en
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Silent Bite (2024) ⭐IMDB: 3.7/10 (358 Votes) 🎬 #Horror #Action #Fantasy 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 31 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Xmas လည်းနီးလာပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေးတွေ ပါတဲ့ Horror ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ Horror အမျိုးအစားဆိုပေမယ့် Dry Humor သဘောကျတတ်တဲ့ သူမျိုးတွေ အကြိုက်တွေ့မယ့် ဒိုင်ယာလော့တွေ ပါတာမို့ ပျင်းခြောက် မနေမယ့် ဇာတ်ကားဖြစ်ပါတယ် ဇာတ်ညွှန်းကတော့…. ခရစ္စမတ်အိဗ် အကြိုနေ့ညနေခင်းမှာ ကောင်တီဘဏ်ကို ဓားပြဝင်တိုက်ခဲ့တဲ့ “ဆန်တာဦးထုပ်ဓားပြအဖွဲ့”လို့ အမည်ပေးထားတဲ့ ဓားပြအဖွဲ့ ဘဏ်ဓားပြတိုက်ပြီး ကားမောင်းပြေးနေတာနဲ့ စထားပါတယ်… သူတို့တွေရဲ့ ကနဦးအစီအစဉ်ကတော့ ရဲတွေ မထင်ထားလောက်မယ့် ဘဏ်နဲ့သိပ်မဝေးတဲ့ ချောင်ကျကျ ဟိုတယ်တစ်ခုမှာ ခေတ္တခြေငြိမ်ပြီး ခိုနေပါမယ် အဖွဲ့ထဲက အယောင်ပြ မောင်းပြေးမယ့် သူတစ်ယောက်က သူတို့နဲ့ ဆန့်ကျင်ဘက်ဒေသဘက်ကို အယောင်ပြ မောင်းပြေးပြီး ရဲတွေကို လမ်းလွှဲမယ်… အခြေအနေ ငြိမ်သွားရင် လူပြန်ဆုံပြီး ဝေစုခွဲကြဖို့ပါပဲ…။ သူတို့ မသိလိုက်တဲ့ အချက်တစ်ချက်က ခိုနေဖို့ ရည်ရွယ်ထားတဲ့ ဟိုတယ်မှာ သူတို့တွေ မထင်ထားတဲ့ အန္တရာယ်တွေနဲ့ ပြည့်နေတယ် ဆိုတာပါပဲ…။ ဒီတော့ ဓားပြအဖွဲ့သားတွေ အန္တရာယ်ကနေ ဘယ်လိုမျိုး လွတ်အောင် ပြေးကြမလဲဆိုတာကိုတော့
...

Big Trouble (2002) ⭐TMDB: 61% User Score 🎬 #Action #Comedy #Mystery #Thriller 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Director Barry Sonnenfeld ရိုက်ကူးထားပြီးမင်းသားကြီး Stanley Tucci တို့ Tim Allen တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ဟာသဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် အလုပ်တွေပြုတ်၊ မိန်းမနဲ့ကွာရှင်း၊ စိတ်ဓာတ်တွေကျနေတဲ့ အဲလိယက်အာနိုး တစ်ယောက်ဟာ မိုင်ယာမီ ကိုရောက်လာဖို့ဖြစ်လာပါတယ်အဲဒီအချိန်မှာပဲ မိုင်ယာမီ လေဆိပ်ကို ခရီဆောင်သေတ္တာတစ်လုံးဟာလည်း ထူးထူးဆန်ဆန်းနဲ့ရောက်လာပါတယ်အဲဒီထူးဆန်းတဲ့သေတ္တာကိုအကြောင်းပြုပြီး လူပေါင်းများစွာဟာ ဘဝတွေအများကြီးပြောင်းလဲသွားကြသလိုလူပေါင်းများစွာရဲ့ဘဝတွေဲ့လည်း ဆက်စပ်နေပါသေးတယ်ဇာတ်ကားထဲမှာတော့ ဘဝဆိုတာတိုက်ဆိုင်မှုတွေ၊ ဖြစ်ရပ်ဆန်းတွေ၊ ပြောင်းလဲမှုတွေ၊ရူးကြောင်ကြောင်နိုင်မှုတွေ၊ မိုက်မဲမှုတွေ အားလုံးပေါင်းစပ်ပြီးရိုက်ကူးထားတာဖြစ်လို့လုံးဝကိုအခွီဇယားပါပဲ ပရိတ်သတ်ကြီးလည်း ကြည့်ရှုခံစားကြည့်ကြဖို့တိုက်တွန်းချင်ပါတယ် ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်
...

Average Joe (2024) ⭐IMDB: 3.1/10 (391 Votes) 🎬 #Drama #Family 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Average Joe (2024) ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျိုးဟာ ငယ်စဥ်က အင်မတန်မှ ပြဿနာရှာတဲ့ ကောင်လေး တစ်ယောက်ပါ။ ပြဿနာရှာလွန်းအားကြီးလို့ ဂေဟာကို ပို့ရတဲ့ အထိပါပဲ။ သူ့မှာ ငယ်ချစ်ဦး ဒီနိ့စ်ဆိုတာ ရှိပါတယ်။ ဒီနိ့စ်ကလဲ အိမ်မှာ ပြဿနာလေးတွေနဲ့ နေရတာပါ။ နောက်ပိုင်း ဂျိုးဟာ မရိန်းတပ်ထဲ နှစ်၂၀လောက် ရောက်သွားခဲ့ပါတယ်။ အချစ်ဟောင်း ဒီနိ့စ်နဲ့ အိမ်ထောင်ကျပြီး ဒီနိ့စ်ကျန်းမာရေးမကောင်းတဲ့ နောက်ပိုင်း မရိန်းတပ်က ထွက်ပြီး အထက်တန်းကျောင်းတစ်ခုမှာ ဘောလုံးနည်းပြ (American Football) ဖြစ်လာခဲ့ပါတယ်။ ဂျိုးက ဘုရားသခင်ကို ကတိခံထားတာရှိပါတယ်။ အဲဒါကတော့ သူတို့ အိမ်ထောင်ရေးကို ကယ်ဆယ်ပေးမယ်ဆိုရင် ဘုရားအလိုကျ နေပေးမယ် ဆိုတာပါပဲ။ ကစားပွဲပြီးတိုင်း ကွင်းလယ် ကိုက် ၅၀စည်းမှာ ဆုတောင်းဝတ်ပြုလေ့ရှိတယ့် သူ့ကို ဝေဖန်မှုတွေ ရှိလာပါတယ်။ ဘာသာရေး သွတ်သွင်းမှုတွေ ရှိတယ်လို့ စွတ်စွဲခံရပြီး အလုပ်ပါ ပြုတ်သွားခဲ့ပါတယ်။ တစ်သက်လုံး တိုက်ခိုက်လာတဲ့ ဂျိုး တစ်ယောက် တိုက်ခိုက်မှုတွေကို ပြန်လည် ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Boomer ဖြစ်ပါတယ်။)
...

