en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Renegades (2022) ⭐IMDB: 3.7/10 (2 k Votes) 🎬 #Action #Crime #Thriller 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 32 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘာတန်ဆိုတာက အင်္ဂလန်စစ်တပ် SAS တပ်သားဟောင်း ဖြစ်ပြီး ဘော့စနီးယားက နောက်ဆုံးစစ်ဆင်ရေးမှာ အဆင်မပြေ ဖြစ်ခဲ့လို့ လန်ဒန်မှာ ခြေသလုံးအိမ်တိုင်အဖြစ် လှည့်လည်သွားလာပြီး နေထိုင်နေတဲ့လူ။ အဲဒီမှာ ဖခင်ဖြစ်သူနဲ့ တာဝန်အတူတူထမ်းဆောင် ဖူးတဲ့ အထက်အရာရှိဟောင်းကြီးက တွေ့ပြီး နေစရာ စားစရာပေး ပြန်လည်ပျိးထောင်ခဲ့တာပေါ့။ ဒီလိုနဲ့တစ်ရက်ကျ ဒီ အထက်အရာရှိ ဟောင်းကြီး အသတ်ခံလိုက်ရပါတယ်။ သာမန်လုယက်မှုတို့ ဘာတို့နဲ့ မတော်မဆ အသတ်ခံရတာမဟုတ်ပဲ လန်ဒန်မြို့ရဲ့ နိုင်ငံတကာရာဇဝတ် ဂိုဏ်းကြီးနဲ့ ပတ်သက်တာဖြစ်နေတော့ ဘာတန်တစ်ယောက် အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ SAS အရာရှိဟောင်း ၃ ယောက်နဲ့ လက်တွဲပြီး လက်စားချေဖို့အတွက် တစ်ဂိုဏ်းလုံးနဲ့ လူ ၄ ယောက် ရင်ဆိုင်ကြဖို့ ဖြစ်လာပါတော့တယ်
...

The Completely Made-Up Adventures of Dick Turpin (2024) ⭐TMDB: 60.0% User Score 🎬 #Comedy #Action #Adventure 🗓 2024 🎞 Series 🌎 #UnitedKingdom ⏰ 30 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Completely Made-Up Adventures of Dick Turpin (2024)Apple TV+ ရဲ့ comedy စီးရီးအသစ် လာပါပြီ။တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ လမ်းဓားပြ၊ လူဆိုး သူခိုးကြီး ဒစ်ခ်တာပင်ရဲ့ အကြောင်းကို ဟာသမြောက်စွာရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။ ငယ်ရွယ်စဉ် သားခုတ်သမား အဖေဆီကနေ မွေးဖွားလာခဲ့ပေမဲ့အကောင်သတ်ရတာလည်း ဝါသနာမပါ၊ စိတ်ကူးဉာဏ်ကလည်းကောင်းတဲ့ ဒစ်ခ်တာပင်ဟာ သားခုတ်တဲ့အလုပ်ကို စွန့်လွှတ်လိုက်ပြီးလေလွင့်နေရင်းကနေ နာမည်ကြီးလမ်းဓားပြတစ်ဦးကိုမတော်တဆ သတ်မိလိုက်တာကနေ သူ့ရဲ့ ဓားပြခရီးလမ်းကြီး စတင်လာပါတော့တယ်။အဝတ်အစား ခပ်မိုက်မိုက်၊ ဓားပြတိုက်တာလည်း ညင်ညင်သာသာနဲ့သူကို သူရသတ္တိနဲ့ ပြည့်စုံတဲ့ ဂန္ထဝင်ကြီးလို့ နောက်ပိုင်းခေတ်တွေမှာတင်စားပြီး ပြဇာတ်တွေ၊ ဝတ္ထုတွေ အများကြီး ထွက်ရှိလာခဲ့ပါတယ်။ဒါရိုက်တာ Ben Palmer နဲ့ George Kane တို့က ရိုက်ကူးထားပြီး IMDb 7 နဲ့ RT 85% ထိ ရရှိထားပါတယ်။
...

Fighter (2024) ⭐IMDB: 6.9/10 (37 k Votes) 🎬 #Action #Adventure #Thriller #War 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 45 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fighter (2024)WEB-DL ကြည်တောက်ရှင်း===========Imdb6.9/10အားလုံးပဲစောင့်မျှော်နေတဲ့ လက်ပွားမင်းသားရီသိက်ရိုရှန်နဲ့အိန္ဒိယရဲ့တန်ကြေးအကြီးဆုံးမင်းသမီးစာရင်းဝင်ဒီပီကားပါဒူကွန်းတို့ရဲ့ အက်ရှင်ကားလေးကတော့ အကြည်ဗားရှင်းထွက်လာပါပြီ…ရုံတင်ရက်တွေ အကြောင်းအမျိုးမျိုးကြောင့်နောက်ဆုတ်ခဲ့ရပေမယ့် ရုံတင်ချိန်မှာတော့ world wide ၃၃၇.၂ ကုဋေထိ အသားတင်ဝင်ငွေအမြတ်ထွက်ခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ CM Bollywood ပရိသတ်ကြီးကို တစ်ခုလောက်မေးပါရစေတိုက်လေယာဉ်တွေ စတန့်ထွင်ပြီးမောင်းပြမယ်။Ninja Kawaski ဆိုင်ကယ်ကြီးမှာ ဂျက်ဖိုက်တာဂျက်ကက်ကြီးဝတ်ပြီးစော်ကိုတင်ပြီး လျှောက်ပတ်မောင်းမယ်။ပါဖြောင့်ရုပ်ချောမင်းသားရယ် အလန်းအချောမင်းသမီးတို့ရေကူးဝတ်စုံလေးတွေဝတ်ပြီး အပန်းဖြေတဲ့အခန်းလေးလည်းပါမယ်။အဲ့ဒါဘာဇာတ်ကားဖြစ်မလဲ….ဟုတ်ပါတယ် တွမ်ခရုရဲ့ Top Gun ရုပ်ရှင်ပါပဲ အောင်မြင်လွန်းလို့ဘိုးတော်အရွယ်ရောက်မှ နောက်တစ်ကားထပ်ထွက်လည်းထပ်အောင်မြင်ပါသေးတယ်…အခုလက်ပွားဦးဆောင်ပါဝင်ထားတဲ့ကားကလည်း Top Gun ဘောလိဝုဒ်ဗားရှင်းပါပဲ အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံကြားက မရိုးနိုင်တဲ့တိုက်ပွဲတွေကို အခြေခံလို့ ဇာတ်လမ်းဆင်ထားပါတယ်။အိန္ဒိယလေတပ်က ဇွတ်တရွတ် တိုက်လေယာဉ်မှူးနဲ့မင်းသမီးချောချောလေးနဲ့ အချစ်ဇာတ်လမ်း ဘာညာအက်ရှင်အသားပေးတင်ဆက်ထားပါတယ်။ဘောလိဝုဒ်အနေအထားနဲ့ဆို ရှယ်လန်းတဲ့ အက်ရှင်စွန့်စားခန်းတချို့ကို မြင်တွေ့ရမှာဖြစ်ပြီး မင်းသားရော မင်းသမီးရော ဇာတ်ရုပ်နဲ့ လိုက်ဖက်ညီတဲ့ ဝါရင့်သရုပ်ဆောင်တွေမလို့ bollywood ဖန်တွေ ကျေနပ်အားရမယ့်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ကြည်တောက်ရှင်းဗားရှင်းလေးနဲ့ခံစားအားပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်
...

