en
Feedback
AUNG Distribution

AUNG Distribution

Open in Telegram

စာအုပ်၀ယ်ယူရန်ခက်ခဲသောဒေသအသီးသီးမှ ပညာရေးမိသားစု၀င်များအတွက် မျှဝေပေးနိုင်ရန်

Show more
2 265
Subscribers
No data24 hours
No data7 days
+430 days
Posts Archive
photo content
+9

photo content
+9

စာအုပ်မှာပြီး ငွေလွှဲထားတဲ့ Cus များခင်ဗျာ Viber 09780025049 ကို ဆက်သွယ်လို့ရပါတယ်ခင်ဗျ

AUNG Distribution Page ကနေ စာအုပ်မှာထားသူများခင်ဗျာ ကားဂိတ်ပြေစာတွေလိုချင်ပါက Viber 09780025049 ကို Hi ပေးပါခင်ဗျ

photo content
+4

ဆွေးနွေးပွဲ အနှစ်ချုပ် 1. မေးခွန်းပုံစံနဲ့ အမှတ်ခွဲဝေပုံတွေ ပြောပြပါတယ်။ 2. နမူနာမေးခွန်းကို အဖြေစဉ်းစားပုံကအစ အသေးစိတ်ရှင်းပြပါတယ်။ 3. No. VI. (A) ရဲ့ မေးခွန်းမှာ bold faced words ရဲ့ same meaning ရှာရာမှာ ကွက်လပ်ရှေ့က နံပါတ် a. b. c. d. e ပေးထားတာက မှားရိုက်ထားတာပါတဲ့။ နံပါတ် 1,2,3,4,5 နဲ့ပဲ တပ်ရပါမယ်။ 4. No. I , initial letter အတွက် Text ထဲက bold faced words တွေကို အောင်မှတ်အတွက် အလေးပေး ကြည့်ရပါ မယ်။ ဂုဏ်ထူးသမားအတွက်ကတော့ common vocabulary, word form နဲ့ စကားလုံးတစ်လုံးရဲ့ positive and negative senses ကို စဉ်းစားတတ်အောင် လေ့ကျင့်ပေးထားရမယ်။ 5. No. II Choose the appropriate words or phrases ဆိုတဲ့ မေးခွန်းမှာ A. B. C နဲ့ဖြေလည်း အမှတ်ပေးမယ်။ နောက်မှာ အဖြေပါလည်းရတယ်။ အဖြေချည်းပဲရေးလည်းရတယ်။ ဖြေဆိုရာမှာရှင်းလင်းတဲ့အဖြေဖြစ်ဖို့လိုတယ်။ A လိုလို B လိုလို C လိုလို ထပ်ရေးတာမျိုးအမှတ်လျော့နိုင်တယ်။ Text ထဲက စကားလုံးတွေ ကို စာကြောင်းရဲ့ content နဲ့အညီ ရွေးချယ် တတ်ဖို့လိုတယ်။ ဝေါဟာရတစ်ခုရဲ့ synonym antonym တွေ စဉ်းစားတတ်အောင်လေ့ကျင့်ပေးထားရမယ်။ ပြီးရင် Grammar ပိုင်းထဲက articles, phrasal verbs, to infinitive or bare infinitive or gerund, adjective, conditionals, modal verbs and subordinating clauses စတဲ့ grammar point တွေကို လေ့ကျင့်ပေးထားရမယ်။ 6. No. III Grammar ကတော့ Grade 10, 11, 12 သုံးအုပ်ထဲက ကြည့်ရမယ်။ အဓိက ဆွေးနွေးမေးမြန်းကြရာမှာ being V3 (ဥပမာ being shocked) နဲ့ V3 (ဥပမာ filled with pride) တို့ ကွဲပြားပုံကို ပြောသွားတယ်။ being ပါပါ မပါပါ အမှတ်ပေးမယ်ဆိုပေမယ့် ဆရာက marking ထုတ်မှာမဟုတ်တော့ မသေချာပါဘူး။ ပထမဆုံးနှစ်မို့ အဆင်ပြေမှာပါလို့တော့ ဆွေးနွေးသွားပါတယ်။ Not only but also မှာ ပုံစံသတ်မှတ်ပေးမထားရင် နှစ်မျိုးလုံးအမှတ်ပေးပါတယ်။ Comma (,) ကျန်လို့မရပါ။ As if/ as though မှာ grade 11 text က exercise က အဆင်ပြေပေမယ့် grade 12 text က exercise ကတော့ အစ ပေးထားတာမို့ အဆင်မပြေပါဘူး။ verb ကို ပြန်ခေါ်တတ်အောင်သင်ပေးရမယ်။ Relative clause က Non-defining ဖြစ်ရင် comma ( , ) ပါရပါမယ်။ 7. No. IV (A) Poem ကွက်လပ်ကို ဖြေဆိုရာမှာ ကဗျာထဲက spelling အတိုင်းပဲဖြစ်ရပါမယ်။ paraphrase ဖြေရင်တော့ British English နဲ့ ဖြေပေးရပါမယ်။ (ဥပမာ- traveler – traveller from “the Road Not Taken”) No. IV (B) question & answer အတွက် text exercise ထဲကလည်းမေးနိုင်သလို ဖတ်ထားတဲ့စာပိုဒ်ထဲက ဉာဏ်စမ်းလဲ မေးနိုင်တယ်။ ပထမဆုံးနှစ်မို့ တအားမလှည့်လောက်ဘူးလဲ ပြောပါတယ်။ 8. Letter နဲ့ Essay ကတော့သတ်မှတ်စာလုံးရေထက် ၂၀ လောက်ပိုရေးနိုင်တယ်။ လျော့တာအတွက်ထည့်မပြောပါ။ အမှတ်ပေးရာမှာ word choice, organization, GSP နဲ့ sentence patterns ကို ကြည့်ပြီးပေးမှာ ဖြစ်ပါတယ်။ ဖြေဆိုမယ့် ကျောင်းသားအနေနဲ့ ခဲတံလေးနဲ့ အကြမ်းအရင် လျာထား, edit လုပ်ပြီးမှ အချောရေးသင့်ကြောင်း အကြံပေးသွားပါတယ်။ ဂုဏ်ထူးမှတ်ရတဲ့ ကျောင်းသားရဲ့ essayကိုတော့ စာလုံးရေ ရေတွက်ပါတယ်။ #photo 3 to 6 အတွက် ဆရာPhyo Min Zaw ကို credit ပေးပါတယ်။ #hlathaingi

