ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Darkling (2022)
⭐IMDB: 7.0/10 (781 Votes)
🎬 #Drama #Horror #War
🗓 2022 🎞 movie
🌎 #Serbia #Denmark #Bulgaria #Greece #Italy
⏰ 1 နာရီ 45 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Darkling (2022)
~ IMDb rating – 7/10 ~
2004 ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ Albanian အယူသည်းတွေက Serbian လူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အကြောင်းကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ US က ငြိမ်းချမ်းရေးတပ်တွေ ရှိတာတောင်မှ အိမ်တွေ ဘုရားကျောင်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေး မုန်းတီးမှုကြောင့်လို့ပဲ ပြောရမှာပါ။ ဇာတ်ကားကိုတော့ ပျောက်ဆုံးသွားတဲ့ ဖခင်ကို လွမ်းဆွတ်တဲ့အကြောင်း… ကိုဆိုဗိုဒေသက သူတို့နေထိုင်ရတဲ့ အခက်အခဲတွေ ကြောက်ရွံ့မှုတွေအကြောင်းကို သမ္မတကြီးဆီ ရေးတဲ့ ကလေးမလေး မီလီဆာရဲ့ စာပေါ်အခြေတည်ထားပါတယ်။
မီလီဆာက ကိုဆိုဗိုမှာ အဘိုး အမေနဲ့အတူ ကျန်ခဲ့ပြီး သူ့အဖေနဲ့ ဦးလေးက မြေပြန့်မှာ အလုပ်လုပ်ဖို့သွားရင်း ပြန်မလာတော့တာပါ။ သူတို့လူမျိုးတွေကို အကြမ်းဖက်သတ်နေတဲ့အတွက် ညတိုင်း အမှောင်ထဲမှာ ကျီးလန့်စာစားနေရရင်း ပင်ပန်းဆင်းရဲစွာဖြတ်သန်းရပါတယ်။ မီလီဆာတို့ကျောင်းမှာလည်း မိသားစုတွေ ကိုဆိုဗိုကို စွန့်ခွာသွားကြတဲ့အတွက် ကျောင်းသားတွေ မရှိသလောက် နည်းလာပါပြီ။
မီလီဆာတို့ သားအမိကလည်း ထွက်သွားချင်ပေမဲ့ အဘိုးဖြစ်သူက သားနဲ့ သမက် ပြန်လာတဲ့ထိ စောင့်မယ်ဆိုတဲ့အတွက် ကျန်နေခဲ့ပါတယ်။ ကျောင်းက ဆရာမက မီလီဆာတို့ကို UN မှာ သူတို့အခြေအနေတွေ ဖတ်ပြဖို့ သမ္မတကြီးဆီ အက်ဆေးရေးခိုင်းတဲ့အခါ မီလီဆာက ကလေးအတွေးနဲ့ ရိုးရိုးရှင်းရှင်း သူတို့ ကြုံတွေ့ရတဲ့ ဒုက္ခတွေ အကြောက်တရားတွေ လွမ်းဆွတ်မှုတွေကို ရေးထားတာကို စာကနေတစ်ဆင့် ပူပင်သောကတွေ မျှဝေခံစားရမှာဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Sun and Concrete (2023)
⭐IMDB: 7.6/10 (3 k Votes)
🎬 #Adventure #Crime #Drama
🗓 2023 🎞 movie
🌎 #Germany
⏰ 1 နာရီ 59 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sun and Concrete (2023)
~ IMDb rating – 7.6/10 ~
“Sun and Concrete” ဆိုတဲ့စကားလုံးကို မြင်လိုက်ရင် တော်တော်များများက နေ နဲ့ ဘိလပ်မြေဆိုပြီးတော့ ထင်ကြမှာအမှန်ပါပဲ။ ဒါပေမဲ့ ဒီကားမှာတော့ ဂျာမနီနိုင်ငံက “နေရောင်အောက်က မြို့ပျက်လေး” တစ်မြို့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။
ဒီဇာတ်ကားဟာ ဆန်ခါတင်စာရင်း ၅ ခုထဲပါခဲ့တဲ့အပြင် မျက်နှာသစ်သရုပ်ဆောင်ဆုကိုပါရရှိထားပါတယ်။ ဒါ့အပြင် IMDb မှာ 7.6/10 နဲ့ 2023 မှာ ဂျာမန်ရဲ့ တတိယအကောင်းဆုံးဇာတ်ကားအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။
ဒီဇာတ်ကားကိုတော့ ဆယ်ကျော်သက်သူငယ်ချင်းလေးယောက်ဖြစ်ကြတဲ့ လူးကတ်စ်၊ ဂျူးလိယက်စ်၊ ဂျီနိုနဲ့ ဆန်ချက်ဇ်တို့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့ အကျဉ်းကိုပြောရမယ်ဆိုရင် လူးကတ်စ်တို့လေးယောက်ဟာ ဘာလင်မြို့ရဲ့ နူကိုလင်ရပ်ကွက်မှာ နေထိုင်ကြတာပေါ့။ သူတို့လေးယောက်ဟာ နေ့တိုင်း တုတ်၊ ဓား၊ ရန်ပွဲ နဲ့ မူးယစ်ဆေးတွေကြားမှာ ဘဝကြီးကိုရုန်းကန်နေရသူတွေပါ။ ဒါပေမဲ့ တစ်နေ့မှာ သူတို့ဘဝရဲ့ အမှားကြီးတစ်ခုကိုလုပ်ဖို့ ဆုံးဖြတ်ချက်ချမိသွားပါတယ်။ လူးကတ်စ်တိုလေးယောက် ဘယ်လိုအမှားတွေကျူးလွန်ခဲ့ကြသလဲ၊ နောက်ဆုံးမှာ ဘယ်လိုအကျိုးဆက်တွေခံစားလိုက်ရလဲဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာ တစ်ဝကြီးခံစားရမှာပဲဖြစ်ပါတယ်။
ဒီ “Sun and Concrete” ဟာဆိုရင် ၂၀၀၀ ခုနှစ်စွန်းစွန်းက ဘာလင်ရဲ့ရပ်ကွက်တစ်ခုမှာဖြစ်သွားတဲ့ တကယ့်အဖြစ်အပျက်အပေါ်အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ထစ်ခနဲရှိ လက်လွန်ခြေလွန်ဖြစ်တတ်တဲ့ လူငယ်တွေအတွက်ရည်ရွယ်ပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက်လည်း ဘဝအတွေ့အကြုံ သင်ခန်းစာပေါင်းများစွာကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Sugapa (2023)
⭐IMDB: 6.9/10 (24 Votes)
🎬 #Adult #Drama
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 51 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sugapa (2023)
ဘန်နဲ့အန်နာတို့လင်မယားဟာ နယ်မြို့လေးက သူတို့အိမ်ကို ဦးလေးဖြစ်သူဆီ ဆုံးရှုံးခဲ့ရပြီးတဲ့နောက် သူ့မိခင်အတွက် အိမ်ပြန်ရွေးပေးချင်တဲ့ဆန္ဒနဲ့ မြို့ပေါ်မှာငွေရှာဖို့တက်ခဲ့ပါတယ်။ မြို့ပေါ်က ဘန်ရဲ့ သူငယ်ချင်း မန်ဒိုရဲ့ အကူအညီနဲ့အန်နာက ဘားတစ်ခုမှာ အလုပ်ရခဲ့သလို ဘန်ကလည်း စားသောက်ဆိုင်တစ်ခုမှာအလုပ်ရခဲ့ပါတယ်။ အစပိုင်းကာလတွေမှာတော့ မြို့တော်ကြီးရဲ့ငွေရလွယ်မှုတွေ အတွေ့အကြုံသစ်တွေကြောင့်ပျော်ရွှင်နေရပေမဲ့ ဘန်တစ်ယောက် ဖြတ်လမ်းကလိုက်ပြီး ကြက်ပွဲလောင်းမိရာကနေ ငွေရှုံးသွားတဲ့အချိန်မှာ သူတို့အတွက် ပြဿနာတွေစတင်လာခဲ့ပါတယ်။
