en
Feedback
Japanese Movie, Series and Anime🌸(mm sub & eng sub)

Japanese Movie, Series and Anime🌸(mm sub & eng sub)

Open in Telegram

📈 Analytical overview of Telegram channel Japanese Movie, Series and Anime🌸(mm sub & eng sub)

Channel Japanese Movie, Series and Anime🌸(mm sub & eng sub) (@vtncec_1205hmzbl) in the Burmese language segment is an active participant. Currently, the community unites 25 070 subscribers, ranking 11 554 in the Movies category and 5 751 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 25 070 subscribers.

According to the latest data from 09 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 51 over the last 30 days and by 12 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 14.48%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 3 630 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 11.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 10 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

25 070
Subscribers
+1224 hours
+97 days
+5130 days
Posts Archive
Repost from N/a
A Girl & Her Guard Dog (2025) WEB-DL 720p

A Girl and her Guard Dog (mm sub) ဒီတစ်ခါမှာတော့ Manga series အနေနဲ့ လူကြိုက်များခဲ့တဲ့ a girl and her guard dog ဆိုတဲ့ ဇာတ်လမ်းလေးကို Live Action အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ အီဆာကူဟာ ယာကူဇာဂိုဏ်းခေါင်းဆောင်ကြီးရဲ့ မြေးမလေးဖြစ်ပေမဲ့ သူ့အတွက် တစ်ခုတည်းသောဆန္ဒကတော့ သာမန်လူတစ်ယောက်လို ဖြတ်သန်းချင်တာပါ။ ဒါပေမဲ့လည်း သူ့အိပ်မက်ကို အမြဲလိုက်နှောင့်ယှက်နေတဲ့သူကတော့ သူ့အနားမှာ ကပ်ပါးကောင်လိုဖြစ်နေတဲ့ သက်တော်စောင့် ကဲအိယာပဲပါပဲ။ ကဲအိယာကတော့ အသက် ၂၆နှစ်ရှိနေပြီဖြစ်ပေမဲ့လည်း အိဆာကူကို ဘယ်ကောင်လေးနဲ့မှ အဆက်အဆံမလုပ်စေချင်တဲ့အတွက် ကဲအိယာ အထက်တန်းကျောင်းပြောင်းတဲ့အချိန်မှာ သူဟာလည်း ကဲအိယာနဲ့အတူ အထက်တန်းကျောင်းလိုက်တက်ပါတော့တယ်။ ဒီလိုနဲ့ ကဲအိယာတစ်ယောက် အီဆာကူအနားကိုကပ်လာတဲ့ ယောက်ျားမှန်သမျှကို ရှင်းထုတ်ရင်း ကဲအိယာနဲ့ အီဆာကူတို့ ဘယ်လိုပုံစံမျိုးနဲ့ နီးစပ်ပြီး အချစ်လမ်းခရီးလေးကို လျှောက်လှမ်းကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။ Repost from https://www.homietv.com/movie/a-girl-her-guard-dog-bvauzuhn

