TIME STUDY JLEC ❇️
Open in Telegram
1 753
Subscribers
No data24 hours
No data7 days
-2930 days
Posts Archive
1 753
TIME STUDY နှင့်ပတ်သက်ပြီး Group တွေမှာသင်တန်းကိုထိခိုက်စေလိုခြင်းမရှိပါ။ Review လေးသိချင်ပါတယ်ဆိုတဲ့သူများအတွက်ပါ။
သည်အကြောင်းအရာကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပြောခြင်းဖြစ်ပါတယ်။
ပြောချင်တာကတော့
မအကြပါနဲ့။
ဂျပန်ကိုသွားမယ့်သူတစ်ယောက်က လွယ်ကူရိုးရှင်းတဲ့ သည်လိုကိစ္စမျိုးလေးကတော့ ကိုယ်တိုင်ရွေးချယ်တတ်သင့်ပါတယ်။
ကျောင်းသူကျောင်းသားများသိထားကြရမှာက သည်လိုမေးခွန်းမျိုးဟာ အမှန်တကယ်မသိလို့မေးတာ၊ လက်ဝါးချင်းရိုက်ပြီး တမင်တကာမေးတာ၊ အောက်မှာဖြေတဲ့သူတွေက သူတို့လူအချင်းချင်းပဲအတိုင်အဖောက်ညီညီပြန်ဖြေကြတာ၊ အမှန်ကိုပြောတဲ့သူကို ဘန်းတာ၊ တချို့က အဲသည်လိုလုပ်ဖို့အတွက် သူတို့သင်တန်းကျောင်းကိုလူဆွယ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ကို Page ကိုထောင်ထားတာပါ။
ကျွန်မတို့က သည်လိုဂျပန်စာလောကအကြောင်းတွေ နောကြေနေအောင်သိထားကြပေမယ့် ကျောင်းသားကျောင်းသူတွေကတော့ သိချင်မှသိကြတာမို့ သတိပြုစေချင်ပါတယ်။
သည့်အတွက်ကြောင့် ကျွန်မပြတ်ပြတ်သားသားပြောလိုတာက။
(၁) TIME STUDY ကို တိုက်ခိုက်ဖို့အတွက် ဘာတွေသင်နေသလဲ၊ ဘာတွေလုပ်နေသလဲဆိုတာသိချင်လို့ တကူးတက သင်တန်းအပ်ပြီး လာတက်ကြရ၊ ရသမျှနုတ်စ်တွေအကုန်စုဖို့အတွက်ပဲဖြစ်ပြီး စာမေးပွဲဖြေဖို့လည်းမဟုတ်ဘဲ ၊ ဆရာမဘယ်လောက်ပဲကောင်းအောင်သင်သင် မကောင်းပြောဖို့အတွက်အချိန်ကုန်ခံ ငွေကုန်ခံကြတဲ့အတွက် နှမျောစရာကောင်းလို့ အဲလိုလူမျိုးသင်တန်းလာမအပ်ကြပါနဲ့နော်။
⭐️နောက်တစ်ခုက TIME STUDY သည် စာသင်ချိန်များတဲ့ သင်တန်းကျောင်းဖြစ်ပြီးစာသင်ကာလ (၄) လခွဲ Course၊ (၆) လ Course တွေ၊ အရည်အချင်းမပြည့်သေးဘူးထင်ရင် အချိန်ပိုတွေထပ်ဖြည့်ပြီးသင်တာတွေ၊ သင်ပေးတဲ့စာအုပ်တွေများတာ၊ ဂျပန်စာသင်ပေးတဲ့ ဆရာဆရာမတွေရဲ့ ပညာအရည်အချင်းတွေ၊ ယူထားတဲ့ဂျပန်စာဘွဲ့တွေ၊ ပေးရတဲ့အချိန်တွေ ကို လည်း သင်တန်းကြေးလေးကို နှိုင်းယှဉ်ပြောချင်တဲ့အခါ ထည့်တွက်ပေးတတ်ကြပါစေ😁
(၂) နောက်ထပ်တစ်မျိုးက TIME STUDY မှာ သင်တန်းမတက်ဖူးဘဲ ဘယ်လိုနာမည်ဖျက်ရဖျက်ရ နာမည်ပျက်ဖို့အရေးကြီးတဲ့သူတွေ အခြေအမြစ်မရှိဘဲ ပြောနေကြတာတွေ
ကိုယ့်အကုသိုလ်ကိုယ်ပြန်အကျိုးပေးတဲ့အခါ ခံနိုင်ရည်ရှိကြပါစေ။
(၃) သူများသင်တန်းနာမည်ပျက်မှ ငါ့သင်တန်းလူလာမှာဆိုတဲ့ အတွေးမျိုးနဲ့ အချိန်ကိုက်နာမည်ဖျက်ကြတာမျိုး ဇတ်လမ်းဆင်ကြတာမျိုး ကိုယ်ပိုင်အရည်အချင်းရှိကြသူတွေ ဘယ်သူမှမလုပ်ကြပါဘူး။
(၄) TIME STUDY မှာ အလုပ်မိတ်ဆက်မပေးနိုင်ဘူးဆိုသူများ Page ကို ဝင်လာကြည့်ကြဖို့ ခဏအလည်ဖိတ်ခေါ်ချင်ပါတယ်။
မျက်စိမှတ်ပြီး စွတ်ပြောနေရတာ ကိုယ်အ တာလူသိသလို သိတဲ့သူတွေက ရယ်နေကြတယ်နော်😁
(၅) စေတနာအပြည့်ထားပြီး သင်ပေးခဲ့သမျှတွေအားလုံးကို ယူပြီးသွားတဲ့အခါ ဆရာသောဘာသောနားမလည်ဘူး ငါဖြစ်ချင်တာမဖြစ်ရလို့ကတော့ ပြောမှာပဲဆိုသူများ TIME STUDY ကို အစကတည်းက မလာခဲ့ကြပါနဲ့နော်။
