ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Taylor Swift: Speak Now World Tour Live (2011)
⭐TMDB: 87.0% User Score
🎬 #Music #Documentary
🗓 2011 🎞 video movie
🌎 #UnitedStatesofAmerica
⏰ 2 နာရီ 9 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Taylor Swift: Speak Now World Tour Live (2011)====================================IMDb Rating – 8.9/10
Speak Now Tour ကိုတော့ သိပ်ကို ခမ်းနားတဲ့ ပြဇာတ်တစ်ပုဒ်လို့တင်စားချင်ပါတယ်။ ဘာသာပြန်သူ ကိုယ်တိုင်လည်း Speak Nowera မှာ Swiftie တစ်ယောက်ဖြစ်ခဲ့တာပါ။ အဖေဝယ်လာပေးတဲ့Speak Now Tour အခွေကို တစ်နေ့ တစ်ခေါက်မှ မကြည့်ရရင်မနေနိုင်ခဲ့ရလောက်အောင်ကို ဒီ Tour ကို သဘောကျပါတယ်။အားလုံးသိတဲ့အတိုင်း စင်မြင့်ထက်မှာ ဂီတပြဇာတ်တစ်ပုဒ်ကို ကြည့်နေရသလို ပရိသတ်ကို ဖျော်ဖြေတင်ဆက်တတ်တာ Taylor ရဲ့စတိုင်လ်တစ်ခုပါ။ ဒီလို ဖျော်ဖြေမှုတွေထဲကမှ ပြဇာတ်အဆန်ဆုံးကSpeak Now Tour ပါ။
Sparks Fly သီချင်းနဲ့ အငွေ့တွေကြားကနေ Taylor ထွက်လာပုံတွေ…Speak Now သီချင်းကို ဇာတ်လမ်းတစ်ပုဒ်လို သရုပ်ဖော်သွားတွေ …စသဖြင့်ပေါ့။ အမှန်တိုင်းပြောရရင် ဘာသာပြန်က The Eras Tour ကEnchanted ဖျော်ဖြေမှုထက် Speak Now Tour က Enchantedဖျော်ဖြေမှုကို ပိုပြီး သဘောကျမိသူပါ။ The New Taylor က သူ့နည်းသူ့ဟန်နဲ့ slay နေသလို the Old Taylor လေးကိုလည်း ရင်မှာ စွဲကျန်နေဆဲပါ။ ဒါကြောင့်မလို့ Speak Now ကို အားလုံး ပြန်လည်ခံစားနိုင်ဖို့Speech သီးသန့် ဘာသာပြန်လေးနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Act Molemy ဖြစ်ပါတယ်)...
Jai Mummy Di (2020)
⭐IMDB: 3.7/10 (1 k Votes)
🎬 #Bollywood #Comedy #Drama #Romance
🗓 2020 🎞 movie
🌎 #India
⏰ 1 နာရီ 41 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jai Mummy Di (2020) ရန်ငြိုးကြားကအချစ်Comedy/ Romance
ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
လူနှစ်ယောက် ပေါင်းဖက်ကြပြီဆိုရင် နှစ်ဖက်မိသားစုအသိုင်းအဝိုင်းကလည်း ပေါင်းစပ်ကြရတာပါ။
ဒီကားထဲမှာတော့ ပူနိနဲ့ ဆန်ဂ်ျတို့နှစ်ဦးဟာ ကမ္ဘာ့ရန်ဘက်မိသားစုတွေဖြစ်ကြပေမယ့် လူငယ်သဘာဝ ချစ်မိသွားကြပါတယ်။ အမေတွေရဲ့ရန်ငြိုးကြောင့် နှစ်ဦးသားပေါင်းဖက်ရဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်တဲ့ကိစ္စကြီးတစ်ခုပါပဲ။
ဒီလိုတွေကြောင့် ချစ်သူနှစ်ဦး သဘောထားမတိုက်ဆိုင်ကြတာနဲ့ လမ်းခွဲလိုက်ကြပါတယ်။ ချစ်လျက်နဲ့လမ်းခွဲလိုက်ရတဲ့ သူတို့နှစ်ဦး ပြန်ပေါင်းထုတ်ဖို့ကြံတဲ့အခါ… ဒီတစ်ခါမှာတော့ သူတို့ဘဝနှစ်ခုကို ပေါင်းစပ်ဖို့အတွက် အမေတွေရဲ့မပြီးဆုံးနိုင်တဲ့ရန်ပွဲကို အဆုံးသတ်လိုက်ဖို့ ကြံစည်တဲ့အခါ…
သူတို့နှစ်ဦးရဲ့ အချစ်ခရီးကဖြောင့်ဖြူးနိုင်မလား…ဘယ်လိုအလွဲတွေကြုံရဦးမလဲဆိုတာကိုဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်။)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Axone (2019)
⭐IMDB: 6.9/10 (2 k Votes)
🎬 #Bollywood #Comedy #Drama
🗓 2019 🎞 movie
🌎 #India
⏰ 1 နာရီ 41 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Axone (2019) “အာစွန်း”IMDb – 6.9/10
အိန္ဒိယအရှေ့မြောက်ပိုင်းကနေ ပြောင်းလာတဲ့ သူငယ်ချင်းတစ်စု ဒေလီမှာအခြေချဖို့ တိုက်ခန်းငှားပြီး စုနေကြတာပေါ့။ ဒီလိုနဲ့ သူတို့အဖွဲ့ထဲကမီနမ်က လက်ထပ်တော့မယ်ဆိုတော့ ကျန်တဲ့ သူငယ်ချင်းတစ်စုလည်းအိန္ဒိယမြောက်ပိုင်းရိုးရာဟင်းတစ်ခွက်ကို မင်္ဂလာအထိမ်းအမှတ်အနေနဲ့ ချက်ပြုတ်ဖို့ပြင်ဆင်ကြပါတော့တယ်။
ဖြစ်ချင်တော့ ဟင်းလျာမှာ မဖြစ်မနေပါရမယ့်အရာက အာစွန်းလို့ခေါ်တဲ့ ပဲငပိဖြစ်နေတော့အနံ့ကပြင်းတဲ့အပြင် အပ်ဆနာနဲ့ ရှန်ဘီးတို့ကလည်း ဟင်းချက်ဆို ကြက်ဥတောင်တူးမယ့်သူတွေဖြစ်နေလေတော့ချက်မယ့်လူကမရှိ၊ အိမ်ရှင်ကလည်း ပဲငပိဟင်းချက်ဖို့ကိုလက်မခံ၊ ချက်တတ်တဲ့သူက ချက်မယ့်နေရာကိုလာလို့မရနဲ့လွဲပြီးရင်လွဲနေ၊ တစ်ဖက်ကလည်း မီနမ်ကလက်ထပ်မယ့်နေ့ကျမှ အလုပ်အင်တာဗျူးသွားနေရလို့ မရှိနေလေတော့….
