en
Feedback
Rei Movie Channel

Rei Movie Channel

Open in Telegram
1 783
Subscribers
-224 hours
-67 days
-2630 days
Posts Archive
Homecam နေရာသစ်တစ်ခုဆီ အိမ်ပြောင်းလာတဲ့ အာမခံ စုံစမ်းစစ်ဆေးရေးမှူး ဝူဆောင်းဟီး (Yoon Se A) ဟာ သူ အလုပ်သွားနေစဉ်မှာ သူ့ရဲ့သမီး
Homecam နေရာသစ်တစ်ခုဆီ အိမ်ပြောင်းလာတဲ့ အာမခံ စုံစမ်းစစ်ဆေးရေးမှူး ဝူဆောင်းဟီး (Yoon Se A) ဟာ သူ အလုပ်သွားနေစဉ်မှာ သူ့ရဲ့သမီးလေး ဂျီအူ (Yoon Byeolha) ကို ထိန်းပေးဖို့အတွက် ဗီယက်နမ်သူ အိမ်အကူကို ငှားထားပြီး သမီးလေးကို အမြဲမပြတ် စောင့်ကြည့်နိုင်ဖို့အတွက်လည်း တစ်အိမ်လုံးအနှံ့မှာ Homecam တွေ တပ်ဆင်ထားလိုက်ပါတယ်။ တစ်နေ့မှာ ဆောင်းဟီးက ကုမ္ပဏီကနေ Homecam ကို စောင့်ကြည့်နေရင်း ကြောက်မက်ဖွယ် သူစိမ်းမိန်းကလေးတစ်ဦးက ဂျီအူနဲ့အတူ ရှိနေတာကို တွေ့မြင်လိုက်ရတဲ့အခါ ချက်ချင်း ဖုန်းဆက်မေးလိုက်ပေမဲ့ ဂျီအူရော အိမ်အကူမိန်းကလေးကရော သူတို့ကလွဲပြီး ဘယ်သူမှ မရှိဘူးလို့ ပြန်ဖြေခဲ့တာကြောင့် ဆောင်းဟီးလည်း ပဟေဠိဖြစ်သွားရတာပေါ့။ အဲဒီနောက်ပိုင်းမှာလည်း အဆိုပါ သူစိမ်းမိန်းကလေးက Homecam ထဲမှာ မကြာခဏ ပေါ်လာတတ်ပေမဲ့ အိမ်မှာတော့ ဘာခြေရာလက်ရာမှကို ရှာမတွေ့ခဲ့ပါဘူး။ တစ်ဖက်မှာလည်း ဂျီအူက ကြာလေလေ ထူးဆန်းတဲ့ အပြုအမူတွေ လုပ်လာတဲ့အခါမှာတော့...

