en
Feedback
MyanCare

MyanCare

Open in Telegram

Health Network for A Simpler Way to Communicate (လွယ်ကူကျန်းမာ လက်တကမ်းမှာ) Plz share the link (invite) to your family & friend who are in need of healthcare services

Show more
972
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
MyanCare App ကို ယခုမှ စတင်အသုံးပြုမဲ့သူတွေအတွက် free coupon code ကိုသုံးပြီးအခမဲ့ (၁) ကြိမ် ဆေးခန်းပြသလို့ရတာကို သိပါသလား..?
Anonymous voting

"လတ်တလောအဖြစ်များနေတဲ့ ကူးစက်မြန် ရက် ၁၀၀ ချောင်းဆိုး" ယူကေမှာ ကူးစက်မြန် ရက် ၁၀၀ ချောင်းဆိုးဖြစ်ပွားမှုမြင့်မားလာပြီးနောက် ကျန်းမာရေးပညာရှင်တွေက ထပ်မံသတိပေးချက်တွေ ထုတ်ပြန်လို့လာပါတယ်။ ရက် ၁၀၀ ချောင်းဆိုး(ကြက်ညှာချောင်းဆိုး)ဟာဆိုရင် သာမန်အအေးမိခြင်းနဲ့ အလွယ်တကူမှားယွင်းနိုင်ပြီး ရောဂါလက္ခဏာက လနဲ့ကြာနိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဒီရောဂါက အများအားဖြင့် နှာရည်ယို၊ လည်ချောင်းနာလက္ခဏာတွေနဲ့စတတ်ပြီး နောက်ပိုင်းတဖြည်းဖြည်း “ဟုန်း ဟုန်း” အသံမြည်အောင် ချောင်းဆိုးလာတတ်ပါတယ်။ ◾ရက် ၁၀၀ ချောင်းဆိုးရောဂါလက္ခဏာက ဘာတွေလဲ တစ်ပတ်လောက် နှာရည်ယို၊ လည်ချောင်းနာပြီးနောက်မှာ အောက်ပါလက္ခဏာတွေခံစားရနိုင်ပါတယ်။ ▪️ရုတ်တရက် ချောင်းထဆိုးပြီး မိနစ်အနည်းငယ်အထိကြာတတ်ခြင်း၊ ညဘက်တွေမှာ ပိုဆိုးခြင်း ▪️ချောင်းဆိုးပြီးနောက် အသက်ရှူရခက်ခြင်း၊ ကလေးငယ်တွေမှာ ပြာနှမ်းခြင်း ▪️ချွဲသလိပ်ပျစ်ပျစ်ထွက်ပြီး အန်တတ်ခြင်း ▪️မျက်နှာနီအမ်းခြင်း(လူကြီးတွေမှာ ပိုအဖြစ်များ) ကြက်ညှာချောင်းဆိုးကို ပိုးသတ်ဆေးနဲ့ကုသလို့ရနိုင်ပေမဲ့ လက္ခဏာအားလုံးသက်သာချင်မှတော့ သက်သာပါလိမ့်မယ်။ ဘက်တီးရီးယား ရှူသွင်းမိတဲ့ဘယ်သူမဆို ရောဂါကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ကူးစက်နိုင်ခြေပိုများပါတယ်။ ကိုယ်ခံအားကောင်းတဲ့သူတွေက ဘာမှသိပ်မဖြစ်ပေမဲ့ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက ကာကွယ်ဆေးသေချာထိုးထားဖို့ သိပ်အရေးကြီးပါတယ်။ ကြက်ညှာချောင်းဆိုးက ကလေးတွေမှာ ပိုပြင်းထန်တတ်ပြီး အခြေအနေဆိုးတဲ့အခါ အသက်သေဆုံးနိုင်ပါတယ်။ ◾ဘယ်အခါမှာ ဆရာဝန်နဲ့ပြသဖို့လိုမလဲ ▪️ကလေးက အသက် ၆ လအောက်ဖြစ်ပြီး ကြက်ညှာချောင်းဆိုးလက္ခဏာရှိခြင်း ▪️သင် (သို့) သင့်ကလေးမှာ ချောင်းဆိုးတာ ပိုပိုဆိုးလာခြင်း ▪️ကြက်ညှာချောင်းဆိုးတဲ့သူနဲ့ ထိတွေ့မှုရှိခြင်း၊ ကိုယ်ဝန်ရှိနေခြင်း၊ ကိုယ်ခံအားနည်းခြင်း အသက်ခြောက်လအောက် ကလေးတွေမှာဆိုရင် ကြက်ညှာချောင်းဆိုးကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း၊ အသက်ရှူရခက်ခြင်း၊ အဆုတ်ရောင်ခြင်း၊ တက်ခြင်းအစရှိတာတွေဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် ကာကွယ်တဲ့အနေနဲ့ တစ်ကိုယ်‌ရေသန့်ရှင်းမှုကိုဂရုစိုက်ပြီး အကောင်းဆုံးကတော့ ကာကွယ်ဆေးကိုအပြည့်အစုံထိုးနှံဖို့ပဲဖြစ်ပါတယ်။ 📲 MyanCare App Download ရယူရန် Play Store >> https://bit.ly/mcareplaystore iPhone iOS >> https://bit.ly/mcareios

photo content

MyanCare App မှာ ဆရာဝန်နဲ့ ကျန်းမာရေးကို တိုင်ပင်ဆွေးနွေးတဲ့အခါ ဘယ်အချိန်တွေမှာ ပိုဆွေးနွေးဖြစ်ကြလဲ?
Anonymous voting