Cold Meat (2023) ⭐IMDB: 5.2/10 (456 Votes) 🎬 #Thriller #Horror 🗓 2023 🎞 movie 🌎 #UnitedKingdom #Canada ⏰ 1 နာရီ 29 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ mystery and thriller ပရိတ်သတ်တွေအတွက်ပါ.. David ဆိုတဲ့လူတစ်ယောက်ဟာ စားသောက်ဆိုင်တစ်ခုမှာ လမ်းကြုံကော်ဖီဝင်သောက်ရင်း အဲ့ဒီက စားပွဲထိုးမိန်းမ Ana နဲ့ သူ့ယောကျာ်း Vincent တို့ရန်ဖြစ်နေတာကိုတွေ့လို့ ဝင်ကူညီခဲ့ရာမှ ယောကျာ်းဖြစ်သူ vincentနဲ့အချေအတင်တွေဖြစ်ပါတော့တယ်… ဒီကိစ္စက စားသောက်ဆိုင်မှာတင်ပြီးမသွားဘဲ Vincent က David ကားနောက်ထပ်ကြပ်မကွာလိုက်ပါတော့တယ်… အဲ့ဒီအချိန် နှင်းမုန်တိုင်းလည်းရှိနေတာကြောင့် David တစ်ယောက် ယောကျာ်းဖြစ်သူလက်မှလွတ်မြောက်မလား.. ဆိုင်က စားပွဲထိုးမိန်းမ Anaကရော ဘာတွေဘယ်လိုပါဝင် ပတ်သက်မလဲဆိုတာကို ကြည့်ရှုရမှာပါ… Vincent နောက်ကလိုက်လာတာရယ် နှင်းမုန်တိုင်းရယ်ထက် ဆိုးတာကရော ဘာများရှိဦးမလဲ
...

Jonah (2023) ⭐IMDB: 3.6/10 (213 Votes) 🎬 #Mystery #SciFi #Thriller #ScienceFiction #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jonah 2024 ဇာတ်ကားက လျှို့ဝှက်သည်းဖို ဇာတ်လမ်းပါ။ ဂြိုလ်သားတွေရဲ့ တည်ရှိမှုကို အတည်ပြုနိုင် ၊ မပြုနိုင်အပေါ် တခြား လျှို့ဝှတ်ထားတဲ့ ရှုထောင့်တွေကနေ စိတ်ဝင်တစား ဖြစ်လာအောင် ဖန်တီးထားတာပါ။ လူသားတွေရဲ့ သဘာဝ အရင်းအမြစ်တွေအပေါ် လျစ်လျူရှုမှု ၊ ဖျက်လိုဖျက်ဆီးလုပ်မှု တွေကို ထည့်ဝင်ပြီးတော့ ရိုက်ကူထားတာမို့ ဇာတ်လမ်းနဲ့ သိပ်မဆိုင်သလိုခံစားမိနိုင်ပေမယ့် စဥ်းစားရမယ့် ကိစ္စကိုယ်၌က အဲဒီလိုဖြစ်နေတာကြောင့် Mystery တွေရဲ့ ပုံစံအတိုင်း စဥ်းစားရကျပ်တာတွေ ခံစားရမှာပါ။ ဇာတ်လမ်းကျောရိုးကတော့ စိတ်ဝင်စားစရာဇာတ်လမ်းတွေ ရှာဖွေထုတ်လုပ်တတ်တဲ့ရိုက်ကူးရေးလုပ်ငန်းက ဂြိုလ်သားရဲ့ ပြန်ပေးဆွဲမှုကို ခံရတယ်လို့ ပြောလာတဲ့ သားအမိနှစ်ယောက်ရဲ့ အခြေအနေကို စုံစမ်းရင်းက သူ့ကိုယ်သူပါ ဂြိုလ်သားပြန်ပေး ဆွဲမှုဆိုတာမျိုးကြုံဖူးသလို ခံစားမိရင်း ကြုံရတဲ့ဒုက္ခတွေကို တင်ပြထားတာပါ။
...

The Boy and the Heron (2023) ⭐IMDB: 7.6/10 (48 k Votes) 🎬 #Action #Adventure #Animation #Fantasy #Drama #Family 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 7.6/10Rotten Tomatoes – 97% Studio Ghibliရဲ့နောက်ဆုံးထွက်ဇာတ်ကားလည်းဖြစ်ပြီး Spirited Awayဇာတ်ကားအပြီး ဒုတိယမြောက် Oscarရထားတဲ့ဇာတ်ကားလည်းဖြစ်တဲ့ ဒီကားဟာ ပြောရရင် နည်းနည်းဆန်းတယ်ပြောရမလားပဲ။ ဒီကားကိုရုံတင်ခါနီးအထိ marketingနဲ့ပတ်သတ်ပြီး ဘာမှထွေထွေထူးထူးမလုပ်ခဲ့သလို trailerတောင်မကောင်းတတ်လို့ ထုတ်ပေးလိုက်တဲ့ပုံစံမျိုး ချေပြခဲ့တာပါ။ ပြောရမယ်ဆိုရင် ငါတို့Studio Ghibliကထုတ်တာမလို့ ဘာမှထွေထွေထူးထူးmarketingဆင်းစရာမလိုဘူး။ ကောင်းကိုကောင်းစေရမယ်။ လာကြည့်ကြဆိုတဲ့အထာမျိုးပေါ့။ တခြားstudioတွေသာ အဲ့အကွက်လုပ်ရင် ပေါက်သင့်သလောက်မပေါက်ပဲ ဖြစ်မှဖြစ်ပေမဲ့ Studio Ghibliက ဆရာကြီးမှ တကယ့်ဆရာကြီးဆိုတော့ ရုံလည်းတင်ရော သူတို့studioက တင်တင်ချင်းရက်မှာ ဝင်ငွေစံချ်န်ချိုးခဲ့တဲ့ Howl’s moving castleရဲ့ အဖွင့်ရက်ဝင်ငွေကိုတောင် ပြန်ချိုးခဲ့ပြီး Japan box officeမှာ အောင်ပွဲခံခဲ့ပါတယ်။ အခုအထိလည်း နိုင်ငံတကာမှာပြသနေတဲ့အပြင် ကြည့်သူတွေအများအပြားရှိသေးတာမလို့ digital release(အကြည်)ဟာ ဇွန်လမှထွက်မယ်ဆိုတဲ့အထိကို ကြမ်းနေပါတယ်။ သတင်းတွေကလည်း စွတ်ကြီးနေတော့ ကျနော်ကိုယ်တိုင်လည်း ဟုတ်ပါ့မလားဆိုပြီး ကြည့်ချင်နေခဲ့တာပါ။ နောက်တော့ januaryလမှာပဲ ရုံခိုးရိုက်ထွက်လာပါတယ်။ ဖွင့်ကြည့်တော့ တော်တော်ကိုရိုက်ထားတာအဆင်မပြေတာရော၊ ဘိုစာတန်းမဟုတ်တာရောကြောင့် မကြည့်ဖြစ်ခဲ့ဘူးဗျ။ ပြီးခဲ့တဲ့တစ်လလောက်မှာတော့ ဘိုစာသီးသန့်ထွက်လာပါတယ်။ ဒါပေမဲ့ ရုံခိုးရိုက်ပဲရှိသေးတာမလို့ ကြည့်သင့်မကြည့်သင့်လုပ်နေရာကနေ ၂ပတ်ကြာသွားခဲ့တယ်လေ။ ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ ကြည့်လိုက်မယ်ကွာဆိုပြီး အစပိုင်းလေးဖွင့်ကြည့်ဖို့လုပ်ရာကနေ ရုံခိုးရိုက်ဆိုတာရော၊ အသံဝါးတာရော အကုန်မေ့သွားပြီး ဇာတ်လမ်းကိုအဆုံးထိမျောပါသွားခဲ့တာဗျ။ ဇာတ်လမ်းဆုံးတော့လည်း Studio Ghibliကတော့ လုပ်ချလိုက်ပြန်ပြီ။ တကယ့်ဆရာကြီးပါကွာဆိုပြီးပဲတွေးမိနေတော့တယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Studio Ghibliရဲ့ အော်စကာဆုရ Spirited awayလို နတ်ဖွက်တဲ့ဇာတ်လမ်းပါပဲ။ ဒါပေမဲ့ တူတော့မတူဘူးဗျ။ alice in wonderlandလို အရသာမျိုးလည်း ကြည့်နေရင်း ရပါတယ်။ ဒါပေမဲ့ ရုံခိုးရိုက်ဖြစ်နေတော့ ကြားထဲမှာ ၁၀မိနစ်စာလောက် ပါမလာတာတော့ရှိပေမဲ့ ဇာတ်လမ်းက ကောင်းလွန်းနေတော့ အဆုံးထိဆက်ကြည့်ဖြစ်တာပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ မဟိတိုဆိုတဲ့ကောင်လေး အမေဟာ ဆေးရုံမီးလောင်မှုမှာဆုံးပါးသွားခဲ့ပါတယ်။ မဟတိုဟာ နောက်တော့ သူ့အဖေနဲ့အတူ တိုကျိုမြို့ကနေထွက်ခွာပြီး နယ်မြေလေးကိုပြောင်းရွှေ့ခဲ့တာပါ။ အဲ့ဒီနယ်မြို့လေးမှာက မဟိတိုရဲ့မိထွေးဖြစ်သူဟာ နေထိုင်နေတာလေ။ တရက်ကျတော့ ငဟစ်ငှက်ကြီးတစ်ကောင်ပေါ်လာပြီး မဟိတိုရဲ့အမေမသေသေးကြောင်း မဟိတိုကိုလာပြောပါတယ်။ အမေကိုပြန်တွေ့ချင်ရင် သူ့နောက်လိုက်ခဲ့ဖို့ပါထပ်ပြောတယ်လေ။ နောက်ရက်အနည်းငယ်ကြာတော့ မဟိတိုရဲ့မိထွေးဟာ ပျောက်သွားခဲ့တယ်။ အဲ့လိုနဲ့မဟိတိုဟာ မိထွေးဖြစ်သူကိုလိုက်ရှာရင်းကနေ ငဟစ်ငှက်ကြီးနဲ့ပြန်ဆုံပါတယ်။ ငဟစ်ငှက်ကြီးဟာ တကယ်တော့……. အညွှန်းကိုဒီလောက်နဲ့ရပ်လိုက်ပါမယ်။ ကြည်မှကြည့်ချင်သူတွေကတော့ ဇွန်လအထိ စောင့်လိုက်ပါ။ အခုversionကလည်း အသံဝါးနေပြီး ဇာတ်ဝင်တေးမပါတာကလွဲရင် ကြည့်ရတော်တော်အဆင်ပြေပါတယ်။ ဇာတ်လမ်းကောင်းတာလေးနဲ့အချိန်ကုန်ဆုံးချင်သူတွေကတော့ ကြည့်ကိုကြည့်သင့်ပါတယ်။ အကြည်ထွက်လာရင်လည်း စာပြန်စစ်ပြီး သီချင်းတွေပါ ဖြည့်ပေးပါမယ်။ ရုပ်ရှင်ကားကို ဘာသာပြန်ပြီး ဇာတ်လမ်းအညွှန်းကို Dr.Nyan ကပဲ ကိုယ်တိုင်ရေးပေးထားပါတယ်။
...

