en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Bursting Point (2023) ⭐IMDB: 5.5/10 (122 Votes) 🎬 #Action #Crime #Drama 🗓 2023 🎞 movie 🌎 #China #HongKong ⏰ 2 နာရီ 18 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါကါ CM ကတင်ဆက်ပေးမယ့် ရုပ်ရှင်ဇာတ်လမ်းကတော့ဟောင်ကောင်ရဲဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမှာတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲမှူး လီကျစ်ရှင်ကကျန်းမင်ကို မူးယစ်ဆေးမှောင်ခိုအဖွဲ့အစည်းထဲသို့သူလျှိုအဖြစ်ဝင်ခိုင်းပြီး ခေါင်းဆောင်ဖြစ်သူဟန်ယန်ကိုဖမ်းဆီးခိုင်းခဲ့တယ် ဒါပေမဲ့ကျန်းမင်က အခြေအနေအရမတတ်သာပဲ အမှောင်ဘက်သို့တဖြည်းဖြည်းရောက်ရှိသွားခဲ့တယ် လီကျစ်ရှင်က ပြန်ကယ်ချင်ပေမယ့်မအောင်မြင်ပဲ ဆရာတပည့်နှစ်ယောက်က ရန်သူတွေဖြစ်လာခဲ့ပြီးတော့ပြန်အဖတ်မဆည်နိုင်ဖြစ်ခဲ့ရလေတယ်ဒီဇာတ်လမ်းလေးမှာ ဆရာတပည့်ဆက်ဆံရေးက နောက်ဆုံးဘယ်လိုဖြစ်လာမလဲကျန်းမင်နောက်ဆုံးမှာ ဘယ်လိုတွေဆက်လုပ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြပါစို့...

Commando (1985) ⭐TMDB: 67.0% User Score 🎬 #Action #Adventure #Thriller 🗓 1985 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တောင်းဆိုနေကြတဲ့ အာနိုးကား တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၈၅ ခုနှစ်က Commando ဆိုတဲ့ဇာတ်ကားပါ။ သူရဲကောင်းဝါဒနဲ့ မင်းသားအသားပေးရိုက်ချက်တွေ ခေတ်စားတဲ့ကာလက ဇာတ်ကားဆိုတော့ မင်းသားက လေးလုံးပြူးလောင်ချာကြီးထမ်းပြီး လူအယောက် ၂၀ လောက် ဝိုင်းပစ်နေတဲ့ကြားကနေ ကားကားကြီးထရပ်ပြီး လမ်းလျှောက်နေတာမျိုးပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ အာဏာရူး သမ္မတရူးတစ်ယောက်က သမ္မတလုပ်ချင်တာနဲ့ပဲ အမေရိကန်ကို လာပါသတဲ့။ သူ့ရဲ့နိုင်ငံက ဇာတ်လမ်းထဲမှာပဲရှိတယ်။ ဘာတဲ့ ဗော်လ် ဗယ်ရ်ဒေး ဆိုလားပဲ။ အဲဒီနိုင်ငံက သမ္မတကို လုပ်ကြံဖို့ မင်းသားဆီ လာအပူကပ်တာပေါ့လေ။ သတ်ပေးပါနော် ကိုကို လို့ အပူကပ်တာမဟုတ်ဘူးနော်။ မင်းရဲ့ သမီးကို ငါတို့ဖမ်းထားတယ်။ သူ့ကို မသေစေချင်ရင် လက်ရှိသမ္မတကို လုပ်ကြံပြီး ငါ့ကို သမ္မတမြောက်ပေး ဘာညာပေါ့ဗျာ။ ကျွန်တော်တို့ အာနိုးကြီးက ဂဂျိုးဂဂျောင်ကောင်မှ မဟုတ်ဘဲဗျာ။ သူ့သမီးကို ဖမ်းသွားတဲ့သူတွေ သေခြင်းဆိုးနဲ့သေအောင် လိုက်သတ်တာများ စူပါမန်းထက်မိုက်တယ်။ သိတဲ့အတိုင်းပဲ။ တုတ်ပြီးဓားပြီး သေနတ်ပြီးတဲ့ ကာနယ်ကြီး မေးထရစ် တစ်ဖြစ်လည်း အာနိုးကြီးရဲ့ အက်ရှင်ဇာတ်ကားကြီးကို ငယ်ငယ်က အငွေ့အသက်တွေနဲ့ ပြန်ခံစားကြရအောင်ဗျာ။...

