Arr T-အားတီ
Open in Telegram
5 761
Subscribers
No data24 hours
-287 days
-13730 days
Posts Archive
5 761
Rodtang နဲ့ထိုးပြီးရင်အနားယူမဲ့ Takeru…
Takeru:ငါရဲ့ကစားသမားဘဝနောက်ဆုံးပွဲမာငါနဲ့ပြန်ထိုးပေးတဲ့အတွက်ကျေးဇူးပါ ရော့ထန်း
အဆုံးသတ်မာ ငါမင်းကိုအနိုင်ယူပြမယ်…
ပရိတ်သတ်အမြင်မာရော?
#rodtang
#takeru
5 761
Kickboxingမာတော့ဆရာတဆူဖြစ်နေဆဲ Superbon..
-မွေထိုင်းပြောင်းပြီးခါးပတ်စိန်ခေါ်တုန်းကတာဝမ်ချိုင်းကြောင့်အိပ်ပျော်သွားတဲ့စူပါဘွန်း ဒီနေ့မာတော့ ကြားဖြတ်ချန်ပီယံနိုအီရီနဲ့ခါးပတ်ကာကွယ်ရပါတယ်
ငါးချီလုံးအပြည့်ကစားသွားပြီးတဲ့နောက် ဒိုင်တွေကတော့စူပါဘွန်းကိုပဲအနိုင်ပေးကာ ခါးပတ်ကိုပြန်လည်ထိန်းသိမ်းသွားခဲ့တာပါ..
နိုအီရီလည်းကောင်းခဲ့ပါတယ်..သို့သော်..ဆိုပေမဲ့..အဲ့ကျကျ.ဆိုတော့ကာ
#superbon
5 761
Joshua Pacioကို flyweightတန်းမာဖြုတ်ပြလိုက်တဲ့ ဂျပန်ကြီးယုယဝါကာမတ်ဆု
-ကိုယ်ကအရပ်မရှည်/လူကောင်မထွားရင် xင်ယားပြီးဝိတ်တန်းမတက်တာကောင်းတယ်ဆိုတာကို Joshua Pacioကသက်သေပြသွားတယ်
Strawweightတန်းချန်ပီယံကနေ နှစ်ထပ်ကွမ်းချန်ပီယံဖြစ်ဖို့flyweight တန်းအတက်မာ ပါဝါကြီးတွေကိုမခံနိုင်ခဲ့ဘူး
ဝါကာမတ်ဆုကတော့ခရစ်ယာန်လီလိုပဲမြေပြင်မာဒူးတိုက်ချက်တွေနဲ့အနိုင်ပိုင်းသွားလိုက်ပြီး and stillဖြစ်သွားပါတယ်
#onechampionship
5 761
Hall of fameဆုပေးပွဲမာ အောင်လအပြင်မြန်မာနိုင်ငံကပရိတ်သတ်အင်အားနဲ့မြန်မာဖန်တွေကိုပါ ချီးကျူးခန်းဖွင့်သွားတဲ့ CEO Chatri👏
-MMAဆိုတာအောင်လကနေစသိလာခဲ့တဲ့ မြန်မာဖန်တွေဆိုတာ ဒုနဲ့ဒေးပါပဲ/ဒါ့အပြင်ONEအောင်မြင်လာခဲ့တာလည်း အောင်လအန်ဆန်းကတစိတ်တပိုင်းမဟုတ်တောင်အဲ့ထက်ကိုပိုတယ်ဗျ
အသက်ရွယ်ပိုင်းအရကြီးမြင့်လာခဲ့လို့ ရှုံးပွဲဆက်လာခဲ့ပေမဲ့လည်း တချိန်ကရွှေရောင်နေ့ရက်များကိုတောင်မေ့ထားလို့မရပြန်ဘူး
