en
Feedback
Freedom Fighter Info

Freedom Fighter Info

Open in Telegram
379
Subscribers
+324 hours
+37 days
+1330 days
Posts Archive
"တော်လှန်ရေးဘယ်လိုအဆုံးသတ်မလဲ?"လေးမျက်နှာစကားဝိုင်း ဆွေးနွေးပွဲ အသံဖိုင် နားဆင်နိုင်ပါပြီ

"တော်လှန်ရေးဘယ်လိုအဆုံးသတ်မလဲ?" လေးမျက်နှာစကားဝိုင်း ဖိတ်ကြားလွှာ ၂၀၂၁ စစ်အာဏာသိမ်းမှုက မကြာခင်ရက်ပိုင်းအတွင်း ၃နှစ်ပြည့်ပါတော့မယ်။ အာဏာသိမ်းမှု နောက်ပိုင်းပေါ်ပေါက်လာခဲ့တဲ့ နွေဦးတော်လှန်ရေးကလည်း ၂ပတ် ၁နှစ် နေရင်အောင်မြင်မယ် ဆိုတာကနေ ၃နှစ်ပြည့်ပါတော့မယ်။ နွေဦးတော်လှန်ရေးဟာ လူထုလှုပ်ရှုားမှု ၊လူထုပါဝင်မှု အားအကောင်းဆုံး တော်လှန်ရေးတရပ် ဆိုလည်းမမှားပါဘူး။ ၂၀၂၃ နှစ်ကုန်ခါနီးမှာ စတင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်တပ်ရဲ့ ပျက်ဆီးနေတဲ့ အခြေအနေကို တွေ့မြင်ရခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ အခြေအနေတွေက တအိအိနဲ့ ပြိုကျနေပြီလို့ စစ်ရေးသုံးသပ်သူတွေ ပြောဆိုလာတာလည်းရှိပါတယ်။ စစ်ရေးအရ အဘက်ဘက်က ရှုံးနိမ့်နေတဲ့စစ်ကောင်စီကလည်း ရွေးကောက်ပွဲ လုပ်ဖို့ပြင်ဆင်နေတာတွေလည်း တွေ့မြင်နေရပါတယ်။ တော်လှန်ရေးကြာလာတာနဲ့အမျှ ပြည်သူတွေဟာ ပိုပြီးကြပ်တည်းလာကြပါတယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေအပြင် စစ်ဘေးရှောင်နေရတာတွေလည်း ယခင်ထက်ပိုများလာပါတယ်။ တဖက်မှာလည်း ပြည်သူတွေအနေနဲ့ စစ်တပ်ပြုတ်ကျပြီး တော်လှန်ရေး အမြန်ဆုံး အဆုံးသတ်ဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။ ဒီတပတ်လေးမျက်နှာ စကားဝိုင်းမှာတော့ -တော်လှန်ရေး ဘယ်လိုအပြီးသတ်မယ်လို မျှော်မှန်းထားကြလဲ? -ဘယ်အရာတွေက တော်လှန်ရေးအပြီးသတ်ဖို အဓိကအဆုံးအဖြတ်ဖြစ်မလဲ? -ဒီလိုမျိုးအပြီးသတ်ဖို့ အချိန်ဘယ်လောက်ကြာမြင့်မယ်လို မျှော်မှန်းထားကြသလဲ? စတာတွေကို ဆွေးနွေးသွားပါမယ်။ စိတ်ဝင်စားသူမည်သူမဆို ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ နေ့ရက် - ၃၁ - ၁ - ၂၀၂၄ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ Zoom ID – 853 1327 5291 (Password မလိုပါ) Zoom link — https://us02web.zoom.us/j/85313275291

