404
Subscribers
-124 hours
+167 days
+7530 days
Posts Archive
သင့်ဆေးကြောခြင်းအမည်၏အဓိပ္ပါယ်ကိုသင်သိပါသလား ....
- Margaret = ပုလဲဟုအဓိပ္ပါယ်ရပြီး ဂရိ ဘာသာစကားမှဆင်းသက်လာသည်။
- Ida = ရှေးဟောင်းဂျာမန်အမည်ဖြစ်သည်။ ဥရောပနှင့်အမေရိကန်မြောက်ပိုင်း၌ပိုမှည့်ကြသည်။ စကင်ဒီနေးဗီးယားနိုင်ငံများ၌မှည့်လေ့ရှိသည်။ အဓိပ္ပါယ်မှာ အလုပ်ကြိုးစားသူ၊ အောင်မြင်သူ ဟုဆိုလိုသည်။
- Veronica = အောင်မြင်မှုကိုဆောင်ယူလာပေးသူဟုဆိုလိုသည်။ ကျမ်းစာထဲ၌လည်းတွေ့ရသောအမည်ဖြစ်သည်။ ယေဇူးသခင်၏ကားတိုင်လမ်း၌ သွေး ချွေးစီးနေသောမျက်နှာတော်ကိုပု၀ါဖြင့်သုတ်ပေးခဲ့သူဖြစ်သည်။
- Cecilia = လာတင်းစကားမှဆင်းသက်လာသည်။ 'မျက်မမြင်' ဟုအနက်ရသည်။ မျက်မမြင်ဟုဆိုလိုခြင်းမှာ အမှန်တကယ်မျက်မမြင်ခြင်းမဟုတ်ဘဲ ဘုရားသခင်ကိုချစ်ခြင်း၌ မျက်ကန်းတစ္ဆေမကြောက်သည့်စကားပုံကဲ့သို့ ပုံ၍ချစ်ခဲ့သည်။ အသေခံ၍ချစ်ခဲ့သည်ဟုဆိုလိုသည်။
- Goretti = နာမည်တစ်ခုတည်းသည် ဆေးကြောခြင်းမည်မဟုတ်။ သူ၏ဆေးကြောခြင်းအမည်မှာ ရှေ့မှတစ်ခုခုတွဲပါရသည်။ ဥပမာ 'မာရီးယာဂေါ််ရက်တီ' ဟုဖြစ်ရမည်။
- Giovanna/ Giovanni/ John/ Johnny/ ယောဟန် = ယောဟန်မှဆင်းသက်လာသောအမျိုးသမီးသွင်ပြောင်းထားသောအမည်ဖြစ်သည်။ 'ဘုရားသခင်သည်ကောင်းမြတ်တော်မူ၏' ဟုအနက်ရသည်။
- Dorothy = 'ဘုရားသခင်၏လက်ဆောင်' ဟုဆိုလိုသည်။ (၁၆) ရာစု၀န်းကလွန်စွာရေပန်းစားခဲ့သောအမည်ဖြစ်သည်။ (၄) ရာစုခန့်က တရားတော်အတွက် ကွပ်မျက်ခံရသောအပျိုကညာစင်ဖြစ်သည်။
- William = 'လက်ရုံး၊ နှလုံးရည်နှင့်ပြည့်သူ' ဟုဆိုလိုသည်။ အဂ်လိပ်တို့အလွန် နှစ်ခြိုက်သောအမည်ဖြစ်ခဲ့သည်။
- Catherine = 'စင်ကြယ်သော' ဟုအနက်ရသည်။ ဤအမည်ဖြင့်ရဟန္တာများ စွာရှိသည်။
- Christina/ Christian= 'ယေဇူးသခင်၏နောက်လိုက်' ဟုအနက်ရသည်။
- Peter = ကျောက်ဟုဆိုလိုသည်။
- Elizabeth/ Eliz = 'ဘုရားသခင်ကိုဆက်ကပ်ထား သူ၊ ဘုရားသခင်သည်ကြွယ်၀တော်မူသည်' ဟုဆိုလိုသည်။
- Sebastian/ Sebastiano/ Sebastiana = 'ကြည်ညိုလေးစားထိုက်သူ' ဟုဆိုလိုပါသည်။ လာတင်းဘာသာစကားမှဆင်းသက်လာသည်။
- Philomena = 'ခွန်အားကိုချစ်သူ၊ ရဲစွမ်းမှုကိုချစ်သူ' ဟုဆိုလိုသည်။ ဂရိစကားမှဆင်းသက်လာခဲ့သည်။
- Theresa/ Tracy = 'နွေနှောင်း' ဟုအနက်ရသည်။ ဂရိစကားမှဆင်းသက်လာခဲ့သည်ဟုဆိုပါသည်။
- Pascalina/ Pascal/ Pasquale = 'အောင်မြင်ခြင်း၊ ပျော်လွှားခြင်း' ဟုဆိုလိုသည်။ ပါစကားကာလမွေးဖွားသောသူများကိုပိုမိုမှည့်လေ့ရှိသည်။