Silenced (2011) ⭐IMDB: 8.0/10 (21 k Votes) 🎬 #Biography #Crime #Drama 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 4 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မနက်က ဒီရုပ်ရှင်လေးအကြောင်းကို M-MDB Page မှာ ဆရာမနိုင်းနိုင်းစနေရဲ့ post ကနေ credit ပေးတင်ပေးထားတာကို ဖတ်မိတော့ ကြည့်လိုက်မိတယ်။ တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲ ခံစားချက်အပြည့်ပေးပါတယ်။ ဒီနေ့လည်း group ထဲမှာ လူတွေအများကြီး လာတောင်းနေတော့ ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလို တရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့ အနုပညာသမားတွေကြောင့် အပြင်လောကမှာ တရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်က မူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာ နှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင် ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံး စကားလုံးတွေကိုပဲ သုံးသွားပြီး ခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့ အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ ရုပ်ရှင်ကားတစ်ကား ဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ—————————————————————– မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။ အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး.. တစ်ကားပြီးပါပဲ။ ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။.အဲဒီရုပ်ရှင်ကားက “Silenced” (သို့) “The Crucible” လို့နာမည်ရတဲ့ကားဖြစ်တယ်။ ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာ နှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီး ကျောင်းအုပ်ကြီးအပါအဝင် ဆရာအချိုု့ကို တရားဥပဒေအတိုင်း အရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာ ကြေးရတတ်၊ အာဏာရှိသူတွေဖြစ်တာကြောင့် ထိုက်သင့်တဲ့ပြစ်ဒဏ်ကို မခံခဲ့ကြရပါဘူး။.ကျွန်မ အဲဒီကားကြည့်နေရင်းနဲ့ စိတ်နှလုံးမခိုင်လို့ ခဏရပ်လိုက် ဆက်ကြည့်လိုက်လုပ်ဖြစ်ခဲ့တယ်။ သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်ကြောင့် ဒါဟာ တကယ့်အဖြစ်အပျက်ကို ရုပ်ရှင်ပြန်ရိုက်ထားတာများလားဆိုပြီး စိတ်ထဲသံသယရှိလာတာနဲ့ ရုပ်ရှင်ကိုဆက်မကြည့်တော့ဘဲ အဲဒီရုပ်ရှင်အကြောင်းကို ဝီကီမှာ ကျွန်မ အရင်ရှာကြည့်လိုက်တယ်။ .ဒီဇာတ်ကားက ကိုးရီးယားနာမည်ကြီး စာရေးဆရာမ Gong Ji-young ရဲ့ နာမည်တူဝတ္ထုကို ရိုက်ကူးထားတာဖြစ်တယ်။ အဲဒီဝတ္ထုက ၂ဝဝဝခုနှစ် တောင်ကိုးရီးယားနိုင်ငံ Gwangjuမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ ဆွံအနားမကြားကျောင်းတစ်ကျောင်းက အဖြစ်ကို အခြေခံထားတာဖြစ်တယ်။ ၂ဝဝ၈ ခုနှစ်မှာ စာရေးဆရာက အဲဒီအဖြစ်ကို တီဗွီသတင်းတိုတိုထွာထွာမှာ အမှတ်မထင်ကြည့်လိုက်မိပြီး စိတ်ဝင်စားသွားခဲ့တယ်။ Gwangju က ဆိုးလ်မြို့နဲ့ လေးနာရီလောက်ပဲ ကားမောင်းရတဲ့နေရာပါ။ ဒါပေမယ့် ဆွံ့အနားမကြားကျောင်းသူတွေ အနိုင်ကျင့်ခံရတာ၊ မုဒိမ်းကျင့်ခံရတာတွေအတွက် အဲဒီမှာ လူတွေဆန္ဒပြနေတာ ၆နှစ်ရှိခဲ့ပါပြီ။ သတင်းမီဒီယာကလည်း ကျယ်ကျယ်ပြန့်ပြန့်မလွှင့်ခဲ့တော့ အဲဒီအကြောင်းကို လူသိနည်းခဲ့ပါတယ်။ စစချင်းမှာ တရားခံလေးဦးကို ဖမ်းဆီးခဲ့ပေမယ့် ထိရောက်တဲ့ပြစ်ဒဏ်မပေးခဲ့တဲ့အပြင် တချို့တရားခံကို တရားသေလွှတ်ပေးခဲ့တယ်။ ဒါကို စာရေးဆရာက စိတ်ဝင်စားပြီး မတရားခံရတဲ့ ကျောင်းသူတွေနဲ့ ၁ဝ ရက်တာအတူသွားနေပြီး တွေ့ဆုံမေးမြန်းခဲ့တယ်။ အဲဒီနောက် အဲဒီဝတ္ထုကို ရေးသားခဲ့တယ်။.အဲဒီဝတ္ထုထုတ်ဝေလိုက်တာနဲ့ လူအများရဲ့ အားပေးဖတ်ရှုခြင်းကို ခံခဲ့ရတယ်။ စာအုပ်ထွက်ပြီး သိပ်မကြာခင်မှာပဲ အဲဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်။.၂ဝ၁၁ ခုနှစ်မှာ အဲဒီရုပ်ရှင်ကားကို ရုံတင်ခဲ့ပါတယ်။ ရုံတင်လိုက်တာနဲ့တစ်ပြိုင်နက် ကိုးရီးယားတစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက်ဆူညံသွားခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ လက်မှတ်အရောင်းရဆုံး ကားတစ်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ရုံတင်ပြီး ၃ပတ်အတွင်း ၁၉နှစ်အထက်ကြည့်ကားအဖြစ် လက်မှတ်စောင်ရေ ၃သန်းကျော်ရောင်းချခဲ့ရတယ်။ ၁ဝ ပတ်အတွင်းမှာ လက်မှတ်ရောင်းရငွေ ကိုးရီးယားငွေ ၃၅ ဘီလီယံ ရှိခဲ့ပါတယ်။.အဲဒီရုပ်ရှင်ကြောင့် ဆွံ့အ နားမကြား ကျောင်းသူကျောင်းသားတွေ မတရားခံနေရတဲ့အဖြစ်ကို ကိုးရီးယားတစ်နိုင်ငံလုံး သိသွားခဲ့တယ်။ လူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ပြည်သူတွေပူးပေါင်းပြီး တရားသေလွတ်လိုက်တဲ့ တရားခံကို ပြန်စစ်ဆေး၊ စီရင်ချက်ပြန်ချဖို့ သောင်းချီလက်မှတ်ရေးထိုး တောင်းဆိုမှုတွေ ရှိလာခဲ့တယ်။. နဂိုရှိတဲ့ ပေါ့လျော့တဲ့သက်ငယ်မုဒိမ်းမှုဥပဒေကို ကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို...

