en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Naga (2023) ⭐IMDB: 5.3/10 (9 k Votes) 🎬 #Comedy #Thriller #Drama 🗓 2023 🎞 movie 🌎 #SaudiArabia #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ ပိရိတ်သတ်ကြီးကို ဆော်ဒီ ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Drama/Thriller အမျိုးအစား ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အာရပ်တွေရဲ့ ဘာသာရေးအယူအဆတွေနဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကြားထဲမှာ ဆာရာ ဆိုတဲ့ ကောင်မလေးတစ်ယောက် မိဘတွေစည်းကမ်းကြီးကြီးနဲ့ တင်းကြပ်တဲ့ကြားထဲက ချစ်သူကောင်လေးနဲ့ ချိန်းတွေ့ပြီးတော့ သဲကန္တာရထဲက ပါတီပွဲတစ်ပွဲကို ခိုးပြီး သွားရာကနေ မမျှော်လင့်ဘဲနဲ့ ကံဆိုးမိုးမှောင်ကျပြီး ဒုက္ခတွေရောက်ရတဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီးရိုက်ပြထားတာပါ အာရပ်တွေရဲ့တင်းကြပ်တဲ့ ဘာသာရေးအယူအဆတွေကြားမှာ လူငယ်တွေ တိတ်တိတ်လေးခိုးပြီး ပျော်ပါးကြပုံနဲ့ ဘဝရှင်သန်ပုံတွေကိုတော့……. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...

A Creature Was Stirring (2023) ⭐IMDB: 4.7/10 (341 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသမီးချောလေး Annalise Basso ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇာတ်ကားလေးတစ်ကားပါ Louisville ဆိုတဲ့ မြို့လေးတစ်မြို့ရဲ့ ခရစ္စမတ်ကာလမှာ နှင်းမုန်တိုင်းတွေအပြင်းအထန်တိုက်နေတဲ့ကြားကနေ ဘာသာရေးယုံကြည်သက်ဝင်တဲ့ မောင်နှမနှစ်ယောက်ဟာ သာသနာပြန့်ပွားရေးအတွက်ခရီးထွက်လာကြရင်းနဲ့ ခိုလုံဖို့အိမ်တစ်အိမ်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြတယ် အိမ်ရှင်ဖြစ်တဲ့ ဖိတ် ဆိုတဲ့ Nurse တစ်ယောက်ဟာ သူ့သမီးနဲ့အတူနေထိုင်တာပေါ့ သူ့ရဲ့သမီးဖြစ်တဲ့ ချမ် မှာ ထူးဆန်းတဲ့ ရောဂါတစ်ခုဖြစ်နေတာကို အမေဖြစ်သူက ကြိတ်ကုနေတာပေါ့ ရောဂါကတော့အဆန်းပဲ Body Temperature တစ်ခုကိုရောက်သွားရင် ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားတာပါပဲ ဒါကိုလူသိမခံချင်တဲ့ သားအမိနှစ်ယောက်နဲ့ အိမ်ဖောက်ပြီးရောက်လာတဲ့ မောင်နှမနှစ်ယောက်ကြားမှာ ဘယ်လိုကြောက်စရာဖြစ်ရပ်တွေနဲ့ သည်းထိတ်ရင်ဖိုတွေဖြစ်ကြဦးမလဲဆိုတာကိုတော့….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...

Minacious (2022) ⭐IMDB: 4.6/10 (300 Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 33 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဖုန်းမှတစ်ဆင့် လုပ်ဆောင်ရတဲ့ အများဝန်ဆောင်မှု လုပ်ငန်းတွေဟာ ပင်ပန်းတဲ့ အလုပ်အမျိုးအစား တစ်မျိုးပါ။ တစ်ခါတစ်ရံ ဖုန်းခေါ်သူနဲ့ ဝန်ထမ်းကြားမှာ စကားအချေအတင်များပြီး အကြမ်းဖက်မှုအထိ ဖြစ်နိုင်တယ်ဆိုရင်ရော ယုံကြည်နိုင်ပါ့မလား။ အစ်ဇဘယ်လာ ရောဘတ်ဆန်ဟာ Regal Union Bank ရဲ့ အများဝန်ဆောင်မှုဌာနမှာ လုပ်ဆောင်နေသူတစ်ဦးပါ။ တနေ့မှာတော့ သူမဟာ ဦးလေးဖြစ်သူတစ်ယောက်အိမ်မှာ တစ်ပတ်တာ အိမ်စောင့်ပေးရမှာ ဖြစ်လို့ အိမ်တည်ရှိရာ လူသူအလှမ်းဝေးတဲ့ နေရာတစ်ခုကို သွားရောက်ခဲ့ပါတယ်။ သူမက အိမ်မှတစ်ဆင့် အလုပ်လုပ်နေသူဖြစ်ကာ ညဆိုင်းဖြစ်တဲ့အတွက် သူမအတွက်တော့ အဆင်ပြေနေပါတယ်။ ဒါပေမဲ့ တညမှာတော့ သူမဟာလည်း ဖုန်းခေါ်သူဆိုဖောက်သည် တစ်ယောက်နဲ့ အချေအတင် စကားများကာ ​အသက်အန္တရယ်အထိပါ ခြိမ်းခြောက်ခံရပါတော့တယ်။ ထိုသူဟာ ခြိမ်းခြောက်ရုံသက်သက်ပဲလား အမှန်တကယ်လား ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။...

