ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Paranormal Activity (2007)
⭐IMDB: 6.3/10 (252 k Votes)
🎬 #Horror #Mystery
🗓 2007 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6.3 ရရှိထားပြီး teen choice movie award အပါအဝင်ဆုသုံးခုနဲ့ ဆုပေါင်း 12ခုမှာဇကာတင်ထားတဲ့ Horror & thriller အမျိုးအစားဇာတ်လမ်းဖြစ်ပါတယ်။ Jumpscare တွေနဲ့သွေးသံရဲရဲ ထိတ်လန့်စရာမျိုးမဟုတ်ဘဲ တစိမ့်စိမ့်နဲ့ကြက်သီးဖြန်းကနဲထစေမဲ့ ခံစားချက်မျိုးကိုရစေမှာပါ
ဇာတ်လမ်းအကျဉ်း…..
ကေတီနဲ့မီကာတို့ဟာ နှစ်ရှည်တွဲလာခဲ့တဲ့စုံတွဲတွေဖြစ်ပြီး အတူတူအေးအေးချမ်းချမ်းနေထိုင်နေရင်း အိမ်မှာထူးထူးဆန်းဆန်းဖြစ်ရပ်တွေကြုံလာပါတော့တယ် ကေတီကတော့ငယ်ကတည်းကဒီလိုကြုံနေကျမလို့ သိပ်မထူးဆန်းတော့ပေမဲ့ မီကာတစ်ယောက်ကတော့စိတ်တွေလှုပ်ရှားပြီး ဒီ ထူးဆန်းတဲ့ဖြစ်ရပ်တွေကို အရမ်းစိတ်ဝင်စားနေခဲ့တာပါ….
လူကိုလည်းဘာဒုက္ခမှမပေးဘဲ ဆန်းဆန်းပြားပြားတွေဖြစ်နေရတာဘယ်သူ့ကြောင့်လဲ သရဲလား တစ္ဆေလား နတ်ဆိုးလား ဆိုတာကိုလည်းဘယ်သူမှမသိနိုင်ပါဘူး။ ဒီလိုနဲ့နှစ်ယောက်သား ထူးဆန်းတဲ့ကိစ္စတွေကိုစုံစမ်းကြရင်း ဒီလိုဖြစ်ရပ်တွေကဘာကြောင့်ဖြစ်နေရတာလဲ အဲ့ထူးဆန်းတဲ့အရာကြီးကိုဖယ်ရှားနိုင်ပါ့မလား ဆိုတာကိုကြည့်ရှူရမှာပါ
Paranormal activity ဇာတ်ကားတွေထုံးစံအတိုင်း စောင့်ကြည့်ကင်မရာမှတ်တမ်းတွေလိုမျိုး ရိုက်ကူးထားတာမလို့ တကယ့် Ghost hunting show တွေကြည့်နေရသလို ခံစားရမှာဖြစ်ပါတယ်...
Forgotten Experiment (2023)
⭐IMDB: 3.4/10 (184 Votes)
🎬 #Adventure #ScienceFiction #Thriller #Drama #SciFi
🗓 2023 🎞 movie
🌎 #Russia
⏰ 1 နာရီ 44 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းကတော့ တီထွင်သူ စီးပွားရေးသမား အီသန်ဘလိတ်ခ်ရယ် သူ့ညီ ဂျေးကော့ဘ် ဘလိခ်ရယ် အခြားသိပ္ပံပညာရှင်တွေက စွမ်းအင်အသစ်နဲ့လေယာဉ်ကို စမ်းသပ်ရင်းနဲ့ ကျွန်းပေါ်ရောက်သွားကြတယ်
ကျွန်းအသစ်ကို လေ့လာနေတုန်းမှာပဲ ပဟေဠိဆန်တဲ့ မြူတွေက အတိတ် အနာဂတ် ပစ္စုပ္ပန် အကုန်လုံးကို ရောထွေး ပုံဖော်နေတာကို သိလိုက်ကြရတယ် အနာဂတ်မှာဖြစ်မယ့် စစ်ပွဲကို ကာကွယ်ဖို့လုပ်တာရယ် ညီကိုနှစ်ယောက်ကြားက လောဘကြောင့်ဖြစ်တဲ့ ပဋိပက္ခတွေရယ်ကို စိတ်ဝင်စားစွာကြည့်ရမှာပဲဖြစ်ပါတယ်...
When Evil Lurks (2023)
⭐IMDB: 7.2/10 (3 k Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #Argentina #UnitedStates #UnitedStatesofAmerica #Uruguay
⏰ 1 နာရီ 41 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
When Evil Lurks (2023)
~ IMDb – 7.2/10, Rotten Tomatoes – 99% ~
ဒီနှစ်ရဲ့ ရှားရှားပါးပါး ဟော်ရာကားကောင်းပါ။ မနှစ်ကတော့ ဟော်ရာကားအလန်းစားတွေ သောက်သောက်လဲထွက်ခဲ့သလောက် ဒီနှစ်တော့ ဟော်ရာကားခပ်လန်းလန်း တော်တော်ရှားသွားပါတယ်။ ထွက်ဖို့တော့ ရှိသေးပေမဲ့ အခုထိတော့ ကောင်းကောင်းတန်းတန်းတော်တော်ရှားပါတယ်။ ဒီလိုအခြေအနေထဲမှာမှ အာဂျင်တီးနားဒါရိုက်တာရိုက်တဲ့ ဟော်ရာကား အလန်းစားတစ်ကားထွက်လာပါတယ်။ သိရသလောက်ဆို ၂၀၂၃လက်ရှိအထိ ထွက်ခဲ့တဲ့ဟော်ရာကားတွေထဲ အလန်းဆုံးလို့ပြောလို့ရပါတယ်။ ဒီကားကလည်း လန်းသလို တခြားကားတွေကလည်း စွံမနေဘူးကိုး။ သို့ပေမဲ့လည်း Rotten Tomatoes Rating အရရော၊ IMDb Rating အရရော ကျွန်တော်တို့ဆီ မထွက်သေးတဲ့ နာမည်ကြီးကားတွေရဲ့ Rating ထက်ကို သာနေတယ်။ ဇာတ်ကလည်း ဇွတ်ဖြဲခြောက်မဟုတ်ဘဲ အထာကျတယ်။ ရုတ်တရက်အလန့်တကြားအခန်းတစ်ခန်းပေါ်လာလို့ လန့်ဖြန့်ပြီး အကြည့်လွှဲမယ်လည်းမကြံလိုက်နဲ့။ ဇာတ်ဘာဖြစ်သွားလဲ မသိရဘဲဖြစ်သွားမယ်။ ဇာတ်ရော ခြောက်လုံးရော ကောင်းနေတဲ့ ဟော်ရာကားလို့ပြောရမယ်။ ဘော်ဒီဟော်ရာဆန်ဆန် မသတီစရာကောင်းတာတွေလည်းပါတယ်။
ဇာတ်ကတော့ အစွန်အဖျားဒေသတစ်ခုမှာ လူတစ်ယောက် မသေဘဲ ပုပ်ပြီး အလောင်းကောင်ထက် တော်တော်ကြည့်ရဆိုးလာတယ်။ အပုပ်ကောင်ဖြစ်လာတယ်ပေါ့။ သူတို့အဆိုအရတော့ ဒီလူက နတ်ဆိုးဝင်ပူးခံထားရတဲ့လူပဲ။ မသေနိုင်ဘဲ ဝေဒနာခံစားနေရတဲ့ သူ့ကို ဒီတိုင်းသတ်လိုက်ရင် နတ်ဆိုးကလွတ်သွားမယ်။ သန့်ရှင်းရေးသမားလို့ခေါ်တဲ့ ရှင်းလင်းရေးသမားတွေလာပြီး စည်းစနစ်ကျကျ ရှင်းလင်းပေးမှရမှာ။ ဒီလိုနဲ့ သူ့ကိုလာရှင်းပေးမယ့် သန့်ရှင်းရေးသမားက လမ်းမှာတင် နှစ်ပိုင်းဖြတ်အသတ်ခံလိုက်ရတယ်။ သူ့ကိုရှင်းပေးမယ့်သူ မရှိတော့ဘူး။ အဲဒီဒေသကလူတွေက နောက်ဆက်တွဲတွေကို တွေးပူပြီး အဲဒီအပုပ်ကောင်ကို ကားနဲ့သယ်ပြီး တစ်နေရာသွားပစ်တယ်။ ဒါပေမဲ့ လမ်းမှာပျောက်သွားပြီး ပြဿနာကြီးလာခဲ့တယ်။ ဝင်ပူးခံရတဲ့လူတွေများလာပြီး ကမောက်ကမတွေဖြစ်လာတယ်။ ဒါကို သူတို့ ဘယ်လိုရင်ဆိုင်ကြမလဲ ပြထားတယ်။ နတ်ဆိုးပဲ အောင်မြင်မလား လူသားပဲ အောင်မြင်မလားဇာတ်က ဆန်းတော့မဆန်းဘူး။ ဒါပေမဲ့ ဒီကားရဲ့ တင်ဆက်ပုံကတော့ ဆန်းခဲ့တယ်။ ဒီရုပ်ရှင်တစ်ကားလုံး ရုပ်ရှင်ထဲကလူတွေကို နတ်ဆိုးက အလစ်အငိုက်ဖမ်းတိုက်ခိုက်ဖို့ စောင့်နေလိမ့်မယ်။ နတ်ဆိုးရန်က ကာကွယ်ဖို့ လိုက်နာရမယ့်စည်းမျဉ်း ၇ခုရှိတယ်။