Two of Us (2024) ⭐TMDB: 0.0% User Score 🎬 #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 43 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အစ်ဇဘယ်ဟာ တကိုယ်ရည်မိခင်တစ်ယောက်ဖြစ်ပြီးမွေးရပ်မြေမှာ သူ့မိခင် အစ်မဖြစ်သူတို့နဲ့ကျန်ခဲ့တဲ့ သားဖြစ်သူရဲ့အနာဂတ်အတွက်ဟောင်ကောင်မှာအလုပ်လုပ်နေရတာပါ။ တစ်နေ့မှာတော့ အေဂျင်စီအပြောင်းအလဲနဲ့ အလုပ်လက်မဲ့ဖြစ်နေရင်း သူငယ်ချင်းဖြစ်သူရဲ့မိတ်ဆက်ပေးမှုနဲ့အေဂျင်စီအသစ်ပိုင်ရှင် ခရစ်စ်နဲ့တွေ့ဆုံခဲ့ရပါတယ်။ ခရစ်စ်ဟာ အားကိုးရာမဲ့နေတဲ့သူ့ကို အစစအရာရာဖြည့်ဆည်းပေးရုံတင်မကပဲ သူအဆိုကောင်းကြောင်းကိုသိတဲ့အတွက် ဘားပိုင်ရှင်သူငယ်ချင်းတစ်ယောက်နဲ့မိတ်ဆက်ပေးရင်း သူ့ကိုဘားရဲ့ပင်တိုင်အဆိုတော်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ရုပ်ရည်ပြည့်စုံသလို ကြင်နာတတ်တဲ့ ခရစ်စ်ကိုအားကိုးချင်စရာတံတိုင်းတစ်ခုအဖြစ်မှီတွယ်ရင်း သူတို့နှစ်ယောက်ချစ်ကျွမ်းဝင်သွားခဲ့ကြပါတယ်။ တစ်ဖြည်းဖြည်းအနေကြာလာချိန်မှာ သူ့ကိုတရားလွန်ခင်တွယ်လွန်းတဲ့၊ သဝန်ကြောင်လွန်းတဲ့ ခရစ်စ်ရဲ့ဗီဇတွေကို သိရှိလာရရင်း ဖိလစ်ပိုင်က သူ့အစ်မဖြစ်သူ မီရာတစ်ယောက်ဟောင်ကောင်ကိုလိုက်လာချိန်မှာတော့ ခရစ်စ်ရဲ့အမှောင်ဘက်ခြမ်းတစ်ခုလုံးနဲ့ ရင်ဆိုင်တွေ့ရဖို့ အစ်ဇဘယ်အတွက်အကြောင်းဖန်လာပါတော့တယ်။ နာမည်ကျော် အဆိုတော်မင်းသမီး Empress Schuck ခေါင်းဆောင်ပါဝင်ထားတဲ့ Two of us ဟာငြိမ့်ငြိမ့်ညောင်းညောင်းခံစားကြည့်ရှုရမယ့် တေးသံစုံဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Stranger in My Own Skin (2023) ⭐IMDB: 6.6/10 (132 Votes) 🎬 #Documentary #Drama #Music 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 32 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Peter Doherty: Stranger In My Own Skin (2023) မူးယစ်ဆေးဆိုတာဟာ အနုပညာလောကရဲ့ အမှောင်ဖက်ခြမ်းတစ်ခုလိုပါပဲ။မူးယစ်ဆေးကြောင့် ဘဝပျက်သွားကြတဲ့ အနုပညာရှင်အမြောက်အများကို ဒီမှာရော ကမ္ဘာအနှံ့မှာပါ မြင်တွေ့ခဲ့ကြရပါတယ်။အခုလည်း မူးယစ်ဆေးကြောင့် ရုန်းကန်ခဲ့ရတဲ့ The Libertines ဆိုတဲ့ ရော့ခ်တေးဂီတအဖွဲ့ကအနုပညာရှင်တစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ် ။Rotten Tomatoes- 86%, IMDb rating – 6.7 ရရှိထားပါတယ်။ The Libertines အဖွဲ့ဟာ ၁၉၉၇ ခုနှစ်မှာ ကားလ်နဲ့ ပိထ်ဒိုဟာတီဆိုတဲ့ လူငယ်နှစ်ယောက်ကဖွဲ့စည်းခဲ့ပါတယ်။၂၀၀၀ ပြည့်နှစ်များမှာတော့ သူတို့အဖွဲ့ဟာ နာမည်ကြီးလာခဲ့ပါတယ်။၂၀၀၄ ခုနှစ်မှာတော့ ပိထ်ရဲ့ မူးယစ်ဆေးပြဿနာကြောင့် အဖွဲ့သားတွေပြိုကွဲပြီး သီးသန့်အဖွဲ့တွေနဲ့ လှုပ်ရှားခဲ့ကြပါတယ်။၂၀၁၄ ခုနှစ်မှာတော့ သူတို့အဖွဲ့ဟာ ပြန်လည်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်ထိအနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်နေကြတုန်း ရှိပါသေးတယ်။ဒီ Documentary မှာတော့ ပိထ်ရဲ့ မူးယစ်ဆေးပြဿနာကြောင့် အဖွဲ့ပြိုကွဲခဲ့ရပုံတွေ၊မူးယစ်ဆေး ဖြတ်ဖို့ ကြိုးစားပုံတွေ၊ ရုန်းကန်ရပုံတွေကို မြင်သာအောင် ပြသထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။
...

