en
Feedback
DYC4MM

DYC4MM

Open in Telegram

🛑Our Generation Must be Able to End Dictatorship ✊✊✊ 🛑အကြမ်းမဖက်ရှေ့သို့ဆက်မည် ဒီမိုကရက်တစ်လူငယ်ကောင်စီ 💪💪💪 Please Visit our Facebook Link 👇 https://www.facebook.com/dyc22222

Show more
684
Subscribers
No data24 hours
-27 days
-730 days
Posts Archive
photo content
+4

ကျောင်းတော်က ရန်စ နှင့် ဒေသတွင်းပဋိပက္ခ -ဂျေဆန်- (နိုင်ငံတကာဆက်ဆံရေးနှင့် မဟာဗျူဟာလေ့လာရေး)
+9
ကျောင်းတော်က ရန်စ နှင့် ဒေသတွင်းပဋိပက္ခ -ဂျေဆန်- (နိုင်ငံတကာဆက်ဆံရေးနှင့် မဟာဗျူဟာလေ့လာရေး)

ဆရာဦးဦးလှစော(ခ) ကဗျာဆရာမောင်ခိုင်အောင်ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် မိသားစု အပါအဝင် အာရက္ခပြည်သူများနှင့် ထပ်တူ ဝမ်းနည်းက
ဆရာဦးဦးလှစော(ခ) ကဗျာဆရာမောင်ခိုင်အောင်ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် မိသားစု အပါအဝင် အာရက္ခပြည်သူများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်အပ်ပါသည်။ ဆရာဦးဦးလှစော(ခ) ကဗျာဆရာမောင်ခိုင်အောင်၏ နိုင်ငံရေးဖြတ်သန်းမှု၊အာရက္ခပြည်နယ်နှင့် ပြည်သူများ၏ အကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုများကို မိမိတို့အနေဖြင့် အတုယူစံထား၍ အထူးအလေးထားပါကြောင်း စိတ်မကောင်းစွာဖြင့် ထုတ်ပြန်အပ်ပါသည်။ ကောင်းရာသုဂတိလားစေသော်ဝ် ဒီမိုကရက်တစ်လူငယ်ကောင်စီ လူငယ်နိုင်ငံရေးအဖွဲ့အစည်း

photo content
+1

လူငယ်နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဒီမိုကရက်တစ်လူငယ်ကောင်စီအနေဖြင့် အဖွဲ့အစည်းဖွဲ့စည်းပြီးသည့် မြို့နယ်များတွင် နိုင်ငံရေးအသိပညာဟောပြောပွဲများ၊ဒီမိုကရေစီ ကျင့်သုံးရေးဆိုင်ရာ လူထုဟောပြောပွဲများကို ဆောင်ရွက်လျှက်ရှိပြီး ပြည်သူလူထု၏ ဒီမိုကရေစီနှင့် နိုင်ငံရေးတွင် ပါဝင်မှု တိုးတက်လာစေရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။ထို့အပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျူ့၊နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေးဌာနမှလည်း Academic Democracy Studies သင်တန်းကို ဖွင့်လှစ်၍ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊အရပ်ဘက်နှင့် နိုင်ငံရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများကို ဒီမိုကရေစီ၊နိုင်ငံရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပေးလျှက်ရှိနေကြောင်း သိရှိရပါသည်။ ဥက္ကဌရုံး ဒီမိုကရက်တစ်လူငယ်ကောင်စီ ပုံ - ဘုတလင်မြို့နယ်တာဝန်ခံအဖွဲ့၊ဒီမိုကရက်တစ်လူငယ်ကောင်စီ မှ ပြည်သူများအား နိုင်ငံရေးဟောပြောပွဲ ကျင်းပနေစဉ်

ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ ဆိုင်ရာ ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ သတင်းစကား ဒီမိုကရေစီ ကျန်းမာရေးအတွက် ပြည်သူများ၏ အသံနှင့် သတင်းရရှိနိုင်ရေးအတွက် ဆောင်ရွက်ကြသည့် သတင်းမီဒီယာလုပ်ငန်းများ၏ လွတ်လပ်ခွင့်၊သတင်းဖေါ်ပြခွင့်နှင့် ရယူခွင့်တို့သည် အဓိကကျသည့်ကဏ္ဍမှ ပါဝင်လျှက်ရှိသည်။အာဏာရှင်တို့၏ အကြောက်တရားသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဘီလူးသရဲလို ကြောက်လန့်တုန်လှုပ်ကြသည်။သတင်းမီဒီယာလွတ်လပ်ခွင့်သည် တောင်းဆိုနေရုံဖြင့် ရရှိဖြစ်ပေါ်နိုင်လိမ့်မည်မဟုတ်ပဲ တော်လှန်အံတုခြင်းဖြင့်သာ ရရှိလာနိုင်ပေလိမ့်မည်။ ဒီမိုကရက်တစ်လူငယ်ကောင်စီသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်သည် ဒီမိုကရေစီအတွက် အခြေခံကျသည်ဟု ယုံကြည်သည်။မိမိတို့၏ မူဝါဒများသည် လူ့အခွင့်အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်ထားပြီး လွတ်လပ်သော မီဒီယာသည် ပြည်သူလူထု၏ အသံကို ထင်ဟပ်စေရန် အရေးကြီးသည်ဟု ယုံကြည်သည်။ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားတွင် သတင်းထောက်များသည် ဖမ်းဆီးမှု၊ နှိပ်စက်မှုနှင့် အကြမ်းဖက်မှုများကို ရင်ဆိုင်နေရသည်။ ဒီမိုကရက်တစ်လူငယ်ကောင်စီသည် တရားမဝင် အာဏာလုယူမှုနောက်ပိုင်း သတင်းမီဒီယာအပေါ် ဖိနှိပ်မှုများကို ဆန့်ကျင်သည့် သဘောထားကို ထုတ်ဖော်ပြီးသတင်းထောက်များ၏ လုံခြုံရေးကို အာမခံရန် ဆက်လက် အံတုတော်လှန်သွားမည်ဖြစ်သည်။ ဒီမိုကရက်တစ်လူငယ်ကောင်စီသည် လူငယ်များကို နိုင်ငံရေးနှင့် လူမှုရေးလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်လာစေရန် အားပေးသည့်အဖွဲ့အစည်းဖြစ်သည်။ သတင်းမီဒီယာလွတ်လပ်ခွင့်နေ့တွင် မိမိတို့သည် လူငယ်များအား မီဒီယာတတ်မြောက်မှု (media literacy) နှင့် သတင်းအချက်အလက်များ စိစစ်ဖြန့်ဝေရေးတွင် ပါဝင်ရန် တိုက်တွန်းအားပေးသွားမည်ဖြစ်သည်။မိမိတို့၏ သုတေသနစာစဉ်များနှင့် စကားဝိုင်းများသည် လွတ်လပ်သော အတွေးအခေါ်နှင့် အသိပညာဖလှယ်မှုကို အားပေးသည်။Citizen Journalism သင်တန်းများ ဖွင့်လှစ်နိုင်စေရေး ကြိုးပမ်းသွားမည်။ ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ အဓိကရည်မှန်းချက်မှာ အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ရန်ဖြစ်သည်။ သတင်းမီဒီယာလွတ်လပ်ခွင့်သည် ထိုရည်မှန်းချက်အတွက် မရှိမဖြစ်လိုအပ်သောကြောင့် ၎င်းတို့သည် အာဏာရှင်စစ်ကောင်စီ၏ မီဒီယာဖိနှိပ်မှုများကို ပြစ်တင်ဝေဖန်ပြီး လွတ်လပ်သောမီဒီယာကို ပြည်သူလူထု၏ အခွင့်အရေးအဖြစ် ဆက်လက်ထောက်ခံထားမည်။ တရားမဝင် အာဏာလုယူမှုနောက်ပိုင်း အင်တာနက်ဖြတ်တောက်မှုများနှင့် ဆင်ဆာဖြတ်တောက်မှုများကြားတွင် ဒီမိုကရက်တစ်လူငယ်ကောင်စီ ကဲ့သို့အဖွဲ့များသည် သတင်းအချက်အလက်များကို SMS နှင့် အခြားနည်းလမ်းများဖြင့် ဖြန့်ဝေရန် ကြိုးပမ်းသွားမည်။ ၎င်းတို့သည် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု၍ သတင်းဖြန့်ဝေရေးနှင့် ပြည်သူလူထုသို့ အမှန်တရားရောက်ရှိစေရန် ဆက်လက်ကြိုးပမ်းဖွယ်ရှိသည်။ ဒီမိုကရက်တစ်လူငယ်ကောင်စီအနေဖြင့် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့တွင် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အပြည့်အဝထောက်ခံသွားမည်ဖြစ်ပြီး မိမိတို့၏ ဒီမိုကရေစီ အခြေခံသည့် ဖက်ဒရယ်နိုင်ငံရေးစနစ်ဖေါ်ဆောင်ရေး ရည်မှန်းချက်နှင့် အာဏာဖီဆန်နိုင်ငံရေးအံတုမှုတို့ကို ပေါင်းစပ်ကာ စစ်အာဏာရှင်စနစ်အပါအဝင် အကြမ်းဖက်စစ်တပ် နှင့် စစ်အုပ်ချုပ်ရေး နိဂုံးချုပ်သည်အထိ ဆက်လက် ဖီဆန်အံတုသွားမည်ဖြစ်ကြောင်း သတင်းစကားပါးလိုက်ရပါသည်။ ဒီမိုကရက်တစ်လူငယ်ကောင်စီ ၂၀၂၅ခုနှစ်၊မေလ ၃ရက်နေ့။

