en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
The Hot Chick (2002) ⭐TMDB: 63.0% User Score 🎬 #Comedy #Fantasy 🗓 2002 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Hot Chick (2002)Genre – Comedy, FantasyIMDB – 5.5/10 The Animal ကားနဲ့ အသေခွီနေရအောင် လုပ်ခဲ့တဲ့ ဟာသမင်းသားကြီး Rob Schneider ရဲ့ အရင်ခေတ်က အခွီနောက်တစ်ကား လာပါပြီ။ သူတင်မကပဲ ကျွန်တော်တို့ Notebook တို့ About Time တို့ Doctor Strange ကောင်မလေး Sherlock ကောင်မလေးတို့ လုပ်ခဲ့တဲ့ မင်းသမီးချော Rachel McAdams လည်း ပါပါသေးတယ်ဗျာ။ Scary Movie တွေနဲ့ မျက်ခွက်ပြောင်ခဲ့တဲ့ Anna Faris ကလည်း ဇာတ်ပို့အနေနဲ့ ပါထားတော့ မြိုင်နေရောပဲ။ ဒီဟာသကားလေးကတော့ အရင်တုန်းက ခဏခဏ ထွက်ရှိခဲ့သလို ယောက်ျားမိန်းမ နေရာချင်းလဲသွားတာမျိုးပါ ဒါကတော့ စိတ်ချင်းလဲတာ မဟုတ်ပဲ ခန္ဓာ ကိုယ်ကြီး လဲသွားတာဖြစ်လို့ မင်းသားကြီး စကေးပြထားတဲ့ကားပါ။ ဇာတ်လမ်းလေးကတော့ ချောမောလှပပေမဲ့ သူများအပေါ် ယုတ်မာပြီး လူမုန်းများတဲ့ အထက်တန်းကျောင်းသူ ပန်းဖွားမယ်ကလေး ဂျက်ဆီကာ ဆိုတာရှိပါတယ်။ ယောက်ျားလေးတွေကိုလည်း မယုံကြည်ပဲ အပြိုင်ဆိုင်များ တိုက်ခိုက်ပြီး အကျင့်မကောင်းတဲ့ကောင်မလေးပေါ့။ အဲဒီမှာ သူဟာ ရှော့ပင်းမောလ်ထဲက ရှေးဟောင်းပစ္စည်းဆိုင်က ထူးဆန်းတဲ့နားကပ်လေး တွေ့ခဲ့ပါတယ်။ ဒီနားကပ်လေးက ရှေးပဝေသနီကတည်းက မင်းသမီးတစ်ပါးက အိမ်ထောင်မပြုချင်တာကြောင့် အစေခံမလေးနဲ့ ခန္ဓာကိုယ်ချင်း လဲခဲ့တဲ့ မှော်နားကပ်လေးပေါ့။ ဂျက်စီကာက နားကပ်လေးလှလို့ ဝယ်မယ်လုပ်တော့ ဆိုင်ပိုင်ရှင်က မရောင်းတဲ့အခါ မရမက ခိုးခဲ့ပါတော့တယ်။ ဒါနဲ့ လမ်းကျ ဆီဖြည့်နေတဲ့အချိန် အပေအတေ သူခိုးဂျပိုးတစ်ယောက်နဲ့ တွေ့ဆုံကြပြီး နားကပ်တစ်ဖက်က သူ့ဆီပါသွားလို့ ညရောက်တော့ ဟိုက ကမြင်းကြောထပြီး ကောက်ဝတ်လိုက်တဲ့အခါမှာတော့ ဂျက်ဆီကာနဲ့ သူခိုးဂျပိုး ခန္ဒာကိုယ်တို့ လဲသွားခဲ့ပါတော့တယ်။ အဲဒီမှာ သူငယ်ချင်းဖြစ်သူ ဧပရယ်ရဲ့ အကူအညီနဲ့ ခန္ဒာကိုယ် ဘယ်လိုရအောင် ပြန်လုပ်မလဲဆိုတာကို မင်းသားကြီး Rob Schneider ရဲ့ အခွီ သရုပ်ဆောင်ချက်တွေနဲ့အတူ ပျော်ပျော်ပါးပါး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျ။...

Sins of the Father (2022) ⭐IMDB: 4.2/10 (55 Votes) 🎬 #Horror 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sins of the Father (2022)=================== ဆာရာနဲ့ အေဒန်တို့သားအမိနှစ်ယောက်ဟာဆိုရင် စွန့်ခွာခဲ့တာ နှစ်ပေါင်းများစွာကြာပြီဖြစ်နေတဲ့ အေဒန့်ဖခင်ဖြစ်သူနဲ့အတူ သူတို့တွေ အရင်ကနေထိုင်ခဲ့တဲ့အိမ်ကြီးကို အေဒန့်ဖခင်ဖြစ်သူသေဆုံးအပြီးမှာ ဆာရာတစ်ယောက်အေဒန်နဲ့အတူ ပြန်လည်ရောက်ရှိလို့လာပါတယ်။ အဲဒါဟာလည်း ဆာရာတစ်ယောက်ငွေလိုအပ်နေလို့ အိမ်ရောင်းချဖို့အတွက် အပြီးသတ်လုပ်စရာလေးတွေလုပ်ဖို့ ပြန်လာခဲ့ရတာပါ။ ရောက်ရောက်ချင်းမှာပဲ အိမ်တံခါးဝရှေ့မှာ အစားအသောက် ခြင်းတောင်းလေးချထားတာကို ဆာရာတစ်ယောက် ထူးဆန်းစွာနဲ့ပဲ အထိတ်တလန့်ဖြစ်ပြီးအေဒန့်ကို အိမ်ထဲအတင်းဝင်ခိုင်းခဲ့ပါတယ်။ အဲဒီလိုနဲ့နောက်တစ်ရက်မှာ အိမ်ကူရှင်းပေးကြဖို့ဆိုပြီး ဆာရာ့သူငယ်ချင်းတွေနဲ့ အေဒန့်အရွယ်ကောင်မလေးတစ်ယောက်ပါ ရောက်လာခဲ့ကြတာပေါ့။ ရောက်ပြီးသိပ်မကြာခင်မှာပဲ အနီးအနားပတ်ဝန်းကျင်က လူကြီးတစ်ယောက်နဲ့ သားဖြစ်သူစကားပြောနေတာကိုတွေ့ပြီး ဆာရာတစ်ယောက် အထိတ်တလန့်ထပ်ဖြစ်ရပြန်ပါတယ်။ ဘာလို့များ ဆာရာတစ်ယောက် ဒီလိုမျိုးထိတ်လန့်တကြားတွေဖြစ်ဖြစ်နေရတာလဲ။ သူတို့ကိုအန္တရာယ်ပြုနိုင်မယ့်အရာတွေများ ရှိနေတာလား။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကရော ဘယ်အကြောင်းကိစ္စတွေကြောင့် ဆာရာဟာ အေဒန့်ကိုခေါ်ပြီးအဝေးကိုထွက်သွားခဲ့ရတာလဲ။ ဆာရာတစ်ယောက် အေဒန်မသိအောင် ဘာတွေကိုများ လျှို့ဝှက်ချက်အနေနဲ့ ထားထားနေတာလဲဆိုတာကိုတော့ ဒီကားလေးကြည့်ပြီးဆက်လက်အဖြေရှာကြည့်ကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Fiona Gillen ဖြစ်ပါတယ်)...

Tulah 6/13 (2023) ⭐TMDB: 25.0% User Score 🎬 #Asian #Horror #Thriller 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 25 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tulah (2023) ဇာတ်လမ်းအစမှာတင်လန့်သွားရတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးကို ကြည့်ရှုဖို့ အသင့်ပဲလား… ဇာတ်လမ်းအစက ဗိုက်ကြီးနေတဲ့အမေဖြစ်သူရဲ့ နောက်ပိုင်းဇာတ်ကွက်မြှုပ်ထားပြီး ထူးခြားဆန်းပြားတဲ့အရာတွေကိုတွေ့မြင်နေရတဲ့ ဂီလန်းတစ်ယောက်… မွေးနေ့မှာပဲ သူငယ်ချင်းနှစ်ယောက်နဲ့အတူ အပန်းဖြေစခန်းချခရီးလေးထွက်ပြီးမွေးနေ့ပွဲလေးကျင်းပကြမယ်လို့ စီစဉ်ထားတဲ့သူတို့သုံးယောက်ဆီကို ရောက်လာတဲ့ မကြိုဆိုချင်ဘဲ ကြိုဆိုလိုက်ရတဲ့နောက်ထပ် သူငယ်ချင်းနှစ်ယောက်… ဒီလိုနဲ့ သူတို့ငါးယောက်စတင်ခဲ့တဲ့ မွေးနေ့ပွဲခရီးစဉ်လေးမှာ ရေတံခွန်သွားဖို့တောင်ဖြတ်လမ်း‌တစ်လျှောက်က မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေ… ဒီပုံရိပ်တွေနဲ့မသိခြင်းများစွာက ဘယ်ကနေများ စတင်လာခဲ့တာလဲ … နောက်ပိုင်းမှာရောဘယ်လိုစိတ်လှုပ်ရှားစရာတွေကို ဆက်တွေ့ရမလဲ ကဲကဲ ဒါတွေကို သိချင်လာပြီဆိုရင်တော့ ကြောက်စိတ်ပြေအောင်ချစ်ရသူရဲ့လက်ကိုကိုင်ထားပြီး ကြည့်ရှုလိုက်ကြပါစို့..ဒီဇာတ်လမ်းလေးကိုတော့ BpL~ ToMo~Dee မှဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။...

The House at the End of Time (2013) ⭐IMDB: 6.7/10 (8 k Votes) 🎬 #Drama #Fantasy #Horror #Mystery #SciFi #Thriller 🗓 2013 🎞 movie 🌎 #Venezuela ⏰ 1 နာရီ 41 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The House at the End of Time (2013)Original Title – La casa del fin de los tiemposGenre – Drama, Fantasy, HorrorIMDB – 6.7/10 ၁၉၈၁ ခုနှစ် နိုဝင်ဘာလမှာ အိမ်ကြီးတစ်အိမ်ထဲ မိသားစုတစ်ခု ထူးခြားတဲ့ ကြမ္မာဆိုးငင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကို ဇနီးသည်က ဓားနဲ့ ထိုးသတ်လိုက်တယ်တဲ့၊ သားဖြစ်သူကလည်း ပျောက်ဆုံးနေတဲ့အတွက် သတ်ပစ်တယ်ဆိုပြီး ဇနီးသည်ကြီးကို ထောင်ဒဏ်အများကြီး ချမှတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ အနှစ် ၃၀ လောက်ကြာလာတဲ့အချိန်မှာတော့ အစိုးရရဲ့ လျှော့ပေါ့မှုအရ အသက်ကြီးနေတဲ့အတွက် ကိုယ့်အိမ်ကိုယ်ယာမှာပဲ အကျယ်ချုပ် ပုံစံမျိုး ထားပေးလိုက်တော့ ဒီအိမ်ကြီးကို ပြန်ရောက်လာခဲ့ရတော့တယ်။ အဲဒီမှာ ဖာသာတစ်ပါးကလည်း ဒီ အမျိုးသမီးကြီးကို ဘာတွေဖြစ်ပျက်သလဲ လာမေးမြန်းရင်း ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို သိရှိလာတယ်။ လွန်ခဲ့တဲ့အနှစ် ၃၀ က ဒီ မိသားစုရဲ့ အဖြစ်မှန်တွေကိုလည်း ပြန်သိရှိလာရင်း ခုလက်ရှိ အဘွားကြီးလည်း ဒီအိမ်ကြီးမှာ ဆက်နေရင်း ဘယ်လိုခြောက်ခြားစရာတွေ အံ့အားသင့်စရာတွေ ကြုံတွေ့ရမလဲဆိုတာကို နောက်ဆုံးမှာ ဟာ ဒီလိုတွေပါလားဆိုပြီး ခံစားရမယ့် စပိန်စကားပြော ထိတ်လန့်သည်းဖို ဒရမ်မာတစ်ကားပဲ ဖြစ်ပါတယ်။...

The Butterfly Tree (2017) ⭐IMDB: 5.5/10 (561 Votes) 🎬 #Drama 🗓 2017 🎞 movie 🌎 #Australia ⏰ 1 နာရီ 36 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူတိုင်းလူတိုင်းဟာ ဆယ်ကျော်သက်အရွယ် လူကြီးစိတ်စ၀င်တဲ့အရွယ်မှာ ပထမဆုံးသဘောကျမိတဲ့သူ၊ ရင်ခုန်မိတဲ့သူ၊ crushမိတဲ့သူတွေ ရှိခဲ့ဖူးကြတာပဲမလား။ အဲဒီတစ်ယောက်ဟာ ရွယ်တူလည်းဖြစ်နိုင်တယ်၊ စီနီယာတစ်ယောက်ယောက်လည်းဖြစ်နိုင်တယ်၊ ရုပ်ရှင်ထဲက မင်းသား၊မင်းသမီးလည်းဖြစ်နိုင်သလို ရပ်ကွက်ထဲက သိပ်လှတဲ့ဦးလေး၊အဒေါ်အရွယ်တွေလည်း ဖြစ်‌နိုင်တာပဲလေ။ ဒီဇာတ်ကားမှာ အယ်လန် နဲ့ ဖင်း ဆိုတဲ့ သားအဖနှစ်ယောက်ဟာ သူ့(အယ်လန်)ဇနီး၊ သူ့(ဖင်း)အ‌မေကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက် ခက်ခဲလွန်းတဲ့နေ့ရက်တွေကို ကျော်ဖြတ်နေခဲ့ရပါတယ်။ အယ်လန်ဟာ ရည်းစားတွေလျှောက်ထားပြီး ဖြစ်ချင်တိုင်းဖြစ်နေခဲ့ပြီးတော့ ဖင်းကတော့ အိမ်မှာရှိတဲ့ သစ်ပင်ပေါ်က လိပ်ပြာမွေးထားတဲ့ခြံလေးထဲမှာပဲ အချိန်ဖြုန်းနေလေ့ရှိပါတယ်။ ကံကြမ္မာရဲ့ အလှည့်အပြောင်းလေးတစ်ခုမှာတော့ အဖော်အချွတ်မယ်ဟောင်းတစ်ယောက်၊ အလှပဂေးလေးတစ်ယောက်ဖြစ်တဲ့ အဲဗလင်းဆိုသူဟာ သူတို့မြို့ကို ရောက်လာခဲ့ပါတယ်။ အဲဗလင်းဟာ သူ့ရဲ့လိပ်ပြာ၀တ်စုံဟောင်းလေးကို ပြန်၀တ်ပြီး ကနေခဲ့တာကို လှမ်းမြင်ခဲ့ရတဲ့ ဖင်းတစ်ယောက် ရင်ထဲမှာပါ လိပ်ပြာတွေပျံပြီး မြင်မြင်ချင်း သဘောကျမိသွားပါတော့တယ်။ အယ်လန်ဟာလည်း အလုပ်သွားတဲ့အချိန်မှာ အဲဗလင်းနဲ့ ဆုံတွေ့မိခဲ့ပြီး သဘောကျသွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ကြောင်တောင်တောင်နိုင်တဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ် ပေါ်ပေါက်လာခဲ့ပြီး ဒီဇာတ်ရှုပ်ကြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။...

