en
Feedback
Dr. David Joy

Dr. David Joy

Open in Telegram

This is where I speak from Telegram.

Show more
232
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Honor - by Dr. David Joy (January 3 - Read Genesis 8, 9, 10, 11) (Lifestyle, Relationship, Family) “Shem and Japheth took the garment and placed it on their shoulders. Then they walked in backwards and covered up their father’s nakedness. Their faces were turned the other way so they did not see their father’s nakedness.” (Genesis 9:23 NET) Noah did the greatest thing at his time. After that, he fell weak with drunkenness. He was drunk and naked one day. His sons, Shem and Japheth, covered him with a garment. They walked backwards so that they wouldn’t see their father’s nakedness. This is how honor looks like. Honor covers someone in his fall and weakness. Our honor doesn’t reduce by how people treat or talk to us. Honor is how we treat or talk to people. I am not talking about covering up the sinful abuse cases. I am talking about giving a hand to the person who fell without gossiping. Gossip dies when it hits a wise person’s ears. Being honorable is one of the criteria of a deacon. Let us clothe ourselves with honor as children of the Most High. Let us treat our family members with honor. Let us treat others with honor too.

ဂုဏ်သိက္ခာ - by Dr. David Joy (ဇန်နဝါရီ ၃ ရက်နေ့ ဖတ်ရန် - ကမ္ဘာဦးကျမ်း ၈၊၉၊၁၀၊၁၁) (အသက်ရှင်မှုပုံစံ၊ ဆက်ဆံရေး၊ မိသားစု) “ရှေမနှင့်ယာဖက်တို့သည် အဝတ်ကိုယူ၍ ပခုံးပေါ်မှာ တင်ပြီးလျှင်၊ နောက်သို့ဆုတ်သွား၍ မိမိအဘ၌၊ အဝတ်အချည်းစည်းရှိသည်ကို ဖုံးကြ၏။ သူတို့သည် အပြင်သို့မျက်နှာပြုသောကြောင့်၊ မိမိအဘ၌ အဝတ် အချည်း အစည်းရှိသည်ကို မမြင်ရ။” (ကမ္ဘာဦးကျမ်း ၉:၂၃) ကမ္ဘာပေါ်တွင် ထိုခေတ်အခါက အရေးအကြီးဆုံးသောအရာကို နောဧလုပ်ခဲ့သည်။ ကြီးမြတ်သောနောဧသည် ထိုအမှုအရာပြီးနောက်တွင် အသက်တာအားနည်းလာခဲ့သည်။ စပျစ်ရည်ယစ်မူးပြီး အဝတ်ကိုယ်၌မကပ်ဘဲရှိနေခဲ့သည်။ ထိုအခါ သူ၏သား၃ဦးအနက်မှ ရှေမနှင့်ယာဖက်တို့သည် သူတို့ဖခင်အားအဝတ်နှင့် ပြန်လည်ဖုံးလွှမ်းပေးသည်။ ဖခင်၏အားနည်းလဲကျနေသောအဖြစ်ကို မမြင်လို၍ သူတို့ကိုယ်တိုင် နောက်ပြန်လမ်းလျှောက်ကာ ဖခင်အနားချဉ်းကပ်ခဲ့သည်။ လူတစ်ဦးလဲကျကာ အားနည်းချက်အထင်းသားပေါ်နေချိန်တွင် အတင်းပြောစကားမဖြစ်စေဘဲ၊ ပြန်လည်လွှမ်းခြုံပေးခြင်းသည် ဂုဏ်သိက္ခာရှိသူတို့၏လုပ်ရပ်ဖြစ်သည်။ လူတွေကျွန်တော်တို့ကို မည်သို့ပြောဆိုဆက်ဆံသည်က ကျွန်တော်တို့ဂုဏ်သိက္ခာကို မကျဆင်းစေပါ။ ကျွန်တော်တို့ မည်သို့ပြုမူဆက်ဆံသည်က ကျွန်တော်တို့ဂုဏ်သိက္ခာနှင့်ဆိုင်ပေသည်။ လူတစ်ဦးက တစ်ဦးကို မတရားအပြစ်ပြုခြင်းကို ဖုံးကွယ်ရမည်ဟုပြောခြင်းမဟုတ်ပါ။ လူတစ်ယောက်ကျဆင်းနေခြင်းကို အထင်သေးမှုမရှိဘဲ ဆွဲထူပေးခြင်းကိုဆိုလိုသည်။ ဂုဏ်သိက္ခာကို မြန်မာဘာသာပြန် သမ္မာကျမ်းစာတွင် “အသရေ” ဟုသုံးနှုန်းသည်။ သင်းထောက်ရွေးချယ်ရာတွင်လည်း အသရေရှိသူဖြစ်ရမည်ဟု သမ္မာကျမ်းစာကပြောသည်။ ဘုရားသခင်၏ သားသမီးများဖြစ်သော သင်နှင့်ကျွန်တော်သည် ဂုဏ်သိက္ခာကို အဝတ်ကဲ့သို့လွှမ်းခြုံကာ လျှောက်လှမ်းကြပါစို့။ မိမိ၏ မိသားစုဝင်များကိုလည်း ဂုဏ်အသရေဖြင့်ဆက်ဆံကြပါစို့။ အခြားသူများကိုလည်း ထိုသို့ဆက်ဆံကြပါစို့။