ပထမ –နတ်ဆိုးဝင်ပူးခံထားရတဲ့သူရှိနေတာကို မမေ့စေနဲ့။ ဒါမှ ခေါင်းထဲဝင်လာပြီး ကိုယ်မလုပ်ချင်တာတွေ ခိုင်းလို့မရမှာ။ဒုတိယ –လျှပ်စစ်မီးမသုံးနဲ့။ လျှပ်စစ်မီးရဲ့အရိပ်မှာ နတ်ဆိုးက ခိုနိုင်တယ်။တတိယ –တိရိစ္ဆာန်တွေနားမကပ်နဲ့။စတုတ္ထ –ဝင်ပူးခံထားရတဲ့သူ သုံးဖူးတာတွေကို မထိနဲ့။ပဥ္စမ –ဝင်ပူးခံထားရတဲ့သူကို နာကျင်အောင်မလုပ်နဲ့။ဆဠမ –နတ်ဆိုးနာမည်ကို မခေါ်မိစေနဲ့။သတ္တမ –အကြောက်တရားမရှိစေနဲ့။
နတ်ဆိုးကတော့ ခန္ဓာနဲ့မွေးဖွားလာဖို့ ခြုံခိုတိုက်ဖို့စောင့်နေလေရဲ့။ စည်းမျဉ်း ၇ခုကို လူတွေလိုက်နာနိုင်ကြပါ့မလား… ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ၂၀၂၃ထဲ လက်ရှိထွက်ဖူးသမျှတွေထဲ အလန်းဆုံး ဟော်ရာကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Night of the Hunted (2023)
⭐IMDB: 5.4/10 (1 k Votes)
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #France #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အသစ်ထွက်ထားတဲ့ သည်းထိတ်ရင်ဖို ပဟေဠိရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။
အဲလစ်ဟာ ညသန်းခေါင်ယံမှာ အကြောင်းကိစ္စတစ်ခုကြောင့် သူငယ်ချင်းဖြစ်သူ ဂျွန်နဲ့အတူ ကားတစ်စီးနဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုကို ထွက်လာခဲ့ပါတယ်။
ဒီလိုနဲ့ ဓာတ်ဆီဆိုင်တစ်ခုအရောက်မှာတော့ ဂျွန်တစ်ယောက် ကားဓာတ်ဆီဖြည့်နေတုန်း အဲလစ်ကတော့ ကော်ဖီ၀ယ်ဖို့ရာ ဓာတ်ဆီဆိုင်၂၄နာရီစတိုးထဲကို ၀င်လာခဲ့ပါတယ်။
ဒါပေမဲ့ ငွေရှင်းဖို့လုပ်တဲ့အခါမှာ ကောင်တာမှာ ဘယ်သူမှမရှိနေတာကို သတိထားမိလိုက်ပြီး ဆိုင်ထဲကပြန်ထွက်ဖို့အလုပ်မှာ ဆိုင်ထဲကို စနိုက်ကျည်တွေ တောက်လျှောက်၀င်လာတဲ့အခါမှာတော့…
အဲလစ်ကို စနိုက်ပါနဲ့ စောင့်ကြည့်နေပြီး အသေပစ်သတ်ဖို့ကြိုးစားနေတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့် အဲလစ်ကို အငြှိးတကြီးနဲ့ သတ်ချင်နေရတာလဲ၊ အဲလစ်အနေနဲ့ရော သူမကို ခေါင်းပွင့်အောင် ပစ်သတ်ချင်နေတဲ့သူဆီကနေ လွတ်မြောက်အောင်ကြိုးစားနိုင်ပါ့မလား၊ အဲလစ်တစ်ယောက် ဆိုင်ထဲမှာ ဆက်လက်ရှင်သန်ဖို့ကြိုးစားနေစဉ်မှာရော ဆိုင်ကို တခြား ဘယ်သူတွေရောက်လာဦးမလဲ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Swordfish (2001)
⭐TMDB: 62.0% User Score
🎬 #Action #Crime #Thriller
🗓 2001 🎞 movie
🌎 #UnitedStates #Australia #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Swordfish (2001)
” Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် “
ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating – 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။
စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ တွေ့ခွင့်မရတဲ့ သမီးဖြစ်သူကိုပြန်ရစေမယ်လို့ မက်လုံးပေးတဲ့အတွက် စတန်လိုက်သွားရာကနေ ဂေဘရီရယ်ဆိုတဲ့သူနဲ့တွေ့ပြီး အရှုပ်တော်ပုံထဲရောက်သွားတဲ့အကြောင်းကို စိတ်၀င်တစားကြည့်ရှုရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Ô Jerusalem (2006)
⭐TMDB: 59.0% User Score
🎬 #Drama #History #War
🗓 2006 🎞 movie
🌎 #France #UnitedKingdom #Italy #Greece #Israel #UnitedStates #UnitedKingdom
⏰ 1 နာရီ 41 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
O’ Jerusalem (2006)
အို ဂျေရုစလင်..သင့်ကိုကျွန်ုပ်မေ့ခဲ့ပါမူ…ညာလက်တော်သည် တီးခတ်နိုင်စွမ်းပျောက်ဆုံးပါစေ…ကျွန်ုပ်ပျော်ရွှင်မှုကို ဂျေရုစလင်ထက် ဦးစားပေးခဲ့ပါမူကျွန်ုပ်လျှာသည်အာခေါင်ဖြင့်ကပ်၍ သီဆိုနိုင်စွမ်းတို့ အားလုံးပျောက်ကွယ်ပါစေ။ (:ဆာလံ-၁၃၇)
