ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Social Media 101 (2019) ⭐TMDB: 0.0% User Score 🎬 #Comedy #Drama 🗓 2019 🎞 movie 🌎 #Nigeria ⏰ 1 နာရီ 31 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Social Media 101 (2019) လူကြီးမင်းတို့ဘဝမှာ Hollywood Bollywood Tollywood BBC တို့ဆိုတဲ့ ဖျော်ဖြေရေးမီဒီယာကြီးတွေကို ကြားဖူးကြမယ်ထင်ပါတယ်။ဒါပေမဲ့ Nollywood ကိုတော့ တစ်ယောက်မှကြားဖူးကြမယ်မထင်ပါဘူး။ ဟုတ်ပါတယ် Nollywood ပါ။ကျွန်တော်လဲ ပြောရရင် ခုမှကြားဖူးတာပါ။ နိုင်ဂျီးရီးယား နိုင်ငံက သူတို့ ဖျော်ဖြေရေးမီဒီယာကို Nollywood လို့နာမည်ပေးထားတာဗျ။Hollywood ကဇာတ်ကားတွေက ကမ္ဘာကျော်တွေ ပိုပြီးကြည့်ကောင်းတယ်တို့ Bollywood ကားတွေကမှာ ဇာတ်ရှင်ခန်းတွေကလွဲရင်ကျန်တာတွေက ကြည့်ကောင်းတယ်တို့ Tollywood ကဇာတ်ကားတွေကမှာ လူ့သဘာဝနဲ့နီးစပ်တာတို့ ငြင်းခုန်နေမဲ့အစားNollywood ကားတွေကို ကြည့်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။ကြည့်မယ်ဆိုလဲ ဘေးနားမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ မထားပါနဲ့တီဗီကို ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ထိခိုက်အောင်လုပ်မိမှာစိုးလို့ပါ။မကြည့်ခင်သေသွားသင့်တဲ့ ကားကောင်းလေးတွေမို့ပါ။မြန်မာပေါကေားတွေရပ်ဆိုတဲ့ သူတွေကိုပြကြည့်ပါအကယ်ဒမီပေးပွဲကို တန်ဖိုးထားတတ်သွားပါလိမ့်မယ်။မြန်မာအနုပညာရှင်တွေကိုတော့ သွားမပြနဲ့ ကြံဖန်ပြီးဂုဏ်ဆာနေမှာစိုးလို့။ ကဲဒီလောက်ညွှန်းပြီးသွားပြီဆိုတော့ ဇာတ်လမ်းအကျဉ်းလေး ပြောကြလိုက်ရအောင်။ဇာတ်လမ်းလေးကတော့ ပညာပေးပုံစံလေးပေါ့။ဆိုရှယ်မီဒီယာကို ကိုယ့်အတွေးနဲ့ကိုယ် သုံးစွဲနေကြတဲ့ မိန်းမပျိုလေးသုံးယောက်ပေါ့ဗျာ။တစ်ယောက်က လာရှင်ဖို့အတွက် သုံးတယ်။တစ်ယောက်က ကြွားဖို့အတွက်သုံးတယ်။တစ်ယောက်က အလုပ်အတွက်သုံးတယ်။ဒါပေမဲ့ ဆိုရှယ်မီဒီယာဆိုတာ ဘယ်တော့မှယုံကြည်ရတဲ့ အရာမဟုတ်ဘူးဆိုတာပညာပေးသဘောလေးနဲ့ တင်ဆက်ထားတဲ့ကားလေးပေါ့ဗျာ။ကဲကြည့်ရှုအားပေးလိုက်ကြပါဦး … (အညွှန်းနဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်)...
Tiger Stripes (2023) ⭐IMDB: 6.1/10 (489 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #Malaysia #Taiwan #France #Germany #Netherlands #Singapore #Qatar #Indonesia ⏰ 1 နာရီ 35 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tiger Stripes 2023 ဒီဇာတ်ကားဟာ မလေးအမျိုးသမီးဒါရိုက်တာ အမန်ဒါနယ်အူက သူ့ရဲ့ပွဲဦးထွက်လက်ရာအဖြစ် လက်စွမ်းပြရိုက်ကူးထားတာဖြစ်ပြီးကိန်းရုပ်ရှင်ပွဲတော်မှာ ဝေဖန်ရေးဆရာတွေရဲ့အကောင်းဆုံးရုပ်ရှင်ဆု၊ ၉၆ မြောက်အော်စကာဆုပေးပွဲအတွက်မလေးရှားနိုင်ငံရဲ့ ကိုယ်စားပြုရုပ်ရှင် စတဲ့ ဆုပေါင်း ဂုဏ်ပုဒ်ပေါင်းများစွာရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။….. ဇာတ်ကားကတော့ Body Horror ကားဖြစ်လို့ တချို့ဇာတ်ဝင်ခန်းတွေကတော့အသက်မပြည့်သူတွေ ရောဂါအခံရှိသူတွေ မကြည့်ရှုသင့်ကြောင်း တစ်ခါတည်း ပြောကြားပေးလိုပါတယ်။…… ဇာတ်လမ်းလေးကတော့ ကြုံတွေ့နေကျ အာရှနိုင်ငံအများစုရဲ့မိန်းကလေးတွေ အပျိုဖော်ဝင်ချိန်ကြုံရတဲ့ပြသနာလေးတွေ ရှေးရိုးစွဲကြတဲ့ လူ့အဖွဲ့အစည်းတွေမိန်းမတွေကို လူတန်းစားခွဲခြား ဆက်ဆံတာတွေ စတဲ့ပြသနာများစွာကိုပဲ ရိုက်ကူးပြထားတာပါထူးခြားသွားတာကတော့ မတူညီတဲ့ရှုထောင့်တစ်ခုကနေယနေ့ခေတ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတော့ဒီလိုပြသနာတွေဟာ ခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ ရှိနိုင်သေးတာလားလို့ မေးခွန်းထုတ်မိမှာပါပဲတစ်တော့ခ်ဆော့နေတဲ့ကောင်မလေးမှာ Mens ကြောင့်သူငယ်ချင်းတွေကြားထဲပြသနာတက်တဲ့အထိ Sex education အားနည်းတယ်ဆိုတာအရှေ့တိုင်းရဲ့တချို့ရှေးရိုးစွဲမှုတွေကို မေးခွန်းထုတ်ချင်စရာပါပဲ…ကိုယ်တိုင်ကြည့်ဖြစ်မှ ပိုအရသာရှိမဲ့ကားမို့ အားလုံးပဲအာရှအမျိုးသမီးဒါရိုက်တာတစ်ယောက်ရဲ့ ကမ္ဘာထိထိုးဖောက်နိုင်ခဲ့တဲ့ပွဲဦးထွက်လက်ရာကို ခံစားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့Sai Thurein Lynnပဲဖြစ်ပါတယ်...
