en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Midnight Special (2016) ⭐IMDB: 6.6/10 (84 k Votes) 🎬 #Drama #Mystery #SciFi #Adventure #ScienceFiction #Thriller 🗓 2016 🎞 movie 🌎 #UnitedStates #Greece #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ပရိသတ်ကြီးတို့ကို Sci-fi ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှုပ်ရှုပ်ယှက်ယှက်နဲ့ သိပ္ပံဗဟုသုတ အများကြီးရှိမှ ကြည့်လို့နားလည်မယ့် ဇာတ်ကားမျိုးလည်း မကြည့်ချင်ဘူး Sci-fi အမျိုးအစားလည်း ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက် ပရိသတ်ကြီးတို့အကြိုက်ပါ။ ဇာတ်ကားနာမည်လေးက Midnight Special လို့ ခေါ် ပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အယ်တွန်မာယာလို့ခေါ်တဲ့ အသက် ၈ နှစ်အရွယ်ကောင်လေးကို အဖေဖြစ်သူ ရွိုင်တွန်လင်က ပြန်ပေးဆွဲသွားရာကနေ ဇာတ်လမ်းအစပြုပါတယ်။ အဖေအရင်းက ပြန်ပေးဆွဲတယ်ဆိုလို့ မအံ့ဩပါနဲ့။ တကယ်တော့ အယ်တွန်ကို ရန့်ချ်လို့ခေါ်တဲ့ ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်က မွေးစားထားတာပါ။ အယ်တွန်လေးက သူများနဲ့မတူဘဲ စူပါမန်းလို မျက်လုံးကနေ ရောင်ခြည်တွေထွက်တတ်တဲ့ ကလေးဖြစ်နေတာပါ။ ကလေးဟာ နေရောင်ထဲကို ထိလို့မရသလို သူ့အစွမ်းအရှိန်က ပစ္စည်းတွေကို ကွဲကြေပျက်စီးစေပါတယ်။ ဒါပေမဲ့ ရန့်ချ်အဖွဲ့အစည်းကတော့ ဒါဟာ ဘုရားသခင်က ဆက်သွယ်တာဆိုပြီး ယုံကြည်ကြတယ်။ ကလေးရဲ့ နာကျင်မှုတွေကို မမြင်ရက်တော့တဲ့အဆုံးမှာ အဖေဖြစ်သူက ကလေးကိုခေါ်ပြီး ထွက်ပြေးခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒီကလေးကို လက်နက်တစ်ခုလို့သဘောထားပြီး လိုက်လံရှာဖွေခဲ့ပါတယ်။ ဆိုတော့ အယ်တွန်လေးက ဘာလို့အစွမ်းတွေရှိနေတာလဲ၊ သူတို့တွေ ဘယ်ကိုထွက်ပြေးကြမလဲ၊ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာရော ဘယ်လိုထူးဆန်းထွေလာ ဖြစ်ရပ်တွေကို ကြုံတွေ့ရမလဲ၊ ဘာသာရေးအဖွဲ့အစည်းနဲ့ အစိုးရအဖွဲ့အစည်းတွေက ဘယ်လိုမျိုးဆက်လုပ်ဆောင်ကြမလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ဒီဇာတ်ကားထဲမှာပဲ ကြည့်ရှုလိုက်ကြပါနော်။...

I, Daniel Blake (2016) ⭐IMDB: 7.8/10 (64 k Votes) 🎬 #Drama 🗓 2016 🎞 movie 🌎 #UnitedKingdom #France #Belgium ⏰ 1 နာရီ 40 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ IMDB 7.8/10 ရထားပြီး RT 92% တောင်ရရှိထားတဲ့ ဇာတ်‌ကားကောင်းလေးကို CM က တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ မင်းသား ဒေ့ဗ်ဂျွန်နဲ့ မင်းသမီး ဟေးလေး စကွိုင်ရာက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက် ၅၉ နှစ်အရွယ်ရှိတဲ့ ဒန်နီယယ်ဘလိတ်ခ်ဆိုသူက အလုပ်လုပ်ရင်း နှလုံးဖောက်လာလို့ ထောက်ပံ့ကြေး လျှောက်ရာမှာ ပယ်ချခံလိုက်ရပါတယ်။ လုပ်သက် နှစ် ၄၀ ရှိတဲ့ လက်သမားတစ်ယောက်ဖြစ်တဲ့ ဒန်နီယယ်ကို ဆရာဝန်တွေက အလုပ်မလုပ်သင့်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ထောက်ပံ့ကြေးဌာနက အလုပ်လုပ်သင့်တယ်ဆိုပြီး ဆုံးဖြတ်တာကြောင့် ဒန်နီယယ်တစ်ယောက် အလုပ်ရှာ ထောက်ပံ့ကြေးကို လျှောက်ဖို့ လုပ်ရပါတော့တယ်။ ဘဝတစ်လျှောက်လုံးကို ရိုးရှင်းစွာ ဖြတ်သန်းလာတဲ့ ဒန်နီယယ်တစ်ယောက် ကွန်ပျူတာ မသုံးတတ်ဘဲ အွန်လိုင်းကနေ လျှောက်ဖို့အတွက် ရုန်းကန်ရပါသေးတယ်။ ဒီလို အခက်အခဲတွေကြားမှာ သူနဲ့ ဘဝတူ အမျိုးသမီးငယ်လေး ကေတီတို့ မိသားစုနဲ့ တွေ့တဲ့အခါမှာ သားသမီးမရှိတဲ့ ဒန်နီယယ်တစ်ယောက်ရဲ့ ဘဝမှာ အနည်းငယ် စိုပြေလာပါတော့တယ်။ ဒီအခါမှာ သူတို့ရဲ့ ဘဝတွေမှာ ဘာတွေဆက်ဖြစ်လာမှာလဲ? အခက်အခဲတွေနဲ့ သူတို့ရဲ့ ဘဝအတွက် ရုန်းကန်ပုံတွေကို မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့အတူ ကြည်နူးတစ်လှည့် ဝမ်းနည်းတစ်လှည့်နဲ့ ရသ‌စုံအောင် ကြည့်ရှုရမှာပါ။...