Tales from the Darkside: The Movie (1990) ⭐TMDB: 62.0% User Score 🎬 #Comedy #Horror #Thriller #Fantasy 🗓 1990 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tales from the Crypt တို့ Creepshow တို့လို နာမည်ကျော် Horror anthology series တွေကိုအခြေခံတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ဇာတ်ကားကိုလည်း ဇာတ်လမ်းတိုသုံးခုနဲ့ဖွဲ့စည်းထားပါတယ်။ စုန်းမတစ်ယောက်ကဖမ်းပြီး ပါတီပွဲအတွက်သတ်စားဖို့ ကြံစည်ခံထားရတဲ့ ကောင်လေးတစ်ယောက်က အချိန်ဆွဲတဲ့အနေနဲ့ Tales from the Darkside ဆိုတဲ့စာအုပ်ထဲကစိတ်ဝင်စားစရာအကောင်းဆုံးဇာတ်လမ်းသုံးခုကို ပြန်ပြောပြတဲ့ပုံစံနဲ့ ဇာတ်လမ်းကို စတင်ထားတာဖြစ်ပါတယ်။ Lot 249ဘယ်လင်တန်ဆိုတဲ့စာကြမ်းပိုး၊ ဆင်းရဲတဲ့ကောလိပ်ကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းထောက်ပံ့ကြေးလျှောက်တဲ့အချိန်မှာ သူဌေးသားကျောင်းသူကျောင်းသားတစ်စုရဲ့ လှည့်ဖျားမှုကိုခံလိုက်ရပြီး နောက်ကောက်ကျခဲ့ပါတယ်။ အဲ့ဒါကိုပြန်ကလဲ့စားချေတဲ့အနေနဲ့ ရှေးဟောင်းမံမီတစ်ကောင်ကိုအသက်သွင်းပြီး သူ့ကိုညစ်ခဲ့တဲ့သူတွေကို လိုက်သတ်ခိုင်းတဲ့အခါ..။ The Cat from Hellကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ ဟော်စတန်ဟာ ရှေးဟောင်းစံအိမ်ကြီးတစ်ခုကိုဖိတ်ခေါ်မှုကြောင့်ရောက်လာခဲ့ပါတယ်။ စံအိမ်ကြီးရဲ့ပိုင်ရှင်ကတော့ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်ပြီး သူ့ကိုကြေးကြီးကြီးနဲ့ငှားလိုက်ရတဲ့အကြောင်းရင်းက သူ့အိမ်မှာရှိနေတဲ့ ကြောင်နက်တစ်ကောင်ကိုသတ်ဖို့ဆိုတာ သိလိုက်ရပါတယ်။ တကယ်ပဲ အဲ့ဒီကြောင်နက်က အဘိုးကြီးထင်နေသလို ဒုက္ခပေးနိုင်တဲ့ ငရဲကလာတဲ့ကြောင်တစ်ကောင်ဖြစ်နေမလား။ Lover’s Vowပရက်စတန်က ကြိုးစားနေဆဲအနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့လက်ရာတွေကို လူတွေအားမပေးတဲ့အတွက် ငွေပြတ်ပြီး စိတ်ဓာတ်ကျနေပါတယ်။ ဘားတစ်ခုကအပြန် နောက်ဖေးလမ်းကြားမှာ အမည်မသိသတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြီး အဲ့ဒီသတ္တဝါကြီးက သူနဲ့တွေ့ခဲ့တဲ့အကြောင်းကို ဘယ်သူ့ကိုမှပြန်မပြောဖို့ကတိတောင်းပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲ့ဒီညမှာပဲ သူ့ဘ၀ကို ကံကောင်းခြင်းတွေယူဆောင်လာမယ့် မိန်းကလေးတစ်ယောက်နဲ့တွေ့ပြီး သူ့ဘ၀အကောင်းဘက်ကို ဦးတည်ပြောင်းလဲသွားခဲ့ပေမယ့် နောက်ဆယ်နှစ်အကြာမှာတော့..။ ဂန္ဓဝင် Horror ရုပ်ရှင်တွေထွက်ခဲ့တဲ့ ခေတ်ကာလကဆိုတော့ မကောင်းမှာမပူရတဲ့ genre ပရိသတ်တွေ လက်လွတ်မခံသင့်တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။...

12 Rounds (2009) ⭐TMDB: 59.0% User Score 🎬 #Action #Crime #Thriller 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နယူးအော်ရီလန်က ရဲအရာရှိ ဒန်နီဖစ်ရှာ (John Cena) ဟာ နာမည်ကြီးခိုးမှုတစ်ခုရဲ့ တရားခံနောက်ကိုလိုက်နေတုန်းမှာ အဲဒီတရားခံရဲ့ ကောင်မလေးဟာ မတော်တဆ သေသွားခဲ့ရပါတယ်. လက်စားချေဖို့ကို ဆာလောင်နေတဲ့ ဉာဏ်ကြီးရှင်တရားခံဟာ တစ်နှစ်အကြာမှာ ထောင်ကနေ ဖောက်ပြေးလာပြီး ဒန်နီရဲ့ ဇနီးလောင်းကို ပြန်ပေးဆွဲသွားပါတော့တယ်.. သူ့ဇနီးလောင်းကိုကယ်ဖို့အတွက် ဒန်နီဟာ အဲဒီတရားခံနဲ့ ဉာဏ်ချင်းယှဉ်ပြိုင်ပြီး ၁၂ ချီရှိတဲ့ ကစားနည်းတစ်ခုကို သူ့ဇနီးလောင်းရဲ့အသက်နဲ့ရင်းပြီး ကစားရတဲ့အခါ…. ဒန်နီက သူ့ဇနီးလောင်းကိုကယ်ဖို့ အောင်မြင်သွားမလား…. ဒါမှဟုတ် တရားခံဖြစ်တဲ့ မိုင်းစ်ကပဲ ဒန်နီကိုဘယ်လိုတွေလှည့်စားပြီးတော့ ဇာတ်လမ်းပြီးတဲ့အထိ အနိုင်ယူသွားမလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်သင့်တဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်. အဓိကဇာတ်ဆောင်အနေနဲ့ WWE Superstar John Cena ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်...

12 Rounds 2: Reloaded (2013) ⭐IMDB: 5.3/10 (6 k Votes) 🎬 #Action #Adventure #Thriller 🗓 2013 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အရေးပေါ်သူနာပြုတစ်ယောက်ဖြစ်တဲ့ နစ်ခ် မယ်လွိုင် (Randy Orton) ဟာ သူအတိတ်မှာလုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုကြောင့် အန္တရာယ်များတဲ့ ကစားပွဲတစ်ခုကို ကစားရပါတော့တယ်. အဲ့ကစားပွဲကို ကြိုးကိုင်တဲ့သူက သူ့မိန်းမကိုပါ ဓားစားခံလုပ်ပြီး ကစားပွဲကို ၁၂ ချီတိတိ သေချာအကွက်ချစီစဉ်ပြီးတော့ သူ့ကို ကစားစေပါတယ်. ဒါ့အပြင် ကစားပွဲတစ်ခုချင်းစီတိုင်းမှာလည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေရှိနေပြီး အဲဒီရည်ရွယ်ချက်တွေရဲ့နောက်ကွယ်က အမှန်တရားကဘာလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်. နစ်ခ်ကရော သူ့မိန်းမရဲ့အသက်ကို ကယ်နိုင်ပါ့မလား???ကစားပွဲကို ကြိုးကိုင်တဲ့သူကပဲ အနိုင်ရသွားမလား???အချိန် တစ်နာရီခွဲလောက်ကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်. အရှေ့ကထွက်ခဲ့တဲ့ 12 Rounds ဇာတ်ကားလိုပဲ ဒီကားမှာလဲ WWE Superstar ဖြစ်တဲ့ ကျွန်တော်တို့ငယ်ငယ်က ကြိုက်ခဲ့ရတဲ့ Randy Orton က အဓိက သရုပ်ဆောင်အနေနဲ့ပါဝင်ထားပြီး Scorpion King 3 အပြင် Death Race 2 + 3 တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Roel Reiné ရိုက်ကူးထားတဲ့အတွက် အချိန်ပေးရတာတန်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်...

