en
Feedback
Ella es Chu

Ella es Chu

Open in Telegram

A person who is living a life everyone will remember.

Show more
Myanmar21 723The category is not specified
2 008
Subscribers
No data24 hours
+77 days
-1630 days
Posts Archive
Chapter 2 ပြီးသွားပါပြီ❤️

မိန်းမဆိုးလေးတွေက ဘာလို့အချစ်ခံရတာလဲ အသုံးတော်ခံဘဝမှ မိဖုရားခေါင်အဖြစ်သို့- နှလုံးသားရေးရာမှာ အလေးစားခံရစေဖို့ အမျိုးသမီးများ
မိန်းမဆိုးလေးတွေက ဘာလို့အချစ်ခံရတာလဲ အသုံးတော်ခံဘဝမှ မိဖုရားခေါင်အဖြစ်သို့- နှလုံးသားရေးရာမှာ အလေးစားခံရစေဖို့ အမျိုးသမီးများအတွက် လမ်းညွှန် Sherry Argov ရေးသား၍ ခြူး (Ella es Chu) ဘာသာပြန်ဆိုသည်။ Wattpad >> @ellaeschu https://www.wattpad.com/story/372679938?utm_source=ios&utm_medium=link&utm_content=story_info&wp_page=story_details&wp_uname=ellaeschu Telegram>> https://t.me/readwithchu ဖတ်ရတာ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ရင် အောက်က Link ကို ဆက်သွယ်လို့ ရပါတယ်ရှင်။ https://t.me/chuwithyou

တရားဝင်တွဲနေတာလား။ အဲ့တာဆို Boyfriend အနေနဲ့ ဆက်ဆံ။ အပြင်တူတူသွား၊ ချိန်းတွေ့၊ အတူတူပျော် အဲ့ထက်ပိုပြီး ဘာမှ လုပ်ပေးစရာ မလိုဘူး။ တာဝန်မရှိဘူး။ အဲ့လိုပဲ ကိုယ့် Suitor တွေကိုလည်း ဒီလူနဲ့ တသက်လုံးနေမှာဆိုပြီး ခါးခါးသီးသီး ငြင်းစရာမလိုဘူး။ တွဲလာတာ နှစ်နှစ်၊ ယူဖို့ စကားမစသေးဘူး၊ စေ့စပ်မပေးဘူးဆိုရင် တခြားလူကို ထပ်ရွေးထား။ အဲ့လို အလုပ်မခံချင်ရင် နှစ်ဖက်မိဘနဲ့ တောင်းရမ်း စေ့စပ်ခိုင်းလိုက်။ လက်ထပ်တာက အချိန်ယူပါ။ ဒါပေမယ့် သူ့ဘက်က ကိုယ့်ကို အနာဂတ် plan မပြနိုင်ရင် တဖက်သတ် စောင့်နေစရာ မလိုဘူး။ ဒီနေရာမှာ နာတော့မယ့် Fragile Masculinity လေးတွေကို သတိပေးချင်တာက မိန်းကလေးတစ်ယောက်ကို နှစ်နှစ်လောက် တွဲလာတာတောင် မိဘနဲ့ မိတ်မဆက်ပေးနိုင်ဘူးဆိုရင် ဘာလုပ်နေတာလဲ။ စေ့စပ်ပြီး Commitment တောင် ပေးမထားနိုင်ဘဲနဲ့ မိန်းကလေးဘက်က သစ္စာရှင်မလေးလုပ် ဘယ်ချိန်မှ ယူမယ်မသိတာကို ထိုင်စောင့်နေစေချင်တာဆိုရင် နောက်နေတာလား။ မင်းဘက်က commitment မပေးလို့ရတယ်။ သူ့ဘက်ကျ Loyal ဖြစ်ရမယ်ဆိုရင် အဲ့တာကို မျှတတယ် ထင်နေတာလား။ ကိုယ်တို့ သူငယ်ချင်းတွေကြားမှာဆို အားလုံး သဘောတူတာ တစ်ခုရှိတယ်။ As long as he didn’t put on a ring on my finger, I am single. ကိုယ်တို့ဆိုရင် အသက်လည်း 25 ကျော်နေပြီ။ မကြာခင် ၃၀ ရောက်တော့မယ်။ Future Family Planning တစ်ခုနဲ့ ကလေးတစ်ယောက်ကို စနစ်တကျ ပျိုးထောင်နိုင်ဖို့ဆို အဲ့လို ဟာသတွေနဲ့ ဖြုန်းဖို့ အချိန်မရှိဘူး။ ကိုယ်တို့ အုပ်စုက အသက် ၂၀ ကျော်အထိ ပညာရေး လုံးပန်းခဲ့ကြရတာ။ အခုဆို Career အတွက် ရုန်းကန်ကြရတယ်။ မရလည်း မယူဘူး၊ ငွေရှာမယ်လို့ ရည်ရွယ်ထားကြတယ်။ ယူမယ့်စိတ်ကူးရှိနေရင်လည်း ရည်းစားထားတယ်ဆိုတာ တကယ့်ကို အချိန်ဖဲ့ပေးရတဲ့ ကိစ္စ။ အဲ့တော့ ပေါပေါပဲပဲတွေ မလုပ်ကြတော့ဘူး။ ရွှေရည်စိမ်တွေနဲ့ အချိန်ကုန်မခံကြတော့ဘူး။ 16-25 ကြား ညီမလေးတွေ အားလုံး အိမ်ထောင်မပြုဘဲ နေမယ်လို့ ဆုံးဖြတ်မထားရင် အချစ်မှာ နစ်မြုပ်မနေဘဲ တကယ် သင့်တော်မယ့် လက်တွဲဖော်ကို ရှာသင့်တယ်။ အသက်ကြီးလာတာနဲ့အမျှ ရွယ်တူတွေကြား လူလွတ်စစ်စစ်ဆိုတာ ရှားသွားတာမလို့ အမှိုက်ပုံထဲကနေ ဒီအနီလေးကတော့ မဆိုးပါဘူး၊ ငါနဲ့ လိုက်လောက်ပါတယ်ဆိုပြီး ရွေးရတဲ့ ဘဝ မရောက်ချင်ရင် ရွေးချယ်မှုတိုင်းကို အတိုင်းထက်အလွန် အကောင်းမြင်တဲ့ စိတ်နဲ့ ကြည့်တာကို ရှောင်ခဲ့ပါ။ သမီးရည်းစားဖြစ်လာရင် တဖက်ကတော့ အခွင့်အရေးတွေကို ရနိုင်သမျှ တောင်းမှာပဲ။ တောင်းတိုင်း ပေးနေရင် စျေးပေါသွားပြီး တဖက်က ဒီအချစ်ရေးအတွက် ဘာမှ ပြန်မြှုပ်နှံတော့ဘူး။ နင်ဒါလိုချင်တယ်၊ ဟုတ်ပြီ၊ ဘာပြန်ပေးမှာလဲ။ စီးပွါးရေးဆန်စမ်းပါ။ နင်က ငွေမက်တယ် ဘာညာဆိုရင် သူလိုချင်နေတဲ့ အရာတွေရဲ့ တန်ဖိုးကို ပြန်တွက်ပြတတ်အောင် လုပ်ပါ။ #ellaeschu 𝐂𝐡𝐮🌷

