en
Feedback
Dr. David Joy

Dr. David Joy

Open in Telegram

This is where I speak from Telegram.

Show more
232
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Justin is 7 month old today. Dad made son tried tree-climbing lesson in a park to make mom’s eyes roll back. I love you, my k
+1
Justin is 7 month old today. Dad made son tried tree-climbing lesson in a park to make mom’s eyes roll back. I love you, my koala.

🥖🥖🥖🥖🥖 + 🐟🐟 = 5k ပသခါ၊ အဇုမ၊ အဦးသီး ပွဲတို့သီတင်းပတ်၏ ဒုတိယနေ့ကို ဝင်ပါတော့မည်။ မိတ်ဆွေတို့မည်သည့်အရာများအတွက် ဆုတောင်းနေကြပါသနည်း။ ကျွန်တော်၏ ဆုတောင်း ၇ ချက်မှ တစ်ချက်မှာ အလုပ်အကိုင်အတွက်ဖြစ်သည်။ ကျွန်တော့်တွင် စားသောက်ဆိုင်လေးတစ်ခုရှိသည်။ 5k ဟုပေးထားသည်။ ကျွန်တော်လိုချင်တောင့်တသောအဆင့်သို့ရောက်ဖို့ ခြေလှမ်းပေါင်းများစွာလှမ်းဖို့ လိုသေးသည်။ ဘုရားသခင်၏ ကူမမှုလိုအပ်ပါသည်။ ကျွန်တော်သည် ခရစ်ယာန်တစ်ဦးဖြစ်သည့်အလျောက် မိမိအစွမ်းအစထက်သာလွန်သော ဘုရားသခင်၏ ကူမမှုကို တောင်းလျှောက်ပါသည်။ မနေ့က ပသခါဝင်ချိန်မှာ ကျွန်တော်တို့ဇနီးမောင်နှံ ၂ ဦး ကြမ်းပြင်ပေါ်တွင် ဒူးတုပ်ထိုင်ကာ ထာဝရဘုရားထံတော်မှ အိမ်ထောင်ကောင်းချီးတောင်းခံပါသည်။ ကိုယ်တော်၏ ဝိညာဉ်တော်မျက်မှောက်၌ ကျွန်တော်တို့ ၂ ဦး၏ စိတ်ဝိညာဉ်များ ပေါင်းစည်းယိမ်းထိုးတိမ်းညွှတ်ကာ ကရုဏာတော်နှင့် ကျေးဇူးတော်ကို ဝန်ခံခဲ့ပါသည်။ ယနေ့တွင် ကျွန်တော်တို့လုပ်ငန်းဖြစ်သည့် 5k စားသောက်ဆိုင်အတွက် မစတော်မူခြင်းကျေးဇူးကိုတောင်းလျှောက်ပါသည်။ မုန့်၅လုံး နှင့် ငါး၂ကောင် သည် လူ ၅၀၀၀ ကို ကျွေးမွေးဖို့ လုံးဝမဖြစ်နိုင်ပါ။ သို့သော် သခင်ယေရှုခရစ်တော်သည် လူတို့၏ ကျိုးကြောင်းစီလျော်သော ဆင်ခြင်တုံတရားကိုကျော်လွန်ကာ လူ ၅၀၀၀ ကို ကျွေးမွေးစေနိုင်ခဲ့သော နိမိတ်လက္ခဏာကို ပြုတော်မူခဲ့သည်။ ထိုသက်သေသည် မဖြစ်နိုင်သောအခြေအနေများကို ကျော်လွန်စေသော အကြောင်းပင်ဖြစ်သည်။ 5k (၅၀၀၀) သည် နိမိတ်လက္ခဏာဇာတ်လမ်းပင်ဖြစ်သည်။ သေးငယ်စွာအစပြုခြင်း၏ ဘက်တစ်ကမ်းတွင် နိမိတ်လက္ခဏာရှိသည်။ ယခုပသခါ၌ ထာဝရဘုရားထံမှ ကောင်းချီးမင်္ဂလာသည် သင်တို့လုပ်ငန်းများအပေါ် သက်ရောက်ပါစေသော်။ 5k မိသားစုဝင် Dr. David Joy

