en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Dead Silence (2007) ⭐TMDB: 64.0% User Score 🎬 #Horror #Mystery #Thriller 🗓 2007 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dead Silence (2007) IMDb Rating (6.1) အရုပ်သရဲကားတွေထဲမှာတော့ Dead Silence က ဇာတ်လမ်းဇာတ်ကွက်လုံးဝမိမိုက်တဲ့ထဲပါပါတယ်။ ဒီဇာတ်ကားကို ကမ္ဘာကျော် Horror Film တွေထဲ Top ဝင်ခဲ့တဲ့ The Conjuring Universe ကို စဖန်တီးခဲ့တဲ့ ဒါရိုက်တာ James Wanက ရိုက်ကူးပြီးInsidious ကိုအသက်သွင်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Leigh Whannell က ဇာတ်ညွှန်းရေးခဲ့ပါတယ်။ 💀💀 ကျွန်တော်ဒီကားကြည့်တာ ၂ခါရှိပြီ။ကြည့်တဲ့အခါတိုင်း လန့်ရတယ်၊ဇာတ်အိမ်ကို ကြိုက်လို့ ပြန်ရှာကြည့်တယ်။တခြားHorrorတွေထက် ကွဲထွက်တယ်။သူ့ဟန်ပန်နဲ့ သူရှိတယ်။🤐💀💀 Horror တွေရဲ့ ထုံးစံအတိုင်း စလာတုန်းက ဘာမှန်းမသိဘူး ကြောက်ဖို့ကောင်းတာပဲသိတယ်။နောက်ပိုင်းမှ ဇာတ်က တဖြည်းဖြည်း နက်နဲလာတယ်။🤐💀💀 အဓိက က ကျွန်တော်အံ့ဩမင်တပ်သွားရတဲ့ point က ပြီးခါနီးမှ ဇာတ်တစ်ခုလုံးရဲ့ မြှုပ်ကွက်ကို ၁မိနစ်အတွင်းရိုက်ပြဖော်ပြသွားတာက အမ်….ဆိုပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့အထိပါပဲ….🤐၁မိနစ်အတွင်းလေးနော်…😳အစက အဲ့လောက်ထိကို….မတွေးထား မထင်ထားတာပါ… 🤐💀💀 Story က James Wan ရော သူ့သူငယ်ချင်း Leigh Whannell ရော၂ယောက်လုံး ပေါင်းရဲ့ Ideaပါ။တကယ်လည်း ချီးကျူး စရာကောင်းပါတယ်။ဇာတ်ကြီးကလန်ထွက်နေလို့ပါ။🤐💀💀 Horror ဇာတ်အလန်းစား တွေထဲမှာ Dead Silence ကို ချန်လှပ်ထားလို့မရပါဘူး…Horror Crazy တွေ ၁မိနစ်အတွင်း ဖော်ပြရိုက်ပြသွားတဲ့ မြှုပ်ကွက်က ဘာဖြစ်မလဲ စိတ်ဝင်စားကြည့်ပါဦး။ပြီးမှ ပါးစပ်အဟောင်းသား မဖြစ်သွားနဲ့နော်….။ ဇာတ်လမ်းအကျဉ်းကတော့… ဂျေမီရဲ့ ဇနီးဖြစ်သူ လီဆာဟာ ဘီလီလို့နာမည်ရတဲ့ အရုပ်လေးတစ်ရုပ်ကို လက်ခံရရှိပြီးနောက်မှာ ထူးခြားတဲ့ ရှင်းမပြနိုင်တဲ့ အဖြစ်ဆိုးနဲ့ သေဆုံးသွားခဲ့ပါတယ်။ ဂျေမီတစ်ယောက် အသုဘအတွက် မွေးရပ်မြေကိုပြန်လာခဲ့ပြီးနောက်မှာ သူ့အဖေနဲ့ဇနီးငယ်၊ အသုဘစီစဉ်သူလင်မယားဆီကနေတဆင့် အရုပ်ရဲ့ မသင်္ကာစရာ ဇာတ်လမ်းအကြောင်းကို သတိပေးခံခဲ့ရပြီးနောက်မှာ…….။ (ရုပ်ရှင်အညွှန်းကို Movies Lover FB Page မှ ကူးယူဖော်ပြထားပြီး ဘာသာပြန်ကိုတော့ Yun Sandi မှတင်ဆက်ထားပါတယ်။)...

This Father-In-Law Lives Alone And Is Pretending To Be Senile, But The Truth Is That He's A Horny Sexual Monster Who Is Disguised As A Harmless Old Man. Tsubaki Sannomiya (2021) ⭐TMDB: 0.0% User Score 🎬 #Adult #Asian #Drama #Romance 🗓 2021 🎞 movie 🌎 #Japan ⏰ 2 နာရီ 28 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tsubaki Sannomiya ဆိုတာ တစ်ခါကြည့်မိရင် တစ်ခါသွေးတိုးရတဲ့ မင်းသမီးလေးပါပဲ။ ရီဝေတဲ့မျက်ဝန်းတွေနဲ့ လူရော စိတ်သဘောထားလေးရော ပြည့်ဝနေတာလေးကို ပုရိသတွေ စွဲငြိကြပါတယ်။ သူမရဲ့ဇာတ်ကားတွေမှာဆို သူမကို မတွန့်မဆုတ် ဇွတ်မိုက်တတ်သူလေးအဖြစ် မြင်ရတာများပါတယ်။ SSIS-109-Decensored ဒီဇာတ်လမ်းမှာတော့ စိတ်မနှံ့သလိုဂယက်ထန်နေတဲ့ဘိုးတော်ကြီးနဲ့တွဲပြီးမြင်ရမှာပါ။ Decensored Version နဲ့မလို့ ကျော့ရှင်းမှုတွေကို ဘဝင်ကျကျ ခံစားရမှာလဲဖြစ်ပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Mutt (2023) ⭐IMDB: 6.5/10 (425 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mutt (2023) ~ IMDb – 6.5/10, Rotten Tomatoes – 88% ~ ဒီဘက်ခေတ်တွေမှာ LGBT အကြောင်း ပုံဖော်ရိုက်ပြတဲ့ ရုပ်ရှင်တွေ ပေါသည်ထက်ပေါများလာပေမဲ့ LGBT ထဲက‌ ထရန်ဂျန်ဒါတွေအကြောင်း သီးသန့်ရုပ်ရှင်တော့ ရိုက်ပြကြတာတော့ ရှားတယ်လို့ ပြောရပါမယ်။ ဒီတစ်ခါ Mutt ကတော့ အမျိုးသမီးဘဝကနေ အမျိုးသားအဖြစ် ပြောင်းလဲလိုက်တဲ့ ထရန်ဂျန်ဒါတစ်ယောက်အကြောင်းကို စေ့စေ့ငှငှရိုက်ပြထားတယ်။ ဂေးတို့ ဘိုင်တို့ လတ်တို့ထက် ထရန်တွေကို မိသားစုဝင်တွေအတွက် လက်ခံဖို့ ပိုခက်ခဲမယ်ထင်ရတာပါပဲ။ ဘာလို့ဆို သူက ခန္ဓာကိုယ်ကိုပါလိုက်ပြောင်းလဲပစ်လိုက်သကိုး။ ဒီရုပ်ရှင်ကလည်း အဲဒီလို လက်ခံဖို့ခက်ခဲနေကြသူတွေအကြောင်းနဲ့ သူ့ရွေးချယ်မှု သူတောင် ပြန်သံသယဝင်မိလာတဲ့ ထရန်ဂျန်ဒါတစ်ယောက်အကြောင်းပဲ။ မိဘတွေ ရည်းစားဟောင်းတွေ အကုန်လုံးက သူ့ဖြစ်တည်မှုကို လက်မခံနိုင်ကြတဲ့အပြင် အမကနေ အထီးပြောင်းတဲ့နောက် နာမည်ပါပြောင်းပစ်ရတာဆိုတော့ ဘဏ်အကောင့် ဘာညာပြဿနာတွေလည်း ကြုံရတဲ့အကြောင်းတွေအစုံပြထားတယ်။ ဒီရုပ်ရှင်က ပုံမှန် LGBT ကားတွေမှာ အတွေ့ရများသလို သမီးရည်းစားအချစ်အကြောင်းတော့ ဟုတ်မနေဘူး။ ရွေးချယ်မှုတစ်ခုအကြောင်း၊ အဲဒီရွေးချယ်မှုရဲ့ နောက်ဆက်တွဲတွေအကြောင်း၊ အဲဒီနောက်က ခံစားချက်တွေအကြောင်းပဲ။ ဒီလိုဆိုလို့ အချစ်အကြောင်းမပါဘူးလားဆိုရင်တော့ ပါတယ်။ ဒါပေမဲ့ အချစ်ရဲ့လက်ခံလိုက်ခြင်းအကြောင်းပေါ့။ လက်မခံခြင်းတွေကတော့ ရှေ့ဆက်နေဦးမယ်။ ဘယ်လိုပဲစာဖွဲ့ဖွဲ့ အချစ်အားလုံးက အချစ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...