လူဆိုတာ ကိုယ့်စိတ်ဓာတ်နဲ့ ဘဝအကျိုးပေးထပ်တူကျတတ်တာကို နားလည်ပေးနိုင်ကြပါစေ။ သူတပါးအောင်မြင်တိုင်းလည်း သူ့လိုကိုယ်ကဖြစ်ချင်မှဖြစ်တာမို့ ကံအကျိုးပေးချင်းမတူကြတာကို သိစေချင်ပါတယ်။
(၆) TIME STUDY မှာ အလုပ်ဆိုတာ အင်တာဗျူးချက်ချင်းဝင် ချက်ချင်းအောင်တာမျိုးလည်းရှိသလို၊ လစာကောင်းရင်ကောင်းသလို ခက်ခက်ခဲခဲဖြေကြရတာမျိုးလည်းရှိပါတယ်။ ကိုယ့်မှာရှိတဲ့အရည်အချင်းနဲ့ မကိုက်ညီသေးတဲ့အခါမှာ အင်တာဗျူး မအောင်သေးတာမျိုးလဲရှိတဲ့အတွက်၊ တချို့အရာတွေဟာ ကိုယ့်ရဲ့ နိုင်ငံခြားကံ အကျိုးပေးခြင်း၊ မပေးခြင်းနဲ့လဲသက်ဆိုင်တဲ့အတွက် လက်ခံပေးနိုင်ဖို့လည်းလိုအပ်ပါတယ်။
⭐️ကံ၊ ညဏ်၊ လုံ့လဝီရိယ ဆုံဆည်းကြတဲ့အခါ ကြိုးစားနေသူတွေအတွက် အောင်မြင်မှုတွေနဲ့ TIME STUDY မှ ဂျပန်ကို ရောက်ရှိသွားကြသူတွေလည်း မနဲလှဘူးဆိုတာ လူသက်သေတွေမှ အများကြီး အသက်ရှင်လျှက်ရှိနေကြပါသေးတယ်။
(၇) TIME STUDY သည် ကျောင်းသားကျောင်းသူများအားလုံးအပေါ်မှာ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးဘာသာမရွေး၊ ကျောသားရင်သားမခွဲခြားဘဲ အားလုံးကို တန်းတူညီမျှ ပညာသင်ပေး၊ ကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးအပ်နိုင်ဖို့ မှန်မှန်ကန်ကန်ကြိုးစားပေးနေတဲ့ နေရာတစ်ခုဆိုတာ TIME STUDY မှာ တက်ရောက်သင်ကြားဖူးကြတဲ့ ကျောင်းသားကျောင်းသူများသိရှိနားလည်ကြပြီးဖြစ်တဲ့အတွက် အားလုံးကို သက်သေပြုပြီး ရဲရဲဝင့်ဝင့်ပြောနိုင်ပါတယ်။
(၈) ဒါကြောင့်မို့လို့ နောက်ဆုံးပြောချင်တာက မှန်ကန်သောနည်းလမ်းနဲ့သာကြိုးစားကြပါ။ တချိန်မှာအောင်မြင်ပါလိမ့်မယ်။
ဆရာ၊ ဆရာမတွေအပေါ်မှာ ကိုယ့်အထင်အမြင်တွေလွဲမှားစွာနဲ့ အငြိုးတရားတွေ၊ အမုန်းတရားတွေရှိရင် ရှေ့ဆက်တဲ့အခါ စိတ်ကိုဖြူစင်သန့်ရှင်းအောင် အရင်ကြိုးစားပါ။
STUDY ကို အချိန်တွေပေးစောင့်ကြည့် တိုက်ခိုက်နေမယ့်အစား အဲသည်အချိန်တွေကို အကျိုးရှိရှိအသုံးချလိုက်တာက မှကာယကံရှင်အတွက် အကျိုးရှိပါလိမ့်မယ်ဆိုတဲ့အကြောင်း မေတ္တာဖြင့် အကြံပြုပြောကြားလိုပါတယ်။
https://www.facebook.com/share/1H14p7VvXX/
1 753
+3
TIME STUDY N2, N3 Special & Regular အတန်းများ JLPT Old Question ဖြေဆိုနေကြတဲ့ပုံရိပ်များ
အတန်းတိုင်းမှာအချိန်ရရင်ရသလောက် Old Question တွေကို များနိုင်သမျှများများဖြေဆိုလို့ရအောင်လေ့ကျင့်သင်ကြားပေးပါတယ်။
JLPT စာမေးပွဲဖြေဖို့အားလုံးအဆင်သင့်ဖြစ်အောင် ကြိုးစားနေကြပါပြီ💪💪💪💪💪
#timestudyjlec
#N2
#N3
1 753
JLPT စာမေးပွဲနီးလာတာနဲ့အမျှ ကျောင်းသားကျောင်းသူများအတွက် အထူးဂရုစိုက်ကြရမှာက ကျန်းမာရေးဖြစ်ပါတယ်။
TIME STUDY မှာ အဆောင်နေကျောင်းသူများထဲမှ တစ်နှစ်တာကာလအတွင်းမှာ အူအတက်ခွဲစိတ်ရသူ ကျောင်းသူနှစ်ဦး (နှစ်ဦးလုံး အူအတက်မပေါက်ခင်မှာ ဆေးရုံမှာ အချိန်မီခွဲစိတ်နိုင်ခဲ့လို့ အသက်အန္တရာယ်မရှိခဲ့ပါဘူး။)ရေအိတ်ခွဲစိတ်ရသူကျောင်းသူတစ်ဦး၊ အဖုအကြိတ်ပြည်တည်အနာဆွေးခွဲစိတ်ရသူကျောင်းသူတစ်ဦး တို့ ရှိခဲ့ပါတယ်။
တချို့ဆိုညကြီးမင်းကြီး ဆေးရုံပို့ရတာမျိုးတောင်ရှိခဲ့ပါတယ်။