photo content

ယနေ့ ညနေ နေဝင်သည်နှင့် ပသခါပွဲနှင့် အဇုမပွဲ တစ်ပတ်တာဝင်ရောက်ပြီဖြစ်သည်။ လျှင်မြန်စွာသုံးဆောင်ရသော ပသခါညစာစားပွဲသည် အသက်တာများ
ယနေ့ ညနေ နေဝင်သည်နှင့် ပသခါပွဲနှင့် အဇုမပွဲ တစ်ပတ်တာဝင်ရောက်ပြီဖြစ်သည်။ လျှင်မြန်စွာသုံးဆောင်ရသော ပသခါညစာစားပွဲသည် အသက်တာများ အလွန်လျှင်မြန်စွာ ကူးပြောင်းခြင်းအကြောင်းဖြစ်သည်။ မိမိတို့အသက်တာများရှိ တဆေးများကိုလည်း ဖယ်ရှားကာ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ပွဲခံရမည့်အချိန်ပင်ဖြစ်သည်။ သင်နှင့်သင့်မိသားစု၊ ဝိညာဉ်ရေးရာမိသားစုများနှင့်တကွ အတူဝင်ရောက်ကြပါစို့။ “သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊ အသစ်သော မုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသော တဆေးကို သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူ ကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါ သိုးသငယ် သည် ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ်၏။ ထိုကြောင့်၊ ဟောင်းသောတဆေး၊ ဆိုးညစ် မိုက်မဲခြင်းတဆေးတို့ကို ပယ်ပစ်၍၊ တဆေးမဲ့မုန့်တည်း ဟူသော ကြည်ဖြူခြင်း၊ သစ္စာစောင့် ခြင်းနှင့်ပွဲခံကြ ကုန်အံ့။” (၁ ကော ၅:၇-၈) သင်၏ Dr. David Joy (Photo by Akua Sencherey on Unsplash)

Now
Now

Two years ago this time, on April 16, I did ask her hand, and will never let her hand go forever.

The apple of Israel, the nations and the church (April 15, 2024) I saw a picture of an arrow being shot and hit an apple. Apple represents Adam’s apple here. It’s the voice of a male. What happens to Israel has not only global impact but also spiritual impact. They are all connected. The queen Jezebel controlled king Ahab, and also a band of eunuchs. All those male voices were cut off in different ways. Even prophet Elijah had to hide for a season, and many other prophets did too. The days we are living in have spirit of Jezebel rampantly loosed. It got into textbooks of our children, the school system. It got into healthcare system with puberty blockers and genital mutilations. It got into our cultures and trying to make fathers and young men being subdued by their arrows of evil woke ideology. Global communities are pushed in many nations to silence the strong voice of Israel and Jewish people. Trying to choke the nation of Israel is expected. But Judah’s hand shall be in the neck of their enemies (Genesis 49:8). The lion of the tribe of Judah roars. With so much things going on in the world and in Israel, let us look unto the church, the ekklesia. Let us never allow disappointment to silence our prophetic voice, the voice of God in us and through us. Let the lion of the tribe of Judah roar in us and through us. Let not male voices in the church get lost. Let not the strength of the church get fainted. Break the strings of fear like Samson the judge of Israel did. Clothe with the mighty power of the Spirit of God. 5784 is the year of might. Don’t get into political correctness. Throw Jezebel out of the window. Let the male voice be restored to the church. What we do. We roar. We change the nations and Israel by our roar. Manifest who you are. Roar. Roar. Roar. Grraaaauuuu!!! Dr. David Joy

Photos by Alexas Fotos on Unsplash
Photos by Alexas Fotos on Unsplash

ဒီည Bible Study မရှိပါ။ နောက်အပတ်ပြန်ဆုံပါမယ်။

Eagles’ Camp - ဒီနေ့ မနက် ၉ နာရီစပါပြီ။ အရမ်းကောင်းပြီး အသက်တာများကို ပြောင်းလဲစေပါမယ်။ နောက်မကျဘဲ လာခဲ့ကြပါ။

မနက်ဖြန် Eagles’ Camp - Day 1 စပြီနော်။ Come to Eagles’ Landing.

Eagles’ Camp တွင် သင်ကြား၊ ဆွေးနွေး၊ လက်တွေ့လုပ်ဆောင်မည့် သင်ခန်းစာများ (၁) သန့်ရှင်းသောဝိညာဉ်တော် (၂) ချစ်ခြင်းမေတ္တာ၊ ကြီးထ
Eagles’ Camp တွင် သင်ကြား၊ ဆွေးနွေး၊ လက်တွေ့လုပ်ဆောင်မည့် သင်ခန်းစာများ (၁) သန့်ရှင်းသောဝိညာဉ်တော် (၂) ချစ်ခြင်းမေတ္တာ၊ ကြီးထွားခြင်းအဆင့်၇ဆင့် (၃) ဘုရားသခင်၏အသံတော် (၄) ဘုရားသခင်၏ သဘာဝလွန်တန်ခိုးတော်၊ အနာရောဂါငြိမ်းခြင်း (၅) ဘဝရည်ရွယ်ချက်၊ စိတ်ဒဏ်ရာ၊ အတွင်းအနာငြိမ်းခြင်း (၆) တန်ခိုးပါသောငြိမ်သက်ခြင်းပဌနာ (၇) ခရစ်ယာန်မနုဿဗေဒ (ခန္ဓာ၊ စိတ်၊ ဝိညာဉ်) ၊ လွတ်မြောက်ခြင်း (၈) ချီးမွမ်းခြင်းနှင့် ကိုးကွယ်ခြင်း (Photo by Aaron Burden on Unsplash)