Halo: Nightfall (2014) ⭐TMDB: 70.0% User Score 🎬 #Action #Adventure #ScienceFiction 🗓 2014 🎞 movie 🌎 #USA #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားကတော့ စီးရီးသဘောအနေနဲ့ Season 1 တစ်ခုတည်းသာ၂၀၁၄ကထွက်ပြီး ပြီးဆုံးသွားခဲ့တဲ့ Action စီးရီးတစ်ခုဖြစ်ပါတယ်….အခုတင်ဆက်ပေးထားတာကတော့ စီးရီးကို Movie တစ်ခုအနေနဲ့ ပေါင်းစည်းပြီးရိုက်ကူးထားတာကြောင့် တစ်ကားလုံးကိုအပြည့်ဝကြည့်ရမှာပဲဖြစ်ပါတယ်…. သိပ္ပံနဲ့စိတ်ကူးယဉ်ယဉ်ဆန်ဆန် ရိုက်ကူးထားတဲ့ Action War Type ပုံစံဖြစ်ပါတယ်… စစ်ဆင်ရေးတစ်ခုကိုဆင်နွှဲနေရာကနေ ရန်သူလို့သံသယရှိတဲ့လူတွေနောက်ကိုလိုက်ရင်း အမည်မသိတဲ့ဂြိုလ်တစ်ခုကိုရောက်သွားတဲ့ Soldier Team တစ်ခုရဲ့ကံကြမ္ပာဟာဘယ်လိုတွေ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်…. သူတို့တွေဟာ သာမာန်စစ်သားအဖွဲ့မဟုတ်ပဲ အထူးလက်နက်တပ်ဆင်ထားတဲ့ အဖွဲ့ဖြစ်လို့ သာမာန်လူတွေကိုင်ထားတဲ့ လက်နက်တွေထက် သာလွန်တဲ့လက်နက်တွေကိုကိုင်ဆောင်ထားပါတယ်… ဒါပေမယ့် ဒီဂြိုလ်ကိုသူတို့ရောက်ရှိသွားတဲ့အခါမှာတော့ သူတို့ရဲ့အစွမ်းထက်လှတဲ့လက်နက်တွေဟာ သူတို့ကိုပြန်ပြီးတော့ ဒုက္ခပေးလာပါတော့တယ်…. ဘယ်လိုဒုက္ခပေးမလဲဆိုတော့ထူးဆန်းတဲ့အကောင်တွေကြောင့်ဖြစ်လို့ပါပဲ… အဲလိုသူတို့တွေတောင်နားမလည်နိုင်တဲ့အကောင်တွေက သူတို့ကိုဘယ်လိုတွေ သုတ်သင်ပြီး သူတို့အဖွဲ့ကိုခြောက်ခြားအောင်လုပ်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်ဗျာ...

Perjanjian Gaib (2023) ⭐IMDB: 8.4/10 (94 Votes) 🎬 #Asian #Comedy #Horror 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 53 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Perjanjian Gaib 2023 (သို့) ငွေနောက်လိုက်လူမိုက်များIMDb-8.4/10 ညဆို စောင်ခေါင်းမြီးခြုံပြီး သရဲကားလေးကြည့်ရမှဇိမ်ရှိသူတွေအတွက် 2023ထွက် အင်ဒိုသရဲကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။အင်ဒိုသရဲကားတွေ နောက်ပိုင်းမှာ အဆင့်မြင့်လာပြီး ratingကောင်းလာကြပြီဆိုတော့ ဒီကားလေးလည်း ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။ အန်ဒရီနဲ့ဝတီတို့လင်မယားဟာ စိတ်တူကိုယ်တူရှိတဲ့လင်မယားနှစ်ယောက်ပီပီ ဖြတ်လမ်းနည်းနဲ့ချမ်းသာချင်တာကအစတူညီပြီး ချမ်းသာဖို့ဆိုသင်္ချိုင်းသွားပြီး အုတ်ဂူပေါ်ဆုတောင်းဖို့ပါ ဝန်မလေးသူတွေပါ။ ခိုးဖို့လည်း လက်ယဉ်နေလေးတော့ အလောင်းဆီကပိုက်ဆံအိတ်အနှိုက်ကောင်းပြီးအန်ဒရီတစ်ယောက် ရင်ခွဲရုံသန့်ရှင်းရေးအလုပ်ကပါ ပြုတ်သွားပါတော့တယ်။ အိမ်လခကမပေးနိုင် အလုပ်ကပြုတ်နဲ့ လမ်းဘေးရောက်တော့မယ့်လင်မယားနှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ထူးထူးဆန်းဆန်းလခအရမ်းများနေတဲ့အဘွားအိုကိုစောင့်ရှောက်ပေးရမယ့်အလုပ်ကို မျက်စိကျပြီး အလုပ်လျှောက်ဖို့သွားရာက အိမ်ကြီးတစ်လုံး‌ဆီ ရောက်လာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲစောင့်ရှောက်ပေးရမယ့်အဘွားကြီးကလည်း သူတို့စနက်မကင်းစွာနဲ့ ရုတ်တရက်ဆုံးသွားတဲ့အပြင် လက်စလက်နကလည်းရှိကြတဲ့လင်မယားနှစ်ယောက်ဗီဇလေးတွေပေါ်လာပြီး အိမ်ကတန်ဖိုးရှိတာတွေခိုးပြီးထွက်ပြေးကြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းကို Alexမှရေးသားပြီး ဘာသာပြန်ကတော့ ToMo ~ Yunni ~ Alexတို့ပဲဖြစ်ပါတယ်)...

