en
Feedback
Dr. David Joy

Dr. David Joy

Open in Telegram

This is where I speak from Telegram.

Show more
232
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
PRM ရဲ့ ရူပါရုံ ၇ ချက်ကို ယနေ့ဝေငှမှာဖြစ်လို့ PRM မိသားစုဝင်များပါဝင်ရန် နှိုးဆော်အပ်ပါသည်။ 7:30 PM on Zoom

Ma Si Si is a real woman of God with God-enabled tenacity inside her heart. I see she is a champion. She will surely win in the end because she stands on Christ’s victory. I am glad to know her and her family personally as friends. Happy Birthday, Ma Si Si. May you have series of breakthrough victories in the coming days. David

Rev. Dr. Samuel Dasi မှ ယနေ့ည ၇:၃၀ တွင် နှုတ်ကပတ်တော်ဝေငှပါမည်။ Zoom မှပါဝင်နိုင်ပါသည်။
Rev. Dr. Samuel Dasi မှ ယနေ့ည ၇:၃၀ တွင် နှုတ်ကပတ်တော်ဝေငှပါမည်။ Zoom မှပါဝင်နိုင်ပါသည်။

Rev. Dr. Samuel Dasi (Light Viewers Ministries, Machilipatnam, Andhra Pradesh) ၏ ကိုယ်ရေးအကျဉ်း သင်းအုပ်ဆရာ Samuel Dasi သည် အမှုတော်မြတ်၌ ဒုတိယမျိုးဆက်သင်းအုပ်ဆရာဖြစ်သည်။ သူသည် အသက် ၁၄ နှစ်အရွယ်တွင် သခင်ယေရှုထံ အသက်တာပေးအပ်လိုက်ပြီး၊ ရေနှစ်ခြင်းခံခဲ့သည်။ သူသည် ၁၅ နှစ်အရွယ်မှစ၍ ဓမ္မပညာဆည်းပူးခဲ့ပြီး သီဩလော်ဂျီ ဒီပလိုမာနှင့် bachelor ဘွဲ့ရရှိခဲ့သည်။ အသက် ၁၈နှစ်အရွယ် ၁၁၊၁၊၁၉၉၈ မှစ၍ အသင်းတော်သာသနာ အစပျိုးခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အိမ်ထောင်ပြုခဲ့ပြီး သမီး၂ဦး ထွန်းကားခဲ့သည်။ အိမ်ထောင်သက် ၁၈ နှစ်ရှိပြီဖြစ်ကာ၊ အမှုတော်သက်တမ်း ၂၅ နှစ်အတွင်း လူ ၁၉၇ ဦးအား ရေနှစ်ခြင်း ပေးခဲ့သည်။ နိုင်ငံ ၁၃ နိုင်ငံ ခရီးသွားခဲ့ပြီး Rev. Dr. David Joy နှင့်အတူ Doctorate ဘွဲ့ရရှိခဲ့သည်။ ဓမ္မကောလိပ်ကို လွန်ခဲ့သော ၈ နှစ်မှ စတင်တည်ထောင်ခဲ့ပြီး သာသနာ့ခေါင်းဆောင် ၁၅၉ ဦးကို မွေးထုတ်နိုင်ခဲ့သည်။ အသင်းတော် ၇၄ ပါးတည်ထောင်ခဲ့ပြီး လူများစွာကို ကောင်းချီးဖြစ်စေကာ၊ ဧဝံဂေလိတရားကို လူထောင်ချီဝေငှခဲ့သည်။ သမီးကြီးသည် အမေရိကတိုက်အလယ်ပိုင်း Belize နိုင်ငံတွင် ဆေးပညာသင်ယူလျှက်ရှိပြီး၊ သမီးငယ်သည် ယခုလတွင် ဆယ်တန်းအောင်မည်ဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော်အတွက် ဝိညာဉ်များစွာရိတ်သိမ်းရန်နှင့် ခေါင်းဆောင်များစွာ မွေးထုတ်နိုင်ရန် ရှေ့သို့ဦးတည်ပြေးလျှက်ရှိသည်။

I am making an experiment on redemptive gifts. You can help me with this. You may agree some or all of the 7 statements below. Personally speaking, which one describes you best? 1. Give. Give. Give. In giving, we find the meaning of life. 2. Servanthood is real leadership. The world needs more people who love to serve than those who like to build their own platform. Teach me, Lord, to better serve you and the people. 3. To influence people with good influence is vital key. The world is run by influencers. 4. Words are powerful and have creative power. So I decide to commit my mouth to God, and will out on test every word that is spoken over me. 5. The world needs people like mother Teresa. I would rather be merciful than being successful. 6. Management is the key in every project or organization. I love you to sort things out to be in decently and in order. 7. Walking in the truth is very important. We need real teachers who teach people the truth.

