☯ ဆရာကောင်းကျင်းလုံ☯
Open in Telegram
493
Subscribers
No data24 hours
+17 days
+630 days
Posts Archive
မြန်မာမှာလည်း ငလျင်လှုပ်ကိန်းတခုရှိပါတယ် မြန်မာနိုင်ငံအောက်ပိုင်းကနေ လှုပ်မယ်လို့တော့ ခန့်မှန်းထားပါတယ်ခင်ဗျာ
ကမ္ဘာ့သတင်းမှာ အပင်တပင်လဲတဲ့သတင်း ဟိုးလေးတကျော်ကျော်ဖြစ်လိမ့်မယ်
ဖြစ်လာနိုင်ခြေရှိပါတယ်
သည်ဟောကိန်း မှန်မမှန်ကတော့ သည်ယခုဟောကိန်းထုတ်တဲ့ကာလကနေ ၂နှစ်ထိ စောင့်ကြည့်ရမှာဖြစ်ပါတယ်
အင်းသင်တန်းက ၁ရက်နေ့ဖွင့်မှာပါနော်
ပုံမှန်သင်တန်းချိန်က နေ့လယ်၁နာရီကနေ ၃နာရီထိပါ
သင်တန်းစမယ့်ရက်မှာတော့ ၁၂နာရီအရောက်လာပေးကြပါ
သင်တန်းစတဲ့ရက်မှာ ငှက်ပျောနှစ်ဖီး အုန်းသီးတလုံး ပါဝင်တဲ့ကန်တော့ပွဲတစုံပြင်လာကြပါ(နှိးတောင်း ဇလုံ စသည်ဖြင့် မိမိအစီအစဥ်နှင့်မိမိ ပြင်ဆင်လာကြရန်)
သင်တန်းအတွက်လိုအပ်တာတွေကတော့ ခဲတံ ဘောပင် ပေတံ စာအုပ် ဒါပါပဲ စာအုပ်က မျဥ်းကြောင်းမပါတဲ့ဗြောင်ဆိုရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်
စာရင်းပေးထားတဲ့သူတွေ အကုန်ပါပါတယ်
👉မိမိဆောင်ယူထားတဲ့ အဆောင်တွေ အင်းတွေ စမတွေ ခန္ဓာကိုယ်မှာထိုးနှံထားတဲ့ အနုနုပ်ဆေးရုပ်တွေ ခလှဲ့အဆောင် စလွယ်အဆောင် စသည်တို့ကို တန်ခိုးကြီးမား ထင်ရှားစေလိုရင် အိမ်ဘုရားမှာ သည်မီးတိုင်ကိုပူဇော်ပြီး မိမိဆောင်ယူထားတဲ့အဆောင်တွေ ထိုးနှံထားတဲ့ဆေးတွေကို မီးရောင်ပြပြီး ဆိုင်ရာသိဒ္ဓိနှိုးမန္တာန်တွေကို ရွတ်ပွားပူဇော် သိဒ္ဓိနှိုးလိုက်ရမယ်
ဗဟုသုတ သိမှတ်ရန်။
================
တနင်းဂနွေ၏ နေ့နံဂဏန်းကား ၁
တနင်းလာ၏ နေ့နံဂဏန်းကား ၂
အင်္ဂါ၏ နေ့နံဂဏန်းကား ၃
ဗုဒ္ဓဟူး၏ နေ့နံဂဏန်းကား ၄
ကြာသပတေး၏ နေ့နံဂဏန်းကား ၅
သောကြာ၏ နေ့နံဂဏန်းကား ၆
စနေ၏ နေ့နံဂဏန်းကား ၇
တနင်္ဂနွေသားသမီး
ဘုမ္မိ (တောင်အရပ်)
သီရိ (မြောက်အရပ်)
တေဇ (အနောက်အရပ်)
တနင်္ဂလာသားသမီး
ဘုမ္မိ (အနောက်တောင်အရပ်)
သီရိ (အရှေ့တောင်အရပ်)
တေဇ (အနောက်မြောက်အရပ်)
အင်္ဂါသားသမီး
ဘုမ္မိ (အနောက်အရပ်)