2G 3G App Testing.jpg1.16 MB

MyanCare App အခမဲ့ကိုစမ်းသပ်ပေးရင်းဖြင့် Mobile Data 1GB ရနိုင်မည့်အပြင်အကန့်အသက်မရှိ တိုင်ပင်ဆွေးနွေးနိုင်သည့် ကျန်းမာရေး package ၁လစာ ရယူလိုက်ပါ . Myan Care ဟာဆိုရင် မြန်မာနိုင်ငံအနှံ့အပြား အင်တာနက်အသုံးပြုနိုင်တဲ့ အရပ်ဒေသတိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုရရှိအောင် အွန်လိုင်းကတဆင့် ဝန်ဆောင်မှုပေးနေတဲ့ Telemedicine Application တစ်ခု ပဲဖြစ်ပါတယ်။ MyanCare ကို ၂၀၁၈ ခုနှစ်ကစတင်ခဲ့ပြီး အခုလက်ရှိမှာတော့ အထူးကုဆရာဝန်၊ အထွေထွေကုဆရာဝန်ပေါင်း ၇၀၀ ကျော်ရှိပြီး Application Download User ၃ သိန်းကျော်ရှိနေပါတယ်။ ဒီနေ့အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ အနယ်နယ်အရပ်ရပ်ရှိ မိဘပြည်သူတွေ MyanCare App ကို မိုဘိုင်းလ်ဒေတာနဲ့အသုံးပြုတဲ့အခါ အဆင်ပြေမှုရှိမရှိသိနိုင်ဖို့နဲ့ လိုအပ်တဲ့ပြုပြင်မှုတွေလုပ်ဆောင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ 👉 ပါဝင်ကူညီစမ်းသပ်ပေးတဲ့ မိဘပြည်သူတွေကိုလည်း ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ▪️MyanCare မှာ မိသားစုတစ်စုလုံး တစ်လတိတိ အကန့်အသတ်မဲ့ ကျန်းမာရေးဆွေးနွေးတိုင်ပင်ခွင့်နဲ့ ▪️မိုဘိုင်းလ်ဒေတာ 1GB ကို လက်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုမှာ ပါဝင်လုပ်ဆောင်ရမယ့် အရာတွေကတော့ … ✅App ကို မိမိဖုန်းမှာ Install ပြုလုပ်ခြင်း Play Store >> https://bit.ly/mcareplaystore iOS >> https://bit.ly/mcareios ✅App မှာ Registration ပြုလုပ်ခြင်း ✅MyanCare Customer Support Team ရဲ့လမ်းညွှန်မှုနဲ့အတူ App မှာ Appointment ယူခြင်း၊ Voice Chat, Video Chat ပြုလုပ်ခြင်း (အထူးမေတ္တာရပ်ခံချင်တာကတော့ မိုဘိုင်းလ်ဒေတာဖွင့်ပြီး 2G, 3G ကွန်ယက်မှာသာ စမ်းသပ်ပေးကြဖို့၊ WiFi အသုံးပြုပြီး စမ်းသပ်ခြင်းမပြုဖို့ မှာကြားပါရစေ။) ✅ဖြစ်နိုင်ရင် မိမိရောက်ရှိစမ်းသပ်နေတဲ့နေရာရဲ့ GPS Location ကို Screenshot ပေးပို့ခြင်း အစရှိတာတွေဖြစ်ပါတယ်။ ပါဝင်ကူညီပေးလိုသူများအနေဖြင့် Google Form >> https://forms.gle/Ypqf3AoAfK5revap9 မှာ အချက်အလက်ဖြည့်သွင်းပြီး စာရင်းပေးသွင်းနိုင်သလို အသေးစိတ်သိလိုသည်များကို Customer Service [ဖုန်း - 09 774778000 (လိုင်းခွဲ 1)] ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ အနယ်နယ် အရပ်ရပ်မှာရှိကြတဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေပေမဲ့ အလှမ်းဝေးနေကြတဲ့ မိဘပြည်သူတွေလည်း သိရှိပါဝင်နိုင်အောင်လို့ Share နှိပ်ပြီး မျှဝေပေးဖို့ တောင်းဆိုလိုက်ပါရစေ။ ☺️ မြန်မာနိုင်ငံအနှံအပြားရှိ ကျန်းမာရေးစောင့်ရှောက်မှု အမှန်တကယ်လိုအပ်နေသူများကိုယ်စား MyanCare team အနေနဲ့ ယခုအစီအစဉ်မှာ ပူးပေါင်းကူညီပေးသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ 💚

photo content

ကိုဗစ်မျိုးကွဲအသစ် JN.1 ဟာစိုးရိမ်သင့်တဲ့အဆင့်ရောက်နေပြီလား...? ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကိုဗစ်မျိုးကွဲအသစ်ဖြစ်တဲ့ JN.1 ကိုတွေ့ရှိထားပြီး အနီးကပ်သေချာစောင့်ကြည့်နေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ JN.1 က ပိုမိုပြင်းထန်တဲ့ရောဂါလက္ခဏာတွေကိုဖြစ်စေနိုင်တယ်လို့ အထောက်အထားမတွေ့ရှိရပါဘူး။ ကျွမ်းကျင်ပညာရှင်တွေရဲ့ ပြောကြားချက်အရ လက်ရှိစမ်းသပ်စစ်ဆေးနည်းတွေ၊ ကာကွယ်ဆေးတွေ၊ ကုသမှုတွေကလည်း အကျိုးထိရောက်မှုရှိနေတုန်းပဲဖြစ်ပါတယ်။ WHO အနေနဲ့ JN.1 ဟာ ပြည်သူ့ကျန်းမာရေးအန္တရာယ်ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုထားပေမဲ့လည်း ဆောင်းရာသီအခါကျရောက်နေတဲ့ နိုင်ငံတွေမှာ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီရဲ့ အားလပ်ရက်တွေမှာ ရောဂါကူးစက်မှုနည်းအောင် ကာကွယ်လိုက်နာမှုတွေ ဂရုတစိုက်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ JN.1 က လျင်မြန်စွာကူးစက်နိုင်တယ်ဆိုပေမဲ့လည်း အရင်မျိုးကွဲတွေထက် ပိုပြင်းထန်တာ၊ ပြည်သူ့ကျန်းမာရေးအန္တရာယ်ရှိတာမျိုး လတ်တလောမှာ မတွေ့ရှိရပါဘူး။ ရောဂါလက္ခဏာတွေက မပြင်းထန်တဲ့ကူးစက်မှုမှာဆိုရင် ဆောင်းရာသီမှာဖြစ်နေကျ အအေးမိ၊ တုပ်ကွေး၊ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါတွေနဲ့ မှားယွင်းနိုင်ပါတယ်။ ❗JN.1 ရဲ့ လက္ခဏာတွေကတော့- ချောင်းဆိုးခြင်း လည်ချောင်းနာခြင်း ခေါင်းကိုက်ခြင်း ကြွက်သားကိုက်ခဲခြင်း ဖျားခြင်း အနံ့၊ အရသာ ပြောင်းခြင်း/ပျောက်ခြင်း နှာစေး၊ နှာပိတ်ခြင်း မောဟိုက်ခြင်း အာရုံမစူးစိုက်နိုင်ခြင်း၊ စိတ်မကြည်လင်ခြင်း အသက်ရှူမဝခြင်း ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းအနည်းငယ်သွားခြင်း အစရှိတာတွေပဲဖြစ်ပါတယ်။ လူတိုင်းက COVID ကိုစိတ်ကုန်နေကြမှန်းသိပေမဲ့ ဒီကောင်တွေက ကျွန်ုပ်တို့နဲ့အတူရှိနေတုန်းပါပဲ။ ဒါကြောင့် အခုအချိန်အထိ ပုံစံအမျိုးမျိုးပြောင်းလဲနေတဲ့ COVID ကိုကာကွယ်နိုင်ဖို့ ကျန်းမာရေးစည်းမျဥ်းစည်းကမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အရေးကြီးကြောင်း မျှဝေလိုက်ရပါတယ်။ source: https://abcnews.go.com/Health/covid-variant-jn1-listed-variant-interest-world-health/story?id=105782742 https://www.usatoday.com/story/news/health/2023/12/19/jn-1-symptoms-covid-variant/71971287007/