“QUEEN ESTHER Special Promotion” (က) နောက်ခံသမိုင်းဇာတ်လမ်း ယနေ့ခေတ် ကမ္ဘာ့အရှေ့အလယ်ပိုင်းသတင်းများတွင် အဓိကနေရာတွင် ပါဝင်နေသော အီရန်နိုင်ငံသည် တစ်ချိန်က ကမ္ဘာ့နိုင်ငံများကို ပါရှန်အင်ပါယာအနေဖြင့် အုပ်စိုးခဲ့သည်။ သူ့မတိုင်မီ အင်အားအကြီးဆုံးဖြင့်ခဲ့သော ဘေဘီလုံ (ယနေ့ခေတ် အီရတ်)ကို ကမ္ဘာ့ရာဇပလ္လင်မှဖြုတ်ချနိုင်ခဲ့သော ငွေအင်ပါယာကြီးဖြစ်ပေသည်။ ထိုအင်ပါယာကို ဧကရာဇ်မင်းကြီး အာရွှေရု (Ahasuerus ခေါ် Xerxes I က (486–464 B.C.) အတွင်း အရှေ့ဖက် အိန္ဒိယမှ အနောက်ဖက် အီသီယိုးပီးယားအထိ စီရင်စု ၁၂၇ ခုခွဲကာအုပ်ချုပ်တော်မူခဲ့သည်။ စိတ်ဝင်စားဖွယ်ရာ ကောင်းလွန်းသောသမိုင်းမှာ ထိုဩဇာတိက္ကမကြီးမားလွန်းသော အရှင်မင်းကြီးသည် ဘဝတွင်အခြေအမြစ်ခိုင်ခိုင်မာမာမရှိသော မိဘမဲ့ဂျူးအပျိုတော်မိန်းကလေးနှင့် တကယ်ပင်ချစ်ကျွမ်းဝင်ပြီး မိဘုရားတင်မြှောက်ခဲ့ခြင်းပင်ဖြစ်သည်။ နန်းတော်စောင့်အဖြစ်အမှုထမ်းခဲ့သော မော်ဒကဲသည် ထိုဂျူးမိန်းကလေး Esther (အက်စတာ/ဧသတာ)၏ အကိုဝမ်းကွဲတော်စပ်သူဖြစ်ပြီး၊ သူ့အားမွေးစားပြုစုပျိုးထောင်ကာ နန်းတော်အပျိုတော်ဖြစ်စေခဲ့ရာမှ မိဘုရားဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။ ဘုရင်မင်းကြီးသည် အင်ပါယာတစ်ဝက်ကို Esther အားခွဲဝေကာအုပ်ချုပ်စေလိုသည်အထိ သူ့ကိုချစ်လွန်းသည့် မေတ္တာ၌ပျော်ရွှင်ခဲ့သည်။ ပါရှန်အင်ပါယာအတွင်း လူမျိုးရေးဇာတ်ခုံပေါ်တွင်လည်း ဂျူးမုန်းတီးရေးဝါဒ ပေါ်ပေါက်လာခဲ့ပြီး၊ အမုန်းသမားများက ဂျူးလူမျိုးတုံးသတ်ဖြတ်မှုပြုရန် ဥပဒေတင်သွင်းပြီးသည်အထိ လုပ်ဆောင်နိုင်ခဲ့သည်။ ပါရှန်အင်ပါယာအတွင်းမှ ဂျူးလူမျိုးများအားလုံး သိမ်ငယ်ဝမ်းနည်းကြောက်လန့်မှုများကို အဆုံးစွန်ဆုံးရင်ဆိုင်ခဲ့ရပြီး ထာဝရဘုရားသခင်ထံ အစာရှောင်ဆုတောင်းခဲ့ကြသည်။ ဒီသမိုင်းကို အဓိကပြောင်းလဲစေသူမှာ Esther ဖြစ်ပြီး၊ သူ့ဝမ်းကွဲအကိုအကြံပေးချက်အတိုင်း အရှင်မင်းကြီးထံ ပညာရှိစွာဝင်ရောက်လျှောက်ထားခဲ့ရာမှ၊ “ဂျူးလူမျိုးများမိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်” ဥပဒေသစ်တစ်ရပ်ပေါ်ပေါက်လာကာ ဂျူးလူမျိုးတုံးသတ်ဖြတ်မှု (Holocaust) မှ လွတ်မြောက်ခဲ့ကြသည်။ ထိုသမိုင်းကြောင်းကို ကြီးမားသောအောင်ပွဲခံသည့်အနေဖြင့် ဂျူးလူမျိုးများသည် ထိုစဉ်မှစ၍ ယနေ့ခေတ်တိုင် Purim ပွဲနှစ်စဉ်ကျင်းပကြသည်။ ခရစ်အများစု Christmas ပွဲတော်ကျင်းပသလို ဂျူးလူမျိုးများအတွက် Purim ပွဲတော်သည်အရေးကြီးသည့် ပျော်ရွှင်ဖွယ်ရာပွဲတော်ဖြစ်သည်။ ယခု ၂၀၂၄ နှစ်အတွက် Purim ပွဲတော်သည် March လ ၂၃ရက် ညနေ ၆နာရီမှ ၂၄ရက် ညနေ ၆နာရီအထိဖြစ်သည်။ ဂျူးမိဘများနှင့် ခရစ်ယာန်မိဘများသည်လည်း မိမိတို့သမီးများကို Esther ဟုအမည်မှဲ့ကြသည်။ (ခ) Promotion အစီအစဉ် နေ့ရက် - ၂၃၊ ၃၊ ၂၀၂၄ (စနေနေ့) နာမည်တွင် Esther ပါသည့်သူတိုင်းအား ထိုတစ်ရက်တာအတွက် 10% discount ချပေးပါမည်။ နာမည်တွင် Esther ပါကြောင်းအတည်ပြုနိုင်ပါက၊ အတူလာရောက်သုံးဆောင်သော မိသားစုများ မိတ်ဆွေများ၊ delivery order များ အားလုံးအတွက် 10% discount ချပေးပါမည်။ နာမည်မှာ Esther ပါတဲ့ မိတ်ဆွေတစ်ဦးဦးကို လက်ဆွဲခေါ်ခဲ့လို့ရပါပြီ။ ဤ Promotion သည် Queen Esther ဇာတ်လမ်းကဲ့သို့ ကမ္ဘာပေါ်တွင် မာနဂုဏ်များယှဉ်ပြိုင်နေချိန်တွင် ကျွန်တော်တို့သည် အချစ်စစ်ကိုဂုဏ်ပြုပွဲကျင်းပရန် ရွေးချယ်ခြင်းအကြောင်းဖြစ်သည်။ အမှောင်မိုက်ဆုံးညများတွင် နှလုံးသားများအထဲရှိမျှော်လင့်ချက်ရောင်ခြည်ကို ကြည်နူးစွာကြိုဆိုခြင်းအကြောင်းဖြစ်သည်။ လူမျိုးရေးမုန်းတီးမှုများကို အောင်မြင်ပြီး၊ စစ်မှန်သောသင့်မြတ်ခြင်းကို ရှေးရှုသည့်အကြောင်းဖြစ်သည်။ အတူကျင်းပကြပါစို့။