သီရိ (အရှေ့အရပ်)
တေဇ (မြောက်အရပ်)
ဗုဒ္ဓဟူးသားသမီး
ဘုမ္မိ (အနောက်မြောက်)
သီရိ (အရှေ့တောင်)
တေဇ (အရှေ့မြောက်)
ကြာသပတေးသားသမီး
ဘုမ္မိ (အရှေ့မြောက်)
သီရိ (အနောက်တောင်)
တေဇ (အရှေ့တောင်)
ရာဟုသားသမီး
ဘုမ္မိ ( အရှေ့အရပ်)
သီရိ (အနောက်အရပ်)
တေဇ ( တောင်အရပ်)
သောကြာသားသမီး
ဘုမ္မိ (အရှေ့တောင်အရပ်)
တေဇ (အနောက်တောင်အရပ်)
သီရိ (အနောက်မြောက်အရပ်)
စနေသားသမီး
ဘုမ္မိ (မြောက်အရပ်)
တေဇ (မြောက်အရပ်)
သီရိ (အရှေ့အရပ်)
ရတနာဒီပံအစီအရင်ကို ကျွန်တော်က ကန်တော့ကြေး ၁၅၀၀၀ ပူဇော်ခံပြီး အနယ်နယ်အရပ်ရပ်ကို ပို့ဆောင်နေပါပြီခင်ဗျာ
နိုင်ငံရပ်ခြားကမိတ်ဆွေပရိသတ်တွေ ရပ်ဝေးကမိတ်ဆွေပရိသတ်တွေ ကိုယ်တိုင်ထွန်းဖို့အဆင်မပြေတဲ့မိတ်ဆွေပရိသတ်တွေ အနေနဲ့လည်း ဆရာကိုယ်တိုင်ထွန်းဖို့အပ်ချင်ပါတယ်ဆိုရင် ရွှေတိဂုံဘုရားမှာထွန်းပေးပါတယ်
၎င်းသို့ဆိုရင် ဥာဏ်ပူဇော်ကြေး ၃၅၀၀၀ ပူဇော်ပြီးအပ်နိုင်ပါတယ်
ရတနာဒီပံထွန်းညှိဖို့ လိုအပ်တဲ့မိတ်ဆွေတွေ အနေနဲ့ 09768431768 (viber)ကိုလည်းကောင်း
chat-boxကိုသော်လည်းကောင်း ဆက်သွယ်ပြီး ပင့်ဆောင်နိုင်ပါပြီ
ရတနာဒီပံ စီရင်ပေးဝေခြင်း
👍ရတနာဒီပံကို ထွန်းရင် အဆုံးမရှိသော ကျက်သရေမင်္ဂလာကိုရမယ်
👍အများအလယ်မှာ ကျော်ဇောထင်ရှား ဩဇာတိက္ကမ ကြီးမားခြင်းကိုရမယ်
👍ဇနီးခင်ပွန်း အမျက်ဒေါသလျော့ပါးပြီး အိမ်ထောင်ရေးအေးချမ်းသာယာခြင်း လောကီကျက်သရေမင်္ဂလာကိုရမယ်
👍ရာထူး ဌာနန္တရ ကြီးမားခြင်း တိုးတက်ခြင်း ခိုင်မြဲခြင်းကိုရမယ်
👍တရားတဘောင် အမှုအခင်းတို့ကိုအောင်နိုင်မယ်
👍အချုပ်အနှောင် ကျတာတွေလည်း လွတ်မြောက်မယ်
👍လူချစ်နတ်ချစ် ပီယသိဒ္ဓိကိုရမယ်
👍လာဘ်ပိတ် စန်းကျ လွန်းပြတ်နေတာတွေကိုချေဖျက်ပြီး လာဘ်ပွင့် စန်းမြင့် စေမယ်
👍ဂြိုလ်စီးဂြိုလ်နင်း မကောင်းသော ဇာတာစန်းလဂ် မသန့်ရှင်းတာတွေကို အကုန် ဖယ်ဖျောက်ကင်းကွာစေမယ်
👍မကောင်းသော စုန်းပြု သူပြု ဆရာတိုက် နတ်တိုက် အင်းတိုက် ဆေးတိုက် ပယောဂတိုက် သရဲတစ္ဆေတိုက် အနှောင့်အယှက်အားလုံးကို ချေဖျက်နိုင်မယ်