သည်ခွဲစိတ်မှုတွေအားလုံးဟာ အချိန်ဆွဲလို့မရ ချက်ချင်းဆေးရုံတက်၊ ချက်ချင်းအဆင်ပြေပြေနဲ့ အချိန်မီခွဲစိတ်နိုင်ဖို့ TIME STUDY မှ ဆေးရုံ၊ ဆေးခန်းများသို့ ကိုယ်တိုင်လိုက်ပါ၊ ဆရာဝန်များနှင့်တွေ့ဆုံပြီး နယ်မှာနေကြတဲ့မိဘတွေ အချိန်မီမရောက်လာနိုင်ကြလို့ မိဘတွေကိုယ်စား TIME STUDY ကပဲ ခွဲခန်းထဲဝင်နိုင်အောင် လက်မှတ်ထိုး၊ ဆေးဖိုးတွေအရင်ရှင်းပေးထားပြီး ခွဲစိတ်မှုအောင်မြင်အောင် ချောချောမောမောနဲ့ ဆေးရုံကဆင်းနိုင်အောင် အစစအရာရာလိုလေသေးမရှိ ကူညီစောင့်ရှောက်ပေးခဲ့ကြလို့ မိဘတွေရောက်လာချိန်မှာ စိတ်အေးခဲ့ရပါတယ်။
TIME STUDY ကတော့ ရောဂါအမှန်ရှာဖွေပေးနိုင်ရေး၊ ခွဲစိတ်မှုအောင်မြင်စေရေး၊ အသက်အန္တရာယ်မရှိစေရေးအတွက် တာဝန်ယူလုပ်ဆောင်ပေးရတာ တာဝန်ကြီးပေမယ့် ယုံကြည်စိတ်ချစွာ အပ်နှံထားကြတဲ့ မိဘတွေအတွက်ရော၊ ကျောင်းသူများအတွက်ပါ အမြဲကြိုးစားပေးနေလျှက်ရှိပါတယ်။
သည်နေရာမှာ အထူးပြောလိုတာက သည်နေ့ခေတ် ငယ်ရွယ်သူများအစားများကြတဲ့ ချဉ်ချဉ်စပ်စပ် ခေါက်ဆွဲပြုတ်လိုမျိုးအစားအသောက်တွေဟာ အစာအိမ်ကို ဒုက္ခပေးကြလို့ များပြားစွာစားသောက်ကြတာတွေသတိပြုပေးပါ။ သန့်ရှင်းမှုမရှိတဲ့
လမ်းဘေးစာ၊ ယင်နားစာတွေ သတိပြုကြစေလိုပါတယ်။
TIME STUDY မှာ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးစောင့်ရှောက်မှုပါပြုလုပ်ပေးတဲ့အတွက် ဆေးရုံ၊ ဆေးခန်းများနှင့် Contract ချုပ်ပြီး စျေးနှုန်းသက်သာစွာဖြင့်ဆေးစစ်ပြီး လိုအပ်တဲ့ ဆေးကုသ ရမယ့်ရောဂါများအတွက် ယုံကြည်စိတ်ချရတဲ့ အထူးကုဆရာဝန်ကြီးများဖြင့် ချိတ်ဆက်ပြီး ကုသပေးတဲ့အတွက် အင်တာဗျူးမဝင်ခင်မှာ ဆေးစစ်ချက်ပြန်လည်ကောင်းမွန်ပြီး ရောဂါမှတ်တမ်းပေါ်မလာတော့တာမျိုးတောင်ရှိပါတယ်။
အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ အဆုတ်တီဗွီ၊ အဆုတ်မှာ Sport တွေ့တာတွေ၊ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ တွေ့ပေမယ့် စနစ်တကျကုသမှုပေးနိုင်တဲ့နေရာတွေဆီလမ်းညွန်ပြီး ကုသပေးနိုင်ခဲ့တဲ့အတွက် တချို့ဆို ကျန်းမာစွာဖြင့် ဂျပန်နိုင်ငံကိုတောင်ရောက်ရှိသွားကြပြီဖြစ်ပါတယ်။
TIME STUDY မှာ Privacy ကို ဦးစားပေးတဲ့အတွက် ဘယ်သူဘယ်ဝါကဘာရောဂါရှိတယ်ဆိုတာ အဓိကကိုင်တွယ်ဆောင်ရွက်ပေးတဲ့ တာဝန်ခံတစ်ဦးမှအပ မည်သူမျှ သိရှိခြင်းမရှိအောင် ထိန်းသိမ်းပေးထားပါတယ်။
ဆေးဘက်ဆိုင်ရာ ကျန်းမာရေးအသိပညာများကိုလည်း ကျောင်းသူကျောင်းသားများကို သိရှိနားလည်အောင် ပြောကြားပေးထားတဲ့အတွက် ကူးစက်ရောဂါများအတွက် အမြဲသတိရှိရှိနေထိုင်တတ်သွားစေမှာဖြစ်ပါတယ်။
ဂျပန်ကိုအလုပ်နဲ့သွားမယ်ဆိုရင် မည်သူမဆိုဆေးစစ်ကြရမှာကို ရှောင်လွဲလို့မရနိုင်ပါဘူး။
ဆေးစစ်လို့ ရောဂါတစ်ခုခုတွေ့ရင်လည်း တုန်လှုပ်စရာ၊ စိတ်ဓာတ်ကျစရာမလိုပါဘူး။ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီး ဆေးကုသနိုင်ဖို့ကိုကြိုးစားပါ။
အင်တာဗျူးအောင်ပြီးဆေးစစ်မှ သိရတဲ့အခါ အချို့ရောဂါများကို ကုသဖို့၊ ဆေးသောက်ဖို့ အချိန်မမှီတော့ဘဲ ဆုံးရှုံးရတာမျိုးမဖြစ်ရလေအောင် ဆေးစစ်ခြင်းကို စောစီးစွာပြုလုပ်ပြီး ရောဂါတစ်ခုခုတွေ့ရှိပါကလည်း ထိရောက်စွာ စနစ်တကျကုသပြီး ဂျပန်စာကိုဆက်လက်ကြိုးစားနေမယ်ဆိုရင် တချိန်မှာ ရောဂါလည်းသက်သာပျောက်ကင်းပြီး ဂျပန်အိမ်မက်ကိုလည်း အောင်အောင်မြင်မြင်နဲ့အကောင်အထည်ဖော်နိုင်ကြမှာဖြစ်ပါတယ်။
