ ရုပ်ရှင်တစ်ကားပဲ...
Kissufim (2023) ⭐IMDB: 5.3/10 (160 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Israel ⏰ 1 နာရီ 29 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအညွှန်းမရေးခင်မှာ ပထမဦးဆုံးအနေနဲပြောချင်တာကတော့ ဒီဇာတ်လမ်းလေးဟာ ၂၀၂၃ အောက်တိုဘာ ၇ ရက် အစ္စရေးတောင်ဘက်ပိုင်း ကစ်ဘုဒ်စ်မှာဖြစ်ပွါးခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုအတွက် ရည်ညွှန်းထားခြင်းဖြစ်ပြီး အဲလီဆိုတဲ့အမျိုးသမီးဇာတ်ကောင်ကတော့ အဲလီယန်ဂဇစ်(Elian Gazit)ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ဖြစ်ရပ်မှန်ကို အခြခံထားခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လူငယ်အမျိုးသား အမျိုးသမီးတစ်ဖွဲ့ဟာ သူတို့တာဝန်ရဲ့နောက်ဆုံးအဆင့်အနေနဲ့ ကစ်ဘုဒ်စ်ဆိုတဲ့နေရာလေးတစ်ခုမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ အစ္စရေးတပ်သားဟောင်းများသာမက အနယ်နယ်အရပ်ရပ်မှ လုပ်အားပေးများလည်း လာရောက်ကူညီကြပါတယ်။ မငြိမ်သက်မှုတွေကြားမှ လူငယ်တွေရဲ့အပျော်ရှာဖွေမှု ၊အချစ်ဇာတ်လမ်းတွေ ၊ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။...
An Arrow Through the Heart (2024) ⭐TMDB: 30% User Score 🎬 #Action #Drama #War 🗓 2024 🎞 tv series 🌎 #China ⏰ 1 နာရီ 29 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မြို့တော်မှာ နေတဲ့ယန်မိသားစုတစ်စုကတစ်နေ့မှာတော့ လုပ်ကြံသူတွေသတ်ဖြတ်တာခံလိုက်ရပေမဲ့ သားဖြစ်သူယန်ဟိုင်ကိုလွတ်မြောက်အောင်ကာကွယ်ပေးခဲ့တာပေါ့။ဒီလိုနဲ့ ယန်ဟိုင်တစ်ယောက်ယန်ရှီပါးရှိတဲ့နေရာဆီသွားရှာခဲ့တယ်။ယန်ရှီပါးက ရှောင်ဟိုင်အဖေဆီကနေကြားနေကျမြှားပစ်တဲ့နေရာမှာဆရာတစ်ဆူလိုထူးချွန်တဲ့ နတ်လေးသမားပေါ့။ ဒါပေမဲ့ရှောင်ဟိုင်လာတဲ့ အချိန်နောက်ကျသွားပြီးယန်ရှီပါးတစ်ယောက်ဟာလွန်ခဲ့တဲ့ (၂) နှစ်လောက်တည်းကဆုံးပါးသွားခဲ့တယ်။သမီးဖြစ်သူ ယန်ရှောင်ဖျင်ကတော့မျက်မမြင်ဖြစ်ပေမဲ့လေးအတတ်ကိုအဖေအမွေဆက်ခံသူပီပီ ထူးချွန်ပြောင်မြောက်လှတယ်။သူနဲ့အတူနေတဲ့ ရှောင်ပုကတော့စစ်မြေပြင်ကနေကောက်ယူလာတဲ့ မိဘမဲ့ဖြစ်ပြီးရှောင်ဟိုင်က သေဆုံးသွားတဲ့မိဘတွေကိုလက်စားချေဖို့ ရှောင်ဖျင်ဆီကနေလေးအတတ်ကိုသင်ယူခဲ့တယ်။ ဒီလိုနဲ့ ၃ ယောက်သားအေးအေးချမ်းချမ်းဖြတ်သန်းနေကြတဲ့ချင်းဆွေရွာမှာတစ်နေ့တော့ ပင်လယ်ဓါးပြတွေတိုက်ခိုက်တာခံရပါတော့တယ်။ အကြောင်းရင်းကတော့ဝေါတိုင်းပြည်ဓါးပြခေါင်းဆောင်ရဲ့သမီးဖြစ်သူနဲ့ရှောင်ဟိုင်တို့တွေ့ပြီးသမီးဖြစ်သူကမြင်မြင်ချင်းချင်းမှာတင်ရှောင်ဟိုင်ကိုချစ်မိသွားရာ သူနေထိုင်တဲ့ချင်းဆွေရွာကိုသွားပြီးရှောင်ဟိုင်ကိုဖမ်းခေါ်ပြီး သူ့ဘေးနားမှာထားဖို့ကြံစည်ပါတော့တယ်။ ဓါးပြခေါင်းဆောင်သမီးဖြစ်သူကလည်း နှလုံးရောဂါကြောင့်တစ်နှစ်ပဲအသက်ရှင်တော့ရတယ်ဆိုပေမဲ့မတူညီတဲ့အင်္ဂါနဲ့ဖွဲ့စည်းထားတဲ့နှလုံးကိုစားပါကရောဂါပျောက်နိုင်တယ်လို့သမားတော်ကပြောခဲ့တဲ့အပေါ် ရှောင်ဖျင်ကိုမြင်မြင်ချင်းချင်းမတူညီတဲ့အင်္ဂါနဲ့ဖွဲ့စည်းထားတဲ့ နှလုံးကိုယူဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ပင်လယ်ဓါးပြတစ်ဖွဲ့လုံးချင်းဆွေရွာကရွာသားတွေကိုဖမ်းဆီးသတ်ဖြတ်ထားတာကိုရှောင်ဟိုင်ပြန်လာတဲ့အချိန်တွေ့သွားတဲ့အခါရှောင်ဖျင်ကိုကယ်ဖို့ လိုက်ရှာရင်းဘာတွေဆက်ဖြစ်ကြမလဲ။လေးအတတ်အင်မတန်တတ်ကျွမ်းလှတဲ့မျက်မမြင်ရှောင်ဖျင်တစ်ယောက်ဘယ်လိုတွေအရည်အချင်းတွေများဖုံးကွယ်ထားသေးလဲစတာတွေကိုဒီဇာတ်လမ်းလေးထဲမှာ ဖော်ပြသွားတာမို့လို့ဒီဇာတ်လမ်းလေးကို ကြည့်ရူလိုက်ရအောင်...
The Jack in the Box Rises (2024) ⭐IMDB: 4.3/10 (397 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 33 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Jack in the Box (2019) နဲ့ The Jack in the Box Awakening (2022) တို့ရဲ့ အဆက် The Jack in the Box Rises ကတော့ ထွက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ Jack in the Box ဆိုတာကတော့ သေတ္တာကိုဖွင့်လိုက်ရင် စပရိန်တပ်ထားတဲ့ လူပြက်အရုပ်လေးခုန်ထွက်လာတဲ့ ဂျာမန်ကစားစရာအရုပ်ကိုခေါ်တာဖြစ်ပါတယ်။ ယုံတမ်းစကားတွေအရ Jack-in-the-box ဆိုတာ “သေတ္တာထဲကနတ်ဆိုး”လို့ အဓိပ္ပါယ်ရပြီး အဓိပ္ပါယ်အတိုင်း နတ်ဆိုးကို သေတ္တာထဲထည့်ပိတ်ထားတယ်လို့ မှတ်ယူကြပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ယက်စတီမာရာ (Jackestemara) လို့ခေါ်တဲ့ နတ်ဆိုး တစ်ကောင်ကို အစီအရင်နဲ့ သေတ္တာထဲထည့်ပိတ်ထားတာပါ။ နတ်ဆိုးဟာ သေတ္တာဖွင့်ပေးတဲ့လူရဲ့ ဆုတောင်းတစ်ခုကိုဖြည့်ဆည်းပေးပါတယ်။ ဒါပေမဲ့ အဲလိုဖြည့်ဆည်းပေးဖို့ရာအတွက် လူ ၆ယောက်ကို သတ်ပြီးမှသာ ဆုတောင်းပြည့်မှာဖြစ်ပါတယ်။ ဝိသမာလောဘသားတွေဖြစ်တဲ့ လူတွေကတော့ ကိုယ်ကျိုးအတွက် နတ်ဆိုး သေတ္တာကိုဖွင့်လိုက်ကြရာကနေ အပြစ်မဲ့တဲ့လူ၆ယောက် နတ်ဆိုးလိုက်သတ်တာ ခံရတဲ့အကြောင်း ရိုက်ကူးထားတဲ့ Horror movie series ပဲဖြစ်ပါတယ်။ ဒီတတိယမြောက်ကားမှာတော့ 2022တုန်းက ထွက်ရှိခဲ့တဲ့ Awakening ကားထဲမှာ နတ်ဆိုးနဲ့အပေးအယူလုပ်ခဲ့တာကြောင့် ရောဂါကနေပြန်ကောင်းသွားတဲ့ အဘွားကြီးဟာ သူ့ကို ကူညီပေးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ကို နတ်ဆိုးသေတ္တာ ဝှက်ထားတဲ့နေရာအကြောင်း ပြောပြခဲ့ပါတယ်။ အဲနေရာကတော့ အခြားမဟုတ်ဘဲ 2022 Awakening ကားထဲက Rosewood အိမ်ကြီးပါ။ Rosewood အိမ်ကြီးဟာ အခုဆို စည်းကမ်းတင်းကြပ်တဲ့ ဘော်ဒါဆောင်တစ်ခုဖြစ်နေပါပြီ။ နတ်ဆိုးသေတ္တာကို အပိုင်လိုချင်တဲ့ ဟာဗေးဟာ ရေဗင်ဆိုတဲ့ကောင်မလေးကို အကြပ်ကိုင်ကာ အဲဒီဘော်ဒါဆောင်က Jack-in-the-box ကို ကျောင်းသူအယောင် ဆောင်ပြီးသွားယူခိုင်းရာကနေ ဇာတ်လမ်းစတင်ထားပါတယ်။ ဒီတစ်ခေါက်မှာရော ဘယ်သူက သေတ္တာကိုဖွင့်လိုက်တာလဲ၊ ဘယ်သူတွေ အသတ်ခံရဦးမလဲ၊ နတ်ဆိုးကိုရော နှိမ်နင်းနိုင်မှာလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Stop! Thieves (2019) ⭐TMDB: 0% User Score 🎬 #Comedy 🗓 2019 🎞 tv series 🌎 #China ⏰ 1 နာရီ 38 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ အားလုံးအတွက်ဟာသကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…Alibaba အကြောင်းကြားဖူးမယ်ထင်ပါရဲ့…ဒီကားထဲမှာ ချန်အစ်ကိုကြီးလည်း ဒီလိုပဲ သူ့ညီအစ်ကိုတွေနဲ့အတူအိမ်တွေက ရှေးဟောင်းပစ္စည်းတွေကို ခိုးပြီး ပြန်ရောင်းတဲ့ စီးပွားရေးလုပ်ပါတယ်…ဟုတ်ပါတယ်… သူခိုးကြီးပါ… ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆိုငွေအရမ်းမက်တဲ့ ရှောင်းချန်က သူ့ညီ ဖက်တီးနဲ့ ချွဲ့ဇီ ကိုခေါ်ပြီးတစ်အိမ်တက်ဆင်း ပစ္စည်းတွေခိုးပြီး ပြန်ရောင်းတဲ့အလုပ်ကို လုပ်ပါတယ်..