ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Detective Chinatown 3 (2021) ⭐IMDB: 5.6/10 (3 k Votes) 🎬 #Action #Adventure #Comedy #Mystery 🗓 2021 🎞 movie 🌎 #China ⏰ 2 နာရီ 16 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်…၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး ဒီမှာhttps://www.channelmyanmar.to/?s=detective+chinatownဒေါင်းလို့ရပါတယ်။ ++++++++++ Detective Chinatown 3 ( 2021 ) အညွှန်း ********************************** စုံထောက်ဇာတ်ကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့လူတွေအတွက် ဟာသနှောစုံထောက်ကားလေး လာပါပြီနော် Detective Chinatown 3ဇာတ်ကားလေးဟာဆိုရင် အရင်က 1 2 ဆိုပြီးတော့ နှစ်ကားထွက်ဖူးတာကြောင့် ကြည့်ပြီးသားလူတွေကတော့ ဒီကားလေးထဲမှာ တူဝရီးနှစ်ယောက် ဘယ်လိုတွေ ဗရုတ်ကျပြီး ပဟေဠိဆန်ဆန် လူသတ်မှုတွေကို စုံစမ်းကြသလဲဆိုတာ သိပြီးသားဖြစ်မှာပါ အခု 3 မှာရော နှစ်ယောက်သား ဂျပန်ကိုသွားပြီး ဘယ်လိုအလွဲတွေနဲ့ ပဟေဠိဆန်တဲ့လူသတ်မှုကို ဖြေရှင်းကြမလဲ ထိုင်းစုံထောက် ဂျပန်စုံထောက်တွေနဲ့ အားလုံးဆုံမိသွားတဲ့အပြင် မာဖီးယားတွေနဲ့ အမှုက ပတ်သတ်နေတဲ့အခါ တူဝရီးနှစ်ယောက် ဟာသတွေ တစ်ပုံကြီးနဲ့ အမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုကြရမှာပါ ရှေ့နှစ်ကားမကြည့်ဖူးသေးတဲ့လူတွေအတွက်လည်း ဒီကားလေးက 1 2 နဲ့ အမှုအသွားအလာ အဆက်အစပ်မရှိတဲ့အတွက်ကြောင့်မို့လို့ ဟာသ သဲထိတ်ရင်ဖိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအနေနဲ့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးပါနော်...
Detective Chinatown 2 (2018) ⭐IMDB: 6.1/10 (3 k Votes) 🎬 #Action #Comedy #Mystery 🗓 2018 🎞 movie 🌎 #China ⏰ 2 နာရီ 1 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်…၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး ဒီမှာhttps://www.channelmyanmar.to/?s=detective+chinatownဒေါင်းလို့ရပါတယ်။ ++++++++++ Detective Chinatown 2(2018)အညွှန်း ********************************* ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်… Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကို စုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့… အဆင့်တစ်ကတာ့ “Q” ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။ တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့ မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့် ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲ Crimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက် အမှုကို ဖော်ထုတ်ပုံတွေ၊ အမှုက ထင်ထားသလိုမရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နေတာကြောင့် လှည့်ကွက်များစွာရှိနေပုံတွေကို ဟာသဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့် အမှုအကြောင်း သဲလွန်စရှာပုံတွေ၊ ကောက်ချက်ချပုံတွေကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ အဲ့ဒါကြောင့် စုံထောက်ကားကြိုက်သူတွေ ဟာသကောင်းကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ တရုတ်ကားကောင်းတစ်ကားဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။ ဂိမ်မာတွေဆိုတာ ဘာညာအထှာတော့ရှိတယ်ဗျ…. တစ်ချို့သော ပုတ်ခတ်သူတွေအတွက် တစ်ချို့သော ဂိမ်မာသမားများက ဂိမ်ကစားရင်း လက်တွေ့ဘဝမှာ ဒီလိုဟိုလို ဉာဏ်သုံးဖြေရှင်းပြီး လုပ်ငန်းအောင် မြင်အောင် သက်သေပြတဲ့ကားလေးဆိုလည်းမမှားဘူးပေါ့ဗျာ…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein Min Tun ဖြစ်ပါတယ်...
Detective Chinatown (2015) ⭐IMDB: 6.6/10 (3 k Votes) 🎬 #Action #Comedy #Mystery 🗓 2015 🎞 movie 🌎 #China ⏰ 2 နာရီ 16 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်…၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး ဒီမှာhttps://www.channelmyanmar.to/?s=detective+chinatownဒေါင်းလို့ရပါတယ်။ ++++++++++ Detective Chinatown (1) (2015) IMDb Rating (6.6) / Rotten Tomatoes (74%) ချင်ဖုန်းဆိုတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဟာစုံထောက်အလုပ်ကို ဝါသနာပါလွန်းလို့ ရဲကောလိပ်ကို တက်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မရခဲ့ပါဘူးစိတ်ဓာတ်တွေ အလုံးအရင်းလိုက်ကျနေတဲ့ ချင်ဖုန်းကို သူ့အဘွားဖြစ်သူက ပျော်စေချင်တဲ့အတွက်သူနဲ့ အမျိုးဆယ့်နှစ်ဝမ်းကွဲလောက်တော်တဲ့ ဦးလေးထန်ရန်ရှိတဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ်သူ့ဦးလေးထန်ရန်ဟာဆိုရင်တော့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းမှာ နာမည်ကြီးစုံထောက်လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့… တကယ်တန်းမှာတော့ သူက လမ်းပေါ်မှာပဲ ပေတေလေလွင့်နေတဲ့ လောင်းကစားသမားပါသူ့တူဖြစ်သူ ချင်ဖုန်းရောက်လာတဲ့အခါ သူကြိုဆိုဧည့်ခံပုံတွေကလဲ အတော်ခွီရတဲ့ ဇာတ်ဝင်ခန်းလေးတွေပါအဲနောက်မှာတော့ ထန်ရန်ကို လူသတ်မှုတစ်ခုမှာ ချောက်တွန်းခံရတာကနေသူတို့ တူဝရီးနှစ်ယောက် ပြေးရလွှားရနဲ့ အမှုဖော်တာတွေကို မြင်တွေ့ရမှာပါ ဉာဏ်ကောင်းပြီး စုံထောက်ဝတ္ထုတွေ ဇာတ်လမ်းတွေကနေထောက်လှမ်းနည်းတွေကို သင်ယူခဲ့တဲ့ ချင်ဖုန်းရဲ့ စကေးတွေကိုလည်း မြင်တွေ့ရမှာပါဒီ့အပြင် နောက်ဆုံးမှာတော့ ချင်ဖုန်း ဘာလို့ ရဲကောလိပ်ကို ဝင်ခွင့်မရလဲ ဆိုတဲ့ တကယ့်အကြောင်းရင်းကလည်း ရှိနေပြန်ပါသေးတယ်… ဒီတော့ ထန်ရန်နဲ့ ချင်ဖုန်း နှစ်ယောက်သား အလွဲတွေကြားကနေ ဘယ်လိုအတွဲညီညီနဲ့ အမှုမှန်ဖော်မလဲ ဆိုတာကိုတော့……။ (ယခင်တင်ထားတုန်းက စာတန်းထိုးမညီတာတချို့ရှိတာကြောင့် ယခုပြန်လည်ပြင်ဆင်တင်ဆက်ထားပါတယ်။)...
