en
Feedback
Ko Zin Zae ( Active English )

Ko Zin Zae ( Active English )

Open in Telegram

ကြယ်ငါးကောက်သူ တစ်ယောက်မျှသာ

Show more
4 350
Subscribers
No data24 hours
-137 days
-6230 days
Posts Archive
Project / Personal Assistant အနေနဲ့ ကူပေးဖို့ လှမ်းပြောထားသူတွေကို စာပြန်ဖို့ ၊ စကားပြန်ပြောဖို့တွေ ကျန်နေသေးတာ အားနာပါတယ်ဗျာ … ဒီ ၃ ရက် အတွင်း … မေး-ဖြေ ၊ အလုပ် ခွဲပေးပါ့မယ် ။ ဒီစာကို တွေ့ရင် Screenshot ရိုက်ပြီး တယ်လီကို လာပို့ပေးပါ ။ သေချာလေး Follow လုပ်ပြီး စောင့်နေတဲ့ လူတွေကို ပို ဦးစားပေးလိုက်ချင်လို့ပါ ။ ~ ကိုဇင်ဇေ •••••• #Appလမ်းညွှန် 👉 နွေဦး Video app က Videos တွေကို ( ယူ - ကျုမှာ တင်ထားတာ မဟုတ်လို့ ) အဆုံးထိ မကြည့်လဲ ရကြောင်း ၊ Video တစ်ခုကို နည်းနည်းကြည့်လိုက် ၊ နောက် Video ကို ပြောင်းကြည့်လိုက် လုပ်တာက ( ကြားမှာ ကြော်ငြာ ပို ဝင်တာမို့ ) ငွေပိုရကြောင်း P 2 D က တင်ထားတာလေး သိကြစေချင်ပါတယ် ။ ယူ - ကျု ချယ်နယ်တွေက Videos တွေတော့ အဲ့လို ဝင်ရုံလေး နဲ့ ပြန်ပြန်ထွက်တာမျိုး မလုပ်ကြနဲ့နော်ဗျ ။ ချယ်နယ် ကိုပါ ( ဆိုးကျိုး ) ထိခိုက်စေပါတယ် ။

နွေဦး ဖတ်စာမှာ ရုပ်ရှင် ရီဗျူး ၊ ရုပ်ရှင် ခံစားမှု အစီအစဉ်လေးတွေ စ တင် ပေးနေပါပြီ … ပွဲဦးထွက် အနေနဲ့ “ဉာဏဗလ” ဆိုတဲ့ ညီလေး တစ်ယောက် ရေးတဲ့ စာလေး ကို စ ပြီး တင်ပေးထားတယ် … ဆရာ ဖြိုးက တိုင်ပင်သေးတယ် … အဲ့ဒါ သူ့ကလောင်ခွဲ ဆိုတာ ကြေညာရင် ကောင်းမလား ၊ မကြေညာပဲ ထားရင် ကောင်းမလား … တဲ့ … ဆရာ့ သဘော လို့ပဲ ကျွန်တော်က ပြောလိုက်ပါတယ် 😅 > https://springreader.com/2023/07/01/nyarnabala_juvenile_justice/ < ဖတ်ပြီး - ခံစားပြီး ရင် … လမ်းကြုံ အလုပ် လုပ်ပေးသွားဦးနော် ဗျ 💪

ဒီ ဆောင်းပါးလေး မဖတ်ရသေးရင် ဖတ်သင့် ၊ ဖတ်ပြီးရင် တော် လှန် အမျိုးသမီးတွေကို အားပေး ၊ ဂုဏ်ပြုတဲ့ အနေနဲ့ ရှဲ သင့် … လို့ တိုက်တွန်းပါရစေဗျာ … စာဖတ်ပြီး ရင် ကစ် စရာ ရှိတာ ကစ် ပေးသွားဖို့လည်း မမေ့ပါနဲ့ဦး 💪 👉 https://springreader.com/2023/06/29/phiothiha_women_in_revolution 👈