ပစ္စည်းခိုးတာကို လူမိရင်တော့ ပြေးတာပေါ့,,,တိုက်တိုက်ဆိုင်ဆိုင် သူတို့ ခိုးတာ လူမိလို့တစ်ပတ်ရိုက်ပြေးချိန်မှာပဲ… ကားတစ်စီးနဲ့ ဝင်တိုက်ခဲ့တယ်.. အဲ့ကားပေါ်မှာ သူတို့တွေ့ခဲ့တဲ့ သူက သူဌေးတစ်ယောက်ရဲ့ဦးလေးဖြစ်ပြီး ပြန်ပေးဆွဲခံရတာတဲ့…ဒီဦးလေးကို ကယ်ထုတ်ပေးနိုင်ရင် ဆုကြေးရမယ်ဆိုလို့…မှန်းထားတဲ့အတိုင်းပါပဲ ငတက်ပြား ညီအစ်ကို၃ ယောက်ရဲ့ ကယ်ဆယ်ရေးခရီး စခဲ့တာပေါ့…ကဲ ဦးလေးကို ကယ်ထုတ်ပေးနိုင်မှာလား…ဒီညီအစ်ကိုတွေက ဘာလို့ ဒီလောက်တောင် ငွေမက်တာလဲ…ဘယ်လို အလှည့်အပြောင်းတွေရှိဦးမလဲဆိုတာဇာတ်လမ်းလေးကိုကြည့်လိုက်ရအောင်နော်...
The Wounded Man (1983) ⭐TMDB: 55% User Score 🎬 #Crime #Drama #Romance #Horror 🗓 1983 🎞 Series 🌎 #France ⏰ 1 နာရီ 51 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြင်သစ် ဒါရိုက်တာ – Patrice Chéreau ရိုက်ထားတဲ့ BL ပုံစံ လိင်တူ အဖိုးကြီးနဲ့ ဆယ်ကျော်သက်ကောင်လေးတို့ရဲ့ Drama movies ပါ Bl ဆိုပေမယ့် love scene တွေ အသားပေးထားတာမဟုတ်ပဲ လူ့ဆက်ဆံရေးအခက်အခဲတွေ , သနားစရာတွေ , လှည့်ကွက်တွေ , ချစ်ချင်းတွေကို ပညာပေးပုံစံရိုက်ကူးထားတာပဲဖြစ်ပါတယ် César Award မှာလည်း Best Screen play ဆုရထားတာမို့လို့ ကြည့်လို့ကောင်းတဲ့ဇတ်ကားတစ်ကားဖြစ်လာစေမှာပါ ဇတ်လမ်းအကျဉ်း ဟိရိ ဆိုတဲ့ ကောင်လေးက အိမ်ကမိသားစုနဲ့အဆင်မပြေတဲ့အခါမှာ ရထားဘူတာမှာတွေ့ခဲ့တဲ့ လူတစ်ယောက်ကိုတွေ့တွေ့ချင် သဘောကျသွားပြီးတော့ သူ့နောက်လိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ် နောက်ပိုင်းမှာတော့အဲ့လူက လူလိမ်တစ်ယောက်ဖြစ်ပြီး ခြေသလုံးအိမ်တိုင်ဖြစ်နေပါတယ် ဟိရိကသူ့ကိုချစ်မိသွားပေမယ့် ဟိုလူကသူ့ကိုစိတ်ဝင်စားမလား သူတို့နှစ်ယောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်ကြည့်ရမယ့် ဒရမ်မာ နဲ့ အချစ်ဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်...