Walking in Favor - by Dr. David Joy (January 2 - Genesis 4, 5, 6, 7) (Identity, Lifestyle, Church) Clergymen and parents pray over the children that they would grow in favor with God and with men. Some people, cultures and communism dislike the idea of favor. Nevertheless, favor is not just an idea or a concept. It a real stuff among living creatures. It is not a performance but is naturally flowing out of hearts like a cool stream. I want to share some points for walking and growing in favor. (1) Walk in the favor of God. God loves you with an everlasting love. You are loved. Jesus Christ took away all the curses of rejection from mankind. Pray that the Holy Spirit to pour the love of God into your heart (Rom. 5:5). Walk today as a child of God who has fullness of God’s love and favor. “The LORD appeared to him from afar, saying, “I have loved you with an everlasting love; Therefore I have drawn you with lovingkindness” (Jer. 31:3 NASB) (2) Break the generational rejection. Some people found themselves being followed by the shadow of rejection for generations. One of the leaders of Israel named Gideon came from the family tree of rejection (Jug. 6:15). You can change your family tree. Today you can decree freedom from the generational curse by the power of the cross. Enter into the realm of exaltation together with your family. (3) Give favor to yourself. I don’t mean to prioritize yourself over others. There are people who generously give gifts to others, and never purchase a nice shirt that they want even they can afford. Some fail to take care of the kinds of foods they eat, and fail to value the need to rest. Take off from your neck the invisible sign that writes, “I am not that important.” Seriously, you are important. Take care of your heart as out of it flows the seasons of life. Give yourself rest when you need it. Read the healthy literature that cherishes your heart. (4) Cultivate the attitudes that attract favor. “But Noah found favor in the sight of the Lord.” (Gen. 6:8) At that time period of the world, every inclination of the thoughts of the minds of people was only evil all the time. However, Noah’s heart was different, and he found favor with God. Some of the attitudes that attract favor are humility, harmony, sincerity and diligence. (5) Nurture your talents and spiritual gifts. Do not neglect your talents and spiritual gifts. We can nurture them and can be coached by seasoned people. Rom. 12:6-8 described 7 redemptive gifts, and 1 Cor. 12:8-10 described 12 spiritual gifts. (6) The fruit of the Spirit cloaks you with favor. The fruit of the Spirit described in Gal. 5:22-23 makes you a distinct person. Joy has the influence. When you sit together with a peaceful person, you can sense a change in the atmosphere. People love the person that radiates out goodness. (7) Personal hygiene and grooming are important. One of my mentors Kim Hadaway gave a funny example in training ushers. This is how people can speak in their minds when an usher fails to prepare this. “Oh, I like to talk with you but your breath is kicking.” (8) Sow the seeds of favor The law of sowing and reaping is a law from heaven. If we want to have increase harvest of favor, we need to sow favor into other people’s lives. (9) Generosity and gifts open doors. Generous gifts from cheerful hearts open the hearts of people. This is you telling that you value people. Patricia King told us in mission training in Cambodia that we must be generous with not just finances but also with our time and hearts. (10) Accept the favor from others. Welcome favor with appreciation. Let us grow together in favor this year.

ဇန်နဝါရီ ၂ devotional အပိုင်း ၁ - https://t.me/DrDavidJoyPRM/1953 အပိုင်း ၂ - https://t.me/DrDavidJoyPRM/1954
ဇန်နဝါရီ ၂ devotional အပိုင်း ၁ - https://t.me/DrDavidJoyPRM/1953 အပိုင်း ၂ - https://t.me/DrDavidJoyPRM/1954

ဂလာတိဩဝါဒစာ ၅:၂၂-၂၃ တွင် ဖော်ပြထားသော ဝိညာဉ်အသီး (ပကတိအကျိုး) ၉မျိုးသည် သင့်အားထူးခြားသောသူဖြစ်စေသည်။ ဝမ်းမြောက်ခြင်းသည် လွှမ်းမိုးမှုကိုဖြစ်စေသည်။ ငြိမ်သက်ခြင်းပြည့်ဝသောသူနှင့် တစ်ခန်းတည်းတွင် အတူထိုင်နေရခြင်းသည် ပတ်ဝန်းကျင်ကို ပြောင်းလဲစေသောခံစားချက်ကို ခံစားစေသည်။ ကောင်းမြတ်သောသူကို လူတို့သ​ဘောကျကြသည်။ (၇) တစ်ကိုယ်ရေတစ်ကာယ သန့်ရှင်းစင်ကြယ်ခြင်းနှင့် ဝတ်စားဆင်ယင်မှုသည် အရေးကြီးသည်။ ကျွန်တော့်ဆရာမ Kim Hadaway ပြောပြသောဟာသတစ်ခုရှိပါသည်။ “မိတ်ဆွေ၊ သင့်ကိုတော့ခင်မင်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ခံတွင်းအနံ့က ကန်ထုတ်နေတယ်” ဟူ၍ဖြစ်သည်။ ဝတ်စားဆင်ယင်မှုသာမက ဆံပင်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေး၊ ကိုယ်ခန္ဓာအနံ့အသက် တို့ကို ကောင်းမွန်စွာဂရုစိုက်ထားတတ်ဖို့ လေ့ကျင့်သင်ယူရပေမည်။ (၈) မျက်နှာသာပေးခြင်းမျိုးစေ့များကြဲပါ။ မျိုးစေ့ကြဲခြင်းနှင့် ရိတ်သိမ်းခြင်းနိယာမ အတိုင်း မိမိအသက်တာအတွက် မျက်နှာသာလိုချင်လျှင် အခြားသူများအသက်တာ၌ မျက်နှာသာပေးခြင်း မျိုးစေ့များကြဲပါ။ လူများကို မျက်နှာသာပေးပါ။ (၉) ရက်ရောခြင်းနှင့် လက်ဆောင်များသည် စိတ်နှလုံးတံခါးများဖွင့်ပေးသည်။ လူတို့သည် ကပ်စေးနဲသောသူ၊ စေတနာမရှိသောသူထံမှ မည့်သည့်အရာမှ မလိုချင်ကြပါ။ တွန့်တိုသောစိတ်နှင့် မသတီဘဲ ပေးသောအရာကို မည်သူမှလက်မခံလိုပါ။ ထိုအရာ၏ဆန့်ကျင်ဘက်သည် ရက်ရောခြင်းဖြစ်သည်။ ရက်ရောစွာ ပေးကမ်းကျွေးမွေးသောသူထံ လူတို့၏ စိတ်နှလုံးတံခါးများဖွင့်ပြီးသားဖြစ်သည်။ မိမိအားတန်ဖိုးထားသောသူကို လူတို့ချစ်မြတ်နိုးကြသည်။ ငွေကြေးသာမက၊ အချိန်ရော၊ နှလုံးသားပါ ရက်ရောကြရမည်။ (၁၀) အခြားသူများ၏ မျက်နှာသာပေးခြင်းကို လက်ခံပါ။ လူများက မိမိအား မေတ္တာစေတနာသန့်သန့်ဖြင့် မျက်နှာသာပေးခြင်းကို မငြင်းဆန်ပါနှင့်။ လှိုက်လှဲစွာလက်ခံပြီး ကျေးဇူးတင်ကြောင်းပြောပါ။ သင်နှင့်ကျွန်တော်တို့ မျက်နှာသာရခြင်း၌ အတူကြီးထွားကြပါစို့။

