en
Feedback
The 74 Media

The 74 Media

Open in Telegram

Show more
The country is not specifiedThe category is not specified
2 313
Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
December '24
December '24
+77
in 0 channels
November '24
+45
in 0 channels
Get PRO
October '24
+48
in 0 channels
Get PRO
September '24
+174
in 0 channels
Get PRO
August '240
in 1 channels
Get PRO
July '24
+843
in 1 channels
Get PRO
June '24
+53
in 1 channels
Get PRO
May '24
+311
in 0 channels
Get PRO
April '240
in 0 channels
Get PRO
March '240
in 0 channels
Get PRO
February '240
in 0 channels
Get PRO
January '240
in 0 channels
Get PRO
December '230
in 0 channels
Get PRO
November '230
in 0 channels
Get PRO
October '230
in 0 channels
Get PRO
September '230
in 0 channels
Get PRO
August '230
in 0 channels
Get PRO
July '230
in 0 channels
Get PRO
June '230
in 0 channels
Get PRO
May '230
in 0 channels
Get PRO
April '230
in 0 channels
Get PRO
March '230
in 0 channels
Get PRO
February '230
in 0 channels
Get PRO
January '230
in 0 channels
Get PRO
December '220
in 0 channels
Get PRO
November '220
in 0 channels
Get PRO
October '220
in 0 channels
Get PRO
September '220
in 0 channels
Get PRO
August '22
+30
in 0 channels
Get PRO
July '22
+42
in 0 channels
Get PRO
June '22
+20
in 0 channels
Get PRO
May '22
+26
in 0 channels
Get PRO
April '22
+27
in 0 channels
Get PRO
March '22
+35
in 0 channels
Get PRO
February '22
+44
in 0 channels
Get PRO
January '22
+65
in 0 channels
Get PRO
December '21
+87
in 0 channels
Get PRO
November '21
+123
in 0 channels
Get PRO
October '21
+796
in 0 channels
Get PRO
September '21
+212
in 0 channels
Get PRO
August '21
+551
in 0 channels
Get PRO
July '21
+385
in 0 channels
Get PRO
June '21
+598
in 0 channels
Get PRO
May '21
+1 167
in 0 channels
Date
Subscriber Growth
Mentions
Channels
21 December+2
20 December+1
19 December0
18 December+6
17 December+4
16 December+3
15 December+1
14 December+2
13 December0
12 December+4
11 December+7
10 December+3
09 December0
08 December+6
07 December0
06 December+9
05 December+11
04 December+8
03 December+5
02 December+4
01 December+1
Channel Posts