So Long, See You Tomorrow (2023) ⭐TMDB: 57% User Score 🎬 #Drama #Romance #SciFi 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 24 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 So Long, See You Tomorrow (2024) ******************************* “အပြိုင်စကြဝဠာဆိုတာကို ယုံကြည်ပါသလား” အဲဒီအပြိုင်စကြဝဠာမှာ ကိုယ့်ရဲ့ကိုယ်ပွါးတွေဟာ ပုံစံမျိုးစုံနဲ့ ရှိနေနိုင်ပါတယ်တဲ့။ အန်ဒုံဂျွန်းဆိုတဲ့ ကောင်လေးဟာ အပြိုင်စကြဝဠာရှိတယ်ဆိုတာကို ယုံကြည်ပြီး လက်ရှိကိုယ့်ဘဝကိုယ် မနှစ်သက်ဘဲ တခြားစကြဝဠာမှာ ရှိနေတဲ့သူ ဖြစ်ချင်နေခဲ့တာပါ။ အဲဒီလို ဒုံဂျွန်းရဲ့ ငြီးငွေ့နေတဲ့ဘဝကို အလင်းပေးခဲ့တာကတော့ သူ့အိမ်အပေါ်ထပ်မှာနေတဲ့ ဂန်ဟျွန်းဆိုတဲ့ သူ့ရဲ့စီနီယာပဲဖြစ်ပါတယ်။ ဒုံဂျွန်း လေးစားအားကျရတာထက်ကို ပိုပြီး ဘက်စုံတော်တဲ့ ဂန်ဟျွန်းတစ်ယောက် မတော်တဆတစ်ခုနဲ့ ကြုံတွေ့ပြီးနောက် သူ့နားက ထွက်သွားတဲ့အခါမှာတော့… ဒုံဂျွန်းရဲ့ဘဝက ဘယ်လိုပြောင်းလဲသွားလဲသွားမလဲ..။ ဒုံဂျွန်းနဲ့ ဂန်ဟျွန်းကရော ပြန်ဆုံတွေ့နိုင်ပါ့မလား..။ ဆိုတာတွေကို timeline ၃ခုနဲ့ ရိုက်ပြထားပြီး အပြိုင်စကြဝဠာတစ်ခုချင်းစီမှာရှိတဲ့ မတူညီတဲ့ပုံစံနဲ့ ဒုံဂျွန်းကို ကြည့်ရှုရမဲ့ ဇာတ်လမ်းဆန်းဆန်းလေးပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ Children of a Lesser God ထဲမှ Shin Hee-sub၊ Escape ထဲမှ Hong Xa-bin နဲ့ Castaway Diva ထဲမှ Shin Joo-hyup တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။...
Madame de Sévigné (2023) ⭐IMDB: 6.5/10 (171 Votes) 🎬 #Biography #Drama #History 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 33 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားအမျိုးအစားအများကြီးရှိတဲ့ထဲကမှ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းကိုဖော်ပြတဲ့ကားတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြင်သစ် ဇာတ်ကားလေးဖြစ်တဲ့ Madame.de.Sevigne ဆိုတဲ့ကားလေးမှာ မဒမ်ဆီဗင်ညီးရဲ့ သူ့သမီးအပေါ်ထားတဲ့ ချစ်မေတ္တာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မြို့စားကတော် မဒမ်ဆီဗင်ညီးဟာ သူ့ရဲ့သမီးချောလေး ဖရွန်ဆွက်စ်ကို ယောက်ျားပေးစားဖို့ လုပ်နေပါတယ်။ အဆင်ပြေရင် ဘုရင်နဲ့လက်ဆက်ဖို့ထိပါပေါ့။ ဒါပေမဲ့ အဆင်မပြေမှုလေးတွေဖြစ်ပြီး သူ့ရဲ့အဆက်ဟောင်း မြို့စားတစ်ယောက်နဲ့ လက်ဆက်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ သားအမိတွေ နည်းနည်းဝေးသွားကြရင်း တစ်နေ့မှာ သူ့သမီးဆီအလည်သွားရင်း အဆင်မပြေတဲ့ကိစ္စတချို့ကို ကြားလာရပါတယ်။ ဒါနဲ့ပဲ သူ့သမီးကိုပြန်ခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ လိုက်မလာပါဘူး။ နောက်ပိုင်းလိုက်လာတဲ့ အခါမှာသူချစ်တဲ့သူ့သမီးနဲ့သူအဆင်မပြေတော့ပါဘူး။ တစ်ခါတလေမှာ ချစ်တာကို အချစ်လွန်တဲ့အခါ ၂ဦး၂ဘက် အဆင်မပြေမှုတွေဖြစ်ပြီး ဝေးကွာသွားတတ်ပုံကို အကောင်းဆုံးဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna ပဲဖြစ်ပါတယ်။...
