en
Feedback
Rei Movie Channel

Rei Movie Channel

Open in Telegram
1 786
Subscribers
-124 hours
-77 days
-2430 days
Posts Archive
Agent Kim Reactivated (2026) Series Link > https://t.me/+j1Z-AkjjINJiYWE1 New episodes every Friday and Saturday!

Agent Kim Reactivated (2026) အသေးစားဘဏ်လေး တစ်ခုမှာ ဌာနမှူးရာထူးဖြင့် အလုပ်လုပ်နေတဲ့ ဌာနမှူးဂင် (So Ji Sub) ဟာ သမီးဖြစ်သူ မင်
Agent Kim Reactivated (2026) အသေးစားဘဏ်လေး တစ်ခုမှာ ဌာနမှူးရာထူးဖြင့် အလုပ်လုပ်နေတဲ့ ဌာနမှူးဂင် (So Ji Sub) ဟာ သမီးဖြစ်သူ မင်ဂျီကို ပျိုးထောင်ရင်း ရပ်တည်နေတဲ့ တစ်ကိုယ်တော်ဖခင် တစ်ဦးဖြစ်ပါတယ်....။ Series Link > https://t.me/+j1Z-AkjjINJiYWE1 အခုအချိန်မှာ သာမန်လူတစ်ဦးအဖြစ် နေထိုင်နေတဲ့ ဌာနမှူးဂင်ဟာ အတိတ်မှာတော့ မြောက်ကိုရီးယားရဲ့ အလိုရှိဆုံး စာရင်းထဲက သူလျှိတစ်ဦးဖြစ်တဲ့အပြင် .. တောင်ကိုရီးယားဘက်မှာလည်း ထိုအတိတ်ကအကြောင်းအရာဟာ ပေါ်ထွက်လို မရတဲ့ အချိန်ကိုက်ဗုံးတစ်လုံးလို ဖြစ်နေတဲ့အချိန်မှာပဲ .. သမီးဖြစ်သူ မင်ဂျီတစ်ယောက် ပျောက်ဆုံးသွားတဲ့အခါ .. ချစ်ရတဲ့ သမီးလေးကို ကယ်တင်ဖို ဌာနမှူးဂင်တစ်ယောက် ဘယ်လိုမျိုး ရုန်းကန်သွားမလဲ .. သူ့အတိတ်က သရုပ်မှန်ကိုရော ဖော်ထုတ်သွားမလား အရာအားလုံးကိုရော ရင်းပစ်မှာလားဆိုတာကို action ဆန်ဆန် drama ဆန်ဆန် ရိုက်ကူးပြသထားတဲ့ Agent Kim Reactivated ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ကြည့်ရှုပေးကြပါဦးနော်။ အပိုင်း (၁၀) ပိုင်းပါဝင်မှာဖြစ်ပြီးတော့ FRI, SAT တိုင်းအပိုင်းသစ်ထွက်မှာဖြစ်ပါတယ်။

IU Concert: The Winning (2025) Part II

IU Concert: The Winning (2025) Part I

IU Concert: The Winning (2025) အဆိုပိုင်းတင်မက သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်ပေါင်းများစွာရဲ့ အချစ်တွေကို ရရှိထားတဲ့ မမလှလှ IU
IU Concert: The Winning (2025) အဆိုပိုင်းတင်မက သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်ပေါင်းများစွာရဲ့ အချစ်တွေကို ရရှိထားတဲ့ မမလှလှ IU ရဲ့ (၁၀၀) ကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးဖြစ်တဲ့ "The Winning" က ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဖျော်ဖြေပွဲလေးဟာဆိုရင်တော့ IU ရဲ့ ပွဲဦးထွက်ပြီးနောက် ပထမဆုံး အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ World Tour ရဲ့ Encore ပွဲစဉ်လေးဖြစ်ပြီး တောင်ကိုးရီးယား တစ်ကိုယ်တော် အမျိုးသမီး အဆိုတော်တွေထဲမှာ ပထမဆုံးအနေနဲ့ Seoul World Cup Stadium မှာ ဖျော်ဖြေနိုင်ခဲ့တဲ့ မှတ်တိုင်ထူစင်မြင့်လေးဆိုလည်း မမှားပါဘူး။ UAENA တို့ရဲ့ ဟိန်းထွက်နေတဲ့ လက်ခုပ်သံတွေ၊ အားပေးဟစ်အော်သံတွေနဲ့အတူ ခမ်းနားထည်ဝါတဲ့ ဖျော်ဖြေမှုမြင်ကွင်းတွေကို ရှုစားရင်း IU ရဲ့ နာမည်ကြီးသီချင်းတွေကို ပြန်လည် ခံစားနားဆင်နိုင်ဖို့အတွက် အခုပဲ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါတော့နော်။