👍ငှက်ပျံငှက်ဝဲ ငှက်ဆိုးထိုး ကြွက်ကိုက် ကျီးထိုးတာကစလို့ မကောင်းတဲ့နိမိတ်အာရုံတွေ ကင်းစင်ပပျောက်မယ်
👍မိမိလက်မှာ ဆောင်ယူထားတဲ့အဆောင်တွေ ကိုယ်မှာထိုးနှံထားတဲ့အင်းဆေး စတဲ့အနုနုပ်ဆေးရုပ် ဆေးလက်ဖွဲ့ ခလှဲ့ အားလုံး တန်ခိုးသိဒ္ဓိတိုးပွားစေတယ်
👍မန္တာန်မန္တယား အတတ်ပညာတွေလည်း စိတ်မှာကြံတိုင်းပြီးမြောက်စေတယ်
👍နောက်ဆုံးမှာ ကျမ်းအလာတော့ ဘုရားနဲ့တွေ့မယ် တရားထူးရမယ်လို့ပါရှိပေမယ့် ယုတ္တိကျကျဆက်စပ်တွေးခေါ်ရရင် ကိုယ့်ဘဝကို ကောင်းမွန်တဲ့ဘဝနေထိုင်မှု ပတ်ဝန်းကျင် အတွေးအခေါ် အလုပ်အကိုင် စတာတွေကိုလမ်းညွန် သွန်သင် ပြသပေးမယ့် မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတွေကိုရမယ် ကလျာဏမိတ္တပေါ့
ပရမေမြတ်ဘုရား ဟောကြားထားဖူးတာက ကလျာဏမိတ္တလို့ခေါ်ဆိုအပ်တဲ့ မိတ်ကောင်းဆွေကောင်းသာရှိရင် ကိစ္စခပ်သိမ်း ပြီးမြောက်အောင်မြင်စေတယ်တဲ့
နောင်ပွင့်မယ့်ဘုရားတောင်မှ အရိမေတ္တယျ
မိတ်ဆွေကောင်း´လို့ဘွဲ့တော်တွင်ခေါ်တာနော် ရှေးဆရာများဟာ အင်မတန်မှ ပညာဉာဏ်ကြီးမားတော်မူခဲ့ကြတယ်
သည်မီးတိုင်တတိုင်ထွန်းလိုက်တာနဲ့ အထက်မှာပြောခဲ့သလိူ အဆုံးမရှိနိုင်တဲ့ သိဒ္ဓိမြတ်တွေကိုရမယ်
ဒီလိုအကျိုးကျေးဇူးကြီးတဲ့ ရတနာဒီပံဖြစ်ပါတယ်
..................................................................................
#ရတနာဒီပံထွန်းညှိပူဇော်နည်း
ဒီအခုလက်ရှိကျွန်တော်စီရင်တဲ့ရတနာဒီပံကိုထွန်းညှိပူဇော်တဲ့နည်းကတော့
လွတ်နေတဲ့အကွက်၂ခုမှာ မိမိနေ့နံကို မင်နီနဲ့ ရေးဖြည့်လိုက်ရမယ်
ပြီးရင် မီးတိုင်ကို တရိုတသေကိုင်မြောက်ပူဇော်ပြီး
ဥုံမ် တုေဋ္ဌဟိ မမတုေဋ္ဌဟိ ပီယေဟိ မမပီယေဟိ သိန္နေဟံ မမသိန္နေဟံ
ဥုံမ် ရာဇာစိတ္တံ ပီယံမှိုင်းမှိုင်း
ဥုံမ် ဣတ္ထိပုရိသစိတ္တံ ပီယံမှိုင်းမှိုင်း
ဥုံမ် သဗ္ဗမနုဿစိတ္တံ ပီယံမှိုင်းမှိုင်း
ဥုံမ် ဣန္ဒစိတ္တံ ပီယံမှိုင်းမှိုင်း
ဥုံမ် သမ္မာဒေဝစိတ္တံ ပီယံမှိုင်းမှိုင်း
ဥုံမ် ဗြဟ္မစိတ္တံ ပီယံမှိုင်းမှိုင်း