Assistant အနေနဲ့ ကူပေးဖို့ လှမ်းပြောထားတဲ့ သူတွေကို ကျွန်တော် အချိန်ယူ ပြန် စကား ထပ်ပြောပေးပါ့မယ် … ( Voice Call ခေါ်လို့ ရမယ့် နေ့/အချိန်လေးတွေ ပြောပေးထားစေချင်ပါတယ် ) ချေနေတာ မဟုတ် ၊ စာ ဝင် များလို့ ရယ် … ဘယ်လို လူတွေကို ဘယ် အပိုင်းတွေ ကူခိုင်းရမလဲ ဆိုတဲ့ စနစ်ကို သေချာ စဉ်းစားနေလို့ရယ်ပါ … ❗️❗️❗️ ဆက်သွယ်ထားသူတွေ အနေနဲ့ … ၁။ လိုအပ်ရင် Group နဲ့ အလုပ် လုပ်လို့ ရနိုင်လား … ဆိုတာလေး ထပ် ပို့ပေးထားစေချင်ပါတယ် ( လုံခြုံရေး ပို စိတ်ချရအောင် Group ထဲမှာ အကောင့်တုပဲ သုံးလည်း ရပါတယ် ) ( လုံခြုံရေး အရ အဆင်မပြေမှာစိုးလို့ ) Group နဲ့ လုပ်လို့ အဆင်မပြေပဲ ကျွန်တော်နဲ့ပဲ သီးသန့် ချိတ်လုပ်ချင်တယ် ဆိုလည်း အဲ့လိုပဲ လုပ်ချင်ကြောင်း စာ ထပ်ပို့ပေးထားစေချင်ပါတယ် ။ ၂။ ကိုယ့် အကြောင်း ( ပညာရေး ၊ အလုပ်အကိုင် ၊ တခြား ကျွမ်းကျင်မှု ၊ အတွေ့အကြုံ တလရမှာ ပါဝင်ခဲ့-ပါဝင်နေပုံ ၊ လက်ရှိမှာ ပြည်တွင်း - ပြည်ပ ဘယ်မှာရှိ ၊ အင်တာနက်ကို ဘယ်လို သုံးနေ ) စတာလေးတွေ ကို < လုံခြုံရေးအရ အဆင်ပြေသလောက် > သေချာ ပို့ပေးထားစေချင်ပါတယ် ။ ဒါမှ ဘယ် Project ရဲ့ ဘယ် အပိုင်းကို ကူခိုင်းရမလဲ ဆိုတာ ကျွန်တော် သေချာ စဉ်းစားပေးနိုင်မှာ မို့ပါ ။ ( ဘယ် Project မှာ ဘာတွေ ကူချင် - ကူနိုင်ပါတယ်လို့ ကိုယ်တိုင်က တောင်းဆိုထားလည်း ရပါတယ် ) ၃။ Assistant တွေ သိစေချင်တာ သီးသန့် တင်ပေးထားမယ့် တယ်လီ ချယ်နယ်လေး တစ်ခု ထပ်လုပ်ပေးထားပါ့မယ် ။ ( အဲ့ Channel ထဲ ထည့်ပေးဖို့ တယ်လီကနေ သီးသန့် လာပြောပေးပါ ) ကျွန်တော့် Wall မှာက တခြား အကြောင်းအရာတွေနဲ့ ဆိုတော့ ရောနေပြီး ရှာရခက်မှာ စိုးလို့ပါ ။ တကယ် ကူပေး ချင်တယ်ဆို အဲ့ Channel ကို သေချာ Join ထားပြီး အနည်းဆုံး ၂ ရက် ၃ ရက် ၁ ခါတော့ ဝင်ကြည့်ပေးစေချင်ပါတယ် ။ ကိုယ်နဲ့ ဆိုင်တာဆို တန်းသိအောင်ပေါ့ … ( တာဝန်များများ ၊ သေချာ ယူထားပေးပြီးသူတွေကိုတော့ တစ်ဦးချင်း ကို သေချာ လိုက်ပြောပေးနိုင်ပေမယ့် ကျန်သူတွေကိုကျ အဲ့လို လိုက်ပြောပေးနိုင်ဖို့ မသေချာလို့ပါ ) •••••• တလရ အတွက် တတ်နိုင်သလောက် လုပ်ပေးနေသူချင်း နိုင်တာ ကူပေးချင်လို့ ဆက်သွယ်ပေးကြသူတွေ အားလုံးကို ကျေးဇူးပါ … ~ ကိုဇင်ဇေ