စကားဝိုင်းဖွင့်ထားပါပြီ။ ပါဝင်ဆွေးနွေးနိုင်ပါတယ်

ဒီဘိတ်ရပ်ဝန်း : ပြန်လည်မိတ်ဆက်ခြင်း ဒီဘိတ်ရပ်ဝန်းဆိုတာ ဘာလဲ ? ဒီဘိတ်ရပ်ဝန်းဆိုတာ လက်ရှိမြန်မာ့လူ့အဖွဲ့အစည်းမှာ ကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေကို ပြည်သူများအကြား အပြန်အလှန်ဆွေးနွေးငြင်းခုံနိုင်တဲ့ ရပ်ဝန်းတခုဖြစ်ပါတယ်။ အထူးသဖြင့် ကိစ္စရပ်တခု ( အဆိုတရပ်) အပေါ်မှာ ထောက်ခံတယ် ( သို့မဟုတ်) ကန့်ကွက်တယ်စတဲ့ အမြင်တွေကို အပြန်အလှန်ငြင်းခုံနိုင်မယ့် ဒီဘိတ်ပွဲတွေကို စီစဉ်ကျင်းပနေပါတယ်။ ဒီဘိတ်ပွဲတွေကို လက်ရှိမှာ နှစ်ပတ်လျှင်တခါ ( သောကြာနေ့) ကျင်းပလျှက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ နယ်ပယ်အသီးသီးက ဝိဝါဒကွဲပြားဖွယ်ရာ အကြောင်းအရာတွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေပါတယ်။ ရည်ရွယ်ချက် ဒီဘိတ်ရပ်ဝန်းရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဒီဘိတ်ယဉ်ကျေးမှုကို ပိုမိုကျယ်ပြန့်စွာ ကျင့်သုံးဖြန့်ဝေနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုအခြေအနေမှာ အမြင်မတူသူတွေ လေးလေးနက်နက်နဲ့ ချက်ကျလက်ကျ လေးစားမှုရှိရှိ ဆွေးနွေးနိုင်တဲ့ ရပ်ဝန်းတွေအားနည်းနေတာကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပါတယ်။ အပြန်အလှန် ဆွေး‌နွေးငြင်းခုံခြင်းဆိုတဲ့ ဒီဘိတ်ယဉ်ကျေးမှုကတဆင့် လူ့အဖွဲ့အစည်းထဲက အမြင်မတူညီမှုတွေ၊ သဘောထားကွဲလွဲမှုတွေ၊ ပြဿနာတွေကို စကားလုံးတွေနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စကားဝိုင်းယဉ်ကျေးမှု ထွန်းကားလာဖို့ ရည်မှန်းပါတယ်။ မတူညီမှုတွေကို နားလည်လက်ခံပြီး အတူယှဉ်တွဲ အဖြေရှာနိုင်တဲ့ လူ့အဖွဲ့အစည်းတခုဆီကို ဒီဘိတ်ဆိုတဲ့ လမ်းကြောင်းကနေ ချီတက်ဖို့ အဓိက ရည်ရွယ်ပါတယ်။ ဘယ်သူတွေ ပါဝင်သင့်သလဲ ? မြန်မာ့လူ့အဖွဲ့အစည်းကို တိုးတက်ပြောင်းလဲစေလိုတဲ့ မည်သူမဆို ပါဝင်သင့်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စတဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ကဏ္ဍတွေထဲက မိမိတို့ ပါဝင်လုပ်ဆောင်နေတဲ့၊ စိတ်ဝင်စားတဲ့ အပိုင်းတွေမှာ အမြင်မတူမှုတွေ၊ ပြုပြင်သင့်တာတွေကို အခြားသူများနဲ့ ဆွေးနွေးငြင်းခုံ အဖြေရှာလိုသူများ ပါဝင်သင့်ပါတယ်။ လက်ရှိဖြစ်ပေါ်တိုးတက်‌နေတဲ့ အခြေအနေတွေကို ရှုထောင့်အမျိုးမျိုးက လေ့လာသုံးသပ်ပြီး ဆွေးနွေးငြင်းခုံလိုသူများ စိတ်အားထက်သန်သူများ အဓိကပါဝင်သင့်ပါတယ်။ သင့်ရဲ့ စဉ်းစားထင်မြင်ချင်တွေကို အမြင်မတူသူတွေနဲ့ ချက်ကျလက်ကျ တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီး အပြောင်းအလဲတွေကို ကိုယ်တိုင်ကစပြီး ဖော်ဆောင်လိုသူအားလုံးကို ဒီဘိတ်ရပ်ဝန်းက လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။ ဘာတွေလုပ်ဆောင်လို့ရမလဲ ? ဒီဘိတ်ရပ်ဝန်းရဲ့ အဓိက လုပ်ဆောင်မှု နှစ်ခုဖြစ်တဲ့ ဒီဘိတ်ပွဲတွေမှာ ပါဝင်နိုင်ပါတယ်။ ဒီဘိတ်ပွဲတွေမှာ ပါဝင်ဆွေးနွေးခြင်း၊ တက်ရောက်နားထောင်ခြင်းတွေ လုပ်နိုင်သလို Online Community ( Group) မှာလည်း မိမိတို့ ဆွေးနွေးချင်တဲ့အကြောင်းအရာကို အခြားသူများနဲ့ ဆွေးနွေးနိုင်ပါတယ်။ ထိုသို့ဝင်ရောက်ဆွေးနွေးခြင်းဖြင့် သင်ယူလေ့လာမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ ဆက်သွယ်ရန် ဒီဘိတ်ရပ်ဝန်းကို စိတ်ဝင်စားပြီး ပါဝင်လိုသူတွေအနေနဲ့ အောက်ပါ Telegram Channel ကတဆင့် ဆက်သွယ်ပါဝင်နိုင်ပါတယ်။ Telegram Channel: https://t.me/+K11HJxOg_CtmOWQ1 အထက်ပါလင့်ကို ဒီဘိတ်ရပ်ဝန်းမှာ မိမိတို့ရဲ့ မိတ်ဆွေများလည်း ပါဝင်နိုင်ဖို့ ဖိတ်ခေါ်ပေးပို့နိုင်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတို့၏ အခြေအနေ" လေးမျက်နှာစကားဝိုင်း ဆွေးနွေးပွဲအသံဖိုင် နားဆင်နိုင်ပါပြီ။

