en
Feedback
MW Synopsis

MW Synopsis

Open in Telegram

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-124 hours
No data7 days
-2730 days
Posts Archive
The Mannequin (2025) ++++++++++ ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Horror/Mystery အမျိုးအစား ဇာတ်ကားလေးပဲ ဖြစ်ပါတယ်... ဒီဇာတ်ကားလေးဟာဆိုရင် လော့စ်အိန်ဂျလိစ်မြို့ရဲ့ အဆောက်အဦတစ်ခုထဲက ခြောက်ခြားဖွယ်အကြောင်းများကို တင်ဆက်ရိုက်ကူးထားတာဖြစ်ပါတယ်.. စတိုင်လစ်ညီအစ်မနှစ်ယောက်တို့ဟာ လော့စ်အိန်ဂျလိစ်မြို့ထဲက နှစ်ကာလကြာရှည်တည်ရှိနေပြီးဖြစ်တဲ့ အဆောက်အဦ တစ်ခုကို အလုပ်ခန်းအဖြစ် ငှားရမ်းခဲ့ကြပြီး ထိုအဆောက်အဦအတွင်းမှာ အရုပ်မတစ်ရုပ်လည်း ရှိနေခဲ့ပါတယ် .. တစ်နေ့မှာတော့ ညီအစ်မနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သူဟာ ၎င်းအဆောက်အဦအတွင်း ရှိနေစဉ်မှာပဲ ဆန်းကြယ်စွာပဲသေဆုံးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုအဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်... ထိုအဆောက်အဦကိုလည်း ပိုင်ရှင်ထံ ပြန်လည်အပ်နှံဖြစ်ခဲ့ကြပါတယ် သို့သော်လည်း ၁ နှစ်အကြာမှာပဲ ကျန်ရှိခဲ့တဲ့ ညီအစ်မနှစ်ယောက်ထဲက တစ်ယောက်ဟာ ထိုအဆောက်အဦဆီ ပြန်ရောက်လာခဲ့ပြီး ပြန်ရောက်ရောက်ချင်းနေ့မှာပဲ ခြောက်ခြားဖွယ်ရာတွေ ကြုံခဲ့ရပြန်ပါတော့တယ်... ဒီဇာတ်ကားဟာဆိုရင် အခုတ်အထစ် အဖြတ်အတောက်များကို သွေးထွက်သံယိုအပြည့်နဲ့ ရင်ခုန်စရာ Thriller အမျိုးအစားဇာတ်ကားများ ကြိုက်နှစ်သက်သူများအဖို့ ရွေးချယ်ကြည့်ရှုနိုင်ဖွယ်လည်းဖြစ်ပါတယ်... File Size… (1.36GB) / (535 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 25m Genre … Crime , Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub)

Psycho Ex (2025) +++++++++++ မိတ်ဆွေတို့ဘဝမှာ တစ်စုံတစ်ယောက်ကိုရှေ့မှာထားပြီး ပေါက်ကွဲချင်ပေမယ့် ပေါက်ကွဲလို့မရတဲ့/ဒဲ့ကြီးမပေါက်ကွဲရဲတဲ့ အခြေအနေတွေရှိကြမှာပါ။ ဒါဆိုရင်တော့ ဒီဇာတ်ကားကို မိတ်ဆွေပေါက်ကွဲချင်သူနဲ့အတူတူ ကြည့်ဖို့တိုက်တွန်းပါရစေ။ အနည်းဆုံးတော့သူ့ကိုရှေ့မှာထားပြီး သွယ်ဝိုက်ပြီးပေါက်ကွဲလိုရပါတယ်... မီဂန်ဟာ သူမရဲ့စိတ္တဇရည်းစားဟောင်းဖြစ်သူ ဒဲရစ်နဲ့ လမ်းခွဲလိုက်ချိန်မှာ အားလုံးပြီးဆုံးသွားပြီလို့ထင်ခဲ့ပေမဲ့ ဒဲရစ်အတွက်တော့ ဒီဇာတ်လမ်းက အခုမှအစပဲ ရှိပါသေးတယ်။ တစ်ညမှာ... ဒဲရစ်ဟာ မီဂန်ရဲ့ အိမ်ကို အတင်းအဓမ္မ ဝင်ရောက်လာခဲ့ပါတယ်။ ဒဲရစ်ဟာ မီဂန်ကို သစ္စာဖောက်မှု နဲ့ ပြင်းပြင်းထန်ထန် စွပ်စွဲပြီး အိမ်သူအိမ်သားအားလုံးကို အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်တောက်ကာ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ ဒဲရစ်ဟာ ချစ်သူစွန့်ပစ်သွားတဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ ပြည့်နှက်နေသူဖြစ်ပြီး သူခံစားခဲ့ရသလို မီဂန်တို့ မိသားစုတစ်ခုလုံးကိုလည်း နာကျင်စေဖို့ ဆုံးဖြတ်ထားပါတယ်။ အိမ်ထဲက လူတိုင်းဟာ သူတို့ရဲ့အကြီးမားဆုံးသော ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်ရပါတော့တယ်.... File Size… (984MB) / (520MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 20m Genre … Thriller Subtitle….Myanmar Subtitle (Hard Sub)

