ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Doraemon the Movie: Nobita's Earth Symphony (2024) ⭐IMDB: 6.6/10 (1 k Votes) 🎬 #Action #Adventure #Animation #Comedy #Drama #Family #Fantasy #SciFi #Music 🗓 2024 🎞 movie 🌎 #Japan ⏰ 1 နာရီ 56 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခါမှာတော့ လူတိုင်းသိကြတဲ့ Doraemon ဇာတ်ကားသစ်လေးပါ။ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ရင်းနှီးခဲ့ကြတဲ့ Doraemon ဆိုတဲ့ ကြောင်ပြာလေးကို အခုတစ်ခါ ပိတ်ကားထက်မှာ ပြန်မြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း အကျဥ်းကတော့ နိုဘီတနဲ့ သူငယ်ချင်းတစ်စုက ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာကို သတိထားမိလာပါတယ်။ ဒီအခါမှာတော့ သူတို့က ဒိုရေမွန်ရဲ့ အကူအညီနဲ့ အနာဂတ်ခေတ်က ပစ္စည်းတွေကို သုံးပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ လုပ်ကြရပါတော့တယ် ဒီဇာတ်ကားလေးမှာ ကျွန်တော်တို့ရဲ့ အချစ်တော် ကြောင်ပြာလေးကို Amimation ကောင်းကောင်းနဲ့ ပြန်မြင်ရမှာဖြစ်ပြီး ဒိုရေမွန်ဆိုတဲ့ အတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ အသင်းအဖွဲ့လိုက် လုပ်ဆောင်ခြင်းတွေကို ပျော်ပျော်ပါးပါး ကြည့်ရှုရင်း သင်ခန်းစာရအောင် တင်ပြထားပါတယ်...
Nocturnal Animals (2016) ⭐IMDB: 7.4/10 (323 k Votes) 🎬 #Drama #Thriller 🗓 2016 🎞 movie 🌎 #USA #UnitedStates #China #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nocturnal Animals (2016) IMDb Rating (7.6) / Rotten Tomatoes (74%) မင်းသား Jake Gyllenhaal နဲ့ Aaron Taylor-Johnson , ရုပ်ချင်းခပ်ဆင်ဆင် မင်းသမီးနှစ်ယောက်ဖြစ်တဲ့ Amy Adams နဲ့ Isla Fisher စတဲ့သရုပ်ဆောင်တွေနဲ့Psychological Thrillers အမျိုးအစား ရင်ဘတ်ထဲက ၃ ၄ ရက်ခန့် ထုတ်မရဆိုတဲ့ ရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းက အစမှာ ရွံစရာကောင်းတဲ့ စိတ်မသက်မသာအခန်းတွေနဲ့စလာပါမယ်…ပြီးရင်တော့ထိုင်ရာမထဆွဲခေါ်သွားမယ့် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အဆုံးမှာတော့ ရင်ဘတ်ထဲက ထုတ်မရ အတွေးတွေများသွား။ အနုပညာ ပြခန်းတခန်းကနေ ဆူစန် (သူဌေး) စထွက်လာတာကနေစတယ်သူမ အိမ်ကို ရောက်သွားတယ် သူမ မအိပ်ဖြစ်တာ အတော်ကြာနေတဲ့ ပုံပါပဲ…ထူးထူးခြားခြားသူမဆီကို ပါဆယ်တစ်ခု ရောက်နေလို့ တိပ်တွေကို လျင်လျင်မြန်မြန် ဆွဲဖွင့်တဲ့အခါစက္ကူသားကြောင့် လက်ရှသွားပြီး ဝန်ထမ်းတစ်ယောက်ကိုဖွင့်ခိုင်းပြီး စာကို ဖတ်ခိုင်းတဲ့အခါသူမ ယောင်္ကျားဟောင်း အက်ဝဒ် မှ ဆူစန် ဖတ်ဖို့ ဝတ္တုစာမူကြမ်းကို ပေးပို့ပေးလိုက်တာပါ… အလုပ်ပိတ်တဲ့ ဒီတစ်ပတ်မှာ သူမ လက်ရှိ ယောင်္ကျားနဲ့ အပန်းဖြေ ခရီးထွက်ချင်နေပေမယ့်ခြေလှမ်းတွေ ပျက်နေတဲ့ ယောင်္ကျားဖြစ်သူဟာ ဆူစန်အနားမှာ ရှိမနေခဲ့ပါဘူး…၁၉ နှစ်ကျော် ကြာအထိ သူမ နဲ့ အဆက်အသွယ် မလုပ်ခဲ့တဲ့ ခင်ပွန်းဟောင်းဖြစ်သူ အက်ဝဒ်ရဲ့ဝတ္တုစာအုပ်မူကြမ်းကိုစိတ်လိုလက်ရဖတ်ဖို့မရှိပေမယ့် တစ်ယောက်ထဲ ဖြစ်နေတဲ့ အချိန်မှာတော့ သူမဟာ စာအုပ်ကို ကိုင်ဆွဲပြီး အိပ်ရာထက်ဝင်ခဲ့ပါတော့တယ်… (စာအုပ်ထဲက ဇတ်လမ်း)ဟေးစတင်းဟာ သူ့ မိန်းမ လော်ရာ နှင့် သမီးဖြစ်သူ အင်ဒိယတို့ကိုခေါပြီး တက္ကဆက်ပြည်နယ်မြောက်ပိုင်းဘက်သို့မိသားစု ၃ ယောက်ထဲ ကားမောင်းပြီး ထွက်လာပါတယ်…တက္ကဆက် မြောက်ပိုင်း အဝေးပြေး လမ်းမဟာ လူပြတ်ပြီး ဖုန်းလိုင်းမမိတဲ့ နေရာလဲ ဖြစ်ပါတယ်….ဒီလိုနဲ့ ကားမောင်းလာနေရင်း ဟေးစတင်းတို့ ကားကို အမူးသမား တစ်ချို့မှ ဘေးတိုက် ဆွဲချပြီးပြသနာရှာခဲ့ပါတယ်… ဟေးစတင်းက တားဆီးနေတဲ့ကြားက သူ့မိန်းမ နဲ့ သမီး ကို အမူးသမားတွေမှ ကားပေါ်ချုပ်တင်ပြီး ခေါ်သွားခဲ့ပါတယ်သူ့ကိုလဲ ကားတစ်စီးဖြင့် ခေါ်သွားရာမှ လမ်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်…ဒါပေမယ့် မိန်းမ နဲ့ သမီးအပေါ် ပူပင်နေတဲ့ သူ့စိတ်က ရေမြေအဆုံး လိုက်ရှာဖို့ပဲ အားသန်နေခဲ့ပါတော့တယ်…. (စာအုပ်အချ)ဆူစန် စိတ်တွေ ဂယောင်ချောက်ခြားဖြစ်သွားခဲ့တယ် စာအုပ်ထဲက ဟေးစတင်း နေရာမှာ သူရောက်သွားသလိုပဲသူမ နှလုံးသားသည်လဲ ဟေးစတင်း နှင့် ထပ်တူ နာကျင်ခံစားလိုက်ရတယ်….စာအုပ်ကို ဆက်လဲ ဖတ်ချင်တယ် ဟေးစတင်း ဘာဆက်ဖြစ်မလဲ သိချင်နေပေမယ့်ဖြစ်လာမယ့် အရာကိုလဲ သူမ ကြိုတွေးနေမိခဲ့တယ်…ဒီလိုနဲ့ စာအုပ်ကို ဆက်ဖတ်ဖြစ်ခဲ့ပါတယ်…စာအုပ်နာမည်ကတော့” Nocturnal Animals ” ဒီစာအုပ်ကို ဖတ်နေတဲ့ ဆူစန်ရဲ့ ဇာတ်လမ်း တစ်ခု ရယ်စာအုပ်ထဲက ဇာတ်ကောင် ဟေးစတင်းရဲ့ မိန်းမပျောက် သမီးပျောက် ရှာပုံတော်ဇာတ်လမ်း ၂ ခု ဟာ သင့်ကို ထိုင်ရာက မထစတမ်း ဆွဲဆောင်သွားမယ့် ရုပ်ရှင်ကားကောင်းတစ်ခုဆိုတာညွှန်းဆိုလိုက်ပါရစေ… (ရုပ်ရှင်အညွှန်းကို Thit San Khant မှ ရေးသားပြီး ဘာသာပြန်ကို Htet Wai Lwin မှ တင်ဆက်ထားပါတယ်။)...
Something Good Coming (2023) ⭐IMDB: 6.8/10 (82 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 40 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Something Good Coming (2023) IMDb Rating (6.8) မတူညီတဲ့ပြဿနာတွေကိုယ်စီရှိနေကြတဲ့ စတိုးဆိုင်ဝန်ထမ်းနှစ်ဦး မတော်တဆဆုံတွေ့ခဲ့ကြပြီး ချစ်ကြိုက်ခဲ့တဲ့ အကြောင်းအရာလေးကို ရိုက်ကူးထားတဲ့ရိုးရှင်းတဲ့ Comedy, Drama, Romance ကားလေးပါ။ ပုံမှန်အချစ်ကားတွေနဲ့ မတူညီတဲ့အချက်က ရိုးရှင်းတဲ့ပုံစံလေးဖြစ်ပေမဲ့ ပုရိတ်သတ်ရဲ့ ရင်ကို ထိစေတဲ့ တစ်ကယ့်ကိုလေးနက်တဲ့ စိတ်ခံစားချက်တွေ ရရှိသွားစေနိုင်တဲ့ အကြောင်းအရာလေးတွေ ပါဝင်နေတယ်။ နှစ်ဦးကြားနွေးထွေးမှုလေးတွေ ကို့ရို့ကားယားဆက်နွယ်မှုလေးတွေနဲ့မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းလေးတွေနဲ့ ကြည့်ရှုသူ ပရိတ်သတ်ရင်ထိစေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ လက်မလွှတ်တမ်းကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)...
