en
Feedback
Dr. David Joy

Dr. David Joy

Open in Telegram

This is where I speak from Telegram.

Show more
232
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
ဘာကြောင့် အနာရောဂါငြိမ်းခြင်း (Dr. David Joy) အနာရောဂါငြိမ်းခြင်းသာသနာ၏ ရပ်တည်ချက်များကို စိတ်ဝင်စားဖွယ်ရာရှုထောင့်များဖြင့် Dr. David Joy ဝေငှထားသောတရားဒေသနာ audio ဖြစ်ပါသည်။ January 28, 2024 https://youtu.be/NeRabqJQ02E?feature=shared

တမန်တော်ဆိုင်ရာ အမှုတော်မြတ်လုပ်ငန်း (Dr. David Joy) အမှုတော်မြတ်/သာသနာလုပ်ငန်း၌ တမန်တော်၊ ပရောဖက်၊ သာသနာပြု၊ သင်းအုပ်နှင့် ဆရာဟူသော ၅မျိုးရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ ယခု ဤ video တွင် Dr. David Joy သည် တမန်တော်အကြောင်း သင်ကြားထားသည်။ January 27, 2024 https://youtu.be/FKSVmEWHJVo?feature=shared

လောကကိုအုပ်ချုပ်တော်မူသော ဘုရားသခင်၏ ကရုဏာတော် ၁၃ မျိုး (Dr. David Joy) ဘုရားသခင်သည် လောကကိုအုပ်ချုပ်တော်မူရာ၌ ကရုဏာတရားဖြင့် အုပ်ချုပ်တော်မူသည်။ ထိုကရုဏာတရား၏ ကြန်အင်လက္ခဏာ သဘောသဘာဝ ၁၃ မျိုးကို မောရှေအား ဖော်ပြတော်မူခဲ့သည်။ ယခုဤ video ၌ Dr. David Joy သည် ထိုကရုဏာတရားအကြောင်း သင်ကြားထားပေသည်။ https://youtu.be/1sW-Pbe4v9w?feature=shared

မနက်ဖြန် နေ့လယ် ၁၁ နာရီ စဖွင့်ပြီ။ ကြိုဆိုပါတယ်။ လာရောက်အားပေးနိုင်ပါပြီ ခင်ဗျာ။ 📸 Look at this post on Facebook https://www
မနက်ဖြန် နေ့လယ် ၁၁ နာရီ စဖွင့်ပြီ။ ကြိုဆိုပါတယ်။ လာရောက်အားပေးနိုင်ပါပြီ ခင်ဗျာ။ 📸 Look at this post on Facebook https://www.facebook.com/share/MyaDC841XcBRbsoa/?mibextid=WC7FNe

ယနေ့ည ၇:၃၀ (Saturday Bible Study) တွင် Dr. David Joy မှ တမန်တော်သာသနာအကြောင်း သင်ကြားပါမည်။ Zoom မှပါဝင်နိုင်ပါသည်။

မနက်ဖြန် သောကြာနေ့တိုင်း ဝိညာဉ်တိုက်ပွဲသင်တန်း မရှိပါ။

စိတ်ဝိညာဉ် အချည်အနှောင်များသည် အသက်တာ၌ အရေးအကြီးဆုံးအရာတစ်ခုပင်ဖြစ်သည်။ ဘုရားသခင် ရည်ရွယ်ဖန်ဆင်းထားသော စုံလင်သည့်အလိုတော်ပင်ဖ
စိတ်ဝိညာဉ် အချည်အနှောင်များသည် အသက်တာ၌ အရေးအကြီးဆုံးအရာတစ်ခုပင်ဖြစ်သည်။ ဘုရားသခင် ရည်ရွယ်ဖန်ဆင်းထားသော စုံလင်သည့်အလိုတော်ပင်ဖြစ်သည်။ စာတန်သည်လည်း မှားယွင်းသောအချည်အနှောင်များဖြင့် လူတို့အားဆုံးရှုံးစေချင်ပေသည်။ ယနေ့ည Bible Study တွင် Dr. David Joy မှ ဤသင်ခန်းစာကို သင်ကြားပါမည်။ 7:30 PM တွင် Zoom မှ ပါဝင်ရန်ကြိုဆိုပါသည်။ Zoom ID မသိရှိပါက ဆက်သွယ်ရယူနိုင်ပါသည်။ (Photo by engin akyurt on Unsplash)