QUEEN ESTHER Special Promotion Photo by Alice Alinari on Unsplash
QUEEN ESTHER Special Promotion Photo by Alice Alinari on Unsplash

ကျွန်တော်တို့ 5k Foods & Drinks မှ Menu အားလုံးကို Grab Food မှာ 20% discount ချနေပါပြီ။ လူကိုယ်တိုင်လာစရာမလိုဘဲာ5km အကွာအဝေးမှ မှာယူနိုင်ပါသည်။ Drinks Menu လည်း အများကြီးထပ်တိုးထားတာမို့ ဝင်ရောက်လေ့လာနိုင်ပါသည်။ Grab Our Foods and Drinks now! Check out 5K Foods & Drinks on GrabFood! https://r.grab.com/g/6-20240320_122452_A1EB806B795F4AB5B5E3780A157586D2_MEXMPS-9-C6EYKA2FJJKVFE

“သင်တို့၏ဘုရားသခင် ထာဝရဘုရားပြုစု၍ တနှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ်၏။” (တရားဟော ၁၁:၁၂) “A land which the LORD thy God
“သင်တို့၏ဘုရားသခင် ထာဝရဘုရားပြုစု၍ တနှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ်၏။” (တရားဟော ၁၁:၁၂) “A land which the LORD thy God careth for: the eyes of the LORD thy God are always upon it, from the beginning of the year even unto the end of the year.” (Deut. 11:12) (Photo by Claudio Testa on Unsplash)