သူငယ်ချင်းရဲ့ မင်္ဂလာပွဲမှာ မြောက်ပိုင်းအငွေ့အသက်လေးပါစေချင်တဲ့အပ်ဆနာတို့တစ်သိုက် အာစွန်းနဲ့ဝက်သားဟင်းကိုအဆင်ပြေပြေချက်ပြုတ်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ V ~ Yunniတို့ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Paramedic Who Stalked Me (2023)
⭐IMDB: 5.0/10 (229 Votes)
🎬 #Drama #Thriller #TVMovie
🗓 2023 🎞 tv movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Paramedic Who Stalked Me (2023)=============================
ကလိုဝီဆိုတဲ့ ဆယ်ကျော်သက် အထက်တန်းကျောင်းသူကောင်မလေးဟာ မိဘတွေ ကွဲပြဲနေတဲ့ကိစ္စရော မိခင်ကအမြဲတမ်း နားပူနားဆာလုပ် တင်းကြပ်နေတာရောကြောင့်သူငယ်ချင်းဖြစ်သူ ချစ်သူဖြစ်သူ ဘရိုက်စ်တို့နဲ့ ညသန်းခေါင်ခိုးထွက်ပြီး လည်ပတ်ကြရာမှာ တစ်ဖက်က အရက်မူးပြီးကားမောင်းလာတဲ့ လူတစ်ယောက်ရဲ့ ထရပ်ကားနဲ့ တိုက်မိကြပါတယ်။ မောင်းတဲ့လူသေကာ ကျန်တဲ့လူတွေ ဒဏ်ရာရခဲ့ကြပါတယ်ပေါ့။
ဒီအချိန်မှာ ကလိုဝီကို လာကယ်ပေးတဲ့ ဆေးဖက်အကူ မတ်ဆိုတဲ့လူဟာ ဘာကြောင့်ရယ်မသိ ကလိုဝီကို စွဲလမ်းသွားပါတော့တယ်။ သူ စွဲလမ်းသွားတာဟာ ရိုမန်တစ်ဆန်ဆန် ဖြစ်မနေပဲ ချောင်းမြောင်းနေတာမျိုး ဖြစ်နေတဲ့အခါ၊ အစကတော့ကလိုဝီအနေနဲ့ မိခင်က ဒီယောက်ျားဟာ မရိုးဘူးပြောတာကိုနားမထောင်ခဲ့ပေမဲ့ ခုချိန်မှာတော့ သူကိုယ်တိုင်လည်း သံသယရှိလာပြီး ဘာလို့ စွဲလမ်းနေရသလဲ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ကို Thura Aung မှရေးသားပေးပြီး၊ဘာသာပြန်ရေးသားပေးသူများကတော့ Thura Aung, Khant Sett Naingတို့ ဖြစ်ပါတယ်)...
Bury My Heart at Wounded Knee (2007)
⭐TMDB: 65.0% User Score
🎬 #Drama #History #Western #TVMovie
🗓 2007 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 13 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bury My Heart at Wounded Knee (2007)=============================IMDb Rating – 7.1/10
ဒီဇာတ်လမ်းဟာ ၁၉၆၀ နဲ့ ၇၀ ဝန်းကျင် အမေရိကန်အနောက်ပိုင်းကမူလတိုင်းရင်းသားတွေအကြောင်းရေးသားထားတဲ့ Bury My Heartat Wounded Knee စာအုပ်ကိုအခြေခံထားတာဖြစ်ပါတယ်။
အမေရိကန်တွေ သူတို့ရဲ့ဒေသကိုကျူးကျော်ဝင်ရောက်လာပုံ၊ သူတို့ရဲ့နဂိုနေရိုးရာဓလေ့ထုံးစံတွေကနေ အမေရိကန်တွေသူတို့အတွက် သတ်မှတ်ပေးထားတဲ့ သီးသန့်နယ်မြေတွေမှာ ဘ၀ကိုအခြေချရင်း ခေတ်ပေါ်လူနေမှုဓလေ့ထုံးစံတွေအပေါ်မှာ အသားကျအောင်ပြုပြင်ရင်း ရှင်သန်အောင်ကြိုးစားရပုံတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
မူလတိုင်းရင်းသားတွေ တွေ့ကြုံခဲ့တဲ့ အခက်အခဲနဲ့ခါးသီးမှုတွေကိုစာနာနားလည်စေသလို တစ်ဖက်စီးနင်း ဝါဒဖြန့်ဆန်ဆန်ပြမထားပဲ သူတို့ကောင်းကျိုးကိုအမှန်တကယ် ရှေးရှုတဲ့အမေရိကန်တစ်ချို့ဘက်ကိုပါပြသွားခဲ့သလိုအဲ့ဒီလူတွေရင်ဆိုင်ခဲ့ရတဲ့ အတိုက်အခံတွေကိုလည်းမီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ Tv-movie တစ်ခုအဖြစ်အသက်သွင်းခဲ့ပေမယ့် ဆုပေါင်းများစွာရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက်ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Woman with the Red Lipstick (2024)
⭐IMDB: 5.5/10 (83 Votes)
🎬 #Thriller
🗓 2024 🎞 movie
🌎 #Canada
⏰ 1 နာရီ 28 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Woman with the Red Lipstick (2024)===========================
ဂျာနယ်လစ်မလေး လူစီကာဗာတစ်ယောက် ပျောက်သွားတဲ့
ကောင်မလေးတစ်ယောက်အကြောင်းဆောင်းပါးရေးဖို့ အ
ကြောင်းဖန်လာတဲ့အခါမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကို
ကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။လူစီက အလုပ်အရမ်းကြိုးစားတဲ့သူဖြစ်တာနဲ့အညီ ဆောင်းပါး
ကောင်းတစ်ခုရေးဖို့အတွက် ဇာတ်လမ်းတစ်ခုရှာနေတာဖြစ်နေ
တယ်။ တစ်နေ့ သူသတင်းကြည့်နေတဲ့အချိန်မှာ မက်ဂ်နိုလီယာ
ဆိုတဲ့ ကောင်မလေးတစ်ယောက်ပျောက်ဆုံးသွားတဲ့အမှုကို သူ
အတော်လေးစိတ်ဝင်စားသွားတယ်။ မက်ဂ်နိုလီယာ့အကြောင်း
မစုံစမ်းဖို့နဲ့ ဆောင်းပါးမရေးဖို့အတွက် လူအများတားနေတဲ့ကြား
ထဲကနေ အလုပ်အပေါ်အရမ်းစိတ်နှစ်ပြီး သူ့ကိုနောက်ယောင်ခံ
လိုက်နေတဲ့လူရှိတဲ့အပြင် ချစ်သူကောင်လေးနဲ့ပါပြတ်သွားပါတော့
တယ်။ ဒီလိုအကြပ်အတည်းတွေကြားထဲကနေ လူစီတစ်ယောက်
ဘယ်လိုအမှုဖော်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမဲ့ဇာတ်
ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Khant Sett Naing ဖြစ်ပါတယ်)File Size……….(1.44 GB) / (520 MB)
Quality…………WEB-DL 1080p / 720p
Duration………1Hr 27Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Thriller
Translator…….Khant Sett Naing
Encoder……….SWM
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...
