We Are B Lone's Channel
Open in Telegram
965
Subscribers
No data24 hours
-57 days
-2230 days
Posts Archive
+8
Feedbacks (Part 2)
ကျောင်းသား၊ကျောင်းသူများ၏ ပညာရေးလိုအပ်ချက်အပေါ်မူတည်၍ We Are B Lone မှ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများ၏ အကူအညီများရယူပြီး စာသင်ခန်းတွေစီစဥ်ခဲ့တာဟာ လေးနှစ်နီးပါးရှိလာခဲ့ပါပြီ။
ပညာသင်ကြားလျက်ရှိကြတဲ့ ယမန်နှစ် စာသင်နှစ်မှ ကျောင်းသား၊ကျောင်းသူများ၏ We Are B Lone အပေါ်ထားရှိကြတဲ့ သဘောထားတွေကို အောက်ပါ feedbacks ပေးစာများမှ တဆင့် ဖော်ပြပေးလိုက်ပါတယ်။
[မူရင်းရေးသားချက်များဖြစ်ပြီး Personal အချက်အလက်များမှအပ ပြင်ဆင်ရေးသားထားခြင်းမရှိပါ။]
https://www.facebook.com/share/189g2iDiti/
#WeAreBLone #Feedbacks
+3
Learning Styles [Written by Amie]
Facebook page တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
(https://www.facebook.com/share/p/bHJ9UEAqHHidYX5Y/)
#LearningStyles #WeAreBLone
+8
Feedback (Part 1)
အကြောင်းကြောင်းကြောင့် ပညာသင်ကြားဖို့အခက်အခဲရှိနေတဲ့ ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်ပြီး We Are B Lone အခမဲ့ပညာရေးအစီအစဥ်ကို စတင်ခဲ့တာ လေးနှစ်ကျော် တိုင်ခဲ့ပါပြီ။
ဘီလုံးမှာ ပညာသင်ကြားလျက်ရှိကြတဲ့ ကျောင်းသား၊ကျောင်းသူ အသီးသီးရဲ့ လိုအပ်ချက်များမှာ မတူညီကြတဲ့အတွက် ၂၀၂၃~၂၀၂၄ စာသင်နှစ် ကျောင်းသား၊ကျောင်းသူများ၏ ''ဘီလုံးကို ရွေးချယ်ရခြင်း၏ ရည်ရွယ်ချက်များ'' အား စစ်တမ်းကောက်ယူခဲ့ပါတယ်။
ကျောင်းသား၊ကျောင်းသူများဟာ အတန်းပညာရှေ့ဆက်ရေးအတွက် သော်လည်းကောင်း၊ ထိရောက်ပြီး နွေးထွေးမှုရှိကြတဲ့ ဘီလုံးမှ ဆရာ၊ဆရာမများ၏ သင်ကြားပြသမှုများကြောင့် သော်လည်းကောင်း၊ ဘီလုံး အခမဲ့ပညာရေးအစီအစဥ်၏ ပညာရေးအပေါ် တန်ဖိုးထားမှုအပေါ် လေးစား၍ သော်လည်းကောင်း ၊ မိမိတို့၏ အကြောင်းအမျိုးမျိုးကြောင့်သော အခြေအနေများကြောင့် သော်လည်းကောင်း ရွေးချယ်တက်ရောက်ကြသည်များကို အောက်ပါ အကြံပြုစစ်တမ်းပေးစာများအရ သိရှိရသည်များမှ အချို့ကို ပြန်လည်ဖော်ပြပါမည်။
[မူရင်းရေးသားချက်များဖြစ်ပြီး Personal အချက်အလက်များမှအပ ပြင်ဆင်ရေးသားထားခြင်းမရှိပါ။]
https://www.facebook.com/share/p/LVcx3EZUheCBwmoN/
#WeAreBLone #Feedbacks
https://www.facebook.com/share/p/DJJimSsgboNKQvd6/
ဝါလကင်းလွတ် သီတင်းကျွတ်
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် ယနေ့ကျရောက်သော သီတင်းကျွတ်အခါသမယမှစ၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည့်စုံကြပြီး ကောင်းကျိုးလိုအင်ဆန္ဒများ တလုံးတဝနှင့် ပြည့်ဝနိုင်ကြပါစေလို့ ဘီလုံးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...
#Thadingyut #LightingFestival
#WeAreBLone
+7
We Are B Lone Mid-term Examination
(2024~2025)
၂၀၂၄~၂၀၂၅ ပညာသင်နှစ် We Are B Lone အခမဲ့ပညာရေးအစီအစဥ်၏ Midterm Exam [Grade 3 to Grade 10] များအား အောက်ဖော်ပြပါ Timetable များ အတိုင်း စီစဥ်ကျင်းပသွားမည် ဖြစ်ပါသည်။
သက်ဆိုင်ရာ အတန်းဘာသာရပ်အလိုက် မိမိတို့ Exam အချိန်များအား သိရှိနိုင်ပါရန် ဘီလုံးမှ အသိပေး ကြေညာအပ်ပါသည်။
#Midterm #Examination
#October #WeAreBLone
Hello ဘီလုံးတို့!
Telegram Channel မှာ သက်ဆိုင်ရာ Student Communication Channel များ Grade အလိုက်ပေးပို့ထားပါတယ်...
မိမိနှင့်သက်ဆိုင်သည့် Grade Channel ကို Join ရန်လိုအပ်ပြီး စာသင်ခန်း Channel များရယူဖို့ အသိပေးပါတယ်...
