en
Feedback
Healtppy - ဟက်ပီး

Healtppy - ဟက်ပီး

Open in Telegram

Official Channel of Healtppy.

Show more
7 845
Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
December '24
December '240
in 0 channels
November '240
in 0 channels
Get PRO
October '240
in 0 channels
Get PRO
September '240
in 0 channels
Get PRO
August '240
in 0 channels
Get PRO
July '240
in 1 channels
Get PRO
June '240
in 0 channels
Get PRO
May '240
in 0 channels
Get PRO
April '240
in 0 channels
Get PRO
March '24
+1
in 0 channels
Get PRO
February '240
in 1 channels
Get PRO
January '240
in 0 channels
Get PRO
December '230
in 0 channels
Get PRO
November '230
in 0 channels
Get PRO
October '23
+3
in 0 channels
Get PRO
September '23
+1
in 0 channels
Get PRO
August '23
+3
in 0 channels
Get PRO
July '23
+6
in 0 channels
Get PRO
June '23
+4
in 0 channels
Get PRO
May '23
+3
in 0 channels
Get PRO
April '23
+6
in 0 channels
Get PRO
March '23
+4
in 0 channels
Get PRO
February '23
+6
in 0 channels
Get PRO
January '230
in 0 channels
Get PRO
December '22
+75
in 0 channels
Get PRO
November '22
+66
in 0 channels
Get PRO
October '22
+19
in 0 channels
Get PRO
September '22
+23
in 0 channels
Get PRO
August '22
+10
in 0 channels
Get PRO
July '22
+21
in 0 channels
Get PRO
June '22
+660
in 0 channels
Get PRO
May '22
+448
in 0 channels
Get PRO
April '22
+13 837
in 0 channels
Date
Subscriber Growth
Mentions
Channels
03 December0
Channel Posts
2
𝗦𝘂𝗿𝘃𝗲𝘆 ဖြေပြီး 𝗣𝗵𝗼𝗻𝗲 𝗕𝗶𝗹𝗹 𝟱𝟬𝟬𝟬 လက်ဆောင်ယူကြမယ် 🎁🎁 ဟက်ပီးစာဖတ်ပရိတ်သတ်ကြီးတို့ကို ချောင်းဆိုးတာတို့ ချွဲကျပ်တာတို့ ဖြစ်လာရင် ဘယ်လို သက်သာအောက်လုပ်လဲ ဆိုတာနဲ့ပက်သတ်ပြီး Survey လေးတစ်ခုလောက်ကောက်ချင်ပါတယ်။ ပရိတ်သတ်ကြီးတို့က ဖြေပြီးရင် Screenshot လေးရိုက်ပြီး Comment မှာ မန့်ပေးနော်... အဲ့ထဲကမှ ၁၀ ယောက်ကို ရွေးခြယ်ပြီး တစ်ယောက်ကို ဖုန်းဘေလ် ၅၀၀၀ ကျပ်စီပေးသွားမှာဖြစ်ပါတယ်။ ဒါဆို အခုပဲ ဖြေလိုက်တော့နော်...😉 #Healthy #Happy #Healtppy #LiveLongerBetter
0
3
ပျိုမေတို့နဲ့ ချစ်ရေးချစ်ရာ အဖြေညှိရမည့်အချိန်ရောက်ပါပြီ 😍 အဖြေမှန်သူဆယ်ယောက်ကို Phone Bill ၅၀၀၀/- (ငါးထောင်)စီ လက်ဆောင်ပေးသ
ပျိုမေတို့နဲ့ ချစ်ရေးချစ်ရာ အဖြေညှိရမည့်အချိန်ရောက်ပါပြီ 😍 အဖြေမှန်သူဆယ်ယောက်ကို Phone Bill ၅၀၀၀/- (ငါးထောင်)စီ လက်ဆောင်ပေးသွားမှာနော်။ ပျိုမေတို့က ပို့စ်လေးကို Like & Public Share လုပ်ပြီး၊ Share လုပ်ထားတဲ့ Screenshot နဲ့ အတူ အဖြေမှန်လေးကို ကွန်မန့်မှာ မန့်ပေးရုံပဲနော်။ အစီစဉ်လေးက မေလ (၁၉) ရက်နေ့ ကနေ မေလ (၃၁) ရက်နေ့ ည ၁၀နာရီအထိ ပါဝင်လို့ရပါတယ်ရှင့်။ ဇွန်လ (၁) ရက်နေ့မှာတော့ ဖုန်းဘေလ် (၅၀၀၀) ကံထူးရှင် (၁၀) ဦးကို UNOSURE 72 Page မှာပဲ ကြေငြာပေးသွားမှာမို့လို့ ပါဝင်ပြီး သေချာလေး စောင့်ကြည့်ပေးနော်။ မေးခွန်းလေးကတော့ ချစ်မိလို့ အရေးပေါ်လာတဲ့အခါ UNOSURE 72 အရေးပေါ်တားဆေးကို ၁) ကောင်မလေးသောက်မယ် ၂) ကောင်လေးသောက်မယ် ၃) တစ်ယောက်တစ်ခြမ်းသောက်မယ် ပို့စ်လေးကို Share ပြီး အဖြေမှန်လေးကို မန့်ပေးခဲ့ပါရှင့်။ ❤️ဒါနဲ့ ပျိုမေတို့ရေ ချစ်တက်ရင် စိတ်ချရတာလေးဆောင်နော်။ 💞ဆက်ဆံပြီးပြီးချင်းသောက်သုံးလျှင် အထိရောက်ဆုံးဖြစ်ပါတယ်နော်။ Post Link » https://www.facebook.com/Unosure72MM/posts/pfbid035aXvLgdyD6fTFXepGL1D9BmuGt3QMxPLeT1YKtbvPrZwvHjpFJHVd78VwTP2kGGfl «« #UNOSURE_72 #Levonorgestrel_Tablet
0
4
No text...