အားလုံးပဲ လတ်တလော ပဋိပက္ခဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ်ကိစ္စကို အားလုံးစိတ်၀င်စားနေကြမှာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းအရေးက မနေ့တစ်နေ့ကမှ ထဖြစ်တာမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်ပြီးကတည်းက စလာခဲ့ကြတာပါ။ အစ္စရေးနဲ့ အာရပ်နိုင်ငံများရဲ့ နာမည်ကျော် ၆ရက်စစ်ပွဲဆိုရင်လည်း မသိသူရှားပါလိမ့်မယ်။ ဒီကားလေးကတော့ “O Jerusalem” ဆိုတဲ့စာအုပ်ကို ပြန်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဒီကားထဲမှာ ဗြိတိသျှတွေရဲ့မလည်ရှုပ်ပုံတွေ၊ ဂျူးတွေနဲ့ အာရပ်တွေနဲ့ ကမ္ဘာမကြေတဲ့ရန်ပွဲစဖြစ်လာပုံတွေအပြင် အစ္စရေးနိုင်ငံဖြစ်တည်လာတဲ့အကြောင်းတွေ ဘာသာကြီးသုံးခုရဲ့အထွတ်အမြတ်ဖြစ်တဲ့ဂျေရုဆလင်မြေပေါ်က သွေးချောင်းစီးတိုက်ပွဲတွေကို သူငယ်ချင်းနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ရောစပ်တင်ဆက်ထားပါတယ်။
“O Jerusalem” စာအုပ်ကို Dominique Lapierre နဲ့ Larry Collins ဆိုတဲ့ စာရေးဆရာ ၂ဦးက ၂နှစ်တာ အချိန်ယူ သုတေသနလုပ်ရေးသားခဲ့ပြီး အင်တာဗျူးထောင်ပေါင်းများစွာနဲ့ တခြားကိုးကားချက်များစွာကို လေ့လာရေးထားတာပါ။ လက်ရှိအစ္စရေးတိုင်းပြည် မွေးဖွားလာပုံအကြောင်းကို တင်ဆက်ပြသထားတဲ့ စာအုပ်လည်းဟုတ်ပါတယ်။ Dominique Lapierre ကိုတော့ မြန်မာစာဖတ်သူ တော်တော်များများ ရင်းနှီးကြမှာပါ။ မြသန်းတင့်ရဲ့ သုခမြို့တော်၊ မောင်ပေါ်ထွန်းရဲ့ သန်းခေါင်ယံလွတ်လပ်ရေးတို့ကိုရေးခဲ့တဲ့ မူရင်းစာရေးဆရာပါပဲ။ ဒီစာအုပ်ကိုလည်း အိုဂျေရုဆလမ်ဆိုပြီး ကျော်အောင်က မြန်မာဘာသာပြန်ဆိုရေးသားဖူးပါတယ်။ အကြောင်းအရာကတော့ “ဒုတိယကမ္ဘာစစ်အပြီး အရှေ့အလယ်ပိုင်း ပါလက်စတိုင်းဒေသတွင် အစ္စရေးနိုင်ငံတည်ထောင်ရန် ကြိုးပမ်းသူများနဲ့ ဟန့်တားသူ အာရပ်တို့၏ ခါးသည်းပြင်းထန်သော ပဋိပက္ခများ” လို့ ကျော်အောင်က ရေးထားဖူးတယ်။ ရုပ်ရှင်ကတော့ အဲဒီဂျူးနဲ့အာရပ်လူမျိုးတွေထဲက လူမျိုးကွဲ သူငယ်ချင်း၂ယောက်ရဲ့ ဇာတ်လမ်းပေါ့။ စာအုပ်မှာတော့ အာရပ်ရော ဂျူးရောရဲ့ နှစ်နိုင်ငံအခြေအနေတွေကို ဘက်မလိုက်ဘဲ တင်ပြသွားပေမဲ့ ရုပ်ရှင်ကတော့ ဝါဒဖြန့်ရုပ်ရှင်ဆန်သွားခဲ့တယ်လို့ ဆိုကြတယ်။ ကားက ကျန်တာအကုန်ကောင်းပေမဲ့ ဝါဒဖြန့်ဖို့လုပ်ရင်း မလှမပဖြစ်သွားတာလေးတော့ ရှိခဲ့တယ်။ နှစ်ဖက်စလုံးက အဆိုးအကောင်းတွေကို ဒီရုပ်ရှင်မှာ သေချာပြသွားပေမဲ့ ကြည့်ရှုသူကို တစ်ဖက်အပေါ် မသိမသာသနားစိတ်လေးဝင်သွားအောင် ရိုက်ပြသွားတယ်လို့ဆိုတယ်။ ဒါကိုကလည်း ဝါဒဖြန့်ချိရေးကားတွေရဲ့ အထာပဲတဲ့။ ဒီလိုဝတ္ထုထူကြီးတွေကို ရိုက်တဲ့ကားတွေထဲ အကောင်းထွက်လာတဲ့ ကားကတော်တော်ရှားတော့ ဒီလောက်ကိုပဲ တော်တော်လေး တော်လှပါပြီ။ အားလုံးကြည့်သင့်ကြည့်ထိုက်တဲ့ အရှေ့အလယ်ပိုင်းအကြောင်း ရုပ်ရှင်ပါပဲ။
( ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Soe Thiri Swe မှ တင်ဆက်ထားပါတယ်။)...
Skyline (2010)
⭐IMDB: 4.5/10 (92 k Votes)
🎬 #Action #Adventure #ScienceFiction #Thriller #SciFi
🗓 2010 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားလေးကတော့ Survival ကားမျိုးလေးပါ ဒါပေမဲ့ သူတို့ရင်ဆိုင်ရမှာက ဒီကမ္ဘာပေါ်က သားရဲတွေ ဇွန်ဘီတွေမဟုတ်ဘဲ အဲ့တာတွေထပ်ပိုဆိုးတဲ့ အခြားကမ္ဘာက ဂြိုဟ်ကောင်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်လို့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်
ဇာတ်လမ်းလေးကတော့ ဂျယ်ရော့ဒ်နဲ့အယ်လိန်းတို့ချစ်သူနှစ်ဦးဟာ ဂျယ်ရော့ဒ်ရဲ့သူငယ်ချင်းဖြစ်သူ တယ်ရီရဲ့မွေးနေ့ပွဲကိုတက်ရောက်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်ကိုလာခဲ့ကြပါတယ် ကံဆိုးစွာနဲ့ပဲ အဲ့ညမှာ ထူးဆန်းတဲ့အလင်းတွေကြောင့် ဂျယ်ရော့ဒ်တို့နိုးသွားကြပြီး ထကြည့်ကြတဲ့အခါ အဲ့အလင်းကိုမြင်တဲ့သူတွေတိုင်းဟာ စိတ်လွတ်ပြီး အဲ့အလင်းထုတ်တဲ့သတ္တဝါကြီးတွေရဲ့ထိန်းချုပ်မှုကိုခံလိုက်ရတယ်ဆိုတာ သိလိုက်ကြတယ်
ထိုအလင်းကြီးကိုမမြင်မိဖို့ ပြတင်းပေါက်တွေကို အိပ်ရာခင်းတွေနဲ့ကာကြရတယ် အပြင်ကိုလည်းထွက်လို့မရဘဲ အဲ့တိုက်မှာပဲ ဂျယ်ရော့ဒ်တို့လူတစ်စုပိတ်မိနေတော့တယ် နောက်တော့ ပိုဆိုးလာပြီး အဲ့ဂြိုဟ်သားတွေဟာ ပြတင်းပေါက်တွေကိုပါဖွင့်ပြီးဝင်လာကြတဲ့အခါ သူတို့ဘယ်လိုလွတ်မြောက်အောင်ကြိုးစားရမလဲဆိုတာ စိတ်လှုပ်ရှားစရာကြည့်ရှုရမှာဖြစ်ပါတယ်...
Actress Sex Lessons (2019)
⭐TMDB: 48.0% User Score
🎬 #Adult #Drama #Romance
🗓 2019 🎞 movie
🌎 #SouthKorea #SouthKorea
⏰ 1 နာရီ 45 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
******************************
ဝူဂျောင်ဟာ ကွီးယား sex movieတွေမှာ သရုပ်ဆောင်ဖြစ်ဖို့ကြိုးစားနေသူတစ်ဦး..