က လစ် နဲ့ ပက်သက်လို့ ( ကျွန်တော့် အနေနဲ့ ) အဓိက အာရုံ စိုက်စေချင်တာ ၅ ဖွဲ့ ရှိပါတယ် ။ ( ကျန်တဲ့ အဖွဲ့တွေ အရေးမကြီးဘူးလို့ မဆိုလိုပါဘူး ၊ အချိန်အကန့်အသတ်အရ ဦးစားပေးသတ်မှတ်ပေးစေချင်တဲ့ သူတွေ အတွက် ရည်ရွယ်တာပါ ။ ) အစကတော့ ဒီ ၅ ဖွဲ့ကို ဘာကြောင့် ရွေးရတယ် ဆိုတာ အားသာချက် ၊ အားနည်းချက်တွေနဲ့ အသေးစိတ် ရေးတင်ဖို့ စီစဉ်ထားပေမယ့် … အဲ့လို ရေးရင် ထည့်အညွှန်မခံရတဲ့ အဖွဲ့တွေ နဲ့ သူတို့ရဲ့ အမာခံ ပရိသတ်တွေ စိတ်မကောင်းဖြစ်ကြမှာ စိုးလို့ မရေးတော့ပါဘူး ။ ကလစ် အဖွဲ့ ၅ ဖွဲ့ ၊ ကလစ် စရာ ၁၀ မျိုး ၊ ၁ မျိုးကို ၁၀ မိနစ် စီ နဲ့ အချိန် မိနစ် ၁ ရာ ( ၁ နာရီခွဲ ကျော် ) စာ စီပေး လိုက်ပါတယ် ။ < ၁ နာရီလောက်ပဲ အချိန်ပေးနိုင်ရင် ၁ မျိုးကို ၅ မိနစ်ပဲ အချိန်ပေးပေါ့ဗျာ … > ( ကျွန်တော် ညွှန်ပေးတဲ့ အတိုင်း က လစ် ချင်တယ်ဆိုတဲ့ သူတွေ အဲ့လို ၁ ကျော့ ကျော့ပြီးမှပဲ ကိုယ် သန်ရာ တစ်ခုခုကို ပို က လစ်တာ ၊ တခြား အဖွဲ့တွေ ရဲ့ App/Web/Tube တွေကို မျှ က လစ်တာမျိုး လုပ်ဖို့ အကြံပေးချင်ပါတယ် ။ ရင်းနှီး မြှုပ်နှံမှု အကြောင်း ဆွေးနွေးကြရာမှာ ၁။ ကြက်ဥ အကုန်လုံးကို ခြင်း တစ်ခြင်း ထဲ စုထည့်ပြီး သေချာ စောင့်ကြည့်တဲ့ နည်းနဲ့ ၁။ ခြင်း များများထဲ ကို ကြက်ဥတွေ ခွဲဖြန့် ထည့်ထားတဲ့ နည်း … ၂ ခု အကြား … မျှခြေကို ( က လစ် Community အတွက် ) ကျွန်တော် လေ့လာထားမိသလောက်နဲ့ စိစစ် အကြံပေးထားရုံပါပဲ ။ ကိုယ် ယုံကြည်ရာ ၊ အားသန်ရာကို ပို အား ထည့်နိုင်ပါတယ်ဗျာ ) 👉👉👉 ၁။ ကိုတွတ်ရဲ့ P-DF or WOH Game + အသစ် လုပ်နေတဲ့ ၊ ကြော် ငြာ မငြိမ်သေးပေမယ့် အလားအလာ သိပ်ကောင်းတဲ့ App ၂။ ကိုသာဒင် ရဲ့ Tha Din + The Daily News ၃။ ကိုကလစ် ရဲ့ အိမ်ပြန်လမ်း App + Web ( ကိုယ်အဆင်ပြေတာ ) တစ်ခုခု ၄။ P2D ရဲ့ Nway Oo Video + Nway Oo Candy ၅။ ကိုပဒေသာ တို့ ရဲ့ Padaythar P2P ယူ-ကျု + Paydaytharpin Channel 2 ယူ-ကျု •••••• ဒါပါပဲဗျာ … လမ်းတူရင် - အလုပ်အတူလုပ်ရင်း ဆုံကြတာပေါ့ … ငါတို့ လမ်းတူတယ်နော် … ဆိုပြီး အရိပ်ထဲက တော့ ထိုင် စောင့် မနေကြပါနဲ့ … လမ်းက တူတူ ဖောက်ရဦးမှာ ကိုး … ~ ကိုဇင်ဇေ