Heaven (2002) ⭐TMDB: 64% User Score 🎬 #Crime #Drama #Romance #Thriller 🗓 2002 🎞 movie 🌎 #France #Germany #UnitedStatesofAmerica #UnitedKingdom ⏰ 1 နာရီ 37 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော်မင်းသမီး Cate Blancheett ရဲ့ ၂၀၀၀ ခုနှစ်တွေ က သည်းထိတ်ရင်ဖိုကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ Cate blanchet က ကျောင်းဆရာမ ဖိလစ်ပါ အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ကျောင်းက ကလေးတွေ မူးယစ်ဆေးကြောင့် သေဆုံးမှုတွေ ဖြစ်လာတဲ့အချိန်မှာ ရဲတွေကလည်း အဖက်မလုပ် တာကြောင့် သူကိုယ်တိုင် မူးယစ်ဆေးရောင်းတဲ့ ဂိုဏ်းခေါင်းဆောင်ကို သတ်ပစ်ဖို့ ရုံးခန်းထဲမှာ ဗုံးထောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ ဗုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့တဲ့ ကလေးလေး ၂ယောက်အပါအဝင် လူ ၄ ယောက် သေဆုံးသွားပါတော့တယ်။ ဒါပေမဲ့ မူးယစ်ဆေးရောင်းတဲ့သူကတော့ လွတ်မြောက်သွားပါတယ်။ အဲဒီနောက်မှာတော့ ဖိလစ်ပါ ဟာ ဘယ်လို အကျိုးဆက်တွေကို ဆက်ခံစားရမလဲ၊ သူ့ရဲ့ မူလရည်ရွယ်ချက်အတိုင်း မူးယစ်ခေါင်းဆောင်ကို သတ်ပစ်နိုင်မှာလား ၊ သူ ဒါတွေ အကုန်လုံးကနေ လွတ်မြောက်သွားမှာလား ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
...

Sucha Soorma (2024) ⭐IMDB: 6.7/10 (869 Votes) 🎬 #Action #Bollywood #Drama #Thriller #History 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sucha Soorma 2024 (ဆူချာသူရဲကောင်း) ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ပန်ချာပီသူရဲကောင်းကားလေးတစ်ကားဖြစ်ပါတယ်။ စမောင်ရွာမှာ ဆူချာနဲ့ နာရိန်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ဆူချာကတော့ မတရားမှုတွေကို လက်ပိုက်မကြည့်တတ်တဲ့သူပီပီအကုန်လုံးကို ရင်ဆိုင်ဖြေရှင်းပေးတတ်ပြီးရွာအတွက်အကျိုးပြုပေးနေသူတစ်ယောက်ပေါ့။ ရွာသားတွေကတောင် သူ့ကို ဆူချာလို့ပဲ မခေါ်ပဲဆူချာသူရဲကောင်းဆိုပြီး နာမည်ပေးထားကြပါတယ်။ တစ်နေ့မှာ ရွာပေါင်းစုံပြိုင်ပွဲလုပ်ရင်း အိတ်မပြိုင်ပွဲမှာရော လွန်ဆွဲပြိုင်ပွဲမှာပါဂျိုဂါရာလာရွာကို အနိုင်ရခဲ့ပြီးတော့ ဂျိုဂါရာလာရွာရဲ့ ဟာမီးရ်ဂတ်ဆိုသူကတော့သူတို့ရှုံးနိမ့်ခဲ့ရတဲ့အတွက် ဆူချာတို့ကို အငြိုးထားနေပါတော့တယ်။ ဒီလိုနဲ့ ဆူချာရဲ့အစ်ကို နာရိန်ရဲ့မင်္ဂလာပွဲကိုရောက်လာပါတော့တယ်။မင်္ဂလာပွဲရဲ့ထုံးတမ်းအတိုင်း ဧည့်ခံပွဲမှာကျွေးဖို့အတွက်ဆိတ်သားလိုအပ်လာတဲ့အခါမှာ ဆူချာတို့သူငယ်ချင်းအုပ်စုဆိတ်လိုက်ရှာကြရင်းနဲ့ မတွေ့တဲ့အဆုံးမှာ ဂျိုဂါရာလာရွာကပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဟာမီးရ်ဂတ်တို့အိမ်က ဆိတ်ကို သွားဆွဲဖို့ လုပ်ပါတော့တယ်။ ဒီလိုနဲ့ ဆူချာနဲ့ ဟာမီးရ်ဂတ်တို့ကြားက ရန်ငြိုးတွေ ဘာတွေဘယ်လိုဆက်ဖြစ်မလဲ …..သူရဲကောင်းလို့ အခေါ်ခံရတဲ့ ဆူချာတစ်ယောက် ရွာအတွက် ဘယ်လိုကိစ္စတွေကိုစွန့်စားရင်ဆိုင်သွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် သမိုင်းဒရာမာအက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Enter the Dragon (1973) ⭐TMDB: 74% User Score 🎬 #Action #Crime #Drama #Thriller 🗓 1973 🎞 movie 🌎 #HongKong #USA #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Enter the Dragon (1973) IMDb Rating (7.6) / Rotten Tomatoes (88%) ဒီကားလေးကတော့ Bruce Lee မသေဆုံးခင်မှာ နောက်ဆုံးရိုက်ကူးခဲ့တဲ့ကားလေးဖြစ်တဲ့အပြင် Rating ကလည်း IMDb 7.6/10 နဲ့ Rotten Tomatoes 88% ရထားတဲ့ ကားကောင်းတစ်ခုပါပဲ။ ကိုယ်ခံပညာရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုလို့တောင် သတ်မှတ်ခံထားရတဲ့ကားလေးပါ။ Bruce Lee ကိုတော့ မသိသူမရှိတာမို့ အတိုက်အခိုက်တွေကတော့ ထွေထွေထူးထူးပြောပြနေရစရာမလိုအောင် ကောင်းပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရှောင်လင်ကိုယ်ခံပညာရှင်တစ်ယောက်က ကိုယ်ခံပညာပြိုင်ပွဲကြီးကို တက်ရောက်သလိုဟန်ဆောင်ပြီး ရှောင်လင်ကျောင်းရဲ့ ဘုန်းကြီးဟောင်းတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ကိုယ်ရံတော်အိုဟာရာက အစ်မဖြစ်သူသေဆုံးမှုနဲ့ပါ ပတ်သက်နေတဲ့ အဲ့ကျွန်းပိုင်ရှင်ဟန်ဆိုတဲ့ လူရဲ့ တရားမ၀င်လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ကျွန်းတစ်ကျွန်းပေါ်သွားရောက်တဲ့အကြောင်းပါပဲ။ ဒီဇာတ်ကားကတော့ အရင် ၂ကားနဲ့ မတူတာက နိုင်ငံရပ်ခြားမှာ သွားရောက်ရိုက်ကူးထားခြင်းပဲ ဖြစ်ပြီး ဘရုစ္စလီ ရဲ့ ပြောင်မြောက်လှတဲ့ကိုယ်ခံပညာ စွမ်းရည်တွေကိုမြင်တွေ့ကြရမှာမို့ ပရိတ်သတ်ကြီးထဲက အသတ်အပုတ် ဝာသနာပါတဲ့သူတွေအနေနဲ့ကတော့လက်လွတ်မခံသင့်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့PhuThetKhinဖြစ်ပါတယ်။)
...