Kaiju No. 8: Mission Recon

Kaiju No. 8: Mission Recon ဟီဘီနို ကာဖူကာ ဟာ ကိုင်ဂျူးတွေကို နှိမ်နင်းချင်တဲ့ စစ်သားတစ်ယောက် ဖြစ်ချင်ခဲ့ပေမဲ့ လက်တွေ့မှာတော့
Kaiju No. 8: Mission Recon ဟီဘီနို ကာဖူကာ ဟာ ကိုင်ဂျူးတွေကို နှိမ်နင်းချင်တဲ့ စစ်သားတစ်ယောက် ဖြစ်ချင်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ကိုင်ဂျူးအသေကောင်တွေကို လိုက်ရှင်းရတဲ့ အလုပ်ကိုပဲ လုပ်ကိုင်နေရသူပါ။ တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ကာဖူကာ ရဲ့ ခန္ဓာကိုယ်ထဲကို ကိုင်ဂျူးအသေးစားလေးတစ်ကောင် ဝင်ရောက်သွားပြီး သူကိုယ်တိုင် ကိုင်ဂျူးအဖြစ် ပြောင်းလဲနိုင်တဲ့ စွမ်းအားကို ရရှိသွားပါတော့တယ်။ "ကိုင်ဂျူးနံပါတ် ၈" လို့ အမည်ပေးခံလိုက်ရတဲ့ ကာဖူကာ ဟာ လူသားတစ်ယောက်အနေနဲ့ သူငယ်ချင်းဖြစ်သူ တို့နဲ့အတူ ကာကွယ်ရေးတပ်ဖွဲ့ထဲဝင်ဖို့ ကြိုးစားရင်း တစ်ဖက်မှာလည်း သူ့ရဲ့ လျှိဝှက်ချက်ကို မပေါက်ကြားအောင် ထိန်းသိမ်းရပါတော့တယ်။ ဒီဇာတ်ကားမှာတော့ တပ်ဖွဲ့ဝင်တွေရဲ့ အရေးပေါ်တာဝန်တွေ၊ ကိုင်ဂျူးတွေရဲ့ အန္တရာယ်ကို စောင့်ကြည့်နှိမ်နင်းရတဲ့ အစီအစဉ်တွေနဲ့အတူ ကာဖူကာ တစ်ယောက် သူ့ရဲ့စွမ်းအားကို အသုံးပြုပြီး မြို့ကြီးကို ဘယ်လိုကာကွယ်မလဲဆိုတာ မြင်တွေ့ရမှာပါ။ ကိုင်ဂျူးဖြစ်သွားတဲ့ ကာဖူကာ တစ်ယောက် လူသားတွေရဲ့ ရန်သူအဖြစ် သတ်မှတ်ခံရမလား? ဆိုတာကိုတော့ အခုပဲ ကြည့်ရှုလိုက်ရအောင်။

This message couldn't be displayed on your device due to copyright infringement.

Ready or Not 2: Here I Come (2026) မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် တူတူပုန်းတမ်းကစားတဲ့ဇာတ်ကား အဆက်ထွက်လာပါပြီ။ ပထမကားမှာ ယော
Ready or Not 2: Here I Come (2026) မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် တူတူပုန်းတမ်းကစားတဲ့ဇာတ်ကား အဆက်ထွက်လာပါပြီ။ ပထမကားမှာ ယောက္ခမဆွေမျိုး တစ်သိုက်လုံး ပေါက်ကွဲသွားတာကို ကြည့်ပြီး သတို့သမီးလေး ဂရေ့စ် (Grace) တစ်ယောက်တော့ ဘေးကင်းသွားပြီလို့ ထင်ခဲ့ကြတယ်မလား။ တကယ်တမ်းကျတော့ အဲဒါက အစပဲ ရှိသေးတယ်။ ဒီ ၂၀၂၆ မှာ ထွက်လာတဲ့ Part 2 မှာတော့ သွေးထွက်သံယို အက်ရှင်ခန်းတွေနဲ့ Dark Comedy အရသာကို အပြည့်အဝ ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ဒီကားရဲ့ အသက်သွေးကြောဖြစ်တဲ့ အမိုက်စား Dark Comedy အငွေ့အသက်ကို ပထမကားကို ရိုက်ခဲ့တဲ့ တွဲဖက် ဒါရိုက်တာ Matt Bettinelli-Olpin နဲ့ Tyler Gillett တို့ကပဲ ဆက်ပြီး တာဝန်ယူထားတယ်။ သရုပ်ဆောင်တွေကလည်း တကယ့် အလန်းစားတွေချည်းပါပဲ။ https://t.me/ReiMovieChannel

Thrash (2026)

