en
Feedback
DPMM

DPMM

Open in Telegram

Health Education

Show more
1 478
Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
April '24
April '24
+1
in 0 channels
March '24
+3
in 0 channels
Get PRO
February '24
+5
in 0 channels
Get PRO
January '24
+2
in 0 channels
Get PRO
December '23
+1 624
in 0 channels
Date
Subscriber Growth
Mentions
Channels
13 April+1
12 April0
11 April0
10 April0
09 April0
08 April0
07 April0
06 April0
05 April0
04 April0
03 April0
02 April0
01 April0
Channel Posts
ကင်ဆာရောဂါကုသမှုတွေအတွက် လုပ်ဆောင်ရမညိ့ အဟာရသတ်မှတ်ချက်တွေမှာ အစားအစာတွေမှာ အသီးအရွက်ရောင်စုံပါရမည်။ ဆားနည်းနည်း၊ အဆီနည်းနည်း၊ သကြားနည်းနည်းပါတဲ့ အစာပဲစားရမည်။ ကိုယ်အလေးချိန် 1 kg တိုင်း အသားဓာတ် ၁ ဂရမ် ကနေ ၂ ဂရမ်ထိစားရမည်။ ဗိုက်တာမင် ဖြည့်စွက်စာအချို့လိုမည်။ အစားမဝင်လျှင် အစာပိုက်ထည့်ပြီး အဟာရကျွေးရမည်။ အစာကျွေးပြီး တိုးတက်မှုရှိမရှိလေ့လာရမည် ( ဥပမာ ကိုယ်အလေးချိန်ချိန်ခြင်း ) ၊ ကင်ဆာဝေဒနာသည်နှင့် လူနာရှင်ကို ကျန်းမာရေးအသိပညာပေးရမည်။ တွေ့ရှိချက်တွေကို မှတ်တမ်းထားရမည်။ ဒါဆိုလျှင် ကိုယ့်အတွက်သာမကအများအတွက်ပါ အကျိုးရှိပါလိမ့်မည်။ ကင်ဆာရောဂါ သက်သာသွားတဲ့ ကင်ဆာဝေဒနာသည် ၂၀၀ မှာ ၈ရ % က အသီးအရွက်ပိုစားတဲ့သူတွေ၊ ၅၅% က အဆိပ်ထုတ်ကုသတဲ့သူတွေ ၊ ၆၅% က ဖြည့်စွက်စာသောက်တဲ့သူတွေဖြစ်ပါတယ်။ လေ့လာမှုတွေကို ပြန်ချုံကြည့်လျှင် ကင်ဆာဝေဒနာရှင်ဟာ ကင်ဆာရောဂါသက်သာချင်လျှင် အမူအကျင့်ပြောင်းဖို့ လိုကိုလိုပါတယ်။ ပုံမှန်တဲ့ ပမာဏထက်များတဲ့ ဗိုက်တာမင် နှင့် သတ္တုဓာတ်တွေ သောက်သင့်၊ သောက်ရပါမည်။ ကင်ဆာရောဂါသက်သာဖို့ အဓိကလိုအပ်ချက်က အဟာရဖြစ်ပါတယ်။ DR.PHYO MAUNG MAUNG #drpmmfn

2
Cancer ( ကင်ဆာ ) အပိုင်း ( ၃ ) ကင်ဆာရောဂါသည် ၄၀ % လောက်က အစာအာဟာရချို့တဲ့ပြီးသေကြပါတယ်။ အာဟာရပြည့်ဝနေတဲ့ ကင်ဆာဝေဒနာရှင်တွေမှာ ပျို့အန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ကိုယ်ခံအားကျဆင်းသွားခြင်း ဖြစ်နိုင်ချေနည်းပါတယ်။ အဝါရောင်အသီးတွေကရတဲ့ beta carotene , ဗိုက်တာမင် A, ဗိုက်တာမင် C နှင့် ဗိုက်တာမင် E တွေက လူနာကို စွမ်းအင်မြင့်လာစေပြီး ကင်ဆာရောဂါကုသမှုတွေကို ခံန်ိုင်ရည်ပိုရှိပါတယ်။ ဆယ်လီနီယမ် , ဗိုက်တာမင် K , ဗိုက်တာမင် E succinate နှင့် အဆီဖြစ်တဲ့ EPA တို့က ပုံမှန်မဟုတ်တဲ့ ဆဲလ်ပွားမှုကို နေးသွားစေပါတယ်။ " ကင်ဆာကုသမှု ပြီးပါပြီ" လို့ ဆရာဝန်ပြောတာက စမ်းသပ်စစ်ဆေးလို့ရတဲ့ ကင်ဆာရောဂါကို ကုသနိုင်တာပါ။ မမြင်ပဲကျန်ခဲ့တဲ့ ကင်ဆာဆဲလ်တွေကို ကုသဖို့ ကိုယ်ခံစွမ်းအားမြင့်နေမှ လုံလောက်ပါလိမ့်မည်။ ဒါကြောင့် ကင်ဆာရောဂါအတွက် အစာအာဟာရကောင်းကောင်းစားဖို့လိုပါတယ်။ ကင်ဆာဆဲလ်ရဲ့ဇီဝဖြစ်စဉ် နှင့် ပုံမှန်ဆဲလ်ရဲ့ ဇီဝဖြစ်စဉ်နှစ်ခု အခြေခံအားဖြင့် မတူကြဘူးလို့ ၁၉၃၁ မှာ ဂျာမန်လူမျိုး ဒေါက်တာ Otto Warburg က ပြောပါတယ်။ ကင်ဆာဆဲလ်က glucose သကြားကို လောင်စာအနေနှင့် သုံးပြီး လေမဲ့စွမ်းအင်ထုတ်ခြင်းဖြင့် စွမ်းအင်ရအောင်ပြုလုပ်ပါတယ်။ ဘေးထွက်ပစ္စည်းအနေနှင့် အက်ဆစ် ( lactic acid ) ထွက်လာတယ်။ အက်ဆစ်တွေစုပုံလာတဲ့အခါ ပင်ပန်းနွမ်းနယ်လာတတ်တယ်။ လေမဲ့စွမ်းအင်ထုတ်ခြင်းက ထုတ်ပေးတဲ့ စွမ်းအင်ပမာဏက ပုံမှန်ဆဲလ်တွေထုတ်ပေးတဲ့ စွမ်းအင်ပမာဏရဲ့ ၅% ပဲ ရှိပါတယ်။ ဒါကြောင့် ကင်ဆာဝေဒနာသည်တွေက စွမ်းအင် အမြဲကျဆင်းနေတတ်တယ်။ စွမ်းအင်မပြည့်ဝမှု နှင့် နွမ်းနယ်မှုတို့ကြောင့် အစားမစားနိုင်တဲ့အခါ အာဟာရချို့တဲ့လာပြီး ၄၀% သော ကင်ဆာဝေနာသည်တွေက အာဟာရချို့တဲ့မှု နှင့် သေဆုံးကြတယ်။ တစ်ချို့သူတွေက ကင်ဆာဝေဒနာရှင်တွေက သကြားမစားဖို့ တိုက်တွန်းကြတယ်။ တစ်ချို့ဝေဒနာသည်တွေကလည်း သကြားမစားတဲ့အခါ ပိုနေကောင်းတယ်ဆိုကြတယ်။ ကင်ဆာဝေဒနာရှင်တွေ သကြားမစားဖို့တိုက်တွန်းထားတဲ့ သေချာတဲ့သုသေတနမရှိသေးပါ။ သွေးတွင်း သကြားဓာတ်မြင့်တက်ခြင်းက လောင်စာတွေနဲ့ တူပြီး ကင်ဆာရောဂါမီးကို ထိန်းမနိုင်ဖြစ်စေနိုင်ပါတယ်။ သွေးတွင်း သကြားဓာတ်တွေများလျှင် ခုခံအားပြုလုပ်ပေးတဲ့ ဆဲလ်တွေလုပ်ဆောင်ချက်ကျဆင်းစေတယ်။ သုတေသနတစ်ခုမှာ ကြွက် ၆၈ ကောင်ကို ရင်သားကင်ဆာဆဲလ်တွေ ထိုးသွင်းလိုက်ပြီး သုံးဖွဲ့ခွဲလေ့လာတယ်။ ပထမအဖွဲ့ကို သကြားများများကျွေးတယ်။ ဒုတိယအဖွဲ့ကို သကြားပုံမှန်ကျွေးတယ်။ တတိယအဖွဲ့ကို သကြားလျှော့ကျွေးတယ်။ ရက်ပေါင်း ရ၀ ကြာတဲ့အခါ ပထမအဖွဲ့၂၃ ကောင်မှာ ၈ ကောင် အသက်ရှင်တယ်။ ဒုတိယအဖွဲ့ ၂၃ ကောင်မှာ ၁၆ ကောင် အသက်ရှင်ကျန်တယ်။ တတိယအဖွဲ့အကောင် ၂၀ မှာ ၁၉ ကောင် အသက်ရှင်ကျန်တယ်။ သွေးတွင်းသကြားဓာတ်ကို လျော့ချဖို့ glycemic index နိမ့်တာတွေစားပါလို့ ပညာရှင်တွေပြောပါတယ်။ ဒါပေမယ့် glycemic index အကြောင်း သာမန်လူတွေ နားလည်ဖို့ခက်ပါတယ်။ သာမန်လူတွေနားနည်နိုင်တဲ့ စကားနဲ့ပဲပြောပါရစေ။ ကင်ဆာဝေဒနာသည်တွေ သန့်စင်ထားတဲ့သကြား လုံးဝမစားပါနဲ့။ အသီးတွေလျော့စားပါ။ အရွက်တွေပိုစားပါ။ သကြားတွေလျော့စားရမဲ့အပြင် သွေးတွင်း သကြားပမာဏကိုလည်း လျော့ချဖို့ အကြံပေးကြတယ်။ ဆဲလ်တွေ glucose ပိုသုံးနိုင်အောင် ဗိုက်တာမင်တွေ၊ လေ့ကျင့်ခန်းတွေ နှင့် လုပ်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားကို မျှတအောင်ထိန်းနိုင်မှ ကင်ဆာရောဂါကုသမှုအတွက် အကျိုးရှိပါမည်။ Drs. Hoffer နှင့် Pauling တို့က ကင်ဆာဝေဒနာရှင်တွေကို အဆီနည်းနည်း၊ နို့ထွက်ပစ္စည်းနည်းနည်း၊ သကြားနည်းနည်းပါဝင်တဲ့ သဘာဝအစားအစာတွေကျွေးတယ်။ ဗိုက်တာမင် နှင့် သတ္တုဓာတ်တွေကို therapeutic doses အထိတိုက်ပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့ကြတယ်။ ကင်ဆာဝေဒနာရှင် ၁၂၉ ယောက်မှာ ၃၁ ယောက်က အစာအဟာရထောက်ပံ့မှုမယူဘူး။ ( ၃၁ ) ယောက်လုံး ၆ လလောက်ထိပဲ အသက်ရှင်တယ်။ အဟာရထောက်ပံ့မှု အစီအစဉ်ယူတဲ့ ကင်ဆာဝေဒနာသည် ၉၈ ယောက်မှာ ၁၉ ယောက်က ၁၀ လ လောက်အသက်ရှင်တယ်။ ၄ရ ယောက်က ၆ နှစ်ထိ အသက်ရှင်တယ်။ ကျန် ၃၂ ယောက်က ၁၀ နှစ်ကျော်အထိ အသက်ရှင်တယ်။ အနောက် ဗာဂျီးနီးယား ဆေးကျောင်းက ကင်ဆာအထူးကုတွေက ဆီးအိတ်ကင်ဆာဝေဒနာသည် ၆၅ ယောက်နဲ့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့တယ်။ ပထမအဖွဲ့ကို လူတွေနေ့စဉ်လိုသလောက် ဗိုက်တာမင် နှင့် သတ္တုဓာတ်ပမာဏ( RDA ) အတိုင်းတိုက်တယ်။ ဒုတိယအဖွဲ့ကို ပုံမှန် RDA အပြင် ဗိုက်တာမင် A ( 40,000 iu )၊ ဗိုက်တာမင် B6 ( 100 mg ) ၊ ဗိုက်တာမင် C ( 2,000 mg ) ၊ ဗိုက်တာမင် E ( 400 iu )နှင့် ဇင့် ( zinc ) 90 mg ပါဖြည့်တိုက်တယ်။ တိုက်ကျွေးပြီး ၁၀ လ အကြာမှာ ပုံမှန် RDA ပမာဏပဲ တိုက်တဲ့ ကင်ဆာဝေဒနာသည်ရဲ့ ၈၀% မှာ ကင်ဆာရောဂါပြန်ဖြစ်ပြီး ဗိုက်တာမင် အပိုတွေတိုက်တဲ့ ကင်ဆာဝေဒနာသည် ၄၀ % မှာသာ ကင်ဆာရောဂါပြန်ဖြစ်တယ်။ တိုက်ကျွေးပြီး ၅ နှစ်အကြာမှာ ပုံမှန် RDA ပမာဏပဲ တိုက်တဲ့ ကင်ဆာဝေဒနာသည်ရဲ့ ၉၁ % မှာ ကင်ဆာရောဂါပြန်ဖြစ်ပြီး ဗိုက်တာမင် အပိုတွေတိုက်တဲ့ ကင်ဆာဝေဒနာသည် ၄၁ % မှာသာ ကင်ဆာရောဂါပြန်ဖြစ်တယ်။
