en
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Werewolves (2024) ⭐IMDB: 4.5/10 (4 k Votes) 🎬 #Action #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #PuertoRico #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Werewolves (2024) ဒါကတော့ ထူးထူးခြားခြားဝံပုလွေလူသား horror လေးလို့ပြောရမှာပါ။ ပုံမှန်၀တ္ထု‌တွေ ဇာတ်လမ်းတွေမှာ ဒါမှမဟုတ် ဆယ်ကျော်သက်တွေကြားရေပန်းစားတဲ့ A/B/O trope အနေနဲ့လည်းတွေ့ဖူးကြမှာပါ။ ဒီ Movie မှာတော့ ပုံမှန်နဲ့ကွာခြားတဲ့လပြည့်ညတစ်ညကြောင့် လရောင်နဲ့ထိတွေ့မိတဲ့သူတိုင်း ဝံပုလွေလူသားတွေအဖြစ်သန္ဓေပြောင်းကုန်ပြီး သူတို့ချစ်ရတဲ့သူတွေ မိသားစုဝင်တွေကိုမှတ်မိနိုင်စွမ်းမရှိ‌တော့ပဲ ပြန်အမဲလိုက်ကြပါတော့တယ်။ ဒါကြောင့်အစိုးရက ညမထွက်ရအမိန့်ထုတ်ပြန်ပြီး လူတွေကိုမိမိတို့အိမ်မှာလုံခြုံစွာနေကြဖို့မှာကြားထားတယ်။ လူတွေကလည်း အိမ်ခြံ၀န်းတွေကိုလုံခြုံအောင်ကာပြီး လရောင်သာမယ့်ညကိုရှင်သန်နိုင်ဖို့အတွက်အတတ်နိုင်ဆုံးပြင်ဆင်ကြရတော့တယ်။ အဲ့ဒီလိုထူးခြားဖြစ်စဉ်ကိုအဖြေရှာဖို့ကြိုးစားနေကြတဲ့အဖွဲ့တစ်ဖွဲ့ကနေပြီး မွန်းစခရင်ဆိုတဲ့သူတို့ဖော်ထုတ်ထားတဲ့ဆေးဟာ လရောင်နဲ့လူသားအ‌ရေပြားထိတွေ့မှုမှာမျိုး ရိုးဗီဇပြောင်းလဲမှုကိုကာကွယ်နိုင်ရဲ့လားဆိုတာ စမ်းသပ်ခံတွေနဲ့စစ်ဆေးကြဖို့လုပ်တော့ အက်စီးဒင့်တစ်ခုဖြစ်ပြီး ဓာတ်ခွဲခန်းအဆောက်အဦးကြီးတစ်ခုလုံးကသန္ဓေ ပြောင်းဝံပုလွေတွေနဲ့ပြည့်သွားတဲ့အခါ အသက်ရှင်ကျန်ရစ်တဲ့ပညာရှင်နှစ်ဦးက ဘယ်လိုလွတ်မြောက်အောင်ကြိုးစားကြမလဲ။ ထိုနှစ်ဦးထဲက ဝေစလေမာရှယ်ဆိုတဲ့အငြိမ်းစားစစ်သားကရော ကွယ်လွန်သွားတဲ့အစ်ကိုဖြစ်သူရဲ့ဇနီးနဲ့သမီးလေးကို ကာကွယ်ဖို့ရန်အချိန်မှီအိမ်ပြန်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှူ့ကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)
...

P2 (2007) ⭐TMDB: 62% User Score 🎬 #Crime #Horror #Thriller 🗓 2007 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 P2 (2007) P2 (2007) ဇာတ်ကားဟာ ကြည့်ဖူးသူမှန်သမျှနီးပါး သဘောကျ ကြိုက်နှစ်သက်ကြတဲ့ Underrated Christmas horror ကားကောင်းတစ်ကားပါ။ကြည့်ဖူးသူတွေပြန်ကြည့်သင့်သလို မကြည့်ရသေးတဲ့လူတွေလည်း လုံး၀မြည်းစမ်းကြည့်သင့်တဲ့ Hidden Horror Movie Gems တွေထဲကတစ်ခုပါပဲ။ ဇာတ်လမ်းကတော့…. အိန်ဂျလာဘရစ်ချ်ဟာ မန်ဟက်တန်မြို့လယ်ခေါင်က ရုံးခန်းအဆောက်အအုံကြီးမှာအလုပ်လုပ်တဲ့မိန်းမလှလေးတစ်ယောက်ဖြစ်ပြီး ခရစ်စမတ်ညနေမှာတော့ အလုပ်တွေမပြီးပြတ်လို့တစ်ယောက်တည်းကျန်နေရစ်ခဲ့ပါတယ်။ သူ့အစ်မ အိမ်မှာ မိသားစုညစာအတူစားဖို့ချိန်းထားတာလည်းရှိတဲ့အတွက် ဖြတ်စရာကိစ္စတွေကိုအမြန်ဖြတ်ရင်း ရုံးခန်းကထွက်ဖို့လုပ်တဲ့အချိန်မှာ ရုံးခန်းတွေကိုလိုက်ပိတ်နေတဲ့ လုံခြုံရေးတစ်ဦးနဲ့ဆုံတဲ့အတွက် အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။ ရုံးခန်းအဆောက်အအုံကြီးရဲ့မြေအောက် ကားပါကင်ကိုရောက်တဲ့အချိန်မှာတော့ သူ့ကားစက်မနိုးနိုင်တာကိုသိလိုက်ရတဲ့အချိန်မှာကားပါကင်စောင့်လူငယ်တစ်ယောက်ရဲ့အကူအညီနဲ့ရုံးပေါ်ပြန်တက်ပြီး တက္ကစီစောင့်ဖို့ကြိုးစားခဲ့ပေမယ့် အဆောက်အအုံကြီးရဲ့ပင်မဂိတ်တံခါးကလည်း သော့ခတ်ထားတဲ့အတွက် အိန်ဂျလာတစ်ယောက်မြေအောက်ကားပါကင်ဆီပြန်ဆင်းလာရတဲ့အချိန်မှာတော့ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တစ်ခုကိုကြုံလိုက်ရပြီးသတိလစ်သွားပါတော့တယ်။ ပြန်လည်သတိရလာမယ့် သူ့အတွက် ကြိုဆိုနေမှာကတော့ သေရာပါစိတ်ဒဏ်ရာရသွားစေမယ့် ခြောက်ချားဖွယ်အတွေ့အကြုံတွေ၊စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ညတစ်ညပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)
...