မျက်နှာသာရသောအသက်တာ - by Dr. David Joy (ဇန်နဝါရီ ၂ ရက်နေ့ ဖတ်ရန် - ကမ္ဘာဦးကျမ်း ၄၊၅၊၆၊၇) (ဖြစ်တည်မှု၊ အသက်ရှင်မှုပုံစံ၊ အသင်းတော်) ကလေးသူငယ်များကို ဘုရားကျောင်းခေါ်လာပြီး အသင်းတော်၌ ဆက်ကပ်ဆုတောင်းကြသောအခါ ဘုရားသခင်ရှေ့၊ လူ့ရှေ့မှာ မျက်နှာသာရသောသူဖြစ်လာဖို့ရန် မိဘများက ဆုတောင်းချက်တင်ကြသည်။ မျက်နှာသာရခြင်းကို မျက်နှာပွင့်လန်းခြင်း၊ ချစ်မွှေးပါခြင်း၊ လူများအချစ်ခံရခြင်း စသည်ဖြင့်အမျိုးမျိုးခေါ်ဝေါ်ကြသည်။ မျက်နှာသာရခြင်းနှင့်ပတ်သတ်၍ အချို့သောသူများ၊ အချို့ဒေသယဉ်ကျေးမှုများနှင့် ကွန်မြူနစ်စနစ်တို့က မနှစ်သက်ကြပါ။ သို့သော် မျက်နှာသာရခြင်းသည် သက်ရှိလူသားများသာမက၊ ဝေနေယျသတ္တဝါများအကြား၌ပင်တည်ရှိသော အမှန်တကယ်စစ်မှန်သည့် အရာပင်ဖြစ်သည်။ လုပ်ယူရသောအရာမဟုတ်ဘဲ၊ သဘာဝအလျောက် နှလုံးသားမှ စီးဆင်းလာသော အေးမြလှသည့် စမ်းချောင်းတစ်ခုဖြစ်သည်။ သင်နှင့်ကျွန်တော့်ကို အလုပ်ခွင်၌ဖြစ်စေ၊ လူမှုအသိုင်းအဝိုင်း၌ဖြစ်စေ နေ့စဉ် မျက်နှာသာရခြင်း၌ကြီးထွားလာစေရန် ဘုရားသခင်အလိုရှိတော်မူသည်။ မျက်နှာသာရခြင်း၌ ကြီးထွားစေသော သမ္မာကျမ်းစာနိယာမတချို့ကို ဝေငှလိုက်ပါသည်။ (၁) ဘုရားသခင်သည် သင့်အားပေးတော်မူသော မျက်နှာသာ၌ အသက်ရှင်လျှောက်လှမ်းပါ။ ဘုရားသခင်သည် သင့်အား မကုန်ဆုံးနိုင်သော ထာဝရမေတ္တာနှင့်ချစ်တော်မူသည်။ သင်သည်အချစ်ခံရသောသူဖြစ်သည်။ သခင်ယေရှုသည် လူသားမျိုးနွယ်များခံရစားသော ငြင်းပယ်ခံရခြင်းကျိန်ခြင်းအမင်္ဂလာကို ယူဆောင်သွားပြီဖြစ်သည်။ သင်၏နှလုံးသားထဲသို့ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို သွန်းလောင်းပေးဖို့ ဆုတောင်းပါ (ရောမဩဝါဒစာ ၅:၅)။ ဘုရားသခင်၏ ချစ်ခြင်းအပြည့်အဝခံရသော သားသမီးတစ်ဦးအနေဖြင့် ယနေ့အသက်ရှင်ပါ။ ကျေးဇူးတော်ချီးမွမ်းရင်း အပြုံးကြီးကြီးဖြင့် လမ်းသို့ထွက်လျှောက်ပါ။ ရင်ကော့ကာ ခေါင်းမော့ထားပါ။ သင်သည်ချစ်စရာကောင်းသောသူဖြစ်သည်။ “ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။” (ယေရမိအနာဂတ္တိကျမ်း ၃၁:၃) (၂) ငြင်းပယ်ခံရခြင်း မျိုးဆက်ကျိန်စာကို ချိုးဖျက်ပါ။ အချို့သောသူများသည် မိသားစုမျိုးရိုးအလိုက် ငြင်းပယ်ခံရခြင်း စွဲကပ်နေပေသည်။ အစ္စရေးနိုင်ငံ၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော ဂိဒေါင်သည် ထိုသို့သောမျိုးရိုးမှ ကြီးပြင်းလာသောသူဖြစ်သည် (တရားသူကြီးမှတ်စာ ၆:၁၅)။ သင်သည် သင့်မိသားစု family tree ကို ပြောင်းလဲနိုင်သောသူဖြစ်သည်။ ဘုရားသခင်သည် ဂိဒေါင်အား အပယ်ခံရခြင်းမှ မျက်နှာသာရခြင်းသို့ ရွှေ့ပြောင်းစေသလို ယနေ့သင်အားရွှေ့ပြောင်းပေးနေသည်။ သခင်ယေရှု၏ လက်ဝါးကပ်တိုင်တန်ခိုးအားဖြင့် ထိုအမင်္ဂလာမှ လွတ်မြောက်ကြောင်း ယနေ့ကြေညာပါ။ သင်နှင့် သင့်မျိုးဆက်သည် ဘုရားသခင်ချီးမြှောက်တော်မူခြင်း နယ်ပယ်သို့ ဝင်ရောက်အခြေချပါ။ (၃) မိမိကိုယ်ကို မျက်နှာသာပေးပါ။ မိမိကိုယ်ကို တခြားသူများထက် ဦးစားပေးပါဟု ဆိုလိုခြင်း လုံးဝမဟုတ်ပါ။ တချို့သောသူများသည် အခြားသူများအား လက်ဆောင်များဝယ်ပေးလေ့ရှိသော်လည်း မိမိအတွက် နှစ်သက်သောအင်္ကျီအား ပိုက်ဆံရှိလျှက်ပင် ဝယ်ယူမှုမပြုပါ။ မိမိ၏ ကျန်းမာရေးကို ဂရုမစိုက်ဘဲ ဖြစ်သလိုနေ၊ ဖြစ်သလိုစားလေ့ရှိသည်။ “ငါ့ဟာ သိပ်အရေးမကြီးပါဘူး” ဟူသော စားသားကိုရေးပြီး လည်ပင်း၌ မဆွဲထားသော်လည်း၊ မသိစိတ်မှလက်ခံထားတတ်သည်။ သင်သည် အရေးပါသောသူဖြစ်သည်။ သင်သည် အရေးကြီးသောသူဖြစ်သည်။ သင့်နှလုံးသားသည် အသက်၏အခြေအမြစ်ဖြစ်သည်။ သင့်ခံစားချက်များကို ဂရုစိုက်ပြုစုပေးပါ။ လိုအပ်သောအနားယူမှုပြုပါ။ သင့်စိတ်ကိုရွှင်လန်းစေသော သန့်ရှင်းသည့်စာပေများကိုဖတ်ပါ။ (၄) မျက်နှာသာရခြင်းကို ဆွဲငင်သောစိတ်နေသဘောထားများ မွေးမြူပါ။ “နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။” (ကမ္ဘာဦးကျမ်း ၆:၈) ကမ္ဘာပေါ်တွင် လူတို့၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိသော ခေတ်ကာလတွင် နောဧကို ဘုရားသခင်စိတ်တော်နှင့်တွေ့တော်မူသည်။ သူ၏ စိတ်နေသဘောထားကို ဘုရားသခင်နှစ်သက်တော်မူသည်။ မျက်နှာသာရခြင်းကို ဆွဲငင်သောစိတ်နေသဘောထားအချို့မှာ စိတ်နှိမ့်ချခြင်း၊ သူတပါးနှင့် လိုက်လျောညီထွေ အသင့်အသင့်နေတတ်ခြင်း၊ ရိုးသားဖြူစင်ခြင်း၊ လုံ့လဝီရိယရှိခြင်း တို့ပင်ဖြစ်သည်။ (၅) မိမိ၏ စွမ်းရည်ပါရမီများနှင့် ဝိညာဉ်ဆုကျေးဇူးများကို ပြုစုပျိုးထောင်ပါ။ စွမ်းရည်ပါရမီများနှင့်၊ ဝိညာဉ်ဆုကျေးဇူးများကို အသုံးမပြုကာ ပစ်မထားသင့်ပါ။ သာ၍ ထူးချွန်အောင် လက်တွေ့လုပ်ဆောင်ရင်း မိမိရှေ့ကသွားပြီးသူများထံမှ ပြုစုပျိုးထောင်မှုရယူရမည်။ ရောမဩဝါဒစာ ၁၂:၆-၈ တွင် ရွေးနှုတ်ခြင်းဆိုင်ရာဆုကျေးဇူး ၇ မျိုးနှင့် ကောရိန္သုဩဝါဒစာ ပထမစောင် ၁၂:၈-၁၀ တွင် ဝိညာဉ်ဆုကျေးဇူး ၉ မျိုး ဖော်ပြထားသည်။ (၆) ဝိညာဉ်အသီးသည် သင့်အားမျက်နှာသာနှင့် လွှမ်းခြုံစေသည်။