Honeymoon Express (2024) ⭐IMDB: 8.7/10 (2 k Votes) 🎬 #Bollywood #Comedy #Romance #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 57 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Honeymoon Express ( 2024 )( အချစ်ရဲ့အမြန်ယာဉ် ) ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့အတွက်၂၀၂၄ ခုနှစ်ထွက် အချစ်ဟာသကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – ပြိုင်ကားတစ်စီးပေါ်မှာ အငြင်းပွားရန်ဖြစ်နေတဲ့လင်မယားကိုတွေ့ရပါလိမ့်မယ်။တကယ်လို့ ဒီလင်မယားဟာ လူကြီးတွေစီစဉ်ပြီးလက်ထပ်ပေးထားလို့ဒီလိုရန်ဖြစ်နေတာပဲလို့ သင်ထင်ရင် မှားပါလိမ့်မယ်။ တကယ်တော့သူတို့ဟာ မြင်မြင်ချင်းချစ်မိပြီး မခွဲနိုင်မခွာနိုင်ဖြစ်လို့လက်ထပ်ယူထားကြသူတွေပါ။ ဒါဆိုရင် ဘာကြောင့်များလက်ထပ်ပြီးတဲ့နောက်မှာ ကြားလေသွေးရင်တောင်ဝေးတယ်ထင်တဲ့အချစ်ငှက်မောင်နှံကနေမတည့်အတူနေဆက်ဆံရေးအဖြစ်ကို ပြောင်းလဲသွားရပါလိမ့်။လူတွေပြောကြသလို အိမ်ထောင်ရေးဆိုတာ အချစ်တို့ရဲ့အဆုံးသတ်ပဲ တကယ်ဖြစ်နေမလား။ ဒီလင်မယားဟာလည်း ချစ်လို့ယူထားတဲ့အိမ်ထောင်ရေးကို အဆုံးမသတ်ချင်တဲ့အတွက်ဘယ်လိုတွေကြိုးစားမလဲဆိုတာကိုဟာသနှောပြီး ပေါ့ပေါ့ပါးပါးရိုက်ကူးပြထားပါတယ်။တကယ်ပဲ အောင်မြင်ပြီး ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်းဖြစ်မလား၊ပျော်ရွှင်စွာလမ်းခွဲကြလေသတည်းဖြစ်မလားဆိုတာကိုတော့ အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦး ရည်းစားဘ၀မှာ အချစ်ဆိုတာ လတ်ဆတ်လန်းဆန်းပြီး ပျော်စရာကောင်းပေမဲ့ အိမ်ထောင်ကျပြီးတဲ့အချိန်မှာတော့အကြောင်းအမျိုးမျိုးကြောင့် အချစ်ဆိုတာ ခြောက်သွေ့ညှိုးနွမ်းသွားတတ်ပါတယ်။အကယ်၍သင့်မှာ လက်ထပ်ဖို့ရည်ရွယ်ထားသူရှိပြီ / ကြင်စဦးအိမ်ထောင် (သို့)အိမ်ထောင်သက်ကြာညောင်းနေပြီဆိုရင်တော့ အိမ်ထောင်ရေးပြဿနာတချို့ကိုဟာသနှောရိုက်ကူးထားတဲ့ ဒီကားလေးကို ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေဗျ.. ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ်...
Coyote Woman (2024) ⭐IMDB: 2.2/10 (52 Votes) 🎬 #Western 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အနောက်တိုင်း သမိုင်းထဲက မြင်းစီးကောင်းဘွိုင်တွေ၊ အင်ဒီးယန်းလူရိုင်းတွေအကြောင်းကိုပြန်ရိုက်ထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ စင်သီယာဆိုတဲ့လူဖြူမိန်းကလေးဟာ တောတွင်းတစ်နေရာမှာ ဓားစာခံအဖြစ်ဖမ်းခံရရင်းကနေ လွတ်မြောက်သွားခဲ့ပြီး ကွန်မန်ချီလို့ခေါ်တဲ့အင်ဒီးယန်းလူရိုင်းမျိုးနွယ်စုတစ်ခုထဲကိုရောက်ရှိသွားခဲ့တယ်။ ဂျေဂျေဂလင်တန်လို့အမည်ရတဲ့မြင်းစီးရိန်းဂျားတွေဟာ သူတို့ရဲ့မူလအဖွဲ့ကနေခွဲထွက်လာခဲ့ပြီး ထင်ရာစိုင်းနေကြပါတယ်။ ဂလင်တန်တို့အုပ်စုဟာ သူတို့အနိုင်တိုက်ပြီးတဲ့ရန်သူတွေရဲ့ ဦးရေပြားတွေကိုခွာယူရောင်းချတဲ့အလုပ်ကိုလည်းလုပ်ကိုင်ကြပါသေးတယ်။ ဒီလိုနဲ့ ဂလင်တန်တို့ရိန်းဂျားအုပ်စုနဲ့ စင်သီယာတို့ရဲ့ နောက်ဆုံးကျန်ရစ်တဲ့ကွန်မန်ချီမျိုးနွယ်စုတို့ ထိပ်တိုက်ရင်ဆိုင်ရဖို့ကြုံလာတဲ့အခါမှာတော့...