Vehicle 19 (2013) ⭐IMDB: 4.9/10 (16 k Votes) 🎬 #Action #Thriller #Crime 🗓 2013 🎞 movie 🌎 #UnitedStates #SouthAfrica #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Action/Thriller ကိုမှ ကြိုက်နှစ်သက်တဲ့ပရိသတ်အတွက် Vehicle 19 ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ။ မင်းသား Paul Walker က အကျဉ်းထောင်မှ လျှော့ရက်ရချိန် ဇနီးဟောင်းဖြစ်သူရှိရာ တောင်အာဖရိက ဂျိုဟန်းနက်စ်ဘက်ဂ်မြို့က သံရုံးကို လာပြီး ဘဝအသစ်တစ်ခု စဖို့ မျှော်လင့်နေတဲ့ မိုက်ကယ်ဝုဒ်စ် အဖြစ်ပါဝင်သရုပ်ဆောင် ထားပါတယ်။ အရာအားလုံး အဆင်ပြေတော့မယ့်ဆဲဆဲမှာပဲ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ ပြဿနာမျိုးကလည်း ဖြစ်လာ တတ်ပါတယ်။ ဇနီးဖြစ်သူရှိရာကို သွားဖို့ ကားငှားပြီး ကိုယ်တိုင်မောင်းဖို့ ဆုံးဖြတ်ခဲ့ချိန်မှာတော့ သူ လေယာဉ်ပေါ်က ဆင်းလာကတည်းက စိုးရိမ်နေခဲ့တဲ့ ပြဿနာဆိုတာနဲ့ ကြုံတွေ့ရပါတော့တယ်။ ကားငှားတဲ့ကုမ္ပဏီရဲ့ အမှားကြောင့် မီနီဗန်တစ်စီးကို စီးလိုက်ရချိန်မှာတော့ ကားဒက်ရှ်ဘုတ်အောက်က အံဝှက်ထဲက သေနတ်တစ်လက်တင်မကဘဲ နောက်ခန်းမှာ ကြိုးတုပ်လျက်သား အမျိုးသမီးတစ်ယောက်ပါ အပိုဆု ပါလာခဲ့ပါတယ်။ ထိုအမျိုးသမီးဟာ သူထင်မှတ်ထားသလို ရဲတွေဆီ ပို့လိုက်ရင် အေးသွားမယ့်ကိစ္စမျိုးမဟုတ်ဘဲ အာဏာရှိ အဖွဲ့အစည်းတွေပါ ပါဝင်ပတ်သက်နေတဲ့ အမှုအခင်းတစ်ခုရဲ့ အဓိကသက်သေမှန်းသိသွားချိန်မှာတော့ နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုမှာ အခက်အခဲပေါင်းစုံကြားက သူ့ရဲ့ဇနီးရှိရာကို ပြန်နိုင်မှာလား. တစ်စထက်တစ်စ ပိုပြီးနက်နဲလာတဲ့ ပြဿနာဝန်ထုပ်ဝန်ပိုးကို ဖြေရှင်းနိုင်မလား… ရဲတပ်ဖွဲ့တစ်ခုလုံးရဲ့လက်တံတွေကြားထဲကနေ လွတ်အောင် ရှောင်တိမ်းသွားနိုင်မလား ဆိုတာတွေကို တင်ဆက်ထားတဲ့ Non-stop Action ဇာတ်ကားလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်...

The Hand that Rocks the Cradle (1992) ⭐TMDB: 69.0% User Score 🎬 #Drama #Thriller 🗓 1992 🎞 tv series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပုခက်လွှဲတဲ့လက်က ကမ္ဘာကိုအုပ်စိုးနိုင်တယ်ဆိုတဲ့ ဆိုရိုးစကားကို ကျွန်တော်တို့အားလုံး ကြားဖူးတာချည်းပါပဲ။ ဒါပေမဲ့ အုပ်စိုးတယ်ဆိုတဲ့ စကားလုံးက ကောင်းတာရောဆိုးတာရော ဖြစ်နိုင်တာကိုတော့ ဘယ်သူမှ သတိမထားမိကြပါဘူး။ ကလဲရ်နဲ့မိုက်ကယ်တို့ဟာ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံတွေဖြစ်ပြီး အမ်မာဆိုတဲ့ ချစ်ဖို့ကောင်းပြီး သိပ်စကားတတ်တဲ့ သမီးလိမ္မာလေးတစ်ယောက်ရဲ့ ဂုဏ်ယူနေတဲ့မိဘတွေဆိုလည်းမမှားပါဘူး။ ဒီ့အပြင် ကလဲရ်မှာလည်း ဒုတိယရင်သွေးလေးဖြစ်တဲ့ သားလေးကို ကိုယ်ဝန်လွယ်ထားရတာပါ။ အလုပ်ကလည်းအဆင်ပြေ ရင်သွေးရတနာလည်းစုံလင်နေတဲ့ ဒီဇနီးမောင်နှံ လေးမှာ စိတ်အနှောင့်အယှက်ဖြစ်စရာပေါ်လာပါတယ်။ ဒါကတော့ ကလဲရ်ရဲ့အရင် OG ပင်စင်ယူသွားလို့ ဆရာဝန်ပြောင်းပြချိန်မှာ OG အသစ်ဖြစ်တဲ့ ဗစ်တာမော့တ်က စမ်းသပ်တာလိုလို လက်သိုင်းကျင့်တာလိုလိုနဲ့ ကလဲရ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်လိုက်တာပါပဲ။ သိပ်ကိုအားနာတတ် သူများကိုတွေးပေးတတ်လွန်းတဲ့ကလဲရ်က မှားယွင်းစွပ်စွဲမိမှာကို စိုးရိမ်ပြီး ဘာမှမလုပ်ချင်ပေမဲ့ မိုက်ကယ်ရဲ့အားပေးမှုနဲ့ပဲ ကျန်းမာရေးဘုတ်အဖွဲ့ကို တက်တိုင်လိုက်ပြီးနောက်မှာတော့ မကောင်းသတင်းက ဟိုးလေးတကျော်ဖြစ်ပြီး ဗစ်တာမော့တ်တစ်‌‌ယောက် သူ့ကိုယ်သူ အ‌ဆုံးစီရင်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ခင်ပွန်းဖြစ်သူရော ဗိုက်ထဲကရင်သွေးလေး‌ရော မိခင် ဖြစ်ခွင့်ကိုပါ တစ်ပါးတည်းအတူဆုံးရှုံးလိုက်ရတဲ့အပြင် အမှုအခင်းဖြစ်နေတာ ကြောင့် ပိုင်ဆိုင်မှုပါ အကုန်သိမ်းခံလိုက်ရတဲ့ ဗစ်တာမော့တ်ရဲ့ဇနီးဖြစ်တဲ့ပေတွန် တစ်ယောက် ပြဿနာအရင်းခံဖြစ်တဲ့ ဘာတယ်မိသားစုကို လက်စားချေဖို့ ကလေးထိန်းအနေနဲ့ ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။...

