en
Feedback
Dr. David Joy

Dr. David Joy

Open in Telegram

This is where I speak from Telegram.

Show more
232
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
The last 12 hours of Bob Jones’ life. https://youtu.be/fmGrtIWTQSg?feature=shared

This is really good. Another Bob Jones story. https://youtu.be/AIISqVGCb4M?feature=shared

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်နှင့်ချိတ်ဆက်ခြင်း https://youtu.be/kbGjm32z54U?feature=shared

သန့်ရှင်းသောဝိညာဉ်တော်ကို သိကျွမ်းခြင်း https://youtu.be/hhO0Ub_naE4?feature=shared

ဗုဒ္ဓဟူးနေ့အတွက် ဒီနေ့နောက်ဆုံး order တင်ရမှာပါခင်ဗျာ။ (၁) ငါးခူ မုန့်ဟင်းခါး ကျန်းမာရေးအတွက် အထူးဂရုပြု ချက်ပြုတ်ပြင်ဆင်ထားပါသည်။ Ingredient တစ်ခုချင်းစီကို အကောင်းဆုံးရွေးချယ်ပြုလုပ်ထားပါသည်။ ကျွန်တော်ကိုယ်တိုင်က မည်သို့ချက်ထားမှန်းမသိသော မုန့်ဟင်းခါးကို စားလေ့လုံးဝမရှိပါ။ စားပြီးပါက ခန္ဓာကိုယ်၌ ကျန်းမာကောင်းမွန်သော sense ကိုပေးသော အစားအစာများကိုသာ ရွေးချယ်လေ့ရှိပါသည်။ ကျွန်တော်စားမည့်ပုံစံအတိုင်း ကျွန်တော်တို့ 5k Restaurant မှ ချက်ပြုတ်ထားပါသည်။ 📸 Look at this post on Facebook https://www.facebook.com/share/p/xpahpyQ1PcU4xzY3/?mibextid=WC7FNe (၂) ရန်းဒန်အမဲဟင်းလျာ အရေအသွေးကောင်းမွန်သော အုန်းနို့နှင့် ရေခမ်းချက်သော်လည်း၊ မန်ကျည်း၊ ဇီယာ၊ သစ်ကြံပိုးအစရှိသော အရသာကိုမျှတစေသော ပါဝင်ပစ္စည်းများကြောင့် စားပြီးပါက ကျန်းမာကျေနပ်စေသော sense ကိုရရှိစေပါသည်။ ကျွန်တော်အကြိုက်ဆုံးသော ဟင်းလျာဖြစ်သည်။ 📸 Look at this post on Facebook https://www.facebook.com/share/p/4EMHhmerihwEkW5s/?mibextid=WC7FNe

မကြာမီ ည ၇:၃၀ တွင် စနေနေ့တိုင်းရှိသည့် Bible Study စပါမည်။ သန့်ရှင်းသောဝိညာဉ်တော် အပိုင်း ၂ … Zoom မှ ပါဝင်နိုင်သည်။

မနက်ဖြန် မနက် ၉ နာရီ အရောက် - အသင်းတော်မှာ Christmas Decoration လုပ်ရန်အတွက် သန့်ရှင်းရေးမှအစ လုပ်အားပေးအစီအစဉ်ရှိပါမည်။ နေ့လည်စာ ပြင်ဆင်ပေးမှာမို့လို့ လာမည့်သူများ စာရင်းကြိုပေးပေးပါ ခင်ဗျာ။

Shalom ပါ (မင်္ဂလာပါ) 🤗 ♦️ကျွန်တော်တို့ 5k restaurant မှ သန့်ရှင်းလတ်ဆတ်ပြီး အရသာကောင်းမွန်လှသော ငါးခူမုန့်ဟင်းခါးကို ယခုတပတ်မှ စတင်ပြီး ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ 📣 ♦️ဒီတခါမှာတော့ အားလုံးက တောင်းဆိုထားကြတဲ့အတိုင်း လယ်ငါးခူနဲ့ ချက်တဲ့ မုန့်ဟင်းရည်ကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ♦️ လေးယောက်စာ စားလို့ရတဲ့ set တစ် set ကို ၁၂,၀၀၀ ကျပ်တည်းနဲ့ရောင်းချပေးပါသွားပါမယ်။ ♦️ဒီဇင်ဘာလ ၁၁ ရက်နေ့ (တနင်္လာနေ့) နောက်ဆုံးထားပြီး Pre-order တင်ပြီးတာနဲ့ လာမဲ့ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်မှာ ကျသင့် delivery ခ နှင့်အတူ ကျွန်တော်တို့ 5k မှ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ♥️ #မုန့်ဟင်းခါး #5krestaurant #myanmartraditionalfood #ငါးခူမုန့်ဟင်းခါး #Mohinga #CatfiahMohinga #catfish ငါးခူမုန့်ဟင်းခါးအပြင် 5k ရဲ့ Beef Rendang ဟင်းပွဲမှာယူလိုပါက https://www.facebook.com/photo?fbid=122115448730104369&set=a.122113216706104369