ဒါကြောင့် ကျောင်းသားကျောင်းသူများအတွက် JLPT စာမေးပွဲနီးကပ်လာချိန်မှာ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ ပြောကြားရင်း ကျန်းမာရေးအသိလေးရရှိသွားစေဖို့ သည်စာကို ရေးသားလိုက်ရခြင်းပဲဖြစ်ပါတယ်။
အားလုံးပဲ JLPT စာမေးပွဲကို အခက်အခဲမရှိ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစွာဖြင့် ဖြေဆိုအောင်မြင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
1 753
+2
သည်နေ့ဂျပန်၊ အဂ်လိပ်နှစ်ဘာသာနှင့် Tokutei စားသောက်ဆိုင် အင်တာဗျူးဖြေဆိုခဲ့ကြတဲ့ TIME STUDY မှ N2 ကျောင်းသူလေး (၃) ဦး။
လစာက ယန်း ၂၅ သောင်း၊ယန်း ၂၇ သောင်း
နေရာကတိုကျို ၊ဘာသာစကား (၂) မျိုးရပြီး N2 Level စကားပြောရတဲ့သူအလုပ်ခေါ်စာပါ။
ဂျပန်လို (၁၅) မိနစ်၊ အဂ်လိပ်လို (၁၀) မိနစ်မေးသွားတဲ့ သည်နေ့ First Interview ကို (၃) ယောက်ဖြေ (၂) ယောက်အောင် Final Interview မှာ အားလုံးအောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
ဂျပန်ကိုအလုပ်သွားလုပ်ကြမယ်ဆိုရင် လစာကောင်းကောင်းယူလိုသူများ ဂျပန်
ဘာသာစကားအပြင် အဂ်လိပ်ဘာသာစကားကိုပါ လေ့လာထားမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ💪
#timestudyjlec
#tokuteigaishoku
#tokuteiginou
1 753
+3
(October- 23) မှာ Tokutei Kaigo အင်တာဗျူးဖြေဆိုခဲ့ကြတဲ့ ကျောင်းသူ (၅) ဦးမှာ (၄) ဦး အင်တာဗျူးအောင်မြင်ခဲ့ပါတယ်။
Nan Ya Wai Lin
Zin Mar Aung
Aye Mu Win
Yin Yin Htay
おめでとうございます🎉🎊🎊🎉
အားလုံးပဲ ဂျပန်ပြည်ကို အခက်အခဲမရှိအမြန်ဆုံးရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
ဂျပန်စာလည်းသင်ချင်တယ်။
အလုပ်ပါတပါတည်းအောင်မြင်ချင်တယ်ဆိုရင် TIME STUDY မှာ ကြိုးစားပါ💪💪💪💪
#timestudyjlec
#tokuteiginou
#kaigo
1 753
+1
တစ်နေ့တည်းမှာပဲ မဂ်လာသတင်းနှစ်ခု
Hotel Tokutei အလုပ်ဖြင့် Final Interview အောင်မြင်သွားကြတဲ့ TIME STUDY မှ ကျောင်းသူလေးနှစ်ဦး
သမီး Swe Swe Sandi Oo နှင့် Chit Su Thway
おめでとうございます💐💐💐💐💐💐
⭐️Swe Swe Sandi Oo ကတော့ N1 အောင်မြင်ထားပြီး
⭐️Chit Su Thway ကတော့ N2 အောင်မြင်ထားပြီး N1 တက်နေတဲ့ ကျောင်းသူ၊ TIME STUDY မှ ဆရာမတစ်ဦးလည်းဖြစ်ပါတယ်။
အင်မတန်ကြိုးစားတဲ့ကျောင်းသူလေးဖြစ်တဲ့အတွက် TIME STUDY မှာ အလုပ်ခန့်ထားပြီး အင်တာဗျူးအချိန်မရွေး ဝင်နိုင်အောင်စီစဉ်ပေးထားခြင်းပဲဖြစ်ပါတယ်။
အလုပ်ခေါ်စာတွေမှာ လစာကောင်းရင်ကောင်းသလို ဂျပန်စာအရည်အချင်းလိုအပ်ချက်တွေလည်း မြင့်မားလာနေတဲ့အတွက် လစာကောင်းကောင်း ရယူလိုတယ်ဆိုရင်တော့ ဂျပန်စာအရည်အချင်းကို မြှင့်တင်ထားဖို့ လိုအပ်ပါမယ်ရှင်။
TIME STUDY မှ မိတ်ဆက်ပေးတဲ့အလုပ်များသည် လစာကောင်းပြီး အကျိုးခံစားခွင့်တွေလည်း ကောင်းမွန်တဲ့ အလုပ်တွေများတဲ့အတွက် အလုပ်ရှင်ဘက်က တောင်းဆိုတဲ့ ဂျပန်စာအရည်အချင်းလည်း မြင့်မားသလို TIME STUDY မှ လည်း မိမိတို့ရဲ့ ကျောင်းသားကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်းကောင်းများပိုင်ဆိုင်နိုင်ကြဖို့အတွက် ပုံမှန်ထက် ပိုမိုအချိန်ပေးပြီး လေ့ကျင့်သင်ကြားပေးကြရပါတယ်။