0
5
မုန်တိုင်းနဲ့ရင်ဆိုင်နေရတဲ့ ဒေသခံတွေအနေနဲ့ ကျန်းမာရေးကိစ္စရှိလာခဲ့ရင် ဟက်ပီးကို ဆက်သွယ်ပြီး ဆရာဝန်နဲ့ အခမဲ့ ဆွေးနွေးနိုင်ပါပြီ ဆိုင်ကလုန်း မုန်တိုင်း "မိုခါ" ကြောင့် ကျန်းမာရေးပြဿနာတွေ ပြသတိုင်ပင်ဆွေးနွေးဖို့၊ ကုသဖို့ အခက်ကြုံနေရလား? စိတ်အေးအေးထားပါ။ ဟက်ပီးက သင်တို့ကျန်းမာရေးအတွက် ပြင်ဆင်ပေးထားပါတယ် ... “မိုခါ” မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ဘေးအန္တရာယ်ရင်ဆိုင်နေရသည့် ဒေသများမှ ပြည်သူများအနေဖြင့် မုန်တိုင်းဒဏ်ကိုရင်ဆိုင်ရင်း အကြောင်းကြောင်းကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာ ရှိလာခဲ့ရင် ဟက်ပီးမှဆရာဝန်များက "အခမဲ့" ဆွေးနွေးပေးသွားမှာဖြစ်လို့ ဟက်ပီးရဲ့ Hotline ဖုန်းနံပါတ်ဖြစ်တဲ့ 09759757001 ကို ဖုန်းဆက်၍ဖြစ်စေ Page Messenger ကို မက်ဆေ့ချ်ပို့၍ဖြစ်စေ မေးမြန်းနိုင်ပါတယ် ... ယခုအစီအစဉ်ကိုကို Healtppy နှင့်အတူ Ipanema Myanmar မှ ပူးပေါင်းပံ့ပိုးကူညီပေးထားခြင်းဖြစ်ပြီး မုန်တိုင်းဒါဏ်သင့်ဒေသများမှ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းကူညီပေးနိုင်ရန် ရည်သန်ထားပါတယ်။ #Healtppy #ဟက်ပီး #teleconsultation #onlineconsultation #onlineclinic #mocha #cyclonestorm
0
6
No text...
0
7
ဦးနှောက်သွေးကြောပေါက် ဒါမှမဟုတ် ပိတ်တဲ့အခါ ဘာတွေ ဖြစ်နိုင်သလဲ? ဦးနှောက်သွေးကြောပေါက်တာ ဒါမှမဟုတ် ပိတ်တယ်ဆိုတာ တကယ်တော့ လေဖြတ်တာ၊ လေဖြန်းတာပါပဲ။ သူ့ရဲ့ လက္ခဏာတွေကတော့ - ရုတ်တရက် စကားပြောရလေးလာတာ၊ သူများပြောတာတွေကိုလည်း ရုတ်တရက် နားမလည်တော့တာ - မျက်နှာရွဲ့တာ၊ ခြေလက် လှုပ်မရတာ၊ လေးလာတာ - အမြင်အာရုံဝါးလာတာ၊ နှစ်ထပ်မြင်တာ (ဒါက မျက်လုံးတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံး ဖြစ်နိုင်ပါတယ်) - ခေါင်းတွေ ကိုက်ပြီး ထိုးအန်တာ၊ သတိမကောင်းတာ - လမ်းလျှောက်ရင် ယိုင်နေတာ၊ ခန္ဓာကိုယ်ကို မထိန်းနိုင်တာ စတာတွေက ဦးနှောက်သွေးကြောပေါက် ဒါမှမဟုတ် ပိတ်တာရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဦးနှောက်သွေးကြောပေါက်တာကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ - သွေးတွေ ထိန်းမရအောင် တိုးတာ - သွေးကျဲဆေးတွေ တရားလွန်သောက်မိတာ - ဦးနှောက်သွေးကြောဖောင်းပြီး ပေါက်လွယ်တာ - ထိခိုက်ဒဏ်ရာကြောင့် သွေးကြောပေါက်တာ စတာတွေပဲ ဖြစ်ပါတယ်။ ဦးနှောက်သွေးကြောပိတ်စေတဲ့ အကြောင်းတွေကတော့ - နှလုံးစည်းချက် မမှန်တာကြောင့် နှလုံးသွေးခဲပြီး ပြုတ်ထွက်ရာကနေ ပိတ်တာ - လည်ပင်းမှာရှိတဲ့ သွေးကြောတွေ ကျဉ်းပြီး ပိတ်ရာကနေ အဆီခဲ ပြုတ်ထွက်ပြီး သွေးကြောပိတ်စေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဦးနှောက်သွေးကြောပေါက်တာ ဒါမှမဟုတ် ပိတ်တာကို ဒီတိုင်း ထားလိုက်မယ်ဆိုရင် နောက်ပိုင်းမှာ - ကိုယ်တစ်ခြမ်း သေသွားတာ - စကားပြောရ၊ အစာမျိုချရခက်တာ - မှတ်ဉာဏ်ထိခိုက်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါထက်ပိုဆိုးတာက အချိန်မီကုသမှု မခံယူနိုင်ဘူးဆိုရင် အသက်အန္တရာယ်ရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက္ခဏာတွေကို သတိထားပြီး စောစောစီးစိး ကုသဖို့ အကြံပေးလိုပါတယ်။ ဦးနှောက်နဲ့ အာရုံကြောပြဿနာများကို Healtppy ၏ ဦးနှောက်နဲ့ အာရုံကြောအထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါသည်။ တိုင်ပင်ဆွေးနွေးလိုပါက Messenger မှတဆင့် စုံစမ်းလို့ရပါတယ်။ Hotline: 09 759 757 001, 09 759 757 005 ကို လည်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။ #Healtppy #LiveLongerBetter #OnlineConsultation
0
8
No text...
0
9
အိပ်ပျော်နေရင်း စကားထပြောမိနေတာ ဘာကြောင့်လဲ? အိပ်ပျော်နေစဉ်မှာ ကိုယ့်ရဲ့အသိစိတ်မရှိဘဲ စကားပြောတတ်တဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူကို ဆိုလိုတာပါ။ အိပ်စက်ခြင်းနဲ့ ဆက်စပ်ပြဿနာတွေထဲမှာ အလွန်အဖြစ်များတဲ့ အခြေအနေတစ်ခုဖြစ်ပေမယ့် သူ့ကို ကုသဖို့ လိုအပ်တဲ့၊ စိုးရိမ်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာတစ်ခုအဖြစ်တော့ မသတ်မှတ်ထားပါဘူး။ ပုံမှန်အားဖြင့် ဒီလို အိပ်နေရင်း စကားပြောတတ်သူတွေဟာ တစ်ကြိမ်ပြောတိုင်း စက္ကန့် (၃၀) ထက်ပိုမပြောတတ်ဘဲ တစ်ညလုံးအိပ်နေစဉ်တောက်လျှောက်မှာ အကြိမ်ပေါင်းများစွာ စကားပြောနေတတ်ပါတယ်။ ဒါကို တချို့တွေက အိပ်နေရင်း ယောင်တာလို့လည်း ခေါ်ကြပါတယ်။ ပြောလိုက်တဲ့စကားတွေဟာ ပီသတာမျိုးရှားပြီး စကားပလုံးပထွေးဖြစ်ကာ နားထောင်နေရသူတွေအတွက် ဘာကိုပြောနေတာလဲဆိုတာ အတိအကျနားလည်ရဖို့ ခက်ပါတယ်။ ဒါ့အပြင် သိစိတ်ကြောင့်မဟုတ်ဘဲ မသိစိတ်ကနေ ပြောတာဖြစ်လို့ မအိပ်ခင် တစ်နေ့တာလုံးဖြစ်ခဲ့တဲ့ အခြေအနေတွေအပေါ် စိတ်ထဲကနေမြင်တဲ့ စကားလုံးတွေ ပြောတာလည်း ဖြစ်နိုင်သလို၊ အိပ်မက်ထဲက အကြောင်းအရာတစ်ခုကို ပါးစပ်ကနေ ရေရွတ်ပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူတွေမှာ အများဆုံးဖြစ်တတ်ကြလဲ? အသက်အရွယ်အလိုက်ဖြစ်ပွားနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး၊ များသောအားဖြင့် လူမှန်းသိတတ်စအရွယ်ကနေ လူလတ်ပိုင်းအရွယ်မှာ ပိုအဖြစ်များပါတယ်။ လိင်အရကြည့်မယ်ဆိုရင်တော့ မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် အိပ်နေစဉ် စကားပိုပြောတတ်ကြပါတယ်။ ဒီလိုအပြုအမူဟာ မိဘမျိုးရိုးလိုက်တတ်တယ်လို့လည်း ပညာရှင်တွေက ဆိုထားကြပါတယ်။ စကားပြောတာအပြင် ဘယ်လိုလက္ခဏာတွေပါ တွေ့ရတတ်လဲ? ဒီလိုအပြုအမူမျိုး ရှိသူတွေဟာ အိပ်နေစဉ် စကားပြောတာအပြင် ·ခြေထောက်တွေ ကန်ကျောက်တတ်တာ ·လက်တွေကို ရမ်းနေတတ်တာ ·အံကြိတ်တာ ·ဆဲဆိုအော်ဟစ်တာ ·ကြောက်လန့်တကြား အော်ပြီး လန့်နိုးလာတာ ·အိပ်နေရင်း ထပြီးလမ်းလျှောက်တာ ·အသိစိတ်မရှိဘဲ မျက်လုံးပွင့် လန့်နိုးလာတတ်တာ ·ရေခဲသေတ္တာကိုဖွင့်ပြီး အစာရှာစားတာတွေကိုပါ လုပ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ဒီလို အိပ်နေရင်း စကားပြောတာဟာ ဆေးကုသမှုခံယူဖို့မလိုပေမယ့် တခြားအိမ်သားတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်၊ ဒါမှမဟုတ် မကြာခဏ အိပ်နေရင်းလန့်နိုးလာတတ်လို့ ညအိပ်ချိန်ကို ထိခိုက်နေပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ #Healtppy #LiveLongerBetter #OnlineConsultation