Superdeep (2020)
⭐IMDB: 4.9/10 (5 k Votes)
🎬 #Horror #SciFi #Thriller #ScienceFiction
🗓 2020 🎞 movie
🌎 #Russia
⏰ 1 နာရီ 56 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Superdeep (2020)=================
လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်က ကမ္ဘာပေါ်တင်မက ပြည်တွင်းမှာပါလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့တဲ့ Hoax တစ်ခုကိုမှတ်မိကြဦးမှာပါ။အဲ့ဒါကတော့ ရုရှားနိုင်ငံမှာရှိတဲ့ ကမ္ဘာပေါ်ကအနက်ရှိုင်းဆုံး လူသားတွေတူးဖော်ထားတဲ့ တွင်းနက်ကြီးတစ်ခုကနေ အော်ဟစ်ငိုညည်းသံတွေကျယ်လောင်စွာကြားခဲ့ရတယ်ဆိုတဲ့အဖြစ်အပျက်ပါ။
အဲ့ဒီအသံတွေကိုသိပ္ပံပညာရှင်တွေကလေ့လာရင်းနဲ့ပြင်းထန်လှတဲ့အပူချိန်ကြောင့် ဆက်ပြီးမတူးဖော်နိုင်ပဲ သုသေသနတွေရပ်တန့်လိုက်ရကြောင်းနဲ့ အဲ့ဒီအသံတွေဟာငရဲကျခံနေရသူရဲ့အော်ဟစ်သံတွေဖြစ်နိုင်ကြောင်းတွေနဲ့နိဂုံးချုပ်ထားပါတယ်။ဖြစ်ရပ်မှန်တစ်ဝက်စိတ်ကူးယဉ်တစ်ဝက်နဲ့ယုတ္တိဆန်ဆန်အရေးအသားတွေကြောင့်ဖြန့်ဝေသူတွေများပြားခဲ့သလိုပြည်တွင်းတစ်ချို့ဂျာနယ်တွေမှာပါပုံနှိပ်ဖော်ပြခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်။ အဲ့ဒီတွင်းနက်ကြီးဟာ အပြင်မှာ တကယ်ရှိပြီး KolaSuperdeep Borehole လို့ခေါ်ပါတယ်။
ဒီဇာတ်ကားကတော့ အဲ့ဒီတွင်းနက်ကြီးကိုအခြေခံတဲ့ ရုရှား sci-fi horrorဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အန်နာလို့ခေါ်တဲ့ ရုရှားရောဂါဗေဒကျွမ်းကျင်သူအမျိုးသမီးတစ်ယောက်ဆီကို နှစ်သစ်ကူးညမှာ သူ့အထက်အရာရှိဆီကဖုန်းခေါ်ဆိုမှုဝင်လာခဲ့ပါတယ်။ အဲ့ဒါကတော့ အထက်ပါတွင်းနက်ကြီးမှာရှိတဲ့ သုသေသနစခန်းတစ်ခုမှာ လူအယောက် ၂၀ ပျောက်သွားခဲ့တဲ့နောက် အမျိုးအမည်မသိတဲ့အသံတွေဖမ်းယူရရှိခဲ့ကြောင်းနဲ့၊ မကြာခင်မှာ အဲ့ဒီစခန်းကိုပိတ်သိမ်းတော့မှာဖြစ်တဲ့အတွက် အဲ့ဒီမှာရှိတဲ့ဓာတ်ခွဲခန်းကနေ နမူနာတွေသွားရောက်ယူဆောင်မယ့်မစ်ရှင်ကို အန်နာကိုဦးဆောင်စေချင်တဲ့အကြောင်းဖြစ်ပါတယ်။
အန်နာတစ်ယောက် သူ့အထက်အရာရှိနဲ့အတူ လက်ရွေးစင်တပ်ဖွဲ့တစ်ခုကိုခေါ်ဆောင်ပြီး နက်ရှိုင်းလွန်းတဲ့ ကမ္ဘာ့မြေမျက်နှာပြင်အောက်ကလျှို့ဝှက်သုတေသနစခန်းကို စွန့်စားသွားရောက်ခဲ့ချိန်မှာတော့ ကြိုတင်မှန်းဆမထားနိုင်အောင် ဆန်းကြယ်ကြောက်မက်ဖွယ်ကောင်းတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်တွေ့ကြုံရတာတွေကိုရှုမြင်ခံစားကြရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Monster High: Frights, Camera, Action! (2014)
⭐TMDB: 73.0% User Score
🎬 #Animation #Family #Fantasy
🗓 2014 🎞 tv movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 13 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Monster High: Frights, Camera, Action! (2014)==================================IMDb Rating – 6.6/10
ဒီကားလေးကတော့ monster high franchise ထဲက ကာတွန်းကားလေးတစ်ကားဆိုတော့ Monster inc.တို့ Hotel Transylvania တို့ထဲကလိုသတ္တဝါအထူးအဆန်းလေးတွေကိုမှ Barbie ကာတွန်းကားတွေလို vibeမျိုးနဲ့ခံစားရမှာပါ။ အထူးသဖြင့် Barbieကာတွန်းကားလေးတွေကြိုက်တတ်တဲ့မိန်းကလေးတွေ ကြိုက်နှစ်သက်ကြမယ့် ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။
Main character ဖြစ်တဲ့ Draculauraလေးဟာ ကျောင်းမှာ လူချစ်လူခင်ပေါတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပေမယ့် သူ့ကိုယ်သူ ကြီးကျယ်တဲ့အရာတွေမလုပ်နိုင်လို့ အားငယ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မထင်မှတ်ထားတဲ့သတင်းတစ်ခုကြောင့် သူ့ဘဝက ပြောင်းလဲဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသတင်းက သူထင်သလိုမဟုတ်တာကို သိလိုက်ရတဲ့နောက်မှာတော့ Draculaura တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့အတူစွန့်စားခန်းဖွင့်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အမြင်ဆန်းဆန်းလေးနဲ့ကြည့်ရှုရမယ့်ကာတွန်းကားလေးတစ်ကားဖြစ်ပြီး မိသားစုနဲ့ကြည့်ရှုလို့ကောင်းမယ့် ကာတွန်းကားလေးတစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Zayar Maw ဖြစ်ပါတယ်)...