How to create your spiritual atmosphere https://youtu.be/XALn1YOE0ps?feature=shared

Shabbat Shalom (Peaceful Sabbath) Whether you are with family, friends or alone, may you have menuchah (restful and replenish
Shabbat Shalom (Peaceful Sabbath) Whether you are with family, friends or alone, may you have menuchah (restful and replenishing) time in encounter with Sar Shalom (The Prince of Peace). (Photo from 2013 at Shan hills)

ဝိညာဉ်တော်ထင်ရှားခြင်းများ https://youtu.be/q2UwJuqL_kI?feature=shared

ဝိညာဉ်ဆုကျေးဇူးများ https://youtu.be/7tRKwVU7naQ

ယနေ့ည အပတ်စဉ် စနေနေ့တိုင်း Bible Study ကို Rev. Saw Saw Lu ဦးဆောင်ပါမည်။ Zoom ID - 8908 138 2959

Happy Karen New Year 2763. My relatives on my father’s side are Karen people. So I send my greetings to my dad, uncle, aunts, grandma, their families and all other relatives. My wife is of mostly Karen with some Jewish blood. So I send my greetings to all my in-laws too. I send my greetings to all my Karen friends, and friends to Karen people. Karen people are in the fabric of the kingdom of God, and in our PRM (ministries), GTC (church) and CMM Myanmar (Bible college) together with other ethnic races. As we just entered into 2763, I want to share Matthew 27:63. The chief priests and the Pharisees met with Pilate, and were sharing the prophecy of Jesus’ coming resurrection, and the plan to stop that. Unconditional prophecy cannot be stopped at all. Conditional prophecy will never be stopped if the conditions are met and fulfilled. Hello dear ones, the prophetic destiny on your life can never be stopped as you step in with faith agreement. We are among the most resilient people that the world is witnessing because the resurrection power operates in us by the Spirit through faith in Christ. It is not due to our flesh but of our faith. We won’t be torn apart by Satan. We will conquer every adversary by operating in the Spirit. Not by might, nor by power, but by the Spirit… Sending hugs and love, Dr. David Joy a.k.a. Dr. Saw Tha Phwe

Deliverance from 7 Calamities and Protection- by Dr. David Joy (January 4 - Job 1, 2, 3, 4, 5) (Deliverance, Spiritual Warfare, Family) “He will deliver you from six calamities; yes, in seven no evil will touch you.” (Job 5:19 NET) There are 7 calamities mentioned in John 5:19-26. 1. Famine 2. War 3. Scourge of Tongue 4. Destruction (The Beasts of the Earth) 5. Theft 6. Loss of Children 7. Sickness and Short-Life One thing definitely sure is God loves us, His children. Let us draw near to God the Father, and decree the scriptural promises in the name of Jesus Christ. Let us practice as the Holy Spirit leads us. We must get rid of fear now. Let us face the giant from which we had been hiding for years. This is the time of David. This is your time of miracles, signs and wonders.