photo content

ဧရာဝတီသတင်းဌာန၏ နှစ်၃၀ပြည့်ဆိုင်ရာ ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ ဂုဏ်ပြုသတင်းစကား� ဧရာဝတီသတင်းဌာန၏ နှစ်၃၀ပြည့် အခါသမယတွင် ဒီမိုကရက်တစ်လူငယ်ကောင်စီအနေဖြင့် ဧရာဝတီ၏ သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီတန်ဖိုးများကို ခိုင်မာစွာ ထိန်းသိမ်းရန် ကြိုးပမ်းခဲ့မှုများအတွက် ဂုဏ်ယူဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါကြောင်း ကနဦးသတင်းစကားပါးချင်ပါသည်။ မြန်မာနိုင်ငံ၏ သတင်းမီဒီယာလောကတွင် ဧရာဝတီသတင်းဌာနသည် ယုံကြည်စိတ်ချရသော သတင်းဖော်ပြမှုများနှင့် ပြည်သူလူထု၏ အခွင့်အရေးများကို မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ သတင်းမီဒီယာလွတ်လပ်ခွင့်သည် ဒီမိုကရေစီ၏ အဓိကအုတ်မြစ်တစ်ခုဖြစ်ပြီး သတင်းစီးဆင်းမှု လွတ်လပ်စွာရှိရေးသည် ပြည်သူများ၏ သိပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်ကို အားကောင်းစေသည့် နိုင်ငံရေးအရ အရေးပါသည့် ကိစ္စရပ်ဖြစ်သည်။ ဧရာဝတီသတင်းဌာနသည် နှစ်ပေါင်း ၃၀ ကျော်ကြာ ဖိနှိပ်မှုများ၊ စိန်ခေါ်မှုများနှင့် ကန့်သတ်ချုပ်ချယ်မှုများကို ရင်ဆိုင်ရင်း အမှန်တရားကို ဖော်ထုတ်ရန်နှင့် ပြည်သူလူထု၏ အသံကို ကမ္ဘာသို့ရောက်ရှိစေရန် မဆုတ်မနစ် ကြိုးပမ်းခဲ့သည်။ ၎င်းတို့၏ မယိမ်းမယိုင်သော ကတိကဝတ်များသည် မြန်မာ့သတင်းမီဒီယာလောကတွင် စံပြဖြစ်လာခဲ့ပြီး လူငယ်မျိုးဆက်သစ်များအတွက် လှုံ့ဆော်မှုတစ်ရပ်ဖြစ်လာသည်။ လူငယ်နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် မိမိတို့ ဒီမိုကရက်တစ်လူငယ်ကောင်စီအနေဖြင့် ဧရာဝတီသတင်းဌာန၏ သတင်းဆိုင်ရာ သမာဓိရှိမှု၊ ရဲစွမ်းသတ္တိနှင့် ပြည်သူလူထုအပေါ် ထားရှိသော စေတနာကို အထူးတန်ဖိုးထားပါသည်။သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းစီးဆင်းမှု၏ အရေးပါမှုကို အလေးထားကာ ဒီမိုကရေစီတန်ဖိုးများကို ဆက်လက်မြှင့်တင်ရာတွင် ဧရာဝတီသတင်းဌာနနှင့် လက်တွဲလုပ်ဆောင်သွားရန် ကတိပြုအပ်ပါသည်။ အနာဂတ်တွင်လည်း ၎င်းတို့၏ မွန်မြတ်သော လုပ်ငန်းများအောင်မြင်ပြီး မြန်မာ့သတင်းမီဒီယာလောကကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ဒီမိုကရက်တစ်လူငယ်ကောင်စီ�ရက်စွဲ- ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်

