en
Feedback
ကျန်းမာရေးဗဟုသုတများ

ကျန်းမာရေးဗဟုသုတများ

Open in Telegram

Show more
The country is not specifiedThe category is not specified
2 734
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
မြန်မာတွေဟာ ဘာလို့ ဇရာကို စောစောစီးစီး အရှုံးပေးနေရတာလဲ ? ဘောလိဝုဒ်မင်းသား အမီယာခန်း (PK) အသက် ၅၀ ကျော်နေပြီ ခုထိ လူငယ် အခန်း ရိုက်ကောင်းနေတုန်း Gym ဆော့ကောင်းတုန်း ဗလ ကလဲ လူငယ်တွေနဲ့ ယှဉ်လို့ရတယ် ရှရွတ်ခန်း ဆိုရင် ဒွေးနဲ့ ခေတ်ပြိုင်တောင်မဟုတ်ဘူး ဒွေးထက် စောတယ် ခုထိ မင်းသားခန်း ရိုက်နေတုန်း ဦးကျော်ဟိန်း နဲ့ ခေတ်ပြိုင် အမီတာဘဂျမ်း တို့၊ ဟောလိဝုဒ်က ဘရုဝီလီ တို့ဆိုရင်လဲ အက်ရှင်ကား တွေ သန်သန် မြန်မြန် သရုပ်ဆောင်နေတုန်းပဲ ဇရာဆိုတာက ငါအိုပြီဆိုပြီး သံဝေဂရ နှလုံးသွင်း လိုက်တော့မှ ရောက်လာတာ မျိုးဖြစ်မယ် ခင်မောင်တိုး ၊ ကိုငှက်၊ စိုင်းထီးဆိုင် တို့ရဲ့ သီချင်းအသစ်တွေ နားမထောင်ရတော့ ဘူး သူတို့ နဲ့ သက်တူ ရွယ်တူ လောက်တွေဖြစ်မယ့် အမေရိကန် ကန်းထရီးစတားကြီး တွေ ဘလိတ် ရှယ်တန် ၊ ဂျော့စထွစ်၊ ရန်ဒီထရားဗစ် တို့က တော့ သီချင်း အသစ် တွေ ထွက်တုန်း One man Show တွေ Live Tour တွေ နဲ့ ကဲကောင်းတုန်း ရှိသေးတယ် သူတို့က အသက် ၄၀ မှ ဘဝစတယ် လို့တွေးတယ် ကိုယ်တွေ ဆီမှာက အသက်၄၀ ဆိုရင် အဖိုးကြီး ဖြစ်ပြီ တွေးတယ် ကျန်းမာရေး လဲ ဂရုမစိုက်ကြဘူး လေ့ကျင့်ခန်း လဲ မလုပ်ကြဘူး အသက် ၃၀ ကျော် အများစုက ဗိုက်ပူ နေပြီ ၃၀ ကျော်ရင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အသည်း ရောဂါ တစ်ခုခု ဝင် ချင် နေပြီ အစားအသောက် ၊ ကျန်းမာရေး လေ့ကျင့်ခန်း၊ အရက် ၊ မူးယစ်ဆေးဝါး ၊ ဇရာ အပေါ် ရှု့မြင်ပုံ တွေကွာသွား တာ ဖြစ်မှာပဲ မြန်မာအစားအစာ တွေက သိတဲ့အတိုင်းပဲ ကမ္ဘာကို တင်ပို့လို့မရဘူး ဓာတ်ခွဲစစ်လိုက်ရင် တစ်ခုခုတော့ ငြိနေတာပဲ ကျနော် တို့စားနေတာ ၉၀% က အဆိပ်တွေ နေ့တိုင်း ဆော့သင့်တဲ့ Gym ကို သူဌေးတွေ ဇိမ်ခံတာလိုလို ဘာလိုလို ထင်နေကြတယ် မန်ဘာကြေး အကုန်မခံနိုင်ရင် ကိုယ့်ဘာကိုယ်လည်းအိမ်မှာလုပ်လို့ ရတာပဲ YouTube မှာ ၈မိနစ်လေ့ ကျင့်ခန်း တွေ အများကြီး ရှိတယ် တစ်နေ့ ရှစ်မိနစ် လောက်အပင်ပန်း ခံရုံနဲ့ ယောက်ျားဆိုရင် Six pack ဖြစ်မယ် မိန်းခလေး ဆိုရင် ကိတ်လာမယ် လေ့ကျင့်ခန်း အမြဲလုပ်မယ်ဆိုရင် ကြွက်သားသန်မာ မှုကို အနည်းဆုံး အသက်၇၀ လောက်ထိ ထိန်းထားလို့ ရတယ် ကြွက်သားတွေ သန်မာရင် အသက် ၉၀ ထိ ခါးမကိုင်းဘူး အရက်ကတော့ တန်ဆေး လွန်ဘေးပဲ အများစုက တော့ တစ်ခွက်မူးပြီးရင် မထိန်းနိုင်တော့ ဘူး ဆက်ဆွဲပြီ အရက်တစ်ပက် ကို ချေဖို့ အသည်းက ၄နာရီ နဲ့ ခြောက်နာရီကြား အလုပ်လုပ်ရတယ် တဲ့ တစ်နေ့ နှစ်ပက်လောက်ပဲ သောက်သင့်တယ် မူးယစ်ဆေး ကတော့ အနုပညာ သမားတွေ အကြိုက်ပဲ ဖန်တီး မှု ပိုစျာန်ဝင်တယ်ထင်ရတာပေါ့ အမှန်တော့ စိတ်က illusion ဖြစ်တာပါ ဂျော့စတစ် တို့လို အဆိုတော်ကြီးတွေ အဖိုးကြီး ဖြစ်တဲ့ အထိ မူးယစ်ဆေးမသုံးဘဲ သီချင်းကောင်းတွေ ဖန်တီးပြ နေတုန်းပဲ ဇရာကို ရှု့မြင်ပုံမှာ မြန်မာတွေဟာ တော်တော် ကဲတယ် အသက် ၁၆ နှစ် ကလေး တွေက သူတို့ကိုယ်သူတို့ လူကြီး ဖြစ်ပြီထင်နေတယ် အသက် ၃၀ ကျော်ကို ဦးလေး အရွယ်ထင်နေတယ် ၄၀ ကျော်ရင်တော့ အဖိုးကြီးပဲ သွားပြီ တရားစခန်းပဲ ဝင်ရတော့ မလိုလို ဘုန်းကြီးပဲ ဝတ်ရတော့ မလိုလို အမှန်က အသက် ၁၆ နှစ်က ၂၅ နှစ်အရွယ်က ချာတိတ် လေးတွေပဲ ရှိသေးတာ ၂၅ နှစ်က ၄၀ အထိက လူငယ် ၄၀ မှ လူတစ်ယောက် ဘဝစတာ ၄၀ မှ လူလတ် ဖြစ်တာ ၄၀ ကနေ ၆၀ အထိ လူလတ် ၆၀ ကနေ ၈၀ အထိ မှ လူကြီး ၈၀ နဲ့ ၉၀ ၊ ၁၀၀ ကြား ကို မှ အဘိုးကြီး အဘွားကြီး ခေါ်တာ တကယ်တော့ အသက်အရွယ် ဇရာ ဆိုတာလဲ ကိုယ်က အရှုံးပေးမှ ကိုယ့်ဆီရောက်လာတာ အသက် ၆၀ မှာ ကာယဗလ ကစားပြီး အသက် ၇၀ မှာ အကောင်းဆုံးကြွက်သား Performance ရတဲ့ ကာယဗလ မောင်တောင် ရှိတယ် မြန်မာ အများစု ရဲ့ Body Building က အစွန်းရောက် နေတယ် ၃၀ ကျော် ယောက်ျားလေးတွေက ကိုယ်ဝန်သည်လို ဗိုက်ပူရင် ပူ မပူရင် ရှုနာရှိုက်ကုန်း လေထိမခံ ရေထိမခံ ဖြစ်နေတယ် ၃၀ ကျော်မိန်းမ တွေက အိမ်ထောင်ကျပြီးရင် ဝက်လို၊ ရာဝင်အိုးလို၊ တိုင်ကီ လိုဖြစ်လာတယ် သွေးတိုး၊ နှလုံး၊ ဆီးချို ၊ အသည်းခြောက် စသဖြင့် နာတာရှည် ဖြစ်တော့ ဆရာဝန် တွေကို ပိုက်ဆံ ပေးရတာပဲ မဟုတ်လား အဲ့ဒီ ပိုက်ဆံတွေကို ရောဂါမဖြစ်ခင် အစားအစာ ကောင်းကောင်းတွေ ရွေးချယ်စားသောက်၊ကျန်းမာရေး အတွက် အားကစား ပစ္စည်းတွေဝယ် ၊ Gym အတွက်သုံး တော့ Body Building အတွက် ပိုမကောင်း ဘူးလား အရက်တွေ၊ ဘီယာတွေ ၊ဆေးလိပ်တွေ လျှော့သောက်တော့ ကလေးပညာရေး အသုံးစရိတ် ပိုရတာပေါ့ အားလပ်ရက် ခရီးထွက်မယ့်ပိုက်ဆံ ပိုထွက် လာတာပေါ့ နိုင်ဂျံဂါးက အဖိုးကြီးတွေ ရဲ့ သီချင်းအသစ်တွေ ထွက်တိုင်း မနာလို ဘူး ဦးထီး တို့၊ ဦးဌက် တို့၊ ဦးခင်မောင်တိုးတို့ သီချင်းသစ် တွေ နားထောင် ချင်တယ် လွမ်းလဲ လွမ်းတယ် ကိုယ့် လူမျိုး ကိုယ် အသက်ရှည် စေချင်တယ် ကိုယ့် အနုပညာ ရှင်တွေ ကို အသက်ရှည်စေ ချင်တယ် ကျနော် နားလည်တဲ့ အမျိုးသားရေးက အဲ့လို Crd.