The Divine Move 2: The Wrathful (2019) ⭐IMDB: 6.4/10 (511 Votes) 🎬 #Action #Crime 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 46 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Divine Move 2: The Wrathful(2019) (unicode) The Divine Move က 2014 မှာ ထွက်ခဲ့ဖူးပါတယ်…မင်းသားကြီး Woo-sung Jungကအဓိက သရုပ်ဆောင်ထားတဲ့ ဂိုကစားနည်းကိုအခြေခံထားတဲ့ဒီဇာတ်ကားဟာတော်တော်များများကြိုက်နှစ်သက်ကြတယ်…အခု ၂၀၁၉ မှာ ထွက်တဲ့ The Divine Move 2 ဟာ 1 နဲ့ ဆက်စပ်မှုတော့သိပ်မရှိလှပါဘူး..သို့ပေမယ် ဂိုကစားနည်းနဲ့ပဲ ဇာတ်အိမ်ကိုအခြေပြုထားတယ်…အရင်ကားထက်တောင်အက်ရှင်ခန်းတွေပိုများလာသလို Fight Scene တွေလည်းပိုမိုက်လာတယ်….အားနေ ချနေတာမျိုးမဟုတ်ဘူး ဇာတ်လမ်းသွားကလည်းအတော်ကောင်းပါတယ်..သတ်ဖြတ်ခန်းတွေ ဓားနဲ့ထိုးတာတွေ အရိုးတွေချိုးတွေ တော်တော်ကြီးကိုပီပြင်တယ်…Spoiler ဖြစ်မှာ စိုးလို့ ဒီလောက်ပဲပြောပါရစေ….ကျွန်တော်ပြောရဲတယ်…ဒေါင်းကြည့်လို့ ခင်ဗျားတို့ နောင်တလုံး၀မရစေရဘူး…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်…. (zawgyi) The Divine Move က 2014 မှာ ထွက်ခဲ့ဖူးပါတယ်…မင်းသားကြီး Woo-sung Jungကအဓိက သရုပ်ဆောင်ထားတဲ့ ဂိုကစားနည်းကိုအခြေခံထားတဲ့ဒီဇာတ်ကားဟာတော်တော်များများကြိုက်နှစ်သက်ကြတယ်…အခု ၂၀၁၉ မှာ ထွက်တဲ့ The Divine Move 2 ဟာ 1 နဲ့ ဆက်စပ်မှုတော့သိပ်မရှိလှပါဘူး..သို့ပေမယ် ဂိုကစားနည်းနဲ့ပဲ ဇာတ်အိမ်ကိုအခြေပြုထားတယ်…အရင်ကားထက်တောင်အက်ရှင်ခန်းတွေပိုများလာသလို Fight Scene တွေလည်းပိုမိုက်လာတယ်….အားနေ ချနေတာမျိုးမဟုတ်ဘူး ဇာတ်လမ်းသွားကလည်းအတော်ကောင်းပါတယ်..သတ်ဖြတ်ခန်းတွေ ဓါးနဲ့ထိုးတာတွေ အရိုးတွေချိုးတွေ တော်တော်ကြီးကိုပီပြင်တယ်…Spoiler ဖြစ်မှာ စိုးလို့ ဒီလောက်ပဲပြောပါရစေ….ကျွန်တော်ပြောရဲတယ်…ဒေါင်းကြည့်လို့ ခင်ဗျားတို့ နောင်တလုံး၀မရစေရဘူး…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်...

Kannur Squad (2023) ⭐IMDB: 8.3/10 (3 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 40 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kannur Squad(2023) “ကန်နူးရ်တပ်ဖွဲ့” IMDb-8.4/10 ဘတ်ဂျတ်ရူပီး ကုဋေသုံးဆယ်ကျော်သုံးထားပြီး ရုံတင်ငွေရူပီး ကုဋေတစ်ရာကျော်အထိ ပြန်လည်ရရှိခဲ့တဲ့ ရဲမှုခင်းကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၇-၂၀၁၃ကြားက ဖြစ်ခဲ့တဲ့အမှုနှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကြောင်း အဓိကဇာတ်ကောင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ ဂျော့်ချ်ဆိုတဲ့ အရာရှိတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ တရားခံပြေးတွေကိုလိုက်လံဖမ်းဆီးရင်း ပုတ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သေဆုံးတဲ့အလောင်းကို စစ်ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ။ အဲဒီနယ်တစ်ဝိုက်မှာကလည်း လူပျောက်တိုင်ထားတာကမရှိ။ လိုက်စုံစမ်းတော့လည်း လူရိုင်းမျိုးနွယ်စုကလိုလို ဘာလိုလိုနဲ့အမှုပိတ်သိမ်းရမလိုဖြစ်နေပါတယ်။ သတ်သေတဲ့အမှုဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းထင်ပေါ်နေပေမယ့် တစ်ရာရာခိုင်နှုန်းမပြည့်တဲ့အတွက် အရာရှိဂျော့်ချ်တို့အဖွဲ့ဟာ ဒီအမှုကို လိုက်စုံစမ်းပါတော့တယ်။ လူသတ်မှုလား လူသေမှုလား။ သေဆုံးတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ။ ဒီလိုပဟေဠိတွေနဲ့ သို့လော သို့လော စိတ်ဝင်တစားကြည့်ရှုရမယ့် ရဲမှုခင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးလို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Beauty Salon: Special Service 2 (2018) ⭐TMDB: 77.0% User Score 🎬 #Adult #Drama #Romance 🗓 2018 🎞 tv movie 🌎 #SouthKorea ⏰ 1 နာရီ 13 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Beauty Salon Special Service 2 (2018) အလှပြင်ဆိုင်တစ်ခုက သာမန်မြင်နေကြ ဆံပင်ညှပ်ပေးရုံတင်မဟုတ်ပဲယောကျ်ားလေးသီးသန့် အထူး ဝန်ဆောင်မှုပေးတဲ့ အကြောင်းရိုက်ကူးထားတဲ့ကိုရီးယား 18+ဇာတ်လမ်းလေးပဲဖြစ်ပါတယ် Beauty Salon 1 မှာ တုန်းကနဲ့မတူတဲ့ သရုပ်ဆောင်တွေနဲ့ တမူထူးတဲ့ ရှယ်ကောင်း service တွေဘယ်လိုပေးတယ်ဆိုတာဒီဇာတ်လမ်းမှာခံစားကြည့်ရှုရမှာပါ ပိုက်ဆံရှာဖို့အတွက် အရင်အလှပြင်ဆိုင်ဟောင်းကို လက်လွှဲယူလိုက်တဲ့ သူဌေးမ လှလှရယ်ဝန်ထမ်းကောင်မလေးရယ်က ရေခဲချောင်းစားနည်း သင်တန်းနဲ့ ငွေရှာနေတုန်း သူတို့စျေးကွက်ကို ဖြတ်လုမယ့် ကျွမ်းကျင် ဝန်ထမ်း ဆရာမကြီးရောက်လာတဲ့ အခါဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာကို ဇာတ်လမ်းလေးနဲ့ကြည့်ရမှာပါ လေ့လာစရာအကွက်တွေ စုံသလို အလှပြင်ဆိုင်က မမကြီးတွေ ဘယ်လို ကျွမ်းကျင်နည်းတွေနဲ့ယောကျ်ားလေးတွေကို ဆွဲဆောင်မလဲဆိုတာ လေ့လာရဦးမယ့် ကားကောင်းလေးတစ်ကားလို့ညွှန်းချင်ပါတယ် Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Waiting for Forever (2010) ⭐IMDB: 5.9/10 (20 k Votes) 🎬 #Comedy #Drama #Romance 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Waiting for Forever- “အချစ်နောက်တစ်ကောက်ကောက်”… ကျွန်တော်တို့ ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ကိုယ်ချစ်တဲ့သူနောက် လိုက်ခဲ့ဖူးမှာပါ….။ ဘဝမှာလည်း စိတ်ကူးကြည့်မိကြဖူးမှာပါ…၊ ချစ်သူနဲ့သိပ်ဝေးလွန်းလို့ မတွေ့နိုင်မယ့်နေ့ရက်တွေနဲ့ နိုးထတိုင်း ချစ်သူနဲ့တွေ့ရမယ့် နေ့ရက်ဆိုရင်….ဘာကိုရွေးချယ်ကြမလဲ အမြဲတမ်း တွေ့ဖြစ်ရင်၊ တွေ့နိုင်ရင်၊ တွေ့ရရင် ဆိုပြီး ရွေးချယ်မိကြမှာပဲမလား.။ ဒီဇာတ်လမ်းကတော့ ဒီလိုခံစားချက်မျိုးနဲ့ ကိုယ်ချစ်ရသူနောက် တစ်ကောက်ကောက်လိုက်နေခဲ့မိတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ….။ ဘယ်ကတည်းက ချစ်သူအနားမှာ အမြဲ တဝဲလည်လည်နေခဲ့သလဲဆိုတာကတော့…..။ ဘာပဲဖြစ်ဖြစ် တစ်နေ့မှာတော့ ဒီကောင်လေးဟာ သူ့ချစ်သူကိုဖွင့်ပြောဖို့ ကြိုးစားခဲ့ပါပြီ…. ချစ်ရသူကို ဘယ်လိုရင်ဖွင့်ပြမလဲဆိုတာ… ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ...