Life Hill Gayi (2024) ⭐IMDB: 6.5/10 (878 Votes) 🎬 #Comedy #Romance 🗓 2024 🎞 tv series 🌎 #India ⏰ 38 မိနစ် 16 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Life Hill Gayi (2024) “ဘဝစာမျက်နှာအသစ်” IMDb 6.5 Disney Hotstar+ မှာ အသစ်ထွက်ရှိထားတဲ့ဟင်ဒီ ဟာသစီးရီးလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ဒေ့ဗ်နဲ့ ကာကီ မောင်နှမနဲ့ သူတို့ရဲ့အဖေဟီမာလယာတို့သုံးယောက်သားဟာ အဘိုးဖြစ်သူ သူဌေးကြီးလာခိုင်းတဲ့ နယ်ဘက်ကိုခရီးထွက်လာကြပါတယ် ရွာတစ်ရွာရောက်တော့ သူတို့အဘိုးလာခိုင်းတဲ့နေရာက ကိုလိုနီခေတ်လက်ကျန်အဆောက်အဦအပျက်ကြီးဖြစ်နေပြီး သူ့အဘိုးကလည်း တကယ်ရှိမနေဘဲဗီဒီယိုကောလ်ခေါ်ကာ စပရိုက်တိုက်လိုက်ပါတော့တယ် အကြောင်းကတော့အဲဒီဟိုတယ်အဟောင်းကြီးကို မောင်နှမနှစ်ယောက် ၆ လအတွင်းပြန်လည်ပြင်ဆင်မွမ်းမံကာ လုပ်ငန်းလည်ပတ်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ် သူတို့နှစ်ယောက်ရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး တစ်ယောက်ကိုပဲ အမွေပေးမယ်လို့ဆိုလာတဲ့အခါ လျှပ်စစ်မီးမရတဲ့ရွာမှာ သူတို့နှစ်ယောက် ဘယ်လိုပြိုင်ဆိုင်ကြမလဲ …ဘယ်လိုအလွဲတွေဖြစ်လာမှာလဲဆိုတာကို ဟာသကားကြိုက်တဲ့ ပရိတ်သတ်ကြီးအားပေးကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo ~ KKKZ ~ Alex တို့ပဲ ဖြစ်ပါတယ်...
IC 814: The Kandahar Hijack (2024) ⭐IMDB: 5.5/10 (12 k Votes) 🎬 #Drama #War #Politics #History #Thriller 🗓 2024 🎞 tv mini series 🌎 #India ⏰ 33 မိနစ် 55 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IC 814: The Kandahar Hijack (2024) “IC 814 လေယာဥ်ပြန်ပေးဆွဲခံရမှု” ပရိသတ်ကြီးအတွက် Netflix က အသစ်ထွက်ရှိထားတဲ့ ဟင်ဒီ crime-thriller မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၉၉၉ က ဖြစ်ပွားခဲ့တဲ့ ကန်ဒါဟာလေယာဥ်ပြန်ပေးဆွဲခံရမှု ဖြစ်ရပ်ကို ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး Netflix မှာလည်း hit ဖြစ်ခဲ့ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ဒီဇင်ဘာ ၂၄ ရက်နေ့ ၁၉၉၉ မှာ အိန္ဒိယလေကြောင်းလိုင်း IC 814 လေယာဥ်ဟာ အကြမ်းဖက်တွေရုတ်တရက်ပြန်ပေးဆွဲတာခံလိုက်ရပါတယ် ဒီဖြစ်ရပ်ဟာ ခုနစ်ရက်တိုင်ကြာမြင့်ခဲ့ပြီး နားလည်ရခက်အောင် ရှုပ်ထွေးတဲ့ဖြစ်ရပ်ဖြစ်ခဲ့ပါတယ် ပြန်ပေးသမားအကြမ်းဖက်တွေဟာ စစ်ဆင်ရေးတစ်ခုကို အကောင်အထည်ဖော်နေတာဖြစ်ပြီး သူတို့ရဲ့ရည်ရွယ်ချက်ကို တိတိပပမသိရဘဲကာဘူးလ်ကိုသာ မောင်းနှင်ခိုင်းနေတာပါ ဒါပေမဲ့ သူတို့ရဲ့ရည်ရွယ်ချက်အစစ်အမှန်ကဘယ်လိုဖြစ်မလဲ ဘယ်သူကခိုင်းစေတာလဲစတဲ့မေးခွန်းတွေနဲ့အတူ အန္တရာယ်တွင်းမှာ ချမှတ်ရတဲ့ အရေးပေါ်ဆုံးဖြတ်ချက်တွေ ပေးဆပ်ရမှုတွေနဲ့အတူထုံးစံအတိုင်း အစိုးရနဲ့ညှိနှိုင်းတာတွေ မြင်တွေ့ရမယ့် မီနီစီးရီးလေးပဲ ဖြစ်ပါတယ် အညွန်းနဲ့ ဘာသာပြန်ကတော့ BpL ~ ToMo ~ KKKZ တို့ပဲ ဖြစ်ပါတယ်...