ငါးခူ ပရီမီယံ မုန့်ဟင်းခါး at 5k https://t.me/DrDavidJoyPRM/1908
ငါးခူ ပရီမီယံ မုန့်ဟင်းခါး at 5k https://t.me/DrDavidJoyPRM/1908

🍲Beef Rendang (ရန်းဒန် အမဲဟင်းလျာ) 🍛 ရန်းဒန်ဟင်းလျာများဆိုသည်မှာ အသားတစ်မျိုးမျိုးကို အုန်းနို့၊ ဟင်းခတ်အမွှေးအကြိုင်များစွာဖြင့် နာရီအတော်ကြာ ဖြည်းညှင်းစွာ နူးအိသည်အထိ ချက်ပြုတ်သောဟင်းလျာများကို ဆိုလိုသည်။ ရန်းဒန် အမဲဟင်းလျာသည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းဆွယ်အနောက်ပိုင်းရှိ Minangkabau တောင်တန်းဒေသအစားအစာဖြစ်ပြီး၊ ထိမ်းမြားမင်္ဂလာပွဲအပြင် အခြားပွဲလမ်းသဘင်များ၌ ဧည့်သည်တော်များကို ဂုဏ်ပြုဧည့်ခံရာတွင် ခင်းကျင်းသောဟင်းလျာဖြစ်သည်။ အင်ဒိုနီးရှားတစ်နိုင်ငံလုံးတွင်သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သော မလေးရှား၊ စင်္ကာပူ၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများသို့လည်း ပြန့်နှံသွားသည်။ မလေးရှားနိုင်ငံတွင်မူ ဟင်းလျာအားလုံး၏ဘုရင်အဖြစ် များစွာသောသူများက အသိအမှတ်ပြုကြသည်။ 🫕ရန်းဒန် အမဲဟင်းလျာကို များပြားလွန်းလှသော ဟင်းခတ်အမွှေးအကြိုင် အလွှာလွှာဖြင့် ချက်ပြုတ်ရပြီး အလွန်ကောင်းမွန်နက်ရှိင်းလှသော အရသာရှိပေသည်။ သူ့ကို ဒေသအလိုက် အမျိုးမျိုးတီထွင်ဆန်းသစ်ကာလည်း ချက်လေ့ရှိသည်။ 🎉ယခု ကျွန်တော်တို 5k Restaurant မှလဲ အနံ့အရသာနှင့်ပြည့်စုံပြီးထူးခြားကောင်းမွန်သော ၃၀၀ ဂရမ် ပါ beef rendang ဟင်းလျာ ပွဲကြီးတပွဲကို ၁၂,၀၀၀ ကျပ် နှင့် ၁၅၀ ဂရမ်ပါပွဲသေးတပွဲကို ၆၅၀၀ ကျပ် ဖြင့်ရောင်းချပေးမှာဖြစ်သောကြောင့် စားသုံးသူမိတ်ဆွေများ ယခုပင် အော်ဒါတင်လိုရနေပါပြီခင်ဗျာ❤️ 📌ဒီဇင်ဘာ ၁၁ ရက်နေ့(တနင်္လာ)နောက်ဆုံးထားပြီး pre-order တင်ပြီးတာနဲ့ ဒီဇင်ဘာလ ၁၃ ရက်(ဗုဒ္ဓဟူး)နေ့မနက်မှာ ကျသင့် delivery charges နဲ့အတူ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ #5krestaurant #BeefRendang Beef Rendang အပြင် 5k ရဲ့ ငါးခူမုန့်ဟင်းခါး အော်ဒါမှာယူရန် https://www.facebook.com/photo/?fbid=122115465668104369&set=a.122113218662104369

