en
Feedback
NeedRelax Movie Review

NeedRelax Movie Review

Open in Telegram

ဇာတ်ကားအညွှန်းများကြည့်ရန်

Show more
The country is not specifiedThe category is not specified
1 857
Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
October '24
October '240
in 0 channels
September '240
in 0 channels
Get PRO
August '240
in 1 channels
Get PRO
July '240
in 1 channels
Get PRO
June '240
in 0 channels
Get PRO
May '240
in 0 channels
Get PRO
April '240
in 0 channels
Get PRO
March '240
in 0 channels
Get PRO
February '240
in 0 channels
Get PRO
January '240
in 0 channels
Get PRO
December '230
in 0 channels
Get PRO
November '230
in 0 channels
Get PRO
October '230
in 1 channels
Get PRO
September '230
in 0 channels
Get PRO
August '230
in 0 channels
Get PRO
July '230
in 0 channels
Get PRO
June '230
in 0 channels
Get PRO
May '230
in 0 channels
Get PRO
April '230
in 0 channels
Get PRO
March '230
in 0 channels
Get PRO
February '23
+6
in 0 channels
Get PRO
January '23
+9
in 0 channels
Get PRO
December '22
+13
in 0 channels
Get PRO
November '22
+21
in 0 channels
Get PRO
October '22
+34
in 0 channels
Get PRO
September '22
+52
in 0 channels
Get PRO
August '22
+74
in 0 channels
Get PRO
July '22
+46
in 0 channels
Get PRO
June '22
+65
in 0 channels
Get PRO
May '22
+57
in 0 channels
Get PRO
April '22
+63
in 0 channels
Get PRO
March '22
+135
in 0 channels
Get PRO
February '22
+138
in 0 channels
Get PRO
January '22
+208
in 0 channels
Get PRO
December '21
+227
in 0 channels
Get PRO
November '21
+131
in 0 channels
Get PRO
October '21
+190
in 0 channels
Get PRO
September '21
+303
in 0 channels
Get PRO
August '21
+493
in 0 channels
Get PRO
July '21
+543
in 0 channels
Date
Subscriber Growth
Mentions
Channels
14 October0
13 October0
Channel Posts
Alienoid (2022) ထွက်မလာခင်ကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေစောင့်နေတဲ့ Sci-Fi Action အမျိုးအစား Alienoid Part 1 ကတော့ ထွက်လာပါပြီ ကျွန်တော်ကတော့ စောင့်ရကျိုးနပ်တယ်လို့ပဲ ပြောချင်ပါတယ် သုံးထားတဲ့ CGI တွေ နောက်ခံစကားပြော သရုပ်ဆောင်တွေနဲ့ ဇာတ်ကောင်တွေနဲ့အလိုက် သရုပ်ဆောင်တွေကို သုံးထားတာတော့ အံဝင်ခွင်ကျပါပဲမင်းသား Woo Bin ရဲ့ Comeback ရုပ်ရှင်ကတော့ K Industry မှာ တစ်ခေတ်ဆန်းသစ်ပြန်ပါပြီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဂိုလျောခေတ်ကို ဂြိုဟ်သားတွေ ရောက်လာတဲ့ကိစ္စပါပဲ တစ်ချိန်တည်းမှာပဲ လက်ရှိခေတ်မှာရော ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ်ကိုရောက်လာပါလေရော အချိန်နှစ်ခုကို ယှဉ်ရိုက်ထားပြီး အဲဒီအချိန်နှစ်ခုကြားမှာ ဘယ်လို ပတ်သက်ဆက်နွယ်မှုတွေ ရှိသလဲဆိုတာကတော့ မြှုပ်ကွက်တစ်ခုပါပဲ အားလုံးပဲသိတဲ့အတိုင်း ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း သူ့ထက်ငါ တပြားမှမလျော့ကြတဲ့သူတွေပါပဲ– Reply 1988 ထဲက Ryu JunYeol – Our Blues ထဲက Kim Woo Bin – 25-21 ထဲက သည်းသည်းတုန်လေး Kim Tae Ri နဲ့ – ဘတ်ချောအွန်းလို့ မြန်မာမှာ လူသိများတဲ့ မင်းသားကြီး So Ji Sub တို့ပါဝင်ထားလို့အာရုံအစိုက်ခံရဆုံးဇာတ်လမ်းပါပဲအညွှန်း ကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။

2
http://www.youtube.com/watch?v=giXco2jaZ_4
184
3
Top Gun: Maverick (2022) ==================== IMDb Rating - 8.6/10 တွမ်ခရုရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့တဲ့ တော့ပ်ဂန်းရုပ်ရှင်ရဲ့ အဆက် တော့ပ်ဂန်း-မက်ဗရစ်ထွက်လာပါပြီ။ ကိုရီးယားစာပါသေးတာကလွဲရင် အကြည်ပါပဲ။ ရုပ်ရောအသံရော ကြည်ပါပြီ။ ဒီရုပ်ရှင်ထဲမှာတော့ မက်ဗရစ်ရဲ့ မိတ်ဆွေကြီးအိုက်စ်တောင် ဗိုလ်ချုပ် ဖြစ်နေပါပြီ။ ဒါပေမဲ့ မက်ဗရစ်ကတော့ ပြဿနာတွေရှာလိုက် လူကြီး တွေနဲ့ ညှိလိုက်နဲ့ သက်တမ်းရင့်ဗိုလ်ကြီးဖြစ်နေတုန်းပါပဲ။ သူ့ကိုအပြီးသတ် အနားပေးခါနီးမှာပဲ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ခုပေါ်လာပါတယ်။ အဲဒီစစ်ဆင်ရေးက အရမ်းခက်ခဲလွန်းတဲ့အတွက် တော့ပ်ဂန်း သင်တန်းဆင်း အတော်ဆုံးလေယာဉ်မှူးတွေကို ပြန်ခေါ်ပြီး မက်ဗရစ်ကို နည်းပြအဖြစ် တာဝန်ပေးလိုက်ပါတော့တယ်။ အဲဒီအဖွဲ့ထဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဂုစ်ရဲ့ သားပါလာပြီး သူက မက်ဗရစ်ကို သူ့အဖေသေရတဲ့အတွက်မုန်းတီးနေတဲ့သူပါ။ သူတို့နှစ်ယောက်ကြားက အမုန်းတွေကိုဘယ်လိုဖြေရှင်းပြီး မဖြစ်နိုင်တဲ့စစ်ဆင်ရေးတစ်ခုကို ဘယ်လို ရအောင် တိုက်ခိုက်ကြမလဲဆိုတာ....ဒီရုပ်ရှင်မှာကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ $1.3 Billionနီးပါး ရုံတင်ငွေရရှိထားတာဖြစ်ပြီး၊ တွမ်ခရုရဲ့ သရုပ်ဆောင်သက်တမ်း နှစ်(၄၀)အတွင်း ပထမဆုံးသော Billionနဲ့ချီပြီး ဝင်ငွေရရှိခဲ့သော ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။
133
4
http://www.youtube.com/watch?v=R068Si4eb3Y
169
5