Frozen Stiff (2002) ⭐TMDB: 75% User Score 🎬 #Comedy #Drama 🗓 2002 🎞 movie 🌎 #Yugoslavia ⏰ 1 နာရီ 45 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Frozen Stiff (2002) IMDb Rating (8.3) Frozen Stiffဆိုတဲ့ရုပ်ရှင်ကားက အစမှာတော့ ရိုးရိုး ခရီးစဉ်လေးထင်ရပေမယ့် Jason London နဲ့ Elizabeth Berkley တို့အတွက်တော့ ဟာသနဲ့ စွန့်စားခန်းတွေအပြည့်ဖြစ်လာတဲ့ ရင်ခုန်စရာ ခရီးစဉ်တစ်ခုပါပဲ။ ဒါရိုက်တာ Gary Griffith က ရိုက်ကူးထားပြီး အက်ရှင်၊ ဟာသနဲ့ စိတ်လှုပ်ရှားမှုတွေ ကြောင့် သင့်ကိုသဘောကျစေမယ့် ဇာတ်ကားကောင်းတစ်ခုပါ။ ဇာတ်လမ်းအရ သူတို့စတဲ့ ခရီးစဉ်က ရိုးရိုး မီးရထားခရီးပါ။ ဒါပေမယ့် ခရီးစဉ်အစပိုင်းမှာပဲ ဟာသအဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုကို ဖြစ်လာပါတော့တယ်။ လူတိုင်းကလည်း အမျိုးမျိုးတွေဖြစ်လာတဲ့အခါ Jason London က သူ့ရဲ့ အမိုက်စား စွန့်စားခန်းကိုပဲ အက်ရှင်အပြည့်ဖြည့်ပြီးတော့ ရိုက်ကူးဖော်ပြထားပုံက ကြည့်ရှုသူတွေအတွက် လုံးဝ ရယ်နေစေရပါတယ်။ Elizabeth Berkley ကလည်း တခန်းချင်းစီမှာ သရုပ်ဆောင်ချက်တွေ ထက်ထက်မြတ်မြတ်မို့ အပီအပြင် ကြည့်ကောင်းပါတယ်။ အက်ရှင်နဲ့ ဟာသကားတွေကို သဘောကျတဲ့သူတွေအတွက် ဒီဇာတ်ကားက ကွက်တိ ဖြစ်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Banyar Aungဖြစ်ပါတယ်။)...
Monster Summer (2024) ⭐IMDB: 5.7/10 (2 k Votes) 🎬 #Adventure #Horror #Thriller #Fantasy #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Monster Summer ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်ထွက် PG13 adventure, mystery, horror ပုံစံ ဇာတ်ကာလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Trailler လေး ဖွင့်ကြည့်မိရင် Stranger Things လို Vibes မျိုး ခံစားရမှာဖြစ်ပြီး ဇာတ်လမ်းလေး ကလည်း ဒီလို Vibe မျိုး ခံစားနေရမှာပဲ ဖြစ်ပါတယ်။ အမြည်းပြောပြရရင် Noah တို့ နေထိုင်တဲ့ ကျွန်းလေး နွေရာသီဆို လူတွေ လာလာလည်ကြတဲ့ Vacation ကျွန်းလေးမှာ တစ်နေ့ကျတော့ ဘာကြောင့်မှန်းမသိ ဆယ်ကျော်သက်ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့လာပါတယ်။ သူ့ဖခင်လို စွန့်စားခန်းစာရေးဆရာဖြစ်ချင်တဲ့ Noah တစ်ယောက် ဒီ လျှို့ဝှက်စရာကိစ္စတွေကို အငြိမ်းစား ရဲစုံထောက်တစ်ယောက်နဲ့အတူ ဖော်ထုတ်ဖို့ ကြိုးစားရင်း ပြဿနာတွေက ပြေလည်သွားမလား ပိုကြီးလာမလား လျှို့ဝှက်ချက်တွေနဲ့ အနောက်မှာ ဘာတွေ ရှိနေမလဲ စတာတွေကို Mystery ဆန်ဆန် ကြည့်ရမဲ့ ဇာတ်ကား ကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။...
Alien Apocalypse (2023) ⭐IMDB: 3.3/10 (178 Votes) 🎬 #Action #SciFi #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alien Apocalypse (2023) သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်ကားတစ်မျိုးပါ။ Proxima B ကနေ ပြန်လာတဲ့ယာဥ်ပေါ်မှာ ဂြိုလ်သားနမူနာ ပါလာပါတယ်။ ဒါကို စမ်းသပ်ချင်စောနဲ့ သိပ္ပံပညာရှင်စီလက်စ်က ယူစမ်းလိုက်တဲ့အခါမှာ သက်ရှိနေတဲ့စက်ရုပ်ဂြိုလ်သားဖြစ်နေတာကို သွားတွေ့ပါတယ်။ စမ်းသပ်နေရင်းနဲ့မှ အမှားတစ်ခုဖြစ်သွားပြီးတော့ ဒီဂြိုလ်သားဟာ ကမ္ဘာ့အော်ဂဲနစ်နဲ့ ထိတွေ့နိုင်သွားတဲ့အခါမှာတော့..။ ဓာတ်ခွဲခန်းက သိပ္ပံပညာရှင်တွေအနေနဲ့ ဒီဂြိုလ်သားကို ရသမျှနည်းလမ်းနဲ့ တားဆီးကြရပါတော့တယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Adrain Avila က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 3.3 ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)...