Urban Legend (1998)
⭐TMDB: 57.0% User Score
🎬 #Horror #Mystery #Thriller
🗓 1998 🎞 movie
🌎 #Canada #France #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Urban Legend (1998)===============
အမြို့မြို့အနယ်နယ်မှာ ပါးစပ်ရာဇဝင်လို့ခေါ်ကြတဲ့ ဇာတ်လမ်းတွေ၊ အချင်းချင်းလက်ဆင့်ကမ်းလာခဲ့တဲ့ပုံပြင်တွေကိုယ်စီရှိတတ်ကြပါတယ်။ အဲ့ဒါတွေဟာ အမှန်တကယ်လား စိတ်ကူးယဉ်လား ဆိုတာ ဘယ်သူမှစေ့စေ့စပ်စပ်စုံစမ်းလေ့မရှိကြပေမယ့် ပြောတဲ့သူတိုင်းကတော့ ကိုယ်တွေ့ကြုံသလိုပြောလေ့ရှိကြတာပါပဲ။
အဖြစ်အပျက်တွေက ပန်ဒယ်တန်တက္ကသိုလ်ကျောင်းသူ မီချယ်မန်စီနီဆိုတဲ့ကောင်မလေးတစ်ယောက် ကားနောက်ခုံမှာ ပါလာတဲ့လူသတ်သမားရဲ့ခေါင်းဖြတ်သတ်ခံလိုက်ရချိန်မှာစတင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ကျောင်းဝင်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပေမယ့် ထုံးစံအတိုင်းယုံကြည်တဲ့သူတွေ မယုံကြည်ပဲလှောင်ပြောင်သူတွေနဲ့ဝိဝါဒကွဲပြားနေကြတုန်းပါပဲ။ အဲ့ဒီမီချယ်နဲ့အထက်တန်းကျောင်းတုန်းက သူငယ်ချင်းဖြစ်ခဲ့တဲ့သူနက်တလီကတော့ ဒီဖြစ်ရပ်ကြောင့်အထူးတုန်လှုပ်သွားခဲ့ရပါတယ်။
သူ့ဘေးက လက်လှမ်းမီသူတွေကို သတိပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သူ့သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ရာဇဝင် ဇာတ်လမ်းတွေထဲက အတိုင်းဆင်တူနည်းလမ်းတွေနဲ့ အသတ်ခံလာရတဲ့အချိန်မှာတော့ နက်တလီတစ်ယောက် ကိုယ့်အားကိုယ်ကိုးပြီးလူသတ်သမားကိုဖော်ထုတ်ဖို့ကြိုးစားရပါတော့တယ်။ ဂန္ဓဝင် SlasherFilms တွေထွက်ခဲ့တဲ့ 90s ကာလက နာမည်ကျော်တွေထဲက တစ်ကားဖြစ်ပါတယ်။Horror ပရိသတ်တွေအတွက်အချိန်ပေးရကျိုးနပ်မယ့်ဇာတ်ကားပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Betty's Bad Luck in Love (2024)
⭐IMDB: 6.2/10 (457 Votes)
🎬 #Comedy #Romance #TVMovie
🗓 2024 🎞 tv movie
🌎 #Canada #UnitedStates
⏰ 1 နာရီ 24 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Betty’s Bad Luck In Love (2024)========================IMDb Rating – 6.2/10
ဒီကားလေးကတော့ ကနေဒါယီယန် မင်းသမီးမမ နှစ်ယောက်ဖြစ်တဲ့American Pie ထဲက မမ Meghan Heffern နဲ့ Laci J Mailey တို့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး Laciတဖြစ်လဲ Betty တစ်ယောက်ရဲ့ အချစ်ရေးမှာ ကျွန်းခံနေတဲ့အကြောင်းလေးကိုရိုက်ကူးထားတာပါ။
အချစ်ရေးမှာ ကျွန်းခံတယ်ဆိုပေမဲ့ စော်မရဘဲမရ နိုင်တာမျိုးမဟုတ်ပဲတွဲသမျှဘဲနဲ့ မမြဲပဲ ပိုပြီးနီးစပ်လိုက်မယ်ကြံလိုက်တိုင်း တစ်ခုမဟုတ်တစ်ခု အန္တရာယ်ကြုံရပါတော့တယ်။ တစ်ယောက်လည်းမဟုတ် နှစ်ယောက်လည်းမဟုတ်ဆိုတော့ ကြာလာတော့ ဘက်တီတစ်ယောက်trauma တွေပါဝင်လာတဲ့အထိပါပဲ။ ဘက်တီရဲ့ အကွဲအပြဲအချစ်လမ်းကြောင်းကို ဘက်တီတစ်ယောက်ပြန်လည်တည့်မတ်နိုင်ပါ့မလား ဘယ်လိုတွေအလွဲလွဲအချော်ချော်ဖြစ်ဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...