Love the Coopers (2015) ⭐IMDB: 5.8/10 (27 k Votes) 🎬 #Comedy #Drama #Family #Fantasy #Romance 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မိသားစုတိုင်းမှာ မတူညီတဲ့ နောက်ခံဇာတ်လမ်းတွေ အဖြစ်အပျက်တွေ ပျော်ရွှင်စရာတွေ ဝမ်းနည်းရတာတွေ မကျေမနပ်ဖြစ်ရတာတွေ ရှိကြပါတယ်။ လူတွေဟာ လူတွေဖြစ်နေတဲ့အတွက်ကြောင့်ကို ပြီးပြည့်စုံခြင်းမရှိနိုင်ကြပါဘူး။ ဒ ါကြောင့် ဘယ်လောက်ပဲမပြေလည်တာတွေရှိကြပေမယ့် အချိန်မနှောင်းခင်မှာ ပြေလည်မှုရဖို့ ကြိုးစားသင့်ကြပါတယ်။ ဘာလို့လဲဆိုတာ့ မိသားစုဖြစ်နေလို့ပါ။ တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ ရွေးချယ်ခွင့်လည်းမရှိတဲ့ ကိုယ့်ကို ချစ်ခြင်းမေတ္တာတွေသိသိသာသာဖြစ်ဖြစ် မသိမသာဖြစ်ဖြစ် ပေးနိုင်တဲ့သူတွေဖြစ်နေလို့ပါလေ။ သွေးက ရေထက်တော့ပြစ်တယ်လို့ဆိုကြတယ်မလား။ ချစ်ခြင်းမေတ္တာက ပြဿနာအားလုံးကိုဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားလေးမှာလည်း သားသမီး‌တွေကို ထိန်းကျောင်းရင်း ကိုယ့်ဖာသာကိုယ်ပျောက်ဆုံးနေတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ မိသားစုဝင်တွေအတွက် အမှတ်တရဖြစ်စေမဲ့ ခရစ်စမတ်ညစာလေးကိုဖန်တီးကြရင်း မပြေလည်တာတွေကို ပြေလည်အောင်လုပ်ပေးနိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ ပြဿနာတွေ မထင်မှတ်တာတွေ ကြုံလာရတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြလဲ နောက်ဆုံးမှာ ဘယ်လိုပြေလည်သွားကြလဲဆိုတာကို ခရစ်စမတ်အချိန်နောက်ခံလေး နဲ့ တင်ဆက်ပြထားတဲ့အတွက် ဆွတ်ပျံ့ကြည်နှူးဖွယ် ရယ်ရွှင်ဖွယ် ခံစားကြရမှာပါ။ 2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ comedy drama အမျိုးအစားဇာတ်ကားဖြစ်ပြီး မိသားစု နဲ့ ချစ်ရသူတွေနဲ့ ကတောက်ကဆဖြစ်နေရတဲ့ အချိန်တွေမှာများကြည့်ဖြစ်ခဲ့မယ်ဆိုရင် ဇာတ်ကားဆုံးတာနဲ့ ရင်ထဲ အတွေးတစ်စကျန်ကောင်း ကျန်နေနိုင်ပါတယ်လို့ ပြောချင်ပါတယ်။...

Evil (2019- ) ⭐IMDB: 7.8/10 (32 k Votes) 🎬 #Crime #Drama #Mystery #Horror #Thriller 🗓 2019- 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 42 မိနစ် 29 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Evil (2019) Your browser does not support the video tag. ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးက IMDb – 7.8 ထိရရှိထားပြီး Supernatural လို vibe မျိုးလေးခံစားရမဲ့ ဇာတ်လမ်းတွဲလေးပါပဲ……ဘုန်းတော်ကြီးသင်တန်းတက်နေတဲ့ ဒေးဗစ်အက်ကောက်စတာ နဲ့ နည်းပညာကျွမ်းကျင်တဲ့ ဘန် တို့က ဘုရားကျောင်းကနေ အလုပ်ခန့်ထားတဲ့ မကောင်းဆိုးဝါးပြုစားခံရတယ်လို့ပြောတဲ့သူတွေကို တကယ်ဟုတ် မဟုတ်လိုက်စစ်ဆေးရတဲ့သူတွေပါ…..ပြဿနာက မကောင်းဆိုးဝါးပြုစားခံရတာနဲ့ စိတ်ကျန်းမာရေးမူမမှန်ဖြစ်တဲ့ လက္ခဏာတွေက တူနေတော့ သူတို့အတွက် အတိအကျအကဲခတ်ဆုံးဖြတ်ဖို့က ခက်ခဲနေပါတော့တယ်…..အဲဒီလိုနဲ့ မထင်မှတ်ဘဲ တော်ရုံနဲ့မယုံတတ်တဲ့ မှုခင်းစိတ်ကျန်းမာရေးဆရာဝန် ခရစ်စတန်ဘွတ်ရှတ်နဲ့ အမှုတစ်ခုမှာဆုံခဲ့ရာကနေ ဒေးဗစ် က ခရစ်စတန်ကို သူ့ အလုပ်မှာ ဝင်ကူဖို့ ကမ်းလှမ်းပါတော့တယ်…….ကျောင်းစရိတ်အကြွေးတွေဆပ်ရမဲ့ ခရစ်စတန်အနေနဲ့ကလည်း မယုံပေမဲ့ လိုအပ်နေတဲ့ ပိုက်ဆံရမှာမို့ လက်ခံလိုက်ရင်းကနေပဲ သူတို့နဲ့ပေါင်းပြီး ၃ယောက်တဖွဲ့ဖြစ်သွားပါတော့တယ်…….ဇာတ်လမ်းလေးကတော့ ၁ပိုင်းကို ၁ပုဒ်ပုံစံမျိုးလေးပါ……ကဲ သူတို့၃ယောက်ပေါင်းပြီး မကောင်းဆိုးဝါးတကယ်ပြုစားခံထားရတာ ဟုတ်မဟုတ်ကို ဘယ်လိုတွေများ လိုက်လံစုံစမ်းရှာဖွေကြမလဲ ရှုစားလိုက်ကြပါဦးလို့...