ေဩာင်း ဟေဟေတိ သျှတ္တတိ သျှတ္တ ပန္ဓတ္ထ ပန္ဓတ္ထ
ဥုံမ် ကာလောမာ သွာဟဲ့ယျကပ်´ လို့ ၇ကြိမ်၇ခါတိတိ ရွတ်ဖတ်ပူဇော်ပြီးတဲ့နောက် လိုရာဆုတောင်းထွန်းရမယ်
ထွန်းတဲ့အခါမှာ
👉 ရာထူး အာဏာကိုအလိုရှိရင် မိမိရဲ့တေဇထောင့်ကနေထွန်းရမယ်
👉လာဘ် လာဘပွင့်လန်းလိုရင် မိမိအိမ်ဘုရားမှာ တနေ့လက်တဆစ်ထွန်းလိုက ထွန်းနိုင်တယ်။ သို့မဟုတ် တန်ခိုးကြီးဘုရားနေ့နံထောင့်မှာ တခါတည်းအပြီးထွန်းလိုက ထွန်းနိုင်တယ်။
👉 ဇာတာ စန်းလဂ် မသန့်စင်တာတွေ၊ ဂြိုလ်စီး ဂြိုလ်နင်းမကောင်းတာတွေ၊ စုန်းပြုစား ရွာသူဖမ်းစား ဆရာတိုက် နတ်တိုက် ဖြေပျောက်စေချင်ရင် မီးတိုင်ကို တန်ခိုးကြီးဘုရားတဆူဆူရဲ့ မိမိဘုမ္မိထောင့်မှာထွန်းနိုင်တယ်
👉 အမှုအခင်း တရားတဘောင် အချုပ်အနှောင်ပြေပျောက်ဖို့ရာကို မိမိဘုမ္မိထောင့်မှာ မြေကြီးကိုတတောင်အနက်တူးပြီး ၎င်းမြေကျင်းမှာချထွန်း ထွန်းပြီးသည်နှင့်တပြိုင်နက် နောက်လုံးဝမလှည့်ကြည့်ပဲ ပြန်လာရမယ်
👉မင်္ဂလာဇနီးမောင်နှံကိစ္စ အဆင်မပြေကြတာမျိုးကို ၂ပါးနံသွတ်ပြီး လိုသူဆပွတ်နံထောင်ကနေ သို့မဟုတ် မိမိရဲ့ သီရိထောင့်ကနေ ထွန်းရမယ်
👉အိမ်မသန့်တာ မြေမသန့်တာ သစ်မသန့်တာ သရဲခြောက် တစ္ဆေခြောက် ပုဏ္ဏကတိုက် စတာတွေအတွက် အိမ်ဦးခန်းမှာ ပွဲတပွဲ မုန့်ဖြူနီ ပိတ်ဖြူနီ ယိုစုံ ပန်း ကွမ်း လက်ဖက် စုံစုံလင်လင်ပူဇော် အမိန့်ပြန်တမ်းဖတ်ကြားကာ ထွန်းရမယ်
👉 ကုန်ရောင်းကုန်ဝယ် ကုန်သွယ်ရာမှာ အစစအရာရာအဆင်ပြေချောမွေ့ချင်ရင်လည်း ပွဲရုံ ကုန်လှောင်ရုံ တို့ရဲ့ အမြင့်နေရာမှာထွန်းရမယ်
👉ရပ်ရွာအေးချမ်းသာယာစေချင်ရင် ရွာလယ်စင်မှာထွန်း မြို့အေးချမ်းသာယာစေချင်ရင် မြို့ထဲကတန်ခိုးကြီးဘုရားမှာထွန်း နိုင်ငံကိုသာယာစေချင်ရင် နိုင်ငံ့ဥသျှောင်လို့ခေါ်နိုင်တဲ့ဘုရားမှာထွန်း
👉လောကီပညာ လိုက်စားတဲ့ ဆရာ ပညာရှင်တွေအနေနဲ့လည်း မိမိဆည်းပူးအပ်တဲ့ပညာတွေ တန်ခိုးဣဒ္ဓိပါဒ်တွေ တိုးတက် ကြီးမားစေရန် အိမ်ဘုရားမှာ သို့မဟုတ် ပွဲရှေ့မှာ မန္တာန်ရွတ်ပြီးထွန်းရမယ်ကံမြင့်ချင်တယ် ဆိုရင် ကိုယ့်နေထိုင်မှုပုံစံကလည်း ကံမြင့်စေတဲ့နေထိုင်မှုကိုသေချာလိုက်နာပြီး ပြုမူပြောဆိုနေထိုင်ဖို့လိုတယ်
