en
Feedback
ချမ်းငြိမ်း-မှော်ဝန်း

ချမ်းငြိမ်း-မှော်ဝန်း

Open in Telegram

မြန်မာစာတန်းထိုးရုပ်ရှင်များ

Show more

📈 Analytical overview of Telegram channel ချမ်းငြိမ်း-မှော်ဝန်း

Channel ချမ်းငြိမ်း-မှော်ဝန်း (@channyeinmw) in the Burmese language segment is an active participant. Currently, the community unites 16 354 subscribers, ranking 2 236 in the Books category and 8 300 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 16 354 subscribers.

According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -181 over the last 30 days and by 3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
မြန်မာစာတန်းထိုးရုပ်ရှင်များ

Thanks to the high frequency of updates (latest data received on 09 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Books category.

16 354
Subscribers
+324 hours
-137 days
-18130 days

Data loading in progress...

Attracting Subscribers
September '26
September '26
+25
in 0 channels
August '26
+25
in 0 channels
Get PRO
July '26
+23
in 0 channels
Get PRO
June '26
+20
in 0 channels
Get PRO
May '26
+37
in 0 channels
Get PRO
April '26
+9
in 0 channels
Get PRO
March '26
+11
in 0 channels
Get PRO
February '26
+22
in 0 channels
Get PRO
January '26
+33
in 0 channels
Get PRO
December '25
+58
in 0 channels
Get PRO
November '25
+20
in 0 channels
Get PRO
October '25
+30
in 0 channels
Get PRO
September '25
+40
in 0 channels
Get PRO
August '25
+42
in 0 channels
Get PRO
July '25
+89
in 0 channels
Get PRO
June '25
+171
in 0 channels
Get PRO
May '25
+153
in 0 channels
Get PRO
April '25
+205
in 0 channels
Get PRO
March '25
+121
in 0 channels
Get PRO
February '25
+123
in 0 channels
Get PRO
January '25
+196
in 2 channels
Get PRO
December '24
+111
in 0 channels
Get PRO
November '24
+68
in 0 channels
Get PRO
October '24
+13
in 0 channels
Get PRO
September '24
+15
in 0 channels
Get PRO
August '24
+24
in 1 channels
Get PRO
July '24
+22
in 2 channels
Get PRO