ဘယ်တော့မှ Living Together မနေပါနဲ့။ အဲ့လို အရမ်း Strong ဖြစ်တဲ့ Statement ကို Public မှာ ထုတ်ပြောရင် Conflict တွေ အများကြီး ပြန်လာပါတယ်။ But, before you say anything, hear me out first. ဒီစကားကို အတူနေလိုက်ရင် မိန်းကလေးက တန်ဖိုးမရှိတော့ဘူး၊ အတူနေဖူးတဲ့ မိန်းမကို ဘယ်သူက ယူမှာလဲဆိုတဲ့ အယူအဆတွေကနေ အခြေခံပြီး ပြောတာ မဟုတ်ဘူး။ တနေ့ကပဲ ကိုယ်ခံစားနေရတာ ကြာပြီဖြစ်တဲ့ အယူအဆလေးကို နိုင်ငံခြားက Author တစ်ယောက်က ရေးထားတာ ဖတ်လိုက်ရတယ်။ “Our relationship doesn't need to make sense to anyone, except You & Me. It's our relationship, not a Community Project.” လူနှစ်ယောက်ကြားက ဆက်ဆံရေးဟာ ဒီလူနှစ်ယောက်အတွက် အဓိပ္ပာယ်ရှိနေရင် ရပြီတဲ့။ ကိုယ်က အဲ့အယူအဆကို လုံးဝ သဘောတူတယ်။ မိဘဆိုတာလည်း တချိန်ကျ ခွဲခွါရမှာ။ သူငယ်ချင်းတွေဆိုတာလည်း သူတို့မိသားစုကို ရွေးချယ်သွားမှာ။ ဘဝရဲ့ အဆုံးသတ်အထိ ကိုယ်နဲ့အတူ လက်တွဲလျောက်မယ့်သူက ကိုယ့်ပါတနာပဲတဲ့။ အဲ့တာကြောင့် ကိုယ့်ပါတနာရဲ့ ခံစားချက်ကို ဦးစားပေးခြင်းက ကိုယ့်အနာဂတ်ကို ကာကွယ်နေတာတဲ့။ ဒါပေမယ့် လူရွေးမှန်ဖို့က အခရာကျပါတယ်။ လူရွေးသာ မှန်ထားပြီဆိုရင်တော့ ဒီလူနဲ့ ရင်းနှီးမှုပိုရဖို့၊ နှစ်ယောက် ဆက်ဆံရေး ပိုခိုင်မာလာဖို့၊ Healthy Relationship ဖြစ်ဖို့ ဘယ်လိုလိုအပ်ချက်ကိုမဆို နှစ်ယောက်အတူ တိုင်ပင်ဆုံးဖြတ်သင့်တယ်။ Living Together ဖြစ်ဖြစ်၊ ငွေကြေးအတူစီမံတာ ဖြစ်ဖြစ်၊ မိဘကို ပြန်ထောက်ပံ့တာ ဖြစ်ဖြစ် ပတ်ဝန်းကျင်က ဘာပြောပြော ဂရုမစိုက်ဘဲ နှစ်ယောက် စိတ်အလုံခြုံဆုံး ဖြစ်ပြီး ဒီဆက်ဆံရေးကို ကာကွယ်နိုင်မယ့် ရွေးချယ်မှုတွေ လုပ်သင့်တယ်။ ဒါပေမယ့် 2025 မှာ တကမ္ဘာလုံးက အမျိုးသမီးတွေကြား ထုတ်ပြောလာကြတဲ့ Topic တွေကြောင့် ကိုယ်က လက်မထပ်ဘဲ တအိုးတအိမ် ထူထောင်တာကို လုံးဝ ဆန့်ကျင်တယ်။ “We have been living together for many years. We have a kid together and he is not proposing.” “It’s already 3 years and he is not putting a ring on my finger.” မချစ်ကြလို့လား ကြည့်လိုက်ရင်လည်း အဲ့ လက်မထပ်တာကလွဲရင် ဘာပြဿနာမှ မရှိတဲ့ အတွဲတွေ။ ယောကျာ်းလေးက Cheating လုပ်မနေဘူး၊ ငွေကြေး ရှာဖွေပေးထားတယ်။ သစ္စာလည်း ရှိတယ်။ ဘာကြောင့် အခုချိန်အထိ လက်ထပ်ခွင့်မတောင်းသေးတာလဲဆိုတာကို နားမလည်ကြတာ။ အဲ့တာနဲ့ ပတ်သက်ပြီး Why Men Love B by Sherry Argov စာအုပ်ထဲမှာ ပါပါတယ်။ ကိုယ်လည်း ဘာသာပြန်ပေးနေပါတယ်။ သူ့အတွက်က ဒီလိုနဲ့ အဆင်ပြေနေတာပဲဆိုပြီး လက်ထပ်ဖို့ကို မစဉ်းစားမိတော့တာ၊ အားမထုတ်တော့တာ။ ပြောရရင် အတူနေလာတာ ဘယ်လောက်ကြာကြာ၊ ကလေးရှိရှိ၊ မရှိရှိ၊ တရားဝင် လက်မထပ်ထားရင် သမီးရည်းစားပါပဲ။ သမီးရည်းစားဆိုတာ Commitment အနေအထားတစ်ခုပဲ ရှိတာပါ။ လက်မထပ်ဘဲ တခြားလူနဲ့ တွဲသွားလည်း ရပါတယ်။ သမီးရည်းစားဆိုတာ ဆိုင်ရုံပဲ ဆိုင်ကြပြီး မပိုင်ပါဘူး။ အဲ့မှာ အဓိက ဖြစ်သွားတာက ယောကျာ်းလေးဘက်က ဆိုင်ရုံဆိုင်တယ်လို့ ခံယူပြီး မိန်းကလေးဘက်က ပိုင်နေပြီ ထင်လိုက်တာပါပဲ။ Deluluပေါ့။ ရည်းစားအဆင့်ပဲ ရှိသေးတဲ့ Boyfriend ကို ဘာ Commitment မှ ရေရေရာရာ မပေးထားဘဲ စေတနာတွေပိုပြီး Husband Privilege တွေ သွားပေးလိုက်တာ။ ခင်ပွန်း ဖြစ်မှ ခံစားရမယ့် အခွင့်ထူးခံခွင့်တွေကို Boyfriend အနေနဲ့တင် ခံစားနေရတဲ့အတွက် ရှေ့တက်မလာတော့တာ။ သူက ဒီမိန်းကလေးကို အပိုင်ဖြစ်နေမှန်း နားလည်လို့ ဒီမိန်းကလေးရဲ့ ခံစားချက်တွေကို အလေးမထားတော့ဘူး။ သူထွက်မသွားပါဘူးကွာ၊ စိတ်ဆိုးလည်း ခဏပေါ့၊ ငါမရှိဘဲ သူမနေနိုင်ဘူး၊ အလကား ပြဿနာ ရှာနေတာ။ မိန်းကလေးဘက်က ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို အသိအမှတ် မပြုတော့ဘူး။ ရေလိုက်ငါးလိုက်ပဲ ဖြတ်သန်းနေတော့တယ်။ မိန်းကလေးဘက်က အိမ်ထောင်တစ်ခုလို့ သဘောထားပြီး အစစ အရာရာ မြှုပ်နှံလိုက်ချိန် သူ့အတွက်တော့ အခမဲ့ အိမ်ထိန်းတစ်ယောက်၊ ဖျော်ဖြေရေးတစ်ယောက် ရလိုက်တာထက် မပိုဘူး။ မိန်းကလေးဘက်က ဒီဆက်ဆံရေး တည်မြဲဖို့ ဦးစားပေး မြှုပ်နှံလိုက်ချိန် သူက သူ့အတွက် ဘဝတက်လမ်းကို အာရုံစိုက်နေတယ်၊ သူ့အလုပ်အကိုင်ကို ဦးစားပေးနေတယ်။ မိန်းကလေးဘက်က သည်းမခံနိုင်လို့ ပြတ်ကြတဲ့အခါ မိန်းကလေးအတွက် အချိန်၊ အလုပ်အကိုင်၊ ဘဝတိုးတက်မှု၊ ငယ်ရွယ်မှု၊ တကယ်သင့်တော်တဲ့ လက်တွဲဖော်ကို ရှာနိုင်တဲ့ Prime Time အစစ အရာရာ ဆုံးရှုံးသွားပြီ။ ယောကျာ်းလေးကရော..၊ သူကတော့ ရှေ့ဆက်နေမှာပဲ။ လွမ်းနေမှာ မဟုတ်ဘူး။ စသလိုလို နောက်သလိုလို ပြောကြပေမယ့် if he wants husband privileges, ask him a ring. Tell him to upgrade the subscription. သူပေးထားတဲ့ Commitment ထက် ဘာကိုမှ ပိုပြီး အခွင့်အရေး မပေးမိစေနဲ့။ ပိုလိုချင်ပြီး ဘာအားထုတ်မှုမှ မရှိရင် အဲ့တာ သူ့ကိစ္စ။ သူ့ပြဿနာကို ကိုယ့်ကို အပြစ်တင်မခံနဲ့။ သနားတတ်ရင်၊ အားနာတတ်ရင် ကိုယ်ပဲ နစ်နာမှာ။ Silent တွဲချင်တာလား၊ ရတယ်..၊ တွဲပေးလိုက်။ ကိုယ်လည်း တခြားလူတွေနဲ့တွေ့.. ရွေးချယ်နေ။ ပိုကောင်းတာ ရရင် ပစ်ချခဲ့လိုက်။