The Caregiver (2023) ⭐IMDB: 3.1/10 (249 Votes) 🎬 #Drama #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #Argentina #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Caregiver (2024) ဇာတ်ကားက Horror ရုပ်ရှင်အမျိုးအစားပါ။ အမ်မာကတော့ မိသားစု..အဓိက သူ့အဖေဆီက လိင်အကြမ်းဖက်မှုခံရပြီးတဲ့အချိန်ကနေ ထွက်ပြေးနေရတဲ့သူပါ။ သူ့မိသားစုဆီက ထွက်ပြေးလွတ်မြောက်ပြီးတဲ့အချိန်မှာ သူ့ကိုယ်သူ ဝင်ငွေရအောင် အိမ်ဖော်အဖြစ်လုပ်ကိုင်ဖို့ အလုပ်ရှာပါတယ်။ သူ့အတွက် အဆင်ပြေမယ့် အလုပ်ဖြစ်နိုင်မယ့် အလုပ်ကို ရှာတွေ့သွားတယ်လို့ သူယုံမှတ်လိုက်တဲ့အချိန်မှာပဲ အမ်မာရဲ့ ကံကြမ္မာကတော့..။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Ariel Luque က စီစဥ်ရိုက်ကူးခဲ့ပြီးတော့ IMDb rating 3.1 ရရှိထားပါတယ်။ winner ဆု ၃ ဆု ရရှိထားပြီး တင်သွင်းခံရတဲ့အဆင့်အနေနဲ့လည်း ၃ ကြိမ်အထိ ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)...
You Gotta Believe (2024) ⭐IMDB: 5.4/10 (555 Votes) 🎬 #Family #Sport #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ ဒါရိုက်တာ Ty Roberts ရိုက်ကူးထားပြီး မင်းသားကြီး Luke Wilson နဲ့ Greg Kinnear တို့ အဓိကပါဝင်ထားတဲ့ ဘေ့စ်ဘောအသင်းတစ်သင်းရဲ့ ဖြစ်ရပ်မှန် အားကစားဇာတ်လမ်း ကောင်းပါ All-Stars ဘေ့စ်ဘော့အသင်းဟာ ရာသီပွဲတွေမှာ ရှုံးပွဲတွေ ဆက်နေခဲ့ပြီး နည်းပြဂျွန်ကလဲ ရှေ့နေအလုပ်နဲ့ပဲ အလုပ်တွေရှုပ် နေခဲ့ပါတယ်။ အသင်းသားတွေဟာလဲ စည်းလုံးမှုမရှိပဲ အချင်းချင်း ရန်ဖြစ်နေကြပြီး ရာသီနောက်ဆုံးပွဲကိုပါ ရှုံးနိမ့်သွားပါတော့တယ်။ ပြဿနာကိုယ်စီနဲ့ အသင်းသားတွေဟာ ပန်းတိုင်မရှိပဲလမ်းပျောက် နေကြတဲ့ချိန်မှာ နည်းပြဂျွန်က ဘေ့စ်ဘောလူငယ်အသင်းကမ္ဘာ့စီးရီး ပြိုင်ပွဲ ဝင်ပြိုင်ဖို့ ကမ်းလှမ်းချက်ရခဲ့ပါတယ်။ ငြင်းဖို့ပြင်နေချိန် နည်းပြလဲဖြစ် ကစားသမား ရောဘတ်ရဲ့ အဖေလည်း ဖြစ်တဲ့ နည်းပြဘော်ဘီက ကင်ဆာနောက်ဆုံးအဆင့်လို့ သိလိုက်ရတဲ့အခါ….. ပန်းတိုင်ပျောက်နေတဲ့ လူငယ်လေးတွေဖို့ နည်းပြဘော်ဘီအတွက် နိုင်ပွဲယူဖို့က ပန်းတိုင်ဖြစ်လာတဲ့အခါ….. အကောင်းဆုံးသူငယ်ချင်းရဲ့ အိပ်မက်တွေဖြစ်လာဖို့ နည်းပြဂျွန်ဟာ မိတ်ဆွေတွေရဲ့အကူအညီနဲ့ အသင်းကိုလေ့ကျင့်ပေးပြီး ပြိုင်ပွဲဝင်ဖို့ ဖြစ်လာပါတော့တယ်။ All-Starsအသင်းရဲ့ ပြိုင်ပွဲတစ်လျှောက် အတွေ့အကြုံတွေ ၊ လူငယ်လေးတွေရဲ့ ရင့်ကျက်လာမှုတွေ တွေ့ရမဲ့အပြင် ကမ္ဘာ့စီးရီးမှာ ဘယ်အဆင့်ထိ တက်လှမ်းနိုင်မလဲ….. ဘော်ဘီကရော ဘာဆက်ဖြစ်မလဲ…… အိပ်မက်အတွက်တိုက်ပွဲနဲ့ ဘဝအတွက်တိုက်ပွဲ နှစ်ခုလုံးမှာ အောင်မြင်သွားမလား ရှုံးနိမ့်သွားမလားဆိုတာကိုတော့...