ဖားကန့်တွင် မြေစာပုံပြိုပြီး ၅၀ ထက်မနည်း ပျောက်ဆုံးနေ၊ ကုမ္ပဏီက ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခြင်း မရှိသေးဟုဆို ဖားကန့် - မတ် ၁၊ ၂၀၂၂။ ဖားကန့်မြို့ ဖားပြင်ကျေးရွာ အနီးရှိ တူးဖော်နေဆဲ YTT နှင့် သံလွင်ဧရာ လုပ်ကွက်တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ည(၁၀)နာရီခန့်က မြေစာပြိုကျရာတွင် ရေမဆေးကျောက်ရှာဖွေနေသူ ၅၀ ထက်မနည်း ပျောက်ဆုံးနေကြောင်း သိရသည်။ မြေစာနှင့် အတူ ရေမဆေးကျောက်ရှာဖွေနေသူများနှင့်ကုမ္ပဏီတွင်အသုံးပြုနေသည့် ဘက်ဟိုးနှစ်စီးလည် ပါဝင်သွားသည်ဟု ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦးက The74 Media ကိုပြောသည်။ "ရေမဆေးသမားနဲ့ကုမ္ပဏီက ကျင်းသားတွေတော်တော်များများပါသွားတယ် မြေစာက ခါးကနေပြတ်ကျတော့ အောက်ခြေမှာရှာနေတဲ့သူတွေအကုန် မြေစာထဲပါသွားတယ်" ဟုသူကပြောသည်။ ကုမ္ပဏီဝင်းအတွင်းမှ မြေစာပြိုကျသောနေရာတွင် ရှာ‌ဖွေကယ်ဆယ်ရေး ပြုလုပ်ရန် လူမှုကယ်ဆယ်ရေးအသင်းများကို ဆက်သွယ်‌လာခြင်းမရှိသေးကြောင်း လူမှုကယ်ဆယ်‌‌ရေးလုပ်ဆောင်နေသူတစ်ဦးက‌ ‌ပြောသည်။ "သူတို့ပိုင်နက်ဖြစ်တဲ့အတွက် သူတို့ဟာသူတို့‌ဖော်မယ်ဆိုရင်‌တော့ သွားလို့မရဘူး။ သူတို့ဘက်ကရှာပေးဖို့‌ပြောမှ အလောင်းဝင်ရှာလို့ရမှာ" ဟုသူကပြောသည်။ မြေစာပုံပြိုကျသည့်နေရာတွင် ရှာဖွေကယ်ဆယ်ရေးများလုပ်‌ဆောင်ခြင်းမရှိသေးကြောင်း မြေစာပုံအနီးဈေးရောင်းနေသူတစ်ဦးကဆက်ပြောသည်။ "ဒီကောင်တွေ ညမှ သေဆုံးသွားတဲ့အလောင်းတွေကို ဖော်ကြမှာ နေ့ဘက်ဖော်ရင် သူတို့ကိုပြောကြမှာစိုးလို့" ဟုသူက‌ပြောသည်။ မနကျေးရွာအနီးရှိ တူးဖော်နေဆဲ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်တွင်လည်း ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် နွံအိုင်ပေါက်ကျမှု ဖြစ်ပွားခဲ့ကာ ယင်းမတိုင်မီ မမုံကျေးရွာအနီးရှိ YTT ရတနာတောင်တန်းကျောက်စိမ်းလုပ်ကွက်တစ်ခုတွင်လည်း ဖေဖော်ဝါရီ ၁၈ ရက်နေ့က မြေစာပြိုကျသောကြောင့် ရေမဆေးကျောက်ရှာဖွေသူ နှစ်ယောက်သေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဖားကန့်မြို့ ဝှေခါကျေးရွာရှိ လုပ်ကွက်ဟောင်းတွင်လည်း ၂၀၂၀ ခုနစ်၊ ဇူလိုင်လ ၂ ရက်နေ့က မြေစာပြိုကျမှုကြောင်း လူပေါင်း ၂၀၀ ခန့်သေဆုံးခဲ့သည်။

2
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗန်းမော်တွင် တရားမဝင်ရွှေတူးဖော်မှု အဆမတန်များပြားလာသည်ဟု ဒေသခံများပြော ဗန်းမော် - ဖေဖော်ဝါရီ ၂၈၊ ၂၀၂၂။ ဗန်းမော်မြို့ မြစ်တစ်ဖက်ကမ်းရှိ ကျေးရွာများတွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလမှ စတင်ပြီး ရွှေတူးဖော်မှု ပိုမိုများပြားလာကြောင်းသိရသည်။ စစ်ကောင်စီက အာဏာမသိမ်းမှီ ရွှေတူးဖော်သည့် ရွှေဖောင် ၃၀ ခန့်သာရှိပြီး ယခု ပိုမိုများပြားလာခြင်း ဖြစ်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ “အရင်က တစ်ယောက်စ နှစ်ယောက်စလောက်ပဲရှိတာ။ တစ်နေရာမှာ တစ်စီး တစ်နေရာမှာ တစ်စီးနဲ့ ဝေးကြတယ်။ အခုဆိုရင် ရွှေဖောင်တွေက ရာချီသွားပြီ။ ရေပေါ် ပွဲလိုပဲဖြစ်သွားပြီ။ မြစ်ရိုးတစ်လျှောက်ဆိုရင် တဖန်းပင်ကနေစတာပေါ့” ဟုသူကပြောသည်။ ရွှေဖောင်များသည် နေ့အချိန်သာမက ညအချိန်တွင်လည်း ရွှေတူဖော်မှုများဆက်လက်ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။ ရွှေတူးဖော်မှု အလွန်များပြားလာသောကြောင့် ဒေသခံပြည်သူများ ကမ်းကူးရန်အခက်အခဲဖြစ်နေပြီး မြစ်ကမ်းပါး ပြိုကျလာနိုင်ကြောင်း ဧရာဝတီမြစ်ကမ်းအနီး နေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်။ “ခုလောလောဆယ်တော့သွားလာရအဆင်မပြေဘူး ရေဆိုင်တွေ ဝဲတွေဖြစ်နေတယ်။ လှေ အစုန်၊ အဆန်အတွက်တော့ ရေကြောင်းချန်ထားတယ်။ တစ်ဖက်နဲ့ တစ်ဖက်ကူရင်တော့ အဆင်မပြေဘူးပေါ့။ ရေမတိုးသေးလို့ မိုးတွင်းရေတိုးရင် ရေတော်တော်ကြမ်းနိုင်တယ်။ ကမ်းပါးလည်းပြိုနိုင်တယ်။” ဟုသူကပြောသည်။ ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေသည်မှ ကုန်မြေနေရာများတွင်ပင် တူးဖော်လာသောကြောင့် တိုင်ကြားမှုများရှိသော်လည်း ထိရောက်မှုမရှိကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။ “တချို့ကြတော့လည်း သူတို့ အိမ်ဝင်းပါမှာစိုးလို့ တိုင်ကြားတာတွေရှိတယ်။ ရွာတွေပျက်၊ ကမ်းတွေပျက်စီးမှာ စိုးတာ။ အဲဒါတော့ ပြောတဲ့အခါတင်လေးပါ့ ပြောတဲ့အခါတော့ မလုပ်ဘူး ရပ်နားလိုက်တယ်။ ပြီးတော့လည်း ပြန်ဆက်လုပ်နေကြတာပါပဲ။” ဟုပြောသည်။ ဗန်းမော်မြို့ မိုးစိမ်းကျွန်း၊ မိုင်းကာ၊ ကျွန်းကြီး၊ ဌက်ပျောတော၊ မြစေတီ၊ ရေလဲ၊ ပါပေါင်းနှင့် သဖန်းပင်ကျေးရွာ အထက်အထိ မြစ်ပြင်တစ်ခုလုံး ရွှေတူးဖော်သည့် ရွှေဖောင်များဖြင့် ပြည့်နှက်နေပြီး ရွှေဖောင်တစ်ထောင်နှင့် အထက် ရှိသည်ဟု ဒေသခံပြည်သူများထံက သိရသည်။ လာရောက်ရွှေတူးဖော်နေသူများတွင် ဒေသခံပြည်သူများထက် မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်ပိုင်းနှင့် ချင်းတွင်းဒေသဘက်မှ ပိုမိုများပြားကြောင်း ဒေသခံပြည်သူများက ပြောဆိုနေကြသည်။ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ရွှေတူးဖော်လုပ်ငန်းလုပ်ကိုင်သူများ ပိုမိုများပြားလာပြီး ရွှေကူမြို့နယ် ငဘတ်ဝကျေးရွာအနီးတွင် ၂၀၁၃ ခုနှစ်နှောင်းပိုင်းမှစပြီး ရွှေတူးဖော်ခွင့် ရပ်နားထား‌သော်လည်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇွန်လမှစတင်ပြီး ပြန်လည်တူးဖော်နေကြသည်။
0
3
စစ်ကောင်စီစစ်ကြောင်းနှင့်တိုက်ပွဲတွင် PDF ပူးပေါင်းတပ်မှ ၁၅ ဦးခန့် ကျဆုံး၊ စစ်ကောင်စီတပ်ကို ယခင်ထက်ပိုမိုတော်လှန်သွားမည်ဟုဆို ရွှေဘို - ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၂ ။ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် SNAKE EYES - PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း PDF ပူးပေါင်းတပ်မှ ရဲဘော် ၁၅ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ နှမစားရစ်ကျေးရွာနှင့် ဇီဖြူကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော အင်အား ၁၀၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားစဉ် လက်နက်အင်အား