Escobank (2025) +++++++ Escobank ဆိုတဲ့ဇာတ်ကားကတော့ လူသာသေပေမယ့်နာမည်မသေတဲ့ မူးယစ်ဖခင်ကြီး ပါဘလိုအက်စကို သေသွားပြီးနောက် ကိုလံဘီယာကတောနက်ထဲမှာ ဝှက်ထားခဲ့တဲ့ဒေါ်လာသန်း၂၀၀ကို ရှာဖွေကြပုံကို ရိုက်ကူးထားတဲ့ Action, Crime, Horrorကားလေးဖြစ်ပါတယ်။ ဒီကားဟာ မူးယစ်ဆေးလောကရဲ့အက်ရှင်တွေကိုမှကိုလံဘီယာတောနက်ထဲမှာ ရိုက်ကူးထားတာကြောင့် အက်ရှင်သဘောကျတဲ့တွေကြည့်သင့်တဲ့ကားထဲမှာပါပါတယ်။ ဇာတ်လမ်းအကျဥ်း -------- မိုင်ယာမီ မှုခင်းလောကရဲ့ နာမည်ကြီး အာဗီဟက်ဒက်ရှ်ဟာ ပါဘလိုအက်စကိုရဲ့ဒေါ်လာသန်း၂၀၀ကို ကိုလံဘီယာတောနက်ထဲမှာဝှက်ထားတဲ့ မြေပုံကိုရရှိသွားပြီးသူဟာအဲ့ဒီသန်း၂၀၀ကို အရယူဖို့သူ့ရဲ့ရှေ့နေ ဆန်တီနဲ့အတူ ကိုလံဘီယာနိုင်ငံကိုရောက်လာပါတော့တယ်။ ကိုလံဘီယာကိုရောက်တော့ ဗိုလ်မှူးတွေ၊ဂိုဏ်းတွေကို ပိုက်ဆံပေးပြီး သူ့ကိုကိုလံဘီယာမှာတရားဝင်လုပ်ငန်းလုပ်ကိုင်နေသလိုသတ်မှတ်ခိုင်းထားပြီ သူ့ရဲ့အတိတ်ကသွေးသောက်ညီအကို တွေဖြစ်တဲ့ ဇစ်၊ အီမေးလ်၊တခြားအဖွဲ့သားတွေနဲ့ သန်း၂၀၀ကိုအရယူဖို့ ကိုလံဘီယာတောနက်ထဲကိုစွ့န်စားခန်းခရီးထွက်လာပါတော့တယ်။ ဒါပေမယ့်ခရီးလမ်းမှာ ပြိုင်ဖက်ဂိုဏ်းတွေ၊စစ်တပ်အရာရှိတွေရဲ့ခြိမ်းခြောက်မှုတွေ၊အဖွဲ့သားတွေရဲ့ကြားကသစ္စာဖောက်မှုတွေ၊ ငွေတွေကိုစောင့်ရှောက်နေကြတဲ့တောနက်ထဲကရွာသားတွေကြောင့်ဒီသန်း၂၀၀ကိုရရှိသွားမလား သူတို့ဘဝတွေကကော ဘယ်လိုအဆုံးသတ်ကုန်မလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဗျာ။ File Size… (1.58GB) / (909MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 36m Genre … Action Subtitle….Myanmar Subtitle (Hard Sub)

Repost from Shwe5lay Game Shop
📌Phase-2 Task ❤️‍🔥Log in - 1 ❤️‍🔥Dia - 1ကဒ် ❤️‍🔥Dia 50 - 1ကဒ် ❤️‍🔥Dia 100 - 2ကဒ် ❤️‍🔥Dia 250 - 4 ကဒ် ❤️‍🔥Dia 100 သုံးရ
📌Phase-2 Task ❤️‍🔥Log in - 1 ❤️‍🔥Dia - 1ကဒ် ❤️‍🔥Dia 50 - 1ကဒ် ❤️‍🔥Dia 100 - 2ကဒ် ❤️‍🔥Dia 250 - 4 ကဒ် ❤️‍🔥Dia 100 သုံးရင် 1 ကဒ် ❤️‍🔥Dia 250 သုံးရင် 1 ကဒ် ❤️‍🔥Dia 500 သုံးရင် 2 ကဒ် Total 13 ကဒ်ရပါမယ် For Recharge 100 Wp - 6000mmk or 💎172 - 10400mmk For Recharge 250 3 x wp - 18000mmk or 💎343 - 21100mmk For Recharge - 500 5 x wp - 30000mmk or 💎 600 - 36200 mmk
💎 1 weekly Pass - 6000 💎86 - 5100 💎172 - 10400 💎257 - 15900 💎343 - 21100 💎429 - 26000 💎514 - 31500 💎600 - 36200 💎706 - 41800 💎878 - 52200 💎964 - 57000 💎1049 - 61800 💎1135 - 68000 💎2195 - 125,000 💎3688 - 208,000 💎5532 - 310,000 💎9288 - 520,000 💎MLBB Dia Shop : @shwe5lay_game_shop
⌛Available in 3 - 10 Minute ..... Payment - 💳💳  09799464428 (Thandar Zaw ) Chat 😎 💌 : @moviesworldmwchannel 🌟 Telegram Channel (နေ့စဉ် Update ဝင်ကြည့်ရန် ) https://t.me/shwe5lay_game_shop

❗️❗️❗️❗️ Fee - 2️⃣2️⃣0️⃣0️⃣0️⃣mmk (Lifetime Member) (1/11/2025 မှစတင်ပြီး ယခုပြသထားသော ဈေးနှုန်းဖြစ်သွားပါပြီ ) ✔️ 4️⃣🔤 Movi
❗️❗️❗️❗️  Fee - 2️⃣2️⃣0️⃣0️⃣0️⃣mmk
(Lifetime Member) (1/11/2025 မှစတင်ပြီး ယခုပြသထားသော ဈေးနှုန်းဖြစ်သွားပါပြီ )
✔️ 4️⃣🔤 Movies Channel ✔️ကိုယ်ပိုင် ဘာသာပြန် series များ 💸24 Legacy  စဆုံးရပါပြီ 💸No Ordinary Family 💸Good Girls Season 1 + 2 + 3+4 💸The Simpsons Season 1,2,3,4,35,36 💸Scream Queen စဆုံး 💸Rick And Morty စဆုံး 💸Garfield and Friend (uploading) 💸Mr.Bean Animation (uploading) 💸Tom & Jerry စဆုံး 💸 Modern Family Season 1,2 💸 Family Guy Season 1,2,22 💸 2brokegirls S1 ➡️Eng Subtitle Channel (IFLIMTV) ✔️Series ပေါင်း 7️⃣0️⃣0️⃣ ကျော်ပါဝင်သော ( paid series channel ) Series Collection များ 🙂 💎VAM Vampire Collection (သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတွဲရှည်များ) 💎SC Sitcom Collection Series (မိသားစု ဟာသကားများ ) 💎WK Walking Dead (ဇွန်ဘီ) Collection Series 💎MCU Marvel Collection Series 💎(Buddha,Mahakali,ashoka) bollywood ျseries အရှည် ✔️ Movies ပေါင်း 3️⃣0️⃣0️⃣0️⃣ ကျော်ပါဝင်သော ( vip movies channel ) ✔️ Animation Series များ မန်ဘာဝင်ရန် Bot Link➡️ :@moviesworldmwchannelbot Channel Link➡️ : @pro_plus_vip တိုက်ရိုက်မန်ဘာဝင်ရန် (pro plus ဟုစာပိုပေးပါ ) 🦋 Admin Acc :@moviesworldmwchannel