photo content
+6

ဂျူးလူမျိုးတို့၏ ဖော်မပြနိုင်လောက်အောင် ခန်းနားထည်ဝါလွန်းလှသော ပထမဗိမာန်တော်ဖြစ်သည့် ရှောလမုန်ဗိမာန်တော် (Solomon Temple) သည် BCE ၁၀ ရာစုနှစ်မှ BCE ၆ ရာစုနှစ်အထိ တည်ရှိခဲ့သည်။ ဗာဗုလုန် အင်ပါယာ (Neo-Babylonian Empire / Second Babylonian Empire / Chaldean Empire) ၏ နေဗုခဒ်နေဇာမင်းကြီး (Nebuchadnezzar II / Nebuchadnezzar the Great) သည် ယေရုရှလင်မြို့ကို ၅၈၇ BCE တွင် သိမ်းပိုက်ခဲ့ပြီး ရှောလမုန်ဗိမာန်တော်ကို ဖြိုချဖျက်ဆီးခဲ့ပါသည်။ ဂျူးလူမျိုးများကိုလည်း ပြည်နှင်ဒဏ်ပေးကာ သူတို့၏ ဣသရေလမြေ (Israel) မှ ဝေးရာသို့ဖမ်းသွားခဲ့ပါသည်။ ပေရသိအင်ပါယာခေတ် (First Persian Empire / Achaemenid Empire) ရှင်ဘုရင် အာတဇေရဇ် (Artaxerxes I) က ဂျူးလူမျိုး ယဇ်ပရောဟိတ် ကျမ်းပြုဆရာဖြစ်သော ဧဇရ (Ezra) အား ဂျူးလူမျိုးနှင့် နိုင်ငံ့အကျိုးကိစ္စများ လုပ်ဆောင်ရန် အမိန့်ကြေညာစာနှင့်တကွ တာဝန်အပ်နှင်းခဲ့ပါသည်။ Kislev လ၊ ၂၀ ရက်နေ့၊ ၄၅၇ BCE ခုနှစ်မှာ ဧဇရက ဂျူးလူမျိုးများကို ယေရုရှလင် (Jerusalem) မြို့၌ ၃ ရက်တာ စည်းဝေးရန်ညွှန်ကြားခဲ့ပါသည်။ ဗာဗုလုန်ခေတ်ကတည်းက မျိုးရိုးစဉ်ဆက် အမိမြေနှင့် ဝေးကွာခဲ့သော ဂျူးလူမျိုးများကို ထာဝရဘုရား၏တရားတော် (Torah / ပညတ္တိကျမ်း) အတိုင်း အသက်ရှင်ကြရန် ထို ၃ ရက်တာအတွင်း ဧဇရက ဟောပြောခဲ့ကာ ဝိညာဉ်နိုးထမှုကို ဖြစ်စေခဲ့ပါသည်။ ထို Kislev ၂၀ ရက်နေ့သည် ယခုခရစ်နှစ် ၂၀၂၃ တွင် ဒီဇင်ဘာလ ၃ ရက်နေ့ကျရောက်ခဲ့ပါသည်။ ကျွန်တော်တို့ အသင်းတော်၌ ယေရှုခရစ်တော်ထံအပ်နှံသည့် ရေနှစ်ခြင်းမင်္ဂလာအစီအစဉ် ကျင်းပခဲ့ပါသည်။ ရေနှစ်ခြင်းမင်္ဂလာခံယူခဲ့သည်သူ အယောက်တိုင်း congratulations ပါ။ ရေနှစ်ခြင်းမင်္ဂလာသည် လူတစ်ဦး၏ ဝိညာဉ်၊ စိတ်၊ ခန္ဓာ ၃ ပါး လုံးနှင့် ဆိုင်သောအရာဖြစ်ပါသည်။ ကိုယ်ခန္ဓာအားဖြင့် ရေ၌ နှစ်မြုပ်လိုက်သည့်အခါ၊ ဝိညာဉ်ရေးရာ၌ ခရစ်တော်ထံအပ်နှံခြင်းမင်္ဂလာဖြစ်သလို၊ စိတ်နှလုံး၌လည်း ဘုရားသခင်၏ မေတ္တာတော်ကို ခံစားရကာ အသစ်ဆေးကြောခြင်းဖြစ်စေပါသည်။ ဘုရားသခင်၏ မေတ္တာတော်ကြောင့် ဝမ်းသာမျက်ရည်များဖြင့် ထာဝရဘုရားအား ပဌနာပြုကြပါသည်။ ဘုရားသခင်သည် သင်နှင့်ကျွန်တော်အား ထာဝရမေတ္တာတော်နှင့် အလွန်ချစ်တော်မူသည်။ သင်နှင့်ကျွန်တော်သည် ကိုယ်တော့်စကားတော်ကြောင့် ဝိညာဉ်ရေးရာနိုးထရမည့်အချိန်ဖြစ်ပေသည်။ “ဝိညာဉ်တော်နှင့် မင်္ဂလာဆောင် သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါ ဟုဆိုပါစေ ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိ သော သူသည် အဘိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။” (ဗျာဒိတ်ကျမ်း ၂၂:၁၇) Dr. David Joy Lead Pastor Glorious Tabernacle Church ဓာတ်ပုံများ - https://t.me/DrDavidJoyPRM/1901