The Final Girls (2015) ⭐IMDB: 6.5/10 (50 k Votes) 🎬 #Fantasy #Comedy #Horror #Mystery #Thriller 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Final Girls (2015)================= ဒီဇာတ်ကားဟာ 2015 ခုနှစ်ထွက် Horror/Comedy အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့မက်စ်နဲ့ အမန်ဒါဟာ နှစ်ယောက်တစ်ဘ၀ရုန်းကန်နေကြတဲ့ အမေတစ်ခု သမီးတစ်ခု မိသားစုလေးပေါ့။မက်စ်ရဲ့အမေ အမန်ဒါဟာ ငယ်စဉ်တုန်းက Horror ရုပ်ရှင်တစ်ခုမှာ ပါ၀င်သရုပ်ဆောင်ဖူးသူဖြစ်ပြီး ရုပ်ရှင်ကြယ်ပွင့်တစ်ယောက်ဖြစ်ဖို့ အရမ်းစိတ်အားထက်သန်သူပါ။မမျှော်လင့်ပဲ သူကြိုးစားနေတဲ့လမ်းခုလတ်မှာတင် ကားမတော်တဆမှုမှာ အမန်ဒါသေဆုံးသွားပြီးနောက် မက်စ်တစ်ယောက်ဟာ သူ့အမေကို အမြဲသတိရ‌နေခဲ့ပါတယ်။ နှစ်တွေအကြာ တစ်ရက်မှာအကြောင်းအမျိုးမျိုးကြောင့် မက်စ်တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့ အမန်ဒါသရုပ်ဆောင်ခဲ့တဲ့ Horror ရုပ်ရှင်ကို သွားကြည့်ကြဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ဒီလိုနဲ့ မက်စ်နဲ့ သူ့သူငယ်ချင်းတစ်သိုက် မမျှော်လင့်ပဲ အဲ့ဒီရုပ်ရှင်ထဲကို ရောက်ရှိသွားတဲ့အခါမှာတော့…သူတို့အုပ်စု ရုပ်ရှင်ထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြ‌ပုံတွေကိုသည်းထိတ်ရင်ဖိုနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဇာတ်ကားနဲ့ အညွှန်းကို Chuck Chuck မှ ပြန်ဆိုရေးသားထားပါတယ်)...

Boar Hunt (2022) ⭐TMDB: 58.0% User Score 🎬 #Mystery #Drama 🗓 2022 🎞 tv mini series 🌎 #SouthKorea #SouthKorea ⏰ 1 နာရီ 11 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Boar Hunt (2022)Boar Hunt (2022) ===============“အဲနေ့ညက ငါပစ်ခဲ့တဲ့‌အကောင်က တောဝက်မဟုတ်ခဲ့ဘူးပဲ” Closet , Anna , My Holo Love စတဲ့ နာမည်ကြီးကားတွေမှာ ဇာတ်ပို့မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Kim Soojin နဲ့အတူ ဗီလိန်‌ရော ဇာတ်ပို့ရော ပိုင်နိုင်တဲ့ အာဂျောရှီး Park Hosan ဦးဆောင် ပါဝင်ထားတဲ့ ရင်တမမကြည့်ရမယ့် သည်းထိပ်ရင်ဖိုဒရာမာ ကောင်းလေး လာပါပြီ။ ဒီမင်းသားကြီး Park Hosan ကို မမှတ်မိမှာစိုးလို့ ပြန်လင်းပါရစေ… Penthouse S 2,3 မှာ ဗီလိန်ဆန်ဆန် ဖခင်ကောင်းဆန်ဆန် ဇာတ်ရုပ်နဲ့ ယူဂျယ်နီရဲ့ အဖေ ၊ အခုလွှင့်နေတဲ့ Today’s Webtoon ထဲက မင်းသမီး ဆယ်ဂျောင်းကိုလက်ခံပေးတဲ့ သဘောကောင်းတဲ့ ဒါရိုက်တာ, True Beauty ထဲက မင်းသမီးဂါယောင်းရဲ့ အဖေ စသဖြင့် ဇာတ်ရုပ်အမျိုးမျိုးနဲ့ ကျမတို့ကို ဖမ်းစားခဲ့တဲ့သူပေါ့နော်။ကဲ…ကဲ လိုရင်းဖြစ်တဲ့ ဇာတ်လမ်းအကျဉ်းကို ‌ပြောပါတော့မယ်… ဒီကားက နည်းနည်းတော့ ထူးဆန်းတယ်၊ ကြောက်စရာလည်း ကောင်းတယ်၊ သာမန် တောနားနီးတဲ့ရွာလေး တစ်ရွာမှာ လူအများစုက အသက်မွေးဝမ်းကြောင်း အဖြစ် အမဲလိုက်လုပ်ငန်းကို လုပ်ကိုင်ကြတယ်။ ဒီတောထဲမှာပေါတဲ့ တောဝက်ကို အဓိက ဖမ်းကြတာပေါ့ဗျာ။ အဲလို တော‌တောင်ထဲမှာ တောဝက်ဖမ်းရင်း အမဲလိုက် သမားတွေ ပျောက်‌ကုန်ကြတယ်။ ပျောက်သွားတဲ့ရွာသားတွေရဲ့ လျှို့ဝှက်ချက် တွေလည်းတစ်ခုချင်းစီ ထူးဆန်းစွာပေါ်လာပါတော့တယ်။Young-Soo (Park Ho-San) နဲ့ Chae-Jung (Kim Soo-Jin) တို့က ရွာထဲမှာ နေတဲ့ အသက်လတ်ပိုင်း လင်မယားတွေဖြစ်ပါတယ်။ တစ်နေ့မှာ Young-Soo နဲ့ သူငယ်ချင်းတစ်စုတို့ တောဝက်ဖမ်းဖို့ တောင်‌ပေါ်ကို အမဲလိုက်ခဲ့ကြတယ်။ တောင်ပေါ်မှာ မထင်မှတ်ထားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတော့တယ်…Young-Soo ရဲ့ မိန်းမဖြစ်သူ Chae-Jung ကတော့ ဒေါသကြီးပေမဲ့ နွေးထွေးကြင်နာတဲ့ လူတစ်ယောက်ပါ။ ရွာသူရွာသားတွေလည်း သူမကို ချစ်ခင်ကြတယ်။ Young-Soo အမဲလိုက်သွားတဲ့တစ်နေ့မှာ သူမရဲ့ သားဖြစ်သူ In Sung ပျောက်ဆုံးသွား‌တာကြောင့် သူမလည်း စိတ်ထိခိုက်ပြိုလဲသွားခဲ့ပါတယ်။ရွာထဲက အဘွား Ok-Soon (Ye Soo-Jung) ကတော့ သူမရဲ့ သားနဲ့ချွေးမ မီးလောင် မှုကြောင့် ဆုံးသွားကတည်းက ကျန်ရစ်တဲ့မြေးလေးနဲ့အတူ နေထိုင်ခဲ့ပါတယ်။ မီးလောင်တာဟာ ရွာသားတွေ တမင်လုပ်တယ်လို့ ယူဆထားတဲ့အတွက် သူမဟာ ရွာသားတွေကို လွယ်လွယ်မယုံတဲ့သူဖြစ်ပါတယ်။ သူမ အယ်ဇိုင်းမားရောဂါဖြစ်ကြောင်း သိလာပြီးနောက်မှာလည်း ရွာသားတွေအပေါ် အမြင်မကြည်မှု ပိုတိုးလာပါဝောာ့တယ်။ ဒီလိုကျေးလက်ရွာလေးမှာ ဘာကြောင့် လူတွေပျောက်ပျောက် သွားရတာလဲ၊ Young Soo တောင်ပေါ်မှာ တွေ့ခဲ့တာကဘာဖြစ်မလဲ၊ သားဇောနဲ့ စိတ်ထိခိုက်နေတဲ့ Chae-Jungရော ဘယ်လိုကြိုးစားပြီး သားလေးကိုရှာမလဲ၊ လူတိုင်းကို မယုံနိုင်တဲ့ အယ်ဇိုင်းမားဝေဒနာရှင် အဘွားရော မီးလောင်မှုရဲ့တရားခံကို ဖော်ထုတ်နိုင်မလား။ဒီ ထူးခြားဆန်းကြယ်တဲ့ရွာလေးရဲ့ လျှို့ဝှက်ချက်‌တွေကို စူးစမ်းရင်း သည်းထိတ်ရင်ဖို Vibes အပြည့်နဲ့ ကြည့်ချင်သူတွေအတွက် Perfect ဖြစ်မယ့် ကားသစ်လေးကို အပတ်စဉ် CM မှာစောင့်မျှော်ကြည့်ရှုလို့ရပါပြီ။စုစုပေါင်း(၄)ပိုင်းပဲပါရှိမှာမို့ စောင့်မျှော်ကြည့်ရှုကြပါဦး။ (ဒီစီးရီးရဲ့ အညွှန်းကို Khaing Khin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများ ကတော့ Hay Thar, Thu Thinzar Kyaw, Khaing Khin တို့ ဖြစ်ပါတယ်။)File Size………….(400 MB) / (800 MB)...