အဲဒီငွေကို ကြွေးရှင်လူမိုက်ဆီပြန်ဆပ်ဖို့ မကြံကောင်းမစည်ရာကိစ္စတစ်ခုကို ဘန်ကြံစည်မိချိန်မှာ အန်နာကိုလည်း မြို့တော်ကလူမိုက်တွေရဲ့ဂိုဏ်းချုပ်တစ်ဦးဖြစ်တဲ့ ဆာ့ချ်က မျက်စိကျလာတဲ့အခြေအနေပါ။ ဇာတ်အစပိုင်းက တစ်ချိန်ကနာမည်ကျော် Metro Manila ကိုပြန်သတိရမိချင်စရာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သိသိသာသာ ကွဲထွက်သွားပေမဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။
Us x Her အပြီးကတည်းက ပျောက်နေခဲ့တဲ့ AJ Raval လေးကို သရုပ်ဆောင်မှုတွေမှာ ပိုမိုအာရုံစိုက်ချင်လို့ဆိုပြီး ဆီလီကွန်ဖယ်ထုတ်ခဲ့တဲ့နောက်ပိုင်း သဘာဝရင်သားနဲ့ပထမဆုံးမြင်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။ အကဲဖြတ်ကြည့်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Good Kids (2016)
⭐TMDB: 63.0% User Score
🎬 #Comedy #Drama
🗓 2016 🎞 Movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Good Kids (2016)
သူငယ်ချင်းတွေနဲ့အတူဗရုတ်ကျခဲ့ကြတဲ့ လူငယ်ဘဝအမှတ်တရတွေ လူတိုင်းကိုယ်စီရှိကြမှာပါ။ အဲဒီလိုပဲ ဒီဇာတ်လမ်းကလည်း ကောလိပ်ဝင်တော့မယ့် Teenager Squad တစ်ခုရဲ့ အမှတ်တရနွေရာသီပေါ့။
အန်ဒီ စပိုက်စ် လိုင်းယွန်း နဲ့ နိုရာဆိုပြီး သူငယ်ချင်းလေးယောက်နဲ့ဖွဲ့စည်းထားတဲ့ ဒီ Squad ကတော့ ကောလိပ်ကောင်းကောင်းဝင်နိုင်ဖို့ စာပဲလုပ်ခဲ့တဲ့ ဟိုက်ပါအဖွဲ့ပါ။ အတန်းထဲမှာ ဆရာမအိမ်စာထပ်ခိုင်းဖို့မေ့နေရင် ထသတိပေးလို့ အတန်းဖော်တွေမေတ္တာပို့တာခံရတဲ့အဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက ဘယ်ခေါ်ခေါ်မလိုက်တဲ့သူတို့ အထက်တန်းပြီးတဲ့အထိ ပါတီဆိုတာလည်း ဘာမှန်းမသိပါဘူး။
ဒီလိုနဲ့ လိမ္မာရတာပျင်းလာတဲ့ သူတို့အဖွဲ့က အရင်ကမလုပ်ဖြစ်တာတွေ ဒီနွေရာသီမှာ တစ်ခုချင်းလုပ်ပြီး အပီအပြင်ကဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဟိုက်ပါလေးယောက် ဗရုတ်သုတ်ခတွေလုပ်ရင်း အရှုပ်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးအပန်းဖြေရင်းကြည့်ရှုလိုက်ပါဦး…
(ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)...
Catfish Murder (2023)
⭐IMDB: 5.1/10 (90 Votes)
🎬 #Crime #Drama #Thriller #TVMovie
🗓 2023 🎞 tv movie
🌎 #Canada
⏰ 1 နာရီ 27 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Catfish Murder ကတော့ Crime, Drama, Thriller အအမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တေလာပါကာဆိုတာက သိပ္ပံပညာရပ်မှာ သိပ်ကိုထူးချွန်တဲ့ စာကြမ်းပိုးတစ်ယောက်။ သူက အထက်တန်းကျောင်းမှာ အနိုင်ကျင့်ခံရတာကြောင့် အိမ်တွင်းပုန်းဗီဒိယိုဂိမ်းပဲ ထိုင်ဆော့နေရင်း အမ်မာဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းအီစီကလီဆက်ဆံရေးရှိလာခဲ့တယ်။
တစ်ရက် သူက သူနဲ့ Chemistry အတန်းက lab partner ဖြစ်သူ ဆိုဖီယာရဲ့ မွေးနေ့ပွဲကို သူနဲ့အတူတူတက်ဖို့ အမ်မာကိုဖိတ်ခဲ့ပေမဲ့ အစကသဘောတူခဲ့တဲ့ အမ်မာက မလာနိုင်ခဲ့တော့ သူလဲ မွေးနေ့ပွဲကို မသွားဖြစ်လိုက်တော့ဘူး။ ဒါပေမဲ့ မွေးနေ့ညမှာ မွေးနေ့ရှင်ဆိုဖီယာ အသတ်ခံခဲ့ရတယ်။ အဲနေ့ညက တေလာနဲ့ဆိုဖီယာကို အတူတွေ့ခဲ့ပါတယ်ဆိုတဲ့သက်သေနဲ့အတူ တေလာအဖမ်းခံလိုက်ရတယ်။
တေလာအတွက် အပြစ်ကင်းစင်ကြောင်း ပြပေးနိုင်ဖို့ အမေဖြစ်သူနဲ့ ညီမဖြစ်သူတို့က အသည်းအသန်ကြိုးစားကြတဲ့အခါ တကယ့်တရားခံအစစ်က ဘယ်သူဖြစ်မလဲ။ တကယ်ပဲ တေလာကိုယ်တိုင်ဖြစ်နေမလား။ Catfish Murder ဆိုတဲ့ဇာတ်လမ်းအမည်အရ အမ်မာကရော ဒီအမှုနဲ့ဆက်စပ်နေမလား။ ဟင်ခနဲ ဟာခနဲဖြစ်သွားစေရမဲ့ plot twist တွေနဲ့အတူ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။...
Catfish Murder (2023)
⭐IMDB: 5.1/10 (90 Votes)
🎬 #Crime #Drama #Thriller #TVMovie
🗓 2023 🎞 tv movie
🌎 #Canada
⏰ 1 နာရီ 27 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Catfish Murder ကတော့ Crime, Drama, Thriller အအမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တေလာပါကာဆိုတာက သိပ္ပံပညာရပ်မှာ သိပ်ကိုထူးချွန်တဲ့ စာကြမ်းပိုးတစ်ယောက်။ သူက အထက်တန်းကျောင်းမှာ အနိုင်ကျင့်ခံရတာကြောင့် အိမ်တွင်းပုန်းဗီဒိယိုဂိမ်းပဲ ထိုင်ဆော့နေရင်း အမ်မာဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းအီစီကလီဆက်ဆံရေးရှိလာခဲ့တယ်။
တစ်ရက် သူက သူနဲ့ Chemistry အတန်းက lab partner ဖြစ်သူ ဆိုဖီယာရဲ့ မွေးနေ့ပွဲကို သူနဲ့အတူတူတက်ဖို့ အမ်မာကိုဖိတ်ခဲ့ပေမဲ့ အစကသဘောတူခဲ့တဲ့ အမ်မာက မလာနိုင်ခဲ့တော့ သူလဲ မွေးနေ့ပွဲကို မသွားဖြစ်လိုက်တော့ဘူး။ ဒါပေမဲ့ မွေးနေ့ညမှာ မွေးနေ့ရှင်ဆိုဖီယာ အသတ်ခံခဲ့ရတယ်။ အဲနေ့ညက တေလာနဲ့ဆိုဖီယာကို အတူတွေ့ခဲ့ပါတယ်ဆိုတဲ့သက်သေနဲ့အတူ တေလာအဖမ်းခံလိုက်ရတယ်။
တေလာအတွက် အပြစ်ကင်းစင်ကြောင်း ပြပေးနိုင်ဖို့ အမေဖြစ်သူနဲ့ ညီမဖြစ်သူတို့က အသည်းအသန်ကြိုးစားကြတဲ့အခါ တကယ့်တရားခံအစစ်က ဘယ်သူဖြစ်မလဲ။ တကယ်ပဲ တေလာကိုယ်တိုင်ဖြစ်နေမလား။ Catfish Murder ဆိုတဲ့ဇာတ်လမ်းအမည်အရ အမ်မာကရော ဒီအမှုနဲ့ဆက်စပ်နေမလား။ ဟင်ခနဲ ဟာခနဲဖြစ်သွားစေရမဲ့ plot twist တွေနဲ့အတူ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။...