My Favourite Cake (2024) ⭐IMDB: 7.5/10 (4 k Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #Iran #France #Sweden #Germany ⏰ 1 နာရီ 37 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Favorite Cake ( 2024) IMDb Rating (7.5) / Rotten Tomatoes (100%) အနောက်တိုင်းနာမည်ကြီးမဂ္ဂဇင်းများပါမှာပါ ဖော်ပြခံရတဲ့ထိနာမည်ကြီးနေတဲ့ အီရန်ဇာတ်ကားကောင်းတစ်ခု အသက်၇၀အရွယ် “မဟင်း” (Lili Far -adpour)ဟာသားသမီးများနိုင်ငံခြားကိုထွက်ခွာသွားကြပြီးတဲ့နောက်အိမ်ထဲမှာတစ်ယောက်တည်းအဖော်မရှိနေနေရပါတယ်။ သူငယ်ချင်းများနဲ့လည်းတစ်နှစ်မှတစ်ခါလောက်ဆုံရပြီး အထီးကျန်စွာနေရတဲ့ရက်တွေများလာတဲ့အခါ နှစ်သုံးဆယ်လုံးအဖော်မရှာပဲနေလာတဲ့“မဟင်း”တစ်ယောက် သူငယ်သူချင်းတွေရဲ့တိုက်တွန်းတာကြောင့်အဖော်ရှာဖို့တွေးလာတဲ့အခါ တက္ကစီကားမောင်းတဲ့ဖာရမ်မာ့ဇ်(Esmae-el Mehrabi)ကို ပင်စင်စားစားသောက်ဆိုင်မှာအမှတ်မထင်တွေ့ရာကနေ သူ(မ)ကပဲစုံစမ်းစမိတ်ဖွဲ့ပြီးသူ့အိမ်ကိုလိုက်လည်ဖို့ခေါ်ရာမှမထင်မှတ်တဲ့အလှည့်အပြောင်းတွေကြုံရတာကိုရိုက်ပြထားတာဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါ အထီးကျန်ရတဲ့အခြေအနေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ စိုးရိမ်နေတဲ့အချက်တွေ လူသားတွေပဲမို့အချစ်နဲ့ရော ရာဂနဲ့ပါမကင်းနိုင်တဲ့ပုထုဇဥ်လူသားတွေရဲ့သဘာဝကိုလည်း ရဲရဲတင်းတင်းချပြထားတာတွေ့ရပါတယ်။ သဘာဝဆန်ဆန်နဲ့တကယ့်အပြင်ကလူတွေရဲ့စရိုက်ကိုရိုက်ပြထားနိုင်တာသဘောကျစရာကောင်းပါတယ်။ ဒီဇာတ်ကားမှာ အီရန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေစီးပွါးရေးအခြေအနေနဲ့တင်းကျပ်ထားတဲ့အခြေအနေတစ်ချို့ကို ခပ်ပါးပါးချပြထားတာတွေ့ရပါတယ်။ ဇာတ်ကားကိုအီရန်မှာဖြန့်ချီတာမဟုတ်ပဲဇာတ်ကားကို ကော်ပီတစ်ခုကူးထားပြီးဂျာမဏီနီရုပ်ရှင်ပွဲတော်မှာစပြသပြီး ဂျာမဏီနိုင်ငံမှာဖြန့်ချီတာဖြစ်ပါတယ်။ အီရန်နိုင်ငံက ဒါရိုက်တာနှစ်ယောက်နဲ့အဓိက အမျိးသမီးသရုပ်ဆောင် လီလီဖာရက်ပူးကိုခရီးသွားခွင့်တားမြစ်ထားပါတယ်။ အီရန်နိုင်ငံအတွင်းမှာတော့ဒီရုပ်ရှင်ဟာအမျိုးသမီးတွေ ဆံပင်ကိုဖော်ထားတာဝိုင်သောက်တာနဲ့ ကတာအတွက်အငြင်းပွားစရာဖြစ်နေတယ်လို့ဆိုပါတယ်။ ဆင်ဆာစည်းမျဥ်းအရဒါတွေကိုပြလို့မရပဲ ယခုဇာတ်ကားကဒါတွေကိုဖောက်ထွက်လာတာဖြစ်ပါတယ်။ ဒါရိုက်တာက Maryam Moghadamနဲ့ Behtash Sanaeehaတို့ဖြစ်ပါတယ်။ Rotten Tomato မှာကြည့်ရူသူ rating 100% ရထားပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာလည်းဆုရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)
...

Swimfan (2002) ⭐TMDB: 53% User Score 🎬 #Mystery #Thriller #Drama 🗓 2002 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့ ဘန်ဟာ အတိတ်ဆိုးတွေရှိခဲ့ပေမယ့် ပင်ကိုစိတ်ရင်းကောင်းပါတယ်။ ကျောင်းရေကူးအသင်းမှာလဲ စံချိန်ကောင်းတွေရထားပြီး တက္ကသိုလ်ပညာတော်သင်ဆုရဖို့နီးစပ်နေပါပြီ။ အချိန်ပိုင်းအလုပ်အနေနဲ့လဲ သူနာပြုလုပ်နေပါတယ်။ သူ့ကိုသိပ်ချစ်တဲ့ချစ်သူလေး အေမီဆိုတာလဲရှိပါသေးတယ်။ အရာရာပြီးပြည့်စုံနေပြီး တက်လမ်းတွေပါဖြောင့်ဖြူးနေတဲ့ သူ့ရဲ့ဘဝဟာ မက်ဒီဆင်ဆိုတဲ့ နောက်ကြောင်းမရှင်းတဲ့မိန်းကလေးတစ်ယောက်နဲ့ တစ်ညတာပတ်သတ်မိရာကနေ ထက်အောက်ပြောင်းပြန်လှန်ပြီး ဗြောင်းဆန်သွားရပါတော့တယ်။ ရက်ပိုင်းလေးအတွင်းမှာတင် ဘဝတစ်ခုကို မိန်းကလေးတစ်ယောက် ဘယ်လို ခြေမွှဖျက်ဆီးပစ်လိုက်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားပေးပါ။ Jesse Bradford နဲ့ Erika Christensen တို့က ဉီးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူ T-Lone ပါ)
...