မမျှတသောကြောင့် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု SNAKE EYES – PDF မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။ “ရွာထဲပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ရင်း ရွာအပြင်ဘက်မှာ အပြန်အလှန်ပစ်ခတ်ရင်း လက်နက်ချင်းမမျှတော့ ကျသွားတာပါဗျ။ ကျွန်တော်တို့မှာက လက်လုပ် သေနတ်တွေပဲရှိတာပါ။ ရဲဘော်တို့ရဲ့ ရုပ်အလောင်းကိုတော့ မနေ့ညနေကမှ ကောက်နိုင်ခဲ့တာပါ။” ဟုသူကပြောသည်။ ရဲဘော်များ ကျဆုံးခဲ့ရသောကြောင့် စစ်ကောင်စီတပ်ကို ယခင်ထက်ပိုမို တော်လှန်သွားမည် ဖြစ်ကြောင်း သူကပြောသည်။ ကျဆုံးသွားသော ရဲဘော် ၁၅ ဦး၏ ရုပ်အလောင်းကိုလည်း ယမန့်နေ့က သင်္ဂြိုဟ်လိုက်ပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၅ ရက်နေ့က နမစားရစ်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးချိန် လက်နက်များ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူ ခြောက်ဦးလည်း ကျည်ထိမှန် သေဆုံးခဲ့သည်။ ရွှေဘိုမြို့၊ ငါးပိအိုးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဂွေးကုန်းကျေးရွာသို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း ဖေဖော်ဝါရီ ၂၅ ရက်နေ့က နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
0
4
စစ်တပ်ထုတ်ကုန် ဘီယာ၊ အရက်နှင့် ဘိလပ်မြေများကို ဖားကန့်ခရိုင်အတွင်း ရောင်းဝယ်ဖောက်ကားခြင်းမပြုလုပ်ရန် KIO/KIA စာထုတ် သတိပေး။
စစ်တပ်ထုတ်ကုန် ဘီယာ၊ အရက်နှင့် ဘိလပ်မြေများကို ဖားကန့်ခရိုင်အတွင်း ရောင်းဝယ်ဖောက်ကားခြင်းမပြုလုပ်ရန် KIO/KIA စာထုတ် သတိပေး။
0
5
ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင် ကျဆုံးခဲ့သူများ​၏ တစ်နှစ်ပြည့် ပြောက်ကျားသပိတ်ပြုလုပ် - ဖေဖော်ဝါရီ ၂၈ ရက်၊
ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင် ကျဆုံးခဲ့သူများ​၏ တစ်နှစ်ပြည့် ပြောက်ကျားသပိတ်ပြုလုပ် - ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်
0
6
မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ရန် စည်းရုံးလှုံ့ဆော်ခဲ့သည့် ဦးဇခုန်တိန့်ယိန်းကို မြစ်ဆုံချစ်မြတ်နိုးသူများ ကန့်ကွက်
မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ရန် စည်းရုံးလှုံ့ဆော်ခဲ့သည့် ဦးဇခုန်တိန့်ယိန်းကို မြစ်ဆုံချစ်မြတ်နိုးသူများ ကန့်ကွက်
0
7
ဖားကန့်မြို့က Happy KTV မီးလောင် ဖားကန့် - ဖေဖော်ဝါရီ ၂၃၊ ၂၀၂၂။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ Happy KTV ယနေ့န+2