World Famous Lover (2020) ⭐IMDB: 5.0/10 (4 k Votes) 🎬 #Bollywood #Romance #Drama #Comedy 🗓 2020 🎞 movie 🌎 #India ⏰ 2 နာရီ 27 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူ့ဘ၀ဆိုတာဟာ အခန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဘယ်နေရာမှာ ဘယ်သူနဲ့တွေ့ခဲ့တယ် ၊ ဘယ်မှာနေခဲ့တယ် ၊ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ ခေါက်ရိုးကျိုးအခန်းတွေမဟုတ်ပဲ ဘယ်သူနဲ့ချစ်ခဲ့တယ်ဘယ်သူ့ကို ချစ်ခဲ့တယ် ၊ ဘယ်လိုအသည်းကွဲခဲ့တယ်ဆိုတဲ့သူမတူတဲ့ အချစ်ဇာတ်လမ်းလေးတွေတော့ ကိုယ်စီရှိကြမယ် ထင်ပါရဲ့။ ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား(ဂေါ်သမ်)ဟာ စာရေးဆရာဖြစ်လိုသူ၊သူ့ချစ်သူ(ယမနီ – ယမင်းရုပ်လို့ပဲ ဆိုပါစို့)ရဲ့အထောက်အပံ့ကို ယူ ၊ချစ်သူနဲ့ အတူနေပြီး စာရေးဖို့ကြိုးစားနေသူပေါ့။ ဒါပေမယ့်လည်း စာရေးဆရာတို့ ၊ ပန်းချီဆရာတို့လိုအနုပညာမှော်ဝင်စားတတ်သူတွေဟာ ချစ်သူအပေါ်ထားရှိရမယ့်တာဝန် ၊ ချစ်သူအပေါ် ဂရုစိုက်ရမယ့်၀တ္တရားတွေကို မဆိုထားနဲ့ဦး ။ စားဖို့ အိပ်ဖို့တောင် မေ့လျော့နေတတ်ကြသူတွေလေ…။ယမနီအတွက်တော့ နေ့စဉ်အလုပ်သွား၊ ပြန်လာတိုင်း ဆေးလိပ်တစ်ဖက်၊စာအုပ်တစ်ဖက်နဲ့ ယောကျ်ားယမနီလုပ်ပေးခဲ့တဲ့ စားသောက်ဖွယ်ရာတွေကို ကာတွန်းကြည့်ပြီးထိုင်စားနေတဲ့ လင်ယောကျ်ားကို မြင်ရလိုက်ညဘက်အိပ်ယာဝင်တိုင်း သန္ဓေတားဆေးသောက်ရလိုက်နဲ့ ဘာတိုးတက်မှုမှ ရှိမလာတဲ့ လင်ယောကျ်ားအပေါ် စိတ်ကုန်လာခဲ့ပါတယ်။ ဒီတော့ အချိန်တွေကြာလာတာနဲ့အမျှ ချစ်သူနှစ်ဦးကြား ပဋိပက္ခတွေဖြစ်လာပြီးဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အဆုံး…. ပြတ်စဲကြရတော့တယ်….။ ချစ်သူနဲ့အတူနေချိန်မှာ ခေါင်းထဲက ဘာအကြောင်းအရာမှမထွက်သလို၊နှလုံးသားထဲကနေလည်း ဘာမှဆွဲထုတ်လို့မရခဲ့တဲ့ ဂေါ်သမ်ဟာ စာတွေရေးဖြစ်လာခဲ့တယ်။ သူရေးလိုက်တဲ့ ဇာတ်လမ်းတိုင်းမှာ သူကိုယ်တိုင် ဇာတ်လိုက်အဖြစ်နဲ့ ခံစားပြီးရေးလိုက်တာတွေကြောင့် သူ့ဇာတ်လမ်းတွေဟာ သူ့စရိုက် သူ့စိတ်ထားနဲ့ အချစ်အပေါ် သူမြင်တဲ့အမြင်တွေနဲ့ ပြည့်နှက်နေတော့တယ်။ ဒီဇာတ်လမ်းကို သရုပ်ဆောင်ထားတဲ့သူက Geetha Govindam , Dear Comrade တို့လိုဇာတ်ကားလေးတွေကို ပရိတ်သတ်ရင်ထဲကို ရောက်လာခဲ့သူ Vijay Deverakonda ဖြစ်ပြီးမင်းသမီးကလည်း အိန္ဒိယဇာတ်ကားပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ပုရိသတို့ရဲ့ အသည်းကျော်လေး Raashi Khanna ဖြစ်ပါတယ်။ ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။...
Eega (2012) ⭐IMDB: 7.7/10 (28 k Votes) 🎬 #Action #Bollywood #Fantasy #Comedy #Drama 🗓 2012 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Eega(2012) ********* IMDB rating 7.7နဲ့ ရရှိထားထတဲ့ ဇာတ်ကားဖြစ်ပါတယ်။Tamil-Telugu ဇာတ်ကားအမျိုးအစားဖြစ်ပြီး မင်းသမီး Samantha Akkineniပါဝင်သရုပ်ဆောင်ထားပါတယ်။ဘင်ဒူဆိုတဲ့ကောင်မလေးဟာ ပရဟိတ လုပ်ငန်းတစ်ခုမှာ ပါဝင်တဲ့သူတစ်ယောက်ပေါ့… ရိုးရှင်းစွာဖြတ်သန်းပြီး ခပ်ပြုံးပြုံးလေးနေတတ်တဲ့ သူမကို သိပ်ချစ်တဲ့ကောင်လေး နာနီဆိုတာရှိတယ်… ဒီကောင်လေးကလည်း သူ့ကိုလိုက်နေတာ ၃နှစ်၃မိုးဆိုပါတော့လေ… အဖြေပြန်မပေးပေမယ့် ကောင်မလေးကလည်း ကြာတော့သူ့ကို သံယော်ဇဉ်တွယ်လာပုံပါပဲ… တစ်နေ့တော့ ဘင်ဒူဆိုတဲ့ကောင်မလေးကို သူဌေးကြီးတစ်ဉီးက မျက်စိကျသွားတယ်… ဒီသူဌေးကြီးဟာ ကောင်မလေးကိုရဖို့ဆို အနားမှာရှိတဲ့နာနီကိုရှင်းထုတ်မှဖြစ်မယ်ဆိုပြီးအသေသတ်ပစ်လိုက်တယ်…. ထူးဆန်းစွာပဲနာနီဟာ သေပြီးနောက် ယင်ကောင်အဖြစ်ပြန်လည်မွေးဖွားခဲ့တယ်… ယင်ကောင်ဖြစ်ပေမယ့် အတိတ်ဘဝက သူ့ကို ဖျက်စီးခဲ့တဲ့သူကိုအမှတ်ရပြီးနောက်မှာတော့….. ယင်ကောင်ပင်ဖြစ်လင့်ကစား ဒီအမျိုးယုတ်သူဌေးကို ရတဲ့နည်းနဲ့လက်စားချေဖို့ကြိုးစားပါတော့တယ်… ယင်ကောင်ရဲ့အကြံအစည်တွေအထမြောက်လာမလားဆိုတာကိုတော့…. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်...