Gangnam Daughter-in-law (2019) ⭐TMDB: 50.0% User Score 🎬 #Adult #Drama #Romance 🗓 2019 🎞 movie 🌎 #SouthKorea #SouthKorea #SouthKorea ⏰ 1 နာရီ 21 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 {18+} Gangnam Daughter-in-law (2019)======================= ဒီကားလေးမှာတော့ အသက်ငယ်ငယ်ကောင်မလေးကိုသဘောကျမိတဲ့ ဘဲကြီးတစ်ယောက် ကောင်မလေးကိုဂွင်ဖန်ရာကနေ လွဲချော်သွားပြီး သားနဲ့လက်ထပ်ပေးလိုက်ရာကနေကောင်မလေးကလည်း ယောက္ခထီးနဲ့ တူတူ တစ်အိမ်တည်းနေမိရင်းသံယောဇဉ်တွယ်မိတဲ့ ဦးနဲ့မီးဇာတ်လမ်းလေးဖြစ်ပါတယ် တစ်ယောက်တည်းမုဆိုးဖိုဘ၀နဲ့ အထီးကျန်လို့ နောက်ထပ်အိမ်ထောင်ပြုမယ့်သူရှာတော့လည်းအပျက်မဖြစ်နေလို့ စွဲလမ်းမိပေမယ့် အဲ့ကောင်မလေးကလည်းသားနဲ့ပါ ဖောက်ပြန်တော့နဂိုတည်းက ချစ်နေမိတဲ့ ချွေးမလေးနဲ့ တူတူဘယ်လိုလက်တုံ့ပြန်မယ် ဘယ်လိုတွေစခန်းသွားမယ်ဆိုတာကိုဇာတ်လမ်းဇာတ်ကွက်လေးနဲ့ကြည့်ရမှာပါ တွေ့ဖူးနေကြသရုပ်ဆောင်တွေမဟုတ်ပဲ အသစ်တွေသုံးထားပေးလို့မင်းသမီးအမိုက်စား အလန်းစားတွေကို တ၀ကြီးခံစားရအုန်းမယ့် ကားကောင်းလေးပါ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Vivesini (2023) ⭐IMDB: 8.4/10 (215 Votes) 🎬 #Bollywood #Thriller #Uncategorized 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vivesini 2023 (စူးစမ်းသံသရာ) IMDb-8.4/10 သစ်ပင်တွေက ကိုယ့်ကိုယ်ကိုယ်ကာကွယ်တတ်တယ်ဆိုတာ ယုံပါသလား ခုတ်ဖြတ်ခံရမဲ့သူတို့ဘဝကိုကယ်တင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေသုံးလဲဆိုတာသိရရင် ကြည့်ရှုသူတို့ယုံနိုင်မယ်မထင်ဟိုးလွန်ခဲ့တဲ့ နှစ်၂၀၀လောက်တုန်းက တောအုပ်ထဲနေထိုင်တဲ့ မျိုးနွယ်စုတစ်စုရှိခဲ့တယ်ငြိမ်းချမ်းစွာနေထိုင်ခဲ့ပေမဲ့ ရဲတွေရဲ့ နယ်မြေသိမ်းပိုက်လိုမှုကြောင့် ယောကျာ်းတွေဆိုဖမ်းဆီးမိန်းမနဲ့ကလေးတွေဆိုနှင်ထုတ်ပြီး လက်ဝါးကြီးအုပ်ခဲ့တဲ့နှစ်တွေရှိခဲ့ဖူးပါတယ် ဒီဖြစ်ရပ်ကိုကယ်တင်ခဲ့တဲ့လူတွေကတော့ အသက်၆၀နီးပါးရှိတဲ့ အဘွားကြီး၄ယောက်ပါမြင်းကိုယ်စီနဲ့ ကောင်းကင်ဘုံက နတ်ဘုရားမတွေလို လှံကိုကိုင်စွဲတွန်းလှန်ခဲ့ပြီး အသက်၁၁၀ထိတိုင်ရှင်သန်သွားခဲ့ကြတယ် ဒီ၄ယောက်အဖြစ် သမုတ်ထားတဲ့ သစ်ပင်ကြီးလေးပင်ကဒီတောအုပ်ကိုဆက်လက်စောင့်ရှောက်တယ်လို့လည်းဆိုစမှတ်ပြုကြပြန်တယ်။။။ (လက်ရှိကာလ)ခေတ်နဲ့အညီပြုပြင်ပြောင်းလဲရေးသမားတွေနဲ့အစဉ်အဆက် လက်‌ဆင့်ကမ်းလာတဲ့ယုံကြည်မှုတွေ… သရဲခြောက်တယ် မိန်းမတွေဝင်ခွင့်မရှိဘူးလို့ နာမည်ကြီးနေတဲ့တောထဲကို ဝင်ဖို့ပြင်ပြီးခါမှဒဏ်ရာရသွားတဲ့ ဖခင်ဖြစ်သူကိုယ်စားတောထဲလိုက်စုံစမ်းရှာဖွေဖို့ တာဝန်ယူလိုက်ရတဲ့ ရှက်ခ်သီဒီအရာတွေကိုအယုံအကြည်မရှိပေမဲ့ ဒဏ်ရာနဲ့ဖခင်ကြီးကိုမလွှတ်ရက်လို့ ကိုယ်တိုင်ဝင်လာခဲ့တဲ့ရှက်ခ်သီတောထဲရောက်ပြီး သူကြုံတွေ့ခဲ့ရတဲ့အရာတွေက သူခံယူထားတဲ့အရာတွေ ၊ ဆန့်ကျင်ထားတဲ့အမြင်တွေနဲ့ အလွဲကြီးလွဲနေတော့တယ် ဟိုးအရင်တည်းကတည်ရှိနေခဲ့တဲ့ ထူးဆန်းအံ့ဩဖွယ်တွေနဲ့ တောနက်ကြီးထဲ လူငယ်တွေရဲ့ရဲတင်းမှုတွေနဲ့ ဘယ်လိုအမှန်တရားတွေထွက်ပေါ်လာမလဲဆိုတာ သည်းထိတ်ရင်ဖိုရှုစားကြည့်ပါဦး (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ KKKZ ~ Zwe Yan ~ Yunni တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

He Went That Way (2023) ⭐IMDB: 5.1/10 (276 Votes) 🎬 #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 35 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ချစ်သူကမုန်း၊ ဖဲကရှုံး…ကံဆိုးမသွားရာ၊ မိုးလိုက်လို့ရွာ…ဒါတွေကတော့ တစ်ခါတစ်လေ စာရေးသူတို့လူ့လောကကြီးမှာ မဖြစ်ချင်ဘဲဖြစ်ရတဲ့၊ အတောမသတ်နိုင်လွဲချော်နေရတဲ့အခြေအနေတစ်ခုကို ထင်ဟပ်ဖော်ပြတဲ့ စကားပုံတွေပဲဖြစ်ပါတယ်။ ကံမကောင်းလို့ ကိစ္စတစ်ခုခုမှာလွဲချော်ပြီးတာတောင် အားမရသေးဘဲ ကံတရားက ထပ်နှိပ်စက်တဲ့အခြေအနေ၊ လောကဓံသရုပ်ကို ပြောချင်တာပါ။ ဒါပေမဲ့လည်း တခါတလေမှာ အဲ့လိုကံဆိုးမိုးမှောင်ကျမှုတွေ၊ အဆင်မပြေလွဲချော်မှုတွေကြားထဲကနေပဲ စာရေးသူတို့တွေဟာ အကောင်းဆုံးရုန်းကန်ကြိုးစားထွက်မြောက်ပြီး အောင်မြင်သွားတတ်ကြသလို အဲ့လိုအဆိုးဆုံးအခြေအနေတွေကြားထဲမှာပင်လျှင် စာရေးသူတို့ဘဝအတွက် သင်ခန်းစာယူစရာတွေ၊ ဆင်ခြင်သုံးသပ်စရာတွေ၊ ဘဝအတွက်ဒဿနတွေ ရှိနေတတ်တယ်ဆိုတာ သတိမူမိဖို့လိုပါတယ်။ တခါတလေမှာ အခြေအနေတစ်ရပ်၊ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို အကျပ်အတည်းကြားမှာမှတွေ့ရတတ်သလို အဆိုးဆုံးဆိုတဲ့ အခြေအနေ၊ လူတစ်ယောက်မှာလည်းပဲ သူ့ရဲ့အကောင်းမြင်စရာအနေအထားတစ်ခုတော့ ရှိတတ်စမြဲဆိုတာကို တွေ့ရတတ်ပါတယ်။ ဒါတွေကတော့ အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကိုကြည့်ရင်း စာရေးသူစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ အတွေးစုတွေဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ပေးချင်တဲ့ message က တခြားဟာဖြစ်ကောင်းဖြစ်ပေမယ့် ဒါတွေကတော့ စာရေးသူဆက်စပ်တွေးဖြစ်တဲ့ဟာလေးတွေပါ။ အခုဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Jacob Elordi နဲ့ နာမည်ကြီး Star Trek ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ Zarchari Quinto တို့ အဓိကဦးဆောင်ပါဝင်ထားပါတယ်။ ဒါရိုက်တာကတော့ Jeffrey Darling ဖြစ်ပြီး အမေရိကန်စာရေးဆရာ Conrad Hilberry ရဲ့ ၁၉၈၇ ခုနှစ်ထွက် မှုခင်းဝတ္တု Luke Karamazov ဝတ္တုထဲကဇာတ်ကောင်ပေါ်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုတော့ Evan M Wiener ကရေးသားပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဂျင်မ်ဟာ တောရိုင်းတိရစ္ဆာန်တွေလေ့ကျင့်ပေးပြီး ပြစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လောလောဆယ်မှာ စပန်ကီဆိုတဲ့ ချန်ပန်ဇီတစ်ကောင်ကို လေ့ကျင့်မွေးမြူထားပြီး ဝယ်လက်တစ်ယောက်ဆီ သွားပို့ဖို့ ထွက်လာတာဖြစ်ပါတယ်။ မျောက်ဝံပြစားတာ ယခင်လိုအလုပ်အကိုင်မကောင်းလို့ စပန်ကီကို ဝယ်လက်ဆီသွားပို့ကာမှ လမ်းမှာကားကပါပျက်ပါတော့တယ်။ ကားပျက်တာပြင်ပြီးလို့ ပြန်အထွက်မှာ ကားကြုံလိုက်မယ့် လူငယ်တစ်ယောက်ကို သနားစိတ်ဝင်ပြီး တင်မိရာကနေ အဲ့လူငယ်ဟာ သူထင်ထားသလို သာမန်ကောလိပ်ကျောင်းသားချာတိတ်မဟုတ်ဘဲ လူငါးယောက်ကိုပူပူနွေးနွေးသတ်လာတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်နေတဲ့အခါ၊ သူ့ကိုပါ အနုကြမ်းစီးပြီး ပါတာလေးတွေ ယူလိုက်တဲ့အခါ ဂျင်မ်တစ်ယောက် စုပ်လည်းဆူး၊ စားလည်းရူးအခြေအနေနဲ့ အဆိုပါလူငယ်နဲ့ ရှေ့ဆက်ဖို့ အတော်လေးအခက်ကြုံလာရပါတော့တယ်။...