ဖားကန့်မြို့က Happy KTV မီးလောင် ဖားကန့် - ဖေဖော်ဝါရီ ၂၃၊ ၂၀၂၂။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ Happy KTV ယနေ့နံနက် ၈ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း လူအထိအခိုက် မရှိခဲ့ကြောင်း ပရဟိတအဖွဲ့ဝင်တစ်ဦးက The 74 Mediaကိုပြောသည်။ "လူတော့မထိဘူး။ အထဲကပစ္စည်းတွေတော့ ကုန်ပြီ။ ဘယ်ကစလည်း မသိရသေးဘူး။ အဲ့ KTV တစ်ခုပဲလောင်တာ"ဟုပြောသည်။ မီးစတင်လောင်ကျွမ်းပြီး တစ်နာရီကျော်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ဖားကန့်မြို့ ယူမာကျေးရွာရှိ Jade Palace KTV သည်လည်း ၂၀၁၉ ခုနှစ် စက်တင်ဘာလက မီးလောင်မှုဖြစ်ပွားခဲ့သည်။
0
8
"ပြန်လည်စုရုံး နှစ်ခြောက်လုံး" စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစည်ကားသပိတ် ဖားကန့်မြို့တွင်ပြုလုပ် - ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂ ခုနှစ်+5
"ပြန်လည်စုရုံး နှစ်ခြောက်လုံး" စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစည်ကားသပိတ် ဖားကန့်မြို့တွင်ပြုလုပ် - ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂ ခုနှစ်
0
9
တိုက်ပွဲပြင်းထန်နေသည့် ပူတာအိုမြို့နယ်အတွင်း စစ်ကောင်စီတိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ပူတာအို - ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂။ တစ်ပတ်အတွင်း တိုက်ပွဲပြင်းထန်နေသည့် ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာအနီးရှိ ဆင်ကပ်တောင်တွင် ယနေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်မှ တိုက်လေယာဉ် နှစ်စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အင်အား ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် PDF ပူးပေါင်းတပ်တို့ကြား ယနေ့နံနက် ၆ နာရီခန့်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။ "မနိုင်မှန်း သိလို့နေမှာ ဗုံးနှစ်ခါတောင် လာကြဲသွားတယ်။ အင်ဇီးယာန်ရွာကလူတွေ အကုန် ထွက်ပြေးသွားပြီ။" ဟုသူက ပြောသည်။ လေယာဉ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြေပြင်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သူကဆက်ပြောသည်။ လုံရှာယာန်ကျေးရွာနှင့် တန်ဂျာကျေးရွာကြားရှိ အင်ရူခချောင်းအနီးတွင် ယနေ့နံနက် တိုက်ပွဲဖြစ်ပွားချိန် နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့ကြောင်း လုံရှာယာန်ကျေးရွာမှ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ “KIA က လက်နက်ကြီးတွေ ပစ်တာ။ ၁၀ ခါလောက် ကြားရတယ် လက်နက်သေးရောပစ်တယ်။” ဟုသူကပြောသည်။ အဆိုပါတိုက်ပွဲကြောင့် လုံရှာယာန်ကျေးရွာနှင့် တန်ဂျာကျေးရွာမှ ဒေသခံပြည်သူများလည်း တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သူကဆက်ပြောသည်။ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ဆွမ်ပီယာန်ကျေးရွာမှ ဒေသခံပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်နှင့် KIA နှင့် PDF ပူးပေါင်းတပ်တို့ကြား ပူတာအိုမြို့၊ ဆွမ်ပီယာန်ကျေးရွာအနီးရှိ ဆင်ကပ်တောင်တွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့သည်။
0
10
No text...