The Beach House Murders (2024) ⭐IMDB: 5.4/10 (114 Votes) 🎬 #Thriller #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Beach House Murders [2024](IMDb 5.6/10) ဇာတ်လမ်းအစမှာ မိုင်းလ်စ်တစ်ယောက် သူ့အိမ်ထဲက ရေချိုးခန်းထဲမှာ လက်မှာသွေးတွေနဲ့ ကြက်သေသေပြီး ထိုင်နေတာကို ရဲက ရှာတွေ့သွားတာနဲ့ အစပြုထားပါတယ်…မိုင်းလ်စ်လက်က သွေးတွေက သူ့မိန်းမ ဆာရာရဲ့သွေးတွေပါပဲ…ဆာရာ မသေခဲ့တဲ့အတွက် မိုင်းလ်စ် ထောင်တစ်နှစ်ကျခဲ့ရပြီး ခံဝန်နဲ့ ပြန်လွတ်လာခဲ့ပါတယ်…အဲ့အချိန်မှာ ဆာရာကလည်း အဲ့စိတ်ဒဏ်ရာနဲ့ အိမ်ထဲမှာပဲ တစ်နှစ်လုံးနီးပါး ခိုးအောင်းခဲ့ပါတယ်…တစ်နှစ်တာကာလအတွင်းမှာ ဆာရာဟာ သူ့ရဲ့ စာရေးဆရာမအလုပ်ကို ဆက်လုပ်နေခဲ့ပေမယ့်စာရေးလိုစိတ်ပျောက်ဆုံးလာတာက တစ်ကြောင်း…စာအုပ်တိုက်ဘက်က လောလာတာက တစ်ကြောင်းမို့…သူ့သူငယ်ချင်း အကြံပေးတဲ့အတိုင်း ကမ်းခြေမှာ အနားယူရင်း စာဆက်ရေးဖို့ သဘောတူလိုက်ပါတော့တယ်…ကမ်းခြေမှာ အပန်းဖြေနေတဲ့ ဆာရာဟာ တိုနီနဲ့ ဆုံစည်းရင်းက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်ပြီး တိုနီ အသတ်ခံခဲ့ရပါတယ်…သေဆုံးသွားတာကလည်း ဆာရာ့အိမ်မှာ ဖြစ်နေတာကြောင့် ရဲတွေက သူ့ကိုပဲ သံသယ ရှိနေခဲ့ပါတယ်…ဒီကိစ္စအပြင် ဆာရာ့ကို အိမ်ထဲထိ ဝင်လာပြီး မုဒိမ်းကျင့်ဖို့ ကြံခဲ့တဲ့ လူတစ်ယောက်ကလည်း ရှိခဲ့သေးပါတယ်…ဒီကြားထဲမှာမှ ခင်ပွန်းဟောင်းကလည်း ကမ်းခြေကို ရောက်နေပြီး သူ့ကို မကြာမကြာမျက်နှာချင်းဆိုင်ဖို့ ကြိုးစားနေပါသေးတယ်…ဒီလို အခြေအနေတွေက အကုန်ရောပြွန်းပြီး ရှုပ်ထွေးလို့နေတဲ့ကြားမှာ ဆာရာတစ်ယောက် ဘာဆက်လုပ်သွားမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ် (အညွှန်းနဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲဖြစ်ပါတယ်)...
Midnight Peepshow (2022) ⭐IMDB: 4.0/10 (219 Votes) 🎬 #Horror 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 38 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Midnight Peepshow [2022]( IMDb 4.7/10, RT 100% ) ဂရေဟမ်က စီးပွားရေးရင်းနှီးမြှုပ်နှံရေးသမား…သူ လုပ်တာက တက်သစ်စ စီးပွားရေးကုမ္ပဏိတွေမှာ လိုက်ရင်းနှီးပြီးတော့ စီးပွားရှာတာပဲ…ဇာတ်လမ်းအစမှာ ဂရေဟမ် ကောင်မလေးတစ်ယောက်နဲ့ ဝင်တိုက်ရင်း ပိုက်ဆံအိတ်လုခံလိုက်ရတယ်…လုခံရမှန်း တန်းသိတော့ ပိုက်ဆံအိတ်ထဲက သူ့မိန်းမဓာတ်ပုံလေးကိုသာ ပြန်ပေးဖို့ သူတောင်းဆိုရှာတယ်…နောက်တော့ ဘားသွား အရက်သောက်… အဲ့နောက်မှာ ဟီရိုအင်း ဝယ် ဆေးချပြီးတော့ လန်ဒန်မြို့ထဲ ပတ်တယ်…ဒီလိုနဲ့ တစ်နေရာမှာ ပိုက်ဆံပေးပြီး ချောင်းကြည့်ပေါက်ကနေအဖော်အချွတ်မယ်တွေကို ကြည့်ရတဲ့ Peepshow တစ်ခုကို သူရောက်သွားပါတယ်…ဂရေဟမ်က အစကတော့ အဖော်အချွတ်မယ်လေး တစ်ယောက်ကို ကြည့်နေပါတယ်…နောက်မှတော့ မှော်ဆန်စွာပဲ မြင်ကွင်းတွေက ပြောင်းလဲသွားပါတော့တယ်…ဘာတွေလဲဆိုတော့ ဂရေဟမ် ရင်းနှီးမြှုပ်နှံထားတဲ့ Black Rabbit ဆိုတဲ့ ကုမ္ပဏီဟာလက်တွေ့လောကက လိင်အသားပေး ကြမ်းကြမ်းရမ်းရမ်း သတ်ဖြတ်မှုတွေကို Live လွှင့်ပြတုန်းက ဟာတွေပဲဖြစ်နေပါတယ်…ဒီလိုနဲ့ ဂရေဟမ် သိပ်ချစ်သိပ်မြတ်နိုးရတဲ့ ဇနီးလေးဟာလည်း ဒီ ဝက်ဘ်ဆိုဒ်ရဲ့ သားကောင်ဖြစ်နေမှန်း မြင်လာရပါတော့တယ်…ဒီလိုနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရှုစားကြရမှာပါ…. 18+ ကြမ်းကြမ်းတမ်းတမ်းတွေ သတ်ဖြတ်ဆက်ဆံခန်းတွေ ပါတာကိုတော့ ကြိုတင်သတိပေးလိုက်ရပါတယ်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...
Sumpahan Syaitan (2023) ⭐TMDB: 0.0% User Score 🎬 #Comedy #Horror 🗓 2023 🎞 tv movie 🌎 #Malaysia ⏰ 2 နာရီ 2 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sumpahan Syaitan / Satan’s Curse (2023) “စေတန်ရဲ့ကျိန်စာ” Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ မလေးရှားသရဲဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ မစ္စတာဆမ်ဆိုသူက ဇနီးချောလေးနဲ့ ချစ်စရာသမီးကလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်။သန်းကြွယ်သူဌေးဖြစ်ချင်တဲ့ အိပ်မက်နဲ့ ဂိုဏ်းစတားကြီး ဘရန်ကိုဆီက ငွေတိုးချေးပြီးစီးပွားရေးလုပ်ရာမှာ အလိမ်ခံလိုက်ရပါတော့တယ်။ဘရန်ကိုဆိုတာ သူ့ဆီက ပိုက်ဆံချေးသွားပြီးလို့အချိန်မှီပြန်မဆပ်ရင် တစ်မိသားစုလုံးကိုသတ်ပစ်တဲ့လူ။ဒီမှာပဲ သူငယ်ချင်းဖြစ်သူက ဂိုဏ်းစတားကြီးဘရန်ကို လာသတ်တဲ့ရန်ကလည်းလွတ်အောင်သူ ဝယ်ဖို့စီစဉ်ထားတဲ့ ဟိုတယ်မှာ စီမံခန့်ခွဲရင်း သွားနေဖို့အကြံပေးပါတယ်။အဲဒီဟိုတယ်ကို ပြန်ရောင်းဖို့စီစဉ်ထားပြီး ရောင်းလို့ရတဲ့ပိုက်ဆံက အကျိုးအမြတ်ကိုလည်းဘရန်ကိုကို ပြန်ဆပ်ဖို့ ဆမ့်ကိုပေးမယ်လို့ပြောတဲ့အတွက် ဆမ်တို့မိသားစု သူငယ်ချင်းဖြစ်သူဝယ်မဲ့ဟိုတယ်ကြီးဆီကိုရောက်လာကြပါတော့တယ်။ဒီမှာပဲ ဟိုတယ်ကြီးက မမြင်အပ်မြင်အပ်တဲ့ သတ္တဝါတွေ တစ်ညပြီးတစ်ညသောင်းကျန်းလာတဲ့အခါမှာတော့…။Comedyအမျိုးအစားဖြစ်တာမို့ ပရိသတ်တို့ အပျင်းတော်ပြေစေဖို့ ခံစားကြည့်ရှုကြပါဦးခင်ဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့aungmo3hanပဲ ဖြစ်ပါတယ်)...