June '24
+14
in 0 channels
Get PRO
May '24
+13
in 0 channels
Get PRO
April '24
+1
in 0 channels
Get PRO
March '24
+3
in 0 channels
Get PRO
February '240
in 0 channels
Get PRO
January '24
+1
in 0 channels
Get PRO
December '23
+17
in 0 channels
Get PRO
November '23
+25
in 0 channels
Get PRO
October '23
+17
in 0 channels
Get PRO
September '23
+71
in 0 channels
Get PRO
August '23
+13
in 0 channels
Get PRO
July '23
+8
in 0 channels
Get PRO
June '23
+238
in 0 channels
Get PRO
May '23
+37
in 0 channels
Get PRO
April '23
+158
in 0 channels
Get PRO
March '23
+213
in 0 channels
Get PRO
February '23
+371
in 0 channels
Get PRO
January '23
+208
in 0 channels
Get PRO
December '22
+410
in 0 channels
Get PRO
November '22
+204
in 0 channels
Get PRO
October '22
+535
in 0 channels
Get PRO
September '22
+582
in 0 channels
Get PRO
August '22
+29 389
in 0 channels
Date
Subscriber Growth
Mentions
Channels
09 September+3
08 September+6
07 September+9
06 September+4
05 September+3
04 September0
03 September0
02 September0
01 September0
Channel Posts
2
ကိုယ် ကဗျာတွေမရေးဖြစ်ဘူး မိမိဝါ (၂) -------------------- (၁) ကိုယ် ကဗျာတွေမရေးဖြစ်ဘူး မိမိဝါ အတွေးဒေါင့်ကျဉ်းကျဉ်းမှာ ရှင်သန်နေကြောင်း သက်သေကို အခုထိ အဖြေရှာနေဆဲပါကွယ်။ ဘယ်သူဖြေနိုင်မလဲ နတ်ဆိုးရာသီရဲ့ နွေလယ်မှာ ချိုးဖြူငှက်ငယ်လေးတွေ အတွက် မှီတွယ်ရာ ခင်တန်း အဲဒီ တောတန်းလေးကို လေနီကြမ်းက တဖြန်းဖြန်းခတ်တယ်။ မြက်ရိုင်းပင်တို့ တွန်းထိုး ခေါင်လွန်းတဲ့ မိုးရယ် နတ်ဆိုးက တိမ်ကိုဖွက် မြစ်က အရိုးငေါငေါထွက်နေတယ်။ (၂) ကိုယ် ကဗျာတွေ မရေးဖြစ်ဘူး မိမိဝါ ဒီလို ကန္တာရ နှစ်များထဲမှာ သံသယမြူခိုးတို့ မိုးကုပ်စက်ဝိုင်းကို အုပ်မိုးထားတယ် ညဆိုးက အလင်းကို ကွယ်ဝှက် အိပ်မက်ဆိုးဟာ နှိပ်စက်လှတယ်။ ရှင်သန်နေကြောင်းပြဖို့ ဘာကြောင့် ခက်နေတာလဲကွယ် ပန်းတပွင့်ရဲ့ လက်ထဲ အလင်းနဲ့ ရနံ့ပဲ ရှိပါတယ်။ မြေကို လှန်မှောက် ပန်းတပွင့်ရဲ့ ဖြစ်တည်မှုကို သူတို့ ဖျောက်ဖျက်ကြတော့မယ် ဒီအတိုင်း ခေတ်ရိုင်းမှာ ဒို့ အပြိုခံကြမလား။ ပင့်သက် တဝေဝေ အနှစ်မဲ့ မျက်ရည်တွေ မလိုချင်ဘူးကွယ် လမ်းက ဆုံးပြီးသား ကျောက်သားဖြစ်လည်း