941
3
ဆဲလ်တွေစွမ်းအင်မြင့်မားဖို့ ပိုစားရမဲ့ အဟာရတွေလည်းရှိပါတယ်။ CoQ10 ပါဝင်သော အစားအစာတွေဖြစ်တဲ့ သဘာဝအတိုင်းမွေးထားတဲ့ ကြက်သား၊အမဲသား၊ အသည်း၊ နှလုံး၊ ကျောက်ကပ်၊ ငါး၊ နို့ထွက်ပစ္စည်း၊ စတော်ဘယ်ရီသီး၊ ပနိးသီး၊ ထောပတ်သီး၊ ပန်းစိမ်း၊ ပန်းဂေါ်ဖီ၊ ကန်စွန်းဥ၊ သံလွင်ဆီ၊ အစေ့အဆန်တွေကိုပိုစားပေးပါ။ CoQ10 က antioxidant တစ်ခုဖြစ်ပြီး လူတွေရဲ့ ကျန်းမာရေးအတွက်အရေးကြီးပါတယ်။ COQ10 က နှလုံး၊ မုန့်ချိုအိတ်၊ အသည်း၊ ကျောက်ကပ်တွေရဲ့ ဆဲလ်တွေကို ကာကွယ်ပေးတယ်။ COQ10 လျော့နည်းသွားလျှင် ရောဂါတော်တော်များများဖြစ်လာနိုင်ပါတယ်။ COQ10 တွေက စွမ်းအင်ထုတ်နိုင်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ D-Ribose ကို ခန္ဓာကိုယ်ကထုတ်ပေးနိုင်ပါတယ်။ စွမ်းအင်ထုတ်လုပ်ရာမှာ D-Ribose ဆိုတဲ့ သကြားလိုအပ်ပါတယ်။ D-Ribose က စွမ်းအင်မြင့်လာအောင် ပြုလုပ်ပေးရုံမက အိပ်လို့ကောင်းစေတယ်။ နာကျင်မှု သက်သာစေတယ်။ စိတ်ကြည်လင်စေတယ်။ D-Ribose ကို နာတာရှည် ပင်ပန်းနွမ်းနယ်နေသူတွေကို ပေးလေ့ရှိတယ်။ ဝက်သား၊ အမဲသား၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ နှင့် မှိုတွေမှာ D-Ribose သကြားပါလေ့ရှိတယ်။ စွမ်းအင်ထုတ်လုပ်ခြင်း၊ ကယ်စီယမ်စုပ်ယူခြင်း နှင့် အရိုးကြွက်သားကျန်းမာရေးမှာ မက်ဂနီဆီယမ်က အလွန်အရေးကြီးပါတယ်။ သီဟိုဋ္ဌ်စေ့၊ နေကြာစေ့၊ ပန်းစိမ်း၊ ငှက်ပျောသီးအစရှိသည်တွေမှာ မက်ဂနီဆီယမ်ပါတယ်ဆိုပါတယ်။ Alpha Lipoic Acid က ရောင်ရမ်းခြင်းကို လျော့နည်းစေတယ်။ သွေးတွင်း သကြားကိုထိန်းပေးတယ်။ ဆဲလ်တွေရဲ့စွမ်းအင်ကို မြင့်တက်စေတယ်။ မြက်စားတဲ့ တိရစ္ဆာန်တွေရဲ့ အသားတွေမှာ Alpha Lipoic Acid ပါဝင်ပါတယ်။ ဟင်းနုနယ်၊ ပန်းစိမ်း၊ အားလူး၊ ခရမ်းချဉ်သီးလို့ အသီးအနှံတွေမှာလည်း Alpha Lipoic Acid ပါပါတယ်။ စပျစ်သီး နှင့် ဘယ်ရီသီးတွေမှာပါတဲ့ resveratrol က mitochondria တွေရဲ့လုပ်ငန်းဆောင်တာကို မြင့်တက်စေတယ်ဆိုပါတယ်။ နုပျိုစေပြီး ကင်ဆာကို ကာကွယ်ပေးပါတယ်။ ကင်ဆာဝေဒနာသည်တွေအနေနှင့် ကင်ဆာပျောက်ဖို့ မျှော်လင့်ချက်မရှိလျှင်တောင် နောက်ဆုံးကျန်တဲ့နေ့ရက်တွေမှာ ဘဝရဲ့တန်ဖိုးမြင့်နေအောင်နေလို့ရပါတယ်။ DR.PHYO MAUNG MAUNG #drpmmfn
667
4
Cancer ( ကင်ဆာ ) အပိုင်း ( ၂ ) အမေရိကန် လူဦးရေရဲ့ အနည်းဆုံး ၂၀% လောက်မှာ ဆေးရုံတက်ကုသရလောက်အောင် အဟာရချို့ခြင်းရှိနေတယ်ဆိုပါတယ်။ လူဦးရေရဲ့ ရ၀ % လောက်က ဆေးရုံတက်မကုသရပေမည့် အဟာရချို့တဲ့နေသူတွေဖြစ်တယ်ဆိုပါတယ်။ အဟာရချို့တဲ့သူတွေဖျားတဲ့အခါ အဟာရချိုတဲ့ခြင်းပိုဆိုးကုန်ပါတယ်။ ဆေးရုံတက်ရကုသရလျှင် အဟာရချိုတဲ့မှု မိုးထိုးကုန်ပါလိမ့်မည်။ ကင်ဆာရောဂါဖြစ်လျှင်တော့ အဟာရချိုတဲ့မှု အဆိုးဆုံးဖြစ်လာပြီး ဘဝအရည်အသွေး နှင့် အသက်ရှင်နိုင်ချေတွေ ကျဆင်းသွားပါလိမ့်မည်။ ကမ္ဘာပေါ်မှာ စားစရာတွေပေါပါတယ်။ ကျန်းမာရေးအတွက် စားသင့်တာတွေတော့ ရှားပါတယ်။ ကျွန်တော်တို့မှာ အဟာရပြည့်ဝအောင် စားဖို့ ရွေးချယ်စရာ နည်းပါတယ်။ အစာလမ်းကြောင်းရောဂါတွေနှင့် အစာခြေစနစ် အားမကောင်းတာတွေကြောင့် စားထားတဲ့ အဟာရကို ကောင်းကောင်းမစုပ်ယူနိုင်ဘူးဆိုပါတယ်။ ဖျားနာခြင်း၊ ရောဂါတွေ၊ အရက်တွေ၊ ဓာတုဆေးတွေကြောင့် ခန္ဓာကိုယ်ထဲရှိနေတဲ့ အဟာရတွေ ကုန်ဆုံးသွားတတ်တယ် တစ်ရက် ဆေးလိပ်သောက်လိုက်ခြင်းဖြင့် အဆုတ်ကင်ဆာမဖြစ်လာသလို အဟာရမပြည့်တာကို တစ်ရက်လောက်စားလိုက်ခြင်းဖြင့် နာတာရှည်ရောဂါတော့ မရနိုင်ပါ။ ဒါပေမယ့် ရေရှည် အဟာရမပြည့်တာတွေစားတဲ့အခါ ခန္ဓာကိုယ်ထဲက ဗိုက်တာမင် နှင့် သတ္ထုဓာတ်တွေ နည်းလာပါလိမ့်မည်။ ဗိုက်တာမင်ဓာတ်တွေချို့တဲ့လာတဲ့အခါ အင်ဇိုင်းလုပ်ငန်းတွေကျဆင်းလာလိမ့်မည်။ နောက်ပိုင်း အိပ်မပျော်ခြင်း ၊ အစားအသောက်ပျက်ခြင်း ၊ ကိုယ်အလေးချိန်ပြောင်းလဲခြင်း နှင့် ခုခံအားကျဆင်းခြင်းတွေဖြစ်ပါလိမ့်မည်။ အဟာရချိုတဲ့မှုမှုကြောင့် ရောဂါတွေ ဝင်လာမည်။ အစာကောင်းကောင်းကောင်းရွေးစားမည်ဆိုလျှင် ကင်ဆာအားလုံးရဲ့ ၃၀% ကနေ ၉၀% ထိ ကာကွယ်နိုင်တယ်ဆိုပါတယ်။ ပုံမှန်ဆဲလ်ကနေ ကင်ဆာဆဲလ်ပြောင်းဖို့ ရက်ပေါင်းများစွာကြာပါတယ်။ ပုံမှန်ဆဲလ်ကနေ ကင်ဆာရောဂါဖြစ်ဖို့ anaplasia အဆင့်၊ metaplasia အဆင့် ၊ dysplasia အဆင့်ဆိုပြီး ကင်ဆာရောဂါမဖြစ်ခင်အခြေအနေတွေဖြတ်ကျော်ရပါတယ်။ ကင်ဆာရောဂါ မဖြစ်ခင်အခြေအနေမှာ အချို့သော ဗိုက်တာမင် နှင့် အဟာရတွေက ကင်ဆာဆဲလ်တွေ ဆက်မဖြစ်အောင်တားပေးနိုင်တဲ့အပြင် ကင်ဆာဖြစ်ခါနီးဆဲလ်တွေကို ပုံမှန်ဆဲလ်တွေ ပြန်ဖြစ်သွားစေတယ်ဆိုပါတယ်။ ဗိုက်တာမင် folate နှင့် ဗိုက်တာမင် B-12 က အဆုတ်လေပြွန်ကင်ဆာဖြစ်ခါနီးအခြေအနေ ( bronchial metaplasia ) နှင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ခါနီးအခြေအနေ ( cervical dysplasia ) တွေကို ပုံမှန်ဆဲလ်အခြေအနေရောက်အောင်ပြောင်းနိုင်တယ်ဆိုပါတယ်။ ဗိုက်တာမင် A, C, E က အူမကြီးကင်ဆာ ( colorectal adenomas ) ပျောက်ကင်းမှုအတွက် အကျိုးပြုတယ်ရေးပါတယ်။ ဗိုက်တာမင် ပမာဏတွေက သောက်မည့်သူရဲ့ ကျန်းမာရေးအခြေအနေ နှင့် ဘာအကျိုးရလဒ်လိုချင်လဲဆိုတာပေါ်မူတည်ပြီး နေ့စဥ်လိုအပ်ချက်ထက်ပိုနိုင်တယ်ဆိုပါတယ်။ ဥပမာ Niacin ( 20 mg ) သောက်လျှင် ပယ်လဂရာ ( pellagra ) ပျောက်ပါတယ်။ Niacin ( 100 mg ) သောက်လျှင် သွေးကြောတွေ ကျယ်လာစေပါတယ်။ Niacin ( 2000 mg) သောက်လျှင် ကိုလက်စထရောကျစေသော အစွမ်းရှိပါတယ်။ ဗိုက်တာမင်ဆေးပမာဏများများသောက်တာကို therapeutic dosages