မကြာခင် စနေနေ့ Bible Study (7:30 PM) စပါတော့မည်။ Zoom မှ ပါဝင်နိုင်သည်။ သန့်ရှင်းသောဝိညာဉ် သင်ခန်းစာကို series လိုက်သင်ပါမည်။

Shalom ပါ။ (မင်္ဂလာပါ) 🎉 🔔5k Restaurant ရဲ့ ပွဲဦးထွက်အနေနဲ့ Premium Mohinga (ပရီမီယံ မုန့်ဟင်းခါး) အနည်းဆုံး ၃၊ ၄ ယောက်စားလို့ရတဲ့ “Set A” တစ် set ကို pre oder အနေနဲ့ ၁၂,၀၀၀ ကျပ်ထဲနဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။ ♦️ order ကို ဒီဇင်ဘာ ၂ ရက်နေ့ နောက်ဆုံးထားကြိုတင်မှာယူပြီး ဒီဇင်ဘာ ၄ ရက်နေ့မှာ အိမ်တိုင်ယာရောက် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ♦️မုန့်ဟင်းခါးရဲ့ အဓိကကျတဲ့ မုန့်ဟင်းရည်ကိုတော့ ငါးကြင်းဖြူသား၊ ဆန်လှော်မှုန့်မွှေးမွှေးလေး၊ ကုလားပဲခြမ်းစစ်စစ်၊ ငှက်ပျောအူနုနုလေး၊ ဆီသန့်နဲ့ချက်ထားတာဖြစ်လို့ သန့်ရှင်းလတ်ဆတ်မှုနဲ့ အရသာပိုင်းကို စိတ်ချပါနော်။ ♦️Set A မှာ ✅အိုးဘဲဥ ၄ ခြမ်း ✅ငါးဖယ်စစ်စစ် ၃ ခု ✅ပဲကြော် ၃ ခု ✅ပဲသီး ✅နံနံပင် ✅သံပုရာသီး ✅ငရုတ်သီးမှုန့် ✅မုန့်ဟင်းရည် ၁၀၀၀ မီလီလီတာ ဗူးတစ်ဗူးနဲ့ ✅နူးညံ့ပြီး ဓာတုဆေးဝါးလုံးဝမပါဝင်တဲ့ မုန့်ဖတ်ကို ၃၀၀ ဂရမ်တောင် ထည့်ထားပေးတာဆိုတော့ လူ ၃၊ ၄ ယောက်က ကောင်းကောင်းစားလို့ရပါတယ်။😃 📌မုန့်ဟင်းခါး Set A တစ် set ဖိုးအပြင် မြို့နယ်အလိုက် ကျသင့်မဲ့ deli fees လေးတွေကတော့ သပ်သပ် ထပ်ပေါင်းပါတယ်နော်။ 📣5k premium မုန့်ဟင်းခါးရဲ့အရသာက ထိထိမိမိနဲ့အရာသာရှိလွန်းလှတာမို့ ကိုယ်တိုင်စားချင်တာပဲဖြစ်ဖြစ်၊ မိမိချစ်ခင်ရတဲ့သူတွေကို လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ် မှာယူလိုပါက 09965882207, 09798490762 ကို အခုပဲမှာယူလိုက်ကြရအောင် !!! ♥️ #5krestaurant #premiummohinga #Mohinga #myanmartraditionalfood