A Calm Sea and Beautiful Days with You (mm sub) လူနှစ်ယောက်ရဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်တဲ့နေရာမှာ နားလည်မှုနဲ့ လေးစားမှုက ဘယ်လောက်တောင် အရေးကြီးလဲဆိုတာကို ဖြူဖြူစင်စင်လေး ရိုက်ကူးပြသထားတဲ့ ဂျပန်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ "A Calm Sea and Beautiful Days with You" (波うららかに、めおと日和 - Nami Uraraka ni, Meoto Biyori) ဆိုတဲ့ သမိုင်းနောက်ခံ အချစ်ဟာသ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသမီး Kyoko Yoshine နဲ့ မင်းသားချော Kyoya Honda တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းလေးရဲ့ နောက်ခံကတော့ ဂျပန်နိုင်ငံရဲ့ ၁၉၃၆ ခုနှစ်၊ ရှိုးဝခေတ် (Showa Period) အစောပိုင်းကာလကို အခြေခံထားတာပါ။ မိသားစုအပြင်ဘက်က ယောကျာ်းလေးတွေနဲ့ စကားတောင် သေချာမပြောဖူးတဲ့ မိန်းကလေး Natsumi ဟာ သူမရဲ့ ဖခင်ဖြစ်သူရဲ့ စီစဉ်မှုနဲ့ ဂျပန်ရေတပ်က အရာရှိတစ်ဦးဖြစ်တဲ့ Takimasa နဲ့ ရုတ်တရက် စေ့စပ်လိုက်ရပါတယ်။ စစ်တပ်ထဲက အထီးကျန်ဆန်တဲ့ ဘဝကိုပဲ သိထားတဲ့ စကားနည်းပြီး တည်ငြိမ်တဲ့ ရေတပ်အရာရှိလေးနဲ့ အပြစ်ကင်းစင်တဲ့ မိန်းကလေးတို့ဟာ ချစ်သူသက်တမ်း (ဝ) ရက်နဲ့ပဲ အိမ်ထောင်ပြုခဲ့ကြရတာပါ။ ပိုပြီး အံ့သြစရာကောင်းတာက သူတို့ရဲ့ မင်္ဂလာဆောင်နေ့မှာတောင် သတို့သားဖြစ်သူက အလုပ်ကိစ္စကြောင့် မလာနိုင်ခဲ့တဲ့အတွက် မမျှော်လင့်ထားတဲ့ အလွဲလေးတွေနဲ့အတူ အိမ်ထောင်သည်ဘဝကို စတင်ခဲ့ကြရပါတယ်။ ဒီဇာတ်ကားလေးရဲ့ အသက်ကတော့ ဖြည်းဖြည်းချင်း တည်ဆောက်သွားတဲ့ (Slow-burn) အချစ်ရေးလေးပါပဲ။ ခေတ်အခြေအနေအရ လူကြီးတွေ ပေးစားလို့သာ ယူလိုက်ရပေမယ့်၊ တစ်ယောက်အကြောင်း တစ်ယောက် ဘာမှမသိသေးတဲ့ သူစိမ်းနှစ်ယောက် တစ်အိမ်တည်း အတူနေကြရတဲ့အခါ ရှက်သွေးဖြာပြီး အနေခက်နေကြတဲ့ ပုံစံလေးတွေက အရမ်းကို ချစ်စရာကောင်းလှပါတယ်။ အချစ်ရေးမှာ အတွေ့အကြုံမရှိကြတဲ့ အပြစ်ကင်းစင်သူ နှစ်ယောက်ဖြစ်လို့ အသေးအဖွဲ ကိစ္စလေးတွေမှာတောင် လွဲချော်မှုတွေ ရှိတတ်ပေမယ့်၊ ဒီကားထဲမှာတော့ တခြားကားတွေလို နားလည်မှုလွဲတာတွေကို အချိန်ဆွဲပြီး ပရိသတ်ကို စိတ်မွန်းကျပ်အောင် မလုပ်ထားပါဘူး။ တစ်ယောက်ကို တစ်ယောက် တလေးတစားနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကြရင်း၊ သံယောဇဉ်တွေ တဖြည်းဖြည်း နက်ရှိုင်းလာတာကို ကြည်နူးစရာ (Slice-of-life) ပုံစံမျိုး မြင်တွေ့ရမှာပါ။ အပိုင်း (၁၀) ပိုင်းသာ ပါဝင်တဲ့ ဒီဇာတ်လမ်းတွဲလေးဟာ စစ်မဖြစ်ခင်ကာလရဲ့ အေးချမ်းတဲ့ နေ့စဉ်ဘဝလေးတွေ၊ စစ်မှုထမ်းတစ်ယောက်ရဲ့ ဇနီးသည်အဖြစ် ဖြတ်သန်းရတဲ့ စိုးရိမ်ပူပန်မှုလေးတွေကိုပါ သဘာဝကျကျ ထည့်သွင်းရိုက်ကူးထားပါတယ်။ ဒါကြောင့် စိတ်အေးချမ်းစေမယ့် Healing Vibe မျိုးနဲ့ တကယ့်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ (Healthy Relationship) အချစ်ဇာတ်လမ်းကောင်းလေး တစ်ကားကို ကျွန်တော်တို့ Moonstar Channel မှာ ကြည့်ရှုလို့ရတော့မှာမို့ Stay Tune!!! Repost from https://t.me/BLSFLIXVer3