0
10
လိင်အာသာဖြေတယ်ဆိုတာ အမျိုးသားတွေအတွက် အပိုပိုက်ဆံမကုန်တဲ့ ပျော်စရာလေ့ကျင့်ခန်းတစ်ခုပါပဲ။ စိတ်ပြေလက်ပျောက် အာသာဖြေပြီးတော့မှ က
လိင်အာသာဖြေတယ်ဆိုတာ အမျိုးသားတွေအတွက် အပိုပိုက်ဆံမကုန်တဲ့ ပျော်စရာလေ့ကျင့်ခန်းတစ်ခုပါပဲ။ စိတ်ပြေလက်ပျောက် အာသာဖြေပြီးတော့မှ ကိုယ့်သုက်ရည်ကို ပြန်ကြည့်ရင်း သွေးပါနေတာမြင်လိုက်ရရင်တော့ ပျော်စရာတွေကနေ ပျက်စရာတွေ ဖြစ်ကုန်ပြီပေါ့။ ဘာတွေက သုက်ရည်ထဲ သွေးပါစေတာလဲ? ဖတ်ရန် Link - https://healtppy.com/article-detail/0787/%E1%80%9E%E1%80%AF%E1%80%80%E1%80%BA%E1%80%9B%E1%80%8A%E1%80%BA%E1%80%91%E1%80%B2%20%E1%80%9E%E1%80%BD%E1%80%B1%E1%80%B8%E1%80%95%E1%80%AB%E1%80%94%E1%80%B1%E1%80%9B%E1%80%84%E1%80%BA%20%E1%80%98%E1%80%AC%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%99%E1%80%9C%E1%80%B2 #Healtppy #LiveLongerBetter #Teleconsultation
0
11
+4
No text...
0
12
ဘယ်လိုလူမျိုးတွေမှာ အရေပြားမှို‌ရောဂါ ဖြစ်နိုင်ချေပိုများသလဲ? အရေပြားမှိုရောဂါဟာ အထူးသဖြင့် ကိုယ်ခံအားနည်းနေချိန်၊ ဖျားနာနေချိန်နဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းချိန်တွေမှာ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ကူးစက်နိုင်ချေပိုများတဲ့ နည်းလမ်းတွေက ဘာတွေဖြစ်မလဲ? (၁) အရေပြားမှိုရောဂါရှိသူ၏ အသုံးဆောင်များကို မျှဝေသုံးစွဲခြင်းမှတဆင့် ကူးစက်ခြင်း။ အများဆုံး ကူးစက်နိုင်တဲ့ နည်းလမ်းကတော့ အရေပြားမှိုရောဂါရှိသူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို မတော်တဆထိတွေ့မိတဲ့အခါ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အဝတ်အစား၊ အတွင်းခံ၊ ဘီး၊ ဖိနပ်၊ မျက်နှာသုတ်ပုဝါ အစရှိတဲ့ အသုံးအဆောင်တွေကို မျှဝေသုံးစွဲခြင်းမှတဆင့် အလွယ်တကူ ကူးစက်လာနိုင်ပါတယ်။ တစ်ကိုယ်ရေ အသုံးအဆောင်တွေကို တတ်နိုင်သမျှ မျှဝေသုံးစွဲတာမျိုး မပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။ (၂) အရေပြားမှို‌ရောဂါရှိတဲ့ တိရစ္ဆာန်လေးတွေကို ကိုင်တွယ်မိခြင်း။ အရေပြားမှိုရောဂါဟာ တိရစ္ဆာန်လေးတွေရဲ့ အရေပြားမှာလဲ ရှိနေနိုင်ပါတယ်။ တိရစ္ဆာန်လေးတွေကို ထိတွေ့ကိုင်တွယ်ပြီးနောက် လက်ကိုသေချာဆေးကြောသန့်စင်ခြင်းမလုပ်တာတွေကလဲ အရေပြားမှိုရောဂါဖြစ်နိုင်တဲ့ အဓိကအချက်တွေပါပဲ။ အိမ်မှာ ချစ်စရာ အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးမြူထားတယ်ဆိုရင် သူတို့ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးဖို့လိုအပ်သလို