Marmaduke (2010) ⭐IMDB: 4.3/10 (17 k Votes) 🎬 #Comedy #Family 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Marmaduke (2010)================== ဒီခေတ်မှာ ခွေးမချစ်တဲ့သူဆိုတာရှားပါတယ်။ ပေါက်စနကောင်လေးတွေကအစ အယ်စတုံကောင်ကြီးတွေအထိ အမျိုးစုံ ဆိုဒ်စုံတွေကို ‌တယုတယမွေးပြီး သားသမီးအရင်းလို ချစ်ပေးကြတာပဲမလား။ တခါတလေကျ သူတို့စိတ်ထဲ ငါတို့ကိုဘယ်လိုတွေးနေမလဲ၊ ဘယ်လိုမြင်လဲဆိုတာ သိချင်စိတ်လေးဖြစ်မိကြမှာပါ။ ဒီဇာတ်ကားမှာတော့ Great Dane မျိုးနွယ် မာမဒုခ်ဆိုတဲ့ခွေးလေးက အဓိကဇာတ်ဆောင်အနေနဲ့ပါ၀င်ထားပြီး Computer Animation နဲ့ သူတို့အတွေးတွေ စကားပြောတာတွေကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ကျောင်းအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊ နေရာအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊ အလုပ်အသစ်ရတာဖြစ်ဖြစ်၊ အစမှာ ကြောင်တောင်တောင်နဲ့ ၀င်ဆံ့ဖို့ မနည်းကြိုးစားရတဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးပဲ ခွေးလေးတွေဟာလည်း ပတ်၀န်းကျင်အသစ်ကိုရောက်တဲ့အခါ အနီးနားက ရှိနှင့်ပြီးသားခွေးတွေထဲ၀င်ဆံ့ဖို့ ကြိုးစားရပါတယ်။ ဖေးလ် နဲ့ ဒက်ဘီဆိုတဲ့လင်မယားမှာ ဘာဘရာနဲ့ ဘရိုင်ယန်ဆိုတဲ့ သားသမီးနှစ်ယောက်နဲ့ မာမဒုခ်ဆိုတဲ့ ခွေးတစ်ကောင်ရှိပါတယ်။ သူတို့ဟာ ကန်းဆက်မှာနေထိုင်ကြပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုဖြစ်ပါတယ်။ မာမဒုခ်ဟာ Great Dane မျိုးနွယ်ဖြစ်တာကြောင့် သူ့ရဲ့အရွယ်အစားဟာ သာမာန်ခွေးတွေထက် ပိုပြီးကြီးပါတယ်။ တစ်ရက်မှာတော့ ဖေးလ်ဟာ အလုပ်ကိစ္စနဲ့ ကယ်လီဖိုးနီးယားကိုပြောင်းရမယ့်အခြေအနေဖြစ်လာတော့ မိသားစုကပါ လိုက်ပြောင်းရတော့မှာပါ။ ကယ်လီဖိုးနီးယားရောက်တော့ သူတို့တွေအပြင် မာမဒုခ်ကပါ ၀င်ဆံ့ဖို့ ရုန်းကန်ရပါတော့တယ်။ ဒီလိုရုန်းကန်နေရင်းမှ ပန်းခြံမှာဗိုလ်ကျ‌နေတဲ့ ဘော့စ်ကိုဆိုတဲ့ခွေးခေါင်းဆောင်ရဲ့ ရည်းစားဖြစ်တဲ့ ဂျက်စဘဲလ်ဆိုတဲ့ ခွေးမလေးကိုမှ သဘောကျမိသွားတဲ့အခါမှာ မာမဒုခ်နဲ့‌ဘော့စ်ကိုတို့ရဲ့အားပြိုင်မှုတွေ၊ နေရာသစ်မှာ အဆင်ပြေဖို့ကြိုးစားရပုံတွေ၊ မိသားစုအတွင်းရေးပြဿနာတွေကို ဟာသလေးပါနှောပြီး ကြည့်ရမှာဖြစ်တဲ့အတွက် ခွေးချစ်သူတွေသာမက မိသားစုနဲ့ ‌အေးဆေးအနားယူချင်သူတွေ Drama ကြိုက်သူတွေပါ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားဖြစ်မှာ သေချာပါတယ်။...

Babylon 5: The Road Home (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Animation #SciFi #ScienceFiction #Action #Adventure 🗓 2023 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 19 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Babylon 5: The Road Home (2023) ~ IMDb – 6.7/10, Rotten Tomatoes – 83% ~ ဒီတစ်​ခေါက် တင်ဆက်​ပေးမှာက​တော့ Warner Bros. ကုမ္ပဏီက ထုတ်​ဝေထားပြီး နာမည်ကြီး Babylon 5 Franchise ရဲ့ ခုနှစ်ကား​မြောက်ဖြစ်တဲ့ Babylon 5: The Road Home ဆိုတဲ့ Animation ​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ဂျွန်ရှရီဒန်တစ်​​ယောက် စကြာဝဠာထဲခရီးသွားရင်း တက်ခီရွန်လှိုင်းနဲ့ထိ​တွေ့ပြီး​​နောက် အချိန်စီး​ကြောင်းထဲမှာ ပိတ်မိသွားရင်း မတူညီတဲ့ အချိန် ဘဝ​တွေထဲကို​ရောက်သွားခဲ့ပါတယ်။ အဲဒီလို​ရောက်သွားရင်းပဲ သူဘာ​တွေရင်ဆိုင်ရမလဲ… ဒီအချိန်ပိတ်မိ​နေတာက​နေ လွတ်​မြောက်ဖို့ ဘယ်လို​တွေကြိုးစားခဲ့ရလဲ… ဆိုတာ​တွေကို အခု တစ်​ခေါက်ထွက်ရှိထားတဲ့ ကား​လေးမှာ ရိုက်ကူးပြထား​​ပေးတာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...