Last Samurai Standing ဂျပန်ဆာမူရိုင်းဇာတ်လမ်းတွဲကိုမှ Alice in Borderland လို Survival mode နဲ့ကြည့်ရမယ့် အလန်းစား Netflix ဇာတ်လမ်းတွဲလာပါပြီ.. ခုတ်တာထစ်တာတွေကို ရိုက်ချက်အကြမ်းစားတွေနဲ့ ၆ ပိုင်းထဲနဲ့ ကျစ်ကျစ်လစ်လစ်ကြည့်ရမှာပါ ဂျပန်ကားတွေမှာမြင်ဖူးနေကြ Cast အများစုပါဝင်ထားပါ ... ဆာမူရိုင်း ၊ ရှိုဂန်တွေအုပ်စိုးခဲ့တဲ့ဂျပန်ပြည်မှာ နှစ် ၉၅၀ လောက် ရီဂန်တွေအုပ်စိုး ကြာပြီး အစိုးရအုပ်ချုပ်တဲ့ ခေတ်ကိုပြောင်းလာပါတယ်.. ဒီတော့ ခေတ်ဟောင်းလက်ကျန် ဆာမူရိုင်းတွေထဲအတွက် ဓားသိမ်းခံရ စီးပွားရေးပိတ်ခံရနဲ့ အနေကြပ်လာပါပြီ.. အဲထဲမှာ ရှီဇူရိုကာဂါဆိုတဲ့ နာမည်ကျော်ဆာမူရိုင်းစစ်သည်တော် ကြီးအပါအဝင်ပေါ့.. တစ်နေ ငတ်မွတ်ခေါင်းပါးပြီး ရောဂါထူနေတဲ့ ရှီဇူရိုတို့ရွာထဲကို ကိုယ်ခံပညာတတ်ရင် ယန်း ၁ သိန်း ပေးမယ်ဆိုတဲ့ ပြိုင်ပွဲလက်ကမ်းစာစောင်တစ်ခုရောက်လာပါ ... ကြံရမရဖြစ်နေတဲ့ ရူဂျီရိုအတွက် ဒီပြိုင်ပွဲက မျှော်လင့်ချက်တစ်အဲထဲမှာ ရှီဇူရိုကာဂါဆိုတဲ့ နာမည်ကျော်ဆာမူရိုင်းစစ်သည်တော် ကြီးအပါအဝင်ပေါ့.. တစ်နေ ငတ်မွတ်ခေါင်းပါးပြီး ရောဂါထူနေတဲ့ ရှီဇူရိုတို့ရွာထဲကို ကိုယ်ခံပညာတတ်ရင် ယန်း ၁ သိန်း ပေးမယ်ဆိုတဲ့ ပြိုင်ပွဲလက်ကမ်းစာစောင်တစ်ခုရောက်လာပါ တယ်... ကြံရမရဖြစ်နေတဲ့ ရူဂျီရိုအတွက် ဒီပြိုင်ပွဲက မျှော်လင့်ချက်တစ် ခုဖြစ်လာပြီး.. ပြိုင်ပွဲကျင်းပမယ့် ကျိုတိုမြို့ကိုထွက်လာပါတယ် ဒီပြိုင်ပွဲကို နောက်ကွယ်က လက်မဲကြီးတစ်စု ဆာမူရိုင်းတွေကို စုစည်းပြီး အချင်းချင်းသ-တ်ဖြတ်ယှဉ်ပြိုင်ခိုင်းဖို့စီစဉ်ထားတာဖြစ်ပြီး နောက်ဆုံးကျန်ရစ်သူကို ဆုငွေယန်း ၁ သိန်း ပေးဖို့စီစဉ်ထားတာပါ.. ပြိုင်ပွဲမှာ ဂျပန်ရဲ့ နာမည်ကျော်ဆာမူရိုင်းတွေ အသက်ရှင်ဖို့ ကြိုးစားပြီး ယှဉ်ပြိုင်တိုက်ခိုက်ကြပုံကိုကြည့်ရမှာပါ.

Bikini Nuns (2025) +++++++++ အပြင်ပန်းမှာ သီလရှင်ဝတ်စုံနဲ့ ဘုရားတရားလုပ်နေပုံပေါက်ပေမဲ့ ၊ တကယ်တမ်းမှာတော့ အတိတ်က ကြေကွဲစရာ မိဘမဲ့ဂေဟာသတ်ဖြတ်မှုမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လက်ရွေးစင် အမျိုးသမီးလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တစ်ခုအကြောင်းပါ။ သူတို့ရဲ့တာဝန်ကတော့ တရားမျှတမှုအတွက် သူတို့ဘဝကို ဖျက်ဆီးခဲ့တဲ့သူတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်လံရှင်းလင်းဖို့ပါပဲ။ သူတို့ဟာ အမှန်တရားနဲ့ ပိုမိုနီးစပ်လာလေလေ၊ အန္တရာယ်ကလည်း ပိုများလာလေလေပါပဲ။ အဖွဲ့ဝင်တစ်ဦးက စိတ်လိုက်မာန်ပါလုပ်ရပ်တစ်ခုကို လုပ်လိုက်မိချိန်မှာတော့ သူတို့တစ်ဖွဲ့လုံးဟာ ထင်မှတ်မထားတဲ့ အကြီးမားဆုံးသစ္စာဖောက်မှုတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။ သူတို့ရဲ့ နောက်ကွယ်က ကြိုးကိုင်သူအစစ်အမှန်ဟာ ဘယ်သူဖြစ်မလဲ... သူတို့ လက်စားချေနိုင်မလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ပဲ နောက်ကွယ်က ရန်သူရဲ့ ထောင်ချောက်ထဲကို ဝင်သွားမိမလားဆိုတာကိုတော့......... File Size… (1.04GB) / (579MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 37m Genre … Crime Subtitle….Myanmar Subtitle (Hard Sub)

