en
Feedback
MOVIE NIGHT

MOVIE NIGHT

Open in Telegram
1 024
Subscribers
No data24 hours
+57 days
+530 days
Posts Archive

The Outlaws (2017) --------------------------- IMDB (6.7/10) The Outlaws တဲ့၊ မြန်မာလိုဆိုရင်တော့၀ရမ်းပြေးတွေပေါ့ဗျာ…၂၀၁၇ အော
The Outlaws (2017) --------------------------- IMDB (6.7/10) The Outlaws တဲ့၊ မြန်မာလိုဆိုရင်တော့၀ရမ်းပြေးတွေပေါ့ဗျာ…၂၀၁၇ အောက်တိုဘာထဲမှာထဲမှာထွက်ထားတာဖြစ်တဲ့အတွက် အသစ်စက်စက် ဘရန်းနယူးကိုရီးယားအက်ရှင်ကားတစ်ကားပါ နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ Train to Busan ထဲက Ma Dong-Seok နဲ့ Yoon Kye-sang, Jo Jae-yoon စသူတို့ ပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းကိုတော့ ၂၀၀၄ ခုနှစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ရပ်ကွက်တစ်ခုမှာဖြစ်ပွားတဲ့ လူဆိုးဂိုဏ်းတွေရဲ့ ရာဇ၀တ်မှုတွေကိုအခြေခံရိုက်ကူးထားပါတယ် ဇာတ်လမ်းကို ဟာဂျီ၀န်ဆိုတဲ့ ဆိုးလ်မြို့က ရပ်ကွက်လေးတစ်ခုရဲ့ဈေးထဲမှာဖြစ်တဲ့ လူမိုက်တွေရဲ့ရန်ပွဲလေးတစ်ခုနဲ့အစပြုထားပါတယ် ဒီဒေသတစ်၀ိုက်ကို တာ၀န်ယူရတာက ရဲစုံထောက် မား နဲ့အဖွဲ့ဖြစ်ပြီး အနားတစ်၀ိုက်ကလူမိုက်တွေက စုံထောက်မားကို ချစ်ခင်လေးစားကြပုံ နောက်တော့ တခြားနယ်က လူမိုက်တွေရောက်လာပြီး လူသတ်နှိပ်စက်မှုတွေကြောင့် ရဲနဲ့ လူမိုက်တွေရဲ့အသည်းအေးဖွယ်ရာရိုက်ချက်တွေကို ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူကြပါဦး

A Quiet Place : Day One (2024)

A Quiet Place : Day One (2024) ရှေ့နှစ်တွေမှာ A Quiet Place နှစ်ကားစလုံး ထွက်ရှိအောင်မြင်ပြီးနောက် အခုတတိယမြောက်ကားထွက်လာပါပြ
A Quiet Place : Day One (2024) ရှေ့နှစ်တွေမှာ A Quiet Place နှစ်ကားစလုံး ထွက်ရှိအောင်မြင်ပြီးနောက် အခုတတိယမြောက်ကားထွက်လာပါပြီ။ ဒီကားက Day One ဆိုတဲ့အတိုင်း အရာအားလုံးရဲ့အစ ၊အကောင်ကြီးတွေရောက်ရောက်ချင်းအချိန်ကို ပြသထားတာဖြစ်ပါတယ်။ ဇာတ်ဆောင်က ဆမ်လို့ခေါ်တဲ့ရောဂါနောက်ဆုံးအဆင့် အမျိုးသမီးဖြစ်ပြီး သူ့ရဲ့မိတ်ဆွေတွေနဲ့အတူ မြို့ထဲမှာ ရုပ်သေးရုပ်ပြဇာတ်သွားကြည့်တဲ့နေ့ကစပြီး နယူးယောက်မြို့ကြီး ငရဲတွင်းအဖြစ်ပြောင်းလဲသွားပါတော့တယ်။ ကြောက်စရာ ဂြိုလ်ကောင်ကြီးတွေနဲ့ ပထမဆုံးရင်ဆိုင်ရချိန်….. မြို့သူမြို့သားအားလုံး ကြောက်လန့်တကြား ကြံရာမရတွေဖြစ်နေချိန်….. ဆမ်လွတ်မြောက်နိုင်ပါ့မလား ဂြိုလ်ကောင်ကြီးတွေကိုရော ဘယ်လိုဉာဏ်သုံးပြီးကျော်ဖြတ်မလဲဆိုတာ……. တနေ့ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဒီဇာတ်ကားလေးမှာ ဦးဦးဖျားဖျားခံစားကြည့်လိုက်ပါ။ အညွန်းနှင့်ဘာသာပြန် - Mia