အဆုံးစွန်ဆုံးသော အမိန့်ကြေညာခြင်း အနှုတ်လက္ခဏာသတင်းပို့ချက်များဖြင့် စာတန်သည်သင့်အား တိုက်ခိုက်နေပါသလား။ အခြေအနေအလုံးစုံကို ပြောင်းလဲစေကာ ဘုရားသခင်အလိုရှိတော်မူသော အောင်မြင်ခြင်းသို့ဝင်ရောက်ရန် အချိန်ကျပြီဖြစ်သည်။ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား ၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” (ဟေဗြဲ ၄:၁၂) အသက်ရှင်ခြင်းနှင့်ပြည့်ဝကာ၊ တန်ခိုးနှင့်ပြုပြင်တတ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်အမိန့်သာ အတည်ဖြစ်ပေသည်။ အဆုံးစွန်ဆုံး အဆုံးအဖြတ်ပေးမည့်အရာသည် ဤစင်္ကြဝဠာကို ဖန်ဆင်းတော်မူသော နှုတ်ကပတ်တော်ပင် ဖြစ်ပါသည်။ နှုတ်ကပတ်တော်နှင့်အညီ အမိန့်ကြေညာခြင်းအားဖြင့် များစွာသောနိမိတ်လက္ခဏာသက်သေများကို ကျွန်တော်ကြားရသောအခွင့် ရရှိခဲ့ပါသည်။ အိမ်ထောင်ရှင်မများလည်း မိသားစုအတွက်၊ လူငယ်များလည်း ပညာရေးနှင့်အလုပ်အကိုင်အတွက်၊ အဖိုးအဖွားများလည်း မိမိတို့ကျန်းမာရေးအတွက်၊ မိဘများအနေဖြင့်လည်း မိမိတို့ကလေးများအတွက် အစရှိသည်ဖြင့် အမိန့်ကြေညာကာ ဝိညာဉ်တော်လေတိုက်သည့် ဦးတည်ချက်သို့ အောင်မြင်စွာရွက်လွှင့်ရန် လိုပေသည်။ ယခင်ထုတ်ဝေခဲ့သော အကြိမ်များထက် စာရွက်အမျိုးအစား၊ အဖုံး၊ ရှင်းလင်းမြင်သာသောစာလုံးအရွယ်အစား စသည်ဖြင့် အရည်အသွေးများအဆင့်မြှင့်ထားပြီး တစ်အုပ်လျှင် အလှူငွေ ၄၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပါသည်။ ဆက်သွယ်မှာယူရန် - 09255249205၊ 09798490762၊ 0933535353၊ 09258872434 သင်၏ Dr. David Joy

အဆုံးစွန်ဆုံးသောအမိန့်ကြေညာခြင်း
+4
အဆုံးစွန်ဆုံးသောအမိန့်ကြေညာခြင်း

5k Foods & Drinks က Menu ပါအစားအသောက်တွေက ဈေးတက်သွားတာမဟုတ်ပါဘူးခင်ဗျာ။ Grab နဲ့ partner လုပ်ထားတော့ Grab က မှာတဲ့ဈေးဖြစ်ပါတယ်။ မူလဈေးအတိုင်းက လူကိုယ်တိုင်လာရောက် သုံးဆောင်နိုင်ပါတယ်။ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက် အနီးတစ်ဝိုက်အတွက်လည်း ဆိုင်ကယ် carry နဲ့ပို့ဆောင်ပါက သက်သာစွာမှာယူနိုင်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ 5k စားသောက်ဆိုင်ရဲ့ အကွာအဝေး 5 km ပတ်လည်ကနေ Grab Food မှတစ်ဆင့် order စမှာလို့ရပါပြီခင်ဗျာ။ drinks menu တွေလည်း တိုးထားတာမို့ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။ Check out 5K Foods & Drinks on GrabFood! https://r.grab.com/g/6-20240311_113345_A1EB806B795F4AB5B5E3780A157586D2_MEXMPS-9-C6EYKA2FJJKVFE