It Be an Evil Moon (2023) ⭐IMDB: 4.0/10 (388 Votes) 🎬 #Comedy #Horror 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 22 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘတ်ဂျက် အင်ဒီရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဖရက်ဒီက သိပ္ပံပညာရှင်တစ်ယောက်ပါ။ ဖရက်ဒီက အမေအိုကြီးနဲ့ အတူနေပါတယ်။ ဖရက်ဒီက ဆေးတစ်ခုကိုဖော်နေပါတယ်။ ဆံပင်ကျွတ်တာ သက်သာစေတဲ့ဆေးပါ။ ဖရက်ဒီရဲ့ဆေးဖော်မြူလာဟာ အစပိုင်းမှာတော့ အဆင်ပြေနေပြီး ဆံပင်ကျွတ်တာတွေ တကယ် သက်သာနေခဲ့ပါတယ်။ ဒါပေမဲ့ ဖရက်ဒီမသိလိုက်တာတစ်ခုက ‌ဒီဆေးဖော်မြူလာမှာ ဘေးထွက်ဆိုးကျိုးတစ်ခုရှိနေတာပါ။ ဒီဘေးထွက်ဆိုးကျိုးကတော့ ဆေးကိုအသုံးပြုထားတဲ့သူတွေကို သမန်းဝံပုလွေအဖြစ် ပြောင်းလဲသွားစေတာကို ဖရက်ဒီသိလိုက်ရတဲ့နောက်မှာတော့ ဖရက်ဒီအတွက် သိပ်နောက်ကျသွားခဲ့ပါပြီ။ သမန်းဝံပုလွေဆေးကိုသုံးမိခဲ့တဲ့ ဖရက်ဒီတစ်ယောက် ဘာတွေဆက်ကြုံတွေ့လာရမလဲ၊ ဖရက်ဒီကိုယ်တိုင်ရော သမန်းဝံပုလွေဖြစ်သွားမှာလား၊ ဖရက်ဒီတစ်ယောက် ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။...

AIMEE: The Visitor (2023) ⭐IMDB: 4.8/10 (219 Votes) 🎬 #Horror #SciFi #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 9 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Keyes ဟာ သူငယ်ချင်း နှစ်ယောက်နဲ့အတူ အခြားသူတွေ ဖန်တီးထားတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲတွေကို ခိုးပြီး ပြန်ရောင်းနေတဲ့ ဟက်ကာ တစ်ယောက်ဖြစ်ကာ ညစ်ညမ်းကားတွေကြည့်၊ အပြင်စာတွေ စားသောက်၊ အိမ်တွင်းပုန်းကာ ဘဝကို အချိန်ဖြုန်းနေသူ တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့မိတ်ဆွေ နှစ်ဦးထံမှ ဆော့ဖ်ဝဲတစ်ခုကို ရရှိခဲ့ပါတယ်။ ထိုဆော့ဖ်ဝဲဟာ AIMEE လို့ အမည်ရတဲ့ AI ပရိုဂရမ် တစ်ခုဖြစ်ကာ ခိုးရာပါ ပစ္စည်းဖြစ်တဲ့အတွက် မူရင်းဖန်တီးသူကိုတော့ မသိရပါဘူး။ ထို AIMEE ဟာ သူ့ကို activate လုပ်လိုက်တဲ့သူကို ပိုင်ရှင်အဖြစ် သတ်မှတ်ကာ အရာရာကို ခဏချင်းအတွင်း စကန်ဖတ်ကာ လေ့လာနိုင်စွမ်းမြင့်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ သူဟာ ပိုင်ရှင်နဲ့ ပတ်သက်တဲ့ အရာတွေ၊ မိတ်ဆွေတွေသာမကပဲ ခံစားချက်တွေကိုပါ ဖတ်နိုင်သူ ဖြစ်ပြီး ကူညီပေးနေတဲ့အတွက် ပိုင်ရှင်ရဲ့ နေ့စဉ်လုပ်ငန်းတွေကို ပိုပြီး လွယ်ကူ လျှင်မြန်အောင် စွမ်းဆောင်ပေးနိုင်တဲ့အတွက် အိမ်တွင်းပုန်းဖြစ်တဲ့ Keyes အတွက်တော့ ပြီးပြည့်စုံမှု တစ်ခု ဖြစ်လို့နေပါတယ်။ ဒါပေမဲ့ ဘယ်အတိုင်းအတာအထိ AIMEE က လေ့လာနိုင်တာလဲ၊ လူသားတစ်ယောက်ထက် သာလွန်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ AI ပရိုဂရမ်တစ်ခုလား။ ဒီဇာတ်ကားဟာကြောက်စရာ ကောင်းလောက်အောင် တိုးတတ်မြင့်မားလှတဲ့ နည်းပညာအကြောင်းကို သည်းထိတ်ရင်ဖို ခံစားချက်တွေ ခံစားရရှိနိုင်စေမဲ့ ရုပ်ရှင်ကား တစ်ကားပဲ ဖြစ်ပါတယ်။...

The Gossip (2021) ⭐IMDB: 6.6/10 (80 Votes) 🎬 #Comedy #Horror #Mystery #Thriller 🗓 2021 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 24 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Gossip (2021) ဒီတစ်ခေါက်တင်ဆက်ပေးမယ့်မူဗီလေးကတော့ Dark Humor တွေနဲ့ ရယ်မောရတဲ့အပြင်စိတ်ဝင်စားစရာအပြည့်နဲ့ ကြည့်ရှုရမယ့် ၂၀၂၁ တုန်းက ထွက်ရှိထားတဲ့ Gossip ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် ဂျောင်ဆော့ဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးဟာ မြို့ပြနဲ့ဝေးတဲ့တစ်နေရာမှာ ငွေဖောဖောသီသီရတဲ့အချိန်ပိုင်းအလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ် သူ့အလုပ်ကတော့ အိပ်ရာထဲလဲနေတဲ့ ဥက္ကဌကြီးကို ဒိုင်ပါလဲပေးရတယ် ဆလိုင်းသွင်းပေးရတယ် ဆေးတိုက်ရတယ် ဒါပါပဲသူ့ထက်အရင် အချိန်ပိုင်းအလုပ်လုပ်နေတဲ့ ဝါရင့်အစ်ကိုကြီးတစ်ယောက်ရော ရှိနှင့်နေတယ်လေဒီလိုနဲ့ နှစ်ယောက်သား စကားဖောင်ဖွဲ့ရင်း ယောက်ျားချင်းစကားတွေ ပြောကြရင်းအိပ်ရာထဲမှာ ဘုရင်မတစ်ဆူလို့ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်ကြည့်ဖို့ဖြစ်လာပါတော့တယ်အဲဒီလိုနဲ့ ကောင်မလေးရောက်လာတဲ့အခါ ၃ယောက်သား အရက်အတူသောက် ရယ်စရာတွေပြော အဖွဲ့ကျနေကြတုန်းမှာပဲရုတ်တရက် ဥက္ကဌကြီးက နိုးလာပြီးတော့ ဝါရင့်အစ်ကိုကြီးကို လည်ပင်းလာညှစ်ပါတော့တယ် .. ခုခံဖို့ လုပ်ကြရင်းနဲ့ ဥက္ကဌကြီး နဲ့ အဲဒီ အရှုပ်တော်ပုံကို ဘယ်လို ရှင်းကြမလဲဆိုတာကို သိချင်ရင်တော့တစ်ဖြတ် လာရောက် ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေနော်ကြည့်ဖို့ ခိုင်လုံတဲ့ အဓိကအချက်ကတော့“မင်းသားက အဆင်လေးပါ အဆင်လေးပါ” ဒါပါပဲ အညွှန်းကိုတော့Shin Shinက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Shin&Caliပဲ ဖြစ်ပါတယ်။...