Boar Hunt (2022-2022) ⭐⁉️ 🎬 #Mystery 🗓 2022-2022 🎞 tv mini series 🌎 #SouthKorea ⏰ 1 နာရီ 11 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Boar Hunt (2022)Boar Hunt (2022) ===============“အဲနေ့ညက ငါပစ်ခဲ့တဲ့‌အကောင်က တောဝက်မဟုတ်ခဲ့ဘူးပဲ” Closet , Anna , My Holo Love စတဲ့ နာမည်ကြီးကားတွေမှာ ဇာတ်ပို့မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Kim Soojin နဲ့အတူ ဗီလိန်‌ရော ဇာတ်ပို့ရော ပိုင်နိုင်တဲ့ အာဂျောရှီး Park Hosan ဦးဆောင် ပါဝင်ထားတဲ့ ရင်တမမကြည့်ရမယ့် သည်းထိပ်ရင်ဖိုဒရာမာ ကောင်းလေး လာပါပြီ။ ဒီမင်းသားကြီး Park Hosan ကို မမှတ်မိမှာစိုးလို့ ပြန်လင်းပါရစေ… Penthouse S 2,3 မှာ ဗီလိန်ဆန်ဆန် ဖခင်ကောင်းဆန်ဆန် ဇာတ်ရုပ်နဲ့ ယူဂျယ်နီရဲ့ အဖေ ၊ အခုလွှင့်နေတဲ့ Today’s Webtoon ထဲက မင်းသမီး ဆယ်ဂျောင်းကိုလက်ခံပေးတဲ့ သဘောကောင်းတဲ့ ဒါရိုက်တာ, True Beauty ထဲက မင်းသမီးဂါယောင်းရဲ့ အဖေ စသဖြင့် ဇာတ်ရုပ်အမျိုးမျိုးနဲ့ ကျမတို့ကို ဖမ်းစားခဲ့တဲ့သူပေါ့နော်။ကဲ…ကဲ လိုရင်းဖြစ်တဲ့ ဇာတ်လမ်းအကျဉ်းကို ‌ပြောပါတော့မယ်… ဒီကားက နည်းနည်းတော့ ထူးဆန်းတယ်၊ ကြောက်စရာလည်း ကောင်းတယ်၊ သာမန် တောနားနီးတဲ့ရွာလေး တစ်ရွာမှာ လူအများစုက အသက်မွေးဝမ်းကြောင်း အဖြစ် အမဲလိုက်လုပ်ငန်းကို လုပ်ကိုင်ကြတယ်။ ဒီတောထဲမှာပေါတဲ့ တောဝက်ကို အဓိက ဖမ်းကြတာပေါ့ဗျာ။ အဲလို တော‌တောင်ထဲမှာ တောဝက်ဖမ်းရင်း အမဲလိုက် သမားတွေ ပျောက်‌ကုန်ကြတယ်။ ပျောက်သွားတဲ့ရွာသားတွေရဲ့ လျှို့ဝှက်ချက် တွေလည်းတစ်ခုချင်းစီ ထူးဆန်းစွာပေါ်လာပါတော့တယ်။Young-Soo (Park Ho-San) နဲ့ Chae-Jung (Kim Soo-Jin) တို့က ရွာထဲမှာ နေတဲ့ အသက်လတ်ပိုင်း လင်မယားတွေဖြစ်ပါတယ်။ တစ်နေ့မှာ Young-Soo နဲ့ သူငယ်ချင်းတစ်စုတို့ တောဝက်ဖမ်းဖို့ တောင်‌ပေါ်ကို အမဲလိုက်ခဲ့ကြတယ်။ တောင်ပေါ်မှာ မထင်မှတ်ထားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတော့တယ်…Young-Soo ရဲ့ မိန်းမဖြစ်သူ Chae-Jung ကတော့ ဒေါသကြီးပေမဲ့ နွေးထွေးကြင်နာတဲ့ လူတစ်ယောက်ပါ။ ရွာသူရွာသားတွေလည်း သူမကို ချစ်ခင်ကြတယ်။ Young-Soo အမဲလိုက်သွားတဲ့တစ်နေ့မှာ သူမရဲ့ သားဖြစ်သူ In Sung ပျောက်ဆုံးသွား‌တာကြောင့် သူမလည်း စိတ်ထိခိုက်ပြိုလဲသွားခဲ့ပါတယ်။ရွာထဲက အဘွား Ok-Soon (Ye Soo-Jung) ကတော့ သူမရဲ့ သားနဲ့ချွေးမ မီးလောင် မှုကြောင့် ဆုံးသွားကတည်းက ကျန်ရစ်တဲ့မြေးလေးနဲ့အတူ နေထိုင်ခဲ့ပါတယ်။ မီးလောင်တာဟာ ရွာသားတွေ တမင်လုပ်တယ်လို့ ယူဆထားတဲ့အတွက် သူမဟာ ရွာသားတွေကို လွယ်လွယ်မယုံတဲ့သူဖြစ်ပါတယ်။ သူမ အယ်ဇိုင်းမားရောဂါဖြစ်ကြောင်း သိလာပြီးနောက်မှာလည်း ရွာသားတွေအပေါ် အမြင်မကြည်မှု ပိုတိုးလာပါဝောာ့တယ်။ ဒီလိုကျေးလက်ရွာလေးမှာ ဘာကြောင့် လူတွေပျောက်ပျောက် သွားရတာလဲ၊ Young Soo တောင်ပေါ်မှာ တွေ့ခဲ့တာကဘာဖြစ်မလဲ၊ သားဇောနဲ့ စိတ်ထိခိုက်နေတဲ့ Chae-Jungရော ဘယ်လိုကြိုးစားပြီး သားလေးကိုရှာမလဲ၊ လူတိုင်းကို မယုံနိုင်တဲ့ အယ်ဇိုင်းမားဝေဒနာရှင် အဘွားရော မီးလောင်မှုရဲ့တရားခံကို ဖော်ထုတ်နိုင်မလား။ဒီ ထူးခြားဆန်းကြယ်တဲ့ရွာလေးရဲ့ လျှို့ဝှက်ချက်‌တွေကို စူးစမ်းရင်း သည်းထိတ်ရင်ဖို Vibes အပြည့်နဲ့ ကြည့်ချင်သူတွေအတွက် Perfect ဖြစ်မယ့် ကားသစ်လေးကို အပတ်စဉ် CM မှာစောင့်မျှော်ကြည့်ရှုလို့ရပါပြီ။စုစုပေါင်း(၄)ပိုင်းပဲပါရှိမှာမို့ စောင့်မျှော်ကြည့်ရှုကြပါဦး။ (ဒီစီးရီးရဲ့ အညွှန်းကို Khaing Khin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများ ကတော့ Hay Thar, Thu Thinzar Kyaw, Khaing Khin တို့ ဖြစ်ပါတယ်။)File Size………….(400 MB) / (800 MB)...