မြန်မာနှင့်ဇရာ
မြန်မာနှင့်ဇရာ

အစားအစာနှင့်အကျိုးအာနိသင်များ
+9
အစားအစာနှင့်အကျိုးအာနိသင်များ

အစားအစာနှင့်အစာအိမ်ရဲ့ချေဖျက်နိုင်စွမ်းအချိန်
+9
အစားအစာနှင့်အစာအိမ်ရဲ့ချေဖျက်နိုင်စွမ်းအချိန်

ကျောက်ကပ်အတွက် ဆေးတခွက် (တရုတ် ဗီယက်နမ်တွေကတော့ ၉၆ ပါးဆေးတဲ့) မုန်လာဥဖြူ တစ်လုံးနဲ့ ကျောက်ကပ်အလွယ်ဆေးကြမယ် ကျောက်ကပ်ရောင်သည်ဖြစ်စေ ကျောက်ကပ်ကျောက်တည်သည်ဖြစ်စေ ကျောက်ကပ်ကြောင့် ခါးနာ ခါးကိုက်ခြင်း နှူံးချိ အော့အန်ခြင်းများ အတွက်။ မုန်လာဥဖြူ တစ်လုံးကို သန့်စင်စွာဆေးကြောပြီး ရေအနည်းထည့်၍ ကြိတ်ချေပါ၊ အဖတ်များစစ်ထုတ်ပြီး အရည်ကိုသောက်လိုက်ပါ။ ၎င်းကြိတ်ရည် ဝမ်းထဲဝင်သွားသည်နှင့်် ခါးနာခါးကိုက်ယူပစ်သလိုပျောက်ကင်းသက်သာသွားမည်။ မုန်လာဥဖြူကြိတ်ရည်ဟာကျောက်ကပ်ကို ချက်ချင်းဆေးကြောပေးပါတယ်။ အူကျဝေဒနာရှင်များလည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် တစ်ပါတ် တစ်ခါ ကြိုတင်ကာကွယ်သော အားဖြင့် လူတိုင်းမုန်လာဥဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးခြင့်ဖြင့်် ကျောက်ကပ်ကို ဆေးကြောထိန်းသိမ်းသင့်ပါတယ်။ မုန်လာဥ အစိမ်းကို သံပုရာသီးနှင့်နှပ်ပြီး အစိမ်းသုပ် သုပ်စားပါကပို၍ဆေးဘက်ဝင်ပါတယ်။ မုန်လာဥဖြူ စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက ကင်ဆာရောဂါမဖြစ်စေရန်ကာကွယ်ပေးတယ်။ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတယ်။ ကျောက်ကပ် ကျန်းမာစေတယ်။ သွေးပေါင်ချိန်ကို မှန်စေတယ်။ ဝမ်း မှန်စေတယ်။ ကိုယ်အလေးချိန် ကျစေတယ်။အသားအရည် စိုပြေ လှပစေတယ်။ အရွယ်တင်နုပျိုစေတယ်။ အသုံးမပြုမီ ပိုးသတ်ဆေး ကင်းစင်အောင် သေချာ ဆေးကြောသန့်စင်ပေးရန် အထူးသတိပြုပါ။ credit original uploader #SiThuMaung

ကျောက်ကပ်နှင့်မုန်လာဥဖြူ
ကျောက်ကပ်နှင့်မုန်လာဥဖြူ

ဒေါက်တာမျိုးသက်အောင် Consultant Surgeon/ ပင်လုံဆေးရုံ/ ရန်ကုန် #Drmyo #drmyocolorectalsurgicaladvice #အူမကြီးကင်ဆာ #polyp #colonoscope #FIT

အသားပိုဘဝမှာ ဇာတ်လမ်းပြတ်အောင် ရှင်းနိုင်လို့ ဖွံ့ဖြိုးတဲ့ တိုင်းပြည်တွေမှာ အူမကြီးကင်ဆာဖြစ်ပွါးနှုန်းဟာ တနှစ်ထက်တနှစ်ကျလာတယ်။ သူတို့တိုင်းပြည်မှာ အဖြစ်အများဆုံး နံပါတ်၃ ရှိရာက အူမကြီးကင်ဆာရောဂါဟာ တအိအိကျနေတာကို တွေ့ရတယ်။ အလကားနေရင်း ကျလာတာတော့ မဟုတ်ဘူး။ screening လို့ခေါ်တဲ့ အူမကြီးကင်ဆာကို အစောကြီးသိအောင် လုပ်ကြတာကြောင့် ကင်ဆာဖြစ်ပွါးနှုန်းလဲကျတယ်။ ကင်ဆာဖြစ်ခဲ့ရင်တောင် လူကောင်းအတိုင်း အသက်မသေတဲ့ နှုန်းဟာလဲ မြင့်လာတယ်။ မချမ်းသာတဲ့ developing countries လို့ခေါ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ အူမကြီးကင်ဆာက တနှစ်ထက်တနှစ်တက်နေတုန်းပဲ။ ဆက်ပြောရရင် အဲ့ အသားပို polyp ဘဝမှာသာ ဒီအသားပိုကို ရှင်းပစ်နိုင်ရင် အူမကြီးကင်ဆာဆိုတာ အတော်ကြီးကို မဖြစ်နိုင်သလောက်ဖြစ်သွားမယ်။ ကင်ဆာဘဝကို တက်လာစရာ၊ ပြောင်းသွားစရာမရှိတော့ဘူး။ အသားပို ဘဝမှာ အပြီးချေမှုန်းရမယ်။ ဘယ်လို ချေမှုန်းမလဲ။ ဘယ်အချိန်လဲ။ အသားပိုကို သိနိုင်ဖို့က colonoscopy လို့ခေါ်တဲ့ အူမကြီးမှန်ပြောင်းကြည့်ရမယ်။ အူမကြီးမှန်းပြောင်းကြည့်လို့ အသားပိုကိုတွေ့ရင် မှန်ပြောင်းနဲ့ တခါထဲရှင်းထုတ်ပြီး ဖြတ်ပစ်မယ်။ ဒင်းကို ကင်ဆာဘဝကို အပြောင်းမခံဘူး။ အရောက်မခံဘူး။ ရှင်းပါပြီနော်။ အသားပိုဘဝမှာ ဗိုက်ခွဲစရာမလိုပါဘူး။ မှန်ပြောင်းကြည့်ရင်း တခါထဲ မှန်ပြောင်းနဲ့ အသားပိုကို ဖယ်ရှားရှင်းလင်းလိုက်လို့ရတယ်။ snare လို့ခေါ်တယ်။ မှန်ပြောင်းတခါကြည့်ရင် ၁၅ မိနစ်ဝန်းကျင်ပေါ့။ snare လုပ်ရရင် နောက်ထပ် ၅ မိနစ် ၁၀ မိနစ်ပေါ့။ တခါထဲ လုပ်လို့ရတယ်။ အဲ့တော့ ဘယ်အချိန်အဲ့ မှန်ပြောင်းကြည့်ရမလဲ။ လွယ်လွယ်ပြောရရင် မိတ်ဆွေ အသက် ၅၀ ပြည့်တာနဲ့ အူမကြီးမှန်ပြောင်း စကြည့်ပါ။ ဗိုက်နာမှ ကြည့်တာမဟုတ်ဘူးနော်။ အသက် ၅၀ ပြည့်တာနဲ့ အူမကြီး စစ်ဆေးတဲ့ အနေနဲ့ မှန်ပြောင်းစကြည့်ပါ။ အသက် ၅၀ မှန်ပြောင်းကြည့်တဲ့ အခါမှာ ဘာမှ မတွေ့ဘူး၊ အားလုံးကောင်းတယ်ဆိုပါတော့။ အိုကေ ဒါဆို အသက် ၆၀ မှာ တခါထပ်ကြည့်ပါ။ ၁၀ နှစ်တခါကြည့်ပါ။ အသက် ၇၀ မှာလဲ တခါထပ်ကြည့်ပါ။ ဒီလို မှန်မှန်ကြည့်ရင် အသားပိုဘဝ အစမှာတင် စပြီးသိမယ်။ ဖယ်ရှားရှင်းလင်းနိုင်မယ်။ ကင်ဆာဘဝကို အပြောင်းမခံဘူး။ အဲ အသက် ၅၀ မှန်ပြောင်းကြည့်လိုက်တာ အသားပိုတွေ တွေ့ပြီဆိုပါတော့။ ဒါဆို တခါထဲဖြတ်၊ အသားစပို့။ အသားပိုတွေဟာ ကင်ဆာမဟုတ်ကြပါဘူး အများအားဖြင့်။ အသက် ၅၀ မှာ အသားပိုကို အမိအရ ချေမှုန်းလိုက်နိုင်တဲ့ အတွက် ကင်ဆာဖြစ်လာမှာ ပြောင်းသွားမှာကို ကာကွယ်ပြီးသားဖြစ်သွားပြီ။ ထူးခြားတာက အသားပိုတွေ့ခဲ့ရင် နောက် ၁၀ နှစ်အထိ မှန်ပြောင်းကို ခြားလို့ မရတော့ဘူး။ နောက် ၂ နှစ် သို့မဟုတ် ၃ နှစ်မှာ နောက်တခါ အူမကြီးမှန်ပြောင်း ထပ်ကြည့်ရမယ်။ polyp follow up လို့ခေါ်တယ်။ ထပ်တွေ့ရင် ထပ်ဖြတ်မယ်။ ထပ်ရှင်းမယ်။ မတွေ့ရင် နောက် ၅ နှစ်မှာပြန်ကြည့်မယ်။ ဆိုလိုတာက အသားပိုတွေ့တဲ့သူဟာ မှန်ပြောင်းကြည့်ရတာ စိပ်သွားမယ်။ မတွေ့တဲ့သူက ၁၀ နှစ်တခါဆို တွေ့တဲ့သူက ၃ နှစ်တခါဖြစ်မယ်။ ဒါကတော့ အကောင်းဆုံးကာကွယ်နည်း။ အဲ့ မိတ်ဆွေက မှန်ပြောင်းမရှိတဲ့ နယ်မှာနေတယ်ဆိုပါစို့။ ဒါမှမဟုတ် မှန်ပြောင်းကြည့်ရမှာ အလွန်ကြောက်သပ ဆိုရင် ဝမ်းထဲသွေးပါ မပါ အရင်စစ်ကြည့်ပါ။ Faecal Immunochemical test (FIT test )လို့ခေါ်တယ်။ ဝမ်းထဲမှာ မျက်စိနဲ့ မမြင်ရတဲ့ သွေးပါ မပါ စစ်ကြည့်တာပဲ။ အူမကြီးမှာ အသားပိုတို့ ကင်ဆာတို့ရှိတဲ့သူဟာ ဝမ်းထဲမှာ သွေးပါလေ့ရှိတယ်။ မျက်စိနဲ့ မြင်ရမှ သွေးပါတာမဟုတ်ဘူး။ မျက်စိနဲ့ မမြင်ရတာကို သိရအောင် FIT လုပ်ကြည့်တာ။ FIT လုပ်ကြည့်တာ သွေးပါနေရင်တော့ အူမကြီးမှန်ပြောင်း မဖြစ်မနေကြည့်ပေတော့။ ပြဿနာတခုခု ရှိနေနိုင်ပြီ။ FIT မှာ သွေးမပါဘူးဆိုရင်တော့ မှန်ပြောင်းကြည့်ဖို့ အဆင်မပြေသေးဘူးဆိုလဲ နည်းနည်းတော့ စိတ်အေးရတာပေါ့။ ဒါပေမယ့် FIT ဟာ မှန်ပြောင်းကို အစားထိုးဖို့ မဟုတ်ဘူးဆိုတာ သဘောပေါက်ရမယ်။ သစ်မရှိခင်စပ်ကြား ဝါးပေါင်းကွပ်တဲ့ သဘောပဲ။ လူတိုင်းကို မှန်ပြောင်းကြည့်ရတဲ့ စရိတ်ကို ချွေတာချင်လို့ FIT ကို တဆင့်ခံထားတဲ့ သဘောပါပဲ။ နောက်ဆုံး American College of Gastroenterology ACG ရဲ့ ၂၀၂၁ guideline တော်ကြီးကတော့ အသက်၅၀ မှစ၍ ၁၀ နှစ်တခါ အူမကြီးမှန်ပြောင်းကြည့်ပါ။ ဒီကြားထဲ တစ်နှစ်တခါ FIT စစ်ပါ။ FIT မှာသွေးတွေ့ခဲ့ရင် မှန်ပြောင်းပြန်ကြည့်ပါ ဆိုတာပါပဲ ခင်ဗျား။ ကျွန်တော်လဲ အမှန်အတိုင်းပြောရရင် ဆေးစစ်ရမှာကြောက်တယ်။ ဟိုဟာ ဒီဟာတွေတွေ့ရင် အာရုံနောက် အလုပ်ရှုပ်တယ်လို့ထင်တယ်။ ဒါပေမယ့် စောစောသိခြင်းဟာ ကင်ဆာကိုတောင် ကာကွယ်နိုင်တယ်၊ ဖြစ်ရင်တောင် လူကောင်းပကတိလို ပြန်ဖြစ်တယ်၊ သာမန်လူလို အသက်ရှည်နိုင်တယ်ဆိုတာ ကိုယ်တွေ့မို့ အူမကြီးကင်ဆာ စစ်ဆေးခြင်းကိုတော့ ဖင့်နှေးရှောင်လွှဲမနေပဲ စစ်ဆေးကြည့်သင့်ကြောင်းပါ။ မှန်ပြောင်းကြည့်ပြီးလို့ ဘာမှမရှိဘူးဆိုတာ သိရတဲ့ အခါမှာ မိတ်ဆွေ နောက် ၁၀ နှစ် အူမကြီး ကိစ္စစိတ်မပူပဲ နေရမယ့် အပျော်ကလဲ အတော်စွဲဆောင်မှုရှိတာလဲ မမေ့နဲ့အုန်းနော်။ (အူမကြီးမှန်ပြောင်းအကြောင်း အသေးစိတ်သိလိုပါက Drmyo ရဲ့ page မှာပဲ ပြန်ရှာပါ။ video နဲ့တကွ အသေးစိတ်ရှင်းပြထားပါတယ်။ ဤကား စကားချပ်။)