ကိုယ်က ကျက်သရေရှိအောင်နေမှ ကျက်သရေဟာ ကိုယ့်မှာတည်တာဖြစ်ပါတယ်
ကျက်သရေတည်ခြင်းဟာ ငွေကြေးဓနစည်းစိမ်ချမ်းသာဆင်းရဲတာနဲ့မဆိုင်ပါဘူး
တချို့တွေ့ဖူးကြတယ်နော် ငွေကြေးဘယ်လောက်ပဲ မြောက်များစွာပိုင်ဆိုင်ထားနေပါစေ ကြည့်လိုက်မယ်ဆိုရင် အရှိန်အစော်လည်းမရှိဘူး သူဌေးရုပ်လည်းမထွက်သလို ကြည့်ရတာလည်း တင့်တောင့်တင့်တယ်မဖြစ်ဘူး
ဟော တချို့ကျတော့လည်း နေတော့သာ သာမန်အိမ်ငယ်လေးတွေမှာနေတာ အရှိန်အဝါအင်မတန်ကြီးတယ် သူ့ကြည့်တာနဲ့ ကျက်သရေရှိတယ် အများအလယ်မှာ တည်ကြည်တယ်
ဟော ဒါတွေဟာ ကျက်သရေရှိအောင်နေခြင်း ကျက်သရေမဲ့အောင်နေခြင်းနဲ့အများကြီးဆိုင်တယ်
အဲ့ဒါဘယ်လိုတွေလိုက်နာရလဲဆိုရင် ကျွန်တော်ဆန်းကျမ်းပညာတွေလေ့လာတော့ ဟိုးယခင်ဆရာများက ဆန်းကျမ်းနဲ့အညီ ဆန်းဝင်အောင်နေဖို့ ဆုံးမခဲ့ဖူးတယ်
၁ မနက်တိုင်းမဖြစ်မနေပြုရန်
မနက်လင်းလို့ မျက်နှာသစ် သွားတိုက် အခင်းကြီးငယ်ရှင်းလင်းသုတ်သင်ပြီးပြီဆိုရင် ပထမဆုံးဝင်ရမယ့်အခန်းဟာ ဘုရားခန်းဖြစ်ရမယ်
ပုတီးစိပ် တရားထိုင်တွေဘာတွေမအားဘူးဆိုရင်တောင်ဘသရဏဂုံသုံးပါးလေးနဲ့တော့ အရင်ဆုံးဦးခိုက်လိုက်ရမယ်ပေါ့ဗျာ ဒါဆို ကျက်သရေက ကိုယ့်မှာတည်တာပဲ
၂ ဝတ်စားဆင်ယင် သတိချင်
အဝတ်အစားဝတ်ဆင်တဲ့နေရာမှာလည်း အပေါက်အပြဲတွေကိုဝတ်ဆင်တာဟာ အင်မတန်ကျက်သရေဆုတ်ယုတ်တယ် အဲ့သည်အပေါက်အပြဲဖြစ်သွားတာကို မစွန့်ရင်တောင် ဖာထေးပြီး သပ်ရပ်သေချာ ဝတ်ဆင်သင့်တယ်
ပုဆိုး ထဘီ စသည်ကိုဝတ်ဆင်ရာမှာ ခေါင်းကလျှိုစွပ်ပြီး ဝတ်ဆင်တာမျိုးမလုပ်ရဘူး ခန္ဓာကိုယ်အောက်ပိုင်းကအဝတ်ကို ခေါင်းအထက်ကနေချပြီးဝတ်ဆင်တာဟာ ဆန်းပျက်တယ်ခေါ်တယ် အဲ့သလိုလည်းမလုပ်ရဘူးတဲ့ အင်မတန်ကျက်သရေယုတ်တယ်
နောက်ပြီး ရပ်ထဲရွာထဲ လမ်းထဲသွားလာတဲ့အခါ အပေါ်ကိုယ်ဗလာနဲ့ သွားလာနေထိုင်တာကလည်း ကျက်သရေကိုဆုတ်ယုတ်စေတယ် မပြုအပ်ဘူးတဲ့
ထိုက်သင့်တဲ့အဝတ်လေးဝတ်ပြီးမှ သွားလာသင့်တယ်ပေါ့လေ