Undercover Brother (2002)
⭐TMDB: 59.0% User Score
🎬 #Uncategorized #Action #Comedy
🗓 2002 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Undercover Brother (2002)====================IMDb Rating – 5.9/10
အမေရိကားနိုင်ငံမှာ အာဖရိကန် – အမေရိကန်တွေရဲ့ယဉ်ကျေးမှုဟာ ၁၉၇၀ခုနှစ်ကာလတွေမှာ တရှိန်ထိုးတိုးတက်မြင့်မားလာခဲ့ပေမယ့်လို့ ၁၉၈၀ ခုနှစ်မှာတော့ ဖြစ်ရပ်ပေါင်းများစွာနဲ့အတူ တဖြည်းဖြည်းနဲ့လျော့နည်းကျဆင်းလို့လာခဲ့ပါတယ်။ တကယ်တော့ ဒါဟာ လူမည်းတွေကို မုန်းတီးတဲ့ လူဖြူဖြစ်သူ“The Man” ရဲ့ နောက်ကွယ်ကနေ ကြံစည်ကြိုးကိုင် အကွက်ချထားမှုတွေကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် “The Man” မှာလည်း သူထင်ထားသလို၊ဖြစ်စေချင်သလို ခရီးလမ်းမပေါက်ရောက်နိုင်ဘဲဖြစ်နေရပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ “ဘရားသားဟုဒ်” လို့ခေါ်တဲ့လူမည်းတွေနဲ့ဖွဲ့စည်းထာတဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ လိုက်လံတားဆီးမှုတွေကြောင့်ပါ။
ဒီလိုနဲ့ တစ်နေ့မှာတော့ အမေရိကန်သမ္မတနေရာမှာ ဝင်အရွေးခံမယ်လို့ သတင်းတွေထွက်နေပြီးတော့ လူမည်းတွေရဲ့ထောက်ခံမှုတွေကိုလည်း အများကြီးရထားတဲ့ဗိုလ်ချုပ်ဘောက်ထ်ဝေလ်ဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့အနေနဲ့ ရွေးကောက်ပွဲကို ဝင်အရွေးခံယှဉ်ပြိုင်မှာ မဟုတ်ဘဲ ကြက်ကြော်ဆိုင်သာ ဖွင့်ပြီးရောင်းစားတော့မယ်လို့ ကြေညာခဲ့လိုက်ပါတယ်။ ဒါဟာ ဘယ်သူမှ ဘယ်လိုမှ ထင်မှတ်မထားခဲ့မိတဲ့ အကြောင်းအရာဖြစ်နေတာကြောင့် “ဘရားသားဟုဒ်” အဖွဲ့အနေနဲ့ဒီကိစ္စဟာ “The Man” ရဲ့စနက်မကင်းဘူးဆိုတာကို ရိပ်မိပေမယ့် အရင်လို မဟုတ်ဘဲ စုံစမ်းဖို့ခက်ခဲနေပါတော့တယ်။ ဒီအချိန်မှာ ကယ်တင်ဖို့ ရောက်လာတာကတော့သူ့ဟာသူ တစ်ကိုယ်တော်လှုပ်ရှားနေတဲ့ “Undercover Brother” ခေါ် သူလျှိုဘရားသားပဲဖြစ်ပါတယ်။
သူဟာ ဘယ်လိုမျိုးတွေတော်နေလို့ “ဘရားသားဟုဒ်” ကနေ လက်တွဲခေါ်ချင်နေရတာလဲ၊ သူ့အနေနဲ့ “ဘရားသားဟုဒ်” ရဲ့ကမ်းလှမ်းချက်ကို လက်ခံပြီးတော့ “TheMan” ရဲ့ အကြံအစည်တွေကို ဖော်ထုတ်နိုင်ပါ့မလား၊ “The Man” ရဲ့ အကြံအစည်တွေကရော ဘာတွေလဲ၊ သူနဲ့ ဗိုလ်ချုပ်ဘောက်ထ်ဝေလ်ရဲ့ သမ္မတဝင်အရွေးမခံဘဲနဲ့ကြက်ကြော်ဆိုင်ပဲ ဖွင့်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကရော တစ်နည်းနည်းနဲ့ပတ်သတ်နေမလား… ဒါတွေအားလုံးရဲ့အဖြေကိုတော့ ဒီ “Undercover Brother” ဆိုတဲ့ spy actioncomedy ကားလေးကိုကြည့်ရင်းနဲ့ ရှာဖွေဖော်ထုတ်ကြည့်လိုက်ပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Fiona Gillen ဖြစ်ပါတယ်)...
The Dirty South (2023)
⭐IMDB: 5.7/10 (743 Votes)
🎬 #Action #Crime #Drama #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 48 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2023 ထွက် Action/Drama ရုပ်ရှင်ကားကောင်းဖြစ်ပါတယ်။ Budget အနေနဲ့ 1 million သုံးထားပြီးRotten Tomatoes 90% ရထားပါတယ်။ Castတွေကလည်း မကျော်ကြားပေမယ့် မခေလှပါဘူး။
ဇာတ်အသွားအလာကလည်း မနှေးလွန်း မမြန်လွန်း ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် Sue က နယ်မြို့လေးတစ်ခုက သူ့မိသားစုပိုင် ဘားက Bartender တစ်ယောက်ပါ။ ဒါပေမယ့် အဲ့ဒီဘားကို ဘဏ်က အကြွေးနဲ့ သိမ်းတော့မှာပါ။ အဲဒီအကြောင်းကို သူ့ဆီသတင်းပေးလာသူက သူ့အဖေရဲ့ ရန်ဖက် Jeb Roys ဆိုတဲ့ သူဌေးအဖိုးကြီး ဖြစ်ပါတယ်။ ဒီအဖိုးကြီးက သူတို့ ဘားကို ဘဏ်ကနေ စျေးပေါပေါနဲ့ ပြန်ဝယ်ဖို့ အကြံရှိပြီးသားပါ။
ဒါပေမယ့် Sue ကို ၇၂နာရီအချိန်ပေးပါတယ်။ ၇၂နာရီအတွင်း ငွေသား ဒေါ်လာ ၃သောင်း ရှာမပေးနိုင်ရင် သူတို့ ဘားရော နေအိမ်ဆောက်ထားတဲ့ မြေကွက်ကိုပါ Jeb Roysက အပိုင်သိမ်းသွားတော့မှာပါ။ ဒီလိုနဲ့ Sue ရဲ့ ဘားဆီကို Dion ဆိုတဲ့ မြို့ခံမဟုတ်တဲ့ လူတစ်ယောက်ရောက်လာပြီး ဘားထဲက လူတွေဆီက ပိုက်ဆံအိတ်တွေ ခါးပိုက်နှိုက်သွားတာပါ။
ဒါကို Sueက သိပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် businessတစ်ခုကို သဘောတူလိုက်ကြပါတယ်။ Dion နဲ့ Sue နှစ်ယောက်ပေါင်းပြီး Sueရဲ့ ဘားဆိုင်လေးကို ကယ်တင်နိုင်ပါ့မလား၊ Sueရဲ့ အကြံက ဖြစ်လာမယ့် အကျိုးဆက်တွေက ဘာတွေဖြစ်မလဲဆိုတာ ရုပ်ရှင်ကြည့်ရင်း သိလာပါလိမ့်မယ်။...