အူမကြီးကင်ဆာရောဂါက ကာကွယ်မယ်။ >>>>>>>>>>>>>>>>>>>>>>>>>>>> ကင်ဆာရောဂါကို ကာကွယ်မယ်ဆိုတော့ မင့်ဟာက ဟုတ်ပါ့မလားကွာလို့ မေးစရာရှိတယ်။ ကင်ဆာဆိုတာ ဘယ်သူ့မှာဖြစ်မယ်လို့ ကြိုသိတာမှ မဟုတ်တာ။ ဖြစ်တော့လဲ ကံတရားပေါ့။ ကြိုသိရင် ကြိုစိတ်ညစ်နေရအုန်းမယ်လို့ စောဒက တက်စရာရှိတာပေါ့။ စာဖတ်သူ ကျွန်တော့် မိတ်ဆွေများ စဉ်းစားသလို ကျွန်တော်လဲ အဲ့လိုပဲ ထင်ခဲ့တာပဲဗျ။ ထင်တာမှ ဆရာဝန်ပေါက်စဘဝတင်မကဘူး။ ကိုယ်တိုင် ခွဲစိတ်အထူးကုဆရာဝန် ဖြစ်လာတဲ့ အချိန်အထိတောင် အဲ့လိုပဲထင်တာ။ ဟိုဟာမစားနဲ့ ဟိုဟာရှောင် ဒီလိုမနေနဲ့ ဒါတွေပဲပြောပြီး နောက်ဆုံးကျတော့လဲ ကင်ဆာဆိုတာ ဖြစ်ချင်တဲ့သူဖြစ်တာပါပဲကွာ၊ တယ်လဲ မထူးပါဘူးလို့ ထင်တာ။ ဖြစ်လာတော့လဲ ကြည့်ကျက်လုပ်တာပေါ့၊ မဖြစ်ခင်ငွေကုန်လူပန်း လိုက်ရှာနေလဲ မထူးပါဘူးလို့ တကယ်ထင်ထားတာ။ အဲ့အတွေးက ဘယ်မှာပြောင်းလဲသွားလဲဆိုတော့ ကျွန်တော်ကိုယ်တိုင် Singapore General Hospital (SGH) မှာ clinical fellow ဘဝ နဲ့ ကိုယ်တိုင်ကိုယ်ကျ စလုံးလူနာတွေကို ကြည့်ရှုကုသပေးရတဲ့ အချိန်ရောက်မှ ပြောင်းသွားတယ်။ ဪ ငါထင်တာ မဟုတ်သေးဘူးပဲလို့ ဖြစ်သွားတယ်။ ကင်ဆာနဲ့ ပက်သက်တဲ့ မြန်မာဆန်တဲ့ အတွေးအခေါ်ပြောင်းသွားတယ် ပြောရမယ်။ အဖြစ်က ဒီလို။ ကျွန်တော်ဟာ စလုံးရဲ့ အကြီးဆုံး SGH ဆေးရုံမှာ အလုပ်လုပ်ရတာက နေ့စဉ်နီးပါး တနေ့ကို လူနာ ၂၄ ယောက်ကြည့်ရတယ်။ ကျွန်တော်က ward 47 လို့ခေါ်တဲ့ SGH ရဲ့ အူမကြီး စအိုခွဲစိတ်ဌာနက ခွဲစိတ်ဆရာဝန်ဆိုတော့ လာသမျှ လူနာတိုင်းကတော့ အူမကြီးရောဂါတွေချည်းပဲ။ လူနာတယောက် ကျွန်တော့်ရုံးခန်းထဲမဝင်ခင် သူနာပြုအကူက ကျွန်တော့်ကို ဝင်လာမယ့်လူနာရဲ့ ဆေးမှတ်တမ်းတွေကို ကျွန်တော်ဖတ်ဖို့ ကျွန်တော့်ရှေ့ချချပေးတယ်။ ကျွန်တော် SGH မှာ အလုပ်လုပ်ခဲ့တာက ၂၀၁၄ ။ အဲ့ဒီမှာ အူမကြီးကင်ဆာ ခွဲထားတဲ့ လူနာတွေ အများကြီးကို ကျွန်တော်ကြည့်ရတာပေါ့။ ဘာသွားတွေ့လဲဆိုတော့ ၁၉၈၀ ခုနှစ်က အူမကြီးကင်ဆာ ခွဲထားတဲ့ လူနာ။ ဟော နောက်တယောက်က ၁၉၈၄၊ နောက်တယောက်က ၁၉၉၀ စသည်ဖြင့် ခွဲထားတာ အနှစ် ၂၅ ၊ အနှစ် ၂၀ ၊ ၁၅ နှစ် စသည်ဖြင့် လူနာတွေ အများကြီးကို တွေ့ရတယ်။ ကျွန်တော့်ရှေ့ချပေးတဲ့ ဆေးမှတ်တမ်းကြီးတွေဆိုတာ တစ်တောင်လောက် အထူကြီးတွေ။ မထူခံနိုင်ရိုးလား အနှစ် ၂၀ စာလောက်တွေလေ။ မြန်မာပြည်က လူနာမှတ်တမ်း chart တွေဆိုတာက ပါးပါးလေးရယ်။ SGH စရောက်ခါစကများ အဲ့ လူနာမှတ်တမ်း chat အထူကြီးတွေမြင်ရင် ဘယ်နားက စလှန်ပြီး ဖတ်ရမလဲတောင် မသိ။ အတော် စိတ်ညစ်ခဲ့တာ။ အဲ့မှာ စိတ်ထဲ ဒီလူနာတွေကြည့်ရင်း ဘာသွားစဉ်းစားမိသလဲဆိုတော့ ဟဲ့ဒီလူနာတွေ အူမကြီးကင်ဆာဖြစ်တာ ၁၅ နှစ် အနှစ် ၂၀၊ မသေကြသေးဘူးဟ၊ တယ်ဟုတ်ပါလား၊ ငါ့လာပြကြတာ ကင်ဆာခွဲပြီးသားလူနာဆိုပေမယ့် လူကောင်းကြီးတွေ အတိုင်းပါလားပါလားဆိုပြီး စသတိထားမိတာပေါ့။ ဒို့ မြန်မာပြည်တော့ ကင်ဆာဖြစ်ပြီး နှစ်နှစ် သုံးနှစ်လောက်ဆို အကုန်နီးပါး တာ့တာပြကုန်ပြီ။ မြန်မာပြည်က လူနာတွေကလဲ ကင်ဆာဖြစ်ရင်တော့ သွားပါပြီဆိုပြီး စိတ်လျှော့လိုက်ကြတော့တာပဲ။ တကယ်လဲ စိတ်လျှော့သလို သွားတာပဲ။ ငါတို့နဲ့ ဘာကွာလို့လဲဟဆိုပြီး စဉ်းစားတယ်။ အလုပ်လုပ်တာ ကြာလာတော့ သဘောပေါက်လာတယ်။ ကွာတာတွေ အများကြီးရှိသော်ငြား အဓိက ကွာခြားချက်ကြီး တစ်ခုကို သတိပြုမိတယ်။ သူတို့ဆီက လူနာတွေဟာ လူတိုင်းနီးပါး အူမကြီးနဲ့ ပက်သက်ပြီး စစ်ဆေးမှုခံယူကြတယ်။ ကင်ဆာကို ဘာရောဂါလက္ခဏာမှ မပြခင် ကြိုသိကြတယ်။ စောစောသိ၊ စောစောခွဲ၊ အသက်အရှည်ကြီးနေကြတယ်။ ကင်ဆာအများစုက စောစောစီးစီးသိကြတယ်၊ အဆင့် ၁ ၊ အဲ့ထက်တောင် စောကြတယ်။ ကင်ဆာ အဆင့် ၁ မရောက်ခင်မှာတောင် အူမကြီးမှန်ပြောင်းကျေးဇူးနဲ့ သိနေပြီ၊ ခွဲနေပြီ။ အဲ့တော့လဲ ဘယ်အသက်မရှည်ဘဲ နေပါ့မလဲ။ ကိုယ်တွေဆီမှာတော့ သိလိုက်ရင် အများစုက ဗိုက်ထဲဂျပ်ခဲပဲ။ ကိုယ်တွေ ရွှေပြည်ကြီးမှာက သိလိုက်ရင် အဆင့်၃ နဲ့ ၄ ။ အူပိတ်မှ ၊ ဗိုက်မှာ အလုံးကြီး စမ်းမိမှ၊ ဝမ်းသွားလို့ မရမှ လူနာတွေကလဲ လာကြတယ်။ ဆရာဝန်တွေကလဲ ချွေတာရေး အကျင့်ပါနေတော့ လက်နဲ့စမ်း၊ အာထရာဆောင်းလေးရိုက် ဒါလောက်နဲ့ OK လုပ်နေကြတာ များတာပဲ။ ဗိုက်နာသက်သာရင် လူနာရော ဆရာဝန်ရောက ok လုပ်နေကြတာများတယ်။ ဘယ်သူ့မှတော့ အပြစ်မတင်ပါဘူး။ အဓိကက တိုင်းပြည်ဆင်းရဲခြင်းနဲ့ ပညာရေးနိမ့်ကျခြင်းရဲ့ ဒဏ်တွေပေါ့။ ဘယ်လိုစဉ်းစားစဉ်းစား ဒီနှစ်ခုမှာ အဆုံးသတ်တာပဲလေ။ ဆက်ပြောရရင် အဲ့ဒီမှာ အူမကြီးကင်ဆာနဲ့ ပက်သက်တဲ့ ကျွန်တော့်အတွေး အတော်ပြောင်းလဲသွားတယ်။ မျက်စိပွင့် နားပွင့် ဥာဏ်ပွင့်ဖြစ်သွားတယ်။ အရင်က ကင်ဆာဖြစ်ရင် ကံပါပဲ၊ ဘယ်တတ်နိုင်မလဲ ဆိုတာကနေ အခုတော့ ကင်ဆာဆိုတာ စောစောသိရရင် ပျောက်အောင်ကုလို့ရတယ်ဆိုတဲ့ အတွေးကိုပြောင်းသွားပြီ။ ထပ်ပြီးထူးခြားတာက အူမကြီးကင်ဆာဆိုတဲ့ အမျိုးဟာ ကာကွယ်လို့ပါ ရတယ်ဟ ဆိုတာကို နဖူးတွေ့ ဒူးတွေ့ ပိုသိမြင်သွားတယ်။ အူမကြီးမှာ ကင်ဆာတခုဖြစ်ဖို့ဆိုတာ ခဏလေးဖြစ်လာတာ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ အူမကြီးထဲမှာ အသားပိုလေး အနေနဲ့ စဖြစ်လာတာ။ polyp လို့ခေါ်တယ်။ အဲ့ အသားပိုလေးတွေကို မသိပဲ နှစ်ပေါင်းများစွာ ပစ်ထားမှ အသားပိုဘဝကနေ ကင်ဆာဘဝကိုပြောင်းတာ။ adenoma carcinoma sequence လို့ခေါ်တယ်။