The Girl with a Bracelet (2019) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Crime #Drama 🗓 2019 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 36 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ The Girl With A Bracelet ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ လစ်ဆီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ သူမမိသားစုနဲ့အတူ ကမ်းခြေမှာဆော့ကစားပျော်ပါးနေတုန်း ရဲတွေရောက်လာပြီး သူမကိုဖမ်းခေါ်သွားပါတယ် ဖမ်းခေါ်သွားရတဲ့အကြောင်းကတော့ သူမရဲ့သူငယ်ချင်း ဖလော်ရာတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရတဲ့ကိစ္စမှာ သူမကိုသံသရှိသူအဖြစ်ဖမ်းဆီးသွားကြတာပါ ဒီလိုနဲ့သူမဟာတရားရင်ဆိုင်ရပါတယ် ဒီအမှုကိုစစ်ဆေးလာတာ နှစ်နှစ်ကျော်လောက်အထိ ပြစ်ဒဏ်မချရသေးသလို သက်သေတွေလည်းအတိအကျဘာမှမရှိသေးပါဘူး အဲဒါကြောင့် တရားခွင်မှာ သူမရဲ့သူငယ်ချင်းတွေ မိသားစုတွေ အားလုံးကို မျက်မြင်သက်သေအဖြစ်ရုံးခေါ်စစ်ဆေးမေးမြန်းပါတော့တယ် အဆုံးသတ်မှာ ဖလော်ရာကို သတ်တဲ့တရားခံကဘယ်သူလဲ တကယ်ပဲလစ်ဆီကသတ်ခဲ့တာလား……..သတ်ရတဲ့အကြောင်းရင်းကရော…… ဒါမှမဟုတ် အခြားတစ်ယောက်ကပဲသတ်ခဲ့တာလား…… ဒီဇာတ်ကားလေးထဲမှာ တရားခွင်ကိုပဲ အဓိကထားရိုက်ကူးသွားပြီး ဖလော်ရာနဲ့လစ်ဆီတို့​သူငယ်ချင်းနှစ်ယောက်မှာ ဘာပြဿနာတွေရှိခဲ့ကြလဲ ရဲတွေကရော ဘာကြောင့် သူမကိုပဲသံသယဝင်နေတာလဲဆိုတာ ကြည့်ရှူရမှာပါ...

Friday the 13th Part VII: The New Blood (1988) ⭐TMDB: 54.0% User Score 🎬 #Fridaythe13thCollection #Horror #Thriller 🗓 1988 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Friday the 13th: The New Blood (1988) ရေအောက်မှာ နစ်မြုပ်ပြီး ငြိမ်သက်သွားတဲ့ ဂျေဆင်ကို စိတ်စွမ်းအားရှင် ကောင်မလေးတစ်ယောက်က ပြန်နိုးထစေပြန်ပါတယ်။ ဒီလိုနဲ့ပဲ ၇ ကားမြောက်ဇာတ်လမ်း ဖြစ်လာခဲ့တာပေါ့။ အရက်သမားအဖေကြီးက မိခင်ကို နှိပ်စက်နေလို့ အဖေကိုမုန်းနေတဲ့ စိတ်စွမ်းအားရှင် ကလေးမလေးက သူ့ရဲ့စိတ်တန်ခိုးနဲ့ အဖေကို မတော်တဆ သတ်မိခဲ့ပါတယ်။ အဲဒီမှာတင် ယူကြုံးမရစိတ် နောင်တတွေနဲ့ စိတ်ကျန်းမာရေးထိခိုက်လာတဲ့ ကလေးမလေးကို စိတ်ရောဂါဆေးရုံပို့ထားရတာပေါ့။ နှစ်တွေကြာပြီးချိန်မှာ သူ့ရဲ့ဆရာဝန်က သူပြန်မလာချင်ဆုံးဖြစ်တဲ့ ခရစ်စတယ်ရေကန်ကိုခေါ်လာပြီး စိတ်ဒဏ်ရာနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းခဲ့ပါတယ်။ အဲဒီမှာတင် အဖေကို ပြန်ရှင်လာဖို့ ဆုတောင်းမိတဲ့ စိတ်စွမ်းအင်နဲ့ ဂျေဆင်နိုးထလာပြီး ရေကန်စခန်းကို ပြန်ရောက်လာပြန်ပါတယ်။ ဒီလိုနဲ့ စခန်းမှာရှိသမျှလူတွေကို လိုက်သတ်နေတဲ့ဂျေဆင်ကို စိတ်စွမ်းအင်ကောင်မလေး ဘယ်လိုနှိမ်နင်းသွားမယ်ဆိုတာ ကြည့်လိုက်ကြရအောင်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)...