The Fourth Sunrise (2022)
⭐IMDB: 4.5/10 (39 Votes)
🎬 #Drama #Mystery #SciFi
🗓 2022 🎞 movie
🌎 #Romania
⏰ 1 နာရီ 10 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mystery / Sci-fi အမျိုးအစား အာကာသယာဉ်မှူးတစ်ယောက်အကြောင်း ရုပ်ရှင်ပါ။
၁၉၉၂ မှာ အငြိမ်းစား အာကာသယာဉ်မှူးတစ်ဦးဖြစ်တဲ့ ဝီလျံဖလော်ရက်စ်စကူဟာ ပင်လယ်နက်ရဲ့ကမ်းစပ်ဆီကို ရောက်ရှိလာခဲ့တယ်။
ဝီလျံဟာ ၁၉၆၂ တုန်းက သွားခဲ့ရတဲ့ အာကာသမစ်ရှင်တစ်ခုဖြစ်တဲ့ “US Genesis 1491″မှာ ကြုံတွေ့ခဲ့ရတဲ့ မယုံနိုင်စရာ အိပ်မက်ဆန်ဆန်အတွေ့အကြုံတွေကို လက်နှိပ်စက်တစ်ခုအရှေ့မှာထိုင်ရင်း နောက်ကြောင်းပြန်ပြောပြတာကို နားထောင်ရင်း ဝီလျံဖလော်ရက်စ်ကူနဲ့အတူ အာကာသခရီးကို လိုက်ပါစီးနင်းလိုက်ကြပါဦး။...
RedLife (2023)
⭐IMDB: 6.9/10 (202 Votes)
🎬 #Drama #Thriller
🗓 2023 🎞 movie
🌎 #Thailand
⏰ 2 နာရီ 1 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Redlife 2023 အညွှန်း
ဒီတစ်ခေါက်မှာတော့ Hormones S2 S3 မှာ စပြီးပါဝင်ခဲ့ပြီး၊My Ambulance၊ Mind Game ထဲက မင်းသား Bank Thiti Mahayotaruk နဲ့BNK48 ရဲ့ 2nd Generation မန်ဘာဟောင်း, Queendom Puzzle မှာတုန်းကတစ်ဦးတည်းသော ထိုင်းမန်ဘာအဖြစ်ပါဝင်ခဲ့တဲ့ Fye တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။
ဒီဇာတ်ကားလေးကတော့ ထိုင်းနိုင်ငံရဲ့ အခြေခံလူတန်းစားဘ၀ကနေရုန်းထွက်ကြမယ့် လူငယ်နှစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်။ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ပရိသတ်တွေက နှစ်ပိုင်းခွဲကြည့်ရပါလိမ့်မယ်။မဟုတ်ရင် အစပိုင်းမှာ လည်ထွက်နေမှာပါ။
Ter (Bank) ကြိုက်နေတဲ့ကောင်မလေးကတော့ ပြည့်တန်ဆာ တစ်ယောက်ပါ။Ter ကိုယ်တိုင်ကလည်း သူခိုးတစ်ယောက်ဆိုတော့Mild အတွက် တင့်တောင့်တင့်တယ်မထားနိုင်တဲ့အပြင် ကောင်မလေးအဲလိုလုပ်နေတာကိုပါ မြင်တွေ့နေရတာပါ။‘Ter က Mild ကိုလက်ထပ်ချင်တဲ့အတွက် သူ့အနေနဲ့ Mild ကို အဲလိုဘဝကနေ ရုံးထွက်ရအောင် ကြိုးစားရပါတော့တယ်။တစ်ဖက်ကဇာတ်လမ်းကလည်း ဆင်တူပါပဲ။ မတူတာကဘာလဲဆိုတော့Som ကို သူ့အမေက ပြည့်တန်ဆာလုပ် ပိုက်ဆံရှာပြီးကျောင်းထားပေးနေတာပါ။အဲလိုလုပ်နေတာကို Som ကမကြိုက်တဲ့အပြင် ကျောင်းမှာလည်း ဆင်းရဲလို့ သူ့ကိုအပေါင်းအသင်းမလုပ်ကြပါဘူး။အဲလိုနဲ့ တစ်နေ့ သူ့ကိုဂရုစိုက်တဲ့သူ Peach (Fye) ပေါ်လာပါတော့တယ်။အဲလိုနဲ့ သူ့ရဲ့ဘဝကြီးက သာယာသွားမလားသူ့အမေရဲ့ အရိပ်မည်းကြီးအောက်က ရုန်းထွက်နိုင်မလား။ရုန်းထွက်ချင်တဲ့ လူငယ်နှစ်ယောက် Ter နဲ့ Som နှစ်ယောက်တို့ရဲ့ ဇာတ်လမ်းကဘယ်တွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။
(ဇာတ်ကား၏ အပြုအမူနှင့် အပြောအဆိုများသည် အရမ်းကြမ်းတမ်းလွန်းပြီးဝတ်စလစ်ခန်းများ ပါဝင်သောကြောင့် မိသားစုနဲ့ ကြည့်ရှုရန် မသင့်တော်ပါကြောင်း)
အညွှန်း နဲ့ ဘာသာပြန်ကတော့Kaung Setပဲ ဖြစ်ပါတယ်။...
In the Shadows (2023)
⭐IMDB: 2.2/10 (9 Votes)
🎬 #Horror
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 24 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဟာလန်ဟက်ချာဆိုတဲ့ ကလေးလေးက မိသားစုပြဿနာတွေအကြားကနေ စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့ ဆယ်နှစ်သားကလေးလေး။
တစ်နေ့မှာ အဖေနဲ့အမေ ရန်ဖြစ်နေတုန်းမှာ စိတ်ကိုမထိန်းနိုင်တော့ဘဲ အမေဖြစ်သူကို ဓားနဲ့၀င်ထိုးပြီးသတ်လိုက်တယ်။ တရားခွင်မှာ ဟာလန်ရဲ့အဖေဖြစ်သူက ဟာလန်ကို စိတ်ကျန်းမာရေးဆေးရုံပို့ပြီး တစ်သက်လုံး အချုပ်ကျခံစေဖို့အတွက် တောင်းဆိုခဲ့တယ်။
ဒီလိုနဲ့ နောက်ထပ် ၃၅ နှစ်အကြာမှာ ဟာလန်ဟာ စိတ်ကျန်းမာရေးဆေးရုံကနေ ပြန်လည်လွတ်မြောက်လာတဲ့ ၄၅နှစ်အရွယ် ဟာလန်ဟာ သူ့အပေါ်ရက်စက်ခဲ့တဲ့ ဟက်ချာတစ်မိသားစုလုံးကို လက်တုံ့ပြန်သတ်ဖြတ်ဖို့အတွက် ပြန်လည်ရောက်ရှိလာတဲ့နောက်မှာတော့ စိတ္တဇလူသတ်သမား ဟာလန်ရဲ့ကလဲ့စားကနေ ဟက်ချာမိသားစု လွတ်မြောက်နိုင်ပါ့မလား၊ အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ဟာလန်တစ်ယောက် ဘယ်လိုအဖြစ်ဆိုးတွေကို ဟက်ချာမိသားစုဆီ သယ်ဆောင်လာဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။...