Coldplay Kiss Cam CEO Affair မှာ နှစ်ဖက်စလုံးက အိမ်ထောင်ရှိတာချင်းတူတူ သူမက Side Dish ဖြစ်ပြီး သူက Side Dish မဖြစ်တာကြီးကို မကျေနပ်နေဘူး Side Dish က လူတောမတိုးဘူး ဘာညာ ပြောချင်ရင် အဲ့ CEO ကြီးကိုလည်း ပြောရပါမယ် မိန်းကလေးတွေဖြစ်ပြီး မိန်းကလေးကိုပဲ တဖက်သတ် ပြစ်တင်ရှုပ်ချတဲ့ ဓလေ့က ကျမတို့ Generation မှာ ရပ်ရပါမယ် ဆန်ရင်းနာနာဖွတ်သလိုလိုနဲ့ မိန်းကလေးချင်း မညှာမတာပြောဆိုနေကြအောင် လုပ်ထားတာ ဖိုဝါဒီရဲ့ စနက်တွေဆိုတာကိုရော သိကြပါရဲ့လား သူတို့ကျ အိမ်ပြင်မှာ ရှုပ်ချင်သလိုရှုပ်၊ လုပ်ဖော်ကိုင်ဖက်ချင်း ဟာ သားကြီး စွံလှချည်လားကလွဲ ဘာမှ မပြောကြပေမယ့် သူတို့ရဲ့ မိန်းကလေးကိုတော့ သူတို့ပိုင်တဲ့ အရာလို မြင်တာမလို့ မရှုပ်အောင် Brainwash ခဲ့ကြတဲ့ Patriarchy Privileges ပါပဲ မိန်းမချင်း ဟဲ့ မိန်းမကောင်းဆိုတာဆိုတဲ့ စကားလုံးတွေနဲ့ ဖိနှိပ်စေတယ် ယောကျာ်းက လုပ်ရင်ကျ ဪ ယောကျာ်းလေး ဒီလိုက မဆန်းပါဘူး သည်းခံလိုက် ဖိုဝါဒီကြီးစိုးနေသရွေ့ မိန်းကလေးတွေဟာ မကောင်းတဲ့ ရည်းစားကို ဖြတ်မိရင်တောင် အပျက်မ ဖြစ်နေဦးမှာပဲ ခက်တာက မိန်းမတွေကိုယ်တိုင်က သာတူညီမျှကို ရင်ထဲက လက်ခံမနေတာ ရှင်တို့သိဖို့က ဖောက်ပြန်တဲ့ ဘယ်ယောကျာ်းမှ လူ့လောကကနေ တကယ်အပယ်မခံရဘူးဆိုတာပဲ သူတို့စဖောက်ပြန်တည်းက သူတို့မိတ်ဆွေအားလုံး သိပြီးသားပဲ တခါတလေ အဲ့မိတ်ဆွေတွေကပါ ချိတ်ပေးကြတာ ဖြစ်နေသေးတယ် ကျမတော့ မမြင်ဖူးဘူး.. မကြားဖူးဘူး ဒီလူလည်း ကြည့်နေလိုက်.. နှစ်ပိုင်းခဏပဲ ပြန်ထွက်လာလိမ့်မယ် သူတို့မိတ်ဆွေတွေကလည်း လက်ခံသလို လက်ခံပတ်သက်မယ့် မိန်းကလေးတွေလည်း မရှားဘူး သူတို့ကို ဘာမှကို ထိခိုက်မသွားတာ ကြပ်တည်းလှ တစ်နှစ်ပဲ ဖောက်ပြန်မိလို့ ဖိနှိပ်ခံရပြီး ဘဝပျက်သွားတဲ့ မိန်းမတွေအကြောင်းတော့ ကျမကြားဖူးတယ် Patriarchy Privileges တွေကို စာတွေထဲမှာပဲရှိတာ ထင်နေကြတုန်းလား SH လုပ်တဲ့ကောင်တွေ ပယ်ခံရတာလည်း မမြင်ဖူးသေးဘူး ဒါပေမယ့် ရည်းစားများတဲ့ ကောင်မလေးတွေ ပယ်ခံရတာတော့ မြင်ဖူးတယ် ကျားမ တန်းတူညီမျှတယ် ထင်နေကြတုန်းလား