Family (2023) ⭐IMDB: 6.2/10 (610 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Family 2023 မိသားစု Imdb 6.2 စကားလုံးတွေက အင်မတန်အရေးပါပါတယ်စကားလုံးတစ်လုံးကြောင့်ပဲ အများအပြားပျက်စီးနိုင်သလိုတစ်ခွန်းလေးကြောင့်ပဲ အကုန်လုံးပြောင်းလဲနိုင်တဲ့အထိစွမ်းဆောင်နိုင်ပါတယ် နှစ်ရှည်လများ လူလေးစားခံ အထင်ကြီးခံလာရတဲ့လူတစ်ယောက်ကသူ့ကိုယ်ထဲက မကောင်းစိတ်ရဲ့လွှမ်းမိုးမှုကို လက်ခံလိုက်ရင်သူ့နောက်လိုက်တွေ ဘာများဖြစ်ကုန်မလဲ မကောင်းမှုတွေလုပ်နေတာသိသိကြီးနဲ့ ရေငုံနှုတ်ပိတ်နေနေကြတဲ့ မိသားစု.. မျက်ကွယ်ပြုနေတဲ့အပြင်ကို ကာကွယ်ပေးထားကြပုံတွေအပြစ်တွေပေါ်ကုန်ရင် ရွာရဲ့လေးစားမှုနဲ့ လုပ်ပိုင်ခွင့်တွေဆုံးရှုံးရမှာကြောက်နေကြသတဲ့ အမှားတွေပေါ် အမှားဆင့်ရင်းအပြင်ကမ္ဘာကမမြင်နိုင်တဲ့အတိတ်ရဲ့ဖြစ်ရပ်တွေကြားဘယ်လိုနှစ်ပါးသွားကြမလဲ အနာဂတ်မှာရောဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Cym ~ Star ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်
...

Survival on a Deserted Island (2024) ⭐TMDB: 0% User Score 🎬 #Adventure #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 3 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျွန်းလေး တစ်ကျွန်းပေါ်မှာ အသက်ရှင်ဖို့ ပြေးလွှားနေရတဲ့ မိန်းကလေး ၆ ယောက်……သူတို့ ဘာဖြစ်လို့ ဒီလိုအန္တရာယ်မျိုးနဲ့ ကြုံတွေ့နေရသလဲ…… လီဖုန်ဟာ ရုပ်ရှင်ရိုက်မယ်ဆိုပြီး မိန်းကလေး ၆ ယောက်ကို လူမရှိ အမည်မသိတဲ့ကျွန်းကို ခေါ်လာခဲ့ပါတယ်။ ကျွန်းပေါ်ကို ရောက်ချိန်မှမိန်းကလေးတွေက လီဖုန်ဟာ စိတ္တဇအရူးတစ်ယောက်ဆိုတာ သိခဲ့ရပါတယ်။ ပတ်ပတ်လည်မှာ လူသူမရှိတဲ့ ကျွန်းပေါ်ကနေ သူတို့ ဘယ်လို ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြမလဲ……ဘယ်သူကရော အသက်ရှင်လျက် ဒီကျွန်းပေါ်က အသက်ရှင်လျက် လွတ်မြောက်နိုင်မလဲ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...

Three Kingdoms: Resurrection of the Dragon (2008) ⭐TMDB: 62% User Score 🎬 #Action #Drama #History #War 🗓 2008 🎞 movie 🌎 #China #HongKong #SouthKorea ⏰ 1 နာရီ 43 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်ကတော့ တော်တော်များများသိကြမယ့် တရုတ်သမိုင်းက ဝေ့၊ဝူ၊ရှူဆိုတဲ့ သုံးနိုင်ငံအကြောင်းပါ။ ဒီ Movie ကတော့ သုံးရာစုက တရုတ်သမိုင်းပညာရှင်ချန်ရှို့ရေးသားခဲ့တဲ့ သုံးနိုင်ငံမှတ်တမ်းကို အခြေခံထားတဲ့ နာမည်ကြီးသုံးနိုင်ငံဇာတ်လမ်း၀တ္ထုကို မှီငြမ်းထားပါတယ်။ ဟန်မင်းဆက်ပြိုကွဲအပြီးမှာ တရုတ်ပြည်ကြီးဟာ ဝေ့ ၊ ဝူ ၊ ရှူဆိုပြီး သုံးနိုင်ငံကွဲထွက်သွားခဲ့ပါတယ်။ စစ်တပ်တွေကို ဝေ့ဘက်က စစ်ဘုရင်ချောင်ချောင်း၊ ရှူဘက်က စစ်ဘုရင်လျှိုပေ့နဲ့ ဝူဘက်က စစ်ဘုရင်စွန်းချွမ်တို့အသီးသီးက ဦးဆောင်ကြပါတယ်။ဒီလိုဖရိုဖရဲကာလမျိုးမှာ လျှိုနိုင်ငံကနေ ကျောင့်ကျစ်လုံဆိုတဲ့ သူရဲကောင်းတစ်ဦးပေါ်ထွန်းလာခဲ့ပါတယ်။ ချန်ရှန်းက သာမန်လူငယ်လေးအဖြစ်ကနေ မရေတွက်နိုင်တဲ့စစ်ပွဲများစွာကိုအောင်နိုင်ခဲ့ပြီး နာမည်ကျော် ကျားစစ်သူကြီးငါးယောက်ထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ရှူဘက်က စစ်ဘုရင်လျှိုပေ့ဆီမှာ ချောင်စစ်တပ်ကြောင့် ဇာမဏီအဟုန်ဆီ တပ်ဆုတ်ရတော့ လျှိုပေ့ရဲ့မွေးကင်းစသားလေးကိုကယ်တင်နိုင်ခဲ့တာကြောင့် အသိအမှတ်ပြုခံခဲ့ရပြီး နာမည်စတင်ကျော်ကြားလာခဲ့ပါတယ်။ နောက်ပိုင်း နိုင်ငံသုံးနိုင်ငံကို စစ်ဘုရင်သုံးပါးအုပ်စိုးခဲ့ပြီး လျှိုပေ့သေဆုံးပြီး သားတော်နန်းတက်တော့ ကျစ်လုံက အသက်ကြီးရင့်နေပါပြီ။ အမတ်မင်းကျူးကဲ့က ဧကရာဇ်ငယ်ကို ရန်သူတော်ဝေ့နိုင်ငံကို တိုက်ဖို့တိုက်တွန်းတော့ နောက်ဆုံးသောစစ်ပွဲကိုတိုက်ဖို့ စစ်မြေပြင်ကို ကျောင့်ကျစ်လုံ ပြန်ချီတက်လာတဲ့အခါ မဟာရန်သူတော်ချောင်ချောင်းရဲ့ မြေးမလေးချောင်ယင်နဲ့ ဇာမဏီအဟုန်မှာ တစ်ဖန်ပြန်ဆုံတွေ့ဖို့ဖြစ်လာပါတော့တယ်။ အဖိုးလောက်နီးနီးဉာဏ်များတဲ့ ချောင်ယင်နဲ့ တစ်မိုးအောက်တစ်ယောက်အရှုံးမရှိစစ်သူကြီးကျောင့်ကျစ်လုံ ဘယ်လိုရင်ဆိုင်သွားမလဲ ရှုစားကြည့်လိုက်ကြပါရှင့်။ ဒီဇာတ်လမ်းကို ဟောင်ကောင်၊တရုတ်ပင်မနဲ့ တောင်ကိုရီးယားတို့က ပူးပေါင်းထုတ်လုပ်ခဲ့ပြီး Cast တွေအနေနဲ့ ကျောင့်ကျစ်လုံအဖြစ် Andy Lau , ဖင်အန်းအဖြစ် Sammo Hung နဲ့ ချောင်ယင်အဖြစ် Maggie Q တို့က ပါ၀င်ထားပါတယ်။ သုံးနိုင်ငံအကြောင်းစိတ်၀င်စားတယ်ဆိုရင်တော့ လက်မလွှတ်သင့်ပါဘူး။ Old but gold movie တစ်ခုပါပဲ။
...