Thrash (2026) ဒီဇာတ်ကားလေးကတော့ အခုမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ သဘာဝကပ်ဘေးအန္တရာယ်နဲ့ ပါလာတဲ့ ငါးမန်းရန်ကို အသက်လုစွန့်စားရတဲ
Thrash (2026) ဒီဇာတ်ကားလေးကတော့ အခုမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ သဘာဝကပ်ဘေးအန္တရာယ်နဲ့ ပါလာတဲ့ ငါးမန်းရန်ကို အသက်လုစွန့်စားရတဲ့အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အန်နီဗေးလ်မြို့ငယ်လေးမှာ မိုးလေဝသဌာနက ဟင်နရီလို့ အမည်ရတဲ့ ဟာရီကိန်းမုန်တိုင်းတစ်ခုဟာ အန္တရာယ်သတ်မှတ်ချက် (၂) အဆင့်နဲ့ ဝင်ရောက်လာမှာဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။ ဒါကြောင့် သတင်းဌာနတွေက ဒေသခံတွေကို မုန်တိုင်းဒဏ်နဲ့ ဒီရေဒဏ်က လွတ်အောင် ဘေးလွတ်ရာရှောင်တိမ်းကြဖို့ သတိပေးနှိုးဆော်ထားပေမဲ့ အဆင့် (၂) မုန်တိုင်းက သိပ်မပြင်းထန်တဲ့အတွက် ဒေသခံအများစုက မြို့ထဲမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဟာရီကိန်းမုန်တိုင်းဟာ ကမ်းလွန်ပင်လယ်က နွေးထွေးတဲ့ ရေပြင်နဲ့ တွေ့ပြီးတဲ့နောက် အန္တရာယ်အဆင့် (၆) အထိ ထိုးတက်သွားပြီး ဒီရေလှိုင်းကြီးတွေနဲ့အတူ ငါးမန်းတွေပါ ပါလာခဲ့ပါတော့တယ်။ ဒီတော့ ဒီဒေသခံတွေ သဘာဝကပ်ဘေးရော ငါးမန်းအန္တရာယ်ကနေရော ဘယ်လိုစွန့်စားပြီး အသက်လုရုန်းကန်ရမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

Scream 7 (2026)

Scream 7 (2026) Sidney တစ်ယောက် Pine Grove မြို့လေးမှာ ရဲအရာရှိ ခင်ပွန်း Mark နဲ့ အတူ အေးအေးချမ်းချမ်း နေထိုင်နေတာပေါ့။ သူတို
Scream 7 (2026) Sidney တစ်ယောက် Pine Grove မြို့လေးမှာ ရဲအရာရှိ ခင်ပွန်း Mark နဲ့ အတူ အေးအေးချမ်းချမ်း နေထိုင်နေတာပေါ့။ သူတို့မှာ Tatum ဆိုတဲ့ ဆယ်ကျော်သက် သမီးလေးတစ်ယောက်ရှိတယ်။ ဒီနာမည်က Sidney ရဲ့ ဆုံးပါးသွားတဲ့ သူငယ်ချင်းကို အမှတ်တရအနေနဲ့ ပေးထားတာပါ။ ဒါပေမဲ့ Sidney ရဲ့ အေးချမ်းတဲ့ ဘဝလေးက သိပ်မခံပါဘူး။ မျက်နှာဖုံးစွပ် လူသတ်သမား (Ghostface) အသစ်တစ်ယောက် ထပ်ပေါ်လာပြီး ဒီတစ်ခါတော့ Sidney ရဲ့သမီးလေး Tatum ကိုပါ ပစ်မှတ်ထားလာတော့တာပါပဲ။ ဒီလူသတ်သမားက တကယ်ရော ဘယ်သူဖြစ်မလဲ။ သေပြီလို့ ထင်ခဲ့ရတဲ့ Stu Macher များ ပြန်အသက်ရှင်နေတာလား ဆိုတာ စိတ်ဝင်စားစရာပါ။ Sidney တစ်ယောက် သူ့မိသားစုကို ကာကွယ်ဖို့အတွက် အတိတ်က အဖြစ်အပျက်ဆိုးတွေကို ပြန်ရင်ဆိုင်ရမယ့် အပိုင်းတွေကို ရင်တမမနဲ့ ကြည့်ရမှာပါ။ JOIN CHANNEL! - https://t.me/ReiMovieChannel