Teach You a Lesson (2026) Link > https://t.me/+xzFo0GkdrccxNTY9

Teach You a Lesson (2026) EP01 to EP10 စဆုံး စည်းကျော်လာကြတဲ့ ကျောင်းသား၊ မိဘနဲ့ ကျောင်းဆရာတွေကြောင့် ယိုယွင်းပျက်စီးလာတဲ့ပညာ
Teach You a Lesson (2026) EP01 to EP10 စဆုံး စည်းကျော်လာကြတဲ့ ကျောင်းသား၊ မိဘနဲ့ ကျောင်းဆရာတွေကြောင့် ယိုယွင်းပျက်စီးလာတဲ့ပညာရေးစနစ်ကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ပညာရေးဝန်ကြီး ချွဲဂန်ဆော့ (Lee Sung-Min) ရဲ့ ဦးစီးမှုအောက်မှာ တည်ထောင်လိုက်တဲ့ "ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာန"... Link > https://t.me/+xzFo0GkdrccxNTY9 ဒီဌာနရဲ့အဓိက တာဝန်ကတော့ ကျောင်းတွေမှာ ဖြစ်ပွားနေတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှု၊ အာဏာပြမှု အစရှိတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးဖို့ပါပဲ။ အဆိုပါ တာဝန်ကို အကောင်အထည်ဖော်ဖို့အတွက် ကြီးကြပ်ရေးမှူး နာဟွာဂျင်း (Kim Moo-Yul) ဦးဆောင်တဲ့ အဖွဲ့က ပြဿနာရှိနေတဲ့ ကျောင်းတွေဆီကို ကိုယ်တိုင် သွားရောက်ပြီးတော့ နစ်နာသူဘက်က‌နေ မားမားမတ်မတ် ရပ်တည်ပေးပြီး ကျူးလွန်သူတွေကို ဘယ်လို ပညာပေးဆုံးမသွားမှာလဲ... ပညာရေးနယ်ပယ်ရဲ့ အမှောင်ဘက်ခြမ်းကို ဖော်ထုတ်ပြီး ကျောင်းစည်းကမ်းကို ဘယ်လို တည့်မတ်ပြုပြင်ပေးသွားမလဲဆိုတာကို အားရကျေနပ်ဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

Home Sweet Home (2026)

Home Sweet Home (2026) မိသားစုဆက်ဆံရေးနဲ့ လူမှုရေးပြဿနာတွေကြားမှာ ဖြစ်ပေါ်လာတဲ့ ထိတ်လန့်ဖွယ်ရာအကြောင်းတွေကို အပိုင်း ၃ ပိုင်း
Home Sweet Home (2026) မိသားစုဆက်ဆံရေးနဲ့ လူမှုရေးပြဿနာတွေကြားမှာ ဖြစ်ပေါ်လာတဲ့ ထိတ်လန့်ဖွယ်ရာအကြောင်းတွေကို အပိုင်း ၃ ပိုင်းခွဲပြီး ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်သစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခင်ပွန်းသည်နဲ့အတူ ယောက္ခထီးရဲ့ ပထမဆုံး နှစ်ပတ်လည်ကန်တော့ပွဲကို သွားရောက်ရာက ထိတ်လန့်ဖွယ်ကောင်းပြီး ထူးဆန်းတဲ့ဖြစ်ရပ်နဲ့ တွေ့ကြုံလိုက်ရတဲ့ ကိုယ်ဝန်ဆောင်မိခင် ယူဂယောင်း (Kim Kang-Hee)၊ ဖခင်ဖြစ်သူ ဂျွန်အီးလ်နဲ့ အတန်းဖော် မင်ဟိုဆီကနေ အမြဲတမ်း ငွေညှစ်ခံနေရရာက "စကြာဝဠာအသစ် ဆန်းသစ်ပြောင်းလဲမှု စင်တာ"ဆိုတဲ့ အဖွဲ့အစည်းက ဒါရိုက်တာ (Bae Yu-Ram) နဲ့ တွေ့ဆုံမိပြီးနောက် တဖြည်းဖြည်းချင်း ပြောင်းလဲလာပြီး ပျက်စီးခြင်းဆီ ဦးတည်သွားနေတဲ့ ဂျင်းဒို (Kang Hyuk-Il) လူသူကင်းမဲ့တဲ့ နေရာမှာ ကားပျက်သွားစဉ် အမည်မသိ မိန်းကလေး (Kim Na-Eun) ရဲ့ ကူညီပေးမှုကို လက်ခံမိရာက အန္တရာယ်တွင်းထဲ ကျရောက်သွားရတဲ့ အိမ်ခြံမြေအကျိုးဆောင် ဂန်ဂျောင်အယ် (Kang Ae-Sim) အန္တရာယ်ဆိုတာ အဝေးကြီးမှာမဟုတ်ဘဲ ကိုယ် ယုံကြည်ထားတဲ့ အကျွမ်းတဝင်အရှိဆုံး ဆက်ဆံရေးတွေထဲမှာတင်ပုန်းကွယ်နေတတ်တယ်ဆိုတာကို သူတို့ ၃ ဦးရဲ့ ဇာတ်လမ်းလေးတွေကနေတစ်ဆင့် ဘယ်လိုပုံဖော်ပြပေးသွားမလဲဆိုတာကိုတော့