Eagles’ Camp April 13, 14, 15, 16 Topic - ပရောဖက်ပြုခြင်းဆိုင်ရာ အသက်တာသင်တန်းဖြစ်ပြီး၊ သင်ကြား / လှုပ်ရှားမှုများသည် ဘုရားသခ
Eagles’ Camp April 13, 14, 15, 16 Topic - ပရောဖက်ပြုခြင်းဆိုင်ရာ အသက်တာသင်တန်းဖြစ်ပြီး၊ သင်ကြား / လှုပ်ရှားမှုများသည် ဘုရားသခင်နှင့် ရင်းနှီးစွာအသက်ရှင်လျှောက်လှမ်းခြင်းကို အထူးပြုမည်ဖြစ်သည်။ သင်ကြားမည့် ဆရာ/မ များနှင့် သင်ခန်းစာများကို ကြေညာပေးပါမည်။ Location - Eagles’ Landing Time - 9 AM to 5 PM Fees - 35,000 MMK နေ့လယ်စာနှင့် အစာပြေစားစရာများ ပြင်ဆင်ထားပါမည်။ လူဦးရေကန့်သတ်ထားသောကြောင့် ယခုပင်စာရင်းပေးနိုင်ပါပြီ။ (Photo by Rachel McDermott on Unsplash)

ခရစ်တော်ခန္ဓာ၌ရှိသော မိသားစုဝင်အပေါင်းကို shalom (ငြိမ်သက်ခြင်းချမ်းသာ) ဟူ၍ နှုတ်ခွန်းဆက်သလိုက်ပါသည်။ ကျွန်တော်တို့ PRM သာသနာနှင့် GTC အသင်းတော်၏ တဲယာကိုကြီးမားစွာချဲ့ထွင်ဖို့ရန်အတွက် သာသနာမြေကွက် (လင်းယုန်မြေ / Eagles’ Landing) ကိုဝယ်ယူရာတွင် နောက်ဆုံးအဆုံးသတ်ရမည့် အချိန်ရောက်လာခဲ့ကြပြီဖြစ်သည်။ အင်တိုက်အားတိုက် ရံပုံငွေရှာဖွေရေး၏ နောက်ဆုံးအဆင့်ရောက်ရှိလာခဲ့ပြီဖြစ်ရာ ဘုရားသခင်၏ တန်ခိုးကြီးတော်မူသော လက်ယာလက်ရုံးတော်ကို မြင်တွေ့ရမည့်အချိန်ဖြစ်ပေသည်။ သင်နှင့် ကျွန်တော်သည် ဘုရားသခင်၏နိုင်ငံတော် သာသနာ့သမိုင်းတွင်မည့် အချက်အခြာကျသော ရင်သပ်ရှုမောဖွယ်ရာ အခိုက်အတန့်၌ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ ကျန်ရှိသောငွေပမာဏကို ယခုမှစ၍ လာမည့် ၂လတာကာလအတွင်း အပြီးသတ်ပေးချေရမည်ဖြစ်ရာ ဤသမိုင်းဝင် တစ်သက်တာလှူဒါန်းမှုတွင် ဝမ်းမြောက်ရက်ရောစွာပါဝင်ကြဖို့ ကျွန်တော့်စိတ်နှလုံးမှနှိုးဆော်အပ်ပါသည်။ ကျွန်တော်တို့ PRM ၏ ရူပါရုံ ၇ ရပ်နှင့်ပတ်သတ်၍ ဝေငှထားသော ရုပ်သံ link ကို comment တွင် တွေ့နိုင်ပါသည်။ ရက်ရောစွာပါဝင်ရန်နှင့် ဘုရားသခင်တို့ထိတော်မူသည့်အတိုင်း တတ်နိုင်သည့်နည်းလမ်းများဖြင့် ကူညီရန်အတွက် ကျွန်တော်တို့အားဆက်သွယ်ပါ။ သင်နှင့် သင့်မိသားစု၏ ကဏ္ဍတိုင်းတွင် ထာဝရဘုရား၏ ကောင်းချီးမင်္ဂလာများ ပြည့်လျှံစွာခံစားရပါစေသော်။ ကျိုင်းတုံမှသည် မြေကြီးစွန်းတိုင်အောင် Dr. David Joy General Overseer PRM & GTC Office Number - 09258872434, 0933535353

God’s promise for Eagles’ Landing သင်၌ ဆင်းရဲသား မရှိစေခြင်းငှာ၊ ထိုသို့ပြုရ မည်။ သင်၏ဘုရားသခင် ထာဝရဘုရားသည် အမွေခံ ဘို့ရာ အပိုင်ပေးတော်မူသောပြည်၌ သင့်ကို အလွန် ကောင်းကြီးပေးတော်မူမည်။ (တရားဟော ၁၅:၄) သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိ တော်ရှိသည်အတိုင်း ကောင်းကြီးပေးတော်မူသဖြင့်၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့် မည်။ သူတို့သည် သင့်အား ချေးငှားသော အခွင့်မရှိရ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည်။ သူတို့ သည် သင့်ကို အစိုးမပိုင်ရကြ။ (တရားဟော ၁၅:၆)

PRM မိသားစုဝင်များနှင့် မိတ်ဆွေများအတွက် အထူးရည်ညွှန်းပါသည်။ https://youtu.be/8j7oVyU56-0?feature=shared