Zoom ဖွင့်ထားပါပြီနော်

"စစ်ဘေးရှောင်ပြည်သူတို့၏ အခြေအနေ" လေးမျက်နှာစကားဝိုင်း ဖိတ်ကြားလွှာ ၂၀၂၃ နှစ်ကုန်ခါနီး ၁၀၂၇ ရဲ့ ရိုက်ခတ်မှုနဲ့ တိုက်ပွဲများ ပိုဖြစ်လာမှုကြောင့် နိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးသူ ပိုများလာတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ အထူးသဖြင့် ရခိုင်၊ ရှမ်းမြောက် ၊ ချင်း၊ ကရင်နီ နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ စစ်ရှောင်အရေအတွက် ထပ်တိုး ပိုများလာပါတယ်။ ဒေသအတွင်း ရပ်ရွာအခြေပြု အဖွဲ့များသာ အရေးပေါ်အခြေအနေမှာ အကူအညီ လျင်မြန်စွာ ပေးနိုင်ပေမယ့် ဒီအဖွဲ့အစည်းတွေအနေနဲ့ ဆက်လက် ကူညီထောက်ပံ့ပေးနိုင်ဖို့ အတားအဆီး၊ အခက်အခဲတွေ ကြုံတွေ့နေရပြီး နိုင်ငံတကာနဲ့ အလှူရှင်တွေဆီက လူသားချင်းစာနာထောက်ထားမှု နဲ့ အကူအညီတွေကို ပိုလိုအပ်နေပါတယ်။ ဒါကြောင့် - စစ်အတွင်း ပြည်သူတို့ရဲ့ အခြေအနေ - စစ်နဲ့ စစ်ရဲ့ ရိုက်ခတ်မှု အပေါ် အမြင် - အရပ်သားပြည်သူတို့ ကြုံတွေ့နေရတဲ့ အကျပ်အတည်း - အဖွဲ့အစည်းများရဲ့ အခက်အခဲ စတာတွေကို ဝေမျှပြောဆိုသွားကြဖို့ ဒီအပတ်မှာ စီစဥ်ထားပါတယ်။ လူသားချင်းထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများနဲ့ စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်ဆွေးနွေးနိုင်ပါတယ်။ နေ့ရက် - ၁၀ - ၁ - ၂၀၂၄ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ Zoom ID – 810 0395 0950 (Password မလိုပါ) Zoom link — https://us02web.zoom.us/j/81003950950

"တော်လှန်ရေးကာလမှာ Personal Development ကို ဦးစားပေးသင့်လား"လေးမျက်နှာစကားဝိုင်း ဆွေးနွေးပွဲအသံဖိုင် နားဆင်နိုင်ပါပြီ။