MyanCare App အခမဲ့ကိုစမ်းသပ်ပေးရင်းဖြင့် Mobile Data 1GB ရနိုင်မည့်အပြင်အကန့်အသက်မရှိ တိုင်ပင်ဆွေးနွေးနိုင်သည့် ကျန်းမာရေး package ၁လစာ ရယူလိုက်ပါ . Myan Care ဟာဆိုရင် မြန်မာနိုင်ငံအနှံ့အပြား အင်တာနက်အသုံးပြုနိုင်တဲ့ အရပ်ဒေသတိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုရရှိအောင် အွန်လိုင်းကတဆင့် ဝန်ဆောင်မှုပေးနေတဲ့ Telemedicine Application တစ်ခု ပဲဖြစ်ပါတယ်။ MyanCare ကို ၂၀၁၈ ခုနှစ်ကစတင်ခဲ့ပြီး အခုလက်ရှိမှာတော့ အထူးကုဆရာဝန်၊ အထွေထွေကုဆရာဝန်ပေါင်း ၇၀၀ ကျော်ရှိပြီး Application Download User ၃ သိန်းကျော်ရှိနေပါတယ်။ ဒီနေ့အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ အနယ်နယ်အရပ်ရပ်ရှိ မိဘပြည်သူတွေ MyanCare App ကို မိုဘိုင်းလ်ဒေတာနဲ့အသုံးပြုတဲ့အခါ အဆင်ပြေမှုရှိမရှိသိနိုင်ဖို့နဲ့ လိုအပ်တဲ့ပြုပြင်မှုတွေလုပ်ဆောင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ 👉 ပါဝင်ကူညီစမ်းသပ်ပေးတဲ့ မိဘပြည်သူတွေကိုလည်း ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ▪️MyanCare မှာ မိသားစုတစ်စုလုံး တစ်လတိတိ အကန့်အသတ်မဲ့ ကျန်းမာရေးဆွေးနွေးတိုင်ပင်ခွင့်နဲ့ ▪️မိုဘိုင်းလ်ဒေတာ 1GB ကို လက်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုမှာ ပါဝင်လုပ်ဆောင်ရမယ့် အရာတွေကတော့ … ✅App ကို မိမိဖုန်းမှာ Install ပြုလုပ်ခြင်း Play Store >> https://bit.ly/mcareplaystore iOS >> https://bit.ly/mcareios ✅App မှာ Registration ပြုလုပ်ခြင်း ✅MyanCare Customer Support Team ရဲ့လမ်းညွှန်မှုနဲ့အတူ App မှာ Appointment ယူခြင်း၊ Voice Chat, Video Chat ပြုလုပ်ခြင်း (အထူးမေတ္တာရပ်ခံချင်တာကတော့ မိုဘိုင်းလ်ဒေတာဖွင့်ပြီး 2G, 3G ကွန်ယက်မှာသာ စမ်းသပ်ပေးကြဖို့၊ WiFi အသုံးပြုပြီး စမ်းသပ်ခြင်းမပြုဖို့ မှာကြားပါရစေ။) ✅ဖြစ်နိုင်ရင် မိမိရောက်ရှိစမ်းသပ်နေတဲ့နေရာရဲ့ GPS Location ကို Screenshot ပေးပို့ခြင်း အစရှိတာတွေဖြစ်ပါတယ်။ ပါဝင်ကူညီပေးလိုသူများအနေဖြင့် Google Form >> https://forms.gle/Ypqf3AoAfK5revap9 မှာ အချက်အလက်ဖြည့်သွင်းပြီး စာရင်းပေးသွင်းနိုင်သလို အသေးစိတ်သိလိုသည်များကို Customer Service [ဖုန်း - 09 774778000 (လိုင်းခွဲ 1)] ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ အနယ်နယ် အရပ်ရပ်မှာရှိကြတဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေပေမဲ့ အလှမ်းဝေးနေကြတဲ့ မိဘပြည်သူတွေလည်း သိရှိပါဝင်နိုင်အောင်လို့ Share နှိပ်ပြီး မျှဝေပေးဖို့ တောင်းဆိုလိုက်ပါရစေ။ ☺️ မြန်မာနိုင်ငံအနှံအပြားရှိ ကျန်းမာရေးစောင့်ရှောက်မှု အမှန်တကယ်လိုအပ်နေသူများကိုယ်စား MyanCare team အနေနဲ့ ယခုအစီအစဉ်မှာ ပူးပေါင်းကူညီပေးသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ 💚