သောက်တယ်လို့ပြောပါတယ်။ ကင်ဆာရောဂါကာကွယ်မှုအတွက် တစ်ချို့ဗိုက်တာမင်တွေ therapeutic dosages သောက်ရနိုင်ပါတယ်။ ကင်ဆာဝေဒနာသည်တွေအနေနှင့် တတ်ကျွမ်းတဲ့ ကင်ဆာဆရာဝန် ၊ ခွဲစိတ်ဆရာဝန် နှင့် ကုသပါ။ ဆရာဝန်တွေက ကင်ဆာရောဂါတွေရဲ့ ဝန်ထုတ်ကိုလျော့ချပေးပြီး ပိုနေလို့ကောင်းအောင် ပိုအသက်ရှည်အောင်လုပ်ပေးနိုင်ပါတယ်။ ငါသက်တမ်းစေ့နေနိုင်ရမည်ဆိုတဲ့ စိတ်လည်းထားပါ။ ကင်ဆာဝေဒနာသည်အနေနှင့် ခန္ဓာကိုယ်ကို အားရှိအောင်လည်း ပြုလုပ်ပေးရပါမည်။ စွမ်းအားပြည့်နေတဲ့ ခန္ဓာကိုယ်က ကင်ဆာရောဂါ နှင့် ကင်ဆာကုသမှုဒဏ်ကို ပိုခံနိုင်ရည်ရှိပါမည်။ ကင်ဆာဝေဒနာသည်ဟာ သန့်စင်ထားတဲ့သကြား၊ ပြုပြင်ထားတဲ့အစားအစာ၊ ခန္ဓာကိုယ်ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ အစားအစာတွေကို လျော့ချစားသုံးပါ။ အဟာရပြည့်တဲ့အစားအစာတွေ ပိုစားပေးရပါမည်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။ လေ့ကျင့်ခန်းပြုလုပိခြင်းဖြင့် ဆဲလ်တွင်းစွမ်းအင်ထုတ်ပေးတဲ့ စက်ရုံတွေ (mitochondria) ရဲ့ ကျန်းမာရေးကောင်းလာပါလိမ့်မည်။ ကြွက်သားစွမ်းအင်မြင့်လာပြီး ခုခံစွမ်းအားမြင့်လာမည်။ အရင်ကထက် ပိုအိပ်ပျော်လာမည်။ ဆဲလ်တွေရဲ့ mitochondriaပမာဏရှိသည့်ကို မျှတစေတယ်။ ကင်ဆာဝေဒနာသည်တွေအနေနှင့် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုကို တတ်နိုင်သလောက်လုပ်ပေးပါ။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရောင်ရမ်းစေပြီး ဆဲလ်တွေရဲ့ လုပ်ငန်းကိုထိခိုက်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုလျော့ချဖို့၊ ကောင်းကောင်းအိပ်ပေးဖို့လိုပါမည်။ တစ်ရက် ရ-၈ နာရီလောက်အိပ်ဖို့လိုပါမည်။
556
5
တိရစ္ဆာန်တွေကို စမ်းသပ်တဲ့ သုသေတနတွေမှာ HCAs များပြားစွာပါဝင်တဲ့ အစာတွေကို ကျွေးကြည့်တဲ့အခါ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နှင့် အသည်းကင်ဆာတွေ ပိုဖြစ်တယ်ဆိုပါတယ်။ ပညာရှင်တွေက အစားအစာတွေကို ကင်မစားဖို့ နှင့် အပူချိန်ပြင်းပြင်း နှင့် အချိန်အကြာကြီးချက်မစားဖို့ အကြံပေးကြပါတယ်။ ကဆီဓာတ်များတဲ့ ပေါင်မုန့်မီးကင်တို့၊ အာလူးကြော်တို့မှာ ကင်ဆာရောဂါဖြစ်စေတဲ့ acrylamide ဓာတ်ပေါင်းတွေသိပ်များတယ်ဆိုပါတယ်။ အကျက်လွန်တဲ့ အစားအစာနှင့် candida လို့ခေါ်တဲ့ မှိုတွေကလည်း ဆက်စပ်မှုရှိတယ်ဆိုပါတယ်။ အကျက်လွန်တဲ့ အစားအစာတွေကြောင့် ရင်ပူခြင်း နှင့် အစာနှင့် ဓာတ်မတည့်ခြင်းဖြစ်နိုင်တယ်ဆိုပါတယ်။ ပြုပြင်ထားတဲ့ အသင့်စားအစားတွေကို ရှောင်သလို အကျက်လွန်တဲ့ အစားအစာတွေကိုလည်းရှောင်ပါလို့ ကျန်းမာရေးပညာရှင်တွေပြောပါတယ်။ အစာမှာပါဝင်တဲ့ ဆိုးဆေးတွေနှင့် အူမကြီးကင်ဆာက အဆက်အစပ်ရှိပါတယ်။ ဒါကြောင့် ဆိုးဆေးပါသောအစားအစာတွေကိုလည်း ရှောင်ပါ။ သကြားအလွန်အကျွံစားခြင်းအားဖြင့် ခါးထုတ်လာပြီး အစာရေမျိုကင်ဆာ၊ အူကင်ဆာ၊အူမကြီးကင်ဆာ၊ ရင်သားကင်ဆာဖြစ်နိုင်ချေတိုးလာတယ်လို့ဆိုပါတယ်။ ဒါကြောင့် သကြားအများကြီးစားခြင်းကိုလည်း သတိပြုပါ။ #drpmmfn
458
6
Cancer ( ကင်ဆာ ) အပိုင်း ( ၁ ) ကင်ဆာရောဂါဆိုတာ ကင်ဆာအကျိတ်ပါဝင်တဲ့ ရောဂါအစုအဝေးတစ်ခုဖြစ်ပြီး ထိုကင်ဆာအကျိတ်က ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေကို ထိုးဖောက်ဝင်ရောက်ပြန့်နှံ့နိုင်ပါတယ်။ ကင်ဆာဆဲလ်ဆိုတာ ဆဲလ်တစ်လုံး လုပ်ဆောင်ရမည့် ကိစ္စတွေ၊ တာဝန်တွေကို ကောင်းကောင်း မထိန်းသိမ်းနိုင်တော့သလို တစ်ခြားဆဲလ်တွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း မှားယွင်းအောင်အားပေးအားမြှောက်ပြုပါတယ်။ ကင်ဆာရောဂါကို နည်းစနစ်တကျ မကုသဘူးဆိုလျှင် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးမည်။ အစားစားချင်စိတ်ကို လျော့ကျစေပြီး ကိုယ်တွင်းအဟာရချို့တဲ့မည်။ ခုခံအားလည်း ကျဆင်းစေတာကြောင့် ရောဂါတွေဝင်လာမည်။ နောက်ဆုံးတော့ စောစီးစွာ သေဆုံးကြပါတယ်။ ဒါကြောင့် လူအများစုက ကင်ဆာရောဂါဖြစ်မှာ ကြောက်ကြတယ်။ မျိုးရိုးဗီဇကြောင့် ကင်ဆာရောဂါဖြစ်နိုင်ပါတယ်။ ဒါပေမယ့် the truth about cancer ဆိုတဲ့စာအုပ်မှာ ကင်ဆာရောဂါဆိုတာ ခုခံစွမ်းအား ရှုံးနိမ့်ခြင်းလို့ သုံးနှုန်းပါတယ်။ ခုခံအားစနစ်ရဲ့အလုပ်က မူမမှန်ဆဲလ်တွေကို ဖယ်ထုတ်ဖို့ဖြစ်ပါတယ်။ ကင်ဆာဆဲလ်ဆိုတာ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ချိန်လုံးဖြစ်နေပြီး ကင်ဆာအကျိတ်တွေ မဖြစ်လာတာက ခန္ဓာကိုယ်ရဲ့ ခုခံစနစ်ကောင်းမွန်နေလို့ဖြစ်ပါတယ်။ ခုခံအားစနစ်မကောင်းလျှင် ကင်ဆာဆဲလ်တွေကနေ ကင်ဆာအကျိတ်ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို နှောက်ယှက်နေတဲ့ များစွာသောအကြောင်းအချက်တွေရှိပါတယ်။ ပတ်ဝန်းကျင်မှာ လူတွေသုံးနေတဲ့ ဓာတုပစ္စည်းပေါင်း ၅ သန်းလောက်ရှိပါမည်။ ကင်ဆာရောဂါဖြစ်စေတယ်လို့ တရားဝင်သိနေတဲ့ ဓာတုပစ္စည်းတွေက ၂ သောင်းလောက်ရှိတယ်။ မလေ့လာရသေးတဲ့ ကင်ဆာရောဂါဖြစ်စေသော ဓာတုပစ္စည်း ဘယ်နှစ်မျိုးရှိမလဲဆိုတာ မှန်းလို့မရသေးပါ။ အခုခေတ်ကမ္ဘာကြီးမှာ အဆိပ်တွေနဲ့ ကင်းအောင်နေလို့မရဘူး။ ဒါကြောင့် အဆိပ်တွေနဲ့ ထိတွေ့မှုနည်းအောင် နည်းလမ်းရှာရပါမည်။ လေထုညစ်ညမ်းခြင်းကြောင့် လူတော်တော်များများရဲ့ ကျန်းမာရေးယိုယွင်းပျက်စီးလာကြပါတယ်။ ကင်ဆာရောဂါလို နာတာရှည်ရောဂါတွေလည်း အတော်ဖြစ်ကြတယ်။ စက်ရုံ နှင့် ကားကထွက်တဲ့မီးခိုးတွေ၊ အကင်ဆိုင်က အနံတွေ နှင့် မီးခိုးတွေကြောင့် လေထုထဲ အညစ်အကြေးတွေများလာတယ်။ ညစ်ညမ်းနေတဲ့ လေထုကိုသန့်စင်ပေးနိုင်တဲ့ အပင်တွေ အင်မတန်ရှားပါးလာတာကြောင့်လေထုညစ်ညမ်းခြင်းရဲ့ ဆိုးကျိုးတွေက တွေးထားတာထက် ပိုများနိုင်ပါတယ်။ လူဦးရေထူထပ်တဲ့နေရာတွေမှာ လေထုညစ်ညမ်းမှုအတော်သိသာတယ်။ လေထုညစ်ညမ်းခြင်းဟာ ကင်ဆာရောဂါဖြစ်စေသောအကြောင်းအချက်တစ်ခုဖြစ်တယ်လို့ အမေရိကန်ကင်ဆာဂျာနယ်က ရေးပါတယ်။ အိမ်တွင်းလေထုမှာ အညစ်အကြေးအဆိပ်တွေ မများလာအောင် ကာကွယ်ရမည်။ အိမ်ကို လေဝင်လေထွက်ကောင်အောင်ထားပါ။ ခြင်နိုင်ဆေးမထွန်းပဲ နေနိုင်အောင်ကြိုးစားပါ။ လေသန့်ဆေးဗူးမှာပါတဲ့ limonene က အိုဇုန်းနဲ့ပေါင်းပြီး ကင်ဆာဖြစ်စေတဲ့ formaldehyde ( ဖော်မဲဒီဟိုက် ) ကို ထုတ်ပေးပါတယ်။ ဖော်မဲဒီဟိုက်က လည်ချောင်းကင်ဆာ နဲ့ သွေးကင်ဆာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် air fresher တွေ လျော့ချသုံးစွဲပါ။ လေသန့်စင်ပေးတဲ့အပင်တွေ စိုက်ပါ။ အခုခေတ်မှာ သောက်ရေအနေနှင့် ရေသန့်ဗူးတွေသောက်ကြတယ်။ တစ်ချို့ရေသန့်ဗူး ရဲ့ ပလတ်စတစ်မှာပါတဲ့ BPA နှင့် သင်ကြားရေး နှင့် အမူအကျင့် ပြသနာများ၊ခုခံအားစနစ်ပြောင်းသွားခြင်း၊ဆီးကြိတ် နှင့် ရင်သားကင်ဆာ၊အဝလွန်ခြင်း၊စောစီးစွာ အရွယ်ရောက်ခြင်းတွေက ဆက်စပ်နေတယ်ဆိုပါတယ်။ ရေသန့်ဗူးသောက်ခြင်းအားဖြင့် phthalates နှင့် ထိတွေ့မှုရှိနိုင်ပါတယ်။ Phthalates က ဟိုမုန်းတွေ မညီမျှအောင်လုပ်ပေးပြီး ကင်ဆာရောဂါဖြစ်စေတယ်လို့လည်းပြောကြတယ်။ အရွက်စားခြင်းက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမည့် အပင်တွေစိုက်တဲ့အခါ ခွင့်မပြုတဲ့ပိုးသတ်ဆေးသုံးမည်။ ပိုးသတ်ဆေးကို လိုတာထက်ပိုသုံးမည်ဆိုလျှင် အသီးအရွက်တွေမှာလည်း အဆိပ်တွေရှိနေနိုင်ပါတယ်။ စားသုံးသူအနေနှင်တတ်နိုင်မည်ဆိုလျှင် အော်ဂဲနစ်အသီးအရွက်တွေ ဝယ်စားပါ။ အော်ဂဲနစ်တွေ ဝယ်မစားနိုင်လျှင် အသီးအရွက်တွေချက်စားတော့မည်ဆိုလျှင် ဆားရည် , ရှာလကာရည်နှင့် ကြာကြာစိမ်ထားပါ။ ရေနှင့်လည်းထပ်ခါထပ်ခါဆေးပါ။ ပြုပြင်ထားသော အသား နှင့်အနီရောင်အသားက ကင်ဆာရောဂါဖြစ်စေနိုင်တယ်လို့ အမေရိကန်ကင်ဆာအဖွဲ့ကပြောပါတယ်။ တစ်ရက်မှာ hot dog လို ပြုပြင်ထားတဲ့အသား 50 ဂရမ်လောက်စားလျှင် အူမကြီးကင်ဆာဖြစ်နိုင်ချေ ၁၈% လောက်တိုးသွားတယ်ဆိုပါတယ်။ အသားတွေကို အပူချိန်ပြင်းပြင်းနှင့် အချိန်အကြာကြီးချက်တဲ့အခါ HCAs နှင့် PAHs လို့ ခေါ်တဲ့ ကင်ဆာရောဂါဖြစ်စေနိုင်သော ပစ္စည်းတွေထွက်လာတတ်ပါတယ်။ ချက်ပြုတ်နေစဉ် မီးခိုး နှင့် ထိတွေ့တဲ့အစားအစာတွေနှင့် တူးသွားတဲ့အစားအစာတွေမှာ ဒီဓာတ်နှစ်မျိုးပိုဖြစ်တယ်ဆိုပါတယ်။ သုသေတနတွေမှာလည်း ကင်ဆာရောဂါ နှင့် အကျက်လွန်တဲ့ အစားအစာတွေဆက်စပ်နေကြောင်း ရေးထားတာမြောက်မြားစွာတွေ့ရပါတယ်။
527
7
ကင်ဆာရောဂါ နှင့် မယ်လတိုနင် မယ်လတိုနင်ဖြည့်စွက်စာက သဘာဝအိပ်ဆေးဖြစ်ပါတယ်။ မယ်လတိုနင် ဖြည့်စွက်စာကို ညအိပ်ချိန်မှာသောက်ပေးလျှင် ခန္ဓာကိုယ်အတွင်းက ဇီဝနာရီကို ပြန်မှန်ကန်လာစေတယ်။ သိုင်းမတ်ဂရင်းကို နှိုးဆော်ပေးပြီး ခုခံအားမြင့်စေတယ်။ ကလပ်စည်းတွေ ပျက်စီးခြင်းကို နည်းသွားစေတယ်လို့ရေးပါတယ်။ မယ်လတိုနင်ကို ကင်ဆာကုသမှုတွေအတွက် အသုံးပြုတဲ့အခါ ♦ ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်းတို့ကြောင့်ဖြစ်တဲ့ အဆိပ်သင့်မှုတွေကို လျော့ကျစေတယ်။ ♦ အသည်းကင်ဆာလူနာ ၁၄ ယောက်မှာ ၅ ယောက် (၃၆%) မှာရှိတဲ့ ကင်ဆာအကျိတ်တွေသေးသွားတယ်ဆိုတယ်။ ♦ ကင်ဆာဆေးမတိုးတော့တဲ့ လူနာတွေကို မယ်လတိုနင် ပေးကြည့်တဲ့အခါ ဘဝအရည်အသွေးတွေ တိုးတက်လာတယ်။ ကင်ဆာကြီးထွားမှုကို ထိန်းချုပ်နိုင်တယ်ဆိုပါတယ်။ ♦ ကင်ဆာဆေး cisplatin ကုသလို့ မသက်သာတဲ့ အဆုတ်ကင်ဆာဝေဒနာသည်တွေကို မယ်လတိုနင် ပေးကြည့်တဲ့အခါ ထူးခြားမှုရှိတယ်ရေးတယ်။ လေ့လာဖို့လိုလိမ့်အုန်းမည်။ ♦ မယ်လတိုနင်က IL-2 therapy ကြောင့်ဖြစ်လာတဲ့ သွေးတွင်းသွေးမွှားလေးများကျဆင်းခြင်း (thrombocytopenia) ကို ကာကွယ်ပေးတယ်ရေးတယ်။ ♦ အရေပြားကင်ဆာလူနာတွေမှာ မယ်လတိုနင် အသုံးပြုမှုက အကျိုးရှိတယ်ရေးတယ်။ ♦ ကင်ဆာကုသမှုတွေမထိရောက်တဲ့လူနာတွေမှာ မယ်လတိုနင် ပေးလိုက်တဲ့အခါ လူနာတွေရဲ့ ၃၉% လောက်မှာ အကျိုးရှိလာတယ်ဆိုပါတယ်။ သုသေတနထပ်လုပ်ရပါအုန်းမည်။ ♦ မယ်လတိုနင် နှင့် Tamoxifen ကို ရင်သားကင်ဆာလူနာတွေမှာပေါင်းကုတဲ့အခါ Tamoxifen တစ်ခုတည်းကုတာထက် အကျိုးပိုရှိတယ်ဆိုပါတယ်။ #drpmmfn
814
8
နေရာင်ခံခြင်း နေရောင်ခြည်နှင့်ထိတွေ့မည်ဆိုလျှင် ကျန်းမာရေးအတွက် များစွာအကျိုးရှိပါတယ်။ နေရောင်နှင့်ထိတွေ့တဲ့အခါ အရေပြားအပေါ်ယံလွှာမှာဖြစ်လာတဲ့ nitric oxide က သွေးကြောတွေကို ကျယ်လာစေပါတယ်။ ဒါကြောင့် ၁၅ မိနစ်ခန့် နေရောင်ခံခြင်းက သွေးတိုးကျစေပါတယ်။ မျက်လုံးအတွင်း ထိုးဖောက်ဝင်ရောက်လာတဲ့ နေရောင်ခြည်က ဦးနှောက်အတွင်း ဟိုမုန်းဆီလိုတိုနင် ( serotonin ) ကိုထွက်ပေါ်လာစေပါတယ်။ ဆီလိုတိုနင်က အာရုံစူးစိုက်မှုကောင်းမွန်လာစေတယ်။ စိတ်ဓာတ်ခွန်အားမြင့်တက်လာစေပါတယ်။ ဒါကြောင့် နေရောင်မခံတဲ့အခါ စိတ်ကျရောဂါပိုဖြစ်တယ်ပြောပါတယ်။ မနက်ခင်းမှာ ၁၅ မိနစ်ခန့် နေရောင်ခံခြင်းက seasonal affective disorder (SAD) စိတ်ကျရောဂါတစ်မျိုးကို ပျောက်ကင်းစေပါတယ်။ နေပူဆာလှုံပေးတဲ့ အေဇိုင်းများရောဂါသည်တွေမှာ စိတ်ကျရောဂါရဲ့ ရောဂါလက္ခဏာအဖြစ်နည်းတယ်လို့ လေ့လာမှုတွေကရေးတယ်။ အရေပြားကို နေရောင်မှာရှိတဲ့ Ultraviolet B (UVB) ထိတွေ့လိုက်တဲ့အခါ အရေပြားမှ ဗိုက်တာမင် D အမြောက်အများ ထုတ်ပေးနိုင်ပြီး အရိုးကိုသန်မာစေတယ်။ မိနစ်အနည်းငယ် နေရောင်ခံခြင်းဖြင့် ခန္ဓာကိုယ်က ဗိုက်တာမင် D ယူနစ် တော်တော်များများ ဖန်တီးနိုင်ပါတယ်။ တစ်ရက် ၁၅ မိနစ်ခန့် နေရောင်ခံခြင်းဖြင့် ကလေးများအရပ်ပိုရှည်လာစေတယ်လို့ရေးပါတယ်။ နေရောင်ရဲ့ UVB က မှန်ကို မဖောက်ဝင်နိုင်တာကြောင့် ဗိုက်တာမင် D အတွက် နေရောင်ခံမည်ဆိုလျှင် အခန်းအပြင်ထွက်မှရပါမည်။ နေရောင်က အဝတ်ကိုလည်း မဖောက်နိုင်တာကြောင့် နေရောင်ခံတော့မည်ဆိုလျှင် အရေပြားပေါ်လွင်တဲ့ အဝတ်အစားတွေ ဝတ်ရပါမည်။ ဗိုက်တာမင် D ရရှိဖို့ နေရောင်ခံမည်ဆိုလျှင် နေရောင်ခံလိမ်းဆေး မလိမ်းထားဖို့လိုပါမည်။ ကိုယ်အရိပ်က ကိုယ့်အရပ်ထက် ပိုပြီးတိုတဲ့အချိန်မှာ နေရောင်ခံမှ ခန္ဓာကိုယ်က ဗိုက်တာမင် D ကောင်းကောင်းထုတ်နိုင်မည်လို့ ဗိုက်တာမင် D ကောင်စီက ရေးပါတယ်။ ၂၀၀၈ မှာပြုလုပ်ထားတဲ့ လေ့လာမှုတစ်ခုအရ ရေကူးဝတ်စုံနှင့် မိနစ် ၃၀ နေရောင်ခံတဲ့အခါ အသားဖြူတဲ့သူတွေက ဗိုက်တာမင် D ( 50,000 international units or IUs) ရပါတယ်။ အသားညိုတဲ့သူတွေက ဗိုက်တာမင် D ( 20,000 IUs ကနေ 30,000 IUs ) အထိရနိုင်ပါတယ်။ အသားမည်းတဲ့သူတွေက ဗိုက်တာမင် D ( 8,000 IUs ကနေ 10,000 IUs ) အထိရနိုင်တယ်။ နေရောင်ခံပြီးပြီးချင်း ရေမချိုးဖို့လိုပါမည်။ နေရောင်ခံလိုက်တဲ့အခါ အရေပြားမှာ ဗိုက်တာမင် D ဖြစ်နိုင်ချေရှိတဲ့ ဓာတ်ပေါင်းတွေများလာပါတယ်။ ကိုယ်ခန္ဓာက ဒီလိုဓာတ်ပေါင်းတွေကို စုပ်ယူဖို့ အချိန် ၂ နာရီခန့်ကြာတယ်လို့ရေးပါတယ်။ ဒါကြောင့် နေရောင်ခံပြီး ၂နာရီနောက်ပိုင်းမှ ရေချိုးပါ။ မနက်ခင်းမှာ အနည်းဆုံး ၅ မိနစ်ခန့် နေပူဆာလှုံပေးခြင်းဖြင့် ဝက်ခြံ၊ နှင်းခူ နှင့် အရေပြားမှိုရောဂါတွေကို