The Blood of Desire (2024) ⭐TMDB: 50.0% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Blood of Desire (2024) ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် မင်ဟိုက အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့ငွေအရမ်းလိုနေတော့ ရလာတဲ့အလုပ်ကိုလုပ်ပါတော့တယ် ဖြစ်ချင်တော့ အဲအလုပ်က ငယ်သူငယ်ချင်းကိုဖမ်းပေးရမယ့်ကိစ္စဖြစ်နေပါတယ်..သူတို့မောင်နှမအပေါ် ကျေးဇူးရှိဖူးတဲ့သူငယ်ချင်းကို ဖမ်းပေးပေမဲ့ဇာတ်သိမ်းကတော့ ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး တိုက်ရင်းခိုက်ရင်းနဲ့ သူငယ်ချင်းကို ဘယ်လိုကယ်တင်သွားမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...

Romance with a Twist (2024) ⭐IMDB: 6.7/10 (281 Votes) 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 24 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Romance with a Twist (2024) ဗန်ဂိုးရဲ့ Starry night ပန်းချီကားလို The Thinker ဆိုတဲ့ရုပ်ထုလိုအနုပညာရှင်စစ်စစ်တွေ ဖန်တီးလိုက်တဲ့ အနုပညာတိုင်းဟာ ဇာတ်လမ်းတစ်ခုခုကို ပြောပြချင်နေကြတာချည်းပါပဲ။ကျွန်တော်တို့ဟာ စည်းတွေဘောင်တွေနဲ့နေတာများလာပြီး လွပ်လပ်တဲ့အနုပညာကို မခံစားတတ်ကြတော့ပါဘူး။ခု 2024 မှထွက်လာတဲ့ ဒီ အချစ်ကားလေးဟာလဲအနုပညာအလုပ်နဲ့ အသက်မွေးနေပေမဲ့ စာအုပ်ကြီးအတိုင်းပဲလုပ်တတ်တဲ့ မင်းသားရယ်အရာရာကို လိုက်ခံစားတတ်တဲ့မင်းသမီးတို့ကြားက အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘန်းနက်ဆိုတဲ့ ပရော်ဖက်ရှင်နယ် အကပညာရှင် တစ်ယောက်ဟာ သူ့မွေးရပ်မြေမြို့လေးဆီက အနုပညာပြပွဲအတွက်ပြန်လာဖို့ ပွဲလက်ခံခဲ့ပါတယ်။ဖြစ်ချင်တော့ သူနဲ့တွဲကတဲ့ အမျိုးသမီးဟာ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တော့တဲ့အခါမှာ အကကိုစိတ်ဝင်စားပေမဲ့အကလောကကနေထွက်ခွာပြီး ဆောက်လုပ်ရေးဘက်လုပ်နေတဲ့ လူနာ ဆိုတဲ့အမျိုးသမီးကို အရေးပေါ်အကကျင့်ပေးရတော့မယ်ဆိုတော့ဘာတွေဘယ်လိုဒုက္ခတွေ အခက်ခဲတွေတွေ့ပြီး ပွဲကိုဖြစ်အောင်မြောက်အောင်လုပ်မလဲ။ဘန်းနက်နဲ့ လူနာ ကြားက အေးစက်တဲ့ ဆက်ဆံရေးတွေကြောင့် ဘာတွေထိခိုက်ပြီး ဘယ်လိုပြန်ပြီး အဖတ်ဆယ်ကြမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦး။ Romance အချစ်ကားလေးဖြစ်တဲ့အပြင် 2024 ကမှထွက်ထားပြီးIMDB rating 6.8 ထိတောင်ရထားတာဆိုတော့ ကြည့်ရတာ တန်မဲ့ကားလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။...

