en
Feedback
Mental Fitness Channel by Counselling Corner

Mental Fitness Channel by Counselling Corner

Open in Telegram
947
Subscribers
-224 hours
+37 days
+2230 days
Posts Archive
ကိုယ့်ကိုကိုယ် သိဖို့ ပြောရလွယ်သလောက် လုပ်ရခက်တတ်ပါတယ်။ Self-Awareness ရှိခြင်းက ကျန်းမာချမ်းသာသုခရဖို့ အခြေခံအကျဆုံးအချက်လို့ပြောလို့ရပါတယ်။ Self-Awareness ကို သတိပြုမိစေဖို့ ဒီည (၇)နာရီမှာ Counsellor Hein Htet မှ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ သိချင်တာလေးတွေရှိရင်လဲ ဝင်ရောက်မေးမြန်းဆွေးနွေးနိုင်ပါတယ်။ Workshop လဲရှိသေးတာမို့ ဒီLink မှာ စာရင်းသွင်းပြီး အခမဲ့တက်ရောက်နိုင်ပါတယ်။ Wednesday FREE Emotional Well-being Workshop Registration Link: https://docs.google.com/forms/d/e/1FAIpQLSfrVafY0OjXxxA4jnb1LKYVV58CHqTaNr8WK1xmAJDeVohPxA/viewform

"အိမ်တွင်းအကြမ်းဖက်မှု" သံသရာနဲ့ပတ်သက်တဲ့ Counselling Corner မှ LIVE ဆွေးနွေးပေးတဲ့ LIVE ဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။ https://www.facebook.com/counsellingcornermyanmar/videos/1061190255335919/

အမျိုးသမီး ၅ဦးမှာ ၁ဦး အိမ်တွင်းအကြမ်းဖက် အနိုင်ကျင့် နှိပ်စက်ခံ​နေရနိုင်ပါတယ်။ ဒါတင်မကဘူး။ အမျိုးသား ၇ဦးမှာ ၁ဦးနှုန်း "အိမ်တွင်းအကြမ်းဖက်မှု" ကိုရင်ဆိုင်​နေရနိုင်ပါတယ်။ "အိမ်တွင်းအကြမ်းဖက်မှု" ဆိုတာရိုက်နှက်မှမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာနှိပ်စက်တာ လိုအပ်ချက်​တွေကို လျစ်လျူရှုတာ ​နောက်​ယောင်ခံလိုက်တာ စတာ​တွေပါပါဝင်ပါတယ်။ ဒီ "အိမ်တွင်းအကြမ်းဖက်မှု"နဲ့ပတ်သက်တဲ့ အ​ကြောင်းရာဗဟုသုတ​တွေနဲ့ကိုယ်ကြုံခဲ့ခံစားခဲ့ရတာ​တွေကိုပါ Zoom workshopမှာ မျှ​ဝေ​ဆွေး​နွေးနိုင်ပါတယ်။ ပါဝင်လိုသူများဒီ Linkက​နေ Register လုပ်နိုင်ပါတယ်ရှင်။ ​ စိတ်ဝင်စားသူများအတွက်လဲ ဗဟုသုတရ​​အောင် ပြန်မျှ​ဝေ​ပေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။ https://docs.google.com/forms/d/e/1FAIpQLSdqq18zr0ejlp_IU82dGGRbkT9cIbEP9ZPK3wLeugXmL4zeww/viewform