Two Beautiful Female Bosses-Hikaru Nagi , Mei Washio (SSIS-950-Decensored) ⭐- 🎬 #- #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 32 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 JAV လောကမယ် ဝိတ်ကြီး ပါဝါကြီးတဲ့ မင်းသမီး ၂ ယောက်စလုံးကို တပြိုင်တည်းချပြထားတဲ့ ဇာတ်လမ်းပါ။ သူတို့ကတော့ Hikaru Nagi နဲ့ Mei Washio တို့ဖြစ်ပြီး သူမတို့ရဲ့ပါဝါဘယ်လောက်ကြီးတယ်ဆိုတာ သိကြသူတွေရှိမှာပါ။ SSIS-950-Decensored ဒီဇာတ်လမ်းကလဲ သူမတို့လို ပါဝါကြီးတဲ့မင်းသမီးတွေနဲ့လိုက်ဖက်တဲ့ ဘောစ့်မမဇာတ်လမ်းဖြစ်ပြီးတော့ နှစ်ယောက်လုံးရဲ့ သက်ဝင်မှုတွေကလဲ အတော်ကိုကြောက်စရာကောင်းပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ Hikaru Nagi နဲ့ Mei Washio  တို့ ၂ယောက်စလုံးကို Decensored Version နဲ့ဆိုတော့ Screen တွေကတောင် သေးနေမလားမသိပါဘူး။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

Journey to the West: Conquering the Demons (2013) ⭐IMDB: 6.7/10 (14 k Votes) 🎬 #Adventure #Fantasy #Mystery #Action #Comedy #Romance 🗓 2013 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 50 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Journey to the West Conquering the Demons (2013) IMDb Rating (6.7) / Rotten Tomatoes (94%) ဒီရုပ်ရှင်ကို Stephen Chow က ဒါရိုက်တာအဖြစ်ရော တွဲဖက်ပရိုဂျူဆာအဖြစ်ပါ ဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကြောင်းကတော့ အနောက်ဖက်သို့ခရီးသွားခြင်း ဒဏ္ဍာရီကို အခြေခံထားပြီး ကျမ်းစာသယ်တဲ့ ခရီးစဉ်မစတင်မီ ဆရာတော်ထန်စန်းကျန့်ဆိုပြီးဖြစ်မလာခင် သူ့ရဲ့တပည့်၃ယောက်ဖြစ်လာမယ့် ဝူခုန်းတို့ ပါကျဲတို့ မိစ္ဆာဘဝဖြစ်စဉ်နဲ့ မိစ္ဆာတွေကို နှိမ်နင်းတဲ့အကြောင်းကိုရိုက်ကူးထားတာပါ။ ဇာတ်လမ်းလေးကတော့ မြစ်ဘေးကရွာတစ်ရွာမှာ ငါးမိစ္ဆာကြီးတစ်ကောင်သောင်းကျန်းနေတာကို ထန်စန်းကျန့်ကနှိမ်နင်းဖို့ကြိုးစားရာကနေစတင်ပါတယ်… မိစ္ဆာကိုမသတ်ဘဲ မေတ္တာနဲ့အစွဲချွတ်ချင်တဲ့သူ့ရဲ့လမ်းစဉ်ဟာ ထင်သလောက်မအောင်မြင်ပါဘူး… သူက လောကကြီးကိုကယ်တင်ဖို့ရာ ကြီးမားတဲ့မေတ္တာတရားကသာ အခရာလို့ သိထားပေမယ့် အစွမ်းမရှိတဲ့ သာမန်လူဖြစ်နေတော့ အခက်အခဲတွေအများအပြားနဲ့ စမ်းတစ်ဝါးဝါးဖြစ်နေခဲ့ပါတယ်။ဆိုတော့ကာ ထန်စန်းကျန့်ကိုအစွမ်းထက်အောင် ဘယ်သူကအလင်းပြမလဲ….လာပါပြီ မမရှုကြည်(Shu Qi)ပါပဲခင်ဗျာ….ထန်းစန်းကျန့်အဖြစ် မင်းသား Wen Zhang ရော မင်းသမီးရှုကြည်ရော အတိုင်အဖောက်ညီတာမလို့  ဒီရုပ်ရှင်က Rating မြင့်မားတဲ့ Journey to the West ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ Stephen Chow ရဲ့  လက်ရာခြေရာတချို့ပါတာမလို့  မြင်နေကျ Journey to the West ဇာတ်လမ်းတွေနဲ့မတူဘဲ ကွဲပြားတဲ့ရသတချို့ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။
...