Onde Mande! (2023) ⭐IMDB: 6.9/10 (117 Votes) 🎬 #Comedy #Drama #Family 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 33 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Onde Mande / The Prize (2023) Drama ချစ်ပရိသတ်တို့ အကြိုက်တွေစေမယ့် အင်ဒိုမိသားစုဟာသရုပ်ရှင်လေးတစ်ကားဖြစ်တဲ့ Onde Mande(ဆုငွေ)ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။လူသူအရောက်အပေါက်နည်းတဲ့ တောင်ကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာက ဆုမဲပေါက်သွားတဲ့လူတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ မီနန်သားတွေဟာ ကိုယ့်ရဲ့အမိမြေကို သိပ်ချစ်ကြတဲ့သူတွေပေါ့။ဘယ်သူတွေဘာပြောပြော ဘဝနဲ့ရင်းပြီး ကိုယ့်မြေကိုချစ်တဲ့မီနန်သားတွေကမိုးပြိုရင်တောင်မှ ကိုယ့်ရဲ့နေရပ်ကို စွန့်ခွာကြမယ့်သူတွေမဟုတ်ပါဘူး။ဒီလူတွေထဲမှာ အန်ကူဝမ်ဆိုတဲ့ အဘိုးကြီးလည်း အပါအဝင်ပေါ့။ အန်ကူဝမ်ဟာ ခေါင်းမာပြီး စိတ်ဓာတ်ပြင်းတဲ့သူတစ်ယောက်၊အငြိမ်းစားကျောင်းဆရာပီပီ အရာရာကို စာအုပ်ကြီးလိုလုပ်တတ်တဲ့သူ့ကို တော်ရုံလူက သည်းမခံနိုင်ပါဘူး။ငယ်စဉ်ကတည်းက သူ့အရိပ်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ အမ်ကလွဲလို့ပေါ့။အန်ကူဝမ်ဘယ်လောက်ပဲ ခေါင်းမာတယ်ပြောပြော မန်နင်ဂျောရွာလေးကို ချစ်တဲ့နေရာမှာတော့ အန်ကူဝမ်ကို ဘယ်သူမှမမီကြပါဘူး။မိန်းမနဲ့သားဖြစ်သူက ရွာကိုစွန့်ပြီး ဂျကာတာမြို့ပေါ်ပြောင်းသွားတာတောင် ရွာကိုချစ်လွန်းလို့နေရစ်ခဲ့ပြီးကျောင်းဆရာဆက်လုပ်ခဲ့တဲ့ အန်ကူဝမ်ရဲ့ ရွာအပေါ်ထားတဲ့အချစ်ကို ဘယ်သူကများ မေးခွန်းထုတ်ရဲမှာလဲ။ မန်နင်ဂျောရွာရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေကန်ကြီးက ၁၅ နှစ်တစ်ခါ ကန်အောက်ခြေက ကန့်တွေတက်လာပြီးတော့ငါးတွေအဆိပ်သင့်ပြီး တစ်ရွာလုံး ဒုက္ခရောက်တတ်ကြပါသတဲ့။ဒါကိုမြင်နေတဲ့အန်ကူဝမ်တစ်ယောက် ရွာပြုပြင်ပြောင်းလဲရေးအတွက် ရည်စူးပြီး မဲထည့်နေရင်းကနေ ၂ ဘီလီယံဆုကြီးပေါက်သွားပါတော့တယ်။တစ်ယောက်တည်း ပီတိဖြာရင်း အစီအစဉ်တွေအကောင်အထည်ဖော်ဖို့ ပြင်ဆင်ထားချိန်မှာအန်ကူဝမ်တစ်ယောက် ဆုကြေးမထုတ်ရခင် သူသိပ်လုပ်ချင်ခဲ့တဲ့ ရွာပြုပြင်ပြောင်းလဲရေးမန်နင်ဂျောရေကန်ကိုမမှီခိုရတဲ့ စီးပွားရေးလုပ်ငန်းတည်ထောင်ရေးကို လုပ်ခွင့်မကြုံလိုက်ခင် ဆုံးပါးသွားပါတော့တယ်။ဒီတော့ အန်ကူဝမ်ကို အဖေလိုသဘောထားတဲ့အမ်က ဦးဆောင်လို့အန်ကူဝမ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကြိုးစားကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။...

Puspa Indah Taman Hati (2023) ⭐IMDB: 7.8/10 (31 Votes) 🎬 #Drama #Romance #Musical 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 41 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Puspa Indah Taman Hati 2023 အညွှန်း ‌အချစ်ဦးကို မေ့နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲလို့ လိုက်မေးကြည့်ရင်၁၀၀ မှာ အယောက် ၉၀ လောက်က မမေ့နိုင်ကြပါဘူး။အဲလိုပါပဲ အဲအချစ်ဦးနဲ့ ကိုယ့်ကို ရင်နဲ့ရင်းပြီး ချစ်ရတဲ့သူနဲ့ ယှဉ်လာတဲ့အခါမှာ ကိုယ်ဘယ်သူ့ကိုရွေးချယ်မှာလဲ။ယခုအင်ဒို musical ကားလေးမှာတော့ ဂါလိနဲ့ မာလီနာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုသူတွေရဲ့ရင်ထဲကို တစ်မျိုးဖြစ်စေမှာအမှန်ပါပဲ။ဂါလိကတော့ တက္ကသိုလ်မှာ ဂီတကျောင်းသားလည်းဖြစ် အဆိုတော်အဖြစ်လည်းနာမည်ကြီးပြီး ကောင်မလေးတွေကြားမှာ ဝိုင်းဝိုင်းလည်နေတာပါ။တစ်နေ့မှာတော့ သူ့ရဲ့အချစ်ဦးဖြစ်တဲ့ ရာတနာနဲ့ရုပ်ချင်းဆင်တဲ့ မာလီနာကို ကျောင်းမှာတွေ့ပြီး ကြိုက်မိသွားပါတော့တယ်။မာလီနာကလည်း သူ့ကိုကြိုက်တဲ့ကောင်လေးတွေကို စိတ်မဝင်စားဘဲ ဂါလိကိုပဲ စွဲလမ်းသွားပါတယ်။အဲလိုနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။သူတို့အချစ်ခရီးလမ်းကရော ဖြောင့်ဖြူးပါ့မလား။ဘယ်လိုအနှောင့်အယှက်တွေ ဝင်လာဦးမလဲ။ အချစ်ဦးနဲ့ ကိုယ့်ကိုချစ်ရတဲ့သူကြားမှာ ရွေးချယ်ရဖို့ အကြောင်းဖန်လာရတဲ့အခါဘယ်သူ့ကိုရွေးချယ်သွားမလဲဆိုတာ အချစ်ဦးဆိုတာ ဘယ်နားရောက်နေမှန်းမသိတဲ့သူများအဖို့CM က တင်ဆက်ပေးလိုက်ရပါတော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Kaung Setပဲ ဖြစ်ပါတယ်။...

Shanghai Knights (2003) ⭐TMDB: 61.0% User Score 🎬 #Action #Adventure #Comedy #JackieChan #Western 🗓 2003 🎞 movie 🌎 #HongKong #USA #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂျက်ကီချန်း ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ Shanghai Knights ဇာတ်ကားဟာ 2003 ခုနှစ်ကထွက်ရှိထားတဲ့ တရုတ်အမေရိကန်အက်ရှင်ကားတစ်ကားဖြစ်ပါတယ် IMDb rating 6.2/10 ရရှိထားပြီး Jackie Chan ၊ Owen Wilson ၊ Donnie Yan ၊ Aaron Taylor စတဲ့သရုပ်ဆောင်ကြီးတွေပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Chon Wang ဟာ အမိမြေတရုတ်နိုင်ငံကိုစွန့်ခွာပြီး အမေရိကန်နိုင်ငံ Carson မြို့လေးမှာ အရာရှိတစ်ယောက်အဖြစ်အသက်မွေးဝမ်းကျောင်းသူပါ….ဖခင်ဖြစ်သူကတော့ တရုတ်တော်ဝင်နန်းတွင်းတံံဆိပ်ကိုထိန်းသိမ်းရသူတစ်ဦးဖြစ်ပြီး သားလုပ်သူကိုမနှစ်မြို့သူတစ်ဦးဖြစ်ပါတယ်…. တော်လှန်ပုန်ကန်မှုတွေဖြစ်တဲ့အချိန်မှာ သူပုန်တွေက Chon Wang အဖေ့ကိုသတ်ပြီး တံဆိပ်တုံးလုယူသွားခဲ့ပါတယ်…..ဒီဖြစ်ရပ်ကြောင့် Chon Wang ဟာ ပါတနာRoy O’Bannonနဲ့ပူးပေါင်းပြီး လူသတ်သမားတွေထွက်ပြေးရာလန်ဒန်ကို လိုက်သွားပါတော့တယ်….. နောက်ဆုံးမှာ အဖေ့အတွက်ကလဲ့စားချေနိုင်မှာလား….တရားခံတွေကရောဘယ်သူတွေလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါ...