၃ သောက်စားချိန်ခါ သိစရာ
တချို့ရှိတယ်နော် ထမင်းစားရင် ကြက်သား ငါး စသည်ဖြင့်စားကြတဲ့အခါ အရိုးကို ကိုယ်စားနေတဲ့ပန်းကန်ထဲပဲထည့်ထားတာမျိုး လုပ်ကြတယ် အဲ့ဒါမျိုးမလုပ်ရဘူး ဆန်းပျက်တယ်
ပြီးတော့ ခုနကပြောသလို အရိုးတွေကို စားပွဲပေါ်တင်ထားတယ်ပဲထား ဟော ထမင်းလည်းစားပြီးရော ခုနကအရိုးတွေကို ကိုယ်စားပြီးသားပန်းကန်ထဲ ပြန်ကျုံးထည့်သွားပြန်တယ် အဲ့ဒါလည်းမလုပ်ရဘူး ကိုယ့်ပန်းကန်ကိုအမှိုက်သိမ်းတဲ့နေရာမှာမသုံးရဘူး အဲ့ဒါလည်းဆန်းပျက်တာပဲ
ဆိုတော့ အရိုးတွေကို သီးခြားပန်းကန်တခုခု ခွက်တခုခုနဲ့ ထည့်တာပဲဖြစ်ရမယ်
နောက်ပြီး ခုခေတ်မှာ ကိုယ့်ပါးစပ်၊လက်တွေကို သုတ်ထားတဲ့တစ်ရှုးတွေကို ကိုယ်စားပြီးသားပန်းကန်ထဲထည့်တာတွေတွေ့ရတယ်နော်
အဲ့ဒါလည်း ခုနကအရိုးထည့်သလိုအတူပဲမို့ သတိထားရှောင်ကြဥ်အပ်တယ်
၄ အနိဋ္ဌအရပ် ဣဋ္ဌအရပ် ခွဲတတ်စေရန်
အိမ်ဥိးခန်း အိမ်ခေါင်းရင်း အိမ်ရှေ့မျက်နှာစာတွေဟာ ဣဋ္ဌအရပ်
အိမ်သာ ရေချိုးခန်း အိမ်ခြေရင်း နောက်ဖေး စတာတွေဟာ အနိဋ္ဌအရပ်လို့ ခွဲခြားသိထားရမယ်
ဟော တချို့တွေ ကိုယ့်အိမ်ရှေ့ပေါက်တည့်တည့်ကြီးမှာ အဝတ်ပုဆိုး ထဘီပုဝါ တန်းထိုးပြီးကိုလှန်းကြတာတို့လုပ်ကြတယ်နော် အဲ့ဒါမျိုးမလုပ်ရဘူး ဆန်းပျက်တယ်
ပြီးတော့ တချို့ရှိသေးတယ် အိမ်ရှေ့ပေါက်တည့်တည့်ကြီးမှာမှ တံမြက်စည်းကြီးထောင်ထားပါလေရော အဲ့ဒါမျိုးတွေလည်းမလုပ်ရဘူး ဆန်းပျက်တယ်
ဣဋ္ဌအရပ်မှာ ကျက်သရေမင်္ဂလာရှိတာကိုပဲ အမြဲဖြည့်တင်းရမယ် မကောင်းတာရှိရင်အနိဋ္ဌအရပ်မှာပဲထားရမယ်တဲ့
ရှေးဆရာကြီးများဆိုရင် ကိုယ့်အိမ်ပေါက်ရှေ့ ခွေးအူတာ နာရေးလမ်းကြောင်းဖြတ်သွားတာ လူတွေချော်လဲကျလို့သွေးထွက်သံယိုဖြစ်တာဆိုရင်အိမ်သာတံခါးကို အသံမြည်အောင် ခြေနဲ့ကန်လိုက်တာတွေဘာတွေထိပါ လုပ်ကြတယ် ဒါကလောကီနည်းတခုပေါ့နော်
ဒါတွေကို ဘာလို့လက်အညောင်းခံပြီးစာရိုက်လဲဆိုရင် မိတ်ဆွေတို့ကို ချစ်လို့ပါ
ကျက်သရေရှိရှိနေနိုင်အောင်လို့ မှတ်မိသလောက်လေးပြန်ရေးပေးလိုက်ရတာ