Herman (2025) JOIN CHANNEL! - https://t.me/ReiMovieChannel

Herman (2025) ဟာမန်း ဟာ တောအုပ်ကြီးတစ်ခုထဲက အိမ်အိုကြီးတစ်လုံးမှာ တစ်ယောက်တည်းနေထိုင်သူပါ။ အတိတ်ဖြစ်ရပ်ဆိုးတွေ၊ နောင်တတွေအပြင
Herman (2025) ဟာမန်း ဟာ တောအုပ်ကြီးတစ်ခုထဲက အိမ်အိုကြီးတစ်လုံးမှာ တစ်ယောက်တည်းနေထိုင်သူပါ။ အတိတ်ဖြစ်ရပ်ဆိုးတွေ၊ နောင်တတွေအပြင် တောအုပ်ထဲက အမှောင်ထု တစ်စုံတစ်ရာကလည်း သူ့ကိုအဆက်မပြတ်ခြောက်လှန့်နေပါတယ်။ မိုးသက်မုန်တိုင်းတွေအသည်းအသန် ကျရောက်တဲ့ ညတစ်ညမှာတော့ မနီးမဝေးဘုရားကျောင်းတစ်ခုက လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတဲ့အတွက် အဲ့ဒီကျောင်းကသီလရှင်နှစ်ပါးဟာ နွေးထွေးတဲ့ခိုလှုံရာအဖြစ် သူ့အိမ်ကိုရောက်လာခဲ့ပါတယ်။ ဟာမန်းဟာ လက်မခံချင်ပေမယ့်လည်း မဖြစ်မနေလက်ခံလိုက်ရတဲ့အတွက် သီလရှင်တွေနဲ့ ခပ်ကင်းကင်းသာနေပါတယ်။ ဒါပေမယ့် သီလရှင်နှစ်ပါးထဲက သက်ကြီးတစ်ပါးဟာ သူ့ကိုခြောက်လှန့်နေတဲ့ အမှောင်ထုအကြောင်း သိထားတဲ့ပုံပေါ်နေပြီး ညနက်လာတာနဲ့အမျှ မဖိတ်ခေါ်တဲ့ဧည့်သည်တွေ တစ်ယောက်ပြီးတစ်ယောက်ထပ်ရောက်လာချိန်မှာတော့..။ အေးစိမ့်ပြီး မှောင်မိုက်နေတဲ့ မုန်တိုင်းညတစ်ညမှာ ဆုံဖြစ်ကြတဲ့ သူစိမ်း ငါးယောက်၊ သူတို့အချင်းချင်းကြားမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ? အပြင်မှာ သူတို့ကိုအန္တရာယ်ပေးဖို့ချောင်းမြောင်းနေတဲ့ အမှောင်ထု ဆိုတာကရော ဘယ်လိုအရာဖြစ်မလဲ? JOIN CHANNEL! - https://t.me/ReiMovieChannel

The Mortuary Assistant JOIN CHANNEL! - https://t.me/ReiMovieChannel

The Mortuary Assistant Netflix of Horror အဖြစ်တင်စားကြတဲ့ Shudder ရဲ့ ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အနေနဲ့ ရေဘတ်ကာရိုက်ဟာ ရ
The Mortuary Assistant Netflix of Horror အဖြစ်တင်စားကြတဲ့ Shudder ရဲ့ ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အနေနဲ့ ရေဘတ်ကာရိုက်ဟာ ရေးဗားဖီးလ် အလောင်းပြင်ဌာနမှာ အလုပ်သင်အဖြစ် အလုပ်ဝင်နေတာပါ။ တစ်ညမှာတော့ ပိုင်ရှင်ဖြစ်သူ ရေမွန်က အရေးပေါ်အလောင်းပြင်ဖို့ရှိလို့ အလုပ်ချိန်မဟုတ်ပဲ သူ့ကိုခေါ်ယူခဲ့ပါတယ်။ အဲ့ဒီညဟာ သူ့အတွက် အိမ်မက်ဆိုးတွေ စတင်ရာညပါပဲ။ တစ်ခါမှမကြုံဖူးခဲ့တဲ့ ထူးခြားဖြစ်စဉ်တွေ၊နိုးထလာတဲ့အလောင်းကောင်တွေ၊ ထိတ်လန့်ခြောက်ခြားဖွယ်ခြောက်လှန့်မှုတွေနဲ့တစ်ညလုံးရုန်းကန်ရင်း ဒီဖြစ်ရပ်ဆိုးတွေရဲ့အဖြေကိုရှာဖွေပြီး လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်။ 2022 တုန်းက ထွက်ခဲ့တဲ့ indie horror game ဖြစ်တဲ့ The Mortuary Assistant ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ မူရင်းဂိမ်းအငွေ့အသက်မပျောက်အောင် ဖန်တီးထားတာမို့ ဂိမ်းဝါသနာရှင်တွေကြိုက်ကြသလို ဟော်ရာပရိသတ်တွေကြားမှာလည်း ရေပန်းစားခဲ့တဲ့ ဇာတ်ကားပါ။ JOIN CHANNEL! - https://t.me/ReiMovieChannel