ဒါကြောင့် အမှန်တကယ် ကြိုးစားလိုသူ၊ ကြိုးစားခြင်းနှင့် ထိုက်တန်တဲ့ အလုပ်အကိုင်အခွင့် အလမ်းကောင်းများကို ရယူချင်သူများအတွက်ကတော့ အကျိုးရှိစေမှာဖြစ်ပါတယ်။
#timestudyjlec
#hotel
#TokuteiGinou
1 753
+3
သီတင်းကျွတ်အခါသမယမှာ ဆရာ၊ ဆရာမများကို ကန်တော့ပန်းဆင်ခဲ့ကြသော TIME STUDY N5, N4, N3, N2 နှင့် ဂျပန်နိုင်ငံမှ တကူးတက လှမ်း၍ ကန်တော့ခဲ့ကြသော တပည့်သားသမီးများအားလုံးတို့အား TIME STUDY မှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများအားလုံးတို့မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
ဆရာ၊ ဆရာမများအပေါ်ရိုသေလေးစား၊
ယဉ်ကျေးလိမ္မာ၊ ဆိုဆုံးမလွယ်ကူပြီး၊ အမြဲ တက်ကြွရွင်လန်းစွာဖြင့် အပတ်တကုတ်ကြိုးစားအားထုတ်နေကြတဲ့ ကျောင်းသားကျောင်းသူများအတွက်လည်း အမြဲဂုဏ်ယူဝမ်းမြောက်လျှက်ပါ။
ကျောင်းသားကျောင်းသူများရဲ့ ရင်တွင်းစေတနာတို့ဖြင့် သီတင်းကျွတ်အခါသမယမှာ ကန်တော့ခဲ့ကြတဲ့ သစ်သီးများကို ဘုရားသို့ကပ်လှူခြင်း၊ အမွေးတိုင်၊ နံ့သာတိုင်များကိုလည်း ဘုရားရှင်သို့ ထွန်းညှိပူဇော်ကပ်လှူ၍ ဆုတောင်းမေတ္တာပို့သပေးခြင်း၊ ကုသိုလ်အမျှပေးဝေခြင်းတို့ဖြင့် ကုသိုလ်အထူးထူးတို့ရရှိစေရန် အကျိုးရှိစွာ ကုသိုလ်ကောင်းမှုပြုပေးခဲ့တဲ့အကြောင်း ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြစေဖို့ အသိပေးအပ်ပါတယ်ရှင်။
TIME STUDY JLEC စတင်ဖွင့်လှစ်သည်မှ ယနေ့ယခုအထိတိုင်အောင် ပညာသင်ယူခဲ့ကြကုန်သော ပညာသင်ယူနေလျှက်ရှိကြကုန်သော ကျောင်းသားကျောင်းသူများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏အေးချမ်းခြင်းတို့ဖြင့် အစဉ်ထာဝရ နှလုံးစိတ်ဝမ်းအေးချမ်းသာယာရှိကြပါစေ။
အမိအဘနှင့် ကျေးဇူးရှိသောသူများကို ကောင်းမွန်စွာကျွေးမွေးပြုစုလုပ်ကျွေး စောင့်ရှောက်ပေးနိုင်ကြတဲ့ သားကောင်းရတနာသမီးကောင်းရတနာများဖြစ်ကြပါစေ။
မိမိကိုယ်ကိုကောင်းစွာဆောက်တည်နိုင်ကြပြီးလျှင် မိမိနှင့်တကွ၊ မိမိ၏ပတ်ဝန်းကျင်၊ မိမိတိုင်းပြည်နှင့်လူမျိုးတို့၏ အကျိုးအားကောင်းမွန်စွာရွက်ဆောင်နိုင်ကြသူများဖြစ်ကြပါစေ။
မြန်မာ၊ ဂျပန်နှစ်နိုင်ငံအတွက် ကောင်းကျိုးပြုပေးနိုင်ကြသော နိုင်ငံ့သားကောင်းရတနာများဖြစ်ကြပါစေ လို့ ဆုတောင်းမေတ္တာများပို့သပေးလိုက်ပါတယ်။
ဆရာ၊ ဆရာမတို့၏ ဆိုဆုံးမမှုအပေါ်မှာ အထင်အမြင်လွဲမှားမှုများ၊ပြစ်မှားကျူးလွန်စော်ကားမိခဲ့သည်များရှိခဲ့ပါလျှင်လည်း ဆရာ၊ ဆရာမများမှ အမှတ်မထားဘဲ အစဉ်အမြဲ ခွင့်လွတ်ခြင်းဖြင့် အပြစ်မြင်ခြင်းမရှိပါ။
ဆရာ၊ ဆရာမတို့မှ ကောင်းစေလိုသော စိတ်စေတနာဖြင့် ဆိုဆုံးမခဲ့မှုများအပေါ်မှာပြောမှားဆိုမှားရှိခဲ့ပါလျှင်လည်း အပြစ်မယူဘဲ ခွင့်လွတ်ပေးနိုင်ကြပါစေရန် ပန်ကြားအပ်ပါသည်။
အားလုံးသီတင်းကျွတ်အခါသမယမှာ
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
ရေလိုအေး၍ပန်းလိုချမ်းမြေ့ကြပါစေ။
1 753
+3
အမှန်က သည်နေ့က သီတင်းကျွတ်ကျောင်းပိတ်ရက်ဖြစ်ရမှာဖြစ်ပေမယ့် စာသင်စရာတွေများတော့ တစ်ရက်ကျောင်းပိတ်ရင်ပိတ်သလို သင်ရမယ့်စာတွေမပြီးမှာစိုးတာကြောင့် ကျောင်းမပိတ်ဘဲ စာသင်ရပေမယ့်
N3 အတန်းတွေရော N2 အတန်းက ကလေးတွေပါ ကျောင်းလာတက်ကြတယ်။
