en
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
My Annoying Brother (2024) ⭐IMDB: 8.3/10 (83 Votes) 🎬 #Comedy #Drama #Sport 🗓 2024 🎞 movie 🌎 #Indonesia #SouthKorea ⏰ 1 နာရီ 54 မိနစ် 28 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 My Annoying Brother (2024) ချိုးဖျက်မရတဲ့ နှောင်ကြိုး================================= ၂၀၁၆ က နာမည်ကြီးခဲ့တဲ့ ” My Annoying Brother” ဆိုတဲ့ ကိုရီးယားကားလေးကို ကိုးကား ထားတဲ့အင်ဒိုနီးရှားဒရမ်မာလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံအဆင့် ဂျူဒိုအားကစားသမားလေး ကမ်မယ်လ်ဟာပြိုင်ပွဲတစ်ခုမှာ ထိခိုက်မိပြီး မျက်စိအမြင်အာရုံ ဆုံးရှုံးခဲ့ရပါတယ်။ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးသွားတဲ့သူ့အဖို့ အားကိုးရာဆိုလို့အစ်ကိုတစ်ယောက်ပဲ ရှိတာပါ။ အစ်ကိုကလည်း ထောင်ကျနေတာကြာပြီဖြစ်တဲ့အတွက် သူ့အဖို့ နေ့စဉ်ဘဝနေထိုင်မှုဟာ ခက်ခဲလာရပါတယ်။ အဲဒီအချိန်မှာပဲ သူ့အစ်ကို ဂျာယာက ကမ်မယ်လ်ကိုအကြောင်းပြချက်အဖြစ်သုံးလို့ ခံဝန်လက်မှတ်ထိုးပြီးထောင်ကလွတ်ငြိမ်းခွင့် ရလာပါတယ်။ အချိန်အတော်ကြာ အနေဝေးခဲ့ရတဲ့ ညီအစ်ကိုနှစ်ယောက်အဖို့အတူပြန်တွေ့ရချိန်မှာ သိပ်အစေးမကပ်လှပါဘူး။ အဲဒီလိုနဲ့ပဲနှစ်ယောက်သားအလွဲလေးတွေကြုံရင်း၊ ရန်သတ်ရင်း နေ့ရက်တွေကို အတူဖြတ်သန်း နေထိုင်လာပါတယ်။ ညီအစ်ကို၊ မောင်နှမဆိုတာ မတည့်လည်းအတူနေရန်သတ်၊ မမြင်ရင်မနေနိုင် ချောင်းကြည့်ဆိုတဲ့ အတိုင်းသွေးကစကားပြောတာမို့ ကမ်မယ်လ်တို့ညီအစ်ကိုလည်း အတိတ်ကသူတို့ အဆင်ပြေခဲ့စဉ်ကာလတွေကိုအမှတ်ရလာပြီးလောကကြီးထဲ သူတို့နှစ်ဦးသာအားကိုးရာဆိုတာကို သိမြင်လာတဲ့အခါမှာတော့………… သူတို့နှစ်ဦး ဘယ်လိုလွဲချော် ရန်ဖြစ်နေကြလဲ၊ ဘယ်လိုပြန်အဆင်ပြေမလဲ၊ကမ်မယ်လ်ရဲ့အမြင်အာရုံကရော ရှေ့ဆက်ဘယ်လိုဖြစ်မလဲ၊ ဂျာယာကရော အရင်လိုဆိုးသွမ်းမိုက်မဲနေဆဲလား၊ပြုပြင်ပြောင်းလဲလာမလားဆိုတာ သူတို့ရဲ့ ရင်ကိုထိခတ်စေတဲ့ညီအစ်ကိုသံယောဇဉ်နဲ့အတူ ကြည့်ရှုအားပေး ခံစားကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ ToMo~Cym~KKKZ~STAR တို့ပဲဖြစ်ပါတယ်။
...

A Long Shot (2024) ⭐TMDB: 58% User Score 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 58 မိနစ် 16 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 CM ရဲ့ တရုတ်ကားချစ် ပရိသတ်တို့အတွက် ဇာတ်ကားဆန်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…တစ်ချိန်တစ်ခါက အဝေးပစ် သေနတ်ပစ်အားကစားသမားဟောင်းတစ်ယောက်…တစ်နေ့မှာ အာရုံကြောထိခိုက်ပြီး နားတစ်ဖက်မကြားတဲ့အနေအထားကို ရောက်သွားခဲ့တယ်… ဆာလောင်မွတ်သိပ်မှုက ငြိမ်မနေနိုင်တော့ ဘဝဝမ်းစာအတွက် အလုပ်ထွက်လုပ်ခဲ့ရာကနေ…အများပြောတဲ့ အရပ်ထဲက နားလေးပါးလေး စက်ရုံဟောင်းက လုံခြုံရေးဝန်ထမ်းကြီးဖြစ်လာတာပေါ့…ဒီလိုနဲ့ စက်ရုံကို ညတိုင်းလိုလို ပစ္စည်းလာလာခိုးနေတဲ့ ဗရုတ်တစ်ဖွဲ့က ကောင်လေးတစ်ယောက်နဲ့ ဆုံပြီး…တိုက်တိုက်ဆိုင်ဆိုင် ဒီကောင်လေးက သူကြိုးစားနေတဲ့ဖူးစာကြင်ဖော်အမျိုးသမီးရဲ့ အရင်အမျိုးသားနဲ့ရတဲ့သားဖြစ်နေလေရဲ့… အဖေတစ်ဝမ်းကွဲဖြစ်တော့မှာဆိုတော့ ဒီလမ်းမှားနေတဲ့ သားတစ်ဝမ်းကွဲကို ဆုံးမရင်းနဲ့ပဲ…သူမသိသေးတဲ့ သူအလုပ်လုပ်နေတဲ့ စက်ရုံရဲ့ လျို့ဝှက်ချက်ကို သိခဲ့သလို….တစ်ချိန်က မေ့ထားခဲ့တဲ့ သေနတ်ကို လက်ထဲ ပြန်ကိုင်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့တာပါပဲ…ကဲ ဘယ်လို ဇာတ်အိမ်နဲ့ တည်ဆောက်ထားတဲ့ ဇာတ်လမ်းလဲဆိုတာ ကြည့်လိုက်ရအောင်နော်
...