Abraham Ozler (2024) ⭐IMDB: 6.9/10 (925 Votes) 🎬 #Bollywood #Crime #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Abraham Ozler (2024)“အဘေရာဟမ် အိုဇလာ” IMDb 7 ရထားတဲ့ မလေယာလမ် မှုခင်းရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ နန်းတွင်းကား Ponniyin Selvan နှစ်ကားမှာ ပါဝင်ခဲ့တဲ့Jayaram၊ မလေယာလမ် regular တစ်ယောက်ဖြစ်တဲ့ Mammootty နှင့်အတူရှေ့နေကား Neru ထဲက မင်းသမီး Anaswara Rajan တို့ ပါဝင်အားဖြည့်ထားပါတယ် ဒု-ရဲမှူးဖြစ်သူ အိုဇလာက အလုပ်အားတုန်းမှာ ဇနီးသည်၊ သမီးလေးတို့နဲ့ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်နေရင်း ရုတ်တရက် တာဝန်တစ်ခုပေးခံရပါတယ် အဲဒီအချိန်လေးက သူ့ဘဝတစ်ခုလုံး မှောင်မိုက်သွားမယ့်နေ့ ဆိုတာကို သူမသိခဲ့ဘူးတချိန်က မူးယစ်သယ်ဆောင်မှုနဲ့ သူဖမ်းဆီးခဲ့တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်… လက်စားပြန်ချေဖို့ ရည်ရွယ်ချက်နဲ့ လိမ်ညာဖုန်းဆက်ပြီးအိုဇလာမရှိတုန်း ဇနီးနဲ့သမီးလေးကို ရက်ရက်စက်စက် သတ်လိုက်တယ် ဒီကနေ အိုဇလာ တစ်ယောက် စိတ်ကျရောဂါ၊ အိပ်မပျော်ခြင်းတို့ နာတာရှည်အဆင့်ထိရောက်လာတဲ့အခါ သူငယ်ချင်း စိတ်ရောဂါကုဆရာဝန် အကြံပေးတဲ့အတိုင်းအတိတ်မှရုန်းထွက်ဖို့အတွက် အလုပ်ကိုစိတ်နှစ်ထားရာကနေ… ရှုပ်ထွေးပွေလီပြီး ဆေးလောကနဲ့ပါ သက်ဆိုင်နေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို ဖော်ထုတ်ရင်း… ရဲတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး စိတ်ဝေဒနာနဲ့ ပရော်ဖက်ရှင်အလုပ် နှစ်ခုကြားမှာဟန်ချက်မျှဖို့ ကြိုးပမ်းရာကနေ ဒီကိစ္စနှစ်ခု ဘယ်လိုဆက်စပ်သွားမလဲ ဆိုတာကို ပရိသတ်ကြီးကပဲ ဆက်လက်ရင်ခုန်လိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Citizen of a Kind (2024) ⭐IMDB: 6.3/10 (49 Votes) 🎬 #Action #Comedy #Drama #Crime 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 54 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Citizen of a Kind(2024) *********************၂၀၁၆ ခုနှစ် ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ voice phishing အမှုရဲ့ နစ်နာသူ “အဝတ်လျှော်ဆိုင်ပိုင်ရှင် အဒေါ်ကြီးဂင်ဆောင်းဂျာ”အကြောင်းကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ် – ဇာတ်လမ်းအကျဉ်း – အိမ် မီးလောင်မှုကြောင့် ချေးငွေယူဖို့ လိုက်စုံစမ်းနေတဲ့ အဒေါ်ကြီးဂင်ဒေါ့ဟီဆီကို တစ်နေ့မှာတော့ ဟွာဆောင်းဘဏ်က လက်ထောက်မန်နေဂျာဆွန်းဆိုသူက ချေးငွေယူလို့ ရနိုင်ကြောင်း ဖုန်းဆက်လာပါတယ် ချေးငွေထုတ်ဖို့အတွက် လိုအပ်တယ်ပြောပြီး ဝန်ဆောင်ခတောင်းတဲ့ လက်ထောက်ဆွန်းဆီကို ပိုက်ဆံ‌ပို့ပေးလိုက်တဲ့ ဒေါ့ဟီဟာ ဒါက voice phishing လိမ်လည်မှုဖြစ်မှန်း အချိန်နှောင်းမှ သိလိုက်ရပါတယ်…. ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးပြီး ကလေးတွေနဲ့အတူ လမ်းမပေါ်ထွက်နေရတော့မဲ့ကိန်းဆိုက်နေတဲ့ ဒေါ့ဟီဆီကို လက်ထောက်ဆွန်းက ဖုန်းပြန်ဆက်လာပါတယ်…..ဒီတစ်ခါမှာကတော့ ကယ်တင်ပေးပါဆိုပြီး ဆက်တဲ့ဖုန်းပါ ရဲတွေလည်း လက်လျှော့ထားရတဲ့အမှုဆိုတော့ ဒေါ့ဟီက လက်ထောက်ဆွန်းကိုလည်း ကယ်တင်ရင်း ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေကိုလည်း ပြန်ရှာမယ်ဆိုတဲ့စိတ်နဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်မသုံးယောက်နဲ့တူ တရုတ်နိုင်ငံ ချင်းတောင်မြို့ဆီကို ရောက်သွားတဲ့အခါမှာတော့… ဂင်ဒေါ့ဟီက voice phishing အမှုရဲ့ခေါင်းကိုင်ကို ဘယ်လိုရှာဖွေဖမ်းဆီးသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် အဓိကဇာတ်ဆောင်တွေအနေနဲ့ကတော့ The Good Bad Mother ထဲမှာ ယောက္ခမနဲ့ ချွေးမအဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသမီးကြီး Ra Mi Ran နဲ့ မင်းသမီး Ahn Eunjin နောက်ပြီး မင်းသားချော Gong Myung တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်….. အညွှန်းကိုတော့ အပျိုကြီး Hnin Wai Ooကရေးသားပေးထားပါတယ်
...

Saving the Tigers (2023- ) ⭐IMDB: 8.1/10 (3 k Votes) 🎬 #Comedy #Drama #Thriller 🗓 2023- 🎞 tv series 🌎 #India ⏰ 29 မိနစ် 47 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Save the Tigers Season 2 (2024)Save the Tigers Seasons 2 (2024) (မယကတို့ ဘဝ)IMDb-8/10 မယကတို့အကြောင်း အရယ်အမောတွေနဲ့ Save the Tigers Season 1 ကို သဘောကျခဲ့ကြတဲ့ပရိသတ်ကြီးအတွက် Season 2 ထပ်ထွက်လာပါတယ်မယက ဆိုတဲ့နေရာမှာလည်း ကိုယ်စွမ်းဉာဏ်စွမ်းမရှိ အသာလေးခိုစားပြီးကြောက်နေကြသူတွေမဟုတ်ဘဲ ချစ်လို့အလျော့ပေးအလိုလိုက်ရာက အကျင့်ပါပြီး ကြောက်တယ်အမည်တပ်ခံလိုက်ရတယ်တွေလည်းရှိကြတာပါပဲဂန်တာ ဗစ်ကရမ် ရာဟူးလ် တို့သုံးယောက်က မိန်းမတွေအိမ်ပေါ်ကနှင်ချလို့ အမူးသောက်ဖို့ထွက်လာရင်း ကိုယ့်ကိုယ်ကိုယ်‌သတ်သေဖို့လုပ်နေတဲ့ နာမည်ကြီးမင်းသမီးဟမ်ဆာလက်ခါနဲ့ တွေ့ကြတယ် ဟမ်ဆာလက်ခါရဲ့ သတ်သေချင်လောက်အောင် ဖြစ်နေတဲ့ စိတ်သောကတွေကို သူတို့ကတစ်ထိုင်တည်းဖြေရှင်းပေးနိုင်ရာက သူတို့နဲ့အရမ်းခင်သွားကြပြီး အမူးသောက်ကဲကြတော့တာပဲ နောက်ရက်မနက်မှာတော့ မင်းသမီးဟမ်ဆာလက်ခါပျောက်မှု သံသယတရားခံသုံးယောက်ဆိုတဲ့သတင်းက ဟိုးလေးတကျော်ကျော်ပါပဲ….။ ရဲကလည်းသူတို့သုံးယောက်ကိုအတင်းရိုက်စစ် သူတို့ကလည်းမူးပြီး ဘာမှမမှတ်မိ ။နေမြင့်မှ ဟမ်ဆာလက်ခါတစ်ယောက် ကျွဲခြံထဲမှာအိပ်ပျော်ရာကနိုးလာပြီး အကုန်ဖြေရှင်းနိုင်သွားတယ် အမှုကရှင်းသွားပေမဲ့ မရှင်းတာက ဂန်တာတို့သုံးယောက်ရဲ့ အိမ်ထောင်သည်ဘဝတွေပါပဲနိုင်ငံကျော်မင်းသမီးတစ်ယောက်ကို မုဒိမ်းကျင့်သတ်ဖြတ်မှုဆိုတဲ့ကောလဟလကြီးကြောင့် သူတို့မိန်းမတွေနဲ့ မိန်းမဘက်ကအမျိုးအသိုင်းအဝိုင်းကြားက မကြည်မလင်အချေအတင်တွေကြား သုံးယောက်သား ဘယ်လိုမျောပါးဖြေရှင်းကြဦးမလဲဆိုတာ ရှုစားကြည့်ပါဦး1 တုန်းကလိုပါပဲ အောက်လုံးတွေ ကလိထိုးဟာသတွေမပါဘဲ မယားကြောက်လို့ အမည်တပ်ခံရသူတွေရဲ့ အဖြစ်ကိုလည်း ရှုထောင့်တစ်ခုကနေရယ်မော ခံစားနိုင်မှာပါအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni ~ Alex ~ ToMo ~ Zwe ~ KKKZ တို့ပဲဖြစ်ပါတယ်
...