Who's Yer Father? (2023) ⭐IMDB: 5.9/10 (172 Votes) 🎬 #Comedy #Mystery #Drama 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 51 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တာကတော့ IMDB 5.9/10 ရရှိထားတဲ့ Comedy/Crime ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လယ်ရီက Prince Edward Island ကျွန်းရဲ့ တစ်ဦးတည်းသော ပုဂ္ဂလိက စုံစမ်းရေးမှူးပါ။ ကျွန်းတစ်ကျွန်းလုံးမှာ သူတစ်ယောက်ပဲရှိတာဆိုတော့လည်း ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတယ်ဆိုပြီး အမြဲကြွားဝါလေ့ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း သူ လိုက်စုံစမ်းပေးရတဲ့အမှုတွေကတော့ ဘိုးဘွားပိုင် အိုးခွက်ပန်းကန်တွေ ပျောက်ဆုံးမှုလောက်ပါပဲ။ ဒီလိုနဲ့ သာယာနေတဲ့သူ့ဘဝထဲကို ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလား မသိတာကို ယူဆောင်ပေးဖို့ ရောက်လာခဲ့သူကတော့ လုခ်ပါ။ ပင်လယ်စာ ဖြန့်ဖြူးရောင်းချသူ လူချမ်းသာ လုခ်က သူ့ကို အမှုတစ်ခု လာအပ်ပြီး အဆင်ပြေရင် ဘောနပ်စ်တွေပါ ပေးမယ်ဆိုတာမို့ လယ်ရီတစ်ယောက် အချီကြီးပွမယ့်အမှုကို အားတက်သရောလိုက်ခဲ့ပါတော့တယ်။ သူစုံစမ်းရမယ့် အမှုကတော့ ဂလန်းဆိုတဲ့ တံငါသည်က ပုစွန်တုပ်တွေကို လုခ်ဆီမရောင်းဘဲ မှောင်ခိုဈေးကွက်မှာ ရောင်းချနေတာမို့ နောက်ကွယ်က ဝယ်သူကို ရှာပေးရမှာပဲဖြစ်ပါတယ်။ ဟိုဟိုဒီဒီ စုံစမ်းရင်း ရွန်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်ယောက်သားအတူတကွ ပူးပေါင်းခဲ့ပါတယ်။ ဒီလိုနဲ့ လယ်ရီက သူ့ရဲ့ စုံစမ်းထောက်လှမ်းရေး အတတ်ပညာတွေကို အစွမ်းကုန်အသုံးချပြီး ရှာဖွေခဲ့ရာမှာတော့ မထင်မှတ်ထားတဲ့ သတင်းအချက်အလက်တွေကိုပါ သိရှိသွားခဲ့ပါတော့တယ်။ လယ်ရီက ဘာတွေသိသွားတာလဲ။ သူသိထားတဲ့အချက်အလက်တွေကို လုခ်ကို ပြောလိုက်လို့ရောဖြစ်ပါ့မလား။ ဒီအမှုက သူ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။)...
Escape (2024) ⭐IMDB: 6.7/10 (272 Votes) 🎬 #Action #Drama #Thriller #Adventure 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 34 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Escape (2024) *************** ဒီတစ်ခါမှာတော့ Taxi Driver, Chief Detective1958 တို့လို rating အမြင့်ဆုံးရထားတဲ့seriesတွေထဲက မင်းသား Lee Je Hoon၊ D.P., Parasyte: The Grey ဇာတ်ကားတွေမှ မင်းသား Koo Kyo Hwan၊ Hopeless ထဲမှ မင်းသား Hong Xa Bin တို့ အဓိကပါဝင်ထားပြီး Song Kang cameo ပါဝင်ထားတဲ့ အရမ်းပေါက်နေတဲ့ မြောက်ကိုရီးယား တပ်ပြေးဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မြောက်ကိုရီးယားစစ်သား အင်ဂယူနမ်ဟာ တောင်ကိုရီးယားမှာ လွတ်လပ်မှုကို အိပ်မက်မက်ရင်း မျှော်လင့်ချက်အပြည့်ရှိတဲ့ ဘဝအသစ်တစ်ခုစတင်ဖို့ အိပ်မက်မက်နေသူပါ။ ဒါကြောင့် သူ့အိပ်မက်ဖြစ်မြောက်ဖို့အတွက်ဆိုရင် အမိနိုင်ငံကနေ ထွက်ပြေး စစ်မဲ့ဇုန်ကို ကျော်ဖြတ်ပြီး တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ရမှာပဲဖြစ်ပါတယ် တစ်နေ့မှာတော့ မြောက်ကိုရီးယားကနေ ထွက်ပြေးဖို့လုပ်ရင်း စစ်သားလေး ဒုံဟျော့ဆီမှာ မိသွားပါတော့တယ်။ အဲဒီနေရာကို ဗိုလ်မှူးရီဟျွန်းဆန်းပါ ရောက်ရှိလာတဲ့အခါမှာတော့…။ နှစ်ပေါင်းများစွာ တပ်ထဲက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဂယူနမ်ကို နည်းမျိုးစုံနဲ့ တားနေတဲ့ ဗိုလ်မှူးရီဟျွန်းဆန်းတစ်ယောက် ဒီတစ်ခါမှာရော တားနိုင်ဦးမှာလား။ ဂယူနမ်ကရော သူ့အိပ်မက်တွေဖြစ်မြောက်အောင် ထွက်ပြေးပြီး လွတ်လပ်မှုကို ရှာဖွေနိုင်ပါ့မလားဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ရှုစားလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ Toe Toe Aung မှ ရေးသားထားပါတယ်။)...