Firefox (1982) ⭐TMDB: 60% User Score 🎬 #Action #Adventure #Thriller #ScienceFiction 🗓 1982 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Firefox (1982) ******************* Clint Eastwood ဆိုတဲ့ ဒါရိုက်တာလည်းလုပ် မင်းသားလည်းလုပ်တဲ့ဒီဘိုးတော်ကြီးကို တော်တော်များများသိကြမယ်ထင်ပါရဲ့… ခပ်ဆန်းဆန်း ဇာတ်ကားတွေကြီးပဲ ဖန်တီးတတ်သလို သူ့ကားတွေကြည့်ပြီးတိုင်းအတွေးတွေ ကျန်ခဲ့အောင် လုပ်နိုင်စွမ်းလည်းရှိပါတယ်… ဒီရုပ်ရှင်ဇာတ်ကားက ၁၉၈၂ ခုနှစ်ကဆိုပေမယ့် ခုချိန်ပြန်ကြည့်လည်းသည်းထိတ်ရင်ဖို ခံစားနေရတုန်းမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်… ဆိုဗီယက် ရုရှားမှာ အသံထက်မြန်အောင်ပျံနိုင်တဲ့အပြင် ရေဒါမှာ မပေါ်ဘဲနဲ့စိတ်နဲ့ထိန်းချုပ်ပြီး ဒုံးကျဉ်ပစ်လို့ရတဲ့ Firefox ဆိုတဲ့ တိုက်လေယာဉ်ကို ဖန်တီးလိုက်ပါတယ်။ ‌ တိုက်လေ‌ယာဉ်ရဲ့ နည်းပညာက အဆင့်မြင့်လွန်းလို့ ‌ဗြိတိန်‌တွေက စစ်ရေးအရ စိုးရိမ်ပြီးအမေရိကန် တိုက်လေယာဉ်မှူး မစ်ရှယ် ဂန် ကို လေယာဉ်သွားခိုးဖို့ရုရှားနိုင်ငံထဲ ခိုးသွင်းပါတော့တယ်။ အဲ့ဒီမှာ ဇတ်လမ်းက စတော့တာပဲ… မင်းသားကြီး Clint Eastwood ရဲ့ ပရိတ်သတ်ဆိုရင်တော့မဖြစ်မနေကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကို Htet Wai Lwin မှ ရေးသားထားပါတယ်)
...

A Hidden Life (2019) ⭐IMDB: 7.4/10 (29 k Votes) 🎬 #Biography #Drama #Romance #War #History 🗓 2019 🎞 movie 🌎 #UnitedKingdom #Germany #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 54 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Hidden Life (2019) IMDb Rating (7.4) / Rotten Tomatoes (82%) ” ကမ္ဘာကြီးကို ပိုကောင်းလာစေတဲ့ အဖြစ်အပျက်တွေထဲမှာ သမိုင်းမတွင်တဲ့လုပ်ရပ်တွေအများကြီးရှိပါတယ်မင်းတို့ငါတို့ရဲ့ ဘဝတွေ ဆိုးမသွားဘဲ အဆင်ပြေနေရတဲ့ အကြောင်းရင်းရဲ့ တစ်ဝက်လောက်ကအညတရဘဝနဲ့ရှင်သန်ခဲ့ပြီး ဘယ်သူမှလာမတွေ့တဲ့ အုတ်ဂူတွေထဲက လူတွေရဲ့ ကျေးဇူးတွေပါပဲ။ ”– George Eliot ဒုတိယကမ္ဘာစစ်အတွင်းက အေးချမ်းပြီးလူတွေမသိတဲ့ ဘဝလေးတစ်ခု ပျက်စီးခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားပါတယ်။ ဖရန့်နဲ့ ဖန်နီက ဩစတေးလျတောင်တန်းတွေကြားကအေးချမ်းသာယာတဲ့ရွာလေးတစ်ရွာမှာ ယာလုပ်ရင်းချစ်စရာသမီးလေးသုံး‌ယောက်နဲ့အတူပျော်ရွှင်နေကြသူတွေပါ။ ဒုတိယကမ္ဘာစစ်စဖြစ်ကြတော့ ဖရန့်ကို စစ်ထဲဝင်ဖို့အမိန့်စာကျလာပါတယ်..ဒီလိုနဲ့ လေ့ကျင့်ရေးစခန်းရောက်တဲ့အခါမှာတော့ငြိမ်းငြိမ်းချမ်းချမ်းပဲနေချင်တဲ့သူ့အနေနဲ့ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေ မှန်ကန်တယ်လို့မထင်၊စစ်ပွဲကလည်း မတရားဘူးလို့ယူဆတဲ့အလျောက်ဟစ်တလာကိုသစ္စာခံပါမယ်ဆိုတဲ့ ကျမ်းသစ္စာကိုမကျိန်နိုင်ပါဘူးဆိုပြီး ငြင်းပါလေရော။ ဒါကြောင့် သူဟာ အကျဉ်းထောင်ထဲပို့ခံလိုက်ရပြီး ပြစ်ဒဏ်စီရင်ချက်ချဖို့စောင့်ဆိုင်းနေရတဲ့အကျဉ်းသားဘဝကို တန်းရောက်သွားပါတော့တယ်။ ဒီရုပ်ရှင်ကားက ဇာတ်လမ်းကဘာဆက်ဖြစ်မလဲဆိုတာထက်တကယ့်အပြင်က ခံစားချက်တွေကိုပဲ ပေးစွမ်းမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။အကျဉ်းစခန်းက ဖရန့်နဲ့ သူ့မိန်းမနဲ့စာတွေအပြန်အလှန်ရေးပြီးလွမ်းဆွတ်ရတာတွေကိုကြည့်ပြီးနာကျင်မှုတွေက ကိုယ်ထဲထိစီးဆင်းလာမှာပါ။ သာယာပျော်ရွှင်နေတဲ့မိသားစုလေးတခုတည်ရှိခဲ့ပေမယ့်ကိုယ်မှန်တယ်ထင်တဲ့အရာကို‌ခေါင်းမာမာနဲ့ လုပ်လိုက်တဲ့လင်ယောက်ျားကြောင့်သူမဟာ ပင်ပန်းဆင်းရဲစွာအလုပ်လုပ်နေရပြီး ပတ်ဝန်းကျင်ရဲ့ဖယ်ကျဉ်ခြင်းကိုခံနေရပေမယ့်လင်ယောက်ျားအပေါ်ငြူစူခြင်းမရှိဘဲ အဆုံးထိပါရမီ‌ဖြည့်ပေးခဲ့တဲ့ မိန်းမတစ်ယောက်ကိုလည်း မှတ်ကျောက်တင်စရာမြင်တွေ့ရမှာပါ။ ဒါတွေအားလုံးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေဆိုတာတွေးမိရင်A hidden life ဆိုတဲ့အတိုင်း စစ်ရဲ့ပယောဂကြောင့်လူမသိသူမသိဘဲပျက်စီးခဲ့တဲ့ဘဝတွေဘယ်လောက်များရှိမလဲဆိုတာ မတွေးရဲအောင်ပါပဲ။ ဒီရုပ်ရှင်ကားက Epic historical War drama ရုပ်ရှင်ကားကြီးအဖြစ် အမြဲတမ်းမှတ်ကျောက်တင်နိုင်ခဲ့ပြီး ဆုများစွာလဲဆွတ်ခူးရရှိခဲ့ပါတယ်။
...