ဒါကြောင့်ပဲONEကတော့ခုဂျပန်ပွဲစဉ်မာ ကိုအောင်လအနါဆန်းကိုတကူးတကဖိတ်ကြားပြီးတော့ စင်ပေါ်မာပဲHall of fameဆုကိုကြေငြာပြီးပေးအပ်ခဲ့ကာ ချီးကျုးစကားတွေများကြီးဆိုသွားခဲ့ပါတယ်
တဖက်မာလည်းကိုအောင်လအန်ဆန်းက “ကျွန်တော်အပြီးပိုင်နားတာမဟုတ်ပါဘူး ကျွန်တော့်Python MMAကကလေးတွေနဲ့ပြန်လာပါမယ်”ဆိုပြီး နည်းပြကြီးအောင်လကိုမြင်တွေ့ရဦးမာပါ…
အားလုံးပဲမဂလာပါ /ကျွန်တော်အားတီပါပဲဗျ အလဲ့အပိတ်မာဒါမြင်လိုက်တော့ရယ်မိသွားတယ်မလား မုန့်စိန်လား(စတာပါနောက်တာပါအတည်ပါ)
#aunglansang
5 761
ခြေတိုလေးနဲ့ ဒန်းနစ်ပျူရစ်ကို ပထမအချီမာခြေကန်ချက်တွေနဲ့အနိုင်ပိုင်းသွားတဲ့ တာခဲရု
-rodtangနဲ့တောင်သူတင်ကိုယ်တင်ထိုးလာတဲ့ဒန်းနစ်ကို တာခဲရုက ခြေတိုလေးနဲ့high kickကန်ကာ လက်သီးတွဲလုံးများနဲ့ပွဲချိိန်စေ့ခါနီးမာ အလဲထိုးပြလိုက်တယ်။
ဒီတိုင်းဆိုတာခဲရုတစ်ယောက်သူထိုးချင်နေတဲ့ရော့ထန်းနဲ့မကျေပွဲကို နောက်နှစ်ထဲမာမြင်ရမလားဆိုတာစောင့်ကြည့်ရတော့မာပဲ။
#takeru
5 761
ပထမပွဲကမပြတ်သားတဲ့ရလဒ်ကို အလဲထ်ိုးပြီး သက်သေပြလိုက်တဲ့ Christian Lee👏
-ခရစ်ယာန်လီကတော့ ခရစ်ယာန်လီပါပဲ။ခုချိိန်ထိလုပ်တိုင်းဖြစ်နေပြီးတော့ Lightweight နဲ့ Welterweight တန်းခါးပတ်ကိုကိုင်ဆွဲထားစဲ…
လက်သီးချက်တွေနဲ့အထိနာသွားတဲ့ပြိုင်ဖက်ကို မြေပြင်မာဒူးတိုက်ချက်တွေနဲ့ခေါင်းကိုကန်ပြီးပွဲသိမ်းပြလိုက်တယ်..
ဒီတိုင်းဆိုနောက်ပြိုင်ဖက်ကဘယ်သူဖြစ်လာမလဲဆိုတာစောင့်ကြည့်ကြတာပေါ့ဗျာ(သိတဲ့တိုင်းUFCကဝယ်တာဝိတ်တန်းကဖိုက်တာတွေကရေလိုပေါနေတဲ့အချိန် ONEကလက်ချိုးရေရတယ်)
#christianlee
5 761
ဒိုင်အဆုံးဖြတ်နဲ့ ကာနာကိုအရှုံးပေးလိုက်ရတဲ့ Stamp Fairtex
-ဒဏ်ရာကနေပွဲနားပြီးပြန်ထိုးတာတကြောင်း/kickboxingနယ်မြေမာဖြစ်နေတာတကြောင်း ဂျပန်ကစ်ဘောက်ဆာကာနာက ခြေထွက်/လက်ထွက်ပိုမြန်ချက်ပဲ
-Stampလည်းအကောင်းဆုံးကြိုးစားခဲ့ရှာပြီးတော့ မွေးနေ့မာအနိုင်ယူချင်ခဲ့ပေမဲ့ မဖြစ်နိုင်ခဲ့ဘူး..