Señora Influencer (2023) ⭐IMDB: 7.0/10 (775 Votes) 🎬 #Comedy #Thriller #Drama 🗓 2023 🎞 movie 🌎 #Mexico ⏰ 1 နာရီ 52 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Senora Influencer (2023) အခုခေတ်မှာ ဆိုရှယ်မီဒီယာဆိုတာ လူတိုင်းရဲ့နိစ္စဓူဝမှာ မပါမဖြစ်အရာတစ်ခု ဖြစ်လာနေပါပြီ။ကိုယ်တိုင်သိ၍ဖြစ်စေ မသိ၍ဖြစ်စေ တန်ဖိုးရှိတဲ့အချိန်တွေကို ဆိုရှယ်မီဒီယာမှာ မွှေနှောက်ရှာဖွေရင်းအတင်းအဖျင်းတွေ ပွဲတွေရှာဖတ်ရင်း ဖြုန်းမှန်းမသိ ဖြုန်းမိနေတာပေါ့။ဒီလိုပြောနေတဲ့ ကျွန်တော်သည်လည်း ဆိုရှယ်မီဒီယာမှာ နစ်မျောနေတဲ့သူတစ်ယောက်ပါပဲ။ဒါပေမဲ့ လိုတာထက်ပိုလာရင် ဆုံးဖြတ်နိုင်စွမ်းမရှိတဲ့ကလေးတွေအတွက်တော့ ဒီဆယ်လီရူးရောဂါက အတော်ကြီးတဲ့ဒုက္ခဖြစ်လာမှာပါ။အခုဒီကားလေးကတော့ ဆိုရှယ်မီဒီယာရဲ့ လူထုအပေါ်သက်ရောက်မှုကို တစ်စေ့တစ်စောင်း မီးမောင်းထိုးပြထားတာပေါ့။ ဖာတီမာဟာ ငယ်စဉ်ကတည်းက စိတ်ရောဂါကြောင့် ကုသမှုခံယူနေရတဲ့သူပေါ့။ဒါပေမဲ့ အရူးကိုအရူးလို့ပြောရင် အရူးစိတ်ဆိုးသလိုပဲ ဖာတီမာကိုလည်း သူ့မိဘတွေက စိတ်ရောဂါကုဖို့ပြောရင် ဖာတီမာ အရမ်းစိတ်ဆိုးပါတယ်။ဒါပေမဲ့လည်း မကုရင် ရင့်လာမယ့်ရောဂါဆိုတော့ အဖေကဘာမှမေးနေပြောမနေတော့ဘဲဖာတီမာကို ဆေးတွေအတင်းတိုက်ပြီး အိမ်ထဲပိတ်ထားတာပေါ့။ဒီလုပ်ရပ်က မှန်လားမှားလားတော့မသိပေမဲ့ဖာတီမာအတွေးထဲမှာတော့ အဖေကသူ့ကိုအဆိပ်တိုက်ပြီး အိမ်ထဲပိတ်ထားတယ်၊အမေကလည်း သူ့ကိုယ်သူသတ်သေသွားတယ်ဆိုတဲ့ စိတ်ဒဏ်ရာတွေ ကြီးစိုးနေတာပေါ့။ တစ်နေ့မှာ ဖာတီမာတစ်ယောက် အဖေ့ပိုက်ဆံကိုခိုးပြီး ဂျက်ကီဆိုတဲ့ life style influencerရဲ့ ဆွေးနွေးပွဲတက်ရာကနေဂျက်ကီရဲ့ ကမ္ဘာကြီးကို မဟားတရားအကောင်းမြင်တဲ့ အချိုသပ်စကားတွေထဲ မျောပြီး အရူးတောင်ပံတပ်သလို ဖြစ်နေချိန်ဖုန်းဝယ်လိုက်ချိန်မှာတော့ ဘဝမှာကွက်လပ်တွေပြည့်နေတဲ့ ဖာတီမာအတွက် ဆိုရှယ်မီဒီယာက အသက်တမျှဖြစ်လာပါတော့တယ်။ ဂျက်ကီရဲ့ ဇွတ်အကောင်းမြင်ဩဝါဒတွေနဲ့ ဆိုရှယ်မီဒီယာကနေ ချပြရင်း နာမည်ကြီးဖို့ဖာတီမာကြိုးစားနေပေမဲ့ ချော်တောငေါ့တလွဲတုံ့ပြန်မှုနဲ့ နာမည်ကြီးသွားပါတော့တယ်။တလွဲဆယ်လီတွေရဲ့ထုံးစံအတိုင်း ပေါက်ကရတွေထထလုပ်ပြီး ဖာတီမာနာမည်ကြီးလာတော့ထောက်ခံတဲ့သူကတစ်ဖက် ဆဲဆိုပုတ်ခတ်မှုတွေကတစ်ဖက်နဲ့နဂိုထဲက စိတ်ဝေဒနာသည်ဖြစ်တဲ့ ဖာတီမာတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့….. (အညွှန်းနဲ့ ဘာသာပြန်ကတော့Mary Christပဲဖြစ်ပါတယ်)...
Chhota Bheem: Shakti Astra Ki Khoj (2023) ⭐IMDB: 7.2/10 (14 Votes) 🎬 #Action #Adventure #Animation #Bollywood #Comedy #Family #Fantasy 🗓 2023 🎞 tv movie 🌎 #India ⏰ 1 နာရီ 6 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chhota Bheem Shakti Astra Ki Khoj(2023) ချိုတာဘီးမ်နှင့်နတ်လက်နက်ရှာပုံတော် IMDb- 7.7/10 ရှားရှားပါးပါး indian cartoon လေးလည်းဖြစ် မီယမ်မာပရိသတ်နဲ့လည်းမစိမ်းလှတဲ့ချိုတာဘီးမ်ဆိုတဲ့ကာတွန်းလေးကို တင်ဆက်လိုက်ပေးလိုက်ပါပြီ။ ထုံးစံအတိုင်းပဲ ဇာတ်လိုက်ကျော်ကြီးချိုတာဘီးမ်နဲ့ သူငယ်ချင်းတစ်စုက ဒီတစ်ခါမှာရောလူတွေကို ဘယ်လိုကယ်တင်မလဲဆိုတာ ရှုစားကြပါဦး။ စကြာဝဠာကြီးထဲက ဂြိုဟ်တွေအများကြီးရှိတဲ့ထဲမှာရှက်တီဆိုတဲ့ဂြိုဟ်တစ်လုံးလည်း ထူးထူးဆန်းဆန်းပါဝင်ပါတယ်။ ဒီဂြိုဟ်ရဲ့ထူးခြားမှုကတော့ ဂြိုဟ်ကြီးရပ်တည်နိုင်ဖို့ကိုရှက်တီလက်နက်ဆိုတဲ့ နတ်လက်နက်က စွမ်းအင်ပေးထားတာပါ။ ဒီရှက်တီလက်နက်သာမရှိရင် တစ်ပတ်အတွင်း ဂြိုဟ်ကြီးကပျက်စီးသွားမှာဖြစ်သလို ဂြိုဟ်သားတွေလည်းတစ်ခါတည်းအတူသေကုန်မှာဖြစ်ပါတယ်။ ဒါပေမဲ့ နတ်လက်နက်ဆိုတဲ့အတိုင်း ပိုင်ဆိုင်လိုသူတွေကများတော့ဒီရှက်တီလက်နက်ကိုသိမ်းပြီး ဂြိုဟ်တစ်ခုလုံးကို မင်းမူချင်တဲ့ရှရူးဒါ့စ်က ဒီလက်နက်ကို လာခိုးပါတော့တယ်။ဒီတော့ ဂြိုဟ်သားတွေလည်း ကြံရာမရဖြစ်ပြီးတော့ ရှက်တီလက်နက်ကို ယာဉ်ပျံပေါ်တင်ပြီးရောက်မိရောက်ရာကိုလွှတ်လိုက်ရာကနေ ကမ္ဘာပေါ်ကို ရောက်လာတော့တာပေါ့။ ဒီလိုနဲ့ပဲ ရှရူးဒါ့စ်တစ်ယောက် ချိုတာဘီးမ်တို့သူငယ်ချင်းတစ်သိုက်ဆီကို ရှက်တီဂြိုဟ်ရဲ့ဘုရင် အယောင်ဆောင်ပြီးရှက်တီလက်နက်ကို ကူရှာပေးဖို့ လာတောင်းဆိုရာကနေ ချိုတာဘီးမ်တို့ နတ်လက်နက်ရှာပုံတော်ခရီးစဉ်စဖို့ဖြစ်လာပါတော့တယ်။ဒီတစ်ခါမှာရော ချိုတာဘီးမ်တို့သူငယ်ချင်းတစ်စု ရှက်တီလက်နက်ကို ဝင်လုချင်သူတွေနဲ့ရင်ဆိုင်လို့ရှက်တီဂြိုဟ်သူဂြိုဟ်သားတွေနဲ့ ကမ္ဘာမှာရှိတဲ့သူတွေကိုပါ ထပ်မံကယ်ဆယ်နိုင်ဦးမလား စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Club Zero (2023) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Comedy #Drama #Thriller 🗓 2023 🎞 movie 🌎 #Austria #Denmark #France #Germany #Qatar #UnitedKingdom #Turkey #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Club Zero (2023) ~ IMDb – 5.9/10, Rotten Tomatoes – 63% ~ Club Zero က Alice in Wonderland တို့၊ Crimson Peak တို့၊ Stoker တို့ရဲ့ မင်းသမီး Mia Wasikowska ကို တမူကွဲပြားတဲ့ ပုံစံနဲ့မြင်ရမယ့် ရုပ်ရှင်ပဲ။ အဲလစ်ထဲက ကလေးမလေးက သူရောဟုတ်ရဲ့လားထင်ရလောက်အောင် ရုပ်လည်းတော်တော်ကျသွားသလို သရုပ်ဆောင်တာလည်း ကြမ်းလာတယ်။ Club Zero က Palme d’Or ဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ နောက်ခံတေးဂီတဆုတွေတော့ တခြားရုပ်ရှင်ပွဲတော်တွေမှာ တော်တော်လေးရထားတယ်။ ဒါရိုက်တာဖြစ်တဲ့ Jessica Hausner ကတော့ သိပ်တော့မရင်းနှီးပေမဲ့ ဟိုးကတည်းက ကိန်းစ်မှာ ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ဒါရိုက်တာပဲ။ ဒီကားကတော့ သူ့အရင်ကားတွေနဲ့ Genre မတူဘူး။ Black Comedy, Thriller လို့ဆိုတဲ့ ဒီကားကိုတော်တော်များကတော့ Fail တယ်လို့ပြောကြတယ်။ ဇာတ်က ဈေးကြီးကြေးကြီးကျောင်းတစ်ကျောင်းမှာ ဇာတ်အိမ်တည်ထားတယ်။ အဲဒီကျောင်းကို ဆရာမအသစ်ရောက်လာတယ်။အဲဒီဆရာမသင်ပေးတာက အစားစားဖို့။ အစကတော့ သတိနဲ့အစားစားဖို့ သင်ပေးတာပဲ။ အစားကို ငါစားနေပြီ ငါစားနေတယ် ငါမျိုချလိုက်ပြီ သေချာသတိလေးနဲ့စားရင် ဗိုက်ခဏခဏမဆာဘူးလို့တော့ ဆိုတာပဲ။ အဲဒီလိုစားတာကလည်း အများကြီးစားရင် ခန္ဓာကိုယ်အတွက်မကောင်းဘူး။ နည်းသည်ထက်နည်းအောင်စား ဆိုပြီး ဇာတ်လမ်းက စလာတယ်။ အဲဒီလိုစရင်းနဲ့မှ အစားစားဖို့သင်ပေးတာကနေ အစားမစားဖို့ သင်ပေးတာဖြစ်သွားတယ်။ အကုန်လုံးအငတ်ခံဆန္ဒပြသလိုကို နေနေကြဖို့ တိုက်တွန်းထားတယ်။ သူ့အမျိုးအစားက ဘလက်ကော်မဒီဆိုပေမဲ့ Satire လိုလိုတော့ သွားထားတာပဲ။ သူ့ပြဿနာက ဘာကိုသရော်ချင်လို့ သရော်ချင်မှန်း သိပ်မသည်းကွဲနေဘူး။ ဒါကလည်း ကြည့်တဲ့လူတိုင်းနီးပါးဖြစ်တဲ့ပြဿနာပဲ။ ဘာပဲဖြစ်ဖြစ် ဘာပေါ်တာမပေါ်တာတွေ အသာထား ဒီတိုင်းကြည့်မယ်ဆိုရင်တော့ ဇာတ်က ဘလက်ကော်မဒီအရသာတော့ပေးနေတုန်းပဲ။ ဆိုတော့ တော်တော်ကြောင်တောင်တောင်နိုင်တဲ့ဇာတ်ကို ခပ်စားစားတင်ဆက်ထားတာ အပျင်းပြေကြည့်ချင်ရင်တော့ တော်တော်ကြည့်ရပျော်တယ်။ ကြည့်လို့ကောင်းတယ်။ အစားဆုံးကတော့ စားသည်ထက်စားလာရင်း နောက်ဆုံးအထိ စားသည်ထက်စားသွားတာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Chhota Bheem Maha Shaitaan Ka Mahayudh (2023) ⭐IMDB: 8.8/10 (28 Votes) 🎬 #Action #Adventure #Animation #Bollywood #Comedy #Family #Fantasy 🗓 2023 🎞 tv movie 🌎 #India ⏰ 1 နာရီ 7 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chhota Bheem Mahashaitaan Ka Mahayudh (2023) ချိုတာဘီးမ်နှင့် မဟာရှိုက်တန်နတ်ဆိုးကြီးIMDb- 9.1/10 ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ ချိုတာဘီးမ်ကာတွန်းကားလေး ဇာတ်ကားအနေနဲ့ထွက်လာခဲ့ပါပြီ။လောလောလတ်လတ် အဗာထာကြည့်ပြီးတဲ့သူတွေဆို ပိုပြီးတော့ သဘောခွေ့ကြမှာပါ။ မီး,ရေ,လေ နဲ့ မြေဆိုတဲ့ ချက္ကရာလေးခုသာရှိနေသေးပြီး အာကာသချက္ကရာဆိုတဲ့ငါးခုမြောက်ချက္ကရာ မပွင့်သေးချိန် မဟာရှိုက်တန်လို့ခေါ်တဲ့ နတ်ဆိုးကြီးကကမ္ဘာမြေကိုသိမ်းပိုက်ဖို့အတွက် ကမ္ဘာမြေကြီးပေါ်ကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစည်ရင်း မဟာရှိုက်တန်ဟာ သူ့တပည့် ရန်ဂနာကို လူသားတွေကိုဇွန်ဘီးနဲ့ ဗန်ပိုင်းယားတွေဖြစ်အောင်ပြောင်းခိုင်းပြီး လူသားတွေအကုန်မျိုးပြုတ်အောင်ကြံစည်ပါတော့တယ်။ဒီလို ကမ္ဘာကြီးကို အုပ်စိုးဖို့လာခဲ့တဲ့ မဟာရှိုက်တန်နဲ့ ချိုတာဘီမ်းတို့သူငယ်ချင်းတစ်သိုက်နဲ့ တွေ့ကြတဲ့အခါမှာတော့ချိုတာဘီးမ်တို့ သူငယ်ချင်းတစ်သိုက်က ကမ္ဘာကြီးကို ကယ်တင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ……..ငါးခုမြောက်ချက္ကရာကရော ပွင့်သွားမလား …… ဆိုတာတွေကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
April Story (1998) ⭐TMDB: 72.0% User Score 🎬 #Drama #Romance 🗓 1998 🎞 Series 🌎 #Japan ⏰ 1 နာရီ 7 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 April Story (1998) ~ IMDb – 7.1/10, Rotten Tomatoes – 81% ~ Directed by“Shunji Iwai” ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ တရုတ်ကားကို ကြည့်ရင်ကို ဒါက မြင်သာတယ်။ ကျွန်တော်တို့ရဖူးတဲ့ သူတို့အရသာတွေ အပြည့်အဝမရတော့ဘူး။ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားကားဆို ဂျပန်ကားလို့ပြောရမှာလည်း အဆင်မပြေသလို ကိုရီးယားလို့တပ်ဖို့လည်း မဖြစ်နိုင်ဘူး။ Wim Wenders ကတော့ ဂျပန်ကားကို အောင်မြင်အောင်ရိုက်နိုင်ခဲ့တယ်။ အိုဇုနဲ့ ဂျပန်စီနီမာကို