photo content
+3

photo content

အိပ်စက်ခြင်းဆိုတာ လူသားတွေအသက်ရှင်ဖို့ အခြေခံလိုအပ်ချက်တစ်ခုဆိုပေမဲ့လည်း ဒီနေ့ခေတ်လို စိတ်အာရုံကိုဖမ်းစားမယ့်အရာတွေ ပေါများတဲ့ကမ္ဘာမှာ လူတွေဟာ အိပ်စက်ခြင်းကို ပြီးစလွယ်သဘောထားလာကြပါတယ်။ ဂိမ်းတစ်ခု၊ ရုပ်ရှင်တစ်ကားအတွက်နဲ့ အိပ်ချိန်တွေကို နှမြောခြင်းမရှိ ဖလှယ်ကြပါတယ်။ တစ်ညတစ်လေ အိပ်ရာဝင်နောက်ကျတာက ပြဿနာကြီးမဟုတ်ပေမဲ့ ညစဉ်ရက်ဆက် အိပ်ရေးပျက်လာရင်တော့ သိသာတဲ့ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနေ့မှာတော့ အိပ်ရေးမဝတာကြာလာရင် ကိုယ်နဲ့စိတ်မှာဖြစ်ပေါ်လာမယ့် လက္ခဏာတွေ၊ ဆိုးကျိုးတွေကို ရှင်းလင်းဖော်ပြသွားပါမယ်။ ⚫ အိပ်ရေးပျက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ အိပ်ချိန်မပြည့်တာပဲဖြစ်ဖြစ်၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာပဲဖြစ်ဖြစ် ကောင်းကောင်းမအိပ်ရရင် အိပ်ရေးပျက်ပါတယ်။ အိပ်ရေးပျက်တာက တစ်ညတစ်လေ ကာလတိုလည်းဖြစ်နိုင်သလို နှစ်ပတ်သုံးပတ်၊ လတွေနှစ်တွေနဲ့ချီပြီးလည်း ကြာရှည်တတ်ပါတယ်။ တစ်ညကို လူတစ်ယောက်က ဘယ်လောက်အိပ်ရမလဲဆိုတာ အသက်နဲ့အလိုက်ကွဲပြားတယ်ဆိုပေမဲ့ လူအများစုအတွက် ၇-၉ နာရီခန့် လိုအပ်ပါတယ်။ ⚫ အိပ်စက်မှုစက်ဝန်း အိပ်ရေးပျက်ခြင်းရဲ့ဆိုးကျိုးတွေကို ပြောတဲ့အခါ ကောင်းစွာနားလည်နိုင်ဖို့ အရင်ဦးဆုံး အိပ်စက်မှုစက်ဝန်းအကြောင်းကို သိထားဖို့လိုပါတယ်။ အိပ်စက်မှုစက်ဝန်းတစ်ခုကို အဆင့်လေးဆင့်ခွဲခြားသတ်မှတ်ထားပါတယ်။ ▪️အိပ်ပျော်ခါစချိန် ▪️ပိုပြီးအိပ်မောကျချိန် (မှတ်ဉာဏ်နဲ့ သင်ယူမှုအတွက် အရေးပါတဲ့အချိန်) ▪️အိပ်မောအကျဆုံးချိန် (ခန္ဓာကိုယ်ပြန်လည်အားဖြည့်ချိန်) ▪️မျက်စိလျင်မြန်စွာလှုပ်ရှားချိန် (အိပ်မက်မက်ချိန်) အိပ်စက်မှုစက်ဝန်းတစ်ပတ်ပြည့်ဖို့အတွက် မိနစ် ၉၀ ကနေ ၁၂၀ အထိကြာတတ်ပြီး ပုံမှန်လူတစ်ယောက်က တစ်ညကို အိပ်စက်မှုစက်ဝန်း ၄-၅ ပတ်ရှိပါတယ်။ ⚫ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးဂယက် အိပ်ရေးမဝခြင်းက သာမန်အသေးအမွှားကိစ္စမဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေရှိပါတယ်။ ၁။ နှလုံးနဲ့သွေးကြောကျန်းမာရေး - ကာလရှည် အိပ်ရေးပျက်ခြင်းက သွေးတိုးခြင်း၊ သွေးတွင်းအဆီများခြင်းကိုပိုဖြစ်စေလို့ နှလုံးကျန်းမာရေးကို ထိခိုက်ယိုယွင်းစေပါတယ်။ ၂။ ဇီဝကမ္မဖြစ်စဉ် - ဆီးချိုဖြစ်နိုင်ခြေကိုလည်း မြင့်မား‌စေပါတယ်။ ၃။ ကိုယ်ခံအား - အိပ်ရေးမဝခြင်းက ကိုယ်ခံအားကိုနည်းစေပါတယ်။ ၄။ အာရုံကြော - အိပ်ရေးပျက်တဲ့သူတွေက နာကျင်မှုအကဲဆတ်လို့ အလွယ်တကူနာကျင်တတ်ပြီး သူများထက်ပိုနာတတ်ပါတယ်။ ၅။ ဦးနှောက် - အိပ်ရေးပျက်ခြင်းက ဦးနှောက်အတွက် စိုးရိမ်စရာကောင်းပါတယ်။ မှတ်ဉာဏ်ပြဿနာ၊ အယ်လ်ဇိုင်းမားလို ဦးနှောက်ဆဲလ်ပျက်စီးတဲ့အခြေအနေတွေကို ဖြစ်စေတယ်လို့ တွေ့ရှိထားပါတယ်။ ၆။ စိတ်ကျန်းမာရေး - အိပ်ရေးပျက်ကြာရှည်ခြင်းက စိတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်းလက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။ ⚫ အိပ်ရေးပျက်ခြင်းကြောင့် ဆိုးရွားလာနိုင်တဲ့အခြေအနေများ အိပ်ရေးမဝတာကြာလာတဲ့အခါ အောက်ပါကျန်းမာရေးပြဿနာတွေ ပိုဆိုးရွား (သို့) ပိုဖြစ်လာနိုင်ပါတယ်။ ▪️ဆီးချို ▪️သွေးတိုးရောဂါ ▪️အဝလွန်ခြင်း ▪️အိပ်နေစဉ် အသက်ရှူရပ်ရပ်သွားတဲ့ အိပ်စက်မှုဝေဒနာ ▪️သွေးကြောပြဿနာ ▪️လေဖြတ်ခြင်း ▪️နှလုံးသွေးကြောပိတ်ခြင်း ▪️စိတ်ကျခြင်း ▪️စိုးရိမ်စိတ်များခြင်း ▪️စိတ်ကျန်းမာရေးပြဿနာ ⚫ အိပ်ရေးပျက်ခြင်း လက္ခဏာများ အိပ်ရေးပျက်ရင် စစချင်းမှာ နေ့ဘက်အိပ်ငိုက်တာ၊ နုံးတာတွေဖြစ်ပါတယ်။ ကြာလာရင်တော့ စိတ်ဆတ်တာ၊ မှတ်ဉာဏ်အားနည်းတာ၊ တုံ့ပြန်မှုနှေးကွေးတာ၊ ခေါင်းကိုက်တာ၊ ရုတ်တရက် မသိလိုက်ဘဲ ငိုက်သွားတာတွေဖြစ်လာနိုင်ပါတယ်။ ဒီထက်ဆိုးလာရင် ထိန်းချုပ်မရတဲ့ မျက်စိရွေ့လျားခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စဉ်းစာဆင်ခြင်နိုင်စွမ်းကျခြင်းစတာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ကာလကြာရှည်အိပ်ရေးပျက်ခြင်းက ကိုယ်စိတ်ကျန်းမာရေးအပေါ် ဆိုးရွားပြင်းထန်တဲ့သက်ရောက်မှုတွေရှိလို့ အိပ်ရေးဝအောင် အိပ်စက်ဖို့အရေးကြီးပါတယ်။ ဒါကြောင့် ညဘက်အိပ်စက်တဲ့အခါ … ▪️အချိန်မှန်အိပ်ရာဝင်ပါ။ ▪️အိပ်ခါနီးရင် ဖုန်း၊ ကွန်ပျူတာအသုံးပြုတာ၊ အလင်းစူးစူးနဲ့ ထိတွေ့တာကိုလျှော့ချပါ။ ▪️အရက်အလွန်အကျွံသောက်ခြင်း၊ ညနက်မှ အစာစားခြင်းကို ရှောင်ကြဉ်ပါ။ ▪️စိတ်သက်သာပြေလျော့စေမယ့် အသက်ရှူလေ့ကျင့်ခန်း၊ ယောဂစတာတွေကို လေ့ကျင့်ပြုလုပ်ပါ။ ▪️လိုအပ်လာရင် ပညာရှင်တွေရဲ့အကူအညီကိုရယူပါ။ အနှစ်ချုပ်ပြောရရင် အိပ်ရေးပျက်ခြင်းဆိုတာ နေ့ဘက်အိပ်ငိုက်တာထက်အများကြီးပိုတဲ့ ဆိုးရွားတဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝတာကြာနေပြီလို့ ကိုယ့်ကိုယ်ကိုယ် သတိပြုမိရင် လျစ်လျူမရှုထားသင့်ပါဘူး။ အိပ်စက်ခြင်းဆိုတာ စည်းစိမ်ယူဇိမ်ခံခြင်းမဟုတ်ဘဲ ကျန်းမာတဲ့ဘဝအတွက် အခြေခံလိုအပ်ချက်တစ်ခုသာဖြစ်လို့ ညဘက်ကောင်းစွာအိပ်စက်ဖို့ အရေးကြီးလှကြောင်းမျှဝေလိုက်ရပါတယ်။