photo content

ဘုတလင်မြို့နယ်တာဝန်ခံအဖွဲ့၊စစ်ကိုင်းဒေသဖက်ဒရယ်ယူနစ်၊ဒီမိုကရက်တစ်လူငယ်ကောင်စီမှ စီစဉ်ကျင်းပသည့် နိုင်ငံရေးဆိုင်ရာ အသိပညာပေးဟော
+4
ဘုတလင်မြို့နယ်တာဝန်ခံအဖွဲ့၊စစ်ကိုင်းဒေသဖက်ဒရယ်ယူနစ်၊ဒီမိုကရက်တစ်လူငယ်ကောင်စီမှ စီစဉ်ကျင်းပသည့် နိုင်ငံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဘုတလင်မြို့နယ်တစ်နေရာတွင် ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ ဒီမိုကရက်တစ်လူငယ်ကောင်စီ အနေဖြင့် ဒီမိုကရေစီ၊ဖက်ဒရယ်နှင့် နိုင်ငံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊လေကြောင်းရန်ဆိုင်ရာ အရေးပေါ်ကြိုတင်ဆောင်ရွက်ရန်များကိုလည်း စစ်ကိုင်းဒေသဖက်ဒရယ်ယူနစ်တွင် ဆောက်ရွက်လျှက်ရှိကြောင်း တင်ပြအပ်ပါသည်။ နှစ်ဆန်းတစ်ရက်နေ့၊၂၀၂၅ခုနှစ်။ ဥက္ကဌရုံး ဒီမိုကရက်တစ်လူငယ်ကောင်စီ