Furies (2024) ⭐TMDB: 74.0% User Score 🎬 #Action #Adventure #Crime 🗓 2024 🎞 Series 🌎 #France ⏰ 51 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Furies (2024)  ဒီတစ်ခါမှာတော့ 2024ခုနှစ်မှာ အသစ်စက်စက်ထွက်ရှိထားတဲ့”The Furies” Netflix series လေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ပြင်သစ်မြို့ကြီးဟာ အရောင်အသွေးစုံပြီးလှပသလောက် ဒုစရိုက်မှုတွေလည်းပေါများလှပါတယ်တဲ့ ပဲရစ်ကဒုစရိုက်လောကမှာ ဒုစရိုက်သမားအချင်းချင်း ရာဇဝတ်မှုကျူးလွန်ရင် ကြားဝင်ဖြေရှင်းပေးရတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ် သူမကို”ပြစ်ဒဏ်စီရင်တဲ့နတ်သမီး”လို့ခေါ်ကြပါတယ် သူမနာမည်အရင်းက “ဆယ်လ်မာ”ပါဇာတ်လမ်းအကျဥ်းကတော့လီနာဆိုတဲ့ကောင်မလေးဟာ သာမန်ကောလိပ်ကျောင်းသူလေးတစ်ယောက်ပါ ဒါပေမဲ့ သူမရဲ့မိဘတွေကတော့ ဒုစရိုက်သမားတွေပါ သူမရဲ့ဖခင်ဟာ ဒုစရိုက်လောကရဲ့စာရင်းကိုင်းတစ်ယောက်ဖြစ်ပြီး လီနာရဲ့မွေးနေ့မှာ အသတ်ခံလိုက်ရပါတယ် လီနာလည်း သူ့အဖေကို ပြစ်ဒဏ်စီရင်တဲ့နတ်သမီး(ဆယ်လ်မာ)ကသုတ်သင်လိုက်တာလို့ထင်မှတ်နေခဲ့တာကြောင့် ပြစ်ဒဏ်စီရင်တဲ့နတ်သမီးကိုလိုက်လံရှာဖွေခဲ့ပါတယ် ဒါပေမဲ့ သူမရှာတွေ့တဲ့အခါမှာတော့ သူမအဖေကိုသတ်တာက ”ဆယ်လ်မာ”မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ် အဲ့ဒါကြောင့် သူမအဖေကိုသတ်ခဲ့တဲ့လူကိုဖော်ထုတ်ဖို့အတွက် ဆယ်လ်မာနဲ့ပူးပေါင်းပြီး ဒုစရိုက်လောကထဲကိုခြေစုံပစ်ဝင်လိုက်ပါတော့တယ်လီနာရဲ့အဖေကိုဘယ်သူကသတ်ခဲ့တာလဲ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာကို လီနာတစ်ယောက်ဖော်ထုတ်နိုင်ပါ့မလား
...

Miss Scarlet & the Duke (2020- ) ⭐IMDB: 7.7/10 (11 k Votes) 🎬 #Drama #Mystery #Crime #Thriller 🗓 2020- 🎞 tv series 🌎 #UnitedStates #UnitedKingdom #Ireland #UnitedStatesofAmerica ⏰ 53 မိနစ် 30 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Miss Scarlet and the Duke (2020) ဒီ တစ်ခါတော့ ပရိသတ်ကြီးကို ဟိုးအရင်ခေတ်က အင်္ဂလန်လိုနိုင်ငံမှာ‌တောင် အမျိုးသားနဲ့ အမျိုးသမီးကို တန်းတူအခွင့်အရေးမပေးတဲ့ အကြောင်းလေးရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲလေး တစ်ကားတင်ဆက်ပေးလိုက်ပါတယ် စုံထောက်ဇာတ်လမ်းရယ် သူများနဲ့မတူဘဲ ဖောက်ထွက်တတ်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းရယ်ကို ရိုက်ပြထားလို့ ကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်း စကားလက်ဆိုတာကတော့ ပင်စင်စားရဲအရာရှိကြီးတစ်ယောက်ရဲ့ သမီးလေးပါပဲ သူ့အဖေကတော့ ပင်စင်ယူပြီးတဲ့ အချိန်မှာ အလွတ်စုံထောက်တစ်ယောက်လုပ်နေခဲ့တာပေါ့လေ ဒါပေမဲ့လည်း သူ့မိန်းမကသေသွားတာရယ် သမီးလေးကိုတစ်ယောက်တည်းထိန်းကျောင်းနေရတာရယ်ကြောင့် အရက်တွေအလွန်အကျွံသောက်ပြီး အကြွေးပါတင်နေတာပေါ့ အဲဒီခေတ်က အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးမပေးခဲ့တော့ သူ့သမီး စကားလက် ရဲ့ စုံထောက်အရမ်းဖြစ်ချင်နေတဲ့ ဆန္ဒကိုခွင့်မပြုခဲ့ဘူးပေါ့လေ ဒါပေမဲ့လည်း စကားလက် က သူ့နည်းသူ့ဟန်နဲ့ သူ စုံထောက်ဖြစ်နိုင်တယ်ဆိုတာ သူ့အဖေကို သက်သေပြဖို့ကြိုးစားနေတာပါ အဲဒီလိုနဲ့ မထင်မှတ်ဘဲ သူ့အဖေက ဆုံးသွားတဲ့အချိန်မှာတော့ အကြွေးတွေနဲ့ ကျန်ခဲ့တဲ့ စကားလက် က ဘယ်လိုဖြေရှင်းမလဲ အမျိုးသမီးတွေကို အထင်အမြင်သေးနေတဲ့ ခေတ်ကြီးမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုရုန်းကန်မလဲ သူ့အဖေဆီကနေရော စုံထောက်ပညာတွေကို ဘယ်လောက်ထိရလိုက်လဲဆိုတာ ကြည့်လို့ကောင်းတဲ့ကားကောင်းလေးပါပဲ
...

Mary & George (2024) ⭐TMDB: 90.0% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #UnitedKingdom ⏰ 54 မိနစ် 3 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mary & George (2024)  Benjamin Woolley ရဲ့ The King’s Assassin စာအုပ်ကို မှီငြိမ်းပြီး ရိုက်ကူးထားတဲ့ Historical Drama ကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ဒီဇာတ်လမ်းက‌တော့ … တစ်ခါက နုနုထွတ်ထွတ် အမျိုးကောင်းသား ယောက်ျားလေးတွေကိုမှ ဆွဲစားတတ်တယ်လို့ နာမည်ကြီးတဲ့ အင်္ဂလန်ဘုရင် James I နဲ့ Mary နဲ့ George Villiers တို့ သားအမိအကြောင်းပါ။မိသားစု ရှေ့ရေး မသေချာတော့တဲ့ မယ်ရီဟာ သူ့ရဲ့ ဒုတိယမြောက် သားဖြစ်သူ ဂျော့ဂျ်ရဲ့ ချောမောမှု ဆွဲဆောင်မှုတွေကို အသုံးချပြီး ဘုရင်ဂျိမ်းစ်ကို ချဉ်းကပ်ခိုင်းတယ်။ သူတို့ ဘဝရှေ့ရေး ကောင်းစားဖို့က သူ့သား ဘုရင့်အချစ်တော် ဖြစ်ဖို့ပါပဲ။ဒီလိုနဲ့ ဂျော့ဂျ်ဟာလည်း အမေဖြစ်သူ ခိုင်းတဲ့အတိုင်း ဘုရင်ကြီးကို နည်းမျိုးစုံနဲ့ မြှူဆွယ်ပြီး နန်းတော်ထဲမှာ နေရာတစ်ခု ရလာအောင် ကြိုးစားခဲ့တယ်။ဒါပေမဲ့ ရာထူး အာဏာပါဝါတွေဆိုတာလည်း ပင်လယ်ရေလို သောက်လေသောက်လေ ငတ်မပြေဖြစ်တဲ့အခါ မယ်ရီနဲ့ ဂျော့ဂျ်တို့ရဲ့ သားအမိကြား ပဋိပက္ခတွေ၊ သူတို့နဲ့ နန်းတော်ကြား ပဋိပက္ခတွေ ဒုနဲ့ဒေးဖြစ်ပေါ်လာပါတော့တယ်။သမိုင်းတစ်ခုကို လေ့လာနိုင်မဲ့အပြင် ဂျော့ဂျ်အဖြစ် သရုပ်ဆောင်သူ Purple Hearts၊ Red, White & Royal Blue ဇာတ်ကားတွေထဲက မင်းသား Nicholas Galitzine ရဲ့ ဖင်တုံးလှလှလေးကိုလည်း မြင်တွေ့ခွင့်ရမှာမလို့ လက်မနှေးဘဲ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်
...