ဆက်သွယ်ရန် တယ်လီလင့် = https://t.me/kozenith

Assistant အဖြစ် ကူပေးချင်တယ် ဆိုပြီး ဆက်သွယ် ဖူးတဲ့ သူတွေ … ခု ကူချင် ၊ ကူနိုင်သေးရင် တစ်ချက် ပြန် ဆက်သွယ်ပေးကြပါဗျာ … ( အရင်က ဆက်သွယ်ထားသူတွေကို တစ်ဦးချင်း ပြန်လိုက် မမေးနိုင်တော့လို့ Post ပဲ တင်လိုက်ရတာပါ ။ ) ကြားထဲမှာ ကူပေးနေတဲ့ ညီ/ညီမ တစ်ချို့ အကြောင်းကြောင်း ကြောင့် အရင်လောက် အချိန်မပေးနိုင်ကြတော့လို့ပါ ။ ( ကိုယ်က အသစ်တွေ တိုးလုပ်မိချိန် … ပြန့်နေတာတွေ ပြန်စုတော့မယ့် အချိန်မှ သူတို့ က ကိုယ့်ကို ချေ - ချေ သွားကြတာ … ကြေကွဲ … 🫤 တကယ်တော့ သူတို့ လိုအပ်ချက် ပဲ မဟုတ်ပါဘူး … ကျွန်တော် ကိုယ်တိုင်က တာဝန်သေချာ ခွဲပေးဖို့ကို လုံခြုံရေး + ကျွမ်းကျင်မှု + သူတို့ ပေးနိုင်တဲ့ အချိန် တွေ နဲ့ ချင့်ချိန် စီမံရာမှာ အားနည်းပြီး … သေချာ မပြော - မတွန်းပေးနိုင် ဖြစ်သွားခဲ့လို့ပါ ။ အပြန်အလှန် အားနာနေကြရတာ များလာတာမျိုးနဲ့ အလုပ် ကို အဆက် ပြတ်ပြတ်သွားကြတာပါ ။ ) •••••••• တစ်နေ့ အနည်းဆုံး နာရီဝက် - ၁ နာရီ ၊ တစ်ပတ် ၅ ရက်လောက် ကူပေးနိုင်ရင် ရပါပြီ ။ •••••••• အရင်ကတည်း က သိထား၊ ရင်းနှီး ၊ ယုံကြည်ရပြီးသားဆိုရင် Personal Assistant သဘော ကျွန်တော် လုပ်နေသမျှ Projects တွေနဲ့ ပက်သက်ပြီး စောင့်ကြည့် - သတိပေး ပေး ရတာမျိုး ကူပေး စေချင်တာပါ ။ အရင်ကတည်းက မေ့တတ်စ ပြုလာတဲ့ ကျွန်တော် … ဒီ ကာလထဲ ပိုပို ဆိုးလာတော့ … အားမနာတမ်း သတိပေးပေး နေမယ့် လူ လိုတာပါ ။ ••••••• အဲ့လောက် မသိ - မရင်းနှီး သေးရင်တော့ Project တစ်ခုချင်း အလိုက်ပဲ ကူပေးဖို့ တာဝန် ခွဲပေးပါ့မယ် ။ •••••• ခု ( လူသိထင်ရှား ) အဓိက