အဲဒီကြားထဲဆရာကန်တော့ပွဲလုပ်ချင်ပါတယ်ဆိုလို့ ခွင့်ပြုပေးလိုက်ရသေးတယ်။ စိတ်ထဲက ငါ့စာသင်ချိန်လေးတွေ ပါသွားပါပြီဆိုပြီး တွေးနေမိသေးတာ😁
N3 တွေက မနက်ပိုင်းစာသင်ပြီးတော့ နေ့လည်ပိုင်းဆရာကန်တော့ပွဲလေးလုပ်။ ပြီးတာနဲ့ N2 အတန်းစာဆက်သင်။
အရင်ကဆို သီတင်းကျွတ်ဆို ပုဂံလောက်ကတော့ ရောက်ပြီးသားပဲ။ အခုတော့ အင်တာဗျူးတွေရှိတယ်။ Kaiwa Test တွေဖြေရမယ်။ စာတွေကလည်းသင်လို့ပြီးချင်သေးတယ်ဆိုတာတွေနဲ့ သည်သီတင်းကျွတ်ကတော့ ရန်ကုန်မှာပဲရှိနေဖို့ ဆုံးဖြတ်ရင်း စာအရမ်းကြိုးစားကြတဲ့ ကျောင်းသားကျောင်းသူများအတွက် စာသင်ရင်းနှင့်ပဲ အချိန်တွေကို အကျိုးရှိရှိဖြတ်သန်းခဲ့တဲ့ အမှတ်တရ နေ့ရက်များပါပဲ။
1 753
TIME STUDY JLEC မှာ ပညာသင်ကြားနေသော N2 Batch 23 မှ ကျောင်းသား၊ ကျောင်းသူများ၏ သီတင်းကျွတ်ဆရာ ကန်တော့ပွဲ။
ကျောင်းအုပ်ဆရာမကြီး
ဒေါ်အိအိချောမှ ဆုတောင်းမေတ္တာပို့သပေး
1 753
+2
October- 4 ရက်နေ့မှာ Hotel Tokutei Final Interview ဖြေဆိုခဲ့ကြတဲ့ TIME STUDY မှ ကျောင်းသူလေးများဖြစ်ကြပါတယ်💝💝💝
အားလုံး အင်တာဗျူးအောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်💐💐💐
#timestudyjlec
#hotel
#tokuteiginou
1 753
+2
OCTOBER- 3 ရက်နေ့မှာ Hotel Tokutei First Interview ဖြေဆိုခဲ့ကြတဲ့ TIME STUDY မှကျောင်းသူများ
အားလုံးအင်တာဗျူးအောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်💐💐💐
သည်နေ့မှာပဲ
⭐️Tokutei Kaigo အင်တာဗျူး တစ်ယောက်ထဲဖြေ၊ အောင်မြင်ကြောင်း Result ချက်ချင်းသိရ
⭐️Tokutei Hotel ဂျပန်အေဂျင်စီဘက်မှ Kaiwa Test စစ် ၁၂ ဦးအောင်မြင်
⭐️Tokutei Hotel First Interview ကို (၃) ဦး ဖြေဆိုခဲ့ကြပါတယ်။
TIME STUDY ကို တကူးတကရွေးချယ်ပေးခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများအတွက် မရပ်မနား အကောင်းဆုံးကြိုးစားပေးနေပါတယ်💪💪💪
#timestudyjlec
#tokuteiginou
#tokuteiginouဘိုးဘွားစောင့်ရှောက်ရေး
1 753
+2
OCTOBER- 3 ရက်နေ့မှာ Hotel Tokutei အလုပ်အတွက် ဂျပန်အေဂျင်စီရဲ့ Kaiwa Test အောင်မြင်သွားကြတဲ့ ကျောင်းသူ ၁၂ ယောက် ဖြစ်ပါတယ် 💪💪💪💪💪💪💪💪💪💪💪💪
1. Aye Nyein Thu
2. Mi Mi Zin
3. May Moe Khant
4. Khaing Ngu War Hlaing
5. Hnin Ei Hlaing
6. Hnin Wai Mon
7. Phyo Theingi Kyaw
8. Htay Htay Win
9. Yamone Phoo Wai
10. Hnin Hnin Wai
11. Zin Mar Than
12. Yadanar Pan Khaing
ပထမအဆင့်ခြေလှမ်းအောင်မြင်သွားပါပြီ💪
အမြန်ဆုံးအင်တာဗျူးဖြေဆိုအောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်💝💝💝
ကျန်တဲ့ Kaiwa Test မအောင်မြင်လိုက်ကြတဲ့ ကျောင်းသူများကိုလည်း သေသေချာချာထပ်မံလေ့ကျင့်ပေးသွားမှာဖြစ်လို့ စိတ်ဓာတ်မကျဘဲ ဆက်ကြိုးစားကြမယ်နော်🤗
#timestudyjlec
#tokuteiginou
1 753
+1
ယနေ့ (OCTOBER - 3) မှာ Tokutei Kaigo အလုပ်အင်တာဗျူးအောင်မြင်သွားကြတဲ့ TIME STUDY မှ ကျောင်းသူ (၄) ဦး ဖြစ်ပါတယ်။
သမီး
⭐️May Wathone
⭐️Mon Mon Zaw
⭐️Thandar Htun
⭐️War War Aung
おめでとうございます🎉🎉🎉🎉
အမှန်က (၃) ယောက်ဖြေပြီး (၄) ယောက်အောင်သွားတဲ့ အင်တာဗျူးဖြစ်ပါတယ်။
⭐️Thandar Htun
⭐️War War Aung