Empire Waist (2024) ++++++++++ Empire Waist (2024) ကတော့ ခန္ဓာကိုယ်ပုံစံနဲ့ မိမိကိုယ်ကိုချစ်ခြင်းအတွက် ရုန်းကန်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ လဲနော (Mia Kaplan) ဆိုတဲ့ အထီးကျန်ပြီး မိမိခန္ဓာကိုယ်အလေးချိန်ကြောင့် စိုးရိပ်ပူပန်နေရတဲ့ အထက်တန်းကျောင်းသူလေးအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ကျောင်းမှာအနိုင်ကျင့်ခံရတာတွေနဲ့ မိခင်ဖြစ်သူ (Missi Pyle) ရဲ့ အစားအသောက်ထိန်းချုပ်မှုတွေ ကြားကလဲနောရဲ့ဘဝဟာ ခေလာ (Jemima Yevu) ဆိုတဲ့ မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ အဝတ်အစား ကြိုက်နှစ်သက်သူ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဆုံချိန်ကစလို့ ပြောင်းလဲသွားခဲ့ပါတယ်။ လဲနောဟာ သူငယ်ချင်းအသစ်တွေ၊ ဆရာမဟောလ် (Jolene Purdy) နဲ့ ဖခင် (Rainn Wilson) တို့ရဲ့အားပေးမှုနဲ့ ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလမ်းကြောင်းပေါ်မှာ လဲနောနဲ့ သူ့သူငယ်ချင်းတွေဟာ ဖိအားတွေနဲ့ ရင်ဆိုင်ရပေမယ့်လည်း မိမိကိုယ်ကို လက်ခံခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရှိ နေထိုင်ခြင်းရဲ့တန်ဖိုးကို အတူတကွ ရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်။ Empire Waist ဟာ ဟာသနဲ့ စိတ်ခံစားမှုပြင်းထန်တဲ့ အခိုက်အတန့်တွေကို ရောစပ်ထားပြီး မိမိကိုယ်ကိုချစ်ခြင်းဟာ တော်လှန်ရာတစ်ခုပဲဖြစ်တယ်ဆိုတဲ့ အဓိကအကြောင်းအရာကို မီးမောင်းထိုး ပြထားပါတယ်။ လူငယ်တွေအတွက်သာမက မိမိကိုယ်ခန္ဓာနဲ့ပတ်သက်လို့ ဘယ်သူမဆို ခံစားဖူးတဲ့စိတ်မလုံမခြုံဖြစ်ခြင်း၊ မသက်မသာခံစားရခြင်းတွေကို ရင်ဆိုင်ဖြေရှင်းပေးနိုင်တဲ့ စိတ်သက်သာရာရစေတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ File Size… (1.69GB) / (932 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 37m Genre … Comedy , Drama Subtitle….Myanmar Subtitle (Hard Sub)

Out of Order (2025) +++++++++ Out of order ဆိုတဲ့ကားလေးကတော့ 2025 မှာထွက်ရှိထားတဲ့ ဖစ်လပိုင်ကားလေးပဲ ဖြစ်ပါတယ်။ ဖိလပိုင်ကားဆိုတဲ့အတိုင်း အိမ်ထောင်ရေးအရှုပ်အရှင်း၊မိသားစုပြဿနာတွေကနဲ့ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လမ်းလေးထဲမှာတော့ ဂီတကိုစိတ်ဝင်စားပြီး မိန်းကလေးပွေရှုပ်တတ်တဲ့ Alexဆိုတဲ့ ကောင်လေးတစ်ယောက်က နာမည်ကြီးရှေ့နေတစ်ဦးဖြစ်တဲ့သူရဲ့ သားအဖြစ် မွေးဖွားလာရတာကြောင့် ရှေ့နေတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုဖို့ရန် တွန်းအားပေးခံရပါတယ်။ ဖခင်ရဲ့ ချစ်ခြင်းမေတ္တာကိုမရဘဲ အဖေစေခိုင်းတဲ့အတိုင်း ရှေ့နေတစ်ဦးဖြစ်လာတော့လည်း Alexရဲ့ ရင်ထဲမှာတော့ သူ့အဖေကို မုန်းနေခဲ့ပါတယ် ။ အချိန်တွေကြာလာပြီး တစ်နေ့မှာတော့ Alex အဖေဟာ သူ့ကိုဆက်သွယ်လာပြီး လူသတ်မှုတစ်ခုမှာ ချောက်ချခံရတာကြောင့် Alexကို သူ၏ရှေ့နေအဖြစ်ငှားလိုကြောင်းပြောပြလာပါတော့တယ်။ အကြွေး တွေပိနေတဲ့ Alexဟာ အမှုကိုမကိုင်ချင်သော်လည်း ပိုက်ဆံလိုနေတာရယ် နဲ့ သူအမေအတွက် အမှုကိုကိုင်တွယ်ဖြေရှင်းပေးရန် သဘောတူခဲ့ပါတယ်။ အမှုကိုစတင်လိုက်ပြီးဖြေရှင်းချိန်မှစပြီး Alexဟာ သူမသိသေးတဲ့ သူရဲ့မိသားစုအရှုပ်အရှင်း ပြဿနာတွေကိုတစ်စတစ်စ သိလာရပါတော့တယ်။ ထို့အပြင် လူပွေလူရှုပ်လေးAlexဟာ ချစ်သူရည်းစားဖြစ်ခဲ့ကြဖူးတဲ့ ရှေ့နေကောင်မလေးနဲ့ တရားခွင်မှာ အတိုက်အခံလုပ်ရမယ်ဆိုတာကိုသိ သွားတဲ့အခါမှာ.. Alexဟာ သူအမှုကိုသေချာဖြေရှင်းနိုင်ပါ့မလား။ အိမ်ထောင်မိသားစုပြဿနာတွေဟာဘယ်လိုများဖြစ်နေမလဲ။ Alexဟာ သူ့အရင်ကောင်မလေးနဲ့များ ပြန်အဆင်ပြေသွားမလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားနိုင်မဲ့ကားလေးဖြစ်တာကြောင့် ပိတ်ရက်မှာပေါ့ပေါ့ပါးပါးနဲ့စိတ်ဝင်စားဖွယ် ကြည့်ဖို့ ရွေးချယ်သင့်ပါတယ်။ File Size… (1.35GB) / (805MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 45m Genre … Drama Subtitle….Myanmar Subtitle (Hard Sub)