Dall'alto di una fredda torre (2023) ⭐IMDB: 5.8/10 (37 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Italy ⏰ 1 နာရီ 27 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dall’alto di una fredda torre (2024) IMDb Rating (5.8) အမွှာနှစ်ယောက်ဖြစ်တဲ့ အယ်လီနာနဲ့ အန်တိုနီယိုတို့ဟာ တစ်နေ့မှာ သူတို့ရဲ့အသက်ကြီးနေပြီဖြစ်တဲ့ မိဘနှစ်ပါးမှာ ရှားပါးရောဂါတစ်ခုကို ခံစားနေရပြီးတော့ ရိုးတွင်းခြင်ဆီအစားထိုးကုသမခံရင် အသက်မရှင်နိုင်ကြောင်း သိလိုက်ရပါတယ်… ဒါ့အပြင် ရောဂါအခြေအနေကြောင့် တခြားအလှူရှင်တွေရှာဖို့အချိန်လည်း မရှိတော့တာကြောင့် လက်ရှိလှူဒါန်းဖို့ အသင့်တော်ဆုံးမှာ သားသမီးအရင်းတွေဖြစ်ကြတဲ့ သူတို့ပဲရှိပါတော့တယ်… ဒ ါကြောင့် မိဘတွေကို ရိုးတွင်းခြင်ဆီလှူဒါန်းပေးဖို ဆုံးဖြတ်ခဲ့လိုက်ကြပေမယ့်လည်း ဆေးစစ်မှုတွေ ပြုလုပ်အပြီးမှာ ထင်သလိုဖြစ်မလာခဲ့ဘဲ မိဘနှစ်ပါးမှာ တစ်ယောက်ကိုပဲကယ်ဖို့ ဆုံးဖြတ်ရမယ့်အခြေအနေဖြစ်လာပါတယ်… ဒီတော့ အကျဥ်းအကျပ်ထဲရောက်သွားတဲ့အချိန်မှာ သူတိုမောင်နှမနှစ်ယောက် ဘယ်လိုမျိုးအဖြေရှာကြမလဲဆိုတာကို ဇာတ်ရှိန်အနိမ့်အမြင့်၊ အတက်အကျများစွာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပြီး ဇာတ်ကားပြီးသွားတဲ့အခါ ကိုယ်သာ သူတို့နေရာမှာဖြစ်နေခဲ့လို့ရှိရင်ဆိုတဲ့ အတွေးမျိုးတွေလည်း ဝင်လာမိမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။)...
72 Hours (2024) ⭐IMDB: 4.1/10 (229 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 72 Hours ရုပ်ရှင်ကားဟာ ၂၀၂၄ ခုနှစ်ထွက် ရာဇဝတ်လောကကို အခြေခံရိုက်ကူးထားတဲ့ နောက်ဆုံးထွက် အက်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အစ်ကိုဖြစ်သူက FBI အရာရှိ ညီဖြစ်သူက ရာဇဝတ်လောကသား သူတို့ ၂ ယောက် ထိပ်တိုက်ရင်ဆိုင်လာချိန်မှာ ဘယ်လိုပြဿနာတွေ ဖြစ်ပေါ်လာမလဲ။ အဲဒီပြဿနာတွေကြောင့်ပဲ မိသားစုကို ထိခိုက်လာခဲ့အခါမှာ သူတို့ ၂ ယောက် မတူညီချက်တွေကို ဘေးထားပြီး ပြဿနာတွေကို ဖြေရှင်နိုင်မှာလား စတာတွေကို Action တွေ လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အက်ရှင်ကားကြိုက်သူတွေ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားပါ။...
Dream Images (2016) ⭐IMDB: 7.6/10 (37 Votes) 🎬 #Documentary 🗓 2016 🎞 movie 🌎 #Romania ⏰ 1 နာရီ 18 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရိုမေနီးယား ဒိုကူမန်ထရီ ရုပ်ရှင်ပါ။ ၂၀၁၆မှာပဲ Transilvania International Film Festivalမှာ ပြသခဲ့ဖူးတယ်။ 1978မှာ ရိုမေနီးယား အာဏာရှင် Ceausescuက တစ်တိုင်းပြည်လုံးကို ထိန်းချုပ်ထားခဲ့တယ်။ အဲဒီကာလမှာ အနုပညာသမားတွေဟာ ပိတ်ပင်ခံခဲ့ရတယ်။ Rodion G.A.ဆိုတဲ့ တီးဝိုင်းတစ်ခုကလည်းပါခဲ့တယ်။ သူတို့ဝိုင်းဟာ အဲဒီခေတ်အနေနဲ့ဆို တော်တော်ခေတ်ရှေ့ပြေးနေတဲ့ ဂီတကို ချပြခဲ့တဲ့ဝိုင်းပါ။ အာဏာရှင်က ပိတ်ပင်ထားလို ဆိုဗီယက်ကလည်း သူနဲ့မဟာမိတ်ဖြစ်တဲ့ ဥရောပအလယ်ပိုင်းနဲ့အရှေ့ပိုင်းက နိုင်ငံတွေကို ကွန်မြူနစ်မဟုတ်တဲ့ နိုင်ငံတွေနဲ့ ကူးလူးဆက်ခံခွင့်ပိတ်ထားတယ်။ အဲဒါကို Iron Curtainလို့ခေါ်ခဲ့ကြတယ်။ ဒီတော့ သူတို့ဝိုင်းဟာ ဘယ်လိုမှ သူတို့ဂီတကို မဖြန့်ဝေနိုင်ခဲ့ဘူး။ အနှစ်၃၀ကြာပြီး ၂၀၁၃မှပဲ ပွဲဦးထွက် အယ်လ်ဘမ်ကို ယူကေက Strut Recordကနေ ဖြန့်ဝေပေးခဲ့တယ်။ ဒီလို ခေတ်ရဲ့ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ Bandက Rodion Ladislau Rosca ဆိုတဲ့ အဓိကလူရဲ့ ၂၀၁၆တုန်းက လက်ရှိဘဝကို ရိုက်ပြထားတာပါ။ တီးဝိုင်းအကြောင်းနည်းနည်းပဲပါပြီး လက်ရှိကျေးလက်မှာနေနေတဲ့ Rodion Ladislau Rosca ရဲ့ ဘဝကိုပဲ ပြထားပါတယ်။ ဒီဒိုကူမှာ သူနေထိုင် စားသောက်ရှင်သန်ဖြတ်သန်းပုံကို အဓိကပြပြီး ဂီတကိုချစ်ခြင်းနည်းနည်းစွက်ထားပါတယ်။ ဒီဒိုကူမန်ထရီက ရိုမေနီးယား ဂီတအဖွဲ့တစ်ဖွဲ့ရဲ့အတိတ်ကို ဦးတည်တာဆိုပေမဲ့ လက်ရှိကိုပဲပြထားတဲ့ အချက်က ထူးခြားတယ်လို့ပဲပြောရပါမယ်။...