Repost from N/a
My Love Story with Yamada-kun at Lv999 (2025) AMZN WEB-DL 720p

My Love Story with Yamada-kun at Lv999 (mm sub) မင်းသားချော Ryûto Sakuma နဲ့ အလှလေး Mizuki Yamashita တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ နာမည်ကြီး မန်ဂါစီးရီးကို ပြန်လည်အသက်သွင်းထားတဲ့ အွန်လိုင်းဂိမ်းအခြေခံ Rom-Com မနဲ့မောင် ဂျပန်အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အွန်လိုင်းဂိမ်းကစားရင်း ချစ်သူရထားတဲ့ အာကာ့နဲဟာ ရုတ်တရက် လမ်းခွဲခြင်းခံလိုက်တဲ့အတွက် ဒေါသထွက်ပြီး စိတ်ထွက်ပေါက်အနေနဲ့ပဲ ဂိမ်းကစားနေရင်းကနေ Guild ဆိုတဲ့ စကားပြောခန်းထဲ မထင်မှတ်ဘဲ ရောက်သွားက လူမှုဆက်ဆံရေးညံ့တဲ့ ယာမာဒါဆိုတဲ့ နာမည်နဲ့ ကစားသူကို ဘုဘောက်တွေ ပွားမိပါတော့တယ်။ အဲဒီနောက်မှာ အာကာ့နဲဟာ ရည်းစားဟောင်းကို လက်စားချေမယ့်အကြံနဲ့ ဂိမ်းရဲ့တစ်နှစ်ပြည့်အခမ်းအနားကို သွားခဲ့ပေမဲ့လည်း ရည်းစားဟောင်းကို ချစ်သူအသစ်နဲ့ တွေ့လိုက်ချိန်မှာတော့ အာကာ့နဲဟာ ထူပူပြီး ယာမာဒါက သူ့ချစ်သူအသစ်ပါဆိုပြီး ဟန်ဆောင် မိတ်ဆက်ပေးလိုက်မိပါတော့တယ်။ အသည်းကွဲနေတဲ့ တက္ကသိုလ်ကျောင်းသူမမက အထက်တန်းကျောင်းသား ဂိမ်းသမားလေးကို ဘယ်လိုတွေ ရင်ခုန်အောင် လုပ်သွားမလဲဆိုတာ... Repost from https://www.homietv.com/movie/my-love-story-with-yamada-kun-at-lv999-zbfqu61z

One Piece Season 2 (mm sub) ကောင်းမွန်တဲ့ live action တခုအဖြစ် Season 1 မှာ အောင်မြင်စွာ အခြေချနိုင်ခဲ့တဲ့ One Piece ဟာ Season 2 မှာလည်း ပရိသတ်တွေကို စိတ်မပျက်စေခဲ့ပါဘူး .. Season 3 လည်း ထွက်ရှိဖို့ confirm သွားပါပြီ ~ ပင်လယ်ထဲမှာ ရတနာသိုက်ရှာကြမယ့် သူငယ်ချင်းတွေရဲ့ ဟာသလေးတွေ စွန့်စားခန်းတွေ အလွမ်းအဆွေးတွေကို ကြည့်ရှုရမှာပါ .. Season 2 မှာတော့ ဇာတ်ကောင်တွေများပြားလာပြီး ဇာတ်လမ်းက ပိုကျယ်ပြန့် လာပါပြီ ~ လှပသေသပ်တဲ့ visual effects တွေ အရမ်းမိုက်တဲ့ သရုပ်ဆောင်တွေ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်နဲ့ One Piece ဟာ အချိန်ပေးပြီး ကြည့်ရတာ တန်စေမှာပါ .. တခေတ်တခါမှာ အမိုက်စားကြီးထွက်ရှိလာတဲ့ live action တခုကို မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ် ~ mm sub vcr : https://t.me/+9vlDIodNtbxhMzA1