A Poem in Love (2024) ⭐TMDB: 0% User Score 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 39 မိနစ် 46 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 လောကကြီးမှာ တစ်ယောက်သောအတွက်နဲ့တစ်ဘဝလုံးသစ္စာရှိပြီးချစ်ပေးခဲ့တဲ့အချစ်မျိုးမှာတစ်ဖက်ကလည်းသစ္စာရှိရှိပြန်ချစ်ပေးခဲ့မယ်ဆိုရင်တော့ပျော်ရွှင်စရာအချစ်မျိုးပိုင်ဆိုင်နိုင်ပေမဲ့ပြန်မရတဲ့အခါမှာတော့နာကျင်မှုတွေခံစားရတတ်ကြတာပါပဲ။ အမြဲတမ်းတက်ကြွထက်မြတ်ပြီး ပုံပြင်နဲ့ကဗျာကိုရေးသားစပ်ဆိုရတဲ့ရှောင်ရှီးဆိုတဲ့မိန်းကလေးမှာ ကဗျာကိုရူးသွပ်လွန်းပြီးကိုယ့်ကိုယ်အထင်ကြီးလွန်းတဲ့ခန်းဆိုက်ဆိုတဲ့ကောင်လေးနဲ့ ငယ်စဉ်တည်းကအတူတူကြီးပြင်းကြတဲ့ ငယ်ပေါင်းကြီးဖော်တွေဆိုပေမဲ့ခန်းဆိုက်ကတော့ရှောင်ရှီးကို နှလုံးသားထဲကနတ်သမီးလေးတစ်ပါးလို အမြတ်တနိုးတန်ဖိုးထားတာပေါ့။ ဘွဲ့ရပြီးနောက်မှာ ကဗျာစပ်ဆိုဖို့အတွေးအခေါ်တွေရှာဖို့အတွက်နဲ့ခန်းဆိုက်တစ်ယောက်အေးချမ်းလှတဲ့တောင်ပေါ်ဒေသလေးဆီထွက်သွားတဲ့အချိန်မှာရှောင်ရှီးကလည်း တစ်လျှောက်လုံးလိုက်ဖြည့်ဆည်ပေးခဲ့တယ်။ ဒီလိုနဲ့အဲ့ဒေသလေးမှာ အတူတူဖြတ်သန်းကြရင်းကိုယ့်ရဲ့စိတ်အားထက်သန်လှတဲ့အိမ်လေးတစ်လုံးကိုရှာတွေ့သွားကြပြီး ထောင်လဲ့လို့အမည်ပေးခဲ့တာပေါ့။တစ်ဘဝလုံးစာရင်းပြီး ချစ်ပေးနေတဲ့ရှောင်ရှီးနဲ့ ရှောင်ရှီးကိုလည်းမြတ်မြတ်နိုးနိုးချစ်နေတဲ့ခန်းဆိုက်နှစ်ဦးသားကြားမှာ တစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေကမပွင့်လင်းမပြောထွက်ရဲလာကြတဲ့အခါမှာခံစားချက်တွေဝေဝါးလာခဲ့ကြတဲ့အချိန်မှာတော့ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီတော့ အချစ်ရဲ့နာကျင်မှုဆိုတာတစ်ခါတစ်ရံမှာကိုယ့်ဘက်ကခံစားချက်ကိုရဲရဲဝံ့ဝံ့ထုတ်မပြတော့တဲ့အခါတစ်ယောက်သောသူကို လက်လျှော့မလား။ရှေ့ဆက်တိုးမလားဆိုတဲ့ရွေးချယ်စရာတွေအတွေးပေါင်းများစွာဖြစ်ပေါ်လာတတ်တာကိုဖော်ကျူးရိုက်ကူးထားတာကြောင့်ဒီဇာတ်ကားလေးကို စောင့်မျှော်ကြည့်ရူလိုက်ရအောင်
...

The Elite of SWAT (2025) ⭐TMDB: 0% User Score 🎬 #Action #Crime #Drama 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 36 မိနစ် 24 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ငယ်ငယ်ကတည်းက အဖေလိုပဲ အထူးရဲဖြစ်ချင်တဲ့သားတစ်ယောက်ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်တဲ့ဘဝခရီးပဲဖြစ်ပါတယ်။လွီရင်းကျယ်ရဲ့အဖေဟာ အထူးရဲတစ်ယောက်ဖြစ်ပြီးတော့မစ်ရှင်မှာအသက်စတေးသွားခဲ့ရတယ်။လွီရင်းကျယ်ကအဖေဆုံးသွားပြီး အမြဲဝမ်းနည်းနေတဲ့အမေကိုငဲ့ညှာတဲ့အနေနဲ့သူ့အိပ်မက်ကိုဘေးချိတ်ပြီး သာမန်ရပ်ကွက်ကစခန်းခွဲလေးမှာ ရဲလေးတစ်ယောက်ပဲလုပ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သားဖြစ်သူရဲ့အိပ်မက်ကိုသိတဲ့အမေက အထူးရဲတပ်ဖွဲ့ဝင်ဖြစ်ဖို့သူ့သားကိုယ်စားလျှောက်လွှာတင်ပေးလိုက်ပါတယ်။အဲဒီလိုနဲ့လွီရင်းကျယ်ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့စကြိုးစားဖို့ဖြစ်လာပါတယ်။ခက်ခဲကြမ်းတမ်းတဲ့လေ့ကျင့်ရေးတွေနဲ့ ကြပ်မက်တဲ့စစ်ဆေးရေးတွေအောင်ဖို့ဘယ်လိုကြိုးစားကြရလဲ အထူးရဲတစ်ယောက်ဖြစ်ဖို့ဘာတွေလိုအပ်သလဲဆိုတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
...