It is the year for you to discover the real home.

From Unsafe Battlefield to Safe Home - by Dr. David Joy (January 1 - read Genesis 1, 2, 3) (Inner Healing, Family, Friendship, Church) “Then the man and his wife heard the sound of the Lord God moving about in the orchard at the breezy time of the day, and they hid from the Lord God among the trees of the orchard.” (Genesis 3:8 NET) We know the story of the fall of man in the book of Genesis. They were insecurely hiding from God who is the most secured person. We can be unsafe or feeling unsafe because of some things or someone in a season of life, or one of its turnings, or an unexpected moment. It is very sad when one feels unsafe due to his or her own family members. “Do not stare at me because I am dark, for the sun has burned my skin. My brothers were angry with me; they made me the keeper of the vineyards. Alas, my own vineyard I could not keep!” (Song 1:6 NET) It’s very painful when one’s own spouse makes him or her unsafe though the spouse should be the safest person for him or her. The church is meant to be the safest place on the face of the earth. The leaders are called to be good fathers and mothers. The followings are some of the symptoms of an unsafe person. ⁃ An unsafe person retreats from others instead of having fellowship for being knitted together. He or she wears masks and feels ugly due to the scars behind the masks. The truth is he or she can be more beautiful with the scars. ⁃ Some unsafe people do not retreat. They see themselves they are in unsafe battlefields very often if not always. They are getting ready for battle unnecessarily by erecting their quills towards the people who are not their enemies. They are ready to shoot their quills when they assume the ways people talk to them are wrong, or the people are looking at them in suspicions, or the people are curious about them. ⁃ Unsafe people are tired of suffering pain. So they are avoiding people to the point of missing the right person for them. They are pushing people away who truly love them. They may leave. Adam was hiding from God who dearly loved him. ⁃ An unsafe person feels uncomfortable being in the presence of a safe person. He doesn’t want the latter trying to openly communicate with a big smile. He feels odd when the latter laughs loudly during the conversation. Unfortunately, with a step further, he may react in a way trying to hurt the safe person to become unsafe like him. Here are some practical tips for helping one’s self. (1) You need to realize it is the time to move from unsafe battlefield to safe home. (2) Open your heart and officially ask God’s help in this. (3) Open your arms and welcome the right people God is sending to you. (4) Be a part of the church that loves you even they really know your past, and not looking down on you or gossip about you. (5) Be helpful to other unsafe people from now on. Helping others heal your wounds. The followings are some of the ways to help an unsafe person. (1) Keep pouring love into an unsafe person with a big smile. They may not be ready to come close to you. Keep open the door without pressuring them to come in. (2) Though you should keep loving them, please never compromise the Truth. Do not encourage them to keep making wrong choices. Gently draw them to the Truth. Do not be overprotective of them. Never think that you need to protect an unsafe person all the time. Never feel the need to control an unsafe person, or run his life. If think and feel like that, you need help too. (3) If the person you are helping is talking or acting in a way to hurt you, please do not fight back. You can make a few steps backward. You can draw the line and be careful not to cross over the boundaries. Do not cut him off. It is enough that you do your part in helping. It is not you or your assignment alone to make that person completely heal. (4) If you are in a church team, you can build the church into a safe and healing community. (5) Moreover, with the agreement with an unsafe person, the church can reach to his family members, and create safe zones.

ဇန်နဝါရီ ၁ devotional အပိုင်း ၁ - https://t.me/DrDavidJoyPRM/1948 အပိုင်း ၂ - https://t.me/DrDavidJoyPRM/1949
ဇန်နဝါရီ ၁ devotional အပိုင်း ၁ - https://t.me/DrDavidJoyPRM/1948 အပိုင်း ၂ - https://t.me/DrDavidJoyPRM/1949