မြောင်းမြ အထက Bully Case က သေချာကြည့်ရင် Bully Case မဟုတ်ဘဲ Voucher Case နော် လုပ်တဲ့ကျောင်းသူတွေက မေးမေးပြီး လုပ်နေတာ Video
+1
မြောင်းမြ အထက Bully Case က သေချာကြည့်ရင် Bully Case မဟုတ်ဘဲ Voucher Case နော် လုပ်တဲ့ကျောင်းသူတွေက မေးမေးပြီး လုပ်နေတာ Video သေချာကြည့်ရင် အောက်ရောက်သွားပြီ.. နင်လုပ်တတ်တယ်လေ.. ဘာကို လုပ်ခိုင်းနေတာလဲဆိုတော့ အဲ့ကောင်မလေးတွေကို ဒီလို ရေးထားတာကို ရှာဖျက်ခိုင်းနေတာ ဒီလိုအရွယ်တွေက နာမည်ဖျက်ခံရရင် အဲ့လိုဝိုင်းရပ်တည်ပေးကြ ရှင်းပေးကြပြီး ရှင်းခဲ့တာကို သက်သေယူထား ပြန်တင်ကြတာများတယ် ဒီလောက်ကြီးဆိုမှတော့ ရိုက်ခံရတာ နည်းသေးတယ် တတန်းလုံးက ဝိုင်းဘူလီတယ်ဆိုတာ အဓိပ္ပာယ်မှ မရှိတာ အခုလည်း ငြင်းတယ် သူ့ဖုန်း သူများ ယူတင်တယ်တဲ့ အဲ့တာ အဓိပ္ပာယ်ရှိလား သူများယူတင်ရင်ရော သူမတားတတ်ဘူးလား မိန်းကလေးချင်း ကိုယ်ချင်းမစာတတ်တဲ့ဟာမက Victim ပြန် Play နေတာ