#stampfairtex
5 761
လာမဲ့ white houseပွဲမာ
Makhachev Vs Topuria ကို
Lightweight or Welterweight မာတည်ပေးလိုက်မယ်ဆိုရင်ရော…🧐🧐
နှစ်ယောက်လုံးကလည်းဂေါင်တွေချည်းဖြုတ်ထားတာဆိုတော့ ဘယ်သူကဆရာ့ဆရာကြီးလဲဆိုတာ အဖြေရှာကြတာပေါ့….
Next match Topuria Vs Makhachev?
#topuria
#islammakhachev
5 761
တာဂတ်စတန်ရဲ့ ပထမဆုံး ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်လာတဲ့ Islam Makhachev👏
-မာကာချက်ကငါးချီလုံးgroundပိုင်းမာချုပ်ကွက်ဖော်ဆောင်ဖို့ကြိုးစားခဲ့ပြီး calf kickတွေနဲ့အထိနာအောင်လုပ်သွားနိုင်ခဲ့တယ်။
တဖက်မာလည်းဂျက်ဒယ်လာက မာကာချက်ရဲ့takedownတွေကိုရှိန်နေပြီးတော့ ဘာမှရေရေရာရာမလုပ်ပြနိုင်ခဲ့ဘူး(ချုက်ကွက်မပေးရအောင်လုပ်ဆောင်နိုင်ခဲ့ပေမဲ့ ဆွဲလှဲတိုင်းပါနေတော့လည်း..)
အဲ့လ်ိုနဲ့ပဲ ဒိုင်သုံးယောက်က50-45နဲ့ပဲ မာကာချက်ကိုတညီတညွတ်တည်းအနိုင်ပေးကာ ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်လာခဲ့ပါပြီ။
ခါဘစ်ကိုယ်တိုင်ကလည်းပုခုံးပေါ်ထမ်းကာဂုဏ်ပြုပေးသွားပါသေးတယ်..
Congratulations double champion Islam Makhachev👏
#islammakhachev
#ufc
5 761
ကျန်းဝေလီရဲ့ ခါးပတ်နှစ်ခုချန်ပီယံဖြစ်ချင်တဲ့အိပ်မက်ကို ရိုက်ချိုးပြလိုက်တဲ့ ဗလက်တီနာရှက်ချန်ကို
ဘယ်လိုမှကိုမယှဉ်နိုင်တာပါ လူကောင်/ခွန်အား/လက်တံအားသာချက်/ပညာရပ်ပိုင်းကစလို့အစစအရာရာ ရှက်ချန်ကိုကအသာစီးနဲ့ကစားပြသွားတယ်။
ကျန်းဝေလီကရှေ့၆နှစ်ကတည်းက ရှက်ချန်ကိုနဲ့ကစားချင်နေခဲ့တာပါတဲ့/ခုမှပဲတွေ့ဖြစ်တော့တယ်တဲ့ အဲ့ကတည်းကသာတွေ့ရင်ဒီထက်တောင်ပိုဆိုးသွားနိုင်ပါတယ်လို့နော်အဲ့(စတာပါနောက်တာပါအတည်ပါ)
ခုတော့ဘူးလက်ကြီးကပဲflyweight တန်းရဲ့Queenအဖြစ်ဆက်ရှိနေပါအုန်းမယ်
ကဲခေါင်ပွဲမာရော ခါးပတ်နှစ်ခုချန်ပီယံအိပ်မက်ကဘယ်လိုဖြစ်ဦးမလဲ?