အတာသင်္ကြန်ဆုတောင်း မကြာခင်ကျရောက်တော့မည့် မြန်မာ့နှစ်သစ်ကူး အတာင်္သကြန်မှစ၍ မြန်မာပြည်သူအပေါင်း စနစ်တကျ၊အားလုံးပါဝင်၍ အကြမ်း
အတာသင်္ကြန်ဆုတောင်း မကြာခင်ကျရောက်တော့မည့် မြန်မာ့နှစ်သစ်ကူး အတာင်္သကြန်မှစ၍ မြန်မာပြည်သူအပေါင်း စနစ်တကျ၊အားလုံးပါဝင်၍ အကြမ်းဖက်စစ်အုပ်စုအား နိဂုံးချုပ်ပေးနိုင်ပါစေကြောင်းနှင့် ဒီမိုကရေစီအခြေခံသည့် ဖက်ဒရယ်နိုင်ငံရေးစနစ် ဖေါ်ဆောင်အောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်လိုက်ရပါသည်။ ထို့အပြင် စစ်ဘေး၊ ရေဘေး၊ ငလျင်ဘေးများကြားမှ ခွန်အားအပြည့်ဖြင့် ရှေ့ဆက်လျှောက်လှမ်းနိုင်ကြပါစေကြောင်း နှင့် သင်္ကြန်အခါသမယတွင် စိတ္တသုခ၊ ကာယသုခတို့နှင့် ပြည့်စုံ၍ ငြိမ်းချမ်းသော အနာဂတ်ဆီသို့ တစ်ယောက်တစ်လှမ်း လက်တွဲလျှောက်လှမ်းနိုင်ကြပါစေ။ သင်္ကြန်ရေ၏ ဂုဏ်သတ္တိဖြစ်သော ပြန်လည်သန့်စင်စေခြင်း ကဲ့သို့ စိတ်နှလုံးအားလုံး သန့်စင်အေးမြပြီး မျှော်လင့်ချက်အလင်းတန်းများ ထွန်းလင်းလာပါစေကြောင်း ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်းမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ဒီမိုကရက်တစ်လူငယ်ကောင်စီ လူငယ်နိုင်ငံရေးအဖွဲ့အစည်း

“ ဖေးမကူညီ DYC ” စစ်ငလျင်ဘေးဒဏ်သင့်ဒေသရှိ တန်ဖိုးရှိပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မတ်လ ၃၀ရက်နေ့ မှ ဧပြီလ ၅ရက်နေ့အထိ ဒေသန္တရ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်းကာ မန္တလေး၊စစ်ကိုင်း စသည့် တန်ဖိုးရှိပြည်သူများ၏ အသက်အိုးအိမ်ဆုံးရူံးထိခိုက်မှုအများဆုံးနေရာများတွင် မိမိတို့အဖွဲ့ရှိ ဖက်ဒရယ်ယူနစ်/ပြည်နယ်ဆိုင်ရာ တာဝန်ခံအဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။ထို့နောက် ဧပြီလ ၆ရက်နေ့မှ စတင်ကာ ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ဆေးဝါးနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများကို နိုင်ငံတကာရှိ အလှူရှင်များနှင့် ချိတ်ဆက်ကာ စစ်ကိုင်းရှိ ရပ်ကွက် (၂)ခုနှင့် မင်းကွန်းတောင်ရိုးများတွင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း တံတားဦး၊အမရပူရ နှင့် စစ်ကိုင်းတို့တွင် ပြည်တွင်းရှိ ဆရာဝန်စေတနာ့ဝန်ထမ်းများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ မကြာခင်ကျရောက်တော့မည့် သင်္ကြန်ကာလအပြီးတွင်လည်း မြေပြင်အချက်အလက်များ (ပျက်စီး၊ဆုံးရူံး၊သေဆုံး နှင့် ဒဏ်ရာရ)ကိုလည်း သီခြား ကောက်ယူသွားမည်ဖြစ်ပြီး စစ်ကိုင်း နှင့် အင်းလေးဒေသရှိ တန်ဖိုးရှိပြည်သူများ၏ နေအိမ်များ ပြန်လည်ပြုပြင်ရေး၊ရေသန့်စက်တပ်ဆင်၍ သောက်သုံးရေရရှိရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန် ကြိုးပမ်းလျှက်ရှိပါသည်။ သို့ဖြစ်ပါ၍ ဦးစားပေးလုပ်ငန်းဖြစ်သည့် သောက်သုံးရေရရှိရေးအတွက် ရေသန့်စက်တပ်ဆင်ရေးလုပ်ငန်းများတွင် ပါဝင်လှူဒါန်းလိုကြသည့် ပြည်တွင်း/ပြည်ပမှ အလှူရှင်များအနေဖြင့် ရေသန့်စက်နှင့် ဆက်စပ်ပစ္စည်း တစ်စုံလုံး (ခန့်မှန်း ၁၅၅သိန်းကျပ်) ဖြစ်စေ၊လိုအပ်သည့် ပစ္စည်းတစ်ခုချင်းစီအလိုက်ဖြစ်စေ ပါဝင်လှူဒါန်း၍ မြန််မာပြည်သူများ၏ လိုအပ်နေသည့် အခန်းကဏ္ဍများကို ဖြည့်ဆည်းပူးပေါင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါသည်။အင်းလေးဒေသတွင်လည်း ပြိုကျ၊ယိုင်နဲ့နေသည့် အိမ်များကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအတွက် ပါဝင်ကူညီလိုပါကလည်း မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ဥက္ကဌ ဒီမိုကရက်တစ်လူငယ်ကောင်စီ