လုပ်နေတဲ့ Project ကတော့ နွေဦး ဖတ်စာ ( Spring Reader ) ပါ ။ တလရ အကျိုးပြု စာတွေ တင်ပေးရင်း အဲ့အောက်မှာ က လစ် လင့်တွေ တွဲ ထည့်ပေးရင်း ကလစ် Community ကို ဝန်းရံပေးနေတဲ့ Project ပါ ။ အရင်က လုပ်နေခဲ့တဲ့ ၁။ သတင်းတို နဲ့ ဟောပြောပွဲမှတ်စုတို စုစည်းမှု Knowledge Warriors ၂။ နွေဦးရဲဘော်တို့ အတွက် အင်္ဂလိပ်စာ - EFR ( English for Revolutionaries ) ၃။ တလရ ဘက်က ကလေး/လူငယ်တွေ C-D-M တွေရဲ့ ပညာရေး အတွက် We Learn We Help ( လောလောဆယ်က အင်္ဂလိပ်စာ ပဲ စ ထားနိုင်သေးပေမယ့် … နောင်ကျ တခြား ဘာသာရပ် တစ်ချို့ ပါ ပါလာအောင် ကြိုးစားဦးမှာပါ ) ၄။ က လစ် Community ကို ဝန်းရံပေးနေမယ့် C-lick Buddies စတဲ့ Project ၄ ခုလုံး … ခု လုပ်နေတဲ့ Spring Reader မှာ စိမ့်ဝင် - ပါဝင်နေမှာပါ ။ ( လိမ်လည်မှု တွေကို သတိပေးတဲ့ Myanmar Scams Alert လည်း နောင်ကျ ပြန်ပါလာနိုင်ပါတယ် ။ ) ကိုယ် အားသန်ရာ Project ကို ရွေးကူဖို့ လာ ဆွေးနွေးနိုင်ပါတယ်ဗျာ ။ •••••• လမ်းတူရင် အချိန်အခါ အခြေအနေလည်း ပေးရင် ဆုံကြတာပေါ့ဗျာ … သေချာ ဖတ်ပေး - ဖြန့်ပေးဖြစ်ရင် … ကျေးဇူးပါ … ~ ကိုဇင်ဇေ စာကြွင်း ။ CDM တွေထဲက ၊ တလရကို ကူနေသူတွေထဲက ( ငွေကြေး အခက်အခဲ ရှိရင် ) ( လုပ်အားပေး သီးသန့် မဟုတ်ပဲ ) အချိန်ပိုင်း လစာ သဘောနဲ့ လုပ်ဖို့ ညှိကြည့်နိုင်ပါတယ် ။ ( အိတ်စိုက် + ရင်းနှီးလွန်းသူတွေ က “ ကိုဇင် - အသေးစိတ်တွေ ရှင်းပြမနေပါနဲ့ဗျာ ၊ လိုမယ် ထင်တာသာ သုံးပါ” ဆိုပြီး မျက်စိမှိတ် ကူပေးတဲ့ ငွေနဲ့ ပဲ လည်ပတ်နေရတာမို့ ) များများ မပေးနိုင်လို့ - စော်ကားတယ် လို့တော့ မခံစားဖို့ ကြိုတောင်းပန်ပါရစေဗျာ … 🙏