မိန်းကလေးတွေကို Self-Respect သင်ပေးတိုင်း သနားစရာ ဇာတ်လမ်းလေးတွေ လာလာရေးကြတယ် အထူးသဖြင့် မိန်းကလေးတွေ အလိုရှိတဲ့လူဟာ ချမ်းသာတဲ့သူ မဟုတ်ဘဲ ကိုယ့်အပေါ် စေတနာ ရှိတဲ့သူဆိုတာ မျိုးမှာ နှစ်ယောက်အနာဂတ် ဘဝအတွက် ကြိုးစားနေသူလေးကို ကောင်မလေးက စွန့်ပစ်သွားပါတယ်ဆိုတဲ့ comment မျိုး.. စေတနာဆိုတာ အမ်းချင်စိတ်ကို ပြောတယ်ထင်နေရင်လည်း ဝေးဝေးသွား နင်တို့ရပ်ကွက်က ဟိုဘက်မှာ ပုံမှန်ဆို မျှတအောင် ရေးပေမယ့် အမြင်ကတ်လို့ကို ဘက်လိုက်ရေးလိုက်တယ် လူဖြစ်လာပြီဆို ကိုယ့်ဘဝအတွက်ကိုယ် ကြိုးစားရမှာက ပုံမှန်ပဲ မဟုတ်ဘူးလား? အဲ့ကောင်မလေးမရှိခဲ့ရင် အလုပ်က မလုပ်တော့ဘူးလား? ထမင်းက မစားတော့ဘူးလား? ကောင်မလေးက ဘယ်အချိန်မှ ပြည့်စုံလာမယ်မသိတဲ့ အဲ့လုပ်စာကြီးကို ထိုင်မျှော်ပြီး ပစ်ထားသမျှ မုဆိုးမလို နေရမှာလား? အဲ့အလုပ်က တနေ့မှာ ၂၄ နာရီလုံး လုပ်ရတာလား? သတိရကြောင်း စာပို့ဖို့ အချိန်လေး ၃၀ စက္ကန့်တောင် မရဘူးလား? ကိုယ့်ဘဝအတွက်ကိုယ် လုပ်နေတာဆိုတာ သူရော၊ ကိုယ်ရော သိနေတာကို ဘာလို့ မီယမ်မာပေါကားထဲကလို သုံးနှစ်ကြာသော် စာတန်းထိုးလိုက်ရင် မီလျံနာကြီးပဲ ဖြစ်သွားပြီး ကောင်မလေးက ဘုရင်မလို နေရမှာလိုလို ဂုဏ်ထုတ်ဆာနေမှန်း နားမလည်ဘူး ပြီး မိန်းကလေးတွေကလည်း အဲ့လိုကြီး ထိုင်မျှော်နေမယ့် သူတွေ မဟုတ်ဘူး.. ရည်းစားလိုချင်တာ.. ကြူးချင်တာ.. ငွေထုတ်လိုချင်တာဆို Gold Digger လုပ်ကြမှာပေါ့.. မကြူးရလို့ လစ်သွားတာလေ ရှင်းနေတာပဲ ဘဝအတွက် ကြိုးစားတာကတော့ တသက်လုံး ကြိုးစားရမှာပဲ.. မိန်းကလေးတွေလည်း ကြိုးစားနေကြတာပဲ ဒါပေမယ့်လေ အနည်းဆုံး မိန်းကလေးတွေက ကိုယ့်ဘာသာ ငွေရှာ၊ ကိုယ့်ဘာသာ စားနေပြီး နှစ်ယောက်တစ်ဘဝ ကြိုးစားနေတာပါလို့ မဖြီးဘူး အဲ့Sobing Story တွေ ကိုယ့်ဆီ လာမရောင်းနဲ့ မဝယ်ဘူး.. ကိုယ်တိုင်က စေတနာရှိတဲ့ သူ၊ ကိုယ့်ကို စေတနာပိုတဲ့သူကို ဘယ်မိန်းကလေးမှ မဖြတ်ဘူး.. ဦးနှောဏ်ပါကြတယ် ရွှေဥ ဥတဲ့ငန်း ချက်မစားဘူး ကိုယ်သိတာက ဘဝက ကြမ်းတယ် နှစ်ယောက်အတူလက်တွဲပြီး ရုန်းကန်ရင် သက်သာတယ် တစ်ယောက်တည်း ရှေ့က Fight နေတဲ့ လူကလည်း Team မဟုတ်ဘူး.. အဲ့တာ သူ့Ego အတွက် သူFight နေတာလို့ပဲ မြင်တယ် #ellaeschu