Desire (1997) ⭐TMDB: 10.0% User Score 🎬 #Adult #Drama 🗓 1997 🎞 movie 🌎 #Philippines ⏰ 1 နာရီ 46 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့၁၉၉၀ခုနှစ်ကျော်လောက်က ဖီလစ်ပိုင်နိုင်ငံရဲ့လူငယ်တွေတွေ့ကြုံခံစားခဲ့ရတာတွေကိုပေါ်လွန်အောင်ရိုက်ကူးထားတဲ့Drama/Romance အမျိုးအစားဇာတ်ကားကောင်းလေးပါ နယ်အသီးသီးကနေပြီးတော့ မနီလာမြို့ပေါ်ကိုပြောင်းလာတဲ့ လူငယ်လေးတွေဟာ”စားဝတ်နေရေးအတွက်ရိုးရိုးသားသားလုပ်ကိုင်နေရင်းနဲ့မရိုးသားတဲ့ မြို့ပေါ်က လူတွေရဲ့ လှည့်ကွက်တွေကြောင့် ဘဝတွေပျက်ဆီးရတော့မယ့် အခြေအနေတွေ မိန်းမမြင်တိုင်းစော်ကားချင်နေတဲ့ သူဌေးတွေရာထူးတိုးချင်ရင် အပျော်မယ်လာလုပ်ပေးရမယ်ဆိုတဲ့ ပညာရေးကလူကြီးတွေ နဲ့ကောင်ချောလေးဆိုစားချင်နေတဲ့ သူဌေးကတော်မမကြီးတွေလက်ကနေဘယ်လိုတွေရုန်းထွက်ဖို့ကြိုးစားကြလဲဆိုတာကတော့…. 18+ ခန်းလေးတွေတော်တော်လေးပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့တော့ မသင့်တော်ပါဘူးနော်ဒါမျိုးမှ ကြိုက်တာဆိုတဲ့ ညိုကီတို့အတွက်ကတော့ 90s ကဖီလစ်ပိုင်မလေးတွေရဲ့အလှကိုတဝကြီးခံစားနိုင်ပါပြီIMDb 6.0 ထိရရှိထားပြီးတော့ Director ကတော့ Joel Lamangan ဖြစ်ပါတယ်
...

Kapalit (2024) ⭐IMDB: 6.6/10 (14 Votes) 🎬 #Adult #Asian #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 52 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အော်ဒရေးက တစ်ချိန်မှာတိုင်းတစ်ပါးကိုအလုပ်သွားလုပ်ဖို့စိတ်ကူးယဉ်ကြိုးစားနေတဲ့ သူနာပြုမလေးပါ။လတ်တလောမှာတော့ နိုင်ငံခြားသွားဖို့ချိတ်ထားတဲ့အလုပ်ရှာဖွေရေးအေဂျင်စီက အလိမ်ကုမ္ပဏီတစ်ခုဆိုတာ သိလိုက်ရပြီး ရရာအလုပ်ဖြစ်တဲ့ အိမ်ကြီးတစ်လုံးမှာ မေ့ဆေးဆရာဝန်ရဲ့ဇနီးသည်ကိုပြုစုစောင့်ရှောက်ပေးရသူအဖြစ်အလုပ်ဝင်ခဲ့ပါတယ်။ မကျန်းမာတဲ့ဇနီးသည်ကို အစစအရာရာ၀တ္တရားကျေလွန်းတဲ့၊အောင်မြင်ချမ်းသာရုံမက ရုပ်ရည်ပါပြည့်စုံတဲ့ အိမ်ရှင်အမျိုးသားဖြစ်သူကို သဘောကျသထက်ကျလာတဲ့ အော်ဒရေးဟာ အဲ့ဒီလူကိုအပိုင်ရထားတဲ့ သူ့ဇနီးသည် ဒေမီကို မနာလိုစပြုလာတယ်။အဲ့ဒီကနေ အလုပ်ရှင်သူဌေးကို သူ့ဘ၀ထွက်ပေါက်တစ်ခုအဖြစ်မြင်လာတဲ့ နောက်ဖြစ်တဲ့နည်းနဲ့ဝင်အောင်းဖို့ကြံစည်မိချိန်မှာ..။( အညွှန်းရေးသားထားသူကတေ့ာ alias ပါ )File size_(1.2GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:52:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။
...

Frankenstein's Army (2013) ⭐IMDB: 5.4/10 (9 k Votes) 🎬 #Horror #SciFi #Action 🗓 2013 🎞 movie 🌎 #Brazil #Netherlands #UnitedStates #Czechia #UnitedStatesofAmerica #CzechRepublic ⏰ 1 နာရီ 24 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Frankenstein’s Army (2013) IMDb – 5.4/10 2013 မှာထွက်ရှိထားပြီး ကြည့်ရှုသူ Viewer ​တွေကြား ရွံစရာ​​ ​ကြောက်စရာ မနှစ်မြို့စရာ​​ကောင်းတယ်ဆိုတဲ့ Review ​တွေရထားတဲ့ Frankenstein’s Army ဆိုတဲ့ကား​လေးနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်ဗျ ဇာတ်လမ်းအညွှန်း ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ရုရှားစစ်သား​တွေ ဂျာမနီရွာ​လေးတစ်​ရွာမှာရှိတဲ့ လျို့ဝှက်ဓါတ်ခွဲခန်းထဲ မျှား​ခေါ်ခံလိုက်ရပြီး သိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းတစ်​ယောက်တီထွင်ထားတဲ့ လူ့တစ်ပိုင်းသံတစ်ပိုင်း​တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါ​တော့တယ် ဒါ​ပေမယ့် ဒီလျို့ဝှက်ဓါတ်ခွဲခန်းကိုဘယ်သူကမျှား​​ခေါ်ခဲ့တာလဲ ဒီဟာ​တွေရဲ့​နောက်ကွယ်မှာ ဘာရည်ရွယ်ချက်​တွေရှိလဲဆိုတာ​တွေကိုဘယ်သူမှ မသိခဲ့ရပါဘူး သိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းဟာလည်း သူ့အဖိုး အ​ဖေ​တွေရဲ့ နည်း​တွေက​နေ ​​သွေဖယ်ပြီး ဘာရည်ရွယ်ချက်​ကြောင့် ဒီလို လူတစ်ပိုင်းသံတစ်ပိုင်းအရာ​တွေကို တီထွင်​​နေရလဲဆိုတာ​တွေကို ရိုက်ကူးပြသထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ DB ပဲ ဖြစ်ပါတယ်
...