Seneca: On the Creation of Earthquakes (2023)
⭐IMDB: 5.0/10 (361 Votes)
🎬 #Biography #Drama
🗓 2023 🎞 movie
🌎 #Germany #Morocco
⏰ 1 နာရီ 53 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရှေးခေတ်ရောမ ဂရိတွေနဲ့ နောက်ကြောင်းသမိုင်းကိုကြည့်ချင်တဲ့လူတွေအတွက်
Senaca လို့ခေါ်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲ ဟိုးအရင်ခေတ်ကဂရိမှာနာမည်ကြီးခဲ့တဲ
အတွေးအခေါ်ပညာရှင် ဆန်နေကာအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဆန်နေကာဆိုတာက ရောမအင်ပါယာကြီးရဲ့ဘုရင်ဖြစ်တဲ့နီရိုးရဲ့ အတိုင်ပင်ခံအမတ်ကြီး
တစ်ယောက်ဖြစ်ပါတယ်။ ဘုရင်ကြီးနီရိုးကအသက်ငယ်ရွယ်ပြီးမစဉ်းစားမတွေးခေါ်
ပဲစိတ်ထင်ရာလုပ်တတ်တဲ့ဘုရင်ကြီးတစ်ပါးဖြစ်ပါတယ်။
ဒီလိုနဲ့ ဆန်နေကာကဘုရင်ကြီးကို အကြိမ်ကြိမ်အခါခါအကျိုးအကြောင်းဆီလျော်အောင်
ဘုရင်ကြီးရဲ့လုပ်ရပ်တွေကို ရှင်းပြပေမဲ့လဲနီရိုးကတော့ခေါင်းမာမြဲသူလုပ်ချင်တာ
လုပ်နေတုန်းပါပဲ။ဒါပေမယ့်အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်ရဲ့နေဝင်ချိန်တွေက
မကြာခင်မှာ ရောက်လာတော့မယ်ဆိုတာကိုတော့ သူတို့မသိခဲ့ကြပါဘူး။တစ်နေ့မှာတော့
ဆန်နေကာလုပ်ခဲ့တဲ့ကြီးမားတဲ့အပြစ်တစ်ခုကြောင့် သူ့ဘဝရဲ့နေဝင်ချိန်ကိုရောက်ချိန်မှာတော့
သူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ အရာတွေ အတွေးအခေါ်တွေကို အမွေအနှစ်တစ်ခုအနေနဲ့
ထားခဲ့ပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပုံတွေကိုကြည့်ရမဲ့ အတွေးအခေါ်ဆိုင်ရာ
သမိုင်းကြောင်းဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...
Barbie (2023)
⭐IMDB: 7.3/10 (271 k Votes)
🎬 #Adventure #Comedy #Fantasy
🗓 2023 🎞 movie
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 54 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Barbie(2023)
***********Lady Bird ရဲ့ ဒါရိုက်တာနဲ့ဇာတ်ညွှန်းဆရာဖြစ်တဲ့ Greta Gerwig ရဲ့ လက်ရာပဲဖြစ်ပါတယ်။
မာဂေါ့ရော့ဘီနဲ့ ရိုင်ယန်ဂို့စလင်းတို့ ပါဝင်ထားပါတယ်။ ဒေါ်လာ ၁.၃ ဘီလီယံအထိ ရရှိနေပြီး
IMDb 7.3 နဲ့ လူကြိုက်များနေပါတယ်။ ဒီရုပ်ရှင်ဟာ အဓိကအားဖြင့် လူ့အသိုင်းအဝိုင်းနဲ့ ကျားဝါဒီ
မဝါဒီတွေကို အခြေပြုတဲ့ ဟာသကားအနေနဲ့ ရိုက်ထားတာပါ။ ဖိုကြီးစိုးရေးဝါဒကိုအံတုနေရတဲ့
မိန်းမသားတွေ၊ မဝါဒီအားကောင်းလာချိန်မှာ ရုန်းကန်လာရတဲ့ ယောကျ်ားတွေ စသဖြင့်ပေါ့။
ဇာတ်လမ်းအကျဉ်း
ဘာဘီတွေနဲ့ ကန်တွေဟာ သီးသန့်ကမ္ဘာတစ်ခုမှာနေထိုင်ကြပါတယ်။
အဲဒီကမ္ဘာမှာ ဘာဘီတွေ ကြီးစိုးနေပြီ သမ္မတ၊ သိပ္ပံပညာရှင်၊ တရားသူကြီး၊
နိုဘယ်ဆုရှင်အားလုံးက ဘာဘီချည်းပါပဲ။ ကန်ဆိုတဲ့ ယောကျာ်းတွေကတော့
ဘာဘီတွေကို မှီခိုနေရတဲ့ ဖျော်ဖြေနေရတဲ့သူတွေပေါ့။ ဘာဘီတွေဟာ လူသားကမ္ဘာကြီးကိုလည်း
သူတို့တွေရဲ့ ဘာဘီအရုပ်တွေက ပိုကောင်းအောင်ပြောင်းလဲပြီး မိန်းမတွေကြီးစိုးနေပြီလို့ပဲ ထင်ထားခဲ့တာပါ။
ဘာဘီအမျိုးမျိုးရှိတဲ့အထဲမှာမှ မာဂေါ့ရဲ့ ဘာဘီကတော့ သမားရိုးကျဘာဘီ တစ်ယောက်ပဲဖြစ်ပါတယ်။
ဘယ်နေရာမှာ ထူးချွန်နေတာမဟုတ်တဲ့ ဘာဘီသက်သက်ပါပဲ။ တစ်နေ့မှာတော့
ဘာဘီဟာ သေခြင်းတရားအကြောင်းကိုတွေးမိရာကနေ ဘာဘီလောကနဲ့ အံမဝင်တော့ဘူး
ဘာဘီအစွမ်းတွေပျောက်လာပြီး ဖြစ်တည်မှုသံသယတွေပွားလာပါတော့တယ်။
အဲဒါကို ကုသဖို့ နည်းကတော့ သူ့ကိုဒီလိုဖြစ်လာအောင်လုပ်နေတဲ့ ဘာဘီအရုပ်ပိုင်ရှင်
ကလေးမတစ်ယောက်ကို လူသားကမ္ဘာထဲမှာ သွားရှာပြီး ပြန်ပြင်ဖို့ပါပဲ။
အဲဒီမှာ သူနဲ့အတူ ကန်လည်းလိုက်လာပါတယ်။ ဒါပေမဲ့ လူသားကမ္ဘာအရောက်မှာတော့ သူထင်သလိုမဟုတ်ဘဲ
ယောကျာ်းတွေက မဝါဒီယောင်ပြရင်း ဖိုကြီးစိုးရေးကို မသိသာမြှပ်နှံအသုံးချဆဲဆိုတာ
သိလာရသလို၊ မိန်းကလေးတွေကလည်း ဘာဘီရဲ့ အလှအပစံနှုန်းတွေကြောင့် မဝါဒီတိုးတက်ရေးနှစ် ၅၀ လောက်
နောက်ကျသွားတယ်၊ မိန်းကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတဲ့
အတွင်းစိတ်ကို ဖျက်ဆီးပြီး မလိုအပ်တာတွအရူးအမူးဝယ်ယူချင်စိတ်တွေဖြစ်လာအောင်လုပ်တဲ့သူ၊
ဖက်ဆစ်မဆိုပြီးပါ စွပ်စွဲတာတွေရှိလာပါတယ်။ ဒီလို ကမ္ဘာကြီးနဲ့ ဘာဘီမြေမှာ
ဆက်ဖြစ်လာတဲ့ ပြဿနာတွေကို ဘာဘီတစ်ယောက် ဘယ်လို ဆက်ဖြေရှင်းမလဲဆိုတာ ကြည့်ရမှာပါပဲ။...