Magpie (2024) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Thriller #Drama 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ အိမ်ထောင်ရေးသည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပြီး အန်နက်ဒ်ဆိုတဲ့ အမျိုးသမီးနဲ့ ဘန်ဆိုတဲ့အမျိုးသားတို့ရဲ့ အိမ်ထောင်ရေး အပေါ် အခြေခံရိုက်ကူးထားပါတယ်။ အန်နက်ဒ်ဟာ မက်တီလ်ဒါနဲ့ လူးကပ်စ်ဆိုတဲ့ ကလေးနှစ်ယောက်ကို မွေးပြီး အိမ်မှာပဲ ကလေးထိန်းကျောင်းဖို့အတွက် အလုပ်ထွက်ထား ရတဲ့သူဖြစ်ပါတယ်… နေထိုင်ရာအိမ်ကိုလည်း စာရေးဆရာဖြစ်တဲ့ အမျိုးသားဘန်က တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ နေချင်တယ်ဆိုတဲ့အတွက်ကြောင့် နယ်ဘက်ကို ပြောင်းရွှေ့လာရတဲ့အတွက် အန်နက်ဒ်ရဲ့နေ့စဉ်ဘဝက ကလေးထိန်းရင်း အိမ်မှာနေရင်းနဲ့ စိတ်မတည်ငြိမ်မှုတွေ ဖြစ်လာပါတယ်… အဲဒီအချိန်မှာ သူတို့သမီးဖြစ်သူ မက်တီလ်ဒါလေးက ကလေး သရုပ်ဆောင်နေရာကနေ ဝင်အရွေးခံရင်း နာမည်ကြီးမင်းသမီး တစ်လက်နဲ့အတူ ရုပ်ရှင်ရိုက်ကူးရဖို့ ဖြစ်လာပါတယ်… ရိုက်ကူးရေးမသွားခင် တစ်ညမှာပဲ အဲဒီမင်းသမီးရဲ့ အတွင်းရေး ဗီဒီယိုတစ်ခုက ပေါက်ကြားလာတာကို အမျိုးသားဖြစ်သူဘန်က ကြည့်ရှုရင်း သဘောကျနှစ်ခြိုက်တဲ့ပုံပေါ်နေခဲ့ပါတယ်… အဲဒီလိုနဲ့ သမီးဖြစ်သူကို ရိုက်ကွင်းလိုက်ပို့ရင်း မင်းသမီးဖြစ်သူ အပေါ် စွဲလမ်းလာတဲ့ သူ့ယောကျ်ား ဘန်… ပြောလိုက်တဲ့စကားတိုင်းမှာ မင်းသမီးအလီဆီယာရဲ့ နာမည် မပါရင်မပြီးတဲ့ သမီးဖြစ်သူ မက်တီလ်ဒါ… ဒီလိုမူမမှန်မှုတွေကို သတိပြုမိလာတဲ့ အန်နက်ဒ်က ယောကျ်ားနဲ့ မင်းသမီးဖြစ်သူကို ဘယ်လိုစုံစမ်းမလဲ… ဘယ်လိုရွေးချယ်မှုတွေပြုလုပ်သွားမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီတိုင်းကြည့်ရင် အစမှာပျင်းတယ်လို့ထင်ရစေနိုင်ပေမဲ့ Plot Twist ပါဝင်တဲ့ ကောင်းမွန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်
...

The Wig (2005) ⭐TMDB: 53% User Score 🎬 #Drama #Horror #Mystery 🗓 2005 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 43 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Wig (2005)***************Horror ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ၂၀၀၅ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Wig ဆိုတဲ့ ဇာတ်လမ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ .. မတော်တဆမှုတစ်ခုကြောင့် အသံဆုံးရှုံးလိုက်ရတဲ့ ဂျီဟျွန်းဟာ ကင်ဆာရောဂါသည်ဖြစ်တဲ့ညီမဖြစ်သူ ဆူဟျွန်းကို ပြုစုစောင့်ရှောက်ပေးနေပါတယ်။ ရောဂါကုထုံးကြောင့်ဆံပင်တွေအားလုံးကို ဆုံးရှုံးလိုက်ရတဲ့ ဆူဟျွန်းကို ဆံပင်တုလေးတစ်ခု လက်ဆောင်ပေးလိုက်တဲနောက်မှာပဲ သူတို့ညီမနှစ်ယောက်ဟာ ပြောင်းလဲသွားခဲ့ပါတယ်။ ဆံပင်တုကို တပ်ပြီးတဲ့နောက်မှာ ဆူဟျွန်းဟာ ရောဂါသည်တစ်ယောက် မဟုတ်တော့ဘဲသာမန်လူတစ်ယောက်လို လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ ဒါ့အပြင် အပြုအမူတွေပါပြောင်းလဲလာတဲ့ ဆူဟျွန်းကို ဂျီဟျွန်းက စိုးရိမ်စွာနဲ့ စောင့်ကြည့်လိုက်တဲ့အခါမှာဆံပင်တုနဲ့ သက်ဆိုင်နေတယ်ဆိုတာကို သိရှိသွားခဲ့ပါတယ် .. ဒီတော့ ဆံပင်တုကြောင့် ဆူဟျွန်းတစ်ယောက် ဘယ်လိုတွေ ပြောင်းလဲသွားတာလဲ။ ဂျီဟျွန်းကလည်း သူ့ညီမကို ဘယ်လိုတွေ ကာကွယ်ပေးသွားမလဲ။ ဆူဟျွန်းရဲ့ဆံပင်တုမှာ ဘယ်လိုနောက်ကြောင်းတွေ ရှိခဲ့တာလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ပါဦနော် .. (အညွှန်းကို Estel မှ ရေးသားထားပါတယ်)
...