photo content

✅ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ 🔴 နာတာရှည်အသည်းရောင်ခြင်းရဲ့ အဖြစ်များဆုံး နောက်ဆက်တွဲပြဿနာတစ်ခုကတော့ အသည်းခြောက်ခြင်းပါပဲ။ ခြောက်သွားတဲ့အသည်းက ပုံမှန်အသည်းလို ကောင်းကောင်းအလုပ်မလုပ်နိုင်တော့လို့ အသက်အန္တရာယ်ကိုခြိမ်းခြောက်လာပါတယ်။ လက္ခဏာတွေအနေနဲ့ နုံးချိခြင်း၊ ပျို့ခြင်း၊ ကိုယ်အလေးချိန်လျော့ခြင်း၊ ဝမ်းဗိုက်ရေဖျဉ်းစွဲခြင်း၊ ခြေထောက်ဖောခြင်းစတာတွေ ခံစားရနိုင်ပါတယ်။ ဒီထက်ဆိုးရွားရင် အသားဝါခြင်း၊ စိတ်အာရုံမူမမှန်ထွေပြားခြင်းတွေအထိ ဖြစ်လာနိုင်ပါတယ်။ 🔴 အသည်းရောင်ခြင်းက အသည်းကင်ဆာဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် ဘီပိုး၊ စီပိုးရှိသူတွေအနေနဲ့ ကျန်းမာနေတယ်ဆိုရင်တောင် ပုံမှန်စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်နေဖို့လိုအပ်ပါတယ်။ ဒါမှသာ အကျိတ်ကို စောစောစီးစီးတွေ့ရှိပြီး ခွဲစိတ်ဖယ်ရှားနိုင်မှာပါ။ ဒါပေမဲ့လည်း အသည်းကင်ဆာအများစုက ကုသရခက်ခဲပါတယ်။ 👉 အသည်းရောင်အသားဝါရောဂါဆိုတာ ကမ္ဘာတဝှမ်းလုံးမှာ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ အသံတိတ်ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်စေတဲ့ အကြောင်းအရင်း၊ လက္ခဏာ၊ ကာကွယ်နည်းတွေကိုသိရှိထားခြင်းက အကောင်းဆုံးပါပဲ။ ကာကွယ်ဆေးထိုးနှံခြင်း၊ အကာအကွယ်သုံးပြီး လိင်ဆက်ဆံခြင်း၊ သန့်ရှင်းမှုရှိခြင်းစတဲ့ ကာကွယ်နည်းတွေကိုလိုက်နာပြီး ကျန်းမာရေးအသိဖြန့်ဝေခြင်းဖြင့် အသည်းကျန်းမာရေးကို ကျွန်ုပ်တို့အတူကာကွယ်‌စောင့်ရှောက်ကြပါစို့လား။ အသည်းအထူးကုဆရာဝန်ကြီးများနှင့် MyanCare App မှတဆင့် တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။ 📲📲MyanCare App Download ရယူရန် Play Store >> https://bit.ly/mcareplaystore iOS >> https://bit.ly/mcareios