ဘေး၇ဘေးမှ လွတ်မြောက်ခြင်းနှင့် ကာကွယ်ခြင်း - by Dr. David Joy (ဇန်နဝါရီ ၄ ရက်နေ့ ဖတ်ရန် - ယောဘဝတ္ထု ၁၊ ၂၊ ၃၊ ၄၊ ၅) (လွတ်မြောက်ခြင်း၊ ဝိညာဉ်တိုက်ပွဲ၊ မိသားစု) “သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။” (ယောဘဝတ္ထု ၅:၁၉) ယောဘဝတ္ထု ၅:၁၉-၂၆ တွင် ဘေး(အမှု) ၇ မျိုးမှ ကယ်နှုတ်ကာကွယ်ခံရသော အသက်တာအကြောင်း ဖော်ပြထားသည်။ (၁) အစာငတ်မွတ်ခေါင်းပါးခြင်းဘေး သင်နှင့်ကျွန်တော်သည် ဖခင်တည်းဟူသော ဘုရားသခင်ရှိပေသည်။ ကိုယ်တော်၏ သဘာဝလွန်ထောက်ပံ့မှုကို အပြင်အခြေအနေများဖြင့် ကန့်သတ်၍မရပါ။ ကိုယ်တော်သည် မည်သူမှကန့်သတ်၍ မရသော အယ်လ်ရှဒိုင်း (El Shaddai) ဖြစ်သည်။ အနန္တတန်ခိုးရှင်၊ လုံလောက်သည်ထက်ပိုလျှံနေသောအရှင်ဟူ၍ အဓိပ္ပာယ်ရပေသည်။ ယေဟောဝါယိရေ (Jehovah Jireh)၊ ထောက်ပံ့တော်မူသောအရှင်လည်းဖြစ်ပေသည်။ အဆုံးစွန်ဆုံး ကျွန်တော်တို့၏ ဖခင်ဖြစ်ပေသည်။ ယနေ့ ကိုယ်တော်ဖြစ်တော်မူသည့်အရာများကို ဂုဏ်တော်ကျေးဇူးတော်ချီးမွမ်းပါ။ နိုင်ငံရေးအခြေအနေ၊ ကမ္ဘာ့အခြေအနေများအထက် ယုံကြည်ခြင်းနိယာမဖြင့်အသက်ရှင်ကြပါစို့။ ကျွန်တော်တို့သည် ယုံကြည်ခြင်းလူသားများဖြစ်ဖို့ ခေါ်ခြင်းခံရသည်။ (၂) စစ်ဘေး ကျွန်တော်တို့သည် မိမိမကိုင်တွယ်နိုင်သောကိစ္စများဖြစ်ပါက စိုးရိမ်ပူပန်တတ်ကြသည်။ ကျွန်တော်တို့ဖြစ်တည်မှုသည် စိုးရိမ်ပူပန်မှုနယ်ပယ်၌ အသက်ရှင်ရန် ဖန်ဆင်းခံရခြင်းမဟုတ်ပါ။ မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ စိုးရိမ်မှုရှိသမျှကို ကိုယ်တော်၌ အပ်နှံရမည်။ ပင်လယ်နီကို ၂ခြမ်းခွဲခဲ့သော ကိုယ်တော်သည် သင်နှင့်ကျွန်တော်ကို ကယ်လွှတ်မည်၊ ကာကွယ်မည်။ မည်သူ၏ အာမခံချက်မှမရရှိသောအခါ ကိုယ်တော်ကိုလက်တွေ့ဆန်ဆန်ခိုလှုံဖို့ဖြစ်လာသည်။ (၃) ကဲ့ရဲ့ခြင်းဘေး မိမိအားချောက်ကမ်းပါးပေါ်မှ တွန်းချသောကဲ့ရဲ့ချောက်တွန်းခြင်းမှ ကယ်နှုတ်မည်။ စကားလုံးများဖြင့်တိုက်ခိုက်ခြင်း၊ အသရေဖျက်ခြင်းတို့၌ သင့်ကိုယ်ကိုကွယ်ကာစရာမလိုဘဲ ကိုယ်တော်ကယ်တင်မည်။ (၄) သားရဲ(ပျက်စီးခြင်း)ဘေး တောထဲတွင် သားရဲနှင့်တွေ့သောအခါ မိမိသည် အစွမ်းတန်ခိုးမဲ့သောသားကောင်ကဲ့သို့ ခံစားရတတ်သည်။ မြို့ပြတွင်နေသောသူများအတွက် ယာဉ်မတော်တဆမှုမှစ၍ အမျိုးမျိုးသောမတော်တဆမှုများသည်လည်း ပျက်စီးခြင်းနှင့်ဆိုင်သည်။ ဘုရားသခင်သည် သင်နှင့်ကျွန်တော်၏ တစ်ခုတည်းသောအာမခံဖြစ်သည်။ ခြင်္သေ့နှုတ်ကို ဒံယေလအဖို့ပိတ်သောအရှင်သည် လောကဘေးများထက်သာ၍ကြီးသည်။ သင်သည်သားကောင်မဟုတ်ပါ။ သင်နှင့်ဘုရားသခင်အတူရှိသည်။ (၅) အိမ်၌ပစ္စည်းများပျောက်ခြင်းဘေး (သူခိုးဘေး) ကိုယ်နေရာအရပ်အိမ်တွင် စိတ်ပျက်စရာမရှိရလို့ မြန်မာဘာသာပြန်ကျမ်းတွင်ရေးထားသော်လည်း၊ တစ်စုံတစ်ခုမျှမပျောက်ရဟုလည်း အဓိပ္ပာယ်ရသည်။ အိမ်သည် လုံခြုံကာ၊ ငြိမ်သက်စုံလင်ခြင်းချမ်းသာနှင့်ပြည့်စုံလိမ့်မည်။ (၆) သားသမီးများဆုံးရှုံးခြင်းဘေး မိဘများသည် မိမိတို့သားသမီးများ အသက်ရှည်ကျန်းမာကာ ကောင်းစားစေလိုကြသည်။ မိမိတို့သားသမီးများဘေးရောက်မည်ကို စိုးရိမ်တတ်ကြသည်။ ကိုယ်တော်သည် ပွါးများစေမည်။ (၇) မကျန်းမာအသက်တိုသောဘေး လောကတွင်ကျန်းမာစွာအသက်ရှင်ကာ အသက်ရှည်လျှက် သက်တမ်းစေ့ကောင်းချီးမင်္ဂလာဖြင့် နေရမည်ဖြစ်ကြောင်း ကျမ်းစာကပြောသည်။ ယနေ့တွင် ခမည်းတော်ဘုရားသခင်ထံတိုးဝင်ပါ။ သခင်ယေရှုနာမ၌ ဤကောင်းချီးမင်္ဂလာများကို ဝန်ခံကြေညာပါ။ သန့်ရှင်းသောဝိညာဉ်တော် ဖော်ပြသည့်အတိုင်းလိုက်လျှောက်ပါ။ ဘုရားသခင်သည် အနာရောဂါငြိမ်းစေသောအရှင်ဖြစ်သည်။ ကိုယ်တော်သည် ကောင်းမြတ်တော်မူသည်။