Herb (2007) ⭐TMDB: 71% User Score 🎬 #Comedy #Drama #Melodrama #Romance 🗓 2007 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Herb (2007)************* 2007 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီကားလေးကတော့ Chunsa Film Art Awardsအပါအဝင် Best New Actor Award ,Excellent Actor Award ဆုတွေပါရရှိထားပြီး Cast တွေအနေနဲ့ကလည်း မင်းသမီးကြီး Bae Jong-Ok ,ချစ်စရာမင်းသမီးလေး Kang Hye -Jung နဲ့ မင်းသားချော Jung Kyung -Ho တို့မှအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ~ ချာဆန်းအွန်းဆိုတဲ့ အသက်၂၀ အရွယ်ကောင်မလေးဟာ ရုပ်လေးလည်း လှသလိုစိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့အပြင် စက္ကူရုပ်မျိုးစုံကိုလည်း ခေါက်တတ်တဲ့ပါရမီပါသူလေးပါ။ ဒီလို ပြီးပြည့်စုံပေမဲ့လည်း သူမဟာ ဉာဏ်ရည်နှောင့်နှေးတဲ့ရောဂါကိုခံစားနေရတာကြောင့် အသက် ၇နှစ်အရွယ် ဉာဏ်ရည်ကိုသာ ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ် ။ ဒီလိုမျိုး လူ့လောကအကြောင်းကို အပြည့်အဝနိုင်လည်နိုင်စွမ်းမရှိဘဲ ပုံပြင်ထဲကမင်းသားလေးကိုပဲ စောင့်မျှော်နေပြီး ကလေးတစ်ယောက်လို ဖြူစင်လှတဲ့ဆန်းအွန်းလေးကိုယ်တိုင် အရာရာကို ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်ဖို့ အတွက်သူမ အရမ်းချစ်ရတဲ့အမေက အမြဲတမ်း သင်ကြားပေးနေတတ်ပါတယ် ။ တစ်နေ့မှာတော့ တွေ့သမျှ မိန်းကလေးချောချောလှလှလေးတွေကို လိုက်ကြောင်တတ်တဲ့ဂျုံဘမ်းဆိုသူ လူရှုပ်လေးက ဆန်းအွန်းကို ရှေ့နေလို့အထင်မှားသွားပြီး ပညာအရည်အချင်းရှိတဲ့မိန်းမလှလေးဆိုပြီး လိုက်ကြောင်ရာကနေ ဆန်းအွန်းရဲ့ ရောဂါအကြောင်းကိုသိသွားပြီးနောက်မှာတော့ ထွက်ပြေးသွားခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ ဂျုံဘမ်းကို သူစောင့်မျှော်နေခဲ့ရတဲ့ မင်းသားလေးလို့ထင်ပြီး သဘောကျမိသွားတဲ့ဆန်းအွန်းလေးဟာ ချစ်ရသူကြောင့် စိတ်ထိခိုက်သွားရတဲ့အပြင် သူမအမေရဲ့သတင်းဆိုးကိုပါ သိသွားပြီးနောက်မှာတော့ …. ဂျုံဘမ်းက ဆန်းအွန်းဆီ ပြန်လာပါ့မလား…. အမေဖြစ်သူရဲ့သတင်းဆိုးကနေတစ်ဆင့် ဆန်းအွန်းလေးမှာ ဘာတွေပြောင်းလဲလာမလဲ .. ၁၅၀၀ မေတ္တာအပြင် ၅၂၈ မေတ္တာကိုပါ ရယ်ရင်းငိုရင်း အပြည့်အဝကြည့်ရှုခံစားရမဲ့ကားကောင်းလေးဖြစ်တာကြောင့် CM ကနေ ကွာလတီကောင်းကောင်းနဲ့တင်ဆက်ပေးလိုက်ရပါတယ်….. (အညွှန်းကို Su Sandi မှ ရေးသားထားပါတယ်)
...

Wild Things: Foursome (2010) ⭐TMDB: 51% User Score 🎬 #Crime #Drama #Mystery 🗓 2010 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wild Things: Foursome (2010) IMDb Rating (4.4) / Rotten Tomatoes (23%) Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက် သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။ နောက်ဆုံးကားနဲ့လေးကားမြောက်ဖြစ်တဲ့ Wild Things: Foursome 2010 မှာတော့..ကာဆင်ဝှိတ်လီဆိုတဲ့ ဖခင်ဖြစ်သူကိုမကျေမနပ်နဲ့အရွဲ့တိုက်ပြီး ပျော်ပါးသုံးဖြုန်းနေတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား သူဌေးသားလေးကိုတွေ့မြင်ရမှာပါ။ အဖေလစ်ပြီဆိုတာနဲ့ အိမ်ကြီးထဲမှာ ပါတီတွေပေးသလို ဘော်ဒါတွေ ပြိုင်ဘက်တွေနဲ့လည်းအလောင်းအစားနဲ့လှေပြိုင်ပွဲတွေ လုပ်လေ့ရှိတတ်ပါသေးတယ်။ တစ်နေ့တော့ ပြိုင်ကားဝါသနာပိုင်ရှင် သူ့ဖခင်ပြိုင်ကားမတော်တဆမှုနဲ့သေဆုံးခဲ့ရာကနေ သေတမ်းစာမှာ မျှော်လင့်မထားတဲ့အဖြစ်တွေနဲ့တွေ့ကြုံရပါတော့တယ်။ အဲ့ဒါကတော့ သူ့အဖေဟာ အသက် ၃၀ မပြည့်မချင်းလက်မထပ်ဘူးဆိုရင် သူ့အတွက် ငွေတစ်ပြားတစ်ချပ်မှထုတ်ယူသုံးစွဲခွင့်ပေးမထားတာပါပဲ။ အဲ့ဒီကြားမှာမှ ပါတီတစ်ခုမှာသူနဲ့အီစီကလီလုပ်ဖူးတဲ့ မိန်းကလေးတစ်ယောက်က သူ့ကိုမုဒိမ်းကျင့်ပါတယ်ဆိုပြီး စွပ်စွဲပြီး တရားရုံးအထိခေါ်လာတဲ့အချိန်မှာတော့ ချောင် ပိတ်မိသွားတဲ့ကာဆင်တစ်ယောက်ထွက်ပေါက်ရှာဖို့ဖြစ်လာခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ ဒီဖြစ်စဉ်တွေအားလုံးဟာ ရိုးရှင်းရဲ့လား? ဘယ်ဖြစ်ရပ်ဟာ ဘယ်တစ်ယောက်ရဲ့လှည့်ကွက်အကြံအစည်လဲ? ဘယ်သူကရော ဘယ်လောက်အထိအပြစ်ကင်းနိုင်မှာလဲ အစရှိတာတွေကိုဇာတ်လမ်းထဲမှာ ဆက်ပြီးအဖြေရှာရမှာဖြစ်ပါတယ်။ (အရင်ကားတွေနဲ့မတူကွက်ကွက်ကွင်းကွင်းချစ်တင်းနှောခန်းတစ်ခုပါနေတဲ့အတွက်မိသားစုနဲ့ကြည့်ရင်သတိထားစေချင်ပါတယ်) (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