📣📣📣သတင်းကောင်းပါးချင်ပါတယ်ဗျို့..။ 📣📣📣𝑩𝒂𝒔𝒊𝒄 𝑪𝒐𝒖𝒏𝒔𝒆𝒍𝒍𝒊𝒏𝒈 𝑺𝒌𝒊𝒍𝒍𝒔 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈 (𝑩𝒂𝒕𝒄𝒉 - 𝟒𝟒) 𝑾𝒆𝒆𝒌𝒅𝒂𝒚𝒔 𝑶𝒏𝒍𝒊𝒏𝒆 𝑪𝒍𝒂𝒔𝒔 ကို Scholarship (၁၀)ယောက် ပေးသွားမှာဖြစ်ပါတယ်။ 🥳 ပညာသင်ဆုလျှောက်ထားလိုသူများ ✅CV + ဓါတ်ပုံ, ✅Motivation Letter, ✅ပြန်ဆက်သွယ်ရမယ့် ဖုန်းနံပါတ် တို့ကို ✅ contact@counsellingcorner.com သို့ တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ပါပြီ။ (⚠️မှတ်ချက်⚠️ 𝐦𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐥𝐞𝐭𝐭𝐞𝐫 ကို မြန်မာဘာသာဖြင့်ပေးပို့နိုင်ပါတယ်။) 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐃𝐞𝐭𝐚𝐢𝐥𝐬 ✔️ပညာသင်ဆု အစီအစဉ်− 𝐁𝐚𝐬𝐢𝐜 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 - 𝐁𝐚𝐭𝐜𝐡 𝟒𝟒 (𝐖𝐞𝐞𝐤𝐝𝐚𝐲𝐬 𝐨𝐧𝐥𝐢𝐧𝐞 𝐜𝐥𝐚𝐬𝐬) ✔️ 𝐓𝐢𝐦𝐞 - 6pm-8pm ✔️𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 စတင်မည့်ရက် - 4 Dec 2023 ✔️နောက်ဆုံးလျှောက်ထားနိုင်သည့်နေ့ - 30 Nov 2023 ✔️ပညာသင်ဆုရရှိသူများ ကြော်ငြာမည့်နေ့ - 1 Dec 2023 နေရာပြည့်လွယ်တာကြောင့် အမြန်လက်ဦးမှုရယူဖို့ လိုပါတယ်။ စိတ်ဝင်စားမယ့်လူတွေကိုလဲ ပြန်shareပေးလို့ရပါတယ်။ ကျေးဇူးပါ။

Registration Links: Free Consultation က ဒီလအတွက်နေရာပြည့်သွားလို့ နောက်လအတွက်ကိုထပ်တင်ပေးပါမယ်။ Wednesday Free Emotional Well-being Link : https://docs.google.com/forms/d/e/1FAIpQLSePwkTaZ9WULkSjKzfQukjgJ6R7R5OH-OFeOIlTgj4u6JuPsw/viewform Saturday Free Emotional Well-being Link : https://docs.google.com/forms/d/e/1FAIpQLSf--S0mGncBcpQOdRQ6JQntZR61xOZB0IC48eqqgIMkmWddCw/viewform Destiney Exploration Art Workshop Link: https://www.facebook.com/counsellingcornermyanmar/posts/868089291543624 Self-Discovery Workshop Link: https://docs.google.com/forms/d/e/1FAIpQLSciii9T_pToeklNOogXtwxta4SHA26wmQR6wHm9LHRoyIRjog/viewform?usp=sf_link