သို့ပေမဲ့ သူဟာ ပုံမှန်ထက် ပိုကြီးနေတော့ ကွီးယားမတွေလည်းသူနဲ့တွဲရိုက်ဖို့
ငြင်းဆိုကြတယ်…ဒီတော့အခန်းလေး အောင်းပြီး ခေါက်ဆွဲခြောက်စားလိုက်
ရေသောက်လိုက်လုပ်နေတုန်း
ဖုန်းဝင်လာတယ်…ဂျပန်မှာသွားပြီးတော့ AVရိုက်ဖို့ ကမ်းလှမ်းလာတာပါ…
ဟိုရောက်တော့ ဘယ်လိုအခက်အခဲတွေတွေ့မလဲ…
ဂျပန်ရောက်တော့ မထင်ထားတဲ့ဆရာကြီးနဲ့တွေ့ခဲ့သလို
ဂျပန်မနဲ့ ကွီးယားကောင်လေးတို့ ဘာဘာညာညာခန်းတွေကိုလည်းတဝကြီးရှုစားရမှာဖြစ်ပါတယ်...
The Kids Are All Right (2010)
⭐TMDB: 66.0% User Score
🎬 #Comedy #Drama #Romance
🗓 2010 🎞 movie
🌎 #UnitedStates #France #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Kids are All Right လို့ခေါ်တဲ့ဒီဇာတ်ကားလေးက 2010 ခုနှစ်ကထွက်ရှိထားတဲ့ Romance/ Drama ကားလေးတစ်ကားဖြစ်ပြီး IMDB rating 7 အထိ ရရှိထားပါတယ်။ တော်တော်လေးကြည့်လို့ကောင်းတဲ့ကားတစ်ကားဖြစ်ပြီး LGBT နဲ့ပတ်သက်ပြီး အရမ်း serious မဖြစ်သူတွေအနေနဲ့ ကြည့်လို့အဆင်ပြေစေမဲ့ ကားလေးတစ်ကားပါပဲ။
နစ်ခ်နဲ့ဂျူးလ်စ်ဟာ LGBT အတွဲတစ်တွဲဖြစ်ပြီး သုက်ပိုးအလှူရှင်အကူအညီနဲ့မွေးထားတဲ့ သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူ အေးချမ်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ထားတဲ့ ပုံမှန်ကနေခွဲထွက်နေတဲ့ မိသားစုလေးတစ်ခုပါ။ ဒါပေမဲ့ဂျူးလ်စ်က မှီခိုသူအိမ်ရှင်မနေရာကိုရောက်နေတဲ့ သူ့ဘဝသူ မကျေမနပ်နဲ့ သိမ်ငယ်စိတ်ဝင်နေသူဖြစ်ပြီး ဒီအတွက်လည်း ကိုယ်တိုင်စီးပွားရေးလုပ်ငန်းတစ်ခုထူထောင်ဖို့ ကြိုးစားနေခဲ့ပါတယ်။
တစ်ဖက်မှာ သားဖြစ်သူလေဆာက သုတ်ပိုးအလှူရှင် သူတို့ရဲ့ဖခင်အရင်းကို တစ်ကြိမ်လောက်တော့ တွေ့ဖူးချင်နေသူဖြစ်ပြီး ဒီအတွက်လည်း အသက် (၁၈) နှစ်ပြည့်ခါစ ရပ်ဝေးကိုကျောင်းသွားတက်တော့မဲ့အစ်မဖြစ်သူ ဂျိုနီကိုအပူကပ်ပြီး သူတို့ရဲ့သုက်ပိုးအလှူရှင်ကို ရှာဖို့ကြိုးစားခဲ့ပါတယ်။
ဖခင်ဖြစ်သူနဲ့ တစ်ခေါက်တွေ့ပြီးတဲ့နောက်မှာ ရေစက်ကုန်ပြီလို့ထင်မှတ်ထားပေမဲ့ သူတို့ဖခင်အရင်းရဲ့ပါဝင်ပတ်သက်လာမှုဟာ အေးချမ်းနေတဲ့သူတို့မိသားစုထဲကို သက်ရောက်မှုအကြီးကြီးတစ်ခု ယူဆောင်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေဆက်မဖြစ်မလဲဆိုတာကတော့...
The Other Zoey (2023)
⭐IMDB: 5.9/10 (3 k Votes)
🎬 #Comedy #Drama #Romance
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇိုဝီ မီလာ (Josephine Langford) ကတော့ နည်းပညာဂျပိုးမလေးတစ်ယောက်ဖြစ်ပြီး စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းတွေကိုမယုံကြည်ဘဲ ကိန်းဂဏန်းတွေ၊ ဒေတာတွေကိုအခြေခံပြီး အယ်ဂိုရီသမ်နဲ့တွက်ချက်ထားတဲ့ လိုက်ဖက်ညီမှုအပေါ်မှာသာ ယုံကြည်တဲ့သူတစ်ယောက်ပါ။
တစ်နေ့မှာ သူတို့ကျောင်းဘောလုံးအသင်းရဲ့ ကပ္ပတိန်ဖြစ်သူ ဇက်ခ် မက်ကလဲရန် (Drew Starkey) ကိုယာယီအတိတ်မေ့သွားအောင် မတော်တဆ လုပ်လိုက်မိသလိုဖြစ်သွားခဲ့ပြီး ဇိုဝီ မီလာကို သူ့ရဲ့ ကောင်မလေး ဇိုဝီ ဝေါလေ့စ်အဖြစ် ထင်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ ဟောပြောပွဲတစ်ခုမှာတွေ့မိပြီးသူနဲ့ လိုက်ဖက်ညီနိုင်စွမ်းမြင့်တာမလို့ ဇိုဝီသဘောကျနေတဲ့ မိုင်းစ် (Archie Renaux) ဆိုတဲ့ နည်းပညာဂျပိုးကလည်း ဇက်ခ်တို့အိမ်ကို ပိတ်ရက်အလည်ရောက်နေတဲ့ အစ်ကိုဝမ်းကွဲဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဇိုဝီလည်း မထူးဇာတ်ခင်းပြီး ဇိုဝီ ဝေါလေ့စ်အဖြစ် ဆက်ဟန်ဆောင်ခဲ့ရင်း ဇက်ခ်တို့မိသားစုနဲ့အတူ နှင်းလျောစီးခရီးထွက်ဖို့ လိုက်လာခဲ့ပါတော့တယ်။
စိတ်ကူးယဉ်ဆန်တဲ့ အချစ်ကို အယုံအကြည်မရှိတဲ့ ဇိုဝီ မီလာ တစ်ယောက် ဇက်ခ်တို့မိသားစုနဲ့အတူ နှင်းလျောစီးခရီးထွက်ပြီး မိုင်းစ်နဲ့နီးစပ်အောင်လုပ်နေရင်း သူ့ဘဝကြီးဘယ်လိုဖြစ်လာမလဲ၊ သူတစ်သက်လုံးယုံကြည်လာခဲ့တဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကရော ပြောင်းလဲသွားမှာလား၊ စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းကရော တကယ်ရှိရဲ့လားဆိုတာကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ ဆက်လက်ကြည့်ရှူလိုက်ကြပါဦးဗျ။
2023 ထွက် အချစ်ဟာသဇာတ်မြူးရုပ်ရှင်ကားကောင်းလေးဖြစ်တဲ့အပြင် ရိုက်ကူးထားပုံကလည်း တခြားလူငယ်အချစ်ကားတွေနဲ့ အနည်းငယ်ကွဲထွက်နေလို့ ကြည့်ရှုခံစားလိုက်ကြပါဦးဗျ။...