The Great Gatsby (2013) ⭐IMDB: 7.2/10 (613 k Votes) 🎬 #Drama #Romance 🗓 2013 🎞 movie 🌎 #Australia #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 22 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Great Gatsby (2013) (၁) တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က… လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့… အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို… ဝေးသွားသလိုလို…။ (၂) ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။ (၃) ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ ” သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ”တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။ (၄) မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ သူမျှော်လင့်တဲ့အနာဂတ်တစ်ဖြစ်လဲ သူ့အိပ်မက်တစ်ဖြစ်လဲ ဒီအလင်းပွင့်စိမ်းကလေးဆီ ဂတ်စ်ဘီ ခရီးရှည်ကြီးကိုဖြတ်သန်းပြီး လာခဲ့တယ်။ သူဟာ မျှော်လင့်ချက်တစ်ခု အချစ်တစ်ခုနဲ့ ဒါကိုတာက တဲကုပ်ကလေးကနေ ကျွန်တော်ကျောခိုင်းထားတဲ့ စံအိမ်ကြီးဆီအထိ အရောက်လှမ်းခဲ့တယ်။ ကျွန်တော့်ရောင်းရင်းကြီး ဂတ်စ်ဘီဟာ ဒီလောက်ထိမျှော်လင့်ချက်ကြီးခဲ့ အချစ်ကြီးခဲ့ ဝဋ်ကြီးခဲ့တဲ့သူပါ။ ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှလူတွေထဲ ဂတ်စ်ဘီဟာ မျှော်လင့်ချက်အကြီးဆုံးလူလို့ ကျွန်တော်ပြောရဲတယ်။ (၅) ဂတ်စ်ဘီရဲ့ ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်ညီမဝမ်းကွဲ ဒေစီလို့ပြောရင်လည်း မမှားဘူးပေါ့။ ကျွန်တော် ဂတ်စ်ဘီကို ပထမဆုံးတွေ့တာက နယူးယောက်က ပါတီတစ်ခုမှာပါ။ နယူးယောက်ဆိုတာထက် ဝက်စ်အက်ဂ်ပေါ့ဗျာ။ ဒေစီကတော့ ဝက်စ်အက်ဂ်နဲ့ ပင်လယ်အော်ကြီးခြားထားတဲ့ တစ်ဖက်ကမ်းက အိစ်အက်ဂ်မှာနေတယ်။ ဘယ်လောက်ပဲချမ်းသာပါစေ ခေတ်ပျက်သူဌေးတွေဟာ မျိုးနဲ့ရိုးနဲ့ချမ်းသာတဲ့ လူကုံထံတွေနေတဲ့ အိစ်အက်ဂ်ကို မကပ်နိုင်ခဲ့တာများလားပါပဲ။ ကျွန်တော့်ရောင်းရင်းကြီး ဂတ်စ်ဘီဟာ ဒေစီနဲ့နီးချင်လို့ ဒေစီ့အိမ်တစ်ဖက်ကမ်းက အိမ်ကိုဝယ်ခဲ့တယ်။ တစ်နေ့နေ့မှာ ဒေစီများ ရောက်လာမလားဆိုပြီး ခြိမ့်ခြိမ့်သဲစည်ကားတဲ့ ပါတီကြီးတွေပေးခဲ့တယ်။ သူငါးနှစ်လုံး အရိပ်မှမမြင်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အတွက် ဒီလောက်ထိလုပ်ခဲ့တဲ့သူပါ။ ဒေစီ့ကိုချစ်မိခဲ့တဲ့ လွန်ခဲ့တဲ့ငါးနှစ်ကစပြီး ဂတ်စ်ဘီဟာ သူ့ဘဝတစ်ခုလုံးကို ဒေစီ့ပေါ်ပုံအောလိုက်တဲ့အထိ အချစ်ကြီးခဲ့တဲ့သူပါပဲ။ (၆) နယူးယောက်က Queensboro တံတားကြီးကို ဖြတ်လိုက်ပြီးတာနဲ့ ဘာမဆိုဖြစ်လာနိုင်မယ်လို့ ကျွန်တော်ထင်မှတ်မှားခဲ့သလို ဂတ်စ်ဘီလည်း သူဘာမဆိုဖြစ်လာနိုင်မယ်လို့ ထင်မှတ်မှားခဲ့ပုံပါပဲ။ ဘယ်လိုပဲ အတိတ်ကံမကောင်းခဲ့ပါစေ ဒေစီနဲ့အတူ အတောက်ပဆုံးအနာဂတ်လေးကို ဖန်တီးနိုင်လိမ့်မယ်လို့ ဂတ်စ်ဘီ ထင်မှတ်ခဲ့တယ်။ တစ်ချိန်က တိမ်လိုလေလို လွင့်သွားခဲ့တဲ့ သူတို့ရဲ့ ချစ်ကမ္ဘာကြီးကို ပြန်တည်ဆောက်နိုင်မယ်လို့ ဂတ်စ်ဘီ ယုံကြည်ခဲ့တယ်။ ဒီလောကကြီးဟာ ကျွန်တော်တို့ထင်သလို လည်ပတ်နေတာ မဟုတ်ခဲ့တာကိုတော့ ဂတ်စ်ဘီရော ကျွန်တော်ရော မသိခဲ့ကြဘူးပေါ့။ ဒီမြက်ခင်းလဲ့ပြာတွေဆီအထိ ခရီးရှည်ကြီးလာခဲ့ရတဲ့ ဂတ်စ်ဘီဟာ ဝက်စ်အက်ဂ်နဲ့ အိစ်အက်ဂ်ကြားက ပင်လယ်အော်လေးကိုတော့ ဘယ်လိုမှ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ သူ ဘယ်လိုပဲကြိုးစားပြေးလည်း ဒေစီဆိုတဲ့ မီးပွင့်စိမ်းလေးဟာ သူ့အနောက်မှာ ကျန်ရစ်ခဲ့ပြီးသားဖြစ်နေလေတော့ သူ ဘယ်လိုမှ လက်လှမ်းမမီနိုင်ခဲ့ဘူးပေါ့။ (၇) သူမမီနိုင်ပါတဲ့ အိပ်မက်ကလေးနောက် ဂတ်စ်ဘီလိုက်ခဲ့တယ်။ သူ့အိပ်မက်ကလေးဟာ သူ့မျက်စိရှေ့တင်ရောက်နေပြီလို့ သူထင်ခဲ့တယ်။ ကျိန်းသေပေါက်ဖမ်းဆုပ်နိုင်ပြီလို့ ထင်မှတ်မှားခဲ့တယ်။ စစကတည်းကိုက သူ့အိပ်မက်ကလေးဟာ သူ့နောက်မှာ ကျန်ရစ်ခဲ့ပြီးသားဖြစ်နေတာကိုတော့ သူမသိခဲ့ပုံပါပဲ။ အလင်းပွင့်စိမ်းကလေးကို ဂတ်စ်ဘီ ယုံကြည်မျှော်လင့်ခဲ့ဖူးတယ်။ အလင်းပွင့်စိမ်းကလေးဟာ ကျွန်တော်တို့မျက်စိရှေ့တင်ပဲ တစ်စထက်တစ်စ မှေးမှိန်လာရင်း အဆုံးကျ ဂတ်စ်ဘီ လက်လွှတ်လိုက်ရတာပါပဲ။ ပသို့ပဲဆိုဆို ဂတ်စ်ဘီဟာ အရင်လိုဘ၀အစမှာ ပြန်ပြီးနေခွင့်ရခဲ့လည်း ဒေစီ့အတွက် အပြန်တစ်ရာမိုက်ဦး အဖန်တစ်ရာမှားဦးမယ့် သူဆိုတာ ကျွန်တော်သေချာနေတယ်။ (၈) ခင်ဗျားကို ကျွန်တော် “အတိတ်ကို ပြန်ပြင်လို့မရဘူး”လို့ ပြောတုန်းက “အတိတ်ကို ပြန်ပြင်လို့မရဘူးဆိုတဲ့ ခင်ဗျားအယူအဆမှားတယ်ဗျ”လို့ ခင်ဗျား ကျွန်တေ...

Caddo Lake (2024) ⭐IMDB: 6.9/10 (34 k Votes) 🎬 #Drama #Mystery #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rating အရမ်းကောင်း‌တဲ့အပြင် Dylan O’Brien(ပဲရစ်)၊ Eliza Scanlen (အယ်လီ) တို အဓိက သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်မှာတော့ အသက် ရှစ်နှစ်အရွယ်ကလေး‌မလေး အန်နာတစ်ယောက်၊ ရေကန်အတွင်းမှာ ပျောက်ဆုံးပြီးတဲ့နောက်၊ သူ့ကိုရှာဖွေရင်းနဲ့ မထင်မှတ်ထားတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ရင်ဆိုင်‌တွေ့ကြရပြီး အတိတ်နဲ့လက်ရှိကာလက အဖြစ်အပျက်တွေ အားလုံးရဲ့ ဆက်သွယ်ချက်ဟာ ကတ်ဒိုရေကန်ထဲမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတာကို သည်းထိပ်ရင်ဖို ကြည့်ရှုသွားရမဲ့ Mystery , thriller ဇာတ်လမ်းတစ်ခုပါပဲ။
...