၄။ သင့်၏ အတိတ်ကို အမှန်အတိုင်းသိလျှက်ပင် သင့်အား အထင်သေးခြင်း၊ အတင်းပြောခြင်းမရှိဘဲ အရှိအတိုင်းချစ်သော အသင်းတော်၌ ပါဝင်ရန်လိုအပ်သည်။ သင့်အတွက်မှန်ကန်သောအသင်းတော်သည် သင့်အရှေ့တည့်တည့်၌ ရှိလျှက်ပင်၊ အသင်းတော်အား မှားယွင်းစွာသုံးသပ်စီရင်မိကာ ရှောင်ရှားသောအဖြစ်မျိုးမဖြစ်မိဖို့လိုပေသည်။ မိမိအထင်များကို ဘုရားသခင်၏ ခြေတော်ရင်း၌ ချထားကာ မိမိကိုယ်ကိုမညာတမ်း၊ ဘုရားသခင်၏လမ်းပြမှုကို ခံယူရန်လိုအပ်သည်။ ၅။ မိမိကိုယ်တိုင်လည်း အခြားစိတ်မလုံခြုံသောသူများကို စတင်ကူညီဖို့လိုအပ်ပေသည်။ အခြားသူများကို ကူညီခြင်းသည် မိမိဒဏ်ရာများကို အနာငြိမ်းပျောက်ကင်းစေသည်။ စိတ်မလုံခြုံသောသူများကိုကူညီခြင်း ၁။ ထိုသူတို့အား အပြုံးကြီးကြီးဖြင့် ဆက်လက်ချစ်ကာ မေတ္တာသွန်းလောင်းပါ။ သူတို့သည် သင်နှင့်ဆက်ဆံဖို့ အဆင်သင့်မဖြစ်သေးသည့်အချိန်ဖြစ်နိုင်သည်။ တံခါးအားဆက်လက်ဖွင့်ထားပေးပါ။ ဝင်ရောက်လာဖို့ ဖိအားမပေးမိပါစေနှင့်။ ၂။ သူတို့အား ဆက်ချစ်ပြီးရင်းချစ်ရန် ဖြစ်သော်လည်း သမ္မာတရားကို အပေးအယူလုပ်ခြင်းမျိုး မပြုလုပ်ပါနှင့်။ သူတို့၏ အမှားများကို ဆက်လက်လုပ်မိနေစေရန် အားပေးသည့်အရာများမလုပ်သင့်ပါ။ နူးညံ့ညှင်သာစွာ သမ္မာတရားသို့ဆွဲခေါ်ပေးပါ။ လောင်းရိပ်မမိပါစေနှင့်။ မိမိအားအမြဲလိုအပ်ကြောင်း၊ မိမိက အမြဲကာကွယ်ရန်လိုအပ်ကြောင်း၊ မိမိထိန်းချုပ်ဆုံးဖြတ်ပေးရန်လိုအပ်ကြောင်း ဘယ်သောအခါမျှ မတွေးထင်ပါနှင့်။ သင်ထိုသို့ ပြုမူနေပါက သင်ကိုယ်တိုင်အကူအညီလိုအပ်နေခြင်းပင်ဖြစ်သည်။ ၃။ သင်ကူညီနေသောသူများက သင့်အားထိခိုက်နာကျင်စေသောအရာများ ပြောဆိုပြုမူလာသောအခါ လုံးဝပြန်လည်မတိုက်ခိုက်ပါနှင့်။ သင်အနည်းငယ်နောက်ဆုတ်၍ရသည်။ မျဉ်းကြောင်းတားကာ သင့်ခြေလှမ်းများကို မကျော်မိစေရန် အကောင်းအတွက် သတိပြုရမည်။ လုံးဝအဆက်အသွယ်ဖြတ်ခြင်းမျိုးမလုပ်ပါနှင့်။ ခက်ခဲနိုင်သည်။ သို့သော် သင့်ကူညီရမည့်အပိုင်းကို သင်လုပ်ဆောင်နိုင်ခြင်းသည် လုံလောက်ပေသည်။ သူတို့ရာနှုန်းပြည့်ကောင်းသွားရန်မှာ သင်တစ်ယောက်တည်း၏ တာဝန်မဟုတ်ပါ။ ၄။ သင်သည်အသင်းတော်မိသားစုဝင်ဖြစ်ပါက အသင်းတော်ကို လုံခြုံသောအသိုင်းအဝိုင်း၊ လူများအားလုံခြုံစေသည်ဟုခံစားစေသော ဒဏ်ရာပျောက်ကင်းစေသည့်နေရာဖြစ်လာရန် လုပ်ဆောင်ရမည်။ ၅။ ထိုမျှမက အသင်းတော်အနေဖြင့် ဒဏ်ရာရနေသောသူ၏ မိသားစုဝင်များကိုပင် မိတ်သဟာယဖွဲ့နိုင်လျှင်ပိုကောင်းပေသည်။ မိသားစုများကိုပါကူညီရင်း လုံခြုံသောဇုံများဖန်ဆင်းရပေမည်။ ယခုနှစ်သစ်တွင် သင်သည် လုံခြုံရာအရပ်ဖြစ်သည့် ဘုရားသခင်၏ မေတ္တာတော်နယ်ပယ်၌ ရပ်တည်ပါမည်အကြောင်း… သင့်အားလုံခြုံစေသောဘဝလက်တွဲဖော် တွေ့ပါမည်အကြောင်း… မိမိအိမ်ထောင်ဖက်ကိုသာ၍ လုံခြုံမှုပေးနိုင်မည့်အကြောင်း… မိမိ၏ မိသားစုဝင်များကို ကြင်နာစွာသာ၍ ဂရုစိုက်နိုင်မည့်အကြောင်း… မိတ်ဆွေများနှင့် အသင်းတော်မိသားစုများအတွက် လုံခြုံရာတဲများ တည်ဆောက်ပေးနိုင်မည်အကြောင်း ဆုမွန်ကောင်းတောင်းလျှက်…