သက်သာစေတယ်ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO ) ရဲ့ အဆိုအရ နေရောင်ခံခြင်းဖြင့် နှင်းခူရောဂါ၊ ဆိုရေးရီးစစ်၊ အသားဝါခြင်း နှင့် ဝက်ခြံကဲ့သို့သော အရေပြားရောဂါတွေကို သက်သာစေတယ်ပြောပါတယ်။ ဒါပေမယ့် အရေပြားရောဂါသည်တွေအနေနှင့် နေရောင်ခံသင့်၊ မခံသင့် အရေပြားအထူးကုကိုမေးပါ။ နေရောင်ခံတဲ့အခါ ​ရေလုံလောက်အောင်သောက်ထားဖို့လိုပါမည်။ နေရောင်ခံတဲ့အခါ ခန္ဓာကိုယ်က အပူချိန်ကို ထိန်းညှိတာကြောင့် အရေပြားပေါ်မှာရှိတဲ့ သွေးကြောတွေမှာ သွေးစီးဆင်းမှုပိုများလာပါလိမ့်မည်။ ရေဓာတ်လုံလောက်ခြင်းဖြင့် နေလောင်ခြင်းရဲ့ ဆိုးကျိုးကို လျော့ချပေးနိုင်ပါတယ်။ နေရောင်ခံချိန် သတ်မှတ်ချက်က အရေပြားအရောင်ပြောင်းချိန်ရဲ့ တစ်ဝက်ခန့်ရှိရပါမည်။ ပထမအကြိမ် နေရောင်ခံတဲ့အခါ မိမိရဲ့အသားအရောင်ပြောင်းချိန်က မိနစ် ၂၀ ဖြစ်နေလျှင် နောက်တစ်ခါ နေရောင်ခံချိန်က ၁၀ မိနစ်လောက်ဖြစ်သင့်ပါမည်။ အသားမည်းသူတွေတွေက နေရောင်ခံချိန်ပိုများနိုင်ပြီး အသားဖြူသူတွေက နေရောင်ခံချိန် အချိန်တိုနိုင်ပါတယ်။ နေရောင်ခံခြင်းက collagenase အင်ဇိုင်းတွေကို လှုံ့ဆော်ပေးပြီး အရေပြားမှာရှိတဲ့ collagen တွေကို ပျက်စီးစေတာကြောင့် နေရောင်ခံခြင်းက အိုမင်းရင့်ရော်စေပါတယ်။ တစ်ချို့သောရောဂါတွေမှာ နေရောင်ခံခြင်းက ဆိုးကျိုးဖြစ်စေပါတယ်။ ခရမ်းလွန်ရောင်ခြည်ကအရေပြားကို ဖောက်ဝင်နိုင်ပြီး DNA ကို ပျက်ဆီးစေနိုင်တာကြောင့် အရေပြားကင်ဆာဖြစ်နိုင်ပါတယ်။ နေရောင်ခြည်ရဲ့အကျိုးအကုန်အစင်ရဖို့ နေရောင်ခံချိန် ဘယ်လောက်ယူရမလဲဆိုတာ သုသေတနပညာရှင်တွေအပါအဝင် မည်သူမှ သေချာမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ နေရောင်ခံတဲ့အခါ ၁၀ မိနစ် နှင့် ၁၅ မိနစ်ကြားဆိုလုံလောက်ပါတယ်။ တစ်ပတ် ၂ ကြိမ်ကနေ ၃ ကြိမ် နေရောင်ခံပေးလို့ရပါတယ်။ နေရောင်ကြောင့် အသားအရောင်ပြောင်းသွားတယ်ဆိုတာ အသားအရေ ပျက်ဆီးသွားတာပါ။ နေရောင်ခြည်က အိုမင်းရင့်ရော်စေပါတယ်။ ဒါကြောင့် မိနစ် ၂၀ အထက် နေပူဆာ မလှုံဖို့ လိုပါမည်။ #drpmmfn
729
9
Melatonin (မယ်လတိုနင်) ဦးနှောက်ရဲ့ အလယ်မှာရှိတဲ့ ပဲစေ့အရွယ် pineal ဂရင်းက မယ်လတိုနင်ဟိုမုန်း ထုတ်ပေးပါတယ်။ မယ်လတိုနင်က ဦးနှောက်အတွင်းမှာ ဆီလိုတိုနင် ( serotonin )ကို မြင့်တက်စေပြီး အိပ်မောကျစေပါတယ်။ ည ၉ နာရီ နဲ့ ၁၀ နာရီကြားမှာ မယ်လတိုနင်ဟိုမုန်းထွက်လာပြီး အိပ်ငိုက်တတ်ပါတယ်။ မနက်နေထွက်လာတဲ့အခါ မယ်လတိုနင် ထုတ်လုပ်ခြင်း လျော့နည်းလာပြီး ရပ်သွားတတ်ပါတယ်။ မယ်လတိုနင်က မြန်မြန်အိပ်ပျော်စေပြီး ကြာကြာအိပ်စေတယ်။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။ ခန္ဓာကိုယ်အတွင်းမှာ ပုံမှန်အတိုင်း မယ်လတိုနင်ထွက်နေတဲ့အခါ ကောင်းမွန်စွာအိပ်ပျော်ပါတယ်။ အလုပ်ချိန် ခဏခဏပြောင်းနေရတဲ့လူတွေ၊ ခရီးခဏခဏထွက်ပြီး အချိန်ဇုန်ပြောင်းနေရတဲ့သူတွေ နှင့် ညဘက် ဖုန်း၊ကွန်ပြူတာသုံးတဲ့သူတွေမှာ မယ်လတိုနင် ထုတ်လုပ်ခြင်း ကျဆင်းသွားပြီးအိပ်မပျော်ဖြစ်တတ်ပါတယ်။ မယ်လတိုနင်ဖြည့်စွက်စာကို ခဏခဏ အိပ်ရာပြောင်းအိပ်ရတဲ့သူတွေ၊ အိပ်ချိန်ပြောင်းရတဲ့ အလုပ်သမားအချို့ နှင့် လေယဉ်စီးပြီး ကမ္ဘာပတ်နေရသူတွေအတွက် ရည်ရွယ်ထုတ်ထားတာပါ။အိပ်ရာပြောင်း၊အိပ်ချိန်ပြောင်းတဲ့သူတွေအနေနှင့် မယ်လတိုနင်ဖြည့်စွက်စာကို 0.5 မှ 5 mg [milligrams] အထိသောက်နိုင်ပါတယ်။ မယ်လတိုနင်ဖြည့်စွက်စာ (3-20 mg) ကို ညအိပ်ချိန်မှာသောက်ပေးတဲ့အခါ ခန္ဓာကိုယ်တွင်းရှိ ဇီဝနာရီကို ပြန်မှန်ကန်လာစေပါတယ်။ ကင်ဆာအကျိတ်ကိုတိုက်ခိုက်ပေးတဲ့ ခုခံအားစနစ်ကို မြင့်လာစေပါတယ်။ သိုင်းမတ်ဂရင်းကို နှိုးဆော်ပေးပြီး ခုခံအားမြင့်စေပါတယ်။ ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်းတို့ကြောင့်ဖြစ်တဲ့ အဆိပ်သင့်မှုတွေကို လျော့ကျစေတယ်။ ကလပ်စည်းတွေ ပျက်စီးခြင်းကို နည်းသွားစေတယ်လို့ရေးပါတယ်။ မယ်လတိုနင်ဖြည့်စွက်စာကို ကင်ဆာရောဂါကုသမှုတွေမှာသုံးနိုင်ပါတယ်။ မယ်လတိုနင်ဖြည့်စွက်စာ သောက်ခြင်းဖြင့် အသည်းကင်ဆာလူနာ ၁၄ ယောက်မှာ ၅ ယောက် (၃၆%) မှာရှိတဲ့ အကျိတ်တွေသေးသွားတယ်လို့ ဆိုပါတယ်။ အရေပြားကင်ဆာလူနာတွေမှာ မယ်လတိုနင်ဖြည့်စွက်စာ အသုံးပြုမှုက အကျိုးရှိတယ်ရေးပါတယ်။ မယ်လတိုနင်ဖြည့်စွက်စာ နှင့် tamoxifen ကို ရင်သားကင်ဆာ လူနာတွေမှာ ပေါင်းကုတဲ့အခါ Tamoxifen တစ်ခုတည်း ကုတာထက် အကျိုးပိုရှိတယ်ဆိုပါတယ်။ မယ်လတိုနင်က IL-2 therapy ကြောင့်ဖြစ်လာတဲ့ သွေးတွင်းသွေးမွှားလေးများကျဆင်းခြင်း (thrombocytopenia)ကို ကာကွယ်ပေးတယ်ရေးပါတယ်။ Cisplatin ကုသလို့ မသက်သာတဲ့ အဆုတ်ကင်ဆာဝေဒနာသည်တွေကို မယ်လတိုနင် ပေးကြည့်တဲ့အခါ ထူးခြားမှုရှိတယ်ရေးပါတယ်။ ကင်ဆာဆေးမတိုးတော့တဲ့ လူနာတွေကို မယ်လတိုနင် ပေးကြည့်တဲ့အခါ ဘဝအရည်အသွေးတွေ တိုးတက်လာပြီး ကင်ဆာကြီးထွားမှုကို ထိန်းချုပ်နိုင်တယ်ဆိုပါတယ်။ မယ်လတိုနင်ဖြည့်စွက်စာက အော်တဇင်ကလေးအချို့မှာ ဖြစ်တတ်တဲ့ အိပ်မပျော်တဲ့ရောဂါကို သက်သာစေပါတယ်။ အော်တဇင်ကလေးတွေမှာ မယ်လတိုနင်ဖြည့်စွက်စာကို 1mg ကနေ စတိုက်လေ့ရှိပါတယ်။ မယ်လတိုနင်ဖြည့်စွက်စာ 9 mg ထက်ပိုတိုက်လို့မရဘူးလို့ဆိုပါတယ်။ ကလေးအသက်အရွယ်၊ ကျန်မာရေးအနေအထားပေါ်လည်းမူတည်ပြီးပမာဏအပြောင်းအလဲလုပ်ပါတယ်။ ရေရှည်သုံးတာ စိတ်ချရပါ့မလား၊ ဆေးအမျိုးအစားခြားနားမှုမှာ ရလဒ်ကွာနိုင်လား။ ဒါတွေကလေ့လာဖို့လိုသေးတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မလယ်တိုနင်က အန္တရာယ်ကင်းပါတယ်။ တစ်ချို့ မယ်လတိုနင် နဲ့ ဆိုင်တဲ့ MTNR1B gene ရှိတဲ့သူအချို့မှာ မယ်လတိုနင် သောက်ပြီးတဲ့အခါ အင်ဆူလင်အတွက်နည်းပြီး ဆီးချိုတက်လာတတ်တယ်လို့ ဆွိဒင်နိုင်ငံသုသေတနတစ်ခုမှာ ရေးသားထုတ်ဖော်ခဲ့ပါတယ်။ Dr.PHYO MAUNG MAUNG #drpmmfn
702
10