Manchester by the Sea (2016) ⭐IMDB: 7.8/10 (326 k Votes) 🎬 #Drama 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 18 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Manchester by the Sea (2016) IMDb Rating (7.8) / Rotten Tomatoes (96%) အခုတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ အောစကာဇကာာတင်စာရင်းမှာ ဝင်ခဲ့ပြီးအကောင်းဆုံးဇာတ်ကားဆုကိုဆွတ်ခူးရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီဇာတ်ကားမှာဆိုရင် လီချန်ဒလာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသားကြီး Casey Affleck ဟာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ ဇာတ်ကားဟာလဲ တခြား ရုပ်ရှင်ဆုပေါင်း ၁၂၈ ဆု နဲ့၂ ၅၉ ကြိမ်ထိ ဇကာတင်စာရင်းမှာဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားလေးက သာမန်ဒရာမာကားတွေထက်ပိုပြီးတော့ တူဖြစ်သူနဲ့ ဦးလေးကြားဆက်ဆံရေးဦးလေးဖြစ်သူ လီ နဲ့ အတိတ်က အကြောင်းအရာတွေအိမ်ထောင်ရေး ပြသနာတွေ၊ အစ်ကိုဖြစ်သူသေဆုံးမှုကြောင့် ဝမ်းနည်းမှုကြားက ကိုယ့်ကိုကိုယ်လမ်းပျောက်နေသူတစ်ဦး၏တရားဥပဒေအရ တူဖြစ်သူကိုထိန်းသိမ်းစောင့်ရှောက်ခွင့်အပ်နှင်းခံရသူတယောက်ရဲ့အကြပ်အတည်းတွေနဲ့နေ့စဉ်တွေ့ကြုံနေကြလူနေမှု ဘဝတွေကိုပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လီချန်ဒလာဟာ ဘောစတွန်မြို့မှာ တိုက်လေးတိုက်ကို ပြုပြင်ထိန်းသိမ်းရေး တာဝန်ကိုယူရသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ မူရင်းဇာတိဖြစ်တဲ့မန်ချက်စတာမြို့ကနေ အကြောင်းတစ်ခုကြောင့်လာရောက်ဇာတ်မြှုပ်နေထိုင်နေသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့တနေ့မှာ လီ ရဲ့ အစ်ကို ဂျိုးချန်ဒလာနှလုံး ရောဂါဖောက်ပြီး မထင်မှတ်ပဲ ကွယ်လွန်သွားခဲ့ပါတယ်။ အစ်ကိုဖြစ်သူကွယ်လွန်သွားခဲ့တဲ့အခါမှ တူဖြစ်သူ ၁၆နှစ်သားပက်ထရစ်ဟာ ဦးလေးဖြစ်သူ လီ ရဲ့အုပ်ထိန်းမှုအောက်မှာနေထိုင်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ်။ ပက်ထရစ် ဟာ ကောင်မလေးများနဲ့ပွေရှူပ်သူတစ်ယောက်ဖြစ်ပြီး ‌ကျောင်းမှာလဲ ပေါပြူလာဖြစ်သူတစ်ဦးပါ။ လီ ဟာ လဲ အတိတ်က အကြောင်းတစ်ခုကြောင့် မန်ချက်စတာမြို့ကနေဇာတ်မြုပ်ပြီးဘောစတွန်မြို့မှာပြောင်းရွေ့အချေချနေထိုင်သူတစ်ဦးဖြစ်တာကြောင့် လီဟာ တူဖြစ်သူကိုခေါ်ပြီး ဘောစတွန်မြို့မှာပြောင်းရွေ့နေထိုင်ဖို့ လုပ်ဆောင်ရာမှ တူဖြစ်သူကလဲ ပြောင်းရွေ့နေထိုက်ဖို့ရာလက်မခံတဲ့ အခါမှာတော့.. ကဲ.. ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်ရှု့လိုက်ပါတော့ဗျာ။
...

A relative who was staying with us took advantage – Kitsunai Hinata (FPRE-068-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 28 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နုယွတဲ့ JAV မင်းသမီးတွေကြား Kitsunai Hinata က မမကြီးလို့ပြောလို့ရတဲ့ဂိုက်ဆိုက်နဲ့ပါ။ ဒါပေမယ့် ဝါရင့်သရုပ်ဆောင်ပီပီ ဆိုက်ပြည့်တင်းပြည့် သက်ဝင်မှုအပြည့်နဲ့ ရိုက်ကူးတတ်ပါတယ်။ FPRE-068-Decensored ဒီဇာတ်လမ်းမှာတော့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်တွေကိုမြင်တွေ့ရမှာဖြစ်ပြီး ဘက်မရွေးတဲ့ မမကြီးအဖြစ် အကြမ်းစားသရုပ်ဆောင်ပြသွားပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ကြည့်ရှုဖို့သာဖြစ်ပြီး အပြင်လောကနဲ့ဆက်စပ်မှုမရှိကြောင်းကြိုတင်သတိပေးအပ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

Tom and Jerry Blast Off to Mars! (2005) ⭐TMDB: 65% User Score 🎬 #Adventure #Animation #Comedy #Action #Family #SciFi 🗓 2005 🎞 video movie 🌎 #UnitedStates #Philippines #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းက တွမ်နဲ့ဂျယ်ရီတို့ အင်္ဂါဂြိုဟ်ပေါ် ရောက်သွားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိမရှိ စစ်ဆေးဖို့အတွက် အာကာသလေ့လာရေးယာဉ်တစ်စီး စေလွှတ်ထားရာ အဲဒီယာဉ်ပေါ်မှာ တွမ်နဲ့ ဂျယ်ရီနှစ်ကောင်လုံးပါသွားခဲ့ပြီး အင်္ဂါဂြိုဟ်ပေါ်မှာပဲ သူတို့နှစ်ကောင်လုံး ကျန်ခဲ့ရာ တကယ့် အင်္ဂါဂြိုဟ်သား အစစ်တွေနဲ့ တွေ့ပြီး ဖမ်းဆီးခံလိုက်ရပါတယ်။ အင်္ဂါဂြိုဟ်သားတွေက သူတို့နှစ်ကောင်ကိုအင်္ဂါဂြိုဟ်ပေါ် ကျူးကျော်လာတဲ့ ကမ္ဘာသားတွေလို့ ယူဆပြီး ကမ္ဘာဂြိုဟ်ကို လက်စားချေတဲ့အနေနဲ့ ပြန်ကျူးကျော်ဖို့ဆုံးဖြတ်ပြီး တိုက်ခိုက်လာကြတဲ့အတွက် ကမ္ဘာဂြိုဟ်ကို ပြန်ကာကွယ်ဖို့ တွမ်နဲ့ဂျယ်ရီတို့ ကြိုးပမ်းရပါတော့တယ်။
...