#ufc
5 761
Welterweight တန်းကဖိုက်တာတွေဆက်တိုက်ဖြုတ်ချက်ပဲ
ခုလည်းအဆင့်(၂)ကဖိုက်တာက်ို အဆင့်(၈)ကမိုက်ကယ်မိုရေးက အလဲထိုးပြီး 19ပွဲဆက်ရှုံးပွဲမရှိစံချိန်ကိုဆက်ထိန်းသွားတယ်(ကျွတ်ဆင်ကြီး)
Danaကိုလည်းခါးပတ်ပွဲတောင်းသွားတာကြောင့် Jack Dellaနဲ့Islam Makhachevနိုင်တဲ့သူထဲကများတွေ့တော့မလားဆိုတာ စောင့်ကြည့်နေပြီဗျို့…
#ufc
5 761
ကြည့်နေရင်းနဲ့ အ်ိုးးး ဆိုပြီးထအော်တဲ့အထိပဲ
ကာလ်ိုပရာတစ်ရဲ့ပါဝါကြီးကကြောက်စရာကောင်းချက်ပဲ
ဂတ်လုံအောင်ကာထားတဲ့ကြားကနေဘယ်လက်သီးတချက်က ဘယ်သူမှအလဲမထိုးထားနိုင်တဲ့Leon Edwardတောင်တုန်းကနဲလဲကျသွားတာပဲ…
ဒါတွေကိုသိလို့Leonကပထမအချီမာလုံးဖို့ကြိုးစားခဲ့တာပါ ဒုတိယအချီမာယှဉ်ထိုးမိလိုက်တာမှားတာပဲ Jabတွေထိကတည်းကပါဝါပြင်းတာသိသာတယ်…
ဘယ်သူနဲ့တွေ့ရတော့မလဲ ဝယ်တာဝိတ်တန်းမာကခါးပတ်လုဖို့တန်းစီစောင့်နေကြတာမို့…
#ufc
5 761
16 secတည်းနဲ့ ဘီနေးဒါရီရူချ်ကို ပထမအချီမာအလဲထိုးသွားတဲ့ ဘီနွိုင်းစိန့်ဒန်းန်စ်
ဘီနေးကဒိုင်းတားတာစောတယ်ဆိုပြီးနည်းနည်းစောဒကတက်ချင်ပေမဲ့ ဟာ့ဘ်ဒင်းရဲ့ဆုံးဖြတ်ချက်ကမှန်ကန်တယ်ဗျ
ခွေကျသွားတဲ့ချိန် ပိုပြီးအထိမနာစေဖို့ တချက်ပဲထိုးတဲ့အချိန်ဝင်တားလိုက်နိုင်တယ်
ပွဲပြီးမာလည်း Benoitကြီးကခါးပတ်ပုံစံအောင်ပွဲခံပြီး ဘယ်သူပဲဖြစ်ဖြစ်ထိုးသတ်ဖို့readyပါတဲ့ဗျာ…
မိုက်ချက်ပဲဒီလိုမျိုး ပွဲမြန်မြန်ပြီးတဲ့ပွဲတွေမကြည့်ရတာကြာပေါ့
#ufc
5 761
မောနင်းပါဗျို့ ခုထိနစ်နာရီပဲအိပ်ရသေးတယ် ခေါင်ပွဲတွေလာပါပြီ ခုနပွဲမာတော့Bo Nickalကတော့အနိုင်ရလဒ်ပြန်ရရှိသွားပြီ
ခုတော့ဘီနွိုင်နဲ့ဒါရီရူချ်လာပါပြီ
5 761
ကဲ U Zaw Win Htutရဲ့ဘယ်သီချင်းနဲ့များပွဲဦးထွက်လာမာလဲ🧐
Walk-in songကအစသေချာပြင်ဆင်ထားတဲ့ကိုကျော်ကြီး ဘယ်လောက်ထိလုပ်ပြနိုင်မလဲစောင့်ကြည့်ကြတာပေါ့ဗျာ…
ဘယ်သီချင်းလို့ထင်ကြလဲ …
#kyawswarwin
5 761
ဇနီးချောလေးနဲ့အတူ တွေ့ရတဲ့ တာဝမ်ချိုင်း..
တာဝမ်ချိုင်းကလည်းONEမာဆို အတော်လေးရုပ်ဖြောင့်တဲ့သူထဲပါတယ် မင်းသားရုပ်နဲ့ခြေကန်ချက်ကလည်းပြင်းတော့ ဝိုင်းဝိုင်းလည်နေတဲ့အချိန် ခုတော့ချစ်ရသူနဲ့ယူသွားပါပြီ..
ဒီနှစ်အတွင်း ယူကြတဲ့ဖိုက်တာတွေများနေပြီ
ရည်းစားမရပဲကျန်ခဲ့တာက အားတီနဲ့ခဗျားတို့ပဲကျန်တော့တယ်🙂
#tawanchai