奇门机关卷 (2025) ⭐TMDB: 0% User Score 🎬 #Adventure #Fantasy 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 13 မိနစ် 1 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒဏ္ဍာရီထဲမှာ ချီမိန်စက်ကျမ်းစာထဲမှာ အလောင်းဘုရင် ချုပ်ထိန်းပညာကိုမှတ်တမ်းတင်ထားတယ်လို့ ပြောကြပါတယ်။အဲဒီ ကျမ်းစာကို ရသူက လောကကြီးကို ပိုင်နိုင်ပြီတဲ့။ အဲဒီကျမ်းစာကို ကွေကူသင်္ချိုင်းမှာ ရှိတယ်လို့ ပြောကြတဲ့အတွက်ချီတိုင်းပြည်နဲ့ ချူတိုင်းပြည်တို့က သူ့ထက်ငါအရင်ရအောင်သင်္ချိုင်းဂူထဲကို ဆင်းရှာခဲ့ကြပါတယ်။ ဒါပေမဲ့ ကျမ်းစာကိုမရတဲ့အပြင်နှစ်ဖက်လုံး ဒဏ်ရာရသူ သေဆုံးသူ များပြားခဲ့ပါတယ်။ မော့ဂိုဏ်းတပည့် မော့ရှင်းဟာ ဆရာတူအစ်ကို ကုံးစူးယန်နဲ့ ဆရာတူညီမလေးအားပေါင်းတို့ကို ခေါ်ပြီး နှစ်နိုင်ငံစစ်ရေးကို တားဆီးနိုင်ဖို့ မျှော်လင့်ချက်နဲ့ကွေကူသင်္ချိုင်းကို သွားခဲ့ပါတယ်။ ကွေကူသင်္ချိုင်းထဲမှာကျမ်းစာကို မရခဲ့ပေမဲ့ ကျမ်းစာရှိရာနေရာကို ပြတဲ့ မြေပုံတစ်ခုတော့ ရခဲ့ပါတယ်။ စစ်ဖြစ်ချင်သူအဖွဲ့နဲ့ စစ်ကို ရှောင်ရှားချင်သူတို့ကြားဘယ်လို ဉာဏ်နီဉာဏ်နက်တွေနဲ့ အကြံအစည်မျိုးတွေ ရှိနေမလဲ……အဲဒီ အကြံအစည်တွေ နောက်ဆုံး အောင်မြင်လိမ့်မလား……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...

Five Star Princess (2024) ⭐TMDB: 70% User Score 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 24 မိနစ် 30 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Five Star Princess (aka) Putri Bintang Lima (2024) “ရွှေဘုံစံမင်းသမီးနဲ့ ကော်ဖီအဖျော်ဆရာလေး” အားလပ်ချိန်မှာအပျင်း‌ပြေဖို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့အင်ဒို-အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသဆိုပေမဲ့အရှေ့တောင်အာရှနိုင်ငံတော်တော်များများက ဘွဲ့ရလူငယ်တွေရဲ့ လက်တွေ့ဘ၀ကိုလည်း ထင်ဟပ်ပြထားပါတယ်။ ဇာတ်လမ်းထဲမှာ ပါဒန်နာဟာ မာစတာဘွဲ့ရထားတဲ့အလုပ်လက်မဲ့လူငယ်တစ်ယောက်ပါ။ ဘွဲ့ရပေမဲ့လည်းအလုပ်ရှားပါးတာကြောင့် အိမ်မှာဒီတိုင်းနေနေတဲ့ ပါဒန်နာကို အဖေဖြစ်သူက ကြည့်မရပါဘူး။ ထုံးစံအတိုင်း ပါဒန်နာကို နေ့စဉ်နဲ့အမျှ အလုပ်လုပ်ဖို့ ဖိအားပေးတတ်ပါတယ်။ အဲဒီအလုပ်အကိုင်ကိစ္စကြောင့်ပဲ ပါဒန်နာဟာ လက်ရှိရည်းစားဖြစ်သူနဲ့ ဝေးရကိန်းဆိုက်ပါတော့တယ်။သူ့ရည်းစားရဲ့အဖေက အမေရိကမှာ အခြေချမှ သူ့သမီးနဲ့ပေးစားမယ်ပြောလိုက်လို့ပါ။ ဒါကြောင့် ပါဒန်နာလည်း အလုပ်တစ်ခုရှိမှဖြစ်မယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းတွေနဲ့ စပ်တူကော်ဖီဆိုင်လေး ဖွင့်ပါတော့တယ်။ ဇာတ်လမ်းက အဲဒီတော့မှ စတာပါ။ ပါဒန်နာတို့ကော်ဖီဆိုင်ရဲ့ရှေ့နားမှာအိမ်ကြီးအိမ်ကောင်း တစ်အိမ်ရှိပါတယ်။ တစ်နေ့တော့ အဲဒီအိမ်ကပါကျန်ကာဆိုတဲ့ ကောင်မလေးနဲ့ ပါဒန်နာတို့ အကြည့်ချင်းဆုံပြီး ရင်တွေခုန်ကြပါတော့တယ်။ ပါကျန်ကာရဲ့အဖေဟာ အငြိမ်းစားစစ်ဘက်အရာရှိကြီးတစ်ဦးဖြစ်ပြီး သမီးဖြစ်သူအပေါ်အရမ်းစည်းကမ်းတင်းကျပ်သူပါ။ ပါကျန်ကာကလည်း အဲဒီလိုအဖေလက်အောက်မှာကိုရည်းစားတွေ နေရာစုံအောင်ထားလာတဲ့ လက်လက်ထကောင်မလေးပေါ့။ ဒီလိုနဲ့ ရွှေဘုံစံမင်းသမီးလေးပါကျန်ကာနဲ့ သာမန်ကော်ဖီအဖျော်ဆရာလေးပါဒန်နာတို့ရဲ့ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မှာလဲ၊ကောင်မလေးမိဘတွေ လက်ခံအောင် ပါဒန်နာကရောဘယ်လိုဉာဏ်နီဉာဏ်နက်တွေထုတ်သုံးမလဲ ဆိုတာ ရယ်ရယ်မောမော ကြည့်ရှုကြည့်ရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~Zwe Yan~Star~ToMo ပါ။)
...