✅ ကူးစက်ခံရပြီး ဘယ်လောက်ကြာမှလက္ခဏာပြလဲ အများစုမှာ သာမန်လက္ခဏာပဲပြတာ (သို့) ဘာလက္ခဏာမှမပြတတ်တာကြောင့် ဒီလိုမျိုးအသည်းရောင်ရောဂါကို အသံတိတ်ရောဂါလို့လည်း ခေါ်ဝေါ်ကြပါတယ်။ 🟡 အသည်းရောင်အသားဝါ အေ - ပိုးကူးစက်ခံရပြီး ၂-၆ ပတ်အတွင်း အများအားဖြင့် လက္ခဏာပြပါတယ်။ ပြီးရင် ဝေဒနာက နှစ်လမပြည့်ခင် သက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ တချို့သူတွေမှာတော့ ၆ လလောက်အထိ နေထိုင်မကောင်းဖြစ်နိုင်ပါတယ်။ အေပိုးရှိရင် ပြတတ်တဲ့လက္ခဏာတွေကတော့ ... - ဖျားခြင်း - နုံးခြင်း - ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း - ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖြူဖျော့ခြင်း - အဆစ်နာခြင်း - မျက်စိ၊ အသားဝါခြင်းစတာတွေပဲ ဖြစ်ပါတယ်။ 🟡 အသည်းရောင်အသားဝါ ဘီ - ရောဂါလက္ခဏာက အေပိုးနဲ့အတူတူပါပဲ။ အများအားဖြင့် ကူးစက်ပြီး ၃ လလောက်မှာလက္ခဏာပြပါတယ်။ တချို့သူတွေမှာတော့ ကူးစက်ခံရပြီး ၆ ပတ်ကနေ ၆ လအတွင်း လက္ခဏာပြတတ်ပါတယ်။ တခါတလေ လက္ခဏာက သာမန်လောက်ပဲပြပြီး တစ်ပတ်လောက်ပဲဖြစ်ပါတယ်။ တချို့လူတွေမှာတော့ ပိုးက ခန္ဓာကိုယ်ထဲဆက်ရှိနေပြီး နာတာရှည်အသည်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ 🟡 အသည်းရောင်အသားဝါ စီ - အစောပိုင်းလက္ခဏာတွေကတော့ အေပိုး၊ ဘီပိုးနဲ့အတူတူပါပဲ။ ကူးစက်ခံရပြီး ၆-၇ ပတ်လောက်မှာ လက္ခဏာပြလေ့ရှိပါတယ်။ တချို့သူတွေမှာတော့ ၂ ပတ်ကနေ ၆ ပတ်အတွင်းပြတတ်ပါတယ်။ စီပိုးကူးစက်ခံရသူ ၂၅% ခန့်က ဆေးကုသစရာမလိုဘဲ သူ့အလိုလိုပျောက်ကင်းသွားကြပါတယ်။ တချို့သူတွေမှာတော့ နှစ်တွေအကြာကြီး လူမှာရှိနေတတ်ပြီး အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ တစ်ခုသိထားရမှာက အသည်းရောင်အသားဝါပိုးကူးစက်ခံရသူတွေဟာ ဘာလက္ခဏာမှမခံစားရရင်တောင် တခြားသူကိုကူးစက်စေနိုင်ပါတယ်။ ✅ အသည်းရောင်အသားဝါကို ကုသလို့ရနိုင်လား 🟡 အသည်းရောင်အသားဝါအေက သူ့အလိုလိုပျောက်ကင်းတာမို့ ဆေးသောက်စရာမလိုပါဘူး။ ဝေဒနာသက်သာအောင် အစားနည်းနည်းစီစားခြင်း၊ ရေအလုံအလောက်သောက်ခြင်း၊ ပြင်းပြင်းထန်ထန် လှုပ်ရှားမှုမပြုခြင်းဖြင့် မိမိကိုယ်မိမိစောင့်ရှောက်နိုင်ပါတယ်။ 🟡 အသည်းရောင်အသားဝါဘီကို ကုသရာမှာတော့ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့၊ အသည်းကိုကာကွယ်ဖို့က အဓိကဖြစ်ပါတယ်။ ဒါကြောင့် အသည်းကို ပုံမှန်စစ်ဆေးစောင့်ကြည့်ဖို့ သိပ်အရေးကြီးပါတယ်။ အခြေအနေပေါ်မူတည်ပြီး တချို့သူတွေမှာ ဆေးသောက်ဖို့လိုပြီး တချို့ကတော့မလိုပါဘူး။ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ကုသခြင်းက အကောင်းဆုံးပါပဲ။ 🟡 အသည်းရောင်အသားဝါစီကို ကုသနိုင်တဲ့ဆေးတွေရှိပြီး ဆေးဝါးအသစ်တွေလည်းပေါ်နေပါပြီ။ ရောဂါအခြေအနေပေါ်မူတည်ပြီး ဆရာဝန်က အသင့်တော်ဆုံးဆေးဝါးကို ရွေးချယ်ပေးပါလိမ့်မယ်။ ကုသရမယ့်ကာလကတော့ တစ်ဦးနဲ့တစ်ဦးမတူနိုင်ပါဘူး။ နောက်မှပေါ်တဲ့ ဆေးအသစ်တွေဆိုရင်တော့ ဆေးသောက်ရမယ့်ကာလပိုတိုသွားပါတယ်။ တစ်ခုသတိပြုရမှာက အသည်းရောင်အသားဝါကို ကုသရမယ့်နည်းလမ်းက တစ်ဦးနဲ့တစ်ဦးမတူတာကြောင့် ကုသတဲ့အခါ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့ သိပ်အရေးကြီးပါတယ်။ ✅ ကာကွယ်ဆေးရှိလား အသည်းရောင်အသည်းဝါအေပိုးနဲ့ ဘီပိုးအတွက် ကာကွယ်ဆေးရှိပါတယ်။ စီပိုးအတွက်တော့ မရှိပါဘူး။ 🟡 အေပိုးအတွက်ကာကွယ်ဆေးကို ၆ လခြားပြီး နှစ်ခါထိုးရပါတယ်။ ကလေးငယ်တွေမှာဆို အသက် ၁၂-၂၃ လအတွင်း ပထမအကြိမ်ကို ထိုးသင့်ပါတယ်။ 🟡 ဘီပိုးအတွက်ကာကွယ်ဆေးက အမျိုးအစားပေါ်မူတည်ပြီး နှစ်ကြိမ်၊ သုံးကြိမ် (သို့) လေးကြိမ်ထိုးရတာ ရှိပါတယ်။ မွေးစကလေးတွေမှာဆို မွေးပြီးပြီးချင်းတစ်ကြိမ်ထိုးပြီး ကျန်တာတွေကို ၆ လနဲ့အပြီး ကာကွယ်ဆေးထိုးရပါမယ်။ လူကြီးဖြစ်မှ ကာကွယ်ဆေးထိုးမယ်ဆိုရင်လည်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ထိုးနိုင်ပါတယ်။ အေ၊ ဘီနှစ်မျိုးလုံးထိုးချင်ရင် ဆရာဝန်ကိုမေးမြန်းပြီး ပေါင်းစပ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ ကာကွယ်ဆေးထိုးပြီတဲ့အခါမှာလည်း ဆေးအောင်၊ မအောင်သိရဖို့ ပြန်စစ်ဆေးပြီး လိုအပ်ရင် Booster ထပ်ထိုးရပါမယ်။