Lee Cronin's The Mummy

Lee Cronin's The Mummy ဇာတ်လမ်းကတော့ သတင်းထောက်တစ်ယောက်ရဲ့ သမီးငယ်လေး သဲကန္တာရထဲမှာ သဲလွန်စမရှိဘဲ ပျောက်သွားရာကနေ စထားတယ်။ ၈
Lee Cronin's The Mummy ဇာတ်လမ်းကတော့ သတင်းထောက်တစ်ယောက်ရဲ့ သမီးငယ်လေး သဲကန္တာရထဲမှာ သဲလွန်စမရှိဘဲ ပျောက်သွားရာကနေ စထားတယ်။ ၈ နှစ်လောက်ကြာတော့ မိသားစုလည်း စိတ်ပျက်လက်ပျက် ဖြစ်နေပြီပေါ့။ ဒါပေမဲ့ တစ်နေ့ကျတော့ အဲဒီကောင်မလေး ရုတ်တရက် ပြန်ရောက်လာတဲ့အတွက် အကုန်လုံး အံ့ဩသွားကြတယ်။ တကယ်ဆိုရင် သမီးလေး ပြန်တွေ့တဲ့အတွက် ပျော်စရာ တွေဖြစ်သင့်ပေမဲ့ အဲဒီလို မဟုတ်ဘဲ အိပ်မက်ဆိုးကြီးတစ်ခုလို ကြောက်စရာကောင်းတဲ့ ကိစ္စတွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။ ဘာတွေ ဆက်ဖြစ်မလဲ၊ သဲကန္တာရထဲမှာ ၈ နှစ်လောက် ဘာတွေကြုံခဲ့ရလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားပါ။ Horror နဲ့ Mystery ခပ်မိုက်မိုက် ကြိုက်တဲ့သူတွေ သဘောကျမယ့် ကားလေးမို့ ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

Masquerade (2012)

Masquerade (2012) IMDb Rating (7.8) / Rotten Tomatoes (100%) နန်းတွင်းပုန်ကန်မှု အန္တရာယ်ကို စိုးရိမ်နေရတဲ့ ဂွမ်ဟယ်ဘုရင် (Lee
Masquerade (2012) IMDb Rating (7.8) / Rotten Tomatoes (100%) နန်းတွင်းပုန်ကန်မှု အန္တရာယ်ကို စိုးရိမ်နေရတဲ့ ဂွမ်ဟယ်ဘုရင် (Lee Byung-Hun) ဟာ သူ့နေရာမှာ အစားထိုးနေခိုင်းဖို့အတွက် သူနဲ့ ရုပ်ချင်းဆင်တူသူ တစ်ဦးကို ရှာပေးဖို့ အတွင်းဝန်ချုပ် ဟောဂယွန်း (Ryu Seung-Ryong) ကို အမိန့်ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ ဟောဂယွန်း တွေ့ရှိသွားတာကတော့ ဘုရင်နဲ့ ရုပ်ချင်း တစ်ထေရာတည်း တူရုံတင်မက မွေးရာပါ ပါရမီကြောင့် ဘုရင့်အသံ၊ အမူအရာအတိုင်း တုပပြောဆိုနိုင်တဲ့ လူပြက်လေး ဟာဆွန်း (Lee Byung-Hun) ပါပဲ။ အစပိုင်းမှာတော့ ဘုရင် နန်းပြင်ထွက်သွားတဲ့ တစ်ညတာအတွင်း ဟာဆွန်းကို အစားထိုးနေခိုင်းရုံသာဆိုပေမဲ့ ဘုရင်က အဆိပ်မိပြီး သတိလစ်မေ့မြောသွားတာကြောင့် ဟာဆွန်းတစ်ယောက် ဘုရင်အတုအဖြစ် ရေရှည် ဟန်ဆောင်နေဖို့ ဖြစ်လာတဲ့အခါမှာတော့... မျက်စိဒေါက်ထောက်ကြည့်နေတဲ့ အမတ်ကြီးတွေကြားမှာ သာမန်လူပြက်လေး ဟာဆွန်းတစ်ယောက်ဘုရင်အတုအဖြစ် ဘယ်လို ရှင်သန်မလဲဆိုတာကို Lee Byung-Hun ရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ နှစ်ကိုယ်ခွဲသရုပ်ဆောင်ချက်တွေနဲ့အတူ ပြန်လည်ရှုစားလိုက်ကြပါဦး။