Zoom ဖွင့်ထားပါပြီ။

"တော်လှန်ရေးကာလမှာ Personal Development ကို ဦးစားပေးသင့်လား" လေးမျက်နှာစကားဝိုင်း ဖိတ်ကြားလွှာ ၂၀၂၁ အာဏာသိမ်းပြီးချိန် တော်လှန်ရေးကာလအတွင်းမှာ တော်လှန်ရေးကို အရင်လုပ်ဖို့ တိုက်တွန်းနှိုးဆော်လေ့ရှိကြပါတယ်။ တချိန်တည်းမှာ ပညာရေး၊ အလုပ်၊ စီးပွားရေး စတာတွေမှာ ရပ်တန့်ပြီး ကိုယ်ကျိုးစွန့်ကာ တိုင်းပြည်အရင်တည်ထောင်ဖို့လည်း အားပေးကြပါတယ်။ တဖက်မှာ လေ့လာသင်​ယူနေတာတွေကို မရပ်ဖို့ ပြောဆိုတာတွေလည်း ရှိပေမယ့် တော်လှန်ရေးက ပထမ၊ ဦးစားပေး အဖြစ်ရှိရမယ်လို့ အကြံပြုလှုံ့ဆော်ကြပါတယ်။ တော်လှန်ရေးကာလ ၃ နှစ်ပြည့်ခါနီးအချိန်မှာ တကိုယ်ရည်တိုးတက်ဖို့ဟာ နိုင်ငံတည်ဆောက်ဖို့အတွက်လည်း အရေးကြီးတယ်လို့ ယူဆချက်တွေလည်း ရှိပါတယ်။ တိုးတက်ပြောင်းလဲမှု အလွန်မြန်နေတဲ့ ခေတ်ကာလမှာ ခေတ်နဲ့အညီ တိုးတက်မှုကိုလည်း ချန်ထားလို့မရဘူးလို့ ထင်မြင်ချက်တွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး လေးမျက်နှာစကားဝိုင်းမှာ - အထူးသဖြင့် တော်လှန်ရေးကာလမှာ personal development ကို ဘယ်လိုမြင်ပါသလဲ? တော်လှန်ရေး နဲ့ personal development ဟာ ယှဥ်ရွေးချယ်ရမယ့် အရာလား? - personal development လုပ်နေသူတွေဟာ တော်လှန်ရေးကိုကျောခိုင်းသွားကြသလား? - တော်လှန်ရေးနဲ့ဆိုင်တဲ့ Personal development ကိုပဲလုပ်သင့်လား? စတဲ့အကြောင်းအရာတွေအပေါ် အမြင်အမျိုးမျိုးမှ အပြန်အလှန် ဆွေးနွေးသွားဖို့ စီစဥ်ထားပါတယ်။ စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ နေ့ရက် - ၃ - ၁ - ၂၀၂၄ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ Zoom ID – 872 9534 7732 (Password မလိုပါ) Zoom link — https://us02web.zoom.us/j/87295347732

"နွေဦးတော်လှန်ရေးအတွင်း တရုတ်နိုင်ငံရဲ့သြဇာသက်ရောက်မှု" လေးမျက်နှာစကားဝိုင်း ဆွေးနွေးပွဲအသံဖိုင် နားဆင်နိုင်ပါပြီ။