ချစ်တာကြောင့် ဒီစီနီမာနဲ့သိပ်ရင်းနှီးနေတာကြောင့်လားတော့ မသိနိုင်ဘူး။ ဆိုလိုရင်းကတော့ ဂျပန်ရုပ်ရှင်တွေရဲ့ အငွေ့အသက်က သီးခြားရပ်တည်နေတယ်။ တခြားနိုင်ငံက သရုပ်ဆောင်တွေသုံးပြီး ဂျပန်ရဲ့ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေရိုက်တောင် ဂျပန်ရုပ်ရှင်အငွေ့အသက် အပြည့်ရမှာမဟုတ်ဘူး။ Shunji Iwai ကတော့ အဲဒီဂျပန်ရုပ်ရှင်ရဲ့ အငွေ့အသက်ကို အပေးနိုင်ဆုံး ဒါရိုက်တာလို့ ကျွန်တော်တော့ ပုဂ္ဂလိက အမြင်အရ မြင်တာပဲ။ အီဝေရဲ့ ရုပ်ရှင်အားလုံးနီးပါးဟာ ရိုးရှင်းတယ်။ လှပတယ်။ ဒါပေမဲ့ ထိခတ်တယ်ဆိုတဲ့ အမျိုးအစားတွေပဲ။ ဧပရယ်စတိုရီမှာဆိုလည်း ဇာတ်လမ်းကြာချိန်က ၆၇မိနစ်။ အကြောင်းအရာက ကောင်မလေးတစ်ယောက် အေးချမ်းအေးစိမ့်တဲ့ ဟော့ခိုင်ဒိုကနေ နွေးထွေးစည်ကားတဲ့ တိုကျိုကို တက္ကသိုလ်သွားတက်တဲ့ ကနဦးအချိန်ကို ရိုက်ပြထားတာ။ တိုကျိုရောက်တယ်။ နေရာချတယ်။ ကျောင်းတက်တယ်။ သူငယ်ချင်းတွေတွေ့တယ်။ ကျောင်းမှာနည်းနည်းဖြတ်သန်းပြတယ်။ တိုကျိုမှာ တစ်ကိုယ်ရေနေနေတဲ့ သူ့ဘဝကိုပြတယ်။ ဒါပဲ။ ဘာမှမပိုဘူး။ အဲဒီကောင်မလေးနေရာက Takako Matsu က သရုပ်ဆောင်ထားတယ်။ သူ့ရဲ့ဓာတ်ရယ် အီဝေရဲ့ဓာတ်ရယ် ပေါင်းလိုက်တဲ့အခါ ဒီရိုးရှင်းတဲ့ဇာတ်လမ်းက ဘာမှပြစရာမရှိတော့တာတောင် တိုလွန်းတယ် ခံစားရတဲ့အထိ အရသာပေါ်လာတယ်။ တစ်ခန်းမှာ ကျွန်တော်ပြေးမြင်တာက ကိုရီးယားရိုမန့်တွေထဲ ကျွန်တော်အကြိုက်ဆုံးဖြစ်ဖူးတဲ့ဖြစ်နေဆဲဖြစ်တဲ့ The Classic က အလှဆုံးအခန်းကိုပဲ။ အဲဒီအခန်းဟာ The Classic ကို အလှပဆုံးဖြစ်စေခဲ့သလိုပဲ ဧပရယ်စတိုရီမှာလည်း အလားတူအခန်းက ဒီဇာတ်လမ်းကို ကြည့်လို့မဝနိုင်ဖြစ်သွားစေတယ်။ ၂ကားလုံးကြည့်ဖူးရင်တော့ သတိထားမိကြမှာပါပဲ။ သေချာတာတော့ April Story (1998) ဟာ အီဝေရဲ့အပြတွေကို လူ့ပြည်မှာ နိဗ္ဗာန်တည်ထားသလိုလို့ ပြောကြတာမလွန်ကြောင်း သက်သေတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Saheb Biwi Aur Gangster Returns (2013) ⭐IMDB: 6.7/10 (4 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓 2013 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Saheb Biwi Aur Gangster Returns (2013)IMDb – 6.7 /10 ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မင်းသားကြီးအီဖန်ခန်းဦးဆောင်သရုပ်ဆောင်ထားတဲ့ဘယ်သူဗီလိန် ဘယ်သူဇာတ်လိုက်မှန်းမသိနိုင်တဲ့ ရှူပ်ထွေးလှတဲ့လောကကြီးရဲ့ အကြောင်းကိုဇာတ်ခုံပေါ်တင်ဆက်ထားတဲ့အတိုင်း မြင်နိုင်စေမယ့်Drama Romanceကားကောင်းလေး တစ်ကားဖြစ်ပါတယ် မျိုးဆက်နဲ့ချီရှိခဲ့ကြတဲ့ အင်ဒီရာနဲ့ဆာဟစ်ဘ်တို့ရဲ့တိုက်ပွဲတစ်ခုဟာ အင်ဒီရာရဲ့ချစ်သူကိုဆာဟစ်ဘ်ကချစ်မိသွားတဲ့အချိန်မှ ပြန်စတင်လာခဲ့ပါတယ် ဆာဟစ်ဘ်ကိုချေမှုန်းနိုင်ဖို့ရာ ချစ်သူနှစ်ယောက်ကြိုးစားကြပေမဲ့ကြားမှာဝင်မွှေလာတဲ့လူတွေကြောင့် သူတို့ရည်မှန်းချက်က အောင်မြင်လာပါ့မလား ဘုရင်မျိုးဆက်သမိုင်းနဲ့ အချစ်ကြားကတိုက်ပွဲမှာ အလှည့်အပြောင်းတွေ ပူးပေါင်းကြံစည်မှုတွေသစ္စာတရားတွေနဲ့ သေးမွှားတဲ့နားလည်မှုလွဲတာလေးက အစချီပြီး ဖြစ်ပျက်လာတဲ့ကိစ္စတွေကိုလှည့်ကွက်ပေါင်းစုံနဲ့ တင်ဆက်ထားတဲ့ဒီကားက အခန်းတိုင်းမှာသင့်ကိုမမျှော်လင့်ထားတဲ့ဇာတ်ကွက်တွေကိုယုတ္တိရှိစွာ ကြည့်ရှူ့စေမှာပါ ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Khin Khinဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Eliminate Violence and Give You Peace (2024) ⭐TMDB: 0.0% User Score 🎬 #Action #Crime #Drama 🗓 2024 🎞 Series 🌎 #China ⏰ 1 နာရီ 25 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးကတော့ ဒုစရိုက်သမားတွေနဲ့ ရဲတပ်ဖွဲ့တို့ အချင်းချင်းလက်ရုံးရည်နဲ့ နှလုံးရည် ယှဉ်ပြိုင်ကြတဲ့ကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- 1999 ခုနှစ်မှာ တရုတ်နိုင်ငံမှ တိုင်းပြည်လိုအပ်ချက်ကြောင့် ငွေစက္ကူအသစ်သိန်း၁၀၀၀ ရိုက်နှိပ်ပြီး ကျန်းယန်ဘဏ်မှ တစ်ဆင့် ဖြန့်ဝေဖို့ ရထားနဲ့သယ်ဆောင်လာခဲ့ပါတယ်။ အဲ့ဒီငွေတွေကို လက်နက်ကိုင် ဓားပြတစ်ဖွဲ့ကဘူတာမှာတိုက်ခိုက်လုယက်သွားခဲ့တဲ့အတွက်မှုခင်းရဲအဖွဲ့ခေါင်းဆောင် ချန်ရုန်က လိုက်လံ စုံစမ်းနေပါတယ်။ အဲ့လို လိုက်လံစုံစမ်းခြင်းကနေ သဲလွန်စ အသစ်တွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ ချန်ရုန်ရဲ့ ဦးဆောင်မှုအောက်မှာရဲတပ်ဖွဲ့ဝင်တို့ အခက်အခဲတွေအန္တရာယ်တွေကို မမှုပဲ ဒုစရိုက်သမားတွေကို ဖမ်းဆီးနိုင်ဖို့အစွမ်းကုန်ကြိုးစားရပါတော့တယ်..အခက်အခဲတွေကြားထဲကပေးဆပ်စွန့်လွှတ်မှုတွေကြားမှာ လုပ်ငန်းစဉ်အောင်မြင်နိုင်ပါ့မလားဆိုတာကိုတော့ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်...