ငါ့ကိုလွှမ်းခြုံပေးပါ - by Dr. David Joy (ဇန်နဝါရီ ၁ ရက်နေ့ ဖတ်ရန် - ကမ္ဘာဦးကျမ်း ၁၊၂၊၃) (အတွင်းအနာငြိမ်းခြင်း၊ မိသားစု၊ မိတ်ဆွေ၊ အသင်းတော်) လုံခြုံမှုနှင့် လုံခြုံသည်ဟုခံစားရခြင်းတို့သည် လူတစ်ဦးတစ်ယောက်စီတိုင်း ရရှိပိုင်ဆိုင်ထိုက်သောအရာများပင်ဖြစ်သည်။ ဘဝ၏ ကာလတစ်ခု၌ဖြစ်စေ၊ အချိုးအကွေ့တစ်ခု၌ဖြစ်စေ၊ အခိုက်အတန့်လေးတစ်ခု၌ဖြစ်စေ မမျှော်လင့်ဘဲတွေ့ကြုံခဲ့ရသောအရာများနှင့် လူများကြောင့် ကျွန်တော်တို့သည် ချော်ကျရင်း ပုံမှန်အတိုင်း လမ်းပြန်လျှောက်ရန်မဖြစ်နိုင်သော အဖြစ်များကြုံရတတ်သည်။ ကျွန်တော်သည် ရေညှိတက်နေသောလမ်းလျှောက်ရင်း ချော်လဲသည့်အကြောင်း ပြောနေခြင်းမဟုတ်ပါ။ ဘဝ၌ မလိုချင်ဘဲရခဲ့သော ဒဏ်ရာများကြောင့် မလုံခြုံသောခံစားချက်အကြည့်များဖြင့်ဖြစ်စေ၊ မျက်လွှာချ၍ဖြစ်စေ ဆက်လက်လျှောက်လှမ်းနေရခြင်းများကို ဆိုလိုခြင်းဖြစ်သည်။ သင်လုံခြုံပါသလား။ လုံခြုံသည်ဟုခံစားရပါသလား။ စိတ်မလုံခြုံသောသူတစ်ဦးဦးကို သင်သိပါသလား။ သင်အဘယ်ကြောင့် မလုံခြုံသောခံစားချက်များနှင့် ရုန်းကန်နေရပါသလဲ။ သင့်ဖက်၌ ရပ်တည်ပေးသင့်သော သင့်မိသားစုဝင်များကိုယ်တိုင်က သင့်အားမလုံခြုံအောင် ပြုမူခဲ့ပါသလား။ ဘီစီ ၉၇၀ မှ ၉၃၁ အထိ အစ္စရေးနိုင်ငံကို အုပ်ချုပ်ခဲ့သော ဘုန်းကြီးသောရှောလမုန် (ဆော်လမွန်) မင်းကြီး၏ ချစ်သူ ရှုလမိတ်ကိုယ်တိုင် ထိုသို့သောမိသားစုမှ ကြီးပြင်းလာခဲ့သည်။ သူအကြောင်းကို ရှောလမုန်သီချင်း၌ ယခုကဲ့သို့ဖော်ပြထားသည်။ “ငါသည်နေပူကိုခံ၍ မည်းသောအဆင်းရှိသော ကြောင့်၊ ငါ့ကိုမကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့ သည် ငါ့ကို မနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ။” (ရှောလမုန်သီချင်း ၁:၆) သင့်အားလုံခြုံမှုကို တည်ဆောက်ပေးသင့်ဆုံးသော အိမ်ထောင်ဖက်ကိုယ်တိုင်က သင့်ကိုရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ခံစားချက်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်စေပါသလား။ အသင်းတော်သည် ကမ္ဘာပေါ်၌ အလုံခြုံဆုံးနေရာဖြစ်ဖို့ဘုရားသခင် ရည်ရွယ်တော်မူသည်။ သင်ပါဝင်နေသော အသင်းတော်က သင့်အားလုံခြုံစေရန် အကူအညီဖြစ်ပါသလား။ ခေါင်းဆောင်များသည် လူများအတွက် ဖခင်ကောင်းနှင့် မိခင်ကောင်းများ ဖြစ်စေရန် ဘုရားသခင် အလိုရှိတော်မူသည်။ စိတ်မလုံခြုံသောသူတို့ တွေ့ကြုံရသောလက္ခဏာအချို့ ⁃ စိတ်မလုံခြုံသောသူများသည် နောက်ဆုတ်ပြန်ပြေးတတ်သည်။ လူများနှင့် တစ်စိတ်တစ်ဝမ်းတည်း ရောနှောဖို့ရှောင်ရှားရင်း နောက်ဆုတ်တတ်သည်။ မျက်နှာဖုံးများကို