နှလုံးသွေးကြောမပိတ်မီ တစ်လအတွင်း နိမိတ်ပြလက္ခဏာ (၈) ချက်။ ရင်ဘတ် အကြီးအကျယ်အောင့် နှလုံးသွေးကြောရုတ်တရက် ကျဉ်းတာ၊ ပိတ်တာတွေ ရှိလာပြီး ဆေးရုံကို အရေးပေါ် တက်ရောက်ကုသရသူတွေဟာ မဖြစ်ခင်တစ်လအတွင်း ခန္ဓာကိုယ်က ဒါဖြစ်တော့မယ်ဆိုတာကို ကြိုတင်သတိပေးနေတတ်ပါသတဲ့။ ၁။အလိုလိုနေရင်း နုန်းနေခြင်း - နှလုံးသွေးကြော ကျဉ်းလာရင် ခန္ဓာကိုယ်က ခြေတွေ၊ လက်တွေ၊ အဂါင်္တွေကို သွေးအရောက် နည်းလာပါတယ်။ ဒီအတွက် ခါတိုင်းထက် ညောင်းတာ၊ နုံးတာတွေ ဖြစ်ပေါ်ခံစားရပါတယ်။ ၂။မျက်နှာနဲ့ မေးရိုးနဲ့ လည်ပင်းတွေ ကျဉ်ခြင်း - နှလုံးသွေးကြောကျဉ်းလာပြီး သွေးငတ်တဲ့အခါ ရင်ဘတ်အောင့်တာအပြင် မေးရိုးနဲ့ မျက်နှာ၊ လည်ပင်းတွေ ကျဉ်လာတတ်ပါတယ်။ ၃။မောပန်းမယ် - အလိုလိုနေရင်း လှေကားတက်၊ တစ်ခုခုလုပ်တိုင်း မောနေတတ်ပါတယ်။ နှလုံးသွေးကြော ကျဉ်းလာတဲ့အခါ အဆုတ်ထဲမှာ ရေစုလာတတ်ပါတယ်၊ အသက်ရှူမဝသလို ဖြစ်လာတတ်ပါတယ်။ ၄။ပျို့ချင်အန်ချင်တာတွေ ဖြစ်မယ် - ရင်ထဲမှာ နေလို့မကောင်းဘူး၊ ဘာရယ်မဟုတ် ဗိုက်ထဲမှာ လေပွသလို စားပြီးရင် ပျို့ချင်သလို အန်ချင်သလို မကြာခဏ ခံစားရနိုင်ပါတယ်။ ၅။ချွေးစေးတွေ ပြန်လာတတ်မယ် - ရင်ဘတ်ထဲမှာ နေလို့မကောင်းတာနဲ့အတူ မကြာခဏ ချွေးပြန်တာကို ခံစားရပါမယ်။ ၆။ရင်တလှပ်လှပ်တုန်ခြင်း - ရင်ထဲမှာ ဟာနေခြင်း ရင်ထဲမှာဆို့ပြီး နေလို့မကောင်းတာ ရင်တွေ တုန်နေတာတွေက နှလုံးစည်းချက်မမှန်တာရဲ့ နိမိတ်ပြလက္ခဏာ ဖြစ်ပါတယ်။ နှလုံးတုန်၊ ရင်ခုန်တာက ပုံမှန်ဖြစ်သလို နှလုံးရောဂါသမားတွေအတွက် စတင်နိမိတ်ပြလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ၇။ခြေဖျား၊ လက်ဖျားတွေ အေးနေတတ်မယ် - နှလုံးက စတင်ခုန်နှုန်းကျလာတာမို့ ခန္ဓာကိုယ် အစွန်အဖျား၊ ခြေတွေ လက်တွေကို သွေးအရောက် နည်းလာပြီး ခြေဖျား အေးလာတတ်ပါတယ်။ ရာသီဥတု မှန်ပါလျက်နဲ့ ခြေဖျား လက်ဖျားလေးတွေ အေးစက်စက် ခံစားရပါမယ်။ ၈။မူးဝေလာတတ်မယ် - တရိပ်ရိပ်နဲ့ မူးနေတတ်တာ နေရင်းထိုင်ရင်း ခေါင်းထဲမှာ ရီဝေဝေဖြစ်တာတွေ ရှိတဲ့အခါ နှလုံးသွေးကြောကျဉ်းတာကို မေ့မထားသင့်ပါဘူး။ ဦးနှောက်ကို မှန်ကန်တဲ့ သွေးစီးဆင်းမှု မရှိတဲ့အတွက် မူးနောက်တဲ့ ခံစားချက်ရတာ ဖြစ်ပါတယ်။ နှလုံးသွေးကြော လုံးဝပိတ်မသွားခင် ကျဉ်းနေတဲ့အဆင့်မှာ ခံစားရနိုင်ပါတယ်။ ဖော်ပြပါလက္ခဏာတွေကို ကြည့်ပြီး မိမိမှာ နှလုံးသွေးကြော ကျဉ်းနေပြီလား၊ နှလုံးသွေးကြော ပိတ်နေပြီလား၊ နှလုံးရောဂါ ခံစားရနိုင်တဲ့ အရိပ်အယောင်ရှိမလားလို့ မိမိကိုယ်ကို ဆန်းစစ်ကြည့်နိုင်ပါတယ်။ !!အနည်းဆုံး သုံးလေးခုလောက် ခံစားနေရပြီဆိုရင်ကို မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသတိုင်ပင်စေလိုပါတယ်..!! Credit Ma NiLar