La Ciénaga (2001) ⭐TMDB: 68.0% User Score 🎬 #Comedy #Drama 🗓 2001 🎞 Series 🌎 #Argentina #Japan #France #Spain ⏰ 1 နာရီ 41 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ IMDB 7.1 ရရှိထားပြီး အာဂျင်တီးနားရုပ်ရှင်ဝေဖန်ရေးအသင်း ဆုပေးပွဲမှာ ဆုပေါင်း ၁၆ဆုနဲ့ စကာတင် ၈ ခုဝင်ခဲ့တဲ့ စပိန်စကားပြော အာဂျင်တီးနား Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပူလောင်အိုက်စပ်တဲ့ နွေရာသီရဲ့ အပူကို ခံစားနေရတဲ့ မိသားစုနှစ်ခု.. မယ်ချာနဲ့ တာလီတို့က ဝမ်းကွဲညီအစ်မတွေဖြစ်ပြီး မယ်ချာ့ရဲ့ အိမ်မှာ ရေကူးကန်ရှိတာမို့ တာလီ့ရဲ့ သားသမီးတွေက နွေကျောင်းပိတ်ရက်မှာ မယ်ချာတို့အိမ်ကို ရေဆော့ကစားဖို့ လာရောက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်မိသားစုနှစ်ခုရဲ့ ဆယ်ကျော်သက်ကလေးတွေအကြား၊ မယ်ချာနဲ့ တာလီကြား ၊ မယ်ချာတို့အိမ်က အိမ်ဖော်မလေးနဲ့ မယ်ချာ့သမီးငယ်လေးရဲ့အကြား၊ မယ်ချာတို့ လင်မယားနဲ့ တာလီတို့လင်မယားအကြား အရှုပ်တော်ပုံတွေက ဘယ်လိုတွေပေါ်ပေါက်လာမလဲဆိုတာကိုတော့.. ဘာအကြောင်းကြောင့် ဆုပေါင်း ၁၆ ဆု ရရှိခဲ့လဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ရှုစား အကဲဖြတ်ကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ။)...
Iwájú (2024) ⭐TMDB: 68.0% User Score 🎬 #Animation #Comedy #SciFi #Fantasy #Kids 🗓 2024 🎞 Series 🌎 #Canada #UnitedKingdom #UnitedStatesofAmerica ⏰ 18 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Iwájú (2024)ဒီတခေါက်တင်ဆက်ပေးထားတာကတော့Disney plus က လတ်လတ်ဆတ်ဆတ်ထုတ်ထားတဲ့ original animated အပိုင်း ၆ ပိုင်းပါ မီနီစီးရီးလေးပါIMDB rating 7.2 တောင် ရရှိထားတဲ့ sci-fic ကားကောင်းလေးပါပဲဇာတ်အိမ်ကိုကတော့ အနာဂတ်ကာလက နိုင်ဂျီးရီးယားနိုင်ငံလာဂိုစ့်မြို့လေးမှာ တည်ထားပါတယ်တိုလာ ဆိုတဲ့ ၁၀ နှစ်အရွယ်ကလေးမလေးနဲ့ သူ့သူငယ်ချင်းဖြစ်သူနည်းပညာကျွမ်းကျင်တဲ့ကောင်လေး ခိုလေး တို့ နှစ်ယောက်သားရဲ့အသီးသီးနေထိုင်ရာပတ်ဝန်းကျင်မှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့ အန္တရာယ်တွေကိုရှာဖွေ့စွန့်စားကြတဲ့ ဇာတ်လမ်းတိုလေးဖြစ်ပါတယ်အပိုင်းတိုတိုလေးနဲ့မို့ အပျင်းပြေကြည့်ဖို့ရာအတွက် ဇာတ်လမ်းကောင်းလေးပါပဲနော်...
Joy Ride (2001) ⭐TMDB: 65.0% User Score 🎬 #Action #Mystery #Thriller #Drama 🗓 2001 🎞 tv movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူးဝစ်စ်သောမတ်ဟာ ကျောင်းကြီးပိတ်လို့ အိမ်ကိုပြန်မယ့်လမ်းမှာ ငယ်သူငယ်ချင်းလည်းဖြစ် ခရပ်ရှ်လေးလည်းဖြစ်တဲ့ ဗန်နာဆိုတဲ့ ကောင်မလေးကို သွားကြိုဖို့ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် ပေတေလေလွင့်နေတဲ့ သူ့အစ်ကိုဖြစ်သူ ဖူလာ မူးယစ်ရမ်းကားမှုနဲ့အချုပ်ကျနေတဲ့သတင်းကိုရတော့ သူ့အစ်ကိုကိုဝင်ပြီး အာမခံနဲ့ထုတ်ခဲ့ရပါတယ်။အဲ့ဒီလိုနဲ့ညီအစ်ကိုနှစ်ယောက်ကားမောင်းပြန်လာရင်း အငြိမ်မနေတတ်တဲ့ ဖူလာက ထရပ်ကားသမားတွေဆက်သွယ်စကားပြောတဲ့ ရေဒီယိုစက်နဲ့ ဟိုဒီလျှောက်ကလိရင်း ရပ်စတီနေးလ်ဆိုတဲ့ ကားသမားတစ်ယောက်ကို မိန်းကလေးအယောင်ဆောင် စနောက်ရာကနေ ကြမ္မာဆိုးတွေဆီဦးတည်ဖို့ဖြစ်လာပါတော့တယ်။ သူတို့သွားပြီးစနောက်မိတဲ့သူဟာ psychopath တစ်ယောက်ဖြစ်နေပြီး အမှတ်မထင်စနောက်မိတဲ့အဖြစ်လေးအတွက် သူတို့ကို ကောင်းကောင်းကြီး သင်ခန်းစာပေးတော့မှာဖြစ်ပါတယ်။ ကားတွေနဲ့ကံပါပုံရတဲ့ သွားလေသူ paul walker ရဲ့ကားတွေနဲ့ဇာတ်ကားတစ်ကားပါပဲ။ မထင်မှတ်ပဲပေါက်သွားခဲ့တာကြောင့် နောက်ထပ် နောက်ဆက်တွဲ နှစ်ကားထွက်ထားပါသေးတယ်။ ဒီကားကတော့ ပထမဆုံးနဲ့အကောင်းဆုံးဖြစ်ပြီး Thriller vibe အပြည့်ရစေမှာပါ။...