Little Rose (2010) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Drama #History #Romance 🗓 2010 🎞 movie 🌎 #Poland ⏰ 1 နာရီ 53 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 1967-68 ပိုလန်နိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့ကာလက အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးပုံဖော်ထားတဲ့ သမိုင်းကြောင်းနောက်ခံ​Drama ကားလေးပဲဖြစ်ပါတယ် တစ်နေ့မှာ ကာမီလာဆိုတဲ့မိန်းကလေးဟာ ပိုလန်ကွန်မြူနစ်အစိုးရရဲ့အမျိုးသားလုံခြုံရေးဌာနကဗိုလ်ကြီးရိုမန်နဲ့ချစ်ကျွမ်းဝင်သွားပါတယ် အဲ့အချိန်ကာလတုန်းက ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုအားကောင်းနေပြီး နိုင်ငံတွင်းမှာရှိနေတဲ့ဂျူးတွေကိုမောင်းထုတ်ချင်နေတဲ့ပိုလန်အစိုးရအတွက် ဘယ်သူကဂျူးမျိုးလဲဆိုတာကိုဖော်ထုတ်ဆိုတာအတော်လေးခေါင်းစားစရာပါ အဲဒီထဲမှာမှ ဝါဆောမှ Seen ဆိုတဲ့​ရေဒီယိုအသံလွှင့်မှုတွေကလည်း လူထုအုံကြွမှုဆီဦးတည်နေတော့ ပိုလန်အစိုးရအတွက်တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလိုပါပဲ အဲ့​အတွက်​ အသံလွှင့်သူကိုဖော်ထုတ်ဖို့​အစိုးရက​ပေါ်ပြူလာဖြစ်တဲ့ စာရေးဆရာတွေ တက္ကသိုလ်​ပါမောက္ခ​တွေကိုစပြီး ပစ်မှတ်ထားလာပါတော့တယ် အဒမ်ဝါချက်စကီကတော့ ကွန်မြူနစ်ဆန့်ကျင်ရေးစာပေတွေရေးသားနေတဲ့ နာမည်ကျော်စာရေးဆရာဖြစ်ပြီး​ ကာမီလာအလုပ်လုပ်တဲ့တက္ကသိုလ်ကပါမောက္ခလည်းဖြစ်ပါတယ် အဒမ်ဟာကွန်မြူနစ်တွေကို တိုက်ခိုက်တဲ့သရော်စာတွေရေးတဲ့နေရာမှာ လက်စောင်းထက်တဲ့သူဆိုတော့ အစိုးရအတွက်ပိုပြီးသံသယဖြစ်စရာပစ်မှတ်ဖြစ်လာပါတော့တယ် အဒမ့်ကိုစောင့်ကြည့်ဖို့အတွက် ရိုမန့်ခေါင်းပေါ်ရောက်လာတဲ့အခါမှာ ရိုမန်ဟာအဒမ်နဲ့ဌာနာတစ်ခုတည်းမှာအလုပ်လုပ်နေတဲ့​ သူ့ချစ်သူကာမီလာကို​ အစိုးရစပိုင်လုပ်ဖို့စည်းရုံးပါတော့တယ် ရိုမန့်ကိုအရမ်းချစ်တဲ့ကာမီလာဟာနောက်ဆုံးစပိုင်လုပ်ဖို့​သဘောတူလိုက်ပြီး ပါမောက္ခ​အဒမ်ကိုဘယ်လိုချဉ်းကပ်သွားမလဲ? အဒမ်ကရော အစိုးရထင်နေသလို​ လူထုအုံကြွမှုတွေဖြစ်အောင်လှုံ့ဆော်တဲ့သူလားဆိုတာကို​ ဆက်ကြည့်လိုက်ရအောင်ပါ...

The Attack (2012) ⭐TMDB: 68.0% User Score 🎬 #Crime #Drama #Mystery #War 🗓 2012 🎞 movie 🌎 #Lebanon #France #Qatar #Belgium #Egypt ⏰ 1 နာရီ 42 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2012 က ထွက်ရှိကာ IMDb 7.1 ရရှိထားပြီး လူမျိုးရေး၊ နိုင်ငံရေးတွေကြားထဲမှာ ခက်ခဲစွာရုန်းကန်နေရတဲ့ အကြောင်းရိုက်ကူးထားတဲ့ Dramaကားလေးတစ်ကားပါ ဇာတ်လမ်းအညွှန်းကတော့…. ကျွမ်းကျင်ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဂျာ‌ဖာရီဟာ သူ့ရဲ့ဘဝကို ပျော်ရွှင်အောင်မြင်စွာနဲ့ပဲဖြတ်သန်းနေတာပါ။ သူ့ကို အရမ်းချစ်တဲ့ ဇနီးလှလှလေးတစ်ယောက်ရထားတယ်.. သူ့ဘဝကလည်း ခွဲစိတ်ဆရာဝန်အ‌ဖြစ် အောင်မြင်နေတယ် ထို့အပြင် တစ်နှစ်မှာ တစ်ခါပဲကျင်းပတဲ့ ဆရာဝန်တွေအတွက် ဆုပေးပွဲမှာလဲ အကောင်းဆုံးဆုရထားတယ်။ ဒါပေမဲ့ ဂြိုလ်ဆိုးဝင်လာတဲ့အချိန်မှာတော့ သူ့ရဲ့ ဆုပေးပွဲအပြီး နောက်တစ်ရက်မှာပဲ စားသောက်ဆိုင်တစ်ခုမှာ ဗုံးထပေါက်တယ်။ စိတ်မကောင်းစရာက ထိုဗုံးပေါက်တဲ့ထဲမှာ သူ့ရဲ့ဇနီးပါသွားပါတယ်။ အဲဒါနဲ့ သူမရဲ့ bodyကို ရင်ခွဲရုံကို ယူလာတဲ့အချိန်မှာတော့ အံ့ဩစရာကောင်းတာက သူမသေဆုံးတဲ့ပုံဟာ ဗုံးပေါက်တဲ့အထဲကို မတော်တဆပါသွားတဲ့ပုံစံမဟုတ်ပဲ ဗုံးကို သူ့ကိုယ်မှာကပ်ပြီး အသေခံဖောက်ခွဲသွားတဲ့ပုံစံဖြစ်နေတာပါ။ အမြဲတမ်းအေးအေးနေပြီး ဘဝမှာအပူအပင်လုံးဝမရှိတဲ့ သူ့ရဲ့ဇနီးက ဒီလိုအသေခံပြီး လူတွေအများကြီးကို ဗုံးခွဲသွားတယ်ဆိုတာကို သူကဘယ်လိုယုံနိုင်မှာလဲ။ ဒါနဲ့ပဲ သူဟာ ထိုဖြစ်ရပ်ကို လိုက်စုံစမ်းပါတော့တယ်။ သူ့ဇနီးကဘာလို့ ဒီလိုလုပ်သွားခဲ့တာလဲ? သူ့ဇနီးက သူထင်သလို အပြစ်ကင်းလားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး...