Swapped (2026)

Swapped (2026) (၂၀၂၆၊ မေလ ၁ ရက်နေ့) ကမှ Netflix မှာ အသစ်စက်စက် ထွက်လာတဲ့ "Swapped" ဆိုတဲ့ Animation ကားသစ်လေးတင်ပေးထားပါတယ်။
Swapped (2026) (၂၀၂၆၊ မေလ ၁ ရက်နေ့) ကမှ Netflix မှာ အသစ်စက်စက် ထွက်လာတဲ့ "Swapped" ဆိုတဲ့ Animation ကားသစ်လေးတင်ပေးထားပါတယ်။ မိသားစုနဲ့အတူတူ ကြည့်လို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါး body-swap (ခန္ဓာကိုယ်ချင်း လဲသွားတဲ့) ဇာတ်လမ်းပုံစံမျိုးလေးပါ။ ဇာတ်လမ်းက The Valley လို့ခေါ်တဲ့ တိရစ္ဆာန်ကမ္ဘာလေးထဲမှာ အခြေတည်ထားတာပါ။ အဲဒီမှာ Ollie (Michael B. Jordan အသံသရုပ်ဆောင်ထားတဲ့ Pookoo လို့ခေါ်တဲ့ ဖျံနဲ့တူတဲ့ တောတွင်းနို့တိုက်သတ္တဝါလေး) နဲ့ Ivy (Juno Temple အသံသရုပ်ဆောင်ထားတဲ့ Javan လို့ခေါ်တဲ့ တဲ့ ငှက်ကြီး) တို့က သဘာဝအရ ရန်သူတွေပေါ့။ ထူးခြားတာက ဒီကားထဲက တိရစ္ဆာန်တွေက တစ်ကောင်နဲ့ တစ်ကောင် ဘာသာစကားချင်း မတူကြလို့ ဆက်သွယ်လို့ မရကြဘူး။ တစ်နေ့ကျတော့ သူတို့နှစ်ကောင် မှော်အပင်တစ်ပင်နဲ့ တိုက်မိပြီး မထင်မှတ်ဘဲ ခန္ဓာကိုယ်ချင်း လဲသွားကြရော။ အဲဒီတော့မှ ရန်သူတွေဖြစ်တဲ့ သူတို့နှစ်ကောင်ဟာ မတတ်သာဘဲ ပူးပေါင်းပြီး အသက်ရှင်ဖို့အတွက် အခက်အခဲတွေကို အတူတူ ဖြတ်ကျော်ကြရတော့တာပဲ။ တစ်ကောင်အကြောင်း တစ်ကောင် ပိုနားလည်လာပြီး သူတို့ရဲ့ သဘာဝတောအုပ်လေးကို ဘယ်လို ကယ်တင်ကြမလဲဆိုတာ ...

Wind Breaker (2025)