Thaanara (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thaanara (2024) “အမှုပွေတဲ့ ညတစ်ည” ခေတ်ကျပ်ကြီးထဲမှာ စိတ်ညစ်စရာတွေ ခဏဖယ်ထားပြီး ခဏတာရယ်မောရစေမဲ့ဘောလိဝုဒ်ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မတူညီတဲ့ ဘ၀အဖုံဖုံကို အတည်အ‌ပေါက်လိုလိုနဲ့ ဟာသနှောပြီး တင်ဆက်ထားတာ ဖြစ်ပါတယ်။စစချင်းမှာပါလာတဲ့ နိုင်ငံရေးအကြောင်းတွေကိုကြည့်ပြီးအတည်အပေါက်လို့တော့ မထင်လိုက်ပါနဲ့ဦး။နောက်ပိုင်း အခွီတွေချည်း ဆက်တိုက်လာမှာပါ။ ဇာတ်လမ်းမှာ အတိုက်အခံပါတီအမတ်တစ်ဦးဖြစ်တဲ့ အာဒါ့ရှ်ဟာအလုပ်ခရီးတစ်ခုဗန်းပြပြီး အမိုက်စားစကီလေးတစ်ဗွေနဲ့အိမ်ကိုပြန်လာပါတယ်။ဖြစ်ချင်တော့ သူခရီးသွားတဲ့သတင်းကြောင့် သူ့အိမ်မှာ သူခိုးတစ်ယောက်‌ရောက်နေပါတယ်။ သူခိုးကလည်း အိမ်ရှင်တွေမရှိတာကြောင့် စားလိုက်သောက်လိုက်ထင်တိုင်းကျဲနေတော့တာပေါ့။ အာဒါ့ရှ်နဲ့ စကီလေးတို့အိမ်ရောက်လာချိန်မှာတော့ စည်းစိမ်ယစ်နေတဲ့ သူခိုးခမျာ ဘုံပျောက်ပါတော့တယ်။အဲဒီနောက် မမျှော်လင့်ဘဲ အိမ်ကို နောက်ထပ်ရောက်ချလာသူကတော့ အာဒါ့ရှ်ရဲ့မိန်းမပါပဲ။ ဒီလိုနဲ့ အိမ်တစ်လုံးထဲမှာ လွှတ်တော်အမတ်ရယ်၊စကီလေးတစ်တစ်‌ဗွေရယ်၊ အမတ်ဇနီးရယ်၊ သူခိုးတစ်ယောက်ရယ်ဘယ်လိုတွေ ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုတွေကမောက်ကမဖြစ်ကုန်မလဲဆိုတာကို ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)
...

Strawberry Shortcake's Spring Spectacular (2024) ⭐IMDB: 6.4/10 (37 Votes) 🎬 #Animation #Family 🗓 2024 🎞 tv movie 🌎 #UnitedStates ⏰ 46 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Strawberry Shortcake’s Spring Spectacular က ကလေးတွေနဲ့ မိသားစုများအတွက် ပျော်စရာကောင်းပြီး စိတ်ဝင်စားဖွယ် ကာတွန်းဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို MGA Entertainment နှင့် Iconix Entertainment တို့က ထုတ်လုပ်ပြီး animation ကို DHX Media (အခု WildBrain) မှ တာဝန်ယူထားတာဖြစ်ပါတယ်….. ဇာတ်လမ်းလေးကတော့ Strawberry Shortcake နဲ့ သူငယ်ချင်းတသိုက် နွေဦးပွဲတော်အတွက် ဘယ်လိုပေါင်းစည်းစုရုံးပြီး ပြင်ဆင်ကြလဲဆိုတာကို ရိုက်ပြတင်ဆက်ပေးထားတာဖြစ်ပါတယ်။ အရောင်အသွေးစုံ animation များ စိတ်ဖိစီးမှုမရှိတာတွေ သီချင်းတွေကတော့ ပိုမိုထူးခြားစေပါတယ် ကလေးများအတွက် အထူးသင့်တော်ပါတယ်။ မိသားစုနှင့်အတူ ပျော်ရွှင်စွာကြည့်ရှုနိုင်ပြီး Strawberry Shortcake ချစ်သူများအတွက် အကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပါ
...

Bored Games (2024) ⭐IMDB: 4.5/10 (80 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 16 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bored Games (2024) လန်ဒန်မြို့တစ်နေရာ ညချမ်းတစ်ခုမှာ စုံတွဲနှစ်တွဲဟာမိုနိုပိုလီလိုမျိုး မိသားစုဂိမ်းဆော့နေကြပါတယ်။ အဲ့ညမှာပဲ လန်ဒန်မြို့ဟာ နိုင်ငံရေးကမောက်ကမ အဓိကရုဏ်းတွေဖြစ်ပြီး စစ်တလင်းပြင်လို ချက်ချင်းဖြစ်သွားပါတော့တယ်။ ပြည်သူတွေပြေးကြပုန်းကြနဲ့အဲ့စုံတွဲတွေဟာလဲ သူတို့ဥယျာဉ်ထဲမှာဆောက်ထားတဲ့ ဘန်ကာမြေအောက်ခန်းထဲဝင်ပြေးရတော့တာပေါ့။ သူတို့အိမ်နီးချင်းစုံတွဲတစ်တွဲပါ ဝင်ခိုအောင်းကြရာကနေ သူတို့တွေအဲ့ဘန်ကာထဲမှာဘယ်လိုဆက်ရှင်သန်ကြမလဲ ဘုတ်ဂိမ်းကတော့အဆော့မပျက်ကြပေမဲ့ သူတို့ထဲက တစ်ယောက်ကသစ္စာဖောက်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ သွေးထွက်သံယို sence တွေနဲ့ ကြည့်ရှုရမဲ့ survival thriller ပုံစံ ဇာတ်ကားမျိုးဖြစ်ပါတယ်။ ခံစားကြည့်ရှုလိုက်ကြပါအုံးရှင်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Shwe Eain Si ဖြစ်ပါတယ်။)
...

Tekka (2024) ⭐IMDB: 6.2/10 (2 k Votes) 🎬 #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tekka 2024 ကောက်ရိုးတစ်မျှင် IMdb 6.4/10 လောကကြီးက တစ်ခါတလေ အရာရာကိုစွန့်လွှတ်ဖို့တွန်းအားပေးလာချိန်မှာ ဆင်ခြင်တုံတရားကို အမှောင်ဖုံးလို့လုပ်မိလုပ်ရာ ကောက်ရိုးတစ်မျှင်ကို ဆွဲမိတတ်ကြပါသတဲ့။ လူ့အဆင့်အတန်းရဲ့ အောက်ဆုံးအလွှာက ဒေါသအိုးသန့်ရှင်းရေးသမားလေးအစ်လက်ခ်တစ်ယောက်အထက်လူကြီးတွေရဲ့ သက်သက်မဲ့စော်ကားမှုတွေကိုဒေါသနဲ့တန်ပြန်မိတဲ့အတွက် အလုပ်ပြုတ်သွားတော့တာပေါ့။ အဲဒါနဲ့ပဲ အိမ်ကိုပြန်ရောက်လာတော့ သားဖြစ်သူကလည်း ကျောင်းလခမပေးနိုင်လို့ကျောင်းထုတ်ခံလိုက်ရတဲ့အဖြစ်ဆိုးကို ရင်ဝကိုဆောင့်ကန်လိုက်သလိုပါပဲ။စိတ်ပျက်နာကျည်းမှုတွေနဲ့ အထက်တန်းလွှာတွေရဲ့ နင်းပြားဘဝကိုစိတ်ကုန်နေတဲ့ အစ်လက်ခ်တစ်ယောက် သူ့ရဲ့ရုံးအဆောက်အဦထဲမှာကလေးတစ်ယောက်ကို ပြန်ပေးဆွဲတဲ့အထိ ဖြစ်သွားပါတော့တယ်။ ဒီတော့ ACP မာယာတို့လည်း အစ်လက်ခ်ဆီကနေ ကလေးမလေးကိုကယ်ဖို့ညှိနှိုင်းမှုလုပ်ဖို့လာရာကနေ အစ်လက်ခ်ရဲ့တောင်းဆိုမှုက ငွေမဟုတ်ဘဲသူ့ရဲ့သန့်ရှင်းရေးအလုပ်ပဲဆိုတာကို သိလိုက်ရတာဖြစ်လို့ အားလုံးအဆင်ပြေလုဆဲဆဲမှာပဲ သမီးကိုကယ်ဖို့ ဘာမဆိုလုပ်ဖို့ အသင့်ဖြစ်နေတဲ့ကလေးမလေးရဲ့အမေ ပူဂျာကလည်း အစ်လက်ခ်ကိုခြိမ်းခြောက်ဖို့ သူ့သားကိုပါ ပြန်ပေးဆွဲထားတာကို သိလိုက်ရချိန်မှာတော့… ဖခင်မေတ္တာနဲ့ မိခင်မေတ္တာရဲ့ အားပြိုင်မှုကြားမှာ ဒီကလေးနှစ်ယောက်မြေစာပင်မဖြစ်ရေးအတွက် ACP မာယာတို့အရာရှိတစ်သိုက်ဘယ်လိုတွေကြိုးစားသွားကြမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
...