The Three Pests (2024) ⭐TMDB: 0% User Score 🎬 #Comedy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ လုံးဝကို ရယ်မော ပျော်ရွှင်စေမယ့်ဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်….ဇာတ်လမ်းလေးကတော့ ဆေးဝါးစက်ရုံမှူးတစ်ယောက်ရဲ့ကောင်းမှူနဲ့ အရူး ၃ ကောင်စုဝေးသွားတာပါပဲ… ပထမအရူးကတော့ သိုင်းလောကအရူးပါ…သိုင်းလောကဆိုတဲ့စကားလုံးကို ပါးစပ်ကမချတဲ့ ငွေတိုးချေးသမားပါပဲ…သူက ယုံကြည်စိတ်နဲ့ စက်ရုံမှုးကို ငွေသိန်း ၂၀ ချေးခဲ့ပေမယ့်…ငွေမဆပ်နိုင်ရင် ဆေးဝါးစက်ရုံရဲ့ ဂျင်ဆင်းရိုင်းကို ပေးမယ်ကတိပေးထားပေမယ့်…လူသေလို့ အကြွေးပျက်သွားတဲ့ အဖြစ်မျိုး ကြုံရပြန်တယ်… နောက်အရူးတစ်ယောက်ကတော့ စက်ရုံမှူးရဲ့ လောင်ကစားမက်တဲ့ သားရူးပါပဲ…သူကလည်း လောင်းကစားကြွေးကို ခြေတစ်ဖက်ရင်းရတော့မယ့်အခြေအနေမှာပဲ…သူလည်း ဂျင်ဆင်းရိုင်းနဲ့ အကြွေးဆပ်မယ်ပြောထားပြီးမြွေပါလည်းဆုံး သားလည်းဆုံးတဲ့ဘဝရောက်နေပြန်တယ်… နောက်ဆုံးအရူးကတော့…စက်ရုံက အလုပ်သမားဟောင်းအဖေကြီးဆေးဖိုးကို တောင်းဖို့ကြိုးစားရင်းနဲ့ …စက်ရုံမှူးအမွေအရှုပ်ထုပ်ကြားထဲရောက်သွားတာ…သုံးယောက်လုံး ဦးတည်ချက်ကတော့…သိန်း ၂၀ တန်တဲ့ ဂျင်ဆင်းရိုင်းကိုရယူဖို့ပါပဲ…ဘဝမှာ ပထမဆုံး ပစ္စည်းခိုးရမှာဆိုတော့ဘာတွေဘယ်လိုပြင်ဆင်ကြ လွဲကြတယ်ဆိုတာကို….ဟာသအနေနဲ့ ကြည့်ရှုရမယ့် ကားကောင်းလေးမို့အတူရယ်မောဖို့ ဖိတ်ခေါ်လိုက်ပါတယ်...
Tiger Wolf Rabbit (2024) ⭐TMDB: 69% User Score 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 6 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကလေးခိုးခံရတဲ့အတွက် ရင်ကွဲနေရတဲ့ အမုန်းတရားတွေနဲ့ပြည့်နေတဲ့လူ(၃)ယောက်ရဲ့ ကလေးရှာဖွေတဲ့ ခရီးစဉ်အကြောင်းကိုရိုက်ထားတဲ့ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဘာမှမသက်ဆိုင်တဲ့ သာမန်မိဘ(၃)ယောက်ဟာ တူညီတဲ့ရည်ရွယ်ချက်တစ်ခုအတွက်အတူဆုံလာခဲ့ကြတယ်။ သူတို့ကတစ်လမ်းလုံးမှာ တစ်ယောက်နဲ့တစ်ယောက်သံသယတွေနဲ့ မှန်းဆရင်းကနေ တစ်ဖြည်းဖြည်းတစ်ယောက်နဲ့တစ်ယောက်ယုံကြည်လာခဲ့ကြတယ်။ အများအမြင်မှာတော့ အသက်မဲ့တဲ့အကြည့်တွေနဲ့ ကလေးပျောက်ဆုံးသွားတဲ့မိဘတွေလို့ထင်ကြပေမယ့် တကယ်တမ်းတော့ သူတို့ဟာ ကိုယ့်သားသမီးအတွက်ခေါင်းမာတဲ့၊ သန်မာတဲ့၊ ဇွဲမလျှော့တဲ့ မိဘတွေဖြစ်ကြောင်းကိုပြသွားခဲ့ပါတယ်။အခက်အခဲတွေ အန္တရာယ်တွေအမျိုးမျိုးကျော်ဖြတ်ရတဲ့သူတို့ရဲ့ကလေးပျောက်ရှာတဲ့ခရီးဟာ အဆုံးမှာဘယ်လိုရလာဒ်တွေကစောင့်ကြိုနေမှာလဲ။ ဇာတ်လမ်းတွဲတွေမှာ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ချီးကျူးခံရတဲ့မမZhao Li Ying က ဒီရုပ်ရှင်မှာပါ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကိုချပြထားပါတယ်။...
To Fall in Love (2023) ⭐IMDB: 5.2/10 (34 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 To Fall in Love (2023) တယောက်နဲ့ တစ်ယောက် ကွာရှင်းကြတော့မယ်လို ဆုံးဖြတ်ထားကြတဲ့ လင်မယား နှစ်ယောက် သူတို အိမ်ထောင်ရေးကို ပြန်သွားဖို နောက်ဆုံး အကြိမ်ကြိုးစားကြည့်မယ်ဟု နှစ်ယောက်စလုံး ဆုံးဖြတ်လိုက်ကြတဲ့အခါ…… အင်တာနက်ပေါ်က ရလာတဲ့ အတွဲတွေအတွက် မေးခွန်း ၃၆ ခုကို တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်မေးကြရင်း သူတိုနှစ်ယောက်ကြားက ရှုပ်ထွေးနေတဲ့ခံစားချက်တွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်သဘောထားရှိမှုတွေ တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်ချစ်သေးကြလား ဆိုတာကို ဝမ်းနည်းဖွယ် ကြည်နှုးဖွယ် ရသမျိုးစုံနဲ့ ကြည့်ရှုရမှာပါ…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Dar Dar ဖြစ်ပါတယ်။)...
Ararat (2002) ⭐TMDB: 62% User Score 🎬 #Drama #History #War 🗓 2002 🎞 movie 🌎 #Canada #France ⏰ 1 နာရီ 55 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့၂၀၀၂ ခုနှစ်မှာ ထွက်ရှိထားတဲ့ Historical Drama ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့Toronto မှာရှိတဲ့ ရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ဟာ ၁၉၁၅ခုနှစ်တုန်းက ဗန်မြို့မှာဖြစ်ပျက်ခဲ့တဲ့ အာမေးနီးယန်းလူမျိုးတုံး သတ်ဖြတ်မှုကို ခုခံကာကွယ်ခဲ့တဲ့အကြောင်းကို အခြေခံကာ ရိုက်ကူးရေးလုပ်ခဲ့ကြပြီး ဒီလူမျိုးတုံးသတ်ဖြတ်မှုကြောင့် ထိခိုက်နစ်နာခဲ့သူများ၏ မိသားစုဝင်များနှင့် မျိုးဆက်များရဲ့ တစ်ဦးချင်းစီအလိုက် ခံစားရသော စိတ်ဒဏ်ရာတွေကို အနုပညာဆန်ဆန် ဖော်ကြူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ 2002 Cannes ရုပ်ရှင်ဆုပေးပွဲမှာ ဇကာတင်ဝင်ခဲ့ပြီး ၂၃ကြိမ်မြောက် Genieဆုပေးပွဲမှာ Best Motion Picture ဆုအပါအဝင် ဆုငါးဆုရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့အတွက်ကြောင့် ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။...
I, the Executioner (2024) ⭐IMDB: 6.4/10 (848 Votes) 🎬 #Action #Comedy #Crime #Thriller #Adventure 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Veteran 2 (2024) ******************** IMDb… 7 12:12 The Day၊ The Point Men ထဲက Hwang Jung Min နဲ့ Connection, Love Next Doorထဲက Jung Hae In တို့ ပါဝင်ထားပြီး ကြည့်ရှုသူ 7သန်းကျော်ခဲ့တဲ့ Crime,Action ဇာတ်ကား Veteran 2 ထွက်ရှိလို့ လာပါပြီ။ ဇာတ်လမ်းအညွှန်း မိသားစုကိုတောင် အချိန်မပေးနိုင်တဲ့အထိ မိုးလင်းမိုးချုပ် အလုပ်များကြတဲ့ ဆောဒိုချော (Hwang Jung Min) တို့ရဲ့ မှုခင်းတပ်ဖွဲ့ကို ခေါင်းစားအောင် လုပ်မဲ့ ကွင်းဆက် လူသတ်သမားဟာ သူရဲ့ နောက်ထပ် ပစ်မှတ်ကို ညွှန်ပြထားတဲ့ ဗွီဒိယို တစ်ခုကို အင်တာနက်ပေါ်မှာ တင်ခဲ့ပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်အောင် ဖန်တီးလိုက်ပါတယ်။ တရားမျှတမှုကို လက်ကိုင်ထားတဲ့ ရဲဝန်ထမ်း ပေါက်စ ဘတ်ဆွန်းအူ (Jung Hae In)ရဲ့ လုပ်ရည်ကိုင်ရည်ကို သဘောကျသွားတဲ့ ဝါရင့် စုံထောက် ဆောဒိုချောဟာ ဘတ်ဆွန်းအူကို သူတို့ အဖွဲ့နဲ့ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့ပြီး လှည့်ကွက်များတဲ့ ကွင်းဆက်လူသတ်သမားကို ဘယ်လို ဖမ်းဆီးသွားမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။)...