2.1.2024 ရက်နေ့ 2024 တက္ကသိုလ်ဝင်စာ​မေးပွဲ အောင်ချက်မြင့်မားရေးဆွေးနွေးပွဲသင်တန်းမှာ ဆရာကြီးဒေါက်တာအောင်ကျော် ၏ဆွေးနွေးမှာကြားချက်များနှင့် ဆရာ၊ဆရာမများ၏မေးမြန်းချက်များကို ဆရာကြီးက ပြန်လည်ဖြေကြားချက်များထဲမှအချို့ကို ပြန်လည်မျှဝေပါမည်။ 1. တစ်ပြည်လုံးအတွက် မေးခွန်းတစ်စုံဖြစ်သည်။ 2. မေးခွန်းပုံစံနှင့် အခန်းလိုက်အမှတ်ခွဲဝေမှုသည် ယခင်ထုတ်ပြန်ထားသည့်အတိုင်းဖြစ်သည်။ 3. အလွတ်ကျက်မှတ်ပြီးဖြေဆိုနိုင်သောမေးခွန်းမျိုးမမေးပါ။ ဆိုလိုသည်မှာ သဘောတရားသေချာနားမလည်ဘဲ ပုစ္ဆာတစ်ပုဒ်ကို ၄/၅ခေါက်တွက်ပြီးအဖြေပါအလွတ်မှတ်မိအောင်တွက်ထားရုံဖြင့်မရပါ။ ဥပမာ အခန်း ၂၊ အခန်း ၅ ဒီလိုအခန်းမျိုးကို Textbook ထဲကပုစ္ဆာအတိုင်းတိုက်ရိုက်မမေးဘူး....လို့နားလည်မိပါသည်။ 4. Section B ၂မှတ်တန်းမေးခွန်းမှာ အဖြေအပြည့်အစုံမှန်မှ ၂မှတ်ပေးမည်။ အဖြေတစ်ဝက်မှန်သော်လည်း တစ်ဝက် ဖိုး(၁မှတ်)မပေးပါ။ 5. Section A ၁မှတ်တန်ဖြေတဲ့အခါ A or B or C or D အက္ခရာကိုသာရေးပါ။ တန်ဖိုးများထည့်မရေးရ။ ဖြေထားတာကိုပြင်ချင်ပါက ခြစ်ပြီး ပြန်ရေးပါ။ ဖြေထားတဲ့အပေါ်မှာထပ်ပြီးမရေးရ။ ဥပမာ A ဖြေထားတာကို ပြင်ချင်ပါက A ကိုခြစ်ပြီး ဘေးမှာ ပြန်ရေးပါ။ A ပေါ်မှာဘဲထပ်ပြီးပြင်ရေးတာမျိုးမလုပ်ရ။ 6. calculator သုံးပြီးတွက်နိုင်သောအဆင့်တိုင်း calculator နှင့်တွက်ပါ။ calculator သုံးပြီးအဖြေတိုက်နိုင်သည်။ three unknown three equations ကို calculator ဖြင့်ရှင်းလို့ရတယ်။ 7. မေးခွန်းကို Textbook ကိုဘောင်ကျော်ပြီးမမေးပါ။ ဘောင်ကျော်ပြီးမေးမိပါက အမှတ်ပေးမည်။ 8. Sample questions ၃စုံကို သေချာလေ့ကျင့်ထားပါ။ အကျိုးရှိမယ်။ 9. Ch 1. theta ရှာတဲ့အခါ (1,0), (0,1) ကဲ့သို့ ဝင်ရိုးပေါ်ကျသောအမှတ်များအတွက်ပုံမဆွဲလဲရတယ်။ Quadrant ပေါ်မှာရှိရင် ပုံဆွဲရမယ်။ pi/8 ပုစ္ဆာကို root နဲ့ဘဲတွက်ရမယ်။ ဒသမနဲ့တွက်လို့မရပါ။ 10. Ch.2 