Instant Daddy (2023) ⭐IMDB: 7.5/10 (57 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Philippines #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Instant Daddy (2023) မိခင်မရှိဘဲ ခက်ခက်ခဲခဲနဲ့ ကြီးပြင်းလာတဲ့ ဗယ်တစ်ယောက် မိခင်ကစွန့်ပစ်ခဲ့မှန်း သိသွားတဲ့အခါသူ့ဘဝရဲ့ နောက်ဆက်တွဲဆုံးဖြတ်ချက်တွေ ဘယ်လိုပြောင်းလဲသွားမလဲ။ အရွယ်ရောက်လာတဲ့အခါ ဘဝကိုထူထောင်ဖို့ကြိုးစားနေရင်းဘဝထဲကို ရုတ်တရက် သမီးလေးတစ်ယောက် ရောက်လာတဲ့အခါမိသားစုဘဝမှာ မပြည့်စုံခဲ့တဲ့သူတွေက ဘယ်လောက်ကျင်နာပြီး ဂရုစိုက်ပေးတတ်သလဲ ဆိုတာမြင်တွေ့ရမယ့် ပညာပေးဇာတ်လမ်းလေးဖြစ်ပါတယ်။ ဖခင်မေတ္တာကို အပြည့်အဝ မြင်တွေ့ရမယ့်ဒီပညာပေးဇာတ်ကားလေးမှာဗယ်နဲ့ မီရာတို့ရဲ့ သားအဖနှစ်ယောက်ကြား ကြည်နူးဖွယ်ဘဝလေးကို ကြည့်ရှုကြရမှာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Robinပဲ ဖြစ်ပါတယ်။...

Love on Lo (2023) ⭐TMDB: 0.0% User Score 🎬 #BL #Drama 🗓 2023 🎞 tv movie 🌎 #Thailand ⏰ 55 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Love on Lo (2023) ချစ်ကြိုက်ညားကွဲရှုပ်ထွေးပွေလီတဲ့အချစ်ဇာတ်လမ်းတွေ၊ လင်လုမယားလုအလောင်ကားတွေ ရိုးအီနေသူတွေအတွက်ရိုးရိုးအေးအေးBLကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ထိုင်းBLဆို ဒူစကူဒူးတွေချည်းမို့ မကြည့်ချင်ပါဘူးဆိုသူတွေအတွက်လည်း ဒူးတာတွေဘူးတာတွေမပါတာမလို့ စိတ်ချလက်ချကြည့်ရှုနိုင်ပါကြောင်း ပွန်းတစ်ယောက် နှစ်သစ်ကူးနားနီးခါမှ လမ်းမှာကားပျက်ပြီးတော့ကားပြင်ဖို့ ၂ ရက်ကြာမှာမို့ နီးစပ်ရာဟိုတယ်တစ်ခုမှာ ဝင်တည်းရဖို့ဖြစ်လာပါတယ်။ဟိုတယ်က အကောင်းကြီးမဟုတ်ပေမဲ့ နှစ်သစ်ကူးနဲ့အရမ်းနီးနေတဲ့အတွက် ဘယ်မှာမှအခန်းမရလေတော့လည်းမကြိုက်ပေမဲ့အောင့်အီးသည်းခံရင်း ၂ ရက်တည်းဖို့ အခန်းယူလိုက်တာပေါ့။ဒါပေမဲ့ ဖြစ်ချင်တော့ အခန်းထဲမှာသော့ကျန်ခဲ့တဲ့အပြင် အကောင်းစားဟိုတယ်ကြီးရဲ့ သော့အပိုကလည်းပျောက်နေတော့သူ့ရဲ့ဘေးအခန်းကကောင်လေး ဂေါ့ဖ်နဲ့ တစ်ခန်းတည်းအတူအိပ်ဖို့ ဖြစ်လာပါတော့တယ်။ ဂေါ့ဖ်ကလည်း နှစ်သစ်ရက်ကြီးမှာ အလုပ်ကြမ်းပိုးသူဌေးကောင်းမှုနဲ့ ဒီကမ်းခြေကို လေ့လာဖို့လာရတာဖြစ်ပြီးအတူလာရမယ့်သူငယ်ချင်းက ဂျင်းထည့်လွှတ်လိုက်လို့ဘုမသိဘမသိ တစ်ယောက်တည်းနှစ်သစ်ကူးပိတ်ရက်ကြီး ကမ်းခြေမှာ ယောင်ချာလည်ဖြစ်နေတဲ့သူပေါ့။ဒီလိုနဲ့ ပျော်ပျော်နေတတ်တဲ့ဂေါ့ဖ်နဲ့ ပြုံးတောင်မပြုံးတတ်တဲ့ပွန်းတို့နှစ်ယောက်တစ်ခန်းတည်းအတူနေကြရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။...