ခုတလော … တော်-လှန်-ရေး ဘက်က သိသိသာသာ အားသာလာတဲ့ အရွေ့တွေ အကြောင်း ခြုံငုံပြောပြပြီး အားပေး - လှုံ့ဆော်ပေးထားတဲ့ ကို မင်းကိုနိုင်ရဲ့ အင်တာဗျူး တစ်ခု ကို မကြည့်ရသေးရရင် ကြည့်ဖြစ်အောင် ကြည့်စေချင်လို့ ( ဖြစ်နိုင်ရင် … တော်-လှန်-ရေး ဘက်တော်သားတွေ အချင်းချင်းကြား ဖြန့်ပေးစေချင်လို့ ) နွေဦးဖတ်စာမှာ တင်ပေးလိုက်ပါတယ် … တင်ခွင့်ပြုပေးထားတဲ့ ကိုမင်းကိုနိုင် ကိုရော Voice of Spring ကိုရော ကျေးဇူး အထူးပါ … ( နွေဦးဖတ်စာရဲ့ အမာခံ အားပေး ဝန်းရံသူတွေ အနေနဲ့လည်း ဒီ Post ကို R-C-S လုပ်ပေးကြပါဦး 💪 ) 👉 https://springreader.com/2023/06/24/minkonaing_time_to_strike_together/ 👈

ကဲ ကဲ … ည ဘက် လေး နွေဦးဖတ်စာမှာ ဆရာဖြိုး ရဲ့ တရားလေး သွားနာကြရအောင် 😝 ဆရာဖြိုး ။ အသုံး မဝင်ရင် ဘာဖြစ်တတ်လဲ ပရိသတ်တို့ … တရားနာ ပရိသတ် ။ ဘဝ သေသွားတတ်ပါတယ် ဆရာဖြိုး … 😝😝 •••••• ဒီဆောင်းပါးလေးဖတ်ရင်း ဆောင်းပါး အောက်ဆုံးမှာ ထည့်ပေးထားတဲ့ စီ တူး ဒီ ရဲ့ ဆိုဒ်တွေကို ကလစ် ပေး ခဲ့ နိုင်ပါတယ်ဗျာ 👉 https://springreader.com/2023/06/22/phio_lifeisdead_without_usefulness/ 👈

ဒီ ကာလထဲ ဒီလို စာတွေ အတော်လိုနေတာ … ဒါပေမယ့် … တလရ ဝင်လုပ်နေသူတွေ မဟုတ်ပဲ အေးဆေး သင်တန်း ဖွင့်စား ၊ စာအုပ်ရောင်းစား နေသူတွေရဲ့ စာတွေချည်း များနေတော့ … ရှဲပေးချင်စိတ် သိပ်မရှိတာ … ဒါကြောင့် … ဆရာဖြိုး ရေးဖြစ်တုန်း နွေဦးဖတ်စာမှာ ယူတင် ပေးလိုက်ပါတယ် ။ ဖတ် - မှတ် - လိုအပ်သူဆီ ဖြန့်ပေးပါ .. ဖတ်ပြီးရင် လုပ် စရာ ရှိတာ လည်း လုပ်သွားဦး လေ နော့ … 👉 https://springreader.com/2023/06/21/phiothiha_healing_with_mindfulness/ 👈

ဒါက ဘဏ်ရဲ့ တရားဝင် Page ပါ 👉 https://www.facebook.com/SpringDevBank ဒါကတော့ ဘဏ်လည်ပတ်မယ့် ပုံစံကို မမ Page က ရှင်းပြထားတာပါ 👉 https://www.facebook.com/100082181873850/posts/240209948728399/