အိပ်ချိန် မလုံလောက်ခြင်း မယ်လတိုနင် ( melatonin ) နှင့် ဆီလိုတိုနင် ( serotonin ) ဟိုမုန်းတွေက အစာစားချင်စိတ်၊ စိတ်အခြေအနေ၊ အိပ်စက်ခြင်း နှင့် ဇီဝနာရီ အပါအဝင် ခန္ဓာကိုယ်ရဲ့ သက်ရှိလုပ်ဆောင်ချက်တွေနှင့် သက်ဆိုင်ပါတယ်။ မယ်လတိုနင်ဟိုမုန်းက ညအချိန် ဇီဝလုပ်ငန်းတွေ နှင့် သက်ဆိုင်ပြီး ဆီလိုတိုနင်ဟိုမုန်းက နေ့အချိန် ဇီဝဖြစ်စဉ်တွေ နှင့် သက်ဆိုင်ပါတယ်။ မယ်လတိုနင် နှင့် ဆီလိုတိုနင် ဟိုမုန်း နှစ်ခုပေါင်းစုခြင်းဖြင့်ခန္ဓာကိုယ်ရဲ့ ဇီဝလုပ်ငန်းတွေကို ဟန်ချက်ညီညီလှုပ်ရှားစေပါတယ်။ ဆီလိုတိုနင်ဟိုမုန်းကို ပျော်ရွှင်အောင်ပြုလုပ်ပေးတဲ့ ဆေးဝါးအနေနဲ့ တင်စားကြတယ်။ ဆီလိုတိုနင်ဟိုမုန်းက ခံစားမှုကောင်းစေသောဟိုမုန်းဖြစ်ပြီး တက်ကြွလန်းဆန်းမှု ၊ စိတ်ဖြေလျော့မှု နှင့် ပတ်ဝန်းကျင်ပေါ်အကောင်းမြင်စိတ်ကို ဖြစ်စေတယ်။ ခန္ဓာကိုယ်က ဆီလိုတိုနင်ဟိုမုန်းကို မနက်စောစောထုတ်ပေးပြီး နိုးထချိန် ထိုင်းမှိုင်းမှုတွေကို ပျောက်ကွယ်သွားစေတယ်။ မနက်အချိန်မှာ ဆီလိုတိုနင်ဟိုမုန်း လုံလောက်အောင်ရရှိဖို့ အလင်းရောင်ကို ကောင်းစွာထိတွေ့ရမည်။ အိမ်ခန်းကို အလင်းဝင်အောင်လုပ်ဆောင်ထားရမည်။ လေကောင်းလေသန်းရှုနိုင်လျှင် ပိုကောင်းတယ်။ ဥအမျိုးမျိုး၊ ကြက်သား၊ အခွံမာသီး နှင့် အစေ့အဆန်တွေက ဆီလိုတိုနင်ဟိုမုန်းထွက်ပေါ်မှုကို တိုးတက်စေတယ်။ မယ်လတိုနင်ဟိုမုန်းကို ညအချိန်အမှောင်မှာ ထုတ်ပေးပါတယ်။ အိပ်စက်ခြင်းသုသေတီတွေအဆိုအရ မယ်လတိုနင်ဟိုမုန်းထွက်လာစေပြီး အိပ်စက်ခြင်းကို နှိုးဆော်ဖို့ အလင်းတွေကို ပိတ်ထားဖို့ နှင့် လိုအပ်လျှင် မျက်လုံးအကာအကွယ် တပ်ဆင်ထားဖို့လိုပါလိမ့်မည်။ မယ်လတိုနင်ဟိုမုန်းမရှိတဲ့အခါ ကောင်းမန်စွာ အိပ်စက်ဖို့ခက်တဲ့အပြင် ခန္ဓာကိုယ်ရဲ့ ပြုပြင်ခြင်းဖြစ်စဉ်တွေ မဖြစ်နိုင်ဘူးရေးပါတယ်။ ညအချိန်မှာ မယ်လတိုနင်ဟိုမုန်း ထွက်လာစေဖို့ အလင်းရောင်လျော့ထားရမည်။ ဖုန်း နှင့် laptop အပါအဝင် အလင်းရောင်ထွက်တဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို ပိတ်ထားရမည်။ ချယ်ရီသီး၊ ဌက်ပျောသီး နှင့် နို့တွေက မယ်လတိုနင်ထုတ်လုပ်မှုကို များပြားစေတယ်။ ပတ်ဝန်းကျင်မှာ အလင်းရောင်ရှိတဲ့အခါ ဆီလိုတိုနင်ဟိုမုန်းထွက်လာပြီး တက်ကြွလန်းဆန်းလာမည်။ ညအမှောင်မှာ မယ်လတိုနင်ဟိုမုန်း ထွက်လာပြီး အိပ်ပျော်အောင် ကူညီပေးမည်။ ခန္ဓာကိုယ်မှာ ဆီလိုတိုနင်ဟိုမုန်း ချိုတဲ့သောအခါ စိတ်လက်မအီမသာဖြစ်မည်။ စိတ်ဓာတ်ကျမည်။ ညအချိန်မှာ မယ်လတိုနင်ဟိုမုန်း လုံလောက်အောင်မထွက်တဲ့အခါ အိပ်မပျော်ဖြစ်မည်။ အိပ်ရေးပျက်ရောဂါရမည်။ အမေရိကန်လူမျိုး ၃ ယောက်မှာ အိပ်ချိန် အပြည့်အဝ မရသူ ၁ ယောက်ရှိတယ်လို့ AASM ( the American Academy of Sleep Medicine ) နှင့် the Sleep Research Society ရေးပါတယ်။ အိပ်ချိန်မလုံလောက်ခြင်းကြောင့် ခုံခံအားစနစ်ကျဆင်းသွားပါတယ်။ အိပ်ချိန် မလုံလောက်သူတွေမှာ ဖျားနာခြင်းပိုဖြစ်နိုင်ပါတယ်။ တစ်ည ၅ နာရီအောင် လျော့နည်းပြီးအိပ်တဲ့အခါ နှလုံးကျန်းမာရေးထိခိုက်နိုင်တယ်လို့ the European Heart Journal က ရေးပါတယ်။ အိပ်ချိန် မလုံလောက်ခြင်းကြောင့် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ နှင့် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ မြင့်တက်လာနိုင်ပါတယ်။ တစ်ညလောက် ကောင်းကောင်းမအိပ်ခြင်းကြောင့်လည်း စဉ်းစားနိုင်စွမ်းကျဆင်းနိုင်ပါတယ်။ အိပ်ချိန်မလုံလောက်ခြင်းကြောင့် မှတ်ဉာဏ်၊ ဆုံးဖြတ်နိုင်စွမ်း၊ စဉ်းစားတွေးခေါ်မှု၊ ပြသနာဖြေရှင်းနိုင်စွမ်း ဆိုးဝါးနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝတဲ့အခါ အမှားအများကြီးလုပ်နိုင်ပါတယ်။ အိပ်ချိန် မလုံလောက်ခြင်းကြောင့် လုပ်ငန်းခွင်ထိခိုက်အန္တရာယ်လည်း များနိုင်တယ်ရေးပါတယ်။ အိပ်ချိန် မလုံလောက်ခြင်းကြောင့် အိမ်ထောင်ရေးသုခ ပျက်စီးနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ တစ်ပတ်အထက် အိပ်ချိန် မလုံလောက်ခြင်းကြောင့် ကျားဟိုမုန်းလျော့နည်းလာပြီး အမျိုးသားစွမ်းအင်ကျဆင်းစေတယ်ရေးပါတယ်။ အိပ်ချိန် မလုံလောက်ခြင်းကြောင့် ခါးတုတ်ပြီး အဝလွန်နိုင်တယ်လို့ရေးပါတယ်။ သီခြားလေ့လာမှု ၁၀ ခုလောက်မှာ အိပ်ရေးမဝခြင်းနှင့် ဆီးချိုရောဂါ အဆက်အစပ်ရှိတယ်ရေးပါတယ်။ အရေပြားကျန်းမာရေးလည်းထိခိုက်နိုင်တယ်ရေးပါတယ်။ အိပ်ရေးမဝတဲ့အခါ 📌 ညအိပ်ရေးမဝသူတွေအနေနှင့် ခုခံအားစနစ်ကို အနှောက်အယှက်ပေးတတ်သော ရယ်ဒီမိတ်အစားအစာများ၊ အားဖြည့်အချိုရည်များ၊ သကြားပါသော စားစရာများရှောင်ပါ။ 📌 ရေရှည်အိပ်ရေးမဝတဲ့အခါ ကီတိုစားခြင်း နှင့် fasting လုပ်ခြင်းအားဖြင့် နာတာရှည်ရောဂါဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်ပါတယ်။ 📌 ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ကျဉ်ရပါမည်။ 📌 နေရောင်ခံပါ။ ညဘက်အိပ်ရေးပျက်သူတွေအနေနဲ့ ဗိုက်တာမင် D ( 2000 iu ) ကနေ ( 5000 iu ) အထိသောက်ပြီး ဗိုက်တာမင် D ပမာဏကို 40-60 ng/ml ရောက်အောင်ထားရမည်ပြောပါတယ်။ 📌 ခုခံအားမြင့်တက်စေသော လင်ဇီးမှိုလို adaptogens တွေ သောက်ပေးနိုင်ပါတယ်။ ရေရှည်အိပ်ရေးမဝတဲ့အခါ shilajitဆိုတဲ့ ဖြည့်စွက်စာသောက်ပေးနိုင်တယ်လို့ရေးပါတယ်။ 📌 ရေရှည်အိပ်ရေးမဝတဲ့အခါ ဗိုက်တာမင် C ဖြည့်စွက်ဆေးတွေက ဘာမှ အထောက်အကူမပြုဘူးလို့ ရေးပါတယ်။ DR.PHYO MAUNG MAUNG #drpmmfn
631
11
အိပ်မပျော်ခြင်း ( Insomnia ) အိပ်ခြင်းဆိုတာ လူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ လူလေးယောက်မှာ တစ်ယောက် အိပ်မပျော်ခြင်းပြသနာရှိတယ်ဆိုပါတယ်။ အိပ်မပျော်ခြင်းကြောင့် ဘဝအရည်အသွေးတွေ လျော့ကျနိုင်ပါတယ်။ နာတာရှည်ရောဂါဖြစ်နှုန်း နှင့် သေဆုံးနိုင်ချေ မြင့်လာတတ်ပါတယ်။ လေယာဉ်စီးပြီး အချိန်ဇုံပြောင်းခရီးသွားသူတွေမှာ ဖြစ်တတ်တဲ့ အိပ်မပျော်ခြင်း (jet lag ) ကို transient insomnia လို့ ခေါ်ပါတယ်။ Transient insomnia က ရက်အနည်းငယ်ကနေ တစ်ပတ်လောက်ထိကြာတတ်ပါတယ်။ စိတ်ဖိစီးမှုများ၊ ပတ်ဝန်းကျင်ပြောင်းလဲမှုများ၊ စိုးရိမ်စိတ်များကြောင့် acute insomnia ဖြစ်နိုင်ပါတယ်။ Acute insomnia ကတော့ သီတင်းပတ်အချို့ထိကြာတတ်ပါတယ်။ လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ အိပ်မပျော်ခြင်းကို နာတာရှည်အိပ်မပျော်ခြင်း ( chronic insomnia ) လို့ ခေါ်ပါတယ်။ နာတာရှည်အိပ်မပျော်ခြင်းကြောင့် ကျန်းမာရေး၊ ဘဝအရည်အသွေး၊ ဘေးကင်းလုံခြုံမှုတွေ လျော့သွားနိုင်ပါတယ်။ စိတ်ကြောင့် အိပ်မပျော်ခြင်းဖြစ်နိုင်သလို အိပ်မပျော်ခြင်းကြောင့် စိတ်ရောဂါ ပိုမိုဆိုးဝါးနိုင်ပါတယ်။ အရိုးအဆစ် နှင့် ကြွက်သားရောဂါများ၊ နှလုံးရောဂါများ၊ အစာအိမ်အူလမ်းကြောင်းရောဂါများ၊ ဆီးလမ်းကြောင်းရောဂါများ၊ အာရုံကြောရောဂါများ၊ အသက်ရှုလမ်းကြောင်းရောဂါများကဲ့သို့ သော​ရောဂါကြီးများ နှင့် အိပ်မပျော်ခြင်းက ဆက်စပ်နေပါတယ်။ ဟိုမုန်းများကလည်း အိပ်စက်ခြင်းအပေါ် အကျိုးသက်ရောက်နေပါတယ်။ အမျိုးသမီးများ သွေးဆုံးပြီး 3 နှစ်လောက်ကြာတဲ့အခါ အိပ်မပျော်ခြင်း 40% လောက်တိုးသွားတယ်ပြောပါတယ်။အချို့ဓာတုဆေးဝါးများကြောင့် အိပ်မပျော်ခြင်း ဖြစ်နိုင်ပါတယ်။ ကော်ဖီသောက်ခြင်းကလည်း အိပ်မပျော်ခြင်းဖြစ်စေနိုင်ပါတယ်။ ကော်ဖီရဲ့အကျိုးသက်ရောက်မှုက 3 နာရီ နှင့် 7 နာရီအတွင်းရှိပါတယ်။ ကော်ဖီအများကြီးသောက်ခြင်း နှင့် ကော်ဖီကို ခဏ၊ ခဏသောက်ခြင်းက ကော်ဖီရဲ့ အကျိုးသက်ရောက်မှုကို ပိုကြာသွားစေပါတယ်။ ဒါကြောင့် ကော်ဖီကို အလွန်အကျွံသောက်တတ်သူတွေမှာ အိပ်မပျော်ခြင်းဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း နှင့် အရက်သောက်ခြင်းတွေကလည်း အိပ်မပျော်ခြင်းဖြစ်စေနိုင်ပါတယ်။ အိပ်မပျော်ခြင်းကို ကုသပေးတဲ့ အမူအကျင့်ဆိုင်ရာကုသမှုတစ်ခုက “sleep hygiene " ဖြစ်ပါတယ်။ Sleep hygiene ရဲ့အကြံပြုချက်တွေက အိပ်ခန်းအတွင်း အလင်း နှင့် ဆူညံသံကို လျော့ခိုင်းပါတယ်။ အိပ်ယာမဝင်မီ အစာအများကြီးမစားဖို့ အကြံပေးပါတယ်။ ကော်ဖီ၊ ဆေးလိပ်၊ အရက်ကို လျော့သောက်ခိုင်းပါတယ်။ မအိပ်ခင် 2 နာရီအတွင်း ကိုယ်လက်လေ့ကျင့်ခန်းမလုပ်သင့်ဘူးလို့ ဆိုပါတယ်။ အပြာရောင်အလင်းထွက်တဲ့ ဖုန်း နှင့် အီလက်ထရွန်နစ် ပစ္စည်းအသုံးပြုခြင်းကို လျော့ခိုင်းပါတယ်။ နှိုးစက်ကိုလည်း အဝတ် နှင့် ဖုံးထားဖို့ပြောတယ်။ အိပ်ချင်မှ အိပ်ယာထဲသွားဖို့ အိပ်ယာထဲမှာ မအိပ်ပဲအကြာကြီးမနေဖို့ အကြုံပြုတဲ့ sleep restriction therapy နှင့် sleep hygiene therapy ကို ပေါင်းအသုံးချလျှင် အိပ်ပျော်ဖို့ ပိုလွယ်တယ်ပြောပါတယ်။ လေ့ကျင့်ခန်း နေ့စဉ်လုပ်ဖို့လည်း ပြောပါတယ်။ အိပ်မပျော်ခြင်းဆိုတာ သာမန်ပြသနာမဟုတ်ပါ။ အိပ်မပျော်ခြင်းအချိန်ကြာလာတဲ့အခါ ကျန်းမာရေးအတွက် ဆိုးကျိုးရှိပါတယ်။ ဒါကြောင့် အိပ်မပျော်ခြင်းကြာရှည်ခံစားနေရမည်ဆိုလျှင် သက်ဆိုင်ရာဆရာဝန် နှင့်ပြပါ။ အမူအကျင့်တွေလည်းပြောင်းကြည့်ပါ။ လိုအပ်မည်ဆိုလျှင် ဆိုးကျိုးနည်းတဲ့ အိပ်ပျော်စေသောဖြည့်စွက်စာတွေ သုံးကြည့်ပါ။ သဘာဝအိပ်ဆေး melatonin (မယ်လတိုနင်) ဖြည့်စွက်စာကို ခဏခဏ အိပ်ရာပြောင်းအိပ်ရတဲ့သူတွေ၊ အိပ်ချိန်ပြောင်းရတဲ့ အလုပ်သမားအချို့ နှင့် လေယဉ်စီးပြီး ကမ္ဘာပတ်နေရသူတွေအတွက် ရည်ရွယ်ထုတ်ထားတာပါ။ အိပ်ရာပြောင်း၊အိပ်ချိန်ပြောင်းတဲ့သူတွေအနေနှင့် မယ်လတိုနင်ဖြည့်စွက်စာကို 0.5 မှ 5 mg အထိသောက်နိုင်ပါတယ်။ မယ်လတိုနင်က မြန်မြန်အိပ်ပျော်စေပြီး ကြာကြာအိပ်စေတယ်။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။ ခန္ဓာကိုယ်အတွင်းမှာ ပုံမှန်အတိုင်း မယ်လတိုနင်ထွက်နေတဲ့အခါ ကောင်းမွန်စွာအိပ်ပျော်ပြီး နာတာရှည်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ကွန်ပြူတာ , ဖုန်းတွေက ထွက်တဲ့လှိုင်းတွေက ဆဲလ်တွင်းကယ်ဆီယမ်ပမာဏ များသွားစေတယ်။ ပိုပြီးများလာတဲ့ ကယ်ဆီယမ်က ဆဲလ်တွေရဲ့ ပုံမှန်အလုပ်တွေကို အနှောက်အယှက်ပေးပါတယ်။ ဒါကြောင့် ဖုန်းသုံးများတဲ့သူတွေမှာ ညဘက်အိပ်မပျော်ခြင်းဖြစ်နိုင်ပါတယ်။ မက်ဂနီဆီယမ်က ဆဲလ်တွင်းကယ်ဆီယမ်ပမာဏကို ထိန်းပေးနိုင်ပြီး ဇီဝနာရီထိန်းညှိပေးနိုင်ပါတယ်။ အိပ်မပျော်ခြင်းအတွက် Magnesium threonate 144 mg လောက် သောက်နိုင်ပါတယ်။ ကိုယ်တွင်း ဇင့်ပမာဏများတဲ့အမျိုးသမီးများက ဇင့်ပမာဏနည်းတဲ့အမျိုးသမီးများထက် အိပ်ချိန်ပိုရှည်ပါတယ်။ မက်လတိုနင်၊ မက်ဂနီဆီယမ် နှင့် ဇင့် ကို အတူတကွသောက်ခြင်းဖြင့် သက်ကြီးသူများရဲ့ အိပ်စက်ခြင်းအလေ့အကျင့် ပြန်လည်ကောင်းမွန်လာစေပါတယ်။ DR.PHYO MAUNG MAUNG #drpmmfn
932
12
ပန်းသီးရှလကာရည် ( ACV ) Vs ပအုန်းရည် ( NPV )
ပန်းသီးရှလကာရည် ( ACV ) Vs ပအုန်းရည် ( NPV )
821
13
တိရစ္ဆာန်တွေမှာ ပြုလုပ်တဲ့ လေ့လာမှုမှာ CLA ဟာ ကင်ဆာဖြစ်စေတဲ့ အဆိပ်တွေရန်က ကာကွယ်ပေးတယ်ဆိုပါတယ်။ ပုံမှန်ဆဲလ်ကနေ ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲခြင်းကို တားဆီးရာမှာလည်း ပါဝင်ကူညီတယ်။ ကင်ဆာကုသမှုတွေမှာ ပုံမှန်ဆဲလ်တွေကို ကာကွယ်ပေးပြီး ကင်ဆာဆဲလ်တွေကို ကင်ဆာဆေးတွေ သတ်နိုင်အောင် လုပ်ဆောင်ပေးတယ်ရေးပါတယ်။ အင်ဆူလင် နှင့် သွေးတွင်းသကြားပမာဏကိုလည်း ကောင်းမွန်စေတယ်ရေးတယ်။ လေ့လာမှုအချို့မှာ CLA က ခုခံအားစနစ်မြင့်တက်စေတယ်ရေးတယ်။ သကြားအစားများတဲ့သူမှာတော့ CLA ဟာ ခုခံအားစနစ်ကို မမြင့်စေဘူးပြောပါတယ်။ အခြေခံအားဖြင့်ရေးလျှင် CLA ဟာ ကင်ဆာကာကွယ်နိုင်တယ်။ နှလုံးရောဂါ နှင့် ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးတယ်။ #drpmm
979
14
ကင်ဆာရောဂါ နှင့် အဆီ အဆီကို ရောဂါကုသပေးနိုင်တဲ့ အဆီ၊ စားဖို့ သင့်တော်တဲ့ အဆီ နှင့် စားဖို့ မသင့်တဲ့ အဆီဆိုပြီး သုံးမျိုးခွဲလို့ရပါတယ်။ 1. ငါးကြီးဆီ , Evening primrose oil (EPO) , lecithin , နှမ်းဆီ , CLA တွေကို ရောဂါကုသရာမှာ အသုံးပြုကြတယ်။ 2. သံလွင်ဆီ, almond အဆီ, ထောပတ်သီးအဆီ , အုန်းဆီ ,ထောပတ် , canola အဆီ နှင့် ဖရုံစေ့အဆီတွေကို စားဖို့ သင့်တယ်လို့ဆိုပါတယ်။ 3. အကြော်ခံအဆီတွေ၊ ထပ်ခါထပ်ခါကြော်ထားတဲ့ အဆီတွေကို စားဖို့မသင့်ဘူးဆိုပါတယ်။ ကင်ဆာဝေဒနာသည်တွေစားသင့်တယ်လို့အကြံပြုတဲ့ အဆီအချို့ကို ရေးပေးပါမည်။ ( 1 ) ငါးကြီးဆီ ( fish oil ) အက်စကီးမိုးတွေမှာ ကင်ဆာအဖြစ်နည်းပါးရခြင်းကို မျိူးရိုးဆက်ခံမှု , သကြားမစားခြင်း , EPA ပါတဲ့ ငါးကြီးအဆီတွေစားခြင်း စသည့် အချက် ၃ ချက်နဲ့ ရှင်းပြလေ့ရှိတယ်။ သုသေတနတွေအရ ငါးကြီးဆီက သွေးတိုးရောဂါအတွက်လည်းကောင်းတယ်။ နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချပေးတယ်။ ရုတ်တရက် နှလုံးတိုက်ခိုက်ခံရတာကို သက်သာစေတယ်။ သန္ဓေသားကိုယ်လက်အင်္ဂါချို့ယွင်းမှုကို သက်သာစေတယ်။ အော်တိုအင်မြူးရောဂါကို ကုသနိုင်တယ်။ ရင်သားကင်ဆာရောဂါ, ဆီးကျိတ်ကင်ဆာရောဂါ, အူမကြီးကင်ဆာရောဂါဖြစ်ပွားနှုန်း လျော့ကျစေတယ်။ ငါးကြီးဆီကို ကင်ဆာရောဂါကုသမှုမှာ သုံးမည်ဆိုလျှင် ကင်ဆာရောဂါကြောင့် ခန္ဓာကိုယ်ယိုယွင်းပျက်ဆီးခြင်းကို တားနိုင်တယ်။ ကင်ဆာဆဲလ်တွေရဲ့ apotosis ကို ဖြစ်စေပြီး ကင်ဆာအကျိတ်ကိုသေကြေပျက်ဆီးစေတယ်။ ကင်ဆာရောဂါပျံ့နှံ့မှုကို နှေးစေတယ်။ ဆဲလ်တွေ အင်ဆူလင်ကြိုက်မှုကို မြင့်စေပြီး သွေးတွင်းသကြားဓာတ်ကို လျော့ချပေးတယ်။ ခုခံစနစ်ကို မြင့်တင်ထိန်းချုပ်ပေးတယ်။ ( 2 ) Cod liver oil Cod liver oil မှာ ဗိုက်တာမင် A နှင့် E ပါဝင်ပြီး ကင်ဆာဝေဒနာသည်တွေစားသင့်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ခုခံအားစနစ်ကို မြင့်တက်စေတယ်။ prostaglandin ( PGE-1 ) ထုတ်လုပ်မှုကို အားကောင်းစေတယ်။ ကင်ဆာဆဲလ်ပြန့်နှံမှုကိုတားပေးနိုင်တယ်။ ဆဲလ်နံရံတွေအားကောင်းလာစေပြီး အစာအဟာရစုပ်ယူမှုနှင့် အညစ်အကြေးစွန့်ထုတ်မှုကို ပြုလုပ်ပေးတယ်။ ( 3 ) ငါးမန်းအဆီ ( shark oil 1-6 g ) ငါးမန်းဆီက သွေးဖြူဥ သာမက သွေးနီဥပါတိုးတက်လာစေတယ်။ ငါးမန်းအဆီက သွေးနီဥတွေကို များလာစေပြီး သွေးအားနည်းရောဂါသက်သာစေတယ်ဆိုပါတယ်။ ဓာတ်ကင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ သွေးပျက်ဆီးမှုကို တားပေးနိုင်တယ်။ ဓာတ်ကင်နေတဲ့ ကင်ဆာဝေဒနာသည်ကို ဓာတ်ကင်မှုမစခင်၊ ဓာတ်ကင်နေစဉ် နှင့် ဓာတ်ကင်အပြီး ငါးမန်အဆီတိုက်ပေးလျှင် ဓာတ်ကင်မှုကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို ၅၀% ဝန်းကျင်လောက်ထိလျော့ချပေးနိုင်တယ်။ ငါးမန်အဆီက ကင်ဆာကြောင့် သေပျောက်နှုန်းလည်း လျော့စေတယ်ရေးတယ်။ သားအိမ်ကင်ဆာဝေဒနာသည်တွေမှာ ငါးမန်းအဆီက ကင်ဆာအကျိတ်တွေ သေးသွားသည်အထိ အကျိုးပြုတယ်လို့ ဆိုတယ်။ ( 4 ) Flax oil နှမ်းကြတ်စေ့အဆီမှာပါဝင်တဲ့ alpha-linolenic acid (ALA) ခန္ဓာကိုယ်က EPA အနေနှင့် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ နှမ်းကြတ်စေ့စားတဲ့ တိရစ္ဆာန်တွေက ကင်ဆာရောဂါဒဏ်ပိုခံနိုင်တယ်ရေးပါတယ်။ လူတွေအတွက်တော့ လေ့လာထားတာမရှိပါ။ ( 5 ) Evening primrose oil (1-6g ) ဘိုးဘွားတွေစားတဲ့ အစားအစာတွေမှာ gamma linolenic acid (GLA) ပါဝင်ပြီး ကျန်းမာရေးအကျိုးပြုတယ်ဆိုပါတယ်။ အခုခေတ် အမေရိကန်အများစုစားတဲ့ အသားတွေမှာ GLA ပါဝင်မှုအတော်နည်းပါးပါတယ်။ ခန္ဓာကိုယ်အတွင်း EPA နှင့် GLA အချိုး ၁:၄ လောက်ရှိမည်ဆိုလျှင် ကင်ဆာကာကွယ်တဲ့ စနစ်အတော်လေးအဆင်ပြေကောင်းမွန်လိမ့်မည်ဆိုပါတယ်။ လေ့လာမှုတစ်ခုမှာ ရင်သားကင်ဆာဝေဒနာသည်အမျိုးသမီးတွေကို GLA နှင့် tamoxifen အတူတူပေးတဲ့အခါ ကုသမှုအောင်မြင်ချေ ၄၀၀% လောက်ရှိလာတယ်ဆိုပါတယ်။ GLA ကို Evening primrose oil ကနေရနိုင်ပါတယ်။ ( 6 ) Conjugated linoleic acid (CLA) 1-3 grams CLA ကို ဆောင်းဦး နှင့် နွေရာသီမှာထွက်တဲ့ နွားနို့မှာ အများဆုံးတွေ့ရတယ်။ မြက်စားတဲ့ နွားတွေရဲ့ နို့မှာ CLA တွေ အများကြီးပါဝင်ပါတယ်။ CLA ကို ကင်ဆာကာကွယ်နိုင်တဲ့အဆီအဖြစ်သုံးနိုင်တယ်ဆိုတာ သိပ်မကြာသေးခင်က အသစ်တွေ့ထားတာပါ။ စိတ်လှုပ်ရှားစရာကောင်းပြီး ရင်ခုန်ဖို့လည်းကောင်းတဲ့ တွေ့ရှိမှုလို့ပြောပါတယ်။ တစ်ချို့လေ့လာမှုတွေမှာ အဆီအများကြီးစားလျှင် ကင်ဆာဖြစ်စေတယ်လို့ရေးတယ်။ ဒါပေမယ့် မကြာသေးခင်က လေ့လာမှုတစ်ခုမှာ မြက်စာနွားရဲ့နို့ကရတဲ့ အဆီကိုစားလျှင် ရင်သားကင်ဆာကာကွယ်နိုင်တယ်ဆိုပါတယ်။ အဟာရပညာရှင်တွေက အမဲသားစားလျှင် ကင်ဆာဖြစ်နိုင်ချေမြင့်တယ်ရေးတယ်။ လေ့လာမှုတစ်ခုမှာ အမဲသား နှင့် အဝါရောင်အသီးတွေပေါင်းစားလျှင် အူမကြီးကင်ဆာကို 75% ထိကာကွယ်နိုင်မည်ရေးတယ်။ CLA က ကင်ဆာသမားတွေကို အထောက်အကူပြုတယ်ဆိုပါတယ်။ CLA က ဆဲလ်အတွင်း ဆက်သွယ်မှုတွေမြင့်မားလာစေပြီး ဆဲလ်တွေ ဘယ်လိုကြီးထွားရမည်။ ဘယ်လိုသေဆုံးရမလဲဆိုတာ သိနိုင်အောင် အထောက်အကူပေးပါတယ်။
1 102
15
ကင်ဆာရောဂါ နှင့် အစားအစာ အမေရိကန် ကင်ဆာသုသေတနအင်စတီကျု ( the American Institute for Cancer Research ) နှင့် ကမ္ဘာ့ကျန်းမာရေးကင်ဆာသုသေတနရန်ပုံငွေအဖွဲ့က ၂၀၀၇ နိုဝင်ဘာမှာ အစီရင်ခံစာတစ်စောင်ကို ပူးပေါင်းထုတ်ဝေပါတယ်။ ၂၀၀၇ ကစပြီး အစီရင်ခံစာကို အစဥ်မပြတ်ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ၂၀၁၇ အစီအရင်ခံစာအရ ကင်ဆာနှင့် ပတ်သတ်ပြီး အောက်ပါသုံးသပ်ချက်အချို့ကို ဖော်ပြထားတယ်လို့ဆိုပါတယ်။ ✅ ကင်ဆာဖြစ်စေနိုင်သော အစားအစာများ (၁) ဆား နှင့် တာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေက အစာအိမ်ကင်ဆာဖြစ်စေနိုင်ပါတယ်။ (၂) အရက်သောက်ခြင်းဖြင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ ပါးစပ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ အစာရေမျိုကင်ဆာ နှင့် အစာအိမ်ကင်ဆာတွေကို ပိုဖြစ်စေပါတယ်။ (၃) Cantonese စတိုင် ဆားရေစိမ်ထားတဲ့ငါးတွေက နှာခေါင်းလည်ချောင်းကင်ဆာကိုဖြစ်စေတယ်ရေးပါတယ်။ (၄) ဝက်ပေါင်ခြောက်၊ အစာသွတ် ဝက်အူချောင်း နှင့် ဝက်ဆားနယ်ခြောက်တွေလို ပြုပြင်ထားတဲ့အသားတွေက အစာအိမ် နှင့် အူမကြီးကင်ဆာကို ပိုဖြစ်စေတယ်ရေးပါတယ်။ (၅) အမဲသား၊ ဝက်သား၊ ဆိတ်သား နှင့် သိုးသားလို အနီရောင်အသားတွေက အူမကြီးကင်ဆာဖြစ်စေတယ်ရေးပါတယ်။ (၆) ချိုလွန်းသောအစားအစာတွေက သားအိမ်နံရံကင်ဆာကိုဖြစ်စေတယ်ရေးပါတယ်။ (၇) Aflatoxins မှိုပါတဲ့အစားအစာတွေက အသည်းကင်ဆာဖြစ်နိုင်ချေမြင့်တယ်လို့ရေးပါတယ်။ ✅ ကင်ဆာဖြစ်ပွားနှုန်း လျော့ကျစေသော အစားအစာများ (၁) ကဆီဓာတ်မများတဲ့ ပန်းစိမ်း၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ ဂေါ်ဖီ၊ ဥနီ၊ ဆလတ်ရွတ်၊ သခွားသီးလို အသီးအရွက်တွေက ပါးစပ်၊ အစာရေမျို နှင့် အသံအိုးကင်ဆာတွေဖြစ်နှုန်းလျော့သွားစေပါတယ်။ (၂) အသီးတွေက အဆုတ်ကင်ဆာ၊ ပါးစပ်ကင်ဆာ၊ အစာရေမျို နှင့် အသံအိုးကင်ဆာတွေဖြစ်နှုန်းလျော့သွားစေပါတယ်။ (၃) အမျှင်ဓာတ်အများကြီးပါတဲ့အစားအစာတွေက အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေတယ်။ (၄) ဆန်လုံးညို နှင့် အုတ်စပါးလို whole grains တွေက အူမကြီးကင်ဆာကိုကာကွယ်နိုင်တယ်ရေးတယ်။ (၅) ကော်ဖီသောက်ခြင်းက အသည်းကင်ဆာ နှင့် သားအိမ်နံရံကင်ဆာကို တားဆီးပေးတယ်ရေးပါတယ်။ သုသေတတွေအရ သိပ္ပံပညာရှင်တွေအကြံပြုတာက အရမ်းချိုတဲ့ အချိုရည် နှင့် ကယ်လိုရီမြင့်တဲ့အစားအစာကို ရှောင်ရမည်။ အနီရောင်အသားကို 500 grams ထက်ပိုမစားရဘူး။ ပြုပြင်ထားတဲ့ အသားတွေကို နည်းနိုင်သမျှနည်းနည်းစားရမည်။ ကင်ဆာကာကွယ်ချင်သူများက အရက်မသောက်သင့်ဘူး။ ဆား ( 2,400 mg အောက် ) လျော့စားရမည်။ မှိုတက်နေတဲ့ grains နှင့် cereals တွေရှောင်စားရမည်။ #drpmm
1 034