မင်္ဂလာပါခင်ဗျာ။ မတင်တာကြာလို့မေ့သွားမှာစိုးလို့ပါ။ ကျွန်တော်တို့ Counselling Corner မှာ Counselling Service များကို ဝန်ဆောင်မှုပေးနေပါတယ်။ ဒါတွေအပြင် အများသူငါ စိတ်ကျန်းမာချမ်းသာရရှိစေရန် တခြားactivities တွေအမျိုးမျိုးကိုလဲ ပြုလုပ်လျက်ရှိပါတယ်။ အပတ်စဉ်... − Monday တိုင်းမှာ ကိုယ့်ရဲ့ စိတ်အခြေအနေဟာ Counselling ယူရမယ့်အခြေအနေဖြစ်နေပြီလားသိဖို့ Counsellor နဲ့ မိနစ် (၃၀)စာ အခမဲ့ဆွေးနွေးလို့ရတဲ့ Free Consultation session ရှိပါတယ်။ မနက် (၉)နာရီကနေ ညနေ(၄)နာရီထိ ကြိုက်တဲ့အချိန်ရွေးလို့ရပါတယ်။ (In person or online ရပါတယ်။) − Tuesday Facebook Live မှာတော့ Monthly Topic ကို ဆွေးနွေးပြီး ဒီလမှာတော့ Toxic relationship အကြောင်း မျှဝေသွားမှာဖြစ်ပါတယ်။ − Wednesday Free Emotional Well-being Workshop မှာတော့ Live ရဲ့ခေါင်းစဉ်တွေကို Zoom မှတဆင့်အသေးစိတ်ပြန်ဆွေးနွေးပေးတာဖြစ်ပါတယ်။ ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး ကိုယ်ကြုံခဲ့ ခံစားခဲ့ရတာတွေ ကိုယ့်အမြင်တွေကိုလည်း လွတ်လပ်စွာမျှဝေလို့ရပါတယ်။ − Friday မှာ တော့ Monthly topic နဲ့သက်ဆိုင်တဲ့ content တွေကို Facebook Page မှာ မတူညီတဲ့ပုံစံနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်။ − Saturday မှာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေ ဖိစီးမှုတွေ လျော့ပါးသွားအောင် မျှဝေလို့ရတဲ့ အခမဲ့ Emotional Well-being workshop ကို Zoom မှတဆင့်ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီActivities လေးတွေအပြင် - ကိုယ့်ဘဝရည်မှန်းချက်သိချင်သူတွေ၊ ဘဝရဲ့ လမ်းဆုံလမ်းခွမှာရောက်နေပြီး အပြောင်းအလဲ တစ်ခုခုလုပ်ချင်နေသူတွေ၊ စိတ်ကူးပုံရိပ်​တွေ ကနေယူလာတဲ့ ကိုယ်မတွေးဖူး မမြင်ဖူးတဲ့ အမြင်သစ် နဲ့ အဖိုးတန်တဲ့ insights ရချင်သူတွေ အတွက် "Destiny Exploration Art Workshop" (In person) - ကိုယ့်ငယ်ဘဝလေးမှာ ခံစားခဲ့ရထိခိုက်ခဲ့ရတဲ့ခံစားချက်တွေကို ပြန်လည်ဖော်ထုတ်ပြီး စိတ်အေးချမ်းမှုကို ရချင်သူတွေအတွက် "Self-discovery Workshop" (In person) - Counsellor အလုပ်နဲ့ စနစ်တကျပိုင်ပိုင်နိုင်နိုင် အသက်မွေးဝမ်းကျောင်းပြုလိုသူများအတွက် Counselling Training များ (Online, In person) စတာတွေကို လည်း ပြုလုပ်လျက်ရှိပါတယ်။ *စာရင်းသွင်းနိုင်မယ့် Link လေးကို သပ်သပ်ထပ်တင်ပေးပါမယ်။* Product တွေအနေနဲ့ - Gratitude Journal - Art Basket - Clay Basket - Memory Game လိုမျိုး လက်ဆောင်ပေးလို့လဲကောင်း ကိုယ်တိုင်အသုံးပြုလိုလဲရတဲ့ စိတ်ကျန်းမာချမ်းသာသုခကို အကျိုးပြုစေမယ့် Product လေးတွေကိုပါ ရောင်းချလျက်ရှိပါတယ် ဆိုတာ ပြန်လည်မိတ်ဆက်လိုက်ပါတယ်ခင်ဗျာ။ အသေးစိတ်သိရှိလိုပါက Counselling Corner Facebook Page Messenger မှတဆင့် မေးမြန်းနိင်ပါတယ်။

Hello! မတင်တာကြာလို့မေ့သွားမှာစိုးလို့ပါ။ ကျွန်တော်တို့ Counselling Corner မှာ စိတ်ကျန်းမာချမ်းသာသုခရစေဖို့ရည်ရွယ်ပြီး activities တွေအမျိုးမျိုး ပြုလုပ်လျက်ရှိပါတယ်။ အပတ်စဉ် Monday တိုင်းမှာ ကိုယ့်ရဲ့ စိတ်အခြေအနေဟာ Counselling ယူရမယ့်အခြေအနေဖြစ်နေပြီလားသိဖို့ Counsellor နဲ့ မိနစ် (၃၀)စာ အခမဲ့ဆွေးနွေးလို့ရတဲ့ Free Consultation session ရှိပါတယ်။ မနက် (၉)နာရီကနေ ညနေ(၄)နာရီထိ ကြိုက်တဲ့အချိန်ရွေးလို့ရပါတယ်။ (In person or online ရပါတယ်။) ဒီလ Tuesday Live မှာတော့ Toxic relationship တွေအကြောင်း မတူတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပေးပြီး Wednesday Free Emotional Well-being Workshop မှာတော့ Live ရဲ့ခေါင်းစဉ်တွေကို အသေးစိတ်ပြန်ဆွေးနွေးပေးတာဖြစ်ပါတယ်။ ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး ကိုယ်ကြုံခဲ့ ခံစားခဲ့ရတာတွေ ကိုယ့်အမြင်တွေကိုလည်း လွတ်လပ်စွာမျှဝေလို့ရပါတယ်။

အစာလည်း​ဆေး ​ဆေးလည်းအစာ အစာနဲ့ စိတ်ကျန်းမာ​ရေးကလည်း ဆက်စပ်မှုရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး ​​ဆွေးနွေးထားတာဖြစ်ပါတယ်။ စိတ်ဝင်စားသူ​တွေအတွက် ပြန်လည်မျှ​ဝေနိုင်ပါတယ်။