Pee Mak (2013) 720p

Pee Mak (2013)
Pee Mak (2013)

Titanic (1997) 720p

Titanic (1997)
Titanic (1997)

Aquamarine (2006)
Aquamarine (2006)

Soulmate (2023) 720p

Soulmate (2023)
Soulmate (2023)

Dune Part Two (2024) ဇာတ်လမ်းအကျဉ်း Dune ဒုတိယမြောက်ရုပ်ရှင်မှာတော့ အေထရီးဒီးအိမ်တော်ကျဆုံးပြီး ပေါလ်အေထရီးဒီးတို့သားအမိဖရေးမ
Dune Part Two (2024) ဇာတ်လမ်းအကျဉ်း Dune ဒုတိယမြောက်ရုပ်ရှင်မှာတော့ အေထရီးဒီးအိမ်တော်ကျဆုံးပြီး ပေါလ်အေထရီးဒီးတို့သားအမိဖရေးမန်းတွေနဲ့ပူးပေါင်းမိသွားတာကနေ စပါတယ်။ ဖရေးမန်းတွေထဲက ဘာသာရေးယုံကြည်သူတွေအလိုအရအေထရီးဒီးရဲ့ မိခင်က မယ်တော်ကြီးဖြစ်လာပြီးပေါလ်အေထရီးဒီးကလည်း သူ့ကို လီဆန် အာ-ဂါရစ်ဆိုတဲ့ကယ်တင်ရှင်ပရောဟိတ်လို့ ယုံကြည်နေကြသူတွေနဲ့ မယုံကြည်ကြသူတွေကို စည်းရုံးပြီး ဟာကွန်နင်အိမ်တော်နဲ့အင်ပါယာကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ပထမရုပ်ရှင်က ဇာတ်လမ်းအပျိုးမို့ နိုင်ငံရေးနဲ့တိုက်ပွဲအသေးစားတွေပဲပါပေမယ့် ဒီရုပ်ရှင်မှာတော့ အဆုံးအဖြတ်တိုက်ပွဲကြီးတွေ ဖြစ်လာပြီး နောက်ရုပ်ရှင်အတွက် ပိုကြီးတဲ့တိုက်ပွဲတွေကိုလည်း အစပျိုးသွားပါပြီ။

Deadpool 2

Deadpool 1 (2016)

Deadpool 1+2
+1
Deadpool 1+2

Shang Chi (2021)