Blood Harvest (2023)
⭐IMDB: 2.3/10 (182 Votes)
🎬 #Horror #Drama #Mystery
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 20 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ ဟော်ရာရုပ်ရှင်လေးတစ်ကားပါ။ ဂျိတ်ဆိုတဲ့ ကောင်လေးက အသက်၁၂နှစ်။သူများတွေ မမြင်ရမကြားရတဲ့အရာတွေကို ကြားရတဲ့ကလေးတစ်ယောက်။
အဖေသေပြီးတဲ့နောက်မှာ ပထွေးဖြစ်သူအသုံးမကျတာကြောင့် အမေရယ် ပထွေးရယ် အစ်မဖြစ်သူ မက်ဂီရယ်နဲ့ အမေ့မွေးရပ်ဇာတိမြို့လေးက အမေ့ဦးလေးဖြစ်သူအိမ်မှာ ကပ်နေကြရတယ်။ ဒါပေမဲ့လည်း အမေဖြစ်သူက ဂျိတ်နဲ့မက်ဂီကို ဦးလေးနဲ့ဝေးဝေးနေဖို့ သတိပေးထားပါတယ်။
ဦးလေးဖြစ်သူတင်မက တစ်မြို့လုံးကလူတွေကပါ ထူးဆန်းတဲ့ပုံစံတွေနဲ့မို့ သတိထားနေဖို့ အမြဲမှာနေတတ်ပြီး ဒီမြို့ကနေ အမြန်ဆုံး ပြန်ပြောင်းဖို့အရေး ကြိုးစားနေပါတယ်။ ဒီလိုနဲ့ ဂျိတ်နဲ့ မက်ဂီတို့ကလေးနှစ်ယောက် လျောက်သွားရင်း မထင်မှတ်ထားတဲ့အရာတွေကိုတွေ့ရတဲ့အခါ…။
ပျောက်ဆုံးနေပါတယ်ဆိုတဲ့ မြို့ထဲက ကလေးငယ်တွေကို ဦးလေးဖြစ်သူရဲ့ စပါးကျီကြီးထဲကရေဒီယိုနဲ့ ဆက်သွယ်မိတဲ့အခါ…။ ဒီမြို့လေးထဲကနေ ပြန်ထွက်ဖို့ သူတို့အမေရဲ့ဆန္ဒပြည့်မှာလားဆိုတာ အသည်းတထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာပါ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်)...
Moonlight Warrior (2023)
⭐TMDB: 0.0% User Score
🎬 #Drama #Romance
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 50 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူငယ်လေးတွေမှာ ငယ်ဘဝတုန်းကစွဲလမ်းခဲ့ရတဲ့ မမတစ်ယောက်တော့ရှိတတ်တယ်မဟုတ်လား။သူနာပြုမမကိုစွဲလမ်းမိတဲ့ ကောင်လေးတစ်ယောက်အကြောင်း ဒရာမာကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။အမေတစ်ခုသားတစ်ခုနုဲ့ ဘဝလေးကိုသမာရိုးကျ ရှင်သန်လာတဲ့ကောင်လေးတစ်ယောက်ဟာတစ်နေ့မှာတော့ သူတို့မြို့လေးရဲ့အလှဆုံးမမနဲ့ဆုံတွေ့ခဲ့တယ်။ မမရဲ့ဘဝကခက်ခဲတယ်။မမရဲ့ယောင်္ကျားက မမကိုနှိပ်စက်ပြီး သူများနဲ့ဖောက်ပြန်တယ်။ကောင်လေးကမမကိုကာကွယ်ပေးတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တယ်။
တစ်နေ့ကျတော့ မမကဂျပန်ကိုသွားဖို့ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့မမနဲ့ကောင်လေးကွဲခဲ့ရတာပေါ့။မမကိုစာတွေပို့ပေမယ့် စာတွေကပြန်ပြန်ပို့ခံရတယ်။ မမကသူ့ကိုမေ့သွားပါပြီလို့ ထင်မိလာတယ်။သူ့ဘဝနဲ့သူနေထိုင်နိုင်ဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် မအောင်မြင်ပါဘူး မမကပဲကြီးစိုးနေတာကိုး……မမတစ်ယောက်ကိုစွဲလမ်းမိတဲ့မောင်လေးရဲ့ ဇာတ်လမ်းလေးဟာဘယ်လိုအဆုံးသတ်မလဲ။မမပေးတဲ့စိတ်ဒဏ်ရာတွေနဲ့ကောင်လေးတစ်ယောက်အကြောင်းကို ခံစားကြည့်လိုက်ပါဦးနော်။...