ဒီWorkshop လေးကိုCounselling Corner မှာ မနက်ဖြန် ပြုလုပ်ပါမယ်ရှင်။ စိတ်ဝင်စားဖို့ကောင်းပြီး ဘဝရည်မှန်းချက်တွေ ပြည့်ဝဖို့ အမှန
+1
ဒီWorkshop လေးကိုCounselling Corner မှာ မနက်ဖြန် ပြုလုပ်ပါမယ်ရှင်။ စိတ်ဝင်စားဖို့ကောင်းပြီး ဘဝရည်မှန်းချက်တွေ ပြည့်ဝဖို့ အမှန်တကယ် အကျိုးရှိစေမယ့် Workshop လေးမို့ စိတ်ဝင်စားမယ့်သူတွေအတွက်လည်း မျှဝေပေးနိုင်ပါတယ်။ အစီအစဉ်အသေးစိတ် နဲ့ စာရင်းသွင်းရမယ့်Link ကို မူလPost မှာကြည့်ရှုနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။ https://www.facebook.com/counsellingcornermyanmar/posts/849486790070541

https://www.facebook.com/100050276838496/posts/843494537336433/ October မှာ Mental Health Awarenessနဲ့ ​ပတ်သက်ပြီး အစီအစဉ်​တွေ အများကြီးရှိတာမို့ မူရင်း Post မှာ ဝင်ကြည့်​ဖို့ ဖိတ်​​ခေါ်ပါတယ်။

Self-discovery Journey workshop တက်ရောက်ဖို့စာရင်းသွင်းရမယ့် Linkက​တော့ ​https://docs.google.com/forms/d/e/1FAIpQLSciii9T_pToeklNOogXtwxta4SHA26wmQR6wHm9LHRoyIRjog/viewform ဖြစ်ပါတယ်။

ကလေးလေးတွေ ပျော်နေတာကို မြင်တဲ့အခါ ကိုယ့်စိတ်ထဲမှာ ပြန်ပေါ်လာတဲ့ အစောဆုံး memory/ခံစားချက်ကို သတိရသေးလား? ဒါမှမဟုတ် ငယ်ဘဝမှာ
ကလေးလေးတွေ ပျော်နေတာကို မြင်တဲ့အခါ ကိုယ့်စိတ်ထဲမှာ ပြန်ပေါ်လာတဲ့ အစောဆုံး memory/ခံစားချက်ကို သတိရသေးလား? ဒါမှမဟုတ် ငယ်ဘဝမှာ ပြန်မတွေးချင်လောက်တဲ့ထိ ခံစားခဲ့ရတာမို့ မေ့ပစ်ထားတာလား? နာကျင်စရာကောင်းတဲ့ အတိတ်တွေ ခံစားချက်တွေကို ဖုံးကွယ်ထားလေ့ရှိကြပါတယ်။ ဒီခံစားချက်တွေက ကိုယ့်ရဲ့ အောင်မြင်မှု စိတ်အေးချမ်းမှုတွေကို သွယ်ဝိုက်ပြီး အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဒီခံစားချက်တွေ အတိတ်တွေကို ကိုယ်တိုင် လက်ခံဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ Counselling Cornerရဲ့ Self-discovery journey workshop​ မှာ ငယ်ဘဝ ကလေးလေးအဖြစ်နဲ့ စိတ်ထဲမှာ အမြဲရှိနေတဲ့ အတွင်းသူငယ်​ (inner child)ကို သူ့ရဲံ့ခစားချက်​​တွေ ကို စနစ်တကျစီစဉ်ထားတဲ့ လေ့ကျင့်ခန်းတွေ အစီအစဉ်တွေကနေတဆင့် ထုတ်​ပြောခွင့်​ပေးကြမယ်။ Workshop အတွင်း ရလာတဲ့ခံစားချက်တွေကို Counsellorနဲ့အတူ Reflection လုပ်ရင်း အား​ပေးကြရင်း ဒဏ်ရာတွေသက်သာသွားစေဖို့ အခွင့်အ​ရေး​ပေးကြမယ်။ ယုံကြည်စိတ်ချရတဲ့ ပတ်ဝန်းကျင်မှာဖြစ်လို့ စိတ်ချလက်ချ မျှ​ဝေ​ပေးနိုင်သလို၊ အဆင်​ပြေတဲ့ထိပဲမျှ​ဝေလည်းရပါတယ်။ Workshop Detailကိုပုံမှာ​ရေး​ပေးထားပါတယ်။ *လူကိုယ်တိုင်တက်​ပေးရမှာဖြစ်ပါတယ်။