Lowlifes (2024) ⭐IMDB: 6.2/10 (5 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 30 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ပတ်တော့ cm ပရိသတ်ကြီးကို လူသားစား Horror ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ IMDB မှာ Rating 6.2 အထိရထားပြီး သိပ်မဆိုးတဲ့ Horror ဇာတ်ကားလို့ ပြောရမှာပါ။ ဇာတ်ကြောင်းကတော့…. ကိသ်နဲ့ ကတ်သလင်းတို့ ဇနီးမောင်နှံနှစ်ဦးက သူတို့ရဲ့ ဆယ်ကျော်သက် ကလေးနှစ်ယောက်နဲ့အတူ နှစ်စဉ်နှစ်တိုင်း ထွက်နေကျဖြစ်တဲ့ နယ်ဘက်ခရီးစဉ်ကို အာဗီနောက်တွဲကားနဲ့ ထွက်လာခဲ့ကြပါတယ်။ လမ်းတစ်နေရာမှာ နယ်ခံနှစ်ယောက် ကားပျက်တာနဲ့ ကြုံဆုံပြီး လမ်းကြုံပို့ပေးဖို့ အစပြုတာကနေ လူသူဝေးတဲ့ အိမ်တစ်လုံးကို ရောက်သွားကြတဲ့ အခါမှာတော့….။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ လူတွေကို အပြင်ပန်းသဏ္ဍန် ကြည့်ပြီးတော့ပဲ ဆုံးဖြတ်လို့ မရဘူးဆိုတာရယ်နဲ့… အချိန်မရွေး သားကောင်ကနေ မုဆိုး….မုဆိုးကနေ သားကောင် ဖြစ်သွားနိုင်တယ်ဆိုတာကို မက်ဆေ့ပေးချင်တဲ့ သဘောကို တွေ့ရမှာပါ။ တစ်ခုသတိပေးချင်တာက သွေးသံရဲရဲ အပိုင်းအစတွေ မြင်ရမှာ မို့လို့ နှလုံးမကောင်းတဲ့သူတွေ ရွံတတ်တဲ့သူတွေအနေနဲ့ သတိလေးကပ်ပြီး ကြည်သင့်ကြောင်းပါခင်ဗျ
...

Fractured (2019) ⭐IMDB: 6.5/10 (99 k Votes) 🎬 #Drama #Mystery #Thriller 🗓 2019 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fractured (2019) IMDb Rating (6.5) ဒီဇာတ်လမ်းလေးကတော့ Mystery/ Thriller ပရိသတ်တွေ အကြိုက်တွေ့မယ့် psychological thrillers ရုပ်ရှင်ကားပါ။ ဇာတ်လမ်းလေးကတော့ မိသားစုသုံးယောက် ခရီးထွက်လာချိန်မှာသမီးဖြစ်သူက ထိခိုက်ဒဏ်ရာရသွားပါတယ်။ဆေးရုံကိုအပြေးမောင်းလာခဲ့ပေမယ့် ဆေးရုံရဲ့အခြေအနေက ထူးဆန်းနေပါတယ်။သူနာပြုတွေရဲ့ထူးဆန်းတဲ့အမူအရာတွေ၊ ဆေးရုံကိုရောက်လာတဲ့လူနာတွေစတာတွေကြောင့် ဖခင်ဖြစ်သူက စိတ်ပူခဲ့ပေမယ့်သမီးဇောနဲ့ လက်ရှိဆေးရုံမှာပဲကုသခဲ့ပါတယ်။ဒါပေမယ့်ကုသနေရင်းနဲ့ ဇနီးနဲ့ သမီးဖြစ်သူ ပျောက်ဆုံးသွားချိန်မှာတော့..။ ဆေးရုံက ဘယ်လိုဆေးရုံမျိုးလဲ?ဘာကြောင့် ပျောက်ဆုံးသွားရတာလဲ?ဖခင်ဖြစ်သူက သမီးနဲ့ဇနီးသည်ကို လိုက်လံရှာဖွေတဲ့အခါမှာဘယ်လိုဟာတွေဆက်လက်ကြုံတွေ့လာရမလဲဆိုတာကြည့်ရင်းကြည့်ရင်း စိတ်ဝင်စားဖို့ကောင်းကောင်းလာတဲ့ဒီကားလေးက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ လုံးဝအကြိုက်တွေ့စေမှာပါ။
...