တွက်တဲ့အခါ step သုံးခုမှန်ရမယ်။ n=1 ကစလား၊ n=5 ကစလား။ induction ပုံစံမှန်ရမယ်။ 11.Ch 3,4 line, plane equation မှာ မေးခွန်းမှာမကန့်သတ်ထားရင်ကြိုက်တဲ့နည်းနဲ့တွက်လို့ရတယ်။ 12. Ch 5, Ex 5.4 No.10 5 letters between 2S's ကဲ့သို့ ၂မျိုးဖြစ်နိုင်သော ဒွိဟဖြစ်စေသော မေးခွန်းမျိုးမမေးပါ။ လက်တွေ့ဘဝမှာတွေ့ရတဲ့မေးခွန်းမျိုးဘဲမေးမယ်။ ကျောင်းသားနားမလည်နိုင်တဲ့ အင်္ဂလိပ်စာအရေးအသား မမေးပါ။ Ch 5 ဖြေဆိုရာတွင် စာအရေးအသား grammar မှားရင်လဲရတယ်။ 13. Ch 6 Rotation of axes ပုစ္ဆာပုံဆွဲတဲ့အခါ ထောင့်တန်ဖိုးအတိအကျဖြစ်စရာမလိုပါ။ 14. Ch 7.8 sin, cos ဂရပ်ဆွဲတဲ့အခါone period ဆိုရပြီ။ tan, cot, sec, csc ဂရပ်များဆွဲရင် two period ဆွဲပါ။ Draw the graph မေးရင် တစ်ပုံဘဲဆွဲပါ။ Draw step-by-step ...မေးရင် ၃ဆင့်ဆိုရင် ၃ပုံပေါင်းဆွဲပါ။ အစပုံနှင့်အဆုံးပုံမှာဘဲ point တွေထည့်ပေးရင်ရပြီ။ sec ဂရပ်တဲ့အခါ cos ဂရပ် csc ဂရပ်ဆွဲတဲ့အခါ sin ဂရပ် ကို dotted line ဖြင့်ထည့်ပေး ( reciprocal ဖြစ်ကြောင်းပြချင်တာ) 15. Ch 9. Linearization တွက်တဲ့အခါ ဒသမ သုံးနေရာဖြတ်ရင်လုံလောက်ပြီ။ 16. Ch 10. Integration by part ကို Tabular method နဲ့တွက်လို့မရပါ။ by part သဘောတရားပေါ်လွင်အောင် Textbook အတိုင်းတွက်ရမယ်။ Substitution ရိုးရိုးအက္ခရာဘဲမေးမယ်။ by part ၂ဆင့်တွက်ရတာလောက်ဘဲမေးမယ် Partial fraction Text ထဲကဘဲမေးမယ် Ch 11. ပုံဆွဲလို့လွယ်ရင်ဆွဲ၊ ဆွဲမရတဲ့ပုံဆိုမဆွဲနဲ့။ m,cm မမေးထားရင် unit ^2, unit^3 မထည့်လဲရတယ်။ ဖတ်စာအုပ်ထဲကထက်ခက်တာမမေးဘူး။ ခက်ခက်ခဲခဲတွေမသင်ပါနဲ့။ အားလုံးအဆင်ပြေကြပါစေ။ သင်တန်းမှာပို့ချချက်အတိုင်း စေတနာဖြင့်ပြန်လည်မျှ​ဝ​ခြင်းသာ။ ကျေးဇူးပြုပြီး ကျနော့်ကို complain လာမတက်ပါနှင့်။ မေးခွန်းတွေ လာမမေးပါနှင့်။ မေးချင်တာရှိရင် ဆရာကြီးကိုမေးကြပါခင်ဗျာ။ #Saya Kyaw