တော်လှန်ရေးသာ ပြီးသွားမယ် … ခင်ဗျား အကွက်တွေက ကုန်ဦးမှာလား … ဆိုပြီး စ ခံ ရတဲ့ N-U-G ဝန်ကြီး တစ်ပါး ရှိတယ် 😅 ( သိကြမှာမို့ နာမည် ထည့်မရေးတော့ပါဘူး ) Bond တွေ EOD တွေ N-U-G Pay တွေ နဲ့ တလရ ဘဏ္ဍာငွေ စိးဆင်းမှုကို ကြီးကြီးမားမား အရွေ့တစ်ခု ဖော်ဆောင်ပြီး နောက်မှာ ခဏ ငြိမ်သွားတော့ … ဘာ အကွက် တွေများ ကြိတ်ကြံနေလဲ မှတ်တာ … ခုတော့ Currency ၄ မျိုး ( + ရွှေ ) စီးဆင်း လည်ပတ်လို့ ရတဲ့ ဘဏ် ထောင် ပလိုက်တယ် … ( အသေးစိတ်ကို မန့်မှာ လင့် ပေးထားပါမယ် ) Sean Turnell ကြီးလည်း N-U-G မှာ ပါလာပြီ ဆိုတော့ ( ပြည်သူက ကူနိုင်အား ကျလာလို့ ) ဘဏ္ဍာရေး ပိုင်း တဖြည်းဖြည်း လည်ပင်းအစ်လာတာကို အတိုင်းအတာ တစ်ခုထိတော့ ကျော်လွှားနိုင်မယ် လို့ ပြန်မျှော်လင့်မိတာပါပဲ ။ ကျွန်တော်တို့ ပြည်သူတွေလည်း တတ်နိုင်သလောက် တောင့်ခံ တော်လှန်ပေး ၊ ( ငွေ/အချိန်/လုပ်အား နဲ့ ) ထောက်ပို့ ပေးကြပါဦးဗျာ … တကိုယ်ရည်စာ တိုးတက်မှုတွေကိုပဲ ၁၀၀% အာရုံ စိုက်လိုက်တာမျိုး မဟုတ်ပဲ .. ဒီနှစ်ကုန်မှာ အနည်းဆုံး ၅၀% တော့ သေချာ နိုင်နိုင်အောင် ၊ ရဲဘော်တွေ ပြည်သူတွေ အသက်ရှုချောင်သွားတဲ့ အခင်းအကျင်း တစ်ခု ဖြစ်သွားအောင် တလရ အတွက် အားသွန်ခွန်စိုက် လုပ်ကြပါဦး … ~ ကိုဇင်ဇေ ••••••• တလရ သမားလို့ ကိုယ့်ကိုယ်ကို ခံယူနေသေးရင် … အနည်းဆုံးတော့ ၅၀-၅၀ % မဟုတ်ရင်တောင် … တလရ ၃၀% - တကိုယ်ရည် ၇၀% တလရ ၄၀% - တကိုယ်ရည် ၆၀% လောက်တော့ လုပ်ပေးကြပါဦးဗျာ ။ ( တကိုယ်ရည် စာ ၊ မိသားစု စာ အရမ်း ခက်ခဲ သွားသူတွေအတွက်ကို မဆိုလိုပါဘူး ) တလရ သမား ဆိုပြီး … တလရ ပေါ် မူတည်ပြီး နိုင်ငံတကာ အာရုံစိုက်မှုတွေကနေ ရလာတဲ့ အထောက်အပံ့တွေကျတော့ ရရင်ရသလို ယူနေကြပြီး … တလရ ၅% - တကိုယ်ရည် ၉၅% လောက်ပဲ လုပ်နေကြတာ မျိုးကတော့ … မလုပ်သင့်ဘူး ထင်တာပါပဲဗျာ …

ခုချိန်ထိ ကျွန်တော်တို့ ၃ ယောက်ကို အွန့်အွန့်က ဂူထဲက ပေးမထွက်သေးပေမယ့် 🥴 အားကိုးရမယ့် ကယ်တင်ရှင်တွေကိုတော့ ဇာတ်လမ်းထဲကို စ မိတ်ဆက်ပေးထားလိုက်ပါပြီ 😅 ဖတ်ရင်း - ရယ်ရင်း … ကစ်စရာရှိတာ ကစ်သွားပါဦးဗျာ 💪 👉 https://springreader.com/2023/06/20/burmesealphabet_springseries_part4/ 👈