The Rainmaker အပိုင်း ( ၁ မှ ၁၀ ) အထိ စ / ဆုံး Suits ကလည်း အကုန်ကြည့်ပြီးပြီ Legal Drama လည်း ငတ် နေတယ်ဆိုရင် The Rainmaker ကို အငတ်ပြေကြည့်လို့ ကောင်းမယ်ထင်ပါတယ်။ ဇာတ်ကြောင်းကတော့ ရူဒီဆိုတဲ့ ကောင်လေးက နာမည်ကြီး ရှေ့နေကုမ္ပဏီတစ်ခုမှာ အလုပ်စဆင်းတဲ့ ပထမဆုံးနေ့မှာပဲ မန် နေဂျင်းပါတနာကို အတိုက်အခံလုပ်ပြီး အာချောင်မိလို့ အလုပ်ထုတ်ခံလိုက်ရပါ တယ်။ အလုပ်ပြုတ်ပြီးတော့ မြို့ထဲက ရှိရှိသမျှနာမည်ကြီး law firm တွေကို လိုက်ဆက်သွယ်ပေမဲ့ ဘယ်သူကမှ သူ့ကို မခေါ်ကြတော့ ပါဘူး။ ဒီလိုနဲ့ ရူဒီ့ဘဝက လူမသိသူမသိသာမညောင်အရပ်က ရှေ့ နေ ကုမ္ပဏီနဲ့ ကံဆက်လာခဲ့ပါတယ်။ တစ်ခုရှိတာက အသေးစားလေးဖြစ်တဲ့အတွက် law firm အကြီးစားကြီးတွေလို ကလိုင်းယန့်က သူ့အလိုလို ရောက်လာ တာမျိုး မဟုတ်နေဘဲ ကိုယ်တိုင်က မရရအောင် လိုက်ရှာပြီး ရှေ့ နေလိုက်ဖို့ ကြိုးပမ်းရတာမျိုးပါ။ ခက်တာက ရူဒီဟာ ခေါင်းမာပြီး အမှအသေးစားလေး တွေလောက်လိုက်ပြီး ထမင်းဖိုးရှာနိုင်ရုံလောက်နဲ့ မတင်းတိမ်နိုင် သူဖြစ်နေတော့ ဒီကုမ္ပဏီကြီး ရေလျှံလာဖို့အရေးက သူ့ရဲ့ တာဝန်ဖြစ်လာပါတော့တယ်။

Murdaugh: Death in the Family (2025) S1 ( Ongoing Series ) +++++++++++ အပိုင်းသစ် ( ၁ မှ ၃ ) အထိ IMDb Rating (7.1) / Rotten Tomatoes (70%) Murdaugh: Death in the Family ကတော့ Hulu ကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က စတင်ပြသနေတဲ့ အမေရိကန်ဖြစ်ရပ်မှန်အခြေခံ ရာဇဝတ်မှုဇာတ်လမ်းတွဲဖြစ်ပါတယ်။ Mandy Matney ရဲ့ Murdaugh Murders Podcast ကို အခြေခံထားပြီး တန်ခိုးအာဏာကြီးမားခဲ့တဲ့ Murdaugh မိသားစုပြိုလဲကျဆုံးခန်းကို ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ Murdaugh မိသားစုရဲ့ဇာတ်လမ်းကို ၂၀၁၉ ခုနှစ်မှာ စတင်ထားပြီး မိသားစုဝင်လူငယ်တစ်ဦးဖြစ်တဲ့ Paul Murdaugh ရဲ့ဆိုးသွမ်းမှုကြောင့် သူငယ်ချင်း Mallory Beach သေဆုံးခဲ့ရတဲ့အဖြစ်အပျက်ကနေ စတင်ထားပါတယ်။ အဲဒီအချိန်ကစလို့ မိသားစုရဲ့လူသိရှင်ကြားပြဿနာတွေ စတင်ခဲ့ပါတော့တယ်။ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့မှာတော့ Alex Murdaugh ဟာ သူ့ဇနီးနဲ့သားဖြစ်သူရဲ့အလောင်းတွေကို မိသားစုပိုင်မုဆိုးခြံမှာတွေ့ရှိခဲ့ကြောင်း ၉၁၁ ကို အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုတွေအရ Alex ကိုယ်တိုင် အခင်းနေရာကိုရောက်ရှိခဲ့တဲ့ သက်သေအထောက်အထားတွေ တွေ့ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ သူ့ဇနီးနဲ့သားကို သူကိုယ်တိုင်သတ်ဖြတ်ခဲ့တယ်လို့ အပြစ်ဝန်ခံခဲ့ပါတယ်။ အဲဒီမတိုင်ခင်အချိန်ကာလတွေအတွင်း Murdaugh မိသားစုရဲ့ ချမ်းသာကြွယ်ဝမှု၊ လူမှုရေးဩဇာနဲ့ ဥပဒေရေးရာလွှမ်းမိုးမှုတွေကျဆုံးလာပုံကို ဇာတ်လမ်းတွဲတစ်လျှောက် ကြည့်ရှုသွားရမှာဖြစ်ပါတယ်။ Size – 811MB / 403MB Quality –WEB-DL 1080p HEVC / 720p Episodes -  8 Eps Duration -  50m Subtitle – Myanmar Hardsub Format – mkv /mp4 Genre :  Biography , Crime , Drama , Mystery , Thriller

I Love LA (2025) S1 +++++++ အပိုင်းသစ် ( ၁ ) IMDb (6.6) / Rotten Tomatoes (81%) အိမ်မက်တွေရဲ့ မြို့တော် အယ်လ်အေက အိမ်မက်တွေနဲ့ကောင်မ‌လေး မိုင်ယာ (Rachel Sennott) မိုင်ယာရဲ့ တက္ကသိုလ်ကျောင်းနေဖက် အင်တာနက်ဆယ်လီ တလူးလာ (Odessa A’zion) နာမည်ကြီးတွေရဲ့ စတိုင်လစ် ချာလီ (Jordan Firstman) အဖေဖြစ်သူ အော်စကာဆုရင်မင်းသားကြီးရဲ့ ထုတ်လုပ်ရေးကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အလာနီ (True Whitaker) သူတို့ ၄ယောက်က သူငယ်ချင်းတွေပေါ့။ ဒါပေမဲ့ ကိုယ့်ဘဝနဲ့ကိုယ် ရပ်တည်ရုန်းကန်နေခဲ့ကြပြီး သက်ဆိုင်ရာ ပတ်ဝန်းကျင်အသီးသီးမှာ သူတို့တစ်တွေက သီးခြားစီအသားကျနေခဲ့ကြတယ်။ တစ်နေ့ သူငယ်ချင်းဖြစ်သူ မိုင်ယာရဲ့မွေးနေ့ပွဲမှာ သူတို့အတူပြန်ဆုံခဲ့ကြတယ်။ ဒါပေမဲ့ အချိန်ရဲ့တိုက်စားမှုအောက်မှာ သူတို့ရဲ့ သူငယ်ချင်းသံယောဇဉ်တွေ ရှင်သန်နိုင်ကြပါဦး မလားဆိုတာ လူငယ်ဆန်ဆန် ဟာသနှောပြီး ပေါ့ပေါ့ပါးပါးကြည့်ရမှာပါ။ ( တချို့ပွင့်လင်းမြင်သာတဲ့ ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။ ) Size – 895B / 354MB Quality –WEB-DL 1080p HEVC / 720p Episodes -  8 Eps Duration -  40m Subtitle – Myanmar Hardsub Format – mkv /mp4 Genre :Comedy