ဝတ်ဆင်ထားပြီး၊ မျက်နှာဖုံးနောက်ကွယ်မှ အမာရွတ်များသည် သူတို့အား ရုပ်ဆိုးအကျည်းတန်စေသည်ဟုခံစားရခြင်းမှာ ဝမ်းနည်းစရာပင်ဖြစ်သည်။ အမှန်မှာ “သင်သည် အမာရွတ်များနှင့် ပိုမိုလှပနိုင်ပေသည်”။ ⁃ စိတ်မလုံခြုံသောသူအချို့မှာ နောက်ပြန်လှည့်မပြေးပါ။ ဖြူကောင်သည် အန္တရာယ်ရှိသည်ဟုခံစားရသောအခါ သူတို့ဆူးများကို ထောင်မတ်ကာ တိုက်ပွဲအတွက်အသင့်ပြင်တတ်သည်။ ထိုသူတို့သည် ရန်သူမဟုတ်သည့်သူများထံသို့ မလိုအပ်ဘဲ သူတို့ဆူးတောင်များကို မကြာခဏထောင်မတ်ကာ တုံ့ပြန်တတ်သည်။ အခြားသူများ စကားမှားသည်၊ သံသယနှင့်ကြည့်သည်၊ စပ်စုသည်ဟု ထင်မြင်သည့်အခါတိုင်း သူတို့ဆူးတောင်များဖြင့် ပြန်လည်ထိုးစိုက်ဖို့ အသင့်ဖြစ်နေလေ့ရှိသည်။ ⁃ စိတ်မလုံခြုံသောသူအချို့သည် နာကျင်မှုကို ဆက်မလိုချင်တော့၍ လူများကိုရှောင်ရှားရင်း လူမှန်များနှင့်လွဲချော်တတ်သည်။ သူတို့အား အမှန်ချစ်သောသူများကို တွန်းထုတ်တတ်သည်။ ထားပစ်ခဲ့တတ်သည်။အာဒံပင်လျှင် သူ့အားချစ်တော်မူသော ဘုရားသခင်အထံတော်မှ ပုန်းရှောင်ခဲ့သည်။ “နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လုလင်မယားတို့သည် ကြားလျှင်၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ်အပင် တို့တွင် ပုန်းကွယ်လျက် နေကြ၏။” (ကမ္ဘာဦးကျမ်း ၃:၈) ⁃ စိတ်မလုံခြုံသောသူတစ်ဦးသည် စိတ်လုံခြုံသောသူတစ်ဦးနှင့်အတူရှိသောအခါ စိတ်သက်တောင့်သက်သာမရှိတတ်ပါ။ စိတ်လုံခြုံသောသူဖက်မှ အပြုံးကြီးကြီးဖြင့်နှုတ်ဆက်ကာ ပွင့်လင်းစွာစကားပြောလာသည်ကို မလိုချင်ပါ။ အခြားသူက စကားပြောရင်း အသံကျယ်ကျယ်ရယ်မောသည့်အခါ သူအနေခက်တတ်သည်။ မှားယွင်းစွာတုံ့ပြန်နိုင်သည့်အရာတစ်ခုမှာ စိတ်လုံခြုံသောသူအား စကားအားဖြင့်ဖြစ်စေ၊ ကိုယ်ဟန်မျက်နှာ အမူအရာအရဖြစ်စေ တိုက်ခိုက်နေမိတတ်ခြင်းဖြစ်သည်။ စိတ်လုံခြုံသောသူတို့၏ အမူအကျင့်များကို မနှစ်သက်ဖြစ်မိကာ၊ သူတို့အား မိမိကဲ့သို့ စိတ်မလုံခြုံသောသူများဖြစ်လာစေရန် တိုက်ခိုက်မိနေခြင်းပင်ဖြစ်သည်။ မိမိနှင့် အသွင်တူမှ သက်တောင့်သက်သာဖြစ်မည်ဟု ခံစားချက်နှင့်တုံ့ပြန်နေခြင်းပင်ဖြစ်သည်။ မိမိကိုယ်ကိုကူညီခြင်း ၁။ သင်၌ မလုံခြုံမှုများရှိပါက မိမိကိုယ်ကို ကူညီရန်လိုအပ်သည်။ မလုံခြုံသောနေရာမှ လုံခြုံရာအရပ်သို့ ရွှေ့ပြောင်းရန်လိုအပ်ပေသည်။ ၂။ ထိုသို့ပြုရန်အတွက် သင့်အားချစ်တော်မူသော ဘုရားသခင်မစတော်မူရန် စိတ်နှလုံးတံခါးဖွင့်ကာ ဆက်ကပ်အပ်နှံရန်လိုအပ်သည်။ ၃။ ဘုရားသခင်ပြင်ဆင်တော်မူသည့် လူမှန်များနှင့် ကူညီမှုများကို လက်ဖွင့်ကြိုဆိုရန်လိုအပ်ပေသည်။