Would You Kill for Me? The Mary Bailey Story (2023) ⭐IMDB: 6.3/10 (141 Votes) 🎬 #Drama #Crime #Thriller #TVMovie 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 28 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သားသမီးဆိုတာ မိဘအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ သူရဲကောင်းကြီးတွေ ဖြစ်ကြသလို မိဘအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ သားသမီးတွေလဲရှိကြပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ Would You Kill for Me? The Mary Bailey Story ဆိုတဲ့ဇာတ်ကားနာမည်အတိုင်း အမေ့အတွက် သမီးလူသတ်ပေးနိုင်မလား ဆိုတဲ့အကြောင်းအရာလေးကို စိတ်ဝင်စားစရာကောင်းအောင် ဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ လက်ရှိမှာ IMDb Rating 6.3 ရရှိထားပြီး တကယ်လည်းကြည့်လို့အရမ်းကောင်းတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ အိမ်တစ်အိမ်မှာ ပထွေးနဲ့ မိန်းမနဲ့ သားသမီးတွေကြားက အော်ဟစ်ဆူညံသံတွေကို တွေ့ရမှာဖြစ်ပြီး တစ်ခဏ အကြာမှာတော့ သေနတ်သံတစ်ချက်နဲ့ အတူအရာအားလုံးက ငြိမ်သက် သွားပါတော့တယ်။ခဏအကြာမှာတော့ ရဲတွေရောက်ရှိလာပြီး ပထွေးဖြစ်သူ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ခဲ့ရပါတော့တယ်။ အဲ့လို သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဘယ်သူလည်းဆိုတာကို သိဖို့အတွက် မယ်ရီ အပြင် သူ့အမေဖြစ်သူ ဗရော်နီကာနဲ့ အဖွားဖြစ်သူတို့ကို စခန်းမှာ ထိန်းသိမ်းထားခဲ့ပါတော့တယ်။ ဘယ်သူဆိုတာ သဲသဲကွဲကွဲ အဖြေမပေါ်တဲ့အတွက် တရားရုံးတင်ပြီးစစ်ဆေးဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ သူတို့သုံးယောက်ရဲ့ တစ်ယောက်ချင်းစီပြောပြပုံတွေကို နောက်ကြောင်းပြန်တဲ့ အနေနဲ့ကြည့်ရှုပြီး နောက်ဆုံးမှာတော့ တကယ်တမ်းပထွေး ဖြစ်သူကို သတ်ခဲ့တာ ဇာတ်ကားနာမည်အတိုင်း မယ်ရီဖြစ်နေမလားဆိုတာကို စိတ်ဝင်စားစရာကောင်းကောင်းနဲ့ကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။...