Dude (2025) "အံ့ဩသွားလား ကိုယ့်လူ" IMDb - 6.9/10 Dragon (2025)ရုပ်ရှင်နဲ့ အိန္ဒိယရုပ်ရှင်ဖန်တွေ သဘောတွေ့ခဲ့ကြတဲ့ တမီလ်မင်းသား ပရာဒိရဲ့ ရုံကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဘတ်ဂျက်ရူပီး သန်း၃၅၀သုံးထားပြီး သန်းတစ်ထောင်ကျော်ပြန်ရခဲ့တဲ့အပြင် ဝေဖန်သူတွေနဲ့ ပရိသတ်တွေရဲ့အားပေးကျေနပ်မှုကို ရခဲ့တဲ့ တမီလ်Rom-Comရုံတင်ကားပေါ့။ အာဂန့်အဘိဓာန်မှာက အလုပ်က ပျော်စရာမကောင်းဘူးဆိုရင် လုပ်ဖို့မထိုက်တန်ပါဘူးတဲ့။ စပရိုက်စ်ဝန်ဆောင်မှုလုပ်ငန်းထောင်ထားပြီး တခြားသူတွေကိုပါ ပျော်ရွှင်စေတဲ့သူတစ်ယောက်ပေါ့။ ရည်းစားကပစ်သွားလို့လည်း ဘာမှခံစားမနေဘဲ တစ်ယောက်ပြီးတစ်ယောက်တွဲရင်း ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူတစ်ယောက်။ တစ်နေ့တော့ ဝမ်းကွဲညီမ ကူရယ်က လက်ထပ်ဖို့ ပရိုပို့စ်လုပ်ပါလေရော။ ဒီမှာပဲ အာဂန်တစ်ယောက် ကူရယ့်အပေါ် ဘ၀လက်တွဲဖော်အထိဖြစ်ဖို့ ခံစားချက်မရှိဘူးငြင်းလိုက်ရာက ကံကြမ္မာလှည့်ကွက်ရယ်ကြောင့် မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေ ဖြစ်လာတဲ့အခါမှာတော့...။ File size… 2.4 GB / 1.15 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2hr 36mins Subtitle….Myanmar Subtitle (Hard Sub)

Jolly LLB 3 (2025)(ဂျိုလီ) IMDb: ~7.9/10 4K Web Dl ဖြင့်ကြည့်လို့ရပါပြီ…… ဒီတစ်ခါမှာတင်ဆက်ပေးမယ့် ဇာတ်ကားကရုံတင်ကားဖြစ်ပြီး ရုပ်ရှင်ကုန်ကျစရိတ် ၁၂၀ကုဋေကုန်ကျခဲ့ပြီး နိုင်ငံတကာဝင်ငွေ ၁၆၈ကုဋေရခဲ့တာပါ ဒေါ်လာနဲ့ဆိုရင် ၁၉မီလီယံအထိအမြတ်ကြမ်းခဲ့တဲ့ကားပဲဖြစ်ပါတယ်။ နိုင်ငံတကာကြည့်ရူ့သူဦးရေလည်း ၃၀-၃၅သန်းအထိရှိခဲ့တာပါ။မင်းသားကြီး အက်ရှေးကူမာနဲ့ အရ်ရှတ် ဝါရှီတို့ရဲ့ တရားရုံးဇာတ်ကားကိုမှ ဟာသနဲ့ ဒရာမာရောနှောထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ ဆူဘက်ရှ် ကပူးလ်ရဲ့ ရှေ့နှစ်ကားလိုပဲ သရော်တာတွေနဲ့ ရှေ့နေ့အချင်းချင်းကွက်ကျော်ရိုက်တာတွေပါ ပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစ - တရားခွင်တစ်ခုမှာ ရာ ဂျာရမ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ကို စစ်ဆေးမေးမြန်းရာကနေ အစပြုထားပါတယ်။ အကြောင်းကတော့ သူပိုင်တဲ့လယ်လေးကို အင်ပရီရယ်ဆိုတဲ့ စက်မှုလုပ်ငန်းဂရုက ပရောဂျက်တစ်ခုကိုအကြောင်းပြပြီး မတရားသဖြင့်သိမ်းချင်တာကြောင့်ပါ။ ဒီလိုနဲ့ ရာဂျာရမ်ဟာ ငွေများတရားနိုင်ဆိုသလိုပဲ ပိုင်ဆိုင်တာဆိုလို့ သူ့မှာအဲဒီလယ်ကွက်လေးပဲရှိတာကြောင့် တစ်ဖက်က ကုမ္ပဏီကြီးကို ဘယ်လိုမှမယှဉ်နိုင်ပဲ တရားသူကြီးကို သနားပါဆိုတဲ့စကား တစ်ခွန်းသာ ပြောရုံကလွဲဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ အိမ်ပြန်ရောက်လာတဲ့ ရာဂျာရမ်က အတွေးပေါင်းမြောက်များစွာနဲ့ တွေဝေနေခဲ့ပြီး နောက်ဆုံးမှာတော့ ပူဆွေးသောကတွေနဲ့ အတူ ရေကန်ကြီးထဲမှာ သူ့ဘဝသူအဆုံးသတ်ပစ်လိုက်ပါတော့တယ်။ ဒါပေမဲ့ ကျန်ခဲ့တဲ့ ဇနီးသည်ကတော့ အမှန်တရားအတွက် ဆက်ပြီးတိုက်ပွဲဝင်ဖို့အတွက် ဒေလီကိုလာခဲ့ပါတယ်။ အဲဒီမြို့မှာရှိတဲ့ တရားရုံးက ဂျိုလီဆိုတဲ့ နာမည်တူ မင်းသားကြီး အက်ရှေး ကူမာနဲ့ အရ်ရှတ် ဝါရှီတို့နှစ်ယောက်နဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်သွားဦးမလဲဆိုတာ ဆက်လက်ကြည့်ရှု့ပေးကြပါဦး။ File size… 7GB / 2.4 GB / 1.15 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2hr 36mins Subtitle….Myanmar Subtitle (Hard Sub)

Tee Yai: Born to Be Bad (2025) _________ ထိုင်းblကားတွေရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ “အာပို နတ်တဝင်း”ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် အက်ရှင်ကားလေးပါ ၁၉၇၀-၁၉၈၀ ခုနှစ် ဘန်ကောက်မြို့တစ်မြို့မှာ တီရိုင်ဟာ ဘဝကို မနက်ဖြန်ဆိုတာ မရှိတဲ့ ခံယူချက်နဲ့အတူ ရက်လို့ ခေါ်တဲ့ အရင်းနှီးဆုံးသူငယ်ချင်းနဲ့ အကြီးစားဂိုဏ်းတစ်ခုထူထောင်ကာ လုယက်တာတွေ လုပ်ရင်း ဘဝကို ရှင်သန်နေထိုင်ပါတယ် တရားဥပဒေနဲ့ မညီတာတွေလုပ်နေတော့ ရဲတွေဟာ သူတို့ကို ဖမ်းဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ် သူတို့ကို ဖမ်းမိပေမဲ့လည်း တီရိုင်ရဲ့ ကံကြမ္မာမျက်နှာသာပေးမှုကြောင့် လွတ်သွားပါတယ် ဒီလိုနဲ့ တီရိုင်နဲ့ ရက်ကြား ဒေါင်လို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဝင်လာတဲ့အခါမှာ ဘယ်လိုနားလည်မှုတွေ လွဲသွားမလဲ တီရုန်နဲ့ ရက်ကိုရော ဖမ်းမိသွားကြမလားဆိုတာကို ဖြစ်ရပ်မှန်ကို ပြန်လည် ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်လေးကို ကြည့်လိုက်ကြရအောင်နော် Genre..... Action, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.5GB ~ 600MB Format… mp4 Duration….1h 54min

Frankenstein (2025) ================= IMDb Rating (7.7) / Rotten Tomatoes (85%) ဒါရိုက်တာ Guillermo del Toro ရိုက်ကူးထားပြီး ဂန္တဝင်ဝတ္ထုတစ်ပုဒ် ဖြစ်တဲ့ Mary Shelleyရဲ့ ၁၈၁၈ခုထုတ် Frankensteinကို အခြေခံထားတာမို့ အများကြီးညွှန်းစရာမလိုတဲ့ ဇာတ်ကားတစ်ကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Victor Frankenstein (Oscar Isaac)ကို အဓိဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ ဗစ်တာက ထက်မြက်ပြီး ရည်မှန်းချက်ကြီးတဲ့ ဆရာဝန်တစ်ယောက်ပါ။ မိခင်ဖြစ်သူကို မမျှော်လင့်ပဲဆုံးရှုံးလိုက်ရပြီးတဲ့ အချိန်မှာတော့ သေခြင်းတရားကို အံတုအနိုင်ယူမယ်လို့ သူဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ရူးသွပ်မှုနဲ့ ကြိုးပမ်းမှုရလဒ်က အောင်မြင်မှုတစ်ခုလား၊ သူကိုယ်တိုင်သတ်မှတ်လိုက်သလို တကယ်ပဲ မကောင်းဆိုးဝါးလားဆိုတာတော့... File size… (8 GB) / (2.4 GB) / (1.5 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy,Horror Duration…. 02:32:59 Subtitle…. Myanmar Subtitle (Hardsub)

Repost from MW Review Channel
Frankenstein (2025) ================= IMDb Rating (7.7) / Rotten Tomatoes (85%) ဒါရိုက်တာ Guillermo del Toro ရိုက်ကူးထားပြီး ဂန္တဝင်ဝတ္ထုတစ်ပုဒ် ဖြစ်တဲ့ Mary Shelleyရဲ့ ၁၈၁၈ခုထုတ် Frankensteinကို အခြေခံထားတာမို့ အများကြီးညွှန်းစရာမလိုတဲ့ ဇာတ်ကားတစ်ကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Victor Frankenstein (Oscar Isaac)ကို အဓိဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ ဗစ်တာက ထက်မြက်ပြီး ရည်မှန်းချက်ကြီးတဲ့ ဆရာဝန်တစ်ယောက်ပါ။ မိခင်ဖြစ်သူကို မမျှော်လင့်ပဲဆုံးရှုံးလိုက်ရပြီးတဲ့ အချိန်မှာတော့ သေခြင်းတရားကို အံတုအနိုင်ယူမယ်လို့ သူဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ရူးသွပ်မှုနဲ့ ကြိုးပမ်းမှုရလဒ်က အောင်မြင်မှုတစ်ခုလား၊ သူကိုယ်တိုင်သတ်မှတ်လိုက်သလို တကယ်ပဲ မကောင်းဆိုးဝါးလားဆိုတာတော့... File size… (8 GB) / (2.4 GB) / (1.5 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy,Horror Duration…. 02:32:59 Subtitle…. Myanmar Subtitle (Hardsub)

The Assassin (2025) S1 ++++++++++ အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး ဒီဇာတ်လမ်းတွဲလေးကတော့ အငြိမ်းစားယူထားတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား ဂျူလီ ရဲ့ အက်ရှင်- သည်းထပ်ရင်ဖို ဒရာမာ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ IMDb rating 6.3 ထိရရှိထားပြီး အပိုင်း ၆ ပိုင်းပါဝင်မှာပဲဖြစ်ပါတယ်။ Keeley Hawes နဲ့ Freddie Highmore တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂရိကျွန်းလေးတစ်ခုမှာ ငြိမ်းချမ်းစွာ နေထိုင်နေတဲ့ အငြိမ်းစားလုပ်ကြံသတ်ဖြတ်ရေး သမား ဂျူလီ ဟာ သူ့ရဲ့သား အက်ဒ်ဝေါ့ဒ် ရောက်ရှိလာတဲ့အချိန်မှာပဲ တိုက်ဆိုင်စွာ သူ့ရဲ့ အန္တရာယ်များတဲ့အတိတ်က သူ့နောက်ကိုလိုက်လာပြီးတော့ လုပ်ကြံသတ်ဖြတ်သူများရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ အက်ဒ်ဝေါ့ဒ် ဟာလည်း သူ့ရဲ့ဖခင်ဖြစ်သူနဲ့ သူ့အမေတို့ရဲ့ အတိတ်နဲ့ ပက်သက်ပြီး အဖြေရှာနေခဲ့တာပါ။ သားအမိနှစ်ယောက်သား အသက်အန္တရာယ်နဲ့ ရင်ဆိုင်လာရတဲ့ အချိန်မှာ ဂျူလီအနေနဲ့ သူ့ရဲ့သားကို ကာကွယ်ဖို့ကြိုးစားရင်း ဥရောပတစ်ခွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ သူတို့ကို သတ်ဖို့ကြိုးစားနေတဲ့သူဟာ ဘယ်သူဖြစ်မလဲဆိုတာ အဖြေရှာရင်း သားအမိနှစ်ယောက်ကြားက လျှို့ဝှက်ချက်တွေ ဆက်ဆံရေးတွေ ကို စိတ်ဝင်စားစရာ plot twist တွေနဲ့ တစ်ပိုင်းချင်းစီ ချိတ်ဆက် တင်ဆက်ထားတာဖြစ်လို့ ကြည့်ရတာ တကယ်တန်တဲ့ ဇာတ်လမ်းတွဲလေး တစ်ခုဖြစ်မှာပါ။ Size – 1.3GB / 628 MB Quality –WEB-DL 1080p HEVC / 720p Episodes -  6 Eps Duration -  56m Subtitle – Myanmar Hardsub Format – mkv /mp4 Genre :Drama , Thriller