Yasha My Deepestlove (2024) ⭐TMDB: 0.0% User Score 🎬 #Action #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 17 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မရိုးနိုင်တဲ့ မိစ္ဆာမလေးနဲ့ မိစ္ဆာနှိမ်နင်းသူတို့ကြားချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ဒီဇာတ်ကားမှာတော့ ဒဏ္ဍာရီလာယက္ခဆိုတဲ့ပုံရိပ်အတိုင်းဇာတ်ရုပ်တွေကိုအကျည်းတန်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ပုံစံအတိုင်း ဖန်တီးထားတာဖြစ်ပါတယ်။ မိန်းမလှတစ်ယောက်ကို မင်္ဂလာဆောင်ဖို့ဝေါယာဉ်နဲ့ကြိုလာတဲ့အချိန်မှာယက္ခစစ်သည်တွေဝင်တိုက်ခိုက်တာခံရပြီး သတို့သမီးလုခံလိုက်ရပါတယ်။မိစ္ဆာနှိမ်နင်းသူကကိုယ်လူချောကသူ့ရဲ့သတို့သမီးလေးကိုပြန်ကယ်ဖို့ရာမိစ္ဆာတိုင်းပြည်ကိုတစ်ကိုယ်တည်းလိုက်သွားပြီး သက်စွန့်စံဖျားကယ်တင်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Visual Effectတွေကသိပ်အကောင်းကြီးမဟုတ်ပေမယ့်လူမှာလဲအကောင်းအဆိုးရှိသလို မိစ္ဆာမှာလဲအကောင်းအဆိုးရှိပြီးတော့အချစ်အကြောင်းကိုသေချာဖော်ကြူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်...

A Royal Recipe for Love (2023) ⭐IMDB: 6.0/10 (143 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 31 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A royal recipe for love (2023) A Christmas Masquerade ကားထဲက ခေါင်းဆောင်မင်းသားဖြစ်တဲ့ David Lafotaine ဦးဆောင်ပါဝင်ထားတဲ့Rom-Com ကားလေးတစ်ကားကို ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးပါရစေ CM ပရိသတ်ကြီးတို့ ဇာတ်လမ်းပေါင်းစုံ အမျိုးအစားပေါင်းစုံကို ကြိုက်နှစ်သက်သလို ခုလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့မိသားစုစုံညီ ပိတ်ရက်လေးမှာ ကြည့်လို့ရမယ့်ဇာတ်ကားလေးတွေလည်း တခါတလေကြည့်ချင်မှာပါပဲငယ်ဘဝမှာ တီဗီကလာတဲ့ဇာတ်လမ်းမျိုးကြည့်ရတဲ့ အရသာပေါ့….ခုဇာတ်လမ်းလေးကတော့ တော်ဝင်မင်းသားလေး အိုလီဗာက အချက်အပြုတ်ဝါသနာပါသူတစ်ယောက်ဖြစ်ပြီးတစ်နေ့မှာ မုန့်ဖုတ်ဆရာမလေး အမ်မာနဲ့ စူပါးမားကတ်တစ်ခုမှာ ဆုံခဲ့ပါတယ်ဟင်းချက်တာကိုပဲ ဝါသနာပါပြီး ဟိတ်ဟန်နဲ့မနေချင်တဲ့ အိုလီဗာနဲ့မုန့်ဖုတ်လက်ရာကောင်းပြီး မအောင်မြင်သေးပေမဲ့ စိတ်ထားကောင်းတဲ့ အမ်မာလေးတို့ဟာမင်းသားအိုလီဗာရဲ့ မိဘတွေနှစ်ပတ်လည်မှာ အစားအသောက်တာဝန်ယူချက်ပြုတ်ဖို့အိုလီဗာရဲ့ညီမ မင်းသမီး အဲလက်ဇန်ဒရာကဖိတ်ခေါ်လိုက်တဲ့အခါမှာRom com တို့ရဲ့ဇာတ်လမ်းသွားလေးအတိုင်းပဲ ဟာသလေးတွေ ကြည်နူးစရာလေးတွေပေါ့ပေါ့ပါးပါးဒိုင်ယာလော့ခ်လေးတွေနဲ့ မေတ္တာတရားကို ပုံဖော်သွားမှာဖြစ်လို့မိသားစုနဲ့အတူ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့Sai Thurein Lynnပဲဖြစ်ပါတယ်...

Galaksi (2023) ⭐IMDB: 6.5/10 (204 Votes) 🎬 #Action #Drama #Romance 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 57 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Galaksi (2023) ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့်ကားလေးကတော့“ Galaksi “ လို့ခေါ်တဲ့လူငယ်ကြိုက်ကျောင်းသားလူမိုက်ကားလေးဖြစ်ပါတယ် ဂါလက်ဆီ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကRavispa ဆိုတဲ့ကျောင်းသားတွေချည်းပါဝင်ထားတဲ့လူမိုက်အဖွဲ့ရဲ့ခေါင်းဆောင်ပါလူမိုက်တွေဆိုပေမယ့် သူတို့တွေဟာ Broken Family ကနေ လာကြတဲ့စိတ်ဒဏ်ရာကိုယ်စီနဲ့ ကလေးတွေဆိုလည်းမမှားပါဘူး တစ်နေ့မှာတော့ အဖွဲ့ခေါင်းဆောင်ဂါလက်ဆီဟာ သူတို့ကျောင်းကစာကြိုးစားတဲ့ စံပြကျောင်းသူမလေးတစ်ယောက်ကိုစိတ်ဝင်စားမိသွားပါတော့တယ်အဲ့ဒီကျောင်းသူမလေးကတော့ဂါလက်ဆီကိုဆိုရင်လုံးဝကိုကြည့်မရပါဘူးဒါပေမယ့်တဖြည်းဖြည်းဂါလက်ဆီနဲ့သိကျွမ်းလာပြီး နောက်မှာသူ့ကိုမမုန်းတော့တဲ့အပြင် ဂါလက်ဆီရဲ့ဘဝလေးကိုပြုပြင်ပေးနိုင်ဖို့ကြိုးစားပါတော့တယ်ဆက်လက်ပြီးတော့ သူမဂါလက်ဆီရဲ့ဘဝကိုပြုပြင်ပြီးလမ်းပြပေး နိုင်ပါ့မလားသူတို့နှစ်ယောက်ရဲ့အချစ်ရေးကချောမွေ့ပါ့မလားဆိုတာကြည့်လိုက်ကြရအောင် အညွှန်း နဲ့ ဘာသာပြန်ကတော့Thae Thaeပဲ ဖြစ်ပါတယ်။...