The Hyperions (2022) ⭐IMDB: 5.2/10 (2 k Votes) 🎬 #Action #ScienceFiction #Comedy 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “ဟိုက်ပါရီရန်များ” 2022 မှာထွက်ရှိထားတဲ့ စူပါဟီးရိုး parody ဟာသကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကို ၁၉၇၉ မှာ တည်ထားပြီး ကျွန်တော်တို့မြင်နေကျ အခုခေတ်ကားတွေလို ရိုက်ထားတာ မဟုတ်ဘဲ ကျွန်တော်တို့ ငယ်ငယ်က အခွေနဲ့ကြည့်လို့ကောင်းခဲ့တဲ့ B-movie တွေလိုမျိုး ဇာတ်ကားပါ ဇာတ်လမ်းအကျဥ်းကတော့ ၁၉၆၀ မှာ ပရော်ဖက်ဆာ ရက်ကတ်စ်ဆိုသူက စူပါ ပါဝါတွေ အသုံးပြုလို့ရတဲ့ Titan တံဆိပ်ကို တီထွင်ခဲ့ပြီး ဟိုက်ပါရီရန်(The Hyperions) ပရောဂျက်ကို တည်ထောင်ခဲ့ပါတယ် ပထမဆုံး Hyperions တွေဖြစ်ကြတဲ့ ဗစ်စတာနဲ့ အန်ဆယ်တို့နှစ်ယောက်က တစ်နေ့မှာ ရာထူးက ရပ်ဆိုင်းခံလိုက်ရပြီး Titan Badge တွေ ရုတ်သိမ်းခံလိုက်ရပါတယ် … Hyperion မျိုးဆက်သစ်တွေနဲ့ ရှေ့ဆက်လာခဲ့ရာကနေ တစ်နေ့တော့ ဗစ်စတာနဲ့ အန်ဆယ်တို့ မောင်နှမက Hyperion ပြတိုက်ကို ဝင်စီးပြီး ဓားစာခံတွေ ဖမ်းထားပါတယ် ပရော်ဖက်ဆာ ရက်ကတ်စ်ကို ခြိမ်းခြောက်ပြီး ဓားစာခံတွေကို Titan Badge တွေနဲ့ ပြန်လဲဖို့ လုပ်တဲ့အခါမှာ… တစ်ချိန်က သားအဖအရင်းလို ဆက်ဆံရေးရှိခဲ့တဲ့ ပရော်ဖက်ဆာနဲ့ ဗစ်စတာတို့ ဘယ်လို တင်းမာမှုတွေ ဖြစ်လာမလဲ သူတို့နှစ်ယောက်ရဲ့ လူတွေမသိတဲ့ တကယ့်အကြောင်းရင်းက ဘာလဲဆိုတာကိုတော့… DVD/EVD ခေတ်က ဘတ်ဂျက်နည်း B ရုပ်ရှင်တွေရဲ့ အရသာကို ပြန်လည်ခံစားနိုင်မယ့် ဒီကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဘာသာပြန်ကတော့ Sike Tanဖြစ်ပါတယ်။...

Crossing Over (2009) ⭐TMDB: 61.0% User Score 🎬 #Crime #Drama 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါကတော့ IMDb 6.7ရရှိထားတဲ့ Indiana Jonesမင်းသားကြီး Harrison Fordရဲ့ Crime, Dramaကားလေးတစ်ကားပါပဲ ဇာတ်လမ်းအညွှန်းကတော့ မင်းသားကြီး Harrison Ford ဟာ Max Brogan ဆိုတဲ့ ရဲတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့တပ်ဖွဲ့နဲ့ အမေရိကန်နိုင်ငံအတွင်းမှာ တရားမဝင်‌ဘဲနေနေတဲ့ လူတွေကို လိုက်လံဖမ်းဆီးတဲ့နေရာမှာ ဖမ်းမိတဲ့မိန်းကလေးတစ်ယောက်က သူ့သားလေးကို ကူညီဖို့အကူအညီတောင်းတဲ့အခါ သူက သဘောကောင်းလွန်းနေသူဖြစ်တာကြောင့်ကူညီဖို့ကြိုးစားပါတော့တယ်။ တစ်ခုပြောချင်တာက ဒီဇာတ်ကားမှာ Harrison Fordဟာ အဓိကပါဝင်ပေမဲ့ သူ့တစ်ယောက်တည်းအကြောင်းမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံထဲမှာနေနေကြတဲ့ တခြားနိုင်ငံကလာတဲ့လူတွေရဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကိုလဲ ၄, ၅မျိုးခွဲပြီးတစ်ခါတည်း ရိုက်ပြထားပါတယ် ပြီးတော့လည်း ထိုအကြောင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေတာမို့ ပုံမှန်မဟုတ်တဲ့ ခံစားချက်တစ်မျိုးနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားထဲမှာ ၁၈ယောက်ရှိမှကြည့်လို့ရတဲ့ အခန်းအချို့လဲပါဝင်တာမို့လို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့လို့ ပြောချင်ပါတယ်ခင်ဗျာ။...

Palipat-lipat, papalit-palit (2024) ⭐IMDB: 6.9/10 (13 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 44 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Palipat-lipat, Papalit-palit (2024) ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သလို ပွေရှုပ်တတ်တဲ့ လယ်ရီကို အက်ဒ်နာက ပြိုင်ဘက်တွေအများကြီးကြားက အရယူခဲ့တာဖြစ်သလို အခုချိန်ထိလည်း သူ့ယောက်ျားကို အရိပ်တကြည့်ကြည့်နဲ့စိတ်မချပါဘူး။ တစ်နေ့တော့ ဂုံးဖမ်းပြီးအပြန် ကမ်းစပ်မှာဒဏ်ရာတွေနဲ့လဲကျနေတဲ့ အေမီဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ကယ်တင်လာခဲ့မိရာကနေ သူတို့ဘ၀တွေမုန်တိုင်းထန်ဖို့ အစဖြစ်လာပါတော့တယ်။ ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့စကားနဲ့အညီ အေမီက ဘယ်လိုတွေမွှေနှောက်မလဲ… နှစ်ယောက်ယှဉ်လာတဲ့အခါ လယ်ရီက ဘယ်သူ့ကိုရွေးချယ်မလဲ… အစရှိတာတွေကိုဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ကားရိုက်ကျဲသွားတဲ့ ဝါရင့်မမ Denise Esteban နဲ့ Pantaxa Laiya Winner တစ်ဦးဖြစ်တဲ့ Aiko Garcia တို့ခေါင်းဆောင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...