Blood Diamond (2006) ⭐TMDB: 75.0% User Score 🎬 #Adventure #Drama #Thriller #Action 🗓 2006 🎞 movie 🌎 #Germany #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 23 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Blood Diamond (2006) IMDb Rating (8.0) မင်းသားကြီး Leonardo DiCaprio , Djimon Hounsou , ကိုယ်တွေရဲ့မမ Jennifer Connelly တို့ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကြီးကတော့ ကြည့်ဖူးသူတိုင်းကြိုက်ကြတဲ့ Adventure ,Thriller,Drama ရသစုံရုပ်ရှင်ဇာတ်ကားပါပဲ။ သွေးစွန်းသောစိန် လူကြီးမင်းရဲ့ တစ်သက်တာချစ်ရမယ့်သူရဲ့ ဖယောင်းသွယ်လက်ချောင်းလေးကို စွပ်ပေးလိုက်မယ့် လက်ထပ်စိန်လက်စွပ်လေးမှာ သွေးစွန်းနေခဲ့ရင်လို့ တွေးမိကြမယ်မထင်ပါဘူး။ လူကြီးမင်းအနေနဲ့ အလယ်အလတ်တန်းစားလစာရတဲ့သူတစ်ယောက် လစာကိုအလုံးစုံစုရင်တောင် နှစ်ဆယ်ဂဏန်းစုရမယ့်တန်ဖိုးရှိတဲ့ စိန်လက်စွပ်လေးက ပျိုးပျိုးပြက်ပြက်လက်ပြီး သိပ်လှနေမှာပဲ။ လူကြီးမင်းရဲ့အမျိုးသမီးကလည်း သိပ်ကိုပျော်ရွှင်ကျေနပ်နေမှာပေါ့။ စိန်တွေက သွားရင်လာရင်း ခုလုတ်တိုက်ပြီး တွေ့ကြတာမဟုတ်ဘူး။ မြေကြီးထဲကို အနက်ကြီးတူးဆွလို့ အသက်နဲ့ရင်းရှာရတာပဲ။ ရုရှားစိန်တွင်းတွေဆိုရင် အနက်ဆုံးတွင်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ အခုပြောမှာကတော့ အာဖရိကတိုက်ကရတဲ့ စိန်တွေပါ။ ပေါများလွန်းလို့ မြေကြီးပေါ်မှာတင် ရွှေကျင်သလို ကျင်ယူရနိုင်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒီစိန်တွေကို ပိုင်ဆိုင်ထားသူတွေက လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြပြီး စိန်ရောင်းရငွေတွေကို လက်နက်တွေဝယ်၊ အာဖရိကတိုက်သား နိုင်ငံသားအချင်းချင်း သတ်ဖြတ်ဖို့ သုံးနေကြလို့ပါ။ ဒါကြောင့် သွေးစွန်းသောစိန်တွေပါ။ ကမ္ဘာကြီးက အပေါ်ယံကကြည့်ရင် သိပ်ကောင်းသလို၊ သိပ်ကို တရားမျှတသလိုပဲ။ စစ်ဖြစ်ရာ ပဋိက္ခမြေက သွေးစွန်းသောစိန်တွေကို ကမ္ဘာ့စိန်ဈေးကွက်မှာ တရားဝင်တင်သွင်းလို့မရပါဘူး။ တရားမျှတလိုက်တာဗျာလို့ လူကြီးမင်း ချီးကျူးမစောသင့်ပါဘူး။ စိန်ဆိုတာ ရှားပါတယ်။ တန်ဖိုးကြီးပါတယ်ဆိုတဲ့ နိယာမတစ်ခုကို အသက်သွင်းဖို့ စိန်တွေကို လုပ်ငန်းရှင်တွေစုပေါင်းပြီး မြေအောက်အလုံတိုက်ထဲမှာ ဝယ်ထည့်ထားပါတယ်။ ဝယ်ချင်သလောက် ဝယ်မရရင် စိန်ဆိုတာ ရှားပြီလေ။ ရှားရင် ဈေးရပြီပေါ့ဗျာ။ ဒီတော့ လက်နက်လိုချင်လို့ စိန်တွေ ဆာလာအိတ်နဲ့ လာရောင်းကြတဲ့ အာဖရိကသူပုန်တွေရဲ့ စိန်ထောက်ပံ့လမ်းကြောင်းက ကမ္ဘာ့စိန်အဖွဲ့ကြီးရဲ့ ချမ်းသာရာ ချမ်းသာကြောင်းပေါ့။ သိတယ်မလား။ မင်းစိန်က တရားမဝင်ဘူး၊ ဘယ်လောက်ပဲရမယ်ပေါ့လေ။ အာဖရိကတိုက် စီရာ လီယုံ နိုင်ငံလေးက လိုင်ဘီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံပါ။ အစိုးရတပ်နဲ့ သူပုန်တပ်တွေဆိုပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့‌နေရာပါ။ လက်နက်ဝယ်ယူမှုက အစိုးရတပ်ရော သူပုန်တပ်ရောပေါင်းလိုက်ရင် လက်နက်ကုန်သည်များအတွက် ရွှေတွင်းကြီးတစ်ခုပါပဲ။ လိုင်ဘီးရီးယားက စိန်မထွက်ပေမဲ့ ကမ္ဘာ့စိန်ဈေးကွက်ရဲ့ ၁၅ ရာခိုင်နှုန်းကို တင်ပို့နိုင်တဲ့နိုင်ငံပါတဲ့။ ဒီလောက်ဆိုရင်တော့ ဘယ်နိုင်ငံက ဘယ်လိုစိန်တွေ ဘယ်လိုလည်ပတ်နေတယ်ဆိုတာ သိနိုင်လောက်ပါပြီ။ ဇာတ်လမ်းကတော့ ဇင်ဘာဘွေနိုင်ငံမှာမွေးခဲ့တဲ့ အာဖရိကသားလူဖြူ ဒန်နီ အာချာ (လီယိုနာဒို ဒီကာပီရို) က ကြေးစားစစ်သားဘဝကနေ စိန်မှောင်ခိုသမား လက်နက်ကုန်သည်တစ်ယောက်ပါ။ ဆိုလိုမွန် ဗန်ဒါ (ဂျီမိုဟွန်စူ) ကတော့ မန်ဒီမျိုးနွယ်စုဝင် တံငါသည်တစ်ယောက်ပါ။ မတ်ဒီ ဘိုဝင် (ဂျနီဖာ ကွန်နယ်လီ) ကတော့ အာဖရိကတိုက်ကို စွန့်စားရောက်လာတဲ့ မဂ္ဂဇင်းသတင်းထောက်မလေးပေါ့။ ဆိုလိုမွန် တို့ရွာကို သူပုန်တွေဝင်လာပြီး ဆိုလိုမွန် အဖမ်းခံရတယ်။ မိုင်းတွင်းကို အလုပ်သမားအဖြစ် ပါသွားတယ်။ ပြီးတော့ စိန်သမိုင်းမှာ တန်ဖိုးအရမ်းကြီးတဲ့ ပန်းရောင်စိန်ကြီးကိုတွေ့လိုက်ရတယ်။ ဒန်နီ က ထောင်ထဲမှာ အတူဆုံခဲ့ရတဲ့ ဆိုလိုမွန် ဆီက ပန်းရောင်စိန်အနံ့ရပြီး ဆိုလိုမွန် နောက်ကို တကောက်ကောက်လိုက်တော့တာပဲ။ မတ်ဒီ ကတော့ ဒန်နီ ဆီက သတင်းညှစ်ယူပြီး သွေးစွန်းတဲ့စိန်တွေကို ခဝါချပြီး စိန်ဈေးကွက်ထဲထည့်နေတဲ့ စိန်လုပ်ငန်းရှင်အကြောင်းတွေ ဖွင့်ချချင်တာပါ။ သူတို့သုံးယောက်က ပြည်တွင်းစစ်ထဲမှာ သက်စွန့်ဆံဖျားနဲ့ ကိုယ်လိုချင်ရာနောက်ကို လိုက်ကြသူတွေပါ။ ဆိုလိုမွန် က သူ့မိသားစုရယ် သူပုန်တွေဖမ်းခေါ်သွားတဲ့ သူ့သား ဒီရာ နောက်ကိုလိုက်တယ်။ ဒန်နီ က ပန်းရောင်စိန်နောက်ကိုလိုက်တယ်။ မတ်ဒီ က သတင်းနောက်ကိုလိုက်တယ်။ ဒီဇာတ်ကားက သိပ်ကိုအောင်မြင်ခဲ့ပြီး အော်စကာ ဆန်ကာတင်ငါးဆုဝင်ခဲ့ပါတယ်။ လီယိုနာဒို နဲ့ ဂျီမိုဟွန်စူ တို့လည်းပဲ အကောင်းဆုံးဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံးဇာတ်ပို့ဆု ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ အမြတ်ငွေကလည်း ကြီးကြီးမားမားရခဲ့တယ်။ ရိုက်ချက်တွေ သေသပ်လှပကောင်းမွန်ပြီး ဂန္ထဝင်ဆန်တဲ့ဇာတ်ကားကြီးမလို့ အချိန်ပေးပြီး ကြည့်ရှုထိုက်ကြောင်းပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)...

Thin Ice (2012) ⭐TMDB: 67.0% User Score 🎬 #Comedy #Crime #Drama 🗓 2012 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDB – 6.2 , Rotten Tomatoes – 70 % ဇာတ်ညွှန်းတောင်သိပ်ဖတ်မနေပဲ ဒေါင်းကြည့်လိုက်ပါလို့ ပြောလိုက်ချင်ပါတယ်။ ရှည်ရှည်ဝေးဝေးမပြောတော့ဘူး။ ဇာတ်လမ်းအကျဉ်းကတော့ မက်ကီက လိုင်စင်ရအာမခံ အရောင်းသမားတစ်ယောက်ပါ။ ဒီနှစ် အာရူဘာကိုအပန်းဖြေခရီးထွက်ရမယ့် ပထမဆုကို ကုမ္ပဏီကပေးမယ့်အတွက် ဒီဆုရရေး သူ့အရေးဖြစ်နေပါတယ်။ တစ်နေ့ ဟိုတယ်မှာ သူဟောပြောပွဲလုပ်ပြီးနောက်မှာ သူ့ဟောပြောပွဲကိုလာတက်တဲ့ ဘော့ဘ်ကို ကုမ္ပဏီမှာ သူကြိတ်ပြိုင်နေတဲ့ ဖီးလ်ပီတာ လက်အောက်မှာမလုပ်စေချင်တဲ့အတွက် ကော်မစ်ရှင်ခ ပိုပေးမယ်ဆိုပြီး ဆွဲစိလိုက်ပါတယ်။ဘော့ဘ် ကလည်းအရမ်းဝမ်းသာသွားပြီးတော့လက်ခံလိုက်တယ်။ နောက်တော့ ဘော့ဘ်က ပိုက်ဆံချမ်းသာတဲ့ လယ်သမား အဖိုးကြီးတစ်ယောက်က ပိုင်ဆိုင်မှုအာမခံလုပ်ချင်နေကြောင်း မစ်ကီကိုပြောပြတယ်။ အစပိုင်းမယုံသလိုနဲ့ နောက်ပိုင်းမှာ အဖိုးကြီးရဲ့ ပိုင်ဆိုင်မှုတွေကိုတစ်ခုပြီးတစ်ခုသိလာတော့ မရရအာင် အာမခံလုပ်ခိုင်းလိုက်တယ်။အဖိုးကြီး အာမခံလုပ်ပြီးနောက်မှာ မထင်မှတ်ထားတဲ့အရာတွေ တစ်ခုခုပြီးတစ်ခုဖြစ်လာပါတော့တယ်။...