သူတို့လေးတွေနဲ့ ထိတွေ့ကိုင်တွယ်ပြီးချိန်မှာလည်း မိမိတို့ရဲ့လက်ကို စနစ်တကျ စင်ကြယ်အောင်ဆေးကြောဖို့ အကြံပြုချင်ပါတယ်။ (၃) အများသုံးနေရာများမှ ကူးစက်ခြင်း။ လူအများစုဝေးရာနေရာတွေဖြစ်တဲ့ အများသုံး ရေချိုးခန်း၊ ရေကူးကန်၊ လက်သည်းခြေသည်း အလှပြင်ခန်းမ၊ ဆံပင်ညှပ်ဆိုင်၊ အားကစားခန်းမ စတဲ့ နေရာတွေကလဲ အရေပြားမှိုပေါက်ဖွား၊ ကူးစက်ရာ နေရာတွေပဲ ဖြစ်ပါတယ်။ ဒီနေရာတွေကနေ အများဆုံးကူးစက်နိုင်တာကတော့ ရေဝဲနဲ့ ပွေးတို့လို အရေပြားမှိုရောဂါမျိုးတွေ မကူးစက်ဖို့ အထူးဂရုစိုက်ဖို့လိုပါတယ်။ (၄) ရေအကြာကြီး ထိတွေ့ကိုင်တွယ်သူတွေမှာ ဖြစ်ပွားနိုင်ခြင်း။ အရေပြားမှိုရောဂါဟာ ရေနဲ့ မြေကြီးမှာ အချိန်ကြာကြာနေနိုင်ပြီး ဒီလိုနေရာတွေကနေ ကူးစက်နိုင်‌ချေနိုင်တာကြောင့် ရေနဲ့အမြဲထိတွေ့နေရသူတွေဖြစ်တဲ့ အိမ်ရှင်မတွေ၊ ခေါင်းလျှော်ရည်ဆိုင်တွေမှာ ခေါင်းလျှော်ပေးတဲ့သူတွေ၊ ရေထဲ ရွံ့ဗွက်ထဲမှာ အမြဲအလုပ်လုပ်နေရတဲ့သူတွေအနေနဲ့ အထူး သတိထားသင့်ပါတယ်။အဓိက မှာချင်တာကတော့ အရေပြားမှိုရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို သူတစ်ပါးနဲ့ မျှဝေမသုံးစွဲဖို့၊ ခြေဗလာနဲ့ လမ်းသွားတာ၊ စိုစွတ်ပြီး ညစ်ပေတဲ့ နေရာတွေကို အထူးရှောင်ရှားဖို့ အရေးကြီးတယ်ဆိုတာပါပဲ။ အထက်ပါအကြောင်းအမျိုးမျိုးကြောင့် အရေပြားမှိုရောဂါကူးစက်ခံရပြီဆိုလျှင် Candid ကို ဆောင်ထားပြီး အရေပြားမှိုရောဂါကို တိုက်ထုတ်ဖို့ အကြံပြုပါရစေ။ Candid မှာ Clotrimazole 1% ပါဝင်တဲ့အတွက် ပွေး၊ သဲဝဲ၊ ညှင်းနဲ့ ခြေသည်းလက်သည်းမှိုရောဂါတွေလိုမျိုး အရေပြားမှိုစွဲခြင်းကြောင့်ဖြစ်တဲ့ ယားနာရောဂါတွေကို ကုသပေးနိုင်ပါတယ်... Gel type နဲ့ Powder ဆိုပြီး အမျိုးအစား နှစ်မျိုးရှိတဲ့အတွက် နှစ်သက်ရာကို ရွေးချယ်အသုံးပြုလို့ ရပါတယ်... Candid အရေပြားလိမ်းဆေးကို တစ်ရက် ၂-၃ ကြိမ်နဲ့ ၄ ပတ်အထိ လိမ်းပေးရုံနဲ့ အရေပြားပေါ်က မှိုပိုးတွေကို နှိမ်နင်းပေးနိုင်ပါတယ်။ Candid Powder ကတော့ နေ့စဉ်သုံး Dusting Powder အနေနဲ့လည်း အသုံးပြုနိုင်သလို ကလေးတွေအတွက်လည်း အသုံးပြုရလွယ်ကူတဲ့ အမျိုးအစားဖြစ်ပါတယ်နော်။ 💯Candid နဲ့ အတူ အရေပြားမှိုရောဂါတွေကို အပြီးတိုင်နှုတ်ဆက်လိုက်ပါ။ #Candid #SayGoodByetoFungalInfectionwithCANDID #Glenmark #Healtppy #LiveLongerBetter
0
13
ရာသီသွေးဆင်းများစေတဲ့ အကြောင်းရင်းတွေကတော့ -ခန္ဓာကိုယ်တွင်း ဟော်မုန်း မမျှတတာ -သားဥအိမ် အလုပ်မလုပ်တာ -သားအိမ်အသားလုံးတည်တာ -သ