Our Son (2023) ⭐IMDB: 3.8/10 (406 Votes) 🎬 #Crime #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Our Son (2023) ~ Rotten Tomatoes – 58%, Meta – 86% ~ ရိုးရိုးလေးနဲ့ လက်တွေ့လောကမှာဖြစ်တတ်တဲ့ အချစ်ရေးမိသားစုအရေးတွေကို LGBTQ+ စုံတွဲနဲ့ပုံဖော်ထားတဲ့ Drama အမျိုးအစားဖြစ်ပါတယ်။ နယူးယောက်မှာ လိင်တူစုံတွဲတွေ လက်ထပ်ခွင့်ရကတည်းက ၁၃နှစ်ကြာလက်ထပ်ပေါင်းသင်းလာကြတဲ့ နစ်ကီနဲ့ဂေဘရီရယ်တို့ ဂေးစုံတွဲ…သူတို့မှာ နစ်ကီရဲ့မျိုးစေ့နဲ့ အငှားကိုယ်၀န်ဆောင်ပြီးယူထားတဲ့ အို၀မ်ဆိုတဲ့ ၈နှစ်အရွယ်သားလေးရှိတယ်။ နစ်ကီက စာအုပ်‌ထုတ်ဝေသူဖြစ်ပြီး ဂေဘရီရယ်ကတော့ နစ်ကီကိုမွေးပြီးကတည်းက ကလေးစောင့်ရှောက်ဖို့ဆိုပြီး အရင်သရုပ်ဆောင်အလုပ်ကနေနားလိုက်တာ အခုထိပါပဲ။ နှစ်တွေအကြာကြီးပေါင်းလာပြီး တဖြည်းဖြည်းနဲ့ သံယောဇဉ်ကုန်လာတယ်ပြောရမလား… ဂေဘရီရယ်က နစ်ကီက သူတို့သားကို ဂရုမစိုက်ဘူး အလေးမထားဘူးလို့ တစ်စတစ်စမြင်လာပါတယ်။ နစ်ကီမသိအောင် တခြားတစ်ယောက်ပါတွေ့နေပြီး နောက်ဆုံးမှာ ကွာရှင်းဖို့ ထုတ်ပြောလာပါတယ်။ နစ်ကီကလည်း အို၀မ်ကို မပေးနိုင်… ဂေဘရီရယ်ကလည်း အို၀မ်အတွက် သူကပိုသင့်တော်တယ်ဆိုပြီး နှစ်ယောက်သား ကလေးအုပ်ထိန်းခွင့်လုကြရင်း တရားရုံးထိပါရောက်သွားတဲ့အခါ… ၁၃နှစ်ကြာခဲ့တဲ့ သူတို့ရဲ့ဆက်ဆံရေးက နောက်ဆုံးမှာ တခြားသူတွေလိုပဲ ကွာရှင်းခြင်းနဲ့ အဆုံးသတ်မလား… အို၀မ်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မလဲ… လိင်တူစုံတွဲတွေ ကြုံရတတ်တဲ့ မိသားစုပြသာနာတွေ ကလေးပြသာနာတွေအပြင် ပတ်၀န်းကျင်နဲ့ မိဘတွေဘက်က သဘောထားတွေကိုပါ ထည့်သွင်းထားတာ မြင်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Noah (2014) ⭐IMDB: 5.8/10 (264 k Votes) 🎬 #Action #Adventure #Drama 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 18 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Noah (2014) နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ “Noah” နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။ ~ ဖန်ဆင်းခြင်း အကျဉ်း ~ သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို စတုတ္ထနဲ့ ပဉ္စမနေ့ရက်တို့မှာ ဖန်ဆင်းခဲ့ပါတယ်။ ဆဌမနေ့ ရောက်တဲ့အခါမှာ ဘုရားသခင်က​ ကမ္ဘာမြေပေါ်မှာရှိသမျှအရာအားလုံးကို အုပ်စိုးစေဖို့အတွက်သူ့ရဲ့ သဏ္ဌာန်တော်နဲ့အညီ မြေမှုန့်ကနေလူရဲ့ရုပ်လုံးကိုဖန်ဆင်းပြီး နှာခေါင်းထဲဇီဝကိုအသက်မှုတ်သွင်းကာ ပထမဆုံးသက်ရှိလူသားယောက်ျားကို ဖန်ဆင်းခဲ့ပါတယ်။ ဒီအချိန်မှာ အခြားသက်ရှိတွေအတွက် အထီးအမဆိုပြီးရှိခဲ့ပေမယ့် လူယောက်ျားအတွက် အထောက်အမမရှိသေးတဲ့အတွက် ဘုရားသခင်ဟာ လူယောက်ျားကို ကြီးသောအိပ်စက်ခြင်းနဲ့အိပ်စေပြီး သူရဲ့နံရိုးတစ်ချောင်းကိုထုတ်ပြီး “ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟုခေါ်ဝေါ်အပ်သည်” ဆိုပြီး လူမိန်းမကိုဖန်ဆင်းခဲ့ပါတယ်။ နောက်မမှာ ဒီလူယောက်ျားနဲ့လူမိန်းမနှစ်ယောက်တို့ဟာ အာဒံနဲ့ ဧဝ (a.k.a ဒုတိယအာဒံ) ဆိုပြီး လူသိများခဲ့ကြပါတယ်။ ~ ပထမဆုံးသောအပြစ် ~ အာဒံနဲ့ ဧဝတို့ကို ဖန်ဆင်းတဲ့အချိန်မှာ ဘုရားသခင်က ဧဒင်ဥယျာဉ်ရဲ့ အလယ်မှာရှိတဲ့အပင် (အသက်ပင်) ပေါ်က အသီးကလွဲပြီးကျန်တာကို မှန်သမျှစားလို့ရတယ်လို့ ပညတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧဝဟာ မြွေအသွင်ဆောင်ထားတဲ့စာတန်ရဲ့ သွေးဆောင်မှုကြောင့် အသီးကိုစားမိသွားပြီး ခင်ပွန်းကိုပါ စားစေခဲ့ပါတယ်။ ဒီလိုနဲ့ အာဒံနဲ့ဧဝတို့ရဲ့ ပထမဆုံးသောအပြစ်ကို ဘုရားကသိသွားတဲ့အခါမှာ လူယောက်ျားကို မြေပေါ်မှာဖြစ်သမျှ အသီး (အစာရေစာ) မှန်သမျှကို တစ်သက်လုံးပင်ပန်းစာရှာစားရမယ်၊ လူမိန်းမကို ကိုယ်ဝန်ဆောင်ခြင်းဝေဒနာနဲ့ သားဖွားခြင်းဝေဒနာကို ခံစားပြီး ကိုယ်ခင်ပွန်းရဲ့ အုပ်စိုးခြင်းကိုလည်းခံရမယ်ဆိုပြီး ကျိန်စာတိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဘုရားသခင်ဟာ အာဒံနဲ့ဧဝတို့ကို ဧဒင်ဥယျာဉ်ထဲကနေ နှင်ထုတ်လိုက်ပြီး အာဒံနဲ့ဧဝတို့ကနေ ဆင်းသက်လာတဲ့ ယောက်ျားမိန်းမမှန်သမျှဟာ ခုနက ဘုရားသခင်ကျိန်ခဲ့တဲ့ ဒဏ်ကိုလူမျိုးအဆက်ဆက်ခံစားလာကြရပါတယ်။ ဒီဇာတ်ကားကတော့ သမ္မာကျမ်းစာထဲက အာဒံနဲ့ ဧဝတို့ရဲ့ တတိယသား ရှေသရဲ့ ၁၀ ဆက်မြောက်မျိုးဆက် နောဧအကြောင်းကို အဓိကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သမ္မာကျမ်းစာအရ အာဒံကအသက် ၁၃၀ အရွယ်မှာ ရှေသကိုမမွေးခင် ကာဣနနဲ့ အာဗေလဆိုပြီးသားနှစ်ယောက်ကိုမွေးခဲ့ပါတယ်။ ဒါပေမဲ့ အာဒံရဲ့သားဦးကာဣနက သူ့ညီအာဗေလကို မနာလိုတဲ့အတွက်ကြောင့် သတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဘုရားရဲ့ကျိန်ခြင်းကိုခံရပြီး ဧဒင်ဥယျာဉ်ထဲကထွက်ပြီး အရှေ့အရပ် နောဒပြည်မှာသွားနေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကာလအတန်ကြာပြီး နောဧရဲ့ ခေတ်ကိုရောက်လာတဲ့အခါမှာ ကာဣနမျိုးနွယ်ကနေ ဆင်းသက်လာတဲ့လူတွေရဲ့ အပြစ်တွေကြောင့် ကမ္ဘာကြီးဟာ ဘုရားသခင်ရွံရှာရလောက်တဲ့အထိ အဓမ္မမှုတွေနဲ့ ပြည့်နှက်နေလောက်အောင် ပျက်စီးဆုတ်ယုတ်နေခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ ကမ္ဘာကို “ရေလွှမ်းမိုးခြင်း” အားဖြင့် ဆေးကြောသန့်စင်ပစ်ဖို့အတွက်ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားစကားကိုနားထောင်ပြီး ဘုရားရဲ့နှစ်သက်ခြင်းကိုခံရတဲ့ ရှေသမျိုးဆက် နောဧနဲ့ သူ့အိမ်ထောင်မိသားစု၊ လူတွေရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ သားရဲတိရစ္ဆာန်တွေကိုတော့ ရေလွှမ်းမိုးခြင်းအပြီးမှာ ကမ္ဘာကြီးသန့်စင်သွားတဲ့အခါမှာ ဘဝကိုတဖန်အသစ်ပြန်လည်ထူထောင်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။ အဲဒီအတွက် ဘုရားသခင်က လာမက်ကိုရူပါရုံအားဖြင့် အလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိတဲ့ ဂေါဖရသစ်သားကိုယ်ထည်၊ အပြင်ဘက်နံရံကို ထင်းရှူးစေးနဲ့သုတ်ပြီး အတွင်းခန်းတွေပါတဲ့ သင်္ဘောတစ်စီးကို ဆောက်လုပ်ခိုင်းခဲ့ပါတယ်။ ဆောက်လုပ်ပြီးတဲ့အခါမှာ နောဧတို့ရဲ့မိသားစုနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ တိရစ္ဆာန်မှန်သမျှကို အထီးအမ တစ်စုံစီ တက်စေခဲ့ပါတယ်။ ဒီ Noah ဇာတ်ကားမှာ ...