Conquer: Lahad Datu (2024) ⭐IMDB: 6.8/10 (369 Votes) 🎬 #Action #Crime #Drama #History #Thriller #War 🗓 2024 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 59 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Conquer: Lahad Datu (2024) IMDb Rating (7.6) ၂၀၁၃ ခုနှစ်တုန်းက လာဟတ်ဒါတူးကိုဝင်ရောက်ကျူးကျော်ခဲ့တဲ့ အကြမ်းဖက်သမားတစ်သိုက်နဲ့ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့တို့ကြားက စစ်ရေးပဋိပက္ခဖြစ်ရပ်မှန်ကိုအခြေခံထားတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုအဲ့ဒီနယ်မြေရဲ့အရိုက်အရာကိုဆက်ခံရမယ့် ဆူလ်တန်တစ်ဦးလို့ကြွေးကြော်ထားတဲ့ပုဂ္ဂိုလ်တစ်ယောက်နဲ့ သူ့နောက်လိုက် လက်နက်ကိုင်တစ်စုဟာ ၂၀၁၃ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ လာဟတ်ဒါတူးကို လှေတွေနဲ့ရောက်ရှိလာပြီးဝင်ရောက်ကျူးကျော်ခဲ့ပါတယ်။ အစိုးရဘက်က ပြည်သူတွေမထိခိုက်စေရေးအတွက် စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေစေလွှတ်၊ ဆွေးနွေးခဲ့ပေမယ့် မဖြစ်နိုင်လွန်းတဲ့ တောင်းဆိုချက်တွေကြောင့် ဆွေးနွေးပွဲပျက်ပြားခဲ့ပြီး စစ်ရေးပဋိပက္ခစတင်လာခဲ့ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံတဲ့ ဇာတ်ကားဖြစ်ပေမယ့် ကြားညှပ်ထားတဲ့ subplot တွေ၊ emotion scenes တွေအပြင် ခမ်းနားပီပြင်တဲ့နောက်ခံဆက်တင်တွေ၊ သပ်ရပ်တဲ့အက်ရှင်ခန်းတွေကြောင့် အချိန်ပေးရကျိုးနပ်စေမယ့် action/thriller ကားကောင်းတစ်ကားအဖြစ်တွေ့မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Armor (2024) ⭐IMDB: 3.5/10 (2 k Votes) 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Genre – Action Thriller Director – Justin Routt Cast – Sylvester Stallone • Jason Patric • Josh Wiggins ဒီတစ်ခါတော့ အခုမှအသစ်ထွက်ထားတဲ့ Expendables franchise နဲ့ Rocky မင်းသားကြီး Sylvester Stallone ပါဝင်ထားတဲ့ Action ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအစမှာတော့ James Brody လို့ခေါ်တဲ့ ရဲအရာရှိဟောင်း တစ်ယောက်ဟာ မိန်းမဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် သားဖြစ်သူ Casey ကိုလည်း ဂရုမစိုက်နိုင် အရက်‌တွေသောက်ပြီး အလုပ်ထွက် ထားရတဲ့ သူတစ်ယောက်ပါ။ ဒါကြောင့် အရက်ဖြတ်ချင်ယောက်ဆောင်ပြီး အရက်ခိုးသောက် နေတဲ့သူပေါ့။ Casey မှာလည်း Sarah လို့ခေါ်တဲ့ ဇနီးသည်နဲ့အတူ မွေးတော့မယ့် ကလေးလေးလည်းရှိပါသေးတယ်။ သူတို့သားအဖဟာ ဘဏ်ကပိုက်ဆံကားမောင်းတဲ့အလုပ်မှာ တူတူလုပ်နေကြပြီး ကောင်းမွန်တဲ့ဆက်ဆံရေးလည်းရှိပါတယ်။ တစ်နေ့ ပိုက်ဆံသွားပို့ရင်း လမ်းမှာ ဓားပြတိုက်ခံရလို့ သားအဖ နှစ်ယောက် သံချပ်ကာကားကြီးထဲမှာ တစ်ချိန်လုံး‌ပုန်းနေရပါတော့တယ်။ ထူးဆန်းတာက ပိုက်ဆံများများစားစားမပါပေမဲ့ ဓားပြအင်အားကတော့ အထူးတပ်ဖွဲ့အဆင့်ရှိတဲ့အတွက် ပါးနပ်နဲ့James ဟာ ပိုက်ဆံ သက်သက်အတွက်လိုက်လာတာမဟုတ်မှန်းသိလိုက်ပါတော့တယ်။ ဒီတော့ ဓားပြတွေကဘာကိုလိုချင်လို့ James တို့သားအဖကို တိုက်ခိုက် တာလဲ… James တို့သားအဖကရောလွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးမှာအဖြေရှာရင်း ကြည့်ရှု့ဖို့အကြံပေးချင်ပါတယ်။
...

Idiyan Chandhu (2024) ⭐TMDB: 30% User Score 🎬 #Action #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Idiyan Chandhu ( 2024 )လက်သီးချန်ဒူ ဒီဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက် အိန္ဒိယ-မာလေယာလမ်စကားပြောaction thriller ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်ကားအကျဉ်းကတော့ – ချန်ဒူလို့ခေါ်တဲ့ ဒေါသကုမ္မာန်ကလေးငယ်တစ်ယောက်ကို ဇာတ်အိမ်ပြုရိုက်ကူးထားပါတယ်။ ချန်ဒူဟာ ဘယ်နေရာမှာမဆို လက်သီးသုံးကာဖြေရှင်းတတ်တဲ့ကလေးဆိုးတစ်ယောက်ဖြစ်တာကြောင့် တက်သမျှကျောင်းကနေအထုတ်ခံရတဲ့ကောင်ကလေးတစ်ယောက်ပါ။ သူ့အဖေ ချန်ဒရာဆိုသူကလည်း ရဲဝန်ထမ်းတစ်ဦးဖြစ်ကာ အပြစ်သားများကိုလူမဆန်စွာရိုက်နှက်ခြင်း ရာထူးအာဏာကိုအလွဲသုံးစားလုပ်ကာ ပြည်သူတို့ကိုအနိုင်ကျင့်တတ်ခြင်းတွေကြောင့် ရွံကြောက်ကြောက်ကာလက်သီးချန်ဒရာလို့ အမည်ပေးထားခံရပါတယ်။ ချန်ဒူတစ်ယောက်ရဲ့ ဒေါသကြီးပြီး လက်နဲ့သာဖြေရှင်းတတ်တဲ့အကျင့်ဆိုးကသူ့အဖေကြောင့်လည်းအများကြီးပါပါတယ်။ သူ့အဖေဟာ သူ့အမေကို ယောက်ျားတကာကိုမြူဆွယ်နေသူဆိုပြီးစွပ်စွဲပြောဆိုကာ ပြင်းပြင်းထန်ထန် တံခါးပိတ်ရိုက်နှက်တတ်တဲ့အိမ်တွင်းအကြမ်းဖက်သူဖြစ်နေပါတယ်။ ချန်ဒူ့မှာတော့ အမေအရိုက်ခံရတာကိုလည်း မြင်ရ ၊ အိမ်နီးနားချင်းတွေက သားဖြစ်နေပြီးအမေအရိုက်ခံရတာကို ထိုင်ကြည့်နေသလားဆိုပြီး ကဲ့ရဲ့ပြစ်တင်တာကိုလည်း ခံရတဲ့အတွက်ဒေါသကြီးတဲ့လူဆိုးလေးတစ်ယောက်အဖြစ်နဲ့ ကြီးပြင်းခဲ့ရတာလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ့အဖေ ချန်ဒရန်တစ်ယောက် ရန်ကြွေးရှိသူတစ်စုက ဝိုင်းရိုက်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။တာဝန်ထမ်းဆောင်နေစဉ်သေဆုံးသွားတာဖြစ်လို့ ရဲဝန်ထမ်းရာထူးဟာ ချန်ဒူအတွက် ဖြစ်လာပါတော့တယ်။ဒါပေမဲ့ ချန်ဒူက အသက်လည်းမပြည့်သေး ၁၂ တန်းလည်းမအောင်သေးတာကြောင့် လုပ်ခွင့်မရပါဘူး။ဒီနောက်မှာတော့ ချန်ဒူတစ်ယောက် လူလိမ္မာဖြစ်ပြီး ရဲဝန်ထမ်းကောင်းတစ်ယောက်ဖြစ်လာမလား.. ဆိုးမြဲဆိုးဆဲဖြစ်ပြီး အဖေ့ခြေရာနင်းတဲ့ ရဲဆိုးတစ်ယောက်ဖြစ်လာမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျ။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်
...