The Sixth Commandment (2023-2023)
⭐IMDB: 7.9/10 (3 k Votes)
🎬 #Drama #Crime
🗓 2023-2023 🎞 tv series
🌎 #UnitedKingdom
⏰ 59 မိနစ် 7 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Sixth Commandment (2023)The Sixth Commandment (2023) Season 01 Complete
~ IMDb – 7.9/10, Rotten Tomatoes – 85% ~ အပိုင်းလေးပိုင်းပဲပါတဲ့ မှုခင်းဒရာမာကားပါ။ UK မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်အပေါ် အခြေတည်ထားပါတယ်။ ကားနာမည်ကလည်း ဆဠမမြောက်ပညတ်တော်ဖြစ်သလို ဇာတ်ကားကလည်း လူသတ်ကားဖြစ်နေတော့ သူတစ်ပါးအသက်မသတ်ရဆိုတဲ့ ဆဠမပညတ်တော်နဲ့ ပြောင်းပြန်ပေးထားသလိုဖြစ်နေမှာပေမဲ့ တကယ်တော့ ဒီနာမည်ဟာ ဒီကားအတွက် အလိုက်ဖက်ဆုံးနာမည်လို့ပြောလို့ရပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်က ဘာသာရေးနဲ့ တိုက်ရိုက်ဆက်စပ်နေလို့ပါပဲ။ သတ်တဲ့လူကလည်း ဖာသာလောင်းတစ်ယောက်လို့ပြောလို့ရတဲ့ ဉာဏ်ကောင်းတဲ့ ကဗျာရေးကောင်းတဲ့လူတစ်ယောက်ပေါ့။ အဲဒီလိုလူက လူသတ်ရတဲ့ ရည်ရွယ်ချက်ကတော့ မကောင်းနေပေမဲ့ အကြောင်းပြချက်ကောင်းတော့ရှိနေပြန်တာပါပဲ။ ပညာတတ်တွေမိုက်တဲ့အခါ ကမ်းကုန်အောင်ဆယ်ရခက်သတဲ့။ ဒီစီးရီးကတော့ သိပ်တော်သလို သိပ်လည်းရက်စက်တဲ့ လူတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ကို စိတ်ဝင်စားစရာကောင်းအောင်ရော ငြီးငွေ့စရာမကောင်းအောင်ရော လေးပိုင်းတည်းနဲ့အသက်သွင်းထားတာမို့ ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဇာတ်လမ်းတွဲပါပဲ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)Size ~ 500MB+...
Friday Night Plan (2023)
⭐IMDB: 6.5/10 (307 Votes)
🎬 #Bollywood #Comedy #Drama
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 49 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Friday Night Plan (2023)IMDb 6.5
Netflix ကထုတ်လွှင့်တဲ့ ကျောင်းတွင်းအချစ်ကားဖြစ်ပြီး အရင်အချိန်ကဇာတ်လမ်းတွေကိုပြန်သတိရရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ ဇာတ်ကားကောင်းပဲဖြစ်ပါတယ်
‘Friday Night Plan ‘ ဒီဝေါဟာရဖြစ်တည်လာပုံကတော့ တနင်္လာကနေ သောကြာအထိစာပြီးစာပဲဖြစ်နေကြတဲ့ ကျောင်းသားတွေအတွက် သောကြာနေ့ညကစပြီး Non-Stop Party နဲ့အပီကဲကြမဲ့ ကျောင်းတွင်းရိုးရာတစ်ခုပေါ့ ကျောင်းရဲ့တင်းကျပ်တဲ့စည်းကမ်းတွေကြားမှာကလေးတွေပျော်ရွှင်ရတဲ့ FNP..
ကျောင်းပိတ်ခါနီးလို့ တစ်ကျောင်းနဲ့တစ်ကျောင်း ဘောလုံးပြိုင်ပွဲတွေကြား နာမည်ကောက်ကြီးသွားတာက ဆစ်ဒ် ..သူ့အကြောင်းပြောရရင် အမေဖြစ်သူက နိုင်ငံခြားအစည်းအဝေးပွဲသွားလို့ ညီဖြစ်သူနဲ့ နှစ်ပါးသွားနေသူပေါ့သူသဘောကျတဲ့ကောင်မလေးက လူမိုက်တစ်ယောက်ကို နယ်မြေ၁၁ခုကရဲတွေ ဝိုင်းလိုက်သလိုကျောင်းတစ်ဝက်ကျော်ကျော်ကလူတွေ ပိုးပန်းတာခံနေရတဲ့ နာတာရှာပါ တစ်ကျောင်းလုံးရဲ့ အချောအလှလေးနဲ့ကျောင်းကပွဲကိုအတူသွားချင်တာကတော့ သူ့အိပ်မက်တစ်ခုပေါ့ ဆိုတော့ကျောင်းသားတို့ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးဖြစ်နေမှာဖြစ်ပြီးသူ့အိပ်မက်ကိုဘယ်လိုအကောင်အထည်ဖော်သွားမယ်ဆိုတာကတော့…(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~YH~V~Zwe Yan တို့ပဲဖြစ်ပါတယ်)...
The List (2023)
⭐IMDB: 5.3/10 (1 k Votes)
🎬 #Comedy #Romance
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The List (2023)
~ IMDb – 5.3/10, Rotten Tomatoes – 96% ~
“Celebrity Free Pass” ဆိုတဲ့ စကားလုံးအသုံးအနှုန်းနဲ့ လူတော်တော်များများ မရင်းနှီးကြတာတော့ အသေအချာပါပဲ။ အနောက်တိုင်းမှာ ချစ်သူရည်းစားတွေဖြစ်လာကြတဲ့အခါ ကိုယ်နှစ်သက်တဲ့ဆယ်လီတစ်ယောက်ယောက်နဲ့ ကြုံကြိုက်လာတဲ့အခါတိုင်း ဝုန်းဒိုင်းကျဲကြဖို့ဆိုပြီးတော့ စုံတွဲတွေကြားမှာ နှစ်ဦးသဘောတူ Free-past List တွေထားလေ့ရှိကြပါတယ်။ ဒီဇာတ်လမ်းကိုတော့ အဲဒီ Free-past List ကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ အက်ဘီဆိုသူရဲ့ ကောင်လေးဟာ Free-past List ကို အကြောင်းပြပြီး ဆယ်လီတစ်ယောက်နဲ့ အတူသွားအိပ်ခဲ့ပါတယ်။ ဒါကို အက်ဘီဟာ မကျေနပ်နိုင်ဖြစ်ပြီး သူမရဲ့ ကောင်လေးကို လက်စားချေတဲ့အနေနဲ့ ကိုယ်ပိုင်စာရင်းတစ်ခုလုပ်ပြီး အဲ့စာရင်းထဲကဆယ်လီတွေနဲ့ လိုက်အိပ်ဖို့လုပ်ပါတော့တယ်။ အက်ဘီဟာ သူ့ရဲ့ဒေါသစိတ်ကြောင့် စုံလုံးကန်းပြီး ပေါက်တတ်ကရလိုက်လုပ်နေတဲ့အခါကျမှ ယောင်္ကျားပေါင်းများစွာရဲ့အသွင်မျိုးစုံကို မျက်မြင်ကိုယ်တွေ့ဖြစ်သွားပါတော့တယ်။ အက်ဘီတစ်ယောက် ဘယ်လိုလူတွေနဲ့ကြုံတွေ့လိုက်ရလဲ၊ ဇာတ်သိမ်းသွားမလဲဆိုတာကိုတော့ ဒီဇာတ်ကားမှာ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာဆိုရင်တော့ Scouts Guide to the Zombie Apocalypse နဲ့ Goosebumps က မင်းသမီး Halston Sage ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်ထားပြီး Rotten Tomatoes မှာလည်း 96% အထိ ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် “Unconditional Love” ဆိုတဲ့ အတိုင်း ကိုယ့်ကိုတကယ်ချစ်တဲ့သူဟာ ကိုယ်ဘယ်အခြေအနေပဲရောက်နေပါစေ ချစ်နေမှာပါပဲ၊ ဒီလိုလူမျိုးကို ကိုယ့်ဘက်ကနေ သစ္စာမဖောက်မိဖို့က အရေးကြီးဆုံးပဲဆိုတာကိုပါ ပေါ်လွင်အောင်ရိုက်ကူးပေးသွားပါသေးတယ်။ ဒါ့ကြောင့် အခုလိုမိုးအေးအေးလေးမှာ ဒရာမာတွေကို ခံစားရင်း ထိုင်ခွီနေရမယ့်ကားလေးမို့ ကြည့်လိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Haunting of the Queen Mary (2023)