Whiteout (2009) ⭐TMDB: 56.0% User Score 🎬 #Action #Crime #Mystery #Thriller 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တောင်ဝင်ရိုစွန်းက လူသတ်သမားက ဘယ်သူလဲ❓ Thriller, Crime အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားဟာဆိုရင် အန္တာတိကအခြေစိုက်စခန်းတစ်ခုမှာ setting ယူထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ကယ်ရီဆက်ကိုဟာ အခြေစိုက်စခန်းရဲ့ မာရှယ်တစ်ယောက်ဖြစ်တယ်။ ဆောင်းတွင်းဆိုရင် ၆ လလောက် နေမမြင်ရတဲ့ဒေသမို့ အခြေစိုက်ခန်းတွင်းက ဝန်ထမ်းတွေအကုန်လုံးနီးပါးဟာ ဆောင်းတွင်းမတိုင်ခင်မှာ နေရာပြောင်းရွှေ့ကြရတယ်။ နောက် ၃ ရက်နေမှ ကျရောက်လာမယ်လို့ တွက်ချက်ထားခဲ့တဲ့ မုန်တိုင်းဟာ ခန့်မှန်းထားချိန်ထက် ၁ ရက်နီးပါးထိ စောပြီးဝင်လာတဲ့အခါမှာတော့ အခြေစိုက်စခန်းတစ်ခုလုံး ဒရောသောပါးနဲ့ နယ်မြေရွှေ့ပြောင်းဖို့ ‌ဖြစ်လာခဲ့တယ်။ အဲအချိန်မှာပဲ Haworth Mesa မှာ တောင့်ခဲနေတဲ့ လူသေအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရတယ်။ အလောင်းရဲ့ ဒဏ်ရာဟာ အသတ်ခံရတာဖြစ်ကြောင်း တွေ့လိုက်ရချိန်၊ ရေခဲပြင်အောက်က ရုရှားလေယာဉ်ပျက်၊ ကျည်ဖူးတွေပျောက်ဆုံးမှု‌နဲ့ ဆက်စပ်ပြီး ရောက်လာခဲ့တဲ့ UN က အလွတ်အေးဂျင့်။ ဒီအလောင်းရဲ့နောက်ကွယ်မှာ အကြောင်းအရာတွေက ထင်သလောက် ရိုးရှင်းမနေခဲ့တဲ့အကြောင်းကို သိလိုက်ရချိန်မှာ ဆက်ကိုဟာ လူသတ်သမားကို ရှာဖို့ ဆုံးဖြတ်ခဲ့တယ်။ နီးကပ်လာတဲ့ နေရပ်ပြောင်းရွှေ့ချိန်၊ နောက်ဆုံးလေယာဉ်နဲ့မှမလိုက်ရင် ဆောင်းတွင်းတစ်တွင်းလုံး ရာသီဥတုဆိုးဝါးကြမ်းတမ်းလှတဲ့ ဒီအခြေစိုက်စခန်းထဲမှာပဲ lockdown ပိတ်ပြီး ကျန်ခဲ့ရနဲ့ အခြေအနေမှာ လူသတ်သမားကို မိအောင် ဖမ်းနိုင်ပါ့မလား။...

Dealing with Christmas (2023) ⭐IMDB: 5.6/10 (269 Votes) 🎬 #Action #Adventure #Comedy 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 34 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ်စမတ်အတွက် လောလောလတ်လတ်ထွက်ရှိထားတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ ခရစ်စမတ်အကြိုနေ့မှာ ဂရက်လို့ခေါ်တဲ့ ရဲအရာရှိတဦးဟာ သမီးငယ်ဖြစ်သူအတွက် အချိန်မပေးနိုင်ဘဲ မစ်ရှင်ထမ်းဆောင်ဖို့ရာကိုပဲ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ ဂရက် သမီးလေးရဲ့ခရစ်စမတ်ဆုတောင်းကတော့ သူ့အဖေကို သူ(မ)အရမ်းကြိုက်တဲ့ ခရစ်စမတ်ရုပ်ရှင်ထဲက လေးစားအားကျရတဲ့ ရစ်ချက်ဆီလီစတုန်းလို အဖေတယောက်ဖြစ်လာစေဖို့ပါ။ သမီးငယ်လေးရဲ့ဆုတောင်းကို သိလိုက်ရတဲ့ဆန်တာကလော့စ်ဟာ ဂရက်နဲ့ရစ်ချက်တို့ကို ကမ္ဘာချင်းလဲလိုက်ပါတယ်။ ရစ်ချက်ဟာ တကယ့်ကမ္ဘာက ရဲအရာရှိဖြစ်သူ ဂရက်ရဲ့ကိုယ်ထဲကိုရောက်ရှိသွားပြီး ဂရက်ကတော့ ရုပ်ရှင်ကမ္ဘာထဲက ရစ်ချက်နေရာကိုရောက်ရှိသွားပါတယ်။ ဒီလိုနဲ့ ဂရက်က ရုပ်ရှင်ထဲကရစ်ချက်ရဲ့ မိသားစုပြဿနာတွေကိုဖြေရှင်းပေးနေတဲ့အချိန် ရစ်ချက်ကတော့ လက်တွေ့ကမ္ဘာက ရဲအရာရှိ ဂရက်ရဲ့မစ်ရှင်ကို ပြီးပြတ်အောင်လုပ်ပေးပြီး ခရစ်စမတ်နေ့မှာ သမီးလေးအတွက်အချိန်ပေးနိုင်အောင် ကြိုးစားကြပါတော့တယ်။ ဂရက်နဲ့ ရစ်ချက်တို့ရဲ့ ဟာဟတွေ တလွဲတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရအောင် ရိုက်ကူးထားတာမလို့ ဘ၀အမောတွေပြေပျောက်စေမယ့် ဟာသရုပ်ရှင်‌လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။...