အထူးသဖြင့် (ဆရာဝန်တွေကိုပါ တောင်းဆိုချင်တာပါ) ငယ်ငယ်ရွယ်ရွယ် သွေးတိုးရင် လူနာတွေကို မဖြစ်မနေ စစ်ကြည့်စေချင်ပါတယ်။ အနည်းဆုံး Creatinine နဲ့ Urine RE လောက်တော့ စစ်ကြည့်ပေးဖို့ အနူးအညွတ် တောင်းဆိုလိုပါတယ်။ အဲဒီလို စစ်ကြည့်လို့ ကောင်းနေခဲ့ရင်တောင် တစ်လ နှစ်လလောက် ခြားပြီး ထပ်စစ်ပေးဖို့ လိုပါသေးတယ်။ ငယ်ငယ်ရွယ်ရွယ် နဲ့ နာတာရှည်ကျောက်ကပ်ပျက်စီးကြရသူ အများစုဟာ ကျောက်ကပ်မပျက်ခင်မှာ သွေးတိုးနဲ့ ဆရာဝန် ပြထားကြသူတွေ များပါတယ်။ သွေးကျဆေး ပေးထားတဲ့ အချိန် လူနာတွေက နေကောင်းနေပေမယ့် သူတို့ရဲ့ ကျောက်ကပ်ရောင်နေတာ (Glomerulonephritis) ကို မသိရတဲ့အတွက် ကုသလို့ ရသေးတဲ့ အချိန်မှာ ကုသခွင့် ဆုံးရှုံးကြရသူတွေ အများကြီးရှိပါတယ်။ ကျောက်ကပ်ဆရာဝန်ဆီ ရောက်လာရင်တော့ လေယာဉ်ပျံကြီး ပျက်ကျနေပြီပေါ့ဗျာ။ နောက်တစ်ခု က အကိုက်အခဲ ပျောက်ဆေးပါ။ အရပ်ထဲမှာ အလွယ်ဝယ်လို့ရနေတဲ့ ဝက်ငါးကောင် (Mefenaemic Acid) တို့၊ အလွယ်ထိုးလို့ရနေတဲ့ အသားဆေး (Diclofenac) တွေဟာ ကျောက်ကပ်သမားတွေအတွက် အင်မတန်ကြောက်ဖို့ကောင်းတဲ့ အဆိပ်တွေလို့ ဆိုရင် မမှားပါဘူး။ သာမန်လူကောင်းတွေတောင် အခန့်မသင့်ရင် ဒုက္ခပေးနိုင်ပါတယ်။ နောက်သတိထားဖို့ကတော့ တိုင်းရင်းဆေးတွေပါ။ အယူတိမ်းရင် နတ်စိမ်း ဖြစ်တယ် ဆိုသလိုပဲ.. တိုင်းရင်းဆေးကို အောဂန်းနစ် ဆိုပြီး အားကိုးတကြီး သောက်ကြတာတွေကလည်း အဓိက ကုသမှုကို မရဘဲ လူနာတွေ နစ်နာစေတဲ့အပြင် ကျောက်ကပ်ကို ဝန်ပိစေလို့ သတိပြု ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ တစ်ချို့ တရားဝင်ရောင်းချနေတဲ့ တိုင်းရင်းဆေးတွေ၊ ဖြည့်စွက်စာတွေဟာလည်း ကျောက်ကပ်ကို အန္တရာယ်ပေးနိုင်ပါတယ်။ အဆိုးဆုံးက အဲဒီဆေးဝါးတွေကို သောက်နေပြီး လူနာအတွက် အဓိကလိုအပ်တဲ့ ဆေးဝါးတွေကို ဆက်မသောက်တော့ဘဲ ရပ်ပစ်လိုက်တာမျိုးပါ။ ဖြည့်စွက်စာ ဆိုတာ ဆေး မဟုတ်ပါဘူး။ အရာရာဟာ တန်ဆေး လွန်ဘေး ပါပဲ။ ဒီနေ့ဟာ ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့ (World Kidney Day) ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကလည်း Bridge the knowledge gap to better kidney care ဖြစ်ပါတယ်။ အသိပညာများများပေး ကျောက်ကပ်ပိုမို ကျန်းမာရေး လို့များ ဆိုရမလား။ ကျောက်ကပ် ကျန်းမာအောင် သွေးပေါင်မတက်အောင် ဂရုစိုက်ပါ။ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ။ ဆေးလိပ်ဖြတ်ပါ။ ရေများများသောက်ပါ (မိမိမှာ ဖောရောင်နေတာ မရှိရင်)။ သွေးချိုဆီးချို ဂရုစိုက်ပါ။ အငန် ရှော့စားပါ။ အဝမလွန်အောင် ဂရုပြုပါ။ မလိုအပ်တဲ့ တိုင်းရင်းဆေး၊ အကိုက်အခဲပျောက်ဆေးတွေ ရှောင်ပါ။ မိမိမှာ မျိုးရိုးရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ သွေးတိုး/ဆီးချို စတဲ့ ရောဂါအခံ တွေရှိရင် မဖြစ်မနေ သွေး/ဆီး စစ်ကြည့်ဖို့ မိမိဆရာဝန်ကို တိုင်ပင်ပါ။ ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိနေရင်တော့ မဖြစ်မနေ ကျောက်ကပ်ကုသမှု အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ်။ ကာကွယ်ခြင်း ဟာ ကုသခြင်းထက် ပိုပြီးထိရောက်ပါတယ်။ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ကျန်းမာခြင်း၊ ကျောက်ကပ်၏ ကျန်းမာခြင်း နဲ့ ပြည့်စုံကြပါစေ လို့ ကျောက်ကပ်ဆရာဝန်တစ်ယောက်အနေနဲ့ ဆုတောင်းလိုက်ပါတယ်။ ဒေါက်တာ ကျော်သူရိန်လွင် (ကျောက်ကပ် ဆရာဝန်) #Worldkidneyday #WKD2022 #drkyawthuyeinlwin