⭐IMDB: 4.3/10 (882 Votes)
🎬 #Drama #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 5 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Haunting of the Queen Mary (2023)
~ Rotten Tomatoes – 71% ~
လတ်တလော ထွက်ရှိထားတဲ့ Horror ရုပ်ရှင်တစ်ကားပါ။ ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီးလိုပဲ ကမ္ဘာ့အမြန်ဆုံး သင်္ဘောကြီးအဖြစ် နာမည်ကြီးခဲ့တဲ့ Queen Mary သင်္ဘောကြီးပေါ်က ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ၊ အတိတ်ဆိုးတွေနဲ့ ပိတ်မိနေတဲ့ ဝိညာဉ်တွေအကြောင်းပါ။
Queen Mary သင်္ဘောကြီးဟာ ကမ္ဘာစစ်တွေ အပျက်အစီးတွေကြားမှာ ကြံ့ကြံ့ခိုင် ကျန်ရစ်ခဲ့ပြီး မနစ်မြုပ်နိုင်တဲ့ သင်္ဘောအဖြစ် သင်္ဘောသားတွေကြား နာမည်ကျော်ပါတယ်။ ဒီဂုဏ်သတင်းနောက်ကွယ်မှာ ထိတ်လန့်စရာ စတေးမှုတွေရှိနေပါတယ်။
ရှေးက သင်္ဘောဆောက်တဲ့အင်ဂျင်နီယာတွေရဲ့ရိုးရာအရ သင်္ဘောတစ်စင်း မနစ်မြုပ်အောင် လူသားတစ်ယောက်ကို ဆောက်တုန်းမှာ နှိပ်စက်ပြီး မြှုပ်ရပါတယ်တဲ့။ ဒီသင်္ဘောကြီးမှာလည်း အဲဒီလိုအယူနဲ့ အကျဉ်းသားတစ်ယောက်ကို မြှုပ်ထားပါတယ်။
ကံဆိုးစွာနဲ့ သင်္ဘောက ခရီးစဉ်သွားရင်း နစ်မြုပ်သွားတဲ့အခါ သေဆုံးသွားတဲ့ခရီးသည်တွေက သရဲအဖြစ်နဲ့ခြောက်လှန့်နေပါတယ်။ ဒီဘက်ခေတ်မှာ သရဲခြောက်တာတွေနဲ့ သင်္ဘောကို လှည့်ပတ်ကြည့်ဖို့ Tour တွေလုပ်ပြီး ငွေရှာနေကြပါတယ်။
1938 တုန်းက အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့ မိသားစုက ဒီဘက်ခေတ်က မိသားစုနဲ့ ကံတရားတူနေတဲ့အခါ…သင်္ဘောထဲပိတ်မိနေတဲ့ ဝိညာဉ်တွေက လွတ်မြောက်ဖို့အတွက် လူစားလဲဖို့ကြိုးစားတဲ့အခါ…
Queen Mary သင်္ဘောကြီးမှာ ကပ္ပတိန်တွေဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်နဲ့ ကံကြမ္မာဆိုးတွေ ဘယ်လိုတစ်ပတ်ပြန်လည်မလဲဆိုတာ စိတ်၀င်စားဖွယ်ရှူစားရမှာဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Awakenings (1990)
⭐TMDB: 78.0% User Score
🎬 #Biography #Drama
🗓 1990 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 00 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Awakenings(1990)
IMDb…7.8,,,,Rotten …88%
ဆေးရုံတစ်ခုသို့ မဲလ်ကွန်ဆိုတဲ့ဆရာဝန်တစ်ယောက်အလုပ်လာလျှောက်တယ်…..
သူလျောက်တဲ့ရာထူးကတော့ ဦးဏှောက်နဲ့အာရုံကြောသုတေသနဌာအတွက် အလုပ်လာလျှောက်တာဖြစ်ပြီး
ဆေးရုံကတာဝန်ရှိသူတွေသူ့ကိုအင်တာဗျူးတဲ့အခါမှာ သုတေသနနဲ့ပတ်သက်လို့ အတွေ့အကြုံပေါင်းများစွာရှိနေတာတွေ့ရှိကြတယ်..
သို့ပေမယ့် သူတို့ဟာ သုတေသနနဲ့ပတ်သက်လို့ ဆေးရုံမှာမလိုအပ်ပေမယ့် ဆေးကျောင်းတက်နေစဉ်မှာ ဆေးကုဖူးတယ်မလားလို့မေးပြီး
အလုပ်ခန့်လိုက်တယ်…မဲလ်ကွန်အနေနဲ့ အံအားသင့်စရာပေါ့ …အပူချိန်တိုင်းတတ်တယ်..ဆေးထိုးတတ်တယ် …
ဒါဆိုအိုခေပေါ့ဆိုတဲ့ ဆေးရုံအုပ်ရဲ့မှတ်ချက်ကိုကြားရတော့ သူပျော်ရမလား ဝမ်းနည်းရမလားမသိ….
ဒီလောက်လွယ်လိမ့်မယ်လို့လည်းသူထင်မထားခဲ့ဘူး…
နောက်နေ့ဆေးရုံလာလိုက်မှ သူသိသွားတော့တယ်..ဘာလို့ဆို သူကုသရမယ့်သူတွေဟာ နာတာရှည်ရောဂါသည်တွေ..
ပြောရရင် ရုပ်ပဲရှိပြီး နာမ်ပျောက်နေတဲ့ပုံစံမျိုး… အိပ်တယ် ခွံကျွေးရင်စားတယ်…ဘာမှမတွေးတဲ့ လူနာတွေ…
မျိုးစုံပင်…မဲလ်ကွန်အတွက်အားလုံးက အသစ်အဆန်းတွေကြီးဖြစ်သလို လူနာအမျိုးမျိုးရဲ့ တုန့်ပြန်မှုက သူ့ကို
အထိတ်တလန့်ဖြစ်စေခဲ့တယ်…
တစ်နေ့တော့ ကျောက်ရုပ်လိုဖြစ်နေတဲ့လူနာတစ်ယောက်က လွတ်ကျသွားတဲ့မျက်မှန်ကို ဖတ်ခနဲဖမ်းလိုက်တာကို
သူတွေ့သွားတယ်.. အဲ့ဒီနောက် တခြားလူနာတွေကို စမ်းကြည့်ရာ အလိုအလျောက်ပုံစံအမျိုးမျိုးနဲ့တုန့်ပြန်နိုင်တာတွေ့ရှိသွားတယ်..
သုတေသနဆရာဝန်ပီပီ လူနာတိုင်းရဲ့ တုန့်ပြန်မှုလေးတွေကိုစမ်းသပ်ရင်း
ကျောက်ရုပ်လိုဖြစ်နေတဲ့ ဒီလူနာတွေကို သူတတ်စွမ်းသရွေ့ တခြားသူတွေနဲ့တန်းတူ လောကအလှကိုခံစား
နိုင်စေဖို့ကြိုးစားပါတော့တယ်…
ဒေါက်တာမဲလ်ကွန် တစ်ယောက်အောင်မြင်ပါ့မလား…ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ…
သူပြုလုပ်တဲ့ကုထုံးတွေကရော ဆိုးကျိုးတွေရှိနိုင်လား…ခံစားကြည့်လိုက်ပါဦး…
ဒီကားက တကယ့်ဆရာဝန်တစ်ဦးရဲ့အကြောင်းကိုရိုက်ပြထားတာပါ…
တကယ့်ကိုတွေးစရာတွေ Message လေးတွေ ပေးပါတယ်…အဓိက သရုပ်ဆောင်(၂)ယောက်ဖြစ်တဲ့
မင်းသားကြီး Robert De Niroနဲ့ Robin Williams
ကို တစ်ချို့သူတွေသိကြမယ်ထင်ပါတယ်…. ဒီကားဟာ အကောင်းဆုံးဇာတ်ကားဆု၊မင်းသားဆုနဲ့
ဇာတ်ညွှန်းဆုတို့အော်စကာဆန်ကာတင်စာရင်းပါခဲ့တယ်…ကိုင်း ခံစားကြည့်လိုက်ပါဦး
——————————————————-
ဆေးရုံတစ်ခုသို့ မဲလ်ကွန်ဆိုတဲ့ဆရာ၀န်တစ်ယောက်အလုပ်လာလျှောက်တယ်…..
သူလျောက်တဲ့ရာထူးကတော့ ဦးဏှောက်နဲ့အာရုံကြောသုတေသနဌာအတွက် အလုပ်လာလျှောက်တာဖြစ်ပြီး
ဆေးရုံကတာ၀န်ရှိသူတွေသူ့ကိုအင်တာဗျူးတဲ့အခါမှာ သုတေသနနဲ့ပတ်သက်လို့ အတွေ့အကြုံပေါင်းများစွာရှိနေတာတွေ့ရှိကြတယ်..
သို့ပေမယ့် သူတို့ဟာ သုတေသနနဲ့ပတ်သက်လို့ ဆေးရုံမှာမလိုအပ်ပေမယ့် ဆေးကျောင်းတက်နေစဥ်မှာ ဆေးကုဖူးတယ်မလားလို့မေးပြီး
အလုပ်ခန့်လိုက်တယ်…မဲလ်ကွန်အနေနဲ့ အံအားသင့်စရာပေါ့ …အပူချိန်တိုင်းတတ်တယ်..ဆေးထိုးတတ်တယ် …
ဒါဆိုအိုခေပေါ့ဆိုတဲ့ ဆေးရုံအုပ်ရဲ့မှတ်ချက်ကိုကြားရတော့ သူပျော်ရမလား ၀မ်းနည်းရမလားမသိ….
ဒီလောက်လွယ်လိမ့်မယ်လို့လည်းသူထင်မထားခဲ့ဘူး…
နောက်နေ့ဆေးရုံလာလိုက်မှ သူသိသွားတော့တယ်..ဘာလို့ဆို သူကုသရမယ့်သူတွေဟာ နာတာရှည်ရောဂာသည်တွေ..
ပြောရရင် ရုပ်ပဲရှိပြီး နာမ်ပျောက်နေတဲ့ပုံစံမျိုး… အိပ်တယ် ခွံကျွေးရင်စားတယ်…ဘာမှမတွေးတဲ့ လူနာတွေ…
မျိုးစုံပင်…မဲလ်ကွန်အတွက်အားလုံးက အသစ်အဆန်းတွေကြီးဖြစ်သလို လူနာအမျိုးမျိုးရဲ့ တုန့်ပြန်မှုက သူ့ကို
အထိတ်တလန့်ဖြစ်စေခဲ့တယ်…
တစ်နေ့တော့ ကျောက်ရုပ်လိုဖြစ်နေတဲ့လူနာတစ်ယောက်က လွတ်ကျသွားတဲ့မျက်မှန်ကို ဖတ်ခနဲဖမ်းလိုက်တာကို
သူတွေ့သွားတယ်.. အဲ့ဒီနောက် တခြားလူနာတွေကို စမ်းကြည့်ရာ အလိုအလျောက်ပုံစံအမျိုးမျိုးနဲ့တုန့်ပြန်နိုင်တာတွေ့ရှိသွားတယ်..
သုတေသနဆရာ၀န်ပီပီ လူနာတိုင်းရဲ့ တုန့်ပြန်မှုလေးတွေကိုစမ်းသပ်ရင်း
ကျောက်ရုပ်လိုဖြစ်နေတဲ့ ဒီလူနာတွေကို သူတတ်စွမ်းသရွေ့ တခြားသူတွေနဲ့တန်းတူ လောကအလှကိုခံစား
နိုင်စေဖို့ကြိုးစားပါတော့တယ်…
ဒေါက်တာမဲလ်ကွန် တစ်ယောက်အောင်မြင်ပါ့မလား…ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ…
သူပြုလုပ်တဲ့ကုထုံးတွေကရော ဆိုးကျိုးတွေရှိနိုင်လား…ခံစားကြည့်လိုက်ပါဦး…
ဒီကားက တကယ့်ဆရာ၀န်တစ်ဦးရဲ့အကြောင်းကိုရိုက်ပြထားတာပါ…
တကယ့်ကိုတွေးစရာတွေ Message လေးတွေ ပေးပါတယ်…အဓိက သရုပ်ဆောင်(၂)ယောက်ဖြစ်တဲ့
မင်းသားကြီးRobert De Niroနဲ့Robin Williams
ကို တစ်ချို့သူတွေသိကြမယ်ထင်ပါတယ်…. ဒီကားဟာ အကောင်းဆုံးဇာတ်ကားဆု၊မင်းသားဆုနဲ့
ဇာတ်ညွှန်းဆုတို့အော်စကာဆန်ကာတင်စာရင်းပါခဲ့တယ်…ကိုင်း ခံစားကြည့်လိုက်ပါဦး...
Infinity (2023)
⭐IMDB: 8.1/10 (64 Votes)
🎬 #Bollywood #Crime #Thriller
🗓 2023 🎞 movie
🌎 #Canada #Croatia #Hungary #India
⏰ 1 နာရီ 50 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Infinity ( 2023 )==============IMDb 8.7/10
အိန္ဒိယမှုခင်းရုပ်ရှင် ပရိသတ်တွေအတွက် ဒီနှစ်ထဲမှာ မှုခင်းဇာတ်လမ်းကောင်းတွေအများကြီးထွက်ရှိခဲ့ပြီး အခုလည်း နောက်ထပ် တမီလ်မှုခင်းရုပ်ရှင်တစ်ခု ထပ်မံထွက်ရှိလာပြန်ပါပြီ။
ချန်နိုင်းမြို့ကြီးမှာ တစ်ညတည်းနဲ့ လူသဝာ်မှုနှစ်ခုဖြစ်သွားခဲ့ပါတယ်။ အဲဒီလူသဝာ်မှုနှစ်ခုမှာသေဆုံးသူတွေက ရဲအရာရှိတစ်ယောက်နဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်နေပါတယ်။အဲဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဘာသဲလွန်စမှရှာမရတဲ့အတွက် CBI လို့ခေါ်တဲ့ဗဟိုထောက်လှမ်းရေးအဖွဲ့ကြီးဆီကို အဲဒီအမှုလွှဲပေးလိုက်ရပါတယ်။အကွက်ကျကျ ကစားကွက်တွေရွှေ့နေတဲ့ လူသဝာ်သမားကို CBI က စုံထောက်ကြီး အက်ဗီကဖမ်းမိမလားဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်ဆိုသူတွေကတော့ Yunni, V နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။ )...