Dating Santa (2023) ⭐TMDB: 80.0% User Score 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #Mexico ⏰ 1 နာရီ 38 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆန်တာဖိုးဖိုးကြီးနဲ့ ဒိတ်ခြင်း ၂၀၂၃ ခရစ္စမတ်ကာလလေးမှာ ၁၅၀၀ အချစ်ရော၊ ၅၂၈ မေတ္တာရောကိုပါ ခံစားရစေမယ့် ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ လူစီယာက လီယိုနိုရာလို့ ခေါ်တဲ့ သမီးလေးကို ထိန်းကျောင်းနေရတဲ့ Single mother ပါ။ လီယွန်ကို ၈နှစ်လုံးလုံး ပျိုးထောင်နေရင်းနဲ့ လူစီယာ ညီမကောင်းမှုနဲ့ ဆာဂျီယိုလို့ ခေါ်တဲ့ စာဖိုမှူးနဲ့ ဘလိုင်းဒိတ်ခွင့်ရပါတော့တယ်။ အဲဒီလိုနဲ့ စကားတွေပြောကြ ဒိတ်ကြရင်း အဆင်ပြေသွားပါတော့တယ်။ ဒါပေမယ့် လီယွန်က သူ့အမေ ကောင်လေးရနေတာကို မြင်လိုက်ရတော့ ကလေးပီပီလန့်သွားပြီး ထငိုပါရော။ အဲဒီလိုနဲ့ လူစီက သူနဲ့တွဲနေတဲ့လူက ဆန်တာဖိုးဖိုးကြီးပါလို့ သူ့သမီးကို လိမ်ပြောလိုက်ပါလေရော။ လူစီနဲ့ ဆာဂျီယိုတို့လည်း သမီးလေးကို အလိမ်မပေါ်အောင် ဘယ်လိုဖုံးကွယ်ကြမလဲ၊ ဆန်တာအဖြစ်နဲ့ ဘယ်လို ဟန်ဆောင်သွားကြမလဲ၊ လီယွန်က ဆာဂျီယိုက ဆန်တာ မဟုတ်ဘူး ဆိုတာကို ရှာတွေ့သွားလေမလား။ မတူညီတဲ့ အချစ်နဲ့ ချစ်ရတဲ့လူ ၂ယောက်အကြေား ဗျာများနေတဲ့ လူစီယာ၊ အမေကို ချစ်ခင်တွယ်တာရှာတဲ့ သမီးငယ်လေး လီယွန်၊ မ,ချစ်တော့ ဥကိုတွယ်တဲ့ဆိုတဲ့အတိုင်းပဲ လူစီယာကို ချစ်မိလို့ ဆန်တာအဖြစ် သရုပ်ဆောင်ပေးရတဲ့ ဆာဂျီယို။ ချစ်ခြင်းတရားတွေကြားမှာ သူတို့၃ယောက် ဘယ်လိုလုပ်ကြမလဲဆိုတာကို နွေးထွေးစွာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...

The Sacrifice Game (2023) ⭐IMDB: 5.5/10 (1 k Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ္စမတ်မှာ Horror ကားကြည့်ချင်တဲ့ လူတွေအတွက် Rotten Tomatoes မှာ 93% ရရှိထားတဲ့ ခရစ္စမတ် Horror ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဆမန်သာဆိုတဲ့ ကောင်မလေးဟာ ခရစ္စမတ်ပိတ်ရက်မှာ အိမ်မပြန်ရဘဲ ထူးဆန်းတဲ့ ကလယ်ရာဆိုတဲ့ကောင်မလေးနဲ့အတူ ကျောင်းမှာနေခဲ့ရပါတယ် အဲ့ဒီအချိန် သူတို့ပြည်နယ်မှာ နာမည်ကြီး သတင်းတစ်ပုဒ်ကတော့ ခရစ္စမတ် လူသတ်သမား သတင်းပါ ဆမန်သာ ကလယ်ရာနဲ့ သူတို့ဆရာမ သုံးယောက် ခရစ္စမတ်အကြို ညစာစားပွဲပြင်နေတုန်း သူတို့ဆီကို ခရစ္စမတ် လူသတ်သမားတွေ ရောက်လာပါတော့တယ် ခရစ္စမတ် လူသတ်သမားတွေ‌ကရော ဘာဖြစ်လို့ ကျောင်းကိုရောက်လာတာလဲ သူတို့ဟာ ကြုံရာကျပန်း လူသတ်နေတဲ့ psychopath တွေလား ကလေးတွေနဲ့ ဆရာမကရော လူသတ်သမားတွေလက်က လွတ်သွားမှာလား ဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ...

The Portrait (2023) ⭐IMDB: 4.4/10 (324 Votes) 🎬 #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The portrait ဆိုတဲ့ဇာတ်ကားကတော့ 2023 ခုနှစ်ကထွက်ရှိခဲ့ပြီး Mystery, Horror အမျိုးအစားဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူမခင်ပွန်းဖြစ်သူရဲ့ကံမကောင်းအကြောင်းမလှတဲ့ မတော်တဆဖြစ်ရပ်အပြီးမှာ အတိတ်မေ့သွားတဲ့ ခင်ပွန်းဖြစ်သူကို မှတ်ဉာဏ်ပြန်ရလိုရငြား ခင်ပွန်းဖြစ်သူ ငယ်ဘဝကကြီးပြင်းခဲ့တဲ့ မိသားစုပိုင်အမွေဆိုင်အိမ်ကြီးကိုခေါ်လာခဲ့ပါတယ်။အဲဒီအိမ်မှာ သူမခင်ပွန်းဖြစ်သူ နုပျိုစဥ်ကနဲ့တစ်ပုံစံထဲတူတဲ့ ပုံတူပန်းချီကားတစ်ချပ်ကိုတွေ့ရှိခဲ့ပါတယ်။သူမကို တစ်ခုခုက ခြောက်လှန့်လာပြီး စိတ်တွေစိတ်ခြောက်ခြားလာတာနဲ့အမျှ အဲ့ဒီပုံတူပန်းချီကားက တစ်ကယ်တစ်ခုခုပူးကပ်နေတာလားဆိုတာကို သိရဖို့ သူမစုံစမ်းပါတော့တယ်။...

Aadikeshava (2023) ⭐IMDB: 5.2/10 (219 Votes) 🎬 #Action #Bollywood #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 7 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Aadikeshava (2023) “အစောင့်အရှောက်”IMDb – 5.1/10 Netflixကနေ ပူပူနွေးနွေးထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယတောင်ပိုင်းဇာတ်လမ်းလေးကိုတင်ဆက်ပေးပါရစေ။မင်းသားကတော့ ပထမဆုံးရုံတင်ကားမှာတင် အကောင်းဆုံးမျက်နှာသစ်ဇာတ်ဆောင်ဆုကိုရရှိခဲ့တဲ့တောင်ပိုင်းလူငယ်မင်းသားချော ဗတ်ရှနေ့ဗ်တက်ဂျ်ပါ။ကုမ္ပဏီရဲ့ စီအီးအိုမလေးနေရာကသရုပ်ဆောင်တာကတော့မင်းသမီးချောလေး ဆရီလီလာပဲဖြစ်ပါတယ်။ ဘာလူဆိုတဲ့ကောင်လေးက ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့ လူငယ်လေးတစ်ယောက်ပေါ့။ဘယ်လောက်ထိပေါ့ပါးလည်းဆို ဘာအလုပ်မှမလုပ်လို့ အဖေဖြစ်သူက အလုပ်မလုပ်ရင်အိမ်ပေါ်ကဆင်းဆိုတဲ့ထိအောင်ကို ပေါ့ပေါ့ပါးပါးနေတဲ့ကောင်လေး။ အမေချစ်သားလေးဆိုတော့ အမေဖြစ်သူ တစ်ချက်စိတ်ငြိုငြင်တာကို မြင်လိုက်ရင်ပဲအလုပ်သွားလျောက်ပါတော့တယ်။တော်ကီကြွယ်တဲ့ လူငယ်လေးဖြစ်တာကြောင့် အင်တာဗျူးတဲ့နေ့မှာပဲစီအီးအိုမမက ပြောပုံဆိုပုံကို သဘောကျသွားပြီး မာကတ်တင်းဌာနမှူးခန့်လိုက်ပါတော့တယ်။ ဘ၀ကိုဒီလို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနေချိန်မှာပဲ သိလိုက်ရတဲ့အမှန်တရားကသူကမွေးစားသားဆိုတာပါပဲ။အဖေအရင်းဖြစ်သူက နိုင်ငံရေးသမားတစ်ယောက်ရဲ့ရက်ရက်စက်စက်အသတ်ခံလိုက်ရတယ်ဆိုတာနဲ့သူ့မိသားစုဝင်တွေရှိသေးတယ်ဆိုတဲ့အကြောင်းကို သိလိုက်ရတဲ့အချိန်မှာတော့။အချစ်၊အလွမ်း၊အက်ရှင်အကြမ်းပတမ်းတွေကို တ၀ကြီးကြည့်ရမယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Fighting (2009) ⭐IMDB: 5.6/10 (34 k Votes) 🎬 #Action #Crime #Romance #Drama #Sport 🗓 2009 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ underground street fighting ကို အခြေခံထားတဲ့ ကားကောင်းတစ်ကားပါ။ မင်းသား Channing Tatum နဲ့ Terrence Howard တို့ ဦးဆောင် ပါဝင်ထားပါတယ်။ New York လမ်းဘေးမှာ ပစ္စည်းအတုတွေ ခင်းရောင်းပြီး အသက်မွေးနေတဲ့ ကောင်လေး Shawn က တစ်ရက်မှာ အမှတ်မထင် Harvey ဆိုသူနဲ့ ဆုံခဲ့ရပါတယ်။ Harveyကလည်း လမ်းမပေါ်မှာ တပည့်တွေနဲ့အတူ ရုပ်ရှင်လက်မှတ်တွေ ရှူးဖိနပ်တွေကို လက်သိပ်ထိုးရောင်းတဲ့အလုပ်နဲ့ အသက်မွေးပါတယ်။ Shawn ဆီမှာ fighter တစ်ယောက် ဖြစ်နိုင်လောက်တဲ့ အရည်အချင်းကို တွေ့သွားတဲ့ Harveyက Shawnကို underground fighting လောကထဲ ဝင်ရောက်ဖို့ ဆွဲခေါ်သွားပါတော့တယ်။ နှစ်ဦးကြား သံယောဇဥ်တိုးလာတာနဲ့အတူ အချစ်ရေး အချစ်ရာတွေ အတိတ်က မနာလိုမှုတွေ ရောပြွန်းလာပါတယ်။ Street fightတွေ တစ်ပွဲပြီး တစ်ပွဲ ပြိုင်အပြီးမှာ Shawn ရဲ့ ရန်သူဟောင်း Evan ဆိုသူနဲ့ ယှဥ်ထိုးသတ်ရဖို့ ဖြစ်လာပါတယ်။ ဇာတ်လမ်းက လက်ဝှေ့ကားလည်း မဟုတ် နပန်းကားလည်း မဟုတ် ဒီတိုင်း လမ်းဘေးမှာ ရုန်းကန်နေရတဲ့ လူငယ်လေးရဲ့ အကြောင်းကို ပေါ့ပေါ့ပါးပါးပဲ ရိုက်ထားတာဖြစ်လို့ လေးလေးပင်ပင်တွေ ကြည့်ရတာ မကြိုက်ရင် ကြည့်ဖို့ တိုက်တွန်းပါတယ်။...

Desire-Jun Suehiro [PPPE-139-Decensored] ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 3 နာရီ 2 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jun Suehiro  ဆိုတာ JAV လောကမှာကြာနေပြီဆိုပေမယ့် ခုထိတော့ သစ်လွင်ဆဲအလှအပတွေနဲ့ပါပဲ။ သူ့ပုံစံက လုံးဝအပြစ်ကင်းတဲ့မိန်းမပျိုလေးလို နူးညံ့တဲ့ပုံစံမျိုးလေးပါ။ PPPE-139-Decensored ဒီဇာတ်လမ်းထဲမှာတော့ သူမကို နူးနူးညံ့ညံ့လှပပြီး တစ်ဖက်သားအပေါ်သဘောကောင်းတဲ့ ကောင်မလေးတစ်ယောက်အဖြစ်မြင်တွေ့ရဦးမှာပါ။ Decensored Version ကိုမှ ၃ နာရီကျော်ကြာမြင့်တာမလို့  Jun Suehiro ကိုစွဲလမ်းသွားဖို့ ပိုလျှံနေဦးမှာပါ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Half Nelson (2006) ⭐TMDB: 66.0% User Score 🎬 #Drama 🗓 2006 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ rating တွေလည်းကောင်း၊ ဆုပေါင်းများစွာလည်း ဆွတ်ခူးခဲ့တဲ့အပြင် Oscar nomination တစ်ခုပါရရှိခဲ့တဲ့ drama ဇာတ်လမ်းတိုလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အထွေအထူး မိတ်ဆက်ပေးနေစရာမလိုတဲ့ Ryan Gosling တို့ Anthony Mackie တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Captain Marvel ကားမှာ ဒါရိုက်တာလုပ်ခဲ့တဲ့ Ryan Fleck နဲ့ Anna Boden တို့ရဲ့ က ဇာတ်ညွှန်းရော directing ပါလုပ်ခဲ့တဲ့ debut လည်းဖြစ်ပါတယ်။ Short film ဆိုပေမယ့် ၁နာရီနဲ့မိနစ်၄၀ကျော်လောက် runတာဆိုတော့ သေချာခံစားပြီး ကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးပါ။ အဓိကဇာတ်ဆောင် Ryan Gosling က လူမည်းရပ်ကွက်တစ်ခုက သမိုင်းသင်တဲ့ ကျောင်းဆရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဖော်ပြထားပါတယ်။ သူဟာ စာသင်ခန်းထဲမှာတော့ အသင်အပြကောင်းတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အချစ်တော်တစ်ယောက်ဆိုပေမယ့် နောက်ကွယ်မှာတော့ မူးယစ်ဆေးနဲ့ လုံးပါးပါးနေသူတစ်ယောက်ပါ။ Half Nelson ဆိုတဲ့ ဇာတ်ကားနာမည်အတိုင်း ရုန်းထွက်ရခက်တဲ့ နပမ်းချုပ်ကွက်မိနေတဲ့ လမ်းမှားပေါ်ကနေ ရုန်းထွက်ရင်း ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ဇာတ်ကောင်တွေနဲ့အတူ စီးမျောခံစားရမယ့်ကားဖြစ်လို့ plotကိုတော့အများကြီးမပြောပြတော့ပါ့ဘူး။ Drama ကောင်းကောင်းကြိုက်တတ်သူတွေအတွက် လုံးဝနောင်တမရစေမယ့်ဇာတ်ကားကောင်းလေးတစ်ကားမို့လို့ လုံးဝကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ။...