Fanboys (2009) ⭐TMDB: 61.0% User Score 🎬 #Adventure #Comedy 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရုပ်ရှင်နာမည်အတိုင်းပဲ ဒီရုပ်ရှင်ဟာ ဖန်ဘွိုင်း (ပရိတ်သတ်) တအုပ် အကြောင်းရိုက်ထားတာပါ။ ဘာပရိတ်သတ်တွေလဲဆိုတော့ စတားဝါးစ် အမာခံပရိတ်သတ်တွေပါ။ အချိန်ကာလအားဖြင့် Star Wars Episode 1 : Phantom Menace 1999 မထွက်ခင် ကာလမှာဇာတ်အိမ်တည်ထားပါတယ်။ မူလတန်းလောက်ကတည်းက စတားဝါးစ်ကို အရူးအမူးအားပေးလာကြတဲ့ စတားဝါးစ်ဂျပိုး လူငယ်တစုဟာ ဟောလိုး၀င်းပါတီတခုမှာပြန်ဆုံခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်း သူငယ်ချင်းအုပ်စုထဲက လိုင်းနက်စ်ဟာ ကင်ဆာရောဂါဖြစ်နေပြီး စတားဝါးစ်ရုပ်ရှင်သစ် ရုံတင်မယ့်ရက်ကို မမီနိုင်တော့တာကို သိရှိလိုက်ကြရပါတယ်။ ဒီလိုနဲ့ စတားဝါးစ်ဂျပိုး သူငယ်ချင်းတစုဟာ လိုင်းနက်စ်ကို မသေခင်မှာ Episode 1 ကိုပြလိုက်နိုင်ဖို့အတွက် ရုပ်ရှင်ဖလင်ကိုသိမ်းဆည်းထားတဲ့ စတားဝါးစ်တည်ထောင်သူဖခင်ကြီး ဂျော့ခ်ျလူးကပ်စ်ရဲ့ခြံထဲကိုခိုး၀င်ဖို့ မိုင်ထောင်ချီဝေးတဲ့ခရီးကို ဗန်ကားအစုတ်လေးတစီးနဲ့ စတင်စွန့်စားခန်းထွက်ကြ‌ပါတော့တယ်။ စတားဝါးစ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တကားလုံးမှာ စတားဝါးစ် ကိုးကားမှုတွေ ထို‌ခေတ်အခါက ရုပ်ရှင် ဂိမ်းနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေကို အလျှံပယ်ထည့်သွင်းသုံးစွဲထားတာဖြစ်လို့ စတားဝါးစ်ကြည့်ဖူးထားရင်တော့ ဒီရုပ်ရှင်ကိုကြည့်ရတာ ပိုအရသာရှိပါလိမ့်မယ်။ (ညစ်ညမ်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုသတိပြုပေးပါ)...

Wonka (2023) ⭐IMDB: 7.3/10 (67 k Votes) 🎬 #Adventure #Comedy #Family #Fantasy #Musical 🗓 2023 🎞 movie 🌎 #Canada #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wonka (2023) ~ IMDb – 7.3/10, RT – 82%, Meta – 66% ~ အားလုံးမျှော်နေတဲ့ ချစ်စရာ Willy Wonka ရဲ့ မအောင်မြင်ခင်အရွယ်က Musical ဇာတ်လမ်းလေး လာပါပြီ။ ဒီဇာတ်လမ်းမှာ ဝမ်ကာဟာ ငယ်ငယ်က သူ့အမေနဲ့ ထားခဲ့တဲ့ ကတိတစ်ခု ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းဖို့၊ သူ့ရဲ့ ချောကလက်ပညာတွေကို ထုတ်ပြဖို့ မြို့လေးတစ်မြို့ကို ရောက်ခဲ့ပါတယ်။ အောင်မြင်မှုဆိုတာတော့ လွယ်လွယ်နဲ့ မရနိုင်တာ လူတိုင်းအသိပါ။ အလားတူပဲ ဝမ်ကာဟာလည်း သူ့ရဲ့ ပန်းတိုင်ကို လျှောက်လှမ်းတဲ့ ခရီးမှာ အခက်အခဲတွေ ပြဿနာတွေ ရန်သူတွေ မိတ်ဆွေတွေ ရခဲ့ပါတယ်။ မိမိဘက်က လက်မလျှော့သ၍ အိပ်မက်တွေဟာ ပျက်စီးမသွားဘူးဆိုတဲ့ Message လေးကို အကအလှတွေ မြိုင်ဆိုင်တဲ့ သီချင်းတွေ သီဆိုရင်း Timothée Chalamet က အဓိကဦးဆောင် တင်ဆက်ထားပြီး ဟောလိဝုဒ်ရဲ့ အ‌ကျော်အမော်တွေဖြစ်တဲ့ အော်စကာဆုရှင် Olivia Colman, မင်းသားကြီး Rowan Atkinson နဲ့ Hugh Grant တို့အပြင် ဟာသမင်းသား Keegan-Michael Key ကလည်း ဇာတ်ရံနေရာကနေ အကောင်းဆုံးပါဝင်အားဖြည့်ပေးထားပါသေးတယ်။ ဂန္ထဝင်မင်းသားကြီး Gene Wilder နဲ့ Johnny Depp တို့ရဲ့ အရင်နှစ်ကားက Willy Wonka အတိတ်ဘဝဇာတ်ကြောင်းအစစ်ရယ်မဟုတ်ဘဲ Standalone ခွဲထွက်ထားတာဖြစ်လို့ ဒါကြည့်ဖို့ အရင်ကားတွေကို ကြည့်စရာမလိုပါဘူး။ အဲဒီတော့ ဒီအတိုင်း Musical ကားတစ်ကားအနေနဲ့ပဲ အကအလှတွေ ခံစားနားဆင်လိုက်ကြပါဦး။ (အညွှန်းကိုAct Molemyကရေးသားပေးထားပြီး ဇာတ်ကားကိုတော့Mr. Andersonနဲ့Act Molemyတို့က တင်ဆက်ပေးထားပါတယ်)...

Loving (2016) ⭐IMDB: 7.0/10 (36 k Votes) 🎬 #Biography #Drama #Romance 🗓 2016 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rating 7/10 လူမျိုးခြားစုံတွဲဖြစ်တဲ့ ရစ်ချက်နဲ့ ​မေးဒရစ် ဟာ ချစ်ကျွမ်းဝင်ခဲ့ကြပြီး ၁၉၅၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတယ် သူတို့ကြီးပြင်းခဲ့ကြတဲ့ ဗာဂျီးနီးယားက မြို့​လေးမှာ အ​​ခြေချဖို့ လုပ်​နေတဲ့အချိန်မှာဘဲ အဖမ်းခံခဲ့ရပြီး လူမျိုးခြားလက်မထပ်ရဥပ​ဒေ​ကြောင့် ပြည်နယ်ဒဏ်​ပေးခြင်းခံလိုက်ရပါတယ် ဝါရှင်တန်မှာ အ​ခြေချပြီးတဲ့​နောက်မှာ တစ်​နေ့ က​လေး​တွေ​ကြောင့်ဘဲ ဗာဂျီးနီးယားကို ပြန်အ​ခြေချဖို့ ဖြစ်လာခဲ့ပါ​တော့တယ် တကယ့်အဖြစ်အပျက်ကို အ​ခြေခံထားတာမို့ ရစ်ချက်နဲ့ ​မေးဒရစ် ဟာ ဗာဂျီးနီးယားကိုဘဲ ပြန်အ​ခြေချနိုင်မလား လူမျိူး​ရေးခွဲခြားတဲ့ဥပ​ဒေ​တွေကို တွန်းလှန်သွားနိုင်မလားဆိုတာ ကြည့်ရမှာဘဲဖြစ်ပါတယ်...