ဆန်းပျက်ရင် လူကဘာလုပ်လုပ်ကို အဆင်မပြေတတ်ဘူး
ဆန်းနဲ့အညီနေထိုင်မှ စန်းပွင့်ပြီး ကံမြင့်လာဘ်ပွင့်မှာဖြစ်ပါတယ်
ကျွန်တော်ကတော့ဖြင့် သည်လိုလေး ပြုမူနေထိုင်ကျင့်ကြံပါတယ်
မိတ်ဆွေတို့လည်း သဘောကျ ကျေနပ်ကြမယ်ဆိုရင် သည်လိုလေးပြုမူနေထိုင်ကျင့်ကြံကြပါလို့ တိုက်တွန်းလိုက်ရပါတယ်
အင်းပညာ(အခြေခံ) အပတ်စဥ်၂ သင်တန်း ဖွင့်လှစ်သင်ကြားမည်
၇လပိုင်း ၁ရက်နေ့ဖွင့်ပါမည်
သင်တန်းရက်များမှာ တနင်္လါ ဗုဒ္ဓဟူး သောကြာ တပတ်လျှင်သုံးရက်ဖြစ်ပါသည်
သင်တန်းချိန်မှာ နေ့လယ် ၁နာရီမှ ၃နာရီထိ(ယခင်သင်တန်းချိန်အတိုင်းသာ)
သင်တန်းကြေးဆိုတာမရှိပါ မသတ်မှတ်ထားပါ
ရှေးဆရာသမားများ၏ နည်းနာနိဿယအတိုင်း ကန်တော့ပွဲတပွဲနှင့်ပညာတောင်းခံလာသူမှန်သမျှကို သင်ကြားပေးပါမည်
စာရင်းပေးသွင်းရန်မှာ viber 09768431668သို့ အမည် မွေးသက္ကရာဇ် အဖအမည် နေရပ်လိပ်စာ ဖုန်းနံပါတ် များပေးပို့စာရင်းသွင်းနိုင်ပါပြီ
တကယ်တော့သည်ညကိုလည်း live streamလုပ်ပေးမို့ပဲ သားကလေးနေမကောင်းဖြစ်နေလို့ မအားဘူးဖြစ်သွားတယ်ဗျာ
သည်နေ့တော့ စမ်းသပ်တဲ့အနေနဲ့ liveလုပ်ပေးတာပါ
Facebookလို့ ကွန်မန့်ရေးတဲ့စနစ်မဟုတ်ပဲ အသံနဲ့ တိုက်ရိုက်ဖြေဆိုပေးရတဲ့စနစ်ဆိုတော့ နည်းနည်းလေး use-to ဖြစ်ဖို့ ထပ်ပြီးဟိုကလိ သည်ကလိတော့လုပ်ကြည့်ရဦးမယ်
+1
အားလုံးလက်ဖျားမှာ ငွေသီးစေဖို့ စီရင်ပေးဝေပါတယ်
သူရဿတီဆေးတော်ကို ရွှေတိဂုံကုန်းတော်ပေါ်က ဒေဝီသူရဿတီရုပ်ရှေ့ သိဒ္ဓိနှိုးပြီး
ဆေးတော်ခြစ် လက်ဖွဲ့ကျစ်တာမှာ အရစ်တိုင်းအရစ်တိုင်းကို ဆေးနဲ့စီရင်ထားတယ်
မဟာရွှေသိမ်တော်ဘုရားထံမှောက်မှာ သိဒ္ဓိတင်ထားပါတယ်
လာဘ်လာဘအတွက် အဆောင်ကောင်းလိုချင်တာဆိုတဲ့သူတွေအတွက် အထူးစီရင်ထားပါတယ်
လက်ဝဲဖက်လက်မှာ ပတ်ထားရုံနဲ့ လာဘ်လာဘအပေါင်း အရပ်ရှစ်မျက်နှာကစီးဝင်လာပါလိမ့်မယ်
သည်အဆောင်ကို မိမိတို့ စိတ်ထဲက သဒ္ဓါပေါက်သည့်အလျောက် ပူဇော်ကြေးကန်တော့ပြီး ပင့်ဆောင်နိုင်ပါတယ်
စာပို့ပြီးပူဇော်ပေးကြပါ
09768431768 viber ကိုလည်း ဆက်သွယ်ပူဇော်နိုင်ပါတယ်