Zoom ဖွင့်ထားပါပြီ။

"နွေဦးတော်လှန်ရေးအတွင်း တရုတ်နိုင်ငံရဲ့သြဇာသက်ရောက်မှု"  လေးမျက်နှာစကားဝိုင်းဖိတ်ကြားလွှာ တရုတ်နိုင်ငံဆိုတာမြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲက တခုဖြစ်ပါတယ်။ ကုန်းမြေနယ်နိမိတ်ချင်းလည်း အလွန်နီးစပ်လျက်ရှိပြီး အပြန်အလှန်အကျိုးပြုမှုတွေလည်း ရှိနေပါတယ်။ တချို့ကလည်း ပထဝီအနေအထားအရ တရုတ်နိုင်ငံနဲ့ ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးတည်ဆောက်ဖို့လိုကြောင်း ပြောဆိုနေကြသလို တခြားတဖက်မှာလည်း တရုတ်အစိုးရကို ဆန္ဒထုတ်ဖော်မှုတွေလည်းရှိပါတယ်။ 1027 စစ်ဆင်ရေးစတင်ပေါ်ပေါက်လာချိန်မှာ ဒီစစ်ဆင်ရေးကိုတရုတ်နိုင်ငံက ကျောထောက်နောက်ခံပြု တာတွေရှိတယ်လို့ သတင်းထွက်ပေါ်လာသလို တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း တရုတ်နိုင်ငံမှ မည်သည့်အကူအညီမှ မရထားကြောင်းလည်းပြောဆိုကြပါတယ်။ တဆက်တည်းမှာပဲ တရုတ်ရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းထိ ဝင်ရောက်လှုပ်ရှုားမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာလည်း တော်လှန်ရေးအဖွဲ့အစည်းတွေစုပေါင်းပြီး တရုတ်အစိုးရထံ အိတ်ဖွင့်ပေးစာပို့ထားတာတွေလည်းရှိပါတယ်။ ဒီတပတ်လေးမျက်နှာစကားဝိုင်းမှာတော့ - တရုတ်နိုင်ငံဟာမြန်မာနိုင်ငံအတွက် မဟာမိတ်နိုင်ငံကောင်းတခုလား? - မြန်မာပြည်သူလူထုအနေနဲ့ တရုတ်နိုင်ငံအပေါ်ဘယ်လိုရှုမြင်ထားကြသလဲ? စတဲ့အကြောင်းအရာတွေအပေါ် အမြင်အမျိုးမျိုးမှ အပြန်အလှန် ဆွေးနွေးသွားဖို့ စီစဥ်ထားပါတယ်။ စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ နေ့ရက် - ၂၇ - ၁၂ - ၂၀၂၃ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ Zoom ID – 865 2483 3168 (Password မလိုပါ) Zoom link — https://us02web.zoom.us/j/86524833168

အပတ်စဥ် ဗုဒ္ဓဟူးည (၇) နာရီ အချိန်မှာ ပြုလုပ်နေတဲ့ လေးမျက်နှာစကားဝိုင်းအစီအစဥ်ကို ဒီအပတ်မှာ ခေတ္တရပ်နားပါမယ်။ နောက်အပတ်တွေမှာ ပုံမှန်အတိုင်း ပြန်လည်ပြုလုပ်သွားမှာဖြစ်ပါတယ်။

တော်လှန်ရေးနဲ့ရန်ပုံငွေ လေးမျက်နှာစကားဝိုင်း ဆွေးနွေးပွဲအသံဖိုင် နားဆင်နိုင်ပါပြီ။

Zoom ဖွင့်ထားပါပြီ။

"တော်လှန်ရေးနဲ့ရန်ပုံငွေ"  လေးမျက်နှာစကားဝိုင်းဖိတ်ကြားလွှာ တော်လှန်ရေးတရပ် ခိုင်မာလာအောင် လုပ်ဆောင်ရတဲ့အထဲမှာ ရန်ပုံငွေကဏ္ဍကလည်းတခုအပါအဝင်ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့အရှိန်အဟုန်မြင့်မားမှုကြောင့် ရန်ပုံငွေလိုအပ်ချက်ကလည်း မြင့်မားလျက်ရှိပါတယ်။ ယခုနွေဦးတော်လှန်ရေးအတွင်းမှာလည်း နည်းပညာတိုးတက်လာမှုနဲ့အတူ ရန်ပုံငွေကောက်ခံရာမှာလည်း ပုံစံအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြပါတယ်။ ရရှိလာတဲ့ရန်ပုံငွေတွေဟာ တော်လှန်ရေးအင်အားစု အားလုံးသို့ စီးဆင်းဖို့အတွက်လည်း အခက်အခဲရှိနေပါတယ်။ ရန်ပုံငွေအကြပ်အတည်းကြောင့် တော်လှန်ရေးအတွင်း ပိုင်ဆိုင်မှုတွေပါ စွန့်လွှတ်လိုက်ရတဲ့ သတင်းတွေလည်းတွေ့မြင်နေရပါတယ်။ တဖက်မှာလည်း တော်လှန်ရေးအကြောင်းပြပြီး ရန်ပုံငွေအလွဲသုံးစားလုပ်မှုတွေလည်း ရှိနေပါတယ်။ ဒီတပတ် လေးမျက်နှာ စကားဝိုင်းမှာတော့ ⁃ ရန်ပုံငွေကောက်ခံသူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေကို ဘယ်လိုရွေးချယ်ထောက်ပံ့ရလဲ? ⁃ တော်လှန်ရေးအင်အားစုများဆီသို့ ရန်ပုံငွေအချိုးကျ ရရှိအောင် ဘယ်လိုပုံစံလုပ်သင့်လဲ? ⁃ ရန်ပုံငွေကောက်ခံပေးနေတဲ့သူတွေအနေနဲ့ ရန်ပုံငွေကောက်ခံရာမှာ ဘယ်လိုအခက်အခဲတွေရင်ဆိုင်နေရသလဲ? ⁃ ရန်ပုံငွေထည့်ဝင်နေသူတွေမှာရော ဘာအခက်အခဲတွေ ကြုံတွေ့နေသလဲ? စတဲ့အကြောင်းအရာတွေအပေါ် အမြင်အမျိုးမျိုးမှ အပြန်အလှန် ဆွေးနွေးသွားဖို့ စီစဥ်ထားပါတယ်။ စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ နေ့ရက် - ၁၃ - ၁၂ - ၂၀၂၃ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ Zoom ID – 870 2153 4559 (Password မလိုပါ) Zoom link — https://us02web.zoom.us/j/87021534559