Counselling လုပ်ချင်သူတွေ ကိုယ့်ကိုယ်ကိုယ် Counselling လိုမလို သိချင်သူတွေအတွက် လာမယ့် တနင်္လာနေ့မှာ မနက် (၉)နာရီမှ ညနေ (၄)နာ
Counselling လုပ်ချင်သူတွေ ကိုယ့်ကိုယ်ကိုယ် Counselling လိုမလို သိချင်သူတွေအတွက် လာမယ့် တနင်္လာနေ့မှာ မနက် (၉)နာရီမှ ညနေ (၄)နာရီအတွင်း တစ်ဦးကို မိနစ်(၃၀)စာ အခမဲ့ ဆွေးနွေးနိုင်ပါတယ်။ In person ရော Online ပါ အဆင်ပြေရာကိုရွေးချယ်ဆွေးနွေးနိုင်ပါတယ်။ အောက်ကLink မှာ စာရင်းသွင်းနိုင်ပါတယ်။ 25th Sept (Monday) - https://forms.gle/BkmtKFBfaKM86uin6 စာရင်းသွင်းတာ အဆင်မပြေဖြစ်ခဲ့ရင် Counselling Corner Facebook Page ရဲ့ Chat box ကိုလာရောက်ဆက်သွယ်နိုင်ပါတယ်။ (Form ဖြည့်ထားတဲ့ email နဲ့ ဖုန်းနံပါတ်လေးကိုပြန်ဆက်သွယ်မှာဖြစ်တဲ့အတွက် သေချာလေးစိစစ်ပြီးထည့်ပေးဖို့လိုပါတယ်။ Email ကို Inbox ထဲမှာမတွေ့ခဲ့ရင် Spam Folder ထဲမှာ စစ်ကြည့်ပေးပါ။)

https://www.facebook.com/100050276838496/posts/834541361565084/?sfnsn=mo မနက်ဖြန်ရှိမယ်​နော်။

Suicide နဲ့ပတ်သက်တဲ့ ဗဟုသုတ​တွေကို စိတ်ကျန်းမာ​ရေးရှု​ထောင့်က​နေ ​ဆွေး​နွေးမျှ​ဝေ​ပေးတဲ့ LIVE ​လေးပါ။ သိချင်တာ​လေး​တွေကို ပါဝင်​ဆွေး​မွေး​မေးမြန်းနိုင်ပါတယ်။ တခြားသူ​တွေ အကျိုးရှိဖို့အတွက် share ​ပေးနိုင်ပါတယ်။ ​ကျေးဇူးတင်ပါတယ်ခင်​ဗျ။

ဒီနေ့ည Counselling Corner Facebook Page မှာ ည (၇)နာရီမှာ လွှင့်မယ့် LIVE နဲ့ မနက်ဖြန် ညနေ (၆)နာရီမှာရှိမယ့် Free Workshop လေး
+1
ဒီနေ့ည Counselling Corner Facebook Page မှာ ည (၇)နာရီမှာ လွှင့်မယ့် LIVE နဲ့ မနက်ဖြန် ညနေ (၆)နာရီမှာရှိမယ့် Free Workshop လေးပါ။ စက်တင်ဘာလ ဟာ Suicide Prevention month ဖြစ်တဲ့အလျောက် Counselling Corner မှ စက်တင်ဘာတစ်လလုံးမှာ ဒီအကြောင်းအရာကို စိတ်ပိုင်းဆိုင်ရာရှုထောင့်ကနေ ဗဟုသုတမျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒီGroup လေးက စိတ်ပိုင်းဆိုင်ရာ စိတ်ဝင်စားတဲ့Group ဖြစ်တဲ့အလျောက် ဟောပြောမယ့် ခေါင်းစဉ်နဲ့ပတ်သက်ပြီး သိချင်တာတွေကို LIVE မှာ Counsellor ကို တိုက်ရိုက်မေးလို့ရပါတယ်ဆိုတာ လာမျှဝေပေးတာပါ။ Public မှာ စကားပြောဖို့ အဆင်မပြေဘူး သေချာ အချိန်ယူမေးချင်တယ် မျှဝေချင်တယ်ဆို မနက်ဖြန်မှာ ရှိမယ့် workshop ကို တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မနက်ဖြန်ညနေ အခမဲ့workshop တက်ရောက်ဖို့အတွက် ဒီLink ကနေစာရင်းသွင်းနိုင်ပါတယ်။ 𝗙𝗿𝗲𝗲 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗦𝗵𝗮𝗿𝗶𝗻𝗴 𝗪𝗼𝗿𝗸𝘀𝗵𝗼𝗽 𝗿𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗹𝗶𝗻𝗸: https://forms.gle/naqXYdPuotW3MWu46 (Link ဝင်လို့မရဘူးဆို Page Chat Box ကိုလာပြောလို့ရပါတယ်။)