Thirteen Lives ( 2022 ) ထိုင်းမှာ ကလေး ၁၂ယောက်နဲ့ ဘောလုံးနည်းပြတစ်ယောက် ဂူထဲပိတ်မိတဲ့ သတင်းဟာ ဟိုးတုန်းက ဟိုးလေးတကျော်ပေါ့။ အဲဒီထဲ ရှမ်းအမေ မြန်မာနိုင်ငံသူရဲ့ ကလေးတောင်ပါပါတယ်။ ပထမဆယ်ရက်ထိ သူတို့ဆီမှာ ဘာစားစရာ ဘာရေမှ မရှိဘဲ ကယ်ဆယ်ရေးတွေရောက်တဲ့အထိ ရှင်အောင်နေနေခဲ့ကြတဲ့ စိတ်ရောကိုယ်ပါ သန်မာတဲ့ကလေး ၁၂ယောက်နဲ့ နည်းပြတစ်ယောက်ရဲ့အဖြစ်ကို ရှေ့နှစ်မှာ ဒိုကူမန်ထရီတစ်ကားထွက်ခဲ့ပြီး အဲဒီအရင်လည်းတစ်ကားထွက်ဖူးပေမဲ့ ဒီနေ့တစ်ရက်တည်းတင် နောက်၂ကားထွက်လာပါတယ်။ သို့ပေမဲ့ ဒီရုပ်ရှင်ကတော့ မတူပါဘူး။ မတူဆို ဒါရိုက်တာက စပြောရမှာပဲ။ ဒါရိုက်တာက ရွန်ဟောင်းဝတ်။ 2001 မှာထွက်ခဲ့တဲ့ A Beautiful Mind ရုပ်ရှင်နဲ့ Best Picture, Best Director အပါအဝင် တခြားဆုတွေ တန်းစီရခဲ့တဲ့သူ။ တခြားကားကောင်းတွေအများကြီးလည်းရိုက်ထားတဲ့သူပါပဲ။ ဒီလိုလူက ဘာလို့ ဒီလိုကားရိုက်လဲ ဆိုတာတော့မသိပေမဲ့ ဒီကားလည်း IMDb - 7.9/10 , Rotten Tomatoes - 88% နဲ့ ရပ်တည်နေတာဆိုတော့ ပရိသတ်တွေရော ဝေဖန်ရေးသမားတွေရော သဘောကျတဲ့ရုပ်ရှင်လို့ပြောရမှာပါပဲ။ မင်းသားတွေကလည်း Colin Farrell တို့ Joel Edgerton တို့လို နာမည်ထက် အရည်အချင်းက ပိုသာနေတဲ့ မီးခဲပြာဖုံးတွေအပြင် Viggo Mortensen ကြီးပါပါသေးတယ်။ သူ့ကိုတော့ Lord of the Rings ထဲက အာရဂွန်အဖြစ် လူသိများပြီး တခြားကောင်းပေ့ဆိုတဲ့ ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ထားတဲ့သူပါပဲ။ ဒါရိုက်တာရော မင်းသားတွေရောက အကောင်းကြိုက်တွေဆိုတော့ ဒီကား ကောင်းမကောင်းပြောဖို့မလိုပါဘူး။ အဆစ်အနေနဲ့ ထိုင်းရဲ့ နာမည်ကြီး Bad Genius ထဲက Teeradon Supapunpinyo ပါပါသေးတယ်။ (ဟာသပြောရရင်တော့ ဒီရုပ်ရှင်ထဲက Colin Farrell ရဲ့ဇာတ်ကောင်ဖြစ်တဲ့ John Volanthen က မစ္စတာဘင်းကြီး ရိုဝန်အက်ကင်ဆန်ကို သူ့နေရာက သရုပ်ဆောင်ခိုင်းဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ရွန်ဟောင်းဝတ်ကြီးက ငါတို့အဲဒီလိုကားမျိုးရိုက်တာမဟုတ်ဘူးကွဆိုပြီး ငြင်းပြီး Colin Farrell ကိုရွေးလိုက်ပါတယ်။ Volanthen ကတော့ Colin ကို သိတောင်မသိပါဘူးတဲ့...) ရွန်ဟောင်း၀တ်ဟာ အနောက်ကလူပေမဲ့ အရှေ့အကြောင်းကို အဓိကထားပြီး ရိုက်တဲ့ကားမှာ အရှေ့တိုင်းယဉ်ကျေးမှု ထိုင်းယုံကြည်မှုကို မပစ်ပယ်ဘဲ သေချာထည့်သွင်းရိုက်ကူးခဲ့တာကိုလည်း ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ နတ်ကိုင်သလိုလို ထင်နေကြတာမို့ နတ်ပုံကိုလည်း သေချာကြက်သီးထစဖွယ်ရိုကိခဲ့သလို ဆုတောင်းတာတို့ ကလေးတွေအတွက် အဆောင်ထည့်ပေးတာတို့ကို သေချာပြခဲ့သလို အင်္ဂလိပ်တွေရဲ့ တုံ့ပြန်ပုံကိုပါ သေချာပြခဲ့ပါတယ်။ တကယ့် ဝါရင့်ဆရာကျတဲ့ ဒါရိုက်တာပီသစွာ နှစ်ဖက်စလုံးကအမြင်ကို အခြေအနေတော်တော်များများမှာ ရိုက်ပြသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီအားလုံးသိပြီးသားဇာတ်ကို ရွန်ဟောင်းဝတ်ဟာ အတော်လေး အီမိုရှင်နယ်ဖြစ်အောင်ရိုက်ပြခဲ့သလို ဒီဖြစ်ရပ်မှာပါဝင်ကူညီခဲ့တဲ့ လယ်သမားအစ နိုင်ငံခြားသားအဆုံးရဲ့ အားထုတ်မှုတွေကိုလည်း တလေးတစားဖော်ပြထားခဲ့ပါတယ်။ ပရိသတ်အချို့က ဒါမျိုးမှ စူပါဟီးရိုးကားအစစ်ဆိုတဲ့ သဘောမျိုးတောင် ချီးကျူးကြပါတယ်။ လူကိုလူချင်းကူညီတာထက် စူပါဟီးရိုးဆန်တာ ရှိဦးမလား။ ထူးတာကတော့ မိဘတွေရဲ့ပူပန်မှုကို ဖော်ပြတဲ့နေရာမှာ မြန်မာနိုင်ငံသူ ထိုင်းမှာနေပြီး နိုင်ငံပျောက်နေတဲ့ ရှမ်းအမျိုးသမီးကိုပဲ အဓိကဖော်ပြထားခဲ့ပါတယ်။ အဆုံးမှာတော့ သူတို့ကို ထိုင်းဘက်က နိုင်ငံသားခံယူခွင့်ပေးခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ဒိုကူလား ရုပ်ရှင်လား မသည်းကွဲရလောက်အောင် ပီပြင်သလို Colin ကလည်း ဒီရုပ်ရှင်ကို ရိုက်ရင်းစိတ်မသက်မသာဖြစ်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ သေချာတာကတော့ ဒီဖြစ်ရပ်ကို သရုပ်ဖော်ခဲ့တဲ့ထဲ ရုပ်ရှင်တွေထဲ ဒီကားအကောင်းဆုံးဖြစ်ဖို့များသလို ကယ်ဆယ်သူတွေဘက်က စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ခရေစေ့တွင်းကျ ခံစားရမယ့် ရုပ်ရှင်လည်းဟုတ်ပါတယ်။ ကားအသစ်ထွက်ရင် ကြည့်ကိုကြည့်သင့်တဲ့ ဆရာ့ဆရာ ဒါရိုက်တာကြီးတွေထဲက တစ်ယောက်ရဲ့ လက်ရာဆိုတော့လည်း ဒီလောက်တော့ရှိမပေါ့။ ဒီရုပ်ရှင်ဟာ ၂၀၂၂ထဲ ခင်ဗျားကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းတစ်ရာလောက်ကို စာရင်းလုပ်မယ်ဆို တစ်ဝက်လောက်မှာ ပါကိုပါနေမယ့်ရုပ်ရှင်ပါပဲ။
97
6
http://www.youtube.com/watch?v=_xA9yfxp1sw
67
7
Carter(2022) အညွှန်း ************* (အဖော်အချွတ်ခန်းအချို့နဲ့ ကြမ်းတမ်းတဲ့ သတ်ဖြတ်ခန်းတွေ အများကြီးပါတာမို့ မိသားစုနဲ့အတူ မကြည့်သင့်ပါဘူး..) ဇာတ်လမ်းကိုတော့ ခေါင်းထဲမှာ ဗလာမှတ်ဉာဏ်နဲ့နိုးထလာတဲ့ လူတစ်ယောက်နဲ့ အစချီထားတယ် အဲ့ဒီလူနိုးနိုးချင်းမှာပဲ သူ့နားပတ်လည်မှာ သွေးသံရဲရဲဖြစ်နေပြီး CIAအေးဂျင့်တွေဝိုင်းနေခဲ့တယ် ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အဲ့ဒီလူက ရုတ်တရက် သူ့နားထဲမှာတပ်ထားတဲ့ အသံတစ်ခုကို ကြားပြီး အဲ့ဒီအသံစေညွှန်ရာအတိုင်း လိုက်လုပ်ဖို့ဖြစ်လာတယ် နားထဲကစက်ရဲ့အသံပိုင်ရှင်ဆီကနေ သူ့နာမည် “Carter”ဆိုတာနဲ့ အေးဂျင့်ဟောင်းတစ်ယောက်ဖြစ်မှန်း သိခဲ့ရတယ် စီအိုင်အေနဲ့ မြောက်ကိုရီးယားကြားက ဆန်းကြယ်တဲ့စစ်ဆင်ရေးတစ်ခုကို Carterဘက်က မငြင်းဆန်နိုင်ဘဲ မဖြစ်မနေလုပ်ရမဲ့ အကြောင်းဖန်လာတဲ့အခါ…. ထူးခြားတဲ့ဇာတ်အိမ်၊ ရင်တမမကြည့်ရမဲ့ဇာတ်ကွက်တွေနဲ့ ကြည့်ရတာတန်မဲ့ကားကောင်းဖြစ်လို့ လက်မလွတ်တမ်း ခံစားကြည့်ရှုကြပါဦး...