Wind Breaker (2025) Wind Breaker ဆိုတဲ့ ဒီကျောင်းသားလူမိုက်ကားလေးကတော့ Artist Satoru Nii ရဲ့ Manga ဖြစ်တဲ့ Wind Breaker ကိုပဲ
Wind Breaker (2025) Wind Breaker ဆိုတဲ့ ဒီကျောင်းသားလူမိုက်ကားလေးကတော့ Artist Satoru Nii ရဲ့ Manga ဖြစ်တဲ့ Wind Breaker ကိုပဲ Live-action ပြန်ရိုက်ထားတာပါ။ High & Low ဇာတ်ကားစီးရီးတွေ Tokyo Revenger ရုပ်ရှင်တွေ ကြိုက်တယ်ဆို လက်လွှတ်မခံသင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ အောက်တန်းအကျဆုံး လူတိုင်းကအမုန်းဆုံး သောက်ဖက်မလုပ်ခံရဆုံး လူတွေဝိုင်းကျဉ်တာခံရဆုံးဆိုတဲ့ သာမန်လူနဲ့ မတူပဲ ဆံပင်က တစ်ဝက်တစ်ရောင်စီ မျက်လုံးကတစ်ဖက် တစ်ရောင်စီ ဖြစ်နေတဲ့ ဆာကူရာ ဆိုတဲ့ လူပေလူတေလေး တစ်ယောက် ဖူရင်းဆိုတဲ့မြို့က ဖူရင်းအထက်တန်းကျောင်းက လူဆိုးလူမိုက်များလွန်းလို့ နာမည်ကြီးနေတယ်ဆိုပြီး ကျောင်းတက်ဖို့ ဖူရင်းမြို့ ရောက်လာပါတယ်။ သူ့စိတ်ထဲမှာလည်း အားနည်းတဲ့လူဆို အထင်မကြီး သန်မာတဲ့ကောင်တွေကိုလိုက်ရှာပြီး ချမယ် သူ့ကိုနိုင်ရင် သူ့ထက်သာတယ် ဒီလိုနဲ့ ထိပ်ဆုံးကိုတက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငဖိုက်လုပ်ဖို့ ရောက်လာရော။ ရောက်ရောက်ချင်းမှာတင် ကော်ဖီဆိုင်က ကောင်မလေးတစ်ယောက်ကို လူမိုက်တွေ အနိုင်ကျင့်ရာကနေ ဝင်ကူမိရာက ဒီ ဖူရင်းမြို့နဲ့ ဖူရင်း အထက်တန်းကျောင်းလူမိုက်တွေဆိုတာ သူထင်ထားသလိုတွေ ဖြစ်မနေပဲ အကုန်လုံးက တလွဲဖြစ်နေတဲ့အခါမှာတော့…..

The King's Warden

The King's Warden လက်ရှိ ကြည့်ရှုသူ 16.7 သန်းကျော် ရုံဝင်ထားပြီး ကိုးရီးယားရုပ်ရှင်သမိုင်းကြောင်းတစ်လျှောက်မှာ ရုံဝင်သူအများဆ
The King's Warden လက်ရှိ ကြည့်ရှုသူ 16.7 သန်းကျော် ရုံဝင်ထားပြီး ကိုးရီးယားရုပ်ရှင်သမိုင်းကြောင်းတစ်လျှောက်မှာ ရုံဝင်သူအများဆုံး နံပါတ် ၂ နဲ့ ဝင်ငွေအများဆုံး နံပါတ် ၁ အဖြစ် စာရင်းချိတ်ထားတဲ့ ရုံတင် နန်းတွင်းရုပ်ရှင်ကားသစ်ကြီး ထွက်ရှိလာပြီဖြစ်ပါတယ်။ ယောင်ဝေါဒေသက ဂွမ်ချွန်းတောင်ကြားဆိုတဲ့ တောင်ပေါ်ရွာလေးရဲ့ ရွာသူကြီး အောမ်ဟွန်းဒို (Yoo Hae-Jin) ကတော့ သူ့ရဲ့ ရွာသူရွာသားတွေ စားဝတ်နေရေးပြေလည်စေဖို့အတွက် နယ်နှင်ဒဏ်ပေးခံရတဲ့ မျိုးရိုးမြင့်လူကြီးမင်းတစ်ဦးကို လက်ခံခေါ်ဆောင်လာနိုင်ဖို့ ကြိုးစားနေသူပါ။ တစ်နေ့မှာ ဦးရီးတော် ဆူယန်းမင်းသားကြီးရဲ့ ထီးနန်းလုယူခြင်းကို ခံလိုက်ရတဲ့ ဘုရင်ငယ်လေး အီဟုန်းဝီ (Park Ji-Hoon) က နယ်နှင်ဒဏ်ပေးခံရပြီး ဟွန်းဒိုတို့ရဲ့ ရွာ‌လေးဆီ ရောက်ရှိလာတဲ့အခါမှာတော့... ဘဝကို လက်လျှော့ထားတဲ့ နန်းကျဘုရင်ငယ်လေးနဲ့ သူ့ကို စောင့်ကြပ်ကြည့်ရှုရတဲ့ ကွပ်ကဲရေးမှူးတို့ကြားက နက်ရှိုင်းတဲ့ သံယောဇဉ်နဲ့ သစ္စာတရားတို့ကို ရင်နင့်ဖွယ်ကောင်းအောင် ပုံဖော်ရိုက်ကူးပြထားတာဖြစ်လို့ တစ်ရှူးလေးတော့ ကြိုတင်ဆောင်ပြီးမှ ကြည့်ရှုဖို့ မမေ့ကြပါနဲ့နော်။

Homecam