0
11
(၂၂၂၂၂၂) နှစ်ခြောက်လုံး စည်ကားသပိတ်တွင် ပါဝင် ရန် ယမန်နေ့ညနေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ ပြည်သူများသို တိုက်တွန်းနှိးဆော်သည့် လ+5
(၂၂၂၂၂၂) နှစ်ခြောက်လုံး စည်ကားသပိတ်တွင် ပါဝင် ရန် ယမန်နေ့ညနေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ ပြည်သူများသို တိုက်တွန်းနှိးဆော်သည့် လှုပ်ရှားမှုပြုလုပ်ခဲ့
0
12
"ပြန်လည်စုရုံး နှစ်ခြောက်လုံး" လှုပ်ရှားမှုကို မိုးညှင်းမြိုလယ်ခေါင်မှ တံတားပေါ်တွင် မိုးညှင်း လူငယ်ကျောင်းသားများက ပြုလုပ် -+4
"ပြန်လည်စုရုံး နှစ်ခြောက်လုံး" လှုပ်ရှားမှုကို မိုးညှင်းမြိုလယ်ခေါင်မှ တံတားပေါ်တွင် မိုးညှင်း လူငယ်ကျောင်းသားများက ပြုလုပ် - ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂ ခုနှစ်
0
13
မြစ်ကြီးနားတွင် မိုင်းခွဲမည်ဟု ခြိမ်းခြောက်အကြပ်ကိုင်ကာ ငွေကြေးအဓမ္မတောင်းခံမှုများရှိနေ မြစ်ကြီးနား- ဖေဖော်ဝါရီ ၂၁၊ ၂၀၂၂။ M.I.S လက်နက်ကိုင်တပ်ဖွဲ့ဟုဆိုသူများက မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဈေးဆိုင်အချို့တွင် လက်လုပ်မိုင်းပြကာ ငွေကြေးခြိမ်းခြောက်တောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။ ဆိုင်ပိုင်ရှင်များကို အခွန်ထည့်ရန်ဟုဆိုကာ ဆက်သွယ်ရေးအက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Viber မှတဆင့် ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း ခြိမ်းခြောက်ခံရသူ မော်ဖောင်းကျေးရွာမှ ဆိုင်ပိုင်ရှင်တစ်ဦးက The 74 Mediaကိုပြောသည်။ “အခွန်ကောက်မယ် မထည့်ရင် ဗုံးလာထောင်မယ် အဲ့တာ့ပဲပြောတယ်။ ဘာလုပ်ဖို့ဆို‌ပြီး မပြောဘူးဗျ၊ သူတို့နဲ့ စာပို့နေရင်း လိုက်စုံစမ်းလိုက်တာ မရှိဘူးဆိုတာ သိတော့ screenshot တွေရိုက်ပြီး တန်းblockလိုက်တယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲက တစ်ချို့လူတွေလည်း ထည့်လိုက်တယ်ထင်တယ်” ဟုပြောသည်။ မြစ်ကြီးနား-မန္တလေး ပြည်ထောင်စုလမ်းမပေါ်ရှိ မော်ဖောင်းကျေးရွာအုပ်စုတွင် ယခုကဲ့သို့ ငွေကြေးခြိမ်းခြောက်တောင်းခံရသည့် ဆိုင်များမှာ အနည်းဆုံးခြောက်ဆိုင်ခန့်ရှိပြီး ကုန်စုံဆိုင်၊ မုန့်ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်များ ပါဝင်ကြောင်း သူကပြောသည်။ ငွေခြိမ်းခြောက်တောင်းခံနေသည့် M.I.S အဖွဲ့ဆိုသူများသည် မည်သည့်အဖွဲ့အစည်းဖြစ်ကြောင်း အတိအကျ မသိရကြောင်း နောက်ထပ် ခြိမ်းခြောက်ခံရသည့် ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက The74 Media ကိုပြောသည်။ “ကျွန်တော်တို့လည်း ပေးမယ် ဘယ်အဖွဲ့အစည်းကလည်း ကေအိုင်အေကလား၊ စစ်တပ်ကလားလို့မေးတော့ မဖြေဘူး။ အခုက ဘယ်သူ့ကိုသွားတိုင်မှာလည်း တိုင်မယ့်သူလည်း မရှိဘူး။ နိုင်ငံရေးမကောင်းတဲ့အချိန်မှာ ဒါတွေက မလုပ်သင့်တဲ့အရာတွေလေ သူခိုးဂျပိုးတွေ ပေါလာတာပေါ့။ တစ်ဆိုင်က နောက်ဆုံးသုံးသိန်းနဲ့ပြေလည်သွားတယ်တဲ့” ဟုပြောသည်။ M.I.S တပ်ဖွဲ့ဆိုသူများသည် ၎င်းတို့ပစ်မှတ်ထားသည့် ဆိုင်တည်နေရာ၊ ဆိုင်နာမည်၊ ဆိုင်ပိုင်ရှင်နာမည်နှင့် ဖုန်းနံပါတ်များအတိအကျ ရထားပြီး ဖုန်းမှ တစ်ဆင့် စတင်ဆက်သွယ်လာကာ Viberမှ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ မည်သည့်အတွက် ငွေကြေးကောက်ခံကြောင်းကို ပြောပြခြင်းမရှိပဲ Viber မှ ဖြတ်ပိုင်းစာရွက်နှင့် လက်လုပ်မိုင်းပြုလုပ်ထားသည့် ရုပ်သံတစ်ခုပြကာ ပိုက်ဆံမပို့ပေးလျှင် ဆိုင်ကို မိုင်းခွဲလိုက်မည်ဟုဆိုကာ ခြိမ်းခြောက်တောင်းခံကြောင်း သိရသည်။ အဆိုပါအဖွဲ့မှ Mytel ဖုန်းနံပါတ်ဖြစ်သည့် ၀၉၆၇၃၈၂၈၂၆၆ နှင့် ၀၉၆၇၆၁၇၄၆၀၀ စသည့် ဖုန်းဖြင့်ဆက်သွယ်လာကာ ငွေလွှဲဝန်ဆောင်မှုတစ်ခုဖြစ်သည့် ကမ္ဘာဇပေး (Kpay) အကောင့်မှ တစ်ဆင့် ငွေကြေးလက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ခြိမ်းခြောက်သူများသည် Kpay အကောင့်ကို ဖုန်းနံပါတ်၊ အကောင့်ပိုင်ရှင်အမည်ဖြင့် မပေးဘဲ QR ကုတ်ကိုသာ ပေးပို့ခဲ့ကြောင်းသိရသည်။ အဆိုပါ QR ကုတ်အား The 74 Media ကစစ်ဆေးကြည့်ရာ ခြိမ်းခြောက်ခံရသူများ ပြောသည့် Nang Hti ဆိုသည့် အကောင့်ပိုင်ရှင်ဖြစ်သည်။ လက်လုပ်မိုင်းဖြင့် ဆိုင်ဖောက်ခွဲမည်ဟု ခြိမ်းခြောက်သောကြောင့် ဆိုင်ပိုင်ရှင်အချို့မှ ငွေကြေးလွဲပေးမှုများ ပြုလုပ်ခဲ့ပြီး အချို့မှာ ငွေကြေးလွဲပေးမှု မရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် အနည်းဆုံး ငါးသိန်းခန့်မှ စတင်ခြိမ်းခြောက်တောင်းဆိုပြီး ငွေပေးမည့်သူနှင့် ညှိနှိုင်းကာ ပေးနိုင်သည့် ပမာဏကို လက်ခံယူကြောင်း သိရသည်။
0
14
+5
No text...
0
15
စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတစ်ခု ကနီမြို့နယ်တွင် မိုင်းဆွဲခံရသောကြောင့် ၁၅ဦး သေဆုံးဟုဆို ကနီ - ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၂ ။ ခြေလျင်ဖြင့် ချီတက်လာသော စစ်ကြောင်းတစ်ခုသည် ကနီမြို့နယ် တောတွင်းတစ်နေရာတွင် ယမန်နေ့ နံနက် ရှစ်နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသော စစ်ကြောင်းသည် အင်အားတစ်ရာခန့်ပါဝင်သည့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အခြေစိုက် အမှတ် ၃၆၆ ခြေမြန်တပ်ရင်းဖြစ်ကြောင်း ကနီပြည်သူ့ကာကွယ်ရေးတပ်(KPDF - 2)က တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။ “မိုင်းဆွဲပြီးတာနဲ့ အဝေးပစ်လက်နက်ကြီးရယ်၊ တူမီးရယ် ခုခံတိုက်ခိုက်တယ်။ ၁၅ ယောက်လောက်သေတယ်ဆိုတာ ခန့်မှန်းရတယ်။ အပြင်းအထန်ဒဏ်ရာရရှိတဲ့သူလည်း ပါတယ်။ ထမ်းသွားတဲ့သူတွေကိုလည်း မြင်တယ်။ ထောက်သွားတဲ့သူလည်း မြင်တယ်”ဟုပြောသည်။ စစ်ကောင်စီအဖွဲ့ဝင်များတွင် ထိခိုက်ဒဏ်ရာရရှိသူများသဖြင့် လာရာလမ်းအတိုင်း ပြန်ဆုတ်ခွာသွားခဲ့ကြောင်း သူကပြောသည်။ အဆိုပါ တိုက်ခိုက်မှုကို ကနီပြည်သူ့ကာကွယ်ရေးတပ်(KPDF – 2) ၊ ရွှေသမင်မုဆိုး - TDPDF ၊ ရွှေတြိဂံတပ်ရင်း၊ Special Regional Attack Force – Monywa တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ် ရှစ်စီးအား ဇန်နဝါရီ ၁၇ရက်နေ့က ကနီမဟာမိတ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၂၀ ဦးခန့် သေဆုံးခဲ့သည်။ ပုံ/ ၂၀၁၉ခုနစ်က ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်သွားရာ လမ်းမပေါ်ရှိ နန်ဆန်ယန်ကျေးရွာတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့။
0
16
No text...