Sister Death (2023)
⭐IMDB: 5.8/10 (2 k Votes)
🎬 #Horror #Mystery #Drama
🗓 2023 🎞 movie
🌎 #Spain
⏰ 1 နာရီ 30 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သရဲကားမှာ သရဲကားဆိုသူတွေအတွက် ဇာတ်အိမ်ကောင်းကောင်းလေးနဲ့
ကြည့်ကောင်းမယ့် သရဲကားလေးပါပဲ….။
အခြားသရဲကားတွေ…ဥပမာ-The Nunတို့လို သရဲကားတွေနဲ့မတူတာက
Jump scareတွေ၊ မှောင်မှောင်မည်းမည်း cinematography တွေ မသုံးထားဘဲ…
ပြောင်ပြောင်တင်းတင်းနဲ့ ဇာတ်အိမ်အတိုင်းဆွဲခေါ်သွားခံရမယ့်ကားမျိုးပါ…။
နောက်ပြီး ဒီဇာတ်ကားဟာ 2017ကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်အခြေခံသရဲကား
Veronicaရဲ့ Prquelလည်းဖြစ်ပါတယ်….။
ဇာတ်လမ်းအကျဥ်းလေးကတော့….
1939 ခုနှစ်ဝန်းကျင် စပိန်မှာ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့စဥ်မှာ နာသီဆာဆိုတဲ့
သဘာဝလွန်အစွမ်းတွေရှိတဲ့ ကလေးမလေးတစ်ယောက်ပေါ်ထွက်ခဲ့တယ်…။
သူဟာနာမ်လောကနဲ့ ဆက်သွယ်နိုင်တာမလို့ လူတွေက သူတော်စင်မလေးလို့
ဝိုင်းအသိမှတ်ပြုခဲ့ကြတာပေါ့….။
သူအရွယ်ရောက်လာတဲ့အခါ သီလရှင်လျောင်းလျာလေးဖြစ်လာပြီး
ခရစ်ယာန်စာသင်ကျောင်းတစ်ကျောင်းမှာ စာသင်ပေးဖို့တာဝန်ကျခဲ့ပါလေရော…
ကျောင်းကိုရောက်တော့ ကလေးတွေက ထူးထူးဆန်းဆန်းပဲ စာသင်ရမှာကြောက်သလိုလို…
အရင်ကစာသင်ပေးဖူးတဲ့ သီလရှင်ဆရာမကလည်း ထွက်သွားသလိုလို
ပျောက်သွားသလိုလိုနဲ့ သရဲကားထုံးစံအတိုင်း ထိတ်လန့်စရာ ဇာတ်လမ်းတွေစတင်ခဲ့တယ်ပေါ့….။
ဒီလောက်ဆိုရင် ဇာတ်လမ်းထဲ မျှောပါသွားအောင် ဆွဲခေါ်ခံရနိုင်ပြီမို့
ကိုယ်တိုင်ပဲ ဒေါင်းကြည့်လိုက်ပါတော့...
Everything Now (2023- )
⭐IMDB: 6.7/10 (2 k Votes)
🎬 #Comedy #Drama
🗓 2023- 🎞 tv series
🌎 #UnitedKingdom
⏰ 47 မိနစ် 8 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Everything Now (2023)Everything Now (2023)
=================
IMDb Rating – 6.7/10ပရိတ်သတ်ကြီးတို့အနေနဲ့ ကျောင်းရက်ရှည်ပျက်ဖူးတာမျိုးရှိပါသလား။
ကျောင်းရက်ရှည်ပျက်ပြီး ကျောင်းပြန်တက်တဲ့အခါ စာသင်ခန်းထဲ ခြေချ
လိုက်တာနဲ့ စာတွေရော၊ အတန်းထဲဖြစ်ပျက်တဲ့ကိစ္စတွေဘာတွေရော ခေတ်
တစ်ခေတ်စာလောက် နောက်ကျသွားသလိုမျိုး ခံစားရတယ်ဟုတ်။
Your browser does not support the video tag.မီယာဟာ ‘Anorexia’ဆိုတဲ့ စိုးရိမ်ဖွယ်အဆင့် ခံတွင်းပျက်ခြင်း၊ အလွန်
အမင်းကိုယ်အလေးချိန်ကျဆင်းတဲ့ရောဂါကြောင့် ကျောင်း(၇)လနားပြီး
ဆေးရုံတက်ခဲ့ရတဲ့ အသက် (၁၆)နှစ်အရွယ် ကောင်မလေးတစ်ယောက်ပါ။
သူကျောင်းပြန်တက်ရတဲ့အချိန်မှာ သူငယ်ချင်းတွေရော၊ ကျောင်းကအခြေ
အနေတွေရောက သူ့ထက် အများကြီး ခေတ်ရှေ့ရောက်နေသလို ခံစားလိုက်
ရပါတယ်။ အဲဒါကြောင့် သူလည်းတခြားသူတွေလို ရေစီးကြောင်းကို လိုက်မီဖို့
ဆယ်ကျော်သက်ပီပီ အသည်းအသန်ကြိုးစားတော့တာပေါ့။ဒါပေမဲ့ သူ့ရောဂါက လုံးဝအရှင်းမပျောက်သေးတဲ့အပြင် ပစ်ထားလိုက်လို့
ရတဲ့ရောဂါမျိုးလည်း ဟုတ်မနေပါဘူး။ ဆိုတော့ကာ (၇)လခေတ်နောက်ကျ
သွားပြီး အရိပ်မည်းကြီးလိုလိုက်နေတဲ့ရောဂါအခံရှိတဲ့ ဆယ်ကျော်သက်ကျောင်း
သူလေးမီယာတစ်ယောက် ရွယ်တူတွေကြားမှာကြိုးစားနေထိုင်ရတဲ့ဘဝကို
“Everything Now”ဆိုတဲ့ Comedy-Drama series လေးထဲမှာ ကြည့်ရှုခံ
စားရမှာဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး
သူများကတော့ CM Team မှဖြစ်ပါတယ်။)...
Creature (2023)
⭐TMDB: 70.0% User Score
🎬 #Drama #SciFi #Fantasy
🗓 2023 🎞 movie
🌎 #Turkey
⏰ 55 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Creature (2023) တူရကီ ဖရန်ကင်စတိုင်း Creature 2023 Season 1 စဆုံး
Your browser does not support the video tag.လူကြီးမင်းတို့မှာ နှလုံးဘယ်နှစ်ခု ပါသလဲဗျ။ လူကြီးမင်းတို့ရဲ့ ခန္ဓာကိုယ်ကို သွေးလည်ပတ်စေဖို့ နှလုံးဆိုတာ တစ်ခုပဲလိုပါတယ်လေ။ ဒါပေမဲ့ တစ်ယောက်သောသူမှာတော့ နှလုံးနှစ်ခုပါတယ်။ အဆုတ်လေးခုနဲ့။ သူတကာထက်ထူးပြီး ထွားကျိုင်းသန်မာလှသလို ကိုယ်အင်္ဂါတွေလည်း နှစ်ဆပါလာတဲ့သူ။ဘုရားသခင် ဖန်ဆင်းလိုက်တဲ့ သတ္တဝါတိုင်းမှာ ဝိညာဉ်ကိုယ်စီ ပါခဲ့တာပေါ့ဗျာ။ ဒါပေမဲ့ ဝိညာဉ်စွန့်ခွာသွားပြီးနောက် ကျန်ခဲ့တဲ့ ကိုယ်အပုပ်ကောင်ကြီးကို တစ်စစီခွဲစိတ် အလောင်းသုံးလေးခုကနေ အင်္ဂါအစိတ်အပိုင်းတွေစု၊ တစ်စုတဝေးတည်း ပြန်လည်တပ်ဆင်ပြီး လျှပ်စစ်အကြီးစား ရှော့ခ်ရိုက်လိုက်တဲ့အခါ ဘယ်သူဖြစ်လာပါသလဲ။ လူကြီးမင်းတို့ သိပါတယ်။ ဖရန်ကင်စတိုင်းပေါ့။ သူ့မှာ ဘယ်ကဝိညာဉ်ပါလာမလဲတော့ လူကြီးမင်းလည်းမသိနိုင်သလို ကျွန်တော်လည်း မသိပါဘူးလေ။ဒါကတော့ တူရကီဗားရှင်းနဲ့ရိုက်ထားတဲ့ ဖရန်ကင်စတိုင်း ဇာတ်လမ်းတွဲပေါ့။ စိတ္တဇ ဆရာဝန်ကြီးရယ်၊ သူ့ကိုမှ တပည့်ခံမိတဲ့ အူတူတူ တပည့်လေးတစ်ယောက်ရယ်။ သူတို့ရဲ့ဆေးပညာကို အထင်သေးလှောင်ပြောင်ကြတဲ့ ဆေးလောက အသိုင်းအဝန်းရယ်။ဒါပေမဲ့ တူရကီမြေက အသစ်အဆန်းတွေ ဇာတ်ကွက်ကလေးတွေနဲ့ ကြည့်ရမှာမလို့ လူကြီးမင်းအတွက် အသစ်ဖြစ်နေမှာပါ။ အလယ်ခေတ်ရဲ့ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ အစရှိတာတွေရဲ့ သမိုင်းကြောင်းနဲ့ အဖြစ်အပျက်တွေကို ပြန်မြင်ရမှာပေါ့။ ကိုဗစ် 19 တုန်းက ကမ္ဘာမှာ အလောင်းတွေ ထပ်သွားခဲ့သလို အဲဒီခေတ်ကလည်း အဲဒီရောဂါတွေနဲ့ အတုံးအရုန်းသေကြပုံတွေပါပဲ။တပည့်လေးရဲ့ နောက်ခံသမိုင်းနဲ့ မူလဇစ်မြစ်တွေ၊ ဆရာဝန်ကြီးရဲ့ ပဲရစ်ကို ဆေးပညာသင်အပြန် ကြုံရဆုံရပုံတွေနဲ့ ဖရန်ကင်စတိုင်းဇာတ်လမ်းကို တမူထူးခြားထားပါတယ်။ တူရကီစကားပြောနဲ့ အလယ်ခေတ် အီစတန်ဘူရဲ့ အသွင်အပြင်တွေလည်း မြင်ရပါဦးမယ်။ဖရန်ကင်စတိုင်းလို့ခေါ်တဲ့ လူသေကောင် လေးလောင်းလောက်စုစည်းအသက်သွင်းထားတဲ့ လူ့ဘီလူးကြီးအကြောင်း သိပြီးသားသူတွေလည်း ဒီဇာတ်လမ်းတွဲမှာ ပြန်လည်မြည်းစမ်းနိုင်သလို မသိသေးတဲ့သူတွေလည်း ဖရန်ကင်စတိုင်းနဲ့ မိတ်ဆက်နိုင်ပါကြောင်းပါခင်ဗျာ။...
Alvin and the Chipmunks: Chipwrecked (2011)
⭐IMDB: 4.3/10 (38 k Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy #Music #Musical
🗓 2011 🎞 movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Alvin and the Chipmunks: Chipwrecked (2011)=================================
ဇာတ်လမ်းလေးကတော့ Brittany Jeanette နဲ့ Eleanor တို့ကိုပါIan လက်ကနေကယ်ပြီး Alvin တို့တစ်မိသားစုလုံး အပျော်စီးသင်္ဘောနဲ့ အပန်းဖြေခရီးထွက်တဲ့အချိန်မှာစပါတယ်။ ထိန်းရမယ့်လူပိုများလာလို့ Dave တစ်ယောက် လက်မလည်ဖြစ်နေချိန်မှာ Alvinဆိုတာကတော့ သိတဲ့အတိုင်း တောင်ဆို မြောက်ရောက်နေပါပြီ။အပျော်ကနေ အပျက်ဖြစ်လွန်းတဲ့ Alvin ကို ကပ္ပတိန်ဆီပြန်ချွန်ဖို့သင်္ဘောဝန်ထမ်းအနေနဲ့ပါလာတဲ့ Ian ကလည်း မျက်စိဒေါက်ထောက်ကြည့်နေပါပြီ။
Ian အကြံအောင်မြင်သွားတဲ့အခါမှာတော့ ဆော့လွန်းပါတယ်ဆိုတဲ့Alvin တို့တစ်သိုက်ခမျာ ဆော့နည်းပေါင်းစုံပိတ်ပင်ခံလိုက်ရပါတော့တယ်။ မခေသူလေးကလည်း ” Alvin တဲ့ကွ ထိန်းလို့မရစေရဘူး ”ဆိုတဲ့အကွက်နဲ့ ကစားစရာစွန်ကိုပါစီးပြီး ဆော့ရာကနေ စီးတဲ့လူရောကြိုးဆွဲပေးတဲ့ ကျန် ၅ ယောက်ပါ လေလွင့်သူတစ်သိုက်အဖြစ် ….ကိုယ်ထိန်းတဲ့ကလေးတစ်သိုက် လေထဲပါသွားတာတွေ့မှ Dave လည်းနောက်ကလိုက်ဖို့ပြင်ပါတော့တယ်။ ဒါပေမယ့် Dave အဖြစ်က Alvinတို့ထက်တောင် ပိုဆိုးတယ်လို့ ပြောလို့ရပါတယ်။ Ian လည်း Dave နဲ့အတူ သင်္ဘောပေါ်ကပြုတ်ကျပြီး ဇနကဇာတ်ကို ဖရီးကရလိမ့်မယ်လို့ထင်ထားမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ ….. ပင်လယ်ထဲအထိ ကြိုးစားပမ်းစားလိုက်ရှာပြီးလို့ မိသားစုတွေ ပြန်ဆုံမိတဲ့အချိန်မှာမှ မထင်မှတ်ထားတဲ့ဗီလိန်က ထွက်ပေါ်လာခဲ့ပါတော့တယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...
Friends: The Reunion (2021)
⭐TMDB: 79.0% User Score
🎬 #Comedy #Romance #Documentary
🗓 2021 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Friends: The Reunion (2021)
=====================
IMDb Rating – 8.7/10
FRIENDS တီဗီရှိုး ပြီးဆုံးပြီး ၁၇ နှစ်အကြာမှာတော့ Friends Reunion ပြန်လာခဲ့ပါပြီ။
Friends စီးရီး(စ/ဆုံး) Season 10 ခုစလုံးကို ဒီမှာhttps://channelmyanmar.org/?s=friends+1994ကြည့်ပါ။
ဒီ Reunion က ကျွန်မတို့တွေထင်ထားသလို အပိုင်းအသစ်မဟုတ်ပါဘူးနော် သူတို့တွေ ပြန်ဆုံကြပြီး talk show တခုလို
စကားဝိုင်းဖွဲ့ပြောကြရင်း flashback တွေကို ပြန်ခံစားကြတာမျိုးပါ။ အဲတာကြောင့် Ross တို့ Rachel တို့လို character တွေကို
မြင်ရမှာမဟုတ်ပဲ David Schwimmer, Jennifer Aniston စသဖြင့် မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီ reunion ဟာ ဇာတ်လမ်းတွဲအစအဆုံးကို ပြန်ပြီး reflect လုပ်မှာဖြစ်တဲ့အတွက် မကြည့်ရသေးသူတွေ အနေနဲ့ major spoiler
အကြီးကြီးတွေမိနိုင်သလို တချို့နေရာတွေကို နားမလည်နိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ အဲတာကြောင့် အညွှန်းလေးသေချာဖတ်ပြီးမှ
ကြည့်ကြဖို့အကြံပေးချင်ပါတယ်။
သိပြီးသားသူတွေအတွက်ကတော့ ဒီဇာတ်ဆောင် ၆ ယောက်အပြင် Gunther တို့ Janice တို့လို အခြားသရုပ်ဆောင်တွေ အများကြီးကိုလဲ
စုံစုံလင်လင်ပြန်မြင်တွေ့ကြရမယ့်အပြင် အထင်ကရဖြစ်တဲ့ အခန်းတွေ ဒိုင်ယာလော့တွေအကြောင်း ဇာတ်လမ်းတွဲနောက်ကွယ်က ပုံပြင်တွေ
အကြောင်းစသဖြင့်ကို ရယ်မောစရာ လွမ်းဆွေးစရာကောင်းအောင် ပြန်လည်ခံစား ကြည့်ရှုကြရမှာပါ။
ဒါ့အပြင် ဧည့်သည်သရုပ်ဆောင်တွေလဲဖြစ်/Fan တွေလဲ ဖြစ်တဲ့ David Beckham, Lady Gaga, Justin Bieber, BTS စတဲ့ အခြားအနုပညာရှင်တွေရဲ့ cameo ကိုလဲတွေ့မြင်ရမှာပါ။
၁၇ နှစ်ကြာမှ ပထမဆုံးပြန်ဆုံကြရတာဖြစ်တဲ့အတွက် တကယ်ကို emotional ဖြစ်ရတဲ့အပြင် ပျော်စရာကောင်းတာတွေလဲ အများကြီး
ပါဝင်တာမို့ Friends Fan ဆိုရင် တကယ်ကိုကြည့်သင့်တယ်လို့ညွှန်းပါရစေနော်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Pan Pwint Phyu မှရေးသားပေးပြီး၊ဘာသာပြန်ရေးသားပေးသူများကတော့ idiot Myoko, Pan Pwint Phyu, Han Htoo Zaw တို့ပဲဖြစ်ပါတယ်။)...