Es por su bien (2024) ⭐IMDB: 5.4/10 (119 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #Mexico ⏰ 1 နာရီ 48 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပေါ့ပေါ့ပါးပါး မက္ကဆီကန်/စပိန် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် သက်လတ်ပိုင်းအရွယ် ယောင်းမသုံးယောက် Clara, Matis နဲ့ Nena တို့မှာ တူညီတဲ့အချက်ကတော့ တစ်ဦးတည်းသော သားတစ်ယောက်စီ ကိုယ်စီပိုင်ဆိုင်ကြတာပါပဲ Clara ရဲ့ သားဖြစ်သူဟာ မဟုတ်မခံတဲ့ အမျိုးသမီးဝါဒီ feminist ကောင်မလေးနဲ့ တွဲတာကို အမေဖြစ်သူ Clara က တစ်စက်လေးမှ သဘောမကျပါဘူး Matis ရဲ့ သားဖြစ်သူကလည်း အသက်ပိုကြီးတဲ့ တစ်ခုလပ်မိခင်တစ်ယောက်နဲ့ တွဲနေတာဖြစ်ပြီး Nena ရဲ့ ဆယ်ကျော်သက် သားလေးကတော့ သူ့ရည်းစားကောင်မလေးကို အိမ်ခေါ်ပြီး လူလစ်တိုင်း တဂျိန်းဂျိန်းလုပ်နေတာ ဖြစ်ပါတယ် ဒါကြောင့် အမေသုံးယောက်သား တိုင်ပင်ပြီး သားတွေရဲ့ ကောင်မလေးတွေနဲ့ ဝေးအောင်လို့အစွမ်းကုန်ကြိုးစားကြရာမှာတော့...
Duchess (2024) ⭐IMDB: 4.3/10 (402 Votes) 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 55 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ဂိုဏ်းစတားကားလေးဖြစ်ပါတယ် မင်းသမီးက ညဘက်တွေမှာ Clubထဲမှာခါးပိုက်နှိုက်တဲ့သူပေါ့ တနေ့မှာတော့ ရော့ဆိုတဲ့ ဂန်းစတားတစ်ယောက်နဲ့တွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့တယ် အဲ့အချိန်မှာပဲ ရော့နောက်ကိုလိုက်နေတဲ့လူတွေရဲ့ ရန်ရှာမှုကိုခံခဲ့ရတယ် မင်းသမီးကလည်း အရာအားလုံးစွန့်ပစ်ပြီး ရော့ဆီလိုက်ခဲ့တာပေါ့ အဲ့အချိန်မှာ ရော့တို့အဖွဲ့နဲ့မိတ်ဆက်ပေးခဲ့တယ် ပြီးတော့ ခုနကရော့ကိုလိုက်တဲ့လူတွေဆိုတာက ရော့ရဲ့စိန်လုပ်ငန်းကိုလိုချင်လို့ပါ အဲ့တော့ရော့လုပ်နေတဲ့ စိန်လုပ်ငန်းကဘာလဲ ဒီဇာတ်ကားက ဇာတ်အိမ်အရမ်းခိုင်ပါတယ် ပြီးတော့ထင်မထားတဲ့အရာတွေလည်း အများကြီးပါတာကြောင့်ကြည့်ရှုပေးကြပါဦး...
Dance First (2023) ⭐IMDB: 6.0/10 (510 Votes) 🎬 #Drama #History #Biography 🗓 2023 🎞 movie 🌎 #UnitedKingdom #Hungary #Belgium ⏰ 1 နာရီ 44 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ နိုဘယ်ဆုရှင် စာရေးဆရာတစ်ဦးဖြစ်တဲ့ ဆန်မြူရယ်ဘက်ကပ်ရဲ့ ဘဝဇာတ်ကြောင်းကို သူ့ရဲ့အတွင်းစိတ်ထဲကလူတစ်ယောက်နဲ့ စကားပြောနေဟန်နဲ့ဆွဲခေါ်သွားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ စာရေးဆရာ ဆန်မြူရယ်ဘက်ကပ် နိုဘယ်ဆုရရှိပြီးနောက် ဆုကြေးငွေကို မည်သူ့ကိုပေးရမလဲလွန်ဆွဲနေရင်းနှင့် သူ၏ငယ်ဘဝတွေဆီကို တဆင့်ချင်းဆွဲခေါ်သွားပါတော့တယ်။ မိခင်ဖြစ်သူနှင့် သူ၏ဆက်ဆံရေး အဆင်မပြေပုံ၊ စာရေးဆရာဂျွိုက်စ်ထံ သွားရောက်ပညာဆည်းပူးရာမှ ဂျွိုက်စ်၏သမီးဖြစ်သူကြောင့် မိတ်ဆွေဆက်ဆံရေး အက်ကြောင်းထင်ခဲ့ရပုံ၊ အချစ်ဆုံးသူငယ်ချင်း အဲဖရက်အပေါ် သူ၏အပြစ်ရှိစိတ် ၊အမြဲတမ်းနိုင်စားခဲ့ရသော မိမိ၏ဇနီးဖြစ်သူအပေါ် အားနာစိတ် စသည်ဖြင့် စာရေးဆရာဆန်မြူရယ်ဘက်ကပ် ဘဝနေဝင် ချိန်အထိ သူ၏ဘဝအပေါ်ရှူမြင်ပုံ သူ၏နောင်တတရားတို့ကို တဆင့်ချင်းဆွဲခေါ်သွားမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။...