The Good Shepherd (2006) ⭐TMDB: 64.0% User Score 🎬 #Drama #History #Thriller 🗓 2006 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 40 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Robert De Niroက ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ၊ပရိုဂျူဆာအပြင် သရုပ်ဆောင်အနေနဲ့လည်းပါဝင်ထားပါတယ်။ Matt Damon၊ Angelina Jolieနဲ့ Eddie Redmayneတို့လည်း အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းက စီအိုင်အေအေးဂျင့်ဟောင်းတစ်ယောက်ရဲ့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး စီအိုင်အေရဲ့ ကနဦး ၀ရုန်းသုန်းကားအခြေအနေတွေကို အေးဂျင့်တယောက်ရဲ့ဘ၀ကနေတဆင့် ရှုမြင်ရိုက်ကူးတင်ဆက်ထားတာပါ။ စီအိုင်အေအကြီးတန်းအရာရှိ အက်ဒ်ဝက်ကူလန်တစ်ယောက် သူတို့ဌာနအတွင်းမှာ သူသျှိုရှိနေတာကို သိလိုက်ရပြီး အိမ်ကိုပြန်ရောက်တဲ့အချိန် သူ့အိမ်တံခါးမှာ အထုပ်တစ်ထုပ်တွေ့ခဲ့တယ်။ အထုပ်ထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အိပ်ရာပေါ်ကဓာတ်ပုံတွေရယ် အသံဖမ်းထားတဲ့တိပ်ခွေတွေကို တွေ့ရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မသဲကွဲခဲ့ပါဘူး။ ဒီလို သူသျှိုဘယ်သူဘယ်ဝါမှန်းမသိတဲ့အချိန်မှာ ဇနီးဖြစ်သူနဲ့အဆင်မပြေ၊ သားဖြစ်သူကလည်း စီအိုင်အေထဲကို ဝင်ဖို့ဆုံးဖြတ်ပြီးပြီဆိုတဲ့ကြားမှာ အက်ဒ်ဝက်တစ်ယောက် မိသားစုနဲ့ အလုပ်ကြားကပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲ။နောက်ပြီး သူ့အလုပ်မှာ သားဖြစ်သူက ဘယ်လိုပတ်သက်လာလဲဆိုတာရယ်ကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။...

Night of the Bastard (2022) ⭐IMDB: 4.1/10 (157 Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ ရှယ်သတ်တဲ့ရုပ်ရှင်ပါ။ သတ်တာမှ စ လယ် ဆုံး တကားလုံးထိုင်သတ်နေတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကီရာတို့သူငယ်ချင်းသုံးယောက်ဟာ ကန္တရထဲမှာ ညဖက် ပျော်ပွဲစားထွက် စခန်းချဖို့ ရောက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ ကန္တာတနေရာမှာ လူထူးဆန်းတစုဟာ မီးပုံကြီးဘေးမှာ ဝိုင်းဖွဲ့ပြီး ထူးထူးဆန်းဆန်းအရာတွေကိုလုပ်နေကြတာကိုမြင်လိုက်ရပြီး သွားပေါင်းကြဖို့ဆုံးဖြတ်လ်ြုကြပါတယ်။ ဒါပေမဲ့ ဒီလူတစုဟာ သာမန် စခန်းချ မီးဖိုဖိုနေတဲ့လူတွေမဟုတ်ဘဲ အောက်လမ်းကျင့်စဉ်တခုကို ပြုလုပ်နေကြတာကို သိလိုက်ရတဲ့အချိန်မှာတော့ ကီရာတို့အတွက် သိပ်နောက်ကျသွားပါပြီ။ နတ်ဆိုးကိုးကွယ်သူတသိုက်ဟာ ကီရာတို့ကိုလိုက်လံအန္တရာယ်ပြုတာကြောင့် ခြေဦးတည့်ရာကိုပြေးရင်း ကီရာဟာ ရိဒ်ဆိုတဲ့ ကန္တာရထဲမှာ တဦးတည်းနေထိုင်တဲ့ လူကြီးဆီကိုရောက်သွားပါတယ်။ အောက်လမ်းဆရာတသိုက်ဟာ ကီရာကိုအလွတ်မပေးဘဲ ရိဒ်ရဲ့အိမ်ရှေ့ထိရောက်ပြီး ရိဒ်ရဲ့အိမ်ထဲကိုပါဖောက်၀င်ပြီး အသက်အန္တရာယ်ပေးဖို့ ကြိုးစားကြတဲ့အခါမှာတော့ ရိဒ်နဲ့ကီရာဟာ ဒီလူထူးဆန်းတွေဆီကနေ လွတ်မြောက်ပါ့မလား၊ လူသူကင်းမဲ့နေတဲ့ ကန္တာရအလယ်မှာ တညတာကို ရှင်သန်အောင် ဘယ်လိုကျော်ဖြတ်ဖို့ ကြိုးစားကြမလဲ၊ ဒီအောက်လမ်းဆရာတွေကရော ကီရာနဲ့ရိဒ်ကိုသတ်ဖြတ်ဖို့ ဘယ်လိုကြိုးစားကြမလဲ၊ ဘယ်လိုနည်းတွေနဲ့အကြမ်းဖက် တိုက်ခိုက်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...