72
8
http://www.youtube.com/watch?v=7IoGHLXWs28
66
9
S.W.A.T.(2003) အညွှန်း **************** မာသာဖတ်ကာကြီးအဓိက ဦးဆောင်ထားတဲ့ အက်ရှင်အလန်းကားလေး တင်ဆက်ပေးလိုက်ပါတယ်.. SWAT အဖွဲ့ဆိုတာ အန္တရာယ်ရှိတဲ့အခြေ‌အနေတွေကို ထိန်းကျောင်းဖို့၊ ဓားစားခံဖမ်းခေါ်ထားတဲ့အခြေအနေတွေမှာ ကယ်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီး ရဲဌာနလက်အောက်မှာ ဖွဲစည်းထားတဲ့ အထူးစစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လ်ရဲဌာနရဲ့ SWAT အဖွဲ့ဟာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာအကြီးမားဆုံးနဲ့ လေးစားမှုအခံရဆုံး အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်ပါတယ်။ တစ်ရက်မှာတော့ နိုင်ငံပေါင်း 12 နိုင်ငံကျော်မှာ မူးယစ်ဆေးကုန်ကူးမှု၊ မှောင်ခိုသွင်းမှု၊ လူသတ်မှုပေါင်းများစွာနဲ့ အလိုရှိနေတဲ့အန္တရာယ်ရှိရာဇဝတ်သားတစ်ယောက်ကို လော့စ်အိန်ဂျယ်ရဲဌာနက မမျှော်လင့်ပဲ ဖမ်းမိပါတော့တယ်။ အဲ့ဒီရာဇဝတ်သားဟာလည်း နှယ်နှယ်ရရမဟုတ်လေတော့ မီဒီယာတွေရှေ့မှာပါ သူ့ကိုကယ်ထုတ်ပေးနိုင်တဲ့ ဘယ်သူမဆို ‌အမေရိကန်ဒေါ်လာ သန်းတစ်ရာပေးမယ်ဆိုပြီး အတိအလင်းကြေငြာထားသူဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လ် SWAT အဖွဲ့အနေနဲ့ အဲ့ဒီအကျဉ်းသားကို ဗဟိုအကျဉ်းထောင်ကို လွှဲပြောင်းပို့ဆောင်ရဖို့ ဖြစ်လာတဲ့အခါမှာတော့ ဒေါ်လာသန်းတစ်ရာရဖို့ ရာဇဝတ်သားကို အပြိုင်အဆိုင်ကယ်ထုတ်ကြမယ့်သူတွေနဲ့ ကြုံဆုံရပါတော့တယ်။ လော့စ်အိန်ဂျယ် SWAT အဖွဲ့အနေနဲ့ ဘယ်လိုနည်းဗျူဟာတွေနဲ့ စစ်ဆင်ရေးကိုအကောင်အထည်ဖော်သွားမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
86
10
http://www.youtube.com/watch?v=REqFOV2A7sI
221
11
777 Charlie (2022) လူတစ်ယောက်ကို ပြောင်းလဲစေတာက အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ… ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး တစ်ယောက်တည်းကျန်ခဲ့တဲ့ “ဒါမာ” ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖို့ကိုပဲ ရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့ဖို့ မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက် အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့ ခွေးလေးတစ်ကောင် အဲဒီခွေးလေးကို သူမမွေးချင်လို့ မွေးစားမယ့်သူကို ရှာနေတုန်းမှာပဲ ခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ် သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကို နူးညံ့ပျော့ပျောင်းလာစေပြီး ဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲ့တိုက်နေထိုင်ခဲ့တဲ့ သူ့ကို အမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့ လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရား‌ အဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင် ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတဲ့ အကြောင်း ရိုက်ကူးပြသထားတဲ့ မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့် ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်
214
12
http://www.youtube.com/watch?v=mYoOaAx7oXs
194
13
Kickboxer:Retaliation (2018) ၂၀၁၈ခုနှစ်ထွက်အက်ရှင်ကားမှ အက်ရှင်ကားဖြစ်တဲ့အတိုက်အခိုက်တွေ မွေထိုင်းဘက်စုံတိုက်ခိုက်ရေးဇာတ်ကားတွေကို ကြိုက်နှစ်သက်သူများအတွက်စိတ်ကြိုက်တွေ့စေမယ့်ကားလေးပါ။ ဒီကားမှာတော့ ကာ့ဒ်တစ်ယောက် ထိုင်းကိုဘယ်တော့မှပြန်မလာတော့ဘူးဆိုပြီး ဆုံးဖြတ်ထားခဲ့ပေမယ့် MMA ကမ္ဘာ့ချန်ပီယံပွဲအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုပြန်လည်ခြေချရပါတော့တယ်။ ခဏတာတိမ်းရှောင်ခွင့်ရခဲ့ပေမယ့် ထိုင်းကိုပြန်လာမိတာနဲ့ ယခင် အတိတ်ကရာဇဝင်ကြွေးတွေဆပ်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဘယ်လိုမှရှောင်တိမ်းလို့မရတော့တဲ့ အခါမှာတော့ မွန်ကွတ်ဆိုတဲ့ လူသန်ကြီးကိုအနိုင်ယူနိုင်မှဖြစ်တော့မယ်ဆိုတဲ့အခါမှာတော့ လက်ဝှေ့ကျော်ကြီး မိုင်တိုင်ဆန်၊ ဘောလုံးအကျော်အမော်ကြီး ရိုနယ်ဒင်ဟို၊ နာမည်ကျော်မင်းသားကြီးဗန်ဒိန်းတို့ရဲ့ ရောသမမွှေလေ့ကျင့်ပေးမှုတွေနဲ့အတူ ကာ့ဒ်တစ်ယောက်ကြွေးရှင်းနိုင်မလား။ တစ်ခါတည်းဇာတ်သိမ်းသွားမလားဆိုတာတော့ အက်ရှင်ကားပရိသတ်တွေကိုယ်တိုင်ပဲ ဇာတ်ကားလေးကိုဆက်ကြည့်လိုက်ပါဦး
112
14
http://www.youtube.com/watch?v=I_35TtG1M_U
209
15
Maamanithan (2022) ဒီတစ်ခေါက်တော့ IMDB မှာ 7.7 ရရှိထားပြီး တောင်ပိုင်းနာမည်ကြီးမင်သား ဗီဂျေးစည်သူပသီ ပါဝင်သရုပ်ဆောင်ထားတဲ့ Maamanithan ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကရစ်ရှနာဆိုတာ ရွာလေးတစ်ရွာမှာ သုံးဘီးလေးမောင်းရင်း အသက်မွေးဝမ်းကြောင်းတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ကူးအိမ်မက်လေးကတော့ သာယာတဲ့မိသားစုဘဝလေးကို တည်ထောင်ပြီး သူကိုယ်တိုင် စိတ်ကြိုက်ဆောက်လုပ်ထားတဲ့ စိတ်ကူးယဉ်အိမ်လေးထဲမှာ နေချင်သူဖြစ်ပါတယ်။ ဒီလိုနဲ့ သဘောကျတဲ့ အမျိုသမီးနဲ့လက်ထပ်ပြီး မိသားစုဘဝလေးကို တည်ထောင်တဲ့အခါမှာ သူအနေနဲ့ အလုပ်ကိုပိုကြိုးစားဖို့ဖြစ်လာပါတော့တယ်။ သုံးဘီးမောင်းရင် တစ်ဖက်တလမ်းကနေပြီး ပွဲစားအလုပ်ကို တွဲဖက်လုပ်ကိုင်တဲ့အခါမှာတော့ သူ့ရဲ့ဘဝမှာ ထင်မှတ်မထားတဲ့ အပြောင်းလဲနဲ့ကြုံရပါတော့တယ်။ ယုံကြည်လို့ရမယ်ထင်ထားသူရဲ့ သစ္စာဖောက်မှုကြောင့် သူရဲ့သာယာတဲ့မိသာစုလေးဟာ နေ့ချင်းညချင်းပဲ လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ခံရပါတော့တယ်။ ကရစ်ရှနာတစ်ယောက် လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? သူ့ရဲ့မိသားစုကရော ပြသနာတွေကို ဖြေရှင်းရာမှာသူ့ဘက်က ရပ်တည်ပေးမှာလား? သစ္စာဖောက်တဲ့သူကရော ဘယ်သူလဲ? အစရှိတဲ့ မေးခွန်းတွေကို အဖြေရှာရင်း ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
72
16
http://www.youtube.com/watch?v=z6ZedPiTEv0
85
17
Jug Jugg Jeeyo (2022) ဒီဇာတ်ကားလေးကတော့ လတ်တလောထွက်ရှိထားတဲ့ အိန္ဒိယကားတွေနဲ့ မတူဘဲ အေးအေးလေးနဲ့ ဇာတ်ကို ဆွဲခေါ်သွားမယ့် မိသားစုကားလေးပဲ ဖြစ်ပါတယ်.. အဲ..မိသားစုကားဆိုပြီး ကြည့်ကောင်းမှာမဟုတ်ဘူးလို့ စိတ်မပူနေကြနဲ့နော်..ဟာသလေးနှောထားလို့ မြူးမြူးကြွကြွလေးနဲ့ ထိုင်ရယ်နေရမှာနော်… မင်းသားအနေနဲ့ကလည်း ပရိသတ်အချစ်တော် မင်းသားလေး ဗာရွန်းဆိုတော့ သူ့ရဲ့သရုပ်ဆောင်မှုအပိုင်းကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုတော့ပါဘူး မင်းသမီးလေးက ကီယာရာလေးဆိုတော့ သူမရဲ့လှပတဲ့ ရူပါအဆင်းကိုပါ ဆွဲငြိခံစားရမှာဖြစ်ပါတယ်… မင်းသားကြီးအနီလ်ကပူးလည်း ပါဝင်သရုပ်ဆောင်ထားလို့ ဇာတ်က ပိုလို့ကြည့်ကောင်းခဲ့ပါတယ်… ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အိမ်ထောင်ရေးကို စိတ်ကုန်နေတဲ့ ပြည်ပရောက်ဇနီးမောင်နှံဟာ တစ်ယောက်နဲ့တစ်ယောက် ခံစားချက် မရှိတော့လို့ ကွာရှင်းဖို့ဖြစ်လာပါတယ်… အမိမြေမှာ လင်ယောက်ျားရဲ့ညီမဖြစ်သူ မင်္ဂလာပွဲရှိတော့ မင်္ဂလာပွဲပြီးတဲ့အထိ သူတို့ကွာရှင်းမှာကို လူကြီးတွေကို အသိမပေးဘဲ နေခဲ့ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်… ဖြည်းဖြည်းချင်း ညှိနှိုင်းကြမယ်ပေါ့ လူကြီးတွေလည်း စိတ်မညစ်ရအောင် စီစဉ်ကြမယ်ပေါ့…ဒါပေမဲ့ သူတို့ထင်မထားခဲ့မိတာက လင်ယောက်ျားရဲ့ ဖခင်ဖြစ်သူကပါ တိတ်တိတ်ပုန်းလေး ရည်းစားထားပြီး မင်္ဂလာပွဲပြီးတာနဲ့ မိန်းမဖြစ်သူကိုကွာရှင်းပြီး သူ့ရည်းစားနဲ့ လက်ထပ်ဖို့ ကြံနေလေတဲ့အခါ… ကိုယ့်ကိစ္စ သူမသိ..