ဒီနေ့ နွေဦးဖတ်စာမှာ အွန့်အွန့် ရဲ့ ”ကြိုးဝိုင်း” တင်ပေးထားတယ်နော် … ထုံးစံ အတိုင်း ဖတ်ရင်း - ခွီလိုက် ၊ တစ်ဆက်တည်း ကစ်ခဲ့လိုက်ကြပါဦး 💪 👉 https://springreader.com/2023/06/16/burmesealphabet_boxing_ring_part5/ 👈

ဒီ ဒိုးဖြောင်း ဆိုတဲ့ စာရေး ဆရာ ကတော့ နည်းနည်း များလာပြီ … 😒 ရေးကောင်းမယ်လို့ တည်ထားတဲ့ ဟာတွေ သူချည်း ရေး ရေး သွားတယ် … ( ခုလည်း Moral Dilemmas တွေ အကြောင်း စီကာ ပတ်ကုံးရေးချ လိုက်ပြန်ပြီ 🤔 ) ဒီတော့ … လက်စားချေတဲ့ အနေနဲ့ ကူးပဲ တင်တော့မယ် … 😒 နွေဦးဖတ်စာမှာ သွားဖတ်ပြီး ကစ်စရာ ရှိတာ ကစ်ခဲ့နော် … 😁💪 ••••••••• ဒီလင့် မှာ ဖတ်နိုင်ပါတယ် 👉 https://springreader.com/2023/06/14/phio_thoughts_on_moral_values/ 👈

တယ်လီကျန်းမာ ရဲ့ ဒီ ရသဆန်တဲ့ သုတစာလေး သွားဖတ် ပြီး ကစ်စရာ ရှိတာ ကစ်ပေးခဲ့ပါဦး … 😇 👉 https://springreader.com/2023/06/13/telehealth_why_pink_cheek/ 👈

ဒီ QR Code လေးကို Scan ကြည့်ပါ … ညီလေးဖြိုး ( ဆရာ Phio Thiha ) က သူ့ ပရိသတ်ကို ပေးတဲ့ လက်ဆောင် … ကျွန်တော်က ညီလေး ဖြိုးကို ပေ
ဒီ QR Code လေးကို Scan ကြည့်ပါ … ညီလေးဖြိုး ( ဆရာ Phio Thiha ) က သူ့ ပရိသတ်ကို ပေးတဲ့ လက်ဆောင် … ကျွန်တော်က ညီလေး ဖြိုးကို ပေးတဲ့ လက်ဆောင် ပေါ့လေ … သူ့ စာဖတ်ပရိသတ်တွေ … သူ့စာတွေ ကို သူများတွေကိုပါ ပေးဖတ်ချင်သူတွေ သဘော ကျ နိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ် … ~ ကိုဇင်ဇေ

အွန့်အွန့် ရဲ့ နွေဦးဖတ်စာ အပိုင်း ၃ တင်ပေးထားပါပြီ … ဖတ်ရင်း - ခွီရင်း - ကစ်လိုက်ကြပါဦး 💪 👉 https://springreader.com/2023/06/09/burmesealphabet_series_part3/ 👈

နွေဦးဖတ်စာမှာ ကို ဇဏ်ခီ့ စာ တစ်ပုဒ် ထပ်တင်ပေးလိုက်ပါတယ် … ဖတ်ရင်း - ကစ်သွားပေးကြပါဦး 💪 👉 https://springreader.com/2023/06/07/zennkyi_unprejudiced/ 👈

နွေဦးဖတ်စာမှာ Burmese Alphabet Concrete Visual Art က အွန့်အွန့်ရဲ့ - အခန်းဆက် ဇာတ်လမ်း အပိုင်း ၂ တင်ပေးလိုက်ပြီနော် … ဇာတ်လမ်းက အကြမ်းကြီး ရယ် 🥴 ဖတ်ပြီးရင် ကစ်စရာ ရှိတာ ကစ်ဖို့ မေ့မသွားနဲ့ဦး 🥴 ••••• ဒီမှာ ဖတ်လို့ ရပါပြီဗျာ 👉 https://springreader.com/2023/06/02/burmesealphabet_springseries_part2/ 👈