⭐️May Wathone
(၂) ဦးက TIME STUDY ရဲ့ ကျောင်းအဆောင်မှာပါနေကြတဲ့ သူငယ်ချင်း (၂) ဦးဖြစ်ကြပြီးအင်တာဗျူးလုပ်တဲ့အချိန်မှာ အလုပ်ရှင်က သဘောကျလီု့ (၃) ယောက်လုံး အအောင်ပေးဖို့စဉ်းစားနေချိန်မှာ သူ့ကုမ္ပဏီမှာ မြန်မာကလေးတွေပါရှိတော့ TIME STUDY ကို သိလားလို့ မေးချိန်မှာ သိတာပေါ့ဆိုပြီး၊ ကောင်းသတင်းတွေပြောပြလိုက်လို့ သည်ကျောင်းကဆိုရင်တော့ နောက်တစ်ယောက်ပါထပ်ခေါ်ချင်ပါတယ်ဆိုလို့ သည်မနက်မှာ တစ်ယောက်ထဲဖြေပြီး တစ်ယောက်ထဲ အင်တာဗျူးဖြေ၊ အင်တာဗျူး Result တစ်ခါတည်း တန်းထွက်သွားတာက TIME STUDY မှ N2 ကျောင်းသူလေး
Mon Mon Zaw ဖြစ်ပါတယ်။
TIME STUDY မှလည်း အလုပ်ရှင်များရဲ့ ယုံကြည်မှုများအတွက် ကျောင်းသားကျောင်းသူများကို သည့်ထက်သည့်ထက် အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားအားထုတ်သွားပါမယ်။
သည်အလုပ်ရှင်က TIME STUDY သင်တန်းကျောင်းအထိပါ လာရောက်မယ်လို့ ပြောတဲ့အတွက်လည်း ပိုမိုပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်ရှင်။
#timestudyjlec
#tokuteiginouဘိုးဘွားစောင့်ရှောက်ရေး
#tokuteikaigo
#tokuteiginou
1 753
+3
SEPTEMBER (29) TIME STUDY Hotel Tokutei မှ ကျောင်းသူ (၉၃) ဦး ယနေ့ Hotel and Tourism Training Center- Kandawgyi မှာ လက်တွေ့သင်တန်းတက်ကြမယ့်ပုံရိပ်များဖြစ်ပါတယ်။
TIME STUDY မှ ဖွင့်လှစ်သော Hotel Tokutei Package အတန်းဆိုတာ Tokutei Hotel စာမေးပွဲအောင်မြင်ဖို့ တစ်ခုထဲအတွက်သာမဟုတ်ဘဲ ဟိုတယ်လုပ်ငန်းခွင်အတွက် လိုအပ်တဲ့အရည်အချင်းများပါပြည့်စုံစေဖို့ စာတွေ့၊ လက်တွေ့၊ ဂျပန်စကားပြောနှင့် အင်တာဗျူးလေ့ကျင့်ပေးခြင်း၊ အလုပ်အကိုင်မိတ်ဆက်ပေးခြင်း အားလုံးပါဝင်သည့် သင်တန်းအမျိုးအစားဖြစ်ပါတယ်။
အားလုံးပဲသေသေချာချာကြိုးစားကြမယ်နော်။
#timestudyjlec
#tokuteiginou
1 753
October (1) ရက်နေ့မှာ ဘာတွေလုပ်ကြမလဲ
JLPT စာမေးပွဲအတွက် ဘယ်လိုပြင်ဆင်ကြမလဲ သည်ဗွီဒီယို ဖိုင်လေးကို ကြည့်ပြီးပြင်ဆင်ကြမယ်နော်။
အားလုံးပဲ သေသေချာချာကြိုးစားကြပါမယ်
皆さん、頑張ってください💪💪💪💪💪
https://www.facebook.com/share/v/1Bd3vuoMA4/
1 753
+2
2025 December JLPT စာမေးပွဲဖြေဆိုကြမယ့်သူများအတွက် JLPT Practice + Old Question (၄၅) ရက် Online Course 💪💪💪
🟢October (15) ရက်နေ့မှာစတင်ဖွင့်လှစ်ပြီး Schedule အလိုက် တစ်နေ့စာတစ်နေ့တင်ပေးသွားမှာဖြစ်ပြီး November (30) နေ့မှာ သင်တန်းပြီးဆုံးမှာဖြစ်ပါတယ်။
🟢October (1) ရက်နေ့မှ October (10) ရက်နေ့အတွင်းသင်တန်းအပ်နှံပါက သင်တန်းကြေး 10% သက်သာခွင့် ရရှိမှာဖြစ်ပါတယ်။
🟠 CB Pay, KBZ, AYA ဘဏ်နှင့် Wave Money မှ သင်တန်းကြေးလွဲ၍ ကျောင်းအပ်နှံနိုင်ပါတယ်။လူကိုယ်တိုင်လည်းလာရောက်အပ်နှံ၍ရပါတယ်။
🟣သင်တန်းကြေးနှင့်သိလိုသည်များအတွက် Messenger Box တွင် အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
🔴ဆက်သွယ်ရန် 🔴
☎️ 09-972-757-762 (ရုံးချိန်အတွင်းသာ)
09-441-188-991
📚📚📚📚📚📚📚📚📚📚📚📚📚📚📚📚📚
⭐️TIME STUDY JAPANESE EDUCATION
CENTER (1) ⭐️
တိုက်(၁)၊အခန်း(၁၀၉)၊ ပထမထပ်၊ (၉)ရပ်ကွက်၊ ရွေဝါမြိုင်အိမ်ယာ၊ အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့