အသည်းရောင်အသားဝါ Aပိုး၊ Bပိုး၊ Cပိုး အကြောင်း အသည်းရောင်အသားဝါဆိုတာ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ အသည်းရောင်ပြီး မျက်စိနဲ့အသားဝါတတ်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ အသည်းရောင်အသားဝါပိုး ၅ မျိုးရှိပြီး အဖြစ်များဆုံးကတော့ အေပိုး၊ ဘီပိုး၊ စီပိုး‌တွေဖြစ်ပါတယ်။ ဒီနေ့မှာတော့ အသည်းကျန်းမာရေးကိုထိခိုက်စေတဲ့ အသည်းရောင်အသားဝါ အေ၊ ဘီ၊ စီပိုးနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတတွေကို မျှဝေသွားမှာဖြစ်ပါတယ်။ 🟡 အသည်းရောင်အသားဝါ အေ ဒီအမျိုးအစားက နာတာရှည်မဟုတ်သလို နောက်ဆက်တွဲပြဿနာလည်း မဖြစ်စေပါဘူး။ နှစ်လလောက်အတွင်းမှာ အသည်းက ပြန်ကောင်းသွားတတ်ပြီး ကာကွယ်ဆေးလည်း ရှိပါတယ်။ 🟡 အသည်းရောင်အသားဝါ ဘီ အများစုကတော့ ၆ လအတွင်း ပြန်သက်သာလေ့ရှိပါတယ်။ ဒါပေမဲ့ တခါတလေ နာတာရှည်ဖြစ်ပြီး အသည်းပျက်စီးနိုင်ပါတယ်။ ဒီရောဂါပိုးကူးစက်ခံရသူဟာ ဘာလက္ခဏာမှမခံစားရဘူးဆိုရင်တောင် တခြားသူကိုကူးစက်စေနိုင်ပါတယ်။ ကံကောင်းတာက ကာကွယ်ဆေးနဲ့ မကူးစက်အောင် တားဆီးနိုင်ပါတယ်။ 🟡 အသည်းရောင်အသားဝါ စီ အများစုက ဘာရောဂါလက္ခဏာမှ မပြကြပါဘူး။ ရောဂါပိုးရှိသူ ၈၀ % ခန့်က နာတာရှည်ဖြစ်သွားကြပြီး တချို့မှာတော့ အသည်းခြောက်တဲ့အထိဖြစ်တတ်ပါတယ်။ နောက်ပြီး ကာကွယ်ဆေးလည်းမရှိပါဘူး။ ✅ ဘယ်လိုကူးစက်နိုင်လဲ 🟡 အသည်းရောင်အသားဝါ အေ - အဓိကကူးတာကတော့ ပိုးရှိတဲ့ အစားအသောက်တွေကနေတဆင့် ကူးစက်ပါတယ်။ ရောဂါပိုးရှိတဲ့သူက လက်ကိုသေချာမဆေးဘဲ အစားအသောက်ကိုကိုင်တွယ်ပြင်ဆင်တဲ့အခါ ရောဂါပိုးကူးစက်ပါတယ်။ နောက်တနည်းကတော့ ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံတဲ့အခါ ကူးစက်နိုင်ပါတယ်။ 🟡 အသည်းရောင်အသားဝါ ဘီ - ဘီပိုးက သွေး၊ သုက်ရည်၊ ခန္ဓာကိုယ်ကထွက်တဲ့ တခြားအရည်တွေမှာ ရှင်သန်နေထိုင်ပါတယ်။ အများအားဖြင့်တော့ ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံခြင်းကနေတဆင့် ကူးစက်လေ့ရှိပါတယ်။ တခြားနည်းလမ်းတွေကတော့ ... - ရောဂါပိုးရှိသူနဲ့ ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း - ရောဂါပိုးရှိတဲ့သွေး (သို့) ခန္ဓာကိုယ်အရည်တမျိုးမျိုးနဲ့ တိုက်ရိုက်ထိတွေ့ခြင်း(ဥပမာ-မုတ်ဆိတ်ရိတ်ဓား၊ သွားပွတ်တံစတာ‌တွေကို မျှဝေအသုံးပြုခြင်း၊ ရောဂါပိုးရှိသူရဲ့အနာကို ထိကိုင်ခြင်း) - ရောဂါပိုးရှိတဲ့ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကိုကူးစက်ခြင်း(တကယ်လို့ မွေးကင်းစကလေးမှာ ဘီပိုးပါလာရင် မွေးပြီး ၁၂ နာရီအတွင်းကုသမှုခံယူဖို့လိုအပ်ပါတယ်။) 🟡 အသည်းရောင်အသားဝါ စီ - ဘီပိုးလိုပဲ ဆေးထိုးအပ်မျှဝေအသုံးပြုတာ၊ ပိုးရှိတဲ့သွေးနဲ့ တိုက်ရိုက်ထိတွေ့ရာကနေ ကူးစက်ပါတယ်။ ပိုးရှိသူနဲ့ လိင်ဆက်ဆံရာကနေတဆင့်လည်း ကူးစက်နိုင်ပေမဲ့ အဖြစ်တော့နည်းပါတယ်။ ရောဂါပိုးရှိတဲ့ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကိုကူးစက်နိုင်ခြေရှိပေမဲ့လည်း ရှားပါတယ်။ ဒီနေရာမှာ အသည်းရောင်အသားဝါပိုးတွေနဲ့ပတ်သက်လို့ လွဲမှားနေတဲ့အယူအဆတွေကို ရှင်းလင်းချင်ပါတယ်။ ဘီပိုး၊ စီပိုးက (အေပိုးလိုမျိုး) အစားအသောက်ကနေတဆင့် မကူးစက်ပါဘူး။ ဒါ့အပြင် ... - နမ်းခြင်း - ပွေ့ဖက်ခြင်း - နှာချေ၊ ချောင်းဆိုးခြင်း - ဇွန်း၊ ခက်ရင်းမျှဝေသုံးစွဲခြင်းကနေလည်း မကူးစက်နိုင်ပါဘူး။ ✅ အသည်းရောင်အသားဝါပိုးရှိနေမှန်း ဘယ်လိုသိနိုင်မလဲ လူသိအများဆုံးလက္ခဏာကတော့ မျက်လုံးနဲ့ အသားဝါခြင်းပါပဲ။ ဒါပေမဲ့ ပိုးရှိတဲ့သူတိုင်း အသားဝါချင်မှဝါတာပါ။ တုပ်ကွေးလိုမျိုး နေထိုင်မကောင်းတာ၊ ဗိုက်အောင့်တာလောက်နဲ့ပဲ ပြီးချင်ပြီးသွားပါတယ်။ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ ... - ဖျားခြင်း - အစားအသောက်ပျက်ခြင်း - ပျို့ခြင်း၊ အန်ခြင်း - ဝမ်းသွားခြင်း - ဆီးအရောင်ရင့်ခြင်း - ဝမ်းအရောင်ဖြူဖျော့ခြင်း - အဆစ်နာခြင်းတွေဖြစ်ပြီး ဒီလိုလက္ခဏာခံစားရရင် ဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုအပ်ပါတယ်။ တခါတလေ တချို့လူတွေမှာ ဘာလက္ခဏာမှမပြတာမျိုးလည်းရှိပါတယ်။ ရောဂါပိုးရှိမရှိသေချာဖို့ဆိုရင် ဆေးစစ်မှရပါမယ်။