ထွင် မုန်တိုင်းတွေ့လည်း နှင် နောက်ကြောင်းလှည့်ပြီး ပြင်စရာ ရှိသေးရဲ့လားကွယ်။ (၃) ကိုယ် ကဗျာတွေ မရေးဖြစ်ဘူး မိမိဝါ ရေလိုက် ငါးလိုက် ရေစီးကြောင်းအတိုင်း လိုက်ခဲ့ကြတာ ကြာပြီ ကိုယ့်ခြေ ကိုယ့်လက် ကိုယ့်တက်နဲ့ ကိုယ် မြစ်ကို ဖြတ်ကြစို့ကွယ်။ ရနံ့မရှိရင် ဘယ်ပန်းကိုမှ ကောင်းကင်က ငုံ့မနမ်းဘူးကွယ် ခက်တယ် ပန်းပွင့်မရှိရင် မြက်ရိုင်းပင်တွေကြား လိပ်ပြာတို့ လာမနားဘူးကွယ် ခက်တယ် အရောက်သွားရမယ့် ခရီး ကမ်းဝေး ကမ်းနီး တိုင်းတာရင်း ငိုညည်းနေကြတာ ခက်တယ်။ မိမိဝါရေ ... ရှင်သန်ကြောင်း အရေးမှာ အဝေး ကောင်းကင်ကို မငေးနဲ့ကွယ် မြေမှာ စိတ်ကို နွှေး အတွေးတွေကို နွေးစေကွယ် အေးနေရင်လည်း သွေးကို လှုပ်နှိုး စစ်ကကြိုးကို ပြင်ထားကွယ်။ (ချမ်းငြိမ်း) ၀၄၊ ၂၈၊ ၂၀၂၆
2 726
3
တွင်းနက်ထဲက အသံ ------------------- ငါဟာ ကမ္ဘာကြီးကို အပ်ဖျားနဲ့ ထောက်ပြီး စကြဝဋ္ဌာတွင်းနက်ထဲ ဆွဲချသွားချင်သူပါ။ ဒါဟာ ဆူးနွယ်တွေ ပတ်ထားတဲ့ လက်နဲ့ အိပ်မက်တွေကို မှတ်ဉာဏ်တွေထဲက ဆွဲဆုတ် ကျောက်ဆောင်က လှိုင်းကို ပြန်ပြန် ရိုက်ပုတ်နိုးမိသလိုမျိုး။ ငါတို့ဟာ သင်္ချိုင်းတွေ ဝှက်ပြီး လမ်းလျှောက်နေတဲ့ တဝက်တပျက်လူတွေ ငါတို့ ခေါင်းတခြမ်းလုံး ကျဆုံးသူတွေ နေရာယူထားတယ်။ ငါတို့ဟာ ခန္ဓာကိုယ်ကို ဖောက်မြင်နေရတဲ့ စက္ကူလူသားလို စာသားတွေ တွယ်ကပ်နေတဲ့ မီးလောင်လွယ်တဲ့ စာအုပ်တွေ။ ငါတို့ဟာ လျှာဖျားပေါ်က ဖန်ကွဲစတွေကို လိင်အရေပြားထဲထည့်ပြီး ကိုယ့်ကိုယ်ကို သင်းကွပ်ကြသူတွေ။ ငါတို့ဟာ ပေါက်ကွဲလွယ်တဲ့ လိင်အင်္ဂါရဲ့ စွန့်ထုတ်ပစ္စည်း၊ ကိုယ့်ကိုယ်ကို ဖျက်ဆီးဖို့ ပါးစပ်ပေါက်ထဲ ကျည်ဆန်ထည့်ပြီး မုသားငွေ့ စွဲနေသူတွေ။ ဒါဟာ ထွက်ခွာသွားနှင့်သူတွေအတွက် ငါ ဟပ်မိလိုက်တဲ့ ဟင်းလင်းပြင်ထဲက လူးလွန့်နေတဲ့ ငါးမျှားချိတ် တချောင်း၊ လည်ချောင်းထဲက တစ်ဆို့နေတဲ့အသံ။ (ချမ်းငြိမ်း) ၀၂၊ ၂၁၊ ၂၀၂၆
2 707
4
No text...
3 873
5
မင်ရည်ခတ်တဲ့ ဂီတ (သို့) အမေ့ထံ ပေးစာ ------------------------------------- (၁) သို့ အမေ အမေ့ကိုစိတ်ပူတာကလွဲရင် အားလုံးအဆင်ပြေပါတယ်။ လက်သန်းမှာ စွန်းထင်းဆဲ မင်ရည်စက်ပေါ် အတိတ်ဟာ အိပ်မပျော်နိုင်သေးဘူး။ မုတ်သုံနှောင်းက ထုံထိုင်းနေတဲ့ လေမှာ စပယ်ဖူးလေးတွေ ကြွေနေကြတယ် အိပ်မက်ဆိုးနဲ့ တေလေနှင်းစက် မြောက်အရပ်က ရောက်ရောက်လာတယ်။ (၂) ဓူဝံကြယ်မှာ မြေခိုးတွေ ဝေနေတယ် အမေ ဘယ်လမ်းလျှောက်လျောက် တနေရာထဲကိုပဲ ပြန်ပြန်ရောက်နေတဲ့ ဖေဖော်ဝါရီရဲ့ နောက်ပြန်လည်သွားတဲ့ နာရီမှာ စက္ကန့်တံလေးတွေ တတီတီ မြည်လို့ပေါ့ ကျနော်တို့ ကိုယ့်တောင်ပံ ကိုယ်ချွတ်ချသလို ပြန်မရနိုင်တာတွေ လွှတ်ချလိုက်ကြတယ် ကိုယ့်နာရီနဲ့ ကိုယ်မို့ ရာသီဆိုးမှာ သိကြပါတယ် ဒါပေမယ့် အမေရယ် မိုးက သည်းလိုက်တာ မီးကို တိုးပြီး ရေမှာ အတောင်ကျွတ် ပိုးဖလံလေး လွတ်လပ်သွားသလို စီးနေတဲ့ မြစ်မှာ ရေစီးအသစ် ဖြစ်ဖြစ်သွားပါတယ်။ (၃) တောခြောက်တဲ့ ခေတ်မှာ ကျနော်တို့ သစ်မြစ်ကို မြင်ကြပါတယ် ပင်ခြေသင်္ချိုင်း ခေတ်တိုင်းက သစ်ရွက်စိမ်းတွေ ကိုယ့်ကိုယ်ကို ချွေချရင်း ကျောက်စာဖြစ်သွားတဲ့ မုန်တိုင်းကဗျာတွေ သူတို့ တယောက်ပြီး တယောက် ကျနော်တို့ ခေတ်ဆီ ရှင်ပြန်ထမြောက်လာခဲ့တယ်။ "လက်နက်ကိုင်တော်လှန်ရေး" သမိုင်းရဲ့ ဝင်္ကပါမှာ အာဏာရှင်အတွက် ပုစ္ဆာ ဒီ အဖြေပဲ ပြန်ပြန်လာတယ် အမေ။ (၄) နေကောင်းရဲ့လား အမေ အပြင်မှာ နှင်းမိုးတွေ စွေနေတယ် ဆောင်းမှာ ဆရက်ငှက်တွေ သိပ် စကားများတယ် မေမေ သူတို့ ဗလာဖြစ်သွားတဲ့ ကျနော်တို့ လက်သန်းတွေ မင်ရည်စွန်းတဲ့ နှစ် ပစ္စုပ္ပန် ဖြစ်နေတုန်းဆိုတာ အားလုံး သိကြပါတယ် ကျနော်တို့ မဲ ထပ်မပေးတော့ပါ အားလုံး အဆင်ပြေအောင် နေပါတယ် အမေ နေကောင်းပါစေ။ (ချမ်းငြိမ်း) ၂၀ ဒီဇင်ဘာ ၂၀၂၅
3 889
6
♦️♦️♦️နောက်ကျောက လူများ♦️♦️♦️ ----------------------------------- ( ချမ်းငြိမ်း ) https://www.facebook.com/share/p/17WC6CsD2o
♦️♦️♦️နောက်ကျောက လူများ♦️♦️♦️ ----------------------------------- ( ချမ်းငြိမ်း ) https://www.facebook.com/share/p/17WC6CsD2o/
3 890
7
နောက်ကျောက လူများ
နောက်ကျောက လူများ
4 497
8
‘ဩဂုတ်ပုံပြင်’ ◼️ချမ်းငြိမ်း သူ့မှာ ပုရစ်တကောင်လို ညအမှောင်ထဲ ရင်ကွဲအောင်ငိုနေသူ ရှိတယ်။ သူ့မှာ တောင်ပံတွေ တဖျပ်ဖျပ် စိတ်ဝိညာဉ် တလှပ်လှပ်နဲ့ အိမ်အပြန်ခက်နေတဲ့ ငှက်တေလေတကောင် ရှိတယ်။ သူ့မှာ ဖူးငုံတို့ ကြွေလွင့် စပယ်ဖြူလေး မုန်တိုင်းသင့်တဲ့ ပန်းမပွင့်တဲ့ မုတ်သုံမိုး ရှိတယ်။ သူ့မှာ ရေသင့် မီးသင့် လေတိုးတိုင်း ပွင့်အက်သွားတဲ့ ဒဏ်ရာနဲ့ အနာတရ နိုင်ငံတခုရှိတယ်။ သူ့မှာ ... ဘီလူးသမိုင်းကို အပိုင်းပိုင်းတစ်ခဲ့ဖူးတဲ့ သက္ကရာဇ် ပူးတခု ရှိခဲ့ဖူးတယ်။ ၀၄/၀၈/၂၀၂၅ . . . #ချမ်းငြိမ်း #TheCall #ခေါ်သံ
4 292
9
No text...
3 850
10