တနင်္လာနေ့အတွက် ဒီနေ့နောက်ဆုံးမှာရမှာပါခင်ဗျာ။
တနင်္လာနေ့အတွက် ဒီနေ့နောက်ဆုံးမှာရမှာပါခင်ဗျာ။

ဒီနေ့နောက်ဆုံးစာရင်းပေးရမှာမို့လို့ အမြန်ဆုံးစာရင်းကြပါခင်ဗျာ။ ရေနှစ်ခြင်းမင်္ဂလာအကြောင်း နားမလည်မှာ မစိုးရိမ်ကြပါနဲ့။ Sunday
ဒီနေ့နောက်ဆုံးစာရင်းပေးရမှာမို့လို့ အမြန်ဆုံးစာရင်းကြပါခင်ဗျာ။ ရေနှစ်ခြင်းမင်္ဂလာအကြောင်း နားမလည်မှာ မစိုးရိမ်ကြပါနဲ့။ Sunday မနက် ၉ နာရီမှ သင်ကြားမှာဖြစ်ပါတယ်။ မနက် ၁၀ နာရီ ဝတ်ပြုစည်းဝေးစသည့်အချိန်မှာလည်း အတန်းခွဲထားပြီး သင်ကြားပေးကာ၊ အမေးအဖြေများရှိမှာဖြစ်ပါတယ်။

Dr. David Joy Dr. David Joy, M.B.,B.S.(MMR), M.Th., Th.D.(U.S.A.), is a husband, father, medical doctor, author, itinerant preacher, pastor, adjunct professor of theology, college-director, and restaurant-owner. He has been preaching the gospel with the healing power of the Spirit since he was 12. He studied and graduated from the University of Medicine 1, Myanmar, in order to bring the love of God to the people and the regions as a medical doctor. During the university years, he began to teach the Bible, preach the word of God, lead youth teams and engage in mission fields in remote areas. Then after graduation, starting from Cambodia, he involved more in ministry, and studied theology. He co-founded Prophetic Revolution Ministries in 2015 together with Saya Yan Naing Oo. He is the general overseer of PRM, and joyfully ministers together with the ministry team. PRM is a member of Myanmar Evangelical Christian Alliance (MECA), and of CMM World Missions. He focuses the mission field of the heavily-drug-and-crime-infested region of the Eastern Shan State of Myanmar, and ministers rehabilitation and restoration together with fellow ministers and churches there. He reaches, ministers and equips the young teenagers from broken homes by various ways such as The School of Restoration and Prophetic Revolution Mission School. With the vision, “from Kengtung (a capital town in Eastern Shan State) to the ends of the world,” he involves the mission work from Kengtung to some nations. He graduated with Master and Doctoral Degrees of theology from Christ’s Mandate for Missions College of Theology located in Fort Mill, South Carolina, USA. He became an adjunct professor of theology at the same college from November, 2019. He started Myanmar satellite college of CMM from 2022, and serves as its director. He also serves as a pastor of Glorious Tabernacle Church located at Eagles’ Landing in Yangon. He authored, co-authored and translated Christian books. Together with Saya Kyaw Htet Lynn, he gives birth and nurtures “5k restaurant” vision. He is ordained by Dr. Jorge Parrott (CMM World Missions), and is commended to the Body of Christ, His Church, and the world, for ministry to the saved, the hurting and the lost. He involves with CMM Prophetic Ministry ministering to people and Christian leaders of the nations. He ministers under the spiritual covering of the council of elders who are Revs. Bart & Kim Hadaway (A Heart Like His Ministries), Cathy Koetsier (UK), Drs. Jorge and Anna Marie Parrott, Dr. Nancy G. Daniel (CMM World Missions) and Rev. Peggy Anderson (Destiny's Cry Ministries). He resides in Yangon together with his wife Pollen and son Justin, and leads a value-based life enjoying genuine relationships with people.