Wolf Garden (2023)
⭐IMDB: 3.7/10 (862 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 29 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် Horror/Thriller ဆန်ဆန်ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့
အချစ် စိတ်ပျက်မှု အမှောင်ထုကြားမှာပိတ်မိနေတဲ့လူတစ်ယောက်။ အစကတော့ သူနဲ့သူ့ချစ်သူလေးက ပျော်ပျော်ရွှင်ရွှင်ပဲ လူတွေနဲ့ကင်းကွာတဲ့တောအုပ်လေးထဲက တစ်ထပ်အိမ်လေးထဲမှာ အပူအပင်းကင်းမဲ့စွာနဲ့ဖြတ်သန်းနေတာပါ။
ရုတ်တရက်ကြီး ချစ်သူလေးရဲ့”ရှင်ကျွန်မကို အမြဲတမ်းကာကွယ်စောင့်ရှောက်ပေးမယ်မဟုတ်လား”ဆိုတဲ့စကားက ဘာအဓိပ္ပာယ်လဲ။ သူကတော့ သေချာပေါက်စောင့်ရှောက်ပေးပါမယ်ဆိုပြီး ကတိပေးလိုက်တာပေါ့။ ဒီကတိတစ်ခုကစတင်လာတဲ့သံသရာ။ ဘာလို့ဒီသံသရာစက်ဝန်းထဲမှာပိတ်မိနေတာလဲ ဘာတွေဖြစ်နေတာလဲ ဘာတွေမှားယွင်းနေတာလဲ
ငါပြန်တွေ့နေရတဲ့ ငါ့ရှေ့ကိုရောက်တဲ့ချစ်သူလေးက ငါ့ချစ်သူလေးရောဟုတ်ရဲ့လား…ဆိုပြီး ဇာတ်လိုက်နဲ့အတူ ဇာတ်လမ်းထဲမှာဇာတ်ရှိန်အနိမ့်အမြင့်ကို အတူတူလိုက်ခံစားကြည့်ရှူလို့ရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကြည့်ရှူခံစားပေးကြပါဦး။...
Tigers Are Not Afraid (2017)
⭐IMDB: 6.9/10 (9 k Votes)
🎬 #Drama #Horror #Thriller #Fantasy #Mystery
🗓 2017 🎞 movie
🌎 #Mexico
⏰ 1 နာရီ 24 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb-6.9/10Rotten Tomatoes-97%
မက္ကဆီကိုနိုင်ငံမှာ 2006 ခုနှစ်ကနေစပြီး မှုးယစ်စစ်ပွဲတွေဖြစ်ခဲ့လို့ လူပေါင်းသိန်းနဲ့ချီသေဆုံးပြီး သောင်းနဲ့ချီပျောက်ဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကလေးဦးရေနဲ့ ပျောက်ဆုံးကလေးဦးရေကိုတော့ အတိအကျမကောက်ယူနိုင်ခဲ့ပါဘူး။ 2017 မှာထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်မှာတော့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းက အမေဖြစ်သူကို ပြန်ပေးဆွဲပြီး သ-တ်လိုက်တဲ့အခါ ကျန်ရစ်ခဲ့တဲ့ ဆယ်နှစ်အရွယ်သမီးဖြစ်သူမှာ ဆုတောင်းသုံးခုရလာပုံကို ရိုက်ကူးထားတဲ့စိတ်ကူးယဉ်ဟော်ရာကားကောင်းတစ်ကားပါ။
ဇာတ်လမ်းအကျဉ်းကတော့ အမေဖြစ်သူကို ဟွာစကာ့စ်ဂိုဏ်းကသ-တ်တာခံရပြီးတဲ့နောက်မှာ ဆုတောင်းသုံးခုရခဲ့တဲ့ အက်စရယ်လာဟာ ပထမဆုံးဆုတောင်းအနေနဲ့ သူ့အမေပြန်လာဖို့ဆုတောင်းခဲ့ပါတယ်။ သူ့အမေပြန်လာခဲ့ပေမဲ့ သေဆုံးခဲ့ပြီးပြီဖြစ်လို့ ဝိဉာဉ်အနေနဲ့ အက်စရယ်လာနောက်ကိုတချိန်လုံးလိုက်နေတဲ့အပြင် မူးယစ်စစ်ပွဲမှာသေဆုံးခဲ့ရတဲ့ ဝိဉာဉ်တွေကလည်း သူ့နောက်တချိန်လုံးလိုက်နေပါတယ်။
ဒီလိုနဲ့အက်စရယ်လာတစ်ယောက် မြို့ထဲမှာလျောက်သွားနေရင်း သူ့လိုမျိုးဘဝတူကလေးတွေအဖွဲ့နဲ့တွေ့ပြီးအဆင်ပြေသွားပေမဲ့ အဲဒီအဖွဲ့ခေါင်းဆောင် ရှိုင်းဆီမှာ ဂိုဏ်းဘက်ကလိုချင်နေတဲ့ ပစ္စည်းတစ်ခုရှိနေလို့ သူတို့အဖွဲ့လေးကို ပစ်မှတ်ထားခံရပါတော့တယ်။ ဒီလိုနဲ့ အသက်မပြည့်သေးတဲ့ ကလေးတစ်သိုက် လူမိုက်ဂိုဏ်းတွေရဲ့ရက်စက်မှုကို ရင်ဆိုင်ကြရပုံတွေ၊ အက်စရယ်လာရဲ့ ဆုတောင်းတွေက မျှော်လင့်တဲ့အတိုင်းအလုပ်ဖြစ်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။...
Midnight Show (2024)
⭐TMDB: 0.0% User Score
🎬 #Horror #Mystery #Thriller
🗓 2024 🎞 movie
🌎 #China
⏰ 1 နာရီ 2 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီသရဲကားလေးကတော့ ဇာတ်ကားနာမည်အတိုင်း ညလယ်ခေါင်ရုပ်သေးပြဇာတ်နဲ့ပတ်သတ်ပြီး နေရတာတိုင်းပျံ့နေတဲ့ ကောလဟာလတွေနဲ့စထားပါတယ် ။မြို့လယ်မှာရှိတဲ့ နံပါတ် ၃၇ ပြဇာတ်ရုံပတ်ဝန်းကျင်မှာလန်ချားလှည်းလေးတွေမကြာခဏပျောက်တဲ့အမှုတွေဆက်တိုက်ဖြစ်နေပါတယ်တဲ့ ။
ဒီအကြောင်းကိုတိုင်တန်းတဲ့သူရှိလာလို့ ပြဇာတ်ရုံကိုရဲအရာရှိတစ်ဦးကိုယ်တိုင်လာစစ်ချိန်မှာတော့..တကယ်ပဲ ရုပ်သေးပြဇာတ်ရုံထဲမှာ ဘယ်လိုလျို့ဝှက်ချက်တွေရှိနေမလဲ ?
ရုပ်သေးပြဇာတ်ရုံရဲ့မန်နေဂျာဖြစ်သူ လင်မိန်ကရော အပြင်ပန်းကကြည့်သလိုရိုးရှင်းနေမလား ? တကယ်ပဲ ဘာတွေကိုလျို့ဝှက်ထားသလဲဆိုတာကိုသဲထိတ်ရင်ဖိုစွာနဲ့ ကြည့်ရမဲ့ သရဲကားလေးဖြစ်လို့သရဲကားကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့လက်မလွှတ်ဘဲကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်...