Aakhri Sach (2023- )
⭐IMDB: 5.9/10 (211 Votes)
🎬 #Crime #Drama #Thriller
🗓 2023- 🎞 tv series
🌎 #India
⏰ 42 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Aakhri Sach (2023)Aakhri Sach (2023)
IMDb 7.9ယခုတစ်ခေါက်မှာတော့ Disney+Hotstar ကနေ လောလောလတ်လတ်ထွက်ရှိလာပြီး
ဖြစ်ရပ်မှန် ပေါ်အခြေခံရိုက်ကူးထားတဲ့စီးရီးလေးကို တင်ဆက်ပေးထားပါတယ်
ဒီစီးရီးဟာဆိုရင်ဖြင့် ၂၀၁၈ခုနှစ် ဇူလိုင်လ၁ရက်နေ့ အိန္ဒိယနိုင်ငံ ဒေလီမြို့ Burari မှာတွေ့ရှိခဲ့တဲ့
“Burari Deaths” ဆိုတဲ့ မိသားစုဝင် ၁၁ယောက် သေဆုံးရမှုပေါ် အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါဒီဖြစ်ရပ်မှန်နဲ့ပတ်သက်ပြီး “House of Secrets : The Burari Deaths “ဆိုတဲ့ Documentary တစ်ခုလည်းထွက်ရှိထားပြီး
ဒီ Documentary ကြောင့် မိသားစုဝင် ၁၁ယောက် သေဆုံးရခြင်းက လူသိများခဲ့ရပါတယ် ဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်
မတူတဲ့ခံစားချက်ကို ရစေမှာဖြစ်ပြီး ဘောလိဝုဒ်ချစ်သူတို့အသည်းစွဲ မင်းသမီးချောလေး Tamannaah Bhatia က
ရဲမေအဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်ဇာတ်လမ်းအညွှန်း…
မိသားစုဝင် ၁၁ယောက် သေဆုံးမှု.. ဒီသတင်းကဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့ပါတယ် ဖြစ်ဆိုသေဆုံးပုံတွေကလည်း
မြင်နေကျနဲ့မတူ ၁၀ယောက်က ကြိုးဆွဲချအနေအထားနဲ့ သေဆုံးနေတာဖြစ်ပြီး တစ်ယောက်ကတော့ အခန်းထဲမှာ သေဆုံးနေတာပါ
ကြိုးဆွဲချထားတဲ့လူတွေက လက်ကိုနောက်ပြန်ကြိုးတုပ် မျက်လုံးကိုအဝတ်တွေနဲ့စည်းထားပြီး တန်းစီချိတ်ဆွဲထားပုံတွေက
သွေးလန့်ခြောက်ခြားဖွယ်ရာ မြင်ကွင်းတစ်ခုလို..အခင်းဖြစ်ပွားရာမှာလည်း သေဆုံးသူတွေကလွဲရင် ဘာခြေရာလက်ရာမှ
မပျက် ဘာပစ္စည်းမှမပျောက်နဲ့မို့ ရဲတွေခေါင်းစားရတဲ့အမှုပေါ့သူတို့နဲ့မတည့်တဲ့လူရယ်လို့မရှိတဲ့အပြင် တစ်မိသားစုလုံးကသဘောမနောကောင်း ..ဒီအမှုကိုဖြေရှင်းဖို့တာဝန်ကတော့
မင်းသမီးချောလေး အန်ယာ့ပေါ်ရောက်လာခဲ့ပါတယ် အန်ယာဟာဆိုရင် ဆွဲဆောင်မှုအပြည့်နဲ့ မဖြေရှင်းနိုင်တဲ့အမှုရယ်လို့မရှိတဲ့
ဌာနမှာအတော်ဆုံးလူတစ်ယောက်..အထက်လူကြီးတွေကပါ လေးစားအားကိုးရတဲ့သူလေးဖြစ်တဲ့အညီ သူ(မ)ရဲ့သူမတူတဲ့
တွေးပုံတွေးနည်းတွေနဲ့ ဒီပဟေဠိဆန်တဲ့ သေဆုံးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ ကျော်ပစ်စရာတစ်ကွက်မှမရှိတာမို့ ကြည့်ရှုအားပေးကြပါဦးရှင်
(ဒီစီးရီးရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ပဲဖြစ်ပါတယ်)Quality : 1080p DSNP WEB DL / 720pFormat : mp4Genres : Crime , DramaDuration : 31minsSubtitle : Myanmar Subtitle ( Hardsub )...
The Pact (2021- )
⭐IMDB: 6.9/10 (4 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓 2021- 🎞 tv series
🌎 #UnitedKingdom
⏰ 58 မိနစ် 34 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Pact (2021) Season 01 CompleteThe Pact (2021) Season 01 Complete
~ IMDb – 6.9/10, Rotten Tomatoes – 92% ~ ဉာဏ်ကြီးရှင် စုံထောက်တွေနဲ့ ဉာဏ်ကြီးရှင် ရာဇဝတ်ကောင်တွေ ပညာပြိုင်ပြီး ပစ်နေခတ်နေ ချနေနှက်နေ ရှုပ်ယှက်ခတ်နေတဲ့ စုံထောက်ကားတွေကို အနားပေးပြီး အေးဆေးဆေးဆေး စုံထောက်ဇာတ်လမ်းကို ကြည့်ချင်ရင်တော့ ဒီ Series လေးကို အကြိုက်တွေ့မှာသေချာပါတယ်။ Cruel Summer လို၊ American Horror Story လို Anthology Series မျိုးဖြစ်လို့ ပထမ Season နဲ့ နောက် Season ကတော့ ဇာတ်လမ်းတူမှာမဟုတ်ပါဘူး။ ဒီ Series တွေရဲ့ ပုံစံကတော့ အသိုင်းအဝိုင်းလေးတစ်ခုထဲမှာ ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ခုဖြစ်သွားပြီး ခက်ခဲတဲ့အခြေအနေမှာ သူတို့ကြားက သစ္စာရှိမှုကို မှတ်ကျောက်တင်မယ့် အဖြစ်အပျက်လေးတွေကို ပြထားပါတယ်။ ပထမ Season ကတော့ အန်တီကြီးတစ်စုရဲ့ ဖြစ်ပုံပါ။ ဘီယာစက်ရုံမှာ အလုပ်လုပ်ကြတဲ့ အန်တီကြီးလေးယောက် အုပ်စု ရှိတယ်။ သူတို့ထဲက တစ်ယောက်က (အဓိကမင်းသမီးပေါ့) အလုပ်ကြပ်ရာထူးလျှောက်တဲ့အချိန်မှာ စက်ရုံပိုင်ရှင်သူဌေးရဲ့သားက စက်ရုံကိုလက်လွှဲယူထားတော့ ငယ်ငယ်ချောချောကလေးမကို နေရာပေးဖို့လုပ်တယ်။ မကျေနပ်ပေမဲ့လည်း မတတ်နိုင်ဘူးပေါ့။ အဲဒီညမှာ သူတို့စက်ရုံ နှစ်တစ်ရာပြည့်ပွဲလုပ်တဲ့အချိန် သူဌေးသားက ဆေးကွဲပြီး လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ အနေအထားဖြစ်သွားတယ်။ အဲဒီတော့ မကျေမနပ်ဖြစ်နေတဲ့ အန်တီကြီးအုပ်စုက သူဌေးအသစ်ကို အရှက်ကွဲအောင်လုပ်မယ်ဆိုပြီး နှင်းတောထဲမှာ ဝတ်လစ်စလစ်အနေအထားနဲ့ ဓာတ်ပုံရိုက်ပြီး ပစ်ထားလိုက်ကြတယ်။ သူတို့ ပြန်သွားကြည့်တဲ့အချိန်မှာတော့ သူဌေးအသစ်လေးက အသက်မရှိတော့ပါဘူး။ သူတို့ စနောက်ပြီး ထားခဲ့တဲ့သူက သေသွားတယ်ဆိုတော့ အန်တီကြီးလေးယောက် လူသေမှုနဲ့ ထောင်ထဲဝင်ရကိန်းမြင်နေတဲ့အချိန် သူတို့တွေ အပြစ်မကျအောင်လုပ်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့အချင်းချင်းသစ္စာရှိပုံကတော့ မင်းရိုက်ခံရရင် ငါတို့ပြန်ရိုက်ပေးမယ် ငါတို့ဖက်က လူများရင်ပေါ့ ဆိုတာမျိုးမဟုတ်ဘူးနော်။ ငါအလောင်းဖျောက်ချင်လို့ဆိုရင် ချက်ချင်း ဂေါ်ပြားဆွဲပြီး ဘယ်မှာလဲလို့ မေးတဲ့ သစ္စာရှိမှုမျိုးပါ။ သူတို့ အုပ်စုကြားက သံယောဇဉ်၊ အချင်းချင်းယုံကြည်မှု၊ ခင်မင်မှုက ကြက်သီးထချင်စရာကောင်းလောက်အောင် ခိုင်မာပါတယ်။ ဒီကိစ္စကို သူတို့အပြစ်မကျအောင် ရိုးရိုးအေးအေးအန်တီကြီးတွေက ဘယ်လိုတွေ စုပေါင်းတိုင်ပင်ပြီး ဘယ်လိုတွေ အစီအစဉ်ဆွဲပြီး ဘယ်လိုတွေ လုပ်ကြမလဲဆိုတာ ကြည့်ရမှာပါ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)Size ~ 700MB+...