Burning Days (2022) ⭐IMDB: 7.6/10 (11 k Votes) 🎬 #Drama #Thriller #Crime #Mystery 🗓 2022 🎞 movie 🌎 #Turkey #France #Germany #Netherlands #Greece #Croatia ⏰ 2 နာရီ 11 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ နိုင်ငံရေးတိုင်းမှာတွေ့နေကျ အခြေအနေမျိုးကို မြို့ငယ်လေးတစ်မြို့မှာဇာတ်အိမ်တည်ထားပြပြီးရာဇဝတ်မှု၊အကျင့်ပျက်ခြစားမှု၊ နိုင်ငံရေး၊ အာဏာတို့နဲ့ သရုပ်ဖော်ရိုက်ကူးထားတဲ့ တူရကီဇာတ်ကားလေးပဲဖြစ်ပါတယ်….။ ဇာတ်လမ်းအကျဥ်းကတော့… အမ်မီယာဟာ အမှုစစ်ချုပ်အဖြစ်နဲ့ ရန်နီကလာဆိုတဲ့မြို့လေးတစ်မြို့ကို တာဝန်ကျခဲ့ပါတယ်….။ ဒီမြို့လေးဟာ တောကျကျ ဝေးလံခေါင်ပါးတဲ့အရပ်မှာရှိပြီး မြို့ငယ်လေးဆိုပေမယ့် ပြဿနာပေါင်းသောင်းခြောက်ထောင်တက်တဲ့မြို့ပါပဲ… မြို့သူမြို့သားတွေ ရေလုံလုံလောက်လောက်မသုံးရတဲ့ပြဿနာ၊ မြို့ရဲ့ခေါင်းကြီးပိုင်းတွေရဲ့ ရွေးကောက်ပွဲနိုင်ဖို့ အာဏာလုတဲ့ပြဿနာ…၊ အတိုက်အခံအချင်းချင်း မလိုမုန်းတီးမှုတွေ စတဲ့စတဲ့ ပြဿနာကိုယ်စီနဲ့ပါ…။ မြို့ရဲ့အာဏာပိုင်တွေဟာ ရွေးကောက်ပွဲနိုင်ဖို့၊ လူထုထောက်ခံချက်ရဖို့အတွက်နဲ့ ရေကိုလက်နက်လိုအသုံးချပြီး မဲဆွယ်ပါတယ်… မြို့ခံတွေကလည်း အသိပညာနည်းပါးသူမို့ ဥပဒေတွေဘာတွေမသိ ကိုယ့်လိုအင်ဖြည့်ပေးသူသာ လူကောင်းလို့မြင်ပြီး ပြေရာပြေကြောင်းနေနေကြသူတွေပါ….။ ဒီလိုအခြေအနေတွေကြားမှာ ဥပဒေဘက်တော်သားတစ်ယောက်ဖြစ်တဲ့ အမ်မီယာတစ်ယောက် သူ့ရဲ့တာဝန်တွေကိုထမ်း‌ဆောင်ရင်း ပဋိပက္ခမျိုးစုံကြား မည်သို့မည်ပုံ ရှင်သန်နေနိုင်အောင် ကြိုးစားသွားမယ်ဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ...

Black Noise (2023) ⭐IMDB: 3.0/10 (87 Votes) 🎬 #Action #SciFi #ScienceFiction #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Black Noise (2023) ရုပ်ရှင်ဟာ amazon prime က ထုတ်လုပ်ရိုက်ကူးတဲ့ scifi action ကားလေးကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကို အရိပ်အမြွတ်ပြောပြရမယ်ဆိုရင် အထူးလေ့ကျင့်ထားတဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုက တပ်ဖွဲ့တစ်ခုကို အရမ်းချမ်းသာတဲ့လူတွေသာ သိနိုင် သွားနိုင်ကြတဲ့ ကျွန်းတစ်ကျွန်းကို လူကယ်ဖို့ အတွက် လွှတ်လိုက်ရတာက စတာပါ။ အဲ့ကျွန်းမှာက ရုတ်တရက်ကြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်သွားပြီး မင်းသားတို့တပ်ဖွဲ့က ကယ်ရမဲ့ VIP တစ်ယောက်ရဲ့ GPS signal တစ်ခုသာ မိနေခဲ့တာပါ။ မင်းသားတို့က အဲ့ VIP ကို သွားကယ်ဖို့ ကြိုးစားတဲ့အခါမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ scifi ဆန်ဆန် မြင်နေကြ မဟုတ်တာတွေ ဘယ်လိုတွေ တွေ့ရမှာလဲ ကျော်ဖြတ်နိုင်မှာလား စတာတွေကို တစ်ကားလုံး ဖင်တကြွကြွနဲ့ ကြည့်နေရမှာ ဖြစ်လို့ scifi action ကားကောင်း ကြိုက်သူတွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်ခင်ဗျ။...

Old School (2003) ⭐TMDB: 66.0% User Score 🎬 #Comedy 🗓 2003 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကိုကြည့်ရင်း ကျွန်တော်သတိရမိတာက Superbad တို့ American Pie တို့လို ကျောင်းသား comedy ကားတွေကိုပါပဲ။ တစ်ခုရှိတာက အဓိကဇာတ်ဆောင်တွေက ကျောင်းသားတွေ မဟုတ်ကြဘူး၊ ဒါပေမယ့် ကျောင်းသားဟာသကားပါပဲ။ ဇာတ်လမ်းက မစ်ချ်မာတင်လို့ခေါ်တဲ့ သတ်လတ်ပိုင်း လူတစ်ယောက် အိမ်ကိုစောစောစီးစီးပြန်လာတဲ့အခါ ‌ အရိုးရဲ့ ‌‌‌အော်ပရာသီချင်းကိုလက်တွေဘဝမှာ ကြုံလိုက်ရပါတော့တယ်၊ ပိုတောင်ဆိုးသေးတယ်ဗျ သူ့မိန်းကလိင်စိတ်တော်တော်ပြင်းပြတော့ ယောကျ်ားခရီးသွားတိုင်း အဖွဲ့လိုက်ကြီးလုပ်နေကျ။ အဲဒီလိုနဲ့ စိတ်ဒဏ်ရာရသွားတဲ့ မစ်ချ်ကို သူ့သူငယ်ချင်းတွေကအရာအားလုံးကို ‌မေ့နိုင်အောင်ကူညီဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လိုတွေကူညီကြမှာလဲဆိုတာကို အလွဲအချော်လေးတွေနဲ့ တင်ဆက်ထားလို့ အတော်ကိုရယ်ရပါတယ်ခင်ဗျာ။ ‌ ဇာတ်ဆောင်တွေအနေနဲ့ကလဲ comedyချစ်သူပရိတ်သတ်နဲ့မစိမ်းတဲ့ Charlie’s Angel, Death at a funeral, Idiocracy တို့မှမင်းသား Luke Wilson ပါမက Step Brothers, Anchor Man, Zoo Lander တို့မှမင်းသား Will Ferrell အပြင်ကို Wedding Crushers, The Watch, Zoo Lander တို့မှ Vince Vaughn တို့လို ဟာသကျော်ကြီးတွေ သုံးယောက်ပေါင်းဘယ်လိုလောင်းကျော်ထားမလဲဆိုတာကို ကြည့်ရမှာဖြစ်တဲ့အပြင် IMDB 7.0 တောင်ရထားတာဆိုတော့ မြည်းစမ်းကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ...