This Is 40 (2012) ⭐IMDB: 6.2/10 (149 k Votes) 🎬 #Comedy #Drama #Romance 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 14 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 This is 40 ကိုတင့်တို့ ၄၀ အရွယ် လင်မယားတွေ ကြာလာရင် မမြင်ရလေ ကောင်း လေဆိုတာကို မြင်ဖူးကြမှာပါ တစ်ယောက် နဲ့ တစ်ယောက် သေးသေးလေးကအစ ဝေဖန် အပြစ်တင် ပြောဆိုပြီး တကျီကျီ ရန်ဖြစ်ကြရင်း ထို့အတူ ပိထ် ဆိုတဲ့   Paul Rudd က သီချင်းကုမ္ပဏီထောင်ထားသူ တစ်ဦး ဖြစ်ပြီး ခေတ် နောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ သူ့ကုမ္ပဏီရဲ့ အဆိုကျော် ဂရေဟမ်ရဲ့ တေးသီချင်းတွေကို ပေါက်အောင် ကြိုးစားရင်း ရုန်းကန်နေသူ တစ်ဦးပါ။ တစ်ဖန် သူ့ မိန်းမ ဒက်ဘီကတော့ အထည်ဆိုင်ဖွင့်ထားသူ တစ်ဦးပါ။ သူတို့က ၄၀ ပြည့် ဘဝရဲ့ အချိုးအကွေ့ တစ်စိတ်တစ်ပိုင်းမှာ ဘဝ တိုးတက် ကောင်းမွန် ရေးအတွက် ပြုပြင်ဖို့ကြိုးစား နေကြပါတယ်။ သို့ပေမဲ့ သူတို့ရဲ့ အဖြစ်က ကသီနိုင်ပြီးတော့ ကပ်သီးကပ်သပ် ဖြစ်နေပါရော။ ပိထ်မှာ မိဘစရိတ် မနားတမ်း‌ တောင်းဆိုတတ်တဲ့ အဖေ တစ်ဦးရှိပြီး သူ့မှာကလည်း နောက်အိမ်ထောင်အပြင် အမြွှာကလေး သုံးယောက်နဲ့ပါ။ ဒက်ဘီမှာကျ ၁၅ နှစ်လုံး ပျောက်နေပြီး ၇ နှစ်မှ တစ်ခါပေါ်လာတတ်တဲ့ အဖေရှိ ပါတယ်။ အဲ့တာအပြင် အပျိုဖော်ဝင်စ သွေးသားပြောင်းလို့ ဒေါသ အမြဲတမ်းထွက်နေတဲ့ သမီးရယ်နဲ့ သူ့ညီမလေးရယ် ဘဝက ကကြိုးစုံနေပါတယ်။ ပိထ်ရဲ့ ကုမ္ပဏီဟာ ဒေဝါလီခံရမလို ဖြစ်နေပြီး အိမ်ရဲ့အကြွေးတွေကိုလည်း မဆပ်နိုင် တစ်ဖက်က အဖေဆီလည်း မိန်းမ မသိအောင် ခိုးထောက်ပံ့ရင်း ဗျာများ နေပါတယ်။ ကောင်းမွန်တဲ့ ဘဝဆီကို လျှောက်လှမ်းကြမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ သူတို့လင်မယား နှစ်ဦးဆီ ပြဿနာတွေ ချည်မျှင်တန်းသလို တစ်သီ ချင်းဝင်လာပါတယ်။ ပြဿနာတွေ ‌ကို ရင်ဆိုင်ရင်း ရှည်ကြာတဲ့ အိမ်ထောင်သက်ကို ဘယ်လိုကိုင်တွယ်ကြပုံကို ငိုတစ်လှည့် ရယ်တစ်လှည့် ဟာသနှောရင်း တွေ့မြင်ရမှာပါ။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ ပရိသတ်တိုင်း မျက်နှာမစိမ်းတဲ့ Ant-Man မင်းသား Paul Rudd က ပိထ်နေရာက ပါဝင် သရုပ်ဆောင်ထားပြီး Lesile Mann ၊ Maude Apatow ၊ Iris Apatow ဒါရိုက်တာရဲ့ မိန်းမ ၊ သမီးကြီး ၊ သမီးငယ် သုံးယောက်လုံး မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတာကို တွေ့ရမှာပါ။ Euphoria ဖန်တွေ အနေနဲ့လည်း Lexi လေးရဲ့ ငယ်စဉ်တည်းက မခေတဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရှုခွင့် ရကြမှာပါ။ ရှေ့တစ်ကား Knocked up မှာတုန်းကလည်း အောင်မြင်ခဲ့တဲ့ Director Judd Apatow ရဲ့ နောက်ဆက်တွဲ အောင်မြင်တဲ့ဇာတ်ကား ဆိုလည်း မမှားပါဘူး။ John Lithgow ၊ Melissa McCarthy ၊ Jason Segel တို့လည်းပါဝင်ထားပြီး ဂီတ ဘုရင် Billie Joe Armstrong ပါ ပါဝင်ထားတဲ့ သရုပ်ဆောင်မြိုင် ဇာတ်လမ်းပိုင်တဲ့ကားပါပဲ။ ဂေါင်းကြီးတို့အနေနဲ့ ဘောနပ်စ်ကတော့ Megan Fox ရဲ့ ရင်ဖိုစရာ အခန်းတွေ လှိုင်လှိုင်နဲ့မို့ ဘာမှမ ပြောတော့ဘဲ ဇာတ်လမ်းကိုသာ ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။...

Assailant (2022) ⭐IMDB: 5.2/10 (333 Votes) 🎬 #Action #Adventure #Thriller 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 37 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Action/Thriller ကြိုက်တဲ့ သူတွေအတွက် မနှစ်ကထွက်ထားတဲ့ Assailant ဆိုတဲ့ ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဥ်းကတော့ အိမ်ထောင်ရေး အဆင်မပြေတဲ့ Jason နဲ့ Zoe တို့ ဇနီးမောင်နှံနှစ်ယောက် အိမ်ထောင်ရေး အကြံပေးဆီကို သွားကြရင်း ရန်တွေဖြစ် ပြဿနာတက်ကာ သူတို့အိမ်ထောင်ရေးကို ကယ်တင်နိုင်ဖို့အတွက် သူတို့နှစ်ဦးချစ်သူဘဝကသွားခဲ့တဲ့ Caribbean တစ်ဝိုက်ကကျွန်းတွေကို ခြေလျင်လျှောက်ခရီးထွက်ဖို့ သဘောတူခဲ့ကြပါတယ်။ ခရီးရဲ့ အစမှာထဲက မပြေလည်လာခဲ့ရင်း Taxi ထဲအဝင် ရေဒီယိုသတင်းမှာ လူသတ်သမားတစ်ယောက် လွတ်မြောက်နေတာကိုသိခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်အတူ ညစာစားဖို့ စားသောက်ဆိုင်တစ်ခုမှာ Michael ဆိုတဲ့လူနဲ့ သိကျွမ်းခဲ့ပြီး အစမှာတော့ မိတ်ဖွဲ့ဆွေဖွဲ့ရင်း နောက်ပိုင်းမှာ Michaelက ထူးဆန်းလာပြီး Jason နဲ့ Zoeတို့ရှေ့မှာ လုံခြုံရေးတစ်ယောက်ကို ရန်ပြုခဲ့ပါတယ်။ နှစ်ယောက်လုံး ကြောက်လန့်တကြားထွက်ပြေးခဲ့ပေမယ့် Jasonရဲ့ ပိုက်ဆံအိတ်ကတော့ စားသောက်ဆိုင်မှာ ကျန်နေခဲ့ပါတယ်။ နောက်ရက် ကျွန်းတစ်ခုပေါ်မှာ သူတို့ထွက်ဖို့ ပြင်ဆင်ထားတဲ့ ခြေကျင်လမ်းလျှောက်ခရီးကို ထွက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ လမ်းတလျှောက်လုံး ထူးဆန်းတာတွေနဲ့ ကြုံတွေ့လာခဲ့ရင်း အဲ့ဒီကျွန်းပေါ်ကနေ အသက်ရှင်ရက် လွတ်မြောက်နိုင်မလား ကြည့်ကြရမှာပါ။...

ဇာတ်ညွှန်းများ • FDMN - Statistics & analytics of Telegram channel