ရာသီသွေးဆင်းများစေတဲ့ အကြောင်းရင်းတွေကတော့ -ခန္ဓာကိုယ်တွင်း ဟော်မုန်း မမျှတတာ -သားဥအိမ် အလုပ်မလုပ်တာ -သားအိမ်အသားလုံးတည်တာ -သားအိမ်တစ်ရှူးနေရာမှားတာ -သားအိမ်ထဲ ပစ္စည်းထည့် သန္ဓေတားခြင်းရဲ့ ဘေးထွက်ဆိုးကျိုး -သားအိမ်နဲ့ သားအိမ်ခေါင်းကင်ဆာ -သွေးရောဂါ / သောက်လက်စဆေးတွေ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ အကြောင်းရင်းရှာမရဘဲ ရာသီသွေးဆင်းများနေတာမျိုးလည်း ရှိနေနိုင်ပါတယ်။ ရာသီသွေးဆင်းများစေတဲ့ အကြောင်းတွေကို ကြည့်မယ်ဆိုရင် ကင်ဆာလို ရောဂါတွေထိ ပါနေတာကြောင့် မပေါ့ဆသင့်ပါဘူး။ မိမိကိုယ်ကို အရင်ထက် သွေးဆင်းများနေပြီလို့ သံသယရှိနေရင် ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေဖို့ အကြံပြုလိုပါတယ်။ အမျိုးသမီးကျန်းမာရေး ပြသနာများကို Healtppy ၏ သားဖွားမီးယပ်အထူးကုဆရာဝန်များ နှင့် messenger call သို့ viber call မှတဆင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ တိုင်ပင်ဆွေးနွေးလိုပါက Messenger မှတဆင့် စုံစမ်းလို့ရပါတယ်။ Hotline: 09 759 757 001 , 09 759 757 005 ကို လည်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။ #Healtppy #LiveLongerBetter #OnlineConsultation
0
14
အစာအိမ်ရောင်တဲ့အခါ ခံစားရတဲ့ ရောဂါလက္ခဏာများ အစာအိမ်ရောင်တယ်ဆိုတာ အပူအစပ်တွေအများကြီး စားမိလို့ဖြစ်စေ၊အရက်တွေအလွန်အကျွံသောက်မ
အစာအိမ်ရောင်တဲ့အခါ ခံစားရတဲ့ ရောဂါလက္ခဏာများ အစာအိမ်ရောင်တယ်ဆိုတာ အပူအစပ်တွေအများကြီး စားမိလို့ဖြစ်စေ၊အရက်တွေအလွန်အကျွံသောက်မိရင်ပဲဖြစ်စေ၊ စိတ်ဖိစီးမှုတွေ များတဲ့အခါပဲဖြစ်စေ ခံစားရတတ်တဲ့ ရောဂါဝေဒနာတစ်ခုပါ။ အစာအိမ်ရောင်တာကအစားအသောက် အနေအထိုင် မဆင်ခြင်တဲ့သူတွေမှာ အဖြစ်များပြီး နာတာရှည် ခံစားရတတ်တဲ့ ဝေဒနာ တစ်ခုလဲ ဖြစ်ပါတယ်။ အစာအိမ်ရောင်တဲ့အခါ 👉အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်မယ် 👉ရင်ခေါင်းထဲ တစ်ဆို့ဆို့နဲ့ ပူလောင်တဲ့ ဝေဒနာခံစားရမယ် 👉ပျိူ့မယ်၊ အန်မယ် 👉ဗိုက်ထဲ လေကယ်နေပြီး တင်းကြပ်နေတဲ့ခံစားချက်ရမယ် 👉လေချဥ်တက်မယ်၊ ကြို့ထိုးမယ် 👉အစာစားချင်စိတ်နည်းလာမယ် အစားအသောက်ပျက်မယ် 👉တအားဆိုးလာရင် ဝမ်းထဲ သွေးပါတာတွေအထိဖြစ်လာနိုင်တယ်။ အစာအိမ်ရောင်တာက သောက်ဆေး ထိုးဆေးနဲ့ သက်သာအောင် ကုလို့ရတယ်ဆိုပေမဲ့ ခဏခဏ ပြန်ဖြစ်နေရင်တော့ လူနေမှုဘဝကို ထိခိုက်လာနိုင်စေလို့ မိမိမှာ အစာအိမ်ရောဂါအခံရှိပြီဆိုရင် သက်ဆိုင်ရာဆရာဝန်ကြီးများနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဆေးကုသမှုခံယူသင့်ပါတယ်လို့ အကြံပေးလိုက်ပါတယ်နော်။ #Relcer_Myanmar #Sheild_Against_Acidity #The_only_brand_with_DGL_in_Myanmar #Glenmark #Healtppy #LiveLongerBetter
0
15
ဒီနေ့မှာတော့ ဟက်ပီးပရိတ်သတ်အမျိုးသမီးများအတွက် ရာသီသွေးဆင်းခြင်းနဲ့ ပက်သတ်ပြီး သိထားကြတဲ့ မှားယွင်းနေတဲ့ အချက်လေးတွေကို ယုံတမ
ဒီနေ့မှာတော့ ဟက်ပီးပရိတ်သတ်အမျိုးသမီးများအတွက် ရာသီသွေးဆင်းခြင်းနဲ့ ပက်သတ်ပြီး သိထားကြတဲ့ မှားယွင်းနေတဲ့ အချက်လေးတွေကို ယုံတမ်းစကားများအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ This is your moment Enervon-C #ခွန်အားအပြည့်ကိုယ်ခံအားအပြည့် #ရာနှုန်းပြည့်ကျန်းမာဖို့အင်နာဗွန်စီသောက်ကြ #Healtppy #LiveLongerBetter
0
16
No text...