A Wonderful Cloud (2015) ⭐IMDB: 5.8/10 (191 Votes) 🎬 #Comedy #Drama #Romance 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Wonderful Cloud 2015IMDB 5.8/10 ကိတ်နဲ့ ယူဂျင်းဆိုတာက အကွဲကွဲအပြဲပြဲနဲ့ ပြတ်သွားခဲ့ကြတဲ့ရည်းစားဟောင်းနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကိတ်တယောက် ရည်းစားဘ၀တုံးက အတူထောင်ခဲ့တဲ့ ကုမ္ပဏီကိုလက်လွှဲယူဖို့အတွက် ယူဂျင်းရှိရာ လော့စ် အိန်ဂျလိစ်မြို့ကို အလည်ခရီးလာဖို့အကြောင်းဖန်လာပါတော့တယ်။ ကိတ်ကို မပြတ်နိုင်သေးတဲ့ ယူဂျင်းရဲ့ ပြန်သိမ်းသွင်းမယ့် ဉာဏ်နီဉာဏ်နက် အစီအစဉ်တွေကို ကိတ်တယောက်ရိပ်မိသွားတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဘ၀အနာဂတ်တခု တကယ်ရှိနိုင်ပါ့မလားဆိုတာ 72နာရီအတွင်းအဖြေရှာဖို့ဖြစ်လာပါတော့တယ်။ ယူဂျင်းတယောက် ကိတ်ကို ပြန်စည်းရုံးနိုင်ပါမလား။ ကိတ်ကလည်း ဘာကိုရွေးချယ်သွားမလဲ။ ဒီအလည်ခရီးရဲ့ အဆုံးမှာ သူတို့နှစ်ယောက်ရဲ့ ထူးထူးခြားခြား ဇာတ်လမ်းလေးက ဘယ်လိုမျိုးနိဂုံးချုပ်သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဒီ အချစ်ဒရာမာ ဇာတ်ကားရဲ့ထူးခြားချက်အနေနဲ့ကတော့ မင်းသား/ ဒါရိုက်တာ ယူဂျင်းကိုယ်တိုင်က တကယ့်ရည်းစားဟောင်းဖြစ်တဲ့ ကိတ်နဲ့ပဲ ဇာတ်လမ်းကို အမည်နာမပြောင်းလဲခြင်းမရှိ ရေးသားရိုက်ကူးထားတာဖြစ်ပါတယ်။...

Murder Runs in the Family (2023) ⭐IMDB: 5.6/10 (52 Votes) 🎬 #Drama #Mystery #Thriller #TVMovie 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 25 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Murder Runs In The Family ကို စာရေးဆရာမ Lauren Greenwood ရဲ့ စာအုပ်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Laura Lieben ၊ Eric Wigston ၊ Connor Suart တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အနုပညာကုထုံးပညာရှင်တစ်ယောက်ဖြစ်တဲ့ ရန်းဝီလီယံဟာ အိမ်ပြန် ရောက်ရောက်ချင်းပဲ မွေးစားမိခင်သေဆုံးရတဲ့ အဖြစ်နဲ့ရင်ဆိုင်လိုက်ရပါတယ်။ မွေးစားမိခင်သေဆုံးရတဲ့ကိစ္စမှာ မသင်္ကာစရာ သဲလွန်စလေးတွေရှိနေတာကြောင့် ရန်းတစ်ယောက် တဖြည်းဖြည်းစုံစမ်းရင်း မိခင်အရင်းခေါက်ခေါက်ပါ တစ်ပုံစံတည်း သေဆုံးခဲ့တယ်ဆိုတာပါ သိလိုက်ရပါတော့တယ်။ မွေးစားမိခင်နှင့် မိခင်အရင်းနှစ်ယောက်စလုံး သေဆုံးရခြင်းရဲ့လက်သည်ဟာ သူမရဲ့ဖခင်လား၊ သူမဖခင်ဟာ မိသားစုလျှို့ဝှက်ချက်တွေကို မိခင်နှစ်ယောက်စလုံးကို နှုတ်ပိတ်ပြီးလက်စဖျောက်ခဲ့တာဖြစ်နိုင်လား ဆိုတာသံသယဝင်လာပြီး ရန်းဝီလီယံ တစ်ယောက် တစ်ကိုယ်တော်စုံစမ်းထောက်လှမ်းခဲ့ပါတယ်။ ဖခင်ကိုအနီးကပ်စောင့်ကြည့်နေရပေမယ့် ဖခင်ကအချိန်မရွေးအန္တရာယ်ပြုလာမှာလား.. တခြားမောင်နှမတွေကိုကော ဘေးကင်းအောင်စောင့်ရှောက်နိုင်ပါ့မလား.. မိခင်နှစ်ဦးစလုံးကို သတ်တဲ့တရားခံဟာ ဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ရှုစားကြရမှာ ဖြစ်ပါတယ်။...

The Protector (1985) ⭐TMDB: 60.0% User Score 🎬 #Action #Crime #JackieChan #Thriller 🗓 1985 🎞 movie 🌎 #HongKong #UnitedStates #HongKong #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Protector (1985) ဟောလိဝုဒ်ရဲ့ Hollywood Walk of Fame မှာ မှတ်ကျောက်တင်ခံထားရသလို၊ Academy Honorary Award ကိုရခဲ့တဲ့ ဟောင်ကောင်မင်းသား၊ တာရန်တီနိုကြီးက “one of the greatest physical comedians since sound came into film”လို့ ချီးကျူးခံထားရတဲ့ ဟောင်ကောင်မင်းသား ဂျက်ကီချမ်းရဲ့ သူဟောလိဝုဒ်မှာ စပေါက်တုန်း အမေရိကန်ဒါရိုက်တာရိုက်ပြီး အမေရိကန်မင်းသားနဲ့ အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ ကားဟောင်းတစ်ကားပါ။ သူနဲ့တွဲသရုပ်ဆောင်တဲ့ အမေရိကန်မင်းသားကလည်း The Godfather Part II တို့၊ Once Upon a Time in America တို့၊ Leon: The Professionalတို့လို ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့လူပါ။ ဇာတ်လမ်းထဲမှာတော့ သူတို့က လုပ်ချင်တာလုပ်တဲ့ ရဲ၂ကောင်ပေါ့။ ဂျက်ကီကလည်း အမေရိကန်မှာ အခြေချနေတာ ဆယ်နှစ်ရှိပြီဖြစ်တဲ့ တရုတ်လူမျိုးရဲ။ သူတို့က နာမည်ကြီး ဂုဏ်သရေရှိ လူဆိုးကြီးတစ်ယောက်ရဲ့ ပါတီပွဲကို သွားတက်တယ်။ အဲဒီလူကြီးရဲ့ သမီးက သူတို့ရှေ့တင်ပြန်ပေးဆွဲခံလိုက်ရတယ်။ စုံစမ်းကြည့်တော့ ဟောင်ကောင်က လူဆိုးဂိုဏ်းနဲ့ပတ်သက်နေလို့ ဟောင်ကောင်ကို အမှုလာလိုက်ကြရင်း ဟောင်ကောင်တစ်ခုလုံးကို ဩဇာညောင်းတဲ့ ဂိုဏ်းခေါင်းဆောင်ကို ဘယ်လိုအံတုကြမလဲ မြင်ရမှာပါ။ ဂျက်ကီချမ်းရဲ့ အက်ရှင်တွေ ဟာသတွေ တစ်ထောကြီးကို ကြည့်ရမယ့်ကားမို့ ဂျက်ကီဖန်တွေ ကြည့်ကိုကြည့်သင့်တဲ့ ဟာသအက်ရှင်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)...