TRUE LOVE may still exist. But, it’s not HAPPILY EVER AFTER anymore. ဒီခေတ်ကြီးမှာ အချစ်စစ်က ရှိပါသေးတယ်။ ထာဝရမခံတော့တာပဲ ရှိတာပါ။ ခဏခဏ ချစ်ကြတယ်၊ ပြောင်းလဲကြတယ်၊ အသစ်တွေ့ကြတယ်.. တွေ့သမျှကိုလည်း တကယ် ရင်ဘတ်ကြီးနဲ့ ချစ်ကြတယ်။ 2025 မှာ သူက အချစ်စစ်ပေမယ့် 2030 မှာ အချစ်စစ်ဟာ တခြားလူနဲ့လည်း ဖြစ်နေနိုင်တယ်။ ပျက်ဆီးသွားတဲ့ ပတ်သက်မှုတွေ၊ ဖောက်ပြန်သွားတဲ့ ဆက်ဆံရေးတွေ.. တချိန်က ကိုယ်ပါ အားကျခဲ့ဖူးတဲ့ အတွဲတွေပါနေတဲ့အခါ.. ကိုယ်တိုင်ရော ဘယ်အထိ ကံကောင်းနိုင်မှာလဲ။ ဆက်ပြောရရင် Fated Love ဆိုတာ ရှိတယ်။ အမြဲ သိမ်မွေ့နေတဲ့ ကဗျာဆန်ဆန် အချစ်ရေးတော့ မဟုတ်ဘူး။ အခက်အခဲတွေ၊ အတားအဆီးတွေကို အတူတူ ရင်ဆိုင်ကျော်ဖြတ်ပြီး အတူအိုမင်းကြတဲ့ အချစ်မျိုး။ ဒါပေမယ့် ဆက်ဆံရေးတစ်ခုကို အလွယ်တည်ဆောက်နိုင်တဲ့ခေတ်မှာ အခက်အခဲတွေကို အားတင်း ရင်ဆိုင်တဲ့သူဆိုတာ ရှားသွားခဲ့ပြီ။ အချစ်တစ်ခုအတွက် ကြိုးစားရင်ဆိုင်မယ့်အစား အလွယ်တကူရလာတဲ့ အချစ်မပါတဲ့ ရွှေရည်စိမ် ဆက်ဆံရေးတွေမှာပဲ သာယာသွားကြတဲ့အခါ ဒဏ္ဍာရီထဲက နတ်သမီးပုံပြင်တွေဟာလည်း ကွယ်ပျောက်သွားကြတော့တယ်။ လွဲချော်ကုန်ကြတဲ့ ကံကြမ္မာတွေ၊ နေရာမှားတစ်ခုကနေ မရုန်းထွက်နိုင်တဲ့ ကြမ္မာဖက်တွေနဲ့ ကံတရားတွေက ရှုပ်ထွေးသထက် ရှုပ်ထွေးလာကြတယ်။ ကိုယ်ကတော့ ဒီအရာရာ ရှုပ်ထွေးနေတဲ့ လောကကြီးမှာ တနေ့တော့ အရိုးရှင်းဆုံး မေတ္တာတရားကို ဆုပ်ကိုင်ခွင့်ရဖို့ မျှော်လင့်ချင်မိပါသေးတယ်။ #ellaeschu •Chu with You•

လွမ်းနေကြသူတွေရှိလား? Wizard Liz x Landon သတင်းလေးအပေါ် ဘာတွေ သင်ခန်းစာယူရမလဲ>>> https://www.facebook.com/100044658303789/pos
လွမ်းနေကြသူတွေရှိလား? Wizard Liz x Landon သတင်းလေးအပေါ် ဘာတွေ သင်ခန်းစာယူရမလဲ>>> https://www.facebook.com/100044658303789/posts/pfbid0ZfGysSCboecBw9hogdHtvki5hCXEUjNTTkEuvkN1n3KoJeGk1jYajjjyBNTj23NAl/?mibextid=wwXIfr