Moartea in vacanta (2024) ⭐IMDB: 7.1/10 (825 Votes) 🎬 #Comedy #Action 🗓 2024 🎞 movie 🌎 #Romania ⏰ 1 နာရီ 29 မိနစ် 27 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Moartea In Vacanta (aka) Death on Holiday (2024)“အားလပ်ရက် အပန်းဖြေခရီး” ရိုမေးနီးယား ဟာသဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ အာဒရီယန်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာသားသမီးမရှိ၊ အိမ်ထောင်မရှိတဲ့ လူချမ်းသာအဘွားကြီးမစ္စရိုဒီကာရဲ့ တိုက်ခန်းမှာ ငှားနေပြီး လောင်းကစားကလွဲရင် ကျန်တာမလုပ်တတ်တဲ့သူ့ရဲ့ဝမ်းကွဲအစ်ကိုက သူ့အိမ်မှာကပ်နေရင်းအဘွားကြီးအကြောင်းသိသွားတဲ့အခါမှာ ဝင်ရောဖို့ကြိုးစားပါတယ် နောက်ဆုံး အဘွားကြီးနဲ့ သူ့ဘော်ဒါကောင်မလေးဂရိကို အပန်းဖြေခရီးထွက်သွားတဲ့အခါမှာသူတို့နှစ်ယောက် နောက်ကလိုက်သွားခဲ့ပြီး ဘယ်လိုအလွဲအချော်တွေ ဆက်ဖြစ်ကြမှာလဲ ခံစားကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team မှ ဖြစ်ပါတယ်
...

The Social Network (2010) ⭐TMDB: 74% User Score 🎬 #Biography #Drama 🗓 2010 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 10 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကား ဟာ Facebook တည်ထောင်သူ မာတ်ဇူကာဘတ် ရဲ့ ကျောင်းသားဘ၀ နှင့် Facebook ကို တည်ထောင်တဲ့ ကာလ တစ်လျှောက်က အကြောင်းများကို ဇတ်လမ်းရိုက်ကူးထားသည့် ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်…. ရုပ်ရှင်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလဲ ဒိတ်ဒိတ်ကျဲတွေပါပဲ Now You See Me ထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Jesse Eisenberg နဲ့ Spider-Man မင်းသား Andrew Garfield တို့ဖြစ်ပြီး နာမည်ကြီးအဆိုတော် Justin Timberlake တောင် ပါဝင်ပါသေးတယ် ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားသလို ဇတ်လမ်းကလဲ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်…. မတ်ဇူကာဘတ် ဟာ ဖေ့ဘုတ် ကို သူငယ်ချင်းဖြစ်သူ နဲ့ အတူ တည်ထောင်ရင်း ဖေ့ဘုတ်ရဲ့ အရှိန်အဝါ ကြီးမားလာပုံ ကို ရိုက်ပြထားပါတယ်
...

Permission (2017) ⭐IMDB: 5.4/10 (5 k Votes) 🎬 #Comedy #Drama #Romance 🗓 2017 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 37 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Permission (2017) ******************* IMDb…..5.4 (ဒီကားက ၁၈+ ဆန်ဆန်ပညာပေးကားမို့ အရွယ်ရောက်သူများသာကြည့်စေလိုပါသည်။) ဝီလျံနဲ့အန်နာတို့စုံတွဲဟာ ဆယ်စုနှစ်များစွာတွဲလာခဲ့ကြတယ် ချစ်သူစုံတွဲဖြစ်ပါတယ်။ ပျော်ရွှင်စွာအတူတကွနေလာခဲ့ကြပြီး အန်နာရဲ့အသက်၃၀ပြည့်မွေးနေ့မှာမထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ မွေးနေ့မှာဝီလျံရဲ့ သူငယ်ချင်းက အရက်မူးမူးနဲ့သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးဝေဖန်အကြံပြုခဲ့ပါတယ်။ သမရိုးကျ သစ္စာရှိရှိချစ်ကြိုက်ပြီး အချိန်တန်လက်ထပ်ကြတာဟာငြီးငွေ့ဖွယ်ဖြစ်ကြောင်း အတွေ့အကြုံအသစ်အဆန်းရှာဖွေသင့်ကြောင်း အခြားသူများနဲ့အတူတူအိပ်ဖို့အထိပါအကြံပေးခဲ့ပါတယ်။ သူကမူးမူးနဲ့စနောက်ခဲ့တာဖြစ်ပေမဲ့ သူပေးတဲ့အကြံကို ဝီလျံနဲ့အန်နာတို့ကလက်ခံပြီး အချစ် အတွေ့အကြုံသစ်တွေကိုရှာဖွေခဲ့ရာမှ သူတို့နှစ်ယောက်ရဲ့အချစ်ရေးဆက်လက်ခိုင်မြဲမလား ဘယ်လိုအခြေအနေတွေဖြစ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းလိင်တူချစ်သူစုံတွဲရဲ့ ဇာတ်ထုပ်ကလည်း တစ်မျိုးတစ်ဖုံစိတ်ဝင်စားစရာပါ။ Sex & Nudity တွေ အတော်များများပါဝင်တဲ့ အတွက်ကြောင့် မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း အကြံပြုပါရစေ
...

Mahogany (2022) ⭐TMDB: 10% User Score 🎬 #Crime #Drama 🗓 2022 🎞 movie 🌎 # ⏰ 1 နာရီ 24 မိနစ် 16 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Mahogany (2024) မဟော်ဂနီဆိုတာ ဘာရည်မှန်းချက်မှမရှိဘဲ ဘ၀ကိုကြုံသလိုဖြတ်သန်းနေတဲ့သူ။ စတိုးဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်နေပေမဲ့ အမြဲတမ်း အလုပ်နောက်ကျနေလို့ အလုပ်ကနေ ဖြုတ်ခံလိုက်ရတဲ့အခါ အဖော်ကောင်းနဲ့တွေ့ပြီး ဓားပြမှုတစ်ခုမှာပါဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ သူတို့စီစဉ်ထားတဲ့အတိုင်းမဟုတ်ဘဲ ဓားပြမှုက ကမောက်ကမတွေဖြစ်ပြီး တဖြည်းဖြည်း ပြဿနာတွေ ကြီးမားလာတဲ့အခါမှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့Pyae Phyoဖြစ်ပါတယ်)
...

