K&T Movie Channel (mm sub)
Open in Telegram
4 635
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
The Acolyte (2024)
အပိုင်း ၁ မှ ၈ ထိ (စ/ဆုံး)
ဒစ္စနေးကနေ ထုတ်လုပ်တဲ့ စတားဝေါ ဇာတ်လမ်းတွဲအသစ်လာပါပြီ။
ဒီဇာတ်လမ်းကတော့ The High Republic ဆိုတဲ့ ဂျဒိုင်းတွေ ဘုန်းမီးနေလ တောက်ပနေတဲ့ ပြည်ထောင်စုခေတ်ကို အခြေတည်ထားတာပါ။ Skywalker Saga ဆိုတဲ့ ပင်မ စတားဝေါ ရုပ်ရှင်တွေ မစခင် နှစ် ၅၀-၁၀၀ လောက်က ခေတ်ပဲဖြစ်ပါတယ်။ အက်ရှင်အသားပေးဖြစ်ပြီး ရိုက်ချက်နဲ့ဇာတ်လမ်းတွေ စိတ်ဝင်စားဖို့ကောင်းပါတယ်။
မာစတာယိုးဒါးကတော့ Skywalker Saga မှာ အသက် ၉၀၀ ကျော်နေပြီမို့ The High Republic ခေတ်မှာလည်း ရှိနေတာ သေချာပါတယ်။ ဘယ်လိုပုံနဲ့ပါလာမလဲတော့မသိသေးပါဘူး။
ဇာတ်လမ်းအကျဉ်း
ဂျဒိုင်းအဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး စက်ပြင်ဆရာလုပ်နေတဲ့ အိုရှာဆိုတဲ့မိန်းကလေးဟာ တစ်နေ့မှာ မာစတာ အင်ဒါရာကို လုပ်ကြံမှုနဲ့အဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ သူလုပ်ခဲ့တာမဟုတ်ဘဲ သူ့ရဲ့ သေသွားပြီးထင်တဲ့ အမွှာအစ်မက လုပ်တာဖြစ်နေပါတယ်။ အဲဒီလုပ်ကြံမှုရဲ့နောက်ကွယ်က အကြံကြီးတွေကို ဘယ်လိုဆက်ဖြေရှင်းကြမလဲ ကြည့်ရမှာပါ။
စီစန် ၁ မှာတော့ အပိုင်း ၈ ပိုင်းပါဝင်မှာဖြစ်
ပါတယ်
Pee Nak 4 (2024)
သိပ်လည်း မကြောက်ရဘဲ ပေါ့ပေါ့ပါးပါး ကြည့်နိုင်ဖို့အတွက် Pee Nak ရောက်လာပြန်ပါပြီ။
Pee Nak 4 မှာတော့ အရင်ဇာတ်လမ်းလိုပဲ ဘယ်သူက Pee Nak ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတုန်းပါပဲ။
ဇတ်လမ်းကိုေတာ့ နာမည်ကျော်မင်းသား မင်ဂျွန်ရဲ့ အာလပ်ရက်ခရီးနဲ့ အစပြုထားပါတယ်။
မင်ဂျွန်တစ်ယောက် မနမန်နေဂျာတွေနဲ့အတူ ကျေးလက်ဘက်က အိမ်ဟောင်းဆီမှာ အပန်းဖြေလာရင်းအမေပေးလိုက်တဲ့ “ဝတ်ပြုဆောင်ကို ပြန်ပြင်ရန်” ဆိုတဲ့ တာဝန်ကိုပါ ယူလာပါသေးတယ်။
ဒီလိုနဲ့ ဝတ်ပြုဆောင်ကို ပြင်ဖို့လုပ်ရင်းက ထူးဆန်းမှူတွေနဲ့ ပုံရိပ်ယောင်တွေ မြင်လာရချိန်မှာတော့…
အိမ်ဟောင်းမှာ မက်နေတဲ့ အိပ်မက်တွေရဲ့ အဖြေ…
ဝတ်ပြုဆောင်ရဲ့ နောက်ကြောင်းနဲ့…
Pee Nak က ဘယ်သူဖြစ်မလဲဆိုတာ ကြည့်ရမှာပါပဲ။
Pee Nak ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း လျှိ့ဝှက်တဲ့ဇာတ်ကြောင်းတွေနဲ့
ကြောက်စရာပြကွက်တွေကြားက အခွီအသော ဇာတ်ကြောင်းလေးတွေကိုပါ မြင်တွေ့ရဦးမှာပါ။
A Quiet Place : Day One (2024)
A quiet place ရုပ်ရှင်တွေရဲ့ ၃ ကားမြောက်ရုပ်ရှင်လာပါပြီ။
ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ နှစ်ကားရဲ့ အဆက်မဟုတ်ပါဘူး။
ပထမဆုံး ဂြိုလ်သားတွေစဆင်းလာတဲ့အချိန်ကို အခြေခံပြီးရိုက်ကူးထားတာပါ။
အဓိက သရုပ်ဆောင် မင်းသမီး Lupita Nyong’oကတော့ 12 Years A Slave, Black Panther, Us တို့လိုကားကြီးတွေမှာ ပါဝင်ခဲ့တဲ့သူမျိုး ကောင်းပြီးသားပါပဲ။
ဇာတ်လမ်းအကျဉ်း
ကင်ဆာရောဂါနောက်ဆုံးအဆင့်နဲ့ ဆာမီရာဟာ မြို့ထဲကိုပီဇာစားဖို့ နောက်ဆုံးတစ်ခေါက်အဖြစ်ထွက်လာပါတယ်။
အဲဒီအချိန်မှာပဲ အသံထွက်တာနဲ့ လိုက်သတ်တဲ့ ဂြိုလ်သားတွေဆင်းလာပြီး ကမ္ဘာစပျက်တော့တာပါပဲ။
အားလုံး လွတ်ရာကို ပြေးဖို့ကြိုးစားနေတုန်းမှာ ဆာမီရာတစ်ယောက် မသေခင် ပီဇာစားနိုင်ဖို့ ဘယ်လိုရုန်းကန်သွားမလဲဆိုတာမြင်ရမှာပါ။ ထုံးစံအတိုင်း သည်းထိပ်ရင်ဖို အသက်ရှင်ဖို့ကြိုးစားရတဲ့ စွန့်စားခန်းတွေကို ကြည့်သွားရမှာပါ။