ဖတ်လိုက်မိတာ… ကျမ အမျိုးသားက AV စွဲနေပါတယ်.. အဲ့AVတွေ ကြည့်ပြီး ကျမကို မူစကူဒူးဖို့ချည်း ပြောနေပါတယ်.. စိတ်ရောဂါရနေတာလား.. ကလေးရှိလို့ ကွဲမရလို့ပါ.. စိတ်ရောဂါကုဆရာဝန်နဲ့ ပြရအောင်လည်း အရူးက ရူးတယ်လို့ လက်မခံလို့ပါတဲ့… ဖတ်ရင်း ပြုံးမိတယ်… မိန်းမကောင်းဆိုတာ ဗိုင်းကောင်းကျောက်ဖိ blah blah ဆိုတဲ့ အကောင်တွေ မိန်းမရရင် မူစကူဒူးလို့ ရွာသာကြီး ပို့ခံရမှာပါလားဆိုပြီး😹 ရဲဘော် ဆက်လုပ် လောကကြီးဟာ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတာ😹 ခုတလော အဆိပ်တွေချည်း တွေ့နေရရာက အမောပြေသော တခဏပေါ့

ဖတ်လိုက်မိတာ… ကျမ အမျိုးသားက AV စွဲနေပါတယ်.. အဲ့AVတွေ ကြည့်ပြီး ကျမကို မူစကူဒူးဖို့ချည်း ပြောနေပါတယ်.. စိတ်ရောဂါရနေတာလား.. ကလေးရှိလို့ ကွဲမရလို့ပါ.. စိတ်ရောဂါကုဆရာဝန်နဲ့ ပြရအောင်လည်း အရူးက ရူးတယ်လို့ လက်မခံလို့ပါတဲ့… ဖတ်ရင်း ပြုံးမိတယ်… မိန်းမကောင်းဆိုတာ ဗိုင်းကောင်းကျောက်ဖိ blah blah ဆိုတဲ့ အကောင်တွေ မိန်းမရရင် မူစကူဒူးလို့ ရွာသာကြီး ပို့ခံရမှာပါလားဆိုပြီး😹 ရဲဘော် ဆက်လုပ် လောကကြီးဟာ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတာ😹

ရိုးသားစွာပြောရရင် သူကြောင်လို့ရမယ် ထင်ရင် ညီမလေး အေး သွေးမကြောင်တတ်တဲ့ ကောင်မကြီးဆိုရင်တော့ ငပိန်း အဲ့တာ ယောကျာ်းတွေရဲ့ ပုံစ
ရိုးသားစွာပြောရရင် သူကြောင်လို့ရမယ် ထင်ရင် ညီမလေး အေး သွေးမကြောင်တတ်တဲ့ ကောင်မကြီးဆိုရင်တော့ ငပိန်း အဲ့တာ ယောကျာ်းတွေရဲ့ ပုံစံအစစ်ပဲ ကိုယ့်ကို အရမ်းချစ်နေတယ် ထင်ရင် ကိုယ်ပြောသင့်တာကို ပြောပြီး Self Respect အပြည့်နဲ့ နေလိုက် ပြေးမသွားမှ လူမှန်ပဲ

အဲ့စာက ကူးတင်ချင်ရင် ကူးတင်ကြနော် Approve ပေးတယ် သိလား

နင်က ဘယ်အချိန်မှ main ma pyt ဖြစ်လဲ သိလား? နင့်ဘာသာ Tattoo တွေ ထိုးနေလည်း မဖြစ်ဘူး အတိုအပြတ်တွေ ဝတ်နေလည်း မဖြစ်ဘူး သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သောက်စားနေလည်း မဖြစ်ဘူး.. သူတစ်ပါးကို မထိခိုက်စေသရွေ့.. ကိုယ်ကျင့်တရား မပျက်ပြားသရွေ့ မိန်းမကောင်းလေးပဲ အေး အငုံစိတ်နဲ့ အကောင်တစ်ကောင်ကို ပတ်သက်မိရင်တော့ pr ဖြစ်ဖို့ လမ်းစပဲ.. အဲ့ကောင်ကို တနေရာရာ NO မိလို့ကတော့ စပြီ တခြားထက် အဲ့ကောင်ရဲ့ ပါးစပ်ထဲမှာ ရစရာ မရှိအောင် ဖြစ်မှာ ကိုယ်က သနားလို့ Standard ကို အဆုံးထိ ချပေးခဲ့တာတောင် မမှီသေးတဲ့ မှင်စာက ပြောဆိုနေတာကို ခံရတဲ့ ခံစားချက်ကို မစဉ်းစားမိကြဘူးလားဟ နင့်ဘာသာ သူတော်စင်မလို ဖြူစင်နေလည်း မျက်နှာမှာ မျက်လုံးကြီး နှစ်လုံး ရှိနေလို့ကို a pyat m ပဲ စော်ငြင်းကောင်တွေရဲ့ နာကျင်မှုတွေကို ဖတ်ရတာ တော်တော်များနေပြီ Plz… အငုံစိတ်နဲ့ ကောင်တွေကို ရှောင်ကြစမ်းပါဟ တယောက်ယောက်က ငြင်းလိုက်တိုင်း ဝီးမန်း blah blah တွေ ငါမဖတ်ချင်တော့လို့ပါ အဲ့ကောင်တွေကို သနားညှာတာစိတ်တွေ ဘာမှမထားဘဲ Standard ကို မြှင့်ကြစမ်းပါဟ နင်တို့ထဲက တယောက် သနားပြီး အခွင့်အရေးပေးလိုက်တာနဲ့ အဲ့ကောင်တွေက သူတို့ကိုယ် သူတို့ အဟုတ်ကြီး ထင်တော့တာပဲ ဘာကောင်မှ မဟုတ်တဲ့ အကောင်က သူ့ထက် သာနေတဲ့ မိန်းကလေးတွေကို ပုတ်ခတ်ပြောတာ ဘယ်လိုခံစားရလဲ သိလား… နာတယ်ဟဲ့ နာတယ် အဲ့အနေအထားကြီးနဲ့ ပြောရဲတယ်ဟ ငါ့မှာ ဘာဝဋ်ကြွေး ရှိလို့ ဒီလို မှင်စာကို မြင်ရတာလဲဆိုပြီးကို နာတာ Please I beg you girls… 👏 👏 Don’t hurt them 👏 👏 👏 👏They are fragile. 👏 👏 Please kwar.. မြင်ရတွေ့ရတိုင်း လက်တအားယားလာလို့ပါ #chuwithyou 𝐂𝐡𝐮 𝐰𝐢𝐭𝐡 𝐘𝐨𝐮🌷