0
17
စစ်သည်အင်အား တစ်ရာခန့်ပါဝင်သော မိုးမောက်မြို့အခြေစိုက် စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရ မိုးမောက် - ဖေဖော်ဝါရီ ၂၁၊ ၂၀၂၂။ မိုးမောက်မြို့မှ တစ်မိုင်ကျော်ကွာဝေးသည့် ဝဝမ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့မွန်းလွှဲ ၁၂ နာရီခွဲခန့်က လမ်းခုလတ်ဖြစ်သည့် ခါနန်ရပ်ကွက်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။ မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကြောင်းမှာ အင်အား ၁၀၀ ခန့်ပါဝင်သည့် မိုးမောက်အခြေစိုက် အမှတ် (၄၃၇) ခြေမြန်တပ်ရင်းဖြစ်ပြီး အထိအခိုက် အကျအဆုံး မသိရှိရသေးကြောင်း ယုံကြည်ထိုက်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ "ဝဝမ်ဘက်စစ်ကြောင်းထိုးလာလို့ မိုင်းဆွဲတာ။ ဆွဲတာကတော့ ခါနန်နဲ့ဝဝမ်ကြားလောက်ပေါ့။ ထိခိုက်မှုတော့ မသိရသေးဘူးဗျ"ဟုပြောသည်။ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် လက်ရှိအချိန်တွင် စစ်ရေးအခြေအနေတင်းမာနေသောကြောင့် တစ်မြို့လုံးရှိ ဈေးဆိုင်များပိတ်ထားကြောင်း နောက်ထပ် သတင်းရင်းမြစ်တစ်ဦးကပြောသည်။ "တစ်မြို့လုံးတော့ကြောက်ကြရတယ်။ ဆိုင်တွေအကုန်ပိတ်ပြီ။ အပြင်မထွက်ကြတော့ဘူး"ဟုဆိုသည်။ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသော ခ.မ.ရ (၄၃၇) တပ်ရင်း ရှေ့တွင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များနှင့် ကေအိုင်အေတပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် ငါးရက်က မိုးမောက်မြို့ ဝဝမ်ကျေးရွာတွင်တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဝဝမ်ကျေးရွာအပါအဝင် လုံဂျာကျေးရွာ နှင့် ခါနန်ကျေးရွာမှ ဒေသခံပြည်သူ တစ်ထောင်ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေသည်။
0
18
No text...
0
19
အင်တာနက်လိုင်းဖြတ်တောက်ခံထားရသော ဖားကန့်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုင်းရင်းသားပေါင်းစုံအမျိုးသမီးသပိတ်ပြုလုပ် -+5
အင်တာနက်လိုင်းဖြတ်တောက်ခံထားရသော ဖားကန့်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုင်းရင်းသားပေါင်းစုံအမျိုးသမီးသပိတ်ပြုလုပ် - ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၂။
0
20
အင်တာနက်လိုင်းဖြတ်တောက်ခံထားရသော ဖားကန့်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုင်းရင်းသားပေါင်းစုံအမျိုးသမီးသပိတ်ပြုလုပ် - ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၂။
0