Black Bird (2022-2022) ⭐IMDB: 8.1/10 (90 k Votes) 🎬 #Drama #Crime #Biography #Mystery #Thriller 🗓 2022-2022 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 1 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Black Bird (2022)     ဒီတစ်ခါတော့ စိတ္တဇလူသတ်သမားကိုမှ ထောင်ထဲမှာ မိတ်ဖွဲပြီး သတ်ထားတဲ့ သူတွေရဲ့ အလောင်းကို ရှာခိုင်းမဲ့ စုံထောက်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဂျင်မီ ဆိုတဲ့ ဆေးရောင်းသမားဟာ ရဲတွေရဲ့ ဝင်စီးတာကို ခံရပြီး လက်နက်မှု ဆေးရောင်းမှုကြောင့် ထောင် ၁၀နှစ် ကျနေတုန်းမှာပဲ ကောင်မလေး ၁၄ယောက်ကို သတ်ထားတဲ့ ကွင်းဆက်လူသတ်သမားကို သက်သေမခိုင်လုံလို ပြန်လွှတ်ပေးရတော့မဲ့ အခြေအနေဖြစ်နေခဲ့တာပါအဲဒါနဲ့ ရုပ်ချောပြီး စကားအပြောကောင်းတဲ့ ဂျင်မီ ကို ကွင်းဆက်လူသတ်ဖမ်းထားတဲ့ ထောင်ဆီလွှတ်ပြီး ဖျောက်ထားတဲ့ အလောင်းတွေကို ရှာဖွေဖို ရဲတပ်ဖွဲက သဘောတူညီချက်တစ်ခုလုပ်ပါတော့တယ် အဲဒီတော့……ဂျင်မီ မိတ်ဖွဲရမဲ့သူက တကယ်ပဲသတ်ထားတာလား စိတ္တဇပဲဖြစ်နေတာလား ပုံမှန်လူကိုမှ ရူးချင်ယောင်ဆောင်ထားတာလား ဆိုတာကိုတော့ ဆက်လက်ရှုစားရင်း အဖြေရှာလိုက် ကြပါဦးခင်ဗျာ File size…500 Mb...

How to Deal with a Heartbreak (2023) ⭐IMDB: 4.0/10 (49 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Argentina #Peru ⏰ 1 နာရီ 42 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 How to Deal with a Heartbreak (2023) အေးအေးငြိမ်ငြိမ်နဲ့ လက်တွေ့ဘ၀နဲ့ဆက်စပ်ပြီး မိသားစုနဲ့ Friendship ကို အဓိက ပုံဖော်ထားတဲ့ ကားလေး လာပါပြီ။ အဓိက ဇာတ်ကောင် မာဖေးက စာရေးဆရာလုပ်ရင်းကနေ Influencer လိုင်း‌ ပြောင်းသွားပြီး Blog လေးတွေတင်ကာ ပီရူးမှာ မိဘတွေနဲ့အတူ နေပါတယ်။ သူ့အမေကတော့ စာဆက်ရေးစေချင်ပေမယ့် မာဖေးက စာအုပ်တစ်အုပ်ထုတ်ပြီး ဆက်မလုပ်နိုင်သေးတာပါ။ နောက်တော့ စိတ်အပြောင်းအလဲဖြစ်အောင် ဒုတိယစာအုပ်လည်း ဆက်လုပ်နိုင်အောင် သူငယ်ချင်းတွေဆီ အလည်သွားခဲ့ပါတယ်။ သူ့သူငယ်ချင်း ၂ယောက်ကတော့ ဘ၀စီမံကိန်းတွေချပြီး အဆင်ပြေနေကြပါတယ်။ စိတ်ဓာတ်ကျနေတဲ့ မာဖေးအတွက် တစ်ပူပေါ်နှစ်ပူဆင့်ပြီး သူ့အဖေကပါ နှလုံးရောဂါနဲ့ ရုတ်တရက်ဆုံးသွားတဲ့အခါ… နာကျင်မှုတွေ ပူဆွေးမှုတွေကို သူငယ်ချင်း မိတ်ဆွေတွေ အကူအညီနဲ့ ကျော်ဖြတ်ပြီး အချစ်သစ်ရှာဖွေတဲ့ပုံ… စာအုပ်အသစ်ထုတ်နိုင်ဖို့ ကြိုးပမ်းပုံတွေကို ရိုးရိုးရှင်းရှင်း သရုပ်ဖော်ထားတာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Mr. Robot (2015-2019) ⭐IMDB: 8.5/10 (406 k Votes) 🎬 #Crime #Drama #Thriller 🗓 2015-2019 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 58 မိနစ် 17 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mr. Robot      Bohemian Rhapsody လို့ ဆိုလိုက်ရင် Freddie Mercury အဖြစ်အော်စကာ ဆုရအောင် သရုပ်ဆောင် ကောင်းလွန်းတဲ့ မင်းသား Rami Malek ကိုလည်း တန်းပြီးသတိရမိမယ် ထင်ပါတယ်။ဒီ စီးရီးတွဲမှာလည်း မင်းသား Rami Malek အနေနဲ့ Golden Globe မှာလည်း အဲဒီ ဇာတ်ကောင် အတွက်  Nominee အကြိမ်ကြိမ် ဝင်ခဲ့ပြီး အဓိက သရုပ်ဆောင် အနေနဲ့ ဆုတွေ အများကြီး ရခဲ့ ပါတယ်။ အဲဒီ မင်းသားကို ဟက်ကာ တစ်ယောက်၊ အဲဒါထက်ပိုပြီး တော့ စိတ်ကျ ရောဂါ ခံစားနေရတဲ့သူတစ်ယောက်အနေနဲ့ မှုခင်းတွေ ကို လိုက်ဖော်ထုတ်တဲ့ လူစွန့်စား တစ်ဦး အဖြစ် မြင်တွေ့ကြရဦးမှာပါ။စိတ်ဝင်စား စရာ ကောင်းတာကြောင့် တစ်ပိုင်း လောက်ကြည့်ရုံနဲ့နောက် အပိုင်းတွေကိုပါ ဆက်ကြည့်ချင်စိတ် ပေါ်လာမှာ အသေအချာ ပါပဲ။ ဒီ စီးရီး တွဲကို ၂၀၁၅ ခုနှစ် မှာ စပြီး လွှင့်ခဲ့ပါတယ် ၂၀၁၉ ခုနှစ် အထိ Season ၄ ခု လွှင်ခဲ့ပြီး IMDB Rating လည်းအပိုင်းတိုင်း လိုလို 9 အထက်မှာ သာ ရခဲ့တာပါ။ အခု Channel Myanmar ကနေ Season 1 ကို Complete အနေနဲ့ တင်ဆက်လိုက်ပါပြီ။အားလုံး အားပေးကြပါဦး။...