photo content

photo content
+9

photo content
+9

photo content
+9

photo content
+9

2-1-2024 Grade 12 အောင်ချက်မြင့်မားရေး Maths Chapter 7 to 11 Crd - Daw Kyawt Kyawt Nyein

2-1-2024 Grade 12 အောင်ချက်မြင့်မားရေး Maths Chapter 1 to 6 Crd - Daw Kyawt Kyawt Nyein

photo content
+1

photo content
+9

photo content
+9

ဘယ်လောက်ကြည့်ရမလဲ မေးတတ်သူတွေ အတွက် ဂျာနယ် အဆိုအရ ရူပဗေဒမှာ အပိုင်း (၄) ပိုင်း သတ်မှတ်ထားပါတယ်။ အပိုင်း (၁)။ အခန်း (၁၊ ၂၊ ၃) အပိုင်း (၂)။ အခန်း (၄၊ ၅၊ ၆၊ ၇၊ ၈) အပိုင်း (၃)။ အခန်း (၉၊ ၁၀၊ ၁၁) အပိုင်း (၄)။ အခန်း (၁၂၊ ၁၃)။ အပိုင်းတွေ မျှအောင် မေးမယ်ဆိုတော့ ဖြေလို့ရမှာ တစ်ပိုင်း ၂၅ မှတ်။ အခန်း ၁၂ နဲ့ ၁၃ ကို ပါယ်မယ်ဆိုရင် ကိုယ့်ကျောင်းသားရဲ့ သေချာမှုက ဘယ်လောက်လဲ။ ကိုယ့်သင်ကြားမှုက ဘယ်လောက်လဲ။ အခန်း ၁ က ၁၁ ထိကို အကုန်သင်တယ်၊ အကုန်ကြည့်တယ်၊ မေးခွန်းလှည့်လည်း ဖြေနိုင်မယ်၊ သိပ်သေချာတယ် ဆိုရင်တောင် ၇၅ မှတ်ပဲ ရမယ်။ ၈၀ ရာနှုန်း သေချာရင် ၆၀ မှတ် ရမယ်။ ၆၀ ရာနှုန်း သေချာရင် ၄၅ မှတ် ရမယ်။ ၅၀ ရာနှုန်း သေချာရင် ၄၀ မပြည့်ဘူး။ အခန်း ၁ က အခန်း ၁၀ ထိ ဘယ်လိုမေးမေး ရမယ်ဆိုရင် ၆၆ မှတ်။ အခန်း ၁ က အခန်း ၉ ထိ ဘယ်လိုမေးမေး ရမယ်ဆိုရင် ၅၈ မှတ်။ အခန်း ၁ က အခန်း ၈ ထိ ဘယ်လိုမေးမေး ရမယ်ဆိုရင် ၅၀ မှတ်။ အခန်း ၁ က အခန်း ၃ ထိ၊ တစ်ခန်းပါယ်ရင် ၈ မှတ်စီ မရတော့ဘူး။ အခန်း ၄ က အခန်း ၈ ထိ၊ တစ်ခန်းပါယ်ရင် ၅ မှတ်စီ မရတော့ဘူး။ အခန်း ၉ က အခန်း ၁၁ ထိ၊ တစ်ခန်းပါယ်ရင် ၈ မှတ်စီ မရတော့ဘူး။ အခန်း ၁၂ နဲ့ အခန်း ၁၃ က၊ တစ်ခန်းပါယ်ရင် ၁၂ မှတ်စီ မရတော့ဘူး။ ကျွန်တော် တွက်ပြတာက မေးခွန်း အမှန် တကယ် မျှမှပါ။ ကိုယ့်ဟာကိုယ် ဆင်ခြင်ပါ။ ကျွန်တော်ကတော့ ဘယ်လောက် ညံ့တယ် ပြောပြော၊ အကုန် သင်ပါတယ်။ အထပ်ထပ် လေ့ကျင့်ခိုင်းပါတယ်။ များများ ထိတွေ့ထားလေ၊ များများ ကြိုးစားခွင့်ရှိလေ၊ များများ ရနိုင်ခြေ ရှိလေပါ။ 130 ပေါ် အခြေခံတာအတွက် ဟောပြောပွဲတွေမှာ ပြောဆိုတာအရ အပိုင်း (၁)။ အခန်း (၁၊ ၂၊ ၃) အတွက် ၂၀ မှတ် အပိုင်း (၂)။ အခန်း (၄၊ ၅၊ ၆၊ ၇၊ ၈) အတွက် ၃၇ မှတ် အပိုင်း (၃)။ အခန်း (၉၊ ၁၀၊ ၁၁) အတွက် ၃၉ မှတ် အပိုင်း (၄)။ အခန်း (၁၂၊ ၁၃) အတွက် ၃၄ မှတ်။ အပိုင်းတွေ သီးခြားလား၊ ရောတွဲနိုင်လား ကျွန်တော်မသိပါ။ ရောတွဲလာရင် ရွေးဖို့ ပိုနည်းမှာမို့ ဆင်ခြင် ပါယ်ဖြတ်ကြပါ။ #DrVince

photo content

photo content
+6