ယနေ့ည ၁၁ နာရီမှ စ၍ Midnight Fellowship (Zoom Meeting) ရှိပါမည်။ ညသန်းခေါင်ယံ နှစ်သစ်ဝင်ရောက်ချိန်တွင် ပွဲတော်မင်္ဂလာရှိပါမည်။ ပါဝင်ရန် Zoom Meeting ID ကို message ဖြင့် ဆက်သွယ်ရယူနိုင်ပါသည်။

ယနေ့ည ၇:၃၀ တွင် အပတ်စဉ် စနေနေ့တိုင်း Bible Study ရှိပါသည်။ Zoom မှ ပါဝင်လိုပါက ဆက်သွယ်ကာ Meeting ID ရယူနိုင်ပါသည်။ သန့်ရှင်းသ
ယနေ့ည ၇:၃၀ တွင် အပတ်စဉ် စနေနေ့တိုင်း Bible Study ရှိပါသည်။ Zoom မှ ပါဝင်လိုပါက ဆက်သွယ်ကာ Meeting ID ရယူနိုင်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ထင်ရှားခြင်းများအကြောင်း လေ့လာကြပါမည်။ (Photo by Javier Allegue Barros on Unsplash)

Bible Planner 2024

2024 Bible Reading Plan. အတူတကွဖတ်ကြပါစို့။

Merry Christmas & Happy New Year လို့ အားလုံးကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဒီနှစ် ၂၀၂၃ Christmas ရဲ့ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ချစ်ခြင်း အယောက်စီတိုင်းအပေါ် သက်ရောက်ပါစေ။ လာမယ့် ၂၀၂၄ နှစ်သစ်မှာလည်း ဘုရားသခင်ရဲ့အသစ်အသစ်သော ကောင်းချီးမင်္ဂလာ၊ မစခြင်းများနဲ့ ပတ်ရစ်လွှမ်းခြုံပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်တို့သား Justin ဟာ၊ ဒီနေ့ဆို ၃ လပြည့်ပြီ ဖြစ်ပါတယ်။ “လူသေးသေးလေး” လို့ ကျွန်တော်တို့ဇနီးမောင်နှံက သူ့ကို အပျော်အနေဖြင့် ရည်ညွှန်းခေါ်ဝေါ်လေ့ရှိပါတယ်။ ခန္ဓာကိုယ်သေးငယ်သော်လည်း စိတ်ပိုင်းဆိုင်ရာမှာ ဘယ်တော့မှ သေးငယ်တယ်လို့ သူ့ကိုမခံစားစေချင်ပါ။ မိဘအနေဖြင့် ကျွန်တော်တို့သားကို ဘဝမှာ သေးငယ်သောခံစားချက် တစ်ဒင်္ဂလေးမျှ မခံစားစေချင်ပါ။ ကျွန်တော်တို့ကို ချစ်တော်မူတဲ့ ဘုရားသခင်က တစ်ပါးတည်းသောသားတော် ယေရှုခရစ်တော်ကို ဒီလောကကို စေလွှတ်ခဲ့ပါတယ်။ ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချစ်သလို၊ ကိုယ်တော့်ကို ကျွန်တော်တို့အတွက် စေလွှတ်တော်မူရလောက်အောင် ကျွန်တော်တို့ကို ချစ်တော်မူလှပါတယ်။ ကျွန်တော်တို့ကို ဘယ်သောအခါမှ သေးငယ်တဲ့ခံစားချက်ကို မခံစားစေလိုသောကြောင့် ယေရှုခရစ်ကို ပေးသနားတော်မူခဲ့ပါတယ်။ ချစ်ရသောမိတ်ဆွေတို့၊ ကျွန်ုပ်တို့အယောက်တိုင်း စိတ်ပျက်စရာများကို ဖယ်ရှားရင်း၊ နှစ်သစ်ကို ဝမ်းမြောက်လန်းဆန်းခြင်းများနှင့်အတူ ဝင်ရောက်ကြပါစို့။ PRM မိသားစုဝင် အယောက်တိုင်းကိုလည်း ကျွန်တော်တို့ အလွန်ချစ်မြတ်နိုးကြောင်း ပြောလိုပါတယ်။ သင်၏ David and Pollen Joy

photo content