Rule 34 (2022) ⭐IMDB: 5.6/10 (368 Votes) 🎬 #Adult #Drama 🗓 2022 🎞 movie 🌎 #Brazil #France ⏰ 1 နာရီ 40 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rule 34 (2022) နေ့ခင်းဘက်မှာရှေ့နေကျောင်းသူညဘက်မှာCam Girl ဒီရုပ်ရှင်ကတော့ ဘရာဇီးနဲ့ ပြင်သစ် ဖက်စပ်ရိုက်ကူးထားတဲ့ ပေါ်တူဂီစကားပြော ရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်နာမည်ကိုတော့ အင်တာနက်စကားလုံးတစ်ခုဖြစ်တဲ့ Rule 34 ကိုယူမှည့်ထားတာပါ။ Rule 34 ဆောင်ပုဒ်ကတော့ ” If it exist, there’s a porn of it ” တဲ့။ စိတ်ဝင်စားရင်တော့ Rule 34 အကြောင်းကိုယ့်ဖာသာ သင်ယူလေ့လာနိုင်ပါတယ်။ ပညာရစရာတော့မရှိဘူးပေါ့။ ဒီရုပ်ရှင်ကို Rule 34 လို့ ဘာကြောင့်ပေးထားသလဲ အတိအကျအဖြေတစ်ခုတော့မရှိပါဘူး။ ဒီရုပ်ရှင်ထဲမှာ ရှေ့နေတွေအနေနဲ့ သီအိုရီတွေပြောကြတဲ့အခါ ဖြစ်ပျက်နေတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်း ဆွေးနွေးခန်းတွေပါဝင်ပါတယ်။ ပညာရစေတဲ့ အပိုင်းလေးတွေပေါ့။ ဆီမွန်က နေ့ဘက်ဆိုရင်တော့ အမျိုးသမီးဦးတည်အကြမ်းဖက်မှုတွေကို အဓိကဖြေရှင်းရတဲ့ အစိုးရရှေ့နေကျောင်းသူတစ်ယောက်ပါ။ ညဘက်မှာတော့ Chaturbate ကနေ အဖော်အချွတ်မယ်အဖြစ် Side Hustle လေးလုပ်တယ်ပေါ့လေ။ ဒီနေရာမှာ ပြောစရာရှိတာကတော့ ဘယ်အရာမဆို အစွန်းရောက်ရင် မကောင်းဘူးဆိုတာပါပဲ။ သူ့အနေနဲ့ သာမန် Cam Girl အ‌ဖြစ်ကနေ Viewer တွေတောင်းဆိုတဲ့အတိုင်းလုပ်ရာက BDSM ဘက်ကိုပါ တဖြည်းဖြည်းကူးသွားပါတယ်။ အမျိုးသမီးတွေကို ဖိနှိပ်မှုအတွက် ရှေ့နေလိုက်ပေးရင်းတပြိုင်နက် သူ့ရဲ့ အလိုရမ္မက်တွေကိုလည်း လက်မလွှတ်နိုင်တဲ့အခါ အလုပ် ၂ ခုကြားပွတ်တိုက်မှုတွေဖြစ်လာပါတယ်။ ရုပ်ရှင်က အဖော်အချွတ်ခန်းများများပါပေမဲ့ အေးတယ်လို့ ပြောနိုင်ပါတယ်။ ဇာတ်လမ်းကတော့ ပြောလိုက်ရင်အကုန်ပါသွားနိုင်တာမလို့ စိတ်ဝင်စားရင်တော့ ကိုယ်တိုင်ပဲကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။ ဘာကိုပညာပေးသလဲ… ဘာကိုချပြချင်သလဲ… ဆိုတာကတော့ ကြည့်ရှုတဲ့လူတွေအပေါ်မှာပဲမူတည်ပါလိမ့်မယ်။ လူဆယ့်ရှစ်ယောက်စုကြည့်ရမယ့်ကားဖြစ်တဲ့အပြင် နားကြပ်လေးလည်း မပါမဖြစ်တပ်ပြီးကြည့်မှ အဆင်ပြေမယ့်ရုပ်ရှင်မျိုးပါ။ လူတွေရဲ့ အမှောင်ဘက်ခြမ်းဟာ အမြဲရှိတဲ့အရာဆိုပေမဲ့ တစ်ခါတလေသိပ်ကြောက်ဖို့ကောင်းပါတယ်။ ဒါကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ဒီပေါ်တူဂီစကားပြော ဒရာမာကားလေးကို မြည်းကြည့်ကြစေချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...