ဩဂုတ်ပုံပြင် ------------ သူ့မှာ ပုရစ်တကောင်လို ညအမှောင်ထဲ ရင်ကွဲအောင်ငိုနေသူ ရှိတယ်။ သူ့မှာ တောင်ပံတွေ တဖျပ်ဖျပ် စိတ်ဝိညာဉ်
ဩဂုတ်ပုံပြင် ------------ သူ့မှာ ပုရစ်တကောင်လို ညအမှောင်ထဲ ရင်ကွဲအောင်ငိုနေသူ ရှိတယ်။ သူ့မှာ တောင်ပံတွေ တဖျပ်ဖျပ် စိတ်ဝိညာဉ် တလှပ်လှပ်နဲ့ အိမ်အပြန်ခက်နေတဲ့ ငှက်တေလေတကောင် ရှိတယ်။ သူ့မှာ ဖူးငုံတို့ ကြွေလွင့် စပယ်ဖြူလေး မုန်တိုင်းသင့်တဲ့ ပန်းမပွင့်တဲ့ မုတ်သုံမိုး ရှိတယ်။ သူ့မှာ ရေသင့် မီးသင့် လေတိုးတိုင်း ပွင့်အက်သွားတဲ့ ဒဏ်ရာနဲ့ အနာတရ နိုင်ငံတခုရှိတယ်။ သူ့မှာ ... ဘီလူးသမိုင်းကို အပိုင်းပိုင်းတစ်ခဲ့ဖူးတဲ့ သက္ကရာဇ်ပူးတခု ရှိခဲ့ဖူးတယ်။ (ချမ်းငြိမ်း) ၀၄/၀၈/၂၀၂၅ An artwork by: Sitt Nyein Aye
4 663
11
No text...
7 203
12
No text...
126
13
No text...
1
14
No text...
7 379
15
၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့၊ အမေဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ်၊ springplatform 2 YouTube Channel မှာ ဆရာမ SJ ရွတ်ဖတ်ခဲ့တဲ့ အမေစု (၈၀) ပြည့် မွေးနေ့အမှတ်တရ ကဗျာ (၈၀) ထဲက ကျနော့် ကဗျာစုစည်းမှုဖြစ်ပါတယ်။ အမေစု မွေးနေ့ အမှတ်တရ မှာ ပါဝင်ခွင့်ရတဲ့ အတွက် ကဗျာတွေ ရွတ်ဖတ်ခဲ့တဲ့ ဆရာမ SJ ကို ကျေးဇူးတင်ပါတယ်။ (ချမ်းငြိမ်း)
7 013
16
အိုးတိန်တွင်း ဒိုင်ယာရီ --------------------- စာသင်ခန်းမှာ လွယ်အိတ်လေးချန်ပြီး ကျနော် အိမ်ကို ပြန်လာခဲ့ပါတယ် အမေ။ အော်သံ၊ ငို
အိုးတိန်တွင်း ဒိုင်ယာရီ --------------------- စာသင်ခန်းမှာ လွယ်အိတ်လေးချန်ပြီး ကျနော် အိမ်ကို ပြန်လာခဲ့ပါတယ် အမေ။ အော်သံ၊ ငိုသံ ဆူညံနေတော့ ကျနော့် ခေါ်သံကို အမေ မကြားလို့လား ကျနော့်ကို မကြည့်ဘဲ ကျောင်းဘက်ဆီကို အမေပြေးသွားနေတယ်။ အစတုန်းက ကောင်းကင်က ဝေါကနဲ အသံကြောင့် အားလုံး ပုန်းစရာရှာကြသေးတယ် မြန်လိုက်တာ အမေရယ် ကျနော် ခြေအလှမ်းမှာပဲ ဝုန်းကနဲအသံက ရောက်လာတယ်။ မျက်လုံးတွေ အမှောင်ပိကျ အမေရေလို ကျနော် တ လိုက်မိသေးရဲ့ ပြန်သတိရတော့ လမ်းပေါ်မှာ ကျနော် အိမ်ကို ပြန်ပြေးနေတာပါပဲ။ မီးခိုးတွေ၊ ဖုံမှုန်တွေကြား ကျနော့်ခြေထောက်တွေ လွတ်လပ်ပေါ့ပါးနေတယ် အနီးအနားက အော်သံတွေ တဖြည်းဖြည်း ဝေးသွားသလိုပဲ ကြားရ၊ မြင်ရ ဘာမှ ဖမ်းစုတ်လို့ မရတော့ဘူး အမေ။ အမေ့အသံနောက် ကျနော်ပြန်လိုက်လာတော့ အမေက ကလေးတယောက်ကို ပိုက်ပွေ့ ကျနော့် နာမည်ကို အော်ခေါ်နေတာ တွေ့တယ် ကျနော် ဒီမှာ အမေ စာသင်ခန်းမှာ လွယ်အိတ်လေးချန်ပြီး အမေဆီ ပြန်လာနေပြီလေ။ (ချမ်းငြိမ်း) ၀၅/ ၁၄/ ၂၀၂၅