- Natale/ Noel/ Noela/ Natalia/ Natalina = 'မွေးဖွားခြင်း၊ ရှင်သန်ခြင်း' ဟုဆိုလိုပြီး၊ ခရစ္စမတ်ကာလ၌မွေးဖွားသောသူများအားမှည့်လေ့ရှိသည်။
- Agnes/ အားဂ္ဂနက်စ် = 'သိုးသူငယ်' ဟုဆိုလိုသည်။
- Ann/ Anna = 'ကျေးဇူး၊ ဘုရားသခင်၏ကျေးဇူးပြုခြင်းခံရသူ' ဟုဆိုလိုသည်။
- Hilda = 'စစ်သမီး၊ စစ်အမျိုးသမီး' ဟုဆိုလိုသည်။ ဂျာမန်ဘာသာစကားမှဆင်းသက်လာသည်။
- Mary/ Maria/ Mariano/ Mario = 'ပင်လယ်' ဟုအမည်ရသည်။ လာတင်းဘာသာစကားမှဆင်းသက်လာခဲ့သည်။
- Paul/ Paulo/ Paula/ Pauline/ Paulina = 'နှိမ့်ချသူ၊ သေး' ဟုဆိုလိုသည်။
- Andrew/ Andrea/ Andrina = 'အားကြီးသူ၊ ယောကျာ်းဆန်သူ' ဟုဆိုလို သည်။ ဂရိဘာသာစကားမှဆင်းသက်လာသည်။
- Jacob/ James = 'အစားထိုးပေးသူ' ဟုအနက်ရသည်။
- Jude/ Juda = 'ချီးမွှမ်းခံရသူ' ဟုအနက်ရသည်။ ဟေဘရူးဘာသာစကားမှဆင်းသက်လာသည်။
- Simon = 'နားထောင်သူ၊ ကြားနာသူ' ဟုဆိုလိုသည်။ ဟေဘရူးဘာသာစ ကားမှဆင်းသက်လာသည်။
- Matthew = 'ဘုရားသခင်၏ဆုလာဒ်တော်' ဟုအနက်ရသည်။ ဟေဘရူးဘာ သာစကားမှဆင်းသက်လာသည်။
- Philip/ Philippo/ Philippina = 'မြင်းချစ်သူ' ဟုဆိုလိုသည်။ ဂရိဘာသာစ ကားမှဆင်းသက်လာသည်။
- Nathanael = 'ဘုရားသခင်ပေးသောဆု' ဟုအနက်ရသည်။ ဟေဘရူးဘာသာ စကားမှဆင်းသက်လာသည်။
- Batholomew = 'ချမ်းသာသူ' ဟုဆိုလိုသည်။
- Thomas/ Tomaso = 'အမွှာ' ဟုဆိုလိုသည်။
- Richard = 'စည်းကမ်းကြီးသူ၊ တင်းကြပ်လွန်းသူ' ဟုဆိုလိုသည်။
- George = 'ကာယလုပ်သားကြီး' ဟုဆိုလိုသည်။
- Rose/ Rosy/ Rosie/ Rosa = 'နှင်းဆီ' ဟုဆိုလိုပြီး၊ ချစ်ခြင်း၊ သတ္တိကိုဖော်ညွှန်းသည်။
- Lucy/ Lucia/ Lux = 'အလင်း' ဟုဆိုလိုသည်။
- Isaac = 'ရယ် (ရီ) သူ' ဟုဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် အသက်ကြီး ရင့်မှသားဖွားရမည်ဟုသိကြားတမန်၏အမိန့်ပြန်ကြားသည်ကိုကြား၍ ဤအ သက်အရွယ်၌ပျော်ပါးရဦးမည်လောဟု ဆာရားသည်ရယ် (ရီ) မိခဲ့သောကြောင့် ဖြစ်သည်။
- Nicholas = 'လူတို့ကိုအောင်နိုင်သူ' ဟုဆိုလိုသည်။ ဂရိဘာသာစကားမှဆင်း သက်လာသည်။
- Julia/ Juliana/ Julio/ Julius = 'နုပျိုသူ' ဟုဆိုလိုသည်။
- Sophia = 'ဉာဏ်ပညာ' ဟုဆိုလိုသည်။ ဂရိဘာသာစကားမှဆင်းသက်လာ သည်။
- Stella = 'ကြယ်' ဟုဆိုလိုသည်။ လာတင်းဘာသာစကားမှဆင်းသက်လာသည်။
- Beatrix = 'ခရီးသွား၊ ရွက်လွှင့်သူ' ဟုဆိုလိုသည်။ လာတင်းဘာသာစကားမှ ဆင်းသက်လာသည်။
- Selena = 'လ' ဟုဆိုလိုသည်။ ဂရိဘာသာစကားမှဆင်းသက်လာသည်။