ယနေ့ည ၇:၃၀ သမ္မာကျမ်းစာလေ့လာခြင်း အစီအစဉ်တွင် ဆရာမ Jean Andrews မှ နှုတ်ကပတ်တော်ဝေငှပါမည်။ ဆရာမသည် မြန်မာနိုင်ငံကိုချစ်ပြီး၊ ယခု ၇၇ နှစ်ရှိသည့်တိုင် မြန်မာနိုင်ငံအတွက် ဘုရားသခင့်ထံမှ ရူပါရုံဖြင့် အမှုတော်ဆောင်လျှက်ရှိသည်။ ယနေ့ည အစီအစဉ်ကို မလွတ်တမ်းပါဝင်နိုင်ရန် နှိုးဆော်အပ်ပါသည်။ ယခင် Zoom Meeting ID ကိုအသုံးပြုမည်ဖြစ်ပြီး၊ မသိရှိပါက ဆက်သွယ်ရယူနိုင်ပါသည်။ ဆရာမ၏ ကိုယ်ရေးအကျဉ်း https://t.me/DrDavidJoyPRM/2006

Jean Andrews ဆရာမ Jean Andrews သည် ခမည်းတော်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် နိုင်ငံတော်ယဉ်ကျေးမှုအကြောင်း သင်ကြားသူဖြစ်သည်။ သ
Jean Andrews ဆရာမ Jean Andrews သည် ခမည်းတော်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် နိုင်ငံတော်ယဉ်ကျေးမှုအကြောင်း သင်ကြားသူဖြစ်သည်။ သူသည် အမေရိကန်ပြည်ထောင်စု၊ တောင်ခယ်ရိုလိုင်းနားပြည်နယ်တွင် နေထိုင်သူဖြစ်ပြီး၊ စီးပွါးရေးသမား၊ စာရေးဆရာမနှင့် ပုံနှိပ်ထုတ်ဝေသူလည်းဖြစ်သည်။ သူ၌ သမီး၄ဦးနှင့် မြေး၁၂ဦးရှိသည်။ Jean Andrews teaches about the Love of Father God and the culture of the Kingdom. She lives in South Carolina USA, and is a business woman, writer, and publisher. She has four daughters and 12 grandchildren.

Baptism is the beautiful immersion into Christ together with all other universal members of the ekklesia. Congratulations for
+4
Baptism is the beautiful immersion into Christ together with all other universal members of the ekklesia. Congratulations for your commitment, dear brothers. I love each of you. David Joy

Spiritual warfare ဝိညာဉ်တိုက်ပွဲ - သင်တန်းနှင့် ဆုတောင်းခြင်း - ယနေ့ လင်းယုန်မြေ၌ရှိပါမည်။

‘How beautiful are your tents, O Jacob, and your dwelling places, O Israel! They are like valleys stretched forth, like gardens by the river’s side, like aloes that the Lord has planted, and like cedar trees beside the waters. He will pour the water out of his buckets, and their descendants will be like abundant water; (Num 24:5-7 NET)

We fly together in life. What about “arguments”? lol. A few times, if not sometimes, we argue. But at the core of our innermo
We fly together in life. What about “arguments”? lol. A few times, if not sometimes, we argue. But at the core of our innermost beings, we never want to hurt each other. So at the end of the day, we soothe each other’s life-wounds. We heal the past and dance into the future. I love you, my Pollen. You are my doe and I am your lion. Let’s sail into the uncertain future as we are hold by the hands of the certain Lord. ကျွန်တော်တို့ ဘဝမှာ အတူပျံသန်းကြတယ်။ ငြင်းခုံမှုတွေကကော? ဟားဟား။ တစ်ခါတစ်ရံမဟုတ်ရင်တောင် အနည်းငယ်တော့ ငြင်းခုန်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံးဆန္ဒမှာ တစ်ဦးကိုတစ်ဦး ဘယ်သောအခါမှ မနာကျင်စေရန်ဖြစ်ပါတယ်။ ဒါကြောင့် နေ့တစ်နေ့ရဲ့အဆုံးမှာ တစ်ယောက်ရဲ့ဘဝဒဏ်ရာများကို တစ်ယောက်ကသက်သာအောင် ဂရုစိုက်ပေးပါတယ်။ ကျွန်တော်တို့ဟာ အတိတ်ကို အနာငြိမ်းစေပြီး၊ အနာဂတ်ထဲအတူ သာယာငြိမ့်ညောင်းစွာကရင်း ဝင်ရောက်ပါတယ်။ အရမ်းချစ်တယ် ပိုလန်ရေ။ မင်းဟာငါ့ရဲ့ ဒရယ်မ၊ ငါဟာမင်းရဲ့ ခြင်္သေ့။ ရေရာတော်မူသော ဘုရားသခင်ရဲ့ လက်တော်ထဲမှာရှိတာမို့ မရေရာတဲ့အနာဂတ်ထဲ စိတ်ချစွာ ရွက်လွှင့်ကြရအောင်။