0
17
ကိုယ့်ရဲ့ ကိုယ်ခံအားကို ကိုယ်တိုင် ဖျက်ဆီးမိနေတဲ့ အချက် (၅) ချက် လူတစ်ယောက် ကျန်းမာစေဖို့ အရေးအကြီးဆုံးသော အရာက ကိုယ်ခံအား ကောင်းဖို့ပါ။ ကိုယ်ခံအားဆိုတာက လူသားတွေအတွက် သဘာဝက ပေးတဲ့ လက်ဆောင်ဆိုပေမယ့် သေချာ မထိန်းသိမ်းမှုတွေကြောင့် လူသားတွေဟာ သူတို့ရဲ့ ဘဝသက်တမ်းမှာ အသက် ၁၀၀ မနေရဘဲ ၉၆ ပါးသောရောဂါတွေကို ခံစားနေကြရတာပါ။ အချို့သူတွေက မသိတာကြောင့် ကိုယ်ခံအားကို ဂရုမစိုက်မိတာ ဖြစ်နိုင်သလို တစ်ခါတစ်လေမှာ ကိုယ်ရဲ့ ကိုယ်ခံအားကို ကိုယ်တိုင်က ဖျက်ဆီးမိနေတာမျိုးလည်း ရှိနေနိုင်ပါတယ်။ ဒီတော့ အချိန်လွန်မှ အသိနှောင်းတာမျိုး မဖြစ်စေဖို့အတွက် ကိုယ်ခံအားကို ဖျက်ဆီးမိနေတဲ့ အလေ့အထလေးတွေကို လေ့လာပြီး ဆင်ခြင်လိုက်ရအောင်နော်။ ကိုယ့်ရဲ့ ကိုယ်ခံအားကို ကိုယ်တိုင် ဖျက်ဆီးမိနေတဲ့ အချက် (၅) ချက်က ဘာတွေများလဲ? ကိုယ့်ရဲ့ ကိုယ်ခံအားကို ကိုယ်တိုင် ဖျက်ဆီးမိနေတဲ့ အလေ့အထလေးတွေကို ဆင်ခြင်နိုင်စေဖို့ စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်ဦးနော်။ 👉 ဆေးလိပ်သောက်တာ - ဆေးလိပ်သောက်တာက ကိုယ်တွင်းကို နီကိုတင်းတွေ ရောက်ရှိစေပြီး ကော်တီစောပမာဏကို မြင့်တက်စေပါတယ်။ အကျိုးဆက်အနေနဲ့ ခန္ဓာကိုယ်က ကိုယ်ခံအားဆဲလ်တွေ ကျဆင်းသွားပြီး ကိုယ်ခံအား နည်းလာပါမယ်။ ဆေးရွက်ကြီး ဆေးလိပ် e-cigarettesတွေ သောက်နေခြင်းက ကိုယ်ခံအားကို ကိုယ်တိုင်ဖျက်ဆီးတာပါပဲ။ 👉 အရက်သေစာသောက်စားတာ - အရက်နဲ့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို နေ့တိုင်းလိုလို သောက်နေတာ ဒီလိုမှမဟုတ်ဘဲ တစ်ပတ်လုံးမှ ၂ ရက်ပဲ သောက်တယ်ဆိုပေမယ့် ပမာဏကို များများ သောက်တာမျိုး ဖြစ်မယ်ဆိုရင် ကိုယ်ခံအားကို ကျဆင်းစေမှာပါ။ 👉 အိပ်ရေးပျက်တာ - အိပ်စက်တယ်ဆိုတာက ခန္ဓာကိုယ်ကိုရော ကိုယ်ခံအားကို အားဖြည့်တာပါ။ အိပ်ရေးပျက်တာက အဝလွန်တာ၊ ဆီးချို၊ သွေးတိုးတို့လိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပြီး ကိုယ်ခံအားရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ 👉 စိတ်ဖိစီးတာ - အိပ်ရေးပျက်တာက ကာလရှည်ကြာတဲ့အခါ ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု များလေလေ ကိုယ်ထဲမှာ ကော်တီစောဟော်မုန်းတွေ တိုးလာလေလေ ဖြစ်ပြီး ကိုယ်ခံအားလည်း ကျလာမှာပါ။ 👉 အာဟာရပြည့်ဝအောင် မစားတာ - တစ်နေ့ရဲ့ စားသုံးမှုက ဝမ်းဟာတာကိုတင် ပြည့်စေဖို့ မဟုတ်ဘဲ ခန္ဓာကိုယ်အတွက် အာဟာရပြည့်ဝဖို့လည်း လိုပါမယ်။ ဗိုက်ဆာတယ်။ အမြန်ရနိုင်မယ့် အမြန်စား အစားအစာတွေ၊ အသင့်စား အစားအစာတွေနဲ့သာ ဗိုက်ဖြည့်မယ်ဆိုရင် ဗိုက်ပြည့်ပေမယ့် ရေရှည်မှာ ကိုယ်ခံအား ထိလာမှာပါ။ ကိုယ်တိုင်ရော ဘာတွေ လုပ်မိလို့ ဘာတွေပြင်ဖို့လိုနေပြီလဲဆိုတာ အဖြေထွက်လောက်ပြီထင်ပါတယ်။ This is your moment Enervon-C #ခွန်အားအပြည့်ကိုယ်ခံအားအပြည့် #ရာနှုန်းပြည့်ကျန်းမာဖို့အင်နာဗွန်စီသောက်ကြ #Healtppy #LiveLongerBetter
0
18
No text...