Alienoid (2022) ⭐IMDB: 6.2/10 (5 k Votes) 🎬 #Action #Fantasy #SciFi #ScienceFiction #Adventure 🗓 2022 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 23 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Aliennoid (2022) ထွက်မလာခင်ကတည်းက ဟိုးလေးတကျော်ကျော်နဲ့ပရိသတ်တွေစောင့်နေတဲ့ Sci-Fi Action အမျိုးအစား Alienoid Part 1 ကတော့ ထွက်လာပါပြီကျွန်တော်ကတော့ စောင့်ရကျိုးနပ်တယ်လို့ပဲ ပြောချင်ပါတယ် သုံးထားတဲ့ CGI တွေ နောက်ခံစကားပြော သရုပ်ဆောင်တွေနဲ့ဇာတ်ကောင်တွေနဲ့အလိုက် သရုပ်ဆောင်တွေကို သုံးထားတာတော့ အံဝင်ခွင်ကျပါပဲ မင်းသား Woo Bin ရဲ့ Comeback ရုပ်ရှင်ကတော့ K Industry မှာ တစ်ခေတ်ဆန်းသစ်ပြန်ပါပြီ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ဂိုလျောခေတ်ကို ဂြိုဟ်သားတွေ ရောက်လာတဲ့ကိစ္စပါပဲတစ်ချိန်တည်းမှာပဲ လက်ရှိခေတ်မှာရော ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ်ကိုရောက်လာပါလေရောအချိန်နှစ်ခုကို ယှဉ်ရိုက်ထားပြီး အဲဒီအချိန်နှစ်ခုကြားမှာ ဘယ်လို ပတ်သက်ဆက်နွယ်မှုတွေ ရှိသလဲဆိုတာကတော့ မြှုပ်ကွက်တစ်ခုပါပဲ အားလုံးပဲသိတဲ့အတိုင်း ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း သူ့ထက်ငါ တပြားမှမလျော့ကြတဲ့သူတွေပါပဲ – Reply 1988 ထဲက Ryu JunYeol– Our Blues ထဲက Kim Woo Bin– 25-21 ထဲက သည်းသည်းတုန်လေး Kim Tae Ri နဲ့– ဘတ်ချောအွန်းလို့ မြန်မာမှာ လူသိများတဲ့ မင်းသားကြီး So Ji Sub တို့ပါဝင်ထားလို့ အာရုံအစိုက်ခံရဆုံးဇာတ်လမ်းပါပဲ အညွှန်း ကိုတော့Joyzက ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့HmweandJoyzပဲ ဖြစ်ပါတယ်။...

The Prequel of Gold Convoyers: An Ultimate Task (2010) ⭐TMDB: 0.0% User Score 🎬 #Action #Drama #ThePrequelofGoldConvoyers 🗓 2010 🎞 tv movie 🌎 #China ⏰ 1 နာရီ 28 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒါကတော့ The Prequel of Gold Convoyers ရဲ့(9)ကားမြောက်ကားပဲဖြစ်ပါတယ်။ စုစုပေါင်း ဆယ်ကား တိတိရှိပြီးအားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဆရာတူညီမလေးကျင်းကျင်းသေသွားတော့ ကူဖျင်အန်းကိုချစ်မိနေတဲ့ဝမ်ကျောက်ရှင်းဟာအနာဂတ်မရှိတဲ့ ကိုယ်ရံတော်တပ်ကိုစိတ်ကုန်ပြီး ကိုယ်ရံတော်တပ်ကထွက်ပြီးအချစ်နဲ့အတူသာမန်ဘဝလေးမှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်။ အဲဒါကြောင့်သူ့မွေးစားအဖေကိုအသိပေးဖို့ မြို့တော်ကိုသွားတဲ့အချိန်မှာသူ့ကိုနောက်ဆုံးတာဝန်တစ်ခုပေးအပ်လိုက်တယ်။ တိုင်းတစ်ပါးကစစ်ရှုံးပြီးအညံ့ခံလာတဲ့စစ်သူကြီးတစ်ယောက်ကိုစောင့်ရှောက်ပြီး စစ်မက်ရေးရာဌာနကိုပို့ပေးဖို့ပါ။ဘယ်သူထင်မထားမလဲ မြို့အဝင်တံခါးမကြီးကနေစစ်မက်ရေးရာဌာနကိုသွားတဲ့လမ်းတစ်လျှောက်မှာအန္တရာယ်တွေအထပ်ထပ်ကြုံရမယ်လို့ပေါ့။ တစ်နေ့တာအတွင်း အန္တရာယ်အထပ်ထပ်ကိုကျော်ဖြတ်ပြီးစစ်မက်ရေးရာဌာနကိုရောက်အောင်ပို့ပေးဖို့ကြိုးစားတာကိုသဲထိတ်ရင်ဖိုကြည့်ရမှာဖြစ်ပါတယ်။...

Miles Ahead (2016) ⭐TMDB: 65.0% User Score 🎬 #Biography #Drama #Music #Romance #History 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jazz ဂီတကို နှစ်သက်ကြတဲ့CM ပရိတ်သတ်ကြီးအတွက် Big Fishတို့ လို ဇာတ်ကားတွေအပြင် Star warsရဲ့ Obiwan ကြီးဖြစ်တဲ့ အပြုံးချိုချိုနဲ့ မင်းသားကြီး Ewan McGregor နဲ့ MCUမှာ Iron manရဲ့ဘက်တော်သား War machine အဖြစ် လူသိများကြတဲ့ Don Cheadleတို့ရဲ့ Musical ဇာတ်ကားလေးတစ်ခုနဲ့ မိုက်ဆက်ပေးချင်ပါတယ်။ Jazz ဂီတနဲ့ လူမည်းတွေဆိုတာက ခွဲခြားလို့မရတဲ့ အရာနှစ်ခုလိုပဲ။ Jazzဂီတက သူတို့တွေရဲ့ အစွမ်းတွေ အရည်အချင်းတွေ အနုပညာလက်ရာတွေက ဂီတလောကကြီးကို ပုံစံ တစ်ထောင့်တစ်နေရာကနေ ပြောင်းလဲစေခဲ့တာတော့ အမှန်တရားပါပဲ။ ဒီဇာတ်ကားမှာတော့ Jazzဂီတရဲ့ ‌နာမည်ကြီး ဖခင်တွေထဲက တစ်ဦးဖြစ်တဲ့ မိုင်းလ်စ် ဒေးဗစ် (Miles Davis)ရဲ့ ဘဝ တစ်ဆစ်ချိုး အကြောင်းကို ရှုစားကြရမှာပါ။ မိုင်းလ်စ် တစ်ယောက် သူ့ရဲ့ လူကြိုက်များတဲ့ သီချင်းတွေ ဆက်တိုက်ထုတ်ခဲ့ပြီးတဲ့နောက် အိမ်ထောင်ရေးပြဿနာတွေ ကျန်းမာရေး ပြဿနာတွေကြား သူ့ရဲ့ ဂီတဈာန် ပျောက်ဆုံးနေခဲ့တာ ငါးနှစ်ရှိခဲ့ပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အိမ်ကို ရောက်လာတဲ့ ခေါင်းမာမာနဲ့ ရိုးလင်းစတုန်း မဂ္ဂဇင်းက စာရေးဆရာ ဒေ့ဗ် ဘရေဒန်နဲ့ အတူတကွ သူရဲ့ ပျောက်ဆုံးနေတဲ့ ဂီတဈာန်ကို ပြန်လည် ရှာဖွေနိုင်ခဲ့ပုံကို ရှုစားအားပေးကြရမှာပဲ ဖြစ်ပါတယ် ခင်ဗျ။...