Summer Solstice (2023) ⭐IMDB: 4.5/10 (116 Votes) 🎬 #Comedy #Drama #Uncategorized 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လိင်ပြောင်းခွဲစိတ်ထားတဲ့ လီယိုဆိုတဲ့ကောင်လေးနဲ့ သူ့ရဲ့သူငယ်ချင်း အဖြောင့်မလေး အယ်လန်နောတို့ဟာ မတွေ့ဖြစ် မဆုံဖြစ်တာကြာပြီဖြစ်တဲ့အတွက် နွေရာသီအားလပ်ရက်ခရီးစဉ်တစ်ခုကို အတူတူထွက်လာခဲ့ကြပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက်မှာပဲ သူတို့ရဲ့ လျှို့ဝှက်ချက်ဟောင်းတွေ ပေါ်ထွက်လာကြပြီး ရင်ဆိုင်မှုအသစ်တွေ တွေ့ကြုံရကာ သူတို့ရင်ထဲက ခံစားချက်တွေ ပေါ်ထွက်လာကြပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် LGBT ဟာသဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်)...
Chicago (2002) ⭐TMDB: 71% User Score 🎬 #Comedy #Crime #Drama 🗓 2002 🎞 movie 🌎 #Germany #Canada #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 7.2 Rt – 86% အော်စကာဆု (၆) ဆု၊ ရွှေကမ္ဘာလုံးဆု၊ BAFTA ဆုတွေအပြင် တခြားဆု ပေါင်း(၅၉) ဆုအထိရရှိထားပြီး nomination များစွာလည်း ဝင်ထားတဲ့ musical comedy ရုပ်ရှင်ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1975 ခုနှစ်ထွက် ဘရော့ဝေးပြဇာတ် Chicago ကို ရိုက်ကူးထားတာဖြစ်ပြီး 1920 ခုနှစ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ညီမဖြစ်သူ ဗရော်နီကာနဲ့ ယောင်္ကျားဖြစ်သူတို့နှစ်ယောက်ကို အိပ်ရာပေါ်မှာအတူတွေ့ရလို့ နှစ်လောင်းပြိုင် လက်စသတ်ပေးလိုက်တဲ့ ရှိုးသမလေး ဗယ်မာ ကယ်လီ။ ငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့ရတဲ့ စတိတ်စင်ပေါ်မှာဖျော်ဖြေရဖို့ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ရင်း လူလိမ်ကောင် ဖရက်ရဲ့အမြတ်ထုတ်တာကို ခံလိုက်ရတဲ့ အိမ်ထောင်သည်မလေး ရော့စီ ဟတ်။ သူတို့နှစ်ယောက်လုံး ကွတ်ခ်ကောင်တီထောင်ရဲ့ လူသတ်သမားအဆောင်မှာတွေ့ခဲ့ကြပြီး ထောင်မှူး မားမား မော်တွန်ရဲ့ချိတ်ဆက်ပေးမှုကြောင့် တခါမှအရှုံးမရှိသေးတဲ့ ရှေ့နေ ဘီလီ ဖလင်းနဲ့ သိခဲ့ကြပါတယ်။ ဒေါ်လာ ၅၀၀၀ ပေးရင် ယေရှု ကိုတောင်လွတ်အောင်လုပ်ပေးနိုင်တယ်လို့ပြောတဲ့ ရှေ့နေ ဖလင်းတစ်ယောက် သူ့အပြောတွေအတိုင်း တကယ်ဖြစ်လာမှာလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
About Schmidt (2002) ⭐TMDB: 68% User Score 🎬 #Comedy #Drama 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 7.2/10, RT – 85% ဝါရန်ရှမစ်က အာမခံကုမ္ပဏီကနေ လောလောလတ်လတ် အငြိမ်းစားယူလိုက်ပြီးနောက် အိမ်မှာ ဘာမှ လုပ်စရာမရှိတော့သူပီပီ သူ့ဇနီးသည် ဟယ်လင် ဘာပဲလုပ်လုပ် စိတ်တိုင်းမကျ ဖြစ်လာကာ ဇနီးကိုပါ ကြည့်မရဖြစ်လာတဲ့အထိ စိတ်ခံစားချက်တွေဖြစ်လာပါတယ်။ သမီးလုပ်သူ ဂျင်နီကလည်း အဝေးတနေရာမှာပဲ နေထိုင်ကာ မကြာခင် အိမ်ထောင်ပြုတော့မှာဖြစ်ပြီး သူယူမယ့် အမျိုးသားကိုလည်း ရှမစ်တစ်ယောက် စိတ်တိုင်းမကျပြန်ပါဘူး။ ယခင်အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီကိုသွားပြီး သူမရှိတော့လို့ အလုပ်တွေ အဆင်မပြေဖြစ်နေမယ် ထင်ခဲ့သော်လည်း သူ့နေရာဝင်လာတဲ့ လူသစ်က ကောင်းကောင်းကြီးကို အလုပ်လုပ်နိုင်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဇနီးသည် ဟယ်လင်က ရုတ်တရက် သေဆုံးသွားပါတော့တယ်။ အလုပ်ကနေ အနားယူလိုက်တဲ့အချိန်ကစလို့ ဘာမှအဆင်မပြေတဲ့ရှမစ်တစ်ယောက် သူ့ဝေယျာဝစ္စကိုပါ လုပ်ပေးနေတဲ့ ဇနီးသည်က ကွယ်လွန်သွားတဲ့အခါ ဘဝကြီးကို ခြောက်ကပ်ကပ်နဲ့ ဖြတ်သန်းရင်း သမီးလုပ်သူရဲ့ မင်္ဂလာပွဲကို ဖျက်စီးဖို့ အကြံရလာပါတော့တယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။...