Leila's Brothers (2022) ⭐IMDB: 7.9/10 (11 k Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Iran ⏰ 2 နာရီ 40 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Leila’s Brothers (2022) ~ IMDb – 7.9/10, Rotten Tomatoes – 86% ~ ဒီတစ်ခေါက်မှာတော့ မိသားစု Vibe ကို အပြည့်ပေးစွမ်းနိုင်မယ့် အီရန်ကားတစ်ကား တင်ပေးလိုက်ပါတယ်။ မိသားစုဇာတ်လမ်းလို့ ပြောလိုက်ရင် တော်တော်များများက ပျင်းဖို့ကောင်းတယ်လို့ထင်ကြမှာပါ။ ဒါပေမဲ့ အီရန်ကားတွေထုံးစံအတိုင်း တကယ်လက်တွေ့ဘဝမှာဖြစ်ပျက်နေတဲ့ အိမ်တွင်းရေးအရှုပ်အရှင်းတွေ၊ ဖြစ်ချင်ဇောနဲ့ လူငယ်တွေကိုလိုက်ပြီး အတင်းအကြပ်ချုပ်ချယ်တတ်တဲ့ လူကြီးတွေရဲ့ အတ္တစိတ်၊ ပတ်ဝန်းကျင်အခြေအနေကြောင့် လုပ်ချင်ရာလုပ်ပြီး ကိုယ့်အတွက်ထိန်းမနိုင်သိမ်းမနိုင်ဖြစ်တော့မှ လွယ်လွယ်နဲ့လက်မြောက်အရှုံးတတ်တဲ့ လူငယ် လူလတ်ပိုင်းတွေရဲ့ မိုက်မဲမှုတွေကို ပေါ်လွင်အောင် ရိုက်ကူးပေးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ သိပ် မ Spoil တော့ပါဘူး။ နာမည်အတိုင်း လိုင်လာဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ကိုအခြေခံရိုက်ကူးထားပါတယ်။ လိုင်လာ့မှာ မိသားစုဝင် မိသားစုဝင်ခုနစ်ယောက်ရှိပါတယ်။ သူ့အစ်ကို အကြီးနှစ်ယောက်ကလည်း အလုပ်လက်မဲ့ဖြစ်သွား၊ သူ့မောင်နှစ်ယောက်ကလည်း သုံးစားမရဖြစ်တဲ့အပြင်၊ သူမိဘနှစ်ပါးကလည်း အမျိုးတွေကြားမှာ မျက်နှာရအောင် ရရာကြံပြီး မိသားစုဂုဏ်ကိုပြိုင်လုကြတာကို အီရန်ကားတစ်ကား ပီပီသသ ရသမျိုးစုံနဲ့ ရှုမြင်ခံစားကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

The Hunter (2011) ⭐IMDB: 6.7/10 (41 k Votes) 🎬 #Adventure #Drama #Thriller 🗓 2011 🎞 movie 🌎 #Australia ⏰ 1 နာရီ 44 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rotten tomatoes – 72% IMDb – 6.7 မာတင်ဟာ မုဆိုးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီကြီးတွေကလိုချင်တဲ့ အကောင်ကိုမှရွေးပြီး အမဲလိုက်ပေးတဲ့ကြေးစားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သစ်ရွက်နီ လို့ခေါ်တဲ့ စက်ဖက်ဆိုင်ရာ ဇီဝနည်းပညာကုမ္ပဏီတစ်ခုက အလုပ်ကမ်းလှမ်းလာ‌တာကြောင့် တက်စမေးနီးယန်း ဒေသကိုသွားခဲ့ပါတယ်။ သစ်ရွက်နီလိုချင်နေတာကတော့ မျိုးသုဉ်းသွားခဲ့ပြီလို့ ယူဆထားကြတဲ့ တက်စမေးနီးယန်း ကျားရဲ့ ဒီအန်အေပါပဲ။ ဒီလိုနဲ့ မာတင်တစ်ယောက် တက်စမေးနီးယန်း တောင်တန်းတွေပေါ်မှာမှာ ရှိဖို့တောင်မှအာမခံချက်မရှိတဲ့ ကျားကို သုတေသနပညာရှင်ဟန်ဆောင်ပြီးလိုက်ရှာရင်း ဒေသခံတွေနဲ့ရင်းနှီးလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သစ်ရွက်နီ ကုမ္ပဏီက တက်စမေးနီး ကျားရဲ့ ဒီအန်အေကို လိုချင်တဲ့အကြောင်းပြချက်နဲ့ ဒေသခံတွေသေဆုံးမှုတစ်ချို့ကို မာတင်သိသွားခဲ့တဲ့အချိန်မှာတော့ မာတင်တစ်ယောက် ဘယ်လိုမျိုးအန္တရာယ်တွေနဲ့ရင်ဆိုင်လာရမလဲဆိုတာကို ဆင်လက်ကြည့်ရှုလိုက်ကြပါဦး။ မာတင်ရဲ့နေရာမှာသရုပ်ဆောင်ထားတာကတော့မင်းသားကြီး Willem Dafoe ဖြစ်ပြီး တောတွင်းအမဲလိုက်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် ကြည့်လို့ကောင်းမဲ့ ကားတစ်ကားပါပဲဗျ။...

Evinced (2022) ⭐IMDB: 4.2/10 (47 Votes) 🎬 #Fantasy #SciFi #Thriller #ScienceFiction 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 56 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Evinced (2022)=========== ဒီ thriller/ Sci-Fi ဇာတ်လမ်းလေးကိုတော့ ဒါရိုက်တာ Richeler Aladinကရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမည်မသိလူတစ်ယောက်ဟာ လိုင်းပေါ်မှာသွေးထွက်အောင်မှန်တဲ့ ဟောကိန်းတွေကိုတင်ပြီးနာမည်ကြီးနေပါတယ်။ အဲဒီလူခန့်မှန်းလိုက်တိုင်း ဒုစရိုက်မှုတွေဖြစ်နေလို့သူဟာ ဒုစရိုက်မှုတွေရဲ့ နောက်ကွယ်ကကြိုးကိုင်နေတဲ့သူလို့ ထင်ပြီး စုံထောက်‌တွေဖြစ်ကြတဲ့ မယ်လ်ကွန်၊ ၀က်လ်လေ၊ ရေး တို့က‌ ‌ဒီကိစ္စကိုလိုက်ကြပါတော့တယ်။ ဟောကိန်းတွေထုတ်ပြီး နာမည်ကြီးနေတဲ့သူကတော့ အက်ရှ်တွန် ပါ။ သူဟာအနာဂတ်ကနေ လာခဲ့တာဖြစ်ပြီး အတိတ်ကအရာတစ်ချို့ကို ပြောင်းလဲဖို့ ပြန်လာခဲ့တာပါ။ အဲဒီနောက်တော့ သူအတိတ်ကိုပြောင်းလဲဖို့အတွက် မယ်လ်ကွန်၊၀က်စ်လေ တို့ရဲ့အကူညီကိုယူရဖို့ဖြစ်လာပါတော့တယ်။ အက်ရှ်တွန်က မယ်လ်ကွန် တို့ရဲ့အကူအညီနဲ့ တကယ်ပဲအတိတ်ကိုပြောင်းလဲနိုင်မှာလား၊ သူလာခဲ့တဲ့အချိန်ကာလမှာရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်‌ကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Katt ဖြစ်ပါတယ်)...