Meet Our General Overseer (English below) Dr. David Joy Dr. David Joy, M.B.,B.S.(MMR), M.Th., Th.D.(U.S.A.), သည် ခင်ပွန်းသည်တစ်ဦး၊ ဖခင်တစ်ဦးဖြစ်ပြီး၊ ဆရာဝန်၊ စာရေးဆရာ၊ နယ်လှည့်တရားဟောဆရာ၊ သင်းအုပ်ဆရာ၊ သီဩလော်ဂျီ (ဓမ္မပညာ) adjunct ပါမောက္ခ၊ ကောလိပ်ညွှန်ကြားရေးမှူး နှင့် စားသောက်ဆိုင်ပိုင်ရှင်လည်းဖြစ်သည်။ သူသည် ဧဝံဂေလိတရားကို အသက် ၁၂နှစ်အရွယ်မှစတင်၍ ဝိညာဉ်တော်၏ အနာရောဂါငြိမ်းခြင်း တန်ခိုးတော်ဖြင့် စတင်ဟောပြောခဲ့သည်။ သူသည် ဒေသအသီးသီးရှိလူများထံသို့ ဘုရားသခင်၏မေတ္တာတော်ကို သယ်ဆောင်သော ဆရာဝန်တစ်ဦးဖြစ်လာရန်အတွက် မြန်မာနိုင်ငံ ဆေးတက္ကသိုလ် ၁ ၌ ပညာဆည်းပူးခဲ့သည်။ စာသင်နှစ်များတွင်လည်း သမ္မာကျမ်းစာသင်ကြားခြင်း၊ နှုတ်ကပတ်တော်ဟောပြောခြင်း၊ လူငယ်အဖွဲ့များကိုဦးဆောင်ခြင်းနှင့် ဝေးလံသောဒေသများရှိ သာသနာနယ်များ၌ လေ့ကျင့်ပါဝင်ခြင်းများ လုပ်ဆောင်ခဲ့သည်။ ဘွဲ့ရပြီးနောက် သူသည် ကမ္ဘောဒီးယားသာသနာနယ်မှစ၍ အမှုတော်မြတ်၌ အချိန်သာ၍ မြှုပ်နှံခဲ့ပြီး ဓမ္မပညာကိုလည်း ဆည်းပူးခဲ့သည်။ သူသည် ၂၀၁၅ ခုနှစ်တွင် Prophetic Revolution Ministries ကို ဆရာရန်နိုင်ဦးနှင့် ပူးတွဲတည်ထောင်ခဲ့ပြီး၊ အထွေထွေကြီးကြပ်သူအဖြစ် တာဝန်ယူလုပ်ဆောင်လျှက်ရှိပြီး အလုပ်အမှုတော်ဆောင်အဖွဲ့ဝင်များနှင့်အတူ ဝမ်းမြောက်စွာဆက်ကပ်လုပ်ဆောင်လျှက်ရှိသည်။ PRM သည် မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ် (MECA) နှင့် CMM World Missions တို့၏ အဖွဲ့ဝင်ဖြစ်သည်။ သူသည် မြန်မာနိုင်ငံရှမ်းပြည်အရှေ့ပိုင်းရှိ မူးယစ်ဆေးနှင့်ဒုစရိုက်များပြားသောနေရာများကို အထူးပြုပြီး၊ မူးယစ်ဆေးဖြတ်ခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့်ဆိုင်သော လုပ်ဆောင်မှုများကို မိတ်ဆွေအမှုတော်ဆောင်များ၊ အသင်းတော်များနှင့် လက်တွဲလုပ်ဆောင်လေ့ရှိသည်။ အမျိုးမျိုးသောနည်းလမ်းများဖြင့်လည်း ပြိုကွဲနေသော မိသားစုများမှ ဆယ်ကျော်သက်များကို ထိတွေ့ကာ The School of Restoration နှင့် Prophetic Revolution Mission School အားဖြင့် ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားခြင်းများပြုလေ့ရှိသည်။ “ကျိုင်းတုံမှသည် မြေကြီးစွန်းတိုင်အောင်” ဟူသောရူပါရုံဖြင့် ကျိုင်းတုံမှစ၍ ကမ္ဘာ့နိုင်ငံအချို့၌ သာသနာလုပ်ငန်းများလုပ်ဆောင်လျှက်ရှိသည်။ အမေရိကန်ပြည်ထောင်စု၊ South Carolina ပြည်နယ်၊ Fort Mill မြို့ရှိ Christ’s Mandate for Missions College of Theology မှ သီဩလော်ဂျီ Master နှင့် Doctoral ဘွဲ့များရရှိသည်အထိ ပညာသင်ယူခဲ့သည်။ CMM College of Theology (USA) ၌ ၂၀၁၉ နိုဝင်ဘာလမှစတင်ကာ သီဩလော်ဂျီ adjunct ပါမောက္ခအဖြစ်လည်း လုပ်ဆောင်လျှက်ရှိသည်။ မြန်မာနိုင်ငံ CMM ဓမ္မကောလိပ်ကို ၂၀၂၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ညွှန်ကြားရေးမှူးအဖြစ် လုပ်ဆောင်လျှက်ရှိသည်။ ရန်ကုန်မြို့ လင်းယုန်မြေရှိ Glorious Tabernacle Church ၏ သင်းအုပ်ဆရာ အဖြစ်လည်းအမှုတော်၌ ဆက်ကပ်ပါဝင်လျှက်ရှိသည်။ သူသည် သူကိုယ်တိုင်ရေး၍သော်လည်းကောင်း၊ အခြားသောစာရေးဆရာ/မများနှင့် တွဲဖက်ရေးသား၍သော်လည်းကောင်း၊ ဘာသာပြန်၍သော်လည်းကောင်း၊ ဝိညာဉ်ရေးရာစာအုပ်များဖြစ်သည့် “အမိန့်ကြေညာခြင်း”၊ “ထာဝရဘုရားအတွက်မီးတောက်လောင်ပါ”၊ “တစ်ခုတည်းသောအရာ”၊ “အဆုံးစွန်ဆုံးသောအမိန့်ကြေညာခြင်း”၊ “သင်သည်မပျောက်ဆုံးနိုင်ပါ”၊ “လွတ်မြောက်ခြင်းလက်တွေ့သင်ခန်းစာများ” နှင့် “သဘာဝလွန်ဖြစ်တည်ခြင်း” တို့ကို ထုတ်ဝေခဲ့သည်။ ၂၀၂၃ နှောင်းပိုင်းမှစတင်ကာ 5k စားသောက်ဆိုင်ရူပါရုံကို ဆရာကျော်ထက်လင်းနှင့်အတူ မွေးဖွားအကောင်အထည်ဖော်လျှက်ရှိသည်။ သူ့ကို Dr. Jorge Parrott (CMM) မှ လက်တင်မင်္ဂလာအပ်နှင်းခဲ့ပြီး၊ ကယ်တင်ခြင်းရောက်ပြီးသူများ၊ ဝေဒနာခံစားနေသူများ၊ ပျောက်ဆုံးနေသူများထံ အမှုတော်ဆောင်ရန်အလို့ငှါ ခရစ်တော်၏ခန္ဓာဖြစ်သောအသင်းတော်နှင့် ဤလောကထံသို့ အပ်နှံခဲ့သည်။ CMM ပရောဖက်ပြုခြင်းဆိုင်ရာ သာသနာအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ယုံကြည်သူများ၊ ခေါင်းဆောင်များအား အမှုတော်ဆောင်လျှက်ရှိသည်။ သူသည် Revs. Bart and Kim Hadaway (A Heart Like His Ministries)၊ Cathy Koetsier (UK)၊ Drs. Jorge and Anna Marie Parrott, Dr. Nancy G. Daniel (CMM World Missions) နှင့် Rev. Peggy Anderson (Destiny’s Cry Ministries) တို့၏ ဝိညာဉ်ရေးရာလွှမ်းခြုံတိုင်ပင်မှုအောက်တွင် အမှုတော်ဆောင်လျှက်ရှိသည်။ သူသည် ရန်ကုန်မြို့တွင် ဇနီးသည် ဆရာမ Pollen၊ သား Justin နှင့်အတူနေထိုင်ကာ စံနှုန်းများအပေါ်တွင်တည်ဆောက်ထားသော အသက်တာဖြင့်အသက်ရှင်လျှက်ရှိပြီး လူတို့နှင့်ရိုးရှင်းစစ်မှန်စွာဆက်ဆံရသည်ကို နှစ်သက်သူဖြစ်သည်။