They Wait (2007) ⭐TMDB: 53% User Score 🎬 #Horror #Mystery #Thriller 🗓 2007 🎞 movie 🌎 #Canada ⏰ 1 နာရီ 26 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 They Wait (2007) IMDb Rating (5.4) / Rotten Tomatoes (40%) တစ္ဆေများလဆိုရင် အာရှသားတွေတင်သာမက အနောက်တိုင်းသားတွေပါ ရင်းနှီးကြတဲ့ ရိုးရာပွဲတော်တစ်ခုပါ။ သူနဲ့ပတ်သက်တဲ့ ရာဇဝင်တွေ၊ ပါးစပ်ပြောဇာတ်လမ်းတွေ ကိုယ်တွေ့ခြောက်ခြားစရာအဖြစ်အပျက်တွေလည်းအများကြီးရှိနေခဲ့ပြီး ကိုယ်တိုင်ကြုံဖူးတဲ့သူတွေလည်းရှိကြပါလိမ့်မယ်။ဒီဇာတ်ကားကတော့ အဲ့ဒီနာမည်ကျော်တစ္ဆေများလကိုပဲ အခြေခံထားတာပါ။ ဆာရာနဲ့ဂျေဆင်တို့ဟာ ရှန်ဟိုင်းမှာနေထိုင်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်ပြီး ဂျေဆင် ဦးလေးဖြစ်သူရဲ့ဈာပနအတွက်ဗန်ကူးဗားကို ခဏပြန်လာကြပါတယ်။ သူတို့ဦးလေးရဲ့ နေအိမ်ဟာ တစ်ချိန်က အလုပ်ရုံဟောင်းကြီးတစ်ခုဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ပိတ်သိမ်းထားခဲ့တာကြာပါပြီ။ သူတို့ရောက်ရှိချိန်ဟာ တစ္ဆေများလနဲ့တိုက်ဆိုင်နေပြီး သူတို့ရဲ့သားဖြစ်သူ ဆမ်မီကလည်း ဗန်ကူးဗားကိုစရောက်ကတည်းက တစ္ဆေတွေကိုဟိုတစ်စဒီတစ်စမြင်နေခဲ့ရပါတယ်။ အဲ့ဒီအိမ်ကိုကြီးကိုစရောက်ကတည်းက စိတ်မလုံခြုံသလို ကျောချမ်းသလိုခံစား ချက်တွေအပြင် သွေးပျက်ချောက်ချားစရာအာရုံတွေကိုပါ ခံစားလာမိတဲ့ ဆာရာဟာ သူတို့သားဖြစ်သူ ဆမ်မီလေး ဘာအကြောင်းမှမရှိပဲ သတိလစ်မေ့မျောပြီးဆေးရုံ တင်လိုက်ရချိန်မှာတော့ အဲ့ဒီဖြစ်ရပ်တွေရဲ့အဖြေကိုမဖြစ်မနေရှာဖွေရပါတော့တယ်။ သူတို့ကိုအခြေအနေကို အနီးကပ်စောင့်ကြည့်နေခဲ့တဲ့ တရုတ်လူမျိုးအဘိုးကြီးရဲ့ အဆိုအရတော့ ဆမ်မီလေးကို အဲ့ဒီအိမ်ကြီးထဲမှာရှိတဲ့ အငြိုးအတေးတွေနဲ့ ဝိဉာဉ်တစ်ခုက ဖမ်းစားထားတာဖြစ်ပြီး ကလေးကိုကယ်တင်ဖို့ တစ္ဆေပွဲတော်မပြီးခင် အာရုံတက်အထိပဲ အချိန်ရတော့တယ်ဆိုတာပါပဲ။ အာရှသားတွေရဲ့အယူအဆအပေါ်မှာ အခြေတည်ထားရုံတင်မက အာရှဟော်ရာကားအတော်များများရဲ့ချဉ်းကပ်ပုံနဲ့ပဲသွားထားတဲ့ အနောက်တိုင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်နဲ့တင်ဆက်ပုံစိတ်ဝင်စားစရာကောင်းသလိုမြုပ်ကွက်တွေ Jumpscare တွေကိုအံဝင်ခွင်ကျသုံးထားတာတွေလည်းမိုက်ပါတယ်။ Horror ပရိသတ်တွေအတွက် Old but gold တစ်ကားဖြစ်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Tom and Jerry Meet Sherlock Holmes (2010) ⭐TMDB: 64% User Score 🎬 #Adventure #Animation #Comedy #Mystery #Family 🗓 2010 🎞 tv movie 🌎 #UnitedStatesofAmerica ⏰ 50 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းက တွမ်နဲ့ဂျယ်ရီရယ် နာမည်‌ကျော်စုံ‌ထောက်ကြီး ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝက်ဆန်တို့ ပါဝင်တဲ့ သည်းထိတ်ရင်ဖို စွန့်စားခန်းanimationလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရှားလော့ဟုမ်းနေထိုင်ရာ လန်ဒန်မြို့ကြီးမှာ စိန်ခိုးဂိုဏ်းတစ်ခု သောင်းကျန်းနေပြီး ရက်ပိုင်းအတွင်းမှာပဲ တန်ဖိုးကြီးစိန်သုံးပွင့်လောက် အခိုးခံလိုက်ရတာကြောင့် လူတိုင်းက ထိုအမှုကို စိတ်ဝင်စားနေကြတာပါ။ ထိုအချိန်မှာ ရှားလော့ဆီ မစ်ရတ်ဒ်ဆိုတဲ့ ဇာတ်ရုံအဆိုတော်တစ်‌ယောက်ကငွေညှစ်ခံရမှုနဲ့ တိုင်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီအမှုနဲ့ စိန်ခိုးမှုကဆက်စပ်နေမယ်လို့ ရှားလော့ဟုမ်းက သံသယရှိရင်း စုံစမ်းရာမှ သူ့ရဲ့ရန်သူတော်ကြီး မိုရီယန်တေးရဲ့ မဟာအကြံကိုတားဆီးရဖို့ အကြောင်းဖန်လာပါတော့တယ်။
...