Mormon Mom Gone Wrong: The Ruby Franke Story (2024) ⭐IMDB: 5.7/10 (154 Votes) 🎬 #Crime #Drama #Thriller #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDbs 5.5/10 လူတွေမှာဘာသာရေးလိုက်စားတဲ့အတိုင်းအတာတစ်ခုဟာ အစွန်းရောက်သွားပြီဆိုရင် တခြားအာဏာရှိကြိုးဆွဲတတ်တဲ့လူအောက်မှာ လွယ်လင့်တကူပဲအယုံသွင်းခံရလာပြီးManipulationလိုသလိုအသုံးချကြိုးဆွဲခြယ်လှယ်ခံရပါတော့တယ် ဒီဇာတ်ကားဟာ အသုံးချသူနဲ့အသုံးချခံလူနှစ်ယောက်ရဲ့တကယ့်ဖြစ်ရပ်မှန်ကိုပြန်လည်အသက်သွင်းတဲ့ကားဖြစ်ပါတယ် Parenting နဲ့ပတ်သက်ပြီး Vloggingလုပ်တဲ့ Youtuber ရူဘီဖရန်ကီဟာ သန်းနဲ့ချ်ီတဲ့ဖော်လိုဝါတွေပိုင်ဆိုင်ထားပြီး ပြီးပြည့်စုံတဲ့မိသားစုကိုတည်ဆောက်နိုင်တယ်လို့ ဂုဏ်သတင်းမွှေးနေတဲ့အမျိုးသမီးပေါ့ တစ်ရက်မှာတော့ သူမရဲ့သားသမီးအုပ်ထိန်းမှုနည်းစနစ်ဟာ တင်းကျပ်တာထက်ပိုပြီးမကောင်းတဲ့ဘက်ကိုဥိီးတည်နေတာကို အွန်လိုင်းကြည့်ရှုသူအချို့ကရိပ်စားမိလာပြီး စုပေါင်းတရားစွဲဆိုဖို့ပြင်ဆင်ကြပါတော့တယ် အဲ့ဒီအချိန်ကစလို့ သိပ်ကိုPerfectဖြစ်ချင်တဲ့မိန်းမရဲ့ဘဝဟာ ဆောက်တည်ရာမရဖြစ်လာခဲ့ပြီး ဂျိုဒီလို့ခေါ်တဲ့ အကြံပေးဆရာဝန်မနဲ့တွေ့ဆုံမိပါတော့တယ် သူအကြီးအကျယ်အထင်ကြီးပြီးယုံကြည်နေတဲ့ ဒီကုထုံးဆရာဝန်ဟာ ဘာသာရေးကိုအသုံးချပြီး သူ့ဘဝကိုဘယ်လောက်အထ်ိသက်ရောက်မှုဖြစ်စေတယ်ဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ရှုကြပါအုံးနော်...
Ararat (2002) ⭐TMDB: 62% User Score 🎬 #Drama #History #War 🗓 2002 🎞 movie 🌎 #Canada #France ⏰ 1 နာရီ 55 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့၂၀၀၂ ခုနှစ်မှာ ထွက်ရှိထားတဲ့ Historical Drama ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့Toronto မှာရှိတဲ့ ရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ဟာ ၁၉၁၅ခုနှစ်တုန်းက ဗန်မြို့မှာဖြစ်ပျက်ခဲ့တဲ့ အာမေးနီးယန်းလူမျိုးတုံး သတ်ဖြတ်မှုကို ခုခံကာကွယ်ခဲ့တဲ့အကြောင်းကို အခြေခံကာ ရိုက်ကူးရေးလုပ်ခဲ့ကြပြီး ဒီလူမျိုးတုံးသတ်ဖြတ်မှုကြောင့် ထိခိုက်နစ်နာခဲ့သူများ၏ မိသားစုဝင်များနှင့် မျိုးဆက်များရဲ့ တစ်ဦးချင်းစီအလိုက် ခံစားရသော စိတ်ဒဏ်ရာတွေကို အနုပညာဆန်ဆန် ဖော်ကြူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ 2002 Cannes ရုပ်ရှင်ဆုပေးပွဲမှာ ဇကာတင်ဝင်ခဲ့ပြီး ၂၃ကြိမ်မြောက် Genieဆုပေးပွဲမှာ Best Motion Picture ဆုအပါအဝင် ဆုငါးဆုရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့အတွက်ကြောင့် ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။...
The Human Condition II: Road to Eternity (1959) ⭐TMDB: 82% User Score 🎬 #Drama #History #War 🗓 1959 🎞 movie 🌎 #Japan ⏰ 2 နာရီ 58 မိနစ် 30 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A S...
The Human Condition I: No Greater Love (1959) ⭐TMDB: 81% User Score 🎬 #Drama #History #War 🗓 1959 🎞 movie 🌎 #Japan ⏰ 3 နာရီ 25 မိနစ် 9 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Sold...