သူ့ကိစ္စကိုယ်ဖြေရှင်းရင်း အခက်အခဲလေးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ… ဖြစ်လာမယ့်အလွဲလေးတွေကို ပါးစပ်မပိတ်တမ်း ရယ်ရမယ့်အပြင် နောက်ဆုံးပိုင်းလေးတွေမှာလည်း ခံစားချက်တွေ တပြုံကြီးနဲ့ ရသတွေပေးသွားမှာမို့ ရယ်လည်းရယ်ရ ငိုလည်းငိုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်… လင်နဲ့မယား လျှာနဲ့သွား ဆိုတဲ့အတိုင်း အိမ်ထောင်တစ်ခုမှာ စကားများရန်ဖြစ်ကြတာရှိမယ် အဆင်မပြေမှုတွေများစွာရှိလိမ့်မယ်.. အဲ့ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားလေးက မီးမောင်းထိုးပြခဲ့ပေးလို့ ကြည့်ရကျိုးနပ်စေမှာ အမှန်ပဲဖြစ်ပါတယ်
81
18
http://www.youtube.com/watch?v=BmllggGO4pM
72
19
The Gray Man (2022) ============= နက်ဖလစ်ရဲ့ အက်ရှင်ကားအသစ်ကြည့်ရအောင်။ ဒါရိုက်တာကတော့ ရက်ဆို ညီအစ်ကိုနှစ်ယောက်ပါပဲ။ အဗန်ဂျာဒါရိုက်တာတွေပေါ့။ ဇာတ်ညွှန်းဆရာတွေကလည်း အဗန်ဂျာရေးတဲ့သူတွေပါပဲ။ သရုပ်ဆောင်ကတော့ ရိုင်ယန်ဂို့စလင်း၊ ခရစ်စ် အီဗန်တို့နှစ်ယောက်အပြင် No Time to die တို့ Bladerunner တို့ထဲက မင်းသမီး အန်နာ ဒီအာမက်စ်လည်း ပါပါတယ်။ ပြီးတော့ Iron Fist တို့ Love and Monsters တို့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီး ဂျက်ဆီကာဟန်းဝစ်ပါ ပါပါသေးတယ်။ တမီးလ်မင်းသား Dhanush ပါ အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကော့ထ်ဂျန်ထရီ (ရိုင်ယန်ဂို့စလင်း)ဟာ လူသတ်မှုနဲ့ထောင်နှစ်ရှည်ကျနေသူဖြစ်ပြီး တစ်နေ့မှာတော့ စီအိုင်အေရဲ့ လျို့ဝှက်တရားမဝင်စစ်ဆင်ရေးတွေမှာ လုပ်ပေးဖို့ အပေးအယူနဲ့ထောင်ကလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် အေးဂျင့်လောကမှာ Six ဆိုတဲ့နာမည်တစ်လုံးနဲ့ကျော်ကြားလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူလုပ်ကြံရတဲ့ ပစ်မှတ်ဆီကနေ မရသင့်လိုက်တဲ့ အချက်အလက်တွေရသွားပြီး သူ့ရဲ့အဖွဲ့အစည်းကပါ သူ့ကိုပြန်လိုက်သတ်လာတာကြောင့် ထွက်ပြေးရပါတော့တယ်။ သူ့နောက်ကို တရားမဝင်လိုက်သတ်ဖို့ အေဂျင်စီက ပြန်ငှားလိုက်တာကတော့ နာမည်ဆိုးနဲ့ ကြေးစား လွိုက်ဟန်ဆန် (ခရစ်စ် အီဗန်) ပါပဲ။ သူတို့နှစ်ယောက် စိန်ပြေးတမ်းကစားကြရင် တိုက်ခိုက်ကြ သတ်ကြဖြတ်ကြတာတွေကို အက်ရှင်ကားပီပီသသပဲ ဝုန်းဒိုင်းကျဲနေအောင် ကြည့်ရမှာပါ
84
20
http://www.youtube.com/watch?v=z7KX3z3O7g4
142