ကပ်ဘေးအလီလီမှာ စောက်ပေါတွေလည်း မျိုးမတုံးနိုင်ဘူး သူလုပ်တဲ့ အလုပ်တွေကို Link In ကနေ တိုင်စာပို့ကြပါ
+7
ကပ်ဘေးအလီလီမှာ စောက်ပေါတွေလည်း မျိုးမတုံးနိုင်ဘူး သူလုပ်တဲ့ အလုပ်တွေကို Link In ကနေ တိုင်စာပို့ကြပါ

ယောကျာ်းတွေ ဆဲရင် တခါမှ အပြုံးမပျက်ဘူးသိလား မိန်းကလေးထဲက လင်ထိပ်ထားစံတွေက လာအကန်တွေရေးရင် Physically ကို ဆောင့်ကန်ချင်လာတာ သူတို့ကြည့်တော့ ပန်းရဖို့ နေနေသာသာ Avgထဲက ရရာဖမ်းဆွဲထားပြီး မိန်းကလေးချင်း High Standards ထားတာကို Judge ကြတာ သူတို့ရတာလေးက Avg ဆိုတော့ လူတိုင်းကိုလည်း Avg စေချင်ကြတဲ့ စေတနာတွေပေါ့ ဒေါသထွက်နေလားဆို ထွက်တယ် ဟိုGroup ကို မြင်ပြီး ဝမ်းနည်းသွားတဲ့ အခိုက်မှာ မိန်းကလေးတွေကို ကိုယ့်ကိုယ်ကို တန်ဖိုးထားခိုင်းတာကို အမ်းမှတွဲခိုင်းတယ်ထင်တဲ့ စောက်ပေါမကို မြင်လိုက်ရလို့ တအားဒေါသထွက်တယ်

အလုပ်ပိုကြိုးစားရမယ့် အကြောင်းရင်း ကိုယ်စာတွေ ရေးလို့ အဆဲခံရပါတယ် ဒါပေမယ့် တစ်ခါ အဆဲခံရတိုင်း ဒီလိုကောင်တစ်ယောက်လက်ကနေ မိန်းက
+3
အလုပ်ပိုကြိုးစားရမယ့် အကြောင်းရင်း ကိုယ်စာတွေ ရေးလို့ အဆဲခံရပါတယ် ဒါပေမယ့် တစ်ခါ အဆဲခံရတိုင်း ဒီလိုကောင်တစ်ယောက်လက်ကနေ မိန်းကလေးတစ်ယောက်ကို ကယ်နိုင်မယ်ဆိုရင် တလောကလုံး ဝိုင်းဆဲနေတောင် ပြုံးနေမှာပဲ I hope Hecate and Athena will be proud of me.

စကားမစပ် ဒါတွေပြတယ်ဆိုတာကလေ Hater တစ်ယောက်ကို ဘယ်လို ရင်ဆိုင်ရလဲဆိုတာ လက်တွေ့ပြပေးတာ တခြားထက် ကိုယ့်ဆီကနေ ဒီ Attitude ကို သင်ယူကြစေချင်တယ် ကိုယ့်မှာလေ Hater အရမ်းပေါတယ် သူများတွေ Hater တစ်ယောက်ရတိုင်း သွေးတက်တယ် ကိုယ်ဆိုရင်တော့ Hater က ပြန်သွေးတက်ရမယ်😹 အဲ့ Attitude ကို သင်ကြစေချင်တာ

စကားလုံးတွေ တအား basic ဖြစ်နေရင် မကြိုက်ဘူး အရမ်း Advanced သွားရင်လည်း နားမလည်လို့ မထိတော့ဘူး😹
စကားလုံးတွေ တအား basic ဖြစ်နေရင် မကြိုက်ဘူး အရမ်း Advanced သွားရင်လည်း နားမလည်လို့ မထိတော့ဘူး😹