Werckmeister Harmonies (2001) ⭐TMDB: 79% User Score 🎬 #Drama #Mystery 🗓 2001 🎞 tv movie 🌎 #France #Germany #Hungary #Italy ⏰ 2 နာရီ 20 မိနစ် 46 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Werckmeister Harmonies (2000) IMDb Rating (8.0) / Rotten Tomatoes (98%) ၂၀၀၀ ပြည့်နှစ်ထွက် ဟန်​ဂေရီ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ နာမည်ကြီး ဒါရိုက်တာ Béla Tarr ရဲ့ Masterpiece လို့ နာမည်ကြီးပါတယ်။ Drama, Mystery အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Béla Tarr ဟာ ရိုက်ချက်အရှည်ကြီးတွေရိုက်တတ်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ဒီရုပ်ရှင်မှာလည်း တစ်ဆက်တည်းရိုက်ချက် အရှည်ကြီးတွေကို အသုံးပြုခဲ့ပါတယ်။ ရုပ်ရှင်တစ်ကားလုံးမှာမှ ရိုက်ချက် ၃၉ ခုပဲရှိခဲ့တာပါ။ ဘာလင်ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့ဖူးပြီးတော့ ကိန်းရုပ်ရှင်ပွဲတော်မှာလည်း ဆန်ကာတင်တွေဝင်ခဲ့ဖူးတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ IMDB 8.0 အထိရရှိထားပါတယ်။ ဇာတ်လမ်းကတော့.. မနှစ်မြို့စရာတွေ အပြည့်နဲ့ဆပ်ကပ်အဖွဲ့တစ်ဖွဲ့ မြို့ကိုရောက်ရှိလာအပြီး လူ့စိတ်သဘောတွေ ချယ်လှယ်ခံရပုံ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးပြိုလဲရပုံ မြို့ကြီးတစ်ခုလုံးကပ်စိုက်ရပုံ ကိုရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Min Thwayဖြစ်ပါတယ်။)
...

The Sixth Sense (1999) ⭐TMDB: 80% User Score 🎬 #Drama #Mystery #Thriller 🗓 1999 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 36 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 The Sixth Sense (1999) IMDb Rating (8.2) / Rotten Tomatoes (86%) မင်းသားကြီး ဘရုစ်ဝီလီ ရဲ့ ၁၉၉၉ က ဇာတ်ကားဟောင်းလေးပါ။ အော်စကာ ဆန်ကာတင် ခြောက်ခုအထိဝင်ခဲ့တဲ့ Psycho-Thriller ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကလေးသူငယ်စိတ်ဓါတ်မြှင့်တင်ရေးအလုပ်တွေမှာစိတ်ရောကိုယ်ပါနှစ်ထားတဲ့ ဒေါက်တာမယ်လ်ကွန်ဟာ ကလေးတယောက်ကိုကူညီဖို့ပျက်ကွက်ခဲ့တယ်။ ဒီအလုပ်နဲ့ပါတ်သက်ပြီး စိတ်ရောကိုယ်ပါနှစ်ထားတဲ့သူ့အတွက်တော့ ဒီပျက်ကွက်မှုဟာ သူ့ကိုယ်သူခြောက်လှန့်နေခဲ့တယ်.. တစ်နေ့မှာ သူ့ရဲ့ အောင်မြင်မှုတွေအတွက် မြို့တော်ဝန်က ဂုဏ်ပြုလွှာ ချီးမြှင့်တာကိုခံရပါတယ်။ သူ့ရဲ့ဇနီးနဲ့အတူ အောင်ပွဲခံနေစဉ်မှာပဲ ကလေးဘဝက သူ့ရဲ့လူနာဖြစ်ခဲ့ဖူးတဲ့ ဗင်းဆင့်ဆိုသူ အိမ်ထဲဖောက်ထွင်းဝင်ရောက်လာပါတယ်.. သူ့ကိုမကူညီပေးနိုင်ခဲ့တဲ့ ဒေါက်တာခရိုးကို ဒေါသတကြီး လာရှာခဲ့တာပါ.. သူ့စိတ်က ဒီကလေးပေါ်မှာ စွဲလန်းနေခဲ့သလို ကိုးလ် ဆိုတဲ့ ၉ နှစ်အရွယ်ကလေးတယောက်မှာ ဒီလိုစရိုက်လက္ခဏာတွေတွေ့လာရတဲ့အခါမှာသူဟာ ဇနီးကိုပါ တာဝန်မကျေသလိုဖြစ်ခဲ့ရတယ်.. ကိုးလ်ဆိုတဲ့ကလေးကလဲ မွေးရာပါ တမလွန်ကလူတွေကိုမြင်ရတဲ့စရိုက်တခုပါလာခဲ့တယ် သူဟာဝိဉာဉ်တိုင်းကို မြင်နိုင်ခဲ့ပြီး ဒီအစွမ်းကပဲ ဒီဇာတ်လမ်းရဲ့အဓိက မြှုပ်ကွက်ဖြစ်လာခဲ့တယ်.. ကိစ္စတွေဘယ်လိုရှုပ်ထွေးသွားဦးမလဲ ဒေါက်တာခရိုးတစ်ယောက် အတိတ်ကနေ ရုန်းထွက်နိုင်ပါ့မလား.. ဇာတ်လမ်းဇာတ်ကွက်အကူးအပြောင်းများနဲ့ ရင်ခုန်စရာ ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ ကြည့်ရင်းတွေးရတဲ့ဇာတ်ကားမျိုးဖြစ်တာကြောင့် အညွှန်းအများကြီးမဆက်တော့ပါဘူး ကြည့်ဖြစ်အောင်ကြည့်လို့သာ လက်တို့ပါရစေ.. (အညွှန်းနဲ့ဘာသာပြန်ကတော့Min Thwayဖြစ်ပါတယ်။)
...