As You Stood By (2025) အွန်းဆူ (Jeon So-Nee) က ဇိမ်ခံပစ္စည်းလက်လီရောင်းချတဲ့ကုန်တိုက်မှာ အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်နေပြီး အွန်းဆူရော သူငယ်ချင်းဖြစ်သူ ဟီးဆူ (Lee Yoo-Mi) နှစ်ယောက်လုံးဟာ ငယ်ဘဝရဲ့ စိတ်ဒဏ်ရာ ကိုယ်စီအပြည့်နဲ့သူတွေပေါ့။ ကလေးစာအုပ်ရေးတဲ့ စာရေးဆရာမအဖြစ် အလားအလာရှိခဲ့ပေမဲ့ လက်ရှိမှာတော့ အနိုင်ကျင့်တတ်တဲ့ယောက်ျားကြောင့် ငရဲလိုဘဝမျိုး ရောက်နေတဲ့ သူငယ်ချင်းဖြစ်သူ ဟီးဆူကို ကယ်တင်ဖိုအတွက် အွန်းဆူတစ်ယောက် သူငယ်ချင်းရဲ့ယောက်ျားဖြစ်သူကို သတ်ဖို ကြံရွယ်နေပါတော့တယ်။ ဒီလိုကနေ သူငယ်ချင်းနှစ်ယောက်ရဲ့အကြံကို သိသွားတဲ့ ဂျင်ဂန်းကုမ္ပဏီရဲ့ ကိုယ်စားလှယ် ဂျင်ဆိုဘဲ့ (Lee Mu-Saeng) ဆိုသူက နှစ်ယောက်သားရဲ့ အကြံအစည်ဖြစ်မြောက်လာဖိုအတွက် ကူညီပေးဖို ကမ်းလှမ်းလာတဲ့အခါမှာတော့.... ပြီးပြည့်စုံအောင်လို ကြံရွယ်ထားကြတဲ့ ပြစ်မှုတစ်ခုကို သူငယ်ချင်းနှစ်ယောက် အောင်မြင်အောင် လုပ်ဆောင်သွားနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ ဒီဇာတ်လမ်းတွဲလေးကိုတော့ ဒီနေ့မှာပဲ ၈ ပိုင်းလုံးကို ထုတ်လွှင့်ပြသသွားမှာဖြစ်လို ကြည့်ရှုအားပေးလိုက်ပါဦးနော်။

9-1-1 Nashville နာမည်ကျော် 911 series ှSpin off 9-1-1 Nashville ထွက်လာပါပြီ စီးရီးနာမည်အတိုင်း Nashville မြို့မှာ အခြေချထားတဲ့ မီးသတ်တပ်ခွဲ ၁၁၃ အကြောင်းရိုက်ကူးထားတာ ဖြစ်ပါတယ် နက်ရှဗီးလ် မီးသတ်တပ်ခွဲ ၁၁၃ ကကပ္ပတိန် ဒွန်ဟတ်ထ်ဟာ အားလပ်ချိန်မှာ သားဖြစ်သူ ရိုင်ယန်ဟတ်ထိနဲ့အတူ မြင်းရိုင်းစီးလေ့ရှိပြီး နက်ရှ်ဗီးလ် ရဲ့ မြင်းရိုင်းစီးချန်ပီယံဖြစ်သလို မြင်းပေါ်ကတစ်ခါမှမကျဖူးသူလို့ ပြောစမှတ်တွင်သူဖြစ်ပါတယ် ဒါပေမဲ့ နောက်ဆုံးတစ်ခေါက်ပြိုင်ပွဲမှာတော့ သူ့ရဲ့စီးတော်မြင်း ဒုခ်ဟာ ဒွန်ကို မကြုံစဖူး ခါချရာကနေ သားဖြစ်သူ ရိုင်ယန်ဟာ ဖခင်မှာဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခု ရှိနေတာကို သိသွားပါတယ် ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ နက်ရှ်ဗီးမြို့ကို မုန်တိုင်းကြီးတစ်ခု ဦးတည်လာတဲ့အခါမှာတော့ မိသားစုရေးထက် အလုပ်ကို ဦးစားပေးရဖို့ ဖြစ်လာပြီး ကယ်ဆယ်ရေး အတွက် ပြင်ဆင်ရပါတော့တယ် 9-1-1 Nashville ဟာ 911 ရဲ့ Spin off ဆိုပေမဲ့ ဇာတ်ကောင်ရဲ့ ဇာတ်လမ်းချိတ်ဆက်မှု မရှိသေးဘဲ Universe တစ်ခုထဲတစ်ချိန်ထဲမှာ ဇာတ်အိမ်တည်ထားတာသာဖြစ်လို့ မူလ 911 ကိုမကြည့်ရှုရသေးသူတွေလည်း ကြည့်လို့ရပါတယ် ထုံးစံအတိုင်း ဘာတွေဘယ်လို အထူးအဆန်းတွေနဲ့ ကယ်တင်ကြဦးမှာလဲ ဘယ်ဇာတ်ကောင်တွေကို ဘယ်လောက်ထိ ကြည့်ရင်း သံယောဇဉ်တွယ်မိကြဦးမှာလဲဆိုတာကို ခံစားကြည့်လိုက်ကြပါဦးခင်ဗျာ