Motel Melati (2023)
⭐IMDB: 5.7/10 (105 Votes)
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #Indonesia #Singapore
⏰ 1 နာရီ 34 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Losmen Melati (Motel Melati) (2023)
လာတည်းတဲ့သူတွေအားလုံး အသက်ရှင်ရက်ပြန်မသွားနိုင်ကြတဲ့Motel Melati ဆိုတဲ လျှို့ဝှက်မှုတွေပြည့်နေတဲ့ မိုတယ်တစ်ခုရှိပါတယ်။
အဲဒီမိုတယ်မှာတော့ မိုတယ်ပိုင်ရှင်ရယ် ဝန်ထမ်းတစ်ယောက်ရယ် နှစ်ယောက်တည်း ရှိပြီးတော့လာတည်းတဲ့သူတွေကို မိုတယ်ပိုင်ရှင်က လက်ဖက်ရည်နဲ့ ဧည့်ခံပြီးမှ အခန်းထဲဝင်ကြရတဲ့ ထုံးစံတစ်ခုရှိပါတယ်။
ဇာတ်လမ်းထဲမှာတော့ မိခင်နာရေးကအပြန် မိုတယ်မှာဝင်တည်းတဲ့ မိသားစုတစ်စုရယ်၊မိုတယ်မှာ လာချိန်းတွေ့တဲ့ စုံတွဲတစ်တွဲရယ်၊ မိုတယ်ကို ဓားပြတိုက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ရယ်ချောက်ခြားစရာမိုတယ်ကြီးမှာ ဘာတွေဆက်ဖြစ်ကြမလဲ၊လာတည်းတဲ့သူတွေရဲ့ စိတ်ကိုလှည့်စားပြီး ဝိညာဉ်နှုတ်ယူတတ်တဲ့ဒီမိုတယ်ရဲ့နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ။
IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror, Thriller, Mystery အမျိုးအစား ဇာတ်လမ်းဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။...
Babaylan (2023)
⭐IMDB: 3.4/10 (13 Votes)
🎬 #Action #Drama #Fantasy
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 49 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Babaylan (2023)
Babaylan ဆိုတဲ့ဝေါဟာရဟာ ဖိလစ်ပိုင်နတ်ဆရာတွေကိုရည်ညွန်းတဲ့စကားလုံးဖြစ်ပြီးအဆိုပါနတ်ဆရာတွေဟာသဘာဝတရားကြီးကိုအသုံးချနိုင်စွမ်းရှိတဲ့သူတွေပါ။ဖိလစ်ပိုင်နိုင်ငံကိုလိုနီခေတ်မှာ နယ်ချဲ့တွေကိုစတင်တော်လှန်ခဲ့ကြသူတွေက Babaylan နတ်တွေပဲဖြစ်ပါတယ်။ဒီ Babaylan(2023)ကို ဒါရိုက်တာဘိုနာဖာဂျာဒိုကနေရိုက်ကူးတင်ဆက်ထားပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ နတ်ဆရာတွေဟာသူတို့အစွမ်းတွေကိုလက်ဆင့်ကမ်းသယ်လာပြီးနယ်ချဲ့တွေကိုတော်လှန်ရာ နတ်ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျိုဝီဟာ သူချစ်တဲ့သူရဲ့သစ္စာဖောက်တာကိုခံရမှန်းသိလိုက်ရတော့ဒဏ်ရာတွေနဲ့ထွက်ပြေးရင်း ရန်သူတွေသူ့အလောင်းကိုမရပါစေနဲ့လို့ ဘုရားမှာတိုင်တည်ဆုတောင်းလိုက်တယ်။အဲ့မှာ ဆန်းကြယ်စွာပဲ သူ့ဟာအစွမ်းတွေရရှိသွားခဲ့တယ် ။ဒီအစွမ်းတွေကဘာတွေလဲ။လူတွေက ဘာလို့သူ့ကိုလိုချင်ရတာလဲဆိုတာတွေတော့ဇာတ်လမ်းလေးမှာပဲဆက်ပြီးရှူစားတော်မူကြပါခင်ဗျာ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Pyae Phyo Minပဲ ဖြစ်ပါတယ်။...
Asura (2023)
⭐TMDB: 20.0% User Score
🎬 #Action #Crime
🗓 2023 🎞 Movie
🌎 #SouthKorea
⏰ 1 နာရီ 26 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Asura : The War of the Beehair (2023)
ဟွမ်ဆော့မီဆိုတဲ့အမျိုးသမီးက ထောင်ထဲမှာ ခေါင်းဆောင်လည်းဖြစ်တယ် ဆရာကြီးအဆင့်ထိရောက်နေတဲ့သူ..အဲလိုလူကို မျက်စိဆံပင်မွှေးစူးတဲ့သူက ပြဿနာအိုး သူဌေးသမီးဟန်ဆိုဟီး..
ဟန်ဆိုဟီးက ထောင်ထဲရောက်တာတောင် ထောင်စောင့်တွေ ထောင်ဦးစီးတွေကို လာဘ်ထိုးပြီး ဘုရင်မတစ်ပါးလိုနေတာသူ့ကို အပြင်ကမိသားစုကလည်း ထုတ်မပေးတော့ ထောင်ထဲမှာ ပန်ကာ့ထိပ်က ဝက်အူလိုနေရင်း ပြဿနာတစ်ခုပြီးတစ်ခုရှာတော့တာပဲ
ဟန်ဆိုဟီးကိုလည်း ဟွမ်ဆော့မီက သဘောမတွေ့တော့ နောက်ဆုံး လိုက်စုံစမ်းရင်းနဲ့ဟန်ဆိုဟီးထောင်ထဲမှာတောင် တရားမဝင်တဲ့အလုပ်လုပ်နေတာကို သိသွားတဲ့အချိန်မှာဟွမ်ဆော့မီက ဘယ်လိုဖော်ထုတ်မလဲ ဘယ်လိုဖိုက်ကြမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်
ထောင်ထဲမှာ အကျဉ်းသားအချင်းချင်းရော၊ ရဲတွေရော ထောင်စောင့်တွေရောပိုက်ဆံကြောင့် မတရားမှုတွေကိုလုပ်တတ်ကြောင်းကို မီးမောင်းထိုးပြထားတာမို့ ကြည့်လိုက်ကြပါဦးနော်
အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...
Yung libro sa napanood ko (2023)
⭐IMDB: 4.2/10 (36 Votes)
🎬 #Drama #Romance
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 45 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Yung Libro sa Napanood Ko (2023)
ဒီကားလေးကတော့ ဖိလစ်ပိုင် အချစ်ဒရမ်မာကားလေးပါ။ပုံမှန်အချစ်ကားတွေနဲ့ မတူတာတော့ ကြိုပြောထားချင်ပါတယ်။မင်းသမီးက ဖိလစ်ပိုင်က ရောင်းအားအကောင်းဆုံး စာရေးဆရာမလေး ဖြစ်ပါတယ်။သူက Kdrama ဖန်ဖြစ်တာမို့ သူ့ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းကို အခြေခံပြီး ရေးသားထားတဲ့အခန်းနံပါတ် ၁၉ ဆိုတဲ့ စာအုပ်က တအားနာမည်ကြီးပါတယ်။အဲ့မှာပဲ ကိုရီးယားက အိုပါးတယောက်က သူ့စာအုပ်ကို ဖတ်ပြီး သူ့ပရိသတ် ဖြစ်သွားပြီးစာအုပ်လက်မှတ်ထိုးပွဲမှာ လာပြီး မင်းသမီးရဲ့ လက်မှတ်လာထိုင်းခိုင်းတာကနေ ဇာတ်လမ်းစတာပါပဲ။အဲ့မှာ ကိုရီးယားဇာတ်ကား ပရိသတ်မို့ သူ့ဖန်လေးက ကိုရီးယားကို အလည်ခေါ်တော့စာရေးဆရာမလည်း ကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။တကယ်က စာရေးဆရာမလေးကလည်း အိုပါးမှာ မေရီဆိုတဲ့ ရည်းစားရှိနေမှန်း စတွေ့ကတည်းက သိခဲ့တာပါ။အဲ့တော့ စာရေးဆရာမလေးနဲ့ ကင်ချီမြေက သူ့ဖန်လေးတို့ ဇာတ်လမ်းလေး ဘာဆက်ဖြစ်မလဲအိုပါးရဲ့ ရည်းစား မေရီက ဘယ်သူလဲ ဆိုတာ သိချင်ရင်တော့ ဆက်ကြည့်ရှုခံစားလိုက်ပါဦးနော်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Hetangပဲ ဖြစ်ပါတယ်။...