မနက်ဖြန် (ဇန်နဝါရီ ၅ရက်) နေ့မှစ၍ ၂၀၂၄ ၏ ပထမဆုံး ဝိညာဉ်တိုက်ပွဲ ဆုတောင်းခြင်းနှင့် လေ့ကျင့်သင်ကြားခြင်းကို Eagles’ Landing (အင
မနက်ဖြန် (ဇန်နဝါရီ ၅ရက်) နေ့မှစ၍ ၂၀၂၄ ၏ ပထမဆုံး ဝိညာဉ်တိုက်ပွဲ ဆုတောင်းခြင်းနှင့် လေ့ကျင့်သင်ကြားခြင်းကို Eagles’ Landing (အင်းစိန်) ၌ အစပျိုးပါမည်။ အပတ်စဉ် သောကြာနေ့တိုင်း မနက် ၉ နာရီမှ နေ့လယ် ၃ နာရီထိ တစ်ရက်တာဆုတောင်းဖြစ်ပါသည်။ Dr. David Joy ဦးဆောင်ပါမည်။ ပါဝင်လိုပါက ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ ဝိညာဉ်တိုက်ပွဲဆိုရာတွင် ရွေးချယ်စရာမဟုတ်ပါ။ ယုံကြည်သူတိုင်း သင်ယူရမည့်အရာပင်ဖြစ်ကြောင်း သမ္မာကျမ်းစာက သွန်သင်သည်။ များစွာသောအသက်တာနှင့် ဒေသဆိုင်ရာ အောင်မြင်မှုများအတွက် ဝိညာဉ်ရေးရာနိယာမများကို မှန်ကန်စွာသင်ယူဖို့လိုပါသည်။ ထိုးဖောက်အောင်မြင်မှုသည် သင်နှင့်သင့်မိသားစုအတွက်ဖြစ်သည်။ VICTORY!!! (Photo by Jonny Gios on Unsplash)