“အကြမ်းမဖက်လူထုလှုပ်ရှုားမှု ပြန်လည်ဖော်ဆောင်သင့်ပြီလား” လေးမျက်နှာ စကားဝိုင်း ဆွေးနွေးပွဲ အသံဖိုင် နားဆင်နိုင်ပါပြီ။

Zoom ဖွင့်ထားပါပြီ

“အကြမ်းမဖက်လူထုလှုပ်ရှုားမှု ပြန်လည်ဖော်ဆောင်သင့်ပြီလား”             လေးမျက်နှာ စကားဝိုင်း ဖိတ်ကြားလွှာ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေဟာ နွေဦးတော်လှန်ရေး စတင်ခဲ့ချိန်မှ ယနေ့အထိ ပုံစံအမျိုးမျိုးဖြင့် တွေ့မြင်နေရပါတယ်။ နွေဦးတော်လှန်ရေးအစပိုင်းမှာတော့ အကြမ်းမဖက်လူထုလှုပ်ရှားမှုဟာ အရှိန်အဟုန်အကောင်းဆုံးလို့ပြောလို့ရပါတယ်။ ဗျူဟာချမှတ်မှု ၊ စုဖွဲ့မှုအပိုင်း လစ်ဟာမှုတွေရယ် အချိန်ကြာလာတာနဲ့အမျှ စစ်တပ်ရဲ့မတရားဖိနှိပ်မှုတွေကြောင့် အကြမ်းမဖက်လူထုလှုပ်ရှားမှုအရှိန်အဟုန်ဟာ တဖြေးဖြေးနဲ့ မှေးမှိန်လာနေပါတယ်။ 1.12.2023 ရက်နေ့မှတော့ NUCC ကနေ အကြမ်းမဖက်လူထုလှုပ်ရှားမှုမူဝါဒကိုထုတ်ပြန်လာပါတယ်။ဒီမူဝါဒမှာတော့ အကြမ်းမဖက်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဗျူဟာတွေ နည်းနာတွေ ပါဝင်လာတာကိုတွေ့ရတယ်။ ဒီတပတ်လေးမျက်နှာစကားဝိုင်းမှာတော့ ⁃ NUCC  ရဲ့ မူဝါဒအပေါ် ဘယ်လို အမြင်တွေ ရှိကြပါသလဲ? ⁃ ရေးဆွဲထားတဲ့နည်းနာတွေကရော ပြည်သူတွေအတွက် တကယ်အဆင်ပြေနိုင်မလား? ⁃ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေကို ဘယ်လိုပုံစံနဲ့ဆက်လက်ဖော်ဆောင်ချင်ပါသလဲ? စတဲ့အကြောင်းအရာတွေအပေါ် အမြင်အမျိုးမျိုးမှ အပြန်အလှန် ဆွေးနွေးသွားဖို့ စီစဥ်ထားပါတယ်။ စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ နေ့ရက် - ၆ - ၁၂ - ၂၀၂၃ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ Zoom ID – 847 7336 3661 (Password မလိုပါ) Zoom link — https://us02web.zoom.us/j/84773363661