7 Hours to Go (2016) ⭐IMDB: 5.6/10 (447 Votes) 🎬 #Bollywood #Crime #Thriller #Action 🗓 2016 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 7 Hours To Go! (2016) “ကျည်ခုနစ်တောင့် လူခုနစ်ယောက်”IMDb – 5.6/10 2016ခုနှစ်ကထွက်ရှိခဲ့တဲ့ အိန္ဒိယမှုခင်းဒရာမာဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးပါရစေ။မင်းသား ရှစ်ဗ်ပန်ဒစ်နဲ့ မင်းသမီး ဆန်ဒီပါဒါးတို့ အဓိကသရုပ်ဆောင်ထားတဲ့ဇာတ်လမ်း။ အာဂျွန်ဆိုတာ နယ်မြို့လေးကရဲတစ်ယောက်။ ချစ်သူနဲ့တွေ့ဖို့ မွမ်ဘိုင်းကိုအလာ ချစ်သူကမွမ်ဘိုင်းတရားရုံးချုပ်မှာရောက်နေတဲ့အတွက် ချစ်သူရှိရာကိုအသွား…။ ဇာတ်အလှည့်အပြောင်းတွေကြောင့် ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အာဂျွန်ကနေ မွမ်ဘိုင်းတရားရုံးချုပ်မှာဓားစာခံခုနစ်ဦးဖမ်းထားတဲ့ ပြန်ပေးသမားဖြစ်သွားခဲ့ပါတယ်။ သူနဲ့ညှိုနှိုင်းဖို့အတွက် အာဂျွန် တောင်းဆိုတာကတော့ မွမ်ဘိုင်းရဲ့ ခပ်ကြမ်းကြမ်းရဲအရာရှိအမျိုးသမီး ရှုကလာ။ရှုကလာရောက်လာချိန်မှာ အာဂျွန်တောင်းဆိုတာက သူ့အတွက်အမှုတစ်ခုလိုက်ပေးဖို့ဓားစာခံခုနစ်ယောက်နဲ့ အလဲအလှယ်လုပ်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Alex ~ KKKZတို့ပဲဖြစ်ပါတယ်)...
Enemy at the Gates (2001) ⭐TMDB: 74% User Score 🎬 #Action #Drama #War #History #Romance 🗓 2001 🎞 movie 🌎 #France #Germany #Ireland #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Enemy at the Gates ( 2001 ) ဒီဇာတ်လမ်းက ဒုတိယဇာတ်ကမ္ဘာစစ်ကို အဆုံးအဖြတ်ပေးခဲ့တဲ့ တိုက်ပွဲတစ်ခုအကြောင်းလို့ ပြောရင်လည်းပြောလို့ရတယ်။ ဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက တိုက်ပွဲပေါ့။ ဒီတိုက်ပွဲမှာ ဆိုဗီယက်တပ်နီတော်ကနေ ဂျာမန်တပ်တွေကို လုံးလုံးအနိုင်ယူနိုင်ခဲ့တယ်။ ဒီစစ်ပွဲမှာ စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ ဂျာမနီတွေလည်း၉သိန်းကျော်၁၀သိန်းနီးပါးရှိခဲ့တယ်။ ဒီစစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တွေကြား အင်အားက တော်တော်လေးကွာခြားခဲ့တယ်။ ဆိုဗီယက်တွေဘက်က ရိုင်ဖယ်တစ်လက်ကို