BTS THE COMEBACK LIVE: ARIRANG JOIN CHANNEL! - https://t.me/ReiMovieChannel

BTS THE COMEBACK LIVE: ARIRANG ၃ နှစ်နဲ့ ၅ လအကြာမှ BTS အဖွဲ့ဝင် ၇ ယောက်လုံးကို စင်မြင့်ပေါ်မှာ အတူတူ ပြန်မြင်ရမဲ့ "BTS Comeba
BTS THE COMEBACK LIVE: ARIRANG ၃ နှစ်နဲ့ ၅ လအကြာမှ BTS အဖွဲ့ဝင် ၇ ယောက်လုံးကို စင်မြင့်ပေါ်မှာ အတူတူ ပြန်မြင်ရမဲ့ "BTS Comeback Show: ARIRANG" လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီ။ ဂွမ်ဟာမွန်ရင်ပြင်မှာ ပရိသတ်မြောက်မြားစွာနဲ့ ကျင်းပခဲ့ပြီး Netflix ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသပေးခဲ့တဲ့ ဒီ Comeback Show လေးမှာတော့ ၃ လပိုင်း ၂၀ ရက်နေ့က ထွက်ရှိခဲ့တဲ့ 5th Studio Album "ARIRANG" ထဲက သီချင်းသစ်တွေကို ပထမဆုံးအကြိမ် Live ဖျော်ဖြေပေးသွားမှာဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့ သစ်လွင်နေတဲ့ ပုံစံတွေ၊ ပိုမို တိုးတက်ရင့်ကျက်လာတဲ့ သီချင်းဂီတတွေကို အမိုက်စားကကွက်တွေ၊ ဖျော်ဖြေမှုတွေနဲ့အတူ တစ်ဝကြီး ကြည့်ရှုခံစားရမှာပါ။ ကဲ... အချိန်အကြာကြီး စောင့်စားလာခဲ့ရတဲ့ ARMY လေးတို့ရဲ့ အလွမ်းတွေကို ဖြေနိုင်ဖို့အတွက် လုံးဝ စောင့်မျှော်ရကျိုးနပ်စေမဲ့ ဒီရှိုးလေးကို အခုပဲ အားပေးကြည့်ရှုလိုက်ကြပါတော့နော်။ JOIN CHANNEL! - https://t.me/ReiMovieChannel

Battle of Fates (2026) အပိုင်းသစ် 5 to 7 Link > https://t.me/+TQ-Nchd3nmIwNTRl
Battle of Fates (2026) အပိုင်းသစ် 5 to 7 Link > https://t.me/+TQ-Nchd3nmIwNTRl

Device တိုင်းနဲ့ချိဝာ်လို့အဆင်ပြေတဲ့ Proton VPN လိုင်းဆွဲအားကောင်းမွန်ပြီးတော့ Mobile, PC သုံးလိုရပါမယ်။ Rei Premium မှာ ဝယ်ယ
Device တိုင်းနဲ့ချိဝာ်လို့အဆင်ပြေတဲ့ Proton VPN လိုင်းဆွဲအားကောင်းမွန်ပြီးတော့ Mobile, PC သုံးလိုရပါမယ်။ Rei Premium မှာ ဝယ်ယူရရှိနိုင်ပါပြီ။ ⭐️ 1 Device Plan ✅1 Month = 5,000 MMK ⚠️ ဝယ်ယူလိုပါက အောက်တွင်ဖော်ပြထားသော တရားဝင်အရောင်းကိုယ်စားလှယ်ထံတွင် ဆက်သွယ်ပါ။ 🔥@reikun17 🔥