Juan of the Dead (2011) ⭐IMDB: 6.4/10 (11 k Votes) 🎬 #Action #Comedy #Horror 🗓 2011 🎞 movie 🌎 #Spain #Cuba ⏰ 1 နာရီ 36 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Juan of the Dead ဇာတ်ကားလေးဟာ ၂၀၁၁ တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အမျိူးအစားကတော့ comedy ဆန်ဆန် zombie apocalypse အကြောင်း ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ကတော့ ဟွမ်လို့ခေါ်တဲ့ တေလေဂျပိုး တစ်ယောက်ဖြစ်ပြီး သူရဲ့စုတ်ပြတ်သတ်နေတဲ့ တိုင်းပြည် Cuba မှာပဲ နေထိုင်အလေလိုက်ချင်သူ တစ်ယောက်ပါ။ မိုင်ယာမီရောက်သွားပြီဖြစ်တဲ့ သူ့အရင်မိန်းမနဲ့ ရခဲ့တဲ့ သမီး ကမ်မီလာကတော့ သူ့အဖေကို အရင်အတိုင်း တေလေဂျပိုးလို့ ထင်ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းမရှိပါဘူး။ တစ်နေ့တော့ သူတို့နေတဲ့မြို့လေးမှာ zombie ဆန်ဆန် တစ်ယောက်နဲ့တစ်ယောက် ကိုက်ပြီး ရောဂါတွေ ကူးစက်ပြန့်ပွားလာပါတယ်။ ကျူးဘားအစိုးရကတော့ အတိုက်အခံတွေဟာ ပြည်ပနိုင်ငံတွေနဲ့ ပေါင်းပြီး ဒုက္ခပေးနေတာလို့ ပြောပါတယ်။ အဲ့ရောဂါကြောင့် ခေတ်ပျက်သွားတဲ့အခါမှာ ဟွမ်အနေနဲ့ ဘယ်လို အကျိူးရှိအောင် လုပ်မလဲ။ သူ့သမီးကကော ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမှာလဲ။ အချိန်တန်လို့ မနိုင်တော့ခဲ့ရင် ဘယ်လိုလုပ်ဖို့ ကြံစည်ကြမလဲ။ ဟွမ်တစ်ယောက် သူ့သမီးကိုကော ကာကွယ်နိုင်မှာလား စတာတွေကို ရင်ခုန်စွာ ဟာသလေး နှောပြီး ကြည့်ရမှာ ဖြစ်ပါတယ်။ zombie ကား ကြိုက်နှစ်သက်သူတွေ post apocalypse ကြိုက်သူတွေ ဒီစပိန်စကားပြောတဲ့ ရုပ်ရှင်ကားလေးကို ကြည့်သင့်ကြောင်း တိုက်တွန်းပါရစ...

Baskin (2015) ⭐IMDB: 5.8/10 (12 k Votes) 🎬 #Crime #Fantasy #Horror #Thriller #Mystery #Drama 🗓 2015 🎞 movie 🌎 #Turkey ⏰ 1 နာရီ 38 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို တူရကီ horrorဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားဟာ အကူအညီပေးဖို့သွားတဲ့ ရဲအဖွဲ့တစ်ဖွဲ့ငရဲတစ်ခါးဝကိုရောက်သွားတဲ့အကြောင်းကို ဇာတ်အိမ် တည်ထားပြီး ဒါရိုက်တာ Can Evrenol က ရိုက်ကူးပုံဖော်ထားတဲ့ rating 5.8/10 ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားမှာ မင်းသားတွေဖြစ်တဲ့ Gorkem Kasal,Ergun Kuyucu, Mehmet Cerrahoglu,Sabahattin Yakut နဲ့Mehmet Cerrahoglu တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်. ဇာတ်လမ်းအစမှာ စားသောက်ဆိုင်တစ်ဆိုင်မှာ အနားယူနေကြတဲ့ Arda တို့ရဲအဖွဲ့သားတွေဖြစ်တဲ့ Yavuz,Remzi,Saboနဲ့ Apoတို့အဖွဲ့သား ၅ ယောက် စားသောက်ဆိုင်ကအပြန်မှာ Inceagac နေရာဒေသကနေ အကူအညီတောင်းတာကိုကြားလိုက်ရပါတယ် အဲ့နောက် အကူအညီခေါ်ထားတဲ့ ဆီကိုသွားတဲ့ လမ်းမှာ ထူးဆန်းမှုတွေ တစ်ခုပြီးတစ်ခု ကြုံပြီး ညကြီး အချိန်မတော် လူသူမရှိတဲ့ လမ်းမှာကြီးမှာ ရုတ်တရက်လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီး ကားမှောက်သွားပါတယ် ထူးဆန်းတာတစ်ခုက တိုက်ခံရတဲ့သူက ချက်ချင်းဆိုသလို ပျောက်ချင်းမလှပျောက်သွားပါတယ် ကားနဲ့အတိုက်ခံလိုက်ရတဲ့သူကကော ဘယ်သူလဲ သူကကော ဘာလို့လူသူမရှိတဲ့ ဒီလမ်းပေါ်ကိုရောက်လာတာလဲ သူတို့အဖွဲ့ကကော အကူအညီခေါ်ထားတဲ့ Inceagac ကို ရောက်သွားမှာလား ရောက်သွားတဲ့အခါမှာကော ဘာတွေကို ကြူံတွေ့ရမှာလဲ သူတို့အဖွဲ့ကကော Inceagac ကနေအသက်ရှင်လျက်ပြန်လာ နိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှု့လိုက်ပါဦး ဒီဇာတ်ကားက ဇာတ်ညွှန်းရေးဆရာတဲ့ မြှပ်ကွက်လှည့်ကွက်တွေနဲ့ ပဟေဠိဆန်ဆန်အဖြစ်အပျက်တွေကြောင့် ကြည့်ရှုသူပရိတ်သတ်ကို ဇာတ်လမ်းအစ အလယ် အဆုံး စွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဒီဇာတ်ကားက Horror Fantasy အမျိုးအစားကိုမှကြိုက်နှစ်သက်သူတွေအဖို့ မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်...