နှစ်ယောက်ခွဲသုံးကြရတဲ့အထိကို လက်နက်အင်အားနည်းပါးခဲ့သလို ပြည်သူ့စစ်ကိုထည့်သုံးရတဲ့အထိကို အင်အားနည်းပါးခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေးခိုင်မာခဲ့တယ်။ ဆိုပေမဲ့ ဒီရုပ်ရှင်တော့ အဲဒီလိုစိတ်ဓာတ်ခိုင်မာလာဖို့ လုပ်ရတဲ့ ဝါဒါဖြန့်စစ်ပွဲတွေ အတင်းအကျပ်ရဲ့အပိုင်းတွေကို ဒီရုပ်ရှင်မှာ ပါးပါးလေးပြသွားခဲ့သလို သူ့ဘာသာသူကို စိတ်ဓာတ်ခိုင်မာနေတဲ့အပိုင်းကိုလည်း ပြသွားခဲ့တယ်။ သမိုင်းကြီးတဲ့ ဒီစစ်ပွဲက ဒီရုပ်ရှင်ရဲ့နောက်ခံပေမဲ့ ဒီရုပ်ရှင်က မီးမောင်းထိုးပြထားတာက ဒီစစ်ပွဲအကြောင်းကိုတော့ မဟုတ်ခဲ့ဘူး။ Enemy at the Gates ဟာ ဒီစစ်ပွဲရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာပါခဲ့တဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်အကြောင်းကို မီးမောင်းထိုးပြသွားတယ်။ Enemy at the Gatesမှာ စစ်ပြတဲ့အခြေအနေက ဆိုဗီယက်တွေက ဂျာမနီရဲ့တိုက်ခိုက်မှုကို တင်းခံနေရပေမဲ့ တပ်ဆုတ်ရင်ပစ်သတ်ဆိုပြီး အမိန့်ပေးထားရတဲ့အထိ စိတ်ဓာတ်ရေးရာက ပျက်ပြားနေခဲ့တယ်။ ဒီတော့ ပစ်မလွဲဖြစ်နေတဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်ရဲ့ အောင်ပွဲတွေကို သူရဲကောင်းဆန်ဆန် ရေးသားပြီး ပြည်သူတွေအားလုံး စိတ်ဓာတ်တက်ကြွလာအောင် ဝါဒဖြန့်ခဲ့တယ်။ အဲဒီလက်ဖြောင့်တပ်သားက ဒီတိုက်ပွဲရဲ့အရေးအပါဆုံး နာမည်အကျော်ဆုံး တပ်သားတစ်ယောက်ဖြစ်ခဲ့သလို တစ်ချိန်တည်းမှာပဲ ဒီတိုက်ပွဲရဲ့ အလေးဆုံးဝန်ကို ထမ်းထားရတဲ့ စစ်သားလည်းဟုတ်ခဲ့တယ်။ သူ့အလေးဆုံးဝန်က တကယ်တမ်း ရာထူးတွေ တာဝန်တွေထက် အားလုံးအချစ်ခံနေရ ချီးကျူးခံနေရတာဖြစ်ခဲ့တယ်။ တလောက ဇာတ်လမ်းတွဲတစ်ခုထဲက မှတ်မှတ်ရရရှိလိုက်တဲ့ ဒိုင်ယာယော့လိုတစ်ခုအတိုင်းပါပဲ။ ချီးကျူးခံရတာက ချီးကျူးခံရတဲ့သူဘက်ကပဲ ဝန်လေးတာဖြစ်ပြီး ချီးကျူးလိုက်ရတဲ့သူဘက်က ဘာမှ မဆုံးရှုံးသွားဘူးတဲ့။ ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုတွေကြားမှာ အဲဒီလက်ဖြောင့်တပ်သားက ကျရှုံးလို့မဖြစ်တဲ့ သူရဲကောင်းတစ်ယောက်အဖြစ်နေနေရမယ့် ဝန်ကြီးကို ထမ်းထားရတယ်။ ပြောရရင် ဒီရုပ်ရှင်ဟာ စစ်ပွဲတစ်ပွဲအကြောင်းဆိုတာထက် အလေးဆုံးဝန်ကို