နာတာရှည်ကျောက်ကပ်ရောဂါကတော့ ဖြစ်ပြီဟေ့ ဆိုတာနဲ့ နောက်မဆုတ်တော့ပါဘူး။ အသက်ကြီးလာမှာကို တားမရသလို နာတာရှည်ကျောက်ကပ်ဝေဒနာရှင်ရဲ့ ကျောက်ကပ်ပျက်စီးသွားမှာကို ဘာနဲ့မှ တားလို့ မရပါဘူး။ မသကာ အရွယ်တင်အောင် အလှတွေပြင်၊ လေ့ကျင့်ခန်းတွေလုပ် လို့ ရသလို ကျောက်ကပ်ပျက်စီးတဲ့ နှုန်းထားကို နှေးနေအောင်ပဲ ‌ဆေးဝါးတွေ၊ အပြုအမူအနေအထိုင်တွေနဲ့ ကုသပေးလို့ ရပါတော့တယ်။ ဉပမာ- ၃၀ ဖိုး ပဲ အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်က တစ်နှစ်နေရင် ၂၀ ဖိုးပဲ ကျန်တော့မယ်ဆိုရင် သေသေချာချာ ကုသလို့ရှိရင် ၂၅ ဖိုး လောက် ကျန်နိုင်တာမျိုး လောက်အထိပဲ စွမ်းဆောင်ပေးနိုင်ပါတယ်။ အဲဒီ ကျန်နေတဲ့ ၃၀ ဖိုး ကို ၅၀ ဖိုး- ၆၀ ဖိုး ဖြစ်လာအောင် ကုသပေးလို့ မရနိုင်တော့ပါဘူးခင်ဗျာ။ အဲဒီတော့ နာတာရှည်ကျောက်ကပ်အားနည်းရောဂါ ဆိုတာ ဘာများပါလိမ့်။ နာတာရှည်ကျောက်ကပ်အားနည်းရောဂါ ဟာ ကနဉီးကာလတွေမှာ ဘာလက္ခဏာမှ မပြပါဘူး။ ကျွန်တော်တို့ ဆီးဆိပ်လို့ အလွယ်ပြောကြတဲ့ (သာမန်လူ နားလည်အောင် အလွယ်ပြောရရင်) Creatinine စစ်မကြည့်မချင်း မသိနိုင်ပါဘူး။ စက်ရုံတစ်ရုံမှာ အလုပ်သမား ၁၀၀ ရှိတယ် ဆိုပါစို့။ အင်တိုက်အားတိုက် အလုပ်လုပ်နေကြတယ်။ အလုပ်သမား ၂၀ လောက်က အလုပ်ထွက်သွားတယ်။ ၈၀ ပဲ ကျန်တယ် ဆိုပါစို့။ အဲဒီ ကျန်နေတဲ့ ၈၀ က လူ ၁၀၀ စာ ကို ဟန်မပျက် ထိမ်းပြီး အလုပ်လုပ်ပေးနေနိုင်သေးတယ်။ မသိသာသေးဘူး‌ပေါ့လေ။ ဒါပေမယ့် အဲဒီ လူ ၈၀ ကလည်း ၁၀၀ စာ မလုပ်နိုင်တော့ဘဲ တဖြည်းဖြည်းနဲ့ လေျာ့လေျာ့လာမယ်ဆိုရင် လူ ၅၀ လောက်ပဲ ကျန်တော့တဲ့ အချိန်မှာတော့ အဲဒီ စက်ရုံက မနိုင်မနင်း ဖြစ်လာပါပြီ။ လူ ၅၀ ကပဲ အရင် လူ ၁၀၀ စာ လုပ်ခဲ့တဲ့ အလုပ်တွေကို သိမ်းကြုံးလုပ်ရတော့တာကိုး။ အဲဒီ ကျန်နေတဲ့ လူ ၅၀ ကနေ.. ၃၀.. ၂၀ အစရှိသဖြင့် နည်း နည်း လာမယ် ဆိုရင်တော့ နောက်ဆုံး ၁၀ ယောက် လောက်ပဲ ကျန်တော့တဲ့ အခါ စက်ရုံအလုပ်လုပ်ဖို့ မလွယ်တော့ပါဘူး။ ဒီသဘောပါပဲ။ နာတာရှည်ကျောက်ကပ်အားနည်းရောဂါ ရဲ့ ကနဉီး အဆင့်တွေမှာ ကျောက်ကပ်ရဲ့ အလုပ်လုပ်ပေးနေတဲ့ Nephron လို့ ခေါ်တဲ့ ယူနစ်သေးသေးလေးတွေက အလုပ်တွေပိုလုပ်ပေးနေလို့ မသိသာသေးပါဘူး။ ရောဂါ လက္ခဏာလည်း မပြသေးပါဘူး။ သူတို့တွေ တဖြည်းဖြည်းနဲ့ လျော့ကျလာတဲ့ အခါမှာတော့ ကျောက်ကပ်အားနည်းတဲ့ အဆင့်က ပိုပြီး ဆိုးလာပါတော့တယ်။ အဲဒီယူနစ်ကလေးတွေဟာ အနာရွတ်တွေ ဖြစ်သလို ကျောက်ကပ်ထဲမှာ ရှုံတွပျက်စီးကုန်တာ ဖြစ်တဲ့အတွက် ဘယ်တော့မှ ပြန်ကောင်းမလာနိုင်တော့ပါဘူး။ ညှိုးသွားတဲ့ ပန်းကလေး ဟာ ဘယ်တော့မှ ပြန်လန်းမလာနိုင်တော့သလိုပါပဲ။ တချို့က ပြောကြတယ်။ ဆီးတွေလည်း သွားတယ်။ ဖော လည်း မဖောဘူး။ ကျောက်ကပ်အားနည်းတာ ဟုတ်ပါ့မလား တဲ့။ ဆီးတွေနည်းတယ်၊ ဖောတယ် ဆိုတာ ကနဉီး ကျောက်ကပ်ရောင်တာ၊ ရုတ်တရက် ကျောက်ကပ်ပျက်တဲ့ အနေအထားတွေမှ ချက်ချင်းလက်ငင်း ဖြစ်တတ်ပေမယ့် နာတာရှည်ကေျာက်ကပ်အားနည်းရင်တော့ တော်တော်လေး ‌နောက်ကျမှ သိတတ်တာမျိုးပါ။ တချို့ကလည်း ကျွန်တော်/ကျွန်မ က ခါးမှ မနာတာ။ ကျောက်ကပ်ပျက်တယ်ဆိုတာ ဟုတ်ပမလား တဲ့။ ကျောက်ကပ်ကြောင့် ခါးနာတယ်ဆိုတာ ကျောက်ကပ်မှာ ကျောက်တည်တာတို့၊ ကျောက်ကပ်မှာ ပိုးဝင်ပြီး ပြည်ဝင်တာမျိုး (Pyelonephritis)၊အင်မတန် ရှားတဲ့ ကျောက်ကပ်ပုတ်တာမျိုးမှ နာတတ်တာမျိူးပါ။ နာတာရှည်ကျောက်ကပ်အားနည်းတာဟာ ခါးလည်း မနာတတ်ပါဘူး။ (တစ်ခုတော့ရှိတာပေါ့လေ။ သူ့ဟာသူ ကြီးပေါင်းတို့၊ သွေးကင်ဆာတစ်မျိုး (Myeloma) ကြောင့် အရိုးတွေ ကြွတ်ဆတ်ပြီး နာတာကြောင့် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်တာမျိုးက လွဲရင်ပေါ့) လက်တွေ့မှာ အတွေ့ရအများဆုံးကတော့ ထိန်းမနိုင်သိမ်းမရ လေယာဉ်ပျက်ကျတဲ့အခါ (Crash Landing) ဘာမှလုပ်မရသလို မဖြစ်မနေ နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်မှ ကျောက်ကပ်ဆရာဝန် ဆီ ရောက်လာတဲ့ အခါ လူနာရဲ့ အနေအထားဟာ ပျက်ကျတဲ့လေယာဉ်ထဲက ခရီးသည် လို ဖြစ်နေတာမို့ (Crash Lander) လို့တောင် တင်စားခေါ်ဝေါ်နေကြပါပြီ။ နာတာရှည်ကျောက်ကပ်အားနည်းရောဂါဆိုတာ သွေးချို၊ဆီးချိုရောဂါ ကြာလာပြီဆိုရင်၊ သွေးတိုးရောဂါ ကြာလာပြီဆိုရင် ဖြစ်လာတတ်တာကြောင့် သတိထားဖို့လိုပါတယ်။ ဒါ့အပြင် အရေပြားလေးဖက်နာလို ရောဂါမျိုးတွေ၊ ကျောက်ကပ်ရောင်ရောဂါမျိုးတွေကို သေသေချာချာကုသမှု မခံယူခဲ့ရင် သေချာပေါက် ဖြစ်လာမယ့် ရောဂါပဲ ဖြစ်ပါတယ်။ အဓိက က တော့ မိမိမှာ သွေးတိုးရှိရင်၊ သွေးချိုဆီးချိုရှိရင်၊ နှလုံးရောဂါရှိရင် ကျောက်ကပ်ဆီးဆိပ်ကို မဖြစ်မနေ စစ်ကြည့်ပါ။ အနည်းဆုံး ၆ လ တစ်ခါ စစ်ကြည့်ပါ။ စျေးမကြီးပါဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက သွေး မစစ်ချင်ကြဘူး။ တစ်ချို့ က နှမြောတယ်။ တစ်ချို့ကျတော့ ရောဂါ သိမှာ ကြောက်ကြတယ်။ တကယ်တော့ ရောဂါ ဆိုတာ စောစောသိလေလေ ကုသဖို့ အချိန် ပိုရ လေလေပါပဲ။