photo content

အာဟာရတန်ဖိုး မရှိသလောက်နည်းပြီး သကြားတွေပါဝင်တဲ့အချိုရည်မျိုးစုံက ဒီနေ့ခေတ်မှာဆိုရင် အခြေခံအစားအစာတစ်ခုလိုတောင် ဖြစ်လာနေပါပြီ။ ဆန်စပါး၊ အသားငါး၊ ဟင်းသီးဟင်းရွက်တို့လိုမျိုး နေ့စဉ်လိုအပ်တဲ့အာဟာရကိုမပေးနိုင်တဲ့ ဒီအချိုရည်တွေကို ပုံမှန်သောက်သုံးနေတာက တကယ်တော့ ကျန်းမာရေးအ‌န္တရာယ်များလှပါတယ်။ ဒီနေ့မှာတော့ အချိုရည်နေ့တိုင်းသောက်တာက သင့်ကျန်းမာရေးကို ဘယ်လိုထိခိုက်စေလဲဆိုတာ မျှဝေသွားချင်ပါတယ်။ Soda ၊ Juice ၊ အားဖြည့်အချိုရည်၊ သကြားပါတဲ့ ကော်ဖီ၊လက်ဖက်ရည်စတဲ့ အချိုရည်အမျိုးမျိုးကို နေ့စဉ်သောက်သုံးရင် ဖြစ်လာနိုင်တဲ့ကျန်းမာရေးဆိုးကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 🧃ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်း - အချိုရည်မှာပါဝင်တဲ့သကြားက အစားအစာကရတဲ့သကြားဓာတ်လို ဗိုက်ပြည့်တင်းတိမ်တာမျိုးမဖြစ်စေတဲ့အပြင် ကယ်လိုရီလည်းများလို့ အဝလွယ်စေတယ်။ 🧃 ဆီးချိုဖြစ်နိုင်ခြေများခြင်း - အချိုရည်မှာပါတဲ့ မြင့်မားတဲ့သကြားပမာဏက ခန္ဓာကိုယ်ရဲ့သကြားအပေါ်ထိန်းချုပ်နိုင်စွမ်းကို လျော့ကျစေလို့ ဆီးချိုဖြစ်ဖို့အလားအလာပိုများလာပါတယ်။ 🧃 သွားပြဿနာဖြစ်ခြင်း - အချိုရည်တွေမှာပါဝင်တဲ့ သကြားနဲ့ အချဉ်ဓာတ်က သွားကြွေလွှာကိုတိုက်စားပြီး သွားပြဿနာတွေဖြစ်စေတယ်။ 🧃 နှလုံးရောဂါ - အချိုရည်တွေက သွေးတွင်းသကြားနဲ့ မကောင်းတဲ့အဆီဓာတ်ကို မြင့်မားစေလို့ နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။ 🧃 အသည်းအဆီဖုံးခြင်း - ပိုလျှံလာတဲ့သကြားဓာတ်တွေကို အသည်းကအဆီအဖြစ်ပြောင်းလဲပစ်ပြီး ကြာတဲ့အခါ အသည်းမှာအဆီတွေစုလာပါတယ်။ 🧃 ဂေါက်ရောဂါဖြစ်နိုင်ခြေများခြင်း - အချိုရည်မှာပါဝင်တဲ့ သကြားဓာတ်က ယူရစ်အက်စစ်ပမာဏကိုများစေလို့ အဆစ်ရောင်ဂေါက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ အချိုရည်က ခဏတာတော့ စိတ်ကျေနပ်မှုကိုပေးနိုင်တယ်ဆိုပေမဲ့ ရေရှည်မှာ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်စေတာကြောင့် လျစ်လျူရှုထားလို့မရပါဘူး။ ဒါကြောင့် အချိုရည်ကိုလျှော့သောက်ပြီး ရေ၊ Herbal Tea ၊ သကြားမထည့်တဲ့ အသီးဖျော်ရည်စတာတွေကို အစားထိုးသောက်သုံးသင့်ခြင်းဖြင့် သင့်ကျန်းမာရေးကိုစောင့်ရှောက်လိုက်ပါ။ 📲📲MyanCare App Download ရယူရန် Play Store >> https://bit.ly/mcareplaystore iOS >> https://bit.ly/mcareios

photo content

 ခွဲစိတ်ကုသခြင်း။ ဝမ်းဗိုက်အပေါက်မှတဆင့် ကင်မရာပါတဲ့မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း၊ ဝမ်းဗိုက်ဖွင့်ပြီးခွဲစိတ်ခြင်း ဖြင့် မမျိုးဥအိမ်နှင့် ကင်ဆာဆဲလ်ပြန့်နေတဲ့ အခြားအင်္ဂါများကို တတ်နိုင်သမျှ ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။  ကီမိုဆေးဖြင့်ကုသခြင်း။ ကီမိုဆေးက ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။ ခွဲစိတ်မှုမပြုခင်နှင့် ပြုပြီးချိန်တွင် ကီမိုဆေးဖြင့် တွဲဖက်ကုသနိုင်ပါတယ်။ ကီမိုဆေးကို ဆေးသွင်းကုသတာရှိသလို သောက်ဆေးဖြင့်လည်း ကုသနိုင်ပါတယ်။  ဆေးဝါးဖြင့်ကုသခြင်း။ ကင်ဆာဆဲလ်ကြီးထွားမှုကိုသတ်နိုင်တဲ့ဆေးဝါးများအသုံးပြုပြီးကုသနိုင်ပါတယ်။  ဟော်မုန်းဆေးဖြင့်ကုသခြင်း။ ဟော်မုန်းကြောင့်ဖြစ်တဲ့မမျိုးဥအိမ်ကင်ဆာတွေမှာ ၎င်းဟော်မုန်းကိုပိတ်ဆို့လိုက်ခြင်းဖြင့် ကင်ဆာဆဲလ် ကြီးထွားခြင်းကို နှောင့်နှေး၊ ရပ်တန့်စေပါတယ်။  ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း။ မမျိုးဥအိမ်ကင်ဆာကုသရာမှာ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းကို အသုံးပြုမှုနည်းပါးပါတယ်။ ယေဘုယျအားဖြင့် မမျိုးဥအိမ်ကင်ဆာရဲ့ နောက် (၅) နှစ်အသက်ရှင်နိုင်မှုနှုန်းက (၄၉) ရာခိုင်နှုန်းရှိပါတယ်။ ကင်ဆာကုသမှုပြီးသွားပြီးသည့်တိုင် နောက်တစ်ကြိမ်ထပ်မဖြစ်နိုင်တာမို့ စောစောသိစောစောကုသမှု ရအောင် ဆရာဝန်နှင့်ပုံမှန်စစ်ဆေးမှုပြုသင့်ပါတယ်။ မမျိုးဥအိမ်ကင်ဆာမဖြစ်အောင်အပြည့်အဝကာကွယ်နိုင်တဲ့နည်းလမ်းမရှိသေးပါဘူး။ မိဘမောင်နှမမျိုးရိုးမှာ မမျိုးဥအိမ်ကင်ဆာရှိသူတွေက ပုံမှန်စစ်ဆေးမှုပြုသင့်ပါတယ်။ BRCA မျိုးရိုးဗီဇပြောင်းရှိသူတွေက ကင်ဆာ အဆင့်မရောက်မီ မမျိုးဥအိမ်နှင့်မျိုးဥပြွန်တွေကို ဖယ်ရှားလိုက်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။ ရေးသားသူ - Dr. Nway Htike Maw