photo content

https://www.facebook.com/share/1MstV6nUt2/?mibextid=wwXIfr ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်း၏ စစ်ကိုင်းမြို့
+2
https://www.facebook.com/share/1MstV6nUt2/?mibextid=wwXIfr ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်း၏ စစ်ကိုင်းမြို့ ငလျင်ဒဏ်သင့်ဒေသများအတွက် ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် အား စနစ်တကျရေးဆွဲ၍ ဆောင်ရွက်လျှက် ရှိနေပါသည်။ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့ ဒီမိုကရက်တစ်လူငယ်ကောင်စီ၊စစ်ကိုင်းဒေသဖက်ဒရယ်ယူနစ်တာဝန်ခံအဖွဲ့ နှင့် အဖွဲ့ဝင်များ နှင့် ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ဒေသခံစေတနာ့ဝန်ထမ်းများ နှင့် ပူးပေါင်း၍ လုပ်ငန်းအဆင့်များ (Phases of Implementation) (၂)ရက်ထားရှိကာ 🆘 အဆင့် ၁: အရေးပေါ်တုံ့ပြန်မှု (Emergency Response) နှင့် 🆘 အဆင့် ၂: ကျန်းမာရေးစောင့်ရှောက်မှု တည်ဆောက်ခြင်း (Healthcare Setup) တို့ဖြင့် စနစ်တကျ၊အားလုံးပါဝင်၍ ရလဒ်ထွက်ထိရောက်စေရေး ကူညီလျှက်ရှိကြောင်း တင်ပြအသိပေးအပ်ပါသည်။ ဥက္ကဌရုံး ဒီမိုကရက်တစ်လူငယ်ကောင်စီ

Repost from DYC4MM

DYC ရဲ့တော်လှန်ရေး သီချင်းပါ။ Like and Share လုပ်ပေးကြပါရှင်။ https://youtu.be/mlhF3UmYf8g?si=0jmfmHmpNmh_OqZf
DYC ရဲ့တော်လှန်ရေး သီချင်းပါ။ Like and Share လုပ်ပေးကြပါရှင်။ https://youtu.be/mlhF3UmYf8g?si=0jmfmHmpNmh_OqZf

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRP
+1
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့အနေဖြင့် လူပြောင်းလဲသင့်သလား၊မူဝါဒပြောင်းလဲသင့်သလား (သို့တည်းမဟုတ်) နှစ်ခုစလုံး ပြောင်းလဲသင့်သလား - Jayson -