ထမ်းထားရတဲ့တပ်သားတစ်ယောက်အကြောင်းပဲ။ သာမန်စစ်သားတစ်ယောက်လို ရဲရဲတိုက် ရဲရဲသေလိုက်တာကမှ သူ့အတွက်ပိုလွယ်နေသေးပေမဲ့ သူကျရှုံးသွားရင် အားလုံးစိတ်ဓာတ်ပျက်ပြားသွားနိုင်တယ်ဆိုတဲ့အချက်ကြောင့် သူက ဒီဝန်ကြီးကို သူထမ်းနေရတယ်။ ဒီလိုနဲ့ သူ့ဂုဏ်သတင်းကြောင့် ပျက်ပြားလာတဲ့ ဂျာမန်စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ပြန်အဖတ်ဆည်ဖို့ ဂျာမန်ဘက်ကလည်း သူတို့ရဲ့ နာမည်ကျော်စနိုက်ပါသမားကို လွှတ်လိုက်တယ်။ သူ့ထက်ပညာအရာမှာသာနေတဲ့ ဂျာမန်စနိုက်ပါသမားကို ရုရှစနိုက်ပါသမားလေးက ရှုံးလို့မဖြစ်တဲ့ဝန်ကြီးကို သယ်ပြီး ရင်ဆိုင်ခဲ့ရတယ်။ Enemy at the Gates ( 2001 )ဟာ စစ်ပွဲတစ်ပွဲမှာ ဝါဒဖြန့်ချီရေး စိတ်ဓာတ်စစ်ဆင်ရေးက အရေးအပါဆုံးဖြစ်ကြောင်း တင်ပြထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ စစ်ကားတစ်ကားဆိုတာထက် လူ့စရိုက်တွေ လူတန်းစားကွာဟမှုတွေကို ပေါ်လွင်အောင် တင်ပြထားတဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Enemy at the Gatesရဲ့ ဒါရိုက်တာ Jean-Jacques Annaudဟာ The Lover (1992)တို့ Seven Years in Tibet (1997)တို့လို ဒီမှာလူသိများတဲ့ ကားတွေအပြင် တခြားကားကောင်းတွေကိုလည်း ရိုက်ခဲ့သလို ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် စနိုက်ပါသမား၂ယောက်နေရာမှာ Ed Harrisနဲ့ Jude Lawတို့လို သရုပ်ဆောင်ကောင်းတွေကိုသုံးထားပေးတယ်။ ဘာမှတော့မဟုတ်ပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အတွက် သိပ်လှတဲ့အခန်းက ဘွဲ့ရပညာတတ်ပေမဲ့ ရှေ့တန်းမှာပဲ မရမကတိုက်ချင်နေတဲ့ ကောင်မလေးကို လက်ဖြောင့်တပ်သားလေးက တစ်ဖက်လှည့်နဲ့ သူ့နေရာသူပြန်သွားဖို့ နားချတဲ့အခန်းပဲ။ ” တောထဲမှာ ဝံပုလွေတွေက သုံးနှစ်ပဲ အသက်ရှင်နိုင်ပေမဲ့ မြည်းတွေကတော့ ကိုးနှစ်ရှင်နိုင်တယ်။ မြည်းတွေက ပိုအသုံးဝင်လို့ ကြာကြာရှင်ရတယ်”လို့ လက်ဖြောင့်တပ်သားလေးကပြောတော့ ကောင်မလေးက ” အဓိပ္ပာယ်မရှိတာကြီး တောထဲမှာ မြည်းမရှိဘူးလေ”လို့ ပြန်ပြောလိုက်တယ်။ ခဏတော့တွေသွားပြီးမှ ကောင်မလေးထပ်ပြောခဲ့တဲ့စကားက “ရှင်က ကျွန်မကို မြည်းလို့ပြောချင်တာလား”တဲ့။...