Men of Honor (2000) ⭐TMDB: 75% User Score 🎬 #Biography #Drama 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 9 မိနစ် 32 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Men of Honor(2000) ******************** IMDb…..7.2 ကားနာမည်ကိုမြင်လိုက်ရုံနဲ့ ခင်ဗျားတို့ဟာ ဒီဇာတ်ကားရဲ့ အတိမ်အနက်ကို အနည်းငယ် ခန့်မှန်းမိလောက်မယ်ထင်မိပါရဲ့…. ဇာတ်ကားရဲ့နာမည်က လေးနက်သလို ဒီကားထဲက သရုပ်ဆောင်တွေ ဇာတ်လမ်းဇာတ်ကွက်တွေ စကားပြောတွေ ပေးချင်တဲ့ message တွေဟာလည်း ခမ်းနားလှပလွန်းပါတယ်…. ဒီကားက အမေရိကန် ရေတပ်မတော်မှာ ပထမဆုံးသော လူမည်းရေငုတ်သမားဘဝကို ဖိနှိပ်တားဆီးမှုကြားက ကြိုးစားခဲ့ရတဲ့ ကားလ်ဘရေးရှီးရှား Carl Brashear ရဲ့ ဘဝဖြစ်စဉ်ကို ရိုက်ပြထားတာဖြစ်ပါတယ်… ဒီကားထဲက မင်းသားကြီးတွေဖြစ်တဲ့ Robert De Niro နဲ့ Cuba Gooding Jr. တို့ကိုတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်…. ဇာတ်လမ်းနဲ့ပတ်သက်ပြီး ကျွန်တေ်ာဒီလောက်ပဲပြောပြချင်တယ်… ဒီကားက ဟာသတွေ CGI နည်းပညာတွေ မျက်ရည်ချူကွက်တွေ ရိုဆန်ဆန်အမူအရာတွေ တစ်ခုမှ မပါပါဘူး… သို့ပေမဲ့  ခင်ဗျားဟာ ဇာတ်လမ်းအမျိုးအစားရွေးချယ်ကြည့်ရှုရာမှာ ဘယ်လောက်ပဲ ဇီဇာကြောင်နေနေ … ဒီကားက ခြွင်းချက်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မဝံမရဲ အာမခံပေးလိုက်ပါ့မယ်…ခံစားကြည့်လိုက်ပါဦးဗျ
...

Christmas Under the Northern Lights (2024) ⭐IMDB: 6.4/10 (445 Votes) 🎬 #Drama #TVMovie #Comedy #Romance 🗓 2024 🎞 tv movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 45 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Christmas Under the Northern Lights (2024) IMDb Rating (6.4) စာရေးဆရာမလေး အီရင်က နောက်ထပ်ရေးမယ့်စာအုပ်အတွက် အကြံအိုက်နေတာကြောင့် သူ့အဖေရဲ့ မွေးရပ်မြေ အော်ရိုရာမြို့လေးဆီကို အဖေနဲ့အတူတူ ခရစ်စမတ်အတွက် ခရီးထွက်ခဲ့ကြတယ်.. အော်ရိုရာမြို့လေးမှာ အီရင်အလုပ်ချင်ဆုံးအရာတစ်ခုက Aurora အလင်းတန်းတွေကို မြင်ဖူးချင်တာပဲ ဖြစ်ပါတယ်.. နည်းပညာတွေမသုံးဘဲ ခေတ်နောက်ကျနေတဲ့ ဂိုက်ချောချောလေး ထရီဗာနဲ့ နည်းပညာကို အရမ်းအားကိုးတဲ့ အီရင်တို့ တွေ့ဆုံကြတဲ့အခါမှာ ဘယ်လိုစိတ်သဘောထားမတိုက်ဆိုင်မှုတွေဖြစ်လာကြမလဲ? Aurora အလင်းတန်းကို အရမ်းမြင်တွေ့ချင်နေတဲ့ အီရင်ကို ခပ်ချောချောဂိုက်လေးထရီဗာက လမ်ပြပေးနိုင်ပါ့မလား? သူရေးမယ့်စာအုပ်နဲ့ပတ်သက်တဲ့ကုန်ကြမ်းကိုရော ဒီအော်ရိုရာမြို့လေးမှာ ရှာတွေ့ပါ့မလား ဆိုတာကို ကြည့်ရှုရမယ့် အချစ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့Su Monဖြစ်ပါတယ်။)
...

The Rage (2023) ⭐TMDB: 60% User Score 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Russia ⏰ 1 နာရီ 41 မိနစ် 20 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ခွေးရူးပြန်ရောဂါဖြစ်နေတဲ့ ဒေသတစ်ခုမှာ ဝံပုလွေတွေက လူတွေကို တိုက်ခိုက်နေတဲ့အချိန်… သားကို ဆေးဖြတ်ဖို့လုပ်နေတဲ့ အဖေတစ်ယောက် အဲဒီထင်းရှုးတောထဲကို ရောက်လာတဲ့အခါ… လူမရှိတဲ့နေရာမှာ သားကိုဆေးဖြတ်ဖို့ လုပ်တဲ့ဖခင်တစ်ယောက်နဲ့ အဲဒီဒေသမှာနေထိုင်တဲ့ လူတွေ ဝံပုလွေတွေကို ဘယ်လိုပြန်တိုက်ခိုက်ကြမှာလဲ… နောက်ဆုံးမှာ သားဖြစ်သူကရော ဆေးပြတ်သွားသလား… ဇာတ်လမ်းအရတော့ အရမ်းမကောင်းပေမယ့် ဖခင်မေတ္တာကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ
...