Academic Democracy Studies (ADS 2001) ဒီမိုကရေစီ လေ့လာမှုသည် ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းကို ပြန်လည်ပုံဖော်ရာတွင် အရေးပါသော အခြေခံမှတ်တိုင်တစ်ခုဖြစ်သည်။ ဤသင်တန်းသည် ဒီမိုကရေစီ၏ သဘောတရားများ၊ သမိုင်းကြောင်းနှင့် လက်တွေ့အသုံးချနည်းများကို နက်ရှိုင်းစွာ ထိုးထွင်းလေ့လာနိုင်ရန် ရည်ရွယ်ပါသည်။ အထူးသဖြင့် မြန်မာ့နွေဦးတော်လှန်ရေး (Spring Revolution)၏ ပကတိအခြေအနေတွင် ဒီမိုကရေစီကို မည်သို့ အကောင်အထည်ဖော်နိုင်မည်၊ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရာတွင် ကျောင်းသားများ၏ ပါဝင်မှုက မည်သို့ အရေးပါသည် ဆိုသည့် အဖြေများကို ADSသင်တန်းမှ ရှာဖွေပေးသွားနိုင် မှာပဲဖြစ်ပါသည်။ သင်တန်းအကျိုးကျေးဇူး: ဒီမိုကရေစီဆိုင်ရာ နိုင်ငံတကာ အတွေ့အကြုံများနှင့် သင်ခန်းစာများ လေ့လာခွင့်ရရှိခြင်း။ မြန်မာ့အခြေအနေနှင့် ကိုက်ညီသော လက်တွေ့ကျသော ဖြေရှင်းနည်းများ ရေးဆွဲနိုင်ခြင်း။ သင်တန်းပြီးဆုံးပါက Certificate လက်မှတ်ရရှိမည်ဖြစ်ပြီး ဒီမိုကရေစီလှုပ်ရှားမှုများတွင် ပါဝင်ရန် အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်။ အဘယ်ကြောင့် အရေးကြီးသနည်း: မြန်မာ့နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် အပါအဝင်အာဏာရှင်စနစ်ဟူသမျှကို အဆုံးသတ်ပြီး ဒီမိုကရေစီအခြေခံသည့် ဖက်ဒရယ်နိုင်ငံရေးစနစ်တည်ဆောက်ရန် သံဓိဌာန်ချမှတ်ထားခြင်းဖြစ်သည်။။ Academic Democracy Studies သည် အဆိုပါရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် လိုအပ်သော အသိပညာ၊ဝေဖန်တွေးခေါ်မှုနှင့် ဗျူဟာများကို ပေးစွမ်းနိုင်လိမ့်မည်ဖြစ်သည်။ ဒီမိုကရေစီ၏ အခြေခံမူများကို နားလည်ခြင်းဖြင့် လူထုပါဝင်မှု၊ တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးများကို မြှင့်တင်ရာတွင် ဦးဆောင်နိုင်သော ခေါင်းဆောင်များ ပေါက်ဖွားလာစေရန် အထောက်အကူဖြစ်စေသည်။ သင်တန်းကာလ - ၅ပတ် သင်တန်းချိန်- ညနေ ၆:၃၀ မှ ၇:၃၀ အထိ သင်တန်းနေ့ - အပတ်စဉ် ကြာသပတေးနှင့် သောကြာ သင်တန်းလက်ခံမည့် နောက်ဆုံးရက် မတ်လ ၂၅ရက်နေ့ “လူငယ်မှ လူငယ်သို့ “ အစီအစဉ် သင်တန်းများရေရှည်ဖွင့်လှစ်ရပ်တည်နိုင်စေရန် တစ်ဦးချင်းဖြစ်စေ၊အစုအဖွဲ့အလိုက်ဖြစ်စေ လှူဒါန်းပေးခြင်း၊စေတနာ့ဝန်ထမ်းအဖြစ် ပြန်လည်ပါဝင်ခြင်း စသည့် ပါဝင်မှုများကိုလည်း လက်ခံပေးသွားမည် ဖြစ်ပါသည်။ သင်တန်းလျှောက်ထားရန် ဤနေရာတွင် နှိပ်ပါ။ https://forms.gle/kHsuL55m59ZjWvLZ7 သင်တန်းများနှင့် ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖေါ်ပြပါ သင်တန်း Link အား ချိတ်ဆက်ပေးထားနိုင်ပါသည်။ https://t.me/YouthProgram_DYC ဒီမိုကရက်တစ်လူငယ်ကောင်စီ လူငယ်နိုင်ငံရေးအဖွဲ့အစည်း

photo content

စစ်ရာဇဝတ်ကောင် ပူတင် နှင့် လူမျိုးတုန်းသတ်ဖြတ်မှု ရာဇဝတ်ကောင် မင်းအောင်လှိုင်တို့အား အတူတွေ့ရစဉ်
စစ်ရာဇဝတ်ကောင် ပူတင် နှင့် လူမျိုးတုန်းသတ်ဖြတ်မှု ရာဇဝတ်ကောင် မင်းအောင်လှိုင်တို့အား အတူတွေ့ရစဉ်