⭐️TIME STUDY JAPANESE EDUCATION
CENTER (2) ⭐️
တိုက်(၁) ၊ အခန်း(၁၀၄)၊ ပထမထပ်၊ (၉)ရပ်ကွက်၊ ရွေဝါမြိုင်အိမ်ယာ ၊ အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့
⭐️TIME STUDY JAPANESE EDUCATION
CENTER (3) ⭐️
တိုက်(၄၃) ၊ အခန်း(၈) ၊ ပထမထပ်၊ (၉)ရပ်ကွက်၊အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့
⭐️TIME STUDY JAPANESE EDUCATION
CENTER (4) ⭐️
တိုက်(၄၃) ၊ အခန်း (6) ၊ ပထမထပ်၊ (၉)ရပ်ကွက်၊အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့
⭐️TIME STUDY JAPANESE EDUCATION
CENTER(5) ⭐️
တိုက်(၄၃) ၊ အခန်း ( 11,12 ) ၊ ဒုတိယထပ်၊ (၉)ရပ်ကွက်၊အင်းစိန်လမ်း၊လှိုင်မြို့နယ်။ဘူတာရုံမှတ်တိုင်ရှေ့
📚📚📚📚📚📚📚📚📚📚📚📚📚📚📚📚
#timestudyjlec
1 753
+5
SEPTEMBER (30) Hotel Tokutei အလုပ်အင်တာဗျူးဖြေဆိုခဲ့ကြတဲ့ TIME STUDY မှ ကျောင်းသူလေးများ💝💝💝💝💝
ဂျပန်စာကို လက်ရှိအောင်ထားတဲ့ N1, N2 , N3 Level တွေထက်ကို ပိုပြီးစကားပြောနိုင်ကြလို့
အားလုံးတော်ကြတယ်ဆိုပြီး ချီးကျူးခံရတဲ့အတွက် အမောတွေပြေရပါတယ်။
အကောင်းဆုံးဖြေဆိုနိုင်ခဲ့ကြတာမို့ အားလုံး (၅) ဦးလုံး အင်တာဗျူးအောင်မြင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလ်ုက်ပါတယ်ရှင်။
#timestudyjlec
#tokuteiginou
1 753
+1
အခြေခံကောင်းကောင်းဖြင့် ဂျပန်စာတတ်မြောက်အောင်သင်ယူလိုသူများ၊ Level တိုင်းကို အရည်အချင်းရှိရှိ အသုံးချနိုင်လိုသူများ၊ ဂျပန်စာကို စနစ်တကျ တတ်မြောက်လိုသူများ၊ သင်တန်းချိန်အပြည့်တက် ရောက်လိုသူများအတွက် စိတ်တိုင်းကျစေမယ့် သင်တန်းဖြစ်ပါတယ်။
🟢လိုအပ်သည့်ဂျပန်စာဖတ်စွမ်းရည်အတွက် N3, N2, N1 Special Class အတွက် Story Book တစ်အုပ်စီ အပြင်အတန်းမှာ အခမဲ့မေတ္တာလက်ဆောင်သင်ကြားပေးမှာဖြစ်ပါတယ်။
🟢N4 Package အတန်းအတွက် Tango 1500, N3 Package, Regular & Special Class အတွက် Tango 2000 စာအုပ်ကို Google Classroom (Online) မှ အခမဲ့သင်ယူနိုင်မှာဖြစ်ပါတယ်။
🟢N2 Special Class အတွက် N2 Fukushi 200 နှင့် Setsuzoku Shi စာအုပ်ကို
Google Classroom (Online) မှ အခမဲ့သင်ယူနိုင်မှာဖြစ်ပါတယ်။
🟣2025 JULY စာသင်နှစ်မှစတင်၍ JLPT Certificate များတွင်ပါဝင်လာမည့် CEFR
အဆင့်သတ်မှတ်ချက်များအတွက်အထောက်အကူဖြစ်စေရန်
🟢N5,N4, N3 အတန်းများအားလုံးအတွက်Irodori (入門), A1, A2 စာအုပ် (၃) အုပ်ကိုသက်ဆိုင်ရာ Level အလိုက် Google Classroom (Online) မှ အခမဲ့သင်ယူနိုင်မှာဖြစ်ပါတယ်။
🟢TIME STUDY မှာ N5+N4 Package အတွက် (၇) လ ၊ N3 အတွက် (၄ လခွဲ) စုစုပေါင်း တစ်နှစ်ဆိုလျှင် N3 အောင်ပါမယ်။
🟣ကြိုးစားမည်ဆိုပါက ထိုတစ်နှစ်အတွင်းမှာ အင်တာဗျုးပါအောင်မြင်သွားသောသူများ များစွာရှိပါတယ်။
🟢N2 အတွက် (၆လ) စုစုပေါင်း တစ်နှစ်ခွဲအချိန် ပေးလျှင် N2 အောင်ပါမယ်။
🟢နောက်ထပ် (၆လ) အချိန်ထပ်ပေးလျှင် N1 အောင်ပြီး ပုံမှန်အားဖြင့်စုစုပေါင်း အချိန် (၂ နှစ်) ပေးလျှင် N1 အထိ အောင်မြင်စွာတက်ရောက်နိုင်မှာဖြစ်ပါတယ်။
https://www.facebook.com/share/p/1Fd8qpR9xc/