Romeo and Isabella (2023) ⭐TMDB: 20% User Score 🎬 #Drama #Romance #Crime 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 38 မိနစ် 38 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ လူမှုအဖွဲ့အစည်းနဲ့ အတိတ်က ထိခိုက်မှုတွေကြား လူနှစ်ယောက်ရဲ့ ချစ်ခြင်းဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်အိမ်မှာ အီဇဘယ်လာ က ရည်းစားဟောင်း ဒဲရက်နဲ့ ပြတ်သွားပြီး မအိပ်နိုင်မစားနိုင် ဖြစ်နေသူပါ။ တစ်နေ့မှာ အခြားမြို့က သူငယ်ချင်းဟောင်း ဝဒ်နီရဲ့ နာရေးကိုသွားဖို့အတွက် မီရှယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းခေါ်လာခဲ့ပါတယ်။ အီဇဘယ်လာလဲ စိတ်ပြေလက်ပျောက်ဆိုပြီး လိုက်လာခဲ့ရာမှာ မြို့ထဲကအသစ်ဖွင့်တဲ့ ကလပ်ကိုသွားရင်းနဲ့ ရိုမီယိုဆိုတဲ့ ဆေးရောင်းတဲ့ကောင်လေးနဲ့ တွေ့ကြတဲ့အခါမှာတော့ ရိုမီယို့ကို ဆေးရောင်းတဲ့အလုပ်ကနေ ဘယ်လိုကယ်ထုတ်သွားမလဲဆိုတာနဲ့ ရန်​ညိုးရှိသူတွေရဲ့လက်က ဘယ်လိုလွတ်မြောက်အောင် ကြိုးစားရမလဲဆိုတာ
...

Something Is About to Happen (2023) ⭐TMDB: 58% User Score 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Romania #Spain ⏰ 2 နာရီ 4 မိနစ် 7 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 IMDb – 5.9/10, Rt – 100% Awards – 6wins and 6 nomis ဒိီကားလေးက ဒါရိုက်တာ Antonio Méndez Esparzaရဲ့စတုတ္ထမြောက် ရုပ်ရှင်ဖြစ်ပြီး၊း သူရဲ့ဇာတိနိုင်ငံ စပိန်မှာ ရိုက်ကူးထားတာပါ ဇာတ်လမ်းကို Juan José Millásရဲ့ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားကာ၊ ဇာတ်ကောင် Lucía ၏ ဘဝကို အဓိကထားပြသထားတာဖြစ်ပါတယ်။ ဒီကားဟာ Lucía (Malena Alterio) ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို အဓိကအနေနဲ့နောက်ကွယ်ကဖော်ပြထားပါတယ်။ သူမဟာ အိုင်တီ အထောက်အပံ့အလုပ်လုပ်နေသူတစ်ဦးဖြစ်ပြီး၊ အလုပ်ထုတ်ခံလိုက်ရတဲ့အခါမှာ သူမဘဝတစ်လျှောက်မှာ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေဖြစ်လာပါတယ်။ သူမဟာ တက္ကစီမောင်းသူအဖြစ်အသစ်စတင်ပြီး၊ လူ ပေါင်းစုံနှင့်တွေ့ဆုံရင်း သူမရဲ့ဘဝဟာ မထင်မှတ်ပဲ ရူးသွပ်လာပါတော့တယ်။ သရုပ်ဆောင် Malena Alterio က Lucía အဖြစ် သဘာဝကျကျသရုပ်ဆောင်ထားပြီး သူမရဲ့စိတ်ခံစားမှုတွေက တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဟာသ၊ ဒရာမာ၊ mystery စတဲ့ အမျိုးအစားတွေကို ချောချောမွေ့မွေ့ပေါင်းစပ်ထားလို့ ရုပ်ရှင်တစ်ခုလုံးကို သည်းထိတ်ရင်ဖိုနဲ့ ကြည့်ရမယ့် အခန်းတွေနဲ့တင်မက၊ ထိုင်တွေးစရာလည်းဖြစ်စေပါတယ်။ ဆုတွေလည်းခြောက်ခုလောက်ရထားပြီး RTကလည်း 100%အပြည့်နဲ့ကားကောင်းလေးမလို့ တင်ဆက်ပေးလိုက်ပါတယ်။
...

Casatoria (2024) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #Romania ⏰ 1 နာရီ 35 မိနစ် 45 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Casatoria 2024 အခုတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ရိုမေးနီးယားဟာသကားလေးတစ်ကားပဲဖြစ်ပါတယ်ကြားနေကျစကားသံမဟုတ်ပေမယ့် ဇာတ်ကွက်ကတော့ သိပ်မစိမ်းပါဘူး။ ဘော်ဒါသုံးကောင်ပေါင်းပြီ မလည်ရှုပ်တွေရော အလည်ရှုပ်တွေရော လုပ်ကြရင်းတိုင်ပတ်နေကြတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ခရက်ချင်စကီနဲ့သူ့ဘော်ဒါနှစ်ကောင်ဟာအကြွေးတွေပတ်လည်ဝိုင်းလို့ ပိုက်ဆံရစရာဂွင်ဖန်ဖို့ကြံပါတော့တယ်။ဖြစ်ချင်တော့ အဲ့မြို့ကအချမ်းသာဆုံးဘောစိရဲ့ သမီးကို အိမ်ထောင်ချပေးမယ့်သတင်းကို သိလိုက်ရပါတယ်။ သူဌေးသမီးဆိုလို့ ဖြူဖတ်အုအက်လေးမဟုတ်ပါဘူး။ မျက်စိမှိတ်ကြည့်မှလှတယ်ဆိုတဲ့ ကျားကိုးစီးစားမကုန်တဲ့အချောလေးပဲဖြစ်ပါတယ်။ အကြံကုန် ဂဠန်ဆားချကိရုံတင်မကဆားစက်ရုံပါထောင်တဲ့ ခရက်ချင်စကီက သူဌေးယောင်ဆောင်ပြီး သူဌေးသမီးကိုပိုင်းလုံးလုပ်ဖို့ ကြံတဲ့အခါမှာတော့ ဘာတွေတလွဲလုပ်မလဲပရိသတ်ကြီးပဲ ဆက်ရှုစားကြဖို့ ပြောချင်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်
...