Until I destroyed My Husband’s Family (mm sub) Minori ဟာ ကျောင်းသားဘဝကတည်းက ချစ်ခဲ့ရတဲ့ ခင်ပွန်းဖြစ်သူ Yudai နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတယ်လို့ ထင်နေခဲ့ပါတယ် ဒါပေမဲ့ တနေ့မှာတော့ သူမရဲ့ကမ္ဘာလေးကို ပျက်သွားစေမယ့် အမှန်တရားတစ်ခုကို သိလိုက်ရပါတယ် အဲ့ဒါကတော့ သူမရဲ့ခင်ပွန်းဟာ တခြားမိန်းကလေးတစ်ယောက်နဲ့ ဖောက်ပြန်နေတာ ၁၅ နှစ်တောင် ရှိနေပြီဆိုတာပါပဲ ၁၅ နှစ်လုံးလုံး လှည့်စားခံခဲ့ရတဲ့ ဟာ Minori ဟာ ဝမ်းနည်းမှု နာကျည်းမှုတွေကို လက်စားချေမှုအဖြစ် ပြောင်းလဲလိုက်တဲ့အခါမှာတော့ …? mm sub vcr : https://www.homietv.com/movie/first-love-bf4ybz59

ဂျပန်ဇာတ်ကားတွေတင်တဲ့ channel ကနေ ဘာသာပြန်ထားတဲ့ တရုတ်သီချင်းပါ xD မင်မင်အရမ်းကြိုက်တဲ့ သီချင်းလေးမို့ အားလုံးနဲ့တူတူနားထောင်လို့ရအောင် တင်ပေးလိုက်ပါတယ်ရှင် ~ Brave Love by Mi2

Mieruko-chan (mm sub) "သရဲ တစ္ဆေ ဝိဉာဉ် နာနာဘာဝတွေကို မြင်ရရင်အရင်ဆုံးဘာလုပ်သင့်လဲဆိုတော့ လစ်လျူရှုထားလိုက်တာ အကောင်းဆုံးပါပဲ 👍" "ယိုဆွတ်ယ မိကို" ဟာ ဂွန်းမစီရင်စုမှာနေတဲ့ သာမန်အထက်တန်းကျောင်းသူလေးတစ်ယောက်ပါ။ ဒါပေမယ့် တစ်နေ့မှာ သူဟာ သူ့ပတ်ဝန်းကျင်မှာရှိနေတဲ့ လွင့်မျောနေတဲ့ ဝိဉာဉ်တွေကို မြင်လာရပြီး "မိကို" တစ်ယောက် ကြောက်တော့ကြောက်ပေမယ့် အတတ်နိုင်ဆုံး မသိချင်ယောင်ဆောင် လစ်လျူရှုကာ ဘာမှမဖြစ်အောင်နေထိုင်ခဲ့ပါတယ်။ သူကတော့ လစ်လျူရှုထားပေမယ့် ဘေးနားက သရဲတွေက "မိကို" ကို အာရုံမစိုက်လို့မရအောင် လုပ်လာကြတဲ့အခါမှာတော့ "မိကို" တစ်ယောက် မဆိုင်ချင်လည်း သရဲတွေနဲ့ ရင်ဆိုင်ရပါတော့တယ် Tomoki Izumi-sensei ရဲ့လက်ရာမန်ဂကို Live Action အဖြစ်အသက်သွင်းထားတဲ့ရုပ်ရှင်ဖြစ်ပြီး Slice of life genre ကို သရဲတွေနဲ့အတူ ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုရမယ့် ကျောင်းသားဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ မင်းသမီးလေး Hara Nanoka က ခေါင်းဆောင်ပါဝင်ထားပြီး Kumada Rinka , Naenano , Yamashita Coki နဲ့ SixTONE အဖွဲ့ဝင် Kyomoto Taiga တို့က ဇာတ်ပို့တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ် ( "ဟန"နေရာ သရုပ်ဆောင်တဲ့ Kumada Rinka လေးက တော်တော်ချစ်ဖို့ကောင်းပါတာပါ 😛 ) Repost from https://t.me/Cloversong

Repost from N/a
Totto Chan 2023 (mm sub)