နာတာရှည် ကျောက်ကပ်အားနည်း‌ရောဂါ ကြောင့် ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်အစားထိုးထားရာကနေ အဲဒီအစားထိုးထားတဲ့ ကျောက်ကပ် ပြန်ပြီးပျက်စီးသွားလို့ ကျောက်ကပ်ပြန်ဆေးနေရတဲ့ လူနာတစ်ယောက်နဲ့ ကျွန်တော်စကားပြောကြည့်ဘူးတယ်။ အဲဒီတုန်းက အဲဒီလူနာက သူကျောက်ကပ်ဆေးဖို့လာရင်း သူ့အလှည့် မရောက်သေးလို့ ထိုင်ခုံကို မှီပြီးနားနေရင်း သူ့အလှည့်ကို စောင့်နေတဲ့အချိန်..။ နေကောင်းရဲ့လား လို့ ကျွန်တော်မေးတော့ ကျောက်ကပ်မဆေးရသေးတော့ လေးတေးတေးကြီးပေါ့ ဆရာရယ်တဲ့။ ဆေးပြီးရင်တော့ နေလို့ထိုင်လို့ ကောင်းပါတယ်တဲ့။ သူကဆက်ပြောတယ်။ ဒါပေမယ့် ခဏပဲ ဆရာ တဲ့။ တစ်ရက် နှစ်ရက် ဆို နေရတာ လန်းလန်းဆန်းဆန်း မရှိတော့ဘူး။ ဆရာရယ်.. ကျွန်တော်ကျောက်ကပ်ပြန်အစားထိုးချင်တာ။ ပိုက်ဆံ စုလိုက်ဉီးမယ်။ ကျောက်ကပ်အစားထိုးလိုက်တဲ့ အရသာ က ဘာနဲ့မှ မတူဘူး။ လေထဲမှာ လမ်းလျှောက်နေရသလို ပေါ့ပါးနေတာပဲ။ ထမင်းတွေလည်း စားလို့ကောင်း၊ အသက်ရှုလို့လည်း ဝ တယ်။ နေလို့ထိုင်လို့ အရမ်းကောင်းတာပဲ.. ဆရာရယ်.. တဲ့...။ သူပြောတာကို ကျွန်တော် နားထောင်နေရင်းနဲ့ သူ့ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် သူ ဘယ်လိုခံစားရတယ်ဆိုတာ ကျွန်တော် ဘယ်လိုနည်းနဲ့မှ သေချာမသိနိုင်ဘူး။ ကျွန်တော်မှ မခံစားဘူးပဲကိုး။ ကျွန်တော်တို့သိထားတဲ့ ဆီးဆိပ်တွေ (Urea) တွေ၊ Creatinine တွေ၊ အက်ဆစ်ဓါတ်တွေ၊ ကျန်တဲ့ ကျောက်ကပ်ပျက်စီးလို့ မစွန့်ထုတ်နိုင်တဲ့ အကြွင်းအကျန် အညစ်အကြေးတွေ ခန္ဓာကိုယ်မှာ စုပုံလာတဲ့အခါ လူတစ်ယောက် ဘယ်လိုခံစားရမလဲဆိုတာ ဝေဒနာရှင်ကိုယ်တိုင်ပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့တတွေ ဖျားဘူး၊နာဘူးကြတာပဲ။ ဖျားကြနာကြတဲ့အခါ အမြန်ဆုံး ပြန်သက်သာချင်ကြတာပဲ မဟုတ်လား။ တကယ်လို့သွားကိုက်တဲ့ ဝေဒနာကိုခံစားဘူးတယ်ဆိုရင် အဲဒီဝေဒနာကို အမြန်ဆုံး သက်သာချင်တဲ့ ဆန္ဒဘယ်လောက် ပြင်းပြသလဲ ဆိုတာ ကိုယ်တိုင်သွားကိုက်ဘူးတဲ့သူဆိုရင် ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။ ဒါပေမယ့်... နာတာရှည်ကျောက်ကပ်အားနည်းတဲ့ရောဂါ ဟာ သာမန်တုပ်ကွေးမိ ဖျားနာသလို၊ သွားကိုက်သလိုမျိုး မဟုတ်ပါဘူး။ ရုတ်တရက် ပျက်စီးတဲ့ ကျောက်ကပ်ရောဂါ (Acute Kidney Injury) ဆိုရင် ပြန်ကောင်းနိုင်ပေမယ့် တကယ်သာ နာတာရှည်ကျောက်ကပ်‌ဝေဒနာ ခံစားရပြီဆိုရင် အဲဒီကျောက်ကပ်ဟာ NO U-TURN ဘယ်တော့မှ ပြန်ပြီးကောင်းလာမှာ မဟုတ်တော့ပါဘူး။ အရှင်းဆုံးပြောရရင်တော့ အခုထိ.. ဘယ်နိုင်ငံမှာမှ ကုရာနတ္ထိ ဆေးမရှိ တဲ့ ရောဂါဆိုး လို့ပဲ ပြောရမှာပါပဲ။ ကမ္ဘာ့လူဉီးရေရဲ့ ၁၅ ရာခိုင်နှုန်းနီးပါးဟာ နာတာရှည် ကျောက်ကပ်အားနည်းရောဂါ ခံစားနေရပါတယ်။ လူ ၁၀၀ မှာ ၁၅ ယောက်လောက်ဟာ နာတာရှည်ကျောက်ကပ်အားနည်းနေကြတယ်လို့ အကြမ်းဖျဉ်း ပြောလို့ရပါတယ်။ ကျောက်ကပ်ဆေးတယ်လို့ အရပ်ထဲမှာ အလွယ်ပြောကြတဲ့ (Hemodialysis) ကျောက်ကပ်သွေးသန့်စင်တာပဲဖြစ်ဖြစ်၊ (Peritoneal Dialysis) ဝမ်းဗိုက်အမြှေးပါးက သွေးသန့်စင်တာပဲ ဖြစ်ဖြစ်၊ ကိုယ့်ခန္ဓာကိုယ်ထဲက သဘာဝကျောက်ကပ်က အလုပ်မလုပ်နိုင်လို့ ကိုယ်စားဝင်အလုပ်လုပ်ပြီး ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်အတောက် အညစ်အကြေးတွေကို စွန့်ထုတ်ပေးရုံပဲ တတ်နိုင်တာပါ။ ပျက်စီးသွားတဲ့ ကျောက်ကပ်ကို ပြန်ပြီးကောင်းလာအောင် ကုစားပေးတာ မဟုတ်ပါဘူး။ ဒါကို တစ်ချို့ဆရာဝန်တွေတောင် နားလည်မှုလွဲနေကြတာ ရှိပါတယ်။ ကုန်ကျစားရိတ်လည်း အင်မတန်များပါတယ်။ အနည်းဆုံး တစ်လကို ၅ သိန်း လောက်မှ အကုန်မခံနိုင်ရင် ကျောက်ကပ်ဆေးဖို့ မလွယ်ပါဘူး။ ဒါတောင် အနည်းဆုံး စျေးကို တွက်ပြထားတာပါ။ ဘယ်လိုပဲ ကျောက်ကပ်ဆေးဆေး ကိုယ့်သဘာဝကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြည့်မှီအောင် မစွမ်းဆောင်နိုင်တာတေွ အများကြီးရှိပါသေးတယ်။ ကျောက်ကပ်လဲတယ်လို့ ပြောကြတဲ့ ကျောက်ကပ်အစားထိုးတယ် ဆိုတာကလည်း ကျောက်ကပ်အကောင်း (အသစ်) တစ်လုံး ထည့်လိုက်တာဖြစ်လို့ ပုံမှန်အတိုင်း စားနိုင်သွားနိုင်လာနိုင်တယ် ဆိုသည့်တိုင်အောင် အဲဒီ ကျောက်ကပ်အသစ်ကလေး ပျက်မသွားရအောင် နေ့စဉ် ဆေးဝါးတွေ ရာသက်ပန်သောက်သုံးနေရတာပါ။ အဲဒီဆေးတွေကြောင့်လည်း ကိုယ်ခံအားကျဆင်းနေတာဖြစ်တဲ့အတွက် လူမမာတပိုင်းလို့ ဆိုရင် မမှားပါဘူး။ ဒီလောက်ဆိုရင် နာတာရှည်ကျောက်ကပ်ရောဂါ ဆိုတာ ပေါ့‌ပေါ့လေးမဟုတ်မှန်း သိလောက်ပြီထင်ပါတယ်။ ကျွန်တော်တို့ဆီမှာ နှလုံးရောဂါဖြစ်မှာ၊ ကင်ဆာ ဖြစ်မှာ သိပ်ကြောက်ကြတယ်။ ဘီပိုး စီပိုး ကူးစက်ခံရမှာလည်း သိပ်ကြောက်ကြပါတယ်။ အဲဒီရောဂါတွေဟာ ကြောက်ဖို့ကောင်းတာမှန်ပါတယ်။ ဒါပေမယ့် ရောဂါရဲ့ အတိမ်အနက်ပေါ်မူတည်ပြီး မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်။