Presence (2024) ⭐IMDB: 6.4/10 (10 k Votes) 🎬 #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 45 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Presence (2025) IMDb Rating (6.5) / Rotten Tomatoes (88%) စိတ္တဇဟော်ရာရုပ်ရှင်အသစ် ထွက်လာပါပြီ။ Kill Bill တို့ Charlie’s Angels တို့နဲ့ အားလုံးကြိုက်ခဲ့တဲ့ မင်းသမီး Lucy Liu နဲ့ လောလောလတ်လတ် Bad Genius ထဲက မင်းသမီး Callina Liang တို့ အဓိက ပါဝင်ထားတာပါ။ ဇာတ်လမ်းကတော့ လှည့်ကွက်တွေနဲ့ ဇာတ်သိမ်းကျမှ အော် ဒီလိုကိုး ဆိုပြီး သိရတဲ့ ရုပ်ရှင်မျိုးဖြစ်လို့ အများကြီးတော့ မညွှန်းတော့ပါဘူး။ လင်မယားနှစ်ယောက်၊ သမီးတစ်ယောက် နဲ့ သားတစ်ယောက် အိမ်သစ်ကိုပြောင်းလာတယ်။ အိမ်ထဲမှာ တစ်ခုခုရှိနေသလို သမီးဖြစ်သူက ခံစားရတယ်။ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာတယ်။ ဒါတွေကို ဖြေရှင်းဖို့ ကြိုးစားရင်း အဖြေတွေ့လာတာကို ပြတာပါ။ ကင်မရာကို အိမ်ထဲမှာရှိနေတဲ့အရာကနေ ပြလိုက် မိသားစုတွေဘက်ကနေ ပြလိုက်နဲ့ လှုပ်ရှားမှုများများစားစားမပြဘဲ ကျောချမ်းစရာ ပြထားတာမျိုးပါ။ ဒီတော့ ဟော်ရာကို ပဟေဠိဆန်ဆန် ကြိုက်တဲ့လူတွေ ကြည့်သင့်တဲ့ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Mr. Andersonဖြစ်ပါတယ်။)
...

Chaalchitro: The Frame Fatale (2024) ⭐IMDB: 6.6/10 (689 Votes) 🎬 #Bollywood #Mystery #Thriller #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 7 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Chaalchitro: The Frame Fatale (2024) ပျံ့လွင့်ကုန်သော အမှန်တရားများ IMDb 6.7/10 မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေအတွက်ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရ‌စေ။ ကာနစ်ရှ်ကာက ရဲသားတစ်ဦးပါ။သူက သူ့မိန်းမနဲ့ အိမ်ထောင်ရေးမပြေလည်လှပါဘူး။ အလုပ်ကိုဦးစားပေးတယ်၊ လူမှုရေးကိုဦးစားပေးတယ်နဲ့စကားများနေကြရပါတယ်။ တစ်ည သူ့ကိုအလုပ်ကဖုန်းဆက်ခေါ်လို့အိပ်နေရာက ထသွားရပါတယ်။ အမှုအခင်းဖြစ်တဲ့ဆီရောက်တော့ ဆူရှ်မိတဆိုတဲ့ကောင်မလေးတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာပါ။ သူ့ကိုဆာရီတွေ ပန်းကုံးတွေဆင်မြန်ပေးထားပြီး နဖူးမှာသွေးတွေသုတ်လိမ်းကာ နံရံမှာချိတ်ဆွဲထားပါတယ်။ အခင်းဖြစ်ရာနေရာကို အရင်ရောက်သူကတော့ရီတေ့ရှ်ကူမာလို့ခေါ်တဲ့ အသစ်ဝင်လာတဲ့ရဲသားလေးပါ။ သူက အိန္ဒိယနည်းပညာတက္ကသိုလ်မှာ၊ ရဲတပ်ဖွဲ့ဝင်ခွင့်စာမေးပွဲမှာ ‌နေရာတိုင်းပထမရလို့ အောင်မြင်ခဲ့ပေမဲ့ အလုပ်မှာတော့သူကိုအရေးမပေးသလိုခံစားနေရပါတယ်။ သူ့ကောင်မလေးကို အလုပ်မှာအဆင်မပြေကြောင်း၊သူ့တစ်ဝက်လောက်တောင် အရည်အချင်းမရှိသူတွေလောက် နေရာမရကြောင်း ရင်ဖွင့်‌ပြီးအားငယ်နေသူပေါ့။ အဲဒီလိုနဲ့ ကာနစ်ရှ်ကာက သူ့လုပ်ဖော်ကိုင်ဖက်ရဲနာစီရာကို အသတ်ခံရသူကောင်မလေးမိဘတွေဆီစုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်ပါတယ်။ နာစီရာမှာ ကလေးဘဝတည်းက အထီးကျန်စိတ်ဝေဒနာခံစားနေရတဲ့သမီးလေးတစ်ယောက် ရှိနေပါတယ်။ သူတစ်နေကုန်အလုပ်သွားချိန်သူ့သမီးလေးကို ကလေးထိန်းနဲ့ထားခဲ့ရတာမို့ နောက်ခြောက်လနေလို့သူပင်စင်ယူ အလုပ်ထွက်ပြီးရင် သမီးလေးအနားနေပေးပါမယ်လို့ တစ်ဖွဖွပြောနေသူပါ။ သူက ဒီအမှုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က သူတို့ဖြေရှင်းခဲ့ဖူးတဲ့အမှုနဲ့များဆက်စပ်နေသလားလို့ တွေ့ရှိလာပါတယ်။ သံသယရှိသူတွေကို ဖမ်းဆီးဖို့ကိုတော့ ကာနစ်ရှ်ကာကသူတို့အဖွဲ့ထဲက ရဲနောက်တစ်ဦးဖြစ်တဲ့ ဘစ်ရှ်ဝါကို လွှတ်လိုက်ပါတယ်။ အနှိပ်ခန်းသွားရာက ပြည့်တန်ဆာမလေးနဲ့ ချစ်ကြိုက်မိသူဘစ်ရှ်ဝါ၊ သမီးတစ်ဖက် အလုပ်တစ်ဖက်နဲ့ ရုန်းကန်နေရသူ နာစီရာ၊စာကြမ်းပိုး မာနခဲ‌လေးရီတေ့ရှ်နဲ့ ကာနစ်ရှ်ကူမာတို့ လေး‌ယောက်အဖွဲ့ ဒီအမှုကိုဘယ်လိုဖော်ထုတ်မလဲဆိုတာ သူတို့ဘဝဇာတ်ကြောင်းအသီးသီးနဲ့အတူစိတ်လှုပ်ရှားစွာ သိရှိရမှာမို့ ကြည့်ရှုအဖြေထုတ်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။
...