7 670
17
No text...
7 204
18
မြားတစင်း၏ ရာဇဝင် -------------------- ရွက်ရိပ်တို့ မရှိတဲ့ သစ်ပင်ပေါ်မှာ ငှက်ကလေးတွေတောင် တေးမဆို ငြိမ်သက်စွာ ငိုနေကြတယ်။ အသ
မြားတစင်း၏ ရာဇဝင် -------------------- ရွက်ရိပ်တို့ မရှိတဲ့ သစ်ပင်ပေါ်မှာ ငှက်ကလေးတွေတောင် တေးမဆို ငြိမ်သက်စွာ ငိုနေကြတယ်။ အသဲနာ ကမ္ဘာမကြေစရာ မျက်ရည်တွေရဲ့ ပင်လယ်မှာ ဗေဒါပင်လို ယုံကြည်ချက်ကို ရွက်ဖွင့်ရင်း ကမ္ဘာသစ်ဆီ လွင့်လာခဲ့သူ။ နှောင်ကြိုးနဲ့ တေးမဆိုတဲ့ ကျီးအုပ်ထဲ ဥဩ တောကိုစွန့်ရင်း အမြင့်ကိုပျံ ကောင်းကင်ယံကနေ ပိတ်ထားတဲ့ တံခါးတွေကို အသံနဲ့ ဖွင့်ခဲ့သူ။ ချစ်သူရဲ့ နယ်မြေမှာ ပန်းဝေတဲ့ နံနက်ခင်း မီးခိုးနဲ့ ယမ်းငွေ့ကင်းတဲ့ မနက်ဖြန် သားကောင်းတွေရဲ့ အိမ်အပြန်ခရီး နွေဦးနဲ့ နီးလာတဲ့ ဆောင်းလက်ကျန် မောင်းပြန်သံတွေ ရပ် စောင်းညင်းသံနဲ့ ခရီးဆက်ချင်သူ။ ကြယ်တွေကြွေတာတွေ ငေးရင်း ကြယ်တစင်းဖြစ်သွားတဲ့ ဝိဉာဉ် နှင်းလေထန်တဲ့ ဆောင်းညထဲ နွေဦးကိုလှုပ်နှိုး သမိုင်းရဲ့ စောင်းကြိုးကို လှုပ်ခတ် နှိုးစေခဲ့သူ။ သူသွားရာလမ်းမှာ ပန်းတွေသာ ပွင့်ခဲ့ပါတယ် မေ့စရာ တကွက်မှမမြင်တဲ့ သူ့အသွင် သူ့အသံ သူချန်ခဲ့ ရာဇဝင်အမွေ သူပြောသလို တပုံကြီး ကျန်ခဲ့ပါပြီလေ။ သူကစားခဲ့တဲ့ သက်တံကို လေးကိုင်းလုပ်လို့ ကမ္ဘာမြေပေါ်ကို ချိန်ရွယ် မောင်းဖြုတ်လိုက်တယ် သစ္စာမဲ့သူ မြားဆိပ် တွယ်စေ။ (ချမ်းငြိမ်း) ၀၁၊ ၂၅၊ ၂၀၂၄
7 113
19
No text...
7 358
20
သွားနှင့်တော့ ကလေးရေ _____ သွားနှင့်တော့ ကလေးရေ နတ်ဆိုးရဲ့ ထွန်ခြစ်ကြောင်းမှာ ဘယ်ပန်းကောင်းမှ မပွင့်နိုင်ပါဘူးကွယ်။ သွားနှင့်
သွားနှင့်တော့ ကလေးရေ _____ သွားနှင့်တော့ ကလေးရေ နတ်ဆိုးရဲ့ ထွန်ခြစ်ကြောင်းမှာ ဘယ်ပန်းကောင်းမှ မပွင့်နိုင်ပါဘူးကွယ်။ သွားနှင့်တော့ ကလေးရေ နေတွေ လတွေနဲ့ ပုံမှန်လည်ပတ်နေတဲ့ ကမ္ဘာမှာ ဒီနေရာ ကွက်ကွက်လေးဟာ ကြယ်တွေကြွေစရာ တွင်းနက်ကြီးပါပဲကွယ်။ သွားနှင့်တော့ ကလေးရေ အခုလိုမျိုးဆို ကျီးတွေက ဥဩလေးလို မြည်တမ်း မျက်ရည်ဖုန်အောင် လွမ်းကြဦးမယ်ကွယ်။ သွားနှင့်တော့ ကလေးရေ .... သွားနှင့်တော့ ကလေးရေ .... သွားနှင့်တော့ ကလေးရေ တချို့က သံသရာပြတ်ကြောင်းတရားနဲ့ မအားကြသေးဘူးကွယ်။ ချမ်းငြိမ်း စက်တင်ဘာ ၇ ရက်၊ ၂၀၂၄ #ငါတို့မျိုးဆက်_တော်လှန်စာစဉ် #အတွဲ၂_အမှတ်၄ #ကဗျာ
5 376