လူတစ်ယောက်အတွက် လေ့ကျင့်ခန်းလုပ်တာနဲ့မလုပ်တာနဲ့ ဘယ်လိုကွာခြားသွားနိုင်လဲ။ ဖတ်ကြည့်ပါ အကျိုးမယုတ်ပါဘူး +++++++ one day အနေနဲ့ကြည့်မယ်ဆိုရင် လေ့ကျင့်ခန်း/ အားကစားလုပ်တာ မလုပ်တာ ဘာမှကွာခြားမှုမရှိပါ။ one month အနေနဲ့ကြည့်မယ်ဆိုရင်လည်း ကွာခြားမှု မရှိသလောက်လို့ပြောလို့ရသေးတယ်။ one year အနေနဲ့ကြည့်မယ်ဆိုရင် ကွာခြားမှုကသိသာပေမဲ့ ၊ အရမ်းကြီးထူးခြားမှုမရှိသေးဘူး။ ကဲ....... 5 years ကြာလာပြီဆိုရင် ခန္ဓာကိုယ် ၊ စိတ်နေစိတ်ထား (ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ) ကွာခြားမှုတော်တော်ရှိလာပါပြီ ။ 10 years တာအချိန်ကြာလာပြီဆိုရင် မတူညီတဲ့ ဘဝ ၂ မျိုး ဖြစ်သွားနိုင်တယ်။ - တချို့လူအပြင်ထွက်ရင် စက်ဘီးစီးထွက်လို့ရတယ်၊ တချို့ကျ wheel chair နဲ့ အပြင်ထွက်ရတယ်။ - တချို့လူက မနက် အိမ်ကအိမ်ယာပေါ်ကနိုးလာတယ်၊ တချို့ကျတော့ ဆေ.ရုံလူနာကုတင်ပေါ်ကနေနိုးလာရတယ်။ - တချို့လူ မနက်နိုးရင် အပြင်ထွက် လေကောင်းလေသန့်ရှူရင်းနဲ့ စက်ဘီးစီး၊ လမ်းလျှောက်ထွက်လို့ရတယ်။ တချို့ကျ နာကျင်တဲ့ဒဏ်နဲ့နိုးလာရပြီး ဆေ.ရုံရဲ့ပိုသ..တ်ဆေရည်အနံ့နဲ့သာတနေ့တာကိုဖြတ်သန်းရတယ်။ - တချို့အသက်ကြီးလာချိန် မိသားစုနဲ့ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ထမင်းဝိုင်းဖွဲ့ စကားလေးပြောပြီး တနေ့တာပြီးသွားတယ်။ တချို့ကျ လူနာကုတင်ပေါ်ပဲအိပ်နေရပြီး ဆရာဝန်၊ သူနာပြုတွေနဲ့ စကားပြော ကျန်ရှိနေသေးတဲ့ဘဝကိုဆက်လျှောက်သွားရတယ်။ လွပ်လပ်စွာ shar နိုင်ပါတယ် ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည် Credit မူရင်းရေးသားသူ

မီးစနဲ့ထိုးသလို အော်ငိုနေရတဲ့ #ဆီးကျောက်တည်ခြင်းဝေဒနာ‼️ 👉 ခါးကနေပေါင်ခြံခြားထိထိုးပြီးအောင့်တာ၊ 👉 ဆီးသွားရင်းလည်းသွေးစလေးတွေပါတယ် 👉 ချမ်းတုန်ပြီးလည်းဖျားတယ် #ဆီးကျောက်တည်တယ် လို့တော့ပြောတယ်။သေချာအောင်ထပ်စစ်ရမယ်တဲ့၊ ဘာလို့ဖြစ်ပြီး မဖြစ်အောင်ဘယ်လိုရှောင်ရမလဲ❓ #ဆီးကျောက်တည် တယ်ဆိုတာ တကယ်တော့ ကျောက်ကပ်ကစွန့်ထုတ်လိုက်တဲ့ အနည်အနှစ်လေးတွေများလာတဲ့အခါ ဆီးစွန့်တဲ့ လမ်းကြောင်းတစ်လျောက်မှာ အနည်ကျပြီး ကျောက်ဖြစ်လာတာပါ။အဲ့ လမ်းကြောင်းတလျောက်မှာမှ တချို့ကွေ့ကောက်တဲ့ နေရာ 3ခုမှာဆို အနည်ပိုကျတတ်လို့ အဲ့နေရာတွေမှာဆို #ဆီးကျောက် လေးတွေပိုဖြစ်တတ်ပါတယ်။ #ဆီးကျောက် ဖြစ်ပြီဆိုရင်တော့ တချို့လည်းဘာမှ မခံစားရပါဘူး၊ ကျောက်မဖြစ်သေးခင် အနည် အမှုန်ဘဝဆို ရေများများသောက်တာနဲ့ သက်သာသွားတတ်ပါတယ်။ အနည်အမှုန်ဘဝကျော်ပြီး ဆီးကျောက်ဘဝ ရောက်လာရင်တော့ 🔺 ခါးထဲကနေထိုးအောင့်ပါတယ်။အန်ချင်ပျို့ချင်တဲ့အထိကိုအောင့်ပါတယ်၊ တချို့ဆို နာတာကြီးက ခါးကနေ ပေါင်အတွင်းကြားအထိကို အောင့်ပါတယ်။တချို့တွေတော့ နံရိုးနောက်ကနေလိုမျိုးအောင့်ပါတယ်၊ ဆီးကျင်ပါတယ်၊ ဆီးအရမ်းသွားချင်တယ်၊ မပေါက်နိုင်ဘူး စတာတွေခံစားရပါတယ်။ 🔺 ဒီရှိနေတဲ့ကျောက်က ဆီးစွန့်တဲ့လမ်းကို အနှောင့်အယှက်ဖြစ်စေတဲ့အခါ ဆီးပိုး ပိုဝင်လွယ်ပါတယ်၊ ဒါဆို ဖျားမယ်၊ ချမ်းတုန်မယ် စတာတွေဖြစ်တတ်ပြီး ကျောက်ကပ်ပြည်တည်ခြင်းမျိုးတွေပါ ဆိုးဆိုးဝါးဝါးဖြစ်တတ်ပါတယ်။ #ကျောက်ကိုသေချာအောင်ဘယ်လိုရှာကြည့်ကြမလဲ?? 👉 အရင်ဆုံးတော့ သွေးတွေစစ်ပါတယ်၊ တချို့ဓာတ်တွေများနေရင် ဆီးကျောက်တည်တာ ပိုဖြစ်တတ်လို့ပါ၊ ဥပမာ Calcium ကယ်လဆီယမ်၊ ယူရစ်အက်ဆစ် uric acid 👉 ပြီးရင်တော့ ကျောက်ကိုမြင်နိုင်ဖို့ ကွန်ပြူတာဓာတ်မှန် ရိုးရိုးဓာတ်မှန်ရိုက်တာတွေလုပ်ပါတယ်။ #ကျောက်ထပ်မဖြစ်အောင်‌ေကာဘာတွေရှောင်ရမလဲ❓ ၁) ရေများများသောက်ပါ။ ၂) ဆား အငံ လျော့စားပါ။ ၃) အသားဓာတ် ညီမျှရုံသာစားပါ၊ အသားကင်တွေ သိပ်မစားပါနဲ့ ။ ၄) Calcium နည်းတာကော များတာကောက သူ့နည်းသူဟန်နဲ့ဆီးကျောက်ပိုဖြစ်စေပါတယ်၊ ဒါကြောင့် ကယ်လဆီယမ်တွေ ပမာဏတအားများတဲ့ Vitamin D တွေ Vitamin C တွေ ပမာဏတအားများတာတွေကို တချိန်လုံးစွဲသောက်ခြင်းတွေကိုရှောင်ပါနော်။ ၅) တချို့ဆီးဆေးသောက်နေရတဲ့ လူနာတချို့မှာလည်းကျောက်တည်ဖို့ အခွင့်အလမ်းများတတ်သောကြောင့် ဆရာဝန်နဲ့တိုင်ပင်ပါနော်။ ၆) ယူရစ်အက်ဆစ်များရင်လည်းဆီးကျောက်တည်တတ်တဲ့အတွက် ယူရစ်အက်ဆစ်များတဲ့လူနာတွေ သတိထားရပါမယ်။ #ဆီးကျောက်တည်ခြင်း က အဖြစ်လည်းများတတ်ပြီး စောစောသိရင် ဆီးလမ်းကြောင်းပိုးမဝင်အောင်၊ ပိုးဆိပ်မပျံ့အောင်ကုလို့လည်းရပါတယ်၊ တချို့လည်းသောက်ဆေးလောက်နဲ့တင် အဆင်ပြေသွားပါတယ်၊ တချို့လည်းဆေးပေးပြီးမသက်သာရင် ချေလို့ရလောက်တဲ့ ကျောက်အရွယ်အစားလည်းဖြစ်ရင် အသံလှိုင်းနဲ့ကျောက်ခြေနည်း #ESWL လိုမျိုးတွေ၊ မှန်ပြောင်းကြည့်ပြီးကျောက်လေးကို ဆွဲဖမ်းလိုက်တာမျိုး procedure တွေလည်း ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ ပြုလုပ်ညွှန်ကြားလေ့ရှိပါတယ်။ 🔺🔺🔺 ဒါဆိုနိဂုံးချုပ်ရရင် ကျောက်မတည်အောင် ရေများများသောက်မယ် Vitamins တွေ ကယ်လဆီယမ်တွေကို ကာလရှည်ကြာစွဲမသောက်ဘူး ❌ ဆီးကျင်တယ် ခါးကိုက်တယ် ဖျားတယ်ဆိုရင်မပေါ့ဆပဲ ဆရာဝန်နဲ့သေချာပြကြပါနော်။ ကျောက်ထဲမှာ တန်ဖိုးမရှိဆုံး လူကို ဘေးဥပါဒ်ဖြစ်စေဆုံး #ဆီးကျောက် တော့ မဖြစ်အောင်ကော ဖြစ်ရင်လည်းစနစ်တကျကုကြရပါမယ်။ အားလုံးနေကောင်းကျန်းမာကြပါစေ Credit https://m.facebook.com/story.php?story_fbid=pfbid02w74kDyniD72qV2GPCNv1SJ6U3LptUQ6fES9HQ4ejEidJyLHiJAZmYyhuCmcBfkYPl&id=103078601806123&mibextid=Nif5oz

လက်ချောင်းများကိုနှိပ်နယ်ခြင်း

ခြေသလုံးကြွက်သားအညောင်းပြေအလွယ်နှိပ်နည်း