The Terminator (1984) ⭐TMDB: 77.0% User Score 🎬 #Action #SciFi #Thriller #ScienceFiction 🗓 1984 🎞 tv movie 🌎 #USA #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကဗျာဆရာတစ်ယောက်ရေးတဲ့ အလွမ်းကဗျာတွေက သူကိုယ်တိုင်အသည်းကွဲဖူးမှ ပိုကောင်းသတဲ့။ ဒါရိုက်တာတစ်ယောက် ဇာတ်ကားရိုက်မယ်ဆိုရင်ရော ဘယ်လိုဖြစ်မှ ဇာတ်လမ်းတွေ ပိုကောင်းမလဲ။ ဂြိုဟ်စိမ်းစိမ်းကြီးပေါ်က ဂြိုဟ်သားပြာပြာတွေအကြောင်း ရိုက်ခဲ့သူ၊ တိုက်တန်းနစ်သင်္ဘောကြီး ဘယ်လိုနစ်သွားသလဲ ရိုက်ပြခဲ့သူ ဂျိမ်းစ် ကန်မရွန်း ကတော့ ဟောဒီ Terminator ဇာတ်ကားကြီးကို သူ့ရဲ့ အဖျားအိပ်မက် ကယောက်ကယက်ကနေ စိတ်ကူးရခဲ့ပြီး ထုတ်ဝေသူဆီ အိုင်ဒီယာရောင်းစားခဲ့သူပါ။ သူကိုယ်တိုင် ရိုက်ကူးရမှဖြစ်မယ်ဆိုတဲ့ သဘောတူညီမှုလည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် သူ့အိပ်မက်ကနေပြီး ကျွန်တော်တို့ကလေးဘဝရဲ့ အစိုးမိုးနိုင်ဆုံး ဇာတ်ကားကြီးတစ်ကား ထွက်ပေါ်လာတာပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားက အခုလို IMDb 8.1 ရခဲ့တာ၊ ခရမ်းချဉ်သီးပုပ် 100 အပြည့်ရခဲ့တာ ဆိုတာတွေက နွေခေါင်ခေါင် မိုးကြိုးပစ်ချတာထက် ပိုရှားပါးတဲ့အဖြစ်ပါပေါ့။ ထင်မှတ်မထားဘဲ Box Office မှာ နှစ်ပတ်တိတိ ထိပ်တန်းဖြစ်ခဲ့တာ၊ ကန်မရွန်း နဲ့ အာနိုး ကို အောင်မြင်ကျော်ကြားသူတွေအဖြစ် တွန်းတင်ပေးခဲ့တာ၊ အမြတ်ငွေ သောက်သောက်လဲရခဲ့တာတွေက ဒီလိုဇာတ်ကားမျိုးအတွက် မမျှော်မှန်းအပ်တဲ့အရာတွေပါပဲ။ ကျောက်ခဲရေပေါ်ခဲ့တဲ့ဇာတ်ကားတစ်ကားလို့ ပြောကြပါစို့။ အမေရိကန် ရုပ်ရှင်သမိုင်းရဲ့ စံပြုထိုက်သော ထိန်းသိမ်းထိုက်သော ဇာတ်ကားအဖြစ် 2008 ခုနှစ်မှာ ရွေးချယ်ခံခဲ့ရပါတယ်။ လူသားတွေကို ကူညီပေးရမယ့် AI ဉာဏ်ရည်တုကွန်ပျူတာတစ်လုံးက သိပ်ကို အသိဉာဏ်တွေ ရှိသွားပြီး လူသားတွေကို သူ့ရဲ့ အန္တရာယ်အဖြစ် သက်မှတ်လိုက်တဲ့အချိန်မှာ လူသား သန်းသုံးထောင် နျူကလီးယားမီးတောက်ကြီးထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ ရှင်သန်ကျန်ရစ်သူတွေက မြေအောက်တွေထဲမှာ ကြွက်တွေလိုနေထိုင်ရင်း အသက်ယဲ့ယဲ့ကို ပင်ပင်ပန်းပန်းဆက်လက်ရှင်သန်နေရချိန် အမှောင်လွှမ်းသောနေ့တွေပေါ့။ လူသားတစ်ယောက် ပေါ်ထွန်းလာခဲ့တယ်။ စက်ရုပ်တွေကို အမှိုက်ပုံဖြစ်အောင်လုပ်နိုင်စွမ်းရှိသူ၊ မြေအောက်က လူသားတွေကို မြေပေါ်ကို တစ်ခေါက်ပြန်ခေါ်နိုင်ခဲ့သူ သူရဲကောင်းကြီးဟာ စက်တွေရဲ့ နောက်ဆုံးအခြေစိုက်စခန်းကို တိုက်ခိုက်အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ဝင်စီးနိုင်လိုက်ချိန်မှာ စက်တွေဘက်က သတ်ဖြတ်ရေးမုဆိုးစက်ရုပ်တစ်ရုပ်ကို အတိတ်ကို ပြန်လွှတ်လိုက်ပြီးကာစမှန်း သိလိုက်ရတယ်။ သူ့ရဲ့တာဝန်က လူသားခေါင်းဆောင်ကို ကိုယ်ဝန်လွယ်မွေးမယ့် မိခင်ဖြစ်သူကို ဦးအောင်သတ်ဖြတ်ဖို့။ လူသားခေါင်းဆောင် အတိတ်ကတည်းက မွေးမလာခဲ့အောင်လို့။ ဒီတော့ လူတွေဘက်ကလည်း တစ်ကိုယ်တော်စစ်သည်တစ်ဦးကို လွှတ်လိုက်ရတယ်။ စက်ရုပ်ကို ချေမှုန်းဖို့၊ မိခင်ကို ကာကွယ်ဖို့။ ဒါပေမဲ့ လူသားတစ်ပိုင်းဖြစ်ပြီး သိပ်ကိုမာကြော ခိုင်ခံ့တဲ့ လူသတ်စက်ရုပ်ကြီးကို ဘယ်လိုများတားဆီးမလဲ။ တစ်ခေတ်တစ်ခါက ဂန္တဝင်ဇာတ်ကားကြီးကို CM ရဲ့တင်ဆက်မှုနဲ့ အလွမ်းပြေ ပြန်လည်ကြည့်ရှုကြပါဦးစို့။...
Endless Journey (2023) ⭐TMDB: 70.0% User Score 🎬 #Action #Crime #Drama 🗓 2023 🎞 tv movie 🌎 #China ⏰ 2 နာရီ 13 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CMကနေ ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ မှုခင်းရဲဇာတ်ကားလေးပဲဖြစ်ပါတယ်Main cast တွေအနေနဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့Yi Zhen ,Chen Li တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး Steven Zhang ကလည်း ပါဝင်အားဖြည့်ပေးထားတာပါ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်ပြီးသတ်သွားခဲ့တာကနေဇာတ်လမ်းလေးကို အစတည်ထားပါတယ်မှုခင်းရဲတပ်ဖွဲ့(၃)က ခေါင်းဆောင်ချန်ဦးဆောင်တဲ့အဖွဲ့ဟာအမှုကြီးတွေကို ကိုင်တွယ်ရာမှာ နာမည်ကြီးပါ ဒီအမှုကိုလည်းသူတို့အဖွဲ့ပဲကိုင်တွယ်စုံစမ်းနေစဉ်မှာ သူတို့သိလိုက်ရတာကဒီအမှုက သာမန်သွေးရိုးသားရိုးမဟုတ်ဘဲ ကွင်းဆက်အဓမ္မပြုကျင့်လူသတ်မှုဖြစ်နေခဲ့တာပါပဲ တရားခံကတော့ ဝမ်သာ့ယုံနဲ့ ဝမ်အော့ယုံ ညီအစ်ကိုနှစ်ယောက်ပါတရားခံကိုသိရတဲ့အချိန်မှာ လိုက်လံဖမ်းဆီးခဲ့ပေမယ့် အစ်ကိုဖြစ်သူကိုပဲဖမ်းဆီးလို့ရခဲ့ပါတယ် အစ်ကိုဖြစ်သူဆီကနေ ညီဖြစ်သူရဲ့သတင်းကိုစစ်ဆေးမေးမြန်းရာကနေ ခြေလွန်လက်လွန်တွေဖြစ်ပြီးတရားခံဝမ်သာ့ယုံ သေဆုံးသွားခဲ့ပါတယ် ခေါင်းဆောင်ချန်အပါအဝင်သူတို့အဖွဲ့(၃)က အဖွဲ့ဝင်တွေလည်း အသီးသီးထောင်ကျသွားခဲ့ပါတယ် ချန်ပင်းတစ်ယောက် ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ လွတ်နေသေးတဲ့တရားခံဝမ်အော့ယုံကို ဖမ်းမိဖို့အတွက် ဘယ်လိုတွေကြိုးစားကြမှာလဲဘယ်လိုအခက်ခဲတွေနဲ့ရင်ဆိုင်ရဦးမှာလဲ….မှုခင်းရုပ်ရှင်တွေကို စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအကြိုက်တွေ့စေနိုင်မယ့်ဒီဇာတ်ကားလေးကို CMကနေ ဘာသာပြန်တင်ဆက်ပေးထားမို့လို့ ကြည့်ရှုအားပေးကြပါဦးနော်...