Battle of Fates (2026) Link > https://t.me/+TQ-Nchd3nmIwNTRl

🔮 ဗေဒင်ဆရာတွေရဲ့ "Squid Game" လို့ တင်စားရမယ့် - Battle of Fates (2026) ကဲ... Survival Show ကြိုက်တဲ့သူတွေအတွက် "Culinary Class Wars" ပြီးရင် Dopamine အတက်ဆုံးဖြစ်စေမယ့် အစီအစဉ်သစ်တစ်ခု လာပါပြီ။ အဲဒါကတော့ ဗေဒင်ဆရာ ၄၉ ယောက် ယှဉ်ပြိုင်ကြတဲ့ "Battle of Fates" ပါပဲ။ 🎬 အစီအစဉ်အကြောင်း ဒီ Show မှာ ကိုရီးယားရဲ့ နာမည်ကြီး နတ်ဆရာတွေ၊ Tarot ဆရာတွေ၊ လက္ခဏာဆရာတွေနဲ့ ဗေဒင်ပညာရှင် ၄၉ ယောက်က သူတို့ရဲ့ "အမြင်" နဲ့ "ပညာ" ကို အရင်းအနှီးပြုပြီး ဘယ်သူက အမှန်ကန်ဆုံး ဟောနိုင်မလဲဆိုတာကို Survival ပုံစံ ယှဉ်ပြိုင်ကြတာပါ။ ⭐️ စိတ်ဝင်စားစရာ အချက်များ ထူးခြားတဲ့ Mission များ: လူတစ်ယောက်ရဲ့ ဓာတ်ပုံနဲ့ မွေးသက္ကရာဇ်ကိုပဲ ကြည့်ပြီး "သူ ဘယ်လို သေဆုံးခဲ့တာလဲ" ဆိုတာကို ခန့်မှန်းရတာမျိုး၊ မျက်နှာကို မကြည့်ဘဲ ခြေဖဝါးကိုကြည့်ပြီး သူဟာ သူတောင်းစားလား သူဌေးလား ခွဲခြားရတာမျိုးတွေက ကြည့်နေရင်း ကြက်သီးထရလောက်အောင်ကို ရင်ခုန်ဖို့ကောင်းပါတယ်။ ပညာရပ်စုံရဲ့ အားပြိုင်မှု: ရှေးဟောင်း နတ်ဆရာတွေရဲ့ ခေါင်းလောင်းသံတွေ၊ Tarot ကတ်တွေ၊ နည်းပညာသုံး Data တွက်ချက်မှုတွေ စုပေါင်းနေတော့ အမြင်ဆန်းသစ်နေပါတယ်။ Panelists များ: Jun Hyun-moo, Park Na-rae, Shindong တို့လို အတွေ့အကြုံရှိ Host တွေပါဝင်လို့ အပျော်ဖတ်တင်မကဘဲ ဖျော်ဖြေရေးဘက်မှာလည်း အပြည့်အဝပေးနိုင်ပါတယ်။ 🧐 သုံးသပ်ချက် ဗေဒင်ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ လူတွေရဲ့ ကံကြမ္မာနဲ့ ဘဝဇာတ်ကြောင်းတွေကို ပဟေဠိဆန်ဆန် ဖော်ထုတ်ပြသွားတာက အရမ်းကို ဆွဲဆောင်မှုရှိပါတယ်။ "ကံတရားကို တကယ်ပဲ မြင်နိုင်သလား" ဆိုတဲ့ မေးခွန်းကို တကယ်ဖြစ်ပျက်နေတဲ့ စိန်ခေါ်မှုတွေနဲ့ သက်သေပြဖို့ ကြိုးစားထားတဲ့ Show တစ်ခုပါ။ Review Rating: 8.5/10 "Dopamine အပြည့်ပေးနိုင်တဲ့ K-Variety အသစ်တစ်ခု... မကြည့်ရသေးရင် အခုပဲ Channel M မှာ ကြည့်လိုက်တော့!" Link > https://t.me/+TQ-Nchd3nmIwNTRl

Battle of Fates (2026)
Battle of Fates (2026)