Ravikula Raghurama (2024) ⭐IMDB: 8.8/10 (2 k Votes) 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ravikula Raghurama (2024)“အချစ်ဖြင့်နွေးစေ” အခုတစ်ခါတင်ဆက်ပေးမှာကတော့ တေလဂူး ရိုမန့်ဒရာမာရုပ်ရှင်လေးပဲ ဖြစ်ပါတယ် ဂေါ်သမ်က အလုပ်မှာရော အပေါင်းအသင်းတွေကြားမှာပါယဥ်ကျေးပျူငှာပြီး ပျော်လည်းပျော်တတ်လူတိုင်းလည်းချစ်ခင်ကြတဲ့ လူငယ်တစ်ယောက် ဆန့်ကျင်ဘက်စရိုက်နဲ့ နစ်ရှာ့ကို ချစ်မိသွားတဲ့အခါအစပိုင်းမှာတော့ နစ်ရှာဟာ ချစ်ခြင်းမေတ္တာကိုမယုံကြည်ခဲ့ပါဘူး ဒီလိုကနေ ဘယ်လိုအဖြစ်အပျက်ကြောင့် နစ်ရှာရဲ့စိတ်သဘောထားကိုပြောင်းလဲစေခဲ့သလဲ သူတို့နှစ်ယောက်ကြားက အချစ်အလွမ်းတွေကို ခံစားကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

Petta Rap (2024) ⭐IMDB: 4.6/10 (2 k Votes) 🎬 #Action #Bollywood #Comedy #Musical #Music #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Petta Rap 2024 အကမင်းသားရဲ့ ချစ်ခရီး အကပိုင်းမှာ အတော်လေးကျော်ကြားတဲ့ တမီလ်မင်းသားကြီး ပရာဘူဒေဗာရဲ့musical comedy action ကားလေးကို တင်ဆက်ပေးချင်ပါတယ်။genreနဲ့ဇာတ်လိုက်ကြီးကို ကြည့်တာနဲ့တင် မြူးမြူးကြွကြွအကတွေအတော်လေးပါမှာကိုတော့ ထူးထွေပြောဖို့မလိုလောက်ပါဘူး။ ဘာလာဟာ ကျောင်းတုန်းက အကမှာဆရာသမားဆိုပေမဲ့သူဖြစ်ချင်တာကတော့ အကကြယ်ပွင့်မဟုတ်တဲ့ အက်ရှင်မင်းသားတစ်ယောက်ခက်တာက လူ‌ရွေးပွဲနဲ့ဘာလာနဲ့က ၃ နဲ့ ၄ လို အကြောင်းတရားချင်းမတိုက်ဆိုင်ဇာတ်ရံတောင်မဟုတ် အပိုလူအနေနဲ့ဘဲ ပါခွင့်ရတဲ့ မောင်ဘာလာတစ်ယောက်စိတ်ပျက်ပျက်နဲ့ ဆူ-ိုက်တော့မယ်အတွေးမှာ ဂျန်နီဆိုတဲ့ ကချေသည်မလေးနဲ့ ဆုံ‌တွေ့ဖို့ ဖြစ်လာတဲ့အခါ… ဂျန်နာကီကလည်း ဘာလာလိုပဲ အကထက်ကို ပေါ့ပ်အဆိုတော်ဖြစ်ဖို့ အားသန်နေတဲ့သူတစ်ယောက်ပါပဲ။ ဒီလိုနဲ့တစ်ချိန်က ဇာတ်လမ်းတွေရှိခဲ့ကြဖူးပြီး အိပ်မက်ကိုယ်စီနဲ့လူနှစ်ယောက်ရဲ့ တွေ့ဆုံမှုအောက်မှာသူတို့ဘဝရဲ့ တစ်ဆစ်ချိုးအပြောင်းအလဲနဲ့ ကြုံကြိုက်ဖို့ကံကြမ္မာဖန်လာချိန်မှာတော့….. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
...

City of Lies (2018) ⭐IMDB: 6.5/10 (21 k Votes) 🎬 #Biography #Crime #Drama #Thriller #Mystery 🗓 2018 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 City of Lies (2018) ******************** Who Shot Biggie??? ဒီဇာတ်ကားရဲ့ ကြာမြင့်ချိန် 1 နာရီ 52 မိနစ်ဟာအဲဒီမေးခွန်းလေးတစ်ကြောင်းနဲ့ ဆက်စပ်ပြီးရိုက်သွားတာပါ…အကြောင်းအရာတစ်ခုတည်းကို 1 နာရီ 52 မိနစ်တောင် ရိုက်ထားလို့ပျင်းစရာကောင်းမှာပဲလို့ တွေးမိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်… ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး တကယ့်အပြင်မှာလည်းWho Shot Biggie? ဆိုတဲ့မေးခွန်းကို နာမည်ကျော် FBI အဖွဲ့အပါအဝင်LAPD စုံထောက်တွေပါ ပူးပေါင်းစုံစမ်းခဲ့တာ နှစ် 20 ကျော်ကြာခဲ့ပါတယ်… မြန်မာနိုင်ငံက Rapper တွေ Mainstream နဲ့ Underground အပြန်အလှန်လှော်နေကြသလိုLos Angeles မြို့ကြီးမှာလည်း East Coast နဲ့ West Coast ဆိုပြီး နှစ်ဖွဲ့ကွဲ လှော်ကြပါတယ်… 1996 ခုနှစ်လောက်ကဖြစ်ခဲ့တဲ့လူသတ်မှုဖြစ်တဲ့အတွက် လူဖြူလူမည်းပဋိပက္ခတွေလည်း ရှိနေတဲ့အချိန်ပါ…ဒီအမှုကို နှစ်ပေါင်းအကြာကြီး စုံစမ်းနေသူကတော့ Poole ဆိုတဲ့ စုံထောက်တစ်ယောက်ပါ… နောက်ထပ်ဒီအမှုကို စိတ်ဝင်စားပြီး သတင်းလိုက်နေတဲ့သူကတော့Jackson ဆိုတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်… အမှုတစ်ခုတည်းကို နှစ်ရှည်လများ စုံစမ်းလာခဲ့တဲ့ စုံထောက်တစ်ယောက်နဲ့လုပ်ငန်းအတွင်း နာမည်ကောင်းတစ်ခုရဖို့ ကြိုးစားနေတဲ့ သတင်းထောက်တို့ ပူးပေါင်းမိချိန်မှာတော့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ ရှုစားကြပါဦး… နာမည်ကျော်မင်းသားကြီး Johnny Depp နဲ့ Forest Whitaker တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
...