Shang-Chi and the legend of the Ten rings(2021 Marvel ရဲ့ 2021 ထွက် ဟီးရိုးကားကြီးကိုတင်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ End Ga
Shang-Chi and the legend of the Ten rings(2021 Marvel ရဲ့ 2021 ထွက် ဟီးရိုးကားကြီးကိုတင်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ End Game အပြီး ကာလကိုအခြေခံထားပါတယ်။ စူပါဟီးရိုးကြိုက်သူတွေအတွက် လုံး၀အကြိုက်တွေ့မဲ့ကားလေးပါ။ Shang Chi ဇာတ်ကောင်သာ Marvelဟီးရိုးတွေထဲမှာ သိုင်းအတော်ဆုံးဇာတ်ကောင်ပါ။ တရုတ်ဆိုတော့ တော်တာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ဒဏ္ဍာရီလာ စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ ကွင်းဆယ်ကွင်း ရှိပါတယ်။ အဲ့ကွင်းတွေရဲ့ တစ်ဦးတည်းသောကိုင်ဆောင်သူဟာ နတ်ဘုရားရဲ့စွမ်းအားကိုတောင်ရနိုင်ပါတယ်။ ဒီလက်စွပ်ပိုင်ရှင်ကတော့ ရှန်းချီရဲ့ဖခင်ပါ။ အလွန်စွမ်းအားကြီးတဲ့ကွင်းနဲ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ရှန်းချီရဲ့ဖခင်ဟာ လောဘအတောမသတ်နိုင်ဘဲ ထာလောဆိုတဲ့ မှော်ဆန်တဲ့ရွာကိုပါသိမ်းပိုက်ဖို့ကြိုးစားလာပါတော့တယ် ။ မင်းသားကတော့ သူ့အဖေခိုင်းတာတွေမလုပ်ချင်လို့ ငယ်ငယ်ကတည်းကအိမ်ကနေထွက်လာခဲ့တာပါ။ လျှို့ဝှက်တဲ့နေရာမှာရှိနေပြီး ဘယ်သူမှမကျူးကျော်နိုင်တဲ့ ဒီရွာလေးကို သူတကယ်သိမ်းပိုက်နိုင်ပ့ါမလား။ ရှန်းချီးဆိုတဲ့ ကောင်လေးကရော ဒီကွင်းတွေနဲ့ ဘယ်လိုပတ်သက်မှုရှိနေမှာလဲ၊

Twilight of the Warriors Walled In (2024) 720p WEB-DL CM

Twilight of the Warriors: Walled In (2024) Louis Koo ၊ Sammo Hung ၊ Richie Jen ၊ Lam Raymond စတဲ့ ဟောင်ကောင်မင်းသားတွေတစ်သီကြ
Twilight of the Warriors: Walled In (2024) Louis Koo ၊ Sammo Hung ၊ Richie Jen ၊ Lam Raymond စတဲ့ ဟောင်ကောင်မင်းသားတွေတစ်သီကြီးသရုပ်ဆောင်ထားတဲ့ အက်ရှင်ဝေဝေဆာဆာနဲ့ ဟောင်ကောင်မြို့ထဲက သီးခြားတံတိုင်းမြို့အကြောင်းအက်ရှင်ကားကိုတင်ပေးလိုက်ပါပြီ။ ဇာတ်လမ်းကတော့ ၁၉ရာစုနှစ် ဟောင်ကောင်ရဲ့အုပ်ချုပ်ရေး မတည်ငြိမ်တဲ့ကာလကိုအခြေခံထားတာဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ မဟာမိတ်အဖွဲ့က ဟောင်ကောင်ကိုပထမဆုံးခိုလှုံခွင့်ရဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဟောင်ကောင်ကိုခိုလှုံလာတဲ့ ဒုက္ခသည်တွေအများကြီးရောက်လာကြတယ်။ ဟောင်ကောင်ရဲ့တစ်ချို့အပိုင်းတွေမှာ အုပ်ချုပ်ရေးမဲ့တဲ့အနေအထားဖြစ်နေတဲ့အတွက် လူမိုက်အုပ်စုဂိုဏ်းတွေဖွဲ့ပြီး ပိုင်နက်ရဖို့ အင်အားပြိုင်တိုက်ခိုက် နေကြတဲ့အချိန်ဖြစ်တယ်။ ဒုက္ခသည်လူငယ်တစ်ယောက်က လူမိုက်ခေါင်းဆောင်တစ်ယောက်ကို ပြဿနာရှာမိရာကနေပြီးတော့ ကျိုလုံတံတိုင်းမြို့ကိုရောက်သွားပြီး ခိုလှုံရာကနေစတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအများကြီးမပြောတော့ပါဘူး မင်းသားကြီးတွေနဲ့ အရည်အသွေးရှိရှိရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အက်ရှင်ကားကြိုက်သူတွေ ဟောင်ကောင်ဂိုဏ်းစတားကား ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်လို့ပဲပြောပါရစေ။