Project A (1983)
⭐TMDB: 72.0% User Score
🎬 #Action #Asian #Comedy #JackieChan #Adventure
🗓 1983 🎞 movie
🌎 #HongKong #HongKong
⏰ 1 နာရီ 46 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျက်ကီချန်းရဲ့ နာမည်ကျော်ဇာတ်ကားဖြစ်ပါတယ်။
Non-stop Action တွေမို့လို့ ကြည့်ရတာ လုံးဝတန်မှာပါ။
Action အတော်များများကို Special Effect တွေမသုံးဘဲ လူကိုယ်တိုင်ရိုက်ကူးထားပါတယ်။
ဟာသဆန်ပြီး သွက်လက်လွန်းတာကြောင့် ဇာတ်လမ်းလေးတိုလွန်းတယ်လို့ မချင့်မရဲဖြစ်မိပါတယ်။
(Sher Lock Aye Nyein မှဘာသာပြန်တင်ဆက်ထားတာပါ။)...
Scott Pilgrim vs. the World (2010)
⭐TMDB: 75.0% User Score
🎬 #Action #Comedy #Fantasy #Romance
🗓 2010 🎞 movie
🌎 #Canada #Japan #UnitedKingdom #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 53 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Scott Pilgrim vs. the World (2010)
~ IMDb – 7.5/10, Rotten Tomatoes – 82% ~
ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။
Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ နောက်တစ်ချက်အားဖြင့်တော့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့ ပြန်မရနိုင်တော့တဲ့ ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်တွေမှာရှိနေခဲ့တဲ့ အငွေ့အသက်မျိုးပေးနိုင်တဲ့ကားလို့ ပြောလို့ရပါတယ်။ အဲဒီအငွေ့အသက်ကို ခင်ဗျား ဇာတ်လမ်းကတင်မဟုတ်ဘဲ သရုပ်ဆောင်တွေဆီကပါ ရလိမ့်မယ်။
Chris Evans, Brie Larson, Mary Elizabeth Winstead, Aubrey Plaza, Brandon Routh, Ellen Wong, Alison Pill နဲ့ Anna Kendrick တို့ကို ခင်ဗျား ဘယ်တော့မှ ထပ်မမြင်ရတော့မယ့်ပုံစံတွေနဲ့ မြင်ရလိမ့်မယ်။ မြင်ရရင်တောင် ဒီလိုမဟုတ်ဘဲ ကြောင်တောင်တောင်ဖြစ်နေမှာပဲ။ စကော့အဖြစ်သရုပ်ဆောင်တဲ့ Michael Cera ကိုလည်း ခင်ဗျား ဒီလိုပုံစံနဲ့ထပ်မြင်ရတော့မှာမဟုတ်ဘူး။ ပိုထူးတာက Jason Schwartzman ပဲ။ ဝက်စ်အန်ဒါဆန်ကားတွေတိုင်းပါခဲ့ဖူးတဲ့ သူ့ကို ဒီမှာမြင်ရတဲ့အဖြစ်မျိုးက ကြောင်တောင်တောင်တော့နိုင်ပေမဲ့ မိုက်လည်းမိုက်နေတယ်။ ပါတဲ့ပုံစံကလည်း စားတာကိုး။ မဆန်းပါဘူး ဂရပ်ဖစ်နိုဗယ်ကို ပြန်ရိုက်ထားပြီး စာအုပ်ကို အပြည့်အဝသစ္စာရှိထားတော့ ကြောင်တောင်တောင်ကြီးလုပ်ပြမနေမှကို ဆန်းနေမှာ။
ဇာတ်လမ်းအကျဉ်းကတော့ ရှင်းရှင်းလေးပဲ။ Scott Pilgrim ဆိုတဲ့ကောင်လေးက ကောင်မလေးတစ်ယောက်ကိုချစ်မိတယ်။ သူ့အချစ်ကိုရဖို့ အဲဒီကောင်မလေးရဲ့ ဆိုးရွားလှတဲ့ ရည်းစားဟောင်းခုနှစ်ယောက်ကို အနိုင်ပိုင်းရတယ်။ ဒါတွေကို ဂီတာဟီးရိုးလိုလို စထွိဖိုက်တာလိုလို မြင်ရုံနဲ့ Nostalgia ဖြစ်မယ့် အကွက်ဆန်းကြီးတွေနဲ့ချည်းပြသွားတာ။ တစ်ခါတလေ နိုင်ပုံနိုင်နည်းတွေကလည်း တော်တော်ဂလည်အူကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့ Inner Logic ထဲဆိုတော့ “လခွမ်းဟ” ဆိုပြီး ဖြစ်သွားရုံကလွဲ ကြည့်ကောင်းနေတာပါပဲ။ ဆက်တင်တွေကလည်း တော်တော် Nostalgia ဖြစ်တယ်။ ဒါကြောင့်လည်း တချို့က Scott Pilgrim vs. the World ကို စီနီမာရဲ့ တစ်ထောင့်တစ်နေရာက စီနီမာစစ်စစ် အရသာပေးနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလို့ဆိုကြတယ်။
ဂရပ်ဖစ်နိုဗယ်ကို ရိုက်ပြီး ဒီလိုခပ်ကြမ်းကြမ်း လှလှပပ ရုပ်ရှင်ထွက်လာတာလည်း ကြက်ကန်းဆန်အိုးတိုးတာတော့မဟုတ်ဘူး။ Edgar Wright ကိုယ်တိုင် ရိုက်ကူး ဇာတ်ညွှန်းဝင်ရေး ပရိုဂျူဆာပါလုပ်ထားသကိုး။ ဒီဘဲက Satirical ဖလင်တွေမှာ ဂျွတ်လေတော့ ဒီကားကလည်း သူနဲ့အပြည့်အဝလည်း ကီးကိုက်သွားတယ်။ ဒီဘဲရိုက်တဲ့ကားတွေအကုန်ကလည်း ကြည့်လို့တော်တော်ကောင်းတဲ့ ကားတွေချည်း။ Shaun of the Dead, Hot Fuzz နဲ့ The World’s End ဆိုတဲ့ နာမည်ကျော် Cornetto Trilogy နဲ့ Baby Driver တို့လို ကားတွေကို ရိုက်ခဲ့တဲ့အပြင် သူရိုက်ခဲ့တဲ့ပုံစံတွေကနေ ကွဲထွက်ပြီးရိုက်ခဲ့တဲ့ Last Night in Soho ကလည်း တော်တော်လေး ကောင်းခဲ့တယ်။ ဒီလိုဘဲက အသက်သွင်းထားတဲ့ ကားဆိုတော့လည်း ဒီလိုထွက်လာတာပါပဲ။ Scott Pilgrim vs. the World ဟာ Edgar Wright ရဲ့ မာစတာပိစ်အဖြစ်ဆုံးရုပ်ရှင်ဖြစ်သလို စီနီမာရဲ့ စီနီမာစစ်မှန်တဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ဒီကားရဲ့အရသာမျိုးက ဒီကားမှာပဲရနိုင်တာမို့ Comic Book Movies တွေကြိုက်ရဲ့နဲ့ ဒီကား မကြည့်ဘူးဆိုတာက ဘယ်လိုမှမဖြစ်သင့်ပါဘူး။
(ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Elizabethtown (2005)
⭐TMDB: 62.0% User Score
🎬 #Comedy #Drama #Romance
🗓 2005 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 03 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Elizabethtown(2005)
*******************ဒီဇာတ်ကားက ရုပ်ရှင်တေးသီချင်းဆုတွေအတွက် အများကြီးဆန်ကာတင်ဝင်ခဲ့တဲ့
ရုပ်ရှင်တစ်ကားဖြစ်တာမို့ သူ့ရဲ့ OST တွေ soundtracks တွေ ကောင်းမွန်လွန်းတယ်ဆိုတာ
အသေအချာပါပဲ။ အဓိကမင်းသားကလည်း Lord Of the Rings ထဲက ကောင်မလေးတွေ အသည်းစွဲ
Legolas နေရာ သရုပ်ဆောင်ခဲ့တဲ့ Orlando Bloom နဲ ့မင်းသမီးကတော့ 2002 spiderman ရဲ့
အချစ်တော် Mary Jane နေရာသရုပ်ဆောင်ခဲ့တဲ့ Kirsten Dunst တို့ဖြစ်ပါတယ််ဒီဇာတ်ကားမှာ အသားပေးတင်ဆက်ထားတာကတော့ ဒေါ်လာ ၁ ဘီလီယံဖိုးလောက်
ဆုံးရှုံးသွားလို့ လောကကြီးကို အရှုံးပေးထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဖိနပ်ဒီဇိုင်နာ
ဒရူးဘေလာတစ်ယောက် သူ့အဖေရဲ့ ရုတ်တရက်နာရေးပေါ်လာတဲ့အခါ
သူ့အဖေရဲ့ ဇာတိမြို့ Elizabethtown ကို သွားဖို့ အကြောင်းပေါ်လာပါတော့တယ်။
အဲ့ဒါနဲ့ သေဖို့ကိစ္စကို ခဏရပ်ပြီး အဖေ့ဇာတိပြန်သွားတဲ့ ဒရူးတစ်ယောက်
အသွားလမ်းခရီးလေယာဥ်ပေါ်မှာ တွေ့ခဲ့တဲ့ လေယာဥ်မယ်လေး
ကလဲကိုဘန်ကြောင့် ဘယ်လို ဘဝအချိုးအကွေ ့တွေဖြစ်လာမလဲဆိုတာကို ၂ နာရီစာ
အချိန်ကုန်လို့ကုန်သွားမှန်းမသိအောင် တေးဂီတအမိုက်စားတွေနဲ့ ကိုယ်တိုင်ပါဝင်ခံစားနိုင်မဲ့ ဒရမ်မာရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်...
Centurion: The Dancing Stallion (2023)
⭐IMDB: 6.8/10 (90 Votes)
🎬 #Drama
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Centurion: The Dancing Stallion (2023)============================IMDb rating – 6.8/10
ဒီနေ့မှာတော့ မက္ကစီကန်ရဲ့မြင်းအကပြိုင်ပွဲတွေကိုကြည့်ရင်း ပရိတ်သတ်တွေအားလုံး ကြက်သီးထသွားစေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ …အဲလစ်စီယာကတော့ မြင်းစီးရတာကိုအရမ်းကိုစိတ်အားထက်သန်တဲ့သူပါ။ မြင်းစီးလိုက်ရင်သူ့ရဲ့ဘဝပြဿနာတွေထဲကနေ လွတ်မြောက်သွားတယ်လို့ ခံစားရတဲ့သူပေါ့။ သူကအရည်အချင်းရှိပြီး ဒီနှစ်မှာတော့မြင်းအကပြိုင်ပွဲမှာဝင်ပြိုင်ဖို့ မြင်းကောင်းရှာရင်း စန်ကျူရီယန်ဆိုတဲ့မြင်းဖြူလေးတစ်ကောင် သူ့ဆီကိုရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကံတရားကမျက်နှာသာမပေးချင်တော့ သူ့မှာသွေးကင်ဆာရောဂါခံစားခဲ့ရပြီးသူစိတ်အားထက်သန်တဲ့မြင်းစီးတဲ့ဝါသနာနဲ့ ဝေးရာမှာနေခဲ့ရပါတော့တယ်။ ဒီတော့ အဲလစ်စီယာတို့ရဲ့ ဟောလ်မွေးမြူရေးခြံကိုဂုဏ်ဆောင်ပေးနိုင်မယ့် မြင်းစီးသမားလေး ဒန်နီက ပြည်နယ်မြင်းအကပြိုင်ပွဲမှာအဲလစ်စီယာရဲ့ကိုယ်စားပါဝင်ယှဉ်ပြိုင်ပေးပါတော့တယ်။
ဒီဇာတ်လမ်းလေးက ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပြီး အဲလစ်စီယာဒန်နီနဲ့ မြင်းဖြူလေး စန်ကျူရီယန်တို့ကြားက ဆက်နွှယ်မှုကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ei Po ဖြစ်ပါတယ်)...
Re:Born (2016)
⭐IMDB: 6.0/10 (2 k Votes)
🎬 #Action #Crime #Drama #War
🗓 2016 🎞 movie
🌎 #Japan
⏰ 1 နာရီ 40 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Re:Born (2016)
~ IMDb – 6/10, Rotten Tomatoes – 65% ~
မြို့ငယ်လေးတစ်မြို့မှာ စတိုးဆိုင်ငယ်လေး တစ်ခု ဖွင့်ထားတဲ့ တိုရှီရို ဆိုတဲ့သူ တစ်ဦးရှိပြီး ဆာချီ ဆိုတဲ့ ကလေးမလေးနဲ့ အတူ နေထိုင်လျက် ရှိပါတယ်။ သွေးမတော် သားမစပ်ကြပေမဲ့ ဆာချီကို တိုရှီရိုက သမီးလေးတစ်ယောက်လို စောင့်ရှောက်ထားတာပါ။
ဘယ်သူမှ မသိကြတာကတော့ တိုရှီရိုဟာ ဇာတ်မြှုပ် နေတဲ့ စစ်သားဟောင်းတစ်ဦးဆိုတာပါ။ နယ်နယ်ရရ စစ်သားမဟုတ်ဘဲ တိုက်ပွဲတိုင်းမှာ ရန်သူကို သွေးအေးအေးနဲ့ သတ်ဖြတ်တတ်တဲ့ ဒဏ္ဍာရီလာ ဂို့စ်တ် ဆိုတဲ့ စစ်သားပါပဲ။
ဇာတ်မြှုပ်နေနေတဲ့ တိုရှီရိုကို သူ့ရဲ့ တပ်ဖွဲ့ဟောင်းက ပြန်ခြေရာခံမိတဲ့အခါမှာတော့ တိုရှီရိုတစ်ယောက် သူ့ကို သတ်မဲ့ ကြေးစားတွေနဲ့ လိုက်တမ်းပြေးတမ်း ကစားရပါတော့တယ်။
သွေးသံရဲရဲ သတ်ဖြတ်ချက်တွေ၊ အက်ရှင်ကောင်းကောင်းတွေနဲ့ အများနဲ့တစ်ယောက် စိန်ပြေးလိုက်တမ်းတွေနဲ့ ဂျွန်၀စ်ဆန်ဆန် ရိုက်ချက်တွေကို ကြည့်ရအုံးမှာမို့ အက်ရှင်ကားကောင်း မျှော်လင့်နေတဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုChuckမှ ပြန်ဆို ရေးသားထားပါတယ်)...