The Baker (2022) ⭐IMDB: 5.9/10 (548 Votes) 🎬 #Action #Crime #Drama #Thriller #Mystery 🗓 2022 🎞 movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 40 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hellboy ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Ron Perlmanရဲ့ 2022ထွက် အက်ရှင် ဇာတ်ကားဖြစ်ပါတယ်။ ​ ဇာတ်လမ်းက မုန့်ဖုတ်သမားကြီးဆီကို သူနဲ့စကားမပြော အဆက်အသွယ်မလုပ်တာကြာပြီဖြစ်တဲ့ သူ့သားက တစ်ရက်မှာရောက်လာပြီး သူ့​ကလေးကို ခဏကြည့်ပေးထားဖို့တောင်းဆိုလာပါတယ်။သူ့မှာ မြေးမလေး ရှိနေမှန်းတောင်မသိနေခဲ့တဲ့ မုန့်ဖုတ်သမားကြီးက စကားလုံးဝမပြောတဲ့ မြေးမလေးကို ကြည့်ထားပေးလိုက်ပါတယ်။ သားဖြစ်သူက မူးယစ်ဂိုဏ်းတစ်ခုနဲ့ ပတ်သတ်မိပြီး ပျောက်ဆုံးသွားတဲ့အခါမှာ သားဖြစ်သူကိုလည်း ရေဆုံးမိုးဆုံး လိုက်ရှာရင်း မြေးမလေးကိုလည်း အန္တရာယ်ကလည်း ကာကွယ်ပေးရင်းနဲ့ ဘယ်လိုသံယောဇဥ်ဖြစ်သွားမလဲကြည့်ရမှာပါ။ အက်ရှင်ခန်းတွေလည်း များစွာပါဝင်ပြီး family ကြည့်လို့လည်းသင့်တော်ပါတယ်။ ဇာတ်လမ်းလေးကပဲ ဆွဲခေါ်သွားမှာဆိုတော့ အများကြီးညွှန်းနေစရာမလိုလောက်ဘူးထင်ပါတယ်။...

How Do You Know (2010) ⭐IMDB: 5.4/10 (54 k Votes) 🎬 #Comedy #Drama #Romance 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 How Do You Know(2010) ***********************2010 ခုနှစ်က ထွက်ခဲ့တဲ့ Reese Witherspoon, Paul Rudd, Owen Wilson တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့How do you know ဆိုတဲ့ romance/comedy ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆော့ဖ်ဘောအမျိုးသမီး ကစားသမားဖြစ်တဲ့ လီဆာဟာ အသက်အရွယ်ကြောင့် အသင်းကနေ ထွက်ရတော့မယ့်အချိန်ဟာသူ့ဘဝအတွက် တဆစ်ချိုးဖြစ်နေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာပြိုလဲနေတဲ့ အချိန်လို့ပြောလို့ရပါတယ်။ဒီအချိန်မှာပဲ အမျိုးသားနှစ်ယောက်နဲ့ တချိန်တည်းမှာ ဆုံတွေ့ခဲ့ပြီးဘယ်တယောက်ကို ရွေးချယ်ရမလဲဆိုတာ ခက်ခက်ခဲခဲ ဆုံးဖြတ်ရဖို့ဖြစ်လာပါတယ်တယောက်ကတော့ ဘေ့စ်ဘော ကစားသမား အကျော်အမော်ဖြစ်ပြီးဥစ္စာပေါရုပ်ချော တယောက်ဖြစ်ပါတယ်ကျန်တဲ့တယောက်ကတော့ လိမ်လည်မှုနဲ့ စွပ်စွဲခံရပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရတဲ့ကုမ္ပဏီပိုင်ရှင်သားဖြစ်ပါတယ်။ဘဝရဲ့ အလှည့်အပြောင်းတခုမှာ သူတို့ သုံးယောက် ဆုံတွေ့ခဲ့ပြီးအချစ်စစ်ဆိုတာ ဘယ်လိုမျိုးလဲလို့ လီဆာက ရွေးချယ်ရတော့မှာဖြစ်ပါတယ်။...

Fourth Down and Love (2023) ⭐IMDB: 6.6/10 (422 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Fourth down and love ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ်၊ ဒီကားလေး‌က မိသားစုဇာတ်လမ်းလေးလည်းဖြစ် စိတ်လည်းအေးချမ်းစေမှာမို့လို့ တကယ်ကိုကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တွေအနေနဲ့တော့ ဘောလုံးကစားရတဲ့ကြိုက်တဲ့ 12နှစ်အရွယ် ကီရာရဲ့အမေ Single mother အယ်ရင်, Whalers အသင်းရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ မိုက်ခ် ဟန်ဆင်၊ သူတို့နှစ်ယောက်ဟာ ကောလိပ်တုန်းက တွဲခဲ့ကြပြီး ကွဲကွာသွားတဲ့ ငယ်ချစ်တွေပေါ့နော်။ ပြီးတော့ တိုက်ဆိုင်စွာပဲ မိုက်ခ်ဟန်ဆင်က ကီရာ့တို့ ဘောလုံးအသင်း နည်းပြရဲ့ညီဖြစ်နေခဲ့တယ်။ ကီရာ့ရဲ့ လေ့ကျင့်ရေးမှာ အယ်ရင်နဲ့ မိုက်ခ်ဟာ ပြန်ဆုံခဲ့ကြပြီး မိုက်ခ်ဟန်ဆင်ကလည်း ဒဏ်ရာကြောင့် အသင်းကနေ တစ်လနားနေစဉ်အတွင်းမှာ ကီရာ့တို့ အသင်းကို နည်းပြလုပ်ပေးဖို့ ကံစီမံလာတဲ့ အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေက ပြန်လည်ပေါက်ဖွားလာမှာလား ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ မိုက်ခ်ဟန်ဆင်ကရော သူ့အသင်းမှာပြန်လည်ကစားနိုင်ပါ့မလား သူတို့ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ပြီး ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ အခုပဲ ကြည့်ကြည့်လိုက်ရအောင်...

Golda (2023) ⭐IMDB: 6.1/10 (3 k Votes) 🎬 #Biography #Drama #History #War #Thriller 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Golda (2023) ~ IMDb – 6.1/10, Rotten Tomatoes – 53% ~ အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် နိုင်ငံအပေါ် ဂိုလ်ဒါရဲ့ကြိုးပမ်းမှုကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

RDX: Robert Dony Xavier (2023) ⭐IMDB: 7.8/10 (2 k Votes) 🎬 #Action #Adventure #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 30 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 RDX:Robert Don’t Xavier (2023) IMDb-7.8/10 တောင်ပိုင်းကားကြမ်းကြမ်းလေးမှကြိုက်တဲ့လူတွေအတွက်သူငယ်ချင်းသုံးယောက်ပေါင်းကြမ်းကြမဲ့ရုပ်ရှင်ကား‌ကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်ဘတ်ဂျက်အနေနဲ့ ၈ ကုဋေပဲသုံးထားတဲ့ဒီကားဟာ ကုဋေ ၈၀ ကျော်ထိရအောင် ပြန်ရှာနိုင်ခဲ့တဲ့ကားပါမလေးယားလမ်းရုပ်ရှင်တွေမှာ စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားလည်းဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ဘုရားပွဲတစ်ခုက ဖြစ်လိုက်တဲ့ရန်စတစ်ခုက အိမ်ထဲထိဝင်ပြီး မိသားစုကိုပါ ဒုက္ခပေးတဲ့အချိန်…ဆိုးတူကောင်းဖက် သူငယ်ချင်း သူများအနိုင်ကျင့်ခံရတာသိလိုက်ရတဲ့အချိန်…ချစ်ရတဲ့သူနဲ့ သူငယ်ချင်း အချစ်နဲ့မေတ္တာ နှစ်မျိုးထိပ်တိုက်တွေ့ရွေးချယ်လာရချိန် ရောဘတ် ဒွန်နီ စေဗီဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ် သူတို့တွေတန်ဖိုးထားကြတဲ့အချစ်မေတ္တာတွေအတွက် ရန်သူတွေကို တိုက်ခိုက်ရင်ဆိုင်ကြတဲ့ဒီကားဟာAction/Thriller ကြိုက် ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Dee ~ Moon ~ ToMo တို့ပဲဖြစ်ပါတယ်)...