0
19
ရာသီသွေးနည်းတာ ဘာကြောင့်လဲ? ဘယ်လို အချိန်မှာ နည်းတယ်လို့ခေါ်မလဲ?? ရာသီသွေးများတဲအခါကျတော့လည်း စိတ်ညစ်ရသလို နည်းတဲ့အခါကျတော့လည်း ဘာများဖြစ်တာလဲလို့ စိုးရိမ်ကြပါတယ်။ ပုံမှန်ဆိုရင် ရာသီသွေးက စားပွဲတင်ဇွန်း ၂-၃ ဇွန်းလောက် ဆင်းပါတယ်။ ဒါကိုမှ တစိမ့်စိမ့် ဆင်းနေတာပေါ့လေ။ ရှေ့ ၁-၂ ရက်လောက်က များပြီး နောက်ပိုင်းမှ နည်းသွားတာပါ။ ဒီလိုလည်း မဟုတ်ဘဲ -စလာတည်းက နည်းနေပါတယ်။ -ရာသီရက်လည်း တိုသွားပါတယ်။ -Padတွေ လဲရတာလည်း နည်းသွားပါတယ်။ -သွေးဆင်းတယ် ဆိုတာထက် စွန်းရုံလောက်လေးပဲ လာပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့ -ပျိုဖော်စဝင်တာ ဒါမှမဟုတ် သွေးဆုံးခါနီးအချိန်ဖြစ်တာ -သားဥမကြွေတာ -ကိုယ်အလေးချိန်ကျဆင်းတာ -လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာ -ကိုယ်ဝန်ရှိနေတာ -သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု ရှိနေတာ -စိတ်ဖိစီးမှု များလွန်းတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ရာသီသွေးဆင်းနည်းတာက အမြဲတမ်းစိုးရိမ်ရမယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရင်ကနဲ့ မတူဘဲ သိသိသာသာ နည်းသွားတာက တော်တော်ကြာနေပြီ။ ရာသီသွေးတွေပါ ထိမ်လာတယ်။ တခြားလက္ခဏာတွေ (ဥပမာ ဆီးစပ်ကိုက်တာ)ပါ ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။ ရာသီသွေးနည်းတာ နဲ့ ပတ်သက်ပြီး အသေးစိတ် တိုင်ပင်ဆွေးနွေးလိုပါက Healtppy page messenger မှာ ငွေကျပ် ၂၀၀၀ ဖြင့် ဝန်ဆောင်မှု ရယူပြီး မနက် (၇)နာရီ မှ ည (၁၁)နာရီ အထိ အထွေထွေ ဆရာဝန်များနှင့်အရင်ဆုံး တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ Hotline: 09 759 757 001 , 09 759 757 005 ကို လည်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။ #Healtppy #LiveLongerBetter #OnlineConsultation
0
20
မယုံမရှိပါနဲ့။ သံချောင်းထက်ပိုပြီး မာကျောပါတယ်လို့ ဘဒိုတို့ ကြွေးကြော်နေတတ်တဲ့ လိင်တံဟာ အမှန်တကယ် ကျိုးနိုင်ပါတယ်။ လိင်တံကျို
မယုံမရှိပါနဲ့။ သံချောင်းထက်ပိုပြီး မာကျောပါတယ်လို့ ဘဒိုတို့ ကြွေးကြော်နေတတ်တဲ့ လိင်တံဟာ အမှန်တကယ် ကျိုးနိုင်ပါတယ်။ လိင်တံကျိုးတယ်ဆိုတာ တကယ်တော့ ထောင်မတ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့လိင်တံပေါ်ကို ပြင်းထန်တဲ့ အားတစ်ခုကြောင့် ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတာကြောင့် လိမ်ချိုးလိုက်သလို ကွေးသွားတာပဲ ဖြစ်ပါတယ်။ ဖတ်ရန် link - https://healtppy.com/article-detail/0679/%E1%80%9C%E1%80%AD%E1%80%84%E1%80%BA%E1%80%90%E1%80%B6%E1%80%80%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%9A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%90%E1%80%AC%20%E1%80%98%E1%80%9A%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%B2 #Healtppy #LiveLongerBetter #OnlineConsultation
0