Quite Like Paradise (2024) ⭐TMDB: 83% User Score 🎬 #Comedy #Crime #Drama 🗓 2024 🎞 movie 🌎 #Italy #Mexico ⏰ 1 နာရီ 56 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ ရှားလော့ဟုမ်းကားလို ဇာတ်လမ်းအဆုံးထိ ကြည့်ရှုသူတွေကို လှည့်ကွက်တွေနဲ့ ရင်သပ်ရှုမော ဖြစ်စေလောက်မယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ အာမီဒီယို ပိုဒူလာဆိုတာ အဖေမပေါ်ဘဲ မွေးထားတဲ့ ပြည့်တန်ဆာတစ်ယောက်ရဲ့ သားပါ။ငယ်စဉ်ကတည်းက ဆိုးသွမ်းခဲ့ပြီး မက္ကစီကိုကနေ နိုင်ငံရေးအရှုပ်တော်ပုံနဲ့ပြေးလာတဲ့ကွန်ချာဆိုတဲ့ ကောင်မလေးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ကောင်မလေးနဲ့ရှိုးထုတ်ဖို့ ကားတစ်စီးကိုခိုးရင်း ထောင်ကျသွားခဲ့ပါတယ်။ထောင်ထဲမှာတော့ သူ့ဘဝကို အကြီးကြီးပြောင်းလဲပေးမယ့် မြို့စားတစ်ယောက်နဲ့ ဆုံခဲ့ပြီးပြည့်တန်ဆာတစ်ယောက်ရဲ့သား အာမီဒီယိုအဖြစ်ကနေမြို့စားအူဂို ကွန်တီအဖြစ် ပြောင်းလဲနေထိုင်ခဲ့ပါတယ်။ အရင်ရည်းစားလေး ကွန်ချာကရော အူဂိုကွန်တီက သူ့ကိုပစ်သွားတဲ့အာမီဒီယိုဆိုတာသိသွားရင် ဘာဖြစ်သွားမှာလဲဘာတွေလုပ်မှာလဲဆိုတာ ဇာတ်လမ်းလေးထဲမှာဆက်လက် အဖြေရှာကြည့်ပါခင်ဗျာ။
...

Rita (2024) ⭐IMDB: 5.9/10 (167 Votes) 🎬 #Fantasy #Drama 🗓 2024 🎞 movie 🌎 #Guatemala #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 7.1/10 ဒီကားကိုတော့ ဒါရိုက်တာ Jayro Bustamante ရိုက်ကူးထားပြီး မင်းသမီး Giuliana Santa Cruz အဓိကသရုပ်ဆောင်ထားတာပါ။ ငယ်ငယ်တုန်းက နတ်သမီးပုံပြင်တွေ နားထောင်ရင်းနဲ့ ရဲတိုက်ကြီး ထဲမှာဖမ်းခံရရင် မင်းသားလေး လာကယ်မှာကို စိတ်ကူးယဉ်ဖူးကြမှာပါ။ အသက်13နှစ်အရွယ် ရီတာကတော့ 7နှစ်အရွယ်မှာ အဖေရင်း ဖြစ်သူရဲ့မုဒိမ်းကျင့်တာကိုခံရပြီးနောက် နတ်သမီးပုံပြင်တွေကို မယုံကြည်တော့ပါဘူး။ သူ့ရဲ့ဘဝကိုလာကယ်မဲ့သူမရှိတဲ့အပြင် အမေရင်းကပါ လျစ်လျူ ရှုထားခဲ့ပါတယ်။ 6နှစ်အရွယ်ညီမလေးကိုပါ အဖေကမုဒိမ်းကျင့်ဖို့ ကြံလာတဲ့အခါ ရီတာကသူ့အဖေကို တိုင်ကြားစာပို့ခဲ့ပြီး အိမ်ကနေထွက်ပြေးခဲ့ပါတယ်။ သူ့ညီမ‌ကိုပါခေါ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ရီတာကို ပြန်ပေးဆွဲမှုနဲ့ ရဲတွေက ဖမ်းခဲ့ပြီး ပြဿနာရှာတဲ့ ကလေးတွေစုထားတဲ့ ဂေဟာကိုပို့ပြီး ထိန်းသိမ်းလိုက်ပါတယ်။ တောအုပ်တွေကြားကဂေဟာမှာ ကလေးတွေကို မင်းသမီးတွေ၊ နတ်မိမယ်တွေ၊နတ်သမီးတွေအဖြစ်ခွဲထားပြီး ရီတာကတော့ နတ်သမီးအဖွဲ့မှာ နေဖို့ဖြစ်လာပါတယ်။ နတ်သမီးတွေမှာ သူတို့လွတ်ဖို့ စစ်နတ်ဘုရားမ ပေါ်ထွက်လာမယ် ဆိုတဲ့ ဟောကိန်းရှိနေတဲ့အခါ…. ရီတာကသူတို့မျှော်နေတဲ့ စစ်နတ်ဘုရားမ ဖြစ်နေမလား….. သူတို့ရဲ့ ထွက်ပြေးမဲ့ အစီအစဉ် အောင်မြင်မလား…. တောအုပ်ထဲကကြယ်‌လို့ခေါ်တဲ့ တည်ရှိမှုတွေကရော ဘာတွေလဲ……. နတ်ဆိုးတွေအုပ်ချုပ်တဲ့ဂေဟာကရော ဘယ်လိုမကောင်းမှုတွေ လုပ်နေတာလဲ…. ကလေးတွေကသူတို့ရှာနေတဲ့ တရားမျှတမှုနဲ့ လွတ်လပ်မှုကိုရရှိ သွားမလား…အမှောင်နတ်ဆိုးတွေကပဲနိုင်သွားမလား… ဒါတွေကို ဖြစ်ရပ်မှန်ကို inspireယူထားတဲ့ dark fantasy ကားလေးထဲမှာ ရင်တမမနဲ့ စောင့်ကြည့်ရမှာပါ။
...