Stalked by My Doctor (2015) ⭐IMDB: 5.5/10 (2 k Votes) 🎬 #Horror #Thriller #TVMovie #Comedy 🗓 2015 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရုပ်ရှင်နာမည်အတိုင်းပဲ ဒေါက်တာတစ်ယောက်က သူ့လူနာတစ်ယောက်နောက်ကို နောက်ယောင်ခံလိုက်တဲ့ ဇာတ်ကားလေးပါ။ သည်းထိတ်ရင်ဖိုနဲ့ အချစ် ရသနှစ်မျိုးခံစားရမယ့် ဇာတ်ကားလေးပါ။ ဘာလို့ နောက်ယောင်ခံလိုက်ရတာလဲသိချင်ရင်တော့ ခုပဲ ဒေါင်းလုပ်ဆွဲပြီး ကြည့်လိုက်ပါတော့ မိတ်ဆွေ။ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ သည်းထိတ်ရင်ဖိုနဲ့ အချစ်ကားတွေ ရိုက်တဲ့ Doug Cambell ပါ။ ဗီလိန်ဇာတ်ရုပ်တွေပိုင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင် Eric Roberts နဲ့ မင်းသမီးချော Brianna Joy Chomer တို့က အဓိကသရုပ်ဆောင်ထားပါတယ်။ Doug Cambell အနေနဲ့ ဒီဇာတ်ကားအပြင် Stalked by My Neighbour (2015),Stalked by My Doctor: The Return (2016),Stalked by My Mother (2016),Stalked by My Doctor: Patient’s Revenge (2018)ဆိုပြီး နောက်ယောင်ခံ သည်းထိတ်ရင်ဖိုဇာတ်ကား နောက်ထပ် ၄ ကား ထပ်ရိုက်ထားတာရှိပါသေးတယ်။...
Cleveland Abduction (2015) ⭐IMDB: 6.6/10 (8 k Votes) 🎬 #Crime #Drama #TVMovie #Biography 🗓 2015 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကိုတော့ 2002 ခုနှစ်ကနေ 2004 ခုနှစ်အတွင်း ကလိဗ်လန်းမှာ ဖြစ်သွားခဲ့တဲ့ မိန်းကလေးသုံးယောက်ပျောက်ဆုံးမှုအကြောင်းကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ဆင်ဂယ်မားသားတစ်ယောက်ဖြစ်သူ မီရှဲ နိုက်ခ်ဟာ ကလေးအုပ်ထိန်းပိုင်ခွင့်အတွက် တရားရုံးကိုသွားတဲ့လမ်းမှာ သူငယ်ချင်းအမ်မလီရဲ့အဖေဖြစ်သူ အေရီရယ် ကက်စထရိုက လမ်းကြုံလိုက်ပို့ပေးမယ်ဆိုပြီး ကလိဗ်လန်းနေအိမ်ဆီကို ပြန်ပေးဆွဲခေါ်သွားတာခံလိုက်ရပါတယ်။ နေအိမ်မြေအောက်အမှောင်ခန်းထဲမှာ သံကြိုးနဲ့ချည်ထားခံရပြီး ရိုက်ခံရလိုက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရလိုက်နဲ့နေရင်း နှစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရှိလာလို့ ပျက်ကျအောင်လည်းအရိုက်ခံခဲ့ရပါသေးတယ်။ကက်စထရိုဟာ နှစ်နှစ်အတွင်း နောက်ထပ် မိန်းကလေးနှစ်ယောက်ကိုလည်း ပြန်ပေးဆွဲလာခဲ့ပြီး မိသားစုတစ်ခုလိုဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဒီလိုဆိုးရွားလှတဲ့ ငရဲခန်းကိုဖြတ်ကျော်ရင်း နှစ်ပေါင်း ၁၁ နှစ်အကြာမှ ကောင်မလေးသုံးယောက်လုံးပြန်လွတ်လာခဲ့ပုံကို ခံစားကြည့်ရှုလိုက်ကြပါဦး။ ရုပ်ရှင်ထဲမှာ အေရီရယ် ကက်စထရိုအဖြစ် သရုပ်ဆောင်တဲ့ Raymond Cruz ရဲ့ဇာတ်ရုပ်ဟာ အပြင်က အေရီရယ် ကက်စထရိုနဲ့ တူလွန်းတာကြောင့် တကယ်ပြန်ပေးဆွဲခံခဲ့ရတဲ့ မီရှဲ နိုက်ခ်ဆိုရင် Raymond Cruz နဲ့တွေ့ဖို့တောင် တွန့်ဆုတ်ခဲ့ပါသေးတယ်လို့ဆိုပါတယ်။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။...
Lisa Frankenstein (2024) ⭐IMDB: 6.2/10 (7 k Votes) 🎬 #Comedy #Horror #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Frankenstein ကိုပြန်ရိုက်ထားတဲ့ ရုပ်ရှင်တွေ အများကြီး ရှိသလို သူ့အကြောင်းလည်း သိပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့် ဒီကားလေးကတော့ သူ့ချစ်သူ Lisa Frankenstein ရဲ့ အကြောင်းကို စိတ်ကူးယဥ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Cast တွေကလည်း အားလုံးနဲ့ မစိမ်းတဲ့ Cole Sprouse နဲ့ Kathryn Newton တဖိလစ်ပိုင် မင်းသမီး Liza Soberanoတို့ ပါဝင်ထားပါတယ်။ Lisa ရဲ့ အမေဟာ အသတ်ခံခဲ့ရပြီးနောက်မှာ သူ့အဖေရဲ့ နောက်အိမ်ထောင်ဖြစ်တဲ့ မိထွေးရယ် မိထွေးနဲ့ပါတဲ့ အစ်မရယ် တို့နဲ့ အတူနေပါတယ်။ သူ့အစ်မက သူ့အပေါ် ကောင်းပေမယ့် မိထွေးက သူ့ကို တချိန်လုံး ငြိုငြင်နေတာပါ။ အမေကို ဆုံးရှုံးထားရလို့ စိတ်ဒဏ်ရာ ရနေတဲ့ Lisa က လူတွေနဲ့ အပြောအဆို အဆက်အဆံ မလုပ်တော့ဘဲ သင်္ချီုင်းကုန်း တစ်ခုထဲက အုတ်ဂူတွေကြားမှာပဲ အချိန်ဖြုန်းလို့သာနေပါတယ်။ အဲ့ဒီအုတ်ဂူတွေထဲကမှ Frankenstein ရဲ့ ရုပ်ထုနဲ့ အုတ်ဂူဟာ သူသဘောအကျဆုံးဖြစ်ပါတယ်။ တရက် သူ့အစ်မနဲ့ အတူ ပါတီသွားရင်း ကမောက်ကမတွေ ဖြစ်လာတဲ့ Lisa က မုန်တိုင်းထန်နေတဲ့ ညမှာ Frankenstein ရဲ့ အုတ်ဂူရှေ့မှာ ဆုတစ်ခု တောင်းမိလိုက်ပါတယ်။ နောက်တစ်ရက်မှာ သူ့ ဆုက အမှန်ဖြစ်လာပြီး မြေကြီးထဲက အလောင်းကောင် Frankenstein နိုးလာပြီး သူ့ဆီကို တန်းတန်းမတ်မတ်ရောက်လာခဲ့တာပါ။ သူတို့နှစ်ယောက်ကြား ဘာဆက်ဖြစ်မယ်ဆိုတာကတော့ ရုပ်ရှင်ထဲမှာ ဆက်လက် ကြည့်ရှု ရမှာပါ။...