Perra Vida (2024) ⭐IMDB: 5.4/10 (107 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Chile ⏰ 1 နာရီ 48 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “အဲလက်စ်”ဟာဘဝမှာ သူ့ရဲ့ခွေးလေးအာဇူမီကလွဲရင် မိသားစုရော အလုပ်ရော အားလုံးကိုဆုံးရှူံးထားရသူပါ ”ရိုမီနာ”ဟာရှေ့နေတစ်ယောက်ဖြစ်ပြီး အိမ်ထောင်ကွဲအမျိုးသမီးပါ သူ့ရဲ့သမီးလေး”ဂျာဗီးရား”က သူမဆီကနေထွက်သွားပြီး သူ့အဖေဆီသွားနေမှာကိုစိုးရိမ်နေသူပါ “ဆိုဖာယာ”ကတော့ တိရစ္ဆာန်ဆရာဝန်တစ်ယောက်ဖြစ်ပြီး အချစ်ရေးမှာကံခေနေတာကြောင့် အခုချိန်အထိအိမ်ထောင်မကျသေးဘဲဖြစ်နေသူပါ “ကလော်ဒီယို”ကတော့ အတိတ်ကအမှားတစ်ခုကြောင့် ဘဝတစ်ခုလုံးပျက်စီးရမလိုဖြစ်နေပြီး စီးပွားရေးလုပ်ငန်းတစ်ခုကိုပြန်လည်စတင်ဖို့ကြိုးစားနေသူပါ တစ်နေ့မှာ အဲလက်စ်ရဲ့ခွေးလေးအာဇူမီကို ရိုမီနာတစ်ယောက် ကားနဲ့ဝင်တိုက်မိခဲ့တာကြောင့် ခွေးမချစ်ပေမဲ့လည်း သမီးဖြစ်သူကချစ်နေတာကြောင့်တာဝန်ယူစောင့်ရှောက်ထားရပါတယ် အဲ့ကနေစပြီး သူတို့လေးယောက်တွေ့ဆုံဖို့အကြောင်းဖန်လာပါတယ် နောက်ဆုံးမှာ ဘယ်သူနဲ့ဘယ်သူရဲ့ကြားမှာရင်ခုန်သံတွေနိုးကြားလာမလဲ သူတိူ့တွေရဲ့ပူပင်သောကတွေကိုရောကုစားနိုင်မလားဆိုတာကို ဟာသဆန်ဆန်အပျင်းပြေကြည့်ရှုရမှာပါ...
Christmas on Cobbler Street (2023) ⭐IMDB: 7.1/10 (220 Votes) 🎬 #Family 🗓 2023 🎞 movie 🌎 #Norway ⏰ 1 နာရီ 33 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 7.1/10 နော်ဝေမှာ ခုနစ်ပတ်ဆက်တိုက် နံပါတ်တစ်နေရာယူခဲ့တဲ့ ဒါရိုက်တာ Mikal Hovlandရဲ့လက်ရာ ခရစ္စမတ်ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက် ရထားခိုးစီးလာရင်း မြို့ကလေးတစ်မြို့ကဘူတာမှာ ခုန်ဆင်းခဲ့ရာကစပါတယ်။ စစ်ပွဲကြီးပြီးကာစ ခရစ္စမတ်အချိန်ကာလကိုရောက်တော့မှာဖြစ်လို့ စစ်ပွဲကြီးအပြီး ပြန်လည်ကျင်းပရမဲ့ ခရစ္စမတ်ကို အားလုံးစောင့်မျှော်နေကြချိန်လည်းဖြစ်။ စစ်ပွဲပြီးကာစအချိန်ဆိုတော့ ရထားပေါ်မှာခိုးစီးရင်း ခုန်ချနေခဲ့တဲ့ ကလေးမလေးကို ရဲတွေကလည်း မသင်္ကာလို့ လိုက်ရှာနေကြပါတယ်။ ခိုကိုးရာမဲ့နေတဲ့ အန်နာလေး အသိမပေးဘဲဝင်တည်းခိုမိတာကတော့ ဖိနပ်ချုပ်သမားကြီး အန်ဒါဆန်ရဲ့အိမ်။ အန်ဒါဆန်ဆိုတာက နှစ်နဲ့ချီအောင် အိမ်ထဲကအိမ်ပြင်မထွက်၊ ဘယ်သူနဲ့မှအဆက်အဆံမလုပ်တဲ့လူ့ဂွစာကြီး။ ဒီလိုနဲ့ အန်နာတစ်ယောက် လူ့ဂွစာကြီးမစ္စတာအန်ဒါဆန်ရဲ့ ဖိနပ်ချုပ်တဲ့အလုပ်ရုံလေးမှာ ခဏတာတည်းခိုဖို့ တောင်းဆိုရာကစ ကြည်နူးလွမ်းဆွတ်ဖွယ်ရာ ခရစ္စမတ်ရုပ်ရှင်လေးတစ်ကားဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
6 Bridges to Cross (1955) ⭐TMDB: 61% User Score 🎬 #Crime #Drama #FilmNoir #Thriller 🗓 1955 🎞 tv series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့၁၉၅၅ခုနှစ်ကထွက်ရှိခဲ့တဲ့ crime/Drama ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ် Great Brink’s Robbery လို့ခေါ်တဲ့အဲ့ဒီအချိန်ကဖြစ်ပွားခဲ့တဲ့ဓားပြတိုက်မှုကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် အဲ့ဒီဓားပြတိုက်မှုက၁၉၅၀ဇန်နဝါရီ၁၇မှာဖြစ်ပွားခဲ့ပြီးအမေရိကန်ဒေါ်လာ၂သန်းခွဲကျော်ပါသွားခဲ့ပါတာကြောင့်အဲ့ဒီအချိန်မှာအမေရိကန်ပြည်ထောင်စုရဲ့သမိုင်းမှာ”the crime of the century”လို့ခေါ်ရလောက်အောင်အကြီးအမားဆုံးဓားပြတိုက်မှုကြီးဖြစ်ခဲ့ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့…. Boston မြို့မှာရဲအသစ်ဖြစ်တဲ့ Eddie Gallagher က Jerry Florea နဲ့သူ့အဖွဲ့ဆိုင်တစ်ဆိုင်ကိုဖောက်ထွင်းခိုးယူမှုကိုတားဆီးရင်းနဲ့ Jerry ကိုသေနတ်နဲ့ပစ်မိတာကြောင့်ဒဏ်ရာရခဲ့တာကနေစတင်ပါတယ် အဲ့ဒီနောက်သူတို့နှစ်ယောက်ခင်မင်သွားပြီးတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကူညီရင်းနဲ့ဖြစ်ပေါ်လာတဲ့ရဲတစ်ယောက်နဲ့